အခန်း - ၄၆

Unicode //


The next day,


နေ့လယ်စာစားချိန်ဖြစ်သည်မို့ အာဏာတစ်ယောက် ခွဲစိတ်ခန်းမှထွက်လာလာချင်း သန့်စင်ခန်းဆီသို့ ခြေဦးကိုတည်လိုက်သည်။ လက်ဆေးပြီးသည်နှင့် ဆေးရုံရှေ့ရှိစားသောက်ဆိုင်သို့သွားရမည်။ နေ့လယ်စာအတူစားရန် ကြည်နူးနှင့်ချိန်းထားပြီးဖြစ်သည်မို့ ယခုချိန်ဆို ကြည်နူးလည်းရောက်နေမည်မှာအသေအချာပင်။


ကြည်နူးက ထိုကဲ့သို့သောလူစားဖြစ်သည်။ သူနှင့်ချိန်းထားတိုင်း ဦးစွာရောက်ရှိနေတတ်သည်။ တစ်ခါသော်မျှ နောက်ကျသည် မရှိခဲ့ဖူးပေ။


လက်ရှိအချိန်တွင် သူ့ခေါင်းထဲ၌ ကြည်နူးကိုပြောရမည့်စကားများအား စာစီနေမိသည်။ နားလည်လွယ်သည့်ကောင်လေးမို့ ပြောရမခက်လောက်မှန်းသိသော်ငြား တစ်ဖက်လူအားမထိခိုက်စေမည့် စကားလုံးများကို ရွေးချယ်နေမိသည်။ နားလည်မှုတို့နှင့်တည်ဆောက်ထားခဲ့သောဆက်ဆံရေးသည် မကြာမီအတောအတွင်း၌ နားလည်မှုတို့နှင့်သာ အဆုံးသတ်ရပေတော့မည်။


စိတ်ကိုရှင်းရှင်းထားလိုက်ကာ သက်ပြင်းချလိုက်မိပြီးနောက် သန့်စင်ခန်းဆီသို့ဦးတည်နေသည့်ခြေလှမ်းတို့အား အနည်းငယ်ပို၍ကျဲလိုက်မိ၏။


သန့်စင်ခန်းဝင်ပေါက်သို့ရောက်သည့်အချိန်တွင် အထဲသို့ခြေဆက်လှမ်းရန်အပြု...


"မြန်မြန်လုပ်...လူလာတော့မယ်"


"....."


ထွက်ပေါ်လာသည့်အသံကြောင့် ခြေလှမ်းတို့ကတုံ့ခနဲရပ်သွားပြီး ဆက်ပဲသွားရမလို၊ပြန်ပဲလှည့်ရမလိုနှင့် တစ်ယောက်တည်း အတွေးများနေစဉ်...


"အောက်ကအင်္ကျီကိုနည်းနည်းဆွဲချဦး"


ထပ်မံ၍ ထွက်ပေါ်လာသည့် ရင်းနှီးသောအသံကြောင့် အံ့ဩသွားမိသည်။


"အကုန်လုံးကိုချွတ်လိုက်ရမလား"


"တစ်လုံးပဲထပ်ဖြုတ်တော့...အင်း ရပြီ"


"အင်း အဆင်ပြေလား"


"ရတယ်...ခုမှအသည်းအသန်ဘာဖြစ်နေတာလဲ...ဘယ်သူမှမြင်ရတာလည်းမဟုတ်ဘဲနဲ့"


"ဂျူတီပြီးတာနဲ့အင်္ကျီလဲရမှာလေ...အဲ့အင်္ကျီက ကော်လာမပါဘူး"


"အင်း အဲ့လိုလုပ်ရမှာကို ဘယ်လိုဖြစ်ပြီးမေ့လာတာလဲ...ခါတိုင်းမမေ့ဖူးဘဲနဲ့"


"ဪ မင်းညကတော်တော်ဆိုးတာလေ... ငါဒီမနက်မှန်တောင်ကြည့်မလာနိုင်ဘူး... ခုလည်းခါးနာနေတယ်... ငါအိပ်ရေးပျက်တာဘယ်သူ့ကြောင့်လဲ"


ကြားနေရသောစကားများကြောင့် အာဏာအသက်ပင်အောင့်ထားမိသည်အထိဖြစ်နေစဉ် ခပ်ကြိတ်ကြိတ်ရယ်သံများ ထွက်ပေါ်လာတော့၏။


စက္ကန့်၃၀လောက်ငြိမ်သက်နေမိပြီးနောက် ပြန်၍သတိဝင်လာသည်။ မည်သို့ပင်ဆိုစေကာမူ လက်ကိုတော့မဖြစ်မနေဆေးကြောရမည်မို့ အထဲဝင်ဖို့သာရွေးချယ်လိုက်သည်။ ဤပုံစံနှင့်ကြာကြာဆက်နေလျှင် သူများအတွဲစကားပြောသည်အား ခိုးနားထောင်မိသလိုဖြစ်တော့မည်မို့ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း အတွင်းသို့ခပ်သွက်သွက်ဝင်လိုက်မိတော့...


"အာ..."


"....."


"....."


မြင်လိုက်ရသည့်မြင်ကွင်းတွင် ဂျူနိုက ဂျူတီကုတ်အောက်ရှိအင်္ကျီရင်ဘတ်ကိုဖွင့်ထားကာ ပုခုံးသားများပင်ပေါ်သည်အထိဆွဲချထား၏။ ဂျစ်ကားက နောက်ဘက်တွင်ပလာစတာတစ်ခုကိုကိုင်ကာ ရပ်နေရင်း သူ့အားအံ့ဩသလိုကြည့်လာသည်။ တစ်ဖန် ဂျူနို၏ရင်ဘတ်ဖြူဖြူဖွေးဖွေးထက် အနီရောင်အမှတ်များကိုမြင်လိုက်ရသည်မို့...


"အာ ဆောရီး"


ကြောင်ကြည့်နေမိပြီးမှ အားနာသလိုပြောလိုက်မိတော့ ရှေ့မှနှစ်ယောက်လုံးက အသိပြန်ဝင်လာပြီးနောက် အလန့်တကြားဖြစ်သွားကြအပြီးတွင်...


"ဟ! ဘာလဲ...ဘာလုပ်တာလဲ"


"မကြည့်နဲ့"


ဂျစ်ကားက သူ့ရှေ့သို့လှစ်ခနဲရောက်လာပြီးနောက် သူ့မျက်လုံးအစုံအား လက်နှစ်ဖက်ဖြင့်အုပ်ကာပြောလိုက်ခြင်းမို့...


"အာ အွန်း ဆောရီး...ကိုယ်တမင်ကြည့်တာမဟုတ်ပါဘူး...မပူပါနဲ့... ကိုယ်ဘယ်သူ့ကိုမှလိုက်မပြောဘူး... ပြီးတော့ ကိုယ့်လိုခွဲစိတ်ဆရာဝန်က ကိုယ်လုံးတီးတွေကိုခဏခဏမြင်ဖူးတာမလို့ ဒါတွေကမထူးဆန်းပါဘူး"


"အဟွတ်! အဟွတ်!"


သူ့စကားအဆုံး ဂျူနို့ထံမှချောင်းဆိုးသံထွက်လာသည်မို့...


"ဂျူနိုလေး ဘာမှရှက်စရာမလိုဘူး...ဒါမျိုးတွေက ကိုယ့်အတွက်အဆန်းမဟုတ်ဘူး...မင်းတို့နှစ်ယောက်က တက်ကြွတဲ့လူငယ်လေးတွေပဲဟာ... ကိုယ်နားလည်နိုင်ပါတယ်"


သူလည်းမျက်နှာပူကာရှက်စိတ်မွှန်သလိုဖြစ်နေသည်မို့ ပါးစပ်ထဲရှိရာလျှောက်ပြောနေမိစဉ် မျက်လုံးတို့အားအုပ်ထားသည့်လက်နှစ်ဖက်လုံးက ပြန်ခွာသွားသည်မို့ မျက်လုံးဖွင့်ကြည့်လိုက်မိတော့ ဂျူနိုက သူ့ဝတ်စုံကိုသပ်သပ်ရပ်ရပ်ပြန်လည်ဝတ်ဆင်ပြီးဖြစ်နေပြီမို့ အသက်ရှူချောင်သွားသည်။


ဂျူနိုကလည်း ခေါင်းလေးငုံ့ကာ မျက်မှန်လေးတပင့်ပင့်နှင့်သူ့အား ရှက်နေပုံရ၏။ နားရွက်ဖျားတို့ရဲတက်နေသည်ကလည်းသိသိသာသာမို့...


"အဟမ်း အဟမ်း...ကိုယ့်ကိုရှက်မနေနဲ့...ကိုယ့်အတွက်ဒါမျိုးတွေကရိုးနေပြီ"


"ဗျာ!"


"သူ့ကိုမရှက်နဲ့လို့ပြောနေတာ...ဟုတ်တယ် သူပြောတဲ့အတိုင်းပဲ... မင်းဘာမှရှက်နေစရာမလိုဘူး... သူ့အတွက်အဲ့ဒါတွေက အထူးအဆန်းမဟုတ်တော့ဘူး...ရိုးတောင်နေလောက်ပြီ"


"....."


"....."


ဂျစ်ကား၏စကားတို့ကြောင့် အာဏာတစ်ယောက် အနည်းငယ်ပင်အတွေးများသွားရ၏။ သူပြောသည့်စကားတို့နှင့်ထပ်တူဆင်သည်ဟုဆို၍ရသော်ငြား အနည်းငယ်တော့ကွာခြားနေသလိုပင်။


သူ့အတွက်က ကိုယ်လုံးတီးကိုမြင်ရခြင်းသည်လည်း အဆန်းမဟုတ်သလို အနီကွက်တွေကိုမြင်ရသည်ကလည်း အဆန်းတော့သိပ်မဟုတ်ပေ။ အနီကွက်တို့နှင့်ပတ်သက်၍ နိုရာတို့အတွဲနှင့်ခေးဆက်တို့အတွဲကြောင့် မမြင်ချင်မှအဆုံး။ မျက်နှာပူနေရသည့်အကြောင်းက သူတို့၏ ပြောစကားများကို ခိုးနားထောင်ခဲ့မိသလိုဖြစ်ခဲ့သည့်အပြင် တမင်တကာဝင်လာသလိုဖြစ်သွားသည်မို့သာ။


ထိုစဉ်...


"ငါသွားတော့မယ်...အစ်ကို ကျွန်တော်သွားပြီနော်"


"....."


"....."


ပြောပြီးနောက် သူတို့နှစ်ယောက်လုံး ပြန်မတုံ့ပြန်နိုင်ခင်မှာပင် အပြင်သို့အမြန်ပြေးထွက်သွားသော ဂျူနိုလင်း။


သန့်စင်ခန်းထဲတွင်ကျန်ခဲ့သည်က သူနှင့်ဂျစ်ကားသာ။ အာဏာတစ်ယောက် ကိုးယိုးကားယားဖြစ်နေသည့်အခြေအနေကို သည်းမခံနိုင်စွာဖြင့် လွန်ဆန်လိုက်မိရင်း ဘာမှမဖြစ်သလိုပုံစံနှင့် လက်ဆေးဖို့ပြင်လိုက်သည်။ အကြည့်နှင့်အတွေးများအားလုံးကို လက်နှစ်ဖက်ထံ၌သာစူးစိုက်ထားရင်း လေးနက်စွာလက်ဆေးမိနေသည်မှာ ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်ပင်။


ထိုစဉ်တွင် နံဘေးကပ်လျက်နေရာ၌ ဂျစ်ကားကပါဝင်၍လက်ဆေးလာသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေမိသော်ငြား အနည်းငယ်တော့နေရခက်နေဆဲဖြစ်သည်မို့ သူကပင်ဦးစွာလှည့်ကြည့်လိုက်မိတော့ ဂျစ်ကားကလည်း သူ့အားပြန်ကြည့်လာသည်မို့...


"စားပြီးပြီလား"


ပြုံးကာ မေးလိုက်မိတော့...


"ဟင့်အင်း"


Ringing...


သူ့ဖုန်းမှမြည်လာခြင်းမို့ နှစ်ယောက်လုံး၏အကြည့်များက ဖုန်း၏တည်နေရာဆီသို့ရောက်သွားကြသည်။


အာဏာတစ်ယောက် လက်ကိုရေအမြန်စစ်လိုက်ပြီး အိတ်ကပ်ထဲမှဖုန်းကိုထုတ်ယူလိုက်ပြီးနောက် ကြည့်လိုက်တော့ ကြည်နူးဖြစ်နေသည်မို့ကိုင်လိုက်ပြီး...


"အင်း ကြည်နူး...ကိုယ်အခုပဲထွက်လာတော့မလို့"


"....."


"ရတယ်လေ...ကြိုက်တာမှာထားလိုက်...ကိုယ်မစားတာမင်းသိတာပဲ"


"....."


"အင်း ခုပဲထွက်လာမှာ...မကြာဘူး"


ဖုန်းချလိုက်ပြီးနောက်တွင် စိတ်ထဲမလုံသလိုခံစားရသည်မို့မော့ကြည့်လိုက်တော့ သူ့အားစိုက်ကြည့်နေသည့်မျက်ဝန်းပြာတစ်စုံ။ တစ်ဖန် သူကြည့်လိုက်သည်နှင့် ချက်ချင်းလွှဲသွားပြီးနောက် သူ့အားကပ်ရှောင်ကာ အပြင်ဘက်သို့ထွက်သွားသူ။


အာဏာတစ်ယောက် တစ်ယောက်တည်းကျန်ခဲ့သည့်အချိန်ကျမှ လေပူတို့အားမှုတ်ထုတ်လိုက်မိရင်း မည်သည့်အချိန်ကပင် အသက်ရှူမဝဖြစ်နေမှန်းမသိသည့်ခံစားချက်ကြီးက ဝင်လာသည်မို့ သန့်စင်ခန်းထဲမှအမြန်ထွက်လိုက်မိပြီးနောက် အသက်ကိုပြင်းပြင်းရှူလိုက်ရသည်။


ရင်ထဲမှမသိမသာနာကျင်မှုလေးသည် မနေ့ကလောက်မဆိုးသည်မို့ သူမမှုတော့ပါ။ သူ၏ ထိန်းချုပ်နိုင်စွမ်းကို သူယုံကြည်ပါ၏။ ထို့အပြင် ယခုအချိန်၌ သူ့တွင်လုပ်စရာများရှိနေသေးသည်မို့ ဤသို့နာကျင်မှုလေးအား ခေါင်းထဲထည့်ထား၍မရသေးပေ။


အဆင်ပြေပါတယ်...


ထိုစကားတစ်ခွန်းကိုသာ ရင်ထဲ၌ရွတ်ဆိုနေမိရင်း အတွေးမများမိအောင် စိတ်ကိုထိန်းချုပ်ထားရသည်။ စကားသံအချို့နှင့်မြင်ကွင်းအချို့အား အနည်းငယ်မျှပင်ပေါ်မလာအောင် ဖျောက်ဖျက်နေမိ၏။


စားသောက်ဆိုင်ကိုရောက်သွားတော့ ကြည်နူးကသူ့အားလက်လှမ်းပြသည်မို့ သူလည်းထိုစားပွဲဝိုင်းဆီသို့အမြန်လျှောက်သွားလိုက်သည်။


"ကြေးအိုးပဲမှာထားလိုက်တယ်...ဟိုနေ့ကစားချင်တယ်ပြောလို့...အဆင်ပြေလား"


သူဝင်ထိုင်လိုက်သည်နှင့်မေးလာသည်မို့...


"ပြေတယ်...ကျေးဇူး"


"မလိုပါဘူး...ဒီတစ်ခါ အစ်ကိုကျွေးရမှာပဲ"


"ဟုတ်ပါပြီ"


နှစ်ယောက်သားပြုံးလိုက်မိကြပြီးနောက် တိတ်ဆိတ်သွားကြ၏။


ကြည်နူးတစ်ယောက် မိမိရှေ့မှအသိစိတ်လွတ်နေသလိုဖြစ်နေသည့်ရည်းစားအားစိုက်ကြည့်နေမိသည်။ အတန်ကြာသည်အထိကြည့်နေသော်ငြား တစ်ဖက်က သူ့ဆီသို့တစ်ချက်တောင်အကြည့်ရောက်မလာသည်မို့ သက်ပြင်းချလိုက်မိပြီး...


"အစ်ကို ကျွန်တော့်ကိုပြောစရာရှိနေတယ်မလား"


မေးလိုက်တော့မှ အာရုံကသူ့ထံရောက်လာသည်မို့...


"ဘာလဲ ကျွန်တော့်ကိုအားနာနေတာလား... ကျွန်တော်ပြောထားပြီးသားနော်"


"အာ ပေါက်ကရ...အားနာတယ်တော့မဟုတ်ပါဘူး...ဒါပေမဲ့ စကားမှားသွားမှာစိုးနေလို့စဉ်းစားနေမိတာ"


"ရတယ် ဘယ်လိုဖြစ်ဖြစ်ဒီစကားပဲဟာ...ပြောသာ ပြောချလိုက်"


"အရင်ဆုံးစားဦးလေ...ကောင်းတဲ့ကိစ္စမှမဟုတ်တာ"


"ကောင်းတဲ့ကိစ္စမဟုတ်ရင် အရင်သာပြောတော့...စားပြီးမှဆို အန်ထွက်နေဦးမယ်...ပြောမှာသာ ပြောပါဗျာ... ကျွန်တော်က တော်ရုံနဲ့အစားမပျက်တတ်ပါဘူး"


အာဏာတစ်ယောက် သူ့ရှေ့မှဂျစ်ကန်ကန်ကောင်ငယ်လေးအားကြည့်ကာ စိတ်ရှုပ်နေသည့်ကြားမှ အနည်းငယ်ပြုံးလိုက်မိသည်။ မကြာမီအတွင်း သူ့ရည်းစားဟောင်းလေးဖြစ်တော့မည့်ထိုကောင်လေးက လူထူးလူဆန်းလေးပင်။


"ကိုယ့်အမေသိသွားပြီ...ကိုယ်တို့လမ်းခွဲရတော့မယ်"


"ဪ"


စကားကို တိုတိုတုတ်တုတ်နှင့်လိုရင်းရောက်အောင်ပြောလိုက်မိတော့ တစ်ဖက်မှပြန်လည်တုံ့ပြန်ချက်က သူ့ထက်ပင်ပို၍တိုနေသေးသည်မို့...


"အင်း"


ထို့နောက်တွင် ကြည်နူးက သူ့ကိုသေချာကြည့်ကာပြုံးလာရင်း...


"တကယ့်ကို မာမားဘွိုင်းပဲ...အစ်ကိုအဆင်ရောပြေရဲ့လား"


အဖြတ်ခံရသူက တစ်ပြန်ကြီးစိုးရိမ်ပေးနေသည်မို့ သူရယ်လိုက်မိပြီး...


"မသိရင် ကိုယ်ကအဖြတ်ခံလိုက်ရသလိုပဲကွာ"


ပြောလိုက်တော့ ကြည်နူးကလည်းလိုက်ရယ်သည်။


"တကယ်တော့ အစ်ကို့မာမီကိုတောင်ကျေးဇူးတင်နေတာ"


"ဘာလို့လဲ"


"မာမီ့ကြောင့်ဆိုလို့ကျွန်တော်ခံစားနိုင်တာ... အခြားလူကြောင့်သာဆို သူကငါ့ထက်ဘာသာလို့လဲဆိုတဲ့ ခံစားချက်ကြီးဝင်လာမှာ...အဲ့ဒါကြီးက ခံရခက်တယ်...ခုတော့ အဲ့လိုမဟုတ်လို့ ကျေးဇူး"


ပြုံးစစလေးနှင့်ပေါ့ပါးစွာပြောလာသည့်ကြည်နူးကြောင့် သူ့ရင်ထဲပေါ့ပါးသွားသလိုပင်။ တစ်မနက်လုံး သူ့အား ဒုက္ခပေးနေသည့် ရင်ဘတ်ထဲမှအစိုင်အခဲကြီးသည် ချက်ချင်းပင်အရည်ပျော်သွားတော့၏။


နှစ်ဖက်စလုံးမိနစ်အနည်းငယ်မျှငြိမ်သက်နေကြပြီးနောက်…


"ဝန်ခံလိုက်ပါတော့လား"


ရုတ်တရက်ပြောလာသောစကားကြောင့် သူမော့ကြည့်လိုက်မိတော့ ကြည်နူးက သူ့ကိုအဓိပ္ပါယ်အပြည့်ဖြင့်ပြန်ကြည့်လာရင်း ပြောလာ၏။


"မျိုသိပ်ထားတဲ့အစ်ကို့ကိုကြည့်ပြီး ပင်ပန်းလာလို့"


ထိုစကားကြောင့် သူပြုံးလိုက်မိသည်။ အဆက်အစပ်မရှိသည့်စကားဖြစ်သော်လည်း ဆိုလိုရင်းကိုသူသိသည်မို့...


"သူနဲ့တော့လမ်းမခွဲချင်ဘူး"


အသက်ဝင်သော အပြုံးလေးနှင့်ပြောလာသူအားငေးကြည့်နေမိရင်း ကြည်နူးလည်းလိုက်ပြုံးလိုက်မိသည်။ အစ်ကိုသည် ထိုလူသားနှင့််ပတ်သက်လာတိုင်း ထိုကဲ့သို့ပင်။


"အဲ့ဒါကြောင့်မို့ မတွဲတာလား"


"သီးသန့်တော့ဘယ်ဟုတ်မလဲ"


ထိုစဉ် ကြေးအိုးနှစ်ပွဲလာချသည်မို့ နှစ်ယောက်သား စားဖို့သာပြင်လိုက်ကြသည်။


အာဏာတစ်ယောက် အရည်တစ်ဇွန်းကိုခပ်ကာ သောက်ဖို့ပြင်လိုက်စဉ်...


"အစ်ကို ကျွန်တော်တစ်ခုခုလုပ်ချင်လို့ နောက်ဆုံးအနေနဲ့ခွင့်ပြုမလား"


ရုတ်တရက်မေးလာသည့်ကြည်နူးကြောင့် သူအနည်းငယ်ကြောင်သွားပြီးမှ...


"အင်း လုပ်ကြည့်"


သူခွင့်ပြုလိုက်သည်နှင့် ကြည်နူးကပြုံးသွားပြီးနောက်...


"ကိုဂျူနိုလင်း!"


မတိုးအကျယ်အသံနှင့်ခေါ်လိုက်ကာလက်ပြလိုက်သောကြည်နူးကြောင့် အာဏာအံ့ဩစွာလှည့်ကြည့်လိုက်မိတော့ ဆိုင်ထဲဝင်လာသည့် ဂျစ်ကားနှင့်ဂျူနို့ကိုမြင်လိုက်ရသည်။ နှစ်ယောက်လုံးကလည်း သူတို့အားခေါ်လိုက်သည့်ကြည်နူးကြောင့်အံ့ဩသလိုဖြစ်နေကြပုံရ၏။


"ကျွန်တော်တို့ဝိုင်းမှာပေါင်းထိုင်ပါလား"


ကြည်နူးက ခပ်ပြုံးပြုံးနှင့် ထပ်ပြောလိုက်တော့ ဂျူနိုကလည်း သူတို့အားပြန်ပြုံးပြလာရင်း...


"အင်း အဆင်ပြေသားပဲ...အသဲရော အဆင်ပြေလား"


"အင်း"


နှစ်ယောက်လုံးက လက်ခံလိုက်တာမို့ ကြည်နူးကသူ့အားပြောလာသည်။


"အာ အစ်ကိုက ကျွန်တော့်ဘက်ရွှေ့လိုက်လေ...လာ ဒီဘက်ကို"


"ဪ အင်း"


အာဏာတစ်ယောက် ကြည်နူးဘက်ကိုရွှေ့ထိုင်လိုက်သည်နှင့် သူတို့၏မျက်နှာချင်းဆိုင်တွင် ဂျစ်ကားတို့အတွဲကဝင်ထိုင်လာသည်။ စားစရာများကို ကိုယ်စီမှာနေကြစဉ် အာဏာကတော့ ကြေးအိုးကိုသာခေါင်းမဖော်တမ်းစားနေလိုက်တော့၏။


"အစ်ကိုတို့အတွဲက တကယ်လိုက်တယ်"


ရုတ်တရက်ပြောလိုက်သောကြည်နူးကြောင့် တူကိုင်နေသည့်လက်ချောင်းတို့သည် စက္ကန့်ဝက်မျှရပ်တန့်သလိုဖြစ်သွားသော်ငြား ဟန်မပျက်ဆက်လက်လှုပ်ရှားနေကြစဉ်...


"ကြည်နူးတို့အတွဲလည်း အရမ်းလိုက်တယ်"


တစ်ဖက်က ဂျူနိုကလည်းပြန်ပြောလာသည်မို့ နောက်ဆက်တွဲအနေဖြင့် ကြည်နူး၏ရယ်သံကကပ်လျက်ပါလာပြီးနောက်...


"လိုက်လွန်းလို့ ခုလေးတင်အဖြတ်ခံလိုက်ရတယ်"


"အဟွတ်!"


အာဏာတစ်ယောက် အရည်သီးမတတ်ဖြစ်သွားသည်မို့ ပါးစပ်ကိုပင်အမြန်ပိတ်လိုက်ရသည်အထိ။ ကြည်နူးကတော့ သူ့အဖြစ်ကိုကြည့်ကာရယ်လာပြီးနောက် သူ့ကျောပြင်အားခပ်ဖွဖွသပ်ပေးလာရင်း...


"အစ်ကိုကလည်းနော်...ဘယ်သူမှလုမစားပါဘူး"


ထိုစကားကိုတုံ့ပြန်ဖို့ လည်ချောင်းရှင်းသည်အထိစောင့်လိုက်သည်။ ပြီးမှ…


"ဘာမှမပြောဘဲနေရင် ပိုအဆင်ပြေတယ်"


ပြောလိုက်တော့ကြည်နူးကရယ်လိုက်ရင်း...


"ဘာလို့လဲ...Singleဖြစ်ကြောင်းကြွားတာလေ...ဪ ဒါနဲ့ ဒီဝိုင်းကိုအစ်ကိုဝယ်ကျွေးမှာသိလား"


"အာ မဟုတ်တာ"


ဂျူနိုကအားနာဟန်ဖြင့်ငြင်းလာသည်မို့...


"ဟုတ်ကိုဟုတ်တယ်...အစ်ကိုတို့ မငြင်းနဲ့...ဒါက ကျွန်တော်နဲ့အစ်ကို Singleပြန်ဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ကျွေးတာ... အစ်ကိုဝယ်ကျွေးရတယ်ဆိုတာက သူကအရင်စဖြတ်လို့ပဲ"


"ဪ"


ဂျူနိုတစ်ယောက် ထိုစကားသာပြန်ပြောနိုင်တော့၏။


အာဏာလည်း ကြည်နူး၏စကားများကိုနားထောင်ပြီး ရယ်လိုက်မိကာ...


"ဆေးရုံတစ်ခုလုံးပါ ပတ်ကြွားဦးမလား"


"တော်ပါပြီ...အစ်ကိုဝယ်ကျွေးနိုင်မှန်းသိပါတယ်"


ကြည်နူး၏စကားအဆုံး နှစ်ယောက်သားပေါ့ပါးစွာဖြင့်ရယ်လိုက်မိကြသည်။


အတွဲတစ်တွဲကတော့ သူတို့ရှေ့မှ လတ်လတ်ဆတ်ဆတ်ပြတ်ထားသည့်အတွဲအားကြည့်ရင်း မင်သက်နေကြ၏။


လမ်းခွဲရတာ အဲ့လောက်ပျော်ဖို့ကောင်းလို့လား...


အချိန်အားဖြင့် ည၉နာရီဖြစ်၏။


"တွေ့လား...သားကြီးကမွေးလာကတည်းက မင်းလိုမျက်တောင်ကော့ကော့လေးတွေနဲ့မွေးလာတာ...ငါဆို မြင်မြင်ချင်းအသည်းယားလွန်းလို့"


"အင်း"


Kingက သားကြီး၏မွေးကင်းစပုံလေးများကိုကြည့်နေရင်းမှ အသံထွက်သည်ဆိုရုံလေးပြန်ဖြေလာသည်။


အိပ်ရာခေါင်းရင်းကို ခပ်လျှောလျှောမှီကာလှဲနေကြရင်း နှစ်ယောက်သား သားနှစ်ယောက်၏ ဓာတ်ပုံအယ်လ်ဘမ်များကိုထုတ်ကာ ကြည့်နေမိကြခြင်းပင်။


Kingက ဘေဘေး၏ပုခုံးအားဖက်ထားပြီး ဘေဘေးကတော့ အယ်လ်ဘမ်များကိုတစ်ခုပြီးတစ်ခုဖွင့်ကာ Kingကိုပြရင်း ပါးစပ်ကလည်း သူမှတ်မှတ်ရရရှိသည့်အဖြစ်များအား တတွတ်တွတ်ပြောပြနေသည်။


"အနှီးလေးတွေနဲ့ကချစ်စရာလေးတွေနော်...ငါတစ်ခါတစ်လေဆို အဲ့ဟာလေးတွေကို အနှီးနဲ့ပဲပြန်ထုပ်ထားချင်တာ... တစ်ခါတစ်ခါကျ အဲ့အရွယ်ကတောင်မတက်စေချင်ဘူး... အဲ့တုန်းကဆို နှစ်ယောက်လုံးကိုကိုယ်ပေါ်အမြဲတင်ထားလို့တောင်ရတယ်"


"အင်း ချစ်ဖို့ကောင်းတယ်"


"အင်း ငါပြောသားပဲ...တကယ်ချစ်စရာလေးတွေပါဆို...ပြီးတော့နော် အဲ့ပေါက်စလေးတွေက သိပ်လည်းမငိုဘူး...သားကြီးကမင်းရဲ့သွေးအပြည့်ပဲ...ကျန်းမာရေးချူချာတာတောင် မျက်နှာလေးမှုန်ပြီးငြိမ်နေတာ... မင်းရဲ့သားငယ်ကမှ အဲ့ချိန်ဆို သူ့အစ်ကိုကိုကြည့်ပြီး တအီအီနဲ့ငိုတာရှိသေးတယ်... သားကြီးကသိပ်မငိုတတ်ဘူး"


"အင်း သားငယ်က သူ့အစ်ကိုကိုချစ်တယ်"


"သူ့အစ်ကိုကလည်း သူ့ကိုအလိုလိုက်တာကိုလည်းကြည့်ဦးလေ...ဒီမှာဒီပုံကိုကြည့်"


ကလေးစီးကားလေးအတွင်း ထိုင်နေသည့်ညီအစ်ကိုနှစ်ယောက်၏ပုံကိုလက်ညှိုးထိုးပြကာပြောလိုက်ပြီး...


"အဲ့တုန်းက ကားနှစ်စီးဝယ်ပေးထားတာကို မင်းရဲ့သားငယ်က ကိုယ်တိုင်မမောင်းချင်လို့ သူ့အစ်ကိုနဲ့ပဲအမြဲကပ်စီးတယ်... တကယ်တကယ် အဲ့ဟာလေးက အဲ့အရွယ်ကတည်းကငါနဲ့မတူတာ... ရုပ်ကလေးကတော့တူသလိုလိုနဲ့ ခုကျကွဲလာတာပဲကြည့်...သူ့အမေတွေဘက် အားပိုသန်နေတာ"


"မျက်လုံးလေးတွေနဲ့ဆံပင်အရောင်က မင်းနဲ့တူတယ်"


King၏စကားကြောင့် ဘေဘေးရယ်လိုက်မိရင်း...


"အင်း အဲ့လိုလေးတူပေးလို့ပဲကျေးဇူးတင်ရမယ်...ဒါပေမဲ့ ခုဆိုကြည့်ဦး... ဆံပင်အရောင်ပဲတူတော့တာ... သူ့ဆံပင်ရှည်က တဖြည်းဖြည်းသူ့အမေရဲ့ဆံပင်အဖြောင့်နဲ့ရောပြီး လှိုင်းတွေတောင်ရှိတယ်ဆိုရုံလေးဖြစ်နေပြီ"


"နှာတံလေးလည်းတူတယ်...မျက်ခုံးနက်လေးတွေရောပဲ"


"ဟုတ်လား...ငါကြည့်တာတော့အဲ့လောက်မတူပါဘူး"


"နည်းနည်းတူတယ်"


"မင်း ငါစိတ်ချမ်းသာအောင်လာပြောနေတာလား...သားကြီး မင်းနဲ့တူတာနဲ့ယှဉ်လိုက်ရင် နိုနိုက ငါနဲ့လုံးဝမတူတော့တဲ့အထိပဲဟာကို ငါ့ကိုကလေးလိုလာပြောမနေနဲ့"


ထိုစကားအဆုံး သူ့နဖူးပြင်ထက်နွေးခနဲဖြစ်သွားသည်မို့မော့ကြည့်လိုက်မိတော့ လေးနက်စွာကြည့်နေသည့်မျက်ဝန်းတစ်စုံနှင့် ဆုံသွားပြီးနောက်...


"မင်းပုံစံလေးကို မင်းဆီမှာပဲရှိစေချင်တယ်"


ရုတ်တရက်မို့ ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ်...


"သားငယ်က မင်းနဲ့တဖြည်းဖြည်းပုံစံကွဲလာတာကို ပိုသဘောကျတယ်"


"....."


"သားငယ်ရဲ့လက်တွဲဖော်ဆီ မင်းပုံစံလေးတွေကိုမမျှချင်ဘူး"


ထိုစကားတို့ကြောင့် ဘေဘေးပြုံးဖို့သာ တတ်နိုင်တော့၏။


"မင်းကိုယ်မင်း အရမ်းအတ္တကြီးတယ်လို့မထင်ဘူးလား"


ပြောလိုက်တော့ Kingကသူ့ဆံပင်လေးများကို အသာသပ်ပေးလာရင်း...


"မင်းတစ်ယောက်တည်းကိုပါပဲ"


နှစ်ကိုယ်ကြားရုံတိုးသဲ့သဲ့ဆိုလာသည်မို့ ရယ်လိုက်မိရင်း ပုခုံးကိုဖက်ထားသောလက်အားဆွဲယူကာ လက်ခုံကိုခပ်ဖွဖွနမ်းလိုက်ပြီးနောက်...


"ဒါဆိုရင်တော့ ငါက မင်းရဲ့ပုံစံကိုသားကြီးရဲ့လက်တွဲဖော်ဆီမျှရလို့ မနာလိုဖြစ်ရတော့မှာပဲ... မင်းရဲ့ပုံစံရော၊အကျင့်တွေရော...အာ တွေးရင်းတောင်မနာလိုတော့ဘူး"


"ငါပိုပြီးချစ်ပေးမယ်"


"အင်း မင်းကိုပဲယုံထားလိုက်တော့မယ်"


"အင်း"


ထို့နောက် နှစ်ယောက်သား အယ်လ်ဘမ်တစ်ခုပြီးတစ်ခုကိုကြည့်လိုက်ကြအပြီး နောက်ဆုံးအယ်လ်ဘမ်တစ်ခုသို့အရောက် ဘေဘေး၏လက်တို့ကတုံ့ဆိုင်းသွားရ၏။


"အင်း… ငါအိပ်ချင်လာပြီ"


အနည်းငယ်ညည်းညည်းညူညူလေးပြောလိုက်တော့ Kingက သူ့အားလှည့်ကြည့်လာပြီး ဘာမှမပြောသည်မို့...


"ပုံတွေအများကြီးကြည့်လိုက်ရတော့ မျက်စိညောင်းသွားတာထင်တယ်...ငါတို့အိပ်ကြမလား"


ပြောလိုက်ရင်း လက်တို့က အယ်လ်ဘမ်တို့အားသိမ်းဖို့ပြင်လိုက်စဉ်...


"ငါဆက်ကြည့်ပြီးသိမ်းလိုက်မယ်"


"....."


လက်ကောက်ဝတ်အားအသာဆုပ်ကိုင်ကာတားလာရင်းပြောလာသူကြောင့် ဘေဘေး ဘာပြောရမှန်းမသိ။ ပြောပြီးနောက် နောက်ဆုံးကျန်နေသည့် အယ်လ်ဘမ်တစ်အုပ်အား ဆွဲယူသွားသူ။


တစ်ဖန် Albumကိုဖွင့်လိုက်သောလက်ကိုကြည့်ရင်း ပူတက်လာသောမျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ချလိုက်မိ၏။


ဒီကလေးကလားလုပ်ထားတဲ့ Albumက ခုမှဘယ်လိုလုပ်ပြီးပြန်ထွက်လာတာတုန်း...


ထိုနောက်တွင် ဦးခေါင်းထက်ဆီမှရယ်သံတိုးတိုးထွက်လာသည်မို့...


"မင်းနော် ပေး မကြည့်နဲ့"


အရှက်သည်းစွာဖြင့်ပြောလိုက်မိပြီး Albumကိုဆွဲလုလိုက်မိသော်ငြား တစ်ဖက်က ကိုယ်ထက်ပို၍လျင်သည်မို့မမှီလိုက်။


"ငြိမ်ငြိမ်နေ"


"ပြန်ပေး"


"ကြည့်ပြီးမှပေးမယ်"


Kingကသူ့အားလက်တစ်ဖက်ဖြင့်ချုပ်ဖက်ထားရင်းမှ Albumကိုပြန်ကြည့်ဖို့ဖွင့်လိုက်၏။


ပထမဆုံးတစ်မျက်နှာတွင်ရှိနေသည်က ခေါင်မိုးထပ်တွင်သူခိုးရိုက်ခဲ့သည့်ဓာတ်ပုံလေး။


ထိုဓာတ်ပုံလေးသီးသန့်ဆို သူဤမျှရှက်နေမည်မဟုတ်။ သို့သော် ထိုပုံလေး၏နံဘေးတွင် ၎င်းဘက်လှည့်၍ နှုတ်ခမ်းဆူကာရိုက်ထားသည့် သူ့ပုံက မိန့်မိန့်ကြီးရှိနေသေးသည်ပင်။


ထိုမျှမကသေး။ ယင်းပုံနှစ်ပုံ၏အောက်တွင် စာရွက်လေးတစ်ရွက်ကရှိနေသေးသည်။ ထိုစာရွက်လေးထက် ရေးသားထားသည်က...


'ကောင်းကင်ကြီးကိုငေးမဲ့အစား ကိုယ့်ကိုပဲလှည့်ကြည့်ပါလားအချစ်ရယ်...ပိုနီးတာပေါ့'


"အဟွန်း"


ရယ်သံကထပ်ထွက်လာသည်မို့ ဘေဘေးမျက်နှာတစ်ပြင်လုံးပူထူလာသလိုခံစားလိုက်ရပြီး...


"ရယ်မယ်ဆိုမကြည့်နဲ့တော့...မဟုတ်ဘူး ဆက်မကြည့်နဲ့တော့"


ပြောလိုက်ပြီးနောက် ဖက်ထားရာမှရုန်းထွက်လိုက်မိတော့...


"မရယ်တော့ဘူး"


အသံငြိမ်ငြိမ်ဖြင့်ပြန်ပြောလာပြီးနောက် ရုန်းနေသည့်သူ့အား လက်နှစ်ဖက်လုံးဖြင့်ပွေ့ဖက်လာရင်း ခေါင်းငုံ့လာသည်မို့...


"ဖယ် ဖယ်...မင်းလုပ်ချင်တာလုပ်မလို့ လာနမ်းနေတာ...မင်းသားငယ်က မင်းအကျင့်နဲ့တူတာမှန်းငါသိသွားပြီ... ဖယ် လာမကပ်နဲ့"


သို့သော် ဘယ်လောက်ရုန်းရုန်း နွေးထွေးမှုတို့က မျက်နှာအနှံ့ဖြန့်ကျက်သွားသည်သာ။


နောက်ဆုံးအနေနှင့် ဘယ်ဘက်နားထင်ထက်နွေးသွားပြီးနောက်...


" ငါမသိလိုက်ရတဲ့ ငါ့အမျိုးသားလေးရဲ့အချစ်တွေကို မြင်ချင်တယ်"


နားထက်ခပ်တိုးတိုးကပ်ကာပြောလာသူကြောင့် ကြက်သီးမွှေးညှင်းတို့ပါထသွားစဉ်...


"နိုရာ ငါ့ကိုကြည့်ခွင့်ပေးမယ်မလား"


မျိုးစုံဆွဲဆောင်ခံနေရသည်မို့ ဘေဘေးမျက်နှာကိုလက်တစ်ဖက်ဖြင့်အုပ်ချလိုက်မိရင်း...


"မင်းဒီတိုင်းနေရင်တောင် ငါကသေလောက်အောင်ကြိုက်နေပြီမလို့ ခုလိုကြီးတွေမဆွဲဆောင်ပါနဲ့တော့"


"ချစ်တယ်"


"....."


"ငါ့ရဲ့နိုရာလေးကိုအရမ်းချစ်တယ်"


"အား!!! စဝ်မင်းနွယ်ဧကရာဇ်! တော်ပါတော့ဆိုမှ...တော်ပြီ...ကြည့် အဲ့မှာမင်းတစ်ယောက်တည်းကြည့်... ကြည့်ပြီးမှငါ့ကိုလာခေါ်တော့"


သိုင်းဖက်ထားသည့်လက်တို့အား အတင်းခွာထုတ်ကာပြောလိုက်သော်ငြား Kingကသူ့ကိုလွှတ်မပေးသည့်အပြင် ပို၍ပင်တိုးကာဖက်လာတော့၏။


"ရှက်ရင် ငါ့ကိုဖက်ထားပြီးငြိမ်ငြိမ်လေးနေ"


Kingက ခပ်လျှောလျှောထိုင်နေရာမှသေချာလှဲချလိုက်ပြီးနောက် ဘေဘေး၏ဦးခေါင်းလေးကို သူ့လက်မောင်းထက်တင်ကာ ဘေးတစ်စောင်းအနေအထားဖြင့် ရင်ခွင်ထဲထွေးပွေ့ထားလိုက်ပြီးမှ Albumလေးကိုယူလိုက်ကာ ပြန်၍ဖွင့်ကြည့်လိုက်သည်။


စာမျက်နှာတိုင်းတွင် ပုံများကမရိုးရသလို စာသားများကလည်းမပြုံးဘဲမနေနိုင်အောင်ပင်။


၁၀တန်းနှစ်တွင် ကျောင်း၌သွားလာလှုပ်ရှားခဲ့သည့်ပုံရိပ်များကလည်း များစွာရှိနေသလို တောင်ကြီးဆေးတက္ကသိုလ်တွင်တက်ခဲ့စဉ်ကပုံရိပ်များလည်းရှိနေသည့်အပြင် ရန်ကုန်ဆေး ၂သို့ပြောင်းရွှေ့တက်ခဲ့စဉ်ကပုံရိပ်များကလည်းမနည်းလှပေ။


ရယ်မြူးရိပ်သန်းနေသည့်မျက်ဝန်းကြည်တို့သည် ကိုယ်တိုင်၏ပုံရိပ်များထက် ထိုပုံများနံဘေးရှိ ပုံရိပ်လေးများနှင့် စာမျက်နှာတိုင်းအောက်တွင်ရှိနေသည့်စာသားလေးများကိုသာ စိတ်ဝင်တစားနှင့် တမြတ်တနိုးကြည့်နေခြင်းပင်။


မျက်နှာတစ်ခုအရောက် သွားစွယ်လေးတို့ကစက္ကန့်ပိုင်းမျှလှစ်ခနဲပေါ်လာတော့သည်။


စာလုပ်နေသည့်သူ့ပုံနံဘေးတွင် အခွံမခွာရသေးသည့်ငုံးဥနှစ်လုံးကိုနမ်းကာ Selfieဆွဲထားသည့်ဓာတ်ပုံလေး။


ထိုပုံနှစ်ပုံအောက်ရှိစာရွက်လေးတွင်တော့...


'ဒီနေ့ အချစ်ကငုံးဥနှစ်လုံးကျွေးတယ်၊ အချစ်နဲ့ကိုယ်နဲ့ညားရင် ကလေးလေးနှစ်ယောက်မွေးမယ်'


အသည်းယားလာမှုကို ရှက်နေသူမရိပ်မိလေအောင်ထိန်းထားရင်း ရင်ခွင်ထဲရှိဦးခေါင်းလေးအား ခပ်ဖွဖွငုံ့နမ်းမိသည်။


စာမျက်နှာများအားလုံးဆုံးသွားအပြီး ပုံများအားလုံးကိုကြည့်ပြီးသွားသည့်အချိန်ထိတိုင် မျက်နှာထက်အပြုံးတို့ကကျန်ရှိနေဆဲပင်။ Albumလေးကိုပိတ်ကာ ခေါင်းရင်းရှိဘောင်ပေါ်သို့တင်လိုက်ပြီးသည်အထိ ရင်ထဲမှတလှိုက်လှိုက်ကြည်နူးနေမှုက ပျောက်ပျက်မသွား။


တစ်ဖန်သတိထားလိုက်မိသည်က ရင်ခွင်ထဲရှိအသက်ရှူသံမျှင်းမျှင်းလေး။


အိပ်ပျော်နေပြီမှန်းသိသော်ငြား အသည်းယားနေသည့်စိတ်က အနှီလူသားလေးကိုအလွတ်မပေးချင်သည်မို့ ရင်ခွင်ထက်အပ်ထားသည့်မျက်နှာလေးအား မေးဖျားလေးမှကိုင်ကာ အသာဆွဲမော့လိုက်တော့အလိုက်သင့်လေးပါလာသည်။


အနည်းငယ်ပွယောင်းနေသည့်ဆံပင်လေးများအားသပ်တင်ပေးလိုက်တော့ မျက်ခုံးတန်းနှစ်သွယ်က အနည်းငယ်ကျုံ့သွားသည်မို့ ထိုနဖူးပြင်ပြေပြေလေးထက် အနမ်းခြေရာကိုခပ်ဖွဖွချလိုက်မိ၏။


မျက်နှာအစိတ်အပိုင်းလေးတို့အား အနီးကပ်ကြည့်မိသည့်အချိန်တွင် နှလုံးခုန်သံတို့ကပုံမှန်ထက်ပို၍မြန်လာသည်မှာသိသိသာသာ။


မနေနိုင်တော့သည်မို့ မှေးစက်နေသည့်မျက်ဝန်းလေးများအားနမ်းမွှေးလိုက်မိသည်က တယုတယ။


ဒီလူသားလေးကို ဘယ်လိုလုပ်မချစ်ဘဲနေနိုင်မှာလဲ...


နဖူးပြင်မှသည်စတင်ခဲ့သော အနမ်းနုနုတို့သည် မျက်နှာအနှံ့ နူးညံ့ယုယစွာ ကူးလူးနေတော့သည်။


နောက်ဆုံးတွင်တော့ သေသပ်လှပစွာရှိနေသည့် နီစွေးစွေးနှုတ်ခမ်းနှစ်လွှာအား ခပ်ဖွဖွထိတွေ့လိုက်ပြီးနောက် စင်တီမီတာအနည်းငယ်လောက်ပြန်ကွာသွားသည်။ အချိန်ကာလအားဖြင့် စက္ကန့်အနည်းငယ်မျှသာ။


မျက်ဝန်းတို့၏အကြည့်များသည်ကြည်လင်နေရာမှ ရီဝေဝေဖြစ်လာပြီးသည့်နောက် မှေးစင်းကျသွားသလိုပင် တစ်ပြိုင်နက်ထဲ၌ နှုတ်ခမ်းနှစ်စုံသည်ထပ်မံ၍ဖိကပ်သွားတော့၏။


အကြင်နာတို့သည် နူးညံ့သိမ်မွေ့နေရာမှ နက်ရှိုင်းလာသည်မို့...


"အင်း..."


အသက်ရှူမဝသည့်ခံစားချက်ကြောင့် ဘေဘေးတစ်ယောက်နိုးလာသည့်အချိန်တွင် သူ့အားအုပ်မိုးကာနမ်းရှိုက်နေသူအားတွေ့လိုက်ရသည်မို့ အံ့ဩသွားရသည်။ ထိုစဉ်တွင် တစ်ဖက်မှမှိတ်ထားသည့်မျက်ဝန်းတို့ကလည်းပွင့်လာပြီး ကြည့်လာသည့်အကြည့်တို့က ရီဝေစွာ။ တစ်ဖန် စူးရဲစွာ။ ထို့နောက်တွင် မျက်ဝန်းတို့ကိုပြန်ပိတ်သွားပြီးနောက် ပို၍နက်ရှိုင်းစွာနမ်းလာသည်မို့...


"....."


ဘေဘေးတစ်ယောက် အတန်ကြာသည်အထိကြောင်နေပြီးမှ အသက်ရှူ၍မရတော့သည်မို့ သူ့အားအုပ်မိုးထားသည့်ရင်ဘတ်အား အားထည့်ကာတွန်းထုတ်လိုက်မိပြီး...


"ငါ အသက်ရှူလို့မဝတော့ဘူး...ခဏ ခဏပဲ"


နှုတ်ခမ်းချင်းကွာသွားသည်နှင့်တစ်ဆက်တည်းပြောလိုက်တော့မှ တစ်ဖက်ကငြိမ်ကျသွား၏။


ဘေဘေးတစ်ယောက် လှဲနေရာမှပင် ထထိုင်လိုက်မိပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်မိသည်။ အနမ်းခံရ၍ အောက်စီဂျင်ပြတ်လပ်ပြီးသေသွားပါလျှင် ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်တော့မည်။


ထိုအခါ Kingကလည်း လှဲနေရာမှထထိုင်လာသည်မို့ မော့ကြည့်လိုက်တော့ မျက်ဝန်းတို့က ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည့်အပြင် သူ့အားစိုးရိမ်စွာကြည့်လာသောကြောင့် ရယ်လိုက်မိ၏။


"လုပ်ချင်တာလုပ်ပြီးမှ စိုးရိမ်နေပြန်ပြီ...ငါဘာမှမဖြစ်ပါဘူး"


"....."


ပြောလိုက်သော်ငြား တုံ့ပြန်ချက်ပြန်မလာသည်မို့ ခန္ဓာကိုယ်အားအသာကြွကာ လည်တိုင်မှဆွဲယူပွေ့ဖက်လိုက်ရင်း...


"ဘာမှမဖြစ်ဘူး...နည်းနည်းအသက်ရှူကြပ်သွားရုံလေး...တကယ်ဘာမှမဖြစ်ဘူး"


ပြောလိုက်ရင်း ကျောပြင်အားခပ်ဖွဖွပုတ်ပေးလိုက်တော့မှ သူ့အားပြန်လည်ပွေ့ဖက်လာပြီး...


"အင်း ငါ့ကြောင့်အိပ်ပျက်သွားရပြီ"


"ဒီကိုကြီးက အချစ်လေးကိုဗွေမယူပါဘူးကွာ...အဟွန်း"


"အင်း"


နှစ်ယောက်သား မိနစ်အနည်းငယ်မျှငြိမ်သက်နေကြပြီးနောက်...


"Albumလုပ်ထားတာချစ်စရာကောင်းတယ်"


"တော်တော် အဲ့အကြောင်းလာမပြောနဲ့"


"အင်း"


တစ်ဖက်မှပြန်ငြိမ်သွားတော့မှ ဘေဘေး အဖြစ်အပျက်တစ်ချို့အားသတိရသွားသည်မို့ပြုံးလိုက်မိ၏။


"မင်းသားနှစ်ယောက်လုံးက ဒီတစ်ခုလည်း မင်းနဲ့တူပြန်ပြီ"


"ဘာကိုလဲ"


"အင်း သူတို့လည်း အဲ့Albumကိုတအားကြိုက်ကြတာ"


"သူတို့ကိုပြလို့လား"


"အာ ငါကတော့ပြစရာလား...အဲ့ပေါက်စနှစ်ယောက်က အားနေငါ့အခန်းကို လာလာမွှေနေတာ... ဒီAlbumကိုတွေ့ရင်ငြိမ်ကုပ်ပြီးကြည့်နေကြတာ ကျောင်းမတက်ခင်အရွယ်ကတည်းကပဲ...နောက်ပိုင်းလည်း ခဏခဏဝှက်ရတယ်...နောက်ဆုံး သော့ခတ်ထားမှအေးသွားတာ"


"အင်း"


"အင်း အဲ့ဒါကြောင့်ထင်တယ်...နှစ်ယောက်လုံးကမင်းကိုအပြင်မှာမမြင်ဖူးပေမဲ့မစိမ်းကြတဲ့ပုံပဲ...စတွေ့တွေ့ချင်း အဖေတန်းတော်ပစ်တာပဲကြည့်"


"အင်း"


"အာ မင်း အဲ့တစ်လုံးပဲပြောနေတော့မှာလား...ငါ့ကိုပြောစရာမရှိဘူးလား"


"ငါမင်းကိုအရမ်းချစ်တယ်"


"....."


ထိုစကားအဆုံး ဘေဘေးရယ်ဖို့သာတတ်နိုင်တော့သည်မို့ ရယ်၍သာနေလိုက်တော့၏။


နှစ်ယောက်သား ထုတ်ထားသည့် Album များကို နေရာတကျပြန်သိမ်းလိုက်ကြပြီးနောက်တွင်တော့ အိပ်စက်ခြင်းဆီသို့။


Two days later...


"ဟဲ့ ငါတစ်နေ့က ဟိုအတွဲကိုအပြင်မှာတွေ့ခဲ့တယ်"


"ဘယ်အတွဲတုန်း"


"အာ ဒေါက်တာဂျူနိုလင်းတို့အတွဲလေ... သူတို့လျှောက်လည်ကြတာလားမသိဘူး...နှစ်ယောက်လုံးက အပြင်ပုံစံနဲ့တော်တော်မိုက်တယ်...ဒေါက်တာဂျူနိုကတော့ ချစ်စရာလေး"


"နင်လိုက်မချောင်းလိုက်ဘူးလား"


"ငါ့အမေပါတော့ ဘယ်လိုလုပ်ချောင်းအားမလဲဟ...ဒါပေမဲ့ အကြာကြီးတော့တွေ့လိုက်ရတယ်... နှစ်ရက်ခွင့်ယူလိုက်တာ ဒီတစ်ကြိမ်တော့တန်သွားသလိုပဲ...ဒေါက်တာမင်းနွယ်တို့အတွဲကိုလည်း အဲ့လိုလေးတွေ့ချင်လိုက်တာ"


"အေး အဲ့ဒါတော့ငါရောပဲ...ဘဲကြီးကရုပ်တည်ကြီးနဲ့တအားRo...အဟိ"


"ဟုတ်ပဟယ်...YSH Presidentကလည်းအခြားလူတွေနဲ့ယှဉ်ရင်သာ လုံးဝSmartဖြစ်နေတာ... ဒေါက်တာမင်းနွယ်နဲ့ဆို ကလေးလိုပဲ"


"ဒေါက်တာကလည်းအရိပ်တကြည့်ကြည့်လေ...လူရှေ့သူရှေ့တောင်အကြည့်တစ်ချက်လွှဲလို့လား"


"အား ဒီအစစ်မနာကျင်နေပြီ"


"ပေါက်စနှစ်ယောက်ရှိသေးတယ်လေဟာ... နှစ်ယောက်လုံးက ချောချောလေးတွေကို... ဟင်းဟင်း"


"ဘာလဲ သူတို့ညီအစ်ကိုချစ်ခြင်းကိုထိုင်ကြည့်ရဖို့လား"


အာဏာတစ်ယောက် စာဖတ်နေသော်ငြား စာထဲဘယ်လိုမှဈာန်မဝင်တော့သည်မို့ သက်ပြင်းကိုသာခပ်ဖွဖွချလိုက်မိသည်။ နားနေခန်းထဲတွင်ဖြစ်သော်လည်း အခန်းရှေ့တွင်ခုံတန်းရှည်တစ်ခုရှိနေခြင်းက သူ့အတွက်အဆင်မပြေတော့။ မကြားချင်လည်း အတိုင်းသားကြားနေရသလိုပင်။


အတွေးမများချင်၍ စာဖတ်နေဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်ငြား ယခုအချိန်၌ ဆက်ဖတ်နေလည်း စာထဲစိတ်ရောက်မည်မဟုတ်တော့။


ထို့နောက်တွင် ခေါင်းထဲဝင်လာသည့်အတွေးတို့က ဟိုတစ်စ၊ဒီတစ်စနှင့်။ အထူးသဖြင့် မနက်ကမာမီနှင့်ပြဿနာတက်ခဲ့သည့်အကြောင်းအရာများက အများဆုံး တိုးဝင်လာကြသည်။


ကြည်နူးနှင့်သူလမ်းခွဲလိုက်ပြီဖြစ်သော်ငြား မာမီက သူ့ကိုမယုံသေးပေ။ ဤသို့ဖြင့် မျက်နှာချင်းဆိုင်လိုက်တိုင်း ဆုံးမစကားတသီကြီးကိုနားထောင်ရသည့်အပြင် အလုပ်တွင်ရှိသည့်အချိန်၌လည်း ဖုန်းဆက်သည်ကအကြိမ်ကြိမ်။ အပြင်ခဏထွက်လျှင်တောင် နှစ်ခါလောက်ဖုန်းဆက်၏။


ထို့ပြင် ယခင်ကသူ့နောက်သို့ခိုးကြောင်ခိုးဝှက်လိုက်ကြသူများသည် ယခုတွင် ပေါ်တင်လိုက်နေကြပြီဖြစ်သည်။ သူသွားလေရာနောက် လိုက်ပါနေသည့်ကားနှစ်စီးက သိသိသာသာပင်။


ဤသို့ဖြင့် သူနှင့်မာမီစကားများခဲ့ကြသော်ငြား နောက်ဆုံးတွင်တော့ သူသာလျှင်အလျှော့ပေးခဲ့ရသည်သာ။


ရှိစေတော့...


ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း စာအုပ်ကိုကိုင်ကာထရပ်လိုက်သည်။ အေးအေးဆေးဆေးရှိမည့်နေရာတွင် စာသွားဖတ်လိုက်မည်။ ဖုန်းကိုထုတ်ယူလိုက်ပြီးနောက် ဂျူတီပြန်ဝင်ရမည့်အချိန်ကို Alarm ပေးလိုက်အပြီး ခြေလှမ်းတို့အား တံခါးဝဆီသို့ဦးတည်လိုက်၏။


လူရှုပ်သည့်နေရာကိုရှာကာ တစ်နေရာပြီးတစ်နေရာဖြတ်ကျော်လာပြီးနောက် နောက်ဆုံးတွင် အရိပ်လည်းရ၊ချောင်လည်းအနည်းငယ်ကျသည့် ပုဏ္ဏရိပ်ပင်များနှင့် ဇီဇဝါပင်များရှိနေသည့်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် ခုံတန်းရှည်တစ်ခုရှိသည်။ ချောင်ကျသည်မို့ တော်ရုံ လူမရှိတတ်။ ထို့အပြင် ထိုခုံတန်းရှည်အနီးအနား၌လည်း အခြားသောခုံတန်းများမရှိသည့်အတွက် ထိုခုံတန်းရှည်အား 'ချစ်သူခုံတန်း'ဟုခေါ်လေ့ရှိကြ၏။


ဟုတ်လည်း ဟုတ်ပါသည်။ များသောအားဖြင့် အတွဲများသာ ထိုခုံတန်းသို့တကူးတကသွားကာ ထိုင်လေ့ရှိကြသည်မို့ပင်။


စိတ်ဆုံးဖြတ်ပြီးသည်နှင့် ခြေလှမ်းတို့ကိုကျဲလိုက်ကာ ထိုနေရာဆီသို့ဦးတည်လိုက်သည်။


တစ်ဖန် အတွင်းဘက်သို့ချိုးဝင်လိုက်ပြီးနောက်...


"....."


မမျှော်လင့်စွာဖြင့်မြင်လိုက်ရသူကြောင့် ခြေလှမ်းတို့ကိုရပ်လိုက်မိရင်း ဆွံ့အစွာပင်ကြောင်ငေးနေမိ၏။


အလားတူပင် တစ်ဖက်မှမျက်ဝန်းပြာတို့သည်လည်း အံ့ဩသွားသည့်ပုံပင်။


ရှေ့ဆက်တိုးလျှင်လည်း ထိုင်စရာက ထိုတစ်နေရာပဲရှိသည်။ နောက်ပြန်လှည့်ဖို့ကျတော့လည်း အဆင်မပြေသည်မို့...


"ဂျူနိုလေး လာမှာလား"


"....."


"အာ သူလာရင်ကိုယ်မထိုင်တော့ဘူး... စာအုပ်ဖတ်ဖို့နေရာရှာနေတာလေ"


ပြုံးကာပြောလိုက်ရင်း စာအုပ်ကိုမြှောက်ပြလိုက်တော့...


"သူမလာဘူး"


"ဪ အင်း"


ထို့နောက် တစ်ဖက်မှနှုတ်ဆိတ်စွာပင် နေရာအနည်းငယ်ရွှေ့ပေးသည်မို့ သူလည်း တစ်ဖက်အစွန်းတွင်ဝင်ထိုင်လိုက်သည်။ တစ်ဖန် တိတ်ဆိတ်သွားသည့်လေထုက နေရခက်လွန်းစွာ။


နံဘေးတွင် လူတစ်ယောက်လုံးကိုထားပြီး စာအုပ်ဖတ်နေရအောင်လည်း နှစ်ယောက်က မသိကြသူများမဟုတ်။ အကြည့်ကိုအနည်းငယ်ကစားလိုက်မိတော့ မျက်ဝန်းတို့က တစ်ဖက်လူ၏လက်ကောက်ဝတ်တို့ထံ ရောက်သွားအပြီး...


"ပိန်သွားတယ်...အစားကိုဂရုစိုက်စားဦး"


မနေနိုင်စွာပြောလိုက်မိပြီးမှ မလုံမလဲနှင့်စာအုပ်ကိုကောက်ဖွင့်လိုက်မိပြီး မျက်လွှာချလိုက်မိသည်။


"ဟုတ် ကိုကိုရောပဲ...ဒါနဲ့ စာအုပ်ကပြောင်းပြန်ကြီး"


ပြောလာပြီး လက်ထဲမှစာအုပ်ကိုအတည့်လာပြင်ပေးလိုက်သည်မို့ နားရွက်ဖျားများပူတက်သွားကာ...


"အာ တမင်ဇောက်ထိုးဖတ်ကြည့်နေတာ...အတည့်ဖတ်ရင်စာရမရမသေချာလို့လေ"


ပြောလည်းပြော စာအုပ်ကိုလည်းပြောင်းပြန်,ပြန်လုပ်လိုက်တော့...


"ဪ ဆောရီး"


"ရပါတယ် ကလေး...ဂျစ်ကားမှမသိဘဲ"


စကားဆုံးသည်နှင့် နှစ်ဖက်စလုံးတိတ်ဆိတ်သွားကြတော့၏။ သူကတော့ ကိုယ့်အတတ်ကိုယ်စူးနေပြီပင်။ စာအုပ်အတည့်အတိုင်းဆို စာဖတ်နေ၍ရသော်ငြား ဇောက်ထိုးကြီးဖြစ်နေတော့ ကြိုးစားဖတ်ကြည့်ရတာတောင် မူးနောက်လာသည်။ သို့သော် ဖတ်ဟန်ကလည်းဆောင်ရသေးသည်မို့ အချိန်တန်သည်နှင့် တစ်ရွက်လှန်ရစမြဲ။


ကျစ်! ခုဏ ကလေးပြင်ပေးလိုက်တာကိုငြိမ်နေလိုက်ရမှာ...


မချင့်မရဲစိတ်ဖြင့် စိတ်တွင်းမှရေရွတ်လိုက်မိစဉ်...


"ကိုကို ဒီလိုပဲနေတော့မှာလား"


"ဟင်!"


ရုတ်တရက်မို့ တစ်ချက်ကြောင်သွားကာ အာမေဋိတ်ပြုလိုက်မိပြီးမှ...


"ဘာကိုလဲ"


ပြန်မေးလိုက်တော့ ဂျစ်ကားက သူ့အားတစ်ချက်ကြည့်လာပြီးနောက် မျက်နှာပြန်လွှဲသွား၏။


"ကျွန်တော်ကိုမချစ်နိုင်ဘူးဆိုရင်တောင်၊ နောက်ပြီး ကြည်နူးကိုလည်းမချစ်နိုင်ဘူးဆိုရင်တောင် အတည်တကျ တစ်ယောက်ယောက်ကိုတွဲသင့်တယ်...အာ ဆောရီး ကျွန်တော်ဘောင်ကျော်ပြီးဝင်ပါမိပြန်ပြီ"


ထိုစကားတို့ကြောင့် သူပြုံးလိုက်မိသည်။


"ရပါတယ် ဂျစ်ကားပြောတာလည်းမှန်နေတာပဲ"


ပြန်ပြောလိုက်တော့ ဂျစ်ကားက ခဏတာငြိမ်နေပြီးမှ...


"တစ်နေ့က ကြည်နူးကိုတွေ့ခဲ့တယ်...သူငိုနေတာ"


ထိုစကားကြောင့် သူမျက်မှောင်ကြုတ်လိုက်မိစဉ် ဂျစ်ကားကသူ့ဘက်လှည့်ကြည့်လာပြီး...


"တစ်ဖက်ကစိတ်မာပြတိုင်း မခံစားရဘူးလို့ ကိုကိုထင်နေတာလား"


"....."


သူခွန်းတုံ့မဆိုမိတော့ မျက်ဝန်းပြာတို့သည်သူ့မျက်ဝန်းတို့အား စူးစူးစိုက်စိုက်ကြည့်လာကြ၏။


"တကယ်ကို ဘာမှပြောင်းလဲမသွားဘူးပဲ...ဘယ်သူကမှ ကိုကို့ကိုပြောင်းလဲအောင်မလုပ်နိုင်ကြသေးဘူးပဲ"


ထိုစကားတို့ကြောင့် သူခပ်ယဲ့ယဲ့ပြုံးလိုက်မိရင်း...


"အင်း"


"အာ ဟုတ်သားပဲ...ကိုကို့လိုလူက ဘယ်သူဘာဖြစ်ဖြစ်စိတ်ဝင်စားမဲ့သူမှမဟုတ်တာ... အခြားလူတစ်ယောက်ရဲ့အချစ်က ကိုကို့အတွက် ဘာမှမှအရေးမပါဘဲလေ...အင်း ကျွန်တော်မှားသွားပြန်ပြီ... အရာအားလုံးမှာ ကိုကို့အမှားမှမရှိဘဲ...ကိုကို့ကိုချစ်မိတဲ့လူတွေကပဲ ချစ်မိသွားတဲ့အပြစ်ရှိတာ"


"အဟွန်း"


အာဏာ ရင်ထဲမှအောင့်သက်သက်ခံစားချက်ကို ရယ်သံနှင့်သာ ဖျောက်ဖျက်လိုက်မိသည်။ သူ့အား စူးရဲစွာကြည့်နေသည့်မျက်ဝန်းတို့အား သတိကြီးစွာဖြင့် ရှောင်ရှားလိုက်မိပြီးမှ …


"လူဆိုတာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ကြတာပါ...ဘာလို့ ကိုယ့်ကျမှသူများတွေကို လိုက်ကြည့်ပေးရမှာလဲ... ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကစကမ်းလှမ်းခဲ့တာမရှိဘူးလေ... နောက်ပြီး အားလုံးကို ပွင့်ပွင့်လင်းလင်းပြောထားခဲ့တာပဲ... သူတို့လည်းပျော်မယ်ထင်လို့ကိုယ့်ဘေးရောက်လာကြတာပဲ... ကိုယ်လည်းအတတ်နိုင်ဆုံးပျော်အောင်ထားပေးခဲ့တာပဲလေ...နားလည်မှုနဲ့လက်တွဲကြပြီး နားလည်မှုနဲ့ပဲ လမ်းခွဲကြတယ်...ဒီလောက်ပဲ"


"....."


"မပူပါနဲ့...သက်ဆိုင်သူဆိုတာ အချိန်တန်ရင်ပေါ်လာမှာပဲလေ...ကလေးမှာတောင် ဂျူနိုလေးရှိလာတာပဲ... သူကလူကောင်းလေးပါ"


"သူကောင်းတာ ကျွန်တော်သိတယ်"


"အင်း အဲ့လိုပဲ... ကြည်နူးကလည်း အရမ်းကောင်းတဲ့ကလေးမို့ ကိုယ့်ထက်သင့်တော်တဲ့ လူကောင်းတစ်ယောက်ပေါ်လာမှာပေါ့"


"....."


"နောက်ပြီး ကိုယ့်မှာလည်း တစ်ယောက်ယောက်တော့ရှိလာမှာပါ"


ထိုစကားအဆုံး နံဘေးမှလှုပ်ရှားမှုကြောင့်ကြည့်လိုက်တော့ ဂျစ်ကားက သူ့ကိုနှုတ်မဆက်ဘဲ ထထွက်သွားခြင်းမို့ ကျောပြင်ကျယ်အားငေးကြည့်ရင်း ပြုံး၍သာနေလိုက်မိတော့သည်။


Three days later...


"သား မသွားနဲ့ဦး...ဒီကိုလာထိုင်"


အလုပ်သွားခါနီးလှမ်းခေါ်သည့်မိခင်ဖြစ်သူကြောင့် အာဏာ မာမီထိုင်နေသောခုံ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့...


"ဘာရယ်တော့မဟုတ်ဘူး...တစ်ယောက်ရွေးလိုက်"


မာမီကပြောလည်းပြော၊ စက္ကူအိတ်တစ်ထုပ်ကို သူ့ဘက်တွန်းပေးလာသည်မို့ ယူကြည့်လိုက်တော့ အတွင်းမှဓာတ်ပုံတို့ကြောင့် မျက်နှာကပုံမှန်ထက်ပိုတည်သွားပြီး...


"ကျွန်တော်ဘယ်သူ့ကိုမှမတွေ့ချင်ဘူး"


"တွေ့ရမယ်...သွားတွေ့ကြည့်မှ သားကြိုက်မကြိုက်သိရမှာပေါ့"


သူစိတ်ပျက်စွာဖြင့် မျက်ဝန်းအစုံအားမှိတ်ချလိုက်မိရင်း စိတ်ကိုထိန်းကာ...


"ကျွန်တော်တွေ့ချင်စိတ်မရှိသေးလို့ပါ"


"မတွေ့ကြည့်ရင် သားကိုယ်သားဘယ်လိုလုပ်ပြောင်းလဲနိုင်မှာလဲ...သား ပြောင်းလဲပေးမယ်လို့ မာမီ့ကိုကတိပေးထားတယ်လေ... ဘာမှမကြိုးစားဘဲတော့ ဘယ်လိုလုပ်ပြောင်းလဲနိုင်မှာလဲ"


"မာမီ ကျွန်တော်အလုပ်ကောင်းကောင်းလုပ်ချင်တယ်ဗျာ"


"မင်း အဲ့အလုပ်မလုပ်ဘဲလည်း အေးဆေးနေလို့ရတယ်...အဓိက,က မျိုးဆက်ကိုမွေးပေးဖို့ပဲ...မင်း ဘယ်အသက်အရွယ်မှ မိန်းမယူမှာလဲ...မာမီ့ကိုမရှာစေချင်ရင် မင်းကိုယ်တိုင်ရှာလာခဲ့"


"ဟုတ်ပြီ ကျွန်တော်ကြိုးစားကြည့်မှာမလို့ မာမီအဲ့လိုတွေလာလာမလုပ်ပါနဲ့...နောက်ပြီး နောက်ယောင်ခံလိုက်တဲ့လူတွေကိုလည်းရပ်ခိုင်းလိုက်ပါ"


"မင်း မိန်းမကောင်းလေးတစ်ယောက်ကိုခေါ်လာနိုင်မှ ရပ်ခိုင်းလိုက်မယ်...နောက်ပြီး ဒီထဲကတစ်ယောက်ယောက်နဲ့တော့တွေ့ကိုတွေ့ရမယ်...မင်းဘာသာရွေးလိုက်"


သူပြန်ပြောဖို့ပင် စိတ်ကုန်နေပြီဖြစ်သည်။ တဖြည်းဖြည်းနှင့်လည်း ရင်ထဲမွန်းကြပ်ပိတ်လှောင်သလိုခံစားလာရသည်မို့ ငြိမ်နေမိစဉ်...


"ဒီနေ့ကစပြီး မင်းအပေါင်းအသင်းတွေနဲ့မတွေ့နဲ့တော့...ငါ့သားလေးက လူပေါင်းမှားသွားတာ...လူပေါင်းမှားလို့ ခုလိုတွေ..."


"မာမီ!!! တော်တော့ဗျာ!!!"


သူစိတ်မထိန်းနိုင်စွာအော်လိုက်မိတော့ မာမီကသူ့အား မယုံနိုင်သည့်ဟန်ဖြင့်ကြည့်လာပြီး...


"သားသား...မင်း...မာမီ့ကို...အော်လိုက်တယ်ပေါ့"


အသံတိမ်တိမ်သည် ပြတ်တောင်းပြတ်တောင်းဖြင့်ထွက်လာပြီးနောက် ရင်ဘတ်ကိုဖိကာ ခေါင်းငုံ့သွားသည့်မာမီကြောင့်...


"မာမီ!"


စိုးရိမ်သွားသည်မို့ အနားသို့အမြန်ရောက်သွားပြီးနောက် ပုခုံးမှထိန်းကိုင်လိုက်ရင်း...


"မာမီ စိတ်လျှော့...ကျွန်တော်မှားပါတယ်... ကျွန်တော့်အမှားပါ...စိတ်လျှော့နော်"


"....."


"တစ်ယောက်ယောက် ဧည့်ခန်းထဲလာဦး!!!"


သူ့အော်သံအဆုံး ကောင်မလေးနှစ်ယောက်ကအပြေးရောက်လာသည်မို့...


"တစ်ယောက်က ဆေးသွားယူ...တစ်ယောက်က Personal doctorဆီအမြန်ဖုန်းဆက်"


ထို့နောက်တွင် စိတ်ငြိမ်ဆေးတိုက်လိုက်ပြီးနောက် မာမီကပုံမှန်ပြန်ဖြစ်သွားသည်မို့ စိတ်မောစွာဖြင့်သက်ပြင်းချလိုက်မိသည်။ သူကအလုပ်သွားရမည်မို့ Personal doctorကိုခေါ်လိုက်ခြင်းပင်။ သူနှင့်အတူရှိနေခြင်းထက် သူ့လူနှင့်သူရှိနေခြင်းက မာမီ့အတွက်ပိုကောင်းလောက်ပါ၏။


ကောင်မလေးတွေကို မှာစရာရှိတာသေချာမှာခဲ့လိုက်ပြီးနောက် ဆေးရုံသို့ထွက်လာခဲ့လိုက်သည်။


ကားမောင်းနေရင်းမှ နောက်ကြည့်မှန်ကိုကြည့်လိုက်တော့ မြင်နေကျကားနှစ်စီးကပါလာသည်မို့ စိတ်ပျက်စွာဖြင့် လေပူတို့ကိုမှုတ်ထုတ်ရင်း Steering Wheelကို ထုချနေမိကာ စိတ်ဖြေနေမိသည်။


တဖြည်းဖြည်းနှင့် ထွက်ပေါက်မရှိသလိုခံစားချက်တို့ဝင်လာပြီး သူ့အားပိတ်လှောင်နေကြသလိုပင်။


အလုပ်ထဲရောက်တော့လည်း စိတ်ကမငြိမ်မသက်ဖြစ်နေသည်မို့ ခွဲစိတ်ခန်းထဲဝင်ရမည့်ကိစ္စများအား အခြားသူများကိုတောင်းဆိုကာလွှဲပေးလိုက်သည်။ အမြဲ သူကချည်း သူများတာဝန်တွေကိုယူပေးခဲ့သည်မို့ သူတောင်းဆိုသည့်အချိန်၌ မည်သူမှမငြင်းကြ။


ကန်တင်းတွင်ထမင်းသွားစားတော့ နိုရာတို့အတွဲနှင့်တိုးသည်မို့ တစ်ဝိုင်းထဲဝင်ထိုင်လိုက်၏။ ထိုအခါ ငူငူငေါင်ငေါင်ဖြစ်နေသည့်သူ့ကို နိုရာကသေချာကြည့်လာပြီး...


"ဘာဖြစ်နေတာလဲ"


"အင်း နည်းနည်းစိတ်မကြည်လို့"


"ငါတို့ကိုပြောလို့အဆင်မပြေလို့လား"


ထပ်မေးလာသည်မို့သူပြုံးလိုက်မိပြီး...


"စိတ်ညစ်စရာကို မမျှချင်ဘူး"


"စိတ်ညစ်စရာကိစ္စတွေကို တစ်ယောက်ထဲသိမ်းထားရင် နှလုံးရောဂါရလာလိမ့်မယ်... ဒါက မင်းငါ့ကိုပြောဖူးတဲ့စကားနော်"


"ငါသိပါတယ်"


"အင်း စိတ်အဆင်သင့်ဖြစ်ရင်ထုတ်ပြော... မဟုတ်ရင် နောက်ဆို ငါလည်းမင်းနဲ့မတိုင်ပင်တော့ဘူး"


"အင်းပါ"


"အင်း အင်း...အဲ့ဒါဆို စားတော့လေ"


"အင်း"


သူ ရှေ့မှအတွဲကိုကြည့်ကာပြုံးလိုက်ပြီးနောက် နေ့လယ်စာကိုသာအာရုံစိုက်၍စားလိုက်တော့၏။


ညနေရောက်တော့...


ကားကို အိမ်ပြန်လမ်းဆီသို့ဦးတည်ထားရင်း ပုံမှန်လေးမောင်းနေမိစဉ် နောက်ကြည့်မှန်မှ ကားနက်နှစ်စီးကို မြင်လိုက်ရပြန်သည်မို့ ကြည်မနေသည့်စိတ်က မှုန်မှိုင်းသွားပြီးနောက် နှုတ်ခမ်းထောင့်တို့ထက် မဲ့ပြုံးတစ်ချက်ထင်သွားသည်။


မျက်လုံးတစ်ချက်ကစားလိုက်ပြီးနောက် အခြေအနေများအားလုံးကိုသုံးသပ်လိုက်အပြီး လမ်းခဏရှင်းသည့်အချိန်တွင် ကားကိုအရှိန်တင်ကာ လမ်းကြောင်းပြောင်းလိုက်၏။ သူ့ကားက တစ်ဖက်လမ်းကြောင်းပေါ်ရောက်သွားသည့် အချိန်တွင်တော့ ကားတို့ကပြန်ရှုပ်သွားသည်မို့ ကားနက်နှစ်စီးသည် တစ်ဖက်လမ်းကြော၌ပိတ်မိသွားတော့သည်။


စိတ်ထဲကျေနပ်သွားသော်ငြား ပျော်ရွှင်စွာရယ်မောချင်စိတ်ကအလျဉ်းမရှိ။


ထိုစဉ်...


Ringing...


"တောက်!"


ဖုန်းမြည်သံကြား တောက်ခတ်သံသည်ကျယ်လောင်စွာ။


လက်တစ်ဖက်ဖြင့် အတွင်းအိတ်ထဲမှဖုန်းကိုထုတ်ယူလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ကားမှန်ကိုတစ်ဝက်လောက်ချလိုက်ပြီးနောက်...


ဒေါက်!!!


စက္ကန့်ပိုင်းလေးအတွင်း ပိုင်ရှင်မဲ့သွားသည့်ဖုန်းလေးသည် ကွန်ကရစ်လမ်းမထက် အဖော်မဲ့စွာ။


2 hours later,


ဦးတည်ချက်မရှိဘဲ ကားကိုပတ်မောင်းနေခြင်းမို့ အချိန်ကိုလည်းမကြည့်ဖြစ်။ အဓိက,က အိမ်ကိုရောက်မသွားဖို့ပင်။


မှောင်ရီသန်းစအချိန်ဖြစ်သည်မို့ ကောင်းကင်၌ မိုးသားတက်နေသည်ကိုလည်းမသိလိုက်။ မိနစ်ပိုင်းအကြာတွင် သည်းသည်းမည်းမည်းရွာချလာတော့မှသာ 'မိုးသားတက်နေခဲ့တာပဲ' ဟူ၍ အသိအမှတ်ပြုလိုက်ရသည်။


ထိုစဉ်တွင် ကားဆီပြတ်တော့မည်ဖြစ်ကြောင်း Signပြလာသည်မို့ ကားကို လမ်းဘေးတစ်နေရာ၌ ထိုးရပ်လိုက်၏။ တစ်ဖန် မိုးရေများကြားရှိပတ်ဝန်းကျင်အား ငေးကြည့်နေမိရင်းမှ အတွင်းအိတ်ထဲတွင် ပိုက်ဆံအိတ်ပါမပါစမ်းလိုက်အပြီး...


ချလောက်!


ကားတံခါးကိုဖွင့်လိုက်သည်နှင့် မိုးစက်တို့က ကားအတွင်းဖြန်းပက်လာကြသည်။ အပြင်ဘက်သို့ခြေလှမ်းလိုက်သည်နှင့် ခြေထောက်တစ်ချောင်းလုံးရွှဲရွှဲစိုသွားစဉ်တွင် ခေါင်းထဲမှ တွေဝေနေမှုများအားလုံးလွင့်စဉ်သွားပြီးနောက် တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ကားပေါ်မှဆင်းလိုက်တော့၏။


အပြင်ရောက်သွားသည့်စက္ကန့်ပိုင်းလေးအတွင်း တစ်ကိုယ်လုံးရွှဲရွှဲစိုသွားသည့်ခံစားချက်က ရင်တွင်းမှအပူမီးကို အနည်းငယ်သက်သာစေသည်ဟုခံစားလိုက်ရသည်မို့ သူကျေနပ်စွာပြုံးလိုက်မိသည်။


ကားသော့ကို ကားထဲသို့ပစ်ထည့်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်ပြီးနောက် ပလက်ဖောင်းပေါ်သို့တက်လိုက်ကာ ခြေဦးတည့်ရာသို့လျှောက်လိုက်မိသည်။ လမ်းလျှောက်နေသည့်အခြားသူများအားလုံးက ထီးကိုယ်စီနှင့်မို့ သူ့အားထူးဆန်းသလိုကြည့်လာကြသော်လည်း ထိုလူများအားအရေးမစိုက်ချင်။


တဖြည်းဖြည်းနှင့်အေးဆေးစွာလမ်းလျှောက်နေသည့်သူကို Taxiသမားများကလည်း တစ်ယောက်ပြီးတစ်ယောက်လာခေါ်ကြသေးသည်မို့ သူရယ်ချင်လာပြီး လွတ်လပ်စွာရယ်ချလိုက်မိတော့ အချို့လူများက သူ့အားအရူးတစ်ယောက်လိုကြည့်လာကြသည်ကိုလည်း မျက်ဝန်းထောင့်တို့မှမြင်လိုက်ရသေးသည်။


ထင်ချင်သလိုသာ ထင်ကြပါစေတော့…


45 minutes later,


မိုးကတစ်ချက်စဲမသွားသည်မို့ ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးစက်နေပြီဖြစ်သည်။ လမ်းလျှောက်နေသော်ငြား သွေးတို့လည်းမပူနိုင်တော့။ လက်ဖဝါးတို့သည်လည်း ပဲကြီးရေခွံတွန့်ကာ ထုံနေပြီဖြစ်သည်။ မျက်နှာထက် သွေးရောင်ပင်ပျောက်လုနီးပါးဖြစ်နေပြီး နှုတ်ခမ်းသားတို့သည်လည်း အနည်းငယ်ပြာချင်ချင်။


နှုတ်ခမ်းအစုံအားတင်းတင်းဖိပိတ်ထားသည်မို့ မေးနှစ်ခွသည်ထင်ရှားစွာပေါ်ထွက်နေ၏။


သူ့အနေနှင့်အနီးအနားရှိ မည်သည့် Hotel တွင်မဆို ဝင်တည်း၍ရသည်မို့ ပေတေကာဆက်လျှောက်နေမိသည်။ မခံနိုင်သည့်အဆုံးကျမှ တစ်နေရာရာတွင်ဝင်တည်းလိုက်မည်ဟု တွေးထားခြင်းပင်။


ထိုစဉ် မိုးကပိုသည်းလာပြီး လေပါ,ပါလာသည်မို့ ခေါင်းကိုငုံ့ချကာ မျက်နှာအားလက်တစ်ဖက်ဖြင့်ကာထားရင်း ခြေလှမ်းတို့ကိုသွက်လိုက်မိသည်။


မိုးစက်တို့၏ရိုက်ခတ်မှုက ပို၍များလာသည်မို့ အဝတ်ဖုံးမထားသည့်နေရာများအားလုံး စပ်ဖျဉ်းဖျဉ်းဖြစ်လာတော့သည်။


နောက်ဆုံး ဘယ်လိုမှမခံနိုင်တော့သည်မို့ တစ်ဖက်တွင်မြင်နေရသည့် Hotel၌ဝင်တည်းရန်ဆုံးဖြတ်လိုက်စဉ်...


တီ.....................


ကားဟွန်းသံအရှည်ကြီးကြောင့် လှည့်ကြည့်လိုက်တော့ ကားမီးရောင်က သူ့မျက်လုံးထဲသို့စူးခနဲ။


မိုးစက်များနှင့်မီးရောင်စူးစူးကြား ကြိုးစားကာကြည့်နေမိစဉ် ထီးတစ်လက်နှင့်ပုံရိပ်ရှည်တစ်ခုကသူ့ဆီသို့ ဦးတည်လာသည်ကိုတွေ့လိုက်ရပြီးနောက် အနီရောင်သန်းနေသည့်မျက်သားတို့ကြား အပြာရောင်မျက်ဝန်းကြည်ကြည်တို့က စူးရဲစွာ...။


Zaygyi//


The next day,


ေန႔လယ္စာစားခ်ိန္ျဖစ္သည္မို႔ အာဏာတစ္ေယာက္ ခြဲစိတ္ခန္းမွထြက္လာလာခ်င္း သန္႔စင္ခန္းဆီသို႔ ေျခဦးကိုတည္လိုက္သည္။ လက္ေဆးၿပီးသည္ႏွင့္ ေဆး႐ုံေရွ႕ရွိစားေသာက္ဆိုင္သို႔သြားရမည္။ ေန႔လယ္စာအတူစားရန္ ၾကည္ႏူးႏွင့္ခ်ိန္းထားၿပီးျဖစ္သည္မို႔ ယခုခ်ိန္ဆို ၾကည္ႏူးလည္းေရာက္ေနမည္မွာအေသအခ်ာပင္။


ၾကည္ႏူးက ထိုကဲ့သို႔ေသာလူစားျဖစ္သည္။ သူႏွင့္ခ်ိန္းထားတိုင္း ဦးစြာေရာက္ရွိေနတတ္သည္။ တစ္ခါေသာ္မွ် ေနာက္က်သည္ မရွိခဲ့ဖူးေပ။


လက္ရွိအခ်ိန္တြင္ သူ႔ေခါင္းထဲ၌ ၾကည္ႏူးကိုေျပာရမည့္စကားမ်ားအား စာစီေနမိသည္။ နားလည္လြယ္သည့္ေကာင္ေလးမို႔ ေျပာရမခက္ေလာက္မွန္းသိေသာ္ျငား တစ္ဖက္လူအားမထိခိုက္ေစမည့္ စကားလုံးမ်ားကို ေ႐ြးခ်ယ္ေနမိသည္။ နားလည္မႈတို႔ႏွင့္တည္ေဆာက္ထားခဲ့ေသာဆက္ဆံေရးသည္ မၾကာမီအေတာအတြင္း၌ နားလည္မႈတို႔ႏွင့္သာ အဆုံးသတ္ရေပေတာ့မည္။


စိတ္ကိုရွင္းရွင္းထားလိုက္ကာ သက္ျပင္းခ်လိုက္မိၿပီးေနာက္ သန္႔စင္ခန္းဆီသို႔ဦးတည္ေနသည့္ေျခလွမ္းတို႔အား အနည္းငယ္ပို၍က်ဲလိုက္မိ၏။


သန္႔စင္ခန္းဝင္ေပါက္သို႔ေရာက္သည့္အခ်ိန္တြင္ အထဲသို႔ေျခဆက္လွမ္းရန္အျပဳ...


"ျမန္ျမန္လုပ္...လူလာေတာ့မယ္"


"....."


ထြက္ေပၚလာသည့္အသံေၾကာင့္ ေျခလွမ္းတို႔ကတုံ႔ခနဲရပ္သြားၿပီး ဆက္ပဲသြားရမလို၊ျပန္ပဲလွည့္ရမလိုႏွင့္ တစ္ေယာက္တည္း အေတြးမ်ားေနစဥ္...


"ေအာက္ကအက်ႌကိုနည္းနည္းဆြဲခ်ဦး"


ထပ္မံ၍ ထြက္ေပၚလာသည့္ ရင္းႏွီးေသာအသံေၾကာင့္ အံ့ဩသြားမိသည္။


"အကုန္လုံးကိုခြၽတ္လိုက္ရမလား"


"တစ္လုံးပဲထပ္ျဖဳတ္ေတာ့...အင္း ရၿပီ"


"အင္း အဆင္ေျပလား"


"ရတယ္...ခုမွအသည္းအသန္ဘာျဖစ္ေနတာလဲ...ဘယ္သူမွျမင္ရတာလည္းမဟုတ္ဘဲနဲ႔"


"ဂ်ဴတီၿပီးတာနဲ႔အက်ႌလဲရမွာေလ...အဲ့အက်ႌက ေကာ္လာမပါဘူး"


"အင္း အဲ့လိုလုပ္ရမွာကို ဘယ္လိုျဖစ္ၿပီးေမ့လာတာလဲ...ခါတိုင္းမေမ့ဖူးဘဲနဲ႔"


"ဪ မင္းညကေတာ္ေတာ္ဆိုးတာေလ... ငါဒီမနက္မွန္ေတာင္ၾကည့္မလာႏိုင္ဘူး... ခုလည္းခါးနာေနတယ္... ငါအိပ္ေရးပ်က္တာဘယ္သူ႔ေၾကာင့္လဲ"


ၾကားေနရေသာစကားမ်ားေၾကာင့္ အာဏာအသက္ပင္ေအာင့္ထားမိသည္အထိျဖစ္ေနစဥ္ ခပ္ႀကိတ္ႀကိတ္ရယ္သံမ်ား ထြက္ေပၚလာေတာ့၏။


စကၠန္႔၃၀ေလာက္ၿငိမ္သက္ေနမိၿပီးေနာက္ ျပန္၍သတိဝင္လာသည္။ မည္သို႔ပင္ဆိုေစကာမူ လက္ကိုေတာ့မျဖစ္မေနေဆးေၾကာရမည္မို႔ အထဲဝင္ဖို႔သာေ႐ြးခ်ယ္လိုက္သည္။ ဤပုံစံႏွင့္ၾကာၾကာဆက္ေနလွ်င္ သူမ်ားအတြဲစကားေျပာသည္အား ခိုးနားေထာင္မိသလိုျဖစ္ေတာ့မည္မို႔ အသက္ကိုျပင္းျပင္းရႉလိုက္ရင္း အတြင္းသို႔ခပ္သြက္သြက္ဝင္လိုက္မိေတာ့...


"အာ..."


"....."


"....."


ျမင္လိုက္ရသည့္ျမင္ကြင္းတြင္ ဂ်ဴႏိုက ဂ်ဴတီကုတ္ေအာက္ရွိအက်ႌရင္ဘတ္ကိုဖြင့္ထားကာ ပုခုံးသားမ်ားပင္ေပၚသည္အထိဆြဲခ်ထား၏။ ဂ်စ္ကားက ေနာက္ဘက္တြင္ပလာစတာတစ္ခုကိုကိုင္ကာ ရပ္ေနရင္း သူ႔အားအံ့ဩသလိုၾကည့္လာသည္။ တစ္ဖန္ ဂ်ဴႏို၏ရင္ဘတ္ျဖဴျဖဴေဖြးေဖြးထက္ အနီေရာင္အမွတ္မ်ားကိုျမင္လိုက္ရသည္မို႔...


"အာ ေဆာရီး"


ေၾကာင္ၾကည့္ေနမိၿပီးမွ အားနာသလိုေျပာလိုက္မိေတာ့ ေရွ႕မွႏွစ္ေယာက္လုံးက အသိျပန္ဝင္လာၿပီးေနာက္ အလန္႔တၾကားျဖစ္သြားၾကအၿပီးတြင္...


"ဟ! ဘာလဲ...ဘာလုပ္တာလဲ"


"မၾကည့္နဲ႔"


ဂ်စ္ကားက သူ႔ေရွ႕သို႔လွစ္ခနဲေရာက္လာၿပီးေနာက္ သူ႔မ်က္လုံးအစုံအား လက္ႏွစ္ဖက္ျဖင့္အုပ္ကာေျပာလိုက္ျခင္းမို႔...


"အာ အြန္း ေဆာရီး...ကိုယ္တမင္ၾကည့္တာမဟုတ္ပါဘူး...မပူပါနဲ႔... ကိုယ္ဘယ္သူ႔ကိုမွလိုက္မေျပာဘူး... ၿပီးေတာ့ ကိုယ့္လိုခြဲစိတ္ဆရာဝန္က ကိုယ္လုံးတီးေတြကိုခဏခဏျမင္ဖူးတာမလို႔ ဒါေတြကမထူးဆန္းပါဘူး"


"အဟြတ္! အဟြတ္!"


သူ႔စကားအဆုံး ဂ်ဴႏို႔ထံမွေခ်ာင္းဆိုးသံထြက္လာသည္မို႔...


"ဂ်ဴႏိုေလး ဘာမွရွက္စရာမလိုဘူး...ဒါမ်ိဳးေတြက ကိုယ့္အတြက္အဆန္းမဟုတ္ဘူး...မင္းတို႔ႏွစ္ေယာက္က တက္ႂကြတဲ့လူငယ္ေလးေတြပဲဟာ... ကိုယ္နားလည္ႏိုင္ပါတယ္"


သူလည္းမ်က္ႏွာပူကာရွက္စိတ္မႊန္သလိုျဖစ္ေနသည္မို႔ ပါးစပ္ထဲရွိရာေလွ်ာက္ေျပာေနမိစဥ္ မ်က္လုံးတို႔အားအုပ္ထားသည့္လက္ႏွစ္ဖက္လုံးက ျပန္ခြာသြားသည္မို႔ မ်က္လုံးဖြင့္ၾကည့္လိုက္မိေတာ့ ဂ်ဴႏိုက သူ႔ဝတ္စုံကိုသပ္သပ္ရပ္ရပ္ျပန္လည္ဝတ္ဆင္ၿပီးျဖစ္ေနၿပီမို႔ အသက္ရႉေခ်ာင္သြားသည္။


ဂ်ဴႏိုကလည္း ေခါင္းေလးငုံ႔ကာ မ်က္မွန္ေလးတပင့္ပင့္ႏွင့္သူ႔အား ရွက္ေနပုံရ၏။ နား႐ြက္ဖ်ားတို႔ရဲတက္ေနသည္ကလည္းသိသိသာသာမို႔...


"အဟမ္း အဟမ္း...ကိုယ့္ကိုရွက္မေနနဲ႔...ကိုယ့္အတြက္ဒါမ်ိဳးေတြက႐ိုးေနၿပီ"


"ဗ်ာ!"


"သူ႔ကိုမရွက္နဲ႔လို႔ေျပာေနတာ...ဟုတ္တယ္ သူေျပာတဲ့အတိုင္းပဲ... မင္းဘာမွရွက္ေနစရာမလိုဘူး... သူ႔အတြက္အဲ့ဒါေတြက အထူးအဆန္းမဟုတ္ေတာ့ဘူး...႐ိုးေတာင္ေနေလာက္ၿပီ"


"....."


"....."


ဂ်စ္ကား၏စကားတို႔ေၾကာင့္ အာဏာတစ္ေယာက္ အနည္းငယ္ပင္အေတြးမ်ားသြားရ၏။ သူေျပာသည့္စကားတို႔ႏွင့္ထပ္တူဆင္သည္ဟုဆို၍ရေသာ္ျငား အနည္းငယ္ေတာ့ကြာျခားေနသလိုပင္။


သူ႔အတြက္က ကိုယ္လုံးတီးကိုျမင္ရျခင္းသည္လည္း အဆန္းမဟုတ္သလို အနီကြက္ေတြကိုျမင္ရသည္ကလည္း အဆန္းေတာ့သိပ္မဟုတ္ေပ။ အနီကြက္တို႔ႏွင့္ပတ္သက္၍ ႏိုရာတို႔အတြဲႏွင့္ေခးဆက္တို႔အတြဲေၾကာင့္ မျမင္ခ်င္မွအဆုံး။ မ်က္ႏွာပူေနရသည့္အေၾကာင္းက သူတို႔၏ ေျပာစကားမ်ားကို ခိုးနားေထာင္ခဲ့မိသလိုျဖစ္ခဲ့သည့္အျပင္ တမင္တကာဝင္လာသလိုျဖစ္သြားသည္မို႔သာ။


ထိုစဥ္...


"ငါသြားေတာ့မယ္...အစ္ကို ကြၽန္ေတာ္သြားၿပီေနာ္"


"....."


"....."


ေျပာၿပီးေနာက္ သူတို႔ႏွစ္ေယာက္လုံး ျပန္မတုံ႔ျပန္ႏိုင္ခင္မွာပင္ အျပင္သို႔အျမန္ေျပးထြက္သြားေသာ ဂ်ဴႏိုလင္း။


သန္႔စင္ခန္းထဲတြင္က်န္ခဲ့သည္က သူႏွင့္ဂ်စ္ကားသာ။ အာဏာတစ္ေယာက္ ကိုးယိုးကားယားျဖစ္ေနသည့္အေျခအေနကို သည္းမခံႏိုင္စြာျဖင့္ လြန္ဆန္လိုက္မိရင္း ဘာမွမျဖစ္သလိုပုံစံႏွင့္ လက္ေဆးဖို႔ျပင္လိုက္သည္။ အၾကည့္ႏွင့္အေတြးမ်ားအားလုံးကို လက္ႏွစ္ဖက္ထံ၌သာစူးစိုက္ထားရင္း ေလးနက္စြာလက္ေဆးမိေနသည္မွာ ဘဝသက္တမ္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ပင္။


ထိုစဥ္တြင္ နံေဘးကပ္လ်က္ေနရာ၌ ဂ်စ္ကားကပါဝင္၍လက္ေဆးလာသည္။ ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ေနမိေသာ္ျငား အနည္းငယ္ေတာ့ေနရခက္ေနဆဲျဖစ္သည္မို႔ သူကပင္ဦးစြာလွည့္ၾကည့္လိုက္မိေတာ့ ဂ်စ္ကားကလည္း သူ႔အားျပန္ၾကည့္လာသည္မို႔...


"စားၿပီးၿပီလား"


ၿပဳံးကာ ေမးလိုက္မိေတာ့...


"ဟင့္အင္း"


Ringing...


သူ႔ဖုန္းမွျမည္လာျခင္းမို႔ ႏွစ္ေယာက္လုံး၏အၾကည့္မ်ားက ဖုန္း၏တည္ေနရာဆီသို႔ေရာက္သြားၾကသည္။


အာဏာတစ္ေယာက္ လက္ကိုေရအျမန္စစ္လိုက္ၿပီး အိတ္ကပ္ထဲမွဖုန္းကိုထုတ္ယူလိုက္ၿပီးေနာက္ ၾကည့္လိုက္ေတာ့ ၾကည္ႏူးျဖစ္ေနသည္မို႔ကိုင္လိုက္ၿပီး...


"အင္း ၾကည္ႏူး...ကိုယ္အခုပဲထြက္လာေတာ့မလို႔"


"....."


"ရတယ္ေလ...ႀကိဳက္တာမွာထားလိုက္...ကိုယ္မစားတာမင္းသိတာပဲ"


"....."


"အင္း ခုပဲထြက္လာမွာ...မၾကာဘူး"


ဖုန္းခ်လိုက္ၿပီးေနာက္တြင္ စိတ္ထဲမလုံသလိုခံစားရသည္မို႔ေမာ့ၾကည့္လိုက္ေတာ့ သူ႔အားစိုက္ၾကည့္ေနသည့္မ်က္ဝန္းျပာတစ္စုံ။ တစ္ဖန္ သူၾကည့္လိုက္သည္ႏွင့္ ခ်က္ခ်င္းလႊဲသြားၿပီးေနာက္ သူ႔အားကပ္ေရွာင္ကာ အျပင္ဘက္သို႔ထြက္သြားသူ။


အာဏာတစ္ေယာက္ တစ္ေယာက္တည္းက်န္ခဲ့သည့္အခ်ိန္က်မွ ေလပူတို႔အားမႈတ္ထုတ္လိုက္မိရင္း မည္သည့္အခ်ိန္ကပင္ အသက္ရႉမဝျဖစ္ေနမွန္းမသိသည့္ခံစားခ်က္ႀကီးက ဝင္လာသည္မို႔ သန္႔စင္ခန္းထဲမွအျမန္ထြက္လိုက္မိၿပီးေနာက္ အသက္ကိုျပင္းျပင္းရႉလိုက္ရသည္။


ရင္ထဲမွမသိမသာနာက်င္မႈေလးသည္ မေန႔ကေလာက္မဆိုးသည္မို႔ သူမမႈေတာ့ပါ။ သူ၏ ထိန္းခ်ဳပ္ႏိုင္စြမ္းကို သူယုံၾကည္ပါ၏။ ထို႔အျပင္ ယခုအခ်ိန္၌ သူ႔တြင္လုပ္စရာမ်ားရွိေနေသးသည္မို႔ ဤသို႔နာက်င္မႈေလးအား ေခါင္းထဲထည့္ထား၍မရေသးေပ။


အဆင္ေျပပါတယ္...


ထိုစကားတစ္ခြန္းကိုသာ ရင္ထဲ၌႐ြတ္ဆိုေနမိရင္း အေတြးမမ်ားမိေအာင္ စိတ္ကိုထိန္းခ်ဳပ္ထားရသည္။ စကားသံအခ်ိဳ႕ႏွင့္ျမင္ကြင္းအခ်ိဳ႕အား အနည္းငယ္မွ်ပင္ေပၚမလာေအာင္ ေဖ်ာက္ဖ်က္ေနမိ၏။


စားေသာက္ဆိုင္ကိုေရာက္သြားေတာ့ ၾကည္ႏူးကသူ႔အားလက္လွမ္းျပသည္မို႔ သူလည္းထိုစားပြဲဝိုင္းဆီသို႔အျမန္ေလွ်ာက္သြားလိုက္သည္။


"ေၾကးအိုးပဲမွာထားလိုက္တယ္...ဟိုေန႔ကစားခ်င္တယ္ေျပာလို႔...အဆင္ေျပလား"


သူဝင္ထိုင္လိုက္သည္ႏွင့္ေမးလာသည္မို႔...


"ေျပတယ္...ေက်းဇူး"


"မလိုပါဘူး...ဒီတစ္ခါ အစ္ကိုေကြၽးရမွာပဲ"


"ဟုတ္ပါၿပီ"


ႏွစ္ေယာက္သားၿပဳံးလိုက္မိၾကၿပီးေနာက္ တိတ္ဆိတ္သြားၾက၏။


ၾကည္ႏူးတစ္ေယာက္ မိမိေရွ႕မွအသိစိတ္လြတ္ေနသလိုျဖစ္ေနသည့္ရည္းစားအားစိုက္ၾကည့္ေနမိသည္။ အတန္ၾကာသည္အထိၾကည့္ေနေသာ္ျငား တစ္ဖက္က သူ႔ဆီသို႔တစ္ခ်က္ေတာင္အၾကည့္ေရာက္မလာသည္မို႔ သက္ျပင္းခ်လိုက္မိၿပီး...


"အစ္ကို ကြၽန္ေတာ့္ကိုေျပာစရာရွိေနတယ္မလား"


ေမးလိုက္ေတာ့မွ အာ႐ုံကသူ႔ထံေရာက္လာသည္မို႔...


"ဘာလဲ ကြၽန္ေတာ့္ကိုအားနာေနတာလား... ကြၽန္ေတာ္ေျပာထားၿပီးသားေနာ္"


"အာ ေပါက္ကရ...အားနာတယ္ေတာ့မဟုတ္ပါဘူး...ဒါေပမဲ့ စကားမွားသြားမွာစိုးေနလို႔စဥ္းစားေနမိတာ"


"ရတယ္ ဘယ္လိုျဖစ္ျဖစ္ဒီစကားပဲဟာ...ေျပာသာ ေျပာခ်လိုက္"


"အရင္ဆုံးစားဦးေလ...ေကာင္းတဲ့ကိစၥမွမဟုတ္တာ"


"ေကာင္းတဲ့ကိစၥမဟုတ္ရင္ အရင္သာေျပာေတာ့...စားၿပီးမွဆို အန္ထြက္ေနဦးမယ္...ေျပာမွာသာ ေျပာပါဗ်ာ... ကြၽန္ေတာ္က ေတာ္႐ုံနဲ႔အစားမပ်က္တတ္ပါဘူး"


အာဏာတစ္ေယာက္ သူ႔ေရွ႕မွဂ်စ္ကန္ကန္ေကာင္ငယ္ေလးအားၾကည့္ကာ စိတ္ရႈပ္ေနသည့္ၾကားမွ အနည္းငယ္ၿပဳံးလိုက္မိသည္။ မၾကာမီအတြင္း သူ႔ရည္းစားေဟာင္းေလးျဖစ္ေတာ့မည့္ထိုေကာင္ေလးက လူထူးလူဆန္းေလးပင္။


"ကိုယ့္အေမသိသြားၿပီ...ကိုယ္တို႔လမ္းခြဲရေတာ့မယ္"


"ဪ"


စကားကို တိုတိုတုတ္တုတ္ႏွင့္လိုရင္းေရာက္ေအာင္ေျပာလိုက္မိေတာ့ တစ္ဖက္မွျပန္လည္တုံ႔ျပန္ခ်က္က သူ႔ထက္ပင္ပို၍တိုေနေသးသည္မို႔...


"အင္း"


ထို႔ေနာက္တြင္ ၾကည္ႏူးက သူ႔ကိုေသခ်ာၾကည့္ကာၿပဳံးလာရင္း...


"တကယ့္ကို မာမားဘြိဳင္းပဲ...အစ္ကိုအဆင္ေရာေျပရဲ႕လား"


အျဖတ္ခံရသူက တစ္ျပန္ႀကီးစိုးရိမ္ေပးေနသည္မို႔ သူရယ္လိုက္မိၿပီး...


"မသိရင္ ကိုယ္ကအျဖတ္ခံလိုက္ရသလိုပဲကြာ"


ေျပာလိုက္ေတာ့ ၾကည္ႏူးကလည္းလိုက္ရယ္သည္။


"တကယ္ေတာ့ အစ္ကို႔မာမီကိုေတာင္ေက်းဇူးတင္ေနတာ"


"ဘာလို႔လဲ"


"မာမီ့ေၾကာင့္ဆိုလို႔ကြၽန္ေတာ္ခံစားႏိုင္တာ... အျခားလူေၾကာင့္သာဆို သူကငါ့ထက္ဘာသာလို႔လဲဆိုတဲ့ ခံစားခ်က္ႀကီးဝင္လာမွာ...အဲ့ဒါႀကီးက ခံရခက္တယ္...ခုေတာ့ အဲ့လိုမဟုတ္လို႔ ေက်းဇူး"


ၿပဳံးစစေလးႏွင့္ေပါ့ပါးစြာေျပာလာသည့္ၾကည္ႏူးေၾကာင့္ သူ႔ရင္ထဲေပါ့ပါးသြားသလိုပင္။ တစ္မနက္လုံး သူ႔အား ဒုကၡေပးေနသည့္ ရင္ဘတ္ထဲမွအစိုင္အခဲႀကီးသည္ ခ်က္ခ်င္းပင္အရည္ေပ်ာ္သြားေတာ့၏။


ႏွစ္ဖက္စလုံးမိနစ္အနည္းငယ္မွ်ၿငိမ္သက္ေနၾကၿပီးေနာက္…


"ဝန္ခံလိုက္ပါေတာ့လား"


႐ုတ္တရက္ေျပာလာေသာစကားေၾကာင့္ သူေမာ့ၾကည့္လိုက္မိေတာ့ ၾကည္ႏူးက သူ႔ကိုအဓိပၸါယ္အျပည့္ျဖင့္ျပန္ၾကည့္လာရင္း ေျပာလာ၏။


"မ်ိဳသိပ္ထားတဲ့အစ္ကို႔ကိုၾကည့္ၿပီး ပင္ပန္းလာလို႔"


ထိုစကားေၾကာင့္ သူၿပဳံးလိုက္မိသည္။ အဆက္အစပ္မရွိသည့္စကားျဖစ္ေသာ္လည္း ဆိုလိုရင္းကိုသူသိသည္မို႔...


"သူနဲ႔ေတာ့လမ္းမခြဲခ်င္ဘူး"


အသက္ဝင္ေသာ အၿပဳံးေလးႏွင့္ေျပာလာသူအားေငးၾကည့္ေနမိရင္း ၾကည္ႏူးလည္းလိုက္ၿပဳံးလိုက္မိသည္။ အစ္ကိုသည္ ထိုလူသားႏွင့္္ပတ္သက္လာတိုင္း ထိုကဲ့သို႔ပင္။


"အဲ့ဒါေၾကာင့္မို႔ မတြဲတာလား"


"သီးသန္႔ေတာ့ဘယ္ဟုတ္မလဲ"


ထိုစဥ္ ေၾကးအိုးႏွစ္ပြဲလာခ်သည္မို႔ ႏွစ္ေယာက္သား စားဖို႔သာျပင္လိုက္ၾကသည္။


အာဏာတစ္ေယာက္ အရည္တစ္ဇြန္းကိုခပ္ကာ ေသာက္ဖို႔ျပင္လိုက္စဥ္...


"အစ္ကို ကြၽန္ေတာ္တစ္ခုခုလုပ္ခ်င္လို႔ ေနာက္ဆုံးအေနနဲ႔ခြင့္ျပဳမလား"


႐ုတ္တရက္ေမးလာသည့္ၾကည္ႏူးေၾကာင့္ သူအနည္းငယ္ေၾကာင္သြားၿပီးမွ...


"အင္း လုပ္ၾကည့္"


သူခြင့္ျပဳလိုက္သည္ႏွင့္ ၾကည္ႏူးကၿပဳံးသြားၿပီးေနာက္...


"ကိုဂ်ဴႏိုလင္း!"


မတိုးအက်ယ္အသံႏွင့္ေခၚလိုက္ကာလက္ျပလိုက္ေသာၾကည္ႏူးေၾကာင့္ အာဏာအံ့ဩစြာလွည့္ၾကည့္လိုက္မိေတာ့ ဆိုင္ထဲဝင္လာသည့္ ဂ်စ္ကားႏွင့္ဂ်ဴႏို႔ကိုျမင္လိုက္ရသည္။ ႏွစ္ေယာက္လုံးကလည္း သူတို႔အားေခၚလိုက္သည့္ၾကည္ႏူးေၾကာင့္အံ့ဩသလိုျဖစ္ေနၾကပုံရ၏။


"ကြၽန္ေတာ္တို႔ဝိုင္းမွာေပါင္းထိုင္ပါလား"


ၾကည္ႏူးက ခပ္ၿပဳံးၿပဳံးႏွင့္ ထပ္ေျပာလိုက္ေတာ့ ဂ်ဴႏိုကလည္း သူတို႔အားျပန္ၿပဳံးျပလာရင္း...


"အင္း အဆင္ေျပသားပဲ...အသဲေရာ အဆင္ေျပလား"


"အင္း"


ႏွစ္ေယာက္လုံးက လက္ခံလိုက္တာမို႔ ၾကည္ႏူးကသူ႔အားေျပာလာသည္။


"အာ အစ္ကိုက ကြၽန္ေတာ့္ဘက္ေ႐ႊ႕လိုက္ေလ...လာ ဒီဘက္ကို"


"ဪ အင္း"


အာဏာတစ္ေယာက္ ၾကည္ႏူးဘက္ကိုေ႐ႊ႕ထိုင္လိုက္သည္ႏွင့္ သူတို႔၏မ်က္ႏွာခ်င္းဆိုင္တြင္ ဂ်စ္ကားတို႔အတြဲကဝင္ထိုင္လာသည္။ စားစရာမ်ားကို ကိုယ္စီမွာေနၾကစဥ္ အာဏာကေတာ့ ေၾကးအိုးကိုသာေခါင္းမေဖာ္တမ္းစားေနလိုက္ေတာ့၏။


"အစ္ကိုတို႔အတြဲက တကယ္လိုက္တယ္"


႐ုတ္တရက္ေျပာလိုက္ေသာၾကည္ႏူးေၾကာင့္ တူကိုင္ေနသည့္လက္ေခ်ာင္းတို႔သည္ စကၠန္႔ဝက္မွ်ရပ္တန္႔သလိုျဖစ္သြားေသာ္ျငား ဟန္မပ်က္ဆက္လက္လႈပ္ရွားေနၾကစဥ္...


"ၾကည္ႏူးတို႔အတြဲလည္း အရမ္းလိုက္တယ္"


တစ္ဖက္က ဂ်ဴႏိုကလည္းျပန္ေျပာလာသည္မို႔ ေနာက္ဆက္တြဲအေနျဖင့္ ၾကည္ႏူး၏ရယ္သံကကပ္လ်က္ပါလာၿပီးေနာက္...


"လိုက္လြန္းလို႔ ခုေလးတင္အျဖတ္ခံလိုက္ရတယ္"


"အဟြတ္!"


အာဏာတစ္ေယာက္ အရည္သီးမတတ္ျဖစ္သြားသည္မို႔ ပါးစပ္ကိုပင္အျမန္ပိတ္လိုက္ရသည္အထိ။ ၾကည္ႏူးကေတာ့ သူ႔အျဖစ္ကိုၾကည့္ကာရယ္လာၿပီးေနာက္ သူ႔ေက်ာျပင္အားခပ္ဖြဖြသပ္ေပးလာရင္း...


"အစ္ကိုကလည္းေနာ္...ဘယ္သူမွလုမစားပါဘူး"


ထိုစကားကိုတုံ႔ျပန္ဖို႔ လည္ေခ်ာင္းရွင္းသည္အထိေစာင့္လိုက္သည္။ ၿပီးမွ…


"ဘာမွမေျပာဘဲေနရင္ ပိုအဆင္ေျပတယ္"


ေျပာလိုက္ေတာ့ၾကည္ႏူးကရယ္လိုက္ရင္း...


"ဘာလို႔လဲ...Singleျဖစ္ေၾကာင္းႂကြားတာေလ...ဪ ဒါနဲ႔ ဒီဝိုင္းကိုအစ္ကိုဝယ္ေကြၽးမွာသိလား"


"အာ မဟုတ္တာ"


ဂ်ဴႏိုကအားနာဟန္ျဖင့္ျငင္းလာသည္မို႔...


"ဟုတ္ကိုဟုတ္တယ္...အစ္ကိုတို႔ မျငင္းနဲ႔...ဒါက ကြၽန္ေတာ္နဲ႔အစ္ကို Singleျပန္ျဖစ္တဲ့အထိမ္းအမွတ္အေနနဲ႔ ေကြၽးတာ... အစ္ကိုဝယ္ေကြၽးရတယ္ဆိုတာက သူကအရင္စျဖတ္လို႔ပဲ"


"ဪ"


ဂ်ဴႏိုတစ္ေယာက္ ထိုစကားသာျပန္ေျပာႏိုင္ေတာ့၏။


အာဏာလည္း ၾကည္ႏူး၏စကားမ်ားကိုနားေထာင္ၿပီး ရယ္လိုက္မိကာ...


"ေဆး႐ုံတစ္ခုလုံးပါ ပတ္ႂကြားဦးမလား"


"ေတာ္ပါၿပီ...အစ္ကိုဝယ္ေကြၽးႏိုင္မွန္းသိပါတယ္"


ၾကည္ႏူး၏စကားအဆုံး ႏွစ္ေယာက္သားေပါ့ပါးစြာျဖင့္ရယ္လိုက္မိၾကသည္။


အတြဲတစ္တြဲကေတာ့ သူတို႔ေရွ႕မွ လတ္လတ္ဆတ္ဆတ္ျပတ္ထားသည့္အတြဲအားၾကည့္ရင္း မင္သက္ေနၾက၏။


လမ္းခြဲရတာ အဲ့ေလာက္ေပ်ာ္ဖို႔ေကာင္းလို႔လား...


အခ်ိန္အားျဖင့္ ည၉နာရီျဖစ္၏။


"ေတြ႕လား...သားႀကီးကေမြးလာကတည္းက မင္းလိုမ်က္ေတာင္ေကာ့ေကာ့ေလးေတြနဲ႔ေမြးလာတာ...ငါဆို ျမင္ျမင္ခ်င္းအသည္းယားလြန္းလို႔"


"အင္း"


Kingက သားႀကီး၏ေမြးကင္းစပုံေလးမ်ားကိုၾကည့္ေနရင္းမွ အသံထြက္သည္ဆို႐ုံေလးျပန္ေျဖလာသည္။


အိပ္ရာေခါင္းရင္းကို ခပ္ေလွ်ာေလွ်ာမွီကာလွဲေနၾကရင္း ႏွစ္ေယာက္သား သားႏွစ္ေယာက္၏ ဓာတ္ပုံအယ္လ္ဘမ္မ်ားကိုထုတ္ကာ ၾကည့္ေနမိၾကျခင္းပင္။


Kingက ေဘေဘး၏ပုခုံးအားဖက္ထားၿပီး ေဘေဘးကေတာ့ အယ္လ္ဘမ္မ်ားကိုတစ္ခုၿပီးတစ္ခုဖြင့္ကာ Kingကိုျပရင္း ပါးစပ္ကလည္း သူမွတ္မွတ္ရရရွိသည့္အျဖစ္မ်ားအား တတြတ္တြတ္ေျပာျပေနသည္။


"အႏွီးေလးေတြနဲ႔ကခ်စ္စရာေလးေတြေနာ္...ငါတစ္ခါတစ္ေလဆို အဲ့ဟာေလးေတြကို အႏွီးနဲ႔ပဲျပန္ထုပ္ထားခ်င္တာ... တစ္ခါတစ္ခါက် အဲ့အ႐ြယ္ကေတာင္မတက္ေစခ်င္ဘူး... အဲ့တုန္းကဆို ႏွစ္ေယာက္လုံးကိုကိုယ္ေပၚအၿမဲတင္ထားလို႔ေတာင္ရတယ္"


"အင္း ခ်စ္ဖို႔ေကာင္းတယ္"


"အင္း ငါေျပာသားပဲ...တကယ္ခ်စ္စရာေလးေတြပါဆို...ၿပီးေတာ့ေနာ္ အဲ့ေပါက္စေလးေတြက သိပ္လည္းမငိုဘူး...သားႀကီးကမင္းရဲ႕ေသြးအျပည့္ပဲ...က်န္းမာေရးခ်ဴခ်ာတာေတာင္ မ်က္ႏွာေလးမႈန္ၿပီးၿငိမ္ေနတာ... မင္းရဲ႕သားငယ္ကမွ အဲ့ခ်ိန္ဆို သူ႔အစ္ကိုကိုၾကည့္ၿပီး တအီအီနဲ႔ငိုတာရွိေသးတယ္... သားႀကီးကသိပ္မငိုတတ္ဘူး"


"အင္း သားငယ္က သူ႔အစ္ကိုကိုခ်စ္တယ္"


"သူ႔အစ္ကိုကလည္း သူ႔ကိုအလိုလိုက္တာကိုလည္းၾကည့္ဦးေလ...ဒီမွာဒီပုံကိုၾကည့္"


ကေလးစီးကားေလးအတြင္း ထိုင္ေနသည့္ညီအစ္ကိုႏွစ္ေယာက္၏ပုံကိုလက္ညႇိဳးထိုးျပကာေျပာလိုက္ၿပီး...


"အဲ့တုန္းက ကားႏွစ္စီးဝယ္ေပးထားတာကို မင္းရဲ႕သားငယ္က ကိုယ္တိုင္မေမာင္းခ်င္လို႔ သူ႔အစ္ကိုနဲ႔ပဲအၿမဲကပ္စီးတယ္... တကယ္တကယ္ အဲ့ဟာေလးက အဲ့အ႐ြယ္ကတည္းကငါနဲ႔မတူတာ... ႐ုပ္ကေလးကေတာ့တူသလိုလိုနဲ႔ ခုက်ကြဲလာတာပဲၾကည့္...သူ႔အေမေတြဘက္ အားပိုသန္ေနတာ"


"မ်က္လုံးေလးေတြနဲ႔ဆံပင္အေရာင္က မင္းနဲ႔တူတယ္"


King၏စကားေၾကာင့္ ေဘေဘးရယ္လိုက္မိရင္း...


"အင္း အဲ့လိုေလးတူေပးလို႔ပဲေက်းဇူးတင္ရမယ္...ဒါေပမဲ့ ခုဆိုၾကည့္ဦး... ဆံပင္အေရာင္ပဲတူေတာ့တာ... သူ႔ဆံပင္ရွည္က တျဖည္းျဖည္းသူ႔အေမရဲ႕ဆံပင္အေျဖာင့္နဲ႔ေရာၿပီး လႈိင္းေတြေတာင္ရွိတယ္ဆို႐ုံေလးျဖစ္ေနၿပီ"


"ႏွာတံေလးလည္းတူတယ္...မ်က္ခုံးနက္ေလးေတြေရာပဲ"


"ဟုတ္လား...ငါၾကည့္တာေတာ့အဲ့ေလာက္မတူပါဘူး"


"နည္းနည္းတူတယ္"


"မင္း ငါစိတ္ခ်မ္းသာေအာင္လာေျပာေနတာလား...သားႀကီး မင္းနဲ႔တူတာနဲ႔ယွဥ္လိုက္ရင္ ႏိုႏိုက ငါနဲ႔လုံးဝမတူေတာ့တဲ့အထိပဲဟာကို ငါ့ကိုကေလးလိုလာေျပာမေနနဲ႔"


ထိုစကားအဆုံး သူ႔နဖူးျပင္ထက္ေႏြးခနဲျဖစ္သြားသည္မို႔ေမာ့ၾကည့္လိုက္မိေတာ့ ေလးနက္စြာၾကည့္ေနသည့္မ်က္ဝန္းတစ္စုံႏွင့္ ဆုံသြားၿပီးေနာက္...


"မင္းပုံစံေလးကို မင္းဆီမွာပဲရွိေစခ်င္တယ္"


႐ုတ္တရက္မို႔ ဘာျပန္ေျပာရမွန္းမသိျဖစ္ေနစဥ္...


"သားငယ္က မင္းနဲ႔တျဖည္းျဖည္းပုံစံကြဲလာတာကို ပိုသေဘာက်တယ္"


"....."


"သားငယ္ရဲ႕လက္တြဲေဖာ္ဆီ မင္းပုံစံေလးေတြကိုမမွ်ခ်င္ဘူး"


ထိုစကားတို႔ေၾကာင့္ ေဘေဘးၿပဳံးဖို႔သာ တတ္ႏိုင္ေတာ့၏။


"မင္းကိုယ္မင္း အရမ္းအတၱႀကီးတယ္လို႔မထင္ဘူးလား"


ေျပာလိုက္ေတာ့ Kingကသူ႔ဆံပင္ေလးမ်ားကို အသာသပ္ေပးလာရင္း...


"မင္းတစ္ေယာက္တည္းကိုပါပဲ"


ႏွစ္ကိုယ္ၾကား႐ုံတိုးသဲ့သဲ့ဆိုလာသည္မို႔ ရယ္လိုက္မိရင္း ပုခုံးကိုဖက္ထားေသာလက္အားဆြဲယူကာ လက္ခုံကိုခပ္ဖြဖြနမ္းလိုက္ၿပီးေနာက္...


"ဒါဆိုရင္ေတာ့ ငါက မင္းရဲ႕ပုံစံကိုသားႀကီးရဲ႕လက္တြဲေဖာ္ဆီမွ်ရလို႔ မနာလိုျဖစ္ရေတာ့မွာပဲ... မင္းရဲ႕ပုံစံေရာ၊အက်င့္ေတြေရာ...အာ ေတြးရင္းေတာင္မနာလိုေတာ့ဘူး"


"ငါပိုၿပီးခ်စ္ေပးမယ္"


"အင္း မင္းကိုပဲယုံထားလိုက္ေတာ့မယ္"


"အင္း"


ထို႔ေနာက္ ႏွစ္ေယာက္သား အယ္လ္ဘမ္တစ္ခုၿပီးတစ္ခုကိုၾကည့္လိုက္ၾကအၿပီး ေနာက္ဆုံးအယ္လ္ဘမ္တစ္ခုသို႔အေရာက္ ေဘေဘး၏လက္တို႔ကတုံ႔ဆိုင္းသြားရ၏။


"အင္း… ငါအိပ္ခ်င္လာၿပီ"


အနည္းငယ္ညည္းညည္းညဴညဴေလးေျပာလိုက္ေတာ့ Kingက သူ႔အားလွည့္ၾကည့္လာၿပီး ဘာမွမေျပာသည္မို႔...


"ပုံေတြအမ်ားႀကီးၾကည့္လိုက္ရေတာ့ မ်က္စိေညာင္းသြားတာထင္တယ္...ငါတို႔အိပ္ၾကမလား"


ေျပာလိုက္ရင္း လက္တို႔က အယ္လ္ဘမ္တို႔အားသိမ္းဖို႔ျပင္လိုက္စဥ္...


"ငါဆက္ၾကည့္ၿပီးသိမ္းလိုက္မယ္"


"....."


လက္ေကာက္ဝတ္အားအသာဆုပ္ကိုင္ကာတားလာရင္းေျပာလာသူေၾကာင့္ ေဘေဘး ဘာေျပာရမွန္းမသိ။ ေျပာၿပီးေနာက္ ေနာက္ဆုံးက်န္ေနသည့္ အယ္လ္ဘမ္တစ္အုပ္အား ဆြဲယူသြားသူ။


တစ္ဖန္ Albumကိုဖြင့္လိုက္ေသာလက္ကိုၾကည့္ရင္း ပူတက္လာေသာမ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္အုပ္ခ်လိုက္မိ၏။


ဒီကေလးကလားလုပ္ထားတဲ့ Albumက ခုမွဘယ္လိုလုပ္ၿပီးျပန္ထြက္လာတာတုန္း...


ထိုေနာက္တြင္ ဦးေခါင္းထက္ဆီမွရယ္သံတိုးတိုးထြက္လာသည္မို႔...


"မင္းေနာ္ ေပး မၾကည့္နဲ႔"


အရွက္သည္းစြာျဖင့္ေျပာလိုက္မိၿပီး Albumကိုဆြဲလုလိုက္မိေသာ္ျငား တစ္ဖက္က ကိုယ္ထက္ပို၍လ်င္သည္မို႔မမွီလိုက္။


"ၿငိမ္ၿငိမ္ေန"


"ျပန္ေပး"


"ၾကည့္ၿပီးမွေပးမယ္"


Kingကသူ႔အားလက္တစ္ဖက္ျဖင့္ခ်ဳပ္ဖက္ထားရင္းမွ Albumကိုျပန္ၾကည့္ဖို႔ဖြင့္လိုက္၏။


ပထမဆုံးတစ္မ်က္ႏွာတြင္ရွိေနသည္က ေခါင္မိုးထပ္တြင္သူခိုး႐ိုက္ခဲ့သည့္ဓာတ္ပုံေလး။


ထိုဓာတ္ပုံေလးသီးသန္႔ဆို သူဤမွ်ရွက္ေနမည္မဟုတ္။ သို႔ေသာ္ ထိုပုံေလး၏နံေဘးတြင္ ၎ဘက္လွည့္၍ ႏႈတ္ခမ္းဆူကာ႐ိုက္ထားသည့္ သူ႔ပုံက မိန္႔မိန္႔ႀကီးရွိေနေသးသည္ပင္။


ထိုမွ်မကေသး။ ယင္းပုံႏွစ္ပုံ၏ေအာက္တြင္ စာ႐ြက္ေလးတစ္႐ြက္ကရွိေနေသးသည္။ ထိုစာ႐ြက္ေလးထက္ ေရးသားထားသည္က...


'ေကာင္းကင္ႀကီးကိုေငးမဲ့အစား ကိုယ့္ကိုပဲလွည့္ၾကည့္ပါလားအခ်စ္ရယ္...ပိုနီးတာေပါ့'


"အဟြန္း"


ရယ္သံကထပ္ထြက္လာသည္မို႔ ေဘေဘးမ်က္ႏွာတစ္ျပင္လုံးပူထူလာသလိုခံစားလိုက္ရၿပီး...


"ရယ္မယ္ဆိုမၾကည့္နဲ႔ေတာ့...မဟုတ္ဘူး ဆက္မၾကည့္နဲ႔ေတာ့"


ေျပာလိုက္ၿပီးေနာက္ ဖက္ထားရာမွ႐ုန္းထြက္လိုက္မိေတာ့...


"မရယ္ေတာ့ဘူး"


အသံၿငိမ္ၿငိမ္ျဖင့္ျပန္ေျပာလာၿပီးေနာက္ ႐ုန္းေနသည့္သူ႔အား လက္ႏွစ္ဖက္လုံးျဖင့္ေပြ႕ဖက္လာရင္း ေခါင္းငုံ႔လာသည္မို႔...


"ဖယ္ ဖယ္...မင္းလုပ္ခ်င္တာလုပ္မလို႔ လာနမ္းေနတာ...မင္းသားငယ္က မင္းအက်င့္နဲ႔တူတာမွန္းငါသိသြားၿပီ... ဖယ္ လာမကပ္နဲ႔"


သို႔ေသာ္ ဘယ္ေလာက္႐ုန္း႐ုန္း ေႏြးေထြးမႈတို႔က မ်က္ႏွာအႏွံ႔ျဖန္႔က်က္သြားသည္သာ။


ေနာက္ဆုံးအေနႏွင့္ ဘယ္ဘက္နားထင္ထက္ေႏြးသြားၿပီးေနာက္...


" ငါမသိလိုက္ရတဲ့ ငါ့အမ်ိဳးသားေလးရဲ႕အခ်စ္ေတြကို ျမင္ခ်င္တယ္"


နားထက္ခပ္တိုးတိုးကပ္ကာေျပာလာသူေၾကာင့္ ၾကက္သီးေမႊးညႇင္းတို႔ပါထသြားစဥ္...


"ႏိုရာ ငါ့ကိုၾကည့္ခြင့္ေပးမယ္မလား"


မ်ိဳးစုံဆြဲေဆာင္ခံေနရသည္မို႔ ေဘေဘးမ်က္ႏွာကိုလက္တစ္ဖက္ျဖင့္အုပ္ခ်လိုက္မိရင္း...


"မင္းဒီတိုင္းေနရင္ေတာင္ ငါကေသေလာက္ေအာင္ႀကိဳက္ေနၿပီမလို႔ ခုလိုႀကီးေတြမဆြဲေဆာင္ပါနဲ႔ေတာ့"


"ခ်စ္တယ္"


"....."


"ငါ့ရဲ႕ႏိုရာေလးကိုအရမ္းခ်စ္တယ္"


"အား!!! စဝ္မင္းႏြယ္ဧကရာဇ္! ေတာ္ပါေတာ့ဆိုမွ...ေတာ္ၿပီ...ၾကည့္ အဲ့မွာမင္းတစ္ေယာက္တည္းၾကည့္... ၾကည့္ၿပီးမွငါ့ကိုလာေခၚေတာ့"


သိုင္းဖက္ထားသည့္လက္တို႔အား အတင္းခြာထုတ္ကာေျပာလိုက္ေသာ္ျငား Kingကသူ႔ကိုလႊတ္မေပးသည့္အျပင္ ပို၍ပင္တိုးကာဖက္လာေတာ့၏။


"ရွက္ရင္ ငါ့ကိုဖက္ထားၿပီးၿငိမ္ၿငိမ္ေလးေန"


Kingက ခပ္ေလွ်ာေလွ်ာထိုင္ေနရာမွေသခ်ာလွဲခ်လိုက္ၿပီးေနာက္ ေဘေဘး၏ဦးေခါင္းေလးကို သူ႔လက္ေမာင္းထက္တင္ကာ ေဘးတစ္ေစာင္းအေနအထားျဖင့္ ရင္ခြင္ထဲေထြးေပြ႕ထားလိုက္ၿပီးမွ Albumေလးကိုယူလိုက္ကာ ျပန္၍ဖြင့္ၾကည့္လိုက္သည္။


စာမ်က္ႏွာတိုင္းတြင္ ပုံမ်ားကမ႐ိုးရသလို စာသားမ်ားကလည္းမၿပဳံးဘဲမေနႏိုင္ေအာင္ပင္။


၁၀တန္းႏွစ္တြင္ ေက်ာင္း၌သြားလာလႈပ္ရွားခဲ့သည့္ပုံရိပ္မ်ားကလည္း မ်ားစြာရွိေနသလို ေတာင္ႀကီးေဆးတကၠသိုလ္တြင္တက္ခဲ့စဥ္ကပုံရိပ္မ်ားလည္းရွိေနသည့္အျပင္ ရန္ကုန္ေဆး ၂သို႔ေျပာင္းေ႐ႊ႕တက္ခဲ့စဥ္ကပုံရိပ္မ်ားကလည္းမနည္းလွေပ။


ရယ္ျမဴးရိပ္သန္းေနသည့္မ်က္ဝန္းၾကည္တို႔သည္ ကိုယ္တိုင္၏ပုံရိပ္မ်ားထက္ ထိုပုံမ်ားနံေဘးရွိ ပုံရိပ္ေလးမ်ားႏွင့္ စာမ်က္ႏွာတိုင္းေအာက္တြင္ရွိေနသည့္စာသားေလးမ်ားကိုသာ စိတ္ဝင္တစားႏွင့္ တျမတ္တႏိုးၾကည့္ေနျခင္းပင္။


မ်က္ႏွာတစ္ခုအေရာက္ သြားစြယ္ေလးတို႔ကစကၠန္႔ပိုင္းမွ်လွစ္ခနဲေပၚလာေတာ့သည္။


စာလုပ္ေနသည့္သူ႔ပုံနံေဘးတြင္ အခြံမခြာရေသးသည့္ငုံးဥႏွစ္လုံးကိုနမ္းကာ Selfieဆြဲထားသည့္ဓာတ္ပုံေလး။


ထိုပုံႏွစ္ပုံေအာက္ရွိစာ႐ြက္ေလးတြင္ေတာ့...


'ဒီေန႔ အခ်စ္ကငုံးဥႏွစ္လုံးေကြၽးတယ္၊ အခ်စ္နဲ႔ကိုယ္နဲ႔ညားရင္ ကေလးေလးႏွစ္ေယာက္ေမြးမယ္'


အသည္းယားလာမႈကို ရွက္ေနသူမရိပ္မိေလေအာင္ထိန္းထားရင္း ရင္ခြင္ထဲရွိဦးေခါင္းေလးအား ခပ္ဖြဖြငုံ႔နမ္းမိသည္။


စာမ်က္ႏွာမ်ားအားလုံးဆုံးသြားအၿပီး ပုံမ်ားအားလုံးကိုၾကည့္ၿပီးသြားသည့္အခ်ိန္ထိတိုင္ မ်က္ႏွာထက္အၿပဳံးတို႔ကက်န္ရွိေနဆဲပင္။ Albumေလးကိုပိတ္ကာ ေခါင္းရင္းရွိေဘာင္ေပၚသို႔တင္လိုက္ၿပီးသည္အထိ ရင္ထဲမွတလႈိက္လႈိက္ၾကည္ႏူးေနမႈက ေပ်ာက္ပ်က္မသြား။


တစ္ဖန္သတိထားလိုက္မိသည္က ရင္ခြင္ထဲရွိအသက္ရႉသံမွ်င္းမွ်င္းေလး။


အိပ္ေပ်ာ္ေနၿပီမွန္းသိေသာ္ျငား အသည္းယားေနသည့္စိတ္က အႏွီလူသားေလးကိုအလြတ္မေပးခ်င္သည္မို႔ ရင္ခြင္ထက္အပ္ထားသည့္မ်က္ႏွာေလးအား ေမးဖ်ားေလးမွကိုင္ကာ အသာဆြဲေမာ့လိုက္ေတာ့အလိုက္သင့္ေလးပါလာသည္။


အနည္းငယ္ပြေယာင္းေနသည့္ဆံပင္ေလးမ်ားအားသပ္တင္ေပးလိုက္ေတာ့ မ်က္ခုံးတန္းႏွစ္သြယ္က အနည္းငယ္က်ဳံ႕သြားသည္မို႔ ထိုနဖူးျပင္ေျပေျပေလးထက္ အနမ္းေျခရာကိုခပ္ဖြဖြခ်လိုက္မိ၏။


မ်က္ႏွာအစိတ္အပိုင္းေလးတို႔အား အနီးကပ္ၾကည့္မိသည့္အခ်ိန္တြင္ ႏွလုံးခုန္သံတို႔ကပုံမွန္ထက္ပို၍ျမန္လာသည္မွာသိသိသာသာ။


မေနႏိုင္ေတာ့သည္မို႔ ေမွးစက္ေနသည့္မ်က္ဝန္းေလးမ်ားအားနမ္းေမႊးလိုက္မိသည္က တယုတယ။


ဒီလူသားေလးကို ဘယ္လိုလုပ္မခ်စ္ဘဲေနႏိုင္မွာလဲ...


နဖူးျပင္မွသည္စတင္ခဲ့ေသာ အနမ္းႏုႏုတို႔သည္ မ်က္ႏွာအႏွံ႔ ႏူးညံ့ယုယစြာ ကူးလူးေနေတာ့သည္။


ေနာက္ဆုံးတြင္ေတာ့ ေသသပ္လွပစြာရွိေနသည့္ နီေစြးေစြးႏႈတ္ခမ္းႏွစ္လႊာအား ခပ္ဖြဖြထိေတြ႕လိုက္ၿပီးေနာက္ စင္တီမီတာအနည္းငယ္ေလာက္ျပန္ကြာသြားသည္။ အခ်ိန္ကာလအားျဖင့္ စကၠန္႔အနည္းငယ္မွ်သာ။


မ်က္ဝန္းတို႔၏အၾကည့္မ်ားသည္ၾကည္လင္ေနရာမွ ရီေဝေဝျဖစ္လာၿပီးသည့္ေနာက္ ေမွးစင္းက်သြားသလိုပင္ တစ္ၿပိဳင္နက္ထဲ၌ ႏႈတ္ခမ္းႏွစ္စုံသည္ထပ္မံ၍ဖိကပ္သြားေတာ့၏။


အၾကင္နာတို႔သည္ ႏူးညံ့သိမ္ေမြ႕ေနရာမွ နက္ရႈိင္းလာသည္မို႔...


"အင္း..."


အသက္ရႉမဝသည့္ခံစားခ်က္ေၾကာင့္ ေဘေဘးတစ္ေယာက္ႏိုးလာသည့္အခ်ိန္တြင္ သူ႔အားအုပ္မိုးကာနမ္းရႈိက္ေနသူအားေတြ႕လိုက္ရသည္မို႔ အံ့ဩသြားရသည္။ ထိုစဥ္တြင္ တစ္ဖက္မွမွိတ္ထားသည့္မ်က္ဝန္းတို႔ကလည္းပြင့္လာၿပီး ၾကည့္လာသည့္အၾကည့္တို႔က ရီေဝစြာ။ တစ္ဖန္ စူးရဲစြာ။ ထို႔ေနာက္တြင္ မ်က္ဝန္းတို႔ကိုျပန္ပိတ္သြားၿပီးေနာက္ ပို၍နက္ရႈိင္းစြာနမ္းလာသည္မို႔...


"....."


ေဘေဘးတစ္ေယာက္ အတန္ၾကာသည္အထိေၾကာင္ေနၿပီးမွ အသက္ရႉ၍မရေတာ့သည္မို႔ သူ႔အားအုပ္မိုးထားသည့္ရင္ဘတ္အား အားထည့္ကာတြန္းထုတ္လိုက္မိၿပီး...


"ငါ အသက္ရႉလို႔မဝေတာ့ဘူး...ခဏ ခဏပဲ"


ႏႈတ္ခမ္းခ်င္းကြာသြားသည္ႏွင့္တစ္ဆက္တည္းေျပာလိုက္ေတာ့မွ တစ္ဖက္ကၿငိမ္က်သြား၏။


ေဘေဘးတစ္ေယာက္ လွဲေနရာမွပင္ ထထိုင္လိုက္မိၿပီး အသက္ကိုျပင္းျပင္းရႉသြင္းလိုက္မိသည္။ အနမ္းခံရ၍ ေအာက္စီဂ်င္ျပတ္လပ္ၿပီးေသသြားပါလွ်င္ ေက်ာ္မေကာင္းၾကားမေကာင္းေတြျဖစ္ကုန္ေတာ့မည္။


ထိုအခါ Kingကလည္း လွဲေနရာမွထထိုင္လာသည္မို႔ ေမာ့ၾကည့္လိုက္ေတာ့ မ်က္ဝန္းတို႔က ပုံမွန္ျပန္ျဖစ္သြားၿပီျဖစ္သည့္အျပင္ သူ႔အားစိုးရိမ္စြာၾကည့္လာေသာေၾကာင့္ ရယ္လိုက္မိ၏။


"လုပ္ခ်င္တာလုပ္ၿပီးမွ စိုးရိမ္ေနျပန္ၿပီ...ငါဘာမွမျဖစ္ပါဘူး"


"....."


ေျပာလိုက္ေသာ္ျငား တုံ႔ျပန္ခ်က္ျပန္မလာသည္မို႔ ခႏၶာကိုယ္အားအသာႂကြကာ လည္တိုင္မွဆြဲယူေပြ႕ဖက္လိုက္ရင္း...


"ဘာမွမျဖစ္ဘူး...နည္းနည္းအသက္ရႉၾကပ္သြား႐ုံေလး...တကယ္ဘာမွမျဖစ္ဘူး"


ေျပာလိုက္ရင္း ေက်ာျပင္အားခပ္ဖြဖြပုတ္ေပးလိုက္ေတာ့မွ သူ႔အားျပန္လည္ေပြ႕ဖက္လာၿပီး...


"အင္း ငါ့ေၾကာင့္အိပ္ပ်က္သြားရၿပီ"


"ဒီကိုႀကီးက အခ်စ္ေလးကိုေဗြမယူပါဘူးကြာ...အဟြန္း"


"အင္း"


ႏွစ္ေယာက္သား မိနစ္အနည္းငယ္မွ်ၿငိမ္သက္ေနၾကၿပီးေနာက္...


"Albumလုပ္ထားတာခ်စ္စရာေကာင္းတယ္"


"ေတာ္ေတာ္ အဲ့အေၾကာင္းလာမေျပာနဲ႔"


"အင္း"


တစ္ဖက္မွျပန္ၿငိမ္သြားေတာ့မွ ေဘေဘး အျဖစ္အပ်က္တစ္ခ်ိဳ႕အားသတိရသြားသည္မို႔ၿပဳံးလိုက္မိ၏။


"မင္းသားႏွစ္ေယာက္လုံးက ဒီတစ္ခုလည္း မင္းနဲ႔တူျပန္ၿပီ"


"ဘာကိုလဲ"


"အင္း သူတို႔လည္း အဲ့Albumကိုတအားႀကိဳက္ၾကတာ"


"သူတို႔ကိုျပလို႔လား"


"အာ ငါကေတာ့ျပစရာလား...အဲ့ေပါက္စႏွစ္ေယာက္က အားေနငါ့အခန္းကို လာလာေမႊေနတာ... ဒီAlbumကိုေတြ႕ရင္ၿငိမ္ကုပ္ၿပီးၾကည့္ေနၾကတာ ေက်ာင္းမတက္ခင္အ႐ြယ္ကတည္းကပဲ...ေနာက္ပိုင္းလည္း ခဏခဏဝွက္ရတယ္...ေနာက္ဆုံး ေသာ့ခတ္ထားမွေအးသြားတာ"


"အင္း"


"အင္း အဲ့ဒါေၾကာင့္ထင္တယ္...ႏွစ္ေယာက္လုံးကမင္းကိုအျပင္မွာမျမင္ဖူးေပမဲ့မစိမ္းၾကတဲ့ပုံပဲ...စေတြ႕ေတြ႕ခ်င္း အေဖတန္းေတာ္ပစ္တာပဲၾကည့္"


"အင္း"


"အာ မင္း အဲ့တစ္လုံးပဲေျပာေနေတာ့မွာလား...ငါ့ကိုေျပာစရာမရွိဘူးလား"


"ငါမင္းကိုအရမ္းခ်စ္တယ္"


"....."


ထိုစကားအဆုံး ေဘေဘးရယ္ဖို႔သာတတ္ႏိုင္ေတာ့သည္မို႔ ရယ္၍သာေနလိုက္ေတာ့၏။


ႏွစ္ေယာက္သား ထုတ္ထားသည့္ Album မ်ားကို ေနရာတက်ျပန္သိမ္းလိုက္ၾကၿပီးေနာက္တြင္ေတာ့ အိပ္စက္ျခင္းဆီသို႔။


Two days later...


"ဟဲ့ ငါတစ္ေန႔က ဟိုအတြဲကိုအျပင္မွာေတြ႕ခဲ့တယ္"


"ဘယ္အတြဲတုန္း"


"အာ ေဒါက္တာဂ်ဴႏိုလင္းတို႔အတြဲေလ... သူတို႔ေလွ်ာက္လည္ၾကတာလားမသိဘူး...ႏွစ္ေယာက္လုံးက အျပင္ပုံစံနဲ႔ေတာ္ေတာ္မိုက္တယ္...ေဒါက္တာဂ်ဴႏိုကေတာ့ ခ်စ္စရာေလး"


"နင္လိုက္မေခ်ာင္းလိုက္ဘူးလား"


"ငါ့အေမပါေတာ့ ဘယ္လိုလုပ္ေခ်ာင္းအားမလဲဟ...ဒါေပမဲ့ အၾကာႀကီးေတာ့ေတြ႕လိုက္ရတယ္... ႏွစ္ရက္ခြင့္ယူလိုက္တာ ဒီတစ္ႀကိမ္ေတာ့တန္သြားသလိုပဲ...ေဒါက္တာမင္းႏြယ္တို႔အတြဲကိုလည္း အဲ့လိုေလးေတြ႕ခ်င္လိုက္တာ"


"ေအး အဲ့ဒါေတာ့ငါေရာပဲ...ဘဲႀကီးက႐ုပ္တည္ႀကီးနဲ႔တအားRo...အဟိ"


"ဟုတ္ပဟယ္...YSH Presidentကလည္းအျခားလူေတြနဲ႔ယွဥ္ရင္သာ လုံးဝSmartျဖစ္ေနတာ... ေဒါက္တာမင္းႏြယ္နဲ႔ဆို ကေလးလိုပဲ"


"ေဒါက္တာကလည္းအရိပ္တၾကည့္ၾကည့္ေလ...လူေရွ႕သူေရွ႕ေတာင္အၾကည့္တစ္ခ်က္လႊဲလို႔လား"


"အား ဒီအစစ္မနာက်င္ေနၿပီ"


"ေပါက္စႏွစ္ေယာက္ရွိေသးတယ္ေလဟာ... ႏွစ္ေယာက္လုံးက ေခ်ာေခ်ာေလးေတြကို... ဟင္းဟင္း"


"ဘာလဲ သူတို႔ညီအစ္ကိုခ်စ္ျခင္းကိုထိုင္ၾကည့္ရဖို႔လား"


အာဏာတစ္ေယာက္ စာဖတ္ေနေသာ္ျငား စာထဲဘယ္လိုမွဈာန္မဝင္ေတာ့သည္မို႔ သက္ျပင္းကိုသာခပ္ဖြဖြခ်လိုက္မိသည္။ နားေနခန္းထဲတြင္ျဖစ္ေသာ္လည္း အခန္းေရွ႕တြင္ခုံတန္းရွည္တစ္ခုရွိေနျခင္းက သူ႔အတြက္အဆင္မေျပေတာ့။ မၾကားခ်င္လည္း အတိုင္းသားၾကားေနရသလိုပင္။


အေတြးမမ်ားခ်င္၍ စာဖတ္ေနဖို႔ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေသာ္ျငား ယခုအခ်ိန္၌ ဆက္ဖတ္ေနလည္း စာထဲစိတ္ေရာက္မည္မဟုတ္ေတာ့။


ထို႔ေနာက္တြင္ ေခါင္းထဲဝင္လာသည့္အေတြးတို႔က ဟိုတစ္စ၊ဒီတစ္စႏွင့္။ အထူးသျဖင့္ မနက္ကမာမီႏွင့္ျပႆနာတက္ခဲ့သည့္အေၾကာင္းအရာမ်ားက အမ်ားဆုံး တိုးဝင္လာၾကသည္။


ၾကည္ႏူးႏွင့္သူလမ္းခြဲလိုက္ၿပီျဖစ္ေသာ္ျငား မာမီက သူ႔ကိုမယုံေသးေပ။ ဤသို႔ျဖင့္ မ်က္ႏွာခ်င္းဆိုင္လိုက္တိုင္း ဆုံးမစကားတသီႀကီးကိုနားေထာင္ရသည့္အျပင္ အလုပ္တြင္ရွိသည့္အခ်ိန္၌လည္း ဖုန္းဆက္သည္ကအႀကိမ္ႀကိမ္။ အျပင္ခဏထြက္လွ်င္ေတာင္ ႏွစ္ခါေလာက္ဖုန္းဆက္၏။


ထို႔ျပင္ ယခင္ကသူ႔ေနာက္သို႔ခိုးေၾကာင္ခိုးဝွက္လိုက္ၾကသူမ်ားသည္ ယခုတြင္ ေပၚတင္လိုက္ေနၾကၿပီျဖစ္သည္။ သူသြားေလရာေနာက္ လိုက္ပါေနသည့္ကားႏွစ္စီးက သိသိသာသာပင္။


ဤသို႔ျဖင့္ သူႏွင့္မာမီစကားမ်ားခဲ့ၾကေသာ္ျငား ေနာက္ဆုံးတြင္ေတာ့ သူသာလွ်င္အေလွ်ာ့ေပးခဲ့ရသည္သာ။


ရွိေစေတာ့...


ပင့္သက္တစ္ခ်က္ရႈိက္လိုက္ရင္း စာအုပ္ကိုကိုင္ကာထရပ္လိုက္သည္။ ေအးေအးေဆးေဆးရွိမည့္ေနရာတြင္ စာသြားဖတ္လိုက္မည္။ ဖုန္းကိုထုတ္ယူလိုက္ၿပီးေနာက္ ဂ်ဴတီျပန္ဝင္ရမည့္အခ်ိန္ကို Alarm ေပးလိုက္အၿပီး ေျခလွမ္းတို႔အား တံခါးဝဆီသို႔ဦးတည္လိုက္၏။


လူရႈပ္သည့္ေနရာကိုရွာကာ တစ္ေနရာၿပီးတစ္ေနရာျဖတ္ေက်ာ္လာၿပီးေနာက္ ေနာက္ဆုံးတြင္ အရိပ္လည္းရ၊ေခ်ာင္လည္းအနည္းငယ္က်သည့္ ပုဏၰရိပ္ပင္မ်ားႏွင့္ ဇီဇဝါပင္မ်ားရွိေနသည့္ေနရာသို႔ ဦးတည္လိုက္သည္။ ထိုေနရာတြင္ ခုံတန္းရွည္တစ္ခုရွိသည္။ ေခ်ာင္က်သည္မို႔ ေတာ္႐ုံ လူမရွိတတ္။ ထို႔အျပင္ ထိုခုံတန္းရွည္အနီးအနား၌လည္း အျခားေသာခုံတန္းမ်ားမရွိသည့္အတြက္ ထိုခုံတန္းရွည္အား 'ခ်စ္သူခုံတန္း'ဟုေခၚေလ့ရွိၾက၏။


ဟုတ္လည္း ဟုတ္ပါသည္။ မ်ားေသာအားျဖင့္ အတြဲမ်ားသာ ထိုခုံတန္းသို႔တကူးတကသြားကာ ထိုင္ေလ့ရွိၾကသည္မို႔ပင္။


စိတ္ဆုံးျဖတ္ၿပီးသည္ႏွင့္ ေျခလွမ္းတို႔ကိုက်ဲလိုက္ကာ ထိုေနရာဆီသို႔ဦးတည္လိုက္သည္။


တစ္ဖန္ အတြင္းဘက္သို႔ခ်ိဳးဝင္လိုက္ၿပီးေနာက္...


"....."


မေမွ်ာ္လင့္စြာျဖင့္ျမင္လိုက္ရသူေၾကာင့္ ေျခလွမ္းတို႔ကိုရပ္လိုက္မိရင္း ဆြံ႕အစြာပင္ေၾကာင္ေငးေနမိ၏။


အလားတူပင္ တစ္ဖက္မွမ်က္ဝန္းျပာတို႔သည္လည္း အံ့ဩသြားသည့္ပုံပင္။


ေရွ႕ဆက္တိုးလွ်င္လည္း ထိုင္စရာက ထိုတစ္ေနရာပဲရွိသည္။ ေနာက္ျပန္လွည့္ဖို႔က်ေတာ့လည္း အဆင္မေျပသည္မို႔...


"ဂ်ဴႏိုေလး လာမွာလား"


"....."


"အာ သူလာရင္ကိုယ္မထိုင္ေတာ့ဘူး... စာအုပ္ဖတ္ဖို႔ေနရာရွာေနတာေလ"


ၿပဳံးကာေျပာလိုက္ရင္း စာအုပ္ကိုေျမႇာက္ျပလိုက္ေတာ့...


"သူမလာဘူး"


"ဪ အင္း"


ထို႔ေနာက္ တစ္ဖက္မွႏႈတ္ဆိတ္စြာပင္ ေနရာအနည္းငယ္ေ႐ႊ႕ေပးသည္မို႔ သူလည္း တစ္ဖက္အစြန္းတြင္ဝင္ထိုင္လိုက္သည္။ တစ္ဖန္ တိတ္ဆိတ္သြားသည့္ေလထုက ေနရခက္လြန္းစြာ။


နံေဘးတြင္ လူတစ္ေယာက္လုံးကိုထားၿပီး စာအုပ္ဖတ္ေနရေအာင္လည္း ႏွစ္ေယာက္က မသိၾကသူမ်ားမဟုတ္။ အၾကည့္ကိုအနည္းငယ္ကစားလိုက္မိေတာ့ မ်က္ဝန္းတို႔က တစ္ဖက္လူ၏လက္ေကာက္ဝတ္တို႔ထံ ေရာက္သြားအၿပီး...


"ပိန္သြားတယ္...အစားကိုဂ႐ုစိုက္စားဦး"


မေနႏိုင္စြာေျပာလိုက္မိၿပီးမွ မလုံမလဲႏွင့္စာအုပ္ကိုေကာက္ဖြင့္လိုက္မိၿပီး မ်က္လႊာခ်လိုက္မိသည္။


"ဟုတ္ ကိုကိုေရာပဲ...ဒါနဲ႔ စာအုပ္ကေျပာင္းျပန္ႀကီး"


ေျပာလာၿပီး လက္ထဲမွစာအုပ္ကိုအတည့္လာျပင္ေပးလိုက္သည္မို႔ နား႐ြက္ဖ်ားမ်ားပူတက္သြားကာ...


"အာ တမင္ေဇာက္ထိုးဖတ္ၾကည့္ေနတာ...အတည့္ဖတ္ရင္စာရမရမေသခ်ာလို႔ေလ"


ေျပာလည္းေျပာ စာအုပ္ကိုလည္းေျပာင္းျပန္,ျပန္လုပ္လိုက္ေတာ့...


"ဪ ေဆာရီး"


"ရပါတယ္ ကေလး...ဂ်စ္ကားမွမသိဘဲ"


စကားဆုံးသည္ႏွင့္ ႏွစ္ဖက္စလုံးတိတ္ဆိတ္သြားၾကေတာ့၏။ သူကေတာ့ ကိုယ့္အတတ္ကိုယ္စူးေနၿပီပင္။ စာအုပ္အတည့္အတိုင္းဆို စာဖတ္ေန၍ရေသာ္ျငား ေဇာက္ထိုးႀကီးျဖစ္ေနေတာ့ ႀကိဳးစားဖတ္ၾကည့္ရတာေတာင္ မူးေနာက္လာသည္။ သို႔ေသာ္ ဖတ္ဟန္ကလည္းေဆာင္ရေသးသည္မို႔ အခ်ိန္တန္သည္ႏွင့္ တစ္႐ြက္လွန္ရစၿမဲ။


က်စ္! ခုဏ ကေလးျပင္ေပးလိုက္တာကိုၿငိမ္ေနလိုက္ရမွာ...


မခ်င့္မရဲစိတ္ျဖင့္ စိတ္တြင္းမွေရ႐ြတ္လိုက္မိစဥ္...


"ကိုကို ဒီလိုပဲေနေတာ့မွာလား"


"ဟင္!"


႐ုတ္တရက္မို႔ တစ္ခ်က္ေၾကာင္သြားကာ အာေမဋိတ္ျပဳလိုက္မိၿပီးမွ...


"ဘာကိုလဲ"


ျပန္ေမးလိုက္ေတာ့ ဂ်စ္ကားက သူ႔အားတစ္ခ်က္ၾကည့္လာၿပီးေနာက္ မ်က္ႏွာျပန္လႊဲသြား၏။


"ကြၽန္ေတာ္ကိုမခ်စ္ႏိုင္ဘူးဆိုရင္ေတာင္၊ ေနာက္ၿပီး ၾကည္ႏူးကိုလည္းမခ်စ္ႏိုင္ဘူးဆိုရင္ေတာင္ အတည္တက် တစ္ေယာက္ေယာက္ကိုတြဲသင့္တယ္...အာ ေဆာရီး ကြၽန္ေတာ္ေဘာင္ေက်ာ္ၿပီးဝင္ပါမိျပန္ၿပီ"


ထိုစကားတို႔ေၾကာင့္ သူၿပဳံးလိုက္မိသည္။


"ရပါတယ္ ဂ်စ္ကားေျပာတာလည္းမွန္ေနတာပဲ"


ျပန္ေျပာလိုက္ေတာ့ ဂ်စ္ကားက ခဏတာၿငိမ္ေနၿပီးမွ...


"တစ္ေန႔က ၾကည္ႏူးကိုေတြ႕ခဲ့တယ္...သူငိုေနတာ"


ထိုစကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္လိုက္မိစဥ္ ဂ်စ္ကားကသူ႔ဘက္လွည့္ၾကည့္လာၿပီး...


"တစ္ဖက္ကစိတ္မာျပတိုင္း မခံစားရဘူးလို႔ ကိုကိုထင္ေနတာလား"


"....."


သူခြန္းတုံ႔မဆိုမိေတာ့ မ်က္ဝန္းျပာတို႔သည္သူ႔မ်က္ဝန္းတို႔အား စူးစူးစိုက္စိုက္ၾကည့္လာၾက၏။


"တကယ္ကို ဘာမွေျပာင္းလဲမသြားဘူးပဲ...ဘယ္သူကမွ ကိုကို႔ကိုေျပာင္းလဲေအာင္မလုပ္ႏိုင္ၾကေသးဘူးပဲ"


ထိုစကားတို႔ေၾကာင့္ သူခပ္ယဲ့ယဲ့ၿပဳံးလိုက္မိရင္း...


"အင္း"


"အာ ဟုတ္သားပဲ...ကိုကို႔လိုလူက ဘယ္သူဘာျဖစ္ျဖစ္စိတ္ဝင္စားမဲ့သူမွမဟုတ္တာ... အျခားလူတစ္ေယာက္ရဲ႕အခ်စ္က ကိုကို႔အတြက္ ဘာမွမွအေရးမပါဘဲေလ...အင္း ကြၽန္ေတာ္မွားသြားျပန္ၿပီ... အရာအားလုံးမွာ ကိုကို႔အမွားမွမရွိဘဲ...ကိုကို႔ကိုခ်စ္မိတဲ့လူေတြကပဲ ခ်စ္မိသြားတဲ့အျပစ္ရွိတာ"


"အဟြန္း"


အာဏာ ရင္ထဲမွေအာင့္သက္သက္ခံစားခ်က္ကို ရယ္သံႏွင့္သာ ေဖ်ာက္ဖ်က္လိုက္မိသည္။ သူ႔အား စူးရဲစြာၾကည့္ေနသည့္မ်က္ဝန္းတို႔အား သတိႀကီးစြာျဖင့္ ေရွာင္ရွားလိုက္မိၿပီးမွ …


"လူဆိုတာ ကိုယ့္အတြက္ပဲကိုယ္ၾကည့္ၾကတာပါ...ဘာလို႔ ကိုယ့္က်မွသူမ်ားေတြကို လိုက္ၾကည့္ေပးရမွာလဲ... ဘယ္သူ႔ကိုမွ ကိုယ့္ဘက္ကစကမ္းလွမ္းခဲ့တာမရွိဘူးေလ... ေနာက္ၿပီး အားလုံးကို ပြင့္ပြင့္လင္းလင္းေျပာထားခဲ့တာပဲ... သူတို႔လည္းေပ်ာ္မယ္ထင္လို႔ကိုယ့္ေဘးေရာက္လာၾကတာပဲ... ကိုယ္လည္းအတတ္ႏိုင္ဆုံးေပ်ာ္ေအာင္ထားေပးခဲ့တာပဲေလ...နားလည္မႈနဲ႔လက္တြဲၾကၿပီး နားလည္မႈနဲ႔ပဲ လမ္းခြဲၾကတယ္...ဒီေလာက္ပဲ"


"....."


"မပူပါနဲ႔...သက္ဆိုင္သူဆိုတာ အခ်ိန္တန္ရင္ေပၚလာမွာပဲေလ...ကေလးမွာေတာင္ ဂ်ဴႏိုေလးရွိလာတာပဲ... သူကလူေကာင္းေလးပါ"


"သူေကာင္းတာ ကြၽန္ေတာ္သိတယ္"


"အင္း အဲ့လိုပဲ... ၾကည္ႏူးကလည္း အရမ္းေကာင္းတဲ့ကေလးမို႔ ကိုယ့္ထက္သင့္ေတာ္တဲ့ လူေကာင္းတစ္ေယာက္ေပၚလာမွာေပါ့"


"....."


"ေနာက္ၿပီး ကိုယ့္မွာလည္း တစ္ေယာက္ေယာက္ေတာ့ရွိလာမွာပါ"


ထိုစကားအဆုံး နံေဘးမွလႈပ္ရွားမႈေၾကာင့္ၾကည့္လိုက္ေတာ့ ဂ်စ္ကားက သူ႔ကိုႏႈတ္မဆက္ဘဲ ထထြက္သြားျခင္းမို႔ ေက်ာျပင္က်ယ္အားေငးၾကည့္ရင္း ၿပဳံး၍သာေနလိုက္မိေတာ့သည္။


Three days later...


"သား မသြားနဲ႔ဦး...ဒီကိုလာထိုင္"


အလုပ္သြားခါနီးလွမ္းေခၚသည့္မိခင္ျဖစ္သူေၾကာင့္ အာဏာ မာမီထိုင္ေနေသာခုံ၏မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ေတာ့...


"ဘာရယ္ေတာ့မဟုတ္ဘူး...တစ္ေယာက္ေ႐ြးလိုက္"


မာမီကေျပာလည္းေျပာ၊ စကၠဴအိတ္တစ္ထုပ္ကို သူ႔ဘက္တြန္းေပးလာသည္မို႔ ယူၾကည့္လိုက္ေတာ့ အတြင္းမွဓာတ္ပုံတို႔ေၾကာင့္ မ်က္ႏွာကပုံမွန္ထက္ပိုတည္သြားၿပီး...


"ကြၽန္ေတာ္ဘယ္သူ႔ကိုမွမေတြ႕ခ်င္ဘူး"


"ေတြ႕ရမယ္...သြားေတြ႕ၾကည့္မွ သားႀကိဳက္မႀကိဳက္သိရမွာေပါ့"


သူစိတ္ပ်က္စြာျဖင့္ မ်က္ဝန္းအစုံအားမွိတ္ခ်လိုက္မိရင္း စိတ္ကိုထိန္းကာ...


"ကြၽန္ေတာ္ေတြ႕ခ်င္စိတ္မရွိေသးလို႔ပါ"


"မေတြ႕ၾကည့္ရင္ သားကိုယ္သားဘယ္လိုလုပ္ေျပာင္းလဲႏိုင္မွာလဲ...သား ေျပာင္းလဲေပးမယ္လို႔ မာမီ့ကိုကတိေပးထားတယ္ေလ... ဘာမွမႀကိဳးစားဘဲေတာ့ ဘယ္လိုလုပ္ေျပာင္းလဲႏိုင္မွာလဲ"


"မာမီ ကြၽန္ေတာ္အလုပ္ေကာင္းေကာင္းလုပ္ခ်င္တယ္ဗ်ာ"


"မင္း အဲ့အလုပ္မလုပ္ဘဲလည္း ေအးေဆးေနလို႔ရတယ္...အဓိက,က မ်ိဳးဆက္ကိုေမြးေပးဖို႔ပဲ...မင္း ဘယ္အသက္အ႐ြယ္မွ မိန္းမယူမွာလဲ...မာမီ့ကိုမရွာေစခ်င္ရင္ မင္းကိုယ္တိုင္ရွာလာခဲ့"


"ဟုတ္ၿပီ ကြၽန္ေတာ္ႀကိဳးစားၾကည့္မွာမလို႔ မာမီအဲ့လိုေတြလာလာမလုပ္ပါနဲ႔...ေနာက္ၿပီး ေနာက္ေယာင္ခံလိုက္တဲ့လူေတြကိုလည္းရပ္ခိုင္းလိုက္ပါ"


"မင္း မိန္းမေကာင္းေလးတစ္ေယာက္ကိုေခၚလာႏိုင္မွ ရပ္ခိုင္းလိုက္မယ္...ေနာက္ၿပီး ဒီထဲကတစ္ေယာက္ေယာက္နဲ႔ေတာ့ေတြ႕ကိုေတြ႕ရမယ္...မင္းဘာသာေ႐ြးလိုက္"


သူျပန္ေျပာဖို႔ပင္ စိတ္ကုန္ေနၿပီျဖစ္သည္။ တျဖည္းျဖည္းႏွင့္လည္း ရင္ထဲမြန္းၾကပ္ပိတ္ေလွာင္သလိုခံစားလာရသည္မို႔ ၿငိမ္ေနမိစဥ္...


"ဒီေန႔ကစၿပီး မင္းအေပါင္းအသင္းေတြနဲ႔မေတြ႕နဲ႔ေတာ့...ငါ့သားေလးက လူေပါင္းမွားသြားတာ...လူေပါင္းမွားလို႔ ခုလိုေတြ..."


"မာမီ!!! ေတာ္ေတာ့ဗ်ာ!!!"


သူစိတ္မထိန္းႏိုင္စြာေအာ္လိုက္မိေတာ့ မာမီကသူ႔အား မယုံႏိုင္သည့္ဟန္ျဖင့္ၾကည့္လာၿပီး...


"သားသား...မင္း...မာမီ့ကို...ေအာ္လိုက္တယ္ေပါ့"


အသံတိမ္တိမ္သည္ ျပတ္ေတာင္းျပတ္ေတာင္းျဖင့္ထြက္လာၿပီးေနာက္ ရင္ဘတ္ကိုဖိကာ ေခါင္းငုံ႔သြားသည့္မာမီေၾကာင့္...


"မာမီ!"


စိုးရိမ္သြားသည္မို႔ အနားသို႔အျမန္ေရာက္သြားၿပီးေနာက္ ပုခုံးမွထိန္းကိုင္လိုက္ရင္း...


"မာမီ စိတ္ေလွ်ာ့...ကြၽန္ေတာ္မွားပါတယ္... ကြၽန္ေတာ့္အမွားပါ...စိတ္ေလွ်ာ့ေနာ္"


"....."


"တစ္ေယာက္ေယာက္ ဧည့္ခန္းထဲလာဦး!!!"


သူ႔ေအာ္သံအဆုံး ေကာင္မေလးႏွစ္ေယာက္ကအေျပးေရာက္လာသည္မို႔...


"တစ္ေယာက္က ေဆးသြားယူ...တစ္ေယာက္က Personal doctorဆီအျမန္ဖုန္းဆက္"


ထို႔ေနာက္တြင္ စိတ္ၿငိမ္ေဆးတိုက္လိုက္ၿပီးေနာက္ မာမီကပုံမွန္ျပန္ျဖစ္သြားသည္မို႔ စိတ္ေမာစြာျဖင့္သက္ျပင္းခ်လိုက္မိသည္။ သူကအလုပ္သြားရမည္မို႔ Personal doctorကိုေခၚလိုက္ျခင္းပင္။ သူႏွင့္အတူရွိေနျခင္းထက္ သူ႔လူႏွင့္သူရွိေနျခင္းက မာမီ့အတြက္ပိုေကာင္းေလာက္ပါ၏။


ေကာင္မေလးေတြကို မွာစရာရွိတာေသခ်ာမွာခဲ့လိုက္ၿပီးေနာက္ ေဆး႐ုံသို႔ထြက္လာခဲ့လိုက္သည္။


ကားေမာင္းေနရင္းမွ ေနာက္ၾကည့္မွန္ကိုၾကည့္လိုက္ေတာ့ ျမင္ေနက်ကားႏွစ္စီးကပါလာသည္မို႔ စိတ္ပ်က္စြာျဖင့္ ေလပူတို႔ကိုမႈတ္ထုတ္ရင္း Steering Wheelကို ထုခ်ေနမိကာ စိတ္ေျဖေနမိသည္။


တျဖည္းျဖည္းႏွင့္ ထြက္ေပါက္မရွိသလိုခံစားခ်က္တို႔ဝင္လာၿပီး သူ႔အားပိတ္ေလွာင္ေနၾကသလိုပင္။


အလုပ္ထဲေရာက္ေတာ့လည္း စိတ္ကမၿငိမ္မသက္ျဖစ္ေနသည္မို႔ ခြဲစိတ္ခန္းထဲဝင္ရမည့္ကိစၥမ်ားအား အျခားသူမ်ားကိုေတာင္းဆိုကာလႊဲေပးလိုက္သည္။ အၿမဲ သူကခ်ည္း သူမ်ားတာဝန္ေတြကိုယူေပးခဲ့သည္မို႔ သူေတာင္းဆိုသည့္အခ်ိန္၌ မည္သူမွမျငင္းၾက။


ကန္တင္းတြင္ထမင္းသြားစားေတာ့ ႏိုရာတို႔အတြဲႏွင့္တိုးသည္မို႔ တစ္ဝိုင္းထဲဝင္ထိုင္လိုက္၏။ ထိုအခါ ငူငူေငါင္ေငါင္ျဖစ္ေနသည့္သူ႔ကို ႏိုရာကေသခ်ာၾကည့္လာၿပီး...


"ဘာျဖစ္ေနတာလဲ"


"အင္း နည္းနည္းစိတ္မၾကည္လို႔"


"ငါတို႔ကိုေျပာလို႔အဆင္မေျပလို႔လား"


ထပ္ေမးလာသည္မို႔သူၿပဳံးလိုက္မိၿပီး...


"စိတ္ညစ္စရာကို မမွ်ခ်င္ဘူး"


"စိတ္ညစ္စရာကိစၥေတြကို တစ္ေယာက္ထဲသိမ္းထားရင္ ႏွလုံးေရာဂါရလာလိမ့္မယ္... ဒါက မင္းငါ့ကိုေျပာဖူးတဲ့စကားေနာ္"


"ငါသိပါတယ္"


"အင္း စိတ္အဆင္သင့္ျဖစ္ရင္ထုတ္ေျပာ... မဟုတ္ရင္ ေနာက္ဆို ငါလည္းမင္းနဲ႔မတိုင္ပင္ေတာ့ဘူး"


"အင္းပါ"


"အင္း အင္း...အဲ့ဒါဆို စားေတာ့ေလ"


"အင္း"


သူ ေရွ႕မွအတြဲကိုၾကည့္ကာၿပဳံးလိုက္ၿပီးေနာက္ ေန႔လယ္စာကိုသာအာ႐ုံစိုက္၍စားလိုက္ေတာ့၏။


ညေနေရာက္ေတာ့...


ကားကို အိမ္ျပန္လမ္းဆီသို႔ဦးတည္ထားရင္း ပုံမွန္ေလးေမာင္းေနမိစဥ္ ေနာက္ၾကည့္မွန္မွ ကားနက္ႏွစ္စီးကို ျမင္လိုက္ရျပန္သည္မို႔ ၾကည္မေနသည့္စိတ္က မႈန္မႈိင္းသြားၿပီးေနာက္ ႏႈတ္ခမ္းေထာင့္တို႔ထက္ မဲ့ၿပဳံးတစ္ခ်က္ထင္သြားသည္။


မ်က္လုံးတစ္ခ်က္ကစားလိုက္ၿပီးေနာက္ အေျခအေနမ်ားအားလုံးကိုသုံးသပ္လိုက္အၿပီး လမ္းခဏရွင္းသည့္အခ်ိန္တြင္ ကားကိုအရွိန္တင္ကာ လမ္းေၾကာင္းေျပာင္းလိုက္၏။ သူ႔ကားက တစ္ဖက္လမ္းေၾကာင္းေပၚေရာက္သြားသည့္ အခ်ိန္တြင္ေတာ့ ကားတို႔ကျပန္ရႈပ္သြားသည္မို႔ ကားနက္ႏွစ္စီးသည္ တစ္ဖက္လမ္းေၾကာ၌ပိတ္မိသြားေတာ့သည္။


စိတ္ထဲေက်နပ္သြားေသာ္ျငား ေပ်ာ္႐ႊင္စြာရယ္ေမာခ်င္စိတ္ကအလ်ဥ္းမရွိ။


ထိုစဥ္...


Ringing...


"ေတာက္!"


ဖုန္းျမည္သံၾကား ေတာက္ခတ္သံသည္က်ယ္ေလာင္စြာ။


လက္တစ္ဖက္ျဖင့္ အတြင္းအိတ္ထဲမွဖုန္းကိုထုတ္ယူလိုက္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ကားမွန္ကိုတစ္ဝက္ေလာက္ခ်လိုက္ၿပီးေနာက္...


ေဒါက္!!!


စကၠန္႔ပိုင္းေလးအတြင္း ပိုင္ရွင္မဲ့သြားသည့္ဖုန္းေလးသည္ ကြန္ကရစ္လမ္းမထက္ အေဖာ္မဲ့စြာ။


2 hours later,


ဦးတည္ခ်က္မရွိဘဲ ကားကိုပတ္ေမာင္းေနျခင္းမို႔ အခ်ိန္ကိုလည္းမၾကည့္ျဖစ္။ အဓိက,က အိမ္ကိုေရာက္မသြားဖို႔ပင္။


ေမွာင္ရီသန္းစအခ်ိန္ျဖစ္သည္မို႔ ေကာင္းကင္၌ မိုးသားတက္ေနသည္ကိုလည္းမသိလိုက္။ မိနစ္ပိုင္းအၾကာတြင္ သည္းသည္းမည္းမည္း႐ြာခ်လာေတာ့မွသာ 'မိုးသားတက္ေနခဲ့တာပဲ' ဟူ၍ အသိအမွတ္ျပဳလိုက္ရသည္။


ထိုစဥ္တြင္ ကားဆီျပတ္ေတာ့မည္ျဖစ္ေၾကာင္း Signျပလာသည္မို႔ ကားကို လမ္းေဘးတစ္ေနရာ၌ ထိုးရပ္လိုက္၏။ တစ္ဖန္ မိုးေရမ်ားၾကားရွိပတ္ဝန္းက်င္အား ေငးၾကည့္ေနမိရင္းမွ အတြင္းအိတ္ထဲတြင္ ပိုက္ဆံအိတ္ပါမပါစမ္းလိုက္အၿပီး...


ခ်ေလာက္!


ကားတံခါးကိုဖြင့္လိုက္သည္ႏွင့္ မိုးစက္တို႔က ကားအတြင္းျဖန္းပက္လာၾကသည္။ အျပင္ဘက္သို႔ေျခလွမ္းလိုက္သည္ႏွင့္ ေျခေထာက္တစ္ေခ်ာင္းလုံး႐ႊဲ႐ႊဲစိုသြားစဥ္တြင္ ေခါင္းထဲမွ ေတြေဝေနမႈမ်ားအားလုံးလြင့္စဥ္သြားၿပီးေနာက္ တုံ႔ဆိုင္းျခင္းအလ်ဥ္းမရွိဘဲ ကားေပၚမွဆင္းလိုက္ေတာ့၏။


အျပင္ေရာက္သြားသည့္စကၠန္႔ပိုင္းေလးအတြင္း တစ္ကိုယ္လုံး႐ႊဲ႐ႊဲစိုသြားသည့္ခံစားခ်က္က ရင္တြင္းမွအပူမီးကို အနည္းငယ္သက္သာေစသည္ဟုခံစားလိုက္ရသည္မို႔ သူေက်နပ္စြာၿပဳံးလိုက္မိသည္။


ကားေသာ့ကို ကားထဲသို႔ပစ္ထည့္လိုက္ၿပီး တံခါးကိုျပန္ပိတ္လိုက္ၿပီးေနာက္ ပလက္ေဖာင္းေပၚသို႔တက္လိုက္ကာ ေျခဦးတည့္ရာသို႔ေလွ်ာက္လိုက္မိသည္။ လမ္းေလွ်ာက္ေနသည့္အျခားသူမ်ားအားလုံးက ထီးကိုယ္စီႏွင့္မို႔ သူ႔အားထူးဆန္းသလိုၾကည့္လာၾကေသာ္လည္း ထိုလူမ်ားအားအေရးမစိုက္ခ်င္။


တျဖည္းျဖည္းႏွင့္ေအးေဆးစြာလမ္းေလွ်ာက္ေနသည့္သူကို Taxiသမားမ်ားကလည္း တစ္ေယာက္ၿပီးတစ္ေယာက္လာေခၚၾကေသးသည္မို႔ သူရယ္ခ်င္လာၿပီး လြတ္လပ္စြာရယ္ခ်လိုက္မိေတာ့ အခ်ိဳ႕လူမ်ားက သူ႔အားအ႐ူးတစ္ေယာက္လိုၾကည့္လာၾကသည္ကိုလည္း မ်က္ဝန္းေထာင့္တို႔မွျမင္လိုက္ရေသးသည္။


ထင္ခ်င္သလိုသာ ထင္ၾကပါေစေတာ့…


45 minutes later,


မိုးကတစ္ခ်က္စဲမသြားသည္မို႔ ခႏၶာကိုယ္တစ္ခုလုံးလည္း ေအးစက္ေနၿပီျဖစ္သည္။ လမ္းေလွ်ာက္ေနေသာ္ျငား ေသြးတို႔လည္းမပူႏိုင္ေတာ့။ လက္ဖဝါးတို႔သည္လည္း ပဲႀကီးေရခြံတြန္႔ကာ ထုံေနၿပီျဖစ္သည္။ မ်က္ႏွာထက္ ေသြးေရာင္ပင္ေပ်ာက္လုနီးပါးျဖစ္ေနၿပီး ႏႈတ္ခမ္းသားတို႔သည္လည္း အနည္းငယ္ျပာခ်င္ခ်င္။


ႏႈတ္ခမ္းအစုံအားတင္းတင္းဖိပိတ္ထားသည္မို႔ ေမးႏွစ္ခြသည္ထင္ရွားစြာေပၚထြက္ေန၏။


သူ႔အေနႏွင့္အနီးအနားရွိ မည္သည့္ Hotel တြင္မဆို ဝင္တည္း၍ရသည္မို႔ ေပေတကာဆက္ေလွ်ာက္ေနမိသည္။ မခံႏိုင္သည့္အဆုံးက်မွ တစ္ေနရာရာတြင္ဝင္တည္းလိုက္မည္ဟု ေတြးထားျခင္းပင္။


ထိုစဥ္ မိုးကပိုသည္းလာၿပီး ေလပါ,ပါလာသည္မို႔ ေခါင္းကိုငုံ႔ခ်ကာ မ်က္ႏွာအားလက္တစ္ဖက္ျဖင့္ကာထားရင္း ေျခလွမ္းတို႔ကိုသြက္လိုက္မိသည္။


မိုးစက္တို႔၏႐ိုက္ခတ္မႈက ပို၍မ်ားလာသည္မို႔ အဝတ္ဖုံးမထားသည့္ေနရာမ်ားအားလုံး စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာေတာ့သည္။


ေနာက္ဆုံး ဘယ္လိုမွမခံႏိုင္ေတာ့သည္မို႔ တစ္ဖက္တြင္ျမင္ေနရသည့္ Hotel၌ဝင္တည္းရန္ဆုံးျဖတ္လိုက္စဥ္...


တီ.....................


ကားဟြန္းသံအရွည္ႀကီးေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ကားမီးေရာင္က သူ႔မ်က္လုံးထဲသို႔စူးခနဲ။


မိုးစက္မ်ားႏွင့္မီးေရာင္စူးစူးၾကား ႀကိဳးစားကာၾကည့္ေနမိစဥ္ ထီးတစ္လက္ႏွင့္ပုံရိပ္ရွည္တစ္ခုကသူ႔ဆီသို႔ ဦးတည္လာသည္ကိုေတြ႕လိုက္ရၿပီးေနာက္ အနီေရာင္သန္းေနသည့္မ်က္သားတို႔ၾကား အျပာေရာင္မ်က္ဝန္းၾကည္ၾကည္တို႔က စူးရဲစြာ...။

Comment