2

"Kim Doyoung nim ကျွန်မနဲ့ လိုက်ခဲ့ပေးပါနော် "

"ဟုတ်ကဲ့ပါ "

ဒီနေ့ Jeong Jaehyun ရဲ့ ခေါ်ဆောင်မှုနဲ့ သူ Jeong Jaehyun တို့ company ရှိရာဆီ ရောက်လာခဲ့ရ၏
အစကတော့ သူ Jeong Jaehyun နဲ့ ရင်ဆိုင်ဖို့ အင်မတိ
အင်မတန် စိုးရိမ်ခဲ့မိပေမယ့်လည်း ‌စစ်စကြေညာတဲ့နောက်ပိုင်း
ကတည်းက သူ့အပေါ် အနှစ်နှစ်အလလက ရန်သူကြီးတစ်ယောက်လို မကောင်းဆိုးဝါးကြီးတစ်ကောင်လို အနေအထားနဲ့သာ
ဆက်ဆံတာကြောင့် သူ့ဘက်ကလည်း အေးဆေး
တဲ့ ပုံရိပ်ကိုသာ ရအောင်ပြချင်ခဲ့တာမို့ သူပိုပြီး သက်တောင့်သက်တာ ဖြစ်လာပုံရသည် ။

"Meeting room ထဲ ၀င်သွားလိုက်ရင်ရပါပြီ "

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

တံခါးက ပွင့်လျက်ရှိနေတာကြောင့် သူ အသာလျှောက်သွား
လိုက်ပေမယ့် မလှမ်းမကမ်းကနေ ကြားလိုက်ရတဲ့ ရယ်သံတချို့
ကြောင့် သူ့ခြေလှမ်းတို့က ရပ်ကာ အာရုံစိုက်နေမိသည်
မဝံ့မရဲနဲ့ အထဲဘက်ဆီကို ခပ်ဖြည်းဖြည်း လှမ်းကြည့်မိတော့
အနည်းငယ်ဖြစ်တည်နေတဲ့ ပါးချိုင့်လေးက သူ့အာရုံထဲ ထင်းခနဲ
နေအောင် ၀င်လာခဲ့တယ် ခနလောက်ကြာအောင် ကြည့်ပြီးမှ
သူ့စိတ်ထဲ မကျေမနပ် အတွေးတခုက ကန်ထွက်လာသည်

" Jeong Jaehyunတို့များ မရယ်တတ်မပြံုးတတ်တော့ဘူး မှတ်နေတာ"

"အယ် Doyoung shi "

သတိထားမိသွားတဲ့ Jeong Jaehyun ရဲ့ အတွေးရေးမှူး
မိန်းကလေးက သူ့ကိုလှမ်းနှုတ်ဆက်လာတာကြောင့် သူ့မှာ
သူခိုးလူမိဖြစ်သွားသလိုပင် အနည်းငယ် ချောင်းဟန့်လိုက်ရင်း
၀င်လာတော့ ခုနက အပြုံးချိုချိုလေးပေးနေတဲ့ တစ်စုံတစ်ယောက်
က မျက်နှာရှစ်ခေါက်ချိုး ပြန်ပြောင်းသွား၏

"မင်္ဂလာပါ ဗျ ဟို ကျွန်တော် အသံပေးမလို့ပေမယ့် အထဲမှာ
စကားပြောနေကြသံကြားတော့ အားနာတာနဲ့ တွေဝေနေမိတာပါ
စိတ်မရှိပါနဲ့ "

"ရပါတယ်ရှင့် ဒါဆို Doyoung shi ထိုင်ပါဦးနော် "

သူထိုင်လိုက်ပြီးတော့ သူနဲ့ မျက်နှာချင်းတစ်ဖက်က တစ်စုံ
တစ်ယောက်က သူ့အတွင်းရေးမှူးကို ခပ်တိုးတိုး တခုခုပြောနေတာ
ကို သူမသိမသာအကဲခတ်နေမိသည် ပြီးတာနဲ့ သူ့ကို ဖိုင်တစ်ချို့
ပေးရင်း နှုတ်ဆက်ကာ ထွက်သွားတော့ လေထုက သိသိသာသာ
ငြိမ်ကျသွားတာပင်။ မနေတတ်မထိုင်တတ်သူ ဒိုယောင်းကပဲ
စကားအစသန်းလိုက်သည်

"ကျွန်တော်တို့ နှစ်ယောက်ပဲလား တခြားသူတွေကရော"

တစ်ချက်ပဲ မျက်လုံး လှန်ကြည့်လာပြီး

"မလိုဘူး "

သူ အနည်းငယ် အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်မိတော့
သူ့မျက်နှာချင်းဆိုင်ကလူက သတိထားမိသွားပုံရသည် ပြီးတာနဲ့
ထရပ်ကာ စားပွဲတစ်ဖက်ကနေ သူရှိရာဆီကို ‌ပုံမှန် ခြေလှမ်းတွေ
နဲ့ လျှောက်လာတာကြောင့် သူ ကြောင်ကြည့်နေမိတာပင်။
ပြီးတာနဲ့ အနားက ခုံတခုံကို ဆွဲယူကာ သူနဲ့ နီးကပ်တဲ့နေရာထိ
ဆွဲယူရင်း ထိုင်ကာ သူ့ရှေ့က ဖိုင်တွေကို အသာအယာပဲ ဖွင့်လာသူ။
သူ့မှာသာ ခုထိ မျက်စိမျက်နှာမလွှဲနိုင် တအံ့တဩ ဖြစ်နေရသည်။

"ဒါ ကျွန်တော်တို့ဘက်က တောင်းဆိုစရာရှ်ိတဲ့ အချက်အလက်
တချို့ပဲ ခင်ဗျားက ဒီအပိုင်းရဲ့ တာ၀န်ရှိသူမလို့ သီးသန့် ချိန်းဆို
လိုက်ရတဲ့အတွက် အနှောင့်အယှက်ပြုမိသလိုဖြစ်သွားရင်လည်း
တောင်းပန်ပါတယ်"

လုံး၀ကို လုပ်ငန်းပါတနာ တစ်ယောက်လို ‌ပြောဆိုလာတာကြောင့်
ကြောင်အနေတဲ့သူလည်း အကြည့်တို့ကို စားပွဲထက်က အရာတွေ
ဆီသာ ပို့ရင်း အာရုံစိုက်ဖို့ကြိုးစားလိုက်သည်
အနေအထားက ပုံမှန်ထက် ပိုနီးကပ်နေဝာာကို မသိချင်ယောင်
ဆောင်ရတာ အစပိုင်းတော့ ခက်ပေမယ့် တစ်ဖက်က သေချာ
အာရုံစိုက်နိုင်တယ်ဆိုတဲ့ အသိ‌ေကြာင့် သူအဆင်ပြေသွားခဲ့သည်

" အဲ့လိုဆို အဆင်ပြေပြီမလား "

Doyoung က မိနစ်အနည်းငယ်လောက် အချိန်ယူကာ
ခုနက ပြောခဲ့သည်များကို တစ်ချက်ပြန်စစ်နေရင်း ပြောလိုက်
ခြင်းပေ။ သို့ပေမယ့် အသံက ပြန်မလာ။ ဒါ့ကြောင့် သူက
ဘေးကို တစ်ချက်ကြည့်ကာ ပြန်ပြောမည်ပြုလိုက်တော့
နီးနီးကပ်ကပ် ဆုံသွားတဲ့ အကြည့်တွေက သူ့ရင်ကို အထိတ်တလန့်
ဖြစ်စေသည် နှစ်ယောက်လုံးက ဒီအခြေအနေအပေါ် ရုတ်တရက်
အသိမြန်မြန်မ၀င်နိုင်သေးသလိုနဲ့ တစ်ယောက်ရဲ့ မျက်၀န်းတွေထဲကို
တစ်ယောက်က အကဲခတ်နေမိကြသည့်နှယ်

" ပြေပြီ "

လေထုက သိသိသာသာ အနေရခက်သွားသည်။ ဒါ့ကြောင့်
ဒိုယောင်းက အရှေ့က ရှိနေတဲ့ ပစ္စည်းတွေကိုသာ ဟန်မပျက်
သိမ်းနေမိသည်

"ဒါဆို ပြန်ခွင့်ပြုပါဦး "

တစ်ဖက်က စကားပြန်တာကိုမစောင့်နိုင်တော့ပဲ သူ ခေါင်းတချက်ပါ
ညွှတ်ပြကာ ထွက်သာလာခဲ့လိုက်တော့သည် အလုပ်နဲ့ ပါဆင်နယ်ကို
မရောထွေးဖို့ သူ့ကိုယ်သူလည်း ခေါင်းထဲမှာ အထပ်ထပ်အခါခါ
သတိပေးနေမိပြန်တယ် ခုနက ဖြစ်ရပ်ကလည်း ဒီတိုင်းမတော်တဆ
ပါ ဆိုတာကိုပါ သူ့ကိုယ်သူ သေချာပြန်သတိပေးနေရသေးသည်

'ခက်လိုက်တာ Kim Doyoung ရယ် အလုပ်ကို‌ သေချာ
အာရုံစိုက်စမ်းပါ'

အောက်ထပ်ရောက်တော့မှ မိုးတွေရွာနေတယ်‌ဆိုတာ သိတာ
ကြောင့် အောက်ထပ်မှာ ဖွင့်ထားတဲ့ coffee ဆိုင်လေး‌ဆီ
သူ ခန၀င်ထိုင်နေမိသည် အပြင်ဘက်က လမ်းမကို သေသေချာချာ
မြင်နေရတာမို့ စိတ်အာရုံတွေက ခုတော့ လမ်းမထက်မှာပဲ။

သူစိတ်၀င်တစားကြည့်နေမိတာက လမ်းမတစ်ဖက်ခြမ်းက
ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဆီကိုပင်
နှစ်ယောက်သားက ထီးတစ်‌ေချာင်းတည်းကို အတူဆောင်းထား
ရင်း မျက်နှာချင်းဆိုင် ရပ်စကားနေကြပုံပင် အရမ်းမသဲကွဲပေမယ့်
နှစ်ယောက်က ပြုံးနေကြတယ်ဆိုတာတော့ ဒိုယောင်းသိပါတယ်
အာရုံပြောင်းချင်လို့ လမ်းမဆီ အကြည့်လွှဲမိတဲ့ ‌ဒိုယောင်းရဲ့
အကြံအစည်က အောင်မြင်ရဲ့လားဆိုတာတောင် မသိတော့ဘူး
အတိတ်တုန်းက မိုးရွာတဲ့နေ့တနေ့အကြောင်းက ခုနက မြင်ကွင်း
လေးကြောင့် အာရုံထဲကို စုပြုံ ၀င်လာတော့တာပဲ

ဒါပေမယ့် ဒီတခုကိုတော့ သူ မထိန်းချုပ်မိလိုက်တော့
သူသေသေချာချာလေး ပြန်လည်တွေးတောမိချင်ပါတယ်

🌧️🌧️🌧️

"ကျွန်တော် ဒီတခေါက် ကစားတာ ဘယ်လိုလဲ hyung"

"အရမ်းမိုက်တယ်"

သူက လက်မနှစ်ချောင်းပါ ထောင်ပြတော့ ထိုကောင်လေးက
ကျေနပ်သလို ပြုံးလာသည် ဒါပေမယ့် အဲ့အပြုံးကခနပါပဲ

"ဒါဆို ကျွန်တော် နဲ့ ဟိုဘက် အသင်းက ကောင်နဲ့ ဆိုရင်ရော"

မထင်ထားတဲ့ မေးခွန်းမို့ ဒိုယောင်းက ဘေးက အတူလျှောက်နေတဲ့
သူကို လှည့်ကြည့်မိတော့ သူ့အဖြေကို စောင့်ဆိုင်းနေဟန်အပြည့်နဲ့
မျက်နှာထားကို တွေ့ရသည်
ဒိုယောင်းသိတော့သိပါတယ် ခုနက ဂျယ်ဟ‌ျွန်းတို့ဆော့ခဲ့တဲ့ပွဲက
ဒီတိုင်း ကစားပွဲသပ်သပ်မဟုတ်ပဲ တစ်ဖက်အသင်းက ကောင်
လေးတစ်ယောက်နဲ့ ဂျယ်ဟျွန်းနဲ့ ရဲ့ ပြိုင်ဆိုင်မှုတခု ဖြစ်ပုံရသည်

" မင်းက ကလေးလား "

ဂျယ်ဟျွန်းက စနေတာမှတ်လို့ သူလည်း ထိုသို့ပြောလိုက်ကာ
အသာရယ်နေမိပေမယ့် လမ်းအတူလျှောက်နေသူက ရုတ်တရက်
ရပ်ကာ သူ့ဘက်လှည့်လာတာကြောင့် သူတောင် အယောင်ယောင်
အနန နဲ့ လိုက်ရပ်မိသည်

" အင်း ကလေးဆိုလည်း ကလေးပေါ့ ဖြေပါ ဘာလို့လဲ
အဲ့ကောင်က ကျွန်တော့်ထက် ပို အဆင်ပြေနေလို့လား"

စစနောက်နောက် အခြေအနေကနေ serious ဆန်တဲ့ လေထု
ကို ပြောင်းလဲသွားသည်

"ဘာတွေပြောနေတာလဲ မင်းက အကောင်းဆုံးပေါ့ ငါက
မင်းကိုပဲ အားပေးနေခဲ့တာကို "

ထိုအခါမှ ခုနက ထက် လေထုက ပိုပြီး သွက်လက်လာခဲ့သည်
ဒိုယောင်းစိတ်ထင်တာလားမသိပေမယ့် ဂျယ်ဟျွန်းက ဒီနေ့
တမျိုးထူးခြားနေခဲ့သည် သူတို့ ကစားပွဲပြီးပြီးချင်းတုန်းကလည်း
ဒိုယောင်းကမ်းပေးတဲ့ရေဘူးကို ဒီတိုင်းမယူပဲ ဒိုယောင်းလက်ကိုပါ
ရောကိုင်ကာ ရေဘူးကို မော့သောက်သည် တစ်ဖက်အသင်းက
ကောင်လေးက လာနှုတ်ဆက်တော့လည်း စကားစကိုမြန်မြန်
လိုက်ဖြတ်နေတာကို သူ သတိထားမိသေး၏ ခုလည်း
ထူးဆန်းတဲ့ စကားတွေနဲ့ မျက်နှာရိပ်တွေက ဘာတွေပါလိမ့်။
တမျိုးတမည် အတွေးတွေနဲ့အတူ မူမမှန်လာတဲ့ ရင်ဘတ်ထဲက
အရာကြောင့် သူက အတွေးစမြန်မြန်ဖြတ်ရသည်

"အာ မိုးတွေရွာလာပြီ"

ဒိုယောင်းက ပါလာတဲ့ ထီးကို ထုတ်လိုက်ရင်းကနေ ဂျယ်ဟျွန်း
အင်္ကျီစကိုလည်း အနည်းငယ်ဆွဲလိုက်ကာ ထီးအောက်၀င်စေသည်
မိုးရွာနေတဲ့ အရှိန်ကြောင့်ရော ထီးက လူနှစ်ယောက်အတွက်
အရမ်းလုံလုံလောက်လောက်မကြီးတာရောကြောင့် သူတို့နှစ်ယောက်
က ပုံမှန်ထက် ပိုကပ်နေခဲ့တယ် အနေအထားက အသက်ရှူရပဲ
ခက်နေသလို ဒါ့ကြောင့် ဒို‌ယောင်းကပဲ စကားစတင်ပြောမိလိုက်
သည်

"Bus stop ရောက်ဖို့ သိပ်မလိုတော့ဘူး "

"အင်း"

အင်း လို့ ဖြေ‌ခဲ့ပေမယ့် အဖြေနဲ့ ဆန့်ကျင်စွာ ရုတ်တရက်
သူနဲ့ မျက်နှာချင်းဆိုင်ကိုရောက်လာရင်း ထီးကိုင်ထားတဲ့ သူ့
လက်တစ်ဖက်ပေါ်ကိုပါ ဂျယ်ဟျွန်းရဲ့ လက်တစ်ဖက်က အုပ်မိုး
ကိုင်ထားပြန်သည်

"ခန"

"Jaehyun ပြောစရာရှိတယ်ဆိုလည်း bus stop ရောက်
မှပြော မင်းနောက်ကျောတွေ စိုနေပြီ "

"ခုပဲ ပြောချင်တာ ကျွန်တော် သည်းမခံနိုင်တော့ဘူး
နောက်ပြီး စိတ်လည်းမချတော့ဘူး"

"..."

"ကျွန်တော် hyung ကို သဘောကျတယ် ကျွန်တော် ဘယ်လို
မျိုး သဘောကျတယ်ဆိုတာ hyung ရိပ်မိမှာပါ
hyungရော ကျွန်တော့်အပေါ် ဘယ်လိုသဘောထားလဲဟင်"

"Jaehyun "

"အင်း"

"ဒါ စနောက်စရာ ကိစ္စမဟုတ်ဘူးနော်"

" ကျွန်တော် နောက်နေတာ မဟုတ်ဘူး"

တကယ်တော့ ဒိုယောင်းမမေးတောင် ဂျယ်ဟျွန်းရဲ့ ပုံမှန်ထက်
နီရဲနေတဲ့ နားတွေက နောက်မနေကြောင်း သက်သေပြထားတာပင်။

"ဒါဆို bus stop ထိတော့ လျှောက်ခွင့်ပေးဦး အဲ့ကြမှ
အဖြေယူတော့ "

"ကောင်းပြီ"

ထိုအခါကြ အားရပါးရပြုံးပြီး ခြေလှမ်းတွေကလည်း မြန်နေတာ
ကြောင့် သူ့မှာ မနည်းလိုက်နေရလို့ "ငါစိုကုန်ပြီကွ" ဆိုတဲ့တလုံးနဲ့
ခြိမ်းခြောက်ထားရသေးသည် တကယ်မလွယ်ကြောလေးပင်

"Doyoung shi သဘောတကျ ပြုံးနေရတဲ့ အကြောင်း
အရင်းများရှိရင် ကျွန်တော့်ကိုလည်း မျှဝေပါဦး"

အသံကြားခါမှ သူ့ရဲ့ လမ်းမပေါ်ကအာရုံတချို့ သူ့ရှေ့မှာ ထိုင်လျက်
ရှိနေသား သူဆီ ရောက်လာရသည် လူတစ်ယောက်လုံး သူရှေ့ရောက်နေတာ သူမသိလိုက်အောင်ကို သူဟာ အတိတ်နေ့ရက်
တချို့မှာ မျောနေမိပုံပင် ဖြစ်ပေါ်လာတဲ့ ရှက်စိတ်တချို့ကြောင့်
သူက ခြောက်ကပ်ကပ်ရယ်မိသည်
သူ့ရှေ့ကသူကတော့ လိုက်မရယ် သူ့ကို အစိမ်းသက်သက်ကြည့်ရင်း
သူခုနက ကြည့်နေတဲ့ နေရာဆီသို့ လှည့်ကြည့်နေသည်

အမည်မသိ ခံစားချက်တချို့က ဒိုယောင်းဆီ ဖြစ်တည်လာသည်
၀မ်းနည်းတာလား ဘာလားလည်း သူမပြောပြတတ်
ဂျယ်ဟျွန်းနဲ့ အတူရှိချိန်ဆို သူ့စိတ်တွေက အဲ့လိုအမည်မသိခံစား
ချက်‌များစွာနဲ့ ခံရခက်ခြင်းဆိုတဲ့ အနေအထားမှာ အမြဲရှိနေတတ်
သည် ဒါဟာ ဂျယ်ဟျွန်းရဲ့ ဆန္ဒပင် ဖြစ်လိမ့်မယ်ဆိုတာလည်း
သူသိပါသည် ။

"Kim Doyoung မှာ မိုးရွာတဲ့နေ့တွေနဲ့ပက်သက်ပြီး
အမှတ်တရကောင်းတွေ အများကြီးရှိခဲ့တဲ့ပုံပဲနော် ခင်ဗျားကြည့်ရတာ ခုနက အတော်လေး ခံစားချက်ကောင်းနေခဲ့ပုံပဲ "

ဒိုယောင်းက သူ့ရှေ့က သူကိုလည်း ကြည့်မနေမိသလို လမ်းမကို
လည်း ကြည့်မနေတော့ပါ သူဟာ ငြိမ်လျက်သားပင်

"ကျွန်တော်ကတော့ မိုးရွာတာကို မုန်းတယ် "

သူတို့နှစ်ယောက်ရဲ့ အကြည့်တို့က ဆုံစည်းသွားတဲ့ အခါမှာ
တော့ သူနားလည်လိုက်တာက Jaehyun က
ခင်ဗျားကို အရမ်းမုန်းတယ် လို့ ပြောနေသလိုပါပဲ ။

နှလုံးသားကအောင့်တယ် ၊ သူမခံစားနိုင်တော့တာကြောင့်
ထပြန်ဖို့ပဲ လုပ်လိုက်တော့တယ်

"အရှေ့မှာ ကျွန်တော့် driver စောင့်နေတယ် ဒါမှမဟုတ်
ကိုယ့်ဘာကိုယ် ပြန်ချင်တယ်ဆိုလည်း ပြန်ပါ"

ခုချိန် နောက်လှည့်ကြည့်လိုက်ရင် ခနဲ့တဲ့တဲ့ အပြုံးတွေနဲ့
ရင်ဆိုင်ရမှာသိတာကြောင့် ဘာစကားမှတောင် မပြောတော့ပဲ
သူ ဟန်မပျက် ထွက်သာလာခဲ့သည် ။

တကယ်ကို သူသိခဲ့ဖူးတဲ့ တစ်ချိန်က Jeong Jaehyun နဲ့
ကွဲပြားစွာ၊ အဲ့လိုကွဲပြားအောင် လုပ်ခဲ့မိတာကလည်း
သူကိုယ်တိုင်ဖြစ်နေခြင်း၊ Jeong Jaehyun က သူ့ကို
အခြေအနေတခုထိ အလွတ်ပေးလိမ့်မည် မဟုတ်ပါ
သေချာပေါက် သူ့ရဲ့နေ့ရက်တိုင်းအတွက် ပြင်ဆင်ထားသင့်ပေသည်
ဒီအတွက်လည်း သူက အချိန်တခုထိ ရုန်းထွက်ဖို့ စဉ်းစားမည်
မဟုတ် မဆီမဆိုင် Jaehyun အပေါ် ရက်စက်မိသူ ဖြစ်ခဲ့တဲ့
အလျောက် Jaehyun ကို နည်းနည်းလောက်ဖြစ်ဖြစ် စိတ်
ကျေနပ်စေချင်သည် သူမကျေနပ်သမျှ ပေါက်ကွဲခြင်းတွေကို တောင့်ခံရင်းဖြစ်ဖြစ်ပေါ့..

🌧️🌧️🌧️

🎵내 맘은 True True
ငါ့ခံစားချက်တွေက True True

🎵너와 함께 있을 땐
မင်းနဲ့ အတူ ရှိချိန်တွေမှာတော့

🎵사랑받던 모습이 그토록 아름다웠는데
အချစ်ခံခဲ့ရပုံတွေက အရမ်းကို လှပခဲ့တာပဲ

BOL4 - BLUE

_____________________________________________

Comment