Chapter 42

I Believe in You

(Unicode)

လုယွင်ဖေး ဒဏ်ရာရတည်းက သူ့ဘဝက ပိုပြီးသက်တောင့်သက်သာဖြစ်နေသလို ခံစားရသည်။ မနက်စာကို ဝမ်မင်ယိက ယူလာပေးသည်။ နေ့လည်စာက လီယွမ်ချင်းတာဝန်ကျပြီး အတန်းခဏနားချိန်တွင်ရေယူခြင်းနှင့် အိမ်စာထပ်ခြင်းများကို ပျမ်းကျင်းယွမ်က လုပ်ပေးသည်။ သူတို့ပုံစံက သန့်စင်ခန်းပင် အတူသွားလို့ရလျှင် သွားကြဉီးမည်။
လုယွင်ဖေးက ထိုအကြောင်းကြောင့် အားနာမိရသောကြောင့် ဆုံးဖြတ်ချက်ချလိုက်ပြီးပြောလိုက်သည်။ “မင်းထိုင်နေ၊ ငါ့ဘာသာရေသွားယူမယ်” သို့သော်လည်း ပျမ်းကျင်းယွမ်၏ စကားကျွမ်းကျင်လိမ္မာမှုကြောင့် သူသာထိုင်နေရကာ ပျမ်းကျင်းယွမ်က ရေသွားထယူသည်။

လီယွမ်ချင်းက စနောက်လိုက်သည်။ “မင်းကြည့်ရတာ အခုတလော ဇိမ်နဲ့ဖြစ်နေတဲ့ပုံပဲ။ မင်းခြေထောက်ဒဏ်ရာရနေပေမဲ့ မင်းအခြေအနေက မဆိုးပါဘူး”

လုယွင်ဖေးက နှိမ့်ချစွာပင်ပြန်ပြောလိုက်သည်။ “ငါ့သူငယ်ချင်းတွေကျေးဇူးတင်ရမှာပေါ့။ အိမ်မှာငါ့မိဘတွေရှိတယ်ဆိုရင် ကျောင်းမှာသူငယ်ချင်းတွေရှိနေတယ်။ ဘယ်သူကမှ ငါ့ကိုအနိုင်မကျင့်ရဲဘူး”

“ဒါနဲ့ မင်းဘယ်တော့ကျောက်ပတ်တီးဖြေရမှာလဲ။ လပတ်စာမေးပွဲမတိုင်ခင် ဖြေရမှာလား။” ဝမ်မင်ယိက အစာစားနေရင်း လှမ်းမေးလိုက်သည်။

“မဟုတ်ဘူး။ လပတ်စာမေးပွဲပြီးမှ။ ဒါပေမဲ့ စာမေးပွဲပြီး သိပ်မကြာပါဘူး”

“မဆိုးပါဘူး”

လပတ်စာမေးပွဲအကြောင်းပြောမှ လုယွင်ဖေးလည်း စိုးရိမ်စပြုလာမိသည်။ နောက်လပတ်စာမေးပွဲက တစ်ပတ်သာလိုတော့သည်။ သူ့အင်္ဂလိပ်စာက ဘယ်လိုအမှတ်ထွက်လာမလဲမသိ။ သူနောက်ထပ်ကျရင် ဘယ်လိုလုပ်မလဲ။

သို့သော်လည်း သူ ထိုအကြောင်း ကြာကြာမစိုးရိမ်လိုက်ရချေ။ နောက်နေ့တွင် လုယွင်ဖေး ပျမ်းကျင်းယွမ်ထံမှ စာအုပ်သေးတစ်အုပ်ကို ရသည်။

“ဒါက ဘာလဲ”

“အင်္ဂလိပ်စာအိမ်စာ” ပျမ်းကျင်းယွမ်က ပြောလိုက်သည်။ “အကြောင်းအရာခုနစ်မျိုးနဲ့ အက်ဆေးခုနစ်ပိုဒ်ပါတယ်။ လပတ်စာမေးပွဲမတိုင်ခင် သေချာကျက်ထား”

“အကုန်လုံးလား” လုယွင်ဖေး သူ့လက်ထဲကစာအုပ်ကို ကြည့်လိုက်သည်။ “မင်း ငါ့ကိုကြည့်ခိုင်းထားတဲ့ စာလုံးတွေ၊ စကားစုတွေနဲ့ ဝါကျတွေလည်းရှိသေးတယ်”

“မခက်ပါဘူး” ပျမ်းကျင်းယွမ်က ပြုံးပြသည်။ “မင်းစကျက်တာနဲ့ သိလာလိမ့်မယ်”

လုယွင်ဖေး သူပြောသည်ကို လုံးဝမယုံပေ။ ပျမ်းကျင်းယွမ်ရဲ့’မခက်ဘူး’ဆိုတာက သူ့ရဲ့’မခက်ဘူး’နဲ့တူပါ့မလား။ ပျမ်းကျင်းယွမ်က ဘာမှမခက်ဘူးလေ။ အိုကေ။

လုယွင်ဖေး စာအုပ်သေးထဲက အက်ဆေးများကိုကြည့်လိုက်သည်။ သူကြည့်ရင်းကြည့်ရင်းမှ တစ်ခုကိုသတိထားမိလာသည်။ “အက်ဆေးတွေရဲ့နိဒါန်းနဲ့ နိဂုံးကအကုန်အတူတူပဲ”
“ဘက်စုံသုံးဝါကျတွေ” ပျမ်းကျင်းယွမ်က ပြောပြလိုက်သည်။ “အင်္ဂလိပ်အက်ဆေးက ဘာသာစကားအက်ဆေးတွေလို အရေးအသားတွေ၊ အယူအဆတွေကို ကြည့်တာမဟုတ်ဘဲ ဝါကျကိုဘယ်လိုတည်ဆောက်တယ်ဆိုတာရယ်၊ စကားစုတွေကို သုံးထားလားဆိုတာကို ကြည့်တာ။ ဒီဝါကျတွေနဲ့ ဘာရေးတယ်ဆိုတာ အရေးသိပ်မကြီးဘူး။ အဓိကက ခေါင်းစဉ်နဲ့သွေမဖည်သွားဖို့ပဲ”

ပျမ်းကျင်းယွမ်က အက်ဆေးကဝါကျတစ်ကြောင်းကို ထောက်ပြလိုက်သည်။ “ဒီအကြောင်းက ခေါင်းစဉ်ကိုပြန်ရောက်အောင် ဆွဲခေါ်သွားမဲ့စာကြောင်းပဲ။ မင်း ဒီအက်ဆေးခုနစ်ပုဒ်ကို ကျက်ပြီးတာနဲ့ မင်းလုပ်ရမှာက ဒီနေရာမှာပြောရမဲ့အကြောင်းအရာကို ဖြည့်သွားဖို့ပဲ။ ငါထင်တာတော့ ဒီအက်ဆေးခုနစ်ပုဒ်ထဲက တစ်ပုဒ်ပါလာမယ်ထင်တယ်။ ဒီအကြောင်းတွေပါလာရင် မင်းလက်တန်းချရေးလို့ရလိမ့်မယ်”

“မင်းကရော ဘယ်လိုလုပ်မှာလဲ” လုယွင်ဖေး သူ့ကိုမေးလိုက်သည်။ “မင်းနဲ့ ငါနဲ့မတူနေဘူးလား”

ပျမ်းကျင်းယွမ်က သူ့ကိုပြန်ကြည့်ရင်းပြောလာသည်။ “မတူဘူး။ စာမေးပွဲအတွက်နဲ့ အစမ်းအက်ဆေးတွေ သက်သက်မရေးဘူး”

“ဒါဆိုရင် မင်းက…” လုယွင်ဖေး သူ့ရှေ့က စာအုပ်သေးကို ကြည့်လိုက်သည်။
ပျမ်းကျင်းယွမ်က ရှင်းပြသည်။ “ဒါပေမဲ့ ရလဒ်မြန်မြန်ရအောင် လုပ်တဲ့နေရာမှာ အသုံးဝင်တယ်”

ထိပ်ဆုံးကျောင်းသားက အက်ဆေးနမူနာပုံစံများကို ငြီးငွေ့သည်ကို သူနားလည်သော်လည်း သူ့လို အင်္ဂလိပ်စာအားနည်းသည့်လူများအတွက်မူ ကွက်တိဖြစ်နေသည်။

“ရေးရတာ တကယ်လွယ်မှာမဟုတ်ဘူး” လုယွင်ဖေး ရေရွတ်လိုက်သည်။

“ရပါတယ်။ အဲ့လောက်မှမခက်တာ”

လုယွင်ဖေး:…

လူသားတွေကြားကကွာဟချက်က ကြီးမားလွန်းသည်ဟု လုယွင်ဖေးထင်သည်။

ပျမ်းကျင်းယွမ်ရဲ့နမူနာအက်ဆေးတွေကို ကြည့်ရမှာတော့ သေချာသည်။ သူနှင့်လုယွင်ဖေးက အချိန်အများစုတွင် အတူတူရှိနေကြသောကြောင့် စာအတူကြည့်လို့ရသည်။

နေ့လည်ကျောင်းဆင်းချိန်၌ လုယွင်ဖေး စက်ဘီးနောက်ထိုင်ခုံတွင်ထိုင်ရင်း အက်ဆေးများကိုစကျက်ရန် အာရုံစိုက်လိုက်သည်။ “မင်း ငါကိုအိမ်လိုက်ပို့ပေးဖို့ပြောတာ စာလုပ်မလုပ် သေချာစောင့်ကြည့်နေမလို့တော့မဟုတ်ဘူးမလား”

“မရဘူးလား”

သူသာအနောက်တွင် မရှိနေလျှင် လုယွင်ဖေး သူ့ကိုလက်မထောင်ပြမိလိမ့်မည်။ “ဒီလောက်တာဝန်ကျေပွန်တဲ့ဆရာမျိုးကို တစ်ခါမှမတွေ့ဖူးဘူး။ မင်းက ဆရာလုပ်ဖို့သင့်တော်တယ်လို့ မထင်ဘူးလား”

“ငါတော့မထင်ဘူး”

ပျမ်းကျင်းယွမ်က ထိုသို့တကယ်မထင်ပေ။ သူက အခြားသူများကို စာသင်ရတာကို မခုံမင်သလို အခြားသူများ၏ကိစ္စများတွင် ပါဝင်ပတ်သက်ရသည်ကိုလည်း မနှစ်သက်။ ဆရာလုပ်ရသည်က သူ့၏ဆန္ဒအနည်းဆုံး အလုပ်ရွေးချယ်မှုပင်။ တာဝန်များက လေးပင်လွန်းလှကာ စိတ်ပူစရာများလွန်းသည်။ ပျမ်းကျင်းယွမ် သူလုပ်နိုင်မည်ဟု မထင်ပေ။

“ဒါပေမဲ့ ငါကတော့ မင်းနဲ့လိုက်တယ်လို့ထင်တယ်။ မင်းက တာဝန်ကျေလွန်းတယ်လေ။ မင်းက ငါ့ဂိုက်အကုန်လုံးပေါင်းထက်တောင် ပိုပြီးတာဝန်ကျေပွန်သေးတယ်”

“တကယ်လား။ ဒါဆို မင်းဒီလစာမေးပွဲအမှတ်တွေကို ကြည့်တာပေါ့။ မင်းပြောသလို ငါသာဒီအလုပ်နဲ့ကိုက်တယ်ဆိုရင် အနည်းဆုံး မင်းလည်းစာမေးပွဲတော့အောင်မှာပဲ”

“အောင်တယ်ကျတယ်ဆိုတာ တစ်ယောက်ယောက်က တွန်းအားပေးလို့ရတာမဟုတ်ဘူး” လုယွင်ဖေး ရှက်ရှက်နှင့်ပြောလိုက်သည်။

“မင်းအောင်မှာပါ” ပျမ်းကျင်းယွမ်က ဆိုသည်။

လုယွင်ဖေးက ဘာမှပြန်မပြော။ တစ်ဖက်လူက သူအောင်မည်ဟု ပြောနေသည်လေ။

ပျမ်းကျင်းယွမ်ကတော့ အခိုင်အမာပြောနေသည်။ “ငါမင်းကို ယုံတယ်”

“ငါလည်း ငါ့ကိုယ်ငါယုံခဲ့ဖူးပါတယ်။ ပြီးတော့ ငါ ၇၄ ရတာပဲ”
ပျမ်းကျင်းယွမ်က ပြုံးလိုက်သည်။ “ဒါဆိုရင်လည်း ငါ ငါ့ကိုယ်ငါယုံတယ်”

လုယွင်ဖေး သူ့ခါးနားကိုတိုးလိုက်ရင်း ပြန်ပြောလိုက်သည်။ “ဒါဆိုလည်း ငါ မင်းရဲ့ဂုဏ်သတင်းကိုတော့ မဖျက်ဆီးမိဘူးလို့ မျှော်လင့်ရတာပဲ”

စာမေးပွဲများနီးကပ်လာသည်နှင့်အမျှ လုယွင်ဖေးလည်း ဂိုက်ဆရာဝမ်နှင့် ဂိုက်ချိန်များများယူကာ အင်္ဂလိပ်စာကို စောက်ချလုပ်တော့သည်။ သူက အင်္ဂလိပ်စာနှင့် အလုပ်ရှုပ်နေချိန်တွင် အခြားသူများကတော့ သူ့ကိုထောက်လှမ်းကာ အလုပ်ရှုပ်နေသည်။

{သတင်းပို့တယ်! လုယွင်ဖေးကို ပျမ်းကျင်းယွမ်ကားထဲမှာတွေ့ရပြန်ပြီ}

မူရင်းပို့စ်တင်သူ: {picture}

ကလင်ကလင်: ကျစ်ကျစ်။ ကြည့်ရတာ အခုတစ်လော လုယွင်ဖေးက ပျမ်းကျင်းယွမ်ကားထဲမှာပဲ‌ နေနေတယ်ထင်တယ်။

ကော်ဖီကိုသကြားနဲ့၊ နို့မထည့်ဘူး: မနာလိုလိုက်တာ၊ ငါလည်း ထိပ်ဆုံးကျောင်းသားရဲ့ကားမှာစီးချင်တယ်။

လပတ်စာမေးပွဲကရောက်တော့မယ်: ဟူး။ ရုပ်ချောချောကောင်လေးတွေအကုန်လုံးက ကောင်လေးတွေကိုပဲ ပေးစီးနေတယ်။

ဆန်နီဒေးဒေါ: ပျမ်းကျင်းယွမ်နဲ့လုယွင်ဖေးက ဆက်ဆံရေးဒီလောက်ကောင်းတာလား။ ငါတို့ရဲ့နတ်ဘုရားက အေးစက်စက်နဲ့တစ်ယောက်တည်းနေတတတ်တာလို့ ထင်ထားတာ။

ငါဝိတ်မလျော့ရင် သေတော့မယ်: အပေါ်ထပ်ကတစ်ယောက်က အတန်းကျော်သွားတယ်ထင်တယ်။ မင်းကို နည်းနည်းလေးနွှေးပေးမယ်။ ငါတို့ရဲ့နတ်ဘုရားက လုယွင်ဖေးကို ကောင်းကောင်းကြီးကို ဆက်ဆံပေးနေတာ။ [thread] [thread]

တစ်ယောက်တည်းရှုခင်းကြည့်: မထူးဆန်းဘူးလား။ ပျမ်းကျင်းယွမ်က ဘယ်သူ့ကိုမှ အရေးမလုပ်ဘူး။ လုယွင်ဖေးတစ်ယောက်ထဲကိုပဲ အရေးပေးတာ။ သူတို့ကသူငယ်ချင်းတွေဆိုရင်တောင် တစ်လနှစ်လလောက်ပဲသိသေးတာ။

ရေကန်ထဲဖားတစ်ကောင်ခုန်ဆင်းသွားပြီ: ကောင်လေးတွေက သူငယ်ချင်းဖြစ်တာ မြန်တယ်မဟုတ်ဘူးလား။

ငါ စာမေးပွဲတွေမဖြေချင်ဘူး: အပေါ်ကတစ်ယောက်ပြောတာ မှန်တယ်။ ငါလည်း ပျမ်းကျင်းယွမ်က လုယွင်ဖေးကိုအပေါ်ဆက်ဆံတာ တော်တော်ကောင်းတယ်လို့ထင်တယ်။ ပြီးတော့ လုယွင်ဖေးပုံစံကလည်း ထူးဆန်းတယ်။ သူက သူ့ကိုယ်ပိုင်ကားကို မယူလာဘဲနဲ့ ပျမ်းကျင်းယွမ်စက်ဘီးပေါ်မှာပဲ ထိုင်နေတယ်။ သူက တစ်ခြားလူတွေကို အနှောင့်အယှက်ပေးနေတာမဟုတ်ဘူးလား။

သစ်ကိုင်းတစ်ကိုင်းတည်းက နွေဉီးမဖြစ်လာဘူး: အေးလေ။ စာမေးပွဲပဲနီးနေပြီ။ လုယွင်ဖေးက ပျမ်းကျင်းယွမ်ကို စက်ဘီးနဲ့လိုက်ပို့ခိုင်းသေးတယ်။ သူကတော့ ကောင်းကောင်းနေရတဲ့အချိန် ပျမ်းကျင်းယွမ်ကတော့ ဒုက္ခရောက်နေတာ။ သူက တော်တော်အသားထူတာပဲ။

အချစ်ခံရလို့မျက်စိကျိန်းအောင်တောက်ပနေတယ်: ဒီ thread ကစကားတွေက ဘယ်ကိုရောက်သွားတာလဲ။ အရင်ဉီးဆုံး ပျမ်းကျင်းယွမ်ကို သံသယဝင်တယ်။ ပြီးတော့ လုယွင်ဖေးကို မကောင်းပြောတယ်။ လူနှစ်ယောက်ကြားကပုဂ္ဂိုလ်ရေးကိစ္စကို ငါတို့ဝင်ပါစရာလိုလို့လား။ နင်တို့ကိစ္စမလို့လား။

ဖလက်ဖလက်: ဒါက ရိုးရိုးရှင်းရှင်းစကားဝိုင်းတစ်ခုပဲဟာကို။ ငါတို့မပြောနိုင်တဲ့ကိစ္စမရှိဘူးလေ။ လုယွင်ဖေးအကြောင်း ပြောလို့မရဘူးလား။

သင်္ချာရဲ့ထူးဆန်းတဲ့လုပ်ဆောင်ချက်တွေက ပြောင်းလဲနေပေမဲ့ အသုံးဝင်ပုံကတော့ မပြောင်းဘူး: နင်ကမပြောသင့်တဲ့ဟာတောင် ပြောဉီးမှာလေ။ စကားများလွန်းတယ်။

ရန်ပွဲအဖြစ်ပြောင်းလဲစပြုလာသည့် thread ကို လုယွင်ဖေး ကြည့်လိုက်သည်။ ပျမ်းကျင်းယွမ်စက်ဘီးပေါ်လိုက်စီးခြင်းက ဆွေးနွေးပွဲတစ်ခုနှင့်ရန်ပွဲတစ်ခုကို သယ်ဆောင်လာမည်ဟု သူမထင်မိထားခဲ့။ ဒီလူတွေမှာ အိမ်စာသိပ်မရှိဘူးလား။ လုယွင်ဖေး ထို thread ကို ရီပို့ထုရင်း စိတ်ပျက်လာမိသည်။

သူရီပို့ထုပြီးချိန်တွင် အအတန်းခေါင်းဆောင်က သူ့ဆီလျှောက်လာပြီး ပြောလာသည်။ “အတန်းပိုင်ဆရာမက မင်းကိုရှာနေတယ်။ နားနေခန်းကို သွားလိုက်ဉီး”

“အခုလား”

“ဟုတ်တယ်”

လုယွင်ဖေးလည်း သူ့ချိုင်းထောက်ကို ကိုင်ပြီး အခန်းထဲကထွက်ကာ ဆရာ၊မများနားနေခန်းဘက်သို့ ထွက်လာရသည်။

တတိယနှစ်ဆရာ၊မများနားနေခန်းက သူတို့အခန်းနှင့် သိပ်မဝေးသောကြောင့် လုယွင်ဖေး ခဏအတွင်းရောက်သွားသည်။ သူတံခါးခေါက်ရင်း ဝင်လိုက်သော်လည်း အထဲတွင်ဘယ်သူမှမရှိနေပေ။ ထူးဆန်းသည်ဟု ထင်သောကြောင့် အထဲကိုနောက်နှစ်လှမ်းလှမ်းလိုက်ကာ “ဆရာမလီ” ဟု ခေါ်လိုက်သော်လည်း ဘယ်သူကမှပြန်မထူးသောကြောင့် နောက်ပြန်လှည့်ရန်ဆုံးဖြတ်လိုက်သည်။

သူတံခါးဘက်လှည့်ပြီး ခြေနှစ်လှမ်းလောက်သွားပြီးသည့်အချိန်မှာပင် သူ့ရှေ့က တစ်ယောက်ယောက်ခေါ်လိုက်သံကို ကြားရသည်။ “လုယွင်ဖေး”

လုယွင်ဖေး ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ့အင်္ဂလိပ်စာဆရာမ ကျန်းရန်ရုန်က သူ့ဆီကို လျှောက်လာနေသည်။

“မင်္ဂလာပါ ဆရာမ”

ကျန်းရန်ရုန်က နားနေခန်းလွတ်နေသည်ကိုမြင်ပြီး သူ့ကိုမေးလိုက်သည်။ “ဒီမှာဘာလုပ်နေတာလဲ”
“ဆရာမလီခေါ်လို့ပါ။ ဒါပေမဲ့ ကျွန်တော်လာတော့ ဆရာမက ဒီမှာမရှိဘူး”
ကျန်းရန်ရုန်က‌ ခေါင်းညိတ်ပြသည်။ “အတော်ပဲ။ ဆရာမနဲ့ ခဏစကားပြောရအောင်”

လုယွင်ဖေး ထိုစကားကိုကြားရသည့်အခါ စိတ်ပျက်အားငယ်သလို ခံစားလာရသည်။ သူ့အင်္ဂလိပ်စာအမှတ်တွေဖြင့်ဆိုလျှင် အင်္ဂလိပ်ဆရာမနှင့်စကားပြောရမည်က သူ့ကိုသတိပေးခံဖို့စောင့်နေရချိန်တွေသာပင်။ သို့သော်လည်း သူ့ဆရာမဖြစ်နေသောကြောင့် လုယွင်ဖေးလည်း မငြင်းနိုင်ဘဲ နာခံစွာခေါင်းညိတ်ပြလိုက်သည်။

ကျန်းရန်ရုန်က သူ့စားပွဲနားခေါ်သွားပြီး သူထိုင်ရန် ထိုင်ခုံတစ်ခုဆွဲထုတ်ပေးသည်။

“ခြေထောက်ရော အဆင်ပြေရဲ့လား”

“အခုသက်သာနေပါပြီ” လုယွင်ဖေး ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ။ ဒါဆိုရင် အခု မင်းလပတ်စာမေးပွဲကို ပြင်နေတာဘယ်လိုအခြေအနေရှိလဲ”
“အဆင်ပြေနေပါတယ်”
“လုယွင်ဖေး မင်းသိတဲ့အတိုင်းပဲ မင်းအင်္ဂလိပ်စာအမှတ်တွေက အတန်းထဲမှာဆိုရင် သိပ်မကောင်းဘူး။ ကြားရတာ နားဝင်ချိုမှာမဟုတ်ပေမဲ့ အမှန်အတိုင်းပြောရရင် မင်းက တစ်တန်းလုံးကို မင်းအမှတ်တွေနဲ့ ဆွဲချနေတာပဲ။”
နားဝင်မချိုသော်လည်း ဒါကအမှန်ပင်။ ထို့ကြောင့် လုယွင်ဖေးလည်း ရှက်ရွံ့စွာခေါင်းညိတ်ပြလိုက်ရသည်။ “ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်”

“ဒါဆိုရင် မင်းဂိုက်ခေါ်ဖို့ရော စဉ်းစားဖူးလား”
“ဟုတ်ကဲ့” လုယွင်ဖေး အမှန်အတိုင်းပြောပြလိုက်သည်။ “အမှန်အတိုင်းပြောရရင် အိမ်မှာတောင်အင်္ဂလိပ်စာဂိုက်တစ်ယောက် ငှားထားပါတယ်”

“ဟုတ်လား။ ဒါဆို မင်းဂိုက်ဆရာက သိပ်အဆင်မပြေဘူးထင်တယ်”

လုယွင်ဖေးပြုံးလိုက်ရင်း အခြေအနေက ရှိုးတို့ရှန်းတန့်ဖြစ်သွားတာကို ခံစားလိုက်ရသည်။

ကျန်းရန်ရုန်ကတော့ ထိုသို့ခံစားရပုံမတူဘဲ ဆက်ပြောလာသည်။ “အခုနောက်ပိုင်းဂိုက်တွေက အင်္ဂလိပ်စာအောင်အောင် လုပ်ပေးနိုင်တဲ့သူတွေရှိပေမဲ့ သူတို့က ကျောင်းကဆရာတွေမဟုတ်တော့ စာမေးပွဲရဲ့အရေးကြီးတဲ့အချက်တွေရယ် အထက်တန်းစာမေးပွဲတွေပုံစံတွေရယ်ကို မသိကြဘူး။ အဓိကအချက်ကို မသင်ပေးနိုင်တော့ မင်းရဲ့အမှတ်တွေက မတိုးတက်လာတာပဲ”

လုယွင်ဖေး နားထောင်မိသည်နှင့်အမျှ ကျန်းရန်ရုန်စကားခေါ်ပြောရသည့်အကြောင်းရင်းကို ခန့်မှန်းမိလာသည်။

သူတို့ကျောင်းက ကျောင်းပြင်ပကျူရှင်သင်ပေးခြင်းကို တားမြစ်ထားသော်လည်း အချို့သောမိဘများက ဆရာများကို ကျောင်းသားများအား သီးသန့်စာသင်ပေးရန် တောင်းဆိုကြဆဲပင်။ အချိန်ကြာလသည်နှင့်အမျှ ဆရာ၊မများလည်း ကျောင်းချိန်ပြီးလျှင် ကျူရှင်သင်ကြားလာကြသည်။ ကျောင်းက ကျောင်းသားမိဘများ၏တောင်းဆိုမှုနှင့် အမှတ်ပေးအဆင့်များကြောင့် ထိုသည်ကို လျစ်လျူရှုမျက်ကွယ်ပြုလိုက်ကြသည်။ တဖြည်းဖြည်းနှင့် ထိုစည်းမျဉ်းက နာမည်သာကျန်တော့သည်။

ကျန်းရန်ရုန်ကလည်း ကိုယ်ပိုင်ကျူရှင်သင်ကြားချိန်များရှိသည်။ ပထမနှစ်က ထိုသည်ကပုံမှန်ပဲဟု တစ်ယောက်ယောက်ပြောတာကို သူကြားခဲ့ရသည်။ စာအသင်ကောင်းသည့်ဆရာ၊များက ကိုယ်ပိုင်ကျူရှင်သင်ကြသည်။ သို့သော်လည်း ကျန်းရန်ရုန်က ကျောင်းသားများအပေါ်မူတည်ပြီး ပိုက်ဆံယူသည်။ ထိုသည်ကတော့ တွေ့ရနည်းသည်ဟု ဆိုရမည်။

အိတ်စ်မြို့တော်၏ ဂုဏ်သိက္ခာအရှိဆုံးကျောင်းအနေဖြင့် သူတို့ဆီမှဆရာများက နာမည်ရှိသည်။ အခြားကျောင်းမှကျောင်းသားများက ကျောင်းပြီးသည့်နောက် သူတို့ဆရာ၊မများထံတွင် ကျူရှင်လာတက်ကြသည်။ တစ်ဉီးချင်းသင်ကြားပေးခြင်းမဟုတ်ဘဲ အစုအဖွဲ့အလိုက် သင်ပေးခြင်းဖြစ်၍ ထိုဆရာ၊မများအတွက် ပေးရငွေက မမြင့်မားပေ။

သို့သော်လည်း ကျန်းရန်ရုန်ကတော့ တမူထူးခြားသည်။ သူ(မ)အတွက် ပေးချေရငွေက ကျောင်းသားမိဘများ၏ ချမ်းသာကြွယ်ဝမှုအပေါ် မူတည်သည်။






(Zawgyi)

လုယြင္ေဖး ဒဏ္ရာရတည္းက သူ႔ဘဝက ပိုၿပီးသက္ေတာင့္သက္သာျဖစ္ေနသလို ခံစားရသည္။ မနက္စာကို ဝမ္မင္ယိက ယူလာေပးသည္။ ေန႔လည္စာက လီယြမ္ခ်င္းတာဝန္က်ၿပီး အတန္းခဏနားခ်ိန္တြင္ေရယူျခင္းႏွင့္ အိမ္စာထပ္ျခင္းမ်ားကို ပ်မ္းက်င္းယြမ္က လုပ္ေပးသည္။ သူတို႔ပုံစံက သန႔္စင္ခန္းပင္ အတူသြားလို႔ရလွ်င္ သြားၾကဉီးမည္။
လုယြင္ေဖးက ထိုအေၾကာင္းေၾကာင့္ အားနာမိရေသာေၾကာင့္ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးေျပာလိုက္သည္။ “မင္းထိုင္ေန၊ ငါ့ဘာသာေရသြားယူမယ္” သို႔ေသာ္လည္း ပ်မ္းက်င္းယြမ္၏ စကားကြၽမ္းက်င္လိမၼာမႈေၾကာင့္ သူသာထိုင္ေနရကာ ပ်မ္းက်င္းယြမ္က ေရသြားထယူသည္။

လီယြမ္ခ်င္းက စေနာက္လိုက္သည္။ “မင္းၾကည့္ရတာ အခုတေလာ ဇိမ္နဲ႔ျဖစ္ေနတဲ့ပုံပဲ။ မင္းေျခေထာက္ဒဏ္ရာရေနေပမဲ့ မင္းအေျခအေနက မဆိုးပါဘူး”

လုယြင္ေဖးက ႏွိမ့္ခ်စြာပင္ျပန္ေျပာလိုက္သည္။ “ငါ့သူငယ္ခ်င္းေတြေက်းဇူးတင္ရမွာေပါ့။ အိမ္မွာငါ့မိဘေတြရွိတယ္ဆိုရင္ ေက်ာင္းမွာသူငယ္ခ်င္းေတြရွိေနတယ္။ ဘယ္သူကမွ ငါ့ကိုအႏိုင္မက်င့္ရဲဘူး”

“ဒါနဲ႔ မင္းဘယ္ေတာ့ေက်ာက္ပတ္တီးေျဖရမွာလဲ။ လပတ္စာေမးပြဲမတိုင္ခင္ ေျဖရမွာလား။” ဝမ္မင္ယိက အစာစားေနရင္း လွမ္းေမးလိုက္သည္။

“မဟုတ္ဘူး။ လပတ္စာေမးပြဲၿပီးမွ။ ဒါေပမဲ့ စာေမးပြဲၿပီး သိပ္မၾကာပါဘူး”

“မဆိုးပါဘူး”

လပတ္စာေမးပြဲအေၾကာင္းေျပာမွ လုယြင္ေဖးလည္း စိုးရိမ္စျပဳလာမိသည္။ ေနာက္လပတ္စာေမးပြဲက တစ္ပတ္သာလိုေတာ့သည္။ သူ႔အဂၤလိပ္စာက ဘယ္လိုအမွတ္ထြက္လာမလဲမသိ။ သူေနာက္ထပ္က်ရင္ ဘယ္လိုလုပ္မလဲ။

သို႔ေသာ္လည္း သူ ထိုအေၾကာင္း ၾကာၾကာမစိုးရိမ္လိုက္ရေခ်။ ေနာက္ေန႔တြင္ လုယြင္ေဖး ပ်မ္းက်င္းယြမ္ထံမွ စာအုပ္ေသးတစ္အုပ္ကို ရသည္။

“ဒါက ဘာလဲ”

“အဂၤလိပ္စာအိမ္စာ” ပ်မ္းက်င္းယြမ္က ေျပာလိုက္သည္။ “အေၾကာင္းအရာခုနစ္မ်ိဳးနဲ႔ အက္ေဆးခုနစ္ပိုဒ္ပါတယ္။ လပတ္စာေမးပြဲမတိုင္ခင္ ေသခ်ာက်က္ထား”

“အကုန္လုံးလား” လုယြင္ေဖး သူ႔လက္ထဲကစာအုပ္ကို ၾကည့္လိုက္သည္။ “မင္း ငါ့ကိုၾကည့္ခိုင္းထားတဲ့ စာလုံးေတြ၊ စကားစုေတြနဲ႔ ဝါက်ေတြလည္းရွိေသးတယ္”

“မခက္ပါဘူး” ပ်မ္းက်င္းယြမ္က ၿပဳံးျပသည္။ “မင္းစက်က္တာနဲ႔ သိလာလိမ့္မယ္”

လုယြင္ေဖး သူေျပာသည္ကို လုံးဝမယုံေပ။ ပ်မ္းက်င္းယြမ္ရဲ႕’မခက္ဘူး’ဆိုတာက သူ႔ရဲ႕’မခက္ဘူး’နဲ႔တူပါ့မလား။ ပ်မ္းက်င္းယြမ္က ဘာမွမခက္ဘူးေလ။ အိုေက။

လုယြင္ေဖး စာအုပ္ေသးထဲက အက္ေဆးမ်ားကိုၾကည့္လိုက္သည္။ သူၾကည့္ရင္းၾကည့္ရင္းမွ တစ္ခုကိုသတိထားမိလာသည္။ “အက္ေဆးေတြရဲ႕နိဒါန္းနဲ႔ နိဂုံးကအကုန္အတူတူပဲ”
“ဘက္စုံသုံးဝါက်ေတြ” ပ်မ္းက်င္းယြမ္က ေျပာျပလိုက္သည္။ “အဂၤလိပ္အက္ေဆးက ဘာသာစကားအက္ေဆးေတြလို အေရးအသားေတြ၊ အယူအဆေတြကို ၾကည့္တာမဟုတ္ဘဲ ဝါက်ကိုဘယ္လိုတည္ေဆာက္တယ္ဆိုတာရယ္၊ စကားစုေတြကို သုံးထားလားဆိုတာကို ၾကည့္တာ။ ဒီဝါက်ေတြနဲ႔ ဘာေရးတယ္ဆိုတာ အေရးသိပ္မႀကီးဘူး။ အဓိကက ေခါင္းစဥ္နဲ႔ေသြမဖည္သြားဖို႔ပဲ”

ပ်မ္းက်င္းယြမ္က အက္ေဆးကဝါက်တစ္ေၾကာင္းကို ေထာက္ျပလိုက္သည္။ “ဒီအေၾကာင္းက ေခါင္းစဥ္ကိုျပန္ေရာက္ေအာင္ ဆြဲေခၚသြားမဲ့စာေၾကာင္းပဲ။ မင္း ဒီအက္ေဆးခုနစ္ပုဒ္ကို က်က္ၿပီးတာနဲ႔ မင္းလုပ္ရမွာက ဒီေနရာမွာေျပာရမဲ့အေၾကာင္းအရာကို ျဖည့္သြားဖို႔ပဲ။ ငါထင္တာေတာ့ ဒီအက္ေဆးခုနစ္ပုဒ္ထဲက တစ္ပုဒ္ပါလာမယ္ထင္တယ္။ ဒီအေၾကာင္းေတြပါလာရင္ မင္းလက္တန္းခ်ေရးလို႔ရလိမ့္မယ္”

“မင္းကေရာ ဘယ္လိုလုပ္မွာလဲ” လုယြင္ေဖး သူ႔ကိုေမးလိုက္သည္။ “မင္းနဲ႔ ငါနဲ႔မတူေနဘူးလား”

ပ်မ္းက်င္းယြမ္က သူ႔ကိုျပန္ၾကည့္ရင္းေျပာလာသည္။ “မတူဘူး။ စာေမးပြဲအတြက္နဲ႔ အစမ္းအက္ေဆးေတြ သက္သက္မေရးဘူး”

“ဒါဆိုရင္ မင္းက…” လုယြင္ေဖး သူ႔ေရွ႕က စာအုပ္ေသးကို ၾကည့္လိုက္သည္။
ပ်မ္းက်င္းယြမ္က ရွင္းျပသည္။ “ဒါေပမဲ့ ရလဒ္ျမန္ျမန္ရေအာင္ လုပ္တဲ့ေနရာမွာ အသုံးဝင္တယ္”

ထိပ္ဆုံးေက်ာင္းသားက အက္ေဆးနမူနာပုံစံမ်ားကို ၿငီးေငြ႕သည္ကို သူနားလည္ေသာ္လည္း သူ႔လို အဂၤလိပ္စာအားနည္းသည့္လူမ်ားအတြက္မူ ကြက္တိျဖစ္ေနသည္။

“ေရးရတာ တကယ္လြယ္မွာမဟုတ္ဘူး” လုယြင္ေဖး ေရ႐ြတ္လိုက္သည္။

“ရပါတယ္။ အဲ့ေလာက္မွမခက္တာ”

လုယြင္ေဖး:…

လူသားေတြၾကားကကြာဟခ်က္က ႀကီးမားလြန္းသည္ဟု လုယြင္ေဖးထင္သည္။

ပ်မ္းက်င္းယြမ္ရဲ႕နမူနာအက္ေဆးေတြကို ၾကည့္ရမွာေတာ့ ေသခ်ာသည္။ သူႏွင့္လုယြင္ေဖးက အခ်ိန္အမ်ားစုတြင္ အတူတူရွိေနၾကေသာေၾကာင့္ စာအတူၾကည့္လို႔ရသည္။

ေန႔လည္ေက်ာင္းဆင္းခ်ိန္၌ လုယြင္ေဖး စက္ဘီးေနာက္ထိုင္ခုံတြင္ထိုင္ရင္း အက္ေဆးမ်ားကိုစက်က္ရန္ အာ႐ုံစိုက္လိုက္သည္။ “မင္း ငါကိုအိမ္လိုက္ပို႔ေပးဖို႔ေျပာတာ စာလုပ္မလုပ္ ေသခ်ာေစာင့္ၾကည့္ေနမလို႔ေတာ့မဟုတ္ဘူးမလား”

“မရဘူးလား”

သူသာအေနာက္တြင္ မရွိေနလွ်င္ လုယြင္ေဖး သူ႔ကိုလက္မေထာင္ျပမိလိမ့္မည္။ “ဒီေလာက္တာဝန္ေက်ပြန္တဲ့ဆရာမ်ိဳးကို တစ္ခါမွမေတြ႕ဖူးဘူး။ မင္းက ဆရာလုပ္ဖို႔သင့္ေတာ္တယ္လို႔ မထင္ဘူးလား”

“ငါေတာ့မထင္ဘူး”

ပ်မ္းက်င္းယြမ္က ထိုသို႔တကယ္မထင္ေပ။ သူက အျခားသူမ်ားကို စာသင္ရတာကို မခုံမင္သလို အျခားသူမ်ား၏ကိစၥမ်ားတြင္ ပါဝင္ပတ္သက္ရသည္ကိုလည္း မႏွစ္သက္။ ဆရာလုပ္ရသည္က သူ႔၏ဆႏၵအနည္းဆုံး အလုပ္ေ႐ြးခ်ယ္မႈပင္။ တာဝန္မ်ားက ေလးပင္လြန္းလွကာ စိတ္ပူစရာမ်ားလြန္းသည္။ ပ်မ္းက်င္းယြမ္ သူလုပ္ႏိုင္မည္ဟု မထင္ေပ။

“ဒါေပမဲ့ ငါကေတာ့ မင္းနဲ႔လိုက္တယ္လို႔ထင္တယ္။ မင္းက တာဝန္ေက်လြန္းတယ္ေလ။ မင္းက ငါ့ဂိုက္အကုန္လုံးေပါင္းထက္ေတာင္ ပိုၿပီးတာဝန္ေက်ပြန္ေသးတယ္”

“တကယ္လား။ ဒါဆို မင္းဒီလစာေမးပြဲအမွတ္ေတြကို ၾကည့္တာေပါ့။ မင္းေျပာသလို ငါသာဒီအလုပ္နဲ႔ကိုက္တယ္ဆိုရင္ အနည္းဆုံး မင္းလည္းစာေမးပြဲေတာ့ေအာင္မွာပဲ”

“ေအာင္တယ္က်တယ္ဆိုတာ တစ္ေယာက္ေယာက္က တြန္းအားေပးလို႔ရတာမဟုတ္ဘူး” လုယြင္ေဖး ရွက္ရွက္ႏွင့္ေျပာလိုက္သည္။

“မင္းေအာင္မွာပါ” ပ်မ္းက်င္းယြမ္က ဆိုသည္။

လုယြင္ေဖးက ဘာမွျပန္မေျပာ။ တစ္ဖက္လူက သူေအာင္မည္ဟု ေျပာေနသည္ေလ။

ပ်မ္းက်င္းယြမ္ကေတာ့ အခိုင္အမာေျပာေနသည္။ “ငါမင္းကို ယုံတယ္”

“ငါလည္း ငါ့ကိုယ္ငါယုံခဲ့ဖူးပါတယ္။ ၿပီးေတာ့ ငါ ၇၄ ရတာပဲ”
ပ်မ္းက်င္းယြမ္က ၿပဳံးလိုက္သည္။ “ဒါဆိုရင္လည္း ငါ ငါ့ကိုယ္ငါယုံတယ္”

လုယြင္ေဖး သူ႔ခါးနားကိုတိုးလိုက္ရင္း ျပန္ေျပာလိုက္သည္။ “ဒါဆိုလည္း ငါ မင္းရဲ႕ဂုဏ္သတင္းကိုေတာ့ မဖ်က္ဆီးမိဘူးလို႔ ေမွ်ာ္လင့္ရတာပဲ”

စာေမးပြဲမ်ားနီးကပ္လာသည္ႏွင့္အမွ် လုယြင္ေဖးလည္း ဂိုက္ဆရာဝမ္ႏွင့္ ဂိုက္ခ်ိန္မ်ားမ်ားယူကာ အဂၤလိပ္စာကို ေစာက္ခ်လုပ္ေတာ့သည္။ သူက အဂၤလိပ္စာႏွင့္ အလုပ္ရႈပ္ေနခ်ိန္တြင္ အျခားသူမ်ားကေတာ့ သူ႔ကိုေထာက္လွမ္းကာ အလုပ္ရႈပ္ေနသည္။

{သတင္းပို႔တယ္! လုယြင္ေဖးကို ပ်မ္းက်င္းယြမ္ကားထဲမွာေတြ႕ရျပန္ၿပီ}

မူရင္းပို႔စ္တင္သူ: {picture}

ကလင္ကလင္: က်စ္က်စ္။ ၾကည့္ရတာ အခုတစ္ေလာ လုယြင္ေဖးက ပ်မ္းက်င္းယြမ္ကားထဲမွာပဲ‌ ေနေနတယ္ထင္တယ္။

ေကာ္ဖီကိုသၾကားနဲ႔၊ ႏို႔မထည့္ဘူး: မနာလိုလိုက္တာ၊ ငါလည္း ထိပ္ဆုံးေက်ာင္းသားရဲ႕ကားမွာစီးခ်င္တယ္။

လပတ္စာေမးပြဲကေရာက္ေတာ့မယ္: ဟူး။ ႐ုပ္ေခ်ာေခ်ာေကာင္ေလးေတြအကုန္လုံးက ေကာင္ေလးေတြကိုပဲ ေပးစီးေနတယ္။

ဆန္နီေဒးေဒါ: ပ်မ္းက်င္းယြမ္နဲ႔လုယြင္ေဖးက ဆက္ဆံေရးဒီေလာက္ေကာင္းတာလား။ ငါတို႔ရဲ႕နတ္ဘုရားက ေအးစက္စက္နဲ႔တစ္ေယာက္တည္းေနတတတ္တာလို႔ ထင္ထားတာ။

ငါဝိတ္မေလ်ာ့ရင္ ေသေတာ့မယ္: အေပၚထပ္ကတစ္ေယာက္က အတန္းေက်ာ္သြားတယ္ထင္တယ္။ မင္းကို နည္းနည္းေလးေႏႊးေပးမယ္။ ငါတို႔ရဲ႕နတ္ဘုရားက လုယြင္ေဖးကို ေကာင္းေကာင္းႀကီးကို ဆက္ဆံေပးေနတာ။ [thread] [thread]

တစ္ေယာက္တည္းရႈခင္းၾကည့္: မထူးဆန္းဘူးလား။ ပ်မ္းက်င္းယြမ္က ဘယ္သူ႔ကိုမွ အေရးမလုပ္ဘူး။ လုယြင္ေဖးတစ္ေယာက္ထဲကိုပဲ အေရးေပးတာ။ သူတို႔ကသူငယ္ခ်င္းေတြဆိုရင္ေတာင္ တစ္လႏွစ္လေလာက္ပဲသိေသးတာ။

ေရကန္ထဲဖားတစ္ေကာင္ခုန္ဆင္းသြားၿပီ: ေကာင္ေလးေတြက သူငယ္ခ်င္းျဖစ္တာ ျမန္တယ္မဟုတ္ဘူးလား။

ငါ စာေမးပြဲေတြမေျဖခ်င္ဘူး: အေပၚကတစ္ေယာက္ေျပာတာ မွန္တယ္။ ငါလည္း ပ်မ္းက်င္းယြမ္က လုယြင္ေဖးကိုအေပၚဆက္ဆံတာ ေတာ္ေတာ္ေကာင္းတယ္လို႔ထင္တယ္။ ၿပီးေတာ့ လုယြင္ေဖးပုံစံကလည္း ထူးဆန္းတယ္။ သူက သူ႔ကိုယ္ပိုင္ကားကို မယူလာဘဲနဲ႔ ပ်မ္းက်င္းယြမ္စက္ဘီးေပၚမွာပဲ ထိုင္ေနတယ္။ သူက တစ္ျခားလူေတြကို အေႏွာင့္အယွက္ေပးေနတာမဟုတ္ဘူးလား။

သစ္ကိုင္းတစ္ကိုင္းတည္းက ေႏြဉီးမျဖစ္လာဘူး: ေအးေလ။ စာေမးပြဲပဲနီးေနၿပီ။ လုယြင္ေဖးက ပ်မ္းက်င္းယြမ္ကို စက္ဘီးနဲ႔လိုက္ပို႔ခိုင္းေသးတယ္။ သူကေတာ့ ေကာင္းေကာင္းေနရတဲ့အခ်ိန္ ပ်မ္းက်င္းယြမ္ကေတာ့ ဒုကၡေရာက္ေနတာ။ သူက ေတာ္ေတာ္အသားထူတာပဲ။

အခ်စ္ခံရလို႔မ်က္စိက်ိန္းေအာင္ေတာက္ပေနတယ္: ဒီ thread ကစကားေတြက ဘယ္ကိုေရာက္သြားတာလဲ။ အရင္ဉီးဆုံး ပ်မ္းက်င္းယြမ္ကို သံသယဝင္တယ္။ ၿပီးေတာ့ လုယြင္ေဖးကို မေကာင္းေျပာတယ္။ လူႏွစ္ေယာက္ၾကားကပုဂၢိဳလ္ေရးကိစၥကို ငါတို႔ဝင္ပါစရာလိုလို႔လား။ နင္တို႔ကိစၥမလို႔လား။

ဖလက္ဖလက္: ဒါက ႐ိုး႐ိုးရွင္းရွင္းစကားဝိုင္းတစ္ခုပဲဟာကို။ ငါတို႔မေျပာႏိုင္တဲ့ကိစၥမရွိဘူးေလ။ လုယြင္ေဖးအေၾကာင္း ေျပာလို႔မရဘူးလား။

သခ်ၤာရဲ႕ထူးဆန္းတဲ့လုပ္ေဆာင္ခ်က္ေတြက ေျပာင္းလဲေနေပမဲ့ အသုံးဝင္ပုံကေတာ့ မေျပာင္းဘူး: နင္ကမေျပာသင့္တဲ့ဟာေတာင္ ေျပာဉီးမွာေလ။ စကားမ်ားလြန္းတယ္။

ရန္ပြဲအျဖစ္ေျပာင္းလဲစျပဳလာသည့္ thread ကို လုယြင္ေဖး ၾကည့္လိုက္သည္။ ပ်မ္းက်င္းယြမ္စက္ဘီးေပၚလိုက္စီးျခင္းက ေဆြးေႏြးပြဲတစ္ခုႏွင့္ရန္ပြဲတစ္ခုကို သယ္ေဆာင္လာမည္ဟု သူမထင္မိထားခဲ့။ ဒီလူေတြမွာ အိမ္စာသိပ္မရွိဘူးလား။ လုယြင္ေဖး ထို thread ကို ရီပို႔ထုရင္း စိတ္ပ်က္လာမိသည္။

သူရီပို႔ထုၿပီးခ်ိန္တြင္ အအတန္းေခါင္းေဆာင္က သူ႔ဆီေလွ်ာက္လာၿပီး ေျပာလာသည္။ “အတန္းပိုင္ဆရာမက မင္းကိုရွာေနတယ္။ နားေနခန္းကို သြားလိုက္ဉီး”

“အခုလား”

“ဟုတ္တယ္”

လုယြင္ေဖးလည္း သူ႔ခ်ိဳင္းေထာက္ကို ကိုင္ၿပီး အခန္းထဲကထြက္ကာ ဆရာ၊မမ်ားနားေနခန္းဘက္သို႔ ထြက္လာရသည္။

တတိယႏွစ္ဆရာ၊မမ်ားနားေနခန္းက သူတို႔အခန္းႏွင့္ သိပ္မေဝးေသာေၾကာင့္ လုယြင္ေဖး ခဏအတြင္းေရာက္သြားသည္။ သူတံခါးေခါက္ရင္း ဝင္လိုက္ေသာ္လည္း အထဲတြင္ဘယ္သူမွမရွိေနေပ။ ထူးဆန္းသည္ဟု ထင္ေသာေၾကာင့္ အထဲကိုေနာက္ႏွစ္လွမ္းလွမ္းလိုက္ကာ “ဆရာမလီ” ဟု ေခၚလိုက္ေသာ္လည္း ဘယ္သူကမွျပန္မထူးေသာေၾကာင့္ ေနာက္ျပန္လွည့္ရန္ဆုံးျဖတ္လိုက္သည္။

သူတံခါးဘက္လွည့္ၿပီး ေျခႏွစ္လွမ္းေလာက္သြားၿပီးသည့္အခ်ိန္မွာပင္ သူ႔ေရွ႕က တစ္ေယာက္ေယာက္ေခၚလိုက္သံကို ၾကားရသည္။ “လုယြင္ေဖး”

လုယြင္ေဖး ေခါင္းလွည့္ၾကည့္လိုက္သည့္အခါ သူ႔အဂၤလိပ္စာဆရာမ က်န္းရန္ရုန္က သူ႔ဆီကို ေလွ်ာက္လာေနသည္။

“မဂၤလာပါ ဆရာမ”

က်န္းရန္ရုန္က နားေနခန္းလြတ္ေနသည္ကိုျမင္ၿပီး သူ႔ကိုေမးလိုက္သည္။ “ဒီမွာဘာလုပ္ေနတာလဲ”
“ဆရာမလီေခၚလို႔ပါ။ ဒါေပမဲ့ ကြၽန္ေတာ္လာေတာ့ ဆရာမက ဒီမွာမရွိဘူး”
က်န္းရန္ရုန္က‌ ေခါင္းညိတ္ျပသည္။ “အေတာ္ပဲ။ ဆရာမနဲ႔ ခဏစကားေျပာရေအာင္”

လုယြင္ေဖး ထိုစကားကိုၾကားရသည့္အခါ စိတ္ပ်က္အားငယ္သလို ခံစားလာရသည္။ သူ႔အဂၤလိပ္စာအမွတ္ေတြျဖင့္ဆိုလွ်င္ အဂၤလိပ္ဆရာမႏွင့္စကားေျပာရမည္က သူ႔ကိုသတိေပးခံဖို႔ေစာင့္ေနရခ်ိန္ေတြသာပင္။ သို႔ေသာ္လည္း သူ႔ဆရာမျဖစ္ေနေသာေၾကာင့္ လုယြင္ေဖးလည္း မျငင္းႏိုင္ဘဲ နာခံစြာေခါင္းညိတ္ျပလိုက္သည္။

က်န္းရန္ရုန္က သူ႔စားပြဲနားေခၚသြားၿပီး သူထိုင္ရန္ ထိုင္ခုံတစ္ခုဆြဲထုတ္ေပးသည္။

“ေျခေထာက္ေရာ အဆင္ေျပရဲ႕လား”

“အခုသက္သာေနပါၿပီ” လုယြင္ေဖး ယဥ္ယဥ္ေက်းေက်းျပန္ေျဖလိုက္သည္။

“ဟုတ္ၿပီ။ ဒါဆိုရင္ အခု မင္းလပတ္စာေမးပြဲကို ျပင္ေနတာဘယ္လိုအေျခအေနရွိလဲ”
“အဆင္ေျပေနပါတယ္”
“လုယြင္ေဖး မင္းသိတဲ့အတိုင္းပဲ မင္းအဂၤလိပ္စာအမွတ္ေတြက အတန္းထဲမွာဆိုရင္ သိပ္မေကာင္းဘူး။ ၾကားရတာ နားဝင္ခ်ိဳမွာမဟုတ္ေပမဲ့ အမွန္အတိုင္းေျပာရရင္ မင္းက တစ္တန္းလုံးကို မင္းအမွတ္ေတြနဲ႔ ဆြဲခ်ေနတာပဲ။”
နားဝင္မခ်ိဳေသာ္လည္း ဒါကအမွန္ပင္။ ထို႔ေၾကာင့္ လုယြင္ေဖးလည္း ရွက္႐ြံ႕စြာေခါင္းညိတ္ျပလိုက္ရသည္။ “ကြၽန္ေတာ္အေကာင္းဆုံးႀကိဳးစားပါ့မယ္”

“ဒါဆိုရင္ မင္းဂိုက္ေခၚဖို႔ေရာ စဥ္းစားဖူးလား”
“ဟုတ္ကဲ့” လုယြင္ေဖး အမွန္အတိုင္းေျပာျပလိုက္သည္။ “အမွန္အတိုင္းေျပာရရင္ အိမ္မွာေတာင္အဂၤလိပ္စာဂိုက္တစ္ေယာက္ ငွားထားပါတယ္”

“ဟုတ္လား။ ဒါဆို မင္းဂိုက္ဆရာက သိပ္အဆင္မေျပဘူးထင္တယ္”

လုယြင္ေဖးၿပဳံးလိုက္ရင္း အေျခအေနက ရႈိးတို႔ရွန္းတန႔္ျဖစ္သြားတာကို ခံစားလိုက္ရသည္။

က်န္းရန္ရုန္ကေတာ့ ထိုသို႔ခံစားရပုံမတူဘဲ ဆက္ေျပာလာသည္။ “အခုေနာက္ပိုင္းဂိုက္ေတြက အဂၤလိပ္စာေအာင္ေအာင္ လုပ္ေပးႏိုင္တဲ့သူေတြရွိေပမဲ့ သူတို႔က ေက်ာင္းကဆရာေတြမဟုတ္ေတာ့ စာေမးပြဲရဲ႕အေရးႀကီးတဲ့အခ်က္ေတြရယ္ အထက္တန္းစာေမးပြဲေတြပုံစံေတြရယ္ကို မသိၾကဘူး။ အဓိကအခ်က္ကို မသင္ေပးႏိုင္ေတာ့ မင္းရဲ႕အမွတ္ေတြက မတိုးတက္လာတာပဲ”

လုယြင္ေဖး နားေထာင္မိသည္ႏွင့္အမွ် က်န္းရန္ရုန္စကားေခၚေျပာရသည့္အေၾကာင္းရင္းကို ခန႔္မွန္းမိလာသည္။

သူတို႔ေက်ာင္းက ေက်ာင္းျပင္ပက်ဴရွင္သင္ေပးျခင္းကို တားျမစ္ထားေသာ္လည္း အခ်ိဳ႕ေသာမိဘမ်ားက ဆရာမ်ားကို ေက်ာင္းသားမ်ားအား သီးသန႔္စာသင္ေပးရန္ ေတာင္းဆိုၾကဆဲပင္။ အခ်ိန္ၾကာလသည္ႏွင့္အမွ် ဆရာ၊မမ်ားလည္း ေက်ာင္းခ်ိန္ၿပီးလွ်င္ က်ဴရွင္သင္ၾကားလာၾကသည္။ ေက်ာင္းက ေက်ာင္းသားမိဘမ်ား၏ေတာင္းဆိုမႈႏွင့္ အမွတ္ေပးအဆင့္မ်ားေၾကာင့္ ထိုသည္ကို လ်စ္လ်ဴရႈမ်က္ကြယ္ျပဳလိုက္ၾကသည္။ တျဖည္းျဖည္းႏွင့္ ထိုစည္းမ်ဥ္းက နာမည္သာက်န္ေတာ့သည္။

က်န္းရန္ရုန္ကလည္း ကိုယ္ပိုင္က်ဴရွင္သင္ၾကားခ်ိန္မ်ားရွိသည္။ ပထမႏွစ္က ထိုသည္ကပုံမွန္ပဲဟု တစ္ေယာက္ေယာက္ေျပာတာကို သူၾကားခဲ့ရသည္။ စာအသင္ေကာင္းသည့္ဆရာ၊မ်ားက ကိုယ္ပိုင္က်ဴရွင္သင္ၾကသည္။ သို႔ေသာ္လည္း က်န္းရန္ရုန္က ေက်ာင္းသားမ်ားအေပၚမူတည္ၿပီး ပိုက္ဆံယူသည္။ ထိုသည္ကေတာ့ ေတြ႕ရနည္းသည္ဟု ဆိုရမည္။

အိတ္စ္ၿမိဳ႕ေတာ္၏ ဂုဏ္သိကၡာအရွိဆုံးေက်ာင္းအေနျဖင့္ သူတို႔ဆီမွဆရာမ်ားက နာမည္ရွိသည္။ အျခားေက်ာင္းမွေက်ာင္းသားမ်ားက ေက်ာင္းၿပီးသည့္ေနာက္ သူတို႔ဆရာ၊မမ်ားထံတြင္ က်ဴရွင္လာတက္ၾကသည္။ တစ္ဉီးခ်င္းသင္ၾကားေပးျခင္းမဟုတ္ဘဲ အစုအဖြဲ႕အလိုက္ သင္ေပးျခင္းျဖစ္၍ ထိုဆရာ၊မမ်ားအတြက္ ေပးရေငြက မျမင့္မားေပ။

သို႔ေသာ္လည္း က်န္းရန္ရုန္ကေတာ့ တမူထူးျခားသည္။ သူ(မ)အတြက္ ေပးေခ်ရေငြက ေက်ာင္းသားမိဘမ်ား၏ ခ်မ္းသာႂကြယ္ဝမႈအေပၚ မူတည္သည္။

Comment