1

" ကျွန်တော် အလုပ်မလာတော့ဘူး"

"အကြောင်းပြချက်ပြော "

သူ့တွင် ပြောစရာရယ်လို့ ရေရေရာရာမရှိပါ

"ဒီမှာ ဒိုယောင်း အဲ့ company နဲ့ လက်တွဲလုပ်ခွင့်ရတာက ငါတို့အတွက်ဘယ်လောက်တောင် အကျိုးအမြတ်ရှိနိုင်လဲဆိုတာ မင်းလည်းသိတယ်မလား ၊ မင်းဘာဖြစ်တယ်ဆိုတာတော့ ငါသေချာ
မသိပေမယ့် ဒိုယောင်း၊ အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်ရာကို
ရောထွေးနေတာက professional မဆန်ဘူးဆိုတာ မင်း
လည်းသိတယ်မလား ဟင်?"

သူနားထောင်ရင်း နှုတ်ခမ်းတို့ကို အသာကိုက်မိသည်
ဟုတ်ပေသည် သူဟာ တခနဝာာ ရောထွေးမိသွားတာကို ၀န်ခံ
ရမည်။

"နောက်ပြီး အဲ့တစ်ယောက်ကလည်း မင်းကို မသိချင်ယောင်
ဆောင်နေတာပဲလေ အဲ့ဇာတ်အတိုင်း လိုက်ကပေါ့ကွ သူက
မင်းကို နှောင့်ယှက်ရင်ပြော ငါတို့ကိုယ်တိုင် သဘောတူညီမှုဖျက်
ပေးမယ် ဟုတ်ပြီလား"

ဒီလိုမျိုးကြားရတော့ သူ့ရင်ထဲမှာ အားနာမှုတွေက အလုံးအရင်း
တက်လာသည်

"ကျွန်တော် တောင်းပန်ပါတယ် Johnny hyung
ရုတ်တရက်ဆိုတော့ "

"အသိတရား‌ပြန်၀င်ပြီဆိုလည်း ပြီးတာပဲ အိပ်တော့ လျှောက်
တွေးမနေနဲ့ဦး "

Johnny hyung နဲ့ ဖုန်းပြောပြီးတာနဲ့ သူချက်ချင်း
သက်ပြင်းချမိသည်
တစ်ဆက်တည်းမှာပဲ မမြင်ရတာ အရမ်းကိုကြာသွားပြီဖြစ်တဲ့
မျက်နှာလေးကပါ အတွေးထဲ ၀င်ရောက်လာ၏
မျက်နှာလေးက ပိုပြီးအေးစက်သွားလိုက်တာများ ဒါကသူ့ကို ပိုပြီး
အပြစ်မကင်းစေဘူးမလား ။
သူ့ကို ဘယ်လောက်တောင် စိတ်နာသွားတယ်ဆိုတာ တွေ့တွေ့
ချင်း ရှိရင်းထက် ပိုလို့ အေးစက်သွားတဲ့ မျက်၀န်းတွေက
သက်သေပင် တစ်ဆက်တည်းမှာပဲ အဲ့ဒီနေ့ညအကြောင်းကိုပါ
သူ့အတွေးတွေက ပြန်ရောက်သွားခဲ့ပြန်သည် သူ့တစ်သက်
မေ့လို့ရမှာ မဟုတ်တဲ့ ညတညပါပဲ။

"မိုးရွာနေတယ်ရင်ဆုံး အိမ်ပြန်ကြမယ် မင်း ကားထဲ၀င်
တော့ နောက်နေ့ ဆက်ပြောကြတာပေါ့ "

"တော်စမ်းပါ Kim Doyoung "

လှည့်ထွက်တော့မယ့် သူ့လက်ကို ဆောင့်ဆွဲလိုက်တာက
ခပ်ကြမ်းကြမ်း ဒါက သူတို့သိခဲ့တဲ့တစ်လျှောက်မှာ ဒီလိုမျိုး
နူးညံ့မှုတွေပျောက်ကွယ်နေခြင်းက ပထမဆုံးအကြိမ်ပဲဖြစ်လိမ့်မည်

"အဟား ခင်ဗျားကလေ တတ်လည်းတတ်နိုင်တယ်
ဘာတဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ကြားမှာ ခင်ဗျားက
ဆူးငြောင့်ဖြစ်နေမှာဆိုးလို့ ကျွန်တော်က ကြားကနေ ပင်‌ပန်းနေတာကိုကြည့်ရက်လို့ ဟုတ်လား "

"မင်း ငါ့ကိုလှောင်နဲ့ Jaehyun ငါမင်းကို ချစ်တာ
မင်းသိပါတယ် ငါမင်းအတွက် တကယ် ကြည့်ပြီး ပြောတာကို
လည်း မင်းသိသင့်တယ်"

"မဟုတ်ဘူး ခင်ဗျား ကျွန်တော့်အတွက် ကြည့်ပြီး ပြောတာ
မဟုတ်ဘူး ခင်ဗျားအတွက် ခင်‌ဗျားကြည့်ပြီး ပြောနေတာ
ခင်ဗျား စိတ်သက်သာရာဖို့ ကျွန်တော့်ကိုလမ်းခွဲနေတာ!"

အရာအားလုံးက တိတ်ဆိတ်ပြီး မိုးသံတွေကသာ ကမ္ဘာပေါ်မှာ
ကျန်ခဲ့သလိုမျိုး ခံစားလိုက်သည် သူ့ရဲ့ မျက်လုံးတွေက
ယုံနိုင်ခြင်းများစွာနဲ့ အရှေ့က လူကို ကြည့်နေမိသည်

"အဲ့လိုဆိုတော့လည်း အဲ့လိုပေါ့ ဟုတ်တယ် ငါက ငါ့အတွက်ပဲ
ကြည့်တဲ့သူ မင်းမိသားစုက ငါ့အပေါ် အမြင်ကြည်တာကို
ငါသည်းခံနိုင်တော့လို့ပြီလား ဒီလောက်ဆိုပြီလား
မင်းဖြစ်စေချင်တာ ဒီလိုလား ငါ့လက်ကိုလွှတ်တော့ "

"စိတ်ချပါ ကျွန်တော် ခင်ဗျားကို တစ်လျှောက်လုံး နာကျည်း
သွားမှာပါပူနဲ့ အများကြီး အဆင်ပြေအောင် နေမှာလို့"

လွှတ်ချခံလိုက်တဲ့ လက်ကလေးတွေကနေ ဒါဟာ တကယ်ကို
အဆုံးသတ်ပဲဆိုတာကို သူ ခံစားမိလိုက်တာနဲ့အတူ ဗလာဖြစ်
သွားတဲ့ နှလုံးသား တွေက အကြမ်းပတမ်းကားမောင်းထွက်
သွားရာဆီ ပါသွားသည့်နှယ်သူခုချိန်မှာ သူမှားသည်မှန်သည်
သူဘာမှတွေးချင်တော့ဘူး သေချာတာတော့နေ့တခြား
မိသားစုရဲ့ဖိအားကြောင့် မျက်နှာလေး နွမ်းဖတ်နေတဲ့ ချစ်သူကို
သူ့နည်းသူဟန်နဲ့ သူ လုပ်သင့်တာလုပ်ပေးချင်ခဲ့ရုံပါ
Jaehyun က သူမရှိပဲ နေနိုင်မှာကို သူယုံကြည်ပါသည်
သူလည်း Jaehyun မရှိပဲ နေနိုင်လိမ့်မည်
သူတို့နှစ်ယောက်လုံးက တူညီတဲ့ မာနတွေတော့ ရှိကြတယ်ထင်ပါတယ်
___________________________________________

"တွေ့ရတာ၀မ်းသာပါတယ် Jeong Jaehyun shi "

သူက စိတ်ကို အတင်း တည်ငြိမ်အောင်လုပ်ရင်း ခပ်ပြုံးပြုံး
မျက်နှာပေးကိုပါ သေချာပြင်ဆင်ကာ လက်တို့ကို ဆန့်တန်း
ပေးထားမိသည်

"နောက်ကျမှ နှုတ်ဆက်မိလို့ ကျွန်တော့်ဘက်က အနူးအညွတ်
တောင်းပန်ပါတယ် ကျွန်တော် မနေ့က "

"Kim Doyoung shi က အလုပ်အပေါ် လေးစားမှု
နည်းတယ်လို့ပဲ ကျွန်တော် သတ်မှတ်သင့်သလား Kim Doyoung shi ကလည်း ဒီprojectမှာ အရေးပါတဲ့
နေရာတစ်ခုမှာရှိနေတာမို့ နောက်‌ဆို သေချာလေး ဂရုစိုက်ပေးဖို့
မျှော်လင့်ပါတယ် ကျွန်တော် ဆင်ခြေတွေကို သိပ်သဘောမတွေ့
ပါဘူး "

လုံး၀ကို ခပ်အေးအေးနဲ့ ပြောကာ ရှေ့ကနေ လျှောက်သွားတဲ့
သူကြောင့် သူ့မှာ သွေးတွေတောင် ခေါင်းထိဆောင့်တက်သွား
သလိုပဲ Johnny hyung နဲ့ Taeyong hyung က
တော့ သူ့ကို ပုခုံးတွေအသီးသီးပင့်ပြရင်း ထွက်သွားကြတော့၏

"Jeong Jaehyun ငါမင်းအကြောင်းအသိဆုံးပါ
မင်းကဒီလို စစ်စကြေညာတော့လည်း ငါ့ဘက်က ပြင်ဆင်စရာ
ရှိတာ ပြင်ဆင်ထားရတော့မှာပေါ့ ဟွီး "

သူတို့တွဲခဲ့ဖူးတဲ့ နှစ်တွေအတွင်းမှာ သူ Jeong Jaehyun
အကြောင်း ကောင်းကောင်းသိလာရတာပဲလေ Jeong Jaehyun က သူ့ကို ခုချိန်ထိ ကျေနပ်မှာမဟုတ်တာက
သေချာသလောက်ပဲမို့ ကြုံတုန်းဆုံတုန်း သူ့ကို ပညာပြတော့မှာ
ကို သူသိသည် အဲ့ဒါက ဘယ်သူမှမသိတဲ့ Jeong Jaehyun
ရဲ့ sideတခုပင် ။ သူကလွဲလို့ပေါ့။
___________________________________________

Comment