Chapter 22

Bian Jin Yuan, “Let’s eat together”

(Unicode)

သူကသက်သေဘယ်လိုပြလို့ရမှာလဲလို့ လုယွင်ဖေး တွေးလိုက်မိသည်။ ပုံဆွဲပြလို့ရသည်လည်းမဟုတ်။ သူက လီယိုနာဒိုဒါဗင်ချီလည်းမဟုတ်။

ပျမ်းကျင်းယွမ်က သူမတုံ့ပြန်လာသည်ကိုမြင်ကာ ပန်းကန်ကို ရွှမ်းရွှမ်းဆီသယ်သွားပြီး သူ့ရှေ့ချထားလိုက်သည်။

ရွှမ်းရွှမ်းက ပုံပြင်စာအုပ်တစ်အုပ်ဖတ်နေခြင်းပင်။ သူတို့အနားရောက်လာသည်ကို မြင်သည့်အခါ ခေါင်းမော့ကာ ပျမ်းကျင်းယွမ်ကိုကြည့်လိုက်သည်။

ပျမ်းကျင်းယွမ်က သူ့ခေါင်းကိုပွတ်ပေးရင်း ဆိုလိုက်သည်။ “ဒါက ငါ့အတန်းဖော်။ မင်းနဲ့ထိုင်လိမ့်မယ်။ တစ်ခုခုလိုချင်ရင် သူ့ကိုလည်းပြောလို့ရတယ်”

လုယွင်ဖေး ရွှမ်းရွှမ်းကို လက်ဝှေ့ယမ်းပြလိုက်စဉ်တွင် ရွှမ်းရွှမ်းက သူ့ကိုပြန်ပြုံးပြလာသည်။ “ဟဲလို ကောကော”

“ဟဲလို” လုယွင်ဖေး သူ့ရှေ့က အကောင်လုံးလေးကိုကြည့်လိုက်သည်။ သူက ရွှမ်းရွှမ်းကိုရင်းနှီးပြီးသားပင်။ ပျမ်းကျင်းယွမ်အိမ်က Tmall genie ကို ရွှမ်းရွှမ်းက အသုံးများသည်။ ထို့ကြောင့် ထိုကောင်သေးလေးကို သူ Tmall genie ထဲမှတစ်ဆင့်အမြဲ မြင်တွေ့ရသည်။ ယခုအကြိမ်က ရွှမ်းရွှမ်းကိုလူကိုယ်တိုင် တွေ့ရသည့် ပထမဉီးဆုံးအကြိမ်ပင်။

သူပျမ်းကျင်းယွမ်နှင့်သိကျွမ်းသည်ကို အသုံးချရင်း ထိုကလေးကိုမေးလိုက်သည်။ “မင်းနာမည်က ဘယ်လိုခေါ်လဲ”

ရွှမ်းရွှမ်းက သူ့ကောကောကိုကြည့်လိုက်သည်။ ပျမ်းကျင်းယွမ်က ခေါင်းညိတ်ပြသည်ကိုမြင်သည့်အခါ နူးညံ့စွာပြန်ဖြေသည်။ “ရွှမ်းရွှမ်းလို့ခေါ်ပါတယ်”

“စုံတွဲ၊အတွဲလိုက်ကို ဖြစ်စေတဲ့ ရွှမ်းလား”

ရွှမ်းရွှမ်းက ထိုအသုံးကိုနားမလည်သောကြောင့် သူ့ကောကောပျမ်းကျင်းယွမ်ကို ကူညီပေးရန် မော့ကြည့်သည်။

“ဟုတ်တယ်” ပျမ်းကျင်းယွမ်က ညင်သာစွာဖြေလိုက်သည်။ “အရင်ထိုင်ဉီး။ ငါမင်းကို နောက်မှစာစစ်ပေးမယ်”

“အိုကေ”

ပျမ်းကျင်းယွမ်က ထိုသို့ပြောပြီးနောက် ရွှမ်းရွှမ်းကိုမေးလိုက်ပြီး ထွက်သွားတော့သည်။

လုယွင်ဖေး ရွှမ်းရွှမ်း၏မျက်နှာချင်းဆိုင်တွင်ထိုင်ကာ သူ့ကိုသေချာကြည့်လိုက်သည်။ သူ Tmall genie အဖြစ်နေရတုန်းက မြင်ရသည့်ပုံနှင့်ဆင်သည်။ အသားအရေဖြူဖြူ၊ ဆံပင်ညိုညိုနှင့် စိတ်ထားနူးညံ့သည့် ချစ်စရာကောင်လေးပင်။

သူကိတ်ကို ရှေ့တိုးပေးလိုက်သည်။ “ကိတ်စားဉီးမလား”

ရွှမ်းရွှမ်းက ခေါင်းခါလိုက်ပြီး တက်ကြွစွာပြန်ဖြေသည်။ “ခုနက စားပြီးသွားပြီ”

“နောက်တစ်ခုစားပေါ့”

“ကောကောက တစ်နေ့တစ်ခုပဲစားလို့ရတယ်တဲ့။ ပိုစားရင် သွားပိုးစားလိမ့်မယ်တဲ့”

ထိုသည်ကိုကြားပြီး လုယွင်ဖေး ကိတ်ကိုနောက်ပြန်ဆုတ်လိုက်သည်။ “အဲ့ဒါဆို ကောကောစားလိုက်မယ်။ မင်းရှေ့မှာစားရင်ရော ဗိုက်ဆာလာမှာလား”

ရွှမ်းရွှမ်းက ခေါင်းယမ်းပြရင်း ဆိုလိုက်သည်။ “ကိတ်စားပြီးပြီဆိုတော့ ထပ်ဆာမှာမဟုတ်ဘူး”

ထို့နောက် လုယွင်ဖေးက သက်တောင့်သက်သာဖြင့် စစားတော့သည်။

ကိတ်စားနေစဉ် သူလုပ်လို့မပြီးသေးသည့်အိမ်စာကို ထုတ်ယူလိုက်သည်။ သူဖြေနေရင်း သူ့ဘေးနားတစ်ယောက်ယောက်ရောက်လာသည်ကို သတိထားလိုက်မိသည်။ လုယွင်ဖေး ပျမ်းကျင်းယွမ်က သူ့စာရွက်တွေပေါ်တွင် စာရွက်အထပ်လိုက်ကို တင်လိုက်သည်ကို တွေ့လိုက်ရသည်။

“ဒီမှာရေး”

လုယွင်ဖေး သူ့လက်ထဲကဖောင်တိန်ကို လှည့်လိုက်သည်။ “ငါမင်းကိုပြမယ်”

ပျမ်းကျင်းယွမ်က ခေါင်းညိတ်ပြသည်။ “မျှော်လင့်နေပါ့မယ်”

ထိုသို့ပြောအပြီးတွင် သူက ငွေသိမ်းကောင်တာဘက် ပြန်ရောက်သွားသည်။

လုယွင်ဖေး သူ့ဖောင်တိန်ကိုယူလိုက်ကာ စာလုံးပေါင်းသတ်ပုံတွေကို စချရေးတော့သည်။

ရွှမ်းရွှမ်းက သိချင်စိတ်ပြင်းပြစွာ အနားတိုးလာပြီး မေးလိုက်သည်။ “ဒါက PinYin လား။ B…b…”

သူက သူ့ခေါင်းသေးလေးကို အနည်းငယ်စောင်းရင်း မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက ဘယ်လိုဖတ်တာလဲ”

လုယွင်ဖေး ပြုံးလိုက်မိသည်။ “ဒါက Pinyin မဟုတ်ဘူး။ အင်္ဂလိပ်စာ”

ရွှမ်းရွှမ်းက နားမလည်ပေ။ “pinyin နဲ့တူနေတယ်”

“ဒါပေမဲ့ နားမလည်ဘူးမလား”

ရွှမ်းရွှမ်းက ခေါင်းညိတ်ပြသည်။

လုယွင်ဖေး သက်ပြင်းချလိုက်မိသည်။ “ငါလည်း နားမလည်ဘူး”

ရွှမ်းရွှမ်းက မျက်လုံးများကွေးညွှတ်သွားသည်အထိ ပြုံးပြသည်။ “ကောကောက အသက်ကြီးနေပြီကို နားမလည်သေးဘူးလား”

“အင်္ဂလိပ်စာက အသက်နဲ့မဆိုင်ဘူး။ မင်းကငယ်သေးတော့ ဒါကဘယ်လိုကြောက်စရာကောင်းမှန်း မင်းသိမှာမဟုတ်ဘူး”

“အဲ့ဒါဆို ကျင်းယွမ်ကောကောကရောနားလည်လား”

“သေချာပေါက်နားလည်တာပေါ့။ မင်းကောကောက ဘယ်သူမလို့လဲ။ ဒီလောက်အဆင့်ဆိုရင် နိုင်ငံခြားသားနီးပါးဖြစ်နေပြီ”’

“ကောကောက နိုင်ငံခြားသားမဟုတ်ဘူး” ရွှမ်းရွှမ်းက ထောက်ပြသည်။

“နိုင်ငံခြားသားတော့မဟုတ်ဘူးပေါ့။ နိုင်ငံခြားသားတွေက သဒ္ဒါကိုမသင်ရပေမဲ့ မင်းကောက သဒ္ဒါတောင်ကျွမ်းတယ်”

လုယွင်ဖေးက ခေါင်းယမ်းလိုက်ကာ စာလုံးပေါင်းတွေကို ဆက်ချရေးလိုက်သည်။

ရွှမ်းရွှမ်းက ထိုင်ခုံပေါ်တွင်သာ ငြိမ်ငြိမ်ထိုင်နေပြီး သူစာလုံးပေါင်းရေးသည်ကိုကြည့်နေကာ တစ်ခါတစ်ခါတော့ အအေးကို ယူယူသောက်သည်။

လုယွင်ဖေး ဖြေလို့ပြီးရန် အချိန်ကြာကြာမယူလိုက်ရပေ။ သူလှည့်ကြည့်လိုက်သည့်အခါ ပျမ်းကျင်းယွမ်က အလုပ်ရှုပ်နေသေးသောကြောင့် သူလည်း မသွားဖြစ်သေးပေ။ သူအလုပ်ပါးသွားသည့်အခါမှ စာရွက်ကိုယူကာ ရွှမ်းရွှမ်းကိုအသိပေးလိုက်သည်။ “ဒီမှာပဲနေဉီး။ ငါမင်းကောကောဆီ စာရွက်သွားပေးလိုက်ဉီးမယ်”

ရွှမ်းရွှမ်းက ခေါင်းညိတ်ပြသည်။

လုယွင်ဖေးက သူ့ကို “တစ်ခုခုစားချင်သေးလား။ ယူလာခဲ့ပေးမယ်”ဟု မေးလိုက်သည်။

“မစားတော့ဘူး။ နေ့လယ်စာစားရတော့မယ်။” ရွှမ်းရွှမ်းက ပြန်ဖြေသည်။

လုယွင်ဖေးလည်း ထပ်မမေးတော့ဘဲ ပျမ်းကျင်းယွမ်ဆီကိုသာ တည့်တည့်သွားလိုက်သည်။

ပျမ်းကျင်းယွမ် သူ့ကိုကမ်းပေးလာတဲ့ စာလုံးပေါင်းစာရွက်ကို ကြည့်လိုက်သည်။ “မဆိုးဘူး။ မင်းတကယ်ကျက်ထားသားပဲ”
“သေချာတာပေါ့” လုယွင်ဖေးက ဂုဏ်မြောက်စွာပြန်ဖြေသည်။ “မဟုတ်လို့ရှိရင် ငါလာရဲပါ့မလား”

ပျမ်းကျင်းယွမ် ငွေရှင်းကောင်တာက အနီရောင်မင်စိုကို ယူလိုက်ကာ စာရွက်ကိုခြစ်လိုက်ရင်း အမှတ် ၁၀၀ ဟုရေးပေးလိုက်ပြီးမှ စာရွက်ကိုပြန်ကမ်းပေးလိုက်သည်။ “တော်တယ်”

“ထွေထွေထူးထူးမဟုတ်ပါဘူး”

‌နေ့လယ်ခင်းတွင် ပျမ်းကျင်းယွမ်၏အလုပ်ဖော်က အော်ဒါဝယ်စား၍ သူကိုလည်းမှာမမှာမေးသည်။ ပျမ်းကျင်းယွမ်က “မစားတော့ဘူး” လို့ပြောပြီး လုယွင်ဖေးနှင့်ရွှမ်းရွှမ်းတို့စားပွဲဆီရောက်လာသည်။

လုယွင်ဖေးက ရွှမ်းရွှမ်းဆီကပုံပြင်တစ်ပိုဒ်ကို ဖတ်နေခြင်းပင်။ ရွှမ်းရွှမ်းက အာရုံစိုက်နားထောင်နေကာ ဝါးဟူသည့်အသံများက ရံဖန်ရံခါထွက်လာသည်။

ပျမ်းကျင်းယွမ်လည်း လုယွင်ဖေးပုံပြင်ဖတ်၍ပြီးသည်ကို စောင့်နေပြီးမှ ဝင်မေးလိုက်သည်။ “နေ့လယ်စာအတူစားမလား”

“စားမယ်လေ” လုယွင်ဖေး ပုံပြင်စာအုပ်ကို ချလိုက်သည်။ “ဘယ်သွားကြမှာလဲ”

ပျမ်းကျင်းယွမ် သူ့တိတိကိုလှည့်ကြည့်လိုက်သည်။ “ရွှမ်းရွှမ်း ဘာစားချင်လဲ”

ရွှမ်းရွှမ်းက ရုတ်တရက်မေးလာသည့်မေးခွန်းကို မဖြေနိုင်ပေ။ သူက ပုံပြင်ထဲအာရုံရောက်နေပြီး ထိုမေးခွန်းကို မစဉ်းစားဖြစ်ခဲ့ချေ။ သို့သော်လည်း လုယွင်ဖေးက ကျောင်းယွီဖန် ရွှမ်းရွှမ်းကို တစ်နေ့က ဗိုက်ဆာအောင်တမင်လုပ်ခဲ့သည်ကို သတိရသွားသည်။ “KFC မှာပဲစားကြတာပေါ့။ ကလေးတွေကြိုက်တာပဲ။ ရွှမ်းရွှမ်းက kid’s set ယူလို့ရတယ်။ အရုပ်တောင်ပါသေးတယ်”

သူပြောလိုက်မှ ရွှမ်းရွှမ်းကသတိရသွားကာ ယမန်နေ့က ကျောင်းယွီဖန်ဟမ်ဘာဂါကို သတိရသွားသည်။ သူ့အတွေးများက ဟမ်ဘာဂါဆီပျံ့လွင့်သွားသည်။ ထို့နောက် သူပျမ်းကျင်းယွမ်ကို မော့ကြည့်လိုက်ပြီး မသေချာစွာမေးလိုက်သည်။ “ကောကော ဟမ်ဘာဂါစားလို့ရမလား”

ပျမ်းကျင်းယွမ်က သူ့တိတိကိုအမြဲဉီးစားပေးခဲ့သည်။ သူ့ကိုယ်သူအတွက် ပိုက်ဆံသုံးခဲသော်လည်း ရွှမ်းရွှမ်းကိုတော့အကြိုက်ဆောင်သည်။

သူ လုယွင်ဖေးကိုကြည့်လိုက်မိသည်။ “မင်းရော ဒါပဲစားမှာလား”

လုယွင်ဖေးကလည်း အဆင်ပြေသည်။ “မေးစရာတောင်လိုသေးလို့လား။ ဘယ်သူက ကြက်ကြော်ကို မကြိုက်လို့လဲ။ အဆင်ပြေတာပေါ့”

“အဲ့ဒါဆို သွားကြတာပေါ့။ ဒီနားမှာ KFC တစ်ဆိုင်ရှိတယ်”

ဆိုင်သို့ဝင်ကြပြီး လုယွင်ဖေးက ပျမ်းကျင်းယွမ်ကို စားချင်သည့်အစားအစာများမေးကာ သူ့ကို ရွှမ်းရွှမ်းကိုခေါ်ပြီး ဒုတိယထပ်တွင် နေရာသွားရှာခိုင်းလိုက်သည်။ သူ့ဖုန်းကိုဖွင့်ကာ ကိုယ်တိုင်ယူမီနူးကို ဖွင့်လိုက်သည်။ ယနေ့သူပျမ်းကျင်းယွမ်ကို လာရှာသည့်အကြောင်းရင်းက စာလုပ်ဖို့အတွက်ပင်မဟုတ်ဘဲ ရွှမ်းရွှမ်းကိုလည်း မုန့်ကျွေးချင်၍ပင်။

လုယွင်ဖေး တစ်နေ့က ကျောင်းယွီဖန်က ရွှမ်းရွှမ်းကို အစာနှင့်မြှားသည်ကို ပြန်စဉ်းစားမိရင်း စိတ်တိုလာသည်။ KFC ပဲမဟုတ်ဘူးလား။ သူယနေ့တော့ ရွှမ်းရွှမ်းကို ဗိုက်ပြည့်တဲ့အထိအဝကျွေးမည်။ မှာထားသည့်အစားအစာများ ရောက်လာသည့်အခါ ဗန်းများလွန်း၍ သူတစ်ယောက်တည်း အကုန်မသယ်နိုင်တော့ပေ။

“ကျဲကျဲ ဒါတွေကို ပါဆယ်ပဲထုတ်ပေးလို့ရမလား” လုယွင်ဖေး မေးလိုက်သည်။

ကောင်တာကကောင်မလေးက ခေါင်းညိတ်ပြလိုက်ကာ အိတ်ကြီးကြီးတစ်လုံးထုတ်ပြီး အစာကိုအထဲထည့်လိုက်သည်။ အအေးနှင့် sudae ကိုလည်း သပ်သပ်အိတ်နှင့်ခွဲထည့်ပေးသည်။ လုယွင်ဖေးကျေးဇူးတင်စကားဆိုလိုက်ပြီး အိတ်တွေအကုန်လုံးကိုသယ်လာပုံက ပါဆယ်ပို့သမားတစ်ယောက်နှင့်ပင် တူနေသည်။

လုယွင်ဖေး သယ်လာသည့်အိတ်ကို ပျမ်းကျင်းယွမ်မြင်လိုက်သည့်အခါ အံ့ဩသွားရသည်။ သူ့ထိုင်ခုံဖော်ကို မယုံနိုင်သလိုကြည့်လိုက်မိသည်။ “မင်းရဲ့အစာစားချင်စိတ်က တော်ရုံတော့မဟုတ်ဘူး”

လုယွင်ဖေး ထိုနားလည်မှုလွဲသည်ကို စိတ်ထဲမထားဘဲ ရယ်သာရယ်လိုက်သည်။ “ဗိုက်ပြည့်ရုံလေးပါ”

ဒါက ဘယ်လိုဗိုက်ပြည့်ရုံပဲဖြစ်မှာလဲ။ ပျမ်းကျင်းယွမ် စားပွဲပေါ်ကအိတ်ကို ကြည့်လိုက်မိသည်။ သူ့ထိုင်ခုံဖော်က ယခုလိုအစားကြီးမှန်းမထင်ထားခဲ့မိ။ ထို့ကြောင့် အထင်ကိုအမြင်နှင့် ဆုံးဖြတ်ဟု ပြောခြင်းဖြစ်လိမ့်မည်။

သို့သော်လည်း ပျမ်းကျင်းယွမ်လည်း ဘာမှဆက်မပြောတော့ပေ။ လုယွင်ဖေးကို သူမုန့်ကူထုတ်ပေးသည့်အခါ ကလေးအစားအစာအတော်များများ ဝယ်လာသည်ကိုတွေ့ရသည်။

လုယွင်ဖေး ရွှမ်းရွှမ်းရှေ့တွင် ကလေးစားစရာများချပေးလိုက်ပြီးနောက် ကျန်သည့်အစားအစာများကို အလယ်တွင်ချကာ အိတ်ကိုဖယ်လိုက်သည်။

ပျမ်းကျင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ “kid’s set ကို တစ်ခုပဲဝယ်မယ်ပြောတာမဟုတ်ဘူးလား။ ဝယ်လာတာတွေက အများကြီးပဲ”

“ဒါက လက်ဆောင်” လုယွင်ဖေး နို့ကို ရွှမ်းရွှမ်းဆီ ကမ်းပေးလိုက်သည်။ “ဂရုစိုက်ဉီး။ ပူနေတုန်းပဲ”

ရွှမ်းရွှမ်းက သတိထားပြီး နို့ကိုယူလိုက်သည်။

ထိုနောက်မှ လုယွင်ဖေးက ပျမ်းကျင်းယွမ်ကို ကြည့်လိုက်သည်။ “အခုမှ မင်းတိတိကို ပထမဆုံးတွေ့တာလေ။ တစ်ခုခုကျွေးရမှာပေါ့။ ပြီးတော့ ရွှမ်းရွှမ်းက ခုနကစာကူစစ်ပေးနေတာလေ။ စာမေးပွဲခန်းစောင့်တွေက အခန်းစောင့်ရင် ပိုက်ဆံရတယ်လေ။ ကူစောင့်ပေးတဲ့လူတွေလည်း ပိုက်ဆံရရမှာပေါ့”

ပျမ်းကျင်းယွမ်က ထိုလော့ဂျစ်ကို ယူဆချက်လွဲနေသည်ဟု ထင်သည်။ “ဘယ်လောက်ကျလဲပြော။ ငါပေးလိုက်မယ်”

လုယွင်ဖေးက နှုတ်ခမ်းစူလိုက်သည်။ “မဟုတ်တာတွေပြောမနေနဲ့တော့။ အဲ့ဒါဆိုရင် စာလုံးပေါင်းစစ်ပေးတာ ဘယ်လောက်ကျလဲဆိုတာလည်း မင်းတွက်သင့်တယ်။ ငါတစ်လချင်းစီပေးမယ်လေ”

“အဲ့တာကမတူဘူးလေ။ ငါက ဒီအတိုင်းကြုံလို့ကူပေးတာ။ မင်း…”
“ထားလိုက်ပါတော့” လုယွင်ဖေးက သူ့ကိုဖြတ်ပြောလိုက်သည်။ “ကြုံလို့ဟုတ်လား။ ဒီနေ့က ကျောင်းပိတ်ရက်လေ။ ဒါကဘယ်လိုလုပ်ကြုံမှာမလဲ။ မင်းက ဒီနေ့ကိတ်ဆိုင်ကဝန်ထမ်းလေ။ မင်းရဲ့ကိတ်ဆိုင်က အဆင့်မြှင့်ထားလို့လား။ အင်္ဂလိပ်စာလုံးပေါင်းသင်တာပါပါတာလား”

ပျမ်းကျင်းယွမ် သူ့ကိုပြန်မပြောနိုင်တော့ပေ။

လုယွင်ဖေး သူ့ခရင်မ်နှင့်ကော်ဖီကို တစ်လုပ်သောက်လိုက်ပြီး ပြန်ဆက်သည်။ “ငါ့အင်္ဂလိပ်စာကျူရှင်ဆရာက တစ်နာရီကို ယွမ် ၁၀၀၀ ရတယ်။ နာရီဝက်၊တစ်နာရီနီးပါးလောက်ဆိုရင်လည်း တစ်နာရီလို့တွက်တာပဲ။ အဲ့လိုတွက်ရင် မင်းကိုမနေ့ကနဲ့ဒီနေ့အတွက် ယွမ် ၂၀၀၀ ပေးရမယ်။ အခုဝယ်လာတာတွေနုတ်လိုက်ရင်တောင် ငါမင်းကိုတစ်ထောင်ပေးရဉီးမယ်။ ငါမင်းကို wechat နဲ့ပိုက်ဆံပို့ပေးလိုက်မယ်”

လုယွင်ဖေးက ပြောဆိုနေရင်း ဖုန်းကိုထုတ်လိုက်သည်။ သို့သော် သူဖုန်းကိုမဖွင့်ခင်မှာပင် ပျမ်းကျင်းယွမ်က ဖုန်းကိုကာထားလိုက်သည်။

လုယွင်ဖေး အပြစ်ကင်းစင်သည့်မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။ “အခုဘာဖြစ်လို့လဲ ဆရာပျမ်း။ wechat နဲ့ပိုက်ဆံလွှဲရတာမကြိုက်ဘူးလား။ အဲ့ဒါဆို Allipay နဲ့လည်း လွှဲလို့ရတယ်”

ပျမ်းကျင်းယွမ်:…

ပျမ်းကျင်းယွမ် မနိုင်တော့၍ “စားကြရအောင်”လို့သာပြောလိုက်သည်။

“အဲ့ဒါဆို ငါနဲ့တွက်ချက်နေဉီးမှာလား”

“မင်းငါ့ကို မေးနေသေးတယ်ဆိုရင် ငါတို့ပြန်ရောက်ရင် မင်း Li Hua အတွက် စေတနာ့ဝန်ထမ်းဖောင် ရေးပေးလို့ရတယ်”

လုယွင်ဖေး:…

လုယွင်ဖေးစိတ်ဓာတ်တက်ကြွနေရင်းက ချက်ချင်းအားလျော့သွားရသည်။

Li Hua လိုကောင်စုတ်ကို ကူညီရမဲ့အစား သူ့ဘာသာသူသာ စာလုံးပေါင်းကျက်နေလိုက်မည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်ကာ အခြားသူများက သူ့အလုပ်များကူညီပေးသည်ကိုပင် ထိုသူက သူ့ကိုစာကူရေးပေးရန်၊ လုပ်အားပေးအတွက်ဖောင်ကူဖြည့်ပေးရန်၊ မေးလ်များစာပြန်ရန် စသဖြင့် ကူညီခိုင်းနေသေးသည်။ သူကပျင်းရိလွန်းပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိသည့်လူပင်။



TN - Li Hua ဆိုတာက အင်္ဂလိပ်စာမေးခွန်းတွေမှာ တွေ့ရများတဲ့နာမည်တစ်ခုပါတဲ့။

eg လုပ်အားပေးဖောင်တစ်စောင်ရေးပါ။ Li Hua က အနုပညာပြတိုက်တွင် လုပ်အားပေးလုပ်ချင်သည်။







Bian Jin Yuan, “Let’s eat together”

(Zawgyi)

သူကသက္ေသဘယ္လိုျပလို႔ရမွာလဲလို႔ လုယြင္ေဖး ေတြးလိုက္မိသည္။ ပုံဆြဲျပလို႔ရသည္လည္းမဟုတ္။ သူက လီယိုနာဒိုဒါဗင္ခ်ီလည္းမဟုတ္။

ပ်မ္းက်င္းယြမ္က သူမတုံ႔ျပန္လာသည္ကိုျမင္ကာ ပန္းကန္ကို ႐ႊမ္း႐ႊမ္းဆီသယ္သြားၿပီး သူ႔ေရွ႕ခ်ထားလိုက္သည္။

႐ႊမ္း႐ႊမ္းက ပုံျပင္စာအုပ္တစ္အုပ္ဖတ္ေနျခင္းပင္။ သူတို႔အနားေရာက္လာသည္ကို ျမင္သည့္အခါ ေခါင္းေမာ့ကာ ပ်မ္းက်င္းယြမ္ကိုၾကည့္လိုက္သည္။

ပ်မ္းက်င္းယြမ္က သူ႔ေခါင္းကိုပြတ္ေပးရင္း ဆိုလိုက္သည္။ “ဒါက ငါ့အတန္းေဖာ္။ မင္းနဲ႔ထိုင္လိမ့္မယ္။ တစ္ခုခုလိုခ်င္ရင္ သူ႔ကိုလည္းေျပာလို႔ရတယ္”

လုယြင္ေဖး ႐ႊမ္း႐ႊမ္းကို လက္ေဝွ႔ယမ္းျပလိုက္စဥ္တြင္ ႐ႊမ္း႐ႊမ္းက သူ႔ကိုျပန္ၿပဳံးျပလာသည္။ “ဟဲလို ေကာေကာ”

“ဟဲလို” လုယြင္ေဖး သူ႔ေရွ႕က အေကာင္လုံးေလးကိုၾကည့္လိုက္သည္။ သူက ႐ႊမ္း႐ႊမ္းကိုရင္းႏွီးၿပီးသားပင္။ ပ်မ္းက်င္းယြမ္အိမ္က Tmall genie ကို ႐ႊမ္း႐ႊမ္းက အသုံးမ်ားသည္။ ထို႔ေၾကာင့္ ထိုေကာင္ေသးေလးကို သူ Tmall genie ထဲမွတစ္ဆင့္အၿမဲ ျမင္ေတြ႕ရသည္။ ယခုအႀကိမ္က ႐ႊမ္း႐ႊမ္းကိုလူကိုယ္တိုင္ ေတြ႕ရသည့္ ပထမဉီးဆုံးအႀကိမ္ပင္။

သူပ်မ္းက်င္းယြမ္ႏွင့္သိကြၽမ္းသည္ကို အသုံးခ်ရင္း ထိုကေလးကိုေမးလိုက္သည္။ “မင္းနာမည္က ဘယ္လိုေခၚလဲ”

႐ႊမ္း႐ႊမ္းက သူ႔ေကာေကာကိုၾကည့္လိုက္သည္။ ပ်မ္းက်င္းယြမ္က ေခါင္းညိတ္ျပသည္ကိုျမင္သည့္အခါ ႏူးညံ့စြာျပန္ေျဖသည္။ “႐ႊမ္း႐ႊမ္းလို႔ေခၚပါတယ္”

“စုံတြဲ၊အတြဲလိုက္ကို ျဖစ္ေစတဲ့ ႐ႊမ္းလား”

႐ႊမ္း႐ႊမ္းက ထိုအသုံးကိုနားမလည္ေသာေၾကာင့္ သူ႔ေကာေကာပ်မ္းက်င္းယြမ္ကို ကူညီေပးရန္ ေမာ့ၾကည့္သည္။

“ဟုတ္တယ္” ပ်မ္းက်င္းယြမ္က ညင္သာစြာေျဖလိုက္သည္။ “အရင္ထိုင္ဉီး။ ငါမင္းကို ေနာက္မွစာစစ္ေပးမယ္”

“အိုေက”

ပ်မ္းက်င္းယြမ္က ထိုသို႔ေျပာၿပီးေနာက္ ႐ႊမ္း႐ႊမ္းကိုေမးလိုက္ၿပီး ထြက္သြားေတာ့သည္။

လုယြင္ေဖး ႐ႊမ္း႐ႊမ္း၏မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ကာ သူ႔ကိုေသခ်ာၾကည့္လိုက္သည္။ သူ Tmall genie အျဖစ္ေနရတုန္းက ျမင္ရသည့္ပုံႏွင့္ဆင္သည္။ အသားအေရျဖဴျဖဴ၊ ဆံပင္ညိဳညိဳႏွင့္ စိတ္ထားႏူးညံ့သည့္ ခ်စ္စရာေကာင္ေလးပင္။

သူကိတ္ကို ေရွ႕တိုးေပးလိုက္သည္။ “ကိတ္စားဉီးမလား”

႐ႊမ္း႐ႊမ္းက ေခါင္းခါလိုက္ၿပီး တက္ႂကြစြာျပန္ေျဖသည္။ “ခုနက စားၿပီးသြားၿပီ”

“ေနာက္တစ္ခုစားေပါ့”

“ေကာေကာက တစ္ေန႔တစ္ခုပဲစားလို႔ရတယ္တဲ့။ ပိုစားရင္ သြားပိုးစားလိမ့္မယ္တဲ့”

ထိုသည္ကိုၾကားၿပီး လုယြင္ေဖး ကိတ္ကိုေနာက္ျပန္ဆုတ္လိုက္သည္။ “အဲ့ဒါဆို ေကာေကာစားလိုက္မယ္။ မင္းေရွ႕မွာစားရင္ေရာ ဗိုက္ဆာလာမွာလား”

႐ႊမ္း႐ႊမ္းက ေခါင္းယမ္းျပရင္း ဆိုလိုက္သည္။ “ကိတ္စားၿပီးၿပီဆိုေတာ့ ထပ္ဆာမွာမဟုတ္ဘူး”

ထို႔ေနာက္ လုယြင္ေဖးက သက္ေတာင့္သက္သာျဖင့္ စစားေတာ့သည္။

ကိတ္စားေနစဥ္ သူလုပ္လို႔မၿပီးေသးသည့္အိမ္စာကို ထုတ္ယူလိုက္သည္။ သူေျဖေနရင္း သူ႔ေဘးနားတစ္ေယာက္ေယာက္ေရာက္လာသည္ကို သတိထားလိုက္မိသည္။ လုယြင္ေဖး ပ်မ္းက်င္းယြမ္က သူ႔စာ႐ြက္ေတြေပၚတြင္ စာ႐ြက္အထပ္လိုက္ကို တင္လိုက္သည္ကို ေတြ႕လိုက္ရသည္။

“ဒီမွာေရး”

လုယြင္ေဖး သူ႔လက္ထဲကေဖာင္တိန္ကို လွည့္လိုက္သည္။ “ငါမင္းကိုျပမယ္”

ပ်မ္းက်င္းယြမ္က ေခါင္းညိတ္ျပသည္။ “ေမွ်ာ္လင့္ေနပါ့မယ္”

ထိုသို႔ေျပာအၿပီးတြင္ သူက ေငြသိမ္းေကာင္တာဘက္ ျပန္ေရာက္သြားသည္။

လုယြင္ေဖး သူ႔ေဖာင္တိန္ကိုယူလိုက္ကာ စာလုံးေပါင္းသတ္ပုံေတြကို စခ်ေရးေတာ့သည္။

႐ႊမ္း႐ႊမ္းက သိခ်င္စိတ္ျပင္းျပစြာ အနားတိုးလာၿပီး ေမးလိုက္သည္။ “ဒါက PinYin လား။ B…b…”

သူက သူ႔ေခါင္းေသးေလးကို အနည္းငယ္ေစာင္းရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဒါက ဘယ္လိုဖတ္တာလဲ”

လုယြင္ေဖး ၿပဳံးလိုက္မိသည္။ “ဒါက Pinyin မဟုတ္ဘူး။ အဂၤလိပ္စာ”

႐ႊမ္း႐ႊမ္းက နားမလည္ေပ။ “pinyin နဲ႔တူေနတယ္”

“ဒါေပမဲ့ နားမလည္ဘူးမလား”

႐ႊမ္း႐ႊမ္းက ေခါင္းညိတ္ျပသည္။

လုယြင္ေဖး သက္ျပင္းခ်လိုက္မိသည္။ “ငါလည္း နားမလည္ဘူး”

႐ႊမ္း႐ႊမ္းက မ်က္လုံးမ်ားေကြးၫႊတ္သြားသည္အထိ ၿပဳံးျပသည္။ “ေကာေကာက အသက္ႀကီးေနၿပီကို နားမလည္ေသးဘူးလား”

“အဂၤလိပ္စာက အသက္နဲ႔မဆိုင္ဘူး။ မင္းကငယ္ေသးေတာ့ ဒါကဘယ္လိုေၾကာက္စရာေကာင္းမွန္း မင္းသိမွာမဟုတ္ဘူး”

“အဲ့ဒါဆို က်င္းယြမ္ေကာေကာကေရာနားလည္လား”

“ေသခ်ာေပါက္နားလည္တာေပါ့။ မင္းေကာေကာက ဘယ္သူမလို႔လဲ။ ဒီေလာက္အဆင့္ဆိုရင္ ႏိုင္ငံျခားသားနီးပါးျဖစ္ေနၿပီ”’

“ေကာေကာက ႏိုင္ငံျခားသားမဟုတ္ဘူး” ႐ႊမ္း႐ႊမ္းက ေထာက္ျပသည္။

“ႏိုင္ငံျခားသားေတာ့မဟုတ္ဘူးေပါ့။ ႏိုင္ငံျခားသားေတြက သဒၵါကိုမသင္ရေပမဲ့ မင္းေကာက သဒၵါေတာင္ကြၽမ္းတယ္”

လုယြင္ေဖးက ေခါင္းယမ္းလိုက္ကာ စာလုံးေပါင္းေတြကို ဆက္ခ်ေရးလိုက္သည္။

႐ႊမ္း႐ႊမ္းက ထိုင္ခုံေပၚတြင္သာ ၿငိမ္ၿငိမ္ထိုင္ေနၿပီး သူစာလုံးေပါင္းေရးသည္ကိုၾကည့္ေနကာ တစ္ခါတစ္ခါေတာ့ အေအးကို ယူယူေသာက္သည္။

လုယြင္ေဖး ေျဖလို႔ၿပီးရန္ အခ်ိန္ၾကာၾကာမယူလိုက္ရေပ။ သူလွည့္ၾကည့္လိုက္သည့္အခါ ပ်မ္းက်င္းယြမ္က အလုပ္ရႈပ္ေနေသးေသာေၾကာင့္ သူလည္း မသြားျဖစ္ေသးေပ။ သူအလုပ္ပါးသြားသည့္အခါမွ စာ႐ြက္ကိုယူကာ ႐ႊမ္း႐ႊမ္းကိုအသိေပးလိုက္သည္။ “ဒီမွာပဲေနဉီး။ ငါမင္းေကာေကာဆီ စာ႐ြက္သြားေပးလိုက္ဉီးမယ္”

႐ႊမ္း႐ႊမ္းက ေခါင္းညိတ္ျပသည္။

လုယြင္ေဖးက သူ႔ကို “တစ္ခုခုစားခ်င္ေသးလား။ ယူလာခဲ့ေပးမယ္”ဟု ေမးလိုက္သည္။

“မစားေတာ့ဘူး။ ေန႔လယ္စာစားရေတာ့မယ္။” ႐ႊမ္း႐ႊမ္းက ျပန္ေျဖသည္။

လုယြင္ေဖးလည္း ထပ္မေမးေတာ့ဘဲ ပ်မ္းက်င္းယြမ္ဆီကိုသာ တည့္တည့္သြားလိုက္သည္။

ပ်မ္းက်င္းယြမ္ သူ႔ကိုကမ္းေပးလာတဲ့ စာလုံးေပါင္းစာ႐ြက္ကို ၾကည့္လိုက္သည္။ “မဆိုးဘူး။ မင္းတကယ္က်က္ထားသားပဲ”
“ေသခ်ာတာေပါ့” လုယြင္ေဖးက ဂုဏ္ေျမာက္စြာျပန္ေျဖသည္။ “မဟုတ္လို႔ရွိရင္ ငါလာရဲပါ့မလား”

ပ်မ္းက်င္းယြမ္ ေငြရွင္းေကာင္တာက အနီေရာင္မင္စိုကို ယူလိုက္ကာ စာ႐ြက္ကိုျခစ္လိုက္ရင္း အမွတ္ ၁၀၀ ဟုေရးေပးလိုက္ၿပီးမွ စာ႐ြက္ကိုျပန္ကမ္းေပးလိုက္သည္။ “ေတာ္တယ္”

“ေထြေထြထူးထူးမဟုတ္ပါဘူး”

‌ေန႔လယ္ခင္းတြင္ ပ်မ္းက်င္းယြမ္၏အလုပ္ေဖာ္က ေအာ္ဒါဝယ္စား၍ သူကိုလည္းမွာမမွာေမးသည္။ ပ်မ္းက်င္းယြမ္က “မစားေတာ့ဘူး” လို႔ေျပာၿပီး လုယြင္ေဖးႏွင့္႐ႊမ္း႐ႊမ္းတို႔စားပြဲဆီေရာက္လာသည္။

လုယြင္ေဖးက ႐ႊမ္း႐ႊမ္းဆီကပုံျပင္တစ္ပိုဒ္ကို ဖတ္ေနျခင္းပင္။ ႐ႊမ္း႐ႊမ္းက အာ႐ုံစိုက္နားေထာင္ေနကာ ဝါးဟူသည့္အသံမ်ားက ရံဖန္ရံခါထြက္လာသည္။

ပ်မ္းက်င္းယြမ္လည္း လုယြင္ေဖးပုံျပင္ဖတ္၍ၿပီးသည္ကို ေစာင့္ေနၿပီးမွ ဝင္ေမးလိုက္သည္။ “ေန႔လယ္စာအတူစားမလား”

“စားမယ္ေလ” လုယြင္ေဖး ပုံျပင္စာအုပ္ကို ခ်လိုက္သည္။ “ဘယ္သြားၾကမွာလဲ”

ပ်မ္းက်င္းယြမ္ သူ႔တိတိကိုလွည့္ၾကည့္လိုက္သည္။ “႐ႊမ္း႐ႊမ္း ဘာစားခ်င္လဲ”

႐ႊမ္း႐ႊမ္းက ႐ုတ္တရက္ေမးလာသည့္ေမးခြန္းကို မေျဖႏိုင္ေပ။ သူက ပုံျပင္ထဲအာ႐ုံေရာက္ေနၿပီး ထိုေမးခြန္းကို မစဥ္းစားျဖစ္ခဲ့ေခ်။ သို႔ေသာ္လည္း လုယြင္ေဖးက ေက်ာင္းယြီဖန္ ႐ႊမ္း႐ႊမ္းကို တစ္ေန႔က ဗိုက္ဆာေအာင္တမင္လုပ္ခဲ့သည္ကို သတိရသြားသည္။ “KFC မွာပဲစားၾကတာေပါ့။ ကေလးေတြႀကိဳက္တာပဲ။ ႐ႊမ္း႐ႊမ္းက kid’s set ယူလို႔ရတယ္။ အ႐ုပ္ေတာင္ပါေသးတယ္”

သူေျပာလိုက္မွ ႐ႊမ္း႐ႊမ္းကသတိရသြားကာ ယမန္ေန႔က ေက်ာင္းယြီဖန္ဟမ္ဘာဂါကို သတိရသြားသည္။ သူ႔အေတြးမ်ားက ဟမ္ဘာဂါဆီပ်ံ႕လြင့္သြားသည္။ ထို႔ေနာက္ သူပ်မ္းက်င္းယြမ္ကို ေမာ့ၾကည့္လိုက္ၿပီး မေသခ်ာစြာေမးလိုက္သည္။ “ေကာေကာ ဟမ္ဘာဂါစားလို႔ရမလား”

ပ်မ္းက်င္းယြမ္က သူ႔တိတိကိုအၿမဲဉီးစားေပးခဲ့သည္။ သူ႔ကိုယ္သူအတြက္ ပိုက္ဆံသုံးခဲေသာ္လည္း ႐ႊမ္း႐ႊမ္းကိုေတာ့အႀကိဳက္ေဆာင္သည္။

သူ လုယြင္ေဖးကိုၾကည့္လိုက္မိသည္။ “မင္းေရာ ဒါပဲစားမွာလား”

လုယြင္ေဖးကလည္း အဆင္ေျပသည္။ “ေမးစရာေတာင္လိုေသးလို႔လား။ ဘယ္သူက ၾကက္ေၾကာ္ကို မႀကိဳက္လို႔လဲ။ အဆင္ေျပတာေပါ့”

“အဲ့ဒါဆို သြားၾကတာေပါ့။ ဒီနားမွာ KFC တစ္ဆိုင္ရွိတယ္”

ဆိုင္သို႔ဝင္ၾကၿပီး လုယြင္ေဖးက ပ်မ္းက်င္းယြမ္ကို စားခ်င္သည့္အစားအစာမ်ားေမးကာ သူ႔ကို ႐ႊမ္း႐ႊမ္းကိုေခၚၿပီး ဒုတိယထပ္တြင္ ေနရာသြားရွာခိုင္းလိုက္သည္။ သူ႔ဖုန္းကိုဖြင့္ကာ ကိုယ္တိုင္ယူမီႏူးကို ဖြင့္လိုက္သည္။ ယေန႔သူပ်မ္းက်င္းယြမ္ကို လာရွာသည့္အေၾကာင္းရင္းက စာလုပ္ဖို႔အတြက္ပင္မဟုတ္ဘဲ ႐ႊမ္း႐ႊမ္းကိုလည္း မုန႔္ေကြၽးခ်င္၍ပင္။

လုယြင္ေဖး တစ္ေန႔က ေက်ာင္းယြီဖန္က ႐ႊမ္း႐ႊမ္းကို အစာႏွင့္ျမႇားသည္ကို ျပန္စဥ္းစားမိရင္း စိတ္တိုလာသည္။ KFC ပဲမဟုတ္ဘူးလား။ သူယေန႔ေတာ့ ႐ႊမ္း႐ႊမ္းကို ဗိုက္ျပည့္တဲ့အထိအဝေကြၽးမည္။ မွာထားသည့္အစားအစာမ်ား ေရာက္လာသည့္အခါ ဗန္းမ်ားလြန္း၍ သူတစ္ေယာက္တည္း အကုန္မသယ္ႏိုင္ေတာ့ေပ။

“က်ဲက်ဲ ဒါေတြကို ပါဆယ္ပဲထုတ္ေပးလို႔ရမလား” လုယြင္ေဖး ေမးလိုက္သည္။

ေကာင္တာကေကာင္မေလးက ေခါင္းညိတ္ျပလိုက္ကာ အိတ္ႀကီးႀကီးတစ္လုံးထုတ္ၿပီး အစာကိုအထဲထည့္လိုက္သည္။ အေအးႏွင့္ sudae ကိုလည္း သပ္သပ္အိတ္ႏွင့္ခြဲထည့္ေပးသည္။ လုယြင္ေဖးေက်းဇူးတင္စကားဆိုလိုက္ၿပီး အိတ္ေတြအကုန္လုံးကိုသယ္လာပုံက ပါဆယ္ပို႔သမားတစ္ေယာက္ႏွင့္ပင္ တူေနသည္။

လုယြင္ေဖး သယ္လာသည့္အိတ္ကို ပ်မ္းက်င္းယြမ္ျမင္လိုက္သည့္အခါ အံ့ဩသြားရသည္။ သူ႔ထိုင္ခုံေဖာ္ကို မယုံႏိုင္သလိုၾကည့္လိုက္မိသည္။ “မင္းရဲ႕အစာစားခ်င္စိတ္က ေတာ္႐ုံေတာ့မဟုတ္ဘူး”

လုယြင္ေဖး ထိုနားလည္မႈလြဲသည္ကို စိတ္ထဲမထားဘဲ ရယ္သာရယ္လိုက္သည္။ “ဗိုက္ျပည့္႐ုံေလးပါ”

ဒါက ဘယ္လိုဗိုက္ျပည့္႐ုံပဲျဖစ္မွာလဲ။ ပ်မ္းက်င္းယြမ္ စားပြဲေပၚကအိတ္ကို ၾကည့္လိုက္မိသည္။ သူ႔ထိုင္ခုံေဖာ္က ယခုလိုအစားႀကီးမွန္းမထင္ထားခဲ့မိ။ ထို႔ေၾကာင့္ အထင္ကိုအျမင္ႏွင့္ ဆုံးျဖတ္ဟု ေျပာျခင္းျဖစ္လိမ့္မည္။

သို႔ေသာ္လည္း ပ်မ္းက်င္းယြမ္လည္း ဘာမွဆက္မေျပာေတာ့ေပ။ လုယြင္ေဖးကို သူမုန႔္ကူထုတ္ေပးသည့္အခါ ကေလးအစားအစာအေတာ္မ်ားမ်ား ဝယ္လာသည္ကိုေတြ႕ရသည္။

လုယြင္ေဖး ႐ႊမ္း႐ႊမ္းေရွ႕တြင္ ကေလးစားစရာမ်ားခ်ေပးလိုက္ၿပီးေနာက္ က်န္သည့္အစားအစာမ်ားကို အလယ္တြင္ခ်ကာ အိတ္ကိုဖယ္လိုက္သည္။

ပ်မ္းက်င္းယြမ္က မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ “kid’s set ကို တစ္ခုပဲဝယ္မယ္ေျပာတာမဟုတ္ဘူးလား။ ဝယ္လာတာေတြက အမ်ားႀကီးပဲ”

“ဒါက လက္ေဆာင္” လုယြင္ေဖး ႏို႔ကို ႐ႊမ္း႐ႊမ္းဆီ ကမ္းေပးလိုက္သည္။ “ဂ႐ုစိုက္ဉီး။ ပူေနတုန္းပဲ”

႐ႊမ္း႐ႊမ္းက သတိထားၿပီး ႏို႔ကိုယူလိုက္သည္။

ထိုေနာက္မွ လုယြင္ေဖးက ပ်မ္းက်င္းယြမ္ကို ၾကည့္လိုက္သည္။ “အခုမွ မင္းတိတိကို ပထမဆုံးေတြ႕တာေလ။ တစ္ခုခုေကြၽးရမွာေပါ့။ ၿပီးေတာ့ ႐ႊမ္း႐ႊမ္းက ခုနကစာကူစစ္ေပးေနတာေလ။ စာေမးပြဲခန္းေစာင့္ေတြက အခန္းေစာင့္ရင္ ပိုက္ဆံရတယ္ေလ။ ကူေစာင့္ေပးတဲ့လူေတြလည္း ပိုက္ဆံရရမွာေပါ့”

ပ်မ္းက်င္းယြမ္က ထိုေလာ့ဂ်စ္ကို ယူဆခ်က္လြဲေနသည္ဟု ထင္သည္။ “ဘယ္ေလာက္က်လဲေျပာ။ ငါေပးလိုက္မယ္”

လုယြင္ေဖးက ႏႈတ္ခမ္းစူလိုက္သည္။ “မဟုတ္တာေတြေျပာမေနနဲ႔ေတာ့။ အဲ့ဒါဆိုရင္ စာလုံးေပါင္းစစ္ေပးတာ ဘယ္ေလာက္က်လဲဆိုတာလည္း မင္းတြက္သင့္တယ္။ ငါတစ္လခ်င္းစီေပးမယ္ေလ”

“အဲ့တာကမတူဘူးေလ။ ငါက ဒီအတိုင္းႀကဳံလို႔ကူေပးတာ။ မင္း…”
“ထားလိုက္ပါေတာ့” လုယြင္ေဖးက သူ႔ကိုျဖတ္ေျပာလိုက္သည္။ “ႀကဳံလို႔ဟုတ္လား။ ဒီေန႔က ေက်ာင္းပိတ္ရက္ေလ။ ဒါကဘယ္လိုလုပ္ႀကဳံမွာမလဲ။ မင္းက ဒီေန႔ကိတ္ဆိုင္ကဝန္ထမ္းေလ။ မင္းရဲ႕ကိတ္ဆိုင္က အဆင့္ျမႇင့္ထားလို႔လား။ အဂၤလိပ္စာလုံးေပါင္းသင္တာပါပါတာလား”

ပ်မ္းက်င္းယြမ္ သူ႔ကိုျပန္မေျပာႏိုင္ေတာ့ေပ။

လုယြင္ေဖး သူ႔ခရင္မ္ႏွင့္ေကာ္ဖီကို တစ္လုပ္ေသာက္လိုက္ၿပီး ျပန္ဆက္သည္။ “ငါ့အဂၤလိပ္စာက်ဴရွင္ဆရာက တစ္နာရီကို ယြမ္ ၁၀၀၀ ရတယ္။ နာရီဝက္၊တစ္နာရီနီးပါးေလာက္ဆိုရင္လည္း တစ္နာရီလို႔တြက္တာပဲ။ အဲ့လိုတြက္ရင္ မင္းကိုမေန႔ကနဲ႔ဒီေန႔အတြက္ ယြမ္ ၂၀၀၀ ေပးရမယ္။ အခုဝယ္လာတာေတြႏုတ္လိုက္ရင္ေတာင္ ငါမင္းကိုတစ္ေထာင္ေပးရဉီးမယ္။ ငါမင္းကို wechat နဲ႔ပိုက္ဆံပို႔ေပးလိုက္မယ္”

လုယြင္ေဖးက ေျပာဆိုေနရင္း ဖုန္းကိုထုတ္လိုက္သည္။ သို႔ေသာ္ သူဖုန္းကိုမဖြင့္ခင္မွာပင္ ပ်မ္းက်င္းယြမ္က ဖုန္းကိုကာထားလိုက္သည္။

လုယြင္ေဖး အျပစ္ကင္းစင္သည့္မ်က္ႏွာထားျဖင့္ ေမာ့ၾကည့္လိုက္သည္။ “အခုဘာျဖစ္လို႔လဲ ဆရာပ်မ္း။ wechat နဲ႔ပိုက္ဆံလႊဲရတာမႀကိဳက္ဘူးလား။ အဲ့ဒါဆို Allipay နဲ႔လည္း လႊဲလို႔ရတယ္”

ပ်မ္းက်င္းယြမ္:…

ပ်မ္းက်င္းယြမ္ မႏိုင္ေတာ့၍ “စားၾကရေအာင္”လို႔သာေျပာလိုက္သည္။

“အဲ့ဒါဆို ငါနဲ႔တြက္ခ်က္ေနဉီးမွာလား”

“မင္းငါ့ကို ေမးေနေသးတယ္ဆိုရင္ ငါတို႔ျပန္ေရာက္ရင္ မင္း Li Hua အတြက္ ေစတနာ့ဝန္ထမ္းေဖာင္ ေရးေပးလို႔ရတယ္”

လုယြင္ေဖး:…

လုယြင္ေဖးစိတ္ဓာတ္တက္ႂကြေနရင္းက ခ်က္ခ်င္းအားေလ်ာ့သြားရသည္။

Li Hua လိုေကာင္စုတ္ကို ကူညီရမဲ့အစား သူ႔ဘာသာသူသာ စာလုံးေပါင္းက်က္ေနလိုက္မည္။ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီးျဖစ္ကာ အျခားသူမ်ားက သူ႔အလုပ္မ်ားကူညီေပးသည္ကိုပင္ ထိုသူက သူ႔ကိုစာကူေရးေပးရန္၊ လုပ္အားေပးအတြက္ေဖာင္ကူျဖည့္ေပးရန္၊ ေမးလ္မ်ားစာျပန္ရန္ စသျဖင့္ ကူညီခိုင္းေနေသးသည္။ သူကပ်င္းရိလြန္းၿပီး ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္မရွိသည့္လူပင္။



TN - Li Hua ဆိုတာက အဂၤလိပ္စာေမးခြန္းေတြမွာ ေတြ႔ရမ်ားတဲ႔နာမည္တစ္ခုပါတဲ႔။

eg လုပ္အားေပးေဖာင္တစ္ေစာင္ေရးပါ။ Li Hua က အနုပညာျပတိုက္တြင္ လုပ္အားေပးလုပ္ခ်င္သည္။

Comment