3

ဒိုယောင်း သူ့ရှေ့က နှစ်ယောက်ကို မသိမသာ အကဲခတ်နေမိသည်။
ဒီနေ့ အလုပ်ကိစ္စတချို့ အပြီး ထမင်းစားချိန်မှာ ဂျယ်ဟျွန်းရဲ့
အတွင်းရေးမှူး က သူနဲ့စကားဆုံ‌ေတာ့ နေ့လည်စာအတူစားဖို့ ဖိတ်ခေါ်ရင်းဂျယ်ဟျွန်းပါ အတူရောက်လာကာ စားသောက်ဆိုင်တခုတွင်
စားဖြစ်နေကြတာဖြစ်သည် သူ့မျက်နှာချင်းဆိုင်မှာ နှစ်ယောက်က
ဘေးချင်းကပ်ထိုင်နေတာဖြစ်တာကြောင့် ဘာပဲပြောပြော
ကြားနေရပြီး ဘာပဲလုပ်လုပ် တိုက်ရိုက်မြင်နေရသည်
အလုပ်ချိန်တုန်းက နှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ အပြင်ဆက်ဆံပုံဟာ မတူညီစွာ
ရှိနေတာကို သူအစကတည်းက သိပေမယ့် ဒီနေ့ ပိုပိုသာသာသတိထားလိုက်မိတော့ သူ့ရဲ့စိတ်အတွင်းပိုင်းဟာ
ပူတက်လာသလိုပင်။

သူ ရမ်းသမ်းကောက်ချတ်ချတာ မဟုတ်ပေမယ့် သေချာပေါက်အလုပ်ရှင်နဲ့၀န်ထမ်း ဆိုတဲ့ ဆက်ဆံရေးထက်ပိုတဲ့ ဆက်ဆံရေး
တခုခုမှာ ရှိနေတယ်ဆိုတာ ..
သူ ခေါင်းကိုအသာခါရင်း စားနေတာကို အာရုံစိုက်ဖို့ပြင်ရသည်
ပြည့်တက်လာပုံရတဲ့ ခံစားချက်တွေကြောင့် ထမင်းတောင်
မြိုမကျချင်တော့ ။

"အယ် Doyoung shi ထမင်းရော စားလို့ အဆင်ပြေရဲ့
လား "

"အာ ဟုတ် ပြေပါတယ် "

ထိုစဉ်မှာပဲ ဂျယ်ဟျွန်းက ခွာထားတဲ့ ပုစွန်တချို့ကို ‌သူ့ဘေးက
အတွင်းရေးမှူးဆီ တိုးပေးလိုက်တာကို သူမြင်လိုက်ရသည်

" ဟဲဟဲ ကျေးဇူးပဲ oppa နောက်လည်း များများ ခုလို လောင်း
ကြေးရှုံးပြီး ပုစွန်များများခွာပေးရပါစေ "

" စကားမများနဲ့ ထမင်းသေချာစား"

ထိုမိန်းကလေးက သူ့ဘက်လှည့်ကြည့်လာကာဖြင့်လောကွတ်ပြု
ပြန်သည် ဒီမိန်းကလေးကြည့်ရတာ သူနဲ့ ဂျယ်ဟျွန်းကြားက
အေးစက်စက်အလွှာကို ‌သက်တောင့်သက်တာဖြစ်အောင်
ကြိုးစားပေးနေပုံနဲ့တောင် တူပြန်သည်
သူ့အတွေးနဲ့သူတွေးရင်း တစ်ဖက်လူကို သတိလက်လွတ်ကြည့်မိ
တော့ ထိုသူက သူ့ကို အေးစက်စက် အကြည့်တချို့ ပြန်ပေးသည်

"..."

တကယ်ကြီးကို သူ့ကို အနှစ်နှစ်အလလက ရန်သူကြီးလို
သဘောထားနေတာပဲ!

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် အတွင်းရေးမှူး ပါ့ဂ်
ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ် နှစ်ယောက်လုံးကို
နှုတ်ဆက်ပါတယ် "

"နေပါဦး ဒိုယောင်းရှီ မှောင်နေပြီ တစ်ယောက်တည်းလား"

"ရပါတယ် ကျွန်တော် Taxi ငှားပြီး ပြန်လိုက်ပါ့မယ်
အရင်ကလည်း တစ်ယောက်တည်း ပြန်နေကျမို့ စိတ်မပူပါနဲ့ "

"ကျွန်မတို့ လိုက်ပို့ရတာလည်း အပန်းမကြီးပါဘူး စိတ်မချ-"

"Park Mina ၊ မလိုက်ချင်တဲ့သူကို ခေါ်မနေနဲ့တော့
အိမ်ပြန်မယ် "

ရှေ့ကနေ ငေါ့တော့ငေါ့တော့နဲ့ ထွက်သွားတဲ့ သူကိုသာ မမှိတ်မသုန်
လိုက်ကြည့်နေမိသည်

သူ့ကိုဆို အမြဲတမ်း စိတ်ဆိုးနေတာပဲ!
စေတနာနဲ့ နှစ်ယောက်ကြား ၀င်မရှုပ်ပေးတာကို!

"ဒိုယောင်းရှီ တကယ်ဖြစ်ရဲ့လားး သူပြောတာတွေ စိတ်ထဲ
ထားမနေပါနဲ့ ဒိုယောင်းရှီကို သူက လိုက်ပို့ပေးချင်ပါတယ် "

"ကျွန်တော် သိပါပြီ ဒါပေမယ့် ကျွန်တော့်ဘာကျွန်တော်ပဲ
ပြန်ပါ့မယ်နော် အတွင်းရေးမှူးပါ့ဂ် သွားပါ မှောင်နေပြီ"

"ကောင်းပါပြီ "

သူပြောတာကို သဘောမတူ့ချင် တူချင့်နဲ့ ထွက်သွားတဲ့ သူကို
ကြည့်နေကာ သက်ပြင်းတို့ကို ချမိသည် ကားလေးက
ခပ်လှမ်းလှမ်းကို မောင်းထွက်သွားကာမှ သူ လမ်းဘေးတနေရာမှာ
သွားထိုင်နေမိသည် Taxi လည်း တားချင်စိတ်တို့ ရှိမနေ
စိတ်တွေက လေးလံနေ၏

ခနကြာတော့ အသိမပေး ဘာမပေး မိုးတွေက ဗြုန်းစားကြီး
ရွာချသည် သူကတော့ ထိုနေရာမှာ ထိုင်နေဆဲပင် ဒီတိုင်း
ခံစားနေရသမျှတွေ မိုးရေနဲ့အတူ ပါသွားလိုပါသွားညား..
တဖြည်းဖြည်းနဲ့ သူ့ရဲ့ နားထဲမှာ မိုးသံတွေက မှိန်လာခဲ့သလို
သူ့ရဲ့ အသိစိတ်တွေကလည်း ဝေဝါးနေခဲ့သည်
သူလုံး၀ အသိစိတ်မပျောက်ခင်မှာ ‌သူ့ကိုခေါ်သံ တစ်ခုကို
ကြားခဲ့ရသည်

"Doyoung hyung!!"

•••••••••••••••♪•••••••••••••♪••••••••••••••••••••••••

သူ့အသိစိတ်ပြန်၀င်တာနဲ့ သူ့တကိုယ်လုံးက ခုမှ ပေါင်းပြီးခါစ
ပေါက်စီလေး တလုံးလို ပူပူနွေးနွေး နဲ့ ဖြစ်နေသည်
မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်ကာ ဘေးပတ်၀န်းကျင်ကို
အကဲခတ်ကြည့်တော့ ရင်းနှီးနေတဲ့ အခန်း
သေချာပေါက် သူ့ရဲ့အခန်းမှာပင်

"အမယ်လေးဗျာ ဒိုယောင်းဟျောင်း! နိုးလာလို့ တော်သေးတာပေါ့
ဗျာ "

ငိုသံတရှုံ့ရှုံ့ နဲ့ အတူ အနားပြေးကပ်လာတဲ့ သကောင့်သားလေး
Kim Jung woo !

"ဟျောင့် ငါ မသေသေးဘူးဟ! "

" ကျွန်တော် ၀မ်းနည်းလို့ပါဗျာ hyung ကို မိုးရေထဲ
ခေါင်းငိုက်စိုက်နဲ့ ထိုင်နေတာ မြင်လိုက်ရတုန်းက ကျွန်တော်
ဘယ်လောက်တောင် လန့်သွားတယ် ထင်လဲ! ကံကောင်းလို့
ကျွန်တော့်ကားနဲ့ကြုံလို့ပေါ့ဗျာ အဲ့မြင်ကွင်းက‌ေလေ တကယ်-"

"သွား ပြီးမှ ငါ့ကိုဆူ တံခါးသွားဖွင့်ပေးလိုက်ဦး ဧည့်သည်
လားမသိဘူး"

Jung woo က puppy ပေါက်လေးလို ချက်ချင်း
အပြေးထွက်သွားသည် ခနကြာတော့ ပြန်‌၀င်လာရင်း

"hyung ၊ hyung တို့ အလုပ်က မိတ်ဆွေတဲ့ "

Jung woo အပြောနဲ့အတူ နောက်ကလိုက်၀င်လာတဲ့ သူကို
မြင်လိုက်ရတော့ ဒိုယောင်း မျက်လုံးတွေ ပြူးဝိုင်းသွားတော့သည်

Jeong Jaehyun?

Jung woo ကတော့ အခြေအနေကို သတိမထားမိပဲ
ဧည့်သည်ကို ၀င်ထိုင်ဖို့ ပြောရင်း ခုနက ဆူလက်စစကားတွေကို
ပြန်လည် ဆက်သည်

"hyung သိလား hyung အဲ့ မိုးရေထဲမှာ ထိုင်နေတဲ့
မြင်ကွင်းက ကျွန်တော့်အတွက် Deja Vu ပဲဗျာ
ဘယ်လောက်လန့်သွားတယ်ထင်တုန်း အဲ့နှစ်တုန်းက hyung
မိုးရေထဲမှာ ထိုင်နေတဲ့ မြင်ကွင်းနဲ့ တပုံစံတည်းပဲ
hyung ပြော အဲ့တစ်ယောက်ကြောင့်ပဲ-"

ဆက်ပြောနေတဲ့ ဂျောင်ဝူး ပါးစပ်ကို အလျင်အမြန် လှမ်းပိတ်
ရသည် ဒီကောင်လေးက တကယ်
သူက တိုးတိုးတိတ်တိတ် ဒိုယောင်းကိုဆူနေတာပေမယ့်
တစ်ဖက်မှာ ထိုင်နေတဲ့ သူက မကြားပဲတော့မနေ

"Jung woo သွား ဧည့်သည် အတွက် ရော ငါ့အတွက်ရော
မနက်စာ သွား၀ယ်လိုက်ဦးနော် "

"ဟုတ်ပါပြီ "

ဂျောင်ဝူးက အလိုက်တသိ ထွက်သွားပြီးတော့ အခန်းတွင်းလေထု
က တမျိုးတဖုံ ပြောင်းလဲသွားသည် ခနကြာတော့ အကြီးဖြစ်သူ
ဒိုယောင်းက စကားစလိုက်သည်

"Jaehyun "

" ကျွန်တော် အလုပ်ကိစ္စ မေးစရာရှိလို့ပါ ခင်ဗျားအကိုတွေက
ခင်ဗျား နေမကောင်းလို့ ခွင့်ယူထားတယ်ဆိုလို့ "

ဒါဆို မင်းဖုန်းဆက်လိုက်ပါ့လား လို့ ပြောချင်ပေမယ့် မဖြစ်သာလို့
လာရတဲ့ အကြောင်းတွေ နားထောင်ရင် ပို‌ဆိုးနေဦးမယ်
ဒါ့ကြောင့် အလိုက်သင့် ‌သာ ပြောနေလိုက်ပါသည်

ဂျောင်ဝူးက အတန်းချိန် ရှိတာကြောင့် ဂျယ်ဟျွန်းနဲ့ သူ့ကို
စိတ်ချလက်ချ ထားခဲ့သည် တကယ်လို့ အဲ့ကလေးသာ
ဂျယ်ဟျွန်းက အဲ့နှစ်က မိုးရွာထဲ ထိုင်‌ငိုနေခဲ့တာရဲ့ အကြောင်း
ပြချက်မှန်းသာ သိရင် ခုလို ထားခဲ့ပါ့မလားတောင် သူမသိ

သူတို့နှစ်ယောက်က တမနက်ခင်းလုံး အလုပ်ကိစ္စတွေ ပြောကြ
ရင်း အချိန်ကုန်ခဲ့သည်

"မင်း ပြန်တော့မှာလား"

"အရမ်းကို ပြန်စေချင်နေတာလား "

"အဲ့လို မဟုတ်ပါဘူး မင်းက အပြင်ထွက်သွားလို့လေ "

"ခုနက ခင်ဗျားညီက နေ့လည်စာ ဆန်ပြုတ်ပြုတ်ပေးဖို့
မှာသွားလို့ ‌"

"ဒါဆို မင်းလည်း အတူစားပြီး ပြန်လေ"

"..."

"ဧည့်သည်ကို ကောင်းကောင်းဧည့်မခံရဘူးလို့
ခံစားရလို့ပါ"

"ကောင်းပြီ "

အားလုံး ပြီးစီးသွားတော့ သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်
ထိုင်ကာ နေ့လည်စာကို စားနေကြသည် ဒီလိုမြင်ကွင်းမျိုးက
ခုလက်ရှိအခြေအနေမှာ ဖြစ်လာလိမ့်လို့ ဒိုယောင်း စိတ်ကူး
တောင် မကြည့်မိခဲ့ပေ ။

အတိတ်တုန်းကဆို များသောအားဖြင့် ဒိုယောင်းက ချက်ကျွေး
ခဲ့တာပေမယ့် သူတို့ တစ်နှစ်ပြည့် မှာ ‌ဂျယ်ဟျွန်းက ဒိုယောင်း
ကြိုက်တာတွေကို ဒိုယောင်းရှေ့မှာပဲ ချက်ကာ ကျွေးခဲ့တာကို
ဒိုယောင်း အမှတ်ရသည် သူ့အတွေးတွေထဲ ပျော်ရွှင်စရာ
အတိတ်ကာလကို ရောက်သွားတော့ သူ့မျက်နှာထက် အပြုံးက
မထိန်းနိုင်ပေါ်လာခဲ့သည်

"ဘာဖြစ်လို့လဲ "

"ဟင် မဟုတ်ပါဘူး ငါဒီတိုင်း ပြန်တွေးမိသွားလို့ပါ မင်းမှတ်မိ
ရဲ့လား ငါတို့ တစ်နှစ်ပြည့်တုန်းက မင်းငါ့ကို ပထမဆုံး
ဟင်းချက်ကျွေးခဲ့တာကိုလေ ငါအဲ့အချိန်တုန်းက အပျော်ဆုံး
ဖြစ်ခဲ့တာ "

ဒိုယောင်းက စိတ်လွတ်ကိုယ်လွတ်ပြောပြီးခါမှ ပြန်သတိကပ်မိရင်း
သူ့အရှေ့က လူကို မဝံ့မရဲ ကြည့်နေမိသည်

"အဟား ၀မ်းသာပါတယ် Kim Doyoung ခင်ဗျားကတော့ဖြင့် အတိတ်ကအရာတွေကို ခုလို လှလှပပ အမှတ်တရအဖြစ်
တောင် ပုံဖော်နိုင်နေတာပဲ တကယ်ကို ကျွန်တော်တော့ဖြင့်
အားကျမိပါတယ် "

"ငါ ငါပြောတာက-"

"ကျွန်တော်ကတော့လေ ခင်ဗျားကြောင့် အလူးအလဲ ခံစားရင်း
အဲ့နေ့က အဖြစ်အပျက်ကိုပဲ တောက်လျှောက်အမှတ်ရနေခဲ့ရတာ!
ကျွန်တော်က ခင်ဗျားကြောင့် ရူးမတတ်ဖြစ်နေရချိန် ခင်ဗျားက
တော့ ကျွန်တော်နဲ့ ဝေးရာကိုထွက်သွားရင်း အဆင်ပြေနေလိုက်
တာများ အဲ့တာကိုတောင် ကျွန်တော့်အတွက်ပါလို့ ပြောပြီး
ဘာလို့ လမ်းခွဲခဲ့သေးလဲ! ကျွန်တော်မလိုအပ်တဲ့အရာတွေ
လုပ်ပေးပြီး ကျွန်တော့်အတွက်တဲ့လား ခင်ဗျားက တကယ်ကို
တကိုယ်ကောင်းဆန်လွန်းတယ် !"

"ပြန်ပါပြီ ဒီနေ့ နေ့လည်စာအတွက် ကျေးဇူးမတင်တော့
ဘူး "

ထွက်ခွာသွားတဲ့ ခြေလှမ်းကျဲကျဲတွေနဲ့အတူ
ဒိုယောင်းရဲ့ မျက်ရည်တွေကပါ လိုက်ပါကျလာခဲ့ပုံပဲ
နေမကောင်းနေတဲ့ စိတ်အရှိန်ကြောင့်မို့ ထင်ပါရဲ့ မျက်ရည်တွေ
ဟာ ထိန်းမနိုင်တော့အောင် ကျလာရင်း သူ့မျက်နှာက်ု
လက်ဝါးတွေနဲ့အုပ်ရင်း ခပ်တိုးတိုး ငိုရှိုက်နေမိသည်

ဒဏ်ရာတွေက အချိန်ကြာရင် အနာကျက်တတ်ပေမယ့်
သူ့ရဲ့ ဒဏ်ရာကတော့ ခြွင်းချက် ဖြစ်ဟန်တူပါရဲ့ ။
_____________________________________________

♪လူကို ပျော်ရွှင်စေတတ်တဲ့ ဒါမှမဟုတ်
၀မ်းနည်းစေတတ်တဲ့ အရာ အဲ့ဒီအရာကို
အချစ်လို့ သတ်မှတ်မလား

ဘယ်လို လူတိုင်းနဲ့မှ မကင်းတယ်
ချိုမြိန်နေမယ့် သောက လေးရယ်♪

BG18 - အချစ်
•••••••••••••••••••••••••••••••••••••••••••••••••••••


Comment