အပိုင်း(၁၂)

''ဘေးကို...ဘေးကို...ကလင် ကလင် ကလင်~~´´

''ဘုရားပန်းလေးတွေ...သပြေပန်း...နှင်းဆီပန်း....ဂန္ဓမာပန်းလေးတွေအားပေးကြပါ့အုံး....´´

မြောက်ဘက်အဝင်ဝတွက် မဏိစည်သူစျေးဟုရေးထိုးထားသော ဆိုင်းဘုတ်ကြီးက ညောင်ပင်ကြီးဘေးတွင်ကပ်လျှက်တည်ရှိနေသည်။ညောင်ဦးမြို့ပေါ်သို့ မင်္ဂလာဆောင်အတွက် အဝယ်အခြမ်းရောက်လာခြင်းဖြစ်သည်။

''ဟိုးထား....ရပြီဟေ့´´

ကားစပယ်ကိုချက်ကြီးက အသံအောင်အောင်ဖြင့် ကားနောက်မှီးမှနေ၍ အရှေ့ခန်းသို့လှမ်းအော်နေသည်။

ထော်လာဂျီက စက်ခေါင်းမှ မီးခိုးနှစ်ချက်လောက်မှုတ်ထုတ်ကာ ရပ်သွားတော့သည်။

''အကုန်လုံး ဝယ်ခြမ်းပြီးရင် ဒီတမာပင်ဂိတ်မှာပဲ ဆုံကြတာပေါ့....မြန်မြန်ဆန်ဆန်တော့ ဝယ်ကြဗျား...´´ကားဆရာ ကိုအေးကြည်က အော်ပြောလာသည်။

တမာပင်အောက်တွင် ချစ်တီးကွမ်ယာဆိုင်ကလည်း ရောင်းအားကောင်းပုံရသည်။လက်ကိုမလယ်ရ ခပ်သွက်သွက်နဲ့ ကွမ်းယာနေသည်။

တောင်ဘက်အခြမ်းတွင် ကုန်စိမ်းများရောင်ချပြီး ခရမ်းသီး၊ခရမ်းချဥ်သီး၊ကန်စွန်းရွက်၊ချဥ်ပေါင်ရွက် အစရှိသည့် အသီးအရွက်မျိုးစုံကို လတ်လတ်ဆတ်ဆတ် စျေးချိုချိုနဲ့ရောင်းချကြသည်။

ဈေးတွင်းထဲမှာတော့ကုန်ခြောက်ပစ္စည်းများ၊အဝတ်အထည်များ၊အလှကုန်များ၊လူသုံးကုန်များကို ရရှိနိုင်သည်။

''ငါတို့အဖွဲ့ခွဲသွားရအောင်....ငါရယ်၊သော်တာရယ်၊ဖိုးချမ်းရယ်၊နှင်းရီရယ်က ဈေးတွင်းထဲကုန်ခြောက်ဝယ်မယ်....ကိုကုဋေထက်တို့ကတောင်ဘက်ထဲသွားပြီးဝယ်ကြ´´

အဝယ်အခြမ်းက ရှစ်ယောက်ရှိသည်မို့ မြန်မြန်ပြီးရန် လူစုခွဲလိုက်သည်။ကိုကုဋေထက်တို့အဖွဲ့မှာတော့ သဒ္ဒါရွှန်းဝေ၊မိနွယ်၊ကိုစိုင်းခန့်ပြည့်စုံ တို့ဖြစ်သည်။

''အေးအေး...ဒါဆိုပိုက်ဆံက ငါတို့ယူသွားပြီ....အလိမ္မာသွေးရှင် ရောက်ရင်တော့နောက်ထပ်ပါဦးမှာ....မင်းတို့ကကုန်ခြောက်ပစ္စည်းဆိုတော့ တော်ရုံတန်ရုံအကြွေးထားခဲ့လိုက်ကြ´´ကိုကုဋေထက်က လက်ထဲမှပိုက်ဆံတစ်ချို့တစ်ဝက်ကို ပေးကာ ဈေးဝယ်ခြင်းအမှုကိုစတင်လေသည်။

ကုန်ခြောက်စာရင်းစာရွက်ကို လက်မှကိုင်ကာ နွေရင်ခတ်သက်ပြင်းချလိုက်သည်။သူတို့ဈေးတွင်းထဲမှာ ပတ်နေရတာဘယ်နှခေါက်ရှိမှန်းပင်မသိတော့။ရှာနေတဲ့ဆိုင်ကမတွေ့။

''နှင်းရီ...ဒေါ်စန်းမြဆိုင်က ဒီနားမှာဟုတ်လို့လား?´´

''ဟုတ်မယ်ထင်တာပဲ´´

''ထင်တာပဲ လုပ်မနေနဲ့...ငါ့ခြေထောက်တောင်ပြုတ်ကျတော့မယ်....တော်တော်မိန်းကလေးပီသတယ်...ဝယ်နေကျဆိုင်တောင်မမှတ်မိဘူး´´သော်တာပြောလည်းပြော နှင်းရီခေါင်းကိုခေါက်လိုက်သည်။

ဆန်ဝယ်နေကျဆိုင်ကို လမ်းပျောက်နေသည်ကြောင့် အခြားပစ္စည်းများကိုသာအရင်ဝယ်ရန်ဆုံးဖြတ်လိုက်ကြသည်။

ဈေးတွင်းထဲ ခြေရာချင်းထပ်အောင်လျှောက်ပြီးနောက်မှာတော့ အားလုံးစုံလုနီးပါးပင်။

''ဖိုးချမ်းက ဆံပင်ကိုက်ဦးမှာဆိုတော့ သော်တာ မင်းသူနဲ့လိုက်သွားပြီး ဆံပင်ကိုက်လိုက်ပေးလိုက်...ငါနဲ့နှင်းရီ ဒီပစ္စည်းတွေကို တွန်းလှည်းငှားပြီး တမာပင်ဂိတ်ပို့ခိုင်းလိုက်မယ်´´

ဝယ်ပြီးသားပစ္စည်းတွေက ခြင်းတောင်းနဲ့လေးငါးတောင်းရှိသည်မို့ တွန်းလှည်းငှားမှဖြစ်မည်ပင်။

သူတို့တွန်းလှည်းငှားနေတုန်း သဒ္ဒါရွှန်းဝေနဲ့မိနွယ်က ခြင်းတောင်းကိုစီသယ်ကာသူတို့နားရောက်လာသည်။

''နှင်းရီ ပြီးပြီလား?´´

''မမသဒ္ဒါတို့ကော?´´

''အခုပဲပြီးတာ...ဟိုဘက်နား အင်္ကျီသွားကြည့်မလို့လေ....လိုက်ခဲ့မလား?´´

''အင်း...လိုက်ခဲ့မယ်´´

''ကိုရင်မောင်...ကားဂိတ်ကိုကိုယ့်ဘာသာပဲ စီစဥ်လိုက်တော့နော်´´နှင်းရီက သူ့တစ်ယောက်တည်း အထုပ်အပိုးတောင်းပလုံးစုံစွာနဲ့ထားကာ သဒ္ဒါရွှန်းဝေတို့နဲ့အတူထွက်သွားလေသည်။

သူ့မှာ သဒ္ဒါရွှန်းဝေနဲ့မိနွယ်ထားခဲ့သည့်တောင်းတွေရော ဝယ်ခြမ်းထားသည့်တောင်းတွေရော ကြည့်ကာ သက်ပြင်းမောချမိသွားသည်။

''ဟုတ်တယ် အစ်ကို...ဒီကား..ဒီကား´´

တွန်းလှည်းသမားအား ကားကိုညွှန်ပြရင်း တောင်းများကိုကားပေါ်သို့တင်ရန် ကူညီကာမသယ်ပေးလိုက်သည်။

''တခြားသူတွေက ဘယ်ရောက်ကုန်တာလဲ?´´

အလိမ္မာသွေးရှင်ကိုလှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းတွင် ဂျစ်ကားလေးရပ်ထားလေသည်။

''အလိမ္မာသွေးရှင်´´

''ညီလေးရေ တွန်းလှည်းခလေး´´

''အော်...ဟုတ်သားပဲအစ်ကို ခဏလေးနော်´´

နွေရင်ခတ် အလိမ္မာသွေးရှင်အနားသွားကာ လက်ဖြန့်တောင်းလိုက်သည်။

''ပိုက်ဆံ´´

သူတောင်းသည်ကိုမပေးဘဲ အလိမ္မာသွေးရှင်ကမျက်မှောင်ကြုတ်ကာကြည့်လာသည်။ဘာလဲ အလိမ္မာသွေးရှင်က မျက်မှောင်ပဲ ကြုတ်တတ်တာလား...

ထို့နောက် အလိမ္မာသွေးရှင်က သူ့ကိုကျော်ကာ တွန်းလှည်းသမားဆီသို့သွားပြီး ပိုက်ဆံပေးလေသည်။

ဘာလားဟ.....အလိမ္မာသွေးရှင်.....

''အဟမ်းးးးးးဆန်အိတ်ဝယ်ဖို့ကျန်သေးတယ်နော် ပိုက်ဆံမပေးချင်လည်းသဘောပဲ´´

''သွားမယ်....လိုက်ခဲ့´´

''အလိမ္မာသွေးရှင်!ဘယ်သွားနေတာလဲ?´´

''ဘယ်သွားနေတယ်လို့ထင်လဲ?´´

''ငါက မင်းရဲ့ကိုယ်စောင့်နတ်လား သိရအောင်´´

''ငတုံး...ဆန်အိတ်ဝယ်သွားနေတာလေ´´

သူတို့လေးယောက် အကြိမ်ကြိမ်ရှာခဲ့ရသော ဆန်ဆိုင်ကို အလိမ္မာသွေးရှင်က အလွယ်လေးနဲ့ပင်ရှာတွေ့သွားသည်။အလိမ္မာသွေးရှင်လို လူကလေ...မဖြစ်နိုင်တာ...

''မင်းက ဒီဆိုင်ကိုသိတယ်ပေါ့...ထူးဆန်းချက်´´

''ငါတို့ ဆန်စက်ကဆန်ကို ဒီဆိုင်မှာတင်တာလေ မသိတာကမှဆန်းဦးမယ်´´

''သြော်....အဲ့လိုကို´´

''ငတုံးလို့ပြောရင်လည်း ကိုယ်ကလွန်ရာကျအုံးမယ်...တကယ့်ငတုံး´´

''ဟမ့်....မကြားဘူးလို့သဘောထားလိုက်မယ်...ဒီဆရာက ဗွေမယူတတ်ပါဘူး´´

နွေရင်ခတ် လက်ပိုက်ကာ ဆရာကျကျအရှေ့မှကျော်တတ်ကာ ဆန်ဆိုင်ထဲဝင်လိုက်သည်။

''အမရေ ဒီတံဆိပ်နဲ့ဆန်အိတ် ခြောက်လုံး ပေးပါ...ငွေကတော့ အနောက်ကတစ်ယောက်ရှင်းလိမ့်မယ်´´

နွေရင်ခတ် ဆန်အိတ်ကို နာမည်မှတ်ကာ ဘေးရှိထိုင်ခုံပေါ် ထိုင်ကာ အကျောဆန့်လိုက်သည်။

''သုံးအိတ်ကိုတော့ အကြွေးထားခဲ့မယ်ဗျ....မင်္ဂလာဆောင်ပြီးမှပဲ ငွေလာချေရော့မယ်´´

''ရပါတယ် ငါ့တူရယ်....ဒီလူနဲ့ဒီလူ ပြောနေစရာလိုလို့လား?´´

''ဟုတ်ကဲ့ ဒေါ်ဒေါ်....ဒါဆို ရွာကားပေါ် ဒီအိတ်လေးတွေတင်ပေးဖို့ စိတ်ချမယ်နော်´´

''စိတ်ချငါ့တူ....စိတ်ချ...စိတ်ချ´´

ဆန်ဆိုင်အဒေါ်ကြီးက သူ့ဖောက်သည်များကို စိတ်မပျက်စေရပေ။ရွာထဲ အလှူရှိရှိ၊မင်္ဂလာဆောင်ရှိရှိ ဒီဆန်ဆိုင်မှာသာ ဝယ်ကြတာကြောင့် အကြွေးထားလည်း ကိစ္စမရှိ။

''ဘာတွေဝယ်ဖို့ကျန်သေးလဲ?´´

''အကုန်တော့စုံပြီထင်တာပဲ....သော်တာလာမှ အင်္ကျီဆိုင်တစ်ချက်သွားကြည့်မလို့´´

''ဟိုမှာကြည့် သူတို့ကအခုမှတန်းစီတုန်းရှိသေးတယ်´´

အလိမ္မာသွေးရှင်ရဲ့လက်ညှိုးညွှန်ရာကြည့်လိုက်တော့ ဝိုင်းချစ်ဆံပင်ညှပ်ဆိုင်ဆိုတဲ့ ဆိုင်းဘုတ်နားတွင် လူတန်းရှည်ကြီးကိုတွေ့လိုက်ရသည်။ဆံပင်ညှပ်တဲ့အလုပ်က တော်တော်လေးအဆင်ပြေပုံရသည်။

''သွားရအောင် ငါလိုက်ခဲ့မယ်´´

အင်္ကျီဆိုင်ရောက်တော့ သူလူရွေးမှားသွားပြီဆိုတာသိလိုက်ရသည်။အနားကနေ ကူရွေးပေးပါဆိုတာကိုပင် မရွေးတတ်ဘူးဟုဆိုကာ သူနဲ့မဆိုင်သလိုနေနေသည်။တကယ်လည်း သူနဲ့မဆိုင်ပါဘူး။ဒါပေမဲ့ သူပဲလိုက်ခဲ့မည်ဟု ပြောခဲ့တာမဟုတ်ပါလား။သော်တာဆိုရင် အင်္ကျီရွေးရာမှာ အားကိုးဖော်ရသေးတယ်။အခုတော့ ကိုယ့်တစ်ယောက်ထဲ ဟိုဟာရွေးရမလိုလို ဒါရွေးရမလိုလိုနဲ့ တိုင်ပတ်နေတော့သည်။

''ဟို.....အစ်မ....ကျွန်တော်တို့နောက်တစ်ဆိုင်သွားကြည့်လိုက်ပါ့ဦးမယ်...´´

အထည်ပြပေးသော အစ်မကို အားနာနာနဲ့ပြောလိုက်သည်။

''သွားရ....´´အလိမ္မာသွေးရှင်ရဲ့ စိတ်မရှည်လက်မရှည်ဖြစ်နေသောမျက်နှာကိုမြင်တော့သူပြောမည့်စကားတောင် လည်ချောင်းထဲနင်ဆို့သွားသည်။

''ဒီဆိုင်နဲ့ဆို ဘယ်နှစ်ဆိုင်ရှိပြီလဲ?...ကျစ်....´´

''မင်းငါ့ကိုအဲ့လို လာမကြည့်နဲ့...ကူဖော်လည်းမရဘဲနဲ့...နောက်ပြီးမင်းဘာသာလိုက်လာတာကို´´

အလိမ္မာသွေးရှင်က နဖူးကိုလက်ဖြင့်ထောက်ကာ သက်ပြင်းချလေသည်။မျက်မှောင်ကကြုတ်ထားသေးသည်။

ထိုသူက ဤကဲ့သို့ပင်။တစ်ခုခုအလိုမကျဘူးဆိုသည်နှင့် မျက်မှောင်ကြုတ်လိုက် မျက်ခုံးနှစ်ဖက်ကြား နှာတံပေါ်သို့ဖိ​ချေလိုက်နဲ့ လုပ်တတ်သည်။စိုက်ကြည့်တာကမပါမဖြစ်။သူ့အကျင့်တွေတောင် အလွတ်ရနေပြီ။ဟူးးးးဘဝကြီးကလည်း ငွေကိုင်ပြီးသုံးချင်ဖြုန်းချင်တာတောင်မလွယ်ဘူးးးးးး

''ငါ့နောက်လိုက်ခဲ့´´အလိမ္မာသွေးရှင် စူပုတ်ကာအပြစ်တင်နေသော နွေရင်ခတ်ကို သူဝယ်နေကျဆိုင်သို့ခေါ်လာခဲ့သည်။အမျိုးသမီးများသာ အဝတ်အစားဝယ်ရာမှာ ကြံ့ကြာသည်ဟုထင်ခဲ့တာ ယောကျာ်းပျိုများလည်း အတော်လေးဇီဇာကြောင်သည်ကို....

''မင်္ဂလာပါ အကိုလေးရှင့်´´

ဆိုင်ထဲဝင်ဝင်ချင်း ဝန်ထမ်းများက ချိုသာစွာနှုတ်ဆတ်လာသည်။နွေရင်ခတ် ကုတ်ကုတ်ခလေး အလိမ္မာသွေးရှင်နောက်မှလိုက်လာခဲ့သည်။ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ဆိုင်ထဲ သူတစ်ခါမှ ခြေချဖူးတာမဟုတ်ဘူး။နောက်ပြီး ဒီလိုဆိုင်တွေက ဈေးအရမ်းကြီးသည်။သူ့အနေနဲ့ဆိုလျှင် တစ်သက်နဲ့တစ်ကိုယ်ထိုဆိုင်ထဲသို့ ဝင်ဖူးမည်မဟုတ်ပေ။ထိုဆိုင်မျိုးတွေမှာ ဝယ်ဖို့လည်းစိတ်ကူးမရှိ။ဘဝပေးအခြေအနေကိုသူနားလည်ရမည်လေ....

''အအေးသား ပိတ်စကိုပြပေးလို့ရမလား?´´

''ဟုတ်ကဲ့ ဒီဘက်ကြွပါရှင်´´

''ခဏလေးနော်´´နွေရင်ခတ် သူ့လက်ထဲကပိုက်ဆံကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အလိမ္မာသွေးရှင်ကို ဆိုင်ထောင့်သို့ဆွဲခေါ်လာလိုက်သည်။

''ဒီဆိုင်တွေက ဈေးအရမ်းကြီးတာ ငါတို့တခြားဆိုင်ပဲသွားရအောင်´´

''မရဘူး ဆိုင်ထဲတောင်ရောက်နေပြီကို...လာ´´

အလိမ္မာသွေးရှင်ဆွဲခေါ်ရာနောက် မျက်နှာငယ်လေးဖြင့် လိုက်သွားခဲ့ရသည်။အခုချိန်မှာသူ သိမ်ငယ်မိတာတစ်ခုထဲပဲ။ရှက်လည်းရှက်တယ်။ပိုက်ဆံရှင်းလို့ သူ့မှာပါတဲ့ပိုက်ဆံနဲ့မလောက်ဘူးဆိုရင်သူ.......သူ...ဘာဆက်လုပ်ရမှာလဲ....ဟားတိုက်ပြီးရယ်ချရမှာလား.....ဝမ်းနည်းပက်လက်ငိုပြရမှာလား....သူ့ရင်ထဲတစ်ဆို့လာကာ ရှင်သန်နေတဲ့ဘဝကြီးကတောင် မတရားဘူးလို့ တွေးကာအော်ဟစ်ပစ်ချင်သည်။အလိမ္မာသွေးရှင် တမင်သက်သက်လုပ်တာမလား?ဟုတ်တယ်မို့လား?ငါ့ကိုစိတ်ဆိုးမပြေသေးလို့ အခုလိုလုပ်တာမလား?...

''တခြားအရောင်တွေရှိသေးလား?´´

''အကိုလေး အနောက်ကသူ အဆင်ပြေ...ပြေရဲ့လားရှင့်´´

ဝန်ထမ်းမလေးပြောမှ သူလှည့်ကြည့်လိုက်တော့ အရည်ကြည်လေးတွေအဝိုင်းသားနဲ့ နှုတ်ခမ်းသားကို ကိုက်ခဲထားသော ထိုလူသားကိုတွေ့လိုက်ရသည်။

''နွေ...´´သူ့စကားပင်မဆုံးသေး ရင်ခွင်ထဲရောက်လာသော ထိုသူ့ကြောင့် ခြေလှမ်းနှစ်လှမ်းသုံးလှမ်းပင်ယိုင်သွားရသည်။

''ဘာဖြစ်လို့လဲ?´´

အဖြေစကားပြန်မကြားရပေမဲ့ ရင်ဘတ်ပေါ်က စိုထိုင်းမှုလေးကြောင့် ကျောပြင်လေးကို ခပ်ဖွဖွလေးပွတ်ကာချော့မြူလိုက်သည်။

တစ်ချက်တစ်ချက်ရှိုက်သံလေးက ဘေးလူတွေမကြားရပေမဲ့ သူ့နှလုံးသားနဲ့အနီးဆုံးမှာ ငိုကြွေးနေသည်ကြောင့် ရှင်းရှင်းလင်းလင်းပင်ကြားနေရသည်။

''အလိမ္မာသွေးရှင် မကောင်းတဲ့ကောင်....ငါ့ကိုတမင်သက်သက်နှိမ်ချင်တာမလား...မကောင်းတဲ့ကောင်ရ...´´

ဘေးမှ ဝန်ထမ်းလေးများကလည်း သူတို့အဖြစ်ကို သိသလိုတစ်မျိုးမသိသလိုတစ်မျိုး စူးစမ်းသိမျက်လုံးများဖြင့် ကြည့်နေကြသည်။

''အငိုတိတ်တော့နော်...ဟိုမှာ လူတွေဝိုင်းကြည့်နေကြပြီ´´နှစ်ကိုယ်ကြားရုံး တိုးတိုးပြောလိုက်သည်။

''ငါမင်းစကားကိုမယုံဘူး...အကျင့်မကောင်းတဲ့ကောင်´´

အလိမ္မာသွေးရှင် နွေရင်ခတ်လက်ထဲက ပိုက်ဆံကိုယူကာ ''ဒီဆိုင်က ငါ့ဆိုင်လေ ဘယ်သူက မင်းကိုပိုက်ဆံတောင်းရဲမှာလဲ?....´´

''ဟမ် တကယ်လား?´´

ထိုအခါမှ ရင်ခွင်ထဲကနေ ငေါက်ကနဲခေါင်းထောင်ကြည့်လာသည်။

''မင်းဆိုင်ဆိုလည်း ငါ့ဆိုင်မှမဟုတ်တာ ပိုက်ဆံကပေးရမှာပဲလေ?´´ပြန်တွေးကာ သနားချင့်ဖွယ်မျက်လုံးအဝိုင်းသားနဲ့ပြောလာသည်။

''ကျစ်´´အလိမ္မာသွေးရှင် တစ်ကိုယ်တည်းကြားရုံသာ *ကျစ်*သပ်လိုက်သည်။အကျယ်ကြီးတော့မဟုတ်။အခုမှအငိုတိတ်သွားကာရှိသေး နောက်ထပ်တော့ ငိုနေဦးမည်စိုးသောကြောင့်ဖြစ်သည်။

''မင်းဆိုရင်တော့ ပေးစရာမလိုဘူး´´

''တကယ်လား?´´

''အင်း´´

''အဲ့ဒါဆိုလည်းပြီးရော...´´

စိတ်အပြောင်းအလဲမြန်ချက်က လက်လန်သည်။ခုနက မိုးပြိုမလိုမျက်နှာနဲ့ အခုတော့ မှိုရတဲ့မျက်နှာတဲ့...တယ်လည်း အပြောင်းအလဲမြန်သကို.....

အလိမ္မာသွေးရှင် ပြုံးလိုက်သည်။ကောင်းပါတယ်။အဲ့လိုလေး စိတ်အပြောင်းအလဲမြန်တာက ခံစားစရာရှိရင် အများကြီးနာကျင်ဖို့မလိုတော့ဘူးပေါ့။

ကိုယ့်စိတ်ကိုယ်နာကျင်အောင်လုပ်နေကြတဲ့ အစွဲအလမ်းကြီးသူတွေထက်စာရင် ထိုစိတ်ထားလေးက ဖြူစင်ရိုးသားပါတယ်လေ။

ငိုစရာရှိရင်ငိုလိုက်၊ရယ်စရာရှိရင်ရယ်လိုက်နဲ့ သူ့ကမ္ဘာကြီးက အစစ်အမှန်တွေနဲ့တည်ဆောက်ထားတာဘဲ.....

ငါ့ဘဝရဲ့ တစ်ခုတည်းသော အားနည်းချက်ပေါ့.....

စစ်မှန်မှုတွေကို ထိတွေ့ရလေ ဟန်ဆောင်မျက်နှာဖုံးတွေက ခြောက်လှန့်လာလေ....ငါ့ဘဝက အဓိပ္ပာယ်မဲ့တယ်လို့ ခံစားရလေ....

ငါမပျော်ခဲ့တာကြာပြီ.....

ဒီကမ္ဘာကြီးထဲမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့တာ နှစ်ပေါင်းများစွာကြာရှည်ခဲ့ပြီ....

ယိုင်နဲ့ခဲ့တဲ့ ပြိုကျလုဆဲဆဲ ပျော်ရွှင်မှုတွေကို ဒီတိုင်းလက်ပိုက်ကြည့်နေခဲ့တာ......

မြင်မြင်သမျှအရာတိုင်းဟာ အဆုံးသတ်မှာ အမှောင်ထုတွေပဲ ဖုံးလွှမ်းနေမှာလို့ တွေးမိတိုင်း ငါမပျော်ရဲခဲ့တာ...

ထိုလူသားနဲ့ထိတွေ့လိုက်တိုင်း ငါ့ကမ္ဘာကိုပိုပြီးကြောက်ရွံ့လာတယ်.....

နွေရင်ခတ် မင်းက ငါမထိတွေ့ချင်တဲ့ ငါ့ရဲ့အားနည်းချက်လေးပဲ......






Comment