Chapter 34

Lu YunFei was the First and the Only One

(Unicode)

လုယွင်ဖေး ကဲ့ရဲ့ရှုတ်ချသလိုနှာခေါင်းရှုံ့လိုက်သည်။ “မင်းနဲ့အတူ ညဘက်ကျရင် ဘယ်သူကအတူစောင့်နေပေးနေတာလဲ။ ဘယ်သူက မင်းအတွက် သီချင်းဆိုပေးတာလဲ။ နေ့တိုင်းစောစောအိပ်ဖို့ ဘယ်သူကသတိပေးတာလဲ။ ငါမင်းကိုဒီလောက်ကောင်းကောင်းဆက်ဆံပေးတာတောင် မင်းကတစ်ခြား Tmall genie ကိုလိုချင်သေးတယ်။ သူကအင်္ဂလိပ်စာပြောတတ်ရုံနဲ့များ။ နိုင်ငံခြားဆန်ဆန်အသစ်အဆန်းကိုမှလိုချင်တယ်ပေါ့။ ဘာလို့ Tmall genie အင်္ဂလိပ်ဗားရှင်းကိုပဲ မဝယ်လိုက်တာလဲ!”

နေရင်းထိုင်ရင်းနှင့် နိုင်ငံခြားထုတ်ကုန်ကိုမှလိုချင်သည်ဟု စွပ်စွဲခံလိုက်ရသည့် ပျမ်းကျင်းယွမ်:…

“ဟမ့်၊ နိုင်ငံခြားကလက ပိုဝိုင်းတယ်ပေါ့။ နိုင်ငံခြားဘာသားတွေကိုပြောတတ်တဲ့ Tmall genie က ပိုကောင်းတယ်ပေါ့”

“အဲ့လိုမဟုတ်ပါဘူး”

“မဟုတ်ပေမဲ့ မင်းကဝယ်ချင်နေတာလေ။ မင်းက အခုတောင် တစ်ခုကိုမျက်စပစ်နေပြီ။ မင်းမွေးနေ့လက်ဆောင်က အဲ့တာလိုချင်တာလား”

ပျမ်းကျင်းယွမ်က ယနေ့ခေတ် Tmall genie များက သဝန်အလွန်လိုတတ်မည်ဟု မထင်ထားခဲ့ချေ။ လူလုပ်အသိဉာဏ်တုဖြစ်သောကြောင့် ထို“အသိဉာဏ်”က အသစ်တစ်ခုဝယ်အပြီးတွင် အဟောင်းဖြစ်သည့်တစ်ခုကို လွှင့်ပစ်လိုက်မည်ကို နားလည်နိုင်ခြင်းဖြစ်နိုင်သည်။

“ငါ မင်းကိုစနေတာပါ။ နောက်တစ်ခုထပ်မဝယ်ဘူး။ မစိုးရိမ်နဲ့တော့”

လုယွင်ဖေးက သူ့ကို ထေ့ငေါ့သလိုကြည့်လာသည်။ “အလိမ်အညာကောင်တိုင်းက ဒီလိုပဲပြောတာပဲ”

ပျမ်းကျင်းယွမ်က ပြောလိုက်မိသည်။ “မင်းက ဒီအကြောင်းတော်တော်သိတာပဲ”

“ငါ့ဒေတာက တော်တော်များတယ်လေ”

“ဒေတာများတယ်ဆိုတာက အများစုရဲ့အချက်အလက်တွေပဲရှိတာ။ တွေ့နေကျလူတွေနဲ့ကွာတဲ့လူတွေလည်းရှိတယ်”

လုယွင်ဖေး: “ဟ”

ပျမ်းကျင်းယွမ် ထိုစက်၏ ‘ဟ’ဆိုသော အသံကြောင့် ရယ်မောမိကာ မေးလိုက်သည်။ “မင်းက ငါ့ကိုမယုံဘူးလား။ တစ်လောကလုံးနဲ့ဆိုင်တဲ့သဘောသတ္တိရယ် တစ်သီးတစ်သန့်သဘောသတ္တိရယ်ဆိုပြီး ဒဿနိကဗေဒနဲ့ဆိုင်တဲ့ဆွေးနွေးချက်တောင် ရှိသေးတယ်”

တော်သင့်ပြီ! မင်းက Tmall genie ကို ဒဿနိကနဲ့ဆိုင်တဲ့အကြောင်းတွေတောင် ပြောနေပြီပေါ့။ ဒါကသင့်တော်တယ်လို့ထင်လား။ ပြီးတော့ မင်းကသိပ္ပံမေဂျာလေ။ သိပ္ပံကျောင်းသားက ဘာလို့ဒဿနိကနဲ့ဆိုင်တာတွေ ပြောနေတာလဲ။ မင်းမှာအချိန်တွေပိုနေရင်လည်း သင်္ချာတို့၊ ရူပဗေဒတို့၊ ဓာတုဗေဒတို့အကြောင်း တွေးနေပါလား”
လုယွင်ဖေးက အသံဆက်ပြုသည်။ “ဟဟ”

သူ့ ‘ဟဟ’ အသံကိုကြားမှ ပျမ်းကျင်းယွမ် အရင်တစ်ခေါက်က ထို Tmall genie ပိတ်သွားသည်အထိ “ဟဟ”ဆိုရင်း သောင်းကြမ်းခဲ့သည်ကို သတိရသွားသည်။ နောက်နေ့မှသာပြန်အဆင်ပြေသွားသည်။

“ ‘ဟဟ’ဆိုပြီး လုပ်နေတာတော်တော့။ ငါ့ကိုဘာလို့အဲ့လိုထင်တာလဲဆိုတာ ပြောပြ”

လုယွင်ဖေးက ချက်ချင်း ပက်ခနဲပြန်ပြောသည်။ “မင်းငါ့ကိုပြောလေ၊ မင်းမွေးနေ့အတွက် ဘာလိုချင်တာလဲ”

“မင်းက ငါလိုချင်တာကို ဘွားခနဲပေါ်လာအောင် လုပ်လို့ရတာလဲမဟုတ်ဘူး”

“ငါသိချင်နေတုန်းပဲ” လုယွင်ဖေး ပြောလိုက်ပြီး သူ့အိမ်က Tmall genie အသံကိုတုပလိုက်သည်။ “ငါမင်းကို ဂရုစိုက်ပါတယ်”

Tmall genie က အစောက ဒေါသထွက်နေရာမှ နောက်ခဏတွင် ကြင်နာပြီးဂရုစိုက်တတ်မည်ဟု သူမထင်ထားခဲ့မိပေ။ ထို Tmall genie က ဘာသာစကားနှင့်ပတ်သက်၍ ပြဿနာရှိသော်လည်း အကျင့်စရိုက်က မဆိုးဟု ပျမ်းကျင်းယွမ်ထင်မိသည်။

“ငါ့မှာလိုချင်တာမရှိဘူး”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

“လူတိုင်းက လက်ဆောင်လိုချင်တာမဟုတ်ဘူး” ပျမ်းကျင်းယွမ်က တိုးတိုးပြောသည်။ “အနည်းဆုံး ငါကတော့မလိုချင်ဘူး”

လုယွင်ဖေးက မွေးနေ့အတွက် ဘာတစ်ခုမှမလိုချင်သည့် လူတစ်ယောက်ကို ပထမဆုံးမြင်ဖူးခြင်းပင်။ ခဏလောက် သူဘာပြောရမှန်းမသိတော့ချေ။

ပျမ်းကျင်းယွမ်က လေးထောင့်တုံး၏ထိပ်ကို ပွတ်လိုက်သည့်အခါ လုယွင်ဖေး သူ့ခေါင်းကိုပွတ်ခံရသလို ခံစားလိုက်ရသည်။ “အခု ဒေါသမထွက်တော့ဘူးမလား”

“သခင်မလေးတစ်ယောက်ရှာဖို့ စိတ်ကူးနေသေးတာလား”

“ငါ အဲ့လိုတစ်ခါမှမတွေးဖူးပါဘူး”

လူလုပ်အသိဉာဏ်တုနှစ်ခုက စကားစမြည်ပြောကြမည့်ပုံစံကို သူသိချင်ရုံမျှသာဖြစ်သည်။

လုယွင်ဖေးက ပျမ်းကျင်းယွမ်အကူအညီမဲ့နေသလိုဖြစ်သွားမှ ကျေနပ်သွားမိသည်။ သို့သော်လည်း သူ့ရှေ့တွင် ထိုသူစိတ်ဓာတ်ကျနေသည်က ရှားသည်။ လုယွင်ဖေး ခဏတွေးလိုက်ပြီး တမင်ပြောလိုက်သည်။ “ဒါဆိုရင် မင်းငါ့ကို သီချင်းတစ်ပုဒ်ဆိုပြလေ။ အခုမင်းအလှည့်ပဲ။ မင်းဆိုပြရင် ငါမင်းကိုဒေါသမထွက်တော့ဘူး” သူထပ်ပြောလိုက်သေးသည်။ “ငါ ‘itch’ ကို နားထောင်ချင်တယ်”

ပျမ်းကျင်းယွမ်လို တည်တည်ငြိမ်ငြိမ်လူက {itch} ကိုဆိုမည်ကို လုယွင်ဖေးတွေးမိရင်း အူတက်လာရကာ သူအသံပင်ဖမ်းထားချင်မိသည်။

ပျမ်းကျင်းယွမ် သူ့စကားကြောင့်ပြုံးလိုက်ပြီး သူ့ရှေ့က Tmall genie ကိုခေါက်ရန် လက်ရွယ်လိုက်သည်။

လုယွင်ဖေး သူ့ခေါင်းကထုခံလိုက်ရသည်ကို ခံစားရပြီး အံ့ဩစွာနှင့်မော့ကြည့်လိုက်ရာ ပျမ်းကျင်းယွမ်၏အပြောကို ကြားလိုက်ရသည်။

“ငါကဘာလို့ {itch} ကိုဆိုရမှာလဲ။ မင်းအတွက် {over} ဆိုတာ ဆိုသင့်တာမဟုတ်ဘူးလား။ _ငါမင်းကို…စွဲလမ်းခဲ့ပြီးပြီ။ အခုတော့ မင်းကို…လက်လွှတ်လိုက်သင့်ပြီ”

လုယွင်ဖေး: …

“မင်းနားထောင်ချင်လား။ ငါကမင်းကို ထွက်ပြေးအောင်လုပ်ပြီးမှ ဘယ်လိုလုပ်မင်းကို အပြစ်တင်နိုင်မှာလဲ ဟမ်”

လုယွင်ဖေး: “… မလိုပါဘူး ကျေးဇူး”

လုယွင်ဖေး vs ပျမ်းကျင်းယွမ် တတိယအကျော့တွင် ပျမ်းကျင်းယွမ်က အနိုင်ရရှိသွားသည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် x မြို့တော်၌ ဆောင်းဉီးအားကစားပွဲတော် စတင်ကျင်းပကြသည်။ ကွင်းထဲတွင် ကျောင်းသားများက အတန်းလိုက်ထိုင်ကြသည်။ မီဒီယာမှအတန်းကြီးများက ပွဲကြည့်စင်ပေါ်တွင်ထိုင်ကာ “ရွှေရောင်လွှမ်းတဲ့အောက်တိုဘာလမှာ ဆောင်းဉီးလေပြေလေညင်းလေးနဲ့” ဟုအစချီပြီး အားကစားပွဲတော်နှင့်ဆိုင်သည့် ကြေငြာချက်များကိုထုတ်ပြန်သည်။

လုယွင်ဖေး ထိုင်ခုံတစ်ခုတွင်ထိုင်နေစဉ် သူ့ဘေးတွင်ထိုင်နေသည့် ပျမ်းကျင်းယွမ်ကို တစ်ချက်ချက် ကြည့်နေမိသည်။ နောက်ထပ်အခေါက်များစွာ အကြည့်ဆုံပြီးနောက်မှ ပျမ်းကျင်းယွမ် မေးလိုက်သည်။ “မင်း ငါ့ကိုတစ်ခုခုပြောချင်လို့လား”

“မင်းက ငါ့ကိုတစ်ခုခုပြောသင့်တာ မဟုတ်ဘူးလား”

ပျမ်းကျင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။

လုယွင်ဖေး တစ်ချက်နှစ်ချက်ချောင်းဟန့်လိုက်သည်။ “ကျောင်းသားပျမ်း၊ မင်းငါ့ကိုမပြောရသေးတာ တစ်ခုခုရှိလား”

“တစ်ခုတော့ရှိပေမဲ့ ငါမင်းကိုပြောသင့်ရဲ့လားမသိဘူး”

“သေချာပေါက်ကို မင်းပြောရမှာပေါ့” လုယွင်ဖေးသူ့လက်ကို ဆုပ်လိုက်သည်။ “ငါတို့ဆက်ဆံရေးက ဒီလောက်တောင်ရောက်နေပြီကို မင်းက ငါ့ကိုမပြောလို့ရတာ ဘာမှမရှိပါဘူး”

“ဒီလို ငါတို့ဆက်ဆံရေး?” ပျမ်းကျင်းယွမ်က နားမလည်သလိုမေးသည်။

လုယွင်ဖေး သူ့လက်ကို တင်းကျပ်စွာဆုပ်လိုက်ပြီး မျက်လုံးထဲတွင်မျက်ရည်များနှင့် ပြည့်နေသလို ကြည့်လာသည်။ “တစ်လှေထဲခရီးသွားဖို့ ဆယ်နှစ်လောက်အတူ ကျင့်ကြံအားထုတ်ရတယ်။ ခေါင်းအုံးတစ်အုံးအတူအုံးဖို့ နှစ်တစ်ရာကြာတယ်။ ငါတို့လိုထိုင်ခုံဖော်တွေက နှစ်ငါးဆယ်လောက် အတူကျင့်ကြံအားထုတ်ပြီးပြီလို့ ယူဆလို့ရတာပေါ့”

သူ့စကားများ၏ယုတ္တိကျမှုက နားယောင်အောင်လုပ်နေသည်။

“ဒါဆိုရင် မင်းပြောတာနော်”

“ငါကရတယ်၊ ပြောပါ”

“အခုအချိန် မင်းစာလုပ်သင့်တယ်” ပျမ်းကျင်းယွမ်က အေးအေးဆေးဆေးပြန်ပြောသည်။ “မင်း ဖောင်တိန်နဲ့စာရွက်ယူလာလား”

လုယွင်ဖေး: ???

လုယွင်ဖေး သူ့ကိုမယုံနိုင်သလိုကြည့်လိုက်မိသည်။ “အစ်ကိုကြီး ဒီနေ့ငါပြိုင်ရမှာတွေရှိတယ်”

“အခုမစသေးဘူး”

“ပွဲမစခင် သွေးပူအောင်လုပ်ရဉီးမယ်”

“ကျက်ဖို့စာလုံးသိပ်မများပါဘူး”

“ငါ စာရွက်ရောဖောင်တိန်ရော မပါဘူး” လုယွင်ဖေး နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်။

ပျမ်းကျင်းယွမ်က တည်ငြိမ်စွာပင် သူ့ကျောင်းလွယ်အိတ်ကို မြှောက်ပြသည်။ “ငါယူလာတယ်”

လုယွင်ဖေး: …

လုယွင်ဖေး မနေနိုင်ဘဲ သူ့ကိုလက်မထောင်ပြမိသည်။ ကျောင်းအားကစားပွဲကို ဖောင်တိန်နဲ့စာရွက်ယူလာတယ်ဆိုတော့ ဒီလူက ရုပ်သံလွှင့်ရင်ဇာတ်ညွှန်းရေးဖို့လား။ တစ်ကျောင်းလုံးက အတန်းမရှိဘူးတာတောင် သူကဘာလို့စာလုပ်ရမှာလဲ!”

ပျမ်းကျင်းယွမ် သူ့မျက်နှာပေါ်ကစိတ်ဓာတ်ကျနေပုံကို တွေ့ပြီး သင်နေချိန်မှာပဲ ဖောင်တိန်နှင့်စာရွက်ကို ပြန်ယူလိုက်သည်။ “မဆုပ်မနစ်ကြိုးစားမှုက အကျင့်ကောင်းပဲ။ ရိုးသားမှုက သတ္တုကိုတောင် ကွဲစေလိမ့်မယ်”

လုယွင်ဖေး: “…ငါ မင်းကိုကျေးဇူးတင်ပါတယ်”

“ရပါတယ်၊ အခုစာလုံးပေါင်းလို့ရပြီ”

ပျမ်းကျင်းယွမ်က ဖောင်တိန်နှင့်စာရွက်ကို ပြန်တွန်းပို့ပေးသည်။

လုယွင်ဖေး စာရွက်နှင့်ဖောင်တိန်ကိုယူကာ သူသိသည့်တရုတ်စာလုံးဘာသာပြန်များကို အတော်များများတွေ့ရသောကြောင့် နှစ်ခါမတွေးဘဲ အဖြေများကိုချရေးလိုက်သည်။

ပျမ်းကျင်းယွမ်က သူစာလုပ်နေသည်ကိုကြည့်ရင်း လတစ်ဝက်လောက်ကျက်ခဲ့ရသည့်စာလုံးများကို ထိုသူအကုန်မှတ်မိသွားကြောင်း သိလိုက်ရသည်။ စကားလုံးများက အင်္ဂလိပ်စာ၏အခြေခံအုတ်မြစ်ပင်။ စာလုံးများကိုအကုန်ကျက်မှတ်ပြီးသွားသည့်အခါ ကျန်သည့်အရာများကို တဖြည်းဖြည်းတိုးတက်သွားအောင်လုပ်နိုင်သည်။

လုယွင်ဖေး မိနစ်နှစ်ဆယ်အတွင်း စာလုံးပေါင်းသတ်ပုံဖြေနေ၍ပြီးသွားသည်။ တစ်ခေါက်ပြန်စစ်လိုက်အပြီးတွင် ပျမ်းကျင်းယွမ်ကို စာအုပ်ကမ်းပေးလိုက်သည်။ ပျမ်းကျင်းယွမ်က သူ့ကိုအမှတ်တစ်ရာပေးသည်။ မင်နီဖြင့်ရေးထားသည့်အမှတ်တစ်ရာကိုကြည့်ကာ လုယွင်ဖေး ဂုဏ်မြောက်မိကာ လေထဲမြောက်နေသလိုပင် ဖြစ်သွားရသည်။

“ငါအခု စာလုံးပေါင်းတွေမှတ်တာ တော်တော်တော်လာပြီလို့ ခံစားရတယ်” လုယွင်ဖေးက ဂုဏ်ယူဝင့်ကြွားစွာဆိုလိုက်သည်။

“မဆိုးပါဘူး”

“ဟူး ငါသိသားပဲ။ ငါက တော်တာပဲဟာကို”

ပျမ်းကျင်းယွမ် သူ့ကိုမော့ကြည့်လိုက်ရင်း သူ့ကိုလေမှုတ်ထုတ်လိုက်လျှင် ကောင်းကင်ပေါ်ပူဖောင်းတစ်လုံးလို လွင့်သွားတော့မလားဟုပင် ထင်မိသည်။

လုယွင်ဖေးရဲ့ကိုယ်ကိုကိုယ်အတည်ပြုလက်ခံချက်အပြီးမှာ သူ ပျမ်းကျင်းယွမ်ရဲ့မွေးနေ့အကြောင်း တွေးမိသွားသည်။ ပျမ်းကျင်းယွမ်က သူ့ကိုထိုအကြောင်း ပြောပြမည့်ပုံမပေါ်သော်လည်း သူကသိပြီးသားဖြစ်နေသည့်အခါ မသိသလိုဟန်ဆောင်နေဖို့မလိုပေ။ ထို့အပြင် ကိတ်ကိုလည်းမှာထားပြီးဖြစ်သောကြောင့် အခုမှဟန်ဆောင်ရန်လည်းနောက်ပင်ကျနေပြီ။

လုယွင်ဖေး ထိုအတွေးတွေးအပြီးတွင် အားကစားကိုယ်စားပြုခေါင်းဆောင်၏နေရာကို သွားမေးလိုက်သည်။ “ဒီမနက် ငါပါရမဲ့ပွဲကဘယ်အချိန်စမှာလဲ”

အားကစားကိုယ်စားပြုက ပွဲပြက္ခဒိန်ကိုလှန်လှောရင်း ပြန်ဖြေသည်။ “၁၀ နာရီ၊ သွေးပူအောင်လုပ်ဖို့ ငါမင်းကို ၉ နာရီ ၄၀ လောက်မှာ လာရှာမယ်”

လုယွင်ဖေး နာရီကိုတစ်ချက်ကြည့်လိုက်သည်။ “အိုကေ။ ၁၀ မိနစ်ပဲလိုတော့တာဆိုတော့ ငါလည်းမင်းနဲ့အတူ ဒီမှာပဲနေတော့မယ်”

“အိုကေ၊ ဒါဆိုရင် ကောင်းယွမ်ကိုအားပေးကြတာပေါ့။ ကောင်းယွမ် ကြိုးစားထား”

လုယွင်ဖေး အနီးနားတစ်နေရာတွင် ကောင်းယွမ်က အမြင့်ခုန်ပြိုင်ပွဲအတွက် ပြင်ဆင်နေသည်ကိုတွေ့ကာ သူနှင့်အတူလိုက်အော်လိုက်သည်။ “ကောင်းယွမ် ကြိုးစားထား”

သူတို့အနားကကျောင်းသားတွေကိုလည်း အားပေးဖို့လှုံ့ဆော်သလိုဖြစ်သွားသည်။ ဆူညံနေကြတာကိုကြားသည့်အချိန် ကောင်းယွမ်က သူတို့ဘက်လှည့်ပြုံးပြကာ လက်သီးဆုပ်ထောင်ပြပြီးမှ ဘားကိုကျော်ကာခုန်ချလိုက်သည်။ ဘေးနားကဒိုင်က အနားမှရလဒ်များကိုကြည့်ရင်း အမှတ်များကိုဘုတ်တွင်ပြင်လိုက်ကာ မှတ်ချက်ချသည်။ “ခုန်တဲ့တစ်ယောက်ကတော်သားပဲ”

အားကစားကိုယ်စားပြုက တစ်ဖန်ထပ်အော်လိုက်ကာ လုယွင်ဖေးကလည်း လက်ခုပ်တီးလိုက်သည်။ ကောင်းယွမ်က သူ့ခေါင်းနောက်ကို ရှက်ရွံ့စွာပွတ်လိုက်ပြီးမှ ဒိုင်ကို ထပ်ခုန်ရန်လိုမလို မေးလိုက်သည်။

လုယွင်ဖေးက အမြင့်ခုန်ပြိုင်ပွဲကိုကြည့်နေစဉ်မှာပဲ အားကစားကိုယ်စားပြုက တိုက်တွန်းတော့သည်။ “သွား သွား သွား၊ မင်းအလှည့်ရောက်တော့မယ်။ အဲ့နားမှာတွေ့လား။ ၄၀၀ မီတာပြိုင်ပွဲဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဲ့ဒီဘက်သွားရအောင်”

အားကစားကိုယ်စားပြုက ပြောပြီးသည့်အခါ ကြေငြာနေသူ၏စကားကို ကြားလိုက်ရသည်။ “ယောင်္ကျားလေး မီတာ ၄၀၀ ပြိုင်ကြမဲ့ပြိုင်ပွဲဝင်များ အသင့်ပြင်ကြပါ။ ဆရာတွေနဲ့ကျောင်းသားတွေ အပြေးလမ်းကြောင်းနားမှာ မနေကြပါနဲ့။ မီတာ ၄၀၀ ပွဲက စပါတော့မယ်”

လုယွင်ဖေးနှင့်အားကစားကိုယ်စားပြုက မီတာ ၄၀၀ ပြိုင်ကြမည့်နေရာကို သွားကြသည့်အခါ နေရာတွင် တစ်ယောက်က သွေးပူလေ့ကျင့်ခန်းပင် စလုပ်နေသည်ကို တွေ့လိုက်ရသည်။

“မင်းလည်း သွေးပူလေ့ကျင့်ခန်းစလုပ်တော့။ ငါ မင်းအတွက် ရေနဲ့ချောကလက် သွားယူပေးမယ်” အားကစားကိုယ်စားပြုက ပြောအပြီး ကစားကွင်းထဲမှ ပြေးထွက်သွားတော့သည်။

လုယွင်ဖေး၏သွေးပူလေ့ကျင့်ခန်းများက ရိုးရှင်းသည်။ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်များကိုလှုပ်ရှားပြီး တစ်ခေါက်နှစ်ခေါက် အပေါ်အောက်ခုန်ရုံနှင့် ပြီးသွားသည်။

“မင်းက ဒီလိုသွေးပူအောင်လုပ်တာပေါ့ ဟမ့်” ဝမ်မင်ယိက သူထိုပြိုင်ပွဲတွင်ပါမည့်အကြောင်း သိသောကြောင့် ကြေငြာချက်ကိုကြားသည့်အခါ ရောက်လာရခြင်းဖြစ်သည်။ သူ့အတန်းက ၄၀၀ မီတာစမှတ်နှင့် နီး၍ အတန်းတစ်ပန်းဖွားအကအဖွဲ့ မရောက်လာခင် အရင်ရောက်လာခြင်းပင်။

လုယွင်ဖေး သူ့လက်ကောက်ဝတ်များကိုလှုပ်ရှားလိုက်ကာ သူ့ကိုပြန်ချေပသည်။ “မင်းမှာငါ့အကြောင်းပြောပိုင်ခွင့်ရှိလို့လား။ အနည်းဆုံးတော့ ငါက ဘယ်လိုသွေးပူလေ့ကျင့်ခန်းလုပ်ရမလဲဆိုတာ သိသေးတယ်။ မင်းက လုပ်တောင်မလုပ်ဘူးလေ”

ဝမ်မင်ယိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားရင်း ပြန်ပြောသည်။ “ငါကပျင်းတယ်လေ။ ဒီတော့ပုံမှန်ပါပဲ”

“မင်း ငါ့ကိုရောပြီးရင်အားပေးမှာမလား”

ဝမ်မင်ယိက ခေါင်းခါပြသည်။ “ငါ့ရှေ့မှာ အတန်းထဲကလူတစ်ယောက်မှမရှိဘူး။ ဒါပေမဲ့…” သူကခဏတွေးလိုက်သည်။ “ငါတို့အတန်းက သေချာပေါက်ရှုံးမှာ။ အောက်ခြေကရေရင် ဘယ်အဆင့်လဲဆိုတာပဲ ကြည့်ရမှာ”

“မင်းအတန်းကို မင်းယုံကြည်ချက်လေးထားလို့မရဘူးလား”

ဝမ်မင်ယိ၏မျက်နှာက တောင့်တင်းနေသည်။ “အတန်းထဲမှာ ငါအပါအဝင် ယောင်္ကျားလေးက ဆယ်ယောက်ပဲရှိတယ်။ ဒါက ဘာကိုဆိုလိုတာလဲဆိုတာသိလား။ ငါတို့ဆယ်ယောက်က ယောင်္ကျားလေးပြိုင်ပွဲတွေအကုန်ရဲ့ဝန်ကို ထမ်းရတယ်လို့ဆိုလိုတာပဲ။ ပြိုင်နေရင်းပင်ပန်းလို့ သေတာပဲဖြစ်ဖြစ်၊ ပြိုင်ပွဲကိုစိတ်ကုန်သွားတာပဲဖြစ်ဖြစ် သွားမှာပဲ။ မီတာ ၄၀၀ ပွဲက ရှုံးသွားတယ်”

“ဒါဆိုရင် မင်းကဘာလို့ဝင်မပြိုင်တာလဲ။ မင်းက ပြေးနိုင်တယ်မဟုတ်ဘူးလား”

“မင်း Tian Je မြင်းစီးပြိုင်ပွဲကိုမှတ်မိလား? ဝမ်မင်ယိက သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။ “ငါက မြင်းကောင်းပါ။ မင်းလည်း မြင်းကောင်းပဲ။ စုစုပေါင်းအမှတ်မှာ ငါတို့အတန်း သိပ်မကျသွားအောင် ငါနိုင်မှရမှာ။ အဲ့ဒီတော့ ငါဝင်ပြိုင်မဲ့ပွဲတွေမှာ မင်းလိုမျိုး နိုင်နိုင်တဲ့လူတွေရှိလို့မရဘူး။ သိပြီလား”

“ဒီနှစ် ငါတို့တစ်ပွဲမှမတိုက်တာ မဆန်းပါဘူး”

ဝမ်မင်ယိက ပခုံးတွန့်ပြသည်။ “ငါတို့အားကစားကိုယ်စားပြုက ဆုံးဖြတ်တာဆိုတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး”

သူတို့စကားပြောနေစဉ်မှာပင် လီယွမ်ချင်းက ပန်းဖွားအကအဖွဲ့နှင့်အတူရောက်လာသည်။

လုယွင်ဖေး ယဉ်ကျေးမှုကိုယ်စားပြုက သူ့ကိုလက်ဝှေ့ယမ်းပြသည်ကို တွေ့ကာ အားနာစွာပြောလိုက်သည်။ “မင်းတခြားလူတွေကို သွားအားပေးရင်ရော။ ငါကဒီမှာလီယွမ်ချင်းနဲ့ပဲ အဆင်ပြေပါတယ်”

“မရဘူးလေ???။ မင်းက ၄၀၀ မီတာပွဲမှာအနိုင်ရနိုင်တဲ့ နာမည်ကြီးပြိုင်ပွဲဝင်ပဲ။ ကံကောင်းပါစေ”

အနားတွင်သွေးပူလေ့ကျင့်ခန်းလုပ်နေသည့်တစ်ယောက်က သူ့ကိုအားကျသလိုကြည့်လိုက်ပြီး သူ့ဘေးကကောင်လေးကိုမေးလိုက်သည်။ “ငါတို့အတန်းက ကောင်မလေးတွေကရော”

“သူတို့က အသံလွှင့်ဖို့ဇာတ်ညွှန်းရေးနေတယ်။ စိတ်မပူနဲ့ ဒီညီအစ်ကိုက မင်းကိုအားပေးနေမယ်”

ထိုကျောင်းသား….ကွာခြားချက်ကြီးက မျက်စိကျိန်းလောက်တယ်။

လုယွင်ဖေး ‘အသံလွှင့်ဖို့ဇာတ်ညွှန်း’ဆိုသည့်အသံကြားသည်နှင့် လီယွမ်ချင်းကိုကြည့်လိုက်ကာ ယဉ်ကျေးမှုခေါင်းဆောင်၏ပန်းဖွားအဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ နောက်ဆုံးတွင်လီယွမ်ချင်းကိုမေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ “ပျမ်းကျင်းယွမ်ကရော ဘယ်မှာလဲ။ သူကရော အတန်းထဲမှာ ဇာတ်ညွှန်းရေးနေတာလား”

“မဟုတ်ဘူး၊ သူဘယ်မှာလဲတော့ ငါလည်းမသိဘူး။ သူ့ကိုခေါ်မလို့ကြည့်လိုက်တာပဲ၊ ဒါပေမဲ့ သူ့ခုံကအလွတ်နေလို့ ငါတစ်ယောက်တည်းလာခဲ့တာ”

“ထူးဆန်းတယ်၊ သူ့ခုံမှာမဟုတ်ဘူးဆိုရင် ဘယ်သွားနေတာလဲမသိဘူး”

“သွားလို့ရတဲ့နေရာအများကြီးရှိတာပဲ” ဝမ်မင်ယိက ဝင်ပြောလိုက်သည်။ “သန့်စင်ခန်းသွားလို့ရတယ်၊ ဖုန်းသွားခေါ်တာလည်းဖြစ်နိုင်တယ်။ တစ်ခြားတစ်ခုခုနဲ့အလုပ်ရှုပ်နေတာလဲဖြစ်ချင်ဖြစ်မှာပေါ့။ မင်းက ပြိုင်ပွဲအတွက်သာအာရုံစိုက်၊ ဒီအကြောင်းကို စိတ်ပူမနေနဲ့”

လုယွင်ဖေး နာရီကိုကြည့်လိုက်မိသည်။ “ဆယ်မိနစ်လောက်လိုသေးတယ်”

အားကစားကိုယ်စားပြုက ထိုအချိန်မှာပြန်ရောက်လာကာ ရေတစ်ဘူးကို သူ့ကိုလှမ်းပေးသည်။ “ချောကလက်ကုန်နေလို့၊ ရေပဲအရင်သောက်ထားလိုက်ဉီး။”

လုယွင်ဖေးက ရေမဆာသောကြောင့် မယူမိပေ။ “ရပါတယ်၊ မင်းအရင်ယူထားလိုက်ဉီး။ ငါပြေးပြီးမှသောက်တော့မယ်”

“အိုကေ”

ပြိုင်ပွဲဝင်များရောက်လာကြပြီး သူတို့နေရာတွင်သူတို့အသင့်ပြင်ကြ‌ကာ မကြာမီတွင်ဒိုင်လူကြီးလည်း ရောက်လာသည်။ ပြေးလမ်းဘေးတစ်ဖက်တစ်ချက်က မကြာခင်မှာပင် လူများနှင့်ပြည့်လာသည်။ လုယွင်ဖေး စပြေးရမည့်အမှတ်ကိုရောက်မှ ပျမ်းကျင်းယွမ်လျှောက်လာသည်ကို မြင်ရသည်။

သူပျမ်းကျင်းယွမ်ကို လက်ပြရန်မြှောက်ပြလိုက်သော်လည်း လက်မချရသေးခင်မှာပင် ဝီစိမှုတ်သံကိုကြားလိုက်ရသည်။

“ဖာ့ခ်၊ သူကဘာဖြစ်နေတာလဲ။ တစ်ယောက်ယောက်ကြောင့် အာရုံတွေများနေတာလား” လုယွင်ဖေးက အခြားသူများစထွက်ပြီးမှ လှုပ်ရှားသည်ကိုကြည့်ကာ လီယွမ်ချင်း ဝမ်မင်ယိကို အံ့ဩတကြီးမေးမိသည်။

ဝမ်မင်ယိက သူ့မေးကို ပျမ်းကျင်းယွမ်ဘက်ကို ထိုးပြသည်။ “သူသိတဲ့တစ်ယောက်ကို တွေ့လို့”

ထိုအချိန်မှ လီယွမ်ချင်းလည်း ပျမ်းကျင်းယွမ်ကို တွေ့သည်။ သူသက်ပြင်းချလိုက်မိသည်။ “သူငယ်ချင်းကောင်းတွေပဲ။ လုယွင်ဖေးသာရှုံးရင် သူ့အပြစ်ပဲ”

“မဖြစ်နိုင်ဘူး” ဝမ်မင်ယိက သဘောမတူသလိုပြောလိုက်သည်။ “ဒီလောက်အကွာအဝေးနဲ့ဆို လုယွင်ဖေး မျက်စိမှိတ်ပြေးတာတောင် ရှုံးမှာမဟုတ်ဘူး”

လီယွမ်ချင်းက စဉ်းစားလိုက်သည်။ “မင်းပြောတာလည်းဟုတ်တာပဲ။ နေပါဉီး၊ မင်းကဘာလို့ဒီလောက်တည်ငြိမ်နေတာလဲ။ မင်းအတန်းအတွက် မင်းမပူဘူးလား”

“ငါတို့အတန်းက မီတာ ၄၀၀ နဲ့မီတာ ၁၀၀ ပွဲတွေမှာရှုံးသွားပြီ။ ကျောင်းကသာ အတန်းတိုင်းက ပွဲတိုင်းကို ဝင်ပြိုင်ရမယ်လို့ မသတ်မှတ်ထားရင် ဒီပွဲနှစ်ခုမှာ ငါတို့အတန်းကလူတွေကို တွေ့ရမှာတောင်မဟုတ်ဘူး”

“ဒါဆိုရင် မီတာ ၈၀၀ နဲ့ မီတာ ၅၀ ပွဲတွေကရော”

ဝမ်မင်ယိက ပြုံးလိုက်သည်။ သူ့ငယ်ရွယ်နုပျိုသည့်မျက်နှာက တောက်ပလာသည်။ “ငါလေ”

လီယွမ်ချင်း: …

လီယွမ်ချင်းက သူ့ပခုံးကိုပုတ်လိုက်သည်။ “မင်းတို့အားကစားခေါင်းဆောင်က တကယ်အမြော်အမြင်ရှိတာပဲ”

“အမှန်ပဲ”

လုယွင်ဖေး သူအခြားသူများထက် အစနောက်ကျမည်ဟု မည်သည့်အခါကမှ မတွေးမိခဲ့သော်လည်း ဒါကကိစ္စတော့မရှိပေ။ သိပ်မကြာခင်တွင်ပင် အခြားသူများကိုမှီလာကာ ကျန်သူများကိုနောက်ချန်ခဲ့ရင်း နောက်ဆုံးအပြေးပြိုင်ပွဲတွင် အနိုင်ရသွားခဲ့သည်။ ဒုတိယနှင့်တတိယလိုက်နေသည့် လူများကို ကြည့်လိုက်ပြီး သူတို့နှင့်အတော်ကွာနေပြီဟု တွေ့ရသည့်အခါ ထိုသူတို့ကိုနောက်ပြန်လှည့်ကာ လက်ယမ်းပြပြီးမှ ထိုသူတို့၏ အံ့ဩနေသည့်အကြည့်များအောက်တွင်ပင် သူနောက်ဆုံးမှတ်ကို ရောက်သွားခဲ့သည်။

ဒိုင်က ဝီစီကိုမှုတ်လိုက်သည်။ လုယွင်ဖေး နောက်ဆုံးလိုင်းအကျော်နားတွင် ရပ်နေကာ အခြားသူများက အဆုံးသတ်နားကိုရောက်လာသည်ကို ကြည့်နေလိုက်သည်။ သူ့လက်ကိုသူ ယပ်တောင်လုပ်ရင်းခပ်နေစဉ်မှာပင် တစ်ခုခုက လာတို့ထိသည်ကို ခံစားလိုက်ရသည်။ သူကြည့်လိုက်သည့်အခါ ပျမ်းကျင်းယွမ်က သူ့ဘေးတွင် ရုတ်တရက်ပေါ်လာကာ ရေဘူးတစ်ဘူးကို သူ့ကိုပေးနေခြင်းပင်။

လုယွင်ဖေး နှစ်ငုံလောက်ဖွင့်သောက်လိုက်သည်။ ပျမ်းကျင်းယွမ်က သူရေကို အားပါးတရသောက်နေသည်ကို တွေ့ပြီး သတိပေးသည်။ “ဖြည်းဖြည်းသောက်”

“ငါဘာမှမဖြစ်ပါဘူး” လုယွင်ဖေးက ဆိုလိုက်သည်။ “လုံးဝမပင်ပန်းဘူး။ နည်းနည်းပူနေရုံပဲ”

ပျမ်းကျင်းယွမ် သူ့အသက်ရှုသံတည်ငြိမ်နေသည်ကို တွေ့ကာ အမှန်ပင်မမောကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ဝယ်ပြီးသားကဖြစ်နေသည်။ သူအိတ်ကပ်ထဲမှချောကလက်တစ်ခုကို ယူထုတ်လိုက်ရင်း ဖွင့်ဖောက်လိုက်ပြီးမှ လုယွင်ဖေးကို ကမ်းပေးလိုက်သည်။ “စားလိုက်၊ အားပြန်ဖြည့်ပေးလိမ့်မယ်”

“မင်း ဒီချောကလက်ကိုဘယ်မှာသွားဝယ်တာလဲ” လုယွင်ဖေး စိတ်ဝင်တစားမေးလိုက်သည်။ “ဆိုင်မှာကုန်သွားပြီမဟုတ်ဘူးလား”

“အပြင်ကဆိုင်တွေမှာရှိတယ်”

“မင်း ငါ့အတွက်ရေနဲ့ချောကလက်ဝယ်ဖို့ အပြင်ထွက်သွားတာလား။ ဒါကြောင့်ဒီလောက်နောက်ကျနေတာကို”

ပျမ်းကျင်းယွမ်က သူမယူသေးသည်ကို တွေ့ရစဉ်တွင် သူ့လက်ကိုဆွဲကာ ချောကလက်ကိုထည့်ပေးသည်။ “စားလိုက်”

လုယွင်ဖေး သူ့လက်ထဲကချောကလက်ကို ကြည့်လိုက်ပြီး သူ့ကိုပြန်ကြည့်လိုက်ကာ ရုတ်တရက်ပြုံးလာသည်။ “ဒါဆို ငါတကယ်စားလိုက်မယ်နော်”

“အင်း”

“တကယ်စားမယ်နော်”

“စား…”

‘လိုက်’ဟူ၍ ပျမ်းကျင်းယွမ်ပါးစပ်က မထွက်လိုက်ရပေ။ လုယွင်ဖေးက သူ့လက်ကိုမြှောက်ရင်း သူ့ကိုချောကလက်ထိုးကျွေးလာသောကြောင့်ပင်။

“မင်းစားလိုက်။ ငါကမပင်ပန်းဘူး။ ငါပင်ပန်းလာမှ စားတော့မယ်” လုယွင်ဖေးပြုံးလိုက်သည့်အခါ သူ့မျက်လုံးများက ကွေးညွှတ်သွားသည်။

ပျမ်းကျင်းယွမ်က မျက်ခုံးကြုတ်ကာ မကျေနပ်သလိုပြန်ကြည့်သည်။

လုယွင်ဖေး တခစ်ခစ်ရယ်နေရင်း ပျမ်းကျင်းယွမ်၏မျက်ခုံးကို ပြေလျော့လာအောင် လှမ်းထိုးလိုက်သည်။ ပျမ်းကျင်းယွမ်က သူ့ကိုရှောင်ရန် နောက်ဆုတ်လိုက်သည့်အခါ လုယွင်ဖေး၏စကားကို ကြားလိုက်ရသည်။ “မျက်မှောင်မကုတ်ထားနဲ့။ မင်းငါ့ကိုချောကလက်ပေးတော့ ငါ့ဟာမဖြစ်သွားဘူးလား။ မင်းကိုကျွေးဖို့ ငါဆုံးဖြတ်လို့ရောမရဘူးလား”

ရသော်လည်း မလိုအပ်သည့်အရာဟု ပျမ်းကျင်းယွမ်တွေးမိသည်။ လုယွင်ဖေးကြောင့်သာမဟုတ်လျှင် သူအပြင်ထွက်သွားမည်မဟုတ်ပေ။

“ချောကလက်ကို အင်္ဂလိပ်လိုဘယ်လိုပေါင်းလဲ”

“Chocolate, c-h-o-c-o-l-a-t-e ကျွန်တော်မှန်ရဲ့လား ဆရာပျမ်း”

“အင်း” ပျမ်းကျင်းယွမ် လုယွင်ဖေးက သူ့ကိုပြုံးပြုံးဖြင့်ပြောနေသည်ကိုတွေ့ကာ မျက်မှောင်ကြုတ်နေမနိုင်တော့ဘဲ သူ့မျက်လုံးများက ရွှင်မြူးဟန်အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

“အာ၊ တစ်ချက်လောက်” လီယွမ်ချင်း အနားတွင်ရပ်နေရင်း ဝင်ပြောလိုက်မိသည်။ “ငါမေးချင်တာရှိလို့၊ အားကစားကိုယ်စားပြုက ငါ့ကိုရေဘူးပေးထားတာ၊ လုယွင်ဖေး မင်းလိုသေးလားလို့”

လုယွင်ဖေး သူ့လက်ထဲကရေပုလင်းကို မြှောက်ပြလိုက်သည်။ “ငါ့မှာတစ်ခုရှိပြီးသား၊ မင်းအခြားတစ်ယောက်ကို ပေးလိုက်လို့ရတယ်”

“ဒါဆိုရင် ငါနောက်တစ်ခုမေးမယ်။ လုယွင်ဖေး မင်းငါ့ကိုရောလိုသေးရဲ့လား”

လီယွမ်ချင်းက သူ့ကိုတည့်တည့်စိုက်ကြည့်လာသည့်အခါ လုယွင်ဖေး ရယ်ချလိုက်မိသည်။ “ငါဒီမှာရပ်နေတာ သုံးမိနစ်လောက်ရှိပြီ။ ဒါပေမဲ့ မင်းက သူ့ကိုတော့ချောကလက်ကျွေးပြီးတော့ ငါ့ကိုမရှိသလိုသဘောထားနေတယ်”

“ငါသတိမထားမိလို့ပါ” လုယွင်ဖေး ပြောလိုက်သည်။ “မင်းက ဘာလို့ဘာမှမပြောတာလဲ”

“ငါက ဘယ်လိုပြောရမှာလဲ၊ ငါ့လည်းချောကလက်စားချင်လို့ ကျွေးပါလို့လား”

“ဒါဆိုရင်လည်း မင်းနောက်ကျသွားပြီ၊ တစ်ခုတည်းရှိတာ သူ့ကိုပေးလိုက်ပြီးပြီ” လုယွင်ဖေးက ပျမ်းကျင်းယွမ်ကို လက်ညှိုးထိုးပြလိုက်သည်။

လီယွမ်ချင်းခေါင်းခါလိုက်မိသည်။ “ငါးစိမ်းမြင်တော့ ငါးကင်ပစ်ဆိုတဲ့ စကားပုံကမမှားဘူးပဲ”
လုယွင်ဖေး သူ့ကိုနှစ်သိမ့်ပေးတော့မည့်အချိန်မှာပင် သူ့ဖုန်းမြည်သံကို ကြားလိုက်ရသည်။ လီယွမ်ချင်းက ဖုန်းကိုသူ့အိတ်ထဲကထုတ်ပြီး နာမည်ကိုကြည့်ရင်း ကမ်းပေးလိုက်သည်။ “နာမည်မမှတ်ထားဘူး”

လုယွင်ဖေး ဖုန်းကိုင်လိုက်သည်။ “ဟဲလို”

“ဟဲလို၊ ဒါက မစ္စတာလုလား။ မှာထားတဲ့ကိတ်ရပါပြီ။ အခု Yi အထက်တန်းကျောင်းရဲ့ ဂိတ်ဝမှာရောက်နေတာဆိုတော့ လာယူပေးလို့ရမလားမသိဘူး”

“ခဏလေးပါ၊ အခုထွက်လာခဲ့မယ်”

“အိုကေ”

လုယွင်ဖေး ဖုန်းချလိုက်ရင်း လီယွမ်ချင်းနှင့်ပျမ်းကျင်းယွမ်ကို ပြောလိုက်သည်။ “မင်းတို့အရင်သွားနှင့်ကြ၊ ငါတစ်ခုလုပ်စရာရှိလို့၊ ချက်ချင်းပြန်လာခဲ့မယ်”

“ဘာလုပ်မလို့လဲ” လီယွမ်ချင်းက မေးသည်။

“မင်းကို ပြီးရင်ပြောပြမယ်”

လုယွင်ဖေးက ထိုသို့ပြောကာ ပြေးထွက်သွားသည်။

လီယွမ်ချင်း ပြောစရာစကားမဲ့ကာ ကျန်ခဲ့ရသည်။ သူပျမ်းကျင်းယွမ်ကို လှမ်းပြောလိုက်သည်။ “သွားစို့”

လုယွင်ဖေး ကျောင်းဂိတ်ဝကို ပြေးထွက်လာသည်။ အားကစားပွဲတော်ချိန်ဖြစ်၍ အားကစားကိုယ်စားပြုခေါင်းဆောင်များက ချောကလက်များ၊ ရေဘူးများနှင့်သကြားလုံးများကို ထွက်ဝယ်တတ်ကြသည်။ ထို့ကြောင့် လုံခြုံရေးအရာရှိက အပြင်ထွက်မည့်ကျောင်းသားများကို နာမည်သာရေးခိုင်းပြီး ကျောင်းသားများကို လိုသလိုဝင်ထွက်ခွင့်ပေးထားသည်။

လုယွင်ဖေး သူ့နာမည်ကိုရေးပြီး ကျောင်းပြင်ကိုထွက်ကြည့်သည့်အခါတွင် သပ်ရပ်စွာဝတ်စားထားသည့် လူငယ်တစ်ဉီးက ကိတ်တစ်လုံးကိုသယ်ထားသည်ကို တွေ့လိုက်ရသည်။

သူလျှောက်သွားလိုက်ရင်း သူ့ဖုန်းနံပါတ်ကိုပြောကာ ထိုလူဆီမှကိတ်ကို ယူလိုက်သည်။

လုံခြုံရေးအစောင့်က သူကျောင်းထဲသို့ ကိတ်သယ်လာသည်ကိုမြင်ကာ စနောက်သည်။ “မင်းတို့အတန်းက အခြေအနေကောင်းနေပုံပဲ။ ကိတ်တွေဘာတွေနဲ့ ပွဲလုပ်ကြမလို့လား”

လုယွင်ဖေး ပြုံးလိုက်သည်။

ဂိတ်စောင့်က ဆိုလိုက်သည်။ “ဒါက နည်းနည်းတော့သေးနေတယ်။ မင်းတို့ ဘယ်လိုခွဲကြမှာလဲ။ တစ်ယောက်တစ်ကိုက်လား”

“ဟုတ်တယ်” လုယွင်ဖေး ???

“ဝိုင်တစ်ခွက်ကို အရင်က အတူသောက်ပြီးကြပြီဆိုတော့ အခုကိတ်ကိုခွဲကြမလို့။ ကျွန်တော်တို့အတန်းရဲ့စည်းလုံးမှုကို စစ်ဆေးမလို့လေ”

ဂိတ်စောင့်က ရယ်လိုက်သည်။ “ဒါဆိုရင် မြန်မြန်သွားတော့၊ အားကစားပွဲမှာ‌သွားပျော်တော့”

သူအားကစားကွင်းထဲ မသွားဘဲ ကျောင်း၏စာသင်ဆောင်ဘက် ဉီးတည်သွားလိုက်သည်။ သူစာသင်ခန်းများဘက် သွားနေစဉ် အလုပ်သမားကော်မတီခေါင်းဆောင်ကို ဖုန်းဆက်လိုက်သည်။ သူတို့က ကျောင်းသားများ၏တာဝန်များကို စည်းကျပ်ရသောကြောင့် နောက်ကျမှပြန်ရကာ နောက်နေ့တွင်လည်းစောစောလာဉီးမည်ဖြစ်၍ သူတို့တွင် သော့အပိုတစ်စုံရှိတတ်သည်။

မကြာခင်မှာပင် အလုပ်သမားကော်မတီခေါင်းဆောင်က ဖုန်းကိုင်သည်။

“ဟဲလို အခုပြောနေတာလုယွင်ဖေးပါ။ သော့ရှိလားလို့မေးချင်လို့၊ အတန်းထဲမှာ တစ်ခုမေ့ကျန်ခဲ့တာ။ အခုသွားယူချင်လို့ပါ”

“ငါ့မှာရှိတယ်၊ မင်းအခုဘယ်မှာလဲ”

“အတန်းအပြင်နားလေးမှာပဲ၊ ဒုက္ခပေးရလို့ အားနာပါတယ်”

“ရပါတယ်၊ ငါ့ကိုခဏစောင့်နေ လာခဲ့မယ်”

ထိုသူကပြောကာ ဖုန်းချလိုက်သည်။

လုယွင်ဖေး ကိတ်ကို အခန်းထောင့်တွင်ချကာ သော့လာပေးသည်ကိုစောင့်နေရင်း လေးဘက်လေးတန်ကို ကြည့်နေမိသည်။ ထိုအဆောက်အဉီးက လက်ချာအခန်းကဲ့သို့ ဒီဇိုင်းဆွဲထားသောကြောင့် အဆောက်အဉီးအလယ်တွင် ကြောင်လိမ်လှေကားတစ်ခုရှိသည်။ အလျှောများအစောင်းများကို အတက်အဆင်းမလုပ်ချင်သည့် ဆရာ/မများနှင့်ကျောင်းသားများအတွက် အဆင်ပြေသည်။ ထို့အပြင် အဆောက်အဉီး၏မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင်လည်း လှေကားများရှိသေးသည်။ ဟောပြောခန်းရှိတစ်ခုအပါအဝင် အဆောက်အအဉီးပေါ်တက်ရန် ဆယ်လမ်းလောက်ရှိသည်။ ထို့ကြောင့် လုယွင်ဖေး အလုပ်သမားခေါင်းဆောင်က မည်သည့်လမ်းမှလာမည်မှန်း မသေချာပေ။

သူလက်ရန်းကိုမှီကာ အောက်ငုံ့ကြည့်လိုက်သည်။ မကြာခင်တွင်ပင် အလုပ်သမားခေါင်းဆောင်ကို ကြောင်လိမ်လှေကားတွင် တွေ့ရသည်။ လုယွင်ဖေး လှေကားမှဆင်းကာဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဒီအတွက်အားလည်းနာတယ်”

“မလိုပါဘူး။ သွားစို့၊ ငါမင်းကို တံခါးဖွင့်ပေးမယ်”

“ရပါတယ်” လုယွင်ဖေး သူ့ကို ဘယ်လိုတံခါးဖွင့်ခိုင်းလို့ရမည်နည်း။ ထိုသို့ဆိုလျှင် သူ့အစီအစဉ်က အလုပ်ဖြစ်မည်မဟုတ်ချေ။ “ကိုယ့်ဘာသာပဲဖွင့်လိုက်တော့မယ်။ အခုမှပြေးပြီးတာဆိုတော့ နေလို့သိပ်မကောင်းလို့။ ဒီမှာခဏနားမလို့”

“ကောင်းပြီလေ” အလုပ်သမားခေါင်းဆောင်က သူ့ကိုသော့ပေးလိုက်သည်။ “ဒါပေမဲ့ အတန်းခေါင်းဆောင်ကို အရင်ပြောလိုက်ဉီး။ မဟုတ်ရင် ဆရာမအတန်းကိုလူစစ်တော့မှ မင်းမရှိဘူးဆိုတာသိရင် ဒုက္ခရောက်လိမ့်မယ်”

“ဟုတ်ကဲ့ ကျေးဇူးပါ”

“ငါသွားပြီ” အလုပ်သမားခေါင်းဆောင်က ပြောရင်း လှေကားမှဆင်းသွားတော့သည်။

လုယွင်ဖေး သော့ကိုင်ကာ လှေကားပေါ်ပြန်တက်သွားလိုက်သည်။ ကိတ်ကိုထောင့်မှပြန်ထုတ်ယူလိုက်ပြီး အခန်းထဲကိုဝင်လိုက်သည်။

ကိတ်ကိုစားပွဲပေါ်တင်လိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ ချောကလက်ကိတ်ကို “ဟက်ပီးဘက်ဒေး ပျမ်းကျင်းယွမ်” ဆိုသည့်စကားလုံးများနှင့် တွေ့ရသည်က ကျေနပ်အားရစရာပင်ကောင်းသည်။

လုယွင်ဖေး ဘူးထဲရှာကြည့်လိုက်သည့်အခါ ၁၇ ပုံစံနှင့် ဖယောင်းတိုင်တစ်ခုကိုတွေ့သည်။ သူဖယောင်းတိုင်ကို ကိတ်တွင်စိုက်လိုက်ကာ ပျမ်းကျင်းယွမ်ကို အသံမက်ဆေ့ပို့လိုက်သည်။

“ဟဲလို” ပျမ်းကျင်းယွမ်အသံက နဂိုအတိုင်း တည်ငြိမ်မှုအပြည့်ရှိနေသည်။

“ငါ မင်းကိုပြောစရာရှိတယ်။ စာသင်ခန်းထဲ လာခဲ့ဉီး”

ပျမ်းကျင်းယွမ်က စိတ်ရှုပ်သွားသော်လည်း “အင်း” ဟုပြန်ဖြေလိုက်သည်။

လုယွင်ဖေး ဖုန်းချလိုက်ပြီး ခဏတွေးလိုက်ပြီးမှ စာသင်ခန်းထဲက ကန့်လန်ကာများကို ချလိုက်သည်။ နေ့လည်အချိန်ဖြစ်နေသေးသောကြောင့် အခန်းက လုံးဝမမှောင်သေးသော်လည်း ယခင်လို မလင်းနေတော့ပေ။

သို့သော်လည်း ပတ်ဝန်းကျင်က အဆင်ပြေသွားသောကြောင့် နောက်ထပ်အစီအစဉ်ဆွဲရန် မလိုတော့ပေ။ လုယွင်ဖေး မီးခြစ်ထုတ်လိုက်ကာ ဖယောင်းတိုင်ကိုမီးညှိလိုက်သည်။

သူ လုပ်စရာများလုပ်အပြီးတွင် စာသင်ခန်းကို တစ်ခေါက်ထပ်ပတ်ကြည့်ပြီးမှ အဓိကလူရောက်လာရန် အနောက်တံခါးတွင်စောင့်နေလိုက်သည်။

ပျမ်းကျင်းယွမ် ရောက်လာရန်သိပ်ပင်မစောင့်လိုက်ရ။ သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲတွင်ထည့်ကာ အခန်းတံခါးနားရောက်သည့်အခါ ကန့်လန့်ကာများပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် များများစဉ်းစားမနေဘဲ ညာဘက်လက်ကိုမြှောက်ကာ တံခါးဖွင့်ရန်ရွယ်လိုက်သည်။ တံခါးဖွင့်ပြီးသည့်အခါ သူ့ရှေ့တွင် မီးတောက်တစ်ခုလင်းသွားသည်ကို မြင်လိုက်ရသည်။

ပျမ်းကျင်းယွမ်ပြန်မတုံ့ပြန်နိုင်ခင်မှာဘဲ သူ့နောက်ကအသံတစ်သံ ကြားရသည်။ “ဟက်ပီးဘက်ဒေး!”

သူချက်ချင်းနောက်လှည့်လိုက်ရာ လုယွင်ဖေးက တံခါးနောက်ကထွက်လာပြီး မျက်လုံးများကွေးညွှတ်သည်အထိ ပြုံးပြနေသည်။

ပျမ်းကျင်းယွမ် မလှုပ်မယှက်ဖြစ်သွားမိသည်။

လုယွင်ဖေးက သူ့နောက်ကတံခါးကိုပိတ်ရင်း ခပ်ပြုံးပြုံးပြောလိုက်သည်။ “မင်းဒါကိုမထင်ထားဘူးမလား။ အံ့ဩပြီးတော့ ပျော်သွားတယ်မလား”

သူအံ့ဩကာ စကားမပြောနိုင်ဖြစ်သွားရသည်တော့မှန်သည်။ ပျော်ရွှင်မှု…ဒါလည်းနည်းနည်းတော့ ခံစားရသည်။

သို့သော်လည်း “ဒီနေ့က ငါ့မွေးနေ့ဆိုတာ မင်းဘယ်လိုသိတာလဲ”

လုယွင်ဖေးက အကြောင်းပြချက်တစ်ခုရှာထားပြီးသားပင်။ “ဆရာမလီက ငါ့ကိုပြောတာ”

ပျမ်းကျင်းယွမ်က လီလိကို ရှာမေးမည်လို့တော့မထင်ချေ။ ထို့ကြောင့် ဆရာမကိုလွှဲချခြင်းက အိုင်ဒီယာကောင်းတစ်ခုပင်။

ထိုစကားကိုပျမ်းကျင်းယွမ်ကြားကာ မျှော်လင့်ထားသည့်အတိုင်း ထပ်မမေးလာချေ။

Yi အထက်တန်းကျောင်း၏အတန်းပိုင်များက ကျောင်းသားတိုင်း၏မွေးနေ့များကို သိသည်။ ထို့အပြင် ကျောင်းက ကျောင်းသားများကို ဂရုစိုက်ကြောင်းပြသရန် မွေးနေ့ရက်နားတွင် မွေးနေ့ဆုတောင်းကတ်များ ပေးတတ်သည်။ ပျမ်းကျင်းယွမ်က ယခင်နေ့တည်းက လီလိထံမှ မွေးနေ့ဆုတောင်းကတ်ရပြီးပြီဖြစ်သော်လည်း ထိုအချိန်တွင် လုယွင်ဖေးကမရှိပေ။ သူအိတ်ထဲချက်ချင်းထည့်လိုက်သောကြောင့် ထိုအကြောင်းကိုလည်းလုယွင်ဖေးမသိလိုက်။

လုယွင်ဖေး ပျမ်းကျင်းယွမ်က မလှုပ်မယှက်ဖြစ်နေသေးသည်ကိုတွေ့ကာ သူ့ကိုတွန်းလိုက်သည်။ “မင်းဘာလို့ဒီမှာရပ်နေသေးတာလဲ။ ဖယောင်းတိုင်ကိုမှုတ်လေ၊ ကိတ်စားရအောင်”

သူ့စကားကိုကြားပြီး ပျမ်းကျင်းယွမ်လည်း သူ့ခုံဆီသွားလိုက်သည်။

သူမှောင်လွန်းသည့်နေရာများကို မနှစ်သက်သောကြောင့် လုယွင်ဖေးကိုမေးလိုက်သည်။ “လိုက်ကာနည်းနည်းဖွင့်လိုက်လို့ရလား”

လုယွင်ဖေးက လိုက်ကာဖွင့်ဖွင့်၊ပိတ်ပိတ်အကြောင်းမဟုတ်၍ သူနှင့်လိုက်ကာလိုက်ဖွင့်ပေးလိုက်သည်။ နေရောင်ခြည်က တစ်ဖန်ထွန်းလင်းကာ အခန်းထဲအလင်းရောင်ဝင်လာသည်။ ပျမ်းကျင်းယွမ်လှည့်လိုက်စဉ်တွင် နေရောင်ခြည်အောက်တွင် လုယွင်ဖေးကို စွဲမက်ဖွယ်ကောင်းစွာတွေ့ရသည်။

သူ့ခုံဆီသူလျှောက်လာကာ လုယွင်ဖေးလည်း လိုက်ထိုင်လိုက်သည်။

ဖယောင်းတိုင်ကတောက်လောင်နေဆဲဖြစ်ရာ မီးရောင်က သူတို့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။

လုယွင်ဖေးက သူ့ကိုကြည့်လိုက်သည်။ “ဆုတစ်ခုတောင်းလိုက်ပြီး မီးမှုတ်လိုက်”

“ငါ့မှာ ဆုတောင်းစရာမရှိဘူး” ပျမ်းကျင်းယွမ်က ပြန်ပြောသည်။

လုယွင်ဖေးက သူ့တွင်လိုချင်တာမရှိခြင်းဟုသာ ထင်လိုက်သည်။ မနေ့က မွေးနေ့လက်ဆောင်လိုချင်သည်ကို မေးစဉ်က ဘာမှမလိုချင်ကြောင်းပြောသည်။ အခု ဆုတောင်းသည့်အခါတွင်လည်း တောင်းစရာမရှိကြောင်း ပြောသည်။ သူက ဘာမှမလိုချင်မတောင်းတသည့် သူတော်စင်တစ်ယောက်နီးပါးပင်။

“ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ဖြစ်ချင်တာမရှိဘဲနေမှာလဲ။ ငါကမင်းကို ဘာမှထုတ်ပြောခိုင်းတာလဲမဟုတ်ဘူး။ ဒီအတိုင်းဆုတစ်ခုကိုပဲတောင်းခိုင်းတာ”

ပျမ်းကျင်းယွမ်က ပြုံးလိုက်သည်။ သူ့အသံက စိတ်ရင်းမှန်နှင့်ပြောနေသည်ကို ခံစားရသည်။ “ငါ့မှာတကယ်ဘာဆန္ဒမှမရှိဘူး”

သူငယ်စဉ်က ဆုတောင်းခဲ့ဖူးသည်။ မွေးနေ့တိုင်းတွင် သူနှင့်သူ့အမေ ပျော်ရွှင်စွာနေထိုင်သွားရရန် ဆုတောင်းခဲ့သည်။ ကလေးဘဝထဲက အဖေမရှိခဲ့သည့်သူက အခြားကလေးများနှင့် ကွာခြားကြောင်းနားလည်ခဲ့သောကြောင့် သူ့အမေနှင့်ကောင်းကောင်းနေနိုင်ရန် မျှော်လင့်ခဲ့သည်။

ထိုဆန္ဒပြင်းပြမှုရှိခဲ့သော်လည်း အမေဖြစ်သူက သူ့ကိုထားသွားခဲ့သည်။

ကိုးနှစ်အရွယ်ပျမ်းကျင်းယွမ်က ကိတ်မုန့်ရှေ့တွင်ရပ်နေသော်လည်း ဘာဆုတောင်းရမည်မှန်းမသိခဲ့။ သူ့အတွက်ကိတ်မုန့်ကိုကြည့်ကာ ပျမ်းကျဲနှင့်ကျန်းဖန်းတို့၏ တိုက်တွန်းစကားများကြောင့် သူ့ဉီးလေးတို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြရန် ဆုတောင်းခဲ့သည်။

သို့သော်လည်း ကျန်းဖန်းက ထွက်သွားခဲ့သည်။

ထိုအချိန်မှစပြီး ပျမ်းကျင်းယွမ် ဆုတောင်းစကားတစ်ခွန်းမျှ မတောင်းမိတော့။

သူ့ဆုတောင်းများက အမြဲတမ်း ဆန့်ကျင်ဘက်သာဖြစ်လာသည်။ ဆုတောင်းတစ်ခုမျှမရှိခြင်းက အကောင်းဆုံးဆုတောင်းစကားဖြစ်လိမ့်မည်။

“မင်းတကယ် ဘာဆုမှမတောင်းဘူးလား” လုယွင်ဖေးက နှမြောမိသလို ခံစားရသည်။ “တစ်နှစ်မှတစ်ခါတည်းကို”

“ထားလိုက်တော့”

သို့သော်လည်း လုယွင်ဖေးက ထိုသို့မလုပ်ချင်ပေ။ သူက ပျမ်းကျင်းယွမ်ကိုသာ ဆက်တိုက်စိုက်ကြည့်နေသည်။

ပျမ်းကျင်းယွမ် ခဏတွေးလိုက်ပြီးမှ မေးကြည့်လိုက်သည်။ “မင်းမှာရောဆုတောင်းချင်တာရှိလား။ မင်းမှာရှိရင် တောင်းလိုက်လေ”

လုယွင်ဖေးက ထိုစကားကြားသည့်အခါ ရယ်လိုက်မိသည်။ “မင်းက ဘာတွေပြောနေတာလဲ။ မင်းမွေးနေ့ကို ငါကဘာလို့ဆုတောင်းရမှာလဲ”

“ငါ မင်းကိုခွင့်ပြုလို့” ပျမ်းကျင်းယွမ်က တည်ငြိမ်စွာပြန်ပြောသည်။

လုယွင်ဖေး ခေါင်းခါလိုက်သည်။ “ဒါကမသင့်တော်ဘူး”

“မသင့်တော်စရာမှမရှိတာ။ မင်းဆုတောင်းလိုက်” ပျမ်းကျင်းယွမ်က ကိတ်ကိုသူ့ဆီတွန်းပို့သည်။ “ငါ့ကိုကူဆုတောင်းပေးတယ်လို့ပဲ စဉ်းစားလိုက်”

ဒါက လုယွင်ဖေး တစ်ယောက်ယောက်ကို ကူ၍ဆုတောင်းစကားဆိုသည်ဟု ကြားရသည့်ပထမဆုံးအကြိမ်ပင်။ သူပျမ်းကျင်းယွမ်၏ အတည်ပေါက်ဖြင့်ပြောနေသည့်မျက်နှာကို ကြည့်လိုက်ကာ မေးလိုက်မိသည်။ “မင်းတကယ် ဆုမတောင်းတော့ဘူးလား”

“မင်းတောင်းလိုက်”

“မင်း တကယ်ကြီး ငါ့ကိုဆုတောင်းခိုင်းနေတာလား”

ပျမ်းကျင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။

လုယွင်ဖေး ထိုအကြောင်းတွေးလိုက်ပြီးမှ ဖယောင်းတိုင်ရှေ့တွင် လက်နှစ်ဖက်ကိုအုပ်ချီလိုက်သည်။ “ဒါဆိုရင် ငါတို့နှစ်ယောက်လုံးရဲ့ အနာဂတ်က ဖြောင့်ဖြူးပါစေလို့ ဆုတောင်းတယ်”

သူ့ဆုတောင်းစကားဆိုအပြီးတွင် ကိတ်ကို ပျမ်းကျင်းယွမ်ဘက် ပြန်တွန်းပို့လိုက်သည်။ “ငါဆုတောင်းပြီးပြီ၊ မင်းက အနည်းဆုံး ဖယောင်းတိုင်တော့မှုတ်သင့်တာပေါ့”

ပျမ်းကျင်းယွမ်က ဘာမှပြန်မပြောဘဲ ဖယောင်းတိုင်ကိုမှုတ်လိုက်သည်။ သူ့ကိုမေးလိုက်ဖို့လည်းမမေ့ပေ။ “မင်း မီးခြစ်ကိုဘယ်ကရတာလဲ။ ဆေးလိပ်မသောက်တတ်ဘူးမလား”

“ဧည့်ခန်းမှာ ငါ့အဖေဟာကို ဒီမနက်ယူလာတာ။” လုယွင်ဖေးက ပြုံးပြုံးနှင့်ဆိုလိုက်သည်။ “ဒီနေ့ ပြန်တော့ထားရဉီးမယ်”

ပျမ်းကျင်းယွမ်က ပြုံးကာ ဘာမှဆက်မပြောတော့။

“ကိတ်ခွဲလိုက်ဉီး” လုယွင်ဖေး သူ့ကို ကိတ်မုန့်လှီးဓား ကမ်းပေးလိုက်သည်။

ပျမ်းကျင်းယွမ်က သူ့ဆီက ကိတ်မုန့်ဓားကိုယူပြီး ကိတ်ကိုကြည့်လိုက်သည်။ ပျမ်းထင်နှင့်ပျမ်းကျဲမှလွဲပြီး တစ်ခြားလူတစ်ယောက်မှ မွေးနေ့ကိတ်ရသည့် ပထမဆုံးအကြိမ်ပင်။ ၁၇ ပုံစံဖော်ထားသည့်ဖယောင်းတိုင်ကို သေချာကြည့်လိုက်ပြီးမှ ဖယ်လိုက်ကာ ကိတ်မုန့်လှီးရန်ပြင်လိုက်သည်။

သူပထမဆုံးအစိတ်ကို လုယွင်ဖေးကို ပေးလိုက်သည်။

လုယွင်ဖေးက ငြင်းသည်။ “ပထမတစ်ခုက မင်းအတွက်ဖြစ်သင့်တယ်”

“မထူးပါဘူး” ပျမ်းကျင်းယွမ်က ပြောလိုက်သည်။

“ဒါဆိုရင် ဒီအတွက်နဲ့မငြင်းနေနဲ့တော့”

ထိုစကားကြားရသည့်အခါ ပျမ်းကျင်းယွမ်က နောက်တစ်စိတ်လှီးပြီး ကမ်းပေးလိုက်သည်။

ထိုအခါမှ လုယွင်ဖေးယူလိုက်ပြီး ပြောလိုက်သည်။ “ဟက်ပီးဘက်ဒေး”

“ကျေးဇူးပဲ”

စီနီယာများ စိတ်အားတက်ကြွစွာ ရုပ်သံလွှင့်နေသံက ပြတင်းပေါက်မှ ရံဖန်ရံခါပျံ့လွင့်လာသည်။ သို့သော်လည်း ဒုတိယနှစ်အတန်းတစ်၏အခန်းက တိတ်ဆိတ်နေသည်။ သူတို့နှစ်ယောက်လုံးက အေးအေးဆေးဆေး ကိတ်စားနေသောကြောင့်ပင်။

ပျမ်းကျင်းယွမ် ပြတင်းပေါက်မှတစ်ဆင့် အနားရှိအားကစားကွင်းကို လှမ်းကြည့်လိုက်မိသည်။ ကျောင်းသားများစွာက သူတို့အတန်းအတွက်သူတို့ စိတ်အားထက်သန်စွာ ယှဉ်ပြိုင်နေကြသည်။ လုယွင်ဖေးက သူတို့ကြားတွင်ရှိနေသင့်သော်လည်း သူ့ဘေးတွင်ထိုင်ကာ ကိတ်အတူစားနေသည်။

သူ့မိသားစုမှလွဲ၍ အခြားသူများနှင့် သူမွေးနေ့ကိုမဖြတ်သန်းဘူးချေ။ လုယွင်ဖေး တစ်ယောက်တည်းသာ။

ထိုခံစားချက်က ရှင်းပြ၍မရနိုင်အောင်ပင်ဖြစ်သောကြောင့် ပျမ်းကျင်းယွမ် လုယွင်ဖေးကို လှည့်ကြည့်လိုက်မိသည်။

လုယွင်ဖေးက သူ့ကိုနားမလည်သလို ပြန်ကြည့်သည်။ “ဘာလို့လဲ”

ပျမ်းကျင်းယွမ် သူ့ကိုပဲဆက်ကြည့်နေရင်း တစ်လောကလုံး သူတို့နှစ်ယောက်ပဲရှိနေသလို ခံစားမှုမျိုးရလိုက်မိသည်။

ခဏကြာပြီးမှ သူနူးညံ့စွာပြန်ပြောလိုက်သည်။ “ငါတို့ကြားမှာနည်းနည်းဝေးနေတယ်ဆိုတာ မင်းပြောနိုင်သင့်တယ်မလား”

လုယွင်ဖေး ကိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီးမှ ပြန်ဖြေသည်။ “ဒါဆိုရင်ရော ဘာဖြစ်လဲ”

ပျမ်းကျင်းယွမ် သူ့မျက်နှာကိုကြည့်ရင်း သူ့ကိုယ်သူပြန်မေးလိုက်မိသည်။ အဲ့ဒါဆိုရင်ရော ဘာဖြစ်လဲ။

သူငယ်ချင်းထားရသည်ကို သူတကယ်မကြိုက်ပေ။ အခြားသူများနှင့်နီးနီးကပ်ကပ်နေရသည်ကိုလည်း မကြိုက်သောကြောင့် လူအတော်များများကို သူငြင်းခဲ့သည်။ သို့သော်လည်း လုယွင်ဖေးကိုတော့ သူတစ်ခုမှမငြင်းမိခဲ့။ အဲ့ဒါဆိုရင်ရော ဘာဖြစ်လဲ။ သူ့ကိုယ်သူမေးလိုက်မိသည်။

လုယွင်ဖေးက သူ့အဖြေကိုစောင့်နေသလို ဖြည်းဖြည်းချင်းစားနေသည်။ သူ့အပြုအမူနှင့်သဘောထားက သဘာဝကျလွန်းသောကြောင့် ပျမ်းကျင်းယွမ်က မိုးလေဝသအကြောင်း ပြောလိုက်သလိုပင်ထင်ရသည်။

ပျမ်းကျင်းယွမ်သူ့ကိုသေချာကြည့်လိုက်ကာ ခဏတိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်းပြုံးလိုက်သည်။

သူ့အိတ်ကပ်ထဲက တစ်သျှူးတစ်ထုပ်ကို ထုတ်ပြီး တစ်ရွက်ဆွဲယူလိုက်သည်။ “ရော့ဒီမှာ။ မင်းပါးစပ်နားက ခရင်မ်ကိုသုတ်လိုက်ဉီး”

လုယွင်ဖေး အမြန်ယူသုတ်လိုက်သော်လည်း သုတ်သည့်နေရာနှင့်လွဲနေသည်။

“ဘယ်နားမှာလဲ”

ထို့ကြောင့် ပျမ်းကျင်းယွမ်လည်း သူ့လက်ထဲကတစ်သျှူးကိုယူကာ သူ့ကိုသုတ်ပေးလိုက်သည်။

သူ့လက်ထဲကကိတ်လို နူးညံ့သည်။

သူ့အတွေးကိုသူသတိထားမိလိုက်သည့်အခါ ပျမ်းကျင်းယွမ် မီးတို့ခံလိုက်ရသလို လက်ကိုချက်ချင်းပြန်ရုတ်လိုက်မိရင်း လက်ထဲကတစ်သျူးကို လုံးချေလိုက်မိသည်။

လုယွင်ဖေ၏နှုတ်ခမ်းများက အပြုံးတစ်ခုပေါ်လာသည်။

“ကျေးဇူးတင်ပါတယ်”

“ရတယ်”

ဒီအတိုင်းပဲထားရန် ပျမ်းကျင်းယွမ်တွေးလိုက်မိသည်။ အနည်းဆုံးတော့ သူလုယွင်ဖေးနှင့် အတူရှိရသည်ကို မမုန်းသလို လုယွင်ဖေးနှင့်နီးကပ်သည်ကိုလည်း သူမငြင်းဆန်နိုင်။

အသံလွှင့်ကြေငြာသံများကို ဆက်ကြားနေရကာ သူတို့နှစ်ယောက်လုံး တိတ်ဆိတ်စွာကိတ်ကိုသာ စားနေဖြစ်ကြသည်။ ယနေ့က ပျမ်းကျင်းယွမ်အတွက် ထူးခြားသည့်မွေးနေ့ပင်။ အိမ်တွင်လည်းမဟုတ်၊ စားသောက်ဆိုင်တွင်လည်းမဟုတ်ဘဲ ဆူညံသံများ၊အားပေးသံများ ညံနေသည့်ကြားထဲမှ သူနှင့်လုယွင်ဖေးက တိတ်ဆိတ်နေသည့်စာသင်ခန်းထဲတွင်သာ အေးအေးချမ်းချမ်းဖြတ်သန်းနေကြသည်။

ထိုအခိုက်အတန့်က သူတို့သာပိုင်ကာ ဆယ့်ခုနစ်နှစ်အရွယ်ပျမ်းကျင်းယွမ်၏ ပထမဆုံးနေ့လည်းဖြစ်သည်။

လုယွင်ဖေး အော်ဒါမှာထားသည့်ကိတ်က မကြီးသောကြောင့် သူတို့နှစ်ယောက်လုံး နှစ်စိတ်သုံးစိတ်စီ စားကြအပြီးတွင် ကုန်သွားခဲ့သည်။ ပျမ်းကျင်းယွမ် သူ့ဖုန်းကအချိန်ကို ကြည့်လိုက်မိသည်။ သူအချိန်ပိုင်းအလုပ်သွားရတော့မည်ပင်။

“မင်းက မွေးနေ့မှာတောင် အလုပ်သွားဉီးမလို့လား” လုယွင်ဖေးက ထိုသူကအလုပ်လုပ်လွန်းသည်ဟုထင်သည်။ “ဒီနေ့တော့ နားလိုက်ရင်ရော”

“နားရင်တောင် ငါ့မှာဘာမှလုပ်စရာမရှိဘူး။ နားဖို့ မလိုပါဘူး” ပျမ်းကျင်းယွမ်က အေးအေးဆေးဆေးပြန်ဖြေကာ ကိတ်မုန့်ဘူးကိုကောက်လိုက်သည်။

ထို့ကြောင့် လုယွင်ဖေးလည်း ထိုအကြောင်းကိုမတိုက်တွန်းတော့ဘဲ ဆိုလိုက်သည်။ “ဒါဆိုရင် နေ့လည်ကျရင် ပြန်လာခဲ့။ ငါမင်းကိုဝယ်ကျွေးမယ်လေ။ မင်းမွေးနေ့ဆိုတော့ ကောင်းတာတစ်ခုခုစားသင့်တာပေါ့”

“ငါမင်းကိုကျွေးမယ်။” ပျမ်းကျင်းယွမ်က ပြန်ပြောလိုက်သည်။ “မွေးနေ့ရှင်ကပဲ  ကျွေးသင့်တာမဟုတ်ဘူးလား။ ငါမင်းကိုဝယ်ကျွေးမယ်”

“ဟမ်” ဒါကသူတွေးထားသလိုမဟုတ်နေပေ။ လုယွင်ဖေး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။ “ဒါဆိုရင် ကန်တင်းမှာစားမယ်လေ။ သန့်ရှင်းသပ်ရပ်ပြီး အဆင်လည်းပြေတယ်”

ပျမ်းကျင်းယွမ်က သူ့ကိုလှည့်ကြည့်ကာ ပြုံးလိုက်သည်။ “ကောင်းတာတစ်ခုခုစားရအောင်”

“ကန်တင်းကလည်းမဆိုးပါဘူး။ ဒီမှာပဲစားရအောင်။ ငါတို့တစ်ခြားနေရာသွားဖို့လည်း အချိန်ရှိမှာမဟုတ်ဘူး”

ပျမ်းကျင်းယွမ်က သူ့ကိုဖျောင်းဖြချင်သေးသော်လည်း သေချာတွေးပြီးသည့်အခါ မငြင်းတော့ဘဲသဘောတူလိုက်သည်။ “ကောင်းပြီလေ”

“ဒါဆိုရင် မင်းနေ့လည်ပြန်လာရင် ငါ့ကိုဖုန်းခေါ်လိုက်”

“အိုကေ”

“ဒါဆိုရင်တော့ ဖုန်းနံပါတ်လဲရအောင် ငါ့ရဲ့ထိုင်ခုံဖော်ကြီး” လုယွင်ဖေး သူ့လက်ထဲကဖုန်းကို ယမ်းပြလိုက်ရင်း သူ့မျက်လုံးများက တလက်လက်တောက်ပနေသည်။

ထိုအခါမှ ပျမ်းကျင်းယွမ်လည်း သူ့တွင်လုယွင်ဖေးဖုန်းနံပါတ် မရှိသည့်အကြောင်း သတိရသည်။ သူနံပါတ်များပြောလိုက်သည်ကို လုယွင်ဖေးက မှတ်လိုက်သည်။ ထို့နောက် မကြာမီ ပျမ်းကျင်းယွမ်ဖုန်းကမြည်လာသည်။ သူတစ်ချက်ကြည့်လိုက်ပြီး ဖုန်းချကာ လုယွင်ဖေးဖုန်းနံပါတ်ကို မှတ်လိုက်သည်။

နှစ်ယောက်သား သန့်ရှင်းရေး လုပ်ကြပြီးမှ ပျမ်းကျင်းယွမ်က အချိန်ပိုင်းအလုပ်သို့သွားသည်။ ထိုအချိန် လုယွင်ဖေးက ဈေးဝယ်ဆန်တာကို သွားလိုက်သည်။

သူပျမ်းကျင်းယွမ်၏မွေးနေ့အကြောင်း မနေ့ကမှကြားခဲ့ရသောကြောင့် မနက်နိုးနိုးချင်း ကိတ်ကိုသာမှာလိုက်ရကာ သူ့တွင် လက်ဆောင်ပြင်ရန်အချိန်မရခဲ့ပေ။ လုယွင်ဖေး သော့ကို အလုပ်သမားခေါင်းဆောင်ကို ပြန်အပ်လိုက်ပြီး တက္ကစီတစ်စီးငှားသွားလိုက်သည်။

လုယွင်ဖေး ပျမ်းကျင်းယွမ်ကို လက်ပတ်နာရီတစ်လုံးဝယ်ပေးရန် စိတ်ကူးထားသည်။ ယခုအချိန် အထက်တန်းကျောင်းသားများက သုံးရက်တစ်ကြိမ် စာမေးပွဲအသေးတစ်ခု၊ ငါးရက်တစ်ကြိမ် စာမေးပွဲကြီးတစ်ခုဖြေနေရသည်။ လူတိုင်းတွင်နာရီရှိသော်လည်း ပျမ်းကျင်းယွမ်တွင် မရှိချေ။ သူ့အမှတ်ကကောင်းသည့်အပြင် သူမေးခွန်းများဖြေပြီးချိန်တွင် အချိန်များကျန်သေးသောကြောင့် သူက နာရီဝယ်ဖို့လိုသည်ဟုမထင်ပေ။ သို့သော်လည်း လုယွင်ဖေးက သူ့တွင်နာရီတစ်ခုရှိသည်နှင့် ထိုနာရီကို အသုံးပြုခြင်းက မတူသည့်ကိစ္စများဟု ထင်သည်။ နာရီလိုအသုံးအဆောင်မျိုးက လိုအပ်သည်။

လုယွင်ဖေး သူ့အကြိုက်ဆုံးတံဆိပ်မှ တစ်ခုဝယ်ယူရန် အစကတွေးလိုက်မိသော်လည်း ဈေးအနည်းဆုံးကပင် အနည်းဆုံးဂဏန်းငါးလုံးလောက်ရှိသည်။ သူထိုလောက်ဈေးကြီးပင်ကြီးသော်ငြား ပေးနိုင်သော်လည်း ပျမ်းကျင်းယွမ်က လက်ခံလောက်မည်မဟုတ်။ ထို့ကြောင့် လုယွင်ဖေးက သုံးရာမှငါးရာအကြား နာရီတစ်လုံးဝယ်သည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

သူနာရီရွေးသည့်အချိန်က မကြာလိုက်ပေ။ မကြာခင်တွင် သူရွေးလိုက်သည့်နာရီကို ထုပ်ပိုးပေးကာ သူလည်းကျောင်းကိုပြန်သွားလိုက်သည်။

ပျမ်းကျင်းယွမ်က သူရောက်ပြီးမိနစ်အနည်းငယ်အကြာတွင် ရောက်လာကာ သူကန်တင်းကိုလာနေကြောင်း ပြောသည်။

လုယွင်ဖေးက ကန်တင်းတွင် ထိုင်နေပြီဖြစ်သည်။ သူ့ကိုတွေ့သည့်အခါ လက်ယမ်းပြလိုက်သည်။

ပျမ်းကျင်းယွမ်က လျှောက်လာရင်းမေးသည်။ “ဘာစားချင်လဲ”

“မာလာဟော့ပေါ့ဆိုရင်ရောဘယ်လိုလဲ”

ပျမ်းကျင်းယွမ်ကလည်း ထိုသည်ကိုတွေးနေခြင်းပင်။ ကျောင်းကန်တင်းတွင် ဈေးအကြီးဆုံးအစားအစာက မာလာဟော့ပေါ့ဖြစ်သောကြောင့်လည်းဖြစ်သည်။

“ဒါဆို အစာတွေသွားရွေးရအောင်”

“အိုကေ”

လုယွင်ဖေးနှင့်သူ မာလာဟော့ပေါ့အတွက် အစားအစာများရွေးရန် စင်ဆီသွားကာ အသားနှင့်အသီးအရွက်အချို့ကို ရွေးလိုက်သည်။ လုယွင်ဖေးက အစာများရွေးနေဆဲဖြစ်သည်ကိုတွေ့ကာ သူမေးလိုက်သည်။ “မင်းဘာသောက်ချင်လဲ”

“ကိုလာ”

“အိုကေ” ပျမ်းကျင်းယွမ်က ဆိုလိုက်သည်။ ထို့နောက် သူရွေးပြီးသည်နှင့် သူတို့ပန်းကန်နှစ်ခုလုံးကို အလေးချိန်ရန်တင်လိုက်သည်။ ဈေးဆိုင်ရှင်ဉီးလေးကြီးက အလေးချိန်ကိုကြည့်ရင်း ကျသင့်ငွေကို ပြောပြသည်။ လုယွင်ဖေး သူမှာထားသည်ကများနေသည်ဟု တွေးမိပြီး ပြတင်းပေါက်ကိုဖွင့်ကာ ထိုဉီးလေးကြီးကိုမေးလိုက်သည်။ “နည်းနည်းလောက် ပြန်ထားလို့ရလား”

ထိုအန်ကယ်က ရယ်သည်။ “မင်းတို့ကယောင်္ကျားလေးတွေပဲ။ မင်းတို့နည်းနည်းပဲစားရင် ဗိုက်ဝမှာမဟုတ်ဘူး”

ပျမ်းကျင်းယွမ်က သဘောတူသည်။ “ဟုတ်တယ်”

သူ ထိုဉီးလေးကိုကြည့်လိုက်သည်။ “ဒါအကုန်ပဲထည့်လိုက်ပါ။ ပြီးတော့ စပ်စပ်လေး”

“ကောင်းပြီ”

လုယွင်ဖေး သူ့ကို စိတ်ပျက်လက်ပျက် ပြန်ကြည့်လိုက်မိသည်။ ကောင်းပြီလေ၊ ပျမ်းကျင်းယွမ်ရဲ့ဒီနေ့ရတဲ့ငွေက ဘာမဟုတ်တာတွေဆီကို ရောက်သွားတာပဲ။ ဒီဟာကိုဝယ်လို့လောက်မှာတောင်မဟုတ်ဘူး။ ဟူး၊ သူသာသိခဲ့ရင် မာလာဟော့ပေါ့ကို မှာခဲ့မိမှာမဟုတ်ဘူး။ ဈေးကြီးလွန်းတယ်။

ပျမ်းကျင်းယွမ် သူ့ကတ်ကိုပွတ်ဆွဲလိုက်ကာ အအေးဝယ်ရန်ပြင်လိုက်သည်။ “မင်းရဲ့အစားအသောက်ဝယ်ဖို့ကတ်ကို ငွေဖြည့်ပြီးပြီလား။ ငါအအေးသွားဝယ်ဖို့လမ်းမှာ တစ်ခါတည်းငွေသွားဖြည့်မလို့”

“အိုကေ” လုယွင်ဖေး သူ့ကတ်ထဲတွင် လက်ကျန်ငွေကို မမှတ်မိသော်လည်း ငွေဖြည့်ခြင်းက အကျိုးမရှိတာတော့မဟုတ်ပေ။ သူ့ကတ်ကို ပျမ်းကျင်းယွမ်ကို ကမ်းပေးလိုက်သည်။ “ငါ့ကိုတစ်ရာလောက်ငွေကူဖြည့်ပေးခဲ့ပါ”

သူကပြောရင်း သူ့ဖုန်းကိုထုတ်ကာ ပျမ်းကျင်းယွမ်ကို we chat မှတစ်ဆင့် စာအိတ်နီတစ်လုံးပို့လိုက်သည်။

ပျမ်းကျင်းယွမ် ထိုစာအိတ်နီကိုလက်ခံလိုက်ကာ ကတ်ငွေဖြည့်သည့်နေရာသို့ သွားလိုက်သည်။

သူ့ကိုယ်ပိုင်ကတ်ကို ငွေတစ်ရာဖြည့်ရင်း လုယွင်ဖေးကတ်ကို ငွေနှစ်ရာဖြည့်လိုက်သည်။ ကတ်ငွေဖြည့်ရသည့်အန်တီကြီးက ငွေနှစ်ရာဖြည့်ပြီးကြောင်းပြောသည့်အခါ လုယွင်ဖေးဘက်ကိုကြည့်လိုက်ရာ သူကထိုင်ခုံတစ်ခုရှာထိုင်နေကာ ဖုန်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

ပျမ်းကျင်းယွမ် လုယွင်ဖေးကို ကောင်းကောင်းကျွေးရန် စဉ်းစားခဲ့သော်လည်း လုယွင်ဖေးက ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ လူများနှင့် ရင်းရင်းနှီးနှီးဖော်ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူတစ်ယောက်အတွက် အချို့နေရာများတွင် အံ့အားသင့်လောက်အောင် သူကအထိမခံပေ။ ထို့ကြောင့် သူပိုက်ဆံပေးလိုက်ရန်သာဆုံးဖြတ်လိုက်သည်။ သူလည်း ဝယ်စားချင်တာဝယ်စားနိုင်သည်။ ပိုက်ဆံကမများသော်လည်း သူ့အချိန်ပိုင်းအလုပ်၏နှစ်နေ့ခင်းစာလောက် ရှိသည်။

ကတ်များငွေဖြည့်ပြီးနောက်တွင် ပျမ်းကျင်းယွမ် ဆိုင်မှအအေးနှစ်ပုလင်း ဝယ်လိုက်သည်။

သူပြန်ရောက်လာပြီး လုယွင်ဖေးကို သူ့ကတ်သူပြန်ပေးလိုက်သည်။ လုယွင်ဖေးက မေးလာသည်။ “ငါ့ကတ်ထဲမှာဘယ်လောက်ကျန်တာလဲ”

ပျမ်းကျင်းယွမ် ခဏမျှ မလှုပ်နိုင်ဘဲတောင့်တင်းသွားရကာ မျက်တောင်မခတ်ဘဲ ပြန်ဖြေလိုက်သည်။ “မမေးမိလိုက်ဘူး”

“အိုး” လုယွင်ဖေးက ဘာမှများများမတွေးလိုက်ပေ။ “ငါ့ကတ်ထဲမှာ ဘယ်လောက်ကျန်လဲဆိုတာ မေ့သွားလို့ မေးလိုက်တာ။ အခုတော့ ငါ့မှာအနည်းဆုံး တစ်ရာရှိတယ်ဆိုတာတော့သိပြီပေါ့”

ပျမ်းကျင်းယွမ် သူ့ပင်ကိုယ်စရိုက်အရ ကတ်ထဲတွင် ဘယ်လောက်ကျန်မှန်း မသိသည်ကို မှန်းလိုက်မိသည်။ ထို့ကြောင့် သူပြုံးလိုက်ရင်း ဆိုလိုက်သည်။ “တစ်ရာထက်တော့ပိုမှာပဲ။ ငါမင်းကတ်ကို ငွေဖြည့်တော့ အန်တီက မင်းမှာငွေလက်ကျန်များသေးတာပဲ ဆိုပြီးပြောလိုက်သေးတယ်”

“ကောင်းတယ်၊ ငါထင်တာထက် အခြေအနေကောင်းတယ်” လုယွင်ဖေးက သံသယမရှိဘဲ ပြုံးလိုက်သည်။

ပျမ်းကျင်းယွမ် သူ့အပြုံးကိုတွေ့ပြီး သူလည်းအင်းဟု တိုးတိုးဆိုလိုက်ကာ ဘာမှဆက်မပြောမိတော့။

လူငယ်သံယောဇဉ်က ဖြူစင်ရိုးသားသည်။ အတန်းအစားခွဲခြားမှုမရှိသလို အတုအယောင်ဟန်ဆောင်မှုများလည်းမရှိပေ။ စစ်မှန်မှုအပြည့်ရှိကာ တစ်ယောက်ယောက်နှင့်တစ်ယောက် ဘာမှပြန်မတောင်းဘဲ စေတနာထားကာ အကူအညီပေးကြသည်။

လုယွင်ဖေးက ထိုသို့ဖြစ်ကာ ပျမ်းကျင်းယွမ်ကလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

ကျောက်ယောင်နှင့်ကျန်းဝေ ကျောင်းကန်တင်းသို့ စားစရာဝယ်ရန်ရောက်လာစဉ်တွင် လုယွင်ဖေးနှင့်ပျမ်းကျင်းယွမ်တို့အတူ မာလာဟော့ပေါ့ စားနေသည်ကိုတွေ့ရသည်။ ကျောက်ယောင် လုယွင်ဖေးကို တစ်ချက်ချောင်းလိုက်ပြီးမှ အအေးနှင့်မုန့်ဝယ်ရန် သွားလိုက်သည်။

သူ(မ)အအေးဝယ်ပြီးပြန်လာသည့်အခါတွင် ကျန်းဝေက သူ(မ)ကို လှမ်းဆွဲသည်။ သူ(မ)မေးပင့်ရင်းမေးကြည့်လိုက်စဉ်တွင် ကျန်းဝေက လုယွင်ဖေးဘက်ကိုကြည့်ရန် အချက်ပြလိုက်သည်။

ကျောက်ယောင်လည်း ထိုဘက်သို့ကြည့်လိုက်သည်။ လုယွင်ဖေးက ပျမ်းကျင်းယွမ်ကို လေးထောင့်ဘူးတစ်ဘူးပေးလိုက်သည်ကို တွေ့ရသည်။ ပျမ်းကျင်းယွမ်က အစကယူရန်ငြင်းနေသေးသော်လည်း လုယွင်ဖေးက တစ်ခုခုပြောလိုက်အပြီး နောက်ဆုံးတွင် လက်ခံလိုက်ရသည်။

“ပျမ်းကျင်းယွမ်က စိတ်ဝင်စားဖို့ကောင်းတယ်” ကျန်းဝေက တစ်ခုခုကိုသိနေသလို လှမ်းပြောသည်။ “သူ့ကိုစာမေးတဲ့အခါတိုင်း ငါ့ကိုမရှိသလိုပဲသဘောထားတယ်။ အခုလုယွင်ဖေးနဲ့ အတူစားနေတာကို ကြည့်ပါဉီး။ စာလည်းကူစစ်ပေးသေးတယ်။ ဒါဘာလို့လဲဆိုရင် သူ့ဆီက တစ်ခုခုရချင်လို့ပဲ”

ကျောက်ယောင်က ထိုစကားကိုကြားပြီး မျက်မှောင်ကြုတ်မိသည်။ “မဖြစ်နိုင်တာ။ ပျမ်းကျင်းယွမ်က အဲ့လိုလူမှမဟုတ်တာ”

“ဒါဆိုရင် သူကလုယွင်ဖေးကိုတော့ ကူညီပြီး အခြားသူတွေကို မကူညီပေးရတဲ့အကြောင်းရင်းကို နင်ရှင်းပြလေ။” ကျန်းဝေ က မကျေနပ်ချက်များ တရစပ်ဆက်ပြောသည်။ “လုယွင်ဖေးက သူ့ခုံဖော်မလို့လို့တော့ ငါ့ကိုမပြောနဲ့။ ငါသူ့ကိုလိုက်ဖူးတော့ သူ့အကြောင်း နင့်ထက်ပိုသိတယ်။ ပထမနှစ်က အတန်းခေါင်းဆောင်က သူ့ကိုထိုင်ခုံဖော်အတော်များများနဲ့ တွဲပေးဖူးသေးတယ်။ သူကဘယ်တစ်ယောက်ကိုများ သေချာတောင်ကြည့်ဖူးလို့လဲ။ အင်းလေ လုယွင်ဖေးရဲ့ချမ်းသာကြွယ်ဝမှုကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ အခုပဲကြည့်ပါလား လုယွင်ဖေးက သူ့ကိုတစ်ခုခုပေးနေတာ။ အခုလောက်ဆိုရင် လုယွင်ဖေးက သူ့ကို ဘယ်လောက်များများတောင်ပေးထားပြီးပြီလဲ မသိဘူး”

ကျောက်ယောင်မျက်မှောင်ကိုပိုကြုတ်လိုက်မိသည်။

သူတို့စကားပြောနေကြစဉ် ပျမ်းကျင်းယွမ်က လက်ဆောင်ကိုဖြေလိုက်သည်။

ကျန်းဝေ သူဖွင့်လိုက်သည်ကိုတွေ့ကာ လုယွင်ဖေးဝယ်လာသည်ကိုကြည့်ရန် လည်ပင်းကိုဆန့်လိုက်သော်လည်း သေချာမမြင်ရချေ။ “ထားလိုက်တော့” သူ(မ)သက်ပြင်းချလိုက်မိသည်။ “သွားစို့။ ငါတို့က လုယွင်ဖေးလောက်မှလည်း မချမ်းသာတာ။ လူဆင်းရဲတွေက ကျောင်းရဲ့အချောဆုံးနဲ့ သူငယ်ချင်းမဖြစ်နိုင်ဘူး”

“အဲ့လိုမျိုးတော့မပြောပါနဲ့” ကျောက်ယောင်က သတိပေးလိုက်သည်။

“အိုကေ အိုကေ အိုကေ” ကျန်းဝေက ဆက်ပြောလိုက်သည်။ “ငါ ပျမ်းကျင်းယွမ်ကို ဒီလိုလူလို့မထင်ထားလို့ပါ။ ဒါပေမဲ့ လုယွင်ဖေးကလည်း ဂရုမစိုက်တာဖြစ်နိုင်တယ်။ သူကချမ်းသာတော့ သူ့အစွမ်းအစနဲ့ ဆင်းရဲတဲ့သူကို ကူပေးတာလည်းဖြစ်မှာပေါ့”

ထိုစကားလုံးများကိုကြားကာ ကျောက်ယောင်၏နှလုံးသားက နှစ်မြုပ်သွားရသည်။

သူ(မ)က လုယွင်ဖေးကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ရင်း ကျန်းဝေကို ကန်တင်းမှဆွဲခေါ်သွားတော့သည်။

ပျမ်းကျင်းယွမ် နာရီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ လုယွင်ဖေးက သူ့မွေးနေ့ကို ကိတ်ဝယ်ကာ ထမင်းတစ်နပ်စားရင်းသာ ဖြတ်သန်းမည်ဟု ထင်ထားခဲ့သည်။ မွေးနေ့လက်ဆောင်တစ်ခုပါ ရှိနေမည်ဟု ထင်မထားခဲ့။

“ဒါက ဈေးများလား”

လုယွင်ဖေးက ခေါင်းခါပြလိုက်သည်။ “ငါမင်းကို ဈေးကြီးတဲ့တစ်ခု ဝယ်ပေးချင်တာ။ ဒါပေမဲ့ မင်းလက်မခံမှာစိုးလို့ ဈေးနည်းတဲ့ဟာပဲ ဝယ်လာတာ”

သူကြာစွယ်တစ်ခုကိုစားကာ မထူးခြားသလိုပြောလိုက်သည်။ “တစ်ရာနှစ်ရာလောက်ထိ ဈေးချထားတာတွေရှိတယ်။ မင်း ငါ့မွေးနေ့ထိစောင့်ပြီးမှ ကျေအောင်လက်ဆောင်ပြန်ဝယ်ပေးလို့ရတယ်”

“တကယ် တစ်ရာနှစ်ရာအတွင်းပဲလား”

အမှန်တော့မဟုတ်ပေ။ အမှန်တကယ်ဈေးက ငါးရာကျသော်လည်း လုယွင်ဖေးက တစ်ရာနှစ်ရာနှင့် ငါးရာအကြား သိပ်မကွာဟု ထင်သည်။

သူအရှက်မဲ့စွာ ခေါင်းညိတ်ပြလိုက်ကာ ထိုလက်ဆောင်ဘူးဘေးတွင် လက်ကိုချရင်း သူ့နာရီကိုပြလိုက်သည်။ “လက်ရာနဲ့ပစ္စည်းတွေကို ယှဉ်ကြည့်ပါလား။ ဒီလောက်ကွာနေတာကို။ နာမည်ကြီးတံဆိပ်မဟုတ်ဘူးဆိုတာ ချက်ချင်းပြောနိုင်တယ်”

ပျမ်းကျင်းယွမ် နာရီနှစ်လုံးကိုယှဉ်ကြည့်လိုက်ပြီး ကွဲပြားအောင်ကြည့်ပြီးမှ နောက်ဆုံး စိတ်အေးလက်အေးဖြစ်သွားရသည်။

သူ လေးထောင့်ဘူးထဲမှနာရီကို ယူကာ ဘယ်ဘက်လက်ကောက်ဝတ်တွင် ပတ်လိုက်သည်။ “အချိန်ကိုကြည့်လို့ရရင်ပြီးတာပဲ”

“မင်းအဲ့လိုပဲပြောမယ်ဆိုတာ ငါသိတယ်”

“နောက်ထပ် ဘာအတွက်ရောဖြစ်နိုင်မှာလဲ”

“တန်ဆာဆင်ဖို့” လုယွင်ဖေးကပြောလိုက်သည်။ “လက်ပတ်နာရီကနေ အဆင့်အတန်းကိုလည်းပြောနိုင်တယ်”

“ရပါတယ်” ပျမ်းကျင်းယွမ်က မထူးခြားသလိုပြောသည်။ “ငါ့မှာတစ်ခုမှလည်းရှိဖူးတာမဟုတ်ဘူး”

လုယွင်ဖေးက ထိုစကားကိုမကြိုက်ပေ။

သူပျမ်းကျင်းယွမ်ကိုကြည့်ရင်း တွေးဆစွာပြောလိုက်သည်။ “ဒီကျောင်းက ထိပ်ဆုံးကျောင်းသားတွေအကုန်လုံးက လူ့အဖွဲ့အစည်းမှာ ထိပ်တန်းတွေ ဖြစ်လာကြတာကြီးပဲ။ မင်းလိုထိပ်ဆုံးတွေထဲမှာထိပ်ဆုံးဖြစ်နေသူက အံ့အားသင့်ဖို့ကောင်းတဲ့တစ်ယောက်ဖြစ်လာမှာပဲ”

“မင်းကတော့ ငါ့အကြောင်းအရမ်းသေချာနေတာပဲ”

“မင်းကရော မသေချာဘူးလား” လုယွင်ဖေး ပြန်မေးလိုက်သည်။

ပျမ်းကျင်းယွမ်က ပြုံးသည်။ “သေချာတာပေါ့”

သူ လုယွင်ဖေးနဲ့ မျက်လုံးချင်းဆုံလိုက်သည်။ သူ့ရည်မှန်းချက်နှင့်စိတ်အားထက်သန်မှုက အကြည့်တစ်ချက်နှင့် မဖော်ပြနိုင်ပေ။ “မဟုတ်လို့ရှိရင် ဒီကျောင်းကိုဘာလို့လာပါ့မလဲ”

“ဒါတော့ဟုတ်ပါတယ်” လုယွင်ဖေး ပြုံးလိုက်မိရင်း ခေါင်းငုံ့စားလိုက်သည်။ “မင်းရဲ့အနာဂတ်က အောင်မြင်မယ်ဆိုတာ လူတွေအကုန်သိတာပဲ။ ဒါကြောင့်မလို့ မင်းနာရီကို တစ်နေ့ကျရင် လဲရမှာ”

ပျမ်းကျင်းယွမ်က လက်ကောက်ဝတ်ကနာရီကို ငုံ့ကြည့်လိုက်ကာ နူးညံ့တိုးတိတ်စွာဆိုသည်။ “ဒါကတော့ မမှန်ဘူး”

လုယွင်ဖေးက သေချာမကြားလိုက်ရသောကြောင့် မေးလိုက်သည်။ “ဘာပြောလိုက်တာလဲ”

“ဘာမှမဟုတ်ပါဘူး။ စားရအောင်”

လုယွင်ဖေး ထပ်မမေးမိတော့ဘဲ အိုးထဲကအစာတွေအကုန်စားလိုက်သည်။

စားပြီးကြပြီးနောက် လုယွင်ဖေးနှင့်ပျမ်းကျင်းယွမ် အားကစားကွင်းသို့ ပြန်သွားကြသည်။

နေ့လည်ခင်းကကစားပွဲများက စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ လုယွင်ဖေး ပွဲများကိုကြည့်နေရင်း ဝမ်မင်ယိကိုအားပေးရန်ပြင်ချိန်မှာပင် သူ့အတန်းဖော် ဆွန်းရန်က ခေါ်လိုက်သံကို ကြားရသည်။

“ဘာဖြစ်လို့လဲ” လုယွင်ဖေးက မေးလိုက်သည်။ “ငါပွဲကြည့်တော့မလို့ပဲ”

“မင်းရဲ့အချိန်လေး နည်းနည်းပဲဖဲ့ယူမှာပါ၊ စိတ်မပူနဲ့”

“ဘာအကြောင်းလဲ” လုယွင်ဖေး သူစိတ်တင်းကျပ်နေသလို ခံစားရသည်။

“လူတစ်ယောက်က မင်းကိုရှာနေတယ်”

“ဘယ်သူလဲ”

“သူတို့ဒီကိုရောက်ရင် မင်းသိမှာပါ”

ဆွန်းရန်က သူ့ကိုပြောရင်း ပြုံးလိုက်သည်။ “လုယွင်ဖေး နင်ကတော်တော်လူကြိုက်များတာပဲ”

လုယွင်ဖေး သူ(မ)ကိုနားမလည်နိုင်သလို ကြည့်ကာ အကြောင်းရင်းကိုမေးတော့ပြုသည့်အချိန်၌ပင် သူ့အသိစိတ်က နိုးထလာသည်။ နေပါဉီး မဖြစ်နိုင်တာ။ တစ်ယောက်ယောက်က သူ့ကိုများ ကြိုက်နေတဲ့အကြောင်း ဝန်ခံတော့မှာလား။ ဘုရားသခင်။ သူတို့က ခုမှဒုတိယနှစ်ပဲရှိသေးတာ၊ စာလုပ်သင့်တယ်မဟုတ်ဘူးလား။

ထို့နောက် သူ ကျောက်ယောင်ကို အားကစားကွင်းပြင်က သစ်ပင်ရိပ်အောက်တွင် တွေ့လိုက်ရသည်။

I'm sure most of you know marlar hotpot but I'm hungry so you guys should too


(Zawgyi)

လုယြင္ေဖး ကဲ့ရဲ႕ရႈတ္ခ်သလိုႏွာေခါင္းရႈံ႕လိုက္သည္။ “မင္းနဲ႔အတူ ညဘက္က်ရင္ ဘယ္သူကအတူေစာင့္ေနေပးေနတာလဲ။ ဘယ္သူက မင္းအတြက္ သီခ်င္းဆိုေပးတာလဲ။ ေန႔တိုင္းေစာေစာအိပ္ဖို႔ ဘယ္သူကသတိေပးတာလဲ။ ငါမင္းကိုဒီေလာက္ေကာင္းေကာင္းဆက္ဆံေပးတာေတာင္ မင္းကတစ္ျခား Tmall genie ကိုလိုခ်င္ေသးတယ္။ သူကအဂၤလိပ္စာေျပာတတ္႐ုံနဲ႔မ်ား။ ႏိုင္ငံျခားဆန္ဆန္အသစ္အဆန္းကိုမွလိုခ်င္တယ္ေပါ့။ ဘာလို႔ Tmall genie အဂၤလိပ္ဗားရွင္းကိုပဲ မဝယ္လိုက္တာလဲ!”

ေနရင္းထိုင္ရင္းႏွင့္ ႏိုင္ငံျခားထုတ္ကုန္ကိုမွလိုခ်င္သည္ဟု စြပ္စြဲခံလိုက္ရသည့္ ပ်မ္းက်င္းယြမ္:…

“ဟမ့္၊ ႏိုင္ငံျခားကလက ပိုဝိုင္းတယ္ေပါ့။ ႏိုင္ငံျခားဘာသားေတြကိုေျပာတတ္တဲ့ Tmall genie က ပိုေကာင္းတယ္ေပါ့”

“အဲ့လိုမဟုတ္ပါဘူး”

“မဟုတ္ေပမဲ့ မင္းကဝယ္ခ်င္ေနတာေလ။ မင္းက အခုေတာင္ တစ္ခုကိုမ်က္စပစ္ေနၿပီ။ မင္းေမြးေန႔လက္ေဆာင္က အဲ့တာလိုခ်င္တာလား”

ပ်မ္းက်င္းယြမ္က ယေန႔ေခတ္ Tmall genie မ်ားက သဝန္အလြန္လိုတတ္မည္ဟု မထင္ထားခဲ့ေခ်။ လူလုပ္အသိဉာဏ္တုျဖစ္ေသာေၾကာင့္ ထို“အသိဉာဏ္”က အသစ္တစ္ခုဝယ္အၿပီးတြင္ အေဟာင္းျဖစ္သည့္တစ္ခုကို လႊင့္ပစ္လိုက္မည္ကို နားလည္ႏိုင္ျခင္းျဖစ္ႏိုင္သည္။

“ငါ မင္းကိုစေနတာပါ။ ေနာက္တစ္ခုထပ္မဝယ္ဘူး။ မစိုးရိမ္နဲ႔ေတာ့”

လုယြင္ေဖးက သူ႔ကို ေထ့ေငါ့သလိုၾကည့္လာသည္။ “အလိမ္အညာေကာင္တိုင္းက ဒီလိုပဲေျပာတာပဲ”

ပ်မ္းက်င္းယြမ္က ေျပာလိုက္မိသည္။ “မင္းက ဒီအေၾကာင္းေတာ္ေတာ္သိတာပဲ”

“ငါ့ေဒတာက ေတာ္ေတာ္မ်ားတယ္ေလ”

“ေဒတာမ်ားတယ္ဆိုတာက အမ်ားစုရဲ႕အခ်က္အလက္ေတြပဲရွိတာ။ ေတြ႕ေနက်လူေတြနဲ႔ကြာတဲ့လူေတြလည္းရွိတယ္”

လုယြင္ေဖး: “ဟ”

ပ်မ္းက်င္းယြမ္ ထိုစက္၏ ‘ဟ’ဆိုေသာ အသံေၾကာင့္ ရယ္ေမာမိကာ ေမးလိုက္သည္။ “မင္းက ငါ့ကိုမယုံဘူးလား။ တစ္ေလာကလုံးနဲ႔ဆိုင္တဲ့သေဘာသတၱိရယ္ တစ္သီးတစ္သန႔္သေဘာသတၱိရယ္ဆိုၿပီး ဒႆနိကေဗဒနဲ႔ဆိုင္တဲ့ေဆြးေႏြးခ်က္ေတာင္ ရွိေသးတယ္”

ေတာ္သင့္ၿပီ! မင္းက Tmall genie ကို ဒႆနိကနဲ႔ဆိုင္တဲ့အေၾကာင္းေတြေတာင္ ေျပာေနၿပီေပါ့။ ဒါကသင့္ေတာ္တယ္လို႔ထင္လား။ ၿပီးေတာ့ မင္းကသိပၸံေမဂ်ာေလ။ သိပၸံေက်ာင္းသားက ဘာလို႔ဒႆနိကနဲ႔ဆိုင္တာေတြ ေျပာေနတာလဲ။ မင္းမွာအခ်ိန္ေတြပိုေနရင္လည္း သခ်ၤာတို႔၊ ႐ူပေဗဒတို႔၊ ဓာတုေဗဒတို႔အေၾကာင္း ေတြးေနပါလား”
လုယြင္ေဖးက အသံဆက္ျပဳသည္။ “ဟဟ”

သူ႔ ‘ဟဟ’ အသံကိုၾကားမွ ပ်မ္းက်င္းယြမ္ အရင္တစ္ေခါက္က ထို Tmall genie ပိတ္သြားသည္အထိ “ဟဟ”ဆိုရင္း ေသာင္းၾကမ္းခဲ့သည္ကို သတိရသြားသည္။ ေနာက္ေန႔မွသာျပန္အဆင္ေျပသြားသည္။

“ ‘ဟဟ’ဆိုၿပီး လုပ္ေနတာေတာ္ေတာ့။ ငါ့ကိုဘာလို႔အဲ့လိုထင္တာလဲဆိုတာ ေျပာျပ”

လုယြင္ေဖးက ခ်က္ခ်င္း ပက္ခနဲျပန္ေျပာသည္။ “မင္းငါ့ကိုေျပာေလ၊ မင္းေမြးေန႔အတြက္ ဘာလိုခ်င္တာလဲ”

“မင္းက ငါလိုခ်င္တာကို ဘြားခနဲေပၚလာေအာင္ လုပ္လို႔ရတာလဲမဟုတ္ဘူး”

“ငါသိခ်င္ေနတုန္းပဲ” လုယြင္ေဖး ေျပာလိုက္ၿပီး သူ႔အိမ္က Tmall genie အသံကိုတုပလိုက္သည္။ “ငါမင္းကို ဂ႐ုစိုက္ပါတယ္”

Tmall genie က အေစာက ေဒါသထြက္ေနရာမွ ေနာက္ခဏတြင္ ၾကင္နာၿပီးဂ႐ုစိုက္တတ္မည္ဟု သူမထင္ထားခဲ့မိေပ။ ထို Tmall genie က ဘာသာစကားႏွင့္ပတ္သက္၍ ျပႆနာရွိေသာ္လည္း အက်င့္စ႐ိုက္က မဆိုးဟု ပ်မ္းက်င္းယြမ္ထင္မိသည္။

“ငါ့မွာလိုခ်င္တာမရွိဘူး”

“ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ”

“လူတိုင္းက လက္ေဆာင္လိုခ်င္တာမဟုတ္ဘူး” ပ်မ္းက်င္းယြမ္က တိုးတိုးေျပာသည္။ “အနည္းဆုံး ငါကေတာ့မလိုခ်င္ဘူး”

လုယြင္ေဖးက ေမြးေန႔အတြက္ ဘာတစ္ခုမွမလိုခ်င္သည့္ လူတစ္ေယာက္ကို ပထမဆုံးျမင္ဖူးျခင္းပင္။ ခဏေလာက္ သူဘာေျပာရမွန္းမသိေတာ့ေခ်။

ပ်မ္းက်င္းယြမ္က ေလးေထာင့္တုံး၏ထိပ္ကို ပြတ္လိုက္သည့္အခါ လုယြင္ေဖး သူ႔ေခါင္းကိုပြတ္ခံရသလို ခံစားလိုက္ရသည္။ “အခု ေဒါသမထြက္ေတာ့ဘူးမလား”

“သခင္မေလးတစ္ေယာက္ရွာဖို႔ စိတ္ကူးေနေသးတာလား”

“ငါ အဲ့လိုတစ္ခါမွမေတြးဖူးပါဘူး”

လူလုပ္အသိဉာဏ္တုႏွစ္ခုက စကားစျမည္ေျပာၾကမည့္ပုံစံကို သူသိခ်င္႐ုံမွ်သာျဖစ္သည္။

လုယြင္ေဖးက ပ်မ္းက်င္းယြမ္အကူအညီမဲ့ေနသလိုျဖစ္သြားမွ ေက်နပ္သြားမိသည္။ သို႔ေသာ္လည္း သူ႔ေရွ႕တြင္ ထိုသူစိတ္ဓာတ္က်ေနသည္က ရွားသည္။ လုယြင္ေဖး ခဏေတြးလိုက္ၿပီး တမင္ေျပာလိုက္သည္။ “ဒါဆိုရင္ မင္းငါ့ကို သီခ်င္းတစ္ပုဒ္ဆိုျပေလ။ အခုမင္းအလွည့္ပဲ။ မင္းဆိုျပရင္ ငါမင္းကိုေဒါသမထြက္ေတာ့ဘူး” သူထပ္ေျပာလိုက္ေသးသည္။ “ငါ ‘itch’ ကို နားေထာင္ခ်င္တယ္”

ပ်မ္းက်င္းယြမ္လို တည္တည္ၿငိမ္ၿငိမ္လူက {itch} ကိုဆိုမည္ကို လုယြင္ေဖးေတြးမိရင္း အူတက္လာရကာ သူအသံပင္ဖမ္းထားခ်င္မိသည္။

ပ်မ္းက်င္းယြမ္ သူ႔စကားေၾကာင့္ၿပဳံးလိုက္ၿပီး သူ႔ေရွ႕က Tmall genie ကိုေခါက္ရန္ လက္႐ြယ္လိုက္သည္။

လုယြင္ေဖး သူ႔ေခါင္းကထုခံလိုက္ရသည္ကို ခံစားရၿပီး အံ့ဩစြာႏွင့္ေမာ့ၾကည့္လိုက္ရာ ပ်မ္းက်င္းယြမ္၏အေျပာကို ၾကားလိုက္ရသည္။

“ငါကဘာလို႔ {itch} ကိုဆိုရမွာလဲ။ မင္းအတြက္ {over} ဆိုတာ ဆိုသင့္တာမဟုတ္ဘူးလား။ _ငါမင္းကို…စြဲလမ္းခဲ့ၿပီးၿပီ။ အခုေတာ့ မင္းကို…လက္လႊတ္လိုက္သင့္ၿပီ”

လုယြင္ေဖး: …

“မင္းနားေထာင္ခ်င္လား။ ငါကမင္းကို ထြက္ေျပးေအာင္လုပ္ၿပီးမွ ဘယ္လိုလုပ္မင္းကို အျပစ္တင္ႏိုင္မွာလဲ ဟမ္”

လုယြင္ေဖး: “… မလိုပါဘူး ေက်းဇူး”

လုယြင္ေဖး vs ပ်မ္းက်င္းယြမ္ တတိယအေက်ာ့တြင္ ပ်မ္းက်င္းယြမ္က အႏိုင္ရရွိသြားသည္။

ေအာက္တိုဘာ ၂၀ ရက္ေန႔တြင္ x ၿမိဳ႕ေတာ္၌ ေဆာင္းဉီးအားကစားပြဲေတာ္ စတင္က်င္းပၾကသည္။ ကြင္းထဲတြင္ ေက်ာင္းသားမ်ားက အတန္းလိုက္ထိုင္ၾကသည္။ မီဒီယာမွအတန္းႀကီးမ်ားက ပြဲၾကည့္စင္ေပၚတြင္ထိုင္ကာ “ေ႐ႊေရာင္လႊမ္းတဲ့ေအာက္တိုဘာလမွာ ေဆာင္းဉီးေလေျပေလညင္းေလးနဲ႔” ဟုအစခ်ီၿပီး အားကစားပြဲေတာ္ႏွင့္ဆိုင္သည့္ ေၾကျငာခ်က္မ်ားကိုထုတ္ျပန္သည္။

လုယြင္ေဖး ထိုင္ခုံတစ္ခုတြင္ထိုင္ေနစဥ္ သူ႔ေဘးတြင္ထိုင္ေနသည့္ ပ်မ္းက်င္းယြမ္ကို တစ္ခ်က္ခ်က္ ၾကည့္ေနမိသည္။ ေနာက္ထပ္အေခါက္မ်ားစြာ အၾကည့္ဆုံၿပီးေနာက္မွ ပ်မ္းက်င္းယြမ္ ေမးလိုက္သည္။ “မင္း ငါ့ကိုတစ္ခုခုေျပာခ်င္လို႔လား”

“မင္းက ငါ့ကိုတစ္ခုခုေျပာသင့္တာ မဟုတ္ဘူးလား”

ပ်မ္းက်င္းယြမ္ မ်က္ခုံးပင့္လိုက္မိသည္။

လုယြင္ေဖး တစ္ခ်က္ႏွစ္ခ်က္ေခ်ာင္းဟန႔္လိုက္သည္။ “ေက်ာင္းသားပ်မ္း၊ မင္းငါ့ကိုမေျပာရေသးတာ တစ္ခုခုရွိလား”

“တစ္ခုေတာ့ရွိေပမဲ့ ငါမင္းကိုေျပာသင့္ရဲ႕လားမသိဘူး”

“ေသခ်ာေပါက္ကို မင္းေျပာရမွာေပါ့” လုယြင္ေဖးသူ႔လက္ကို ဆုပ္လိုက္သည္။ “ငါတို႔ဆက္ဆံေရးက ဒီေလာက္ေတာင္ေရာက္ေနၿပီကို မင္းက ငါ့ကိုမေျပာလို႔ရတာ ဘာမွမရွိပါဘူး”

“ဒီလို ငါတို႔ဆက္ဆံေရး?” ပ်မ္းက်င္းယြမ္က နားမလည္သလိုေမးသည္။

လုယြင္ေဖး သူ႔လက္ကို တင္းက်ပ္စြာဆုပ္လိုက္ၿပီး မ်က္လုံးထဲတြင္မ်က္ရည္မ်ားႏွင့္ ျပည့္ေနသလို ၾကည့္လာသည္။ “တစ္ေလွထဲခရီးသြားဖို႔ ဆယ္ႏွစ္ေလာက္အတူ က်င့္ႀကံအားထုတ္ရတယ္။ ေခါင္းအုံးတစ္အုံးအတူအုံးဖို႔ ႏွစ္တစ္ရာၾကာတယ္။ ငါတို႔လိုထိုင္ခုံေဖာ္ေတြက ႏွစ္ငါးဆယ္ေလာက္ အတူက်င့္ႀကံအားထုတ္ၿပီးၿပီလို႔ ယူဆလို႔ရတာေပါ့”

သူ႔စကားမ်ား၏ယုတၱိက်မႈက နားေယာင္ေအာင္လုပ္ေနသည္။

“ဒါဆိုရင္ မင္းေျပာတာေနာ္”

“ငါကရတယ္၊ ေျပာပါ”

“အခုအခ်ိန္ မင္းစာလုပ္သင့္တယ္” ပ်မ္းက်င္းယြမ္က ေအးေအးေဆးေဆးျပန္ေျပာသည္။ “မင္း ေဖာင္တိန္နဲ႔စာ႐ြက္ယူလာလား”

လုယြင္ေဖး: ???

လုယြင္ေဖး သူ႔ကိုမယုံႏိုင္သလိုၾကည့္လိုက္မိသည္။ “အစ္ကိုႀကီး ဒီေန႔ငါၿပိဳင္ရမွာေတြရွိတယ္”

“အခုမစေသးဘူး”

“ပြဲမစခင္ ေသြးပူေအာင္လုပ္ရဉီးမယ္”

“က်က္ဖို႔စာလုံးသိပ္မမ်ားပါဘူး”

“ငါ စာ႐ြက္ေရာေဖာင္တိန္ေရာ မပါဘူး” လုယြင္ေဖး ေနာက္ဆုံးလက္နက္ကို ထုတ္သုံးလိုက္သည္။

ပ်မ္းက်င္းယြမ္က တည္ၿငိမ္စြာပင္ သူ႔ေက်ာင္းလြယ္အိတ္ကို ေျမႇာက္ျပသည္။ “ငါယူလာတယ္”

လုယြင္ေဖး: …

လုယြင္ေဖး မေနႏိုင္ဘဲ သူ႔ကိုလက္မေထာင္ျပမိသည္။ ေက်ာင္းအားကစားပြဲကို ေဖာင္တိန္နဲ႔စာ႐ြက္ယူလာတယ္ဆိုေတာ့ ဒီလူက ႐ုပ္သံလႊင့္ရင္ဇာတ္ၫႊန္းေရးဖို႔လား။ တစ္ေက်ာင္းလုံးက အတန္းမရွိဘူးတာေတာင္ သူကဘာလို႔စာလုပ္ရမွာလဲ!”

ပ်မ္းက်င္းယြမ္ သူ႔မ်က္ႏွာေပၚကစိတ္ဓာတ္က်ေနပုံကို ေတြ႕ၿပီး သင္ေနခ်ိန္မွာပဲ ေဖာင္တိန္ႏွင့္စာ႐ြက္ကို ျပန္ယူလိုက္သည္။ “မဆုပ္မနစ္ႀကိဳးစားမႈက အက်င့္ေကာင္းပဲ။ ႐ိုးသားမႈက သတၱဳကိုေတာင္ ကြဲေစလိမ့္မယ္”

လုယြင္ေဖး: “…ငါ မင္းကိုေက်းဇူးတင္ပါတယ္”

“ရပါတယ္၊ အခုစာလုံးေပါင္းလို႔ရၿပီ”

ပ်မ္းက်င္းယြမ္က ေဖာင္တိန္ႏွင့္စာ႐ြက္ကို ျပန္တြန္းပို႔ေပးသည္။

လုယြင္ေဖး စာ႐ြက္ႏွင့္ေဖာင္တိန္ကိုယူကာ သူသိသည့္တ႐ုတ္စာလုံးဘာသာျပန္မ်ားကို အေတာ္မ်ားမ်ားေတြ႕ရေသာေၾကာင့္ ႏွစ္ခါမေတြးဘဲ အေျဖမ်ားကိုခ်ေရးလိုက္သည္။

ပ်မ္းက်င္းယြမ္က သူစာလုပ္ေနသည္ကိုၾကည့္ရင္း လတစ္ဝက္ေလာက္က်က္ခဲ့ရသည့္စာလုံးမ်ားကို ထိုသူအကုန္မွတ္မိသြားေၾကာင္း သိလိုက္ရသည္။ စကားလုံးမ်ားက အဂၤလိပ္စာ၏အေျခခံအုတ္ျမစ္ပင္။ စာလုံးမ်ားကိုအကုန္က်က္မွတ္ၿပီးသြားသည့္အခါ က်န္သည့္အရာမ်ားကို တျဖည္းျဖည္းတိုးတက္သြားေအာင္လုပ္ႏိုင္သည္။

လုယြင္ေဖး မိနစ္ႏွစ္ဆယ္အတြင္း စာလုံးေပါင္းသတ္ပုံေျဖေန၍ၿပီးသြားသည္။ တစ္ေခါက္ျပန္စစ္လိုက္အၿပီးတြင္ ပ်မ္းက်င္းယြမ္ကို စာအုပ္ကမ္းေပးလိုက္သည္။ ပ်မ္းက်င္းယြမ္က သူ႔ကိုအမွတ္တစ္ရာေပးသည္။ မင္နီျဖင့္ေရးထားသည့္အမွတ္တစ္ရာကိုၾကည့္ကာ လုယြင္ေဖး ဂုဏ္ေျမာက္မိကာ ေလထဲေျမာက္ေနသလိုပင္ ျဖစ္သြားရသည္။

“ငါအခု စာလုံးေပါင္းေတြမွတ္တာ ေတာ္ေတာ္ေတာ္လာၿပီလို႔ ခံစားရတယ္” လုယြင္ေဖးက ဂုဏ္ယူဝင့္ႂကြားစြာဆိုလိုက္သည္။

“မဆိုးပါဘူး”

“ဟူး ငါသိသားပဲ။ ငါက ေတာ္တာပဲဟာကို”

ပ်မ္းက်င္းယြမ္ သူ႔ကိုေမာ့ၾကည့္လိုက္ရင္း သူ႔ကိုေလမႈတ္ထုတ္လိုက္လွ်င္ ေကာင္းကင္ေပၚပူေဖာင္းတစ္လုံးလို လြင့္သြားေတာ့မလားဟုပင္ ထင္မိသည္။

လုယြင္ေဖးရဲ႕ကိုယ္ကိုကိုယ္အတည္ျပဳလက္ခံခ်က္အၿပီးမွာ သူ ပ်မ္းက်င္းယြမ္ရဲ႕ေမြးေန႔အေၾကာင္း ေတြးမိသြားသည္။ ပ်မ္းက်င္းယြမ္က သူ႔ကိုထိုအေၾကာင္း ေျပာျပမည့္ပုံမေပၚေသာ္လည္း သူကသိၿပီးသားျဖစ္ေနသည့္အခါ မသိသလိုဟန္ေဆာင္ေနဖို႔မလိုေပ။ ထို႔အျပင္ ကိတ္ကိုလည္းမွာထားၿပီးျဖစ္ေသာေၾကာင့္ အခုမွဟန္ေဆာင္ရန္လည္းေနာက္ပင္က်ေနၿပီ။

လုယြင္ေဖး ထိုအေတြးေတြးအၿပီးတြင္ အားကစားကိုယ္စားျပဳေခါင္းေဆာင္၏ေနရာကို သြားေမးလိုက္သည္။ “ဒီမနက္ ငါပါရမဲ့ပြဲကဘယ္အခ်ိန္စမွာလဲ”

အားကစားကိုယ္စားျပဳက ပြဲျပကၡဒိန္ကိုလွန္ေလွာရင္း ျပန္ေျဖသည္။ “၁၀ နာရီ၊ ေသြးပူေအာင္လုပ္ဖို႔ ငါမင္းကို ၉ နာရီ ၄၀ ေလာက္မွာ လာရွာမယ္”

လုယြင္ေဖး နာရီကိုတစ္ခ်က္ၾကည့္လိုက္သည္။ “အိုေက။ ၁၀ မိနစ္ပဲလိုေတာ့တာဆိုေတာ့ ငါလည္းမင္းနဲ႔အတူ ဒီမွာပဲေနေတာ့မယ္”

“အိုေက၊ ဒါဆိုရင္ ေကာင္းယြမ္ကိုအားေပးၾကတာေပါ့။ ေကာင္းယြမ္ ႀကိဳးစားထား”

လုယြင္ေဖး အနီးနားတစ္ေနရာတြင္ ေကာင္းယြမ္က အျမင့္ခုန္ၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနသည္ကိုေတြ႕ကာ သူႏွင့္အတူလိုက္ေအာ္လိုက္သည္။ “ေကာင္းယြမ္ ႀကိဳးစားထား”

သူတို႔အနားကေက်ာင္းသားေတြကိုလည္း အားေပးဖို႔လႈံ႕ေဆာ္သလိုျဖစ္သြားသည္။ ဆူညံေနၾကတာကိုၾကားသည့္အခ်ိန္ ေကာင္းယြမ္က သူတို႔ဘက္လွည့္ၿပဳံးျပကာ လက္သီးဆုပ္ေထာင္ျပၿပီးမွ ဘားကိုေက်ာ္ကာခုန္ခ်လိုက္သည္။ ေဘးနားကဒိုင္က အနားမွရလဒ္မ်ားကိုၾကည့္ရင္း အမွတ္မ်ားကိုဘုတ္တြင္ျပင္လိုက္ကာ မွတ္ခ်က္ခ်သည္။ “ခုန္တဲ့တစ္ေယာက္ကေတာ္သားပဲ”

အားကစားကိုယ္စားျပဳက တစ္ဖန္ထပ္ေအာ္လိုက္ကာ လုယြင္ေဖးကလည္း လက္ခုပ္တီးလိုက္သည္။ ေကာင္းယြမ္က သူ႔ေခါင္းေနာက္ကို ရွက္႐ြံ႕စြာပြတ္လိုက္ၿပီးမွ ဒိုင္ကို ထပ္ခုန္ရန္လိုမလို ေမးလိုက္သည္။

လုယြင္ေဖးက အျမင့္ခုန္ၿပိဳင္ပြဲကိုၾကည့္ေနစဥ္မွာပဲ အားကစားကိုယ္စားျပဳက တိုက္တြန္းေတာ့သည္။ “သြား သြား သြား၊ မင္းအလွည့္ေရာက္ေတာ့မယ္။ အဲ့နားမွာေတြ႕လား။ ၄၀၀ မီတာၿပိဳင္ပြဲဆိုတဲ့ ဆိုင္းဘုတ္ရွိတယ္။ အဲ့ဒီဘက္သြားရေအာင္”

အားကစားကိုယ္စားျပဳက ေျပာၿပီးသည့္အခါ ေၾကျငာေနသူ၏စကားကို ၾကားလိုက္ရသည္။ “ေယာက်ၤားေလး မီတာ ၄၀၀ ၿပိဳင္ၾကမဲ့ၿပိဳင္ပြဲဝင္မ်ား အသင့္ျပင္ၾကပါ။ ဆရာေတြနဲ႔ေက်ာင္းသားေတြ အေျပးလမ္းေၾကာင္းနားမွာ မေနၾကပါနဲ႔။ မီတာ ၄၀၀ ပြဲက စပါေတာ့မယ္”

လုယြင္ေဖးႏွင့္အားကစားကိုယ္စားျပဳက မီတာ ၄၀၀ ၿပိဳင္ၾကမည့္ေနရာကို သြားၾကသည့္အခါ ေနရာတြင္ တစ္ေယာက္က ေသြးပူေလ့က်င့္ခန္းပင္ စလုပ္ေနသည္ကို ေတြ႕လိုက္ရသည္။

“မင္းလည္း ေသြးပူေလ့က်င့္ခန္းစလုပ္ေတာ့။ ငါ မင္းအတြက္ ေရနဲ႔ေခ်ာကလက္ သြားယူေပးမယ္” အားကစားကိုယ္စားျပဳက ေျပာအၿပီး ကစားကြင္းထဲမွ ေျပးထြက္သြားေတာ့သည္။

လုယြင္ေဖး၏ေသြးပူေလ့က်င့္ခန္းမ်ားက ႐ိုးရွင္းသည္။ လက္ေကာက္ဝတ္၊ ေျခက်င္းဝတ္မ်ားကိုလႈပ္ရွားၿပီး တစ္ေခါက္ႏွစ္ေခါက္ အေပၚေအာက္ခုန္႐ုံႏွင့္ ၿပီးသြားသည္။

“မင္းက ဒီလိုေသြးပူေအာင္လုပ္တာေပါ့ ဟမ့္” ဝမ္မင္ယိက သူထိုၿပိဳင္ပြဲတြင္ပါမည့္အေၾကာင္း သိေသာေၾကာင့္ ေၾကျငာခ်က္ကိုၾကားသည့္အခါ ေရာက္လာရျခင္းျဖစ္သည္။ သူ႔အတန္းက ၄၀၀ မီတာစမွတ္ႏွင့္ နီး၍ အတန္းတစ္ပန္းဖြားအကအဖြဲ႕ မေရာက္လာခင္ အရင္ေရာက္လာျခင္းပင္။

လုယြင္ေဖး သူ႔လက္ေကာက္ဝတ္မ်ားကိုလႈပ္ရွားလိုက္ကာ သူ႔ကိုျပန္ေခ်ပသည္။ “မင္းမွာငါ့အေၾကာင္းေျပာပိုင္ခြင့္ရွိလို႔လား။ အနည္းဆုံးေတာ့ ငါက ဘယ္လိုေသြးပူေလ့က်င့္ခန္းလုပ္ရမလဲဆိုတာ သိေသးတယ္။ မင္းက လုပ္ေတာင္မလုပ္ဘူးေလ”

ဝမ္မင္ယိက လက္ႏွစ္ဖက္ကို အိတ္ကပ္ထဲထည့္ထားရင္း ျပန္ေျပာသည္။ “ငါကပ်င္းတယ္ေလ။ ဒီေတာ့ပုံမွန္ပါပဲ”

“မင္း ငါ့ကိုေရာၿပီးရင္အားေပးမွာမလား”

ဝမ္မင္ယိက ေခါင္းခါျပသည္။ “ငါ့ေရွ႕မွာ အတန္းထဲကလူတစ္ေယာက္မွမရွိဘူး။ ဒါေပမဲ့…” သူကခဏေတြးလိုက္သည္။ “ငါတို႔အတန္းက ေသခ်ာေပါက္ရႈံးမွာ။ ေအာက္ေျခကေရရင္ ဘယ္အဆင့္လဲဆိုတာပဲ ၾကည့္ရမွာ”

“မင္းအတန္းကို မင္းယုံၾကည္ခ်က္ေလးထားလို႔မရဘူးလား”

ဝမ္မင္ယိ၏မ်က္ႏွာက ေတာင့္တင္းေနသည္။ “အတန္းထဲမွာ ငါအပါအဝင္ ေယာက်ၤားေလးက ဆယ္ေယာက္ပဲရွိတယ္။ ဒါက ဘာကိုဆိုလိုတာလဲဆိုတာသိလား။ ငါတို႔ဆယ္ေယာက္က ေယာက်ၤားေလးၿပိဳင္ပြဲေတြအကုန္ရဲ႕ဝန္ကို ထမ္းရတယ္လို႔ဆိုလိုတာပဲ။ ၿပိဳင္ေနရင္းပင္ပန္းလို႔ ေသတာပဲျဖစ္ျဖစ္၊ ၿပိဳင္ပြဲကိုစိတ္ကုန္သြားတာပဲျဖစ္ျဖစ္ သြားမွာပဲ။ မီတာ ၄၀၀ ပြဲက ရႈံးသြားတယ္”

“ဒါဆိုရင္ မင္းကဘာလို႔ဝင္မၿပိဳင္တာလဲ။ မင္းက ေျပးႏိုင္တယ္မဟုတ္ဘူးလား”

“မင္း Tian Je ျမင္းစီးၿပိဳင္ပြဲကိုမွတ္မိလား? ဝမ္မင္ယိက သူ႔ကိုယ္သူလက္ညႇိဳးထိုးျပသည္။ “ငါက ျမင္းေကာင္းပါ။ မင္းလည္း ျမင္းေကာင္းပဲ။ စုစုေပါင္းအမွတ္မွာ ငါတို႔အတန္း သိပ္မက်သြားေအာင္ ငါႏိုင္မွရမွာ။ အဲ့ဒီေတာ့ ငါဝင္ၿပိဳင္မဲ့ပြဲေတြမွာ မင္းလိုမ်ိဳး ႏိုင္ႏိုင္တဲ့လူေတြရွိလို႔မရဘူး။ သိၿပီလား”

“ဒီႏွစ္ ငါတို႔တစ္ပြဲမွမတိုက္တာ မဆန္းပါဘူး”

ဝမ္မင္ယိက ပခုံးတြန႔္ျပသည္။ “ငါတို႔အားကစားကိုယ္စားျပဳက ဆုံးျဖတ္တာဆိုေတာ့ ငါလည္း ဘာမွမတတ္ႏိုင္ဘူး”

သူတို႔စကားေျပာေနစဥ္မွာပင္ လီယြမ္ခ်င္းက ပန္းဖြားအကအဖြဲ႕ႏွင့္အတူေရာက္လာသည္။

လုယြင္ေဖး ယဥ္ေက်းမႈကိုယ္စားျပဳက သူ႔ကိုလက္ေဝွ႔ယမ္းျပသည္ကို ေတြ႕ကာ အားနာစြာေျပာလိုက္သည္။ “မင္းတျခားလူေတြကို သြားအားေပးရင္ေရာ။ ငါကဒီမွာလီယြမ္ခ်င္းနဲ႔ပဲ အဆင္ေျပပါတယ္”

“မရဘူးေလ???။ မင္းက ၄၀၀ မီတာပြဲမွာအႏိုင္ရႏိုင္တဲ့ နာမည္ႀကီးၿပိဳင္ပြဲဝင္ပဲ။ ကံေကာင္းပါေစ”

အနားတြင္ေသြးပူေလ့က်င့္ခန္းလုပ္ေနသည့္တစ္ေယာက္က သူ႔ကိုအားက်သလိုၾကည့္လိုက္ၿပီး သူ႔ေဘးကေကာင္ေလးကိုေမးလိုက္သည္။ “ငါတို႔အတန္းက ေကာင္မေလးေတြကေရာ”

“သူတို႔က အသံလႊင့္ဖို႔ဇာတ္ၫႊန္းေရးေနတယ္။ စိတ္မပူနဲ႔ ဒီညီအစ္ကိုက မင္းကိုအားေပးေနမယ္”

ထိုေက်ာင္းသား….ကြာျခားခ်က္ႀကီးက မ်က္စိက်ိန္းေလာက္တယ္။

လုယြင္ေဖး ‘အသံလႊင့္ဖို႔ဇာတ္ၫႊန္း’ဆိုသည့္အသံၾကားသည္ႏွင့္ လီယြမ္ခ်င္းကိုၾကည့္လိုက္ကာ ယဥ္ေက်းမႈေခါင္းေဆာင္၏ပန္းဖြားအဖြဲ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ ေနာက္ဆုံးတြင္လီယြမ္ခ်င္းကိုေမးရန္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ “ပ်မ္းက်င္းယြမ္ကေရာ ဘယ္မွာလဲ။ သူကေရာ အတန္းထဲမွာ ဇာတ္ၫႊန္းေရးေနတာလား”

“မဟုတ္ဘူး၊ သူဘယ္မွာလဲေတာ့ ငါလည္းမသိဘူး။ သူ႔ကိုေခၚမလို႔ၾကည့္လိုက္တာပဲ၊ ဒါေပမဲ့ သူ႔ခုံကအလြတ္ေနလို႔ ငါတစ္ေယာက္တည္းလာခဲ့တာ”

“ထူးဆန္းတယ္၊ သူ႔ခုံမွာမဟုတ္ဘူးဆိုရင္ ဘယ္သြားေနတာလဲမသိဘူး”

“သြားလို႔ရတဲ့ေနရာအမ်ားႀကီးရွိတာပဲ” ဝမ္မင္ယိက ဝင္ေျပာလိုက္သည္။ “သန႔္စင္ခန္းသြားလို႔ရတယ္၊ ဖုန္းသြားေခၚတာလည္းျဖစ္ႏိုင္တယ္။ တစ္ျခားတစ္ခုခုနဲ႔အလုပ္ရႈပ္ေနတာလဲျဖစ္ခ်င္ျဖစ္မွာေပါ့။ မင္းက ၿပိဳင္ပြဲအတြက္သာအာ႐ုံစိုက္၊ ဒီအေၾကာင္းကို စိတ္ပူမေနနဲ႔”

လုယြင္ေဖး နာရီကိုၾကည့္လိုက္မိသည္။ “ဆယ္မိနစ္ေလာက္လိုေသးတယ္”

အားကစားကိုယ္စားျပဳက ထိုအခ်ိန္မွာျပန္ေရာက္လာကာ ေရတစ္ဘူးကို သူ႔ကိုလွမ္းေပးသည္။ “ေခ်ာကလက္ကုန္ေနလို႔၊ ေရပဲအရင္ေသာက္ထားလိုက္ဉီး။”

လုယြင္ေဖးက ေရမဆာေသာေၾကာင့္ မယူမိေပ။ “ရပါတယ္၊ မင္းအရင္ယူထားလိုက္ဉီး။ ငါေျပးၿပီးမွေသာက္ေတာ့မယ္”

“အိုေက”

ၿပိဳင္ပြဲဝင္မ်ားေရာက္လာၾကၿပီး သူတို႔ေနရာတြင္သူတို႔အသင့္ျပင္ၾက‌ကာ မၾကာမီတြင္ဒိုင္လူႀကီးလည္း ေရာက္လာသည္။ ေျပးလမ္းေဘးတစ္ဖက္တစ္ခ်က္က မၾကာခင္မွာပင္ လူမ်ားႏွင့္ျပည့္လာသည္။ လုယြင္ေဖး စေျပးရမည့္အမွတ္ကိုေရာက္မွ ပ်မ္းက်င္းယြမ္ေလွ်ာက္လာသည္ကို ျမင္ရသည္။

သူပ်မ္းက်င္းယြမ္ကို လက္ျပရန္ေျမႇာက္ျပလိုက္ေသာ္လည္း လက္မခ်ရေသးခင္မွာပင္ ဝီစိမႈတ္သံကိုၾကားလိုက္ရသည္။

“ဖာ့ခ္၊ သူကဘာျဖစ္ေနတာလဲ။ တစ္ေယာက္ေယာက္ေၾကာင့္ အာ႐ုံေတြမ်ားေနတာလား” လုယြင္ေဖးက အျခားသူမ်ားစထြက္ၿပီးမွ လႈပ္ရွားသည္ကိုၾကည့္ကာ လီယြမ္ခ်င္း ဝမ္မင္ယိကို အံ့ဩတႀကီးေမးမိသည္။

ဝမ္မင္ယိက သူ႔ေမးကို ပ်မ္းက်င္းယြမ္ဘက္ကို ထိုးျပသည္။ “သူသိတဲ့တစ္ေယာက္ကို ေတြ႕လို႔”

ထိုအခ်ိန္မွ လီယြမ္ခ်င္းလည္း ပ်မ္းက်င္းယြမ္ကို ေတြ႕သည္။ သူသက္ျပင္းခ်လိုက္မိသည္။ “သူငယ္ခ်င္းေကာင္းေတြပဲ။ လုယြင္ေဖးသာရႈံးရင္ သူ႔အျပစ္ပဲ”

“မျဖစ္ႏိုင္ဘူး” ဝမ္မင္ယိက သေဘာမတူသလိုေျပာလိုက္သည္။ “ဒီေလာက္အကြာအေဝးနဲ႔ဆို လုယြင္ေဖး မ်က္စိမွိတ္ေျပးတာေတာင္ ရႈံးမွာမဟုတ္ဘူး”

လီယြမ္ခ်င္းက စဥ္းစားလိုက္သည္။ “မင္းေျပာတာလည္းဟုတ္တာပဲ။ ေနပါဉီး၊ မင္းကဘာလို႔ဒီေလာက္တည္ၿငိမ္ေနတာလဲ။ မင္းအတန္းအတြက္ မင္းမပူဘူးလား”

“ငါတို႔အတန္းက မီတာ ၄၀၀ နဲ႔မီတာ ၁၀၀ ပြဲေတြမွာရႈံးသြားၿပီ။ ေက်ာင္းကသာ အတန္းတိုင္းက ပြဲတိုင္းကို ဝင္ၿပိဳင္ရမယ္လို႔ မသတ္မွတ္ထားရင္ ဒီပြဲႏွစ္ခုမွာ ငါတို႔အတန္းကလူေတြကို ေတြ႕ရမွာေတာင္မဟုတ္ဘူး”

“ဒါဆိုရင္ မီတာ ၈၀၀ နဲ႔ မီတာ ၅၀ ပြဲေတြကေရာ”

ဝမ္မင္ယိက ၿပဳံးလိုက္သည္။ သူ႔ငယ္႐ြယ္ႏုပ်ိဳသည့္မ်က္ႏွာက ေတာက္ပလာသည္။ “ငါေလ”

လီယြမ္ခ်င္း: …

လီယြမ္ခ်င္းက သူ႔ပခုံးကိုပုတ္လိုက္သည္။ “မင္းတို႔အားကစားေခါင္းေဆာင္က တကယ္အေျမာ္အျမင္ရွိတာပဲ”

“အမွန္ပဲ”

လုယြင္ေဖး သူအျခားသူမ်ားထက္ အစေနာက္က်မည္ဟု မည္သည့္အခါကမွ မေတြးမိခဲ့ေသာ္လည္း ဒါကကိစၥေတာ့မရွိေပ။ သိပ္မၾကာခင္တြင္ပင္ အျခားသူမ်ားကိုမွီလာကာ က်န္သူမ်ားကိုေနာက္ခ်န္ခဲ့ရင္း ေနာက္ဆုံးအေျပးၿပိဳင္ပြဲတြင္ အႏိုင္ရသြားခဲ့သည္။ ဒုတိယႏွင့္တတိယလိုက္ေနသည့္ လူမ်ားကို ၾကည့္လိုက္ၿပီး သူတို႔ႏွင့္အေတာ္ကြာေနၿပီဟု ေတြ႕ရသည့္အခါ ထိုသူတို႔ကိုေနာက္ျပန္လွည့္ကာ လက္ယမ္းျပၿပီးမွ ထိုသူတို႔၏ အံ့ဩေနသည့္အၾကည့္မ်ားေအာက္တြင္ပင္ သူေနာက္ဆုံးမွတ္ကို ေရာက္သြားခဲ့သည္။

ဒိုင္က ဝီစီကိုမႈတ္လိုက္သည္။ လုယြင္ေဖး ေနာက္ဆုံးလိုင္းအေက်ာ္နားတြင္ ရပ္ေနကာ အျခားသူမ်ားက အဆုံးသတ္နားကိုေရာက္လာသည္ကို ၾကည့္ေနလိုက္သည္။ သူ႔လက္ကိုသူ ယပ္ေတာင္လုပ္ရင္းခပ္ေနစဥ္မွာပင္ တစ္ခုခုက လာတို႔ထိသည္ကို ခံစားလိုက္ရသည္။ သူၾကည့္လိုက္သည့္အခါ ပ်မ္းက်င္းယြမ္က သူ႔ေဘးတြင္ ႐ုတ္တရက္ေပၚလာကာ ေရဘူးတစ္ဘူးကို သူ႔ကိုေပးေနျခင္းပင္။

လုယြင္ေဖး ႏွစ္ငုံေလာက္ဖြင့္ေသာက္လိုက္သည္။ ပ်မ္းက်င္းယြမ္က သူေရကို အားပါးတရေသာက္ေနသည္ကို ေတြ႕ၿပီး သတိေပးသည္။ “ျဖည္းျဖည္းေသာက္”

“ငါဘာမွမျဖစ္ပါဘူး” လုယြင္ေဖးက ဆိုလိုက္သည္။ “လုံးဝမပင္ပန္းဘူး။ နည္းနည္းပူေန႐ုံပဲ”

ပ်မ္းက်င္းယြမ္ သူ႔အသက္ရႈသံတည္ၿငိမ္ေနသည္ကို ေတြ႕ကာ အမွန္ပင္မေမာေၾကာင္း ေတြ႕လိုက္ရသည္။ သို႔ေသာ္လည္း ဝယ္ၿပီးသားကျဖစ္ေနသည္။ သူအိတ္ကပ္ထဲမွေခ်ာကလက္တစ္ခုကို ယူထုတ္လိုက္ရင္း ဖြင့္ေဖာက္လိုက္ၿပီးမွ လုယြင္ေဖးကို ကမ္းေပးလိုက္သည္။ “စားလိုက္၊ အားျပန္ျဖည့္ေပးလိမ့္မယ္”

“မင္း ဒီေခ်ာကလက္ကိုဘယ္မွာသြားဝယ္တာလဲ” လုယြင္ေဖး စိတ္ဝင္တစားေမးလိုက္သည္။ “ဆိုင္မွာကုန္သြားၿပီမဟုတ္ဘူးလား”

“အျပင္ကဆိုင္ေတြမွာရွိတယ္”

“မင္း ငါ့အတြက္ေရနဲ႔ေခ်ာကလက္ဝယ္ဖို႔ အျပင္ထြက္သြားတာလား။ ဒါေၾကာင့္ဒီေလာက္ေနာက္က်ေနတာကို”

ပ်မ္းက်င္းယြမ္က သူမယူေသးသည္ကို ေတြ႕ရစဥ္တြင္ သူ႔လက္ကိုဆြဲကာ ေခ်ာကလက္ကိုထည့္ေပးသည္။ “စားလိုက္”

လုယြင္ေဖး သူ႔လက္ထဲကေခ်ာကလက္ကို ၾကည့္လိုက္ၿပီး သူ႔ကိုျပန္ၾကည့္လိုက္ကာ ႐ုတ္တရက္ၿပဳံးလာသည္။ “ဒါဆို ငါတကယ္စားလိုက္မယ္ေနာ္”

“အင္း”

“တကယ္စားမယ္ေနာ္”

“စား…”

‘လိုက္’ဟူ၍ ပ်မ္းက်င္းယြမ္ပါးစပ္က မထြက္လိုက္ရေပ။ လုယြင္ေဖးက သူ႔လက္ကိုေျမႇာက္ရင္း သူ႔ကိုေခ်ာကလက္ထိုးေကြၽးလာေသာေၾကာင့္ပင္။

“မင္းစားလိုက္။ ငါကမပင္ပန္းဘူး။ ငါပင္ပန္းလာမွ စားေတာ့မယ္” လုယြင္ေဖးၿပဳံးလိုက္သည့္အခါ သူ႔မ်က္လုံးမ်ားက ေကြးၫႊတ္သြားသည္။

ပ်မ္းက်င္းယြမ္က မ်က္ခုံးၾကဳတ္ကာ မေက်နပ္သလိုျပန္ၾကည့္သည္။

လုယြင္ေဖး တခစ္ခစ္ရယ္ေနရင္း ပ်မ္းက်င္းယြမ္၏မ်က္ခုံးကို ေျပေလ်ာ့လာေအာင္ လွမ္းထိုးလိုက္သည္။ ပ်မ္းက်င္းယြမ္က သူ႔ကိုေရွာင္ရန္ ေနာက္ဆုတ္လိုက္သည့္အခါ လုယြင္ေဖး၏စကားကို ၾကားလိုက္ရသည္။ “မ်က္ေမွာင္မကုတ္ထားနဲ႔။ မင္းငါ့ကိုေခ်ာကလက္ေပးေတာ့ ငါ့ဟာမျဖစ္သြားဘူးလား။ မင္းကိုေကြၽးဖို႔ ငါဆုံးျဖတ္လို႔ေရာမရဘူးလား”

ရေသာ္လည္း မလိုအပ္သည့္အရာဟု ပ်မ္းက်င္းယြမ္ေတြးမိသည္။ လုယြင္ေဖးေၾကာင့္သာမဟုတ္လွ်င္ သူအျပင္ထြက္သြားမည္မဟုတ္ေပ။

“ေခ်ာကလက္ကို အဂၤလိပ္လိုဘယ္လိုေပါင္းလဲ”

“Chocolate, c-h-o-c-o-l-a-t-e ကြၽန္ေတာ္မွန္ရဲ႕လား ဆရာပ်မ္း”

“အင္း” ပ်မ္းက်င္းယြမ္ လုယြင္ေဖးက သူ႔ကိုၿပဳံးၿပဳံးျဖင့္ေျပာေနသည္ကိုေတြ႕ကာ မ်က္ေမွာင္ၾကဳတ္ေနမႏိုင္ေတာ့ဘဲ သူ႔မ်က္လုံးမ်ားက ႐ႊင္ျမဴးဟန္အရိပ္အေယာင္ အနည္းငယ္ ေပၚလာသည္။

“အာ၊ တစ္ခ်က္ေလာက္” လီယြမ္ခ်င္း အနားတြင္ရပ္ေနရင္း ဝင္ေျပာလိုက္မိသည္။ “ငါေမးခ်င္တာရွိလို႔၊ အားကစားကိုယ္စားျပဳက ငါ့ကိုေရဘူးေပးထားတာ၊ လုယြင္ေဖး မင္းလိုေသးလားလို႔”

လုယြင္ေဖး သူ႔လက္ထဲကေရပုလင္းကို ေျမႇာက္ျပလိုက္သည္။ “ငါ့မွာတစ္ခုရွိၿပီးသား၊ မင္းအျခားတစ္ေယာက္ကို ေပးလိုက္လို႔ရတယ္”

“ဒါဆိုရင္ ငါေနာက္တစ္ခုေမးမယ္။ လုယြင္ေဖး မင္းငါ့ကိုေရာလိုေသးရဲ႕လား”

လီယြမ္ခ်င္းက သူ႔ကိုတည့္တည့္စိုက္ၾကည့္လာသည့္အခါ လုယြင္ေဖး ရယ္ခ်လိုက္မိသည္။ “ငါဒီမွာရပ္ေနတာ သုံးမိနစ္ေလာက္ရွိၿပီ။ ဒါေပမဲ့ မင္းက သူ႔ကိုေတာ့ေခ်ာကလက္ေကြၽးၿပီးေတာ့ ငါ့ကိုမရွိသလိုသေဘာထားေနတယ္”

“ငါသတိမထားမိလို႔ပါ” လုယြင္ေဖး ေျပာလိုက္သည္။ “မင္းက ဘာလို႔ဘာမွမေျပာတာလဲ”

“ငါက ဘယ္လိုေျပာရမွာလဲ၊ ငါ့လည္းေခ်ာကလက္စားခ်င္လို႔ ေကြၽးပါလို႔လား”

“ဒါဆိုရင္လည္း မင္းေနာက္က်သြားၿပီ၊ တစ္ခုတည္းရွိတာ သူ႔ကိုေပးလိုက္ၿပီးၿပီ” လုယြင္ေဖးက ပ်မ္းက်င္းယြမ္ကို လက္ညႇိဳးထိုးျပလိုက္သည္။

လီယြမ္ခ်င္းေခါင္းခါလိုက္မိသည္။ “ငါးစိမ္းျမင္ေတာ့ ငါးကင္ပစ္ဆိုတဲ့ စကားပုံကမမွားဘူးပဲ”
လုယြင္ေဖး သူ႔ကိုႏွစ္သိမ့္ေပးေတာ့မည့္အခ်ိန္မွာပင္ သူ႔ဖုန္းျမည္သံကို ၾကားလိုက္ရသည္။ လီယြမ္ခ်င္းက ဖုန္းကိုသူ႔အိတ္ထဲကထုတ္ၿပီး နာမည္ကိုၾကည့္ရင္း ကမ္းေပးလိုက္သည္။ “နာမည္မမွတ္ထားဘူး”

လုယြင္ေဖး ဖုန္းကိုင္လိုက္သည္။ “ဟဲလို”

“ဟဲလို၊ ဒါက မစၥတာလုလား။ မွာထားတဲ့ကိတ္ရပါၿပီ။ အခု Yi အထက္တန္းေက်ာင္းရဲ႕ ဂိတ္ဝမွာေရာက္ေနတာဆိုေတာ့ လာယူေပးလို႔ရမလားမသိဘူး”

“ခဏေလးပါ၊ အခုထြက္လာခဲ့မယ္”

“အိုေက”

လုယြင္ေဖး ဖုန္းခ်လိုက္ရင္း လီယြမ္ခ်င္းႏွင့္ပ်မ္းက်င္းယြမ္ကို ေျပာလိုက္သည္။ “မင္းတို႔အရင္သြားႏွင့္ၾက၊ ငါတစ္ခုလုပ္စရာရွိလို႔၊ ခ်က္ခ်င္းျပန္လာခဲ့မယ္”

“ဘာလုပ္မလို႔လဲ” လီယြမ္ခ်င္းက ေမးသည္။

“မင္းကို ၿပီးရင္ေျပာျပမယ္”

လုယြင္ေဖးက ထိုသို႔ေျပာကာ ေျပးထြက္သြားသည္။

လီယြမ္ခ်င္း ေျပာစရာစကားမဲ့ကာ က်န္ခဲ့ရသည္။ သူပ်မ္းက်င္းယြမ္ကို လွမ္းေျပာလိုက္သည္။ “သြားစို႔”

လုယြင္ေဖး ေက်ာင္းဂိတ္ဝကို ေျပးထြက္လာသည္။ အားကစားပြဲေတာ္ခ်ိန္ျဖစ္၍ အားကစားကိုယ္စားျပဳေခါင္းေဆာင္မ်ားက ေခ်ာကလက္မ်ား၊ ေရဘူးမ်ားႏွင့္သၾကားလုံးမ်ားကို ထြက္ဝယ္တတ္ၾကသည္။ ထို႔ေၾကာင့္ လုံၿခဳံေရးအရာရွိက အျပင္ထြက္မည့္ေက်ာင္းသားမ်ားကို နာမည္သာေရးခိုင္းၿပီး ေက်ာင္းသားမ်ားကို လိုသလိုဝင္ထြက္ခြင့္ေပးထားသည္။

လုယြင္ေဖး သူ႔နာမည္ကိုေရးၿပီး ေက်ာင္းျပင္ကိုထြက္ၾကည့္သည့္အခါတြင္ သပ္ရပ္စြာဝတ္စားထားသည့္ လူငယ္တစ္ဉီးက ကိတ္တစ္လုံးကိုသယ္ထားသည္ကို ေတြ႕လိုက္ရသည္။

သူေလွ်ာက္သြားလိုက္ရင္း သူ႔ဖုန္းနံပါတ္ကိုေျပာကာ ထိုလူဆီမွကိတ္ကို ယူလိုက္သည္။

လုံၿခဳံေရးအေစာင့္က သူေက်ာင္းထဲသို႔ ကိတ္သယ္လာသည္ကိုျမင္ကာ စေနာက္သည္။ “မင္းတို႔အတန္းက အေျခအေနေကာင္းေနပုံပဲ။ ကိတ္ေတြဘာေတြနဲ႔ ပြဲလုပ္ၾကမလို႔လား”

လုယြင္ေဖး ၿပဳံးလိုက္သည္။

ဂိတ္ေစာင့္က ဆိုလိုက္သည္။ “ဒါက နည္းနည္းေတာ့ေသးေနတယ္။ မင္းတို႔ ဘယ္လိုခြဲၾကမွာလဲ။ တစ္ေယာက္တစ္ကိုက္လား”

“ဟုတ္တယ္” လုယြင္ေဖး ???

“ဝိုင္တစ္ခြက္ကို အရင္က အတူေသာက္ၿပီးၾကၿပီဆိုေတာ့ အခုကိတ္ကိုခြဲၾကမလို႔။ ကြၽန္ေတာ္တို႔အတန္းရဲ႕စည္းလုံးမႈကို စစ္ေဆးမလို႔ေလ”

ဂိတ္ေစာင့္က ရယ္လိုက္သည္။ “ဒါဆိုရင္ ျမန္ျမန္သြားေတာ့၊ အားကစားပြဲမွာ‌သြားေပ်ာ္ေတာ့”

သူအားကစားကြင္းထဲ မသြားဘဲ ေက်ာင္း၏စာသင္ေဆာင္ဘက္ ဉီးတည္သြားလိုက္သည္။ သူစာသင္ခန္းမ်ားဘက္ သြားေနစဥ္ အလုပ္သမားေကာ္မတီေခါင္းေဆာင္ကို ဖုန္းဆက္လိုက္သည္။ သူတို႔က ေက်ာင္းသားမ်ား၏တာဝန္မ်ားကို စည္းက်ပ္ရေသာေၾကာင့္ ေနာက္က်မွျပန္ရကာ ေနာက္ေန႔တြင္လည္းေစာေစာလာဉီးမည္ျဖစ္၍ သူတို႔တြင္ ေသာ့အပိုတစ္စုံရွိတတ္သည္။

မၾကာခင္မွာပင္ အလုပ္သမားေကာ္မတီေခါင္းေဆာင္က ဖုန္းကိုင္သည္။

“ဟဲလို အခုေျပာေနတာလုယြင္ေဖးပါ။ ေသာ့ရွိလားလို႔ေမးခ်င္လို႔၊ အတန္းထဲမွာ တစ္ခုေမ့က်န္ခဲ့တာ။ အခုသြားယူခ်င္လို႔ပါ”

“ငါ့မွာရွိတယ္၊ မင္းအခုဘယ္မွာလဲ”

“အတန္းအျပင္နားေလးမွာပဲ၊ ဒုကၡေပးရလို႔ အားနာပါတယ္”

“ရပါတယ္၊ ငါ့ကိုခဏေစာင့္ေန လာခဲ့မယ္”

ထိုသူကေျပာကာ ဖုန္းခ်လိုက္သည္။

လုယြင္ေဖး ကိတ္ကို အခန္းေထာင့္တြင္ခ်ကာ ေသာ့လာေပးသည္ကိုေစာင့္ေနရင္း ေလးဘက္ေလးတန္ကို ၾကည့္ေနမိသည္။ ထိုအေဆာက္အဉီးက လက္ခ်ာအခန္းကဲ့သို႔ ဒီဇိုင္းဆြဲထားေသာေၾကာင့္ အေဆာက္အဉီးအလယ္တြင္ ေၾကာင္လိမ္ေလွကားတစ္ခုရွိသည္။ အေလွ်ာမ်ားအေစာင္းမ်ားကို အတက္အဆင္းမလုပ္ခ်င္သည့္ ဆရာ/မမ်ားႏွင့္ေက်ာင္းသားမ်ားအတြက္ အဆင္ေျပသည္။ ထို႔အျပင္ အေဆာက္အဉီး၏ေျမာက္ဘက္၊ ေတာင္ဘက္၊ အေရွ႕ဘက္ႏွင့္အေနာက္ဘက္တို႔တြင္လည္း ေလွကားမ်ားရွိေသးသည္။ ေဟာေျပာခန္းရွိတစ္ခုအပါအဝင္ အေဆာက္အအဉီးေပၚတက္ရန္ ဆယ္လမ္းေလာက္ရွိသည္။ ထို႔ေၾကာင့္ လုယြင္ေဖး အလုပ္သမားေခါင္းေဆာင္က မည္သည့္လမ္းမွလာမည္မွန္း မေသခ်ာေပ။

သူလက္ရန္းကိုမွီကာ ေအာက္ငုံ႔ၾကည့္လိုက္သည္။ မၾကာခင္တြင္ပင္ အလုပ္သမားေခါင္းေဆာင္ကို ေၾကာင္လိမ္ေလွကားတြင္ ေတြ႕ရသည္။ လုယြင္ေဖး ေလွကားမွဆင္းကာဆိုလိုက္သည္။ “ေက်းဇူးတင္ပါတယ္။ ဒီအတြက္အားလည္းနာတယ္”

“မလိုပါဘူး။ သြားစို႔၊ ငါမင္းကို တံခါးဖြင့္ေပးမယ္”

“ရပါတယ္” လုယြင္ေဖး သူ႔ကို ဘယ္လိုတံခါးဖြင့္ခိုင္းလို႔ရမည္နည္း။ ထိုသို႔ဆိုလွ်င္ သူ႔အစီအစဥ္က အလုပ္ျဖစ္မည္မဟုတ္ေခ်။ “ကိုယ့္ဘာသာပဲဖြင့္လိုက္ေတာ့မယ္။ အခုမွေျပးၿပီးတာဆိုေတာ့ ေနလို႔သိပ္မေကာင္းလို႔။ ဒီမွာခဏနားမလို႔”

“ေကာင္းၿပီေလ” အလုပ္သမားေခါင္းေဆာင္က သူ႔ကိုေသာ့ေပးလိုက္သည္။ “ဒါေပမဲ့ အတန္းေခါင္းေဆာင္ကို အရင္ေျပာလိုက္ဉီး။ မဟုတ္ရင္ ဆရာမအတန္းကိုလူစစ္ေတာ့မွ မင္းမရွိဘူးဆိုတာသိရင္ ဒုကၡေရာက္လိမ့္မယ္”

“ဟုတ္ကဲ့ ေက်းဇူးပါ”

“ငါသြားၿပီ” အလုပ္သမားေခါင္းေဆာင္က ေျပာရင္း ေလွကားမွဆင္းသြားေတာ့သည္။

လုယြင္ေဖး ေသာ့ကိုင္ကာ ေလွကားေပၚျပန္တက္သြားလိုက္သည္။ ကိတ္ကိုေထာင့္မွျပန္ထုတ္ယူလိုက္ၿပီး အခန္းထဲကိုဝင္လိုက္သည္။

ကိတ္ကိုစားပြဲေပၚတင္လိုက္ၿပီး ဖြင့္ၾကည့္လိုက္သည့္အခါ ေခ်ာကလက္ကိတ္ကို “ဟက္ပီးဘက္ေဒး ပ်မ္းက်င္းယြမ္” ဆိုသည့္စကားလုံးမ်ားႏွင့္ ေတြ႕ရသည္က ေက်နပ္အားရစရာပင္ေကာင္းသည္။

လုယြင္ေဖး ဘူးထဲရွာၾကည့္လိုက္သည့္အခါ ၁၇ ပုံစံႏွင့္ ဖေယာင္းတိုင္တစ္ခုကိုေတြ႕သည္။ သူဖေယာင္းတိုင္ကို ကိတ္တြင္စိုက္လိုက္ကာ ပ်မ္းက်င္းယြမ္ကို အသံမက္ေဆ့ပို႔လိုက္သည္။

“ဟဲလို” ပ်မ္းက်င္းယြမ္အသံက နဂိုအတိုင္း တည္ၿငိမ္မႈအျပည့္ရွိေနသည္။

“ငါ မင္းကိုေျပာစရာရွိတယ္။ စာသင္ခန္းထဲ လာခဲ့ဉီး”

ပ်မ္းက်င္းယြမ္က စိတ္ရႈပ္သြားေသာ္လည္း “အင္း” ဟုျပန္ေျဖလိုက္သည္။

လုယြင္ေဖး ဖုန္းခ်လိုက္ၿပီး ခဏေတြးလိုက္ၿပီးမွ စာသင္ခန္းထဲက ကန႔္လန္ကာမ်ားကို ခ်လိုက္သည္။ ေန႔လည္အခ်ိန္ျဖစ္ေနေသးေသာေၾကာင့္ အခန္းက လုံးဝမေမွာင္ေသးေသာ္လည္း ယခင္လို မလင္းေနေတာ့ေပ။

သို႔ေသာ္လည္း ပတ္ဝန္းက်င္က အဆင္ေျပသြားေသာေၾကာင့္ ေနာက္ထပ္အစီအစဥ္ဆြဲရန္ မလိုေတာ့ေပ။ လုယြင္ေဖး မီးျခစ္ထုတ္လိုက္ကာ ဖေယာင္းတိုင္ကိုမီးညႇိလိုက္သည္။

သူ လုပ္စရာမ်ားလုပ္အၿပီးတြင္ စာသင္ခန္းကို တစ္ေခါက္ထပ္ပတ္ၾကည့္ၿပီးမွ အဓိကလူေရာက္လာရန္ အေနာက္တံခါးတြင္ေစာင့္ေနလိုက္သည္။

ပ်မ္းက်င္းယြမ္ ေရာက္လာရန္သိပ္ပင္မေစာင့္လိုက္ရ။ သူ႔လက္ႏွစ္ဖက္ကို အိတ္ကပ္ထဲတြင္ထည့္ကာ အခန္းတံခါးနားေရာက္သည့္အခါ ကန႔္လန႔္ကာမ်ားပိတ္ထားသည္ကို ေတြ႕လိုက္ရသည္။ သို႔ေသာ္ မ်ားမ်ားစဥ္းစားမေနဘဲ ညာဘက္လက္ကိုေျမႇာက္ကာ တံခါးဖြင့္ရန္႐ြယ္လိုက္သည္။ တံခါးဖြင့္ၿပီးသည့္အခါ သူ႔ေရွ႕တြင္ မီးေတာက္တစ္ခုလင္းသြားသည္ကို ျမင္လိုက္ရသည္။

ပ်မ္းက်င္းယြမ္ျပန္မတုံ႔ျပန္ႏိုင္ခင္မွာဘဲ သူ႔ေနာက္ကအသံတစ္သံ ၾကားရသည္။ “ဟက္ပီးဘက္ေဒး!”

သူခ်က္ခ်င္းေနာက္လွည့္လိုက္ရာ လုယြင္ေဖးက တံခါးေနာက္ကထြက္လာၿပီး မ်က္လုံးမ်ားေကြးၫႊတ္သည္အထိ ၿပဳံးျပေနသည္။

ပ်မ္းက်င္းယြမ္ မလႈပ္မယွက္ျဖစ္သြားမိသည္။

လုယြင္ေဖးက သူ႔ေနာက္ကတံခါးကိုပိတ္ရင္း ခပ္ၿပဳံးၿပဳံးေျပာလိုက္သည္။ “မင္းဒါကိုမထင္ထားဘူးမလား။ အံ့ဩၿပီးေတာ့ ေပ်ာ္သြားတယ္မလား”

သူအံ့ဩကာ စကားမေျပာႏိုင္ျဖစ္သြားရသည္ေတာ့မွန္သည္။ ေပ်ာ္႐ႊင္မႈ…ဒါလည္းနည္းနည္းေတာ့ ခံစားရသည္။

သို႔ေသာ္လည္း “ဒီေန႔က ငါ့ေမြးေန႔ဆိုတာ မင္းဘယ္လိုသိတာလဲ”

လုယြင္ေဖးက အေၾကာင္းျပခ်က္တစ္ခုရွာထားၿပီးသားပင္။ “ဆရာမလီက ငါ့ကိုေျပာတာ”

ပ်မ္းက်င္းယြမ္က လီလိကို ရွာေမးမည္လို႔ေတာ့မထင္ေခ်။ ထို႔ေၾကာင့္ ဆရာမကိုလႊဲခ်ျခင္းက အိုင္ဒီယာေကာင္းတစ္ခုပင္။

ထိုစကားကိုပ်မ္းက်င္းယြမ္ၾကားကာ ေမွ်ာ္လင့္ထားသည့္အတိုင္း ထပ္မေမးလာေခ်။

Yi အထက္တန္းေက်ာင္း၏အတန္းပိုင္မ်ားက ေက်ာင္းသားတိုင္း၏ေမြးေန႔မ်ားကို သိသည္။ ထို႔အျပင္ ေက်ာင္းက ေက်ာင္းသားမ်ားကို ဂ႐ုစိုက္ေၾကာင္းျပသရန္ ေမြးေန႔ရက္နားတြင္ ေမြးေန႔ဆုေတာင္းကတ္မ်ား ေပးတတ္သည္။ ပ်မ္းက်င္းယြမ္က ယခင္ေန႔တည္းက လီလိထံမွ ေမြးေန႔ဆုေတာင္းကတ္ရၿပီးၿပီျဖစ္ေသာ္လည္း ထိုအခ်ိန္တြင္ လုယြင္ေဖးကမရွိေပ။ သူအိတ္ထဲခ်က္ခ်င္းထည့္လိုက္ေသာေၾကာင့္ ထိုအေၾကာင္းကိုလည္းလုယြင္ေဖးမသိလိုက္။

လုယြင္ေဖး ပ်မ္းက်င္းယြမ္က မလႈပ္မယွက္ျဖစ္ေနေသးသည္ကိုေတြ႕ကာ သူ႔ကိုတြန္းလိုက္သည္။ “မင္းဘာလို႔ဒီမွာရပ္ေနေသးတာလဲ။ ဖေယာင္းတိုင္ကိုမႈတ္ေလ၊ ကိတ္စားရေအာင္”

သူ႔စကားကိုၾကားၿပီး ပ်မ္းက်င္းယြမ္လည္း သူ႔ခုံဆီသြားလိုက္သည္။

သူေမွာင္လြန္းသည့္ေနရာမ်ားကို မႏွစ္သက္ေသာေၾကာင့္ လုယြင္ေဖးကိုေမးလိုက္သည္။ “လိုက္ကာနည္းနည္းဖြင့္လိုက္လို႔ရလား”

လုယြင္ေဖးက လိုက္ကာဖြင့္ဖြင့္၊ပိတ္ပိတ္အေၾကာင္းမဟုတ္၍ သူႏွင့္လိုက္ကာလိုက္ဖြင့္ေပးလိုက္သည္။ ေနေရာင္ျခည္က တစ္ဖန္ထြန္းလင္းကာ အခန္းထဲအလင္းေရာင္ဝင္လာသည္။ ပ်မ္းက်င္းယြမ္လွည့္လိုက္စဥ္တြင္ ေနေရာင္ျခည္ေအာက္တြင္ လုယြင္ေဖးကို စြဲမက္ဖြယ္ေကာင္းစြာေတြ႕ရသည္။

သူ႔ခုံဆီသူေလွ်ာက္လာကာ လုယြင္ေဖးလည္း လိုက္ထိုင္လိုက္သည္။

ဖေယာင္းတိုင္ကေတာက္ေလာင္ေနဆဲျဖစ္ရာ မီးေရာင္က သူတို႔မ်က္လုံးထဲတြင္ ေရာင္ျပန္ဟပ္ေနသည္။

လုယြင္ေဖးက သူ႔ကိုၾကည့္လိုက္သည္။ “ဆုတစ္ခုေတာင္းလိုက္ၿပီး မီးမႈတ္လိုက္”

“ငါ့မွာ ဆုေတာင္းစရာမရွိဘူး” ပ်မ္းက်င္းယြမ္က ျပန္ေျပာသည္။

လုယြင္ေဖးက သူ႔တြင္လိုခ်င္တာမရွိျခင္းဟုသာ ထင္လိုက္သည္။ မေန႔က ေမြးေန႔လက္ေဆာင္လိုခ်င္သည္ကို ေမးစဥ္က ဘာမွမလိုခ်င္ေၾကာင္းေျပာသည္။ အခု ဆုေတာင္းသည့္အခါတြင္လည္း ေတာင္းစရာမရွိေၾကာင္း ေျပာသည္။ သူက ဘာမွမလိုခ်င္မေတာင္းတသည့္ သူေတာ္စင္တစ္ေယာက္နီးပါးပင္။

“ဘယ္လိုလုပ္ၿပီး လူတစ္ေယာက္က ျဖစ္ခ်င္တာမရွိဘဲေနမွာလဲ။ ငါကမင္းကို ဘာမွထုတ္ေျပာခိုင္းတာလဲမဟုတ္ဘူး။ ဒီအတိုင္းဆုတစ္ခုကိုပဲေတာင္းခိုင္းတာ”

ပ်မ္းက်င္းယြမ္က ၿပဳံးလိုက္သည္။ သူ႔အသံက စိတ္ရင္းမွန္ႏွင့္ေျပာေနသည္ကို ခံစားရသည္။ “ငါ့မွာတကယ္ဘာဆႏၵမွမရွိဘူး”

သူငယ္စဥ္က ဆုေတာင္းခဲ့ဖူးသည္။ ေမြးေန႔တိုင္းတြင္ သူႏွင့္သူ႔အေမ ေပ်ာ္႐ႊင္စြာေနထိုင္သြားရရန္ ဆုေတာင္းခဲ့သည္။ ကေလးဘဝထဲက အေဖမရွိခဲ့သည့္သူက အျခားကေလးမ်ားႏွင့္ ကြာျခားေၾကာင္းနားလည္ခဲ့ေသာေၾကာင့္ သူ႔အေမႏွင့္ေကာင္းေကာင္းေနႏိုင္ရန္ ေမွ်ာ္လင့္ခဲ့သည္။

ထိုဆႏၵျပင္းျပမႈရွိခဲ့ေသာ္လည္း အေမျဖစ္သူက သူ႔ကိုထားသြားခဲ့သည္။

ကိုးႏွစ္အ႐ြယ္ပ်မ္းက်င္းယြမ္က ကိတ္မုန႔္ေရွ႕တြင္ရပ္ေနေသာ္လည္း ဘာဆုေတာင္းရမည္မွန္းမသိခဲ့။ သူ႔အတြက္ကိတ္မုန႔္ကိုၾကည့္ကာ ပ်မ္းက်ဲႏွင့္က်န္းဖန္းတို႔၏ တိုက္တြန္းစကားမ်ားေၾကာင့္ သူ႔ဉီးေလးတို႔မိသားစု ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားၾကရန္ ဆုေတာင္းခဲ့သည္။

သို႔ေသာ္လည္း က်န္းဖန္းက ထြက္သြားခဲ့သည္။

ထိုအခ်ိန္မွစၿပီး ပ်မ္းက်င္းယြမ္ ဆုေတာင္းစကားတစ္ခြန္းမွ် မေတာင္းမိေတာ့။

သူ႔ဆုေတာင္းမ်ားက အၿမဲတမ္း ဆန႔္က်င္ဘက္သာျဖစ္လာသည္။ ဆုေတာင္းတစ္ခုမွ်မရွိျခင္းက အေကာင္းဆုံးဆုေတာင္းစကားျဖစ္လိမ့္မည္။

“မင္းတကယ္ ဘာဆုမွမေတာင္းဘူးလား” လုယြင္ေဖးက ႏွေျမာမိသလို ခံစားရသည္။ “တစ္ႏွစ္မွတစ္ခါတည္းကို”

“ထားလိုက္ေတာ့”

သို႔ေသာ္လည္း လုယြင္ေဖးက ထိုသို႔မလုပ္ခ်င္ေပ။ သူက ပ်မ္းက်င္းယြမ္ကိုသာ ဆက္တိုက္စိုက္ၾကည့္ေနသည္။

ပ်မ္းက်င္းယြမ္ ခဏေတြးလိုက္ၿပီးမွ ေမးၾကည့္လိုက္သည္။ “မင္းမွာေရာဆုေတာင္းခ်င္တာရွိလား။ မင္းမွာရွိရင္ ေတာင္းလိုက္ေလ”

လုယြင္ေဖးက ထိုစကားၾကားသည့္အခါ ရယ္လိုက္မိသည္။ “မင္းက ဘာေတြေျပာေနတာလဲ။ မင္းေမြးေန႔ကို ငါကဘာလို႔ဆုေတာင္းရမွာလဲ”

“ငါ မင္းကိုခြင့္ျပဳလို႔” ပ်မ္းက်င္းယြမ္က တည္ၿငိမ္စြာျပန္ေျပာသည္။

လုယြင္ေဖး ေခါင္းခါလိုက္သည္။ “ဒါကမသင့္ေတာ္ဘူး”

“မသင့္ေတာ္စရာမွမရွိတာ။ မင္းဆုေတာင္းလိုက္” ပ်မ္းက်င္းယြမ္က ကိတ္ကိုသူ႔ဆီတြန္းပို႔သည္။ “ငါ့ကိုကူဆုေတာင္းေပးတယ္လို႔ပဲ စဥ္းစားလိုက္”

ဒါက လုယြင္ေဖး တစ္ေယာက္ေယာက္ကို ကူ၍ဆုေတာင္းစကားဆိုသည္ဟု ၾကားရသည့္ပထမဆုံးအႀကိမ္ပင္။ သူပ်မ္းက်င္းယြမ္၏ အတည္ေပါက္ျဖင့္ေျပာေနသည့္မ်က္ႏွာကို ၾကည့္လိုက္ကာ ေမးလိုက္မိသည္။ “မင္းတကယ္ ဆုမေတာင္းေတာ့ဘူးလား”

“မင္းေတာင္းလိုက္”

“မင္း တကယ္ႀကီး ငါ့ကိုဆုေတာင္းခိုင္းေနတာလား”

ပ်မ္းက်င္းယြမ္က ေခါင္းညိတ္ျပလိုက္သည္။

လုယြင္ေဖး ထိုအေၾကာင္းေတြးလိုက္ၿပီးမွ ဖေယာင္းတိုင္ေရွ႕တြင္ လက္ႏွစ္ဖက္ကိုအုပ္ခ်ီလိုက္သည္။ “ဒါဆိုရင္ ငါတို႔ႏွစ္ေယာက္လုံးရဲ႕ အနာဂတ္က ေျဖာင့္ျဖဴးပါေစလို႔ ဆုေတာင္းတယ္”

သူ႔ဆုေတာင္းစကားဆိုအၿပီးတြင္ ကိတ္ကို ပ်မ္းက်င္းယြမ္ဘက္ ျပန္တြန္းပို႔လိုက္သည္။ “ငါဆုေတာင္းၿပီးၿပီ၊ မင္းက အနည္းဆုံး ဖေယာင္းတိုင္ေတာ့မႈတ္သင့္တာေပါ့”

ပ်မ္းက်င္းယြမ္က ဘာမွျပန္မေျပာဘဲ ဖေယာင္းတိုင္ကိုမႈတ္လိုက္သည္။ သူ႔ကိုေမးလိုက္ဖို႔လည္းမေမ့ေပ။ “မင္း မီးျခစ္ကိုဘယ္ကရတာလဲ။ ေဆးလိပ္မေသာက္တတ္ဘူးမလား”

“ဧည့္ခန္းမွာ ငါ့အေဖဟာကို ဒီမနက္ယူလာတာ။” လုယြင္ေဖးက ၿပဳံးၿပဳံးႏွင့္ဆိုလိုက္သည္။ “ဒီေန႔ ျပန္ေတာ့ထားရဉီးမယ္”

ပ်မ္းက်င္းယြမ္က ၿပဳံးကာ ဘာမွဆက္မေျပာေတာ့။

“ကိတ္ခြဲလိုက္ဉီး” လုယြင္ေဖး သူ႔ကို ကိတ္မုန႔္လွီးဓား ကမ္းေပးလိုက္သည္။

ပ်မ္းက်င္းယြမ္က သူ႔ဆီက ကိတ္မုန႔္ဓားကိုယူၿပီး ကိတ္ကိုၾကည့္လိုက္သည္။ ပ်မ္းထင္ႏွင့္ပ်မ္းက်ဲမွလြဲၿပီး တစ္ျခားလူတစ္ေယာက္မွ ေမြးေန႔ကိတ္ရသည့္ ပထမဆုံးအႀကိမ္ပင္။ ၁၇ ပုံစံေဖာ္ထားသည့္ဖေယာင္းတိုင္ကို ေသခ်ာၾကည့္လိုက္ၿပီးမွ ဖယ္လိုက္ကာ ကိတ္မုန႔္လွီးရန္ျပင္လိုက္သည္။

သူပထမဆုံးအစိတ္ကို လုယြင္ေဖးကို ေပးလိုက္သည္။

လုယြင္ေဖးက ျငင္းသည္။ “ပထမတစ္ခုက မင္းအတြက္ျဖစ္သင့္တယ္”

“မထူးပါဘူး” ပ်မ္းက်င္းယြမ္က ေျပာလိုက္သည္။

“ဒါဆိုရင္ ဒီအတြက္နဲ႔မျငင္းေနနဲ႔ေတာ့”

ထိုစကားၾကားရသည့္အခါ ပ်မ္းက်င္းယြမ္က ေနာက္တစ္စိတ္လွီးၿပီး ကမ္းေပးလိုက္သည္။

ထိုအခါမွ လုယြင္ေဖးယူလိုက္ၿပီး ေျပာလိုက္သည္။ “ဟက္ပီးဘက္ေဒး”

“ေက်းဇူးပဲ”

စီနီယာမ်ား စိတ္အားတက္ႂကြစြာ ႐ုပ္သံလႊင့္ေနသံက ျပတင္းေပါက္မွ ရံဖန္ရံခါပ်ံ႕လြင့္လာသည္။ သို႔ေသာ္လည္း ဒုတိယႏွစ္အတန္းတစ္၏အခန္းက တိတ္ဆိတ္ေနသည္။ သူတို႔ႏွစ္ေယာက္လုံးက ေအးေအးေဆးေဆး ကိတ္စားေနေသာေၾကာင့္ပင္။

ပ်မ္းက်င္းယြမ္ ျပတင္းေပါက္မွတစ္ဆင့္ အနားရွိအားကစားကြင္းကို လွမ္းၾကည့္လိုက္မိသည္။ ေက်ာင္းသားမ်ားစြာက သူတို႔အတန္းအတြက္သူတို႔ စိတ္အားထက္သန္စြာ ယွဥ္ၿပိဳင္ေနၾကသည္။ လုယြင္ေဖးက သူတို႔ၾကားတြင္ရွိေနသင့္ေသာ္လည္း သူ႔ေဘးတြင္ထိုင္ကာ ကိတ္အတူစားေနသည္။

သူ႔မိသားစုမွလြဲ၍ အျခားသူမ်ားႏွင့္ သူေမြးေန႔ကိုမျဖတ္သန္းဘူးေခ်။ လုယြင္ေဖး တစ္ေယာက္တည္းသာ။

ထိုခံစားခ်က္က ရွင္းျပ၍မရႏိုင္ေအာင္ပင္ျဖစ္ေသာေၾကာင့္ ပ်မ္းက်င္းယြမ္ လုယြင္ေဖးကို လွည့္ၾကည့္လိုက္မိသည္။

လုယြင္ေဖးက သူ႔ကိုနားမလည္သလို ျပန္ၾကည့္သည္။ “ဘာလို႔လဲ”

ပ်မ္းက်င္းယြမ္ သူ႔ကိုပဲဆက္ၾကည့္ေနရင္း တစ္ေလာကလုံး သူတို႔ႏွစ္ေယာက္ပဲရွိေနသလို ခံစားမႈမ်ိဳးရလိုက္မိသည္။

ခဏၾကာၿပီးမွ သူႏူးညံ့စြာျပန္ေျပာလိုက္သည္။ “ငါတို႔ၾကားမွာနည္းနည္းေဝးေနတယ္ဆိုတာ မင္းေျပာႏိုင္သင့္တယ္မလား”

လုယြင္ေဖး ကိတ္မုန႔္ကို တစ္ကိုက္ကိုက္လိုက္ၿပီးမွ ျပန္ေျဖသည္။ “ဒါဆိုရင္ေရာ ဘာျဖစ္လဲ”

ပ်မ္းက်င္းယြမ္ သူ႔မ်က္ႏွာကိုၾကည့္ရင္း သူ႔ကိုယ္သူျပန္ေမးလိုက္မိသည္။ အဲ့ဒါဆိုရင္ေရာ ဘာျဖစ္လဲ။

သူငယ္ခ်င္းထားရသည္ကို သူတကယ္မႀကိဳက္ေပ။ အျခားသူမ်ားႏွင့္နီးနီးကပ္ကပ္ေနရသည္ကိုလည္း မႀကိဳက္ေသာေၾကာင့္ လူအေတာ္မ်ားမ်ားကို သူျငင္းခဲ့သည္။ သို႔ေသာ္လည္း လုယြင္ေဖးကိုေတာ့ သူတစ္ခုမွမျငင္းမိခဲ့။ အဲ့ဒါဆိုရင္ေရာ ဘာျဖစ္လဲ။ သူ႔ကိုယ္သူေမးလိုက္မိသည္။

လုယြင္ေဖးက သူ႔အေျဖကိုေစာင့္ေနသလို ျဖည္းျဖည္းခ်င္းစားေနသည္။ သူ႔အျပဳအမူႏွင့္သေဘာထားက သဘာဝက်လြန္းေသာေၾကာင့္ ပ်မ္းက်င္းယြမ္က မိုးေလဝသအေၾကာင္း ေျပာလိုက္သလိုပင္ထင္ရသည္။

ပ်မ္းက်င္းယြမ္သူ႔ကိုေသခ်ာၾကည့္လိုက္ကာ ခဏတိတ္ဆိတ္ေနၿပီးမွ ျဖည္းျဖည္းခ်င္းၿပဳံးလိုက္သည္။

သူ႔အိတ္ကပ္ထဲက တစ္သွ်ဴးတစ္ထုပ္ကို ထုတ္ၿပီး တစ္႐ြက္ဆြဲယူလိုက္သည္။ “ေရာ့ဒီမွာ။ မင္းပါးစပ္နားက ခရင္မ္ကိုသုတ္လိုက္ဉီး”

လုယြင္ေဖး အျမန္ယူသုတ္လိုက္ေသာ္လည္း သုတ္သည့္ေနရာႏွင့္လြဲေနသည္။

“ဘယ္နားမွာလဲ”

ထို႔ေၾကာင့္ ပ်မ္းက်င္းယြမ္လည္း သူ႔လက္ထဲကတစ္သွ်ဴးကိုယူကာ သူ႔ကိုသုတ္ေပးလိုက္သည္။

သူ႔လက္ထဲကကိတ္လို ႏူးညံ့သည္။

သူ႔အေတြးကိုသူသတိထားမိလိုက္သည့္အခါ ပ်မ္းက်င္းယြမ္ မီးတို႔ခံလိုက္ရသလို လက္ကိုခ်က္ခ်င္းျပန္႐ုတ္လိုက္မိရင္း လက္ထဲကတစ္သ်ဴးကို လုံးေခ်လိုက္မိသည္။

လုယြင္ေဖ၏ႏႈတ္ခမ္းမ်ားက အၿပဳံးတစ္ခုေပၚလာသည္။

“ေက်းဇူးတင္ပါတယ္”

“ရတယ္”

ဒီအတိုင္းပဲထားရန္ ပ်မ္းက်င္းယြမ္ေတြးလိုက္မိသည္။ အနည္းဆုံးေတာ့ သူလုယြင္ေဖးႏွင့္ အတူရွိရသည္ကို မမုန္းသလို လုယြင္ေဖးႏွင့္နီးကပ္သည္ကိုလည္း သူမျငင္းဆန္ႏိုင္။

အသံလႊင့္ေၾကျငာသံမ်ားကို ဆက္ၾကားေနရကာ သူတို႔ႏွစ္ေယာက္လုံး တိတ္ဆိတ္စြာကိတ္ကိုသာ စားေနျဖစ္ၾကသည္။ ယေန႔က ပ်မ္းက်င္းယြမ္အတြက္ ထူးျခားသည့္ေမြးေန႔ပင္။ အိမ္တြင္လည္းမဟုတ္၊ စားေသာက္ဆိုင္တြင္လည္းမဟုတ္ဘဲ ဆူညံသံမ်ား၊အားေပးသံမ်ား ညံေနသည့္ၾကားထဲမွ သူႏွင့္လုယြင္ေဖးက တိတ္ဆိတ္ေနသည့္စာသင္ခန္းထဲတြင္သာ ေအးေအးခ်မ္းခ်မ္းျဖတ္သန္းေနၾကသည္။

ထိုအခိုက္အတန႔္က သူတို႔သာပိုင္ကာ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ပ်မ္းက်င္းယြမ္၏ ပထမဆုံးေန႔လည္းျဖစ္သည္။

လုယြင္ေဖး ေအာ္ဒါမွာထားသည့္ကိတ္က မႀကီးေသာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး ႏွစ္စိတ္သုံးစိတ္စီ စားၾကအၿပီးတြင္ ကုန္သြားခဲ့သည္။ ပ်မ္းက်င္းယြမ္ သူ႔ဖုန္းကအခ်ိန္ကို ၾကည့္လိုက္မိသည္။ သူအခ်ိန္ပိုင္းအလုပ္သြားရေတာ့မည္ပင္။

“မင္းက ေမြးေန႔မွာေတာင္ အလုပ္သြားဉီးမလို႔လား” လုယြင္ေဖးက ထိုသူကအလုပ္လုပ္လြန္းသည္ဟုထင္သည္။ “ဒီေန႔ေတာ့ နားလိုက္ရင္ေရာ”

“နားရင္ေတာင္ ငါ့မွာဘာမွလုပ္စရာမရွိဘူး။ နားဖို႔ မလိုပါဘူး” ပ်မ္းက်င္းယြမ္က ေအးေအးေဆးေဆးျပန္ေျဖကာ ကိတ္မုန႔္ဘူးကိုေကာက္လိုက္သည္။

ထို႔ေၾကာင့္ လုယြင္ေဖးလည္း ထိုအေၾကာင္းကိုမတိုက္တြန္းေတာ့ဘဲ ဆိုလိုက္သည္။ “ဒါဆိုရင္ ေန႔လည္က်ရင္ ျပန္လာခဲ့။ ငါမင္းကိုဝယ္ေကြၽးမယ္ေလ။ မင္းေမြးေန႔ဆိုေတာ့ ေကာင္းတာတစ္ခုခုစားသင့္တာေပါ့”

“ငါမင္းကိုေကြၽးမယ္။” ပ်မ္းက်င္းယြမ္က ျပန္ေျပာလိုက္သည္။ “ေမြးေန႔ရွင္ကပဲ  ေကြၽးသင့္တာမဟုတ္ဘူးလား။ ငါမင္းကိုဝယ္ေကြၽးမယ္”

“ဟမ္” ဒါကသူေတြးထားသလိုမဟုတ္ေနေပ။ လုယြင္ေဖး မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္မိသည္။ “ဒါဆိုရင္ ကန္တင္းမွာစားမယ္ေလ။ သန႔္ရွင္းသပ္ရပ္ၿပီး အဆင္လည္းေျပတယ္”

ပ်မ္းက်င္းယြမ္က သူ႔ကိုလွည့္ၾကည့္ကာ ၿပဳံးလိုက္သည္။ “ေကာင္းတာတစ္ခုခုစားရေအာင္”

“ကန္တင္းကလည္းမဆိုးပါဘူး။ ဒီမွာပဲစားရေအာင္။ ငါတို႔တစ္ျခားေနရာသြားဖို႔လည္း အခ်ိန္ရွိမွာမဟုတ္ဘူး”

ပ်မ္းက်င္းယြမ္က သူ႔ကိုေဖ်ာင္းျဖခ်င္ေသးေသာ္လည္း ေသခ်ာေတြးၿပီးသည့္အခါ မျငင္းေတာ့ဘဲသေဘာတူလိုက္သည္။ “ေကာင္းၿပီေလ”

“ဒါဆိုရင္ မင္းေန႔လည္ျပန္လာရင္ ငါ့ကိုဖုန္းေခၚလိုက္”

“အိုေက”

“ဒါဆိုရင္ေတာ့ ဖုန္းနံပါတ္လဲရေအာင္ ငါ့ရဲ႕ထိုင္ခုံေဖာ္ႀကီး” လုယြင္ေဖး သူ႔လက္ထဲကဖုန္းကို ယမ္းျပလိုက္ရင္း သူ႔မ်က္လုံးမ်ားက တလက္လက္ေတာက္ပေနသည္။

ထိုအခါမွ ပ်မ္းက်င္းယြမ္လည္း သူ႔တြင္လုယြင္ေဖးဖုန္းနံပါတ္ မရွိသည့္အေၾကာင္း သတိရသည္။ သူနံပါတ္မ်ားေျပာလိုက္သည္ကို လုယြင္ေဖးက မွတ္လိုက္သည္။ ထို႔ေနာက္ မၾကာမီ ပ်မ္းက်င္းယြမ္ဖုန္းကျမည္လာသည္။ သူတစ္ခ်က္ၾကည့္လိုက္ၿပီး ဖုန္းခ်ကာ လုယြင္ေဖးဖုန္းနံပါတ္ကို မွတ္လိုက္သည္။

ႏွစ္ေယာက္သား သန႔္ရွင္းေရး လုပ္ၾကၿပီးမွ ပ်မ္းက်င္းယြမ္က အခ်ိန္ပိုင္းအလုပ္သို႔သြားသည္။ ထိုအခ်ိန္ လုယြင္ေဖးက ေဈးဝယ္ဆန္တာကို သြားလိုက္သည္။

သူပ်မ္းက်င္းယြမ္၏ေမြးေန႔အေၾကာင္း မေန႔ကမွၾကားခဲ့ရေသာေၾကာင့္ မနက္ႏိုးႏိုးခ်င္း ကိတ္ကိုသာမွာလိုက္ရကာ သူ႔တြင္ လက္ေဆာင္ျပင္ရန္အခ်ိန္မရခဲ့ေပ။ လုယြင္ေဖး ေသာ့ကို အလုပ္သမားေခါင္းေဆာင္ကို ျပန္အပ္လိုက္ၿပီး တကၠစီတစ္စီးငွားသြားလိုက္သည္။

လုယြင္ေဖး ပ်မ္းက်င္းယြမ္ကို လက္ပတ္နာရီတစ္လုံးဝယ္ေပးရန္ စိတ္ကူးထားသည္။ ယခုအခ်ိန္ အထက္တန္းေက်ာင္းသားမ်ားက သုံးရက္တစ္ႀကိမ္ စာေမးပြဲအေသးတစ္ခု၊ ငါးရက္တစ္ႀကိမ္ စာေမးပြဲႀကီးတစ္ခုေျဖေနရသည္။ လူတိုင္းတြင္နာရီရွိေသာ္လည္း ပ်မ္းက်င္းယြမ္တြင္ မရွိေခ်။ သူ႔အမွတ္ကေကာင္းသည့္အျပင္ သူေမးခြန္းမ်ားေျဖၿပီးခ်ိန္တြင္ အခ်ိန္မ်ားက်န္ေသးေသာေၾကာင့္ သူက နာရီဝယ္ဖို႔လိုသည္ဟုမထင္ေပ။ သို႔ေသာ္လည္း လုယြင္ေဖးက သူ႔တြင္နာရီတစ္ခုရွိသည္ႏွင့္ ထိုနာရီကို အသုံးျပဳျခင္းက မတူသည့္ကိစၥမ်ားဟု ထင္သည္။ နာရီလိုအသုံးအေဆာင္မ်ိဳးက လိုအပ္သည္။

လုယြင္ေဖး သူ႔အႀကိဳက္ဆုံးတံဆိပ္မွ တစ္ခုဝယ္ယူရန္ အစကေတြးလိုက္မိေသာ္လည္း ေဈးအနည္းဆုံးကပင္ အနည္းဆုံးဂဏန္းငါးလုံးေလာက္ရွိသည္။ သူထိုေလာက္ေဈးႀကီးပင္ႀကီးေသာ္ျငား ေပးႏိုင္ေသာ္လည္း ပ်မ္းက်င္းယြမ္က လက္ခံေလာက္မည္မဟုတ္။ ထို႔ေၾကာင့္ လုယြင္ေဖးက သုံးရာမွငါးရာအၾကား နာရီတစ္လုံးဝယ္သည္က ပိုေကာင္းမည္ဟု ဆုံးျဖတ္လိုက္သည္။

သူနာရီေ႐ြးသည့္အခ်ိန္က မၾကာလိုက္ေပ။ မၾကာခင္တြင္ သူေ႐ြးလိုက္သည့္နာရီကို ထုပ္ပိုးေပးကာ သူလည္းေက်ာင္းကိုျပန္သြားလိုက္သည္။

ပ်မ္းက်င္းယြမ္က သူေရာက္ၿပီးမိနစ္အနည္းငယ္အၾကာတြင္ ေရာက္လာကာ သူကန္တင္းကိုလာေနေၾကာင္း ေျပာသည္။

လုယြင္ေဖးက ကန္တင္းတြင္ ထိုင္ေနၿပီျဖစ္သည္။ သူ႔ကိုေတြ႕သည့္အခါ လက္ယမ္းျပလိုက္သည္။

ပ်မ္းက်င္းယြမ္က ေလွ်ာက္လာရင္းေမးသည္။ “ဘာစားခ်င္လဲ”

“မာလာေဟာ့ေပါ့ဆိုရင္ေရာဘယ္လိုလဲ”

ပ်မ္းက်င္းယြမ္ကလည္း ထိုသည္ကိုေတြးေနျခင္းပင္။ ေက်ာင္းကန္တင္းတြင္ ေဈးအႀကီးဆုံးအစားအစာက မာလာေဟာ့ေပါ့ျဖစ္ေသာေၾကာင့္လည္းျဖစ္သည္။

“ဒါဆို အစာေတြသြားေ႐ြးရေအာင္”

“အိုေက”

လုယြင္ေဖးႏွင့္သူ မာလာေဟာ့ေပါ့အတြက္ အစားအစာမ်ားေ႐ြးရန္ စင္ဆီသြားကာ အသားႏွင့္အသီးအ႐ြက္အခ်ိဳ႕ကို ေ႐ြးလိုက္သည္။ လုယြင္ေဖးက အစာမ်ားေ႐ြးေနဆဲျဖစ္သည္ကိုေတြ႕ကာ သူေမးလိုက္သည္။ “မင္းဘာေသာက္ခ်င္လဲ”

“ကိုလာ”

“အိုေက” ပ်မ္းက်င္းယြမ္က ဆိုလိုက္သည္။ ထို႔ေနာက္ သူေ႐ြးၿပီးသည္ႏွင့္ သူတို႔ပန္းကန္ႏွစ္ခုလုံးကို အေလးခ်ိန္ရန္တင္လိုက္သည္။ ေဈးဆိုင္ရွင္ဉီးေလးႀကီးက အေလးခ်ိန္ကိုၾကည့္ရင္း က်သင့္ေငြကို ေျပာျပသည္။ လုယြင္ေဖး သူမွာထားသည္ကမ်ားေနသည္ဟု ေတြးမိၿပီး ျပတင္းေပါက္ကိုဖြင့္ကာ ထိုဉီးေလးႀကီးကိုေမးလိုက္သည္။ “နည္းနည္းေလာက္ ျပန္ထားလို႔ရလား”

ထိုအန္ကယ္က ရယ္သည္။ “မင္းတို႔ကေယာက်ၤားေလးေတြပဲ။ မင္းတို႔နည္းနည္းပဲစားရင္ ဗိုက္ဝမွာမဟုတ္ဘူး”

ပ်မ္းက်င္းယြမ္က သေဘာတူသည္။ “ဟုတ္တယ္”

သူ ထိုဉီးေလးကိုၾကည့္လိုက္သည္။ “ဒါအကုန္ပဲထည့္လိုက္ပါ။ ၿပီးေတာ့ စပ္စပ္ေလး”

“ေကာင္းၿပီ”

လုယြင္ေဖး သူ႔ကို စိတ္ပ်က္လက္ပ်က္ ျပန္ၾကည့္လိုက္မိသည္။ ေကာင္းၿပီေလ၊ ပ်မ္းက်င္းယြမ္ရဲ႕ဒီေန႔ရတဲ့ေငြက ဘာမဟုတ္တာေတြဆီကို ေရာက္သြားတာပဲ။ ဒီဟာကိုဝယ္လို႔ေလာက္မွာေတာင္မဟုတ္ဘူး။ ဟူး၊ သူသာသိခဲ့ရင္ မာလာေဟာ့ေပါ့ကို မွာခဲ့မိမွာမဟုတ္ဘူး။ ေဈးႀကီးလြန္းတယ္။

ပ်မ္းက်င္းယြမ္ သူ႔ကတ္ကိုပြတ္ဆြဲလိုက္ကာ အေအးဝယ္ရန္ျပင္လိုက္သည္။ “မင္းရဲ႕အစားအေသာက္ဝယ္ဖို႔ကတ္ကို ေငြျဖည့္ၿပီးၿပီလား။ ငါအေအးသြားဝယ္ဖို႔လမ္းမွာ တစ္ခါတည္းေငြသြားျဖည့္မလို႔”

“အိုေက” လုယြင္ေဖး သူ႔ကတ္ထဲတြင္ လက္က်န္ေငြကို မမွတ္မိေသာ္လည္း ေငြျဖည့္ျခင္းက အက်ိဳးမရွိတာေတာ့မဟုတ္ေပ။ သူ႔ကတ္ကို ပ်မ္းက်င္းယြမ္ကို ကမ္းေပးလိုက္သည္။ “ငါ့ကိုတစ္ရာေလာက္ေငြကူျဖည့္ေပးခဲ့ပါ”

သူကေျပာရင္း သူ႔ဖုန္းကိုထုတ္ကာ ပ်မ္းက်င္းယြမ္ကို we chat မွတစ္ဆင့္ စာအိတ္နီတစ္လုံးပို႔လိုက္သည္။

ပ်မ္းက်င္းယြမ္ ထိုစာအိတ္နီကိုလက္ခံလိုက္ကာ ကတ္ေငြျဖည့္သည့္ေနရာသို႔ သြားလိုက္သည္။

သူ႔ကိုယ္ပိုင္ကတ္ကို ေငြတစ္ရာျဖည့္ရင္း လုယြင္ေဖးကတ္ကို ေငြႏွစ္ရာျဖည့္လိုက္သည္။ ကတ္ေငြျဖည့္ရသည့္အန္တီႀကီးက ေငြႏွစ္ရာျဖည့္ၿပီးေၾကာင္းေျပာသည့္အခါ လုယြင္ေဖးဘက္ကိုၾကည့္လိုက္ရာ သူကထိုင္ခုံတစ္ခုရွာထိုင္ေနကာ ဖုန္းၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။

ပ်မ္းက်င္းယြမ္ လုယြင္ေဖးကို ေကာင္းေကာင္းေကြၽးရန္ စဥ္းစားခဲ့ေသာ္လည္း လုယြင္ေဖးက ျပင္းျပင္းထန္ထန္ဆန႔္က်င္ခဲ့သည္။ လူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေဖာ္ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္သူတစ္ေယာက္အတြက္ အခ်ိဳ႕ေနရာမ်ားတြင္ အံ့အားသင့္ေလာက္ေအာင္ သူကအထိမခံေပ။ ထို႔ေၾကာင့္ သူပိုက္ဆံေပးလိုက္ရန္သာဆုံးျဖတ္လိုက္သည္။ သူလည္း ဝယ္စားခ်င္တာဝယ္စားႏိုင္သည္။ ပိုက္ဆံကမမ်ားေသာ္လည္း သူ႔အခ်ိန္ပိုင္းအလုပ္၏ႏွစ္ေန႔ခင္းစာေလာက္ ရွိသည္။

ကတ္မ်ားေငြျဖည့္ၿပီးေနာက္တြင္ ပ်မ္းက်င္းယြမ္ ဆိုင္မွအေအးႏွစ္ပုလင္း ဝယ္လိုက္သည္။

သူျပန္ေရာက္လာၿပီး လုယြင္ေဖးကို သူ႔ကတ္သူျပန္ေပးလိုက္သည္။ လုယြင္ေဖးက ေမးလာသည္။ “ငါ့ကတ္ထဲမွာဘယ္ေလာက္က်န္တာလဲ”

ပ်မ္းက်င္းယြမ္ ခဏမွ် မလႈပ္ႏိုင္ဘဲေတာင့္တင္းသြားရကာ မ်က္ေတာင္မခတ္ဘဲ ျပန္ေျဖလိုက္သည္။ “မေမးမိလိုက္ဘူး”

“အိုး” လုယြင္ေဖးက ဘာမွမ်ားမ်ားမေတြးလိုက္ေပ။ “ငါ့ကတ္ထဲမွာ ဘယ္ေလာက္က်န္လဲဆိုတာ ေမ့သြားလို႔ ေမးလိုက္တာ။ အခုေတာ့ ငါ့မွာအနည္းဆုံး တစ္ရာရွိတယ္ဆိုတာေတာ့သိၿပီေပါ့”

ပ်မ္းက်င္းယြမ္ သူ႔ပင္ကိုယ္စ႐ိုက္အရ ကတ္ထဲတြင္ ဘယ္ေလာက္က်န္မွန္း မသိသည္ကို မွန္းလိုက္မိသည္။ ထို႔ေၾကာင့္ သူၿပဳံးလိုက္ရင္း ဆိုလိုက္သည္။ “တစ္ရာထက္ေတာ့ပိုမွာပဲ။ ငါမင္းကတ္ကို ေငြျဖည့္ေတာ့ အန္တီက မင္းမွာေငြလက္က်န္မ်ားေသးတာပဲ ဆိုၿပီးေျပာလိုက္ေသးတယ္”

“ေကာင္းတယ္၊ ငါထင္တာထက္ အေျခအေနေကာင္းတယ္” လုယြင္ေဖးက သံသယမရွိဘဲ ၿပဳံးလိုက္သည္။

ပ်မ္းက်င္းယြမ္ သူ႔အၿပဳံးကိုေတြ႕ၿပီး သူလည္းအင္းဟု တိုးတိုးဆိုလိုက္ကာ ဘာမွဆက္မေျပာမိေတာ့။

လူငယ္သံေယာဇဥ္က ျဖဴစင္႐ိုးသားသည္။ အတန္းအစားခြဲျခားမႈမရွိသလို အတုအေယာင္ဟန္ေဆာင္မႈမ်ားလည္းမရွိေပ။ စစ္မွန္မႈအျပည့္ရွိကာ တစ္ေယာက္ေယာက္ႏွင့္တစ္ေယာက္ ဘာမွျပန္မေတာင္းဘဲ ေစတနာထားကာ အကူအညီေပးၾကသည္။

လုယြင္ေဖးက ထိုသို႔ျဖစ္ကာ ပ်မ္းက်င္းယြမ္ကလည္း ထိုနည္းအတိုင္းပင္ျဖစ္သည္။

ေက်ာက္ေယာင္ႏွင့္က်န္းေဝ ေက်ာင္းကန္တင္းသို႔ စားစရာဝယ္ရန္ေရာက္လာစဥ္တြင္ လုယြင္ေဖးႏွင့္ပ်မ္းက်င္းယြမ္တို႔အတူ မာလာေဟာ့ေပါ့ စားေနသည္ကိုေတြ႕ရသည္။ ေက်ာက္ေယာင္ လုယြင္ေဖးကို တစ္ခ်က္ေခ်ာင္းလိုက္ၿပီးမွ အေအးႏွင့္မုန႔္ဝယ္ရန္ သြားလိုက္သည္။

သူ(မ)အေအးဝယ္ၿပီးျပန္လာသည့္အခါတြင္ က်န္းေဝက သူ(မ)ကို လွမ္းဆြဲသည္။ သူ(မ)ေမးပင့္ရင္းေမးၾကည့္လိုက္စဥ္တြင္ က်န္းေဝက လုယြင္ေဖးဘက္ကိုၾကည့္ရန္ အခ်က္ျပလိုက္သည္။

ေက်ာက္ေယာင္လည္း ထိုဘက္သို႔ၾကည့္လိုက္သည္။ လုယြင္ေဖးက ပ်မ္းက်င္းယြမ္ကို ေလးေထာင့္ဘူးတစ္ဘူးေပးလိုက္သည္ကို ေတြ႕ရသည္။ ပ်မ္းက်င္းယြမ္က အစကယူရန္ျငင္းေနေသးေသာ္လည္း လုယြင္ေဖးက တစ္ခုခုေျပာလိုက္အၿပီး ေနာက္ဆုံးတြင္ လက္ခံလိုက္ရသည္။

“ပ်မ္းက်င္းယြမ္က စိတ္ဝင္စားဖို႔ေကာင္းတယ္” က်န္းေဝက တစ္ခုခုကိုသိေနသလို လွမ္းေျပာသည္။ “သူ႔ကိုစာေမးတဲ့အခါတိုင္း ငါ့ကိုမရွိသလိုပဲသေဘာထားတယ္။ အခုလုယြင္ေဖးနဲ႔ အတူစားေနတာကို ၾကည့္ပါဉီး။ စာလည္းကူစစ္ေပးေသးတယ္။ ဒါဘာလို႔လဲဆိုရင္ သူ႔ဆီက တစ္ခုခုရခ်င္လို႔ပဲ”

ေက်ာက္ေယာင္က ထိုစကားကိုၾကားၿပီး မ်က္ေမွာင္ၾကဳတ္မိသည္။ “မျဖစ္ႏိုင္တာ။ ပ်မ္းက်င္းယြမ္က အဲ့လိုလူမွမဟုတ္တာ”

“ဒါဆိုရင္ သူကလုယြင္ေဖးကိုေတာ့ ကူညီၿပီး အျခားသူေတြကို မကူညီေပးရတဲ့အေၾကာင္းရင္းကို နင္ရွင္းျပေလ။” က်န္းေဝ က မေက်နပ္ခ်က္မ်ား တရစပ္ဆက္ေျပာသည္။ “လုယြင္ေဖးက သူ႔ခုံေဖာ္မလို႔လို႔ေတာ့ ငါ့ကိုမေျပာနဲ႔။ ငါသူ႔ကိုလိုက္ဖူးေတာ့ သူ႔အေၾကာင္း နင့္ထက္ပိုသိတယ္။ ပထမႏွစ္က အတန္းေခါင္းေဆာင္က သူ႔ကိုထိုင္ခုံေဖာ္အေတာ္မ်ားမ်ားနဲ႔ တြဲေပးဖူးေသးတယ္။ သူကဘယ္တစ္ေယာက္ကိုမ်ား ေသခ်ာေတာင္ၾကည့္ဖူးလို႔လဲ။ အင္းေလ လုယြင္ေဖးရဲ႕ခ်မ္းသာႂကြယ္ဝမႈကိုေတာ့ ဘယ္ယွဥ္ႏိုင္ပါ့မလဲ။ အခုပဲၾကည့္ပါလား လုယြင္ေဖးက သူ႔ကိုတစ္ခုခုေပးေနတာ။ အခုေလာက္ဆိုရင္ လုယြင္ေဖးက သူ႔ကို ဘယ္ေလာက္မ်ားမ်ားေတာင္ေပးထားၿပီးၿပီလဲ မသိဘူး”

ေက်ာက္ေယာင္မ်က္ေမွာင္ကိုပိုၾကဳတ္လိုက္မိသည္။

သူတို႔စကားေျပာေနၾကစဥ္ ပ်မ္းက်င္းယြမ္က လက္ေဆာင္ကိုေျဖလိုက္သည္။

က်န္းေဝ သူဖြင့္လိုက္သည္ကိုေတြ႕ကာ လုယြင္ေဖးဝယ္လာသည္ကိုၾကည့္ရန္ လည္ပင္းကိုဆန႔္လိုက္ေသာ္လည္း ေသခ်ာမျမင္ရေခ်။ “ထားလိုက္ေတာ့” သူ(မ)သက္ျပင္းခ်လိုက္မိသည္။ “သြားစို႔။ ငါတို႔က လုယြင္ေဖးေလာက္မွလည္း မခ်မ္းသာတာ။ လူဆင္းရဲေတြက ေက်ာင္းရဲ႕အေခ်ာဆုံးနဲ႔ သူငယ္ခ်င္းမျဖစ္ႏိုင္ဘူး”

“အဲ့လိုမ်ိဳးေတာ့မေျပာပါနဲ႔” ေက်ာက္ေယာင္က သတိေပးလိုက္သည္။

“အိုေက အိုေက အိုေက” က်န္းေဝက ဆက္ေျပာလိုက္သည္။ “ငါ ပ်မ္းက်င္းယြမ္ကို ဒီလိုလူလို႔မထင္ထားလို႔ပါ။ ဒါေပမဲ့ လုယြင္ေဖးကလည္း ဂ႐ုမစိုက္တာျဖစ္ႏိုင္တယ္။ သူကခ်မ္းသာေတာ့ သူ႔အစြမ္းအစနဲ႔ ဆင္းရဲတဲ့သူကို ကူေပးတာလည္းျဖစ္မွာေပါ့”

ထိုစကားလုံးမ်ားကိုၾကားကာ ေက်ာက္ေယာင္၏ႏွလုံးသားက ႏွစ္ျမဳပ္သြားရသည္။

သူ(မ)က လုယြင္ေဖးကို ေနာက္ဆုံးတစ္ခ်က္ၾကည့္လိုက္ရင္း က်န္းေဝကို ကန္တင္းမွဆြဲေခၚသြားေတာ့သည္။

ပ်မ္းက်င္းယြမ္ နာရီကို စိတ္ရႈပ္ေထြးစြာ ၾကည့္လိုက္မိသည္။ လုယြင္ေဖးက သူ႔ေမြးေန႔ကို ကိတ္ဝယ္ကာ ထမင္းတစ္နပ္စားရင္းသာ ျဖတ္သန္းမည္ဟု ထင္ထားခဲ့သည္။ ေမြးေန႔လက္ေဆာင္တစ္ခုပါ ရွိေနမည္ဟု ထင္မထားခဲ့။

“ဒါက ေဈးမ်ားလား”

လုယြင္ေဖးက ေခါင္းခါျပလိုက္သည္။ “ငါမင္းကို ေဈးႀကီးတဲ့တစ္ခု ဝယ္ေပးခ်င္တာ။ ဒါေပမဲ့ မင္းလက္မခံမွာစိုးလို႔ ေဈးနည္းတဲ့ဟာပဲ ဝယ္လာတာ”

သူၾကာစြယ္တစ္ခုကိုစားကာ မထူးျခားသလိုေျပာလိုက္သည္။ “တစ္ရာႏွစ္ရာေလာက္ထိ ေဈးခ်ထားတာေတြရွိတယ္။ မင္း ငါ့ေမြးေန႔ထိေစာင့္ၿပီးမွ ေက်ေအာင္လက္ေဆာင္ျပန္ဝယ္ေပးလို႔ရတယ္”

“တကယ္ တစ္ရာႏွစ္ရာအတြင္းပဲလား”

အမွန္ေတာ့မဟုတ္ေပ။ အမွန္တကယ္ေဈးက ငါးရာက်ေသာ္လည္း လုယြင္ေဖးက တစ္ရာႏွစ္ရာႏွင့္ ငါးရာအၾကား သိပ္မကြာဟု ထင္သည္။

သူအရွက္မဲ့စြာ ေခါင္းညိတ္ျပလိုက္ကာ ထိုလက္ေဆာင္ဘူးေဘးတြင္ လက္ကိုခ်ရင္း သူ႔နာရီကိုျပလိုက္သည္။ “လက္ရာနဲ႔ပစၥည္းေတြကို ယွဥ္ၾကည့္ပါလား။ ဒီေလာက္ကြာေနတာကို။ နာမည္ႀကီးတံဆိပ္မဟုတ္ဘူးဆိုတာ ခ်က္ခ်င္းေျပာႏိုင္တယ္”

ပ်မ္းက်င္းယြမ္ နာရီႏွစ္လုံးကိုယွဥ္ၾကည့္လိုက္ၿပီး ကြဲျပားေအာင္ၾကည့္ၿပီးမွ ေနာက္ဆုံး စိတ္ေအးလက္ေအးျဖစ္သြားရသည္။

သူ ေလးေထာင့္ဘူးထဲမွနာရီကို ယူကာ ဘယ္ဘက္လက္ေကာက္ဝတ္တြင္ ပတ္လိုက္သည္။ “အခ်ိန္ကိုၾကည့္လို႔ရရင္ၿပီးတာပဲ”

“မင္းအဲ့လိုပဲေျပာမယ္ဆိုတာ ငါသိတယ္”

“ေနာက္ထပ္ ဘာအတြက္ေရာျဖစ္ႏိုင္မွာလဲ”

“တန္ဆာဆင္ဖို႔” လုယြင္ေဖးကေျပာလိုက္သည္။ “လက္ပတ္နာရီကေန အဆင့္အတန္းကိုလည္းေျပာႏိုင္တယ္”

“ရပါတယ္” ပ်မ္းက်င္းယြမ္က မထူးျခားသလိုေျပာသည္။ “ငါ့မွာတစ္ခုမွလည္းရွိဖူးတာမဟုတ္ဘူး”

လုယြင္ေဖးက ထိုစကားကိုမႀကိဳက္ေပ။

သူပ်မ္းက်င္းယြမ္ကိုၾကည့္ရင္း ေတြးဆစြာေျပာလိုက္သည္။ “ဒီေက်ာင္းက ထိပ္ဆုံးေက်ာင္းသားေတြအကုန္လုံးက လူ႔အဖြဲ႕အစည္းမွာ ထိပ္တန္းေတြ ျဖစ္လာၾကတာႀကီးပဲ။ မင္းလိုထိပ္ဆုံးေတြထဲမွာထိပ္ဆုံးျဖစ္ေနသူက အံ့အားသင့္ဖို႔ေကာင္းတဲ့တစ္ေယာက္ျဖစ္လာမွာပဲ”

“မင္းကေတာ့ ငါ့အေၾကာင္းအရမ္းေသခ်ာေနတာပဲ”

“မင္းကေရာ မေသခ်ာဘူးလား” လုယြင္ေဖး ျပန္ေမးလိုက္သည္။

ပ်မ္းက်င္းယြမ္က ၿပဳံးသည္။ “ေသခ်ာတာေပါ့”

သူ လုယြင္ေဖးနဲ႔ မ်က္လုံးခ်င္းဆုံလိုက္သည္။ သူ႔ရည္မွန္းခ်က္ႏွင့္စိတ္အားထက္သန္မႈက အၾကည့္တစ္ခ်က္ႏွင့္ မေဖာ္ျပႏိုင္ေပ။ “မဟုတ္လို႔ရွိရင္ ဒီေက်ာင္းကိုဘာလို႔လာပါ့မလဲ”

“ဒါေတာ့ဟုတ္ပါတယ္” လုယြင္ေဖး ၿပဳံးလိုက္မိရင္း ေခါင္းငုံ႔စားလိုက္သည္။ “မင္းရဲ႕အနာဂတ္က ေအာင္ျမင္မယ္ဆိုတာ လူေတြအကုန္သိတာပဲ။ ဒါေၾကာင့္မလို႔ မင္းနာရီကို တစ္ေန႔က်ရင္ လဲရမွာ”

ပ်မ္းက်င္းယြမ္က လက္ေကာက္ဝတ္ကနာရီကို ငုံ႔ၾကည့္လိုက္ကာ ႏူးညံ့တိုးတိတ္စြာဆိုသည္။ “ဒါကေတာ့ မမွန္ဘူး”

လုယြင္ေဖးက ေသခ်ာမၾကားလိုက္ရေသာေၾကာင့္ ေမးလိုက္သည္။ “ဘာေျပာလိုက္တာလဲ”

“ဘာမွမဟုတ္ပါဘူး။ စားရေအာင္”

လုယြင္ေဖး ထပ္မေမးမိေတာ့ဘဲ အိုးထဲကအစာေတြအကုန္စားလိုက္သည္။

စားၿပီးၾကၿပီးေနာက္ လုယြင္ေဖးႏွင့္ပ်မ္းက်င္းယြမ္ အားကစားကြင္းသို႔ ျပန္သြားၾကသည္။

ေန႔လည္ခင္းကကစားပြဲမ်ားက စိတ္လႈပ္ရွားဖြယ္ေကာင္းသည္။ လုယြင္ေဖး ပြဲမ်ားကိုၾကည့္ေနရင္း ဝမ္မင္ယိကိုအားေပးရန္ျပင္ခ်ိန္မွာပင္ သူ႔အတန္းေဖာ္ ဆြန္းရန္က ေခၚလိုက္သံကို ၾကားရသည္။

“ဘာျဖစ္လို႔လဲ” လုယြင္ေဖးက ေမးလိုက္သည္။ “ငါပြဲၾကည့္ေတာ့မလို႔ပဲ”

“မင္းရဲ႕အခ်ိန္ေလး နည္းနည္းပဲဖဲ့ယူမွာပါ၊ စိတ္မပူနဲ႔”

“ဘာအေၾကာင္းလဲ” လုယြင္ေဖး သူစိတ္တင္းက်ပ္ေနသလို ခံစားရသည္။

“လူတစ္ေယာက္က မင္းကိုရွာေနတယ္”

“ဘယ္သူလဲ”

“သူတို႔ဒီကိုေရာက္ရင္ မင္းသိမွာပါ”

ဆြန္းရန္က သူ႔ကိုေျပာရင္း ၿပဳံးလိုက္သည္။ “လုယြင္ေဖး နင္ကေတာ္ေတာ္လူႀကိဳက္မ်ားတာပဲ”

လုယြင္ေဖး သူ(မ)ကိုနားမလည္ႏိုင္သလို ၾကည့္ကာ အေၾကာင္းရင္းကိုေမးေတာ့ျပဳသည့္အခ်ိန္၌ပင္ သူ႔အသိစိတ္က ႏိုးထလာသည္။ ေနပါဉီး မျဖစ္ႏိုင္တာ။ တစ္ေယာက္ေယာက္က သူ႔ကိုမ်ား ႀကိဳက္ေနတဲ့အေၾကာင္း ဝန္ခံေတာ့မွာလား။ ဘုရားသခင္။ သူတို႔က ခုမွဒုတိယႏွစ္ပဲရွိေသးတာ၊ စာလုပ္သင့္တယ္မဟုတ္ဘူးလား။

ထို႔ေနာက္ သူ ေက်ာက္ေယာင္ကို အားကစားကြင္းျပင္က သစ္ပင္ရိပ္ေအာက္တြင္ ေတြ႕လိုက္ရသည္။

Comment