Chapter 2


I’ll change your desk mate, how about Bian JinYuan?

(Unicode)

Zawgyi)

ပျမ်းကျင်းယွမ်က လုယွင်ဖေးကိုမြင်သွားသည့်အခါ သူမျက်မှောင်ကိုကြုံ့လိုက်သည်။ သူက လုယွင်ဖေးကို အံ့အားသင့်စရာကောင်းသည့် ဘာသာရပ်ရလဒ်ကွာခြားမှုကြောင့် မှတ်မိနေခြင်း ဖြစ်သည်။ ပျမ်းကျင်းယွမ်က ထိုသူကိုမတွေ့ခင်အထိ အတန်း(express class)ထဲတွင် ရူပဗေဒမှလွဲပြီး အခြားဘာသာရပ်၌ ကျရှုံးသည့်လူရှိသည်ကို ယုံနိုင်မည်မဟုတ်ပေ။ သို့သော်လည်း လုယွင်ဖေး၏ သိပ္ပံဘာသာရပ်ရမှတ်များမှာ အတော်လေးကောင်းမွန်ကာ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒတွင် ထိပ်ဆုံးသုံးယောက်ထဲတွင်ပင် ပါသည်။ သို့သော်လည်း သူ့အင်္ဂလိပ်စာအမှတ်ကတော့ ခုနစ်ဆယ် ရှစ်ဆယ်ကျော်လောက်သာ ရသည်။

ပျမ်းကျင်းယွမ် က သူ့အမှတ်ကိုတွေ့ခဲ့စဉ်က ထိုသူသာ အင်္ဂလိပ်စာတွင် သာမန်အမှတ်မျှရလျှင် ထိပ်ဆုံးအဆင့်တစ်ဆယ်ထဲသို့ ဝင်နိုင်သည်ဟု တွေးမိခဲ့သည်။ မိမိနှင့် သက်ဆိုင်မှုမရှိ၍ ထိုသူကကံဆိုးသည်ဟုသာ သူတွေးလိုက်သည်။

လုယွင်ဖေးက ပျမ်းကျင်းယွမ်မျက်မှောင်ကြုံ့ထားသည်ကို တွေ့လိုက်ရသောအခါ ထူးဆန်းသည်ဟု ထင်မိသည်။ ထိုသူကလည်း မျက်နှာအမူအရာပြောင်းနိုင်သည်လား။ ကြည့်ကောင်းသည်ဟု အချိန်ခဏလေးပင် တွေးမိသွားသေးသည်။

သူတိုက်ခိုက်ခြင်းတွင် ကူညီချိန်ပင် အချိန်မရလိုက်ပဲ သူ ကိုလာနှင့်ပစ်လိုက်သည့်လူမှာ ဓားနှင့်သူ့ဆီ ဉီးတည်လာသည်။ ပျမ်းကျင်းယွမ်က ချက်ချင်းတုံ့ပြန်လာပြီး ထိုလူကို ရှပ်အင်္ကျီကော်လံမှ ဆွဲလိုက်ကာ ခပ်ပြင်းပြင်း တစ်ချက်ကန်လိုက်သည်။ ထို့နောက် လုယွင်ဖေးကို အေးစက်စွာ ပြောလိုက်သည်။ “ဒါမင်းအလုပ်မဟုတ်ဘူး။ သွားတော့”

လုယွင်ဖေးက လှောင်ပြောင်သရော်လိုက်သည်။ “ဒါကငါ့အလုပ်ဟုတ်မဟုတ် မင်းကဘယ်လိုသိတာလဲ”

သူ့စကားဆုံးဆုံးချင်းပင် ထိုလူငါးယောက်အုပ်စုမှ နှစ်ယောက်က သူ့ဆီပြေးလာသည်။

စတင်တိုက်ခိုက်ကြသည်နှင့် ပျမ်းကျင်းယွမ်က သူ့ကိုယ်ပိုင်ပြဿ      နာထဲသို့ အတန်းဖော်ဖြစ်သူကို ဆွဲမသွင်းချင်ခဲ့ပေ။ သူ့ပတ်လည်က လူသုံးယောက်ကို လျင်မြန်စွာဖြေရှင်းနိုင်ရန် သူ့လှုပ်ရှားမှုများက ရက်စက်လှသည်။ လုယွင်ဖေးကို သွားရောက်ကူညီရန် ပြင်လိုက်သော်လည်း ထိုသူမှာ သူ့ဆီသို့ အိတ်ကပ်ထဲ လက်ထည့်ကာ လျှောက်လာနေပြီးဖြစ်ကာ ထိုသူဆီသို့ သွားရောက်ရန်ရှာသော လူနှစ်ယောက်က ကြမ်းပြင်ပေါ်တွင် လဲနေသည်။

လုယွင်ဖေးက ကိုလာကိုကောက်ယူရန် အနည်းငယ်ဒူးညွှတ်လိုက်သည်။ ကြမ်းပြင်ပေါ်က လူများကိုတစ်ချက်ကြည့်လိုက်ပြီး ပျမ်းကျင်းယွမ်ကို မေးလိုက်သည်။ “ငါတို့ကျောင်းက လူတွေ မဟုတ်ဘူးလား”

“မဟုတ်ဘူး”

“ကျစ် ကျောင်းရဲ့လုံခြုံရေးကတော့ လျော့တိလျော့ရဲနဲ့။ ငါပြန်ရင် ဒီအကြောင်း အကြံပြုစာထည့်ဖို့ စာရေးရဉီးမယ်”

ပျမ်းကျင်းယွမ်က ဘာမှပြန်မပြော။

လုယွင်ဖေးအရှေ့ကိုသွားဖို့ ပြင်လိုက်သည်။ ခြေလှမ်းအနည်းငယ်လျှောက်သွားပြီး ပျမ်းကျင်းယွမ်က လိုက်မလာသည်ကိုတွေ့ရ၍ နောက်လှည့်ကြည့်လိုက်ရင်း ပြောလိုက်သည်။ “သွားမယ်လေ ဒီမှာနေပြီး ဘာလုပ်မလို့လဲ။ တိုက်ပွဲဖြစ်တဲ့နေရာကို သန့်ရှင်းရေးလုပ်ဦးမလို့လား”

ထိုနောက်တွင်မှ ပျမ်းကျင်းယွမ်လည်း‌ နောက်ကလိုက်လာသည်။

လုယွင်ဖေးက ပန်းခင်းထောင့်ကို လျှောက်သွားလိုက်ပြီး သူပစ်ချထားခဲ့သည့် roujiamo ကို ကောက်ယူလိုက်သည်။

ပျမ်းကျင်းယွမ်က သူ့လက်ထဲက roujiamo ကို ကြည့်လိုက်သည်။ ဟောခန်းမမှ ထွက်လာစဉ် သူဆိုလိုက်သည်။

“ကျေးဇူးပဲ”

“မင်းက ခုနလေးတင် ငါ့ကို ထွက်သွားစေချင်နေတာမဟုတ်ဘူးလား” လုယွင်ဖေးက သူအစောကပြောခဲ့သည့်စကားကို မမေ့သေးပေ။

ပျမ်းကျင်းယွမ်က သူထိုသို့ပြောလာမည်မှန်း မတွေးခဲ့မိပေ။ ခဏတိတ်သွားပြီး သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ငါက မင်းကို ဝင်မပါစေချင်လို့”

ခဏစဉ်းစားလိုက်ပြီး ထပ်ပြောလိုက်သည်။ “ဆောရီး”

လုယွင်ဖေးက ယနေ့မှာ ကံအလှည့်အပြောင်းများစွာ ကြုံရသည့်နေ့ဟု ထင်မိသည်။ ပျမ်းကျင်းယွမ်ထံက သူ့ကိုကျေးဇူးတင်သည့်စကားနှင့် တောင်းပန်သည့်စကားကို ဆက်တိုက်ကြားရသောကြောင့်ပင်။ သူ့ကိုကူညီပေးခဲ့ရသည်က တန်သည်ဟုဆိုရမည်။

“ရတယ်။ ငါက ဒီအတိုင်းပြောလိုက်တာ။ ကိစ္စမရှိပါဘူး။ အတန်းကို ပြန်ရအောင်”

“မင်းစားပြီးပြီလား” ပျမ်းကျင်းယွမ်က လုယွင်ဖေးကို အကြွေးမတင်ချင်ပေ။ “ငါမင်းကို နေ့လည်စာ ဝယ်ကျွေးမယ်”

လုယွင်ဖေးက လက်ထဲက roujiamo ကို မြှောက်ပြလိုက်တယ်။ “ငါက စားပြီးပြီ။ လီယွမ်ချင်းအတွက် ဝယ်လာတာ”

“အဲ့ဒါဆို နောက်ခါ မင်းလိုတဲ့အခါ ငါ့ကို အကူအညီတောင်းလို့ရတယ်။ ငါ ထမင်းသွားစားတော့မယ်။ နောက်မှတွေ့မယ်”

ပျမ်းကျင်းယွမ်က ထိုသို့သာပြောပြီး ကျောင်းကန်တင်းဘက် ထွက်သွားသည်။

လုယွင်ဖေးက သူထွက်သွားသည်ကို ကြည့်ရင်း သူ့အကူအညီကို ဘယ်လိုအပ်မလဲဟု တွေးမိသွားသည်။ သူ့လက်ထဲက roujiamo ကို ခါယမ်းလိုက်ပြီး စာသင်ခန်းဆီကို ပြန်သွားလိုက်သည်။

လီယွမ်ချင်းက စောစောပြန်ရောက်နေသည်။ အတန်းထဲသို့ မြင်မြင်ချင်း လုယွင်ဖေး သူ့ကို တွေ့ရသည်။

“မင်းအတွက်” လုယွင်ဖေးက roujiamo ကို သူ့ရှေ့ချထားလိုက်ပြီး သူ့ကိုလာဘူးကို ဖွင့်သောက်ဖို့ ပြင်လိုက်သည်။

လီယွမ်ချင်း က roujiamo စားနေစဉ် လုယွင်ဖေးကသူ့ကို အစောကအဖြစ်အပျက်ကို ပြန်ပြောပြနေသည်။

လီယွမ်ချင်း က သူ့ကို အံ့ဩစွာ ကြည့်နေသည်။ “အဲ့တော့ သူ့ကို ကူပေးခဲ့တယ်ပေါ့။ မင်း သူ့ကို ကြည့်မရဘူးထင်နေတာ”

“သူ့ကိုကြည့်မရပေမဲ့ အတန်းထဲကလူပဲလေ။ အတန်းဖော်တစ်ယောက် ဒုက္ခရောက်နေတာကို ငါက ဘယ်လိုဒီအတိုင်းထားခဲ့နိုင်မှာလဲ”

“အဲ့တာတော့မှန်တယ်၊ အိုး ဒါနဲ့ ဒီနေ့လည် ဘတ်စကတ်ဘော ကစားချင်လား” လီယွမ်ချင်းက သူ့ကို မေးလိုက်တယ်။

“မကစားတော့ဘူး၊ အင်္ဂလိပ်စာသင်ရမှာမလို့ အိမ်ပြန်ရမယ်” လုယွင်ဖေး အကူအညီကင်းမဲ့စွာနဲ့ ပြောလိုက်မိသည်။ “ငါ့ဘဝက ဘာလို့ ဒီလောက်စိတ်ဆင်းရဲစရာကောင်းရတာလဲ။ အင်္ဂလိပ်စာကို ဒီလောက်လုပ်နေတာတောင် ထပ်လုပ်ရဦးမယ်”

“မင်းအင်္ဂလိပ်စာအမှတ်တွေက ခုလိုဖြစ်နေလို့လေ။ အဲ့ဒါကြောင့် ပိုလုပ်ဖို့လိုတယ်။ သိပြီလား”

လုယွင်ဖေးဤသည်ကို နားလည်သော်လည်း သူမကြာခင် အင်္ဂလိပ်စာ PTSD ရတော့မည်ဟု ထင်မိသည်။ ခုရက်ပိုင်းအတွင်းတွင် အင်္ဂလိပ်စာလုံးများ ကြည့်ရုံဖြင့် ထိပ်လန့်တုန်လှုပ်မိလာရပြီး လက်လျှော့လိုက်သည်က ပိုကောင်းမည်ဟု စဉ်းစားမိသည်။ လူတွေက အင်္ဂလိပ်စာကို သင်ဖို့ ဘာလို့လိုတာလဲ။ သူကချမ်းသာပြီးသားဆိုတော့ သူသွားမဲ့နေရာတိုင်းကို ဘာသာပြန်ပဲ ခေါ်သွားလို့မရဘူးလား။ ပြီးတော့ မန်ဒရင်းကိုလည်း လူတော်တော်များများပြောလာကြပြီဆိုတော့ အင်္ဂလိပ်စာကို ဘာလို့သင်ရမှာလဲ။

လုယွင်ဖေးမရေမရာဖြစ်မိသည်။ စိတ်ပျက်ဝမ်းနည်းမိသည်။

အတန်းက ၂ နာရီထိုးတွင် စသည်။ ပထမချိန်က သင်္ချာဖြစ်ကာ သင်္ချာဆရာမ လီလိက အတန်းပိုင်ဆရာမအဖြစ်လည်း တာဝန်ယူထားသည်။ လီလိက စိတ်အခြေအနေကောင်းနေပုံရှိသည်။ “ဒီလစာမေးပွဲမေးခွန်းတွေက ပိုခက်ထားတော့ အတန်းပျမ်းမျှအဆင့်လည်း ပိုကျသွားလိမ့်မယ်။ ဒါပေမဲ့ အတန်းထဲမှာ အမှတ်ပြည့်နီးပါးရတဲ့ နှစ်ယောက်ရှိတယ်။ ဒါက သတင်းကောင်းပဲဆိုတော့ ဒီနှစ်ဝက်မှာလည်း အားလုံးကြိုးစားကြမယ်လို့ ဆရာမမျှော်လင့်တယ်။ မင်းတို့တွေက နောက်နှစ်ဆို တတိယနှစ်ဖြစ်ကြတော့မယ်။ အဲ့ဒီတော့ ဒုတိယနှစ်တွေ ဒီနှစ်က မင်းတို့အတွက် အရမ်းအရေးကြီးတယ်။ အခုအချိန်မှာ အခြေခံလိုအပ်တာတွေကိုဖြည့်ကြပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သေချာလေးပြင်ကြ”

ထိုသို့ပြောကာ လီလိက ထိုလစာမေးပွဲမေးခွန်းအကြောင်း စတင်ဆွေးနွေးတော့သည်။ အမှတ်ပြည့်နီးပါးရသည့်ထဲက တစ်ယောက်ဖြစ်သူ လုယွင်ဖေးက အဖြေအကုန်ကို သိထားသည်။ သုံးမှတ်လျော့ရခြင်းမှာ သူ၏ပေါ့ဆမှုကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် လုယွင်ဖေးက ထိုအချိန်တွင် အိမ်စာကိုသာ လုပ်နေသည်။ ညတွင် အင်္ဂလိပ်စာသင်ရမည်ဖြစ်ပြီး ကျူရှင်ချိန်ပြီးတိုင်း လုယွင်ဖေးက ပြန်လည်မွေးဖွားခြင်းကို ဖြတ်ကျော်လာရသလို ခံစားရကာ အိပ်သာအိပ်ချင်တော့သည်။

မကြာခင်တွင် မိနစ်လေးဆယ်ကုန်ဆုံးသွားသည်။ ခေါင်းလောင်းထိုးသည်နှင့် ထူးဆန်းစွာပင် လီလိက စာသင်ချိန်ကို ဆွဲမဆန့်ဘဲ လုယွင်ဖေး၏ ခုံဆီလာကာ ပြောလာသည်။ “လုယွင်ဖေး ခဏလိုက်လာခဲ့ဦး”

လုယွင်ဖေးအံ့အားသင့်သွားမိကာ သူအတန်းထဲတွင် အာရုံမစိုက်သည်ကို သတိထားမိသည်ဟု ထင်သွားသည်။ သို့သော်လည်း ထိုသို့မဖြစ်နိုင်ချေ။ အခြားသူများ စာလိုက်မှတ်နေကြချိန်တွင် သူအိမ်စာလုပ်ခဲ့ခြင်းဖြစ်ကာ တစ်လျှောက်လုံး လိုက်မှတ်နေဟန်ဆောင်ထားခဲ့သည်။

လုယွင်ဖေး စိုးရိမ်မကင်းဖြစ်လာသော်လည်း သူ့သင်္ချာအမှတ်များက အမြဲကောင်းခဲ့သောကြောင့် လီလိ က ထိုကိစ္စကို အာရုံသိပ်မစိုက်စေရန်သာ မျှော်လင့်မိသည်။

လီလိနှင့်အတူ သူရုံးခန်းထဲသို့ လိုက်ဝင်သွားသည်။ ထိုအချိန် ရုံးခန်းတွင် ဆရာ/မများမရှိပေ။ လီလိက သူ့ကိုထိုင်ရန် ထိုင်ခုံတစ်ခုထုတ်ပေးရင်း ညင်သာစွာဆိုသည်။

“ဆရာမက မင်းအကြောင်း ပထမနှစ်ထဲက ကြားဖူးခဲ့တာ”

လုယွင်ဖေးထိုအကြောင်းကို မအံ့ဩမိပေ။ သူ့ပထမနှစ်သင်္ချာဆရာမက လီလိမဟုတ်သော်လည်း သူက ပထမနှစ်တွင် သင်္ချာ၌ပထမရခဲ့သည်။ အတန်းနှစ်အတူတူက သင်္ချာဆရာမများက ရုံးခန်းတစ်ခုထဲတွင် ဖြစ်သောကြောင့် ကျောင်းသားများအကြောင်း ပြောကြမည်ပင်ဖြစ်သည်။

“မင်းရဲ့ သင်္ချာအမှတ်တွေက တော်တော်ကောင်းတယ်”

လုယွင်ဖေးက ပြုံးလိုက်တယ်။

“မဆိုးဘူးလို့ ပြောလို့ရပါတယ်”

“သိပ္ပံမှာလည်း တော်တော်တော်တယ်”

“အိုကေရုံပါပဲ” လုယွင်ဖေး နှိမ့်ချပြီး ပြောလိုက်သည်။

“ဘာသာရပ်အမှတ်တွေကလည်း ကောင်းတယ်”

“သာမာန်ပါပဲ”

“ဒါပေမဲ့ အင်္ဂလိပ်စာအမှတ်က…” လီလိခဏလောက်စဉ်းစားလိုက်ပြီး နောက်ဆုံးတွင်တော့ ပိုမိုသိမ်မွေ့နူးညံ့သည့်လေသံဖြင့် ပြောလာသည်။ “ကောင်းမနေဘူး”

ထိုအချိန်တွင် လုယွင်ဖေး ဆရာမဖြစ်သူကို လေးစားမိသွားသည်။ တော်တော်စဉ်းစားပေးတတ်သည့် ဆရာမပင်။ အတန်း၏ပျမ်းမျှအမှတ်ကို သူတစ်ယောက်တည်းက ဆွဲချထားသည်ကိုပင် လီလိ က အမှတ်ကောင်းမနေဘူးဟုသာ ပြောသည်။ မကောင်းဘူး။ ဒါက လုံးဝကို ဆိုးရွားနေတာကို။

လုယွင်ဖေး အမှန်အတိုင်းဝန်ခံလိုက်သည်။ “အင်္ဂလိပ်စာအမှတ်တွေက ဆိုးတယ်။ ဒီဘာသာက ကျွန်တော့်အတွက် တော်တော်ခက်တယ်”

လီလိက ထိုအဖြစ်ကို နားလည်သည်။ ဆရာ/မများအားလုံးလည်း ကျောင်းသားအဖြစ်မှ စတင်ခဲ့ခြင်းဖြစ်ကာ အားနည်းသည့်ဘာသာမရှိသည့် ကျောင်းသားဟူ၍ မရှိပေ။ လုယွင်ဖေးကဲ့သို့ အမှတ်ကွာခြားမှုများသည့် ကျောင်းသားကိုတော့ ပထမဆုံးတွေ့ဖူးခြင်းသာဖြစ်သည်။

“အဲ့ဒါဆို မင်းဒါကို ပြင်ကြည့်ဖို့ တွေးဖူးလား”

“ကျွန်တော်ကြိုးစားတာပဲ။ ဆရာမလီ အမှန်အတိုင်းပြောရရင် ကျွန်တော့်မိသားစုက စာပြပေးဖို့ တစ်ယောက်တောင်ငှားထားသေးတယ်။ ဒီညပြန်ရောက်ရင် အင်္ဂလိပ်စာသင်ရဉီးမှာ။ ဒါပေမဲ့ အကူအညီမဖြစ်သလိုပဲ။ ပထမနှစ်ထဲက ကျွန်တော့်ကို ဂိုက်ပြပေးတဲ့သူ ခေါ်ထားတာ။ အခုတော့ ဆရာမတွေ့တဲ့အတိုင်းပဲ။ ဟူး ကျွန်တော် အင်္ဂလိပ်စာနဲ့ တစ်စက်မှကံမပါဘူးထင်တယ်”

“အဲ့လိုတော့ မဟုတ်ပါဘူး” လီလိက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “အင်္ဂလိပ်စာပြပေးတဲ့သူက မင်းနဲ့ မကိုက်လို့နေမှာပါ”

သူ(မ)က ဆုံးဖြတ်ချက်တစ်ခုကို ချပြီးသလို လုယွင်ဖေးကို ကြည့်လိုက်သည်။ “ဆရာ/မတွေနဲ့စာရင် ရွယ်တူတွေက အချင်းချင်း ပိုပြီးနားလည်ကြမယ်ထင်တယ်။ အဲ့ဒါကြောင့် မင်းရဲ့ထိုင်ခုံဖော်ကို ပြောင်းဖို့ ဆရာမတွေးနေတာ။ ပျမ်းကျင်းယွမ်ဆိုဘယ်လိုလဲ။ သူ့အင်္ဂလိပ်စာအမှတ်တွေက တော်တော်ကောင်းတယ်။ မင်းတို့သာ ထိုင်ခုံဖော်တွေဆို မေးချင်တာရှိရင် သူ့ကိုမေးလို့ရတယ်”

လုယွင်ဖေးဆရာမဖြစ်သူကို အလန့်တကြား ကြည့်လိုက်မိတယ်။ ဘာပြောလိုက်တာလဲ။ ပျမ်းကျင်းယွမ်နဲ့ သူ့ကိုအတူထားမယ်။ လူတိုင်းကို အရေးမလုပ်တဲ့ ပျမ်းကျင်းယွမ်က သူမေးတာတွေကို ဖြေရင် ဘုရားတောင်ထပွင့်နေဉီးမယ်။

လုယွင်ဖေးက ထိုကိစ္စတွင် ပျမ်းကျင်းယွမ်ကို သူနားလည်သလို ခံစားမိသည်။ ထိုသူက အခြားသူများ၏ မေးခွန်းများကို ကူညီဖြေရှင်းပေးလေ့မရှိဘဲ အမြဲ “ငါ့မှာအချိန်မရှိဘူး။ အခြားတစ်ယောက်ကို သွားမေးပါလား” ဟုသာ ပြန်ပြောလေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ လီလိက သူ့ကို မျှော်လင့်တကြီးကြည့်နေသည်။ လုယွင်ဖေးက ထိုစ္စမှာ ထင်သလိုဖြစ်လာမည် မထင်သော်လည်း ထုတ်မပြောလိုက်ပေ။ ထိုအစား သူပြန်ပြောလိုက်သည်။ “ဒီကိစ္စကို ပျမ်းကျင်းယွမ်ကရော သဘောတူလား”

“ဆရာမ သူ့ကို ပြောကြည့်လိုက်မယ်” လီလိက ယုံကြည်ချက်အပြည့်ရှိပုံပေါ်သည်။ “သူလည်း သဘောတူမှာပါ”

ဒါပေမဲ့ သူသဘောမတူဘူးလို့ ကျွန်တော်ထင်တယ်။ ပျမ်းကျင်းယွမ်က သူ့စိတ်ထဲမှာပဲပြောလိုက်တယ်။

ခေါင်းလောင်းထိုးတဲ့အချိန်အထိ လီလိနဲ့ သူစကားပြောပြီး အခန်းထဲကို ပြန်လာလိုက်တယ်။

လီယွမ်ချင်း က သိချင်စိတ်အပြည့်ဖြင့် မေးလာသည်။ “ဆရာမလီက မင်းကို ဘာလို့ ခေါ်တွေ့တာလဲ”

“ထိုင်ခုံဖော်ပြောင်းဖို့” လုယွင်ဖေးတီးတိုးပြောလိုက်သည်။

“Shit” လီယွမ်ချင်းက အထိတ်တလန့် ဖြစ်သွားသည်။ “မင်းက ဘယ်သူနဲ့ ထိုင်ရမယ်တဲ့လဲ”

“ဘယ်သူနဲ့ဖြစ်ရဉီးမှာလဲ” လုယွင်ဖေးက အနီးနားမှာရှိနေတဲ့ ပျမ်းကျင်းယွမ်ကို တစ်ချက်ကြည့်လိုက်တယ်။

ပျမ်းကျင်းယွမ်ထိတ်လန့်တကြား ဖြစ်ရပြန်သည်။ သို့သော်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။ “အင်းပေါ့လေ။ မင်းရဲ့ အင်္ဂလိပ်စာအမှတ်တွေက ဒီလောက်ဆိုးနေတာကို။ အင်္ဂလိပ်စာကိုထားပြီး အခြားဘာသာတွေရဲ့အမှတ်တွေနဲ့ဆိုရင် QingBei ကို မှီနေပြီ။ ဆရာမက ဒီတက်သစ်စအညွန့်လေးကို ဒီအတိုင်းထားမှာမဟုတ်ဘူး”

လုယွင်ဖေးသက်ပြင်းတစ်ချက်သာ ချလိုက်သည်။ “ငါကတော့ ဒီတက်သစ်စအညွန့်လေးက မခံနိုင်မှာပဲစိုးရိမ်တာ”

“မင်း ဘာတွေကြောက်နေတာလဲ” လီယွမ်ချင်း က သူ့ကိုအားပေးလိုက်သည်။ “သူနဲ့အတူထိုင်ပြီး မင်းမကြိုက်ရင် ပြန်ပြောင်းလို့ရတာပဲ။ မင်းအမှတ်တွေတက်လာရင်တော့ ကောင်းတာပေါ့။ လုပ်ကြည့်လည်း အရှုံးမရှိဘူးလေ”

“ငါကတော့မလိုဘူးလို့ထင်တယ်” လုယွင်ဖေး သူ့ကိုကြည့်ရင်းပြောလိုက်တယ်။ “မင်းလည်း သူ့ကိုသိတယ်မလား။ သူက ဘယ်တုန်းကရော သူများကို စာဝိုင်းလုပ်ပေးလို့လဲ။ အသုံးမဝင်ဘူးဆိုတာသိနေတော့ ကြိုးစားလည်းဘာထူးမှာလဲ”

“မင်းမကြိုးစားကြည့်ရင် သိမှာမဟုတ်ဘူးလေ” လီယွမ်ချင်းက သူ့ပခုံးကို ပုတ်ပေးလိုက်တယ်။ “မင်းသူ့ကို ဒီနေ့လည်ဝိုင်းကူညီပေးထားတာပဲ။ ရေဆာတဲ့အချိန်မှာ ကိုယ့်ကိုရေတစ်စက်ပေးထားရင် အဲ့လူကို လှိုက်လှိုက်လှဲလှဲပြန်ဆပ်ပေးသင့်တာပေါ့။ အခုသူပြန်ဆပ်ရမဲ့ အလှည့်ပဲလေ”

“အခြားသူတွေကို မျှော်လင့်ချက်မထားဘဲ ကူညီပေးရမယ်ဆိုတဲ့အဓိပ္ပါယ်ကိုရော မင်းသိရဲ့လား”

“မသိဘူး။ အလုပ်တစ်ခုကူပေးထားရင် အခြားတစ်ခု ပြန်လုပ်ပေးရမယ်ဆိုတာပဲသိတယ်”

“ငါသိတာတော့ အဲ့ဒီစကားက ဒီလိုသုံးရတာမဟုတ်ပါဘူး”

“အိုး ဟုတ်လား”

လီယွမ်ချင်း ပြန်ပြောနေတုန်းမှာပင် အမျိုးသမီးတစ်ယောက်အသံကို ပြတ်ပြတ်သားသားကြားလိုက်ရသည်။

“လီယွမ်ချင်း ဒါကိုဖြေမယ်။ ဒီမေးခွန်းအတွက် ဘာဖြစ်လို့ B အဖြေကိုရတာလဲ”

လီယွမ်ချင်းမတ်တပ်ရပ်လိုက်စဉ် သူ့မျက်နှာက မရေမရာပင်။ သူဘယ်မေးခွန်းကို မေးနေမှန်းပင် မသိပေ။ ဘာလို့ B က အဖြေဖြစ်တာလဲ သူလည်းသိချင်မိသည်။

လီယွမ်ချင်းက လုယွင်ဖေးကိုချက်ချင်းကြည့်လိုက်မိသည်။ လုယွင်ဖေးက သူနှင့်စကားများနေစဉ် ဆရာမစာသင်နေသည်ကိုလည်း အာရုံစိုက်ထားသောကြောင့် သူက အကြောင်းရင်းကို တီးတိုးပြောပြလိုက်သည်။

လီယွမ်ချင်းအဖြေကို ကျယ်ကျယ်ဖြေလိုက်သည်။ ဆရာမက သူ့ကို သတိပေးဟန်ဖြင့် တစ်ချက်စိုက်ကြည့်လာသသည်။ “ထိုင်တော့”

အဆုံးတွင်မှ လီယွမ်ချင်းလည်းသက်ပြင်းချနိုင်တော့သည်။ “ယွင်ဖေး မင်း ပျမ်းကျင်းယွမ်နဲ့ထိုင်ခုံဖော်မဖြစ်သင့်ဘူးထင်တယ်။ မင်းက သူနဲ့ အတူထိုင်ရင် ဒီလိုအခြေအနေမှာ ငါဘယ်လိုလုပ်ရတော့မလဲ”

“အဲ့တာက ငါဘာမှလုပ်လို့မရဘူး” လုယွင်ဖေးကတည်တည်ငြိမ်ငြိမ်ပဲ ပြောလာသည်။ “ဆုံးဖြတ်ချက်က ငါတို့ရဲ့ထိပ်ဆုံးကျောင်းသားပျမ်းအပေါ်ပဲ မူတည်တာ”

“သူ ဆရာမလီ ပြောတာလက်ခံမယ်လို့ မင်းထင်လား”

“ဘယ်သိမလဲ” ယွင်ဖေးတွးလိုက်သည်။ “သူသဘောတူလား မတူလားဆိုတာလည်း အရေးမကြီးဘူး။ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။ သူသာ ငါ့အင်္ဂလိပ်အမှတ်တွေတက်လာအောင် ကူညီပေးမယ်ဆို ငါသူ့ကို ကံထူးလောက်အောင် တိုးတက်စေတဲ့ အင်္ဂလိပ်စာစွမ်းရည်ကုသရေး အထူးပြုဆိုပြီး အလံတစ်ခုတောင် ပေးလိုက်ဉီးမယ်။”









(Zawgyi)

ပ်မ္းက်င္းယြမ္က လုယြင္ေဖးကိုျမင္သြားသည့္အခါ သူမ်က္ေမွာင္ကိုၾကဳံ႕လိုက္သည္။ သူက လုယြင္ေဖးကို အံ့အားသင့္စရာေကာင္းသည့္ ဘာသာရပ္ရလဒ္ကြာျခားမႈေၾကာင့္ မွတ္မိေနျခင္း ျဖစ္သည္။ ပ်မ္းက်င္းယြမ္က ထိုသူကိုမေတြ႕ခင္အထိ အတန္း(express class)ထဲတြင္ ႐ူပေဗဒမွလြဲၿပီး အျခားဘာသာရပ္၌ က်ရႈံးသည့္လူရွိသည္ကို ယုံနိုင္မည္မဟုတ္ေပ။ သို႔ေသာ္လည္း လုယြင္ေဖး၏ သိပၸံဘာသာရပ္ရမွတ္မ်ားမွာ အေတာ္ေလးေကာင္းမြန္ကာ ႐ူပေဗဒ၊ ဓာတုေဗဒႏွင့္ ဇီဝေဗဒတြင္ ထိပ္ဆုံးသုံးေယာက္ထဲတြင္ပင္ ပါသည္။ သို႔ေသာ္လည္း သူ႔အဂၤလိပ္စာအမွတ္ကေတာ့ ခုနစ္ဆယ္ ရွစ္ဆယ္ေက်ာ္ေလာက္သာ ရသည္။

ပ်မ္းက်င္းယြမ္ က သူ႔အမွတ္ကိုေတြ႕ခဲ့စဥ္က ထိုသူသာ အဂၤလိပ္စာတြင္ သာမန္အမွတ္မၽွရလၽွင္ ထိပ္ဆုံးအဆင့္တစ္ဆယ္ထဲသို႔ ဝင္နိုင္သည္ဟု ေတြးမိခဲ့သည္။ မိမိႏွင့္ သက္ဆိုင္မႈမရွိ၍ ထိုသူကကံဆိုးသည္ဟုသာ သူေတြးလိုက္သည္။

လုယြင္ေဖးက ပ်မ္းက်င္းယြမ္မ်က္ေမွာင္ၾကဳံ႕ထားသည္ကို ေတြ႕လိုက္ရေသာအခါ ထူးဆန္းသည္ဟု ထင္မိသည္။ ထိုသူကလည္း မ်က္ႏွာအမူအရာေျပာင္းနိုင္သည္လား။ ၾကည့္ေကာင္းသည္ဟု အခ်ိန္ခဏေလးပင္ ေတြးမိသြားေသးသည္။

သူတိုက္ခိုက္ျခင္းတြင္ ကူညီခ်ိန္ပင္ အခ်ိန္မရလိုက္ပဲ သူ ကိုလာႏွင့္ပစ္လိုက္သည့္လူမွာ ဓားႏွင့္သူ႔ဆီ ဉီးတည္လာသည္။ ပ်မ္းက်င္းယြမ္က ခ်က္ခ်င္းတုံ႔ျပန္လာၿပီး ထိုလူကို ရွပ္အကၤ်ီေကာ္လံမွ ဆြဲလိုက္ကာ ခပ္ျပင္းျပင္း တစ္ခ်က္ကန္လိုက္သည္။ ထို႔ေနာက္ လုယြင္ေဖးကို ေအးစက္စြာ ေျပာလိုက္သည္။ “ဒါမင္းအလုပ္မဟုတ္ဘူး။ သြားေတာ့”

လုယြင္ေဖးက ေလွာင္ေျပာင္သေရာ္လိုက္သည္။ “ဒါကငါ့အလုပ္ဟုတ္မဟုတ္ မင္းကဘယ္လိုသိတာလဲ”

သူ႔စကားဆုံးဆုံးခ်င္းပင္ ထိုလူငါးေယာက္အုပ္စုမွ ႏွစ္ေယာက္က သူ႔ဆီေျပးလာသည္။

စတင္တိုက္ခိုက္ၾကသည္ႏွင့္ ပ်မ္းက်င္းယြမ္က သူ႔ကိုယ္ပိုင္ျပႆ      နာထဲသို႔ အတန္းေဖာ္ျဖစ္သူကို ဆြဲမသြင္းခ်င္ခဲ့ေပ။ သူ႔ပတ္လည္က လူသုံးေယာက္ကို လ်င္ျမန္စြာေျဖရွင္းနိုင္ရန္ သူ႔လႈပ္ရွားမႈမ်ားက ရက္စက္လွသည္။ လုယြင္ေဖးကို သြားေရာက္ကူညီရန္ ျပင္လိုက္ေသာ္လည္း ထိုသူမွာ သူ႔ဆီသို႔ အိတ္ကပ္ထဲ လက္ထည့္ကာ ေလၽွာက္လာေနၿပီးျဖစ္ကာ ထိုသူဆီသို႔ သြားေရာက္ရန္ရွာေသာ လူႏွစ္ေယာက္က ၾကမ္းျပင္ေပၚတြင္ လဲေနသည္။

လုယြင္ေဖးက ကိုလာကိုေကာက္ယူရန္ အနည္းငယ္ဒူးညႊတ္လိုက္သည္။ ၾကမ္းျပင္ေပၚက လူမ်ားကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ပ်မ္းက်င္းယြမ္ကို ေမးလိုက္သည္။ “ငါတို႔ေက်ာင္းက လူေတြ မဟုတ္ဘူးလား”

“မဟုတ္ဘူး”

“က်စ္ ေက်ာင္းရဲ့လုံျခဳံေရးကေတာ့ ေလ်ာ့တိေလ်ာ့ရဲနဲ႔။ ငါျပန္ရင္ ဒီအေၾကာင္း အႀကံျပဳစာထည့္ဖို႔ စာေရးရဉီးမယ္”

ပ်မ္းက်င္းယြမ္က ဘာမွျပန္မေျပာ။

လုယြင္ေဖးအေရွ႕ကိုသြားဖို႔ ျပင္လိုက္သည္။ ေျခလွမ္းအနည္းငယ္ေလၽွာက္သြားၿပီး ပ်မ္းက်င္းယြမ္က လိုက္မလာသည္ကိုေတြ႕ရ၍ ေနာက္လွည့္ၾကည့္လိုက္ရင္း ေျပာလိုက္သည္။ “သြားမယ္ေလ ဒီမွာေနၿပီး ဘာလုပ္မလို႔လဲ။ တိုက္ပြဲျဖစ္တဲ့ေနရာကို သန႔္ရွင္းေရးလုပ္ဦးမလို႔လား”

ထိုေနာက္တြင္မွ ပ်မ္းက်င္းယြမ္လည္း‌ ေနာက္ကလိုက္လာသည္။

လုယြင္ေဖးက ပန္းခင္းေထာင့္ကို ေလၽွာက္သြားလိုက္ၿပီး သူပစ္ခ်ထားခဲ့သည့္ roujiamo ကို ေကာက္ယူလိုက္သည္။

ပ်မ္းက်င္းယြမ္က သူ႔လက္ထဲက roujiamo ကို ၾကည့္လိုက္သည္။ ေဟာခန္းမမွ ထြက္လာစဥ္ သူဆိုလိုက္သည္။

“ေက်းဇူးပဲ”

“မင္းက ခုနေလးတင္ ငါ့ကို ထြက္သြားေစခ်င္ေနတာမဟုတ္ဘူးလား” လုယြင္ေဖးက သူအေစာကေျပာခဲ့သည့္စကားကို မေမ့ေသးေပ။

ပ်မ္းက်င္းယြမ္က သူထိုသို႔ေျပာလာမည္မွန္း မေတြးခဲ့မိေပ။ ခဏတိတ္သြားၿပီး သူက အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။ “ငါက မင္းကို ဝင္မပါေစခ်င္လို႔”

ခဏစဥ္းစားလိုက္ၿပီး ထပ္ေျပာလိုက္သည္။ “ေဆာရီး”

လုယြင္ေဖးက ယေန႔မွာ ကံအလွည့္အေျပာင္းမ်ားစြာ ၾကဳံရသည့္ေန႔ဟု ထင္မိသည္။ ပ်မ္းက်င္းယြမ္ထံက သူ႔ကိုေက်းဇူးတင္သည့္စကားႏွင့္ ေတာင္းပန္သည့္စကားကို ဆက္တိုက္ၾကားရေသာေၾကာင့္ပင္။ သူ႔ကိုကူညီေပးခဲ့ရသည္က တန္သည္ဟုဆိုရမည္။

“ရတယ္။ ငါက ဒီအတိုင္းေျပာလိုက္တာ။ ကိစၥမရွိပါဘူး။ အတန္းကို ျပန္ရေအာင္”

“မင္းစားၿပီးၿပီလား” ပ်မ္းက်င္းယြမ္က လုယြင္ေဖးကို အေႂကြးမတင္ခ်င္ေပ။ “ငါမင္းကို ေန႔လည္စာ ဝယ္ေကၽြးမယ္”

လုယြင္ေဖးက လက္ထဲက roujiamo ကို ေျမႇာက္ျပလိုက္တယ္။ “ငါက စားၿပီးၿပီ။ လီယြမ္ခ်င္းအတြက္ ဝယ္လာတာ”

“အဲ့ဒါဆို ေနာက္ခါ မင္းလိုတဲ့အခါ ငါ့ကို အကူအညီေတာင္းလို႔ရတယ္။ ငါ ထမင္းသြားစားေတာ့မယ္။ ေနာက္မွေတြ႕မယ္”

ပ်မ္းက်င္းယြမ္က ထိုသို႔သာေျပာၿပီး ေက်ာင္းကန္တင္းဘက္ ထြက္သြားသည္။

လုယြင္ေဖးက သူထြက္သြားသည္ကို ၾကည့္ရင္း သူ႔အကူအညီကို ဘယ္လိုအပ္မလဲဟု ေတြးမိသြားသည္။ သူ႔လက္ထဲက roujiamo ကို ခါယမ္းလိုက္ၿပီး စာသင္ခန္းဆီကို ျပန္သြားလိုက္သည္။

လီယြမ္ခ်င္းက ေစာေစာျပန္ေရာက္ေနသည္။ အတန္းထဲသို႔ ျမင္ျမင္ခ်င္း လုယြင္ေဖး သူ႔ကို ေတြ႕ရသည္။

“မင္းအတြက္” လုယြင္ေဖးက roujiamo ကို သူ႔ေရွ႕ခ်ထားလိုက္ၿပီး သူ႔ကိုလာဘူးကို ဖြင့္ေသာက္ဖို႔ ျပင္လိုက္သည္။

လီယြမ္ခ်င္း က roujiamo စားေနစဥ္ လုယြင္ေဖးကသူ႔ကို အေစာကအျဖစ္အပ်က္ကို ျပန္ေျပာျပေနသည္။

လီယြမ္ခ်င္း က သူ႔ကို အံ့ဩစြာ ၾကည့္ေနသည္။ “အဲ့ေတာ့ သူ႔ကို ကူေပးခဲ့တယ္ေပါ့။ မင္း သူ႔ကို ၾကည့္မရဘူးထင္ေနတာ”

“သူ႔ကိုၾကည့္မရေပမဲ့ အတန္းထဲကလူပဲေလ။ အတန္းေဖာ္တစ္ေယာက္ ဒုကၡေရာက္ေနတာကို ငါက ဘယ္လိုဒီအတိုင္းထားခဲ့နိုင္မွာလဲ”

“အဲ့တာေတာ့မွန္တယ္၊ အိုး ဒါနဲ႔ ဒီေန႔လည္ ဘတ္စကတ္ေဘာ ကစားခ်င္လား” လီယြမ္ခ်င္းက သူ႔ကို ေမးလိုက္တယ္။

“မကစားေတာ့ဘူး၊ အဂၤလိပ္စာသင္ရမွာမလို႔ အိမ္ျပန္ရမယ္” လုယြင္ေဖး အကူအညီကင္းမဲ့စြာနဲ႔ ေျပာလိုက္မိသည္။ “ငါ့ဘဝက ဘာလို႔ ဒီေလာက္စိတ္ဆင္းရဲစရာေကာင္းရတာလဲ။ အဂၤလိပ္စာကို ဒီေလာက္လုပ္ေနတာေတာင္ ထပ္လုပ္ရဦးမယ္”

“မင္းအဂၤလိပ္စာအမွတ္ေတြက ခုလိုျဖစ္ေနလို႔ေလ။ အဲ့ဒါေၾကာင့္ ပိုလုပ္ဖို႔လိုတယ္။ သိၿပီလား”

လုယြင္ေဖးဤသည္ကို နားလည္ေသာ္လည္း သူမၾကာခင္ အဂၤလိပ္စာ PTSD ရေတာ့မည္ဟု ထင္မိသည္။ ခုရက္ပိုင္းအတြင္းတြင္ အဂၤလိပ္စာလုံးမ်ား ၾကည့္႐ုံျဖင့္ ထိပ္လန႔္တုန္လႈပ္မိလာရၿပီး လက္ေလၽွာ့လိုက္သည္က ပိုေကာင္းမည္ဟု စဥ္းစားမိသည္။ လူေတြက အဂၤလိပ္စာကို သင္ဖို႔ ဘာလို႔လိုတာလဲ။ သူကခ်မ္းသာၿပီးသားဆိုေတာ့ သူသြားမဲ့ေနရာတိုင္းကို ဘာသာျပန္ပဲ ေခၚသြားလို႔မရဘူးလား။ ၿပီးေတာ့ မန္ဒရင္းကိုလည္း လူေတာ္ေတာ္မ်ားမ်ားေျပာလာၾကၿပီဆိုေတာ့ အဂၤလိပ္စာကို ဘာလို႔သင္ရမွာလဲ။

လုယြင္ေဖးမေရမရာျဖစ္မိသည္။ စိတ္ပ်က္ဝမ္းနည္းမိသည္။

အတန္းက ၂ နာရီထိုးတြင္ စသည္။ ပထမခ်ိန္က သခၤ်ာျဖစ္ကာ သခၤ်ာဆရာမ လီလိက အတန္းပိုင္ဆရာမအျဖစ္လည္း တာဝန္ယူထားသည္။ လီလိက စိတ္အေျခအေနေကာင္းေနပုံရွိသည္။ “ဒီလစာေမးပြဲေမးခြန္းေတြက ပိုခက္ထားေတာ့ အတန္းပ်မ္းမၽွအဆင့္လည္း ပိုက်သြားလိမ့္မယ္။ ဒါေပမဲ့ အတန္းထဲမွာ အမွတ္ျပည့္နီးပါးရတဲ့ ႏွစ္ေယာက္ရွိတယ္။ ဒါက သတင္းေကာင္းပဲဆိုေတာ့ ဒီႏွစ္ဝက္မွာလည္း အားလုံးႀကိဳးစားၾကမယ္လို႔ ဆရာမေမၽွာ္လင့္တယ္။ မင္းတို႔ေတြက ေနာက္ႏွစ္ဆို တတိယႏွစ္ျဖစ္ၾကေတာ့မယ္။ အဲ့ဒီေတာ့ ဒုတိယႏွစ္ေတြ ဒီႏွစ္က မင္းတို႔အတြက္ အရမ္းအေရးႀကီးတယ္။ အခုအခ်ိန္မွာ အေျခခံလိုအပ္တာေတြကိုျဖည့္ၾကၿပီး ေကာလိပ္ဝင္ခြင့္စာေမးပြဲအတြက္ ေသခ်ာေလးျပင္ၾက”

ထိုသို႔ေျပာကာ လီလိက ထိုလစာေမးပြဲေမးခြန္းအေၾကာင္း စတင္ေဆြးေႏြးေတာ့သည္။ အမွတ္ျပည့္နီးပါးရသည့္ထဲက တစ္ေယာက္ျဖစ္သူ လုယြင္ေဖးက အေျဖအကုန္ကို သိထားသည္။ သုံးမွတ္ေလ်ာ့ရျခင္းမွာ သူ၏ေပါ့ဆမႈေၾကာင့္သာ ျဖစ္သည္။ ထို႔ေၾကာင့္ လုယြင္ေဖးက ထိုအခ်ိန္တြင္ အိမ္စာကိုသာ လုပ္ေနသည္။ ညတြင္ အဂၤလိပ္စာသင္ရမည္ျဖစ္ၿပီး က်ဴရွင္ခ်ိန္ၿပီးတိုင္း လုယြင္ေဖးက ျပန္လည္ေမြးဖြားျခင္းကို ျဖတ္ေက်ာ္လာရသလို ခံစားရကာ အိပ္သာအိပ္ခ်င္ေတာ့သည္။

မၾကာခင္တြင္ မိနစ္ေလးဆယ္ကုန္ဆုံးသြားသည္။ ေခါင္းေလာင္းထိုးသည္ႏွင့္ ထူးဆန္းစြာပင္ လီလိက စာသင္ခ်ိန္ကို ဆြဲမဆန႔္ဘဲ လုယြင္ေဖး၏ ခုံဆီလာကာ ေျပာလာသည္။ “လုယြင္ေဖး ခဏလိုက္လာခဲ့ဦး”

လုယြင္ေဖးအံ့အားသင့္သြားမိကာ သူအတန္းထဲတြင္ အာ႐ုံမစိုက္သည္ကို သတိထားမိသည္ဟု ထင္သြားသည္။ သို႔ေသာ္လည္း ထိုသို႔မျဖစ္နိုင္ေခ်။ အျခားသူမ်ား စာလိုက္မွတ္ေနၾကခ်ိန္တြင္ သူအိမ္စာလုပ္ခဲ့ျခင္းျဖစ္ကာ တစ္ေလၽွာက္လုံး လိုက္မွတ္ေနဟန္ေဆာင္ထားခဲ့သည္။

လုယြင္ေဖး စိုးရိမ္မကင္းျဖစ္လာေသာ္လည္း သူ႔သခၤ်ာအမွတ္မ်ားက အျမဲေကာင္းခဲ့ေသာေၾကာင့္ လီလိ က ထိုကိစၥကို အာ႐ုံသိပ္မစိုက္ေစရန္သာ ေမၽွာ္လင့္မိသည္။

လီလိႏွင့္အတူ သူ႐ုံးခန္းထဲသို႔ လိုက္ဝင္သြားသည္။ ထိုအခ်ိန္ ႐ုံးခန္းတြင္ ဆရာ/မမ်ားမရွိေပ။ လီလိက သူ႔ကိုထိုင္ရန္ ထိုင္ခုံတစ္ခုထုတ္ေပးရင္း ညင္သာစြာဆိုသည္။

“ဆရာမက မင္းအေၾကာင္း ပထမႏွစ္ထဲက ၾကားဖူးခဲ့တာ”

လုယြင္ေဖးထိုအေၾကာင္းကို မအံ့ဩမိေပ။ သူ႔ပထမႏွစ္သခၤ်ာဆရာမက လီလိမဟုတ္ေသာ္လည္း သူက ပထမႏွစ္တြင္ သခၤ်ာ၌ပထမရခဲ့သည္။ အတန္းႏွစ္အတူတူက သခၤ်ာဆရာမမ်ားက ႐ုံးခန္းတစ္ခုထဲတြင္ ျဖစ္ေသာေၾကာင့္ ေက်ာင္းသားမ်ားအေၾကာင္း ေျပာၾကမည္ပင္ျဖစ္သည္။

“မင္းရဲ့ သခၤ်ာအမွတ္ေတြက ေတာ္ေတာ္ေကာင္းတယ္”

လုယြင္ေဖးက ျပဳံးလိုက္တယ္။

“မဆိုးဘူးလို႔ ေျပာလို႔ရပါတယ္”

“သိပၸံမွာလည္း ေတာ္ေတာ္ေတာ္တယ္”

“အိုေက႐ုံပါပဲ” လုယြင္ေဖး ႏွိမ့္ခ်ၿပီး ေျပာလိုက္သည္။

“ဘာသာရပ္အမွတ္ေတြကလည္း ေကာင္းတယ္”

“သာမာန္ပါပဲ”

“ဒါေပမဲ့ အဂၤလိပ္စာအမွတ္က…” လီလိခဏေလာက္စဥ္းစားလိုက္ၿပီး ေနာက္ဆုံးတြင္ေတာ့ ပိုမိုသိမ္ေမြ႕ႏူးညံ့သည့္ေလသံျဖင့္ ေျပာလာသည္။ “ေကာင္းမေနဘူး”

ထိုအခ်ိန္တြင္ လုယြင္ေဖး ဆရာမျဖစ္သူကို ေလးစားမိသြားသည္။ ေတာ္ေတာ္စဥ္းစားေပးတတ္သည့္ ဆရာမပင္။ အတန္း၏ပ်မ္းမၽွအမွတ္ကို သူတစ္ေယာက္တည္းက ဆြဲခ်ထားသည္ကိုပင္ လီလိ က အမွတ္ေကာင္းမေနဘူးဟုသာ ေျပာသည္။ မေကာင္းဘူး။ ဒါက လုံးဝကို ဆိုးရြားေနတာကို။

လုယြင္ေဖး အမွန္အတိုင္းဝန္ခံလိုက္သည္။ “အဂၤလိပ္စာအမွတ္ေတြက ဆိုးတယ္။ ဒီဘာသာက ကၽြန္ေတာ့္အတြက္ ေတာ္ေတာ္ခက္တယ္”

လီလိက ထိုအျဖစ္ကို နားလည္သည္။ ဆရာ/မမ်ားအားလုံးလည္း ေက်ာင္းသားအျဖစ္မွ စတင္ခဲ့ျခင္းျဖစ္ကာ အားနည္းသည့္ဘာသာမရွိသည့္ ေက်ာင္းသားဟူ၍ မရွိေပ။ လုယြင္ေဖးကဲ့သို႔ အမွတ္ကြာျခားမႈမ်ားသည့္ ေက်ာင္းသားကိုေတာ့ ပထမဆုံးေတြ႕ဖူးျခင္းသာျဖစ္သည္။

“အဲ့ဒါဆို မင္းဒါကို ျပင္ၾကည့္ဖို႔ ေတြးဖူးလား”

“ကၽြန္ေတာ္ႀကိဳးစားတာပဲ။ ဆရာမလီ အမွန္အတိုင္းေျပာရရင္ ကၽြန္ေတာ့္မိသားစုက စာျပေပးဖို႔ တစ္ေယာက္ေတာင္ငွားထားေသးတယ္။ ဒီညျပန္ေရာက္ရင္ အဂၤလိပ္စာသင္ရဉီးမွာ။ ဒါေပမဲ့ အကူအညီမျဖစ္သလိုပဲ။ ပထမႏွစ္ထဲက ကၽြန္ေတာ့္ကို ဂိုက္ျပေပးတဲ့သူ ေခၚထားတာ။ အခုေတာ့ ဆရာမေတြ႕တဲ့အတိုင္းပဲ။ ဟူး ကၽြန္ေတာ္ အဂၤလိပ္စာနဲ႔ တစ္စက္မွကံမပါဘူးထင္တယ္”

“အဲ့လိုေတာ့ မဟုတ္ပါဘူး” လီလိက သူ႔ကို ႏွစ္သိမ့္ေပးလိုက္သည္။ “အဂၤလိပ္စာျပေပးတဲ့သူက မင္းနဲ႔ မကိုက္လို႔ေနမွာပါ”

သူ(မ)က ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ၿပီးသလို လုယြင္ေဖးကို ၾကည့္လိုက္သည္။ “ဆရာ/မေတြနဲ႔စာရင္ ရြယ္တူေတြက အခ်င္းခ်င္း ပိုၿပီးနားလည္ၾကမယ္ထင္တယ္။ အဲ့ဒါေၾကာင့္ မင္းရဲ့ထိုင္ခုံေဖာ္ကို ေျပာင္းဖို႔ ဆရာမေတြးေနတာ။ ပ်မ္းက်င္းယြမ္ဆိုဘယ္လိုလဲ။ သူ႔အဂၤလိပ္စာအမွတ္ေတြက ေတာ္ေတာ္ေကာင္းတယ္။ မင္းတို႔သာ ထိုင္ခုံေဖာ္ေတြဆို ေမးခ်င္တာရွိရင္ သူ႔ကိုေမးလို႔ရတယ္”

လုယြင္ေဖးဆရာမျဖစ္သူကို အလန႔္တၾကား ၾကည့္လိုက္မိတယ္။ ဘာေျပာလိုက္တာလဲ။ ပ်မ္းက်င္းယြမ္နဲ႔ သူ႔ကိုအတူထားမယ္။ လူတိုင္းကို အေရးမလုပ္တဲ့ ပ်မ္းက်င္းယြမ္က သူေမးတာေတြကို ေျဖရင္ ဘုရားေတာင္ထပြင့္ေနဉီးမယ္။

လုယြင္ေဖးက ထိုကိစၥတြင္ ပ်မ္းက်င္းယြမ္ကို သူနားလည္သလို ခံစားမိသည္။ ထိုသူက အျခားသူမ်ား၏ ေမးခြန္းမ်ားကို ကူညီေျဖရွင္းေပးေလ့မရွိဘဲ အျမဲ “ငါ့မွာအခ်ိန္မရွိဘူး။ အျခားတစ္ေယာက္ကို သြားေမးပါလား” ဟုသာ ျပန္ေျပာေလ့ရွိသည္။

မည္သို႔ပင္ဆိုေစကာမူ လီလိက သူ႔ကို ေမၽွာ္လင့္တႀကီးၾကည့္ေနသည္။ လုယြင္ေဖးက ထိုစၥမွာ ထင္သလိုျဖစ္လာမည္ မထင္ေသာ္လည္း ထုတ္မေျပာလိုက္ေပ။ ထိုအစား သူျပန္ေျပာလိုက္သည္။ “ဒီကိစၥကို ပ်မ္းက်င္းယြမ္ကေရာ သေဘာတူလား”

“ဆရာမ သူ႔ကို ေျပာၾကည့္လိုက္မယ္” လီလိက ယုံၾကည္ခ်က္အျပည့္ရွိပုံေပၚသည္။ “သူလည္း သေဘာတူမွာပါ”

ဒါေပမဲ့ သူသေဘာမတူဘူးလို႔ ကၽြန္ေတာ္ထင္တယ္။ ပ်မ္းက်င္းယြမ္က သူ႔စိတ္ထဲမွာပဲေျပာလိုက္တယ္။

ေခါင္းေလာင္းထိုးတဲ့အခ်ိန္အထိ လီလိနဲ႔ သူစကားေျပာၿပီး အခန္းထဲကို ျပန္လာလိုက္တယ္။

လီယြမ္ခ်င္း က သိခ်င္စိတ္အျပည့္ျဖင့္ ေမးလာသည္။ “ဆရာမလီက မင္းကို ဘာလို႔ ေခၚေတြ႕တာလဲ”

“ထိုင္ခုံေဖာ္ေျပာင္းဖို႔” လုယြင္ေဖးတီးတိုးေျပာလိုက္သည္။

“Shit” လီယြမ္ခ်င္းက အထိတ္တလန႔္ ျဖစ္သြားသည္။ “မင္းက ဘယ္သူနဲ႔ ထိုင္ရမယ္တဲ့လဲ”

“ဘယ္သူနဲ႔ျဖစ္ရဉီးမွာလဲ” လုယြင္ေဖးက အနီးနားမွာရွိေနတဲ့ ပ်မ္းက်င္းယြမ္ကို တစ္ခ်က္ၾကည့္လိုက္တယ္။

ပ်မ္းက်င္းယြမ္ထိတ္လန႔္တၾကား ျဖစ္ရျပန္သည္။ သို႔ေသာ္လည္း ခ်က္ခ်င္းပင္ သေဘာေပါက္သြားသည္။ “အင္းေပါ့ေလ။ မင္းရဲ့ အဂၤလိပ္စာအမွတ္ေတြက ဒီေလာက္ဆိုးေနတာကို။ အဂၤလိပ္စာကိုထားၿပီး အျခားဘာသာေတြရဲ့အမွတ္ေတြနဲ႔ဆိုရင္ QingBei ကို မွီေနၿပီ။ ဆရာမက ဒီတက္သစ္စအညြန႔္ေလးကို ဒီအတိုင္းထားမွာမဟုတ္ဘူး”

လုယြင္ေဖးသက္ျပင္းတစ္ခ်က္သာ ခ်လိုက္သည္။ “ငါကေတာ့ ဒီတက္သစ္စအညြန႔္ေလးက မခံနိုင္မွာပဲစိုးရိမ္တာ”

“မင္း ဘာေတြေၾကာက္ေနတာလဲ” လီယြမ္ခ်င္း က သူ႔ကိုအားေပးလိုက္သည္။ “သူနဲ႔အတူထိုင္ၿပီး မင္းမႀကိဳက္ရင္ ျပန္ေျပာင္းလို႔ရတာပဲ။ မင္းအမွတ္ေတြတက္လာရင္ေတာ့ ေကာင္းတာေပါ့။ လုပ္ၾကည့္လည္း အရႈံးမရွိဘူးေလ”

“ငါကေတာ့မလိုဘူးလို႔ထင္တယ္” လုယြင္ေဖး သူ႔ကိုၾကည့္ရင္းေျပာလိုက္တယ္။ “မင္းလည္း သူ႔ကိုသိတယ္မလား။ သူက ဘယ္တုန္းကေရာ သူမ်ားကို စာဝိုင္းလုပ္ေပးလို႔လဲ။ အသုံးမဝင္ဘူးဆိုတာသိေနေတာ့ ႀကိဳးစားလည္းဘာထူးမွာလဲ”

“မင္းမႀကိဳးစားၾကည့္ရင္ သိမွာမဟုတ္ဘူးေလ” လီယြမ္ခ်င္းက သူ႔ပခုံးကို ပုတ္ေပးလိုက္တယ္။ “မင္းသူ႔ကို ဒီေန႔လည္ဝိုင္းကူညီေပးထားတာပဲ။ ေရဆာတဲ့အခ်ိန္မွာ ကိုယ့္ကိုေရတစ္စက္ေပးထားရင္ အဲ့လူကို လွိုက္လွိုက္လွဲလွဲျပန္ဆပ္ေပးသင့္တာေပါ့။ အခုသူျပန္ဆပ္ရမဲ့ အလွည့္ပဲေလ”

“အျခားသူေတြကို ေမၽွာ္လင့္ခ်က္မထားဘဲ ကူညီေပးရမယ္ဆိုတဲ့အဓိပၸါယ္ကိုေရာ မင္းသိရဲ့လား”

“မသိဘူး။ အလုပ္တစ္ခုကူေပးထားရင္ အျခားတစ္ခု ျပန္လုပ္ေပးရမယ္ဆိုတာပဲသိတယ္”

“ငါသိတာေတာ့ အဲ့ဒီစကားက ဒီလိုသုံးရတာမဟုတ္ပါဘူး”

“အိုး ဟုတ္လား”

လီယြမ္ခ်င္း ျပန္ေျပာေနတုန္းမွာပင္ အမ်ိဳးသမီးတစ္ေယာက္အသံကို ျပတ္ျပတ္သားသားၾကားလိုက္ရသည္။

“လီယြမ္ခ်င္း ဒါကိုေျဖမယ္။ ဒီေမးခြန္းအတြက္ ဘာျဖစ္လို႔ B အေျဖကိုရတာလဲ”

လီယြမ္ခ်င္းမတ္တပ္ရပ္လိုက္စဥ္ သူ႔မ်က္ႏွာက မေရမရာပင္။ သူဘယ္ေမးခြန္းကို ေမးေနမွန္းပင္ မသိေပ။ ဘာလို႔ B က အေျဖျဖစ္တာလဲ သူလည္းသိခ်င္မိသည္။

လီယြမ္ခ်င္းက လုယြင္ေဖးကိုခ်က္ခ်င္းၾကည့္လိုက္မိသည္။ လုယြင္ေဖးက သူႏွင့္စကားမ်ားေနစဥ္ ဆရာမစာသင္ေနသည္ကိုလည္း အာ႐ုံစိုက္ထားေသာေၾကာင့္ သူက အေၾကာင္းရင္းကို တီးတိုးေျပာျပလိုက္သည္။

လီယြမ္ခ်င္းအေျဖကို က်ယ္က်ယ္ေျဖလိုက္သည္။ ဆရာမက သူ႔ကို သတိေပးဟန္ျဖင့္ တစ္ခ်က္စိုက္ၾကည့္လာသသည္။ “ထိုင္ေတာ့”

အဆုံးတြင္မွ လီယြမ္ခ်င္းလည္းသက္ျပင္းခ်နိုင္ေတာ့သည္။ “ယြင္ေဖး မင္း ပ်မ္းက်င္းယြမ္နဲ႔ထိုင္ခုံေဖာ္မျဖစ္သင့္ဘူးထင္တယ္။ မင္းက သူနဲ႔ အတူထိုင္ရင္ ဒီလိုအေျခအေနမွာ ငါဘယ္လိုလုပ္ရေတာ့မလဲ”

“အဲ့တာက ငါဘာမွလုပ္လို႔မရဘူး” လုယြင္ေဖးကတည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလာသည္။ “ဆုံးျဖတ္ခ်က္က ငါတို႔ရဲ့ထိပ္ဆုံးေက်ာင္းသားပ်မ္းအေပၚပဲ မူတည္တာ”

“သူ ဆရာမလီ ေျပာတာလက္ခံမယ္လို႔ မင္းထင္လား”

“ဘယ္သိမလဲ” ယြင္ေဖးတြးလိုက္သည္။ “သူသေဘာတူလား မတူလားဆိုတာလည္း အေရးမႀကီးဘူး။ ဘာမွေျပာင္းလဲသြားမွာမဟုတ္ဘူး။ သူသာ ငါ့အဂၤလိပ္အမွတ္ေတြတက္လာေအာင္ ကူညီေပးမယ္ဆို ငါသူ႔ကို ကံထူးေလာက္ေအာင္ တိုးတက္ေစတဲ့ အဂၤလိပ္စာစြမ္းရည္ကုသေရး အထူးျပဳဆိုၿပီး အလံတစ္ခုေတာင္ ေပးလိုက္ဉီးမယ္။”

Comment