4

"တော်တော်မှ တရားရဲ့လား ! ဟင်?! နင်က နင်လုပ်ချင်တာ
တွေမြဲလုပ်နေပြီး ငါ့ဘက်တစ်ချက်တောင်ကြည့်ပဲ
ငါ့အတွက်လို့ ပြောနေသေးတယ်? နင်သိပ်တကိုယ်ကောင်းမဆန်
ဘူးလား"

"နင်သတ်မှတ်ချင်သလို သတ်မှတ်လိုက် "

TV ထက်က ဇာတ်လိုက် မင်းသားနဲ့ မင်းသမီး ကို သူတစ်ချက်
ကြည့်လိုက်ရင်း သည်းမခံနိုင်စွာ ပိတ်ချလိုက်ကာ
ခေါင်းကို sofa ထက် လှန်ချမိသည်

အဲ့ဒီ ခပ်တိုးတိုး ငိုရှိုက်သံလေးက ခုထိ သူ့နားထဲက မထွက်
သူ စိတ်မထိန်းနိုင်ပဲ နေမကောင်းဖြစ်နေသူကို
ဒေါသထွက်ခဲ့မိကာ အပြေးထွက်လာခဲ့ပေမယ့် သူ့ရဲ့ ဖုန်းကျန်
ခဲ့တာကို သတိရပြီး သွားယူရင်း လေထုကို ပြန်လည်အဆင်ပြေ
အောင် လုပ်ဖို့ ကြံစည်ခဲ့ပေမယ့်

ငိုနေခဲ့တာကို ကြားခဲ့ရတာ ..

နောက်ပြီး Kim Jung woo ပြောတဲ့ စကားတွေကပါ
သူ့နားထဲ ရောက်လာခဲ့သည်

"ဪ အဲ့Jeong Jaehyun ဆိုတာ ခင်ဗျားပေါ့
ခင်ဗျားတို့ ကြား ဘာဖြစ်ခဲ့လဲ ကျွန်တော်လည်းသိပါဘူးး
ဒါပေမယ့် ခင်ဗျားက မေးလို့ကျွန်တော်ပြောပြတာနော်
နောက်ပြီး ဒီတိုင်း ဒိုယောင်းဟျောင်းက ဘာမှဖြစ်ပဲနေခဲ့တာ
မဟုတ်ဘူးဆိုတာလည်း သိစေချင်လို့ပါ ဒိုယောင်းဟျောင်းက
အဲ့နှစ်က အဲ့နေ့ ခင်ဗျားတို့အပြောအရ လမ်းခွဲပြီးတော့
ဒိုယောင်းဟျောင်းက မိုး‌ေထဲက ပလက်ဖောင်းခုပေါ်မှာ
ထိုင်ပြီး ငိုနေခဲ့တာ အဲ့တုန်းက ကျွန်တော်နဲ့ တွေ့ခဲ့တာပဲ"

Kim Doyoung ကပါ ခံစားနေခဲ့ရတယ်ဆိုတာ သူသိလိုက်
ရတာနဲ့ ပျော်နေသင့်တာပေမယ့် သူနှစ်ဆ နာကျင်နေရသလိုပင်။

အဲ့နေ့က သူ ကားကို အကြမ်းပတမ်‌းမောင်းထွက်သွားခဲ့တာ
ပေမယ့် တစ်ဖက်သူကို မိုးရေထဲ မထားခဲ့နိုင်တာကြောင့် သူတို့
စကားများတဲ့နေရာကို အမြန်ဆုံးပြန်လာခဲ့ကာ ကားပေါ်က
ဆင်းလျက် မိုးရေတွေကြားမှာပဲ အဲ့ဒီလူကို ရူးမတတ် လိုက်ရှာ
နေခဲ့တာ ဒါပေမယ့် အဲ့လူကို မတွေ့တော့ဘူး
သူ မိုးရေတွေရွှဲစိုလျက် စိတ်လွတ်နေသူတစ်ယောက်နှယ်
အိမ်ကိုပြန်ရောက်လာခဲ့သည်

"မင်းပြော အဲ့ကောင်လေးနဲ့ သွားတွေ့ပြန်ပြီမလား မေမေဘာ
ပြောထားလဲ အဲ့ကောင်လေးနဲ့ ထပ်တွေ့ဦးမယ်ဆို မေမေ
မင်းရ‌ဲ့ လက်ထပ်ပွဲကို အမြန်ဆုံးစီစဉ်လိုက်မှာလို့ "

" လမ်းခွဲလိုက်ကြပြီ"

"အဲ့ကောင်လေးက မေမေတို့ဆီက မင်းကိုဆွဲထုတ်ဖို့ မအောင်မြင်လို့ မင်းကိုပစ်ခဲ့တာမလား "

"မဟုတ်ဘူး! သူက ကျွန်တော့်ကို အကျဉ်အတည်းထဲ မရောက်
စေချင်တော့ရုံပါ .. သူက လိုလိုလားလား လက်လျှော့ပေးခဲ့တာ..
ကျွန်တော့်အတွက် "

ဂျယ်ဟျွန်းက ဒိုယောင်းအကြောင်း ကောင်းကောင်းသိပါတယ်
ဒီလူက သူ့ကို ပြတ်ပြတ်သားသား ထားခဲ့နိုင်ပေမယ့်
သူက ဒ‌ီလူ့ကို နားလည်နေတော့ သိပ်ခက်တယ်
ဒိုယောင်းရဲ့ အထက်တန်းနောက်ဆုံးနှစ်မှာ ဒိုယောင်းရဲ့မိဘတွေက
ကွဲကွာကြပြီး အိမ်ထောင်ကိုယ်စီနဲ့ဖြစ်သွားတဲ့ အခြေအနေတွေနဲ့
ကြုံခဲ့ရတော့
‌ဂျယ်ဟျွန်းကို သိပ်ဂရုစိုက်ပြီးတန်ဖိုးထားတဲ့ မိသားစုနဲ့ အဆင်မပြေမဖြစ်စေချင်ခဲ့တာ သိပ်ကိုသဘာ၀ကျပါတယ် ဒါပေမယ့်
ဒိုယောင်း ဘယ်လောက်ပဲကြိုးစားပါစေ မေမေက ယောင်္ကျားလေး
တစ်ယောက် ဖြစ်တဲ့ ဒိုယောင်းနဲ့ သဘောတူပေးဖို့ ခဲယဉ်းခဲ့တယ်
ဒိုယောင်း ခုလို သူ့ကိုလမ်းခွဲလိုက်ရတာကလည်း
မေမေနဲ့ ဂျယ်ဟျွန်းကြားက တင်းမာမှုက တဖြည်းဖြည်းနဲ့
ပိုပြီး ကြီးမားလာတာကြောင့် ဆိုတာလည်း ဂျယ်ဟျွန်းက
နားလည်နေပါ၏

"အဲ့တော့ မင်းက မေမေ့ကို အပြစ်တင်ချင်တာလား
ဂျယ်ဟျွန်း မင်းပြောကြည့် ယောင်္ကျားလေးတစ်ယောက်နဲ့
လက်တွဲရတာ သားထင်သလောက် လွယ်ကူမနေဘူးး "

" ကျွန်တော် မချစ်တဲ့သူတစ်ယောက်ကို
လက်ထပ်ဖို့လည်း မလွယ်ပါဘူး တဖြည်းဖြည်း ချစ်သွားပါလိမ့်မယ်
လို့တော့ မေမေ မပြောဘူးမလား "

မေမေကိုယ်တိုင် ချစ်တဲ့သူနောက် လိုလိုချင်ချင် လိုက်သွားခဲ့တာ
ပဲလေ.. ဆိုတဲ့ စကားကို သူထုတ်မပြောတောင် မေမေကတော့
နားလည်နေမှာသိပါတယ်

"တော်စမ်း! မင်းအခန်းကို ပြန် "

ဂျယ်ဟျွန်းက အသာတကြည်ပဲ သူ့အခန်းကို ပြန်သွားခဲ့ပါသည်
သူလည်း သိပ်ပင်ပန်းနေပြီ မေမေနဲ့ နေ့တိုင်း စကားတွေများနေရ
တာလည်း သူသိပ်ပင်ပန်းတယ် အသည်းကွဲရတာက ပိုပင်ပန်းတယ်
သူဟာ အပြင်းဖျားသွားခဲ့တဲ့အပြင် စကားလုံးတေ‌ွ မရှိတော့တဲ့
အေးစက်စက် လူတစ်ယောက်အဖြစ်က်ုပါ ပြောင်းလဲသွားခဲ့ပါ၏

"Jaehyun, Doyoung hyung က **မြို့မှာကွ
ငါ သေချာပေါက် သူ့ကို မြင်လိုက်တာ "

သူတို့ လမ်းခွဲပြီးနောက် တပတ်လောက်အကြာမှာ ဒိုယောင်း
ပြောင်းသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့တုန်းက သူသိပ်ကို
၀မ်းနည်းခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ တည်နေရာကို သိရပြန်သည်
ထိုမြို့တွင် ဂျယ်ဟျွန်းအမြဲ နှစ်ယောက်အတူ နေထိုင်ချင်ကြောင်း
မကြာခန ပြောပြခဲ့ဖူးသည် ဒါ့ကြောင့်
ဂျယ်ဟျွန်းက ဒိုယောင်းကို ပြန်လည်ဖျောင်းဖျရင်း
ဒီတိုင်း သူ ကျောင်းပြီးလို့ အလုပ်နဲ့နေသားတကျဖြစ်သည်အထိ
စောင့်ပေးပြီး နှစ်ယောက်အတူ အဲ့ကြမှ ရင်ဆိုင်ကြဖို့
စိတ်ကူးရင်း ဒိုယောင်းရှိရာဆီ လိုက်သွားခဲ့ပေမယ့်...

ဒိုယောင်းက သူနဲ့ခပ်လှမ်းလှမ်းမှာပဲ လုပ်ဖော်ကိုင်ဖက်တချို့နဲ့
ပြုံးပြုံးပျော်ပျော်နှင့် စကားတပြောပြော ထွက်လာတာကို
မြင်ခဲ့တဲ့နောက်မှာ ဂျယ်ဟျွန်း ရဲ့လက်တွေဟာ ကျစ်ကျစ်ပါ
အောင်ဆုပ်ထားမိသည်

ဒိုယောင်းက သူမရှိပဲ ပြုံးနေနိုင်ခဲ့တယ်
သူမရှိလည်း အရင်လို နွေးထွေးတဲ့သူတစ်ယောက် ဖြစ်နေနိုင်တုန်းပဲ
သူမရှိလည်း အဆင်ပြေနေတယ်
ဆိုတာကို သူနားလည်သွားတဲ့အခါမှာ သူက ကိုယ့်ကိုယ်ကို
လှောင်ရယ်လိုက်ရင်း ဒိုယောင်းကို သူ့လိုမျိုး ခံစားရစေချင်ခဲ့သည်
ဒါ့ကြောင့် သူက အလုပ်အခြေတခု ကျသည်အထိ စောင့်ရင်း
ဒိုယောင်းရှိရာဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာပင်

ဒါပေမယ့် .. ထိုငိုရှိုက်သံလေးက သူ့ရဲ့ ရည်ရွယ်ချက်ကို
ဖျက်ဆီးပစ်သည်

သူ သူ ဒိုယောင်းကို မုန်းတယ် လို့ တွေးနေခဲ့ပေမယ့်
သူ ဒိုယောင်းကို လိုချင်နေတုန်းပဲ

သူ ဒိုယောင်းကို ချစ်နေတုန်းပဲ ..

"ဘယ်လိုလုပ်ရမလဲ ကျွန်တော်တော့ ခင်ဗျားမှ ခင်ဗျား ဖြစ်နေတုန်းပဲ "
•••••••••••••••••••••♪••••••••••••••••••••••••••••••••

You made me feel so high, babe

Then crashed me to the ground,babe

사랑을 난 잘 못하는데
အချစ်ကို ကောင်းကောင်းကျွမ်းကျင်တာကြောင့်

너무나도 사랑에 쉽게 무너져 Babe
အရမ်းကို အချစ်မှာ လွယ်လွယ်ကူကူ ပြိုကျသွားခဲ့တယ် Babe♪

Baekhyun - Cry for love

_____________________________________________

ဘာသာပြန်တာ အမှားပါရင် ပြောလို့ရပါတယ်နော်🤟


Comment