အခန်း - ၃၉

Unicode//


"ကလေးရာ...သူကအကူအညီတွေအများကြီးပေးထားတော့ ကိုယ်လည်းမကူညီလို့မကောင်းလို့ပါကွာ... သဘက်ခါညနေကျ မရရအောင်ပြန်လာခဲ့မယ်နော်"


"ဝမ်းသဘော"


"စိတ်မဆိုးပါနဲ့ကွာ"


"....."


"ကိုယ် ကလေးအတွက်လက်ဆောင်တွေအများကြီးဝယ်ထားတယ်"


"ဖုန်းချလိုက်တော့"


"ဘာလို့လဲ ခုမှခဏပဲပြောရသေးတာကို...ကိုယ့်ကိုစိတ်ဆိုးနေသေးတာလား"


"အင်း"


"စိတ်မဆိုးပါနဲ့ကွာ"


"ဝမ်းသဘောအတိုင်းလုပ်ချင်တာလုပ်ပြီးပြီ...ဆက်လုပ်လိုက်"


"ကိုယ်တကယ် သဘက်ခါပြန်လာခဲ့မှာပါ"


"မတည်နိုင်ရင် မပြောနဲ့"


"ကိုယ်တကယ်တည်ပါ့မယ်"


"ဝမ်းရောက်လာမှဆက်ပြော"


"အင်းပါ"


"အင်း ဖုန်းချလိုက်"


"အင်းပါ ကလေးနေကောင်းအောင်နေနော်"


"အင်း ဝမ်းရောပဲ"


"အင်းအင်း ဒါဆို ကိုယ်ဖုန်းချလိုက်ပြီနော်"


ထို့နောက်တွင် တစ်ဖက်မှဖုန်းချသွားသည့်အသံကြောင့် အစ်ကိုဖြစ်သူ၏ပေါင်ပေါ်တွင်ခေါင်းတင်လှဲကာ ဂိမ်းဆော့နေသည့်နိုနို့မျက်နှာလေးက ပြုံးစိစိဖြစ်သွား၏။


ဂိမ်းဆော့နေရာမှမျက်လုံးကိုလှန်ကြည့်လိုက်တော့ တည်တင်းနေသည့်ကိုကို့မျက်နှာကို မြင်လိုက်ရသည်မို့...


"ကိုကို တကယ်ကြီးစိတ်ဆိုးနေတာပဲ...ဒီမှာနေချင်သေးလား...မနေချင်ရင်ထပေးမယ်"


ပြောပြီးထဖို့ပြင်လိုက်တော့...


"ဘာမှမဖြစ်ဘူး...နိုနိုဆက်လှဲချင်လှဲ"


နှစ်ယောက်သား အဖွားဖြစ်သူ၏ဥယျာဉ်ထဲရှိ ဒန်းရှည်တစ်ခုပေါ်သို့ရောက်နေကြခြင်း။


"ပြီးရော...ကိုကို စကားပြောချင်ရင်ပြောနော်...ဂိမ်းကအရေးမကြီးဘူး"


ဧကတစ်ယောက် ပေါင်ပေါ်တွင်လှဲကာ အေးအေးဆေးဆေးဂိမ်းဆော့ရင်း ပြောနေသည့် ညီဖြစ်သူအားငုံ့ကြည့်မိသည်။ ပါပါးထံမှအမွေရထားသည့် မဟော်ဂနီရောင်ဆန်ဆန်ဆံပင်ကောက်လေးတွေက ကောက်ကွေးနေခြင်းမဟုတ်ဘဲ ကြည့်ကောင်းရုံသာ။ နိုနို့အသားအရည်က ပါပါးထက် မာမားတို့ဘက်ကိုပိုသန်လာသည်မို့ နို့နှစ်ရောင်အနည်းငယ်ရောသော်လည်း ဖြူဝင်းသည့်ဘက်ပိုရောက်၏။


ပါပါးလိုမျိုး နက်စွေးနေသည့်မျက်ဝန်းများရှိသော်ငြား နိုနို့မျက်တောင်လေးတွေက ပိုရှည်လာသလိုပင်။ နိုနို့တွင်ထူးခြားချက်ကတော့ ဆံပင်နှင့်နှုတ်ခမ်းဖြစ်သည်။ ပုံမှန်အချိန်တော်တော်များများတွင် ပါးစပ်နှင့်အစားမပြတ်သလို စကားလည်းများနေတတ်သည့်ကလေးမို့ သူ့နှုတ်ခမ်းပုံစံကိုသေချာမြင်ရသည်ကရှား၏။


နှုတ်ခမ်းလှလွန်းသည့်ကလေးမို့ Lip Care Products Companyများက ပါပါးကိုအကူအညီလှမ်းတောင်းဖူးသောကြောင့် ပါပါးတစ်ယောက် ခဏခဏငြင်းခဲ့ရဖူးသည်။ ဆံပင်နှင့်ပတ်သက်၍လည်း နိုနိုကနာမည်ကြီး၏။ ယခင် ပါပါးအလုပ်များခဲ့စဉ် ဆံပင်ရှည်မြန်သည့်နိုနို့ဆံပင်လှိုင်းတွန့်လေးများက ပုခုံးထိရှည်ခဲ့ဖူးသည်။


အရုပ်လေးနှင့်တူသည့်နိုနို့ကိုမြင်သူတိုင်း မချစ်ဘဲမနေနိုင်ကြ။ နိုနိုနှင့်လည်းတအားလိုက်သည်မို့ ပါပါးကလည်း ဒီတိုင်းကြည့်နေခဲ့သေးသည်။ သို့သော် Haircare Products Companyများက ဝိုင်းဝန်းကမ်းလှမ်းလာကြပြန်သည်မို့ ပါပါးတစ်ယောက် အကြိမ်ကြိမ်ထပ်ငြင်းခဲ့ရပြန်သည်။


နောက်ပိုင်းတွင် စီးပွားရေးသမားများက ကလေးကိုတိုက်ရိုက်ကပ်ချင်လာကြသည်မို့ နောက်ဆုံး နိုနိုကိုယ်တိုင်ကစိတ်ညစ်လာပြီး ဆံပင်ညှပ်ပေးဖို့ပြောလာတော့သည်။ ထိုချိန်မှစ၍ နိုနိုက ဆံပင်တိုလေးနှင့်သာ ပြန်နေခဲ့၏။


သို့ပေမဲ့ ယခုတွင် ဆံပင်တို့ကအတော်လေးသိသိသာသာပြန်ရှည်လာပြန်သည်။ ခဏခဏညှပ်ရလေလေ၊ ပို၍အရှည်မြန်လေလေဖြစ်နေသည့်ပုံပင်။ အပူအပင်ကင်းသည့်နိုနို့မျက်နှာလေးက အကြည်ဓာတ်ရှိသည်မို့ နိုနို့ကိုမြင်တိုင်းစိတ်ချမ်းသာသည်ဟု လူတိုင်းကပြောကြ၏။


နိုနိုက အကောင်းမြင်စိတ်များပြီး လူမှုဆက်ဆံရေး၌အရမ်းတော်သည်။ ဉာဏ်ကောင်းလွန်းသည့်ကလေးဖြစ်သည့်အလျောက် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းလည်းမြင့်သည်။ ထို့ပြင် အပြောချိုပြီး ချီးကျူးတတ်လွန်းသည်မို့ သူ့ကသာအမှန်တကယ်လိုလားပြီဆိုလျှင် သူ့ကိုမချစ်သည့်သူမရှိကြ။ အစပိုင်းအမြင်မကြည်လျှင်တောင် နည်းနည်းလောက်စကားပြောရုံနှင့် ထိုအမြင်မကြည်မှုများအားလုံးကို တိုက်ထုတ်နိုင်သည့်ကလေးဖြစ်၏။


ထိုသို့ လူမှုဆက်ဆံရေးကောင်းလွန်းသည်မို့ စိတ်ပူရသည့်အချက်များလည်းရှိနေပြန်သည်။ နိုနိုက အားလုံးကို တစ်သမတ်တည်းဆက်ဆံသော်လည်း အထင်လွဲနေကြသူများကရှိတတ်ကြသေးသည်။ ကျောင်းတွင် ညီအစ်ကိုနှစ်ယောက်စလုံးနာမည်ကြီးသော်ငြား ခပ်တည်တည်နေတတ်သောသူ့ထက် အပြုံးချိုသောနိုနိုက ဆရာ၊ဆရာမ၏အချစ်တော်ဖြစ်နေရုံသာမက ကျောင်းသား၊ကျောင်းသူ အကြီး၊အငယ်မရွေးကလည်း သဘောကျကြ၏။


ထို့ပြင် မနာလို၍ရန်စလာသည့်ကျောင်းသားတစ်ချို့ပင် နိုနိုနှင့်ခင်မင်နေကြပြီဖြစ်သည်။


ဧကတစ်ယောက် နိုနို့မျက်စိနားရောက်နေသည့်ဆံပင်လေးကို အသာဖယ်ပေးလိုက်ရင်း...


"ဆံပင်တွေပြန်ရှည်နေပြီ"


"အွန်း ထပ်ညှပ်ရဦးမှာ"


နိုနိုက ဂိမ်းဆော့နေရင်းချက်ချင်းပြန်ဖြေသည်။


ညီဖြစ်သူ၏ဆံပင်လေးများကိုအသာဖွကြည့်နေရင်း ဧက၏အတွေးတို့ကဟိုလွင့်ဒီလွင့်။ ထို့နောက် နိုနို့ဆံပင်အိအိလေးများကိုအနည်းငယ်ပြန်သပ်ပေးလိုက်ပြီး...


"ဆံပင်ရှည်ပြန်မထားတော့ဘူးလား"


ပြောလိုက်တော့ နိုနိုကနှာခေါင်းလေးရှုံ့ပြီး...


"ထပ်ပြီးလာပြောကြရင်စိတ်ညစ်စရာကြီး...ဘာလို့လဲ...ဝါး ထူးထူးဆန်းဆန်း ကိုကိုကစကားတွေအများကြီးပြောလို့ပါလား"


"နိုနိုက ဆံပင်ရှည်နဲ့လိုက်တယ်"


"ဝါးဝါး ကိုကိုဧကသက္ကရာဇ်တို့က အတည်ပေါက်ကြီးတွေပြောနေတာပဲ...နေဦး နေဦး... ဒီနေ့ကိုမှတ်တမ်းတင်ရမယ်...ပြီးတော့ နိုနိုလည်းဆံပင်ရှည်ပြန်ထားမယ်... ကိုကိုထူးထူးဆန်းဆန်းစကားတွေအများကြီးပြောတဲ့နေ့က နိုနိုဆံပင်ရှည်ပြန်ထားတဲ့နေ့ပဲ...လာ ကိုကို... ဓာတ်ပုံရိုက်ကြမယ်"


ပြောပြောဆိုဆိုနှင့် နိုနိုကလှဲနေရာမှထလာပြီးနောက် အစ်ကိုဖြစ်သူအားကျောဘက်မှနေ၍သိုင်းဖက်လိုက်ပြီး ပုခုံးတစ်ဖက်ထက်သူ့မေးဖျားလေးကိုတင်လိုက်ကာ...


"ကိုကို ရိုက်ပြီနော်"


ထိုစကားအဆုံး တစ်ပုံတစ်ပုံနှင့် ပုံပေါင်းနှစ်ဆယ်လောက်ဖြစ်သွားတော့သည်။ ထိုပုံများထဲမှ ဧက၏ပါးကိုညှစ်ကာ သူကရုပ်ပြောင်လုပ်နေသည်ပုံ၊ ဧက,ကသူ့ပါးကိုဆွဲဖျစ်သည့်ပုံ၊ ဧကမျက်နှာကပြုံးရိပ်သန်းနေပြီး သူက မျက်လုံးတစ်ဖက်ပိတ်ထားသောပုံနှင့် ဧက၏ပုခုံးထက် သူ့မေးဖျားကိုတင်ကာရိုက်ထားသည့်ပုံများကိုရွေးချယ်ကာ သူ့ Facebook Acc၌ တင်လိုက်တော့၏။


ထိုပုံများသည် မကြာခင်တွင် Pageတော်တော်များများ၌ပြန့်သွားမည်မှာအသေအချာဖြစ်သည့်အပြင် တစ်ချို့မသိသူများကလည်း ညီအစ်ကိုနှစ်ယောက်ကို Shipကြဦးမည်။ ထိုအခါ သူတို့၏ အမာခံFanများက ဝင်ရှင်းကြရဦးမည်မှာလည်း အသေအချာပင်။


"ဒီချိန်လောက်ဆို ဖိုးဖိုးနဲ့ဒယ်ဒီတို့ စကားပြောလို့ပြီးလောက်ပြီလား မသိဘူးနော်"


နိုနိုက အိမ်ထဲကိုတစ်ချက်ကြည့်ကာ ပြောလိုက်ခြင်း။


"အင်း ပါပါးခေါ်မှဝင်ကြတာပေါ့"


"အွန်း အဲ့ဒါပဲကောင်းတယ်...ဒါဆို ကိုကိုနဲ့နိုနိုအတူဂိမ်းဆော့ကြရအောင်"


"အင်း"


ဧည့်ခန်းထဲတွင်တော့ ဦးသီဟကိုတစ်ယောက် မိမိရှေ့မှအမျိုးသားငယ်အားတစ်ချက်ကြည့်ကာ ပြုံးလိုက်မိသည်။ မျက်နှာထားသည် ရောက်လာကတည်းကမြင်ခဲ့ရသည့်အတိုင်း ပကတိတည်ကြည်စွာ။


စကားအပိုမပြောတတ်ဘဲ လုပ်သင့်သည်များကိုသာလုပ်ပေးတတ်သူမို့ သားအတွက် သူအတော်လေးစိတ်ချရပါသည်။ နှုတ်နှင့် ကတိပေါင်းစုံပေးကာချစ်ပြနေတတ်သူမဟုတ်ဘဲ လက်တွေ့ဂရုစိုက်နေပုံများသည် လူကြီးများရှေ့မျက်နှာရအောင်တကူးတကဂရုစိုက်ပြနေခြင်းမျိုးမဟုတ်ဘဲ ပုံမှန်တွင်လည်းလုပ်ဆောင်နေတတ်ခြင်းမျိုးဖြစ်ကြောင်းကို ထိုဂရုစိုက်မှုများနှင့်အသားကျနေသည့် သား၏ပုံစံများကိုကြည့်ရုံဖြင့်သိနိုင်ပါ၏။


"သားကို ဖေဖေ့သားက အရမ်းသဘောကျနေတာ"


"ဟုတ်ကဲ့"


စကားကခဏရပ်သွားပြီးမှ ဆက်ပြောလာ၏။


"ကျွန်တော်လည်းသဘောကျပါတယ်"


နားရွက်ဖျားတို့အနည်းငယ်နီသွားသည်ကိုမြင်လိုက်ရသော်လည်း ပြန်ဖြေလာသည်မို့ ဦးသီဟကိုထပ်မံပြုံးလိုက်မိရင်း...


"သူကနည်းနည်းတော့ဆိုးတယ်မလား"


"နိုရာက လူကောင်းပါ"


ထိုစကားကြောင့် ဦးသီဟကို ရယ်လိုက်မိသည်။


"ဘေဘေးကို လူကောင်းလို့ပြောတာသားတစ်ယောက်ပဲရှိသေးတယ်...ဒီကလေးသားရှေ့မှာ အရေခွံခြုံထားတာပဲနေမှာ... သားမသိလို့နော် အဲ့ကောင်လေးကတကယ့်လူဆိုးလေး"


"နိုရာက ဆိုးတယ်လို့ထင်ရတာပါ"


"ဟုတ်လား သူ့ကိုမဆိုးဘူးလို့တကယ်ထင်တယ်ပေါ့"


"ဟုတ်ကဲ့ သူဆိုးလည်းအကြောင်းရှိလို့ပါ"


"ဟားဟား ဟုတ်ပါပြီကွာ...နှစ်ယောက်သား လိုက်လည်းလိုက်တယ်...အချင်းချင်း အမွှမ်းတင်လိုက်ကြတာဆိုတာ လူငှားခေါ်စရာမလိုဘူး"


"....."


ပြောလိုက်ရင်းဖြင့် ဦးသီဟကိုရယ်နေရာမှ တဖြည်းဖြည်းနှင့်မျက်နှာကအနည်းငယ်တည်တည်တံ့တံ့ဖြစ်သွား၏။


"အင်း သားတို့နှစ်ယောက်ကိုတော့ ဖေဖေ့ဘက်ကသဘောမတူစရာတော့ မရှိပါဘူး...သားက ဘေဘေးကိုအရမ်းဂရုစိုက်ပေးလို့ ဖေဖေစိတ်ချပါပြီ"


"....."


“ဒါပေမယ့် အခုဖေဖေဆက်ပြောမှာကို စိတ်ထဲတစ်မျိုးတော့မထင်စေချင်ဘူး"


"ဟုတ်ကဲ့"


ဦးသီဟကို ပင့်သက်ဖွဖွတစ်ချက်ရှိုက်လိုက်ပြီးမှ ဆက်ပြောလိုက်၏။


"လူ့စိတ်ဆိုတာ ဖမ်းထားလို့မရတဲ့အတွက် အလုံးစုံကခိုင်မြဲနေရမယ်လို့ ဖေဖေ့မှာအစွဲမရှိပါဘူး...အဲ့ဒါကြောင့် အကယ်၍များပေါ့နော်... သားဘက်က ဘေဘေးအပေါ်စိတ်ကွက်တာမျိုးရှိလာခဲ့ရင် သူ့ကိုလက်နဲ့တောင်တစ်ချက်မရွယ်ဖို့ တောင်းဆိုချင်တာပါ..."


"....."


"နောက်ပြီး ဘေဘေးလေးကိုမလိုချင်တော့တာမျိုးရှိလာခဲ့ရင် ဖေဖေတို့ကိုတရားဝင်ပြောပြီးပြန်အပ်ပေးပါ... အဲ့ချိန်ကျ သားကိုဖေဖေတို့စိတ်မဆိုးပါဘူး...ဘေဘေးက သားကိုမနှောင့်ယှက်တော့အောင်လည်း ဖေဖေတို့ဘက်ကထိန်းပေးပါ့မယ်"


"....."


"အင်း သားစိတ်ညစ်သွားပြီလားမသိဘူး...ဒါက ဖေဖေ သားကိုစော်ကားတာမဟုတ်ဘူးနော်"


"ဟုတ်ကဲ့"


သူ၏ဝါကျပေါင်းများစွာအပေါ်ပြန်တုံ့ပြန်မှုသည် ထိုစကားလုံးနှစ်လုံးမျှသာ။ အဖြေတစ်ခုခုဆက်လာဦးမည်ဟုထင်ခဲ့သော်ငြား မည်သည့်စကားမှထပ်ထွက်မလာတော့။ ဦးသီဟကိုတစ်ယောက် ရှေ့မှအမျိုးသားငယ်၏မျက်နှာရိပ်ကိုအကဲခတ်လိုက်တော့လည်း ပုံမှန်ပင်ဖြစ်နေသည်မို့ သက်ပြင်းကိုသာခပ်ဖွဖွချလိုက်မိသည်။


အခြားသူတွေသာဆိုလျှင် သူ့ကိုကတိအထပ်ထပ်ပေးလောက်မည်ဖြစ်သော်လည်း သူ့ရှေ့တွင်ရှိနေသည့် သား၏သက်ဆိုင်သူကတော့ မည်သို့တွေးသည်မသိ။


ထို့နောက် သူကပင်စကားစကိုပြန်ဆွဲထုတ်ကာပြောလိုက်ရပြီး အချို့သောသူမသိသည့်အကြောင်းအရာများ၊နယ်ပယ်များအကြောင်းကိုမေးရင်း၊ သားဖြစ်သူ၏အကြောင်းများကိုပြောရင်းနှင့် ဆက်လက်၍ရင်းနှီးမှုယူလိုက်ရ၏။


ကမ္ဘာပတ်လာခဲ့သည့်အတွေ့အကြုံများအားလုံးကိုပင် ကျေးဇူးတင်နေရသည်။ မဟုတ်လျှင် သား၏သက်ဆိုင်သူအား ပြောစရာစကားကိုမနည်းရှာထုတ်ရမည်သာ။


နှစ်ယောက်သား မိနစ်အနည်းငယ်ကြာအောင် စကားစမြည်ပြောပြီးသည့်အချိန်တွင်တော့…


"ဟော မြေးတို့ကဘယ်ရောက်နေကြတာလဲ"


လူမရောက်ခင်ကြိုရောက်လာသော ဇနီးသည်၏မေးခွန်းကြောင့်...


"ခြံထဲခဏဆင်းမယ် ပြောသွားကြတာပဲ"


ဒေါ်ပန်းသွေးငယ်က သစ်သီးပန်းကန်တို့ကို စားပွဲပေါ်ချလိုက်ရင်းမှ နောက်မှလိုက်လာသော ဘေဘေးကိုလှမ်းပြောလိုက်သည်။


"သားရေ မြေးတို့ကိုခေါ်လိုက်ဦး"


ဘေဘေး၏လက်ထဲတွင်လည်း သစ်သီးပန်းကန်နှစ်ပန်းကန်နှင့်မို့ ဘေဘေးက ပန်းကန်တို့ကိုချလိုက်ရင်း...


"King မင်းသွားခေါ်"


"အင်း"


သားဖြစ်သူပြောလိုက်သည်နှင့် ချက်ချင်းထထွက်သွားသူကြောင့် ဦးသီဟကိုနှင့်ဒေါ်ပန်းသွေးငယ် တို့နှစ်ယောက် ပြုံးစိစိဖြစ်သွားကြတော့၏။


Kingနှင့်အတူ ကလေးနှစ်ယောက်လုံးပြန်ဝင်လာကြပြီးနောက်တွင်တော့ နိုနို၏စကားဝိုင်းထဲသို့ လူကြီးများအားလုံးရောက်သွားကြတော့သည်။


အားလုံး ပျော်ပျော်ပါးပါး စားသောက်ကြရင်း၊ စကားပြောကြရင်းနှင့် ညနေရောက်လာတော့ လူကြီးများအားလုံးကိုနှုတ်ဆက်ကာ ပြန်လာခဲ့လိုက်ကြ၏။


<<<>>>


"လှတယ်မလား"


"အင်း"


"အင်း ဒီကို ပီအိုက်နဲ့ပီနန်းတို့လာဖူးတယ်... အဲ့နေ့က မင်းသားတွေနဲ့တွေ့သွားတာလေ"


"ပီနန်းပြောဖူးတယ်"


ထိုစဉ်တွင် လေကအနည်းငယ်တိုက်လာသည်မို့ ဘေဘေး၏မျက်လုံးလေးများကအနည်းငယ်မှေးစင်းသွားကြတော့...


"အေးလို့လား"


မေးလည်းမေး၊ ပုခုံးမှသိုင်းဖက်ကာ ရင်ခွင်ချင်းအပ်စေလိုက်သူကြောင့် ဘေဘေးပြုံးလိုက်မိသည်။


"မင်းရှိနေရင် အေးလည်းဖြစ်တယ်"


စကားအဆုံး နဖူးထက်နွေးခနဲဖြစ်သွားပြီးနောက်...


"အင်း"


အချိန်အားဖြင့် ည၆နာရီခွဲသာရှိသေးသော်ငြား နေ့တာတိုသည့်ကာလမို့ နေ့အလင်းရောင်ပျောက်နေပြီဖြစ်သည်။ လက်ရှိအချိန်တွင် နှစ်ယောက်သား M-Ferrea၏ခေါင်မိုးထပ်ဆီသို့ ရောက်နေကြခြင်း။


သားနှစ်ယောက်က စာလုပ်စရာရှိ၍အစောင့်များနှင့်အတူကျန်ရစ်ခဲ့ကြသည်။ King၏ အခန်းဖော်နှင့်ချိန်ထားသည်က ၇နာရီဖြစ်သော်ငြား နှစ်ယောက်သားအေးဆေးနေချင်သည်မို့ ခပ်စောစောတက်လာဖြစ်ကြသည်။


ဘေဘေးတစ်ယောက် King၏ရင်ခွင်တွင်းမှရုန်းထွက်လိုက်ပြီးနောက် လက်မှဆွဲခေါ်လိုက်ရင်း...


"ထိုင်ရအောင်"


"အင်း"


နှစ်ယောက်သား ကံ့ကော်ပွင့်သဏ္ဌာန်စားပွဲရှိရာ ထိုင်ခုံတို့တွင်ဝင်ထိုင်လိုက်ကြပြီးနောက် ဘေဘေးက ဆိုင်ဝင်းထဲကိုလှမ်းကြည့်လိုက်ရင်း ခပ်ဆွေးဆွေးလေသံဖြင့် ပြောလိုက်၏။


"ငါမင်းကိုအရမ်းလွမ်းနေခဲ့တာ"


"....."


စကားအဆုံး နူးညံ့သည့်အကြည့်တို့ဖြင့်စိုက်ကြည့်လာသူကြောင့် ဘေဘေးပြုံးပြလိုက်ပြီး...


"ဒီမှာရှိသမျှအရာတွေအားလုံး ကံ့ကော်တွေပဲဖြစ်နေတာ ငါမင်းကိုအရမ်းလွမ်းနေခဲ့တယ်ဆိုတဲ့သက်သေပဲ"


"....."


ထိုအခါ မျက်ဝန်းနှစ်စုံသည် M-Ferrea၏ဝန်းထဲရှိ ကံ့ကော်နှင့်သက်ဆိုင်သော အရာများအားလုံးထံ ဝေ့ဝဲကြည့်ရှုလိုက်မိကြရင်း...


"မင်းကိုလွမ်းနေရတာလည်းကောင်းတယ်သိလား...ငါ့ Creative Skillတွေလည်းတက်လာသလို ကဗျာဆန်ဆန်တွေပါတွေးတတ်လာတာ...မင်းကြောင့် ဆိုင်နာမည်ကိုလည်း စဉ်းစားမိလာတာ...အစကတော့ Mesua Ferrea(ကံ့ကော်ပန်း) လို့အပြည့်ပေးမလို့ပဲ...ပြီးမှ M-Ferreaလို့ပေးလိုက်တာ...ငါတော်တယ်မလား”


"အင်း မင်းလက်တွေအေးလာပြီ"


ယှက်သွယ်ထားသည့်လက်တို့မှအအေးဓာတ်ကိုခံစားလိုက်ရပုံရကာ ပြောလာပြီးနောက် Kingက ထိုင်ခုံနှစ်ခုံကို ပို၍နီးကပ်သည်အထိဆွဲယူကာထိုင်လိုက်ပြီး ဘေဘေး၏လက်နှစ်ဖက်လုံးကိုဆွဲယူကာ သူလက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ထားရင်း နွေးထွေးစေ၏။


ထိုလုပ်ရပ်ကြောင့် ဘေဘေးသဘောကျစွာဖြင့် နံဘေးမှလူ၏ပုခုံးစွန်းတစ်ဖက်အား ဖျတ်ခနဲနမ်းလိုက်ရင်း...


"ငါတကယ် မင်းမရှိရင်မဖြစ်တော့ဘူး"


"ငါအမြဲရှိတယ်"


ထိုစဉ်...


Ringing...


King၏ဖုန်းမှမြည်လာသံကြောင့်...


"ရောက်ပြီထင်တယ်"


"အင်း"


Kingကဖုန်းကိုင်လိုက်တော့ တစ်ဖက်မှ ရောက်နေပြီဟုဆိုလာသည်မို့ ဘေဘေးလည်း Counterကိုဖုန်းလှမ်းဆက်ကာ ကြိုခိုင်းလိုက်၏။


မကြာခင်တွင် လှေကားထစ်များဆီမှ တက်လာသံများကိုကြားလိုက်ရပြီးနောက်...


"ဧည့်သည်တွေရောက်လာပါပြီ ဘော့စ်"


ဆိုင်မန်နေဂျာ၏ အသိပေးသံထွက်လာသည်မို့လှည့်ကြည့်လိုက်ကြပြီးနောက်တွင်တော့...


"ဟော အာဏာ...မင်းပါ ပါလာတာလား"


ဘေဘေးက အာဏာ့ကိုအံ့ဩစွာကြည့်ပြီးပြောလိုက်တော့...


"အေး ဒါနဲ့ ဂျစ်ကားပြောတဲ့အသိဆိုတာ Kingကိုတွေ့ဖို့လား"


အာဏာကလည်း ခေါင်းညိတ်ကာပြန်ဖြေလာပြီးနောက် နံဘေးမှလူကို ထပ်မေးလိုက်သည်မို့...


"အင်း ဒါဆို ကိုကိုက Kingနဲ့သိနေတာလား...ဒါနဲ့နေပါဦး...King မင်းနဲ့သူက..."


သင်္ခါ့စကားသည် ထပ်အုပ်ကာဆုပ်ကိုင်ထားသည့်လက်နှစ်စုံကိုမြင်ပြီးနောက်တွင် ရပ်တန့်သွားတော့၏။


အာဏာတစ်ယောက် အနည်းငယ် ရယ်ချင်သလိုဖြစ်သွားပြီးနောက်...


"ကဲ အရင်ဆုံးထိုင်ပြီးမှဆက်ပြောကြတာပေါ့"


ထို့နောက်တွင် နှစ်ယောက်သား ထိုင်ခုံအလွတ်နှစ်လုံး၌ ဝင်ထိုင်လိုက်ကြတော့သည်။


အာဏာတစ်ယောက် လက်ရှိအဖြစ်ကိုတစ်ချက်ရယ်လိုက်မိပြီး...


"အဲ့ဒါကြောင့် မန်နေဂျာက ခေါင်မိုးထပ်ကိုခေါ်လာတော့ ငါတကယ်အံ့ဩသွားတာ... လက်စသတ်တော့ သူလာတွေ့တဲ့သူက မင်းတို့ဖြစ်နေတာကိုး"


အာဏာ့စကားကြောင့် ဘေဘေးရယ်လိုက်မိပြီး...


"အေး ငါလည်း မင်းပါလာမယ်လို့ထင်မထားဘူး...မင်းညီနဲ့ သူ့သူငယ်ချင်းတစ်ယောက်ယောက်လာမယ်ပဲထင်တာ"


"ကျွန်တော်က ကိုကို့သူငယ်ချင်းမဟုတ်ဘူး"


"ဂျစ်ကား!"


"....."


ဘေဘေးတစ်ယောက် ရှေ့မှလူနှစ်ယောက်ကိုကြည့်ကာ အခြေအနေကိုသဘောပေါက်သွားတော့သည်မို့ အနည်းငယ် ပြုံးချင်ချင်ဖြစ်သွားတော့၏။


"အာဏာ မင်းညီလေးက ငါ့ကိုသိပ်မကြည်ဘူးထင်တယ်"


ရယ်ချင်စိတ်ကိုထိန်းကာစလိုက်တော့...


"မဟုတ်ပါဘူးကွာ...ဂျစ်ကားက ငါ့ကိုနည်းနည်းစိတ်ဆိုးနေလို့...ဒီကလေးက ကလေးစိတ်ပဲရှိသေးတာ"


"ကိုကို တော်လိုက်တော့ဗျာ...ဒါနဲ့ King...မင်းနဲ့သူက ဘယ်လိုဖြစ်ပြီး...နေပါဦး ဒါဆို ကိုကိုက Kingကို ဟိုးအရင်ကတည်းကသိတာပေါ့"


"အင်း"


သင်္ခါတစ်ယောက် ယခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ကာ ရှေ့မှစုံတွဲကိုပြန်ကြည့်လိုက်မိပြီးနောက်...


"မင်းတို့က တွဲနေတာလား...ဘယ်လိုဖြစ်ပြီး..."


"ကိုယ်တို့က ယူထားတာ"


"ဟမ်!"


"သားနှစ်ယောက်တောင်ရှိတယ်"


"....."


ထိုစကားတို့ကြောင့် သင်္ခါပင်ဆွံ့အသွားရုံမက အာဏာကပါ သူတို့နှစ်ယောက်ကိုအံ့ဩစွာကြည့်လာပြီး...


"မင်းတို့ကဘယ်တုန်းကယူလိုက်ကြတာလဲ"


"တစ်ပတ်ပြည့်ဖို့ တစ်ရက်လိုဦးမယ်ထင်တယ်...နော် King"


"အင်း"


"....."


"....."


ထို့နောက်တွင်တော့ အာဏာမေးသမျှမေးခွန်းများကို ဘေဘေးကဒိုင်ခံဖြေနေစဉ် Menu Bookများကိုယူဆောင်လာသည့် စားပွဲထိုးကောင်လေးတစ်ယောက်ရောက်လာသည်မို့...


"နေဦး ငါတို့ စားဖို့တွေမှာပြီးမှဆက်ပြောရအောင်"


သူတို့အားလုံး မှာစရာရှိသည်များကိုမှာပြီးနောက် စားပွဲထိုးလေးက ပြန်ဆင်းသွား၏။ အာဏာနှင့်ဘေဘေးတို့ကစကားတွေပြောနေကြသော်ငြား သင်္ခါနှင့်Kingတို့ကတော့ ငြိမ်သက်စွာ။


သင်္ခါတစ်ယောက် ရှေ့မှKingကိုကြည့်လိုက်တော့ Kingက မြင်နေကျအတိုင်းမျက်လွှာချကာငြိမ်နေရင်း နံဘေးမှတစ်ယောက်၏လက်တစ်ဖက်ကို သူ့လက်ဖဝါးနှစ်ဖက်ကြားထဲထည့်ထားကာ အုပ်ကိုင်ထားပြီး လက်မတို့ဖြင့် အနည်းငယ်ပွတ်သပ်ပေးနေသည်ကို အတိုင်းသားမြင်နေရသည်။


တစ်ဖန် နံဘေးမှလူအားသေချာကြည့်လိုက်မိသည်။ ပြုံးရယ်ပြီးစကားပြောနေတာတောင်မှ မျက်ဝန်းနက်တို့က သိသာလှစွာပင်။ ဓာတ်ပုံများထဲတွင်တွေ့ရသည်ထက် ပို၍ကြည့်ကောင်းသူဆိုတာကိုတော့ငြင်း၍မရ။ ဂျစ်ကန်ကန်ပုံစံဟုထင်ခဲ့သော်လည်း လက်ရှိအချိန်တွင်တော့ ဖော်ရွေလွန်းသည့်ပုံစံမျိုးဖြစ်နေ၏။


ရှေ့မှလူနှစ်ယောက်ကိုတစ်လှည့်စီကြည့်နေမိရင်း လိုက်ဖက်သည်ဟုပင်ခံစားမိလာသည်အထိ။ နှစ်နှင့်ချီ၍အမြင်ကတ်ခဲ့သူကို ဒုတိယအကြိမ် အကောင်းမြင်မိခြင်းပင်။


ပထမအကြိမ်ကတော့ ကိုကို့ကို လုံးဝမကြိုက်ကြောင်းသိလိုက်ရသည့်အချိန်တွင်ဖြစ်သည်။


သို့သော် သူ့စိတ်ထဲသိပ်တော့မကြည်ချင်ပါ။ အချစ်ရဆုံးသူနှင့် အခင်ရဆုံးသူငယ်ချင်းက ထိုလူ့အပေါ် မေတ္တာတို့လျှံကျယိုဖိတ်နေသည်ကို မြင်နေရသည်မို့ မနာလိုဖြစ်မိသည့်စိတ်တို့က ထိန်း၍မရ။


ထို့သို့ကြည့်နေရင်းဖြင့် မျက်ဝန်းနက်တို့နှင့်တစ်ချက်ဆုံသွားတော့ တစ်ဖက်မှပြုံးပြလာသည်မို့ မျက်နှာကိုချက်ချင်းလွှဲလိုက်မိသည်။ သူ့ကိုယ်သူကလေးဆန်နေပြီမှန်းသိသော်လည်း မတတ်နိုင်။ လက်ရှိအချိန်တွင် ထိုလူ့ကိုမှမဟုတ်၊ ကိုကိုနှင့်Kingကိုပင်ပြုံးမပြချင်တော့။


ထို့ကြောင့် စိတ်ထွက်ပေါက်ရလိုရငြား ဖုန်းကိုထုတ်လိုက်ပြီး ဟိုကြည့်ဒီကြည့်လုပ်လိုက်ရင်းမှ King's Husbandထံသို့ ရင်ဖွင့်လိုက်မိသည်။


‘ငါအခု ဟိုဘဲကို အပြင်မှာမျက်နှာချင်းဆိုင်တွေ့နေရတယ်၊ တကယ်တော့ ငါ့အခန်းဖော်ကိုပဲလာတွေ့တာပါကွာ၊ ဖြစ်ချင်တော့ သူနဲ့ငါ့အခန်းဖော်က ယူထားတာတဲ့၊ ငါလည်း ဘာပြောရမှန်းတောင်မသိတော့ဘူး၊ အခု သူနဲ့ကိုကိုကစကားတွေပြောနေပြီ ငါနဲ့ငါ့အခန်းဖော်ကတော့ စကားတောင်မပြောဖြစ်ဘူး’


‘.....’


‘ မင်းလည်းသိပါတယ်၊ငါသူ့ကိုအရမ်းမကြည်တာမဟုတ်ပေမယ့် ငါ့အချစ်ဆုံးသူနဲ့အခင်ဆုံးသူငယ်ချင်းက သူ့ပဲဂရုစိုက်နေကြတော့ နည်းနည်းမနာလိုဖြစ်နေတယ်၊ စိတ်လည်းမကြည်တော့ဘူး၊ ပြီးတော့ အဲ့ဘဲကအပြင်မှာတော်တော်မိုက်တယ်၊ ငါ့အခန်းဖော်က တော်တော်ကြီးချောတာ၊ ချောတာမှတော်တော်ကြီးနော်၊ လှလည်းလှတယ်၊ အဲ့ဒါကြောင့် ငါ့အခန်းဖော်ကို ဘယ်သူနဲ့မှတွဲမြင်လို့တောင်မရခဲ့ဘူး’


‘.....’


‘ဒါပေမယ့် အဲ့ဘဲနဲ့ကျ တော်တော်ကြီးလိုက်သလိုပဲ၊ ငါလည်းရူးသွားပြီလားတောင်မသိဘူး၊ ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ ငါ့အခန်းဖော်ကလည်း အဲ့ဘဲကိုတော့ အရိပ်တကြည့်ကြည့်နဲ့၊ လက်တောင်ကိုင်ထားလိုက်ကြသေး၊ ပြီးတော့လေ သိလား၊သူတို့မှာသားနှစ်ယောက်လည်းရှိတယ်၊ ယူထားတာ တစ်ပတ်လောက်တောင်ရှိနေပြီတဲ့၊ သောက်ကျိုးနည်းပဲ ငါ့ကောင်ရေ၊ မင်းသာဒီစာတွေကိုဖတ်မိရင် ငါ့ကိုရယ်မှာငါသိတယ်၊ ဒါပေမယ့် ငါ့မှာလည်းပြောစရာဆိုလို့မင်းပဲရှိတာ၊ စကားမစပ် မင်းဒီအကောင့်ကိုလည်းတစ်ချက်တစ်ချက်ပြန်သုံးပါဦး’


ထို့နောက် စိတ်ထဲအနည်းငယ်ပေါ့သွားသလိုခံစားလိုက်ရသည်မို့ သက်ပြင်းကိုခပ်ဖွဖွချလိုက်မိစဉ်...


"အာဏာ မင်းရဲ့ညီကတော်တော်အေးတာပဲ"


သူ့ကိုရည်ရွယ်သောစကားသံကြောင့်ကြည့်လိုက်တော့ ပြုံးရိပ်သန်းနေသောမျက်ဝန်းများကိုတွေ့လိုက်ရသည်မို့...


"ကျွန်တော်က သူ့ညီမဟုတ်ဘူး"


"ဂျစ်ကား"


"ဘာလဲ သူလာပြောလို့ပြန်ပြောတာလေ... ကိုကိုက သူ့ကိုဆိုအမြဲကာဆီးကာဆီးနဲ့...ကျွန်တော်က စကားတောင်ပြန်ပြောလို့မရဘူးလား"


"အေးလေ အာဏာရာ...မင်းညီက ကလေးမှမဟုတ်တော့တာကို"


"ကျစ်! ကျွန်တော်ကသူ့ကိုကြိုက်နေတာ...သူ့ညီမဟုတ်ဘူး...သူ့ဘာသာသူတောင် အတင်းတွေ ညီအစ်ကိုဖြစ်ချင်နေတာကို ခင်ဗျားကတစ်မျိုး"


"ဪ ကိုယ်လည်းမသိဘူးလေ...အာဏာကအဲ့လိုပဲပြောတော့ အဲ့လိုပဲမှတ်တာပေါ့"


"အဲ့လိုပဲပြောမှာပေါ့...ခင်ဗျားကိုသူကကြိုက်နေတာကို အမှန်အတိုင်းပြောမလား"


"ဂျစ်ကား တော်တော့!"


အာဏာ၏တားဆီးသံနောက် ဘေဘေး၏ ရယ်သံတို့က ရှေ့ဆင့်နောက်ဆင့်ထွက်လာပြီး...


"ဪ အဲ့ဒါကြောင့် မင်းက ကိုယ့်ကိုမကြည်တာကိုး...လက်စသတ်တော့ တရားခံကအာဏာဖြစ်နေတာပဲ...ဟားဟား... ဟုတ်တာပေါ့ သူကြည့်မရတာလည်း အပြစ်ပြောလို့မရဘူးပဲ...မင်းကရှေ့ကအဲ့လိုတွေပြောထားတော့ သူကငါ့ကိုကြည့်မရ၊ခုကျ ငါကသူ့သူငယ်ချင်းရဲ့ယောက်ျားဖြစ်နေတော့ ဟားဟား"


"နိုရာ ရာ...ငါပြောခဲ့တာ တော်တော်ကြာပါပြီ...သူကတောက်လျှောက်စကားနာတွေထိုးနေလို့သာ ငါထပ်ရှင်းမပြတော့တာ... Crushရဲ့ကလေးကိုထိန်းနေလိုက်ဆိုပြီးလည်း ငါ့ကိုခဏခဏပြောသေးတာ... ဒီကောင်လေးအကြောင်း မင်းတို့မသိလို့"


"ဟားဟား"


ထိုစဉ် ခေါင်မိုးထပ်ရှိမီးများအားလုံးမှိတ်သွားသည်မို့...


"ဟာ!"


"ဟာ ဘာဖြစ်တာလဲ"


အာမေဋိတ်သံများ ထွက်လာပြီးနောက်တွင် အမှောင်ထုကြား ရုတ်တရက်လင်းလာသောစားပွဲကြောင့် အံ့ဩသလိုအကြည့်များဖြင့်ကြည့်နေကြသည့် သုံးယောက်ကိုကြည့်ကာ ဘေဘေးတစ်ချက်ပြုံးလိုက်မိ၏။


မကြာခင်တွင် စားစရာများရောက်လာတော့မည်မှန်း သူသိလိုက်သည်။


အဖြူရောင်ပွင့်ချပ်များ၏အလင်းများအလယ်တွင် ရွှေဝါရောင်ဝတ်မှုံများထံမှအလင်းများက တလက်လက်ဖြစ်နေသည်မှာ မြင်ရသူကိုမျက်စိမကျိန်းစေဘဲ လှပစွာ။


အာဏာတစ်ယောက် စားပွဲကိုကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်လိုက်ပြီး...


"ကြားဖူးတဲ့အတိုင်း တကယ်လှတာပဲ...ငါလည်း ဂျစ်ကားကျေးဇူးကြောင့် ခုမှပဲမြင်ဖူးတော့တယ်"


ထိုအချိန်၌ ခြေသံများကိုကြားလိုက်ရပြီးနောက် စားစရာများရောက်လာချကြသည်မို့ သူတို့အားလုံးအစားကိုသာဦးတည်၍စားဖို့ပြင်လိုက်ကြ၏။


ထိုသို့ စားဖို့ပြင်လိုက်ချိန်မှစ၍ Kingက ဘေဘေးစားဖို့အတွက် အားလုံးကိုအဆင်သင့်ပြင်ပေးပြီးမှ သူ့ဘာသာစားဖို့ပြင်သည်။ ထို့ပြင် ငါးခဲပတ်ကင်မှအသားများကို အရိုးမပါအောင်သေချာနွှင်ပေးပြီး ဘေးဘေးပန်းကန်နှင့်သူ့ပန်းကန်ကြားရှိ ပန်းကန်အလွတ်ထဲသို့ အဆင်သင့်ထည့်ပေး၏။


ဟင်းရည်များကိုလည်း ဘေဘေးကိုယ်တိုင်ထည့်စရာမလိုဘဲ သူကပင်ထည့်ပေးသည်။ ထောပတ်ကျောက်ပုဇွန်ကင်များကိုလည်း အခွံခွာကာအဆင်သင့်လုပ်ပေးပြီး အချဉ်ရည်ကုန်သွားလျှင်လည်း ပြောစရာပင်မလိုအောင်ဖြည့်ပေးသည်မို့ ဘေဘေးအနေနှင့် အဆင်သင့်ထိုင်စားရုံပင်။


သို့သော် ဘေဘေးကလည်းသူ့ဘာသာမစား။ ကျောက်ပုဇွန်တစ်ကောင်ကို သူစားပြီးသည်နှင့် နောက်တစ်ကောင်ကိုအချဉ်တို့ကာ Kingကိုခွံ့ကျွေးသည်။ ငါးကင်ကိုလည်းထိုအတိုင်းပင်။ သူတစ်လုတ်စားပြီးသည်နှင့် Kingကိုတစ်လုတ်ခွံ့ကျွေးသည်။ တစ်ယောက်က စားဖို့ပြင်ပေးကာ နောက်တစ်ယောက်က စားလည်းစားရင်း၊ပြင်ပေးသူအားလည်းခွံ့ကျွေးနေရင်းမို့ နှစ်ယောက်လုံးလက်မလည်သလို အစားလည်းမပျက်၊ အားလည်းမအားကြ။


ဘေဘေးက ဝက်နံရိုးသားကင်ကို အပ်မှိုထောင်းတင်ကာ ဆလပ်ရွက်နှင့်သေချာထုပ်ပြီး သူလည်းစားကာ Kingကိုလည်း ခွံ့ကျွေးလိုက်သေး၏။ နှစ်ယောက်သား မစားခဲ့ရသည့်ရက်များကိုအတိုးချကာစားနေကြခြင်းမို့ ရှေ့မှနှစ်ယောက်ကိုတောင်ဂရုမစိုက်ဖြစ်ကြ။


သင်္ခါနှင့်အာဏာတို့ကတော့ Eating Showရိုက်နေသည့်အလား တက်ညီလက်ညီစားနေကြသော ရှေ့မှစုံတွဲကိုကြည့်ပင်မကြည့်နိုင်ကြတော့။


အာဏာတစ်ယောက် နံဘေးရှိဂျစ်ကားကိုလှည့်ကြည့်လိုက်တော့ ဂျစ်ကားကလည်းသူ့ကိုပြန်ကြည့်သည်။ သို့သော် မျက်နှာသေနှင့်ပြန်လှည့်သွားပြီး သူ့ဘာသာဆက်စားနေသည်မို့ သူလည်း စားစရာရှိသည်ကိုသာဆက်စားလိုက်မိ၏။


15 mins later...


ဘာမပြောညာမပြောနှင့် ရုတ်တရက်ထရပ်လိုက်သောဂျစ်ကားကြောင့်...


"ဘယ်သွားမလို့လဲ"


အာဏာက မော့ကြည့်ကာမေးလိုက်တော့...


"Toiletကို"


"အင်း ကိုယ်လိုက်ပို့မယ်"


"ရတယ် မလိုက်နဲ့"


ပြောပြီးထထွက်သွားသူကြောင့် ဘေဘေးတစ်ချက်လှည့်ကြည့်လိုက်မိစဉ်...


"နိုရာ ငါလိုက်သွားလိုက်မယ်"


Kingက ခွင့်တောင်းသလိုပြောလာသည်မို့ ဘေဘေးခေါင်းညိတ်ပြလိုက်ပြီး...


"အင်း ဂရုစိုက်ပေးလိုက်ဦး"


"အင်း"


Kingကမသွားခင် သူ့ Long Coatကိုချွတ်လိုက်ပြီး ဘေဘေး၏ ကိုယ်ပေါ်ထပ်ကာခြုံပေးလိုက်ပြီးမှ နေရာမှထွက်ကာ သင်္ခါ့နောက်လိုက်သွားတော့သည်။


ထို့နောက် ဘေဘေးက အာဏာ့ကိုကြည့်ကာရယ်လိုက်မိပြီး...


"စိတ်ပူမနေနဲ့...King ပြန်ခေါ်လာပေးလိမ့်မယ်"


ပြောလိုက်တော့ အာဏာကလည်း ရယ်လိုက်၏။


"အဲ့ကလေးက တော်တော်ဆိုးလာတာ"


"ငါတို့ထက်ဘယ်လောက်ငယ်လို့လဲ"


"နှစ်နှစ်ငယ်တယ်...အဲ့လောက်ပဲဆိုပေမယ့် ငါတို့အားလုံးကအလိုလိုက်ထားကြတော့ အဲ့လိုပဲ"


"ဪ"


ဘေဘေးက ထိုသို့သာဆိုပြီး ခေါင်းတညိတ်ညိတ်နှင့် ပြုံးစိစိလုပ်နေသည်မို့...


"ဘာဖြစ်နေတာလဲ မင်းရုပ်က"


အာဏာ့အမေးကြောင့် ဘေဘေးရယ်လိုက်မိပြီး...


"မင်းကလေးက မင်းကိုပြန်စားမယ့်ကိန်းမြင်နေလို့"


"ပေါက်ကရကွာ...သူပြောတာတွေကို စိတ်ထဲလိုက်ထည့်မနေနဲ့...တကယ်တော့ကွာ သူငယ်ငယ်က ငါနဲ့ပဲနီးခဲ့လို့ ကလေးကအဲ့စိတ်ဝင်သွားတယ်လို့ငါထင်တာပဲ...ဂျစ်ကားက တကယ်အစွဲကြီးတာ... သူ့ခေါင်းအုံးတို့၊ ဖက်လုံးတို့၊ အိပ်ရာတို့တောင် စွဲနေတတ်တဲ့ကလေးဆိုတော့ ငါ့ကိုအဲ့လိုဖြစ်နေတာလည်း အပြစ်ပြောလို့မရဘူး...ဒါပေမယ့် အဲ့ဒါကသူထင်သလိုလည်းမဟုတ်လောက်ဘူး"


"ဟုတ်နေရင်ရော"


"ဘာကိုလဲ"


"အာဏာ မင်းက သူများစိတ်ကိုလိုက်ဖတ်နေတာပဲ...အကယ်၍သာ သူကတကယ်ကြီး မင်းကိုကြိုက်နေတာဆိုရင်ရော"


"မဖြစ်နိုင်တာ"


ချက်ချင်းငြင်းလာသောအာဏာကြောင့် ဘေဘေးသက်ပြင်းချလိုက်မိ၏။


"ငါပြောတာ အကယ်၍လို့ထည့်ပြောပြီးသားလေ...အကယ်၍ သူကတကယ်ကြိုက်နေတာဆို မင်းလုပ်နေသမျှက သူ့ကိုတကယ်နာကျင်စေမှာနော်"


"....."


"မင်း အခြားကောင်လေးတွေနဲ့တောင်တွဲနိုင်ပြီး သူ့ကျမှဘာဖြစ်နေတာလဲ"


"ဂျစ်ကားက ငါ့လက်ထဲမှာကြီးလာတဲ့ကလေးလေကွာ...ငါက ဘယ်လိုလုပ် အဲလိုလုပ်ရက်မှာလဲ"


"သူ့အသက်က ၂၈ဆိုတာလည်း မမေ့နဲ့ဦး"


"ငါသိပါတယ်"


"ဒါဆို မင်းသူ့ကိုနည်းနည်းမှစိတ်မဝင်စားတာလား"


မေးလိုက်တော့ အာဏာကရယ်လိုက်ရင်း...


"သူ့ကိုအဲ့လိုင်းထဲ ထည့်ကိုမတွေးဖူးတာ"


ထိုစကားကြောင့် ဘေဘေးခေါင်းခါလိုက်မိသည်။


"မင်းလိုကောင်ကိုမှကြိုက်မိတဲ့သူ့ကိုတောင် ငါသနားလာပြီ"


ပြောလိုက်တော့ အာဏာကရယ်လာ၏။


"သူကြိုက်တာခံရတဲ့ငါ့ကိုပဲ အရင်သနားဦး...ငါ့ကိုကြိုက်တယ်သာပြောတာ...တစ်ချက်မှ စကားနားမထောင်တာပဲကြည့်... နောက်ပြီး မြန်မာပြည်ရောက်လာတဲ့နေ့ကတည်းက အဲ့ရုပ်ဖြစ်နေတာ...ငါတစ်ခွန်း သူတစ်ခွန်းပဲ...မထင်ရင်မထင်သလိုတွေပြောနေတာ...တကယ်မလွယ်ဘူး"


နှစ်ယောက်သား ကြားထဲတွင်ဖြစ်ပျက်ခဲ့သည့် အချို့သောအကြောင်းအရာများကို ပြောရင်း ထွက်သွားသူနှစ်ယောက်ကိုစောင့်နေလိုက်ကြသည့်အချိန်၌ တစ်ဖက်တွင်တော့...


Kingတစ်ယောက် သင်္ခါ့နောက်ကျောကိုမြင်နေရသော်လည်း အမှီမလိုက်ဘဲ ပုံမှန်အတိုင်းသာလိုက်သွားလိုက်သည်။ ထို့နောက်တွင် သင်္ခါက Toiletဘက်သို့မသွားဘဲ ဆိုင်အပြင်ဘက်ထိထွက်လိုက်ပြီး အပင်များစိုက်ထားသည့်နေရာမှခုံတန်းဆီဦးတည်လျှောက်သွားသည်မို့ သူလည်းထိုနေရာဆီဦးတည်လိုက်၏။


သင်္ခါတစ်ယောက် ခုံတန်းရှည်တွင်ထိုင်လိုက်ပြီးမှ Kingကိုတွေ့လိုက်သည်မို့...


"မင်းလိုက်လာတာမသိလိုက်ဘူး...လာ ထိုင်လေ"


"....."


ပြောလည်းပြော ဘေးကိုအနည်းငယ်ရွှေ့ပေးသည်မို့ ဝင်ထိုင်လိုက်သည်။ နှစ်ယောက်သား စက္ကန့်ပိုင်းလောက် ငြိမ်သက်နေကြပြီးနောက်...


"သူကမင်းကိုတော်တော်ချစ်တဲ့ပုံပဲ"


"....."


သင်္ခါက ပတ်ဝန်းကျင်ကိုကြည့်ကာ ပြောလိုက်ခြင်းဖြစ်ပြီး နံဘေးရှိKingကိုလှည့်ကြည့်ကာ တစ်ချက်ပြုံးလိုက်၏။


"ဆိုင်နာမည်ကအစ Decorationအဆုံး မင်းနဲ့သက်ဆိုင်တာတွေချည်းပဲ"


"အင်း"


ထိုအခါမှ ပြန်တုံ့ပြန်လာသူကြောင့် သင်္ခါ အနည်းငယ်ပြုံးလိုက်မိသည်။


"ကောင်းပါတယ်...မင်းတို့နှစ်ယောက်က တကယ်လိုက်တယ်...ငါတောင် မနာလိုဖြစ်တဲ့အထိပဲ"


"....."


စကားဆုံးသွားသော်ငြား တုံ့ပြန်သံမရှိသည်မို့ နှစ်ယောက်သား အပင်များကို တိတ်ဆိတ်စွာငေးကြည့်နေမိကြ၏။


၃မိနစ်လောက်အကြာတွင်တော့ သင်္ခါ့ထံမှ ခပ်လေးလေးအသံ ပြန်ထွက်လာသည်။


"အရူးလုပ်ခံရသလိုခံစားနေရတယ်"


"....."


အသံသည်တိတ်ဆိတ်မှုကို ခဏတာဖြိုခွင်းသွားပြီးနောက် ပြန်လည်တိတ်ဆိတ်စွာ။ တစ်ဆက်တည်းမှာပင် ပင့်သက်ရှိုက်သံသဲ့သဲ့ထွက်လာအပြီးတွင်...


"ငါသူ့ကို မင်းနဲ့တွဲရိုက်ထားတဲ့ပုံတွေခဏခဏပို့ပေးခဲ့ဖူးတယ်"


"....."


"ငါကလည်း သူသဝန်တိုမလားဆိုပြီးပို့ခဲ့တာ...အဲ့တုန်းက သူကလည်းအသည်းအသန်ပြန်မေးလာတော့ ငါအရမ်းပျော်ခဲ့တယ်...သူငါ့ကိုသဝန်တိုတယ်လို့ ထင်ခဲ့မိတာ...သူမင်းအကြောင်းတွေမေးတော့လည်း ငါ့ကြောင့်လို့ထင်ပြီး သိသလောက်ပြောပြပြီး စနောက်ခဲ့မိတာ...နောက်ပိုင်း သူမမေးဘဲနဲ့တောင် လိုက်ပြောပြနေခဲ့မိတယ်...အရူးလိုပဲ...အဟက်... တကယ်ကိုအရူးလိုပဲ"


"....."


ပြောရင်းဖြင့် ငွေ့ရည်ဖွဲ့လာသည့်မျက်ဝန်းပြာတို့သည် ကောင်းကင်ကိုမော့ငေးလိုက်ရင်း...


"မင်းရဲ့သက်ဆိုင်သူအပေါ်တော့ ငါစိတ်ရှင်းသွားပါပြီ...ဒါပေမယ့် အကုန်သိသွားတော့ ပိုပြီးရင်နာလိုက်ရတယ်... ငါ ၁၂နှစ်လောက်ကတည်းက သူ့ကို သဘောကျလာခဲ့တာ အခု ၂၈နှစ်ထိပဲ...ဒါပေမယ့် အဲ့ဒါတွေအားလုံးက သူ့အတွက်ဘာမှမဟုတ်ခဲ့ဘူး...သူ့အမြင်မှာ ငါကလူလားမမြောက်သေးတဲ့ကလေးတစ်ယောက်ပဲ"


"....."


"မင်းသိလား...သူက ငါ့ကိုသာအဲ့လိုသတ်မှတ်နေတာ...သူတွဲခဲ့သမျှတွေထဲ ငါ့ထက်ငယ်တဲ့သူတွေအများကြီးပဲ"


"....."


"ဒီချိန်မတိုင်ခင်ထိ သူငါ့ကိုချစ်နေတယ်လို့ထင်ခဲ့မိတာ... မင်းနဲ့ငါ့ကိုသဝန်တိုလောက်မယ်လို့လည်း  ထင်ခဲ့မိသေးတယ်... ဒါပေမယ့် လက်တွေ့မှာငါသိလိုက်ရတာက သူက ငါ့အတွက်ဘာမှမစဉ်းစားပေးခဲ့ဘူး ဆိုတာပဲ... ငါ့အတွက်လို့အမြဲပြောခဲ့ပေမယ့် ငါစိတ်ချမ်းသာခဲ့ရတာတော့မရှိဘူး"


"....."


"ဒါပေမယ့် ငါသူ့ကိုမချစ်ဘဲ မနေနိုင်ဘူး...ငါအခု ခံစားရပြီး နာကျင်နေရတယ်... ရင်ထဲမှာတစ်ခုခုဆို့နေသလိုခံစားနေရတာတောင် ငါသူ့ကိုချစ်နေမိတုန်းပဲ... သူ့ကိုချစ်တဲ့အချစ်ကိုရပ်တန့်ဖို့ ငြင်းဆန်နေမိတုန်းပဲ"


"....."


အသံသည် တစ်ချက်တစ်ချက်တွင်တုန်ယင်သွားသလို တစ်ချက်တစ်ချက်တွင်တော့ အနည်းငယ်အက်ရှရှ။


"နှစ်တွေအများကြီး သူငါ့ကိုထားပစ်ခဲ့ပြီး တစ်ချက်မှလှည့်မကြည့်ခဲ့တာတောင် ဒီနေ့လိုအားမလျော့ခဲ့ဖူးဘူး... သူလည်းငါ့ကိုချစ်တယ်လို့ ယုံကြည်နေခဲ့မိတာ...ဒါပေမယ့်..."


စကားသံသည် အနည်းငယ်တုန်ယင်သွားကာ ခဏမျှရပ်သွားပြီးမှ...


"ဒါပေမယ့် ဒီနေ့တော့ တကယ်မဖြစ်နိုင်ဘူးလားဆိုတဲ့စိတ်ဝင်လာတယ်...သူက ငါကလွဲရင်အားလုံးကိုတွဲနိုင်တယ်...ငါတကယ်ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး...အင်း ဒါက ခဏလောက်တွေဝေနေတာပဲ ဖြစ်မှာပါ... ငါအခြေအနေအားလုံးကိုပြန်သုံးသပ်ကြည့်ရဦးမယ်...ပြီးရင်တော့ ငါအဆင်ပြေလောက်မှာပါ... ဟုတ်တယ်မလား"


"အင်း"


"မင်းကလည်း နည်းနည်းပါးပါးအားပေးပါဦးလား"


"မင်းအဆင်ပြေမှာပါ"


"အင်း ဟုတ်တယ် ငါအဆင်ပြေမှာ"


"အကူအညီလိုရင်ပြော"


"အင်း ပြောမယ်...နောက်တစ်ခွန်း ထပ်အားပေးပါဦး ငါ့အခန်းဖော်ဟောင်းကြီး"


ပြောလိုက်တော့ Kingက အနည်းငယ်ငြိမ်သက်သွားပြီးနောက်...


"နိုရာက ဉာဏ်ကောင်းတယ်"


"ဟမ် မင်းကလည်း...ငါ့ကိုအားပေးခိုင်းတာလေ"


"သူကမင်းကိုကူညီနိုင်တယ်"


ထိုစကားကြောင့် သင်္ခါတစ်ယောက် ရယ်လိုက်မိ၏။


"ဒါဆိုရင်တော့ ကပ်ပေါင်းထားဦးမှပါ"


မိနစ်အနည်းငယ်လောက်ဆက်ထိုင်နေမိကြပြီးနောက်တွင်တော့ နှစ်ယောက်သား ခေါင်မိုးထပ်ဆီသို့ပြန်တက်လာခဲ့လိုက်ကြ၏။


ဘေဘေးနှင့်အာဏာတို့ စကားပြောနေကြရင်း ခြေသံများကိုကြားလိုက်ကြရသည်မို့...


"ပြန်လာကြပြီထင်တယ်"


စကားဆုံးပြီးခဏအကြာ၌ ရှေ့ဆင့်နောက်ဆင့်ပြန်ရောက်လာကြပြီးနောက် နေရာတွင်ဝင်ထိုင်လိုက်ကြသော Kingနှင့်သင်္ခါ။


ဘေဘေးက သူ့နံဘေးတွင် Kingကဝင်ထိုင်လိုက်သည်နှင့် ကိုယ်ပေါ်တွင်ခြုံထားသည့် Long Coatအားဆွဲယူလိုက်ပြီး...


"King...Long Coatပြန်ဝတ်လိုက်"


"အင်း"


စကားအနည်းငယ်ပြောဆိုကြပြီးနောက် နာရီကိုကြည့်လိုက်ကြသည့်အချိန်တွင်တော့ အချိန်ကလည်းလင့်နေပြီမို့ သူတို့အားလုံး ပြန်ဖို့ဆုံးဖြတ်လိုက်ကြသည်။


အောက်ရောက်တော့ သင်္ခါက ဘယ်သူ့ကိုမှနှုတ်မဆက်တော့ဘဲ ကားပေါ်အရင်တက်သွားသည်မို့ အာဏာက Kingနှင့်ဘေဘေးကိုအားနာသလိုကြည့်ကာနှုတ်ဆက်လိုက်ပြီးနောက် Driver Seatတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် ကားမှန်ချကာ ထပ်နှုတ်ဆက်၏။


"King၊ နိုရာ...ငါတို့ပြန်ပြီနော်"


"အေး ဂရုစိုက်သွား"


အာဏာက မှန်ကိုပြန်တင်လိုက်ပြီးနောက် ကားကိုဂရုတစိုက်မောင်းထွက်လိုက်သည်။ လမ်းမဆီသို့မောင်းတက်လိုက်ပြီးနောက် နံဘေးကိုတစ်ချက်လှည့်ကြည့်လိုက်တော့ ငြိမ်သက်စွာထိုင်နေသူက အပြင်ဘက်ကိုငေးကြည့်နေသည်မို့...


"ကိုယ့်ကိုစိတ်ဆိုးနေတာလား"


"....."


မေးလိုက်သော်လည်း ဘာမှပြန်မပြောလာသည်မို့ သက်ပြင်းတစ်ချက်ချလိုက်မိပြီးနောက်...


"ဘယ်လိုပဲကိုယ့်ကိုစိတ်ဆိုးဆိုး ဒီနေ့ဂျစ်ကားလုပ်ပုံက နည်းနည်းရိုင်းတယ်"


"....."


"ကျစ်! ကိုယ်ပြောနေတယ်လေ"


"....."


"ကောင်းပြီ မင်းဘာမှမပြောနဲ့...ကိုယ်ပဲဆက်ပြောမယ်...မင်းလည်း ဒီအရွယ်ရောက်နေပြီပဲ...အသက်က ၂၈ပဲပြည့်နေပြီ... မကြိုက်ဘူးဆိုရင်တောင် Kingကမင်းသူငယ်ချင်း၊ နိုရာကလည်း မင်းသူငယ်ချင်းရဲ့ သက်ဆိုင်သူပဲ... ဘယ်လောက်ပဲကြည့်မရဖြစ်နေပါစေ လူမှုရေးဆိုတာကရှိသေးတယ်...ဒီနေ့ မင်းလုပ်လာတာဘယ်လောက်အားနာဖို့ကောင်းလဲ"


သို့သော် ဘာပြောပြောလှစ်လျူရှုခံနေရခြင်းကြောင့် အာဏာတဖြည်းဖြည်းဒေါသထွက်လာသည်မို့ ကားကို လူရှင်းသည့် လမ်းဘေးတစ်နေရာတွင်ထိုးရပ်လိုက်ပြီး…


"သင်္ခါဝီလျံဦး! မင်း လူကြီးတွေကို ဘယ်လိုတွေရိုင်းတတ်လာတာလဲ...ဒီဘက်ကိုလှည့်လိုက်"


"....."


"ဂျစ်ကား! ကိုယ်ပြောနေတယ်လေ...ကိုယ်ပြောရင် လှစ်လျူရှုတာကို ကိုယ်အမုန်းဆုံးနော်"


ထိုစကားအဆုံးတွင်တော့...


"ဟုတ်လား မုန်းလိုက်လေ"


အံကြိတ်သံနှင့်ပြောလာပြီးနောက် မျက်နှာလှည့်လာသည်မို့ အပြာရောင်မျက်ဝန်းတို့ကိုကာရံထားသည့် မျက်ခမ်းထောင့်စွန်းတို့နီရဲနေသည်ကို တွေ့လိုက်ရသောကြောင့်...


"ငိုထားတာလား"


မေးလိုက်မိရင်းမျက်နှာဆီလက်လှမ်းလိုက်မိတော့ ထိုလက်သည်ပုတ်ချခံလိုက်ရ၏။


"လှစ်လျူရှုခံရတာကို ခင်ဗျားပဲမုန်းတတ်တာမဟုတ်ဘူး"


"ဂျစ်ကား!!! မင်းငါ့ကိုဘယ်လိုတွေပြောနေတာလဲ"


ဂျစ်ကားထံမှ မကြားဖူးသည့်အသုံးအနှုန်းကြောင့် အာဏာစိတ်တိုစွာအော်လိုက်မိတော့...


"အရူးလုပ်ရတာပျော်ရဲ့လား...ဟမ်?...ကျွန်တော့်အချစ်ကို ကလေးစကား၊အရူးစကားလို့သတ်မှတ်ရတာရော ပျော်ရဲ့လား...ဟုတ်တယ် ကိုကိုပြောသလို ကျွန်တော့်အသက် ၂၈ပြည့်လို့ကျော်လည်းကျော်နေပြီ... ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်းကျွန်တော်မှာရှိတယ်... အဲ့ဒါကိုတောင် ဘာလို့များ...ဟက် ထားပါတော့"


စကားသံတို့သည် အနည်းငယ်အက်ရှရှဖြစ်နေပြီး အပြာရောင်မျက်ဝန်းတို့ထက် ငွေ့ရည်ဖွဲ့လာသည်ကိုအတိုင်းသားမြင်လိုက်ရသည်မို့...


"ဂျစ်ကား"


"ကိုကိုက ကျွန်တော့်ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးပဲ"


"....."


လှောင်ရယ်သံစွက်ကာပြောလာသူသည် မည်သူ့ကိုလှောင်နေသည်မသိ။'မဟုတ်ပါဘူး'ဟုပြောကာ ချော့လိုက်ချင်သော်ငြား မိမိကိုယ်ကိုလည်း ပြန်ဆန်းစစ်ဖို့လိုလာပြန်သည်မို့ တွေဝေနေမိသည်။


"ကျွန်တော်သာကြိုးစားရင် ခင်ဗျားပြန်ချစ်လာလိမ့်မယ်လို့ထင်ခဲ့တာ...နောက်ပြီး ကျွန်တော်က ခင်ဗျားစိတ်ထဲမှာရှိနေမယ်လို့ထင်ခဲ့တာ...ပြီးတော့ Kingနဲ့ကျွန်တော့်ကိုသဝန်တိုတယ်ထင်ပြီး Kingအကြောင်းတွေမေးတယ်လို့ထင်မိခဲ့တာ...ဟား! ကိုကို ခင်ဗျားက အရမ်းတော်တာပဲ"


စကားအဆုံး ခေါင်းမော့ကာရယ်လိုက်သူ၏ မျက်ဝန်းထောင့်စွန်းတို့မှ မျက်ရည်ကြည်များစီးကျလာသည်ကို ကားမီးရောင်အောက်မှမြင်လိုက်ရ၏။ လက်ကမ်းကာသုတ်ပေးလိုက်ချင်သော်ငြား ပုတ်ထုတ်လာမည်ကိုသိ၍ စိတ်ကိုထိန်းကာ လက်သီးကိုဆုပ်ထားလိုက်မိသည်။


အက်ရှရှရယ်သံတို့ရပ်သွားပြီးရောက် လှောင်ပြုံးရိပ်သန်းနေသောမျက်နှာက သူ့ဘက်လှည့်ကြည့်လာပြီး...


"ဒီနေ့တော့ ပြတ်ပြတ်သားသား သိလိုက်ရပါပြီ...ကိုကိုက ကျွန်တော့်ကို ဘယ်တုန်းကမှစိတ်ထဲမရှိခဲ့ဘူး... နောက်ပြီး အကြောင်းပြချက်ကလည်း ကျွန်တော်ကိုယ်တိုင်ပဲ...ကိုကိုဘာလို့မချစ်နိုင်လဲ၊ မတွဲနိုင်လဲဆိုတော့ အဲ့လူက ကျွန်တော်ဖြစ်နေလို့ပဲ...အဲ့လူက ကိုကို့ကိုသောက်ရမ်းချစ်နေမိတဲ့ကျွန်တော်ဖြစ်နေလို့ကို ကိုကိုကမချစ်နိုင်တာ"


"ဂျစ်ကား!"


"ကျွန်တော့်ဘဝမှာ တစ်ခါမှသေချင်စိတ်မပေါက်ဖူးဘူး သိလား...ကိုကို ကျွန်တော့်ရှေ့မှာ တစ်ကောင်ပြီးတစ်ကောင်နဲ့တွဲပြခဲ့တဲ့အချိန်တုန်းကတောင်၊ နောက်ပြီး ကိုကို ကျွန်တော့်ကိုထားသွားပြီး အဆက်ဖြတ်ထားခဲ့တဲ့အချိန်တွေကတောင် ကျွန်တော်သေလောက်အောင်ငိုပြီးခံစားခဲ့ရပေမယ့် ခုလောက်ထိစိတ်ဓာတ်မကျဖူးဘူး...ကျွန်တော်သာကြိုးစားရင်၊ ကိုကို့နောက်အမှီလိုက်နိုင်ရင် ကိုကို့စိတ်ကိုယူနိုင်မယ်လို့ထင်ခဲ့တာ...ဒါပေမယ့် ကျွန်တော်အခုသေပစ်လိုက်ချင်တဲ့အထိပဲ"


"ဂျစ်ကား!!!! ပေါက်ကရတွေတော်စမ်း"


"ဟုတ်တယ် အဲ့ပေါက်ကရတွေကိုလုပ်ချင်လာတဲ့အထိပဲ...ကျွန်တော် မျှော်လင့်ခဲ့သမျှ၊ ယုံကြည်ခဲ့သမျှ ဘာမှမဟုတ်ဘူးဆိုတာသိလိုက်ရတော့ နေနေရတဲ့ဘဝကြီးကအလကားဖြစ်သွားသလိုပဲ...ထားပါတော့ ဒါပေမယ့် ကျွန်တော်က ဦးနှောက်ရှိတဲ့လူပါ...အဲ့ဒါကြောင့် ကိုကိုစိတ်ပူစရာမလိုပါဘူး...အခု ကျွန်တော် ကိုကိုနဲ့ဆက်မလိုက်တော့ဘူး...ကျွန်တော်ဒီမှာဆင်းကျန်နေခဲ့လိုက်မယ်"


"ဂျစ်ကား!!!"


"ပိုက်ဆံအိတ်ပါတာမလို့ စိတ်မပူဘဲ ဂရုစိုက်ပြီး အိမ်ကိုရောက်အောင်ပြန်...မာမားမေးရင်လည်း စိတ်မပူဖို့ပြောလိုက်...ကျွန်တော်သေမှာစိတ်မပူနဲ့...ကိုကို့ဆီမှာတင်နေတဲ့ဝဋ်ကြွေးက မကျေသေးတာမလို့ ကိုကို့ကိုဆက်ချစ်နေရဦးမှာ"


ချလောက်!!!


စကားဆုံးသည်နှင့် တံခါးကိုချက်ချင်းဆွဲဖွင့်လိုက်သောဂျစ်ကားကြောင့် အာဏာ လော့ခ်ချလိုက်သည်ပင်မမှီလိုက်။ ထို့ကြောင့် သူပါ ကားပေါ်မှအမြန်ဆင်းလိုက်ချိန်တွင် ဂျစ်ကားက Taxiတစ်စီးကိုတားကာ တက်သွားသည်မို့...


"ကျစ်!"


အာဏာတစ်ယောက် ကားပေါ်အမြန်ပြန်တက်ကာ ဂျစ်ကားစီးသွားသည့်ကားနောက်ကိုလိုက်ရင်း ဖုန်းကိုအဆက်မပြတ်ခေါ်နေမိသည်။ သို့သော် ကိုင်သူမရှိ။


ထိုစဉ် မာမီဆီမှဖုန်းဝင်လာသည်မို့...


"ကျစ်!"


ဖုန်းကိုင်ဖို့ဟန်ပြင်လိုက်ပြီးနောက် ဂျစ်ကားစီးသွားသည့်ကားကိုကြည့်လိုက်တော့ ကားကိုမမြင်ရတော့သည်မို့...


"ဟာကွာ တောက်!"


စိတ်တိုစွာဖြင့်တောက်ခေါက်လိုက်မိရင်း Steering Wheelကို လက်ဖြင့်ရိုက်ချလိုက်မိသည်။ မာမီ့ဖုန်းကျသွားသည်ကိုလည်းဂရုမစိုက်မိတော့ဘဲ ရင်ထဲတွင်အပူမီးတို့ကကြွတက်လာ၏။ ကားနံပါတ်ကိုမှတ်ထားလိုက်မိသည်မို့ အင်အားသုံးကာရှာခိုင်းလျှင်ရသော်ငြား သူ့မိသားစုဘက်မှလူများကိုမသုံးချင်သည်မို့ စဉ်းစားလိုက်မိတော့ နိုရာနှင့်Kingတို့ကိုသတိရသွားသည်။


အတွေးပေါ်လာသည်နှင့် ချက်ချင်းဖုန်းဆက်လိုက်တော့ တစ်ဖက်မှဖုန်းကိုင်လာသည်မို့...


"Hello နိုရာ...ငါ့ကို ကူညီပါဦး"


"....."


"ဂျစ်ကား ငါ့ကိုစိတ်ဆိုးပြီးကားပေါ်ကဆင်းသွားတာ...ပြီးတော့ Taxiတစ်စီးပေါ်တက်သွားတယ်... ငါနောက်ကလိုက်နေတုန်း မာမီ့ဆီကဖုန်းဝင်လာလို့အာရုံများသွားတာနဲ့ ကားကိုလွတ်သွားတယ်...နံပါတ်က xxxxxxxxx...အရင်ဆုံး Kingကို သူ့ဆီဖုန်းခေါ်ခိုင်းကြည့်ဦး...ဆက်သွယ်လို့ရရင် အိမ်ကိုခေါ်ထားပေးပါလား... ဒီတစ်ညပါပဲကွာ"


"....."


"သူအရွယ်ရောက်တာငါသိပေမယ့် ကလေးက ရန်ကုန်ကိုလည်လည်ဝယ်ဝယ်ရှိသေးတာမဟုတ်ဘူး...ပြီးတော့ ခေတ်ကာလကလည်း စိတ်ချရတာမဟုတ်ဘူးလေကွာ...ဒီတစ်ညပဲသူ့ကိုထိန်းထားပေး...သူက ငါ့ကိုပဲမမြင်ချင်တာဆိုတော့ မင်းတို့နဲ့အဆင်ပြေမှာပါ"


"....."


"အေး ကျေးဇူးကွာ...ကလေးက သဘောကောင်းပါတယ်...ဒီနေ့ကတော့  သူငါ့ကိုစိတ်ဆိုးနေလို့...မင်း သူနဲ့စကားပြောကြည့်ရင် သိလာမှာပါ...အဲ့ဒါဆိုဒါပဲနော် နိုရာ...အဆက်အသွယ်ရရင် သူမသိအောင်ငါ့ကိုအသိပေးပါဦး"


"....."


ထို့နောက်တွင်တော့တစ်ဖက်မှဖုန်းချသွားသည်မို့ သူသက်ပြင်းချလိုက်မိသည်။


ကလေးကို အန္တရာယ်ကင်းကင်းနဲ့ရှာတွေ့ပါစေ...


"King ဖုန်းဝင်လား"


"အင်း"


ဘေဘေးတစ်ယောက် တစ်ဖက်မှဖုန်းကိုင်မကိုင်ကိုစောင့်ကြည့်နေရင်း မကိုင်သည်နှင့် သူ့လူများကိုဖြန့်ခိုင်းလိုက်တော့ဖို့အဆင်သင့်ပြင်ထားလိုက်သည်။


ထိုစဉ် Kingက သူ့ကိုကြည့်လာပြီး ခေါင်းညိတ်ပြလာသည်မို့ သက်ပြင်းချလိုက်မိ၏။


Kingက လိပ်စာကိုပြောလိုက်သည်မို့ တစ်ဖက်မှလာဖို့ကိုလက်ခံလိုက်မှန်းသိလိုက်သည်။ အချိန်အားဖြင့် ၉နာရီပင်ခွဲနေပြီဖြစ်သောကြောင့် သားနှစ်ယောက်က အိပ်ရာဝင်သွားကြပြီဖြစ်သည်။


45 minutes later,


နှစ်ယောက်သား လုပ်စရာရှိသည့်အလုပ်များကိုလုပ်ရင်းနှင့် စောင့်နေလိုက်ကြသည်မို့ အချိန်တို့ကုန်ဆုံးသွားသည်ကိုပင်သတိမထားမိကြတော့။


ထိုစဉ်...


Ringing...


Kingကဖုန်းကိုင်လိုက်ပြီးနောက်...


"အင်း စောင့်နေ"


ထိုစကားကိုသာပြောပြီး ဖုန်းကိုချလိုက်ကာ ဘေဘေးကိုကြည့်လိုက်ရင်း...


"ငါသွားခေါ်လိုက်မယ်"


ပြောလာသူကို ဘေဘေးခေါင်းညိတ်ပြလိုက်ပြီး...


"အင်း ငါလည်းအာဏာ့ဆီဖုန်းဆက်လိုက်မယ်"


"အင်း"


ထို့နောက်တွင်တော့...


"King...သင်္ခါ့ကို အဝတ်တွေထုတ်ပေးလိုက်ဦး"


"အင်း"


"အင်း ငါ Barမှာစောင့်နေမယ်"


"အင်း"


ပြောပြီးနောက် ဘေဘေး Bar Roomဆီထွက်လာခဲ့လိုက်ပြီး ဝိုင်ပုလင်းများထဲမှတစ်ပုလင်းကို ရွေးချယ်ကာထုတ်လိုက်သည်။ ဝိုင်ခွက်သုံးခွက်ကို အဆင်သင့်ချထားလိုက်ပြီးနောက် စောင့်နေလိုက်ရင်း အာဏာ့Msgများကို Replyပြန်လိုက်၏။


တစ်ဖန် လိုင်းပေါ်တက်ကာ ဟိုကြည့်ဒီကြည့်လုပ်လိုက်ရင်း King's Husband Accကို မဝင်ရတာကြာပြီမို့ ဝင်ဖို့ပြင်လိုက်တော့သည်။


Zawgyi//


"ကေလးရာ...သူကအကူအညီေတြအမ်ားႀကီးေပးထားေတာ့ ကိုယ္လည္းမကူညီလို႔မေကာင္းလို႔ပါကြာ... သဘက္ခါညေနက် မရရေအာင္ျပန္လာခဲ့မယ္ေနာ္"


"ဝမ္းသေဘာ"


"စိတ္မဆိုးပါနဲ႔ကြာ"


"....."


"ကိုယ္ ကေလးအတြက္လက္ေဆာင္ေတြအမ်ားႀကီးဝယ္ထားတယ္"


"ဖုန္းခ်လိုက္ေတာ့"


"ဘာလို႔လဲ ခုမွခဏပဲေျပာရေသးတာကို...ကိုယ့္ကိုစိတ္ဆိုးေနေသးတာလား"


"အင္း"


"စိတ္မဆိုးပါနဲ႔ကြာ"


"ဝမ္းသေဘာအတိုင္းလုပ္ခ်င္တာလုပ္ၿပီးၿပီ...ဆက္လုပ္လိုက္"


"ကိုယ္တကယ္ သဘက္ခါျပန္လာခဲ့မွာပါ"


"မတည္ႏိုင္ရင္ မေျပာနဲ႔"


"ကိုယ္တကယ္တည္ပါ့မယ္"


"ဝမ္းေရာက္လာမွဆက္ေျပာ"


"အင္းပါ"


"အင္း ဖုန္းခ်လိုက္"


"အင္းပါ ကေလးေနေကာင္းေအာင္ေနေနာ္"


"အင္း ဝမ္းေရာပဲ"


"အင္းအင္း ဒါဆို ကိုယ္ဖုန္းခ်လိုက္ၿပီေနာ္"


ထို႔ေနာက္တြင္ တစ္ဖက္မွဖုန္းခ်သြားသည့္အသံေၾကာင့္ အစ္ကိုျဖစ္သူ၏ေပါင္ေပၚတြင္ေခါင္းတင္လွဲကာ ဂိမ္းေဆာ့ေနသည့္ႏိုႏို႔မ်က္ႏွာေလးက ၿပဳံးစိစိျဖစ္သြား၏။


ဂိမ္းေဆာ့ေနရာမွမ်က္လုံးကိုလွန္ၾကည့္လိုက္ေတာ့ တည္တင္းေနသည့္ကိုကို႔မ်က္ႏွာကို ျမင္လိုက္ရသည္မို႔...


"ကိုကို တကယ္ႀကီးစိတ္ဆိုးေနတာပဲ...ဒီမွာေနခ်င္ေသးလား...မေနခ်င္ရင္ထေပးမယ္"


ေျပာၿပီးထဖို႔ျပင္လိုက္ေတာ့...


"ဘာမွမျဖစ္ဘူး...ႏိုႏိုဆက္လွဲခ်င္လွဲ"


ႏွစ္ေယာက္သား အဖြားျဖစ္သူ၏ဥယ်ာဥ္ထဲရွိ ဒန္းရွည္တစ္ခုေပၚသို႔ေရာက္ေနၾကျခင္း။


"ၿပီးေရာ...ကိုကို စကားေျပာခ်င္ရင္ေျပာေနာ္...ဂိမ္းကအေရးမႀကီးဘူး"


ဧကတစ္ေယာက္ ေပါင္ေပၚတြင္လွဲကာ ေအးေအးေဆးေဆးဂိမ္းေဆာ့ရင္း ေျပာေနသည့္ ညီျဖစ္သူအားငုံ႔ၾကည့္မိသည္။ ပါပါးထံမွအေမြရထားသည့္ မေဟာ္ဂနီေရာင္ဆန္ဆန္ဆံပင္ေကာက္ေလးေတြက ေကာက္ေကြးေနျခင္းမဟုတ္ဘဲ ၾကည့္ေကာင္း႐ုံသာ။ ႏိုႏို႔အသားအရည္က ပါပါးထက္ မာမားတို႔ဘက္ကိုပိုသန္လာသည္မို႔ ႏို႔ႏွစ္ေရာင္အနည္းငယ္ေရာေသာ္လည္း ျဖဴဝင္းသည့္ဘက္ပိုေရာက္၏။


ပါပါးလိုမ်ိဳး နက္ေစြးေနသည့္မ်က္ဝန္းမ်ားရွိေသာ္ျငား ႏိုႏို႔မ်က္ေတာင္ေလးေတြက ပိုရွည္လာသလိုပင္။ ႏိုႏို႔တြင္ထူးျခားခ်က္ကေတာ့ ဆံပင္ႏွင့္ႏႈတ္ခမ္းျဖစ္သည္။ ပုံမွန္အခ်ိန္ေတာ္ေတာ္မ်ားမ်ားတြင္ ပါးစပ္ႏွင့္အစားမျပတ္သလို စကားလည္းမ်ားေနတတ္သည့္ကေလးမို႔ သူ႔ႏႈတ္ခမ္းပုံစံကိုေသခ်ာျမင္ရသည္ကရွား၏။


ႏႈတ္ခမ္းလွလြန္းသည့္ကေလးမို႔ Lip Care Products Companyမ်ားက ပါပါးကိုအကူအညီလွမ္းေတာင္းဖူးေသာေၾကာင့္ ပါပါးတစ္ေယာက္ ခဏခဏျငင္းခဲ့ရဖူးသည္။ ဆံပင္ႏွင့္ပတ္သက္၍လည္း ႏိုႏိုကနာမည္ႀကီး၏။ ယခင္ ပါပါးအလုပ္မ်ားခဲ့စဥ္ ဆံပင္ရွည္ျမန္သည့္ႏိုႏို႔ဆံပင္လႈိင္းတြန္႔ေလးမ်ားက ပုခုံးထိရွည္ခဲ့ဖူးသည္။


အ႐ုပ္ေလးႏွင့္တူသည့္ႏိုႏို႔ကိုျမင္သူတိုင္း မခ်စ္ဘဲမေနႏိုင္ၾက။ ႏိုႏိုႏွင့္လည္းတအားလိုက္သည္မို႔ ပါပါးကလည္း ဒီတိုင္းၾကည့္ေနခဲ့ေသးသည္။ သို႔ေသာ္ Haircare Products Companyမ်ားက ဝိုင္းဝန္းကမ္းလွမ္းလာၾကျပန္သည္မို႔ ပါပါးတစ္ေယာက္ အႀကိမ္ႀကိမ္ထပ္ျငင္းခဲ့ရျပန္သည္။


ေနာက္ပိုင္းတြင္ စီးပြားေရးသမားမ်ားက ကေလးကိုတိုက္႐ိုက္ကပ္ခ်င္လာၾကသည္မို႔ ေနာက္ဆုံး ႏိုႏိုကိုယ္တိုင္ကစိတ္ညစ္လာၿပီး ဆံပင္ညႇပ္ေပးဖို႔ေျပာလာေတာ့သည္။ ထိုခ်ိန္မွစ၍ ႏိုႏိုက ဆံပင္တိုေလးႏွင့္သာ ျပန္ေနခဲ့၏။


သို႔ေပမဲ့ ယခုတြင္ ဆံပင္တို႔ကအေတာ္ေလးသိသိသာသာျပန္ရွည္လာျပန္သည္။ ခဏခဏညႇပ္ရေလေလ၊ ပို၍အရွည္ျမန္ေလေလျဖစ္ေနသည့္ပုံပင္။ အပူအပင္ကင္းသည့္ႏိုႏို႔မ်က္ႏွာေလးက အၾကည္ဓာတ္ရွိသည္မို႔ ႏိုႏို႔ကိုျမင္တိုင္းစိတ္ခ်မ္းသာသည္ဟု လူတိုင္းကေျပာၾက၏။


ႏိုႏိုက အေကာင္းျမင္စိတ္မ်ားၿပီး လူမႈဆက္ဆံေရး၌အရမ္းေတာ္သည္။ ဉာဏ္ေကာင္းလြန္းသည့္ကေလးျဖစ္သည့္အေလ်ာက္ က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္းလည္းျမင့္သည္။ ထို႔ျပင္ အေျပာခ်ိဳၿပီး ခ်ီးက်ဴးတတ္လြန္းသည္မို႔ သူ႔ကသာအမွန္တကယ္လိုလားၿပီဆိုလွ်င္ သူ႔ကိုမခ်စ္သည့္သူမရွိၾက။ အစပိုင္းအျမင္မၾကည္လွ်င္ေတာင္ နည္းနည္းေလာက္စကားေျပာ႐ုံႏွင့္ ထိုအျမင္မၾကည္မႈမ်ားအားလုံးကို တိုက္ထုတ္ႏိုင္သည့္ကေလးျဖစ္၏။


ထိုသို႔ လူမႈဆက္ဆံေရးေကာင္းလြန္းသည္မို႔ စိတ္ပူရသည့္အခ်က္မ်ားလည္းရွိေနျပန္သည္။ ႏိုႏိုက အားလုံးကို တစ္သမတ္တည္းဆက္ဆံေသာ္လည္း အထင္လြဲေနၾကသူမ်ားကရွိတတ္ၾကေသးသည္။ ေက်ာင္းတြင္ ညီအစ္ကိုႏွစ္ေယာက္စလုံးနာမည္ႀကီးေသာ္ျငား ခပ္တည္တည္ေနတတ္ေသာသူ႔ထက္ အၿပဳံးခ်ိဳေသာႏိုႏိုက ဆရာ၊ဆရာမ၏အခ်စ္ေတာ္ျဖစ္ေန႐ုံသာမက ေက်ာင္းသား၊ေက်ာင္းသူ အႀကီး၊အငယ္မေ႐ြးကလည္း သေဘာက်ၾက၏။


ထို႔ျပင္ မနာလို၍ရန္စလာသည့္ေက်ာင္းသားတစ္ခ်ိဳ႕ပင္ ႏိုႏိုႏွင့္ခင္မင္ေနၾကၿပီျဖစ္သည္။


ဧကတစ္ေယာက္ ႏိုႏို႔မ်က္စိနားေရာက္ေနသည့္ဆံပင္ေလးကို အသာဖယ္ေပးလိုက္ရင္း...


"ဆံပင္ေတြျပန္ရွည္ေနၿပီ"


"အြန္း ထပ္ညႇပ္ရဦးမွာ"


ႏိုႏိုက ဂိမ္းေဆာ့ေနရင္းခ်က္ခ်င္းျပန္ေျဖသည္။


ညီျဖစ္သူ၏ဆံပင္ေလးမ်ားကိုအသာဖြၾကည့္ေနရင္း ဧက၏အေတြးတို႔ကဟိုလြင့္ဒီလြင့္။ ထို႔ေနာက္ ႏိုႏို႔ဆံပင္အိအိေလးမ်ားကိုအနည္းငယ္ျပန္သပ္ေပးလိုက္ၿပီး...


"ဆံပင္ရွည္ျပန္မထားေတာ့ဘူးလား"


ေျပာလိုက္ေတာ့ ႏိုႏိုကႏွာေခါင္းေလးရႈံ႕ၿပီး...


"ထပ္ၿပီးလာေျပာၾကရင္စိတ္ညစ္စရာႀကီး...ဘာလို႔လဲ...ဝါး ထူးထူးဆန္းဆန္း ကိုကိုကစကားေတြအမ်ားႀကီးေျပာလို႔ပါလား"


"ႏိုႏိုက ဆံပင္ရွည္နဲ႔လိုက္တယ္"


"ဝါးဝါး ကိုကိုဧကသကၠရာဇ္တို႔က အတည္ေပါက္ႀကီးေတြေျပာေနတာပဲ...ေနဦး ေနဦး... ဒီေန႔ကိုမွတ္တမ္းတင္ရမယ္...ၿပီးေတာ့ ႏိုႏိုလည္းဆံပင္ရွည္ျပန္ထားမယ္... ကိုကိုထူးထူးဆန္းဆန္းစကားေတြအမ်ားႀကီးေျပာတဲ့ေန႔က ႏိုႏိုဆံပင္ရွည္ျပန္ထားတဲ့ေန႔ပဲ...လာ ကိုကို... ဓာတ္ပုံ႐ိုက္ၾကမယ္"


ေျပာေျပာဆိုဆိုႏွင့္ ႏိုႏိုကလွဲေနရာမွထလာၿပီးေနာက္ အစ္ကိုျဖစ္သူအားေက်ာဘက္မွေန၍သိုင္းဖက္လိုက္ၿပီး ပုခုံးတစ္ဖက္ထက္သူ႔ေမးဖ်ားေလးကိုတင္လိုက္ကာ...


"ကိုကို ႐ိုက္ၿပီေနာ္"


ထိုစကားအဆုံး တစ္ပုံတစ္ပုံႏွင့္ ပုံေပါင္းႏွစ္ဆယ္ေလာက္ျဖစ္သြားေတာ့သည္။ ထိုပုံမ်ားထဲမွ ဧက၏ပါးကိုညႇစ္ကာ သူက႐ုပ္ေျပာင္လုပ္ေနသည္ပုံ၊ ဧက,ကသူ႔ပါးကိုဆြဲဖ်စ္သည့္ပုံ၊ ဧကမ်က္ႏွာကၿပဳံးရိပ္သန္းေနၿပီး သူက မ်က္လုံးတစ္ဖက္ပိတ္ထားေသာပုံႏွင့္ ဧက၏ပုခုံးထက္ သူ႔ေမးဖ်ားကိုတင္ကာ႐ိုက္ထားသည့္ပုံမ်ားကိုေ႐ြးခ်ယ္ကာ သူ႔ Facebook Acc၌ တင္လိုက္ေတာ့၏။


ထိုပုံမ်ားသည္ မၾကာခင္တြင္ Pageေတာ္ေတာ္မ်ားမ်ား၌ျပန္႔သြားမည္မွာအေသအခ်ာျဖစ္သည့္အျပင္ တစ္ခ်ိဳ႕မသိသူမ်ားကလည္း ညီအစ္ကိုႏွစ္ေယာက္ကို Shipၾကဦးမည္။ ထိုအခါ သူတို႔၏ အမာခံFanမ်ားက ဝင္ရွင္းၾကရဦးမည္မွာလည္း အေသအခ်ာပင္။


"ဒီခ်ိန္ေလာက္ဆို ဖိုးဖိုးနဲ႔ဒယ္ဒီတို႔ စကားေျပာလို႔ၿပီးေလာက္ၿပီလား မသိဘူးေနာ္"


ႏိုႏိုက အိမ္ထဲကိုတစ္ခ်က္ၾကည့္ကာ ေျပာလိုက္ျခင္း။


"အင္း ပါပါးေခၚမွဝင္ၾကတာေပါ့"


"အြန္း အဲ့ဒါပဲေကာင္းတယ္...ဒါဆို ကိုကိုနဲ႔ႏိုႏိုအတူဂိမ္းေဆာ့ၾကရေအာင္"


"အင္း"


ဧည့္ခန္းထဲတြင္ေတာ့ ဦးသီဟကိုတစ္ေယာက္ မိမိေရွ႕မွအမ်ိဳးသားငယ္အားတစ္ခ်က္ၾကည့္ကာ ၿပဳံးလိုက္မိသည္။ မ်က္ႏွာထားသည္ ေရာက္လာကတည္းကျမင္ခဲ့ရသည့္အတိုင္း ပကတိတည္ၾကည္စြာ။


စကားအပိုမေျပာတတ္ဘဲ လုပ္သင့္သည္မ်ားကိုသာလုပ္ေပးတတ္သူမို႔ သားအတြက္ သူအေတာ္ေလးစိတ္ခ်ရပါသည္။ ႏႈတ္ႏွင့္ ကတိေပါင္းစုံေပးကာခ်စ္ျပေနတတ္သူမဟုတ္ဘဲ လက္ေတြ႕ဂ႐ုစိုက္ေနပုံမ်ားသည္ လူႀကီးမ်ားေရွ႕မ်က္ႏွာရေအာင္တကူးတကဂ႐ုစိုက္ျပေနျခင္းမ်ိဳးမဟုတ္ဘဲ ပုံမွန္တြင္လည္းလုပ္ေဆာင္ေနတတ္ျခင္းမ်ိဳးျဖစ္ေၾကာင္းကို ထိုဂ႐ုစိုက္မႈမ်ားႏွင့္အသားက်ေနသည့္ သား၏ပုံစံမ်ားကိုၾကည့္႐ုံျဖင့္သိႏိုင္ပါ၏။


"သားကို ေဖေဖ့သားက အရမ္းသေဘာက်ေနတာ"


"ဟုတ္ကဲ့"


စကားကခဏရပ္သြားၿပီးမွ ဆက္ေျပာလာ၏။


"ကြၽန္ေတာ္လည္းသေဘာက်ပါတယ္"


နား႐ြက္ဖ်ားတို႔အနည္းငယ္နီသြားသည္ကိုျမင္လိုက္ရေသာ္လည္း ျပန္ေျဖလာသည္မို႔ ဦးသီဟကိုထပ္မံၿပဳံးလိုက္မိရင္း...


"သူကနည္းနည္းေတာ့ဆိုးတယ္မလား"


"ႏိုရာက လူေကာင္းပါ"


ထိုစကားေၾကာင့္ ဦးသီဟကို ရယ္လိုက္မိသည္။


"ေဘေဘးကို လူေကာင္းလို႔ေျပာတာသားတစ္ေယာက္ပဲရွိေသးတယ္...ဒီကေလးသားေရွ႕မွာ အေရခြံၿခဳံထားတာပဲေနမွာ... သားမသိလို႔ေနာ္ အဲ့ေကာင္ေလးကတကယ့္လူဆိုးေလး"


"ႏိုရာက ဆိုးတယ္လို႔ထင္ရတာပါ"


"ဟုတ္လား သူ႔ကိုမဆိုးဘူးလို႔တကယ္ထင္တယ္ေပါ့"


"ဟုတ္ကဲ့ သူဆိုးလည္းအေၾကာင္းရွိလို႔ပါ"


"ဟားဟား ဟုတ္ပါၿပီကြာ...ႏွစ္ေယာက္သား လိုက္လည္းလိုက္တယ္...အခ်င္းခ်င္း အမႊမ္းတင္လိုက္ၾကတာဆိုတာ လူငွားေခၚစရာမလိုဘူး"


"....."


ေျပာလိုက္ရင္းျဖင့္ ဦးသီဟကိုရယ္ေနရာမွ တျဖည္းျဖည္းႏွင့္မ်က္ႏွာကအနည္းငယ္တည္တည္တံ့တံ့ျဖစ္သြား၏။


"အင္း သားတို႔ႏွစ္ေယာက္ကိုေတာ့ ေဖေဖ့ဘက္ကသေဘာမတူစရာေတာ့ မရွိပါဘူး...သားက ေဘေဘးကိုအရမ္းဂ႐ုစိုက္ေပးလို႔ ေဖေဖစိတ္ခ်ပါၿပီ"


"....."


“ဒါေပမယ့္ အခုေဖေဖဆက္ေျပာမွာကို စိတ္ထဲတစ္မ်ိဳးေတာ့မထင္ေစခ်င္ဘူး"


"ဟုတ္ကဲ့"


ဦးသီဟကို ပင့္သက္ဖြဖြတစ္ခ်က္ရႈိက္လိုက္ၿပီးမွ ဆက္ေျပာလိုက္၏။


"လူ႔စိတ္ဆိုတာ ဖမ္းထားလို႔မရတဲ့အတြက္ အလုံးစုံကခိုင္ၿမဲေနရမယ္လို႔ ေဖေဖ့မွာအစြဲမရွိပါဘူး...အဲ့ဒါေၾကာင့္ အကယ္၍မ်ားေပါ့ေနာ္... သားဘက္က ေဘေဘးအေပၚစိတ္ကြက္တာမ်ိဳးရွိလာခဲ့ရင္ သူ႔ကိုလက္နဲ႔ေတာင္တစ္ခ်က္မ႐ြယ္ဖို႔ ေတာင္းဆိုခ်င္တာပါ..."


"....."


"ေနာက္ၿပီး ေဘေဘးေလးကိုမလိုခ်င္ေတာ့တာမ်ိဳးရွိလာခဲ့ရင္ ေဖေဖတို႔ကိုတရားဝင္ေျပာၿပီးျပန္အပ္ေပးပါ... အဲ့ခ်ိန္က် သားကိုေဖေဖတို႔စိတ္မဆိုးပါဘူး...ေဘေဘးက သားကိုမေႏွာင့္ယွက္ေတာ့ေအာင္လည္း ေဖေဖတို႔ဘက္ကထိန္းေပးပါ့မယ္"


"....."


"အင္း သားစိတ္ညစ္သြားၿပီလားမသိဘူး...ဒါက ေဖေဖ သားကိုေစာ္ကားတာမဟုတ္ဘူးေနာ္"


"ဟုတ္ကဲ့"


သူ၏ဝါက်ေပါင္းမ်ားစြာအေပၚျပန္တုံ႔ျပန္မႈသည္ ထိုစကားလုံးႏွစ္လုံးမွ်သာ။ အေျဖတစ္ခုခုဆက္လာဦးမည္ဟုထင္ခဲ့ေသာ္ျငား မည္သည့္စကားမွထပ္ထြက္မလာေတာ့။ ဦးသီဟကိုတစ္ေယာက္ ေရွ႕မွအမ်ိဳးသားငယ္၏မ်က္ႏွာရိပ္ကိုအကဲခတ္လိုက္ေတာ့လည္း ပုံမွန္ပင္ျဖစ္ေနသည္မို႔ သက္ျပင္းကိုသာခပ္ဖြဖြခ်လိုက္မိသည္။


အျခားသူေတြသာဆိုလွ်င္ သူ႔ကိုကတိအထပ္ထပ္ေပးေလာက္မည္ျဖစ္ေသာ္လည္း သူ႔ေရွ႕တြင္ရွိေနသည့္ သား၏သက္ဆိုင္သူကေတာ့ မည္သို႔ေတြးသည္မသိ။


ထို႔ေနာက္ သူကပင္စကားစကိုျပန္ဆြဲထုတ္ကာေျပာလိုက္ရၿပီး အခ်ိဳ႕ေသာသူမသိသည့္အေၾကာင္းအရာမ်ား၊နယ္ပယ္မ်ားအေၾကာင္းကိုေမးရင္း၊ သားျဖစ္သူ၏အေၾကာင္းမ်ားကိုေျပာရင္းႏွင့္ ဆက္လက္၍ရင္းႏွီးမႈယူလိုက္ရ၏။


ကမာၻပတ္လာခဲ့သည့္အေတြ႕အႀကဳံမ်ားအားလုံးကိုပင္ ေက်းဇူးတင္ေနရသည္။ မဟုတ္လွ်င္ သား၏သက္ဆိုင္သူအား ေျပာစရာစကားကိုမနည္းရွာထုတ္ရမည္သာ။


ႏွစ္ေယာက္သား မိနစ္အနည္းငယ္ၾကာေအာင္ စကားစျမည္ေျပာၿပီးသည့္အခ်ိန္တြင္ေတာ့…


"ေဟာ ေျမးတို႔ကဘယ္ေရာက္ေနၾကတာလဲ"


လူမေရာက္ခင္ႀကိဳေရာက္လာေသာ ဇနီးသည္၏ေမးခြန္းေၾကာင့္...


"ၿခံထဲခဏဆင္းမယ္ ေျပာသြားၾကတာပဲ"


ေဒၚပန္းေသြးငယ္က သစ္သီးပန္းကန္တို႔ကို စားပြဲေပၚခ်လိုက္ရင္းမွ ေနာက္မွလိုက္လာေသာ ေဘေဘးကိုလွမ္းေျပာလိုက္သည္။


"သားေရ ေျမးတို႔ကိုေခၚလိုက္ဦး"


ေဘေဘး၏လက္ထဲတြင္လည္း သစ္သီးပန္းကန္ႏွစ္ပန္းကန္ႏွင့္မို႔ ေဘေဘးက ပန္းကန္တို႔ကိုခ်လိုက္ရင္း...


"King မင္းသြားေခၚ"


"အင္း"


သားျဖစ္သူေျပာလိုက္သည္ႏွင့္ ခ်က္ခ်င္းထထြက္သြားသူေၾကာင့္ ဦးသီဟကိုႏွင့္ေဒၚပန္းေသြးငယ္ တို႔ႏွစ္ေယာက္ ၿပဳံးစိစိျဖစ္သြားၾကေတာ့၏။


Kingႏွင့္အတူ ကေလးႏွစ္ေယာက္လုံးျပန္ဝင္လာၾကၿပီးေနာက္တြင္ေတာ့ ႏိုႏို၏စကားဝိုင္းထဲသို႔ လူႀကီးမ်ားအားလုံးေရာက္သြားၾကေတာ့သည္။


အားလုံး ေပ်ာ္ေပ်ာ္ပါးပါး စားေသာက္ၾကရင္း၊ စကားေျပာၾကရင္းႏွင့္ ညေနေရာက္လာေတာ့ လူႀကီးမ်ားအားလုံးကိုႏႈတ္ဆက္ကာ ျပန္လာခဲ့လိုက္ၾက၏။


<<<>>>


"လွတယ္မလား"


"အင္း"


"အင္း ဒီကို ပီအိုက္နဲ႔ပီနန္းတို႔လာဖူးတယ္... အဲ့ေန႔က မင္းသားေတြနဲ႔ေတြ႕သြားတာေလ"


"ပီနန္းေျပာဖူးတယ္"


ထိုစဥ္တြင္ ေလကအနည္းငယ္တိုက္လာသည္မို႔ ေဘေဘး၏မ်က္လုံးေလးမ်ားကအနည္းငယ္ေမွးစင္းသြားၾကေတာ့...


"ေအးလို႔လား"


ေမးလည္းေမး၊ ပုခုံးမွသိုင္းဖက္ကာ ရင္ခြင္ခ်င္းအပ္ေစလိုက္သူေၾကာင့္ ေဘေဘးၿပဳံးလိုက္မိသည္။


"မင္းရွိေနရင္ ေအးလည္းျဖစ္တယ္"


စကားအဆုံး နဖူးထက္ေႏြးခနဲျဖစ္သြားၿပီးေနာက္...


"အင္း"


အခ်ိန္အားျဖင့္ ည၆နာရီခြဲသာရွိေသးေသာ္ျငား ေန႔တာတိုသည့္ကာလမို႔ ေန႔အလင္းေရာင္ေပ်ာက္ေနၿပီျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ႏွစ္ေယာက္သား M-Ferrea၏ေခါင္မိုးထပ္ဆီသို႔ ေရာက္ေနၾကျခင္း။


သားႏွစ္ေယာက္က စာလုပ္စရာရွိ၍အေစာင့္မ်ားႏွင့္အတူက်န္ရစ္ခဲ့ၾကသည္။ King၏ အခန္းေဖာ္ႏွင့္ခ်ိန္ထားသည္က ၇နာရီျဖစ္ေသာ္ျငား ႏွစ္ေယာက္သားေအးေဆးေနခ်င္သည္မို႔ ခပ္ေစာေစာတက္လာျဖစ္ၾကသည္။


ေဘေဘးတစ္ေယာက္ King၏ရင္ခြင္တြင္းမွ႐ုန္းထြက္လိုက္ၿပီးေနာက္ လက္မွဆြဲေခၚလိုက္ရင္း...


"ထိုင္ရေအာင္"


"အင္း"


ႏွစ္ေယာက္သား ကံ့ေကာ္ပြင့္သဏၭာန္စားပြဲရွိရာ ထိုင္ခုံတို႔တြင္ဝင္ထိုင္လိုက္ၾကၿပီးေနာက္ ေဘေဘးက ဆိုင္ဝင္းထဲကိုလွမ္းၾကည့္လိုက္ရင္း ခပ္ေဆြးေဆြးေလသံျဖင့္ ေျပာလိုက္၏။


"ငါမင္းကိုအရမ္းလြမ္းေနခဲ့တာ"


"....."


စကားအဆုံး ႏူးညံ့သည့္အၾကည့္တို႔ျဖင့္စိုက္ၾကည့္လာသူေၾကာင့္ ေဘေဘးၿပဳံးျပလိုက္ၿပီး...


"ဒီမွာရွိသမွ်အရာေတြအားလုံး ကံ့ေကာ္ေတြပဲျဖစ္ေနတာ ငါမင္းကိုအရမ္းလြမ္းေနခဲ့တယ္ဆိုတဲ့သက္ေသပဲ"


"....."


ထိုအခါ မ်က္ဝန္းႏွစ္စုံသည္ M-Ferrea၏ဝန္းထဲရွိ ကံ့ေကာ္ႏွင့္သက္ဆိုင္ေသာ အရာမ်ားအားလုံးထံ ေဝ့ဝဲၾကည့္ရႈလိုက္မိၾကရင္း...


"မင္းကိုလြမ္းေနရတာလည္းေကာင္းတယ္သိလား...ငါ့ Creative Skillေတြလည္းတက္လာသလို ကဗ်ာဆန္ဆန္ေတြပါေတြးတတ္လာတာ...မင္းေၾကာင့္ ဆိုင္နာမည္ကိုလည္း စဥ္းစားမိလာတာ...အစကေတာ့ Mesua Ferrea(ကံ့ေကာ္ပန္း) လို႔အျပည့္ေပးမလို႔ပဲ...ၿပီးမွ M-Ferreaလို႔ေပးလိုက္တာ...ငါေတာ္တယ္မလား”


"အင္း မင္းလက္ေတြေအးလာၿပီ"


ယွက္သြယ္ထားသည့္လက္တို႔မွအေအးဓာတ္ကိုခံစားလိုက္ရပုံရကာ ေျပာလာၿပီးေနာက္ Kingက ထိုင္ခုံႏွစ္ခုံကို ပို၍နီးကပ္သည္အထိဆြဲယူကာထိုင္လိုက္ၿပီး ေဘေဘး၏လက္ႏွစ္ဖက္လုံးကိုဆြဲယူကာ သူလက္ဖဝါးႏွစ္ဖက္ျဖင့္အုပ္ကိုင္ထားရင္း ေႏြးေထြးေစ၏။


ထိုလုပ္ရပ္ေၾကာင့္ ေဘေဘးသေဘာက်စြာျဖင့္ နံေဘးမွလူ၏ပုခုံးစြန္းတစ္ဖက္အား ဖ်တ္ခနဲနမ္းလိုက္ရင္း...


"ငါတကယ္ မင္းမရွိရင္မျဖစ္ေတာ့ဘူး"


"ငါအၿမဲရွိတယ္"


ထိုစဥ္...


Ringing...


King၏ဖုန္းမွျမည္လာသံေၾကာင့္...


"ေရာက္ၿပီထင္တယ္"


"အင္း"


Kingကဖုန္းကိုင္လိုက္ေတာ့ တစ္ဖက္မွ ေရာက္ေနၿပီဟုဆိုလာသည္မို႔ ေဘေဘးလည္း Counterကိုဖုန္းလွမ္းဆက္ကာ ႀကိဳခိုင္းလိုက္၏။


မၾကာခင္တြင္ ေလွကားထစ္မ်ားဆီမွ တက္လာသံမ်ားကိုၾကားလိုက္ရၿပီးေနာက္...


"ဧည့္သည္ေတြေရာက္လာပါၿပီ ေဘာ့စ္"


ဆိုင္မန္ေနဂ်ာ၏ အသိေပးသံထြက္လာသည္မို႔လွည့္ၾကည့္လိုက္ၾကၿပီးေနာက္တြင္ေတာ့...


"ေဟာ အာဏာ...မင္းပါ ပါလာတာလား"


ေဘေဘးက အာဏာ့ကိုအံ့ဩစြာၾကည့္ၿပီးေျပာလိုက္ေတာ့...


"ေအး ဒါနဲ႔ ဂ်စ္ကားေျပာတဲ့အသိဆိုတာ Kingကိုေတြ႕ဖို႔လား"


အာဏာကလည္း ေခါင္းညိတ္ကာျပန္ေျဖလာၿပီးေနာက္ နံေဘးမွလူကို ထပ္ေမးလိုက္သည္မို႔...


"အင္း ဒါဆို ကိုကိုက Kingနဲ႔သိေနတာလား...ဒါနဲ႔ေနပါဦး...King မင္းနဲ႔သူက..."


သခၤါ့စကားသည္ ထပ္အုပ္ကာဆုပ္ကိုင္ထားသည့္လက္ႏွစ္စုံကိုျမင္ၿပီးေနာက္တြင္ ရပ္တန္႔သြားေတာ့၏။


အာဏာတစ္ေယာက္ အနည္းငယ္ ရယ္ခ်င္သလိုျဖစ္သြားၿပီးေနာက္...


"ကဲ အရင္ဆုံးထိုင္ၿပီးမွဆက္ေျပာၾကတာေပါ့"


ထို႔ေနာက္တြင္ ႏွစ္ေယာက္သား ထိုင္ခုံအလြတ္ႏွစ္လုံး၌ ဝင္ထိုင္လိုက္ၾကေတာ့သည္။


အာဏာတစ္ေယာက္ လက္ရွိအျဖစ္ကိုတစ္ခ်က္ရယ္လိုက္မိၿပီး...


"အဲ့ဒါေၾကာင့္ မန္ေနဂ်ာက ေခါင္မိုးထပ္ကိုေခၚလာေတာ့ ငါတကယ္အံ့ဩသြားတာ... လက္စသတ္ေတာ့ သူလာေတြ႕တဲ့သူက မင္းတို႔ျဖစ္ေနတာကိုး"


အာဏာ့စကားေၾကာင့္ ေဘေဘးရယ္လိုက္မိၿပီး...


"ေအး ငါလည္း မင္းပါလာမယ္လို႔ထင္မထားဘူး...မင္းညီနဲ႔ သူ႔သူငယ္ခ်င္းတစ္ေယာက္ေယာက္လာမယ္ပဲထင္တာ"


"ကြၽန္ေတာ္က ကိုကို႔သူငယ္ခ်င္းမဟုတ္ဘူး"


"ဂ်စ္ကား!"


"....."


ေဘေဘးတစ္ေယာက္ ေရွ႕မွလူႏွစ္ေယာက္ကိုၾကည့္ကာ အေျခအေနကိုသေဘာေပါက္သြားေတာ့သည္မို႔ အနည္းငယ္ ၿပဳံးခ်င္ခ်င္ျဖစ္သြားေတာ့၏။


"အာဏာ မင္းညီေလးက ငါ့ကိုသိပ္မၾကည္ဘူးထင္တယ္"


ရယ္ခ်င္စိတ္ကိုထိန္းကာစလိုက္ေတာ့...


"မဟုတ္ပါဘူးကြာ...ဂ်စ္ကားက ငါ့ကိုနည္းနည္းစိတ္ဆိုးေနလို႔...ဒီကေလးက ကေလးစိတ္ပဲရွိေသးတာ"


"ကိုကို ေတာ္လိုက္ေတာ့ဗ်ာ...ဒါနဲ႔ King...မင္းနဲ႔သူက ဘယ္လိုျဖစ္ၿပီး...ေနပါဦး ဒါဆို ကိုကိုက Kingကို ဟိုးအရင္ကတည္းကသိတာေပါ့"


"အင္း"


သခၤါတစ္ေယာက္ ယခုခ်ိန္ထိ ရႈပ္ေထြးေနဆဲျဖစ္ကာ ေရွ႕မွစုံတြဲကိုျပန္ၾကည့္လိုက္မိၿပီးေနာက္...


"မင္းတို႔က တြဲေနတာလား...ဘယ္လိုျဖစ္ၿပီး..."


"ကိုယ္တို႔က ယူထားတာ"


"ဟမ္!"


"သားႏွစ္ေယာက္ေတာင္ရွိတယ္"


"....."


ထိုစကားတို႔ေၾကာင့္ သခၤါပင္ဆြံ႕အသြား႐ုံမက အာဏာကပါ သူတို႔ႏွစ္ေယာက္ကိုအံ့ဩစြာၾကည့္လာၿပီး...


"မင္းတို႔ကဘယ္တုန္းကယူလိုက္ၾကတာလဲ"


"တစ္ပတ္ျပည့္ဖို႔ တစ္ရက္လိုဦးမယ္ထင္တယ္...ေနာ္ King"


"အင္း"


"....."


"....."


ထို႔ေနာက္တြင္ေတာ့ အာဏာေမးသမွ်ေမးခြန္းမ်ားကို ေဘေဘးကဒိုင္ခံေျဖေနစဥ္ Menu Bookမ်ားကိုယူေဆာင္လာသည့္ စားပြဲထိုးေကာင္ေလးတစ္ေယာက္ေရာက္လာသည္မို႔...


"ေနဦး ငါတို႔ စားဖို႔ေတြမွာၿပီးမွဆက္ေျပာရေအာင္"


သူတို႔အားလုံး မွာစရာရွိသည္မ်ားကိုမွာၿပီးေနာက္ စားပြဲထိုးေလးက ျပန္ဆင္းသြား၏။ အာဏာႏွင့္ေဘေဘးတို႔ကစကားေတြေျပာေနၾကေသာ္ျငား သခၤါႏွင့္Kingတို႔ကေတာ့ ၿငိမ္သက္စြာ။


သခၤါတစ္ေယာက္ ေရွ႕မွKingကိုၾကည့္လိုက္ေတာ့ Kingက ျမင္ေနက်အတိုင္းမ်က္လႊာခ်ကာၿငိမ္ေနရင္း နံေဘးမွတစ္ေယာက္၏လက္တစ္ဖက္ကို သူ႔လက္ဖဝါးႏွစ္ဖက္ၾကားထဲထည့္ထားကာ အုပ္ကိုင္ထားၿပီး လက္မတို႔ျဖင့္ အနည္းငယ္ပြတ္သပ္ေပးေနသည္ကို အတိုင္းသားျမင္ေနရသည္။


တစ္ဖန္ နံေဘးမွလူအားေသခ်ာၾကည့္လိုက္မိသည္။ ၿပဳံးရယ္ၿပီးစကားေျပာေနတာေတာင္မွ မ်က္ဝန္းနက္တို႔က သိသာလွစြာပင္။ ဓာတ္ပုံမ်ားထဲတြင္ေတြ႕ရသည္ထက္ ပို၍ၾကည့္ေကာင္းသူဆိုတာကိုေတာ့ျငင္း၍မရ။ ဂ်စ္ကန္ကန္ပုံစံဟုထင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ေတာ့ ေဖာ္ေ႐ြလြန္းသည့္ပုံစံမ်ိဳးျဖစ္ေန၏။


ေရွ႕မွလူႏွစ္ေယာက္ကိုတစ္လွည့္စီၾကည့္ေနမိရင္း လိုက္ဖက္သည္ဟုပင္ခံစားမိလာသည္အထိ။ ႏွစ္ႏွင့္ခ်ီ၍အျမင္ကတ္ခဲ့သူကို ဒုတိယအႀကိမ္ အေကာင္းျမင္မိျခင္းပင္။


ပထမအႀကိမ္ကေတာ့ ကိုကို႔ကို လုံးဝမႀကိဳက္ေၾကာင္းသိလိုက္ရသည့္အခ်ိန္တြင္ျဖစ္သည္။


သို႔ေသာ္ သူ႔စိတ္ထဲသိပ္ေတာ့မၾကည္ခ်င္ပါ။ အခ်စ္ရဆုံးသူႏွင့္ အခင္ရဆုံးသူငယ္ခ်င္းက ထိုလူ႔အေပၚ ေမတၱာတို႔လွ်ံက်ယိုဖိတ္ေနသည္ကို ျမင္ေနရသည္မို႔ မနာလိုျဖစ္မိသည့္စိတ္တို႔က ထိန္း၍မရ။


ထို႔သို႔ၾကည့္ေနရင္းျဖင့္ မ်က္ဝန္းနက္တို႔ႏွင့္တစ္ခ်က္ဆုံသြားေတာ့ တစ္ဖက္မွၿပဳံးျပလာသည္မို႔ မ်က္ႏွာကိုခ်က္ခ်င္းလႊဲလိုက္မိသည္။ သူ႔ကိုယ္သူကေလးဆန္ေနၿပီမွန္းသိေသာ္လည္း မတတ္ႏိုင္။ လက္ရွိအခ်ိန္တြင္ ထိုလူ႔ကိုမွမဟုတ္၊ ကိုကိုႏွင့္Kingကိုပင္ၿပဳံးမျပခ်င္ေတာ့။


ထို႔ေၾကာင့္ စိတ္ထြက္ေပါက္ရလိုရျငား ဖုန္းကိုထုတ္လိုက္ၿပီး ဟိုၾကည့္ဒီၾကည့္လုပ္လိုက္ရင္းမွ King's Husbandထံသို႔ ရင္ဖြင့္လိုက္မိသည္။


‘ငါအခု ဟိုဘဲကို အျပင္မွာမ်က္ႏွာခ်င္းဆိုင္ေတြ႕ေနရတယ္၊ တကယ္ေတာ့ ငါ့အခန္းေဖာ္ကိုပဲလာေတြ႕တာပါကြာ၊ ျဖစ္ခ်င္ေတာ့ သူနဲ႔ငါ့အခန္းေဖာ္က ယူထားတာတဲ့၊ ငါလည္း ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး၊ အခု သူနဲ႔ကိုကိုကစကားေတြေျပာေနၿပီ ငါနဲ႔ငါ့အခန္းေဖာ္ကေတာ့ စကားေတာင္မေျပာျဖစ္ဘူး’


‘.....’


‘ မင္းလည္းသိပါတယ္၊ငါသူ႔ကိုအရမ္းမၾကည္တာမဟုတ္ေပမယ့္ ငါ့အခ်စ္ဆုံးသူနဲ႔အခင္ဆုံးသူငယ္ခ်င္းက သူ႔ပဲဂ႐ုစိုက္ေနၾကေတာ့ နည္းနည္းမနာလိုျဖစ္ေနတယ္၊ စိတ္လည္းမၾကည္ေတာ့ဘူး၊ ၿပီးေတာ့ အဲ့ဘဲကအျပင္မွာေတာ္ေတာ္မိုက္တယ္၊ ငါ့အခန္းေဖာ္က ေတာ္ေတာ္ႀကီးေခ်ာတာ၊ ေခ်ာတာမွေတာ္ေတာ္ႀကီးေနာ္၊ လွလည္းလွတယ္၊ အဲ့ဒါေၾကာင့္ ငါ့အခန္းေဖာ္ကို ဘယ္သူနဲ႔မွတြဲျမင္လို႔ေတာင္မရခဲ့ဘူး’


‘.....’


‘ဒါေပမယ့္ အဲ့ဘဲနဲ႔က် ေတာ္ေတာ္ႀကီးလိုက္သလိုပဲ၊ ငါလည္း႐ူးသြားၿပီလားေတာင္မသိဘူး၊ ဘယ္သူ႔ကိုမွဂ႐ုမစိုက္တဲ့ ငါ့အခန္းေဖာ္ကလည္း အဲ့ဘဲကိုေတာ့ အရိပ္တၾကည့္ၾကည့္နဲ႔၊ လက္ေတာင္ကိုင္ထားလိုက္ၾကေသး၊ ၿပီးေတာ့ေလ သိလား၊သူတို႔မွာသားႏွစ္ေယာက္လည္းရွိတယ္၊ ယူထားတာ တစ္ပတ္ေလာက္ေတာင္ရွိေနၿပီတဲ့၊ ေသာက္က်ိဳးနည္းပဲ ငါ့ေကာင္ေရ၊ မင္းသာဒီစာေတြကိုဖတ္မိရင္ ငါ့ကိုရယ္မွာငါသိတယ္၊ ဒါေပမယ့္ ငါ့မွာလည္းေျပာစရာဆိုလို႔မင္းပဲရွိတာ၊ စကားမစပ္ မင္းဒီအေကာင့္ကိုလည္းတစ္ခ်က္တစ္ခ်က္ျပန္သုံးပါဦး’


ထို႔ေနာက္ စိတ္ထဲအနည္းငယ္ေပါ့သြားသလိုခံစားလိုက္ရသည္မို႔ သက္ျပင္းကိုခပ္ဖြဖြခ်လိုက္မိစဥ္...


"အာဏာ မင္းရဲ႕ညီကေတာ္ေတာ္ေအးတာပဲ"


သူ႔ကိုရည္႐ြယ္ေသာစကားသံေၾကာင့္ၾကည့္လိုက္ေတာ့ ၿပဳံးရိပ္သန္းေနေသာမ်က္ဝန္းမ်ားကိုေတြ႕လိုက္ရသည္မို႔...


"ကြၽန္ေတာ္က သူ႔ညီမဟုတ္ဘူး"


"ဂ်စ္ကား"


"ဘာလဲ သူလာေျပာလို႔ျပန္ေျပာတာေလ... ကိုကိုက သူ႔ကိုဆိုအၿမဲကာဆီးကာဆီးနဲ႔...ကြၽန္ေတာ္က စကားေတာင္ျပန္ေျပာလို႔မရဘူးလား"


"ေအးေလ အာဏာရာ...မင္းညီက ကေလးမွမဟုတ္ေတာ့တာကို"


"က်စ္! ကြၽန္ေတာ္ကသူ႔ကိုႀကိဳက္ေနတာ...သူ႔ညီမဟုတ္ဘူး...သူ႔ဘာသာသူေတာင္ အတင္းေတြ ညီအစ္ကိုျဖစ္ခ်င္ေနတာကို ခင္ဗ်ားကတစ္မ်ိဳး"


"ဪ ကိုယ္လည္းမသိဘူးေလ...အာဏာကအဲ့လိုပဲေျပာေတာ့ အဲ့လိုပဲမွတ္တာေပါ့"


"အဲ့လိုပဲေျပာမွာေပါ့...ခင္ဗ်ားကိုသူကႀကိဳက္ေနတာကို အမွန္အတိုင္းေျပာမလား"


"ဂ်စ္ကား ေတာ္ေတာ့!"


အာဏာ၏တားဆီးသံေနာက္ ေဘေဘး၏ ရယ္သံတို႔က ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာၿပီး...


"ဪ အဲ့ဒါေၾကာင့္ မင္းက ကိုယ့္ကိုမၾကည္တာကိုး...လက္စသတ္ေတာ့ တရားခံကအာဏာျဖစ္ေနတာပဲ...ဟားဟား... ဟုတ္တာေပါ့ သူၾကည့္မရတာလည္း အျပစ္ေျပာလို႔မရဘူးပဲ...မင္းကေရွ႕ကအဲ့လိုေတြေျပာထားေတာ့ သူကငါ့ကိုၾကည့္မရ၊ခုက် ငါကသူ႔သူငယ္ခ်င္းရဲ႕ေယာက္်ားျဖစ္ေနေတာ့ ဟားဟား"


"ႏိုရာ ရာ...ငါေျပာခဲ့တာ ေတာ္ေတာ္ၾကာပါၿပီ...သူကေတာက္ေလွ်ာက္စကားနာေတြထိုးေနလို႔သာ ငါထပ္ရွင္းမျပေတာ့တာ... Crushရဲ႕ကေလးကိုထိန္းေနလိုက္ဆိုၿပီးလည္း ငါ့ကိုခဏခဏေျပာေသးတာ... ဒီေကာင္ေလးအေၾကာင္း မင္းတို႔မသိလို႔"


"ဟားဟား"


ထိုစဥ္ ေခါင္မိုးထပ္ရွိမီးမ်ားအားလုံးမွိတ္သြားသည္မို႔...


"ဟာ!"


"ဟာ ဘာျဖစ္တာလဲ"


အာေမဋိတ္သံမ်ား ထြက္လာၿပီးေနာက္တြင္ အေမွာင္ထုၾကား ႐ုတ္တရက္လင္းလာေသာစားပြဲေၾကာင့္ အံ့ဩသလိုအၾကည့္မ်ားျဖင့္ၾကည့္ေနၾကသည့္ သုံးေယာက္ကိုၾကည့္ကာ ေဘေဘးတစ္ခ်က္ၿပဳံးလိုက္မိ၏။


မၾကာခင္တြင္ စားစရာမ်ားေရာက္လာေတာ့မည္မွန္း သူသိလိုက္သည္။


အျဖဴေရာင္ပြင့္ခ်ပ္မ်ား၏အလင္းမ်ားအလယ္တြင္ ေ႐ႊဝါေရာင္ဝတ္မႈံမ်ားထံမွအလင္းမ်ားက တလက္လက္ျဖစ္ေနသည္မွာ ျမင္ရသူကိုမ်က္စိမက်ိန္းေစဘဲ လွပစြာ။


အာဏာတစ္ေယာက္ စားပြဲကိုၾကည့္ကာ ေခါင္းတညိတ္ညိတ္လုပ္လိုက္ၿပီး...


"ၾကားဖူးတဲ့အတိုင္း တကယ္လွတာပဲ...ငါလည္း ဂ်စ္ကားေက်းဇူးေၾကာင့္ ခုမွပဲျမင္ဖူးေတာ့တယ္"


ထိုအခ်ိန္၌ ေျခသံမ်ားကိုၾကားလိုက္ရၿပီးေနာက္ စားစရာမ်ားေရာက္လာခ်ၾကသည္မို႔ သူတို႔အားလုံးအစားကိုသာဦးတည္၍စားဖို႔ျပင္လိုက္ၾက၏။


ထိုသို႔ စားဖို႔ျပင္လိုက္ခ်ိန္မွစ၍ Kingက ေဘေဘးစားဖို႔အတြက္ အားလုံးကိုအဆင္သင့္ျပင္ေပးၿပီးမွ သူ႔ဘာသာစားဖို႔ျပင္သည္။ ထို႔ျပင္ ငါးခဲပတ္ကင္မွအသားမ်ားကို အ႐ိုးမပါေအာင္ေသခ်ာႏႊင္ေပးၿပီး ေဘးေဘးပန္းကန္ႏွင့္သူ႔ပန္းကန္ၾကားရွိ ပန္းကန္အလြတ္ထဲသို႔ အဆင္သင့္ထည့္ေပး၏။


ဟင္းရည္မ်ားကိုလည္း ေဘေဘးကိုယ္တိုင္ထည့္စရာမလိုဘဲ သူကပင္ထည့္ေပးသည္။ ေထာပတ္ေက်ာက္ပုဇြန္ကင္မ်ားကိုလည္း အခြံခြာကာအဆင္သင့္လုပ္ေပးၿပီး အခ်ဥ္ရည္ကုန္သြားလွ်င္လည္း ေျပာစရာပင္မလိုေအာင္ျဖည့္ေပးသည္မို႔ ေဘေဘးအေနႏွင့္ အဆင္သင့္ထိုင္စား႐ုံပင္။


သို႔ေသာ္ ေဘေဘးကလည္းသူ႔ဘာသာမစား။ ေက်ာက္ပုဇြန္တစ္ေကာင္ကို သူစားၿပီးသည္ႏွင့္ ေနာက္တစ္ေကာင္ကိုအခ်ဥ္တို႔ကာ Kingကိုခြံ႕ေကြၽးသည္။ ငါးကင္ကိုလည္းထိုအတိုင္းပင္။ သူတစ္လုတ္စားၿပီးသည္ႏွင့္ Kingကိုတစ္လုတ္ခြံ႕ေကြၽးသည္။ တစ္ေယာက္က စားဖို႔ျပင္ေပးကာ ေနာက္တစ္ေယာက္က စားလည္းစားရင္း၊ျပင္ေပးသူအားလည္းခြံ႕ေကြၽးေနရင္းမို႔ ႏွစ္ေယာက္လုံးလက္မလည္သလို အစားလည္းမပ်က္၊ အားလည္းမအားၾက။


ေဘေဘးက ဝက္နံ႐ိုးသားကင္ကို အပ္မႈိေထာင္းတင္ကာ ဆလပ္႐ြက္ႏွင့္ေသခ်ာထုပ္ၿပီး သူလည္းစားကာ Kingကိုလည္း ခြံ႕ေကြၽးလိုက္ေသး၏။ ႏွစ္ေယာက္သား မစားခဲ့ရသည့္ရက္မ်ားကိုအတိုးခ်ကာစားေနၾကျခင္းမို႔ ေရွ႕မွႏွစ္ေယာက္ကိုေတာင္ဂ႐ုမစိုက္ျဖစ္ၾက။


သခၤါႏွင့္အာဏာတို႔ကေတာ့ Eating Show႐ိုက္ေနသည့္အလား တက္ညီလက္ညီစားေနၾကေသာ ေရွ႕မွစုံတြဲကိုၾကည့္ပင္မၾကည့္ႏိုင္ၾကေတာ့။


အာဏာတစ္ေယာက္ နံေဘးရွိဂ်စ္ကားကိုလွည့္ၾကည့္လိုက္ေတာ့ ဂ်စ္ကားကလည္းသူ႔ကိုျပန္ၾကည့္သည္။ သို႔ေသာ္ မ်က္ႏွာေသႏွင့္ျပန္လွည့္သြားၿပီး သူ႔ဘာသာဆက္စားေနသည္မို႔ သူလည္း စားစရာရွိသည္ကိုသာဆက္စားလိုက္မိ၏။


15 mins later...


ဘာမေျပာညာမေျပာႏွင့္ ႐ုတ္တရက္ထရပ္လိုက္ေသာဂ်စ္ကားေၾကာင့္...


"ဘယ္သြားမလို႔လဲ"


အာဏာက ေမာ့ၾကည့္ကာေမးလိုက္ေတာ့...


"Toiletကို"


"အင္း ကိုယ္လိုက္ပို႔မယ္"


"ရတယ္ မလိုက္နဲ႔"


ေျပာၿပီးထထြက္သြားသူေၾကာင့္ ေဘေဘးတစ္ခ်က္လွည့္ၾကည့္လိုက္မိစဥ္...


"ႏိုရာ ငါလိုက္သြားလိုက္မယ္"


Kingက ခြင့္ေတာင္းသလိုေျပာလာသည္မို႔ ေဘေဘးေခါင္းညိတ္ျပလိုက္ၿပီး...


"အင္း ဂ႐ုစိုက္ေပးလိုက္ဦး"


"အင္း"


Kingကမသြားခင္ သူ႔ Long Coatကိုခြၽတ္လိုက္ၿပီး ေဘေဘး၏ ကိုယ္ေပၚထပ္ကာၿခဳံေပးလိုက္ၿပီးမွ ေနရာမွထြက္ကာ သခၤါ့ေနာက္လိုက္သြားေတာ့သည္။


ထို႔ေနာက္ ေဘေဘးက အာဏာ့ကိုၾကည့္ကာရယ္လိုက္မိၿပီး...


"စိတ္ပူမေနနဲ႔...King ျပန္ေခၚလာေပးလိမ့္မယ္"


ေျပာလိုက္ေတာ့ အာဏာကလည္း ရယ္လိုက္၏။


"အဲ့ကေလးက ေတာ္ေတာ္ဆိုးလာတာ"


"ငါတို႔ထက္ဘယ္ေလာက္ငယ္လို႔လဲ"


"ႏွစ္ႏွစ္ငယ္တယ္...အဲ့ေလာက္ပဲဆိုေပမယ့္ ငါတို႔အားလုံးကအလိုလိုက္ထားၾကေတာ့ အဲ့လိုပဲ"


"ဪ"


ေဘေဘးက ထိုသို႔သာဆိုၿပီး ေခါင္းတညိတ္ညိတ္ႏွင့္ ၿပဳံးစိစိလုပ္ေနသည္မို႔...


"ဘာျဖစ္ေနတာလဲ မင္း႐ုပ္က"


အာဏာ့အေမးေၾကာင့္ ေဘေဘးရယ္လိုက္မိၿပီး...


"မင္းကေလးက မင္းကိုျပန္စားမယ့္ကိန္းျမင္ေနလို႔"


"ေပါက္ကရကြာ...သူေျပာတာေတြကို စိတ္ထဲလိုက္ထည့္မေနနဲ႔...တကယ္ေတာ့ကြာ သူငယ္ငယ္က ငါနဲ႔ပဲနီးခဲ့လို႔ ကေလးကအဲ့စိတ္ဝင္သြားတယ္လို႔ငါထင္တာပဲ...ဂ်စ္ကားက တကယ္အစြဲႀကီးတာ... သူ႔ေခါင္းအုံးတို႔၊ ဖက္လုံးတို႔၊ အိပ္ရာတို႔ေတာင္ စြဲေနတတ္တဲ့ကေလးဆိုေတာ့ ငါ့ကိုအဲ့လိုျဖစ္ေနတာလည္း အျပစ္ေျပာလို႔မရဘူး...ဒါေပမယ့္ အဲ့ဒါကသူထင္သလိုလည္းမဟုတ္ေလာက္ဘူး"


"ဟုတ္ေနရင္ေရာ"


"ဘာကိုလဲ"


"အာဏာ မင္းက သူမ်ားစိတ္ကိုလိုက္ဖတ္ေနတာပဲ...အကယ္၍သာ သူကတကယ္ႀကီး မင္းကိုႀကိဳက္ေနတာဆိုရင္ေရာ"


"မျဖစ္ႏိုင္တာ"


ခ်က္ခ်င္းျငင္းလာေသာအာဏာေၾကာင့္ ေဘေဘးသက္ျပင္းခ်လိုက္မိ၏။


"ငါေျပာတာ အကယ္၍လို႔ထည့္ေျပာၿပီးသားေလ...အကယ္၍ သူကတကယ္ႀကိဳက္ေနတာဆို မင္းလုပ္ေနသမွ်က သူ႔ကိုတကယ္နာက်င္ေစမွာေနာ္"


"....."


"မင္း အျခားေကာင္ေလးေတြနဲ႔ေတာင္တြဲႏိုင္ၿပီး သူ႔က်မွဘာျဖစ္ေနတာလဲ"


"ဂ်စ္ကားက ငါ့လက္ထဲမွာႀကီးလာတဲ့ကေလးေလကြာ...ငါက ဘယ္လိုလုပ္ အဲလိုလုပ္ရက္မွာလဲ"


"သူ႔အသက္က ၂၈ဆိုတာလည္း မေမ့နဲ႔ဦး"


"ငါသိပါတယ္"


"ဒါဆို မင္းသူ႔ကိုနည္းနည္းမွစိတ္မဝင္စားတာလား"


ေမးလိုက္ေတာ့ အာဏာကရယ္လိုက္ရင္း...


"သူ႔ကိုအဲ့လိုင္းထဲ ထည့္ကိုမေတြးဖူးတာ"


ထိုစကားေၾကာင့္ ေဘေဘးေခါင္းခါလိုက္မိသည္။


"မင္းလိုေကာင္ကိုမွႀကိဳက္မိတဲ့သူ႔ကိုေတာင္ ငါသနားလာၿပီ"


ေျပာလိုက္ေတာ့ အာဏာကရယ္လာ၏။


"သူႀကိဳက္တာခံရတဲ့ငါ့ကိုပဲ အရင္သနားဦး...ငါ့ကိုႀကိဳက္တယ္သာေျပာတာ...တစ္ခ်က္မွ စကားနားမေထာင္တာပဲၾကည့္... ေနာက္ၿပီး ျမန္မာျပည္ေရာက္လာတဲ့ေန႔ကတည္းက အဲ့႐ုပ္ျဖစ္ေနတာ...ငါတစ္ခြန္း သူတစ္ခြန္းပဲ...မထင္ရင္မထင္သလိုေတြေျပာေနတာ...တကယ္မလြယ္ဘူး"


ႏွစ္ေယာက္သား ၾကားထဲတြင္ျဖစ္ပ်က္ခဲ့သည့္ အခ်ိဳ႕ေသာအေၾကာင္းအရာမ်ားကို ေျပာရင္း ထြက္သြားသူႏွစ္ေယာက္ကိုေစာင့္ေနလိုက္ၾကသည့္အခ်ိန္၌ တစ္ဖက္တြင္ေတာ့...


Kingတစ္ေယာက္ သခၤါ့ေနာက္ေက်ာကိုျမင္ေနရေသာ္လည္း အမွီမလိုက္ဘဲ ပုံမွန္အတိုင္းသာလိုက္သြားလိုက္သည္။ ထို႔ေနာက္တြင္ သခၤါက Toiletဘက္သို႔မသြားဘဲ ဆိုင္အျပင္ဘက္ထိထြက္လိုက္ၿပီး အပင္မ်ားစိုက္ထားသည့္ေနရာမွခုံတန္းဆီဦးတည္ေလွ်ာက္သြားသည္မို႔ သူလည္းထိုေနရာဆီဦးတည္လိုက္၏။


သခၤါတစ္ေယာက္ ခုံတန္းရွည္တြင္ထိုင္လိုက္ၿပီးမွ Kingကိုေတြ႕လိုက္သည္မို႔...


"မင္းလိုက္လာတာမသိလိုက္ဘူး...လာ ထိုင္ေလ"


"....."


ေျပာလည္းေျပာ ေဘးကိုအနည္းငယ္ေ႐ႊ႕ေပးသည္မို႔ ဝင္ထိုင္လိုက္သည္။ ႏွစ္ေယာက္သား စကၠန္႔ပိုင္းေလာက္ ၿငိမ္သက္ေနၾကၿပီးေနာက္...


"သူကမင္းကိုေတာ္ေတာ္ခ်စ္တဲ့ပုံပဲ"


"....."


သခၤါက ပတ္ဝန္းက်င္ကိုၾကည့္ကာ ေျပာလိုက္ျခင္းျဖစ္ၿပီး နံေဘးရွိKingကိုလွည့္ၾကည့္ကာ တစ္ခ်က္ၿပဳံးလိုက္၏။


"ဆိုင္နာမည္ကအစ Decorationအဆုံး မင္းနဲ႔သက္ဆိုင္တာေတြခ်ည္းပဲ"


"အင္း"


ထိုအခါမွ ျပန္တုံ႔ျပန္လာသူေၾကာင့္ သခၤါ အနည္းငယ္ၿပဳံးလိုက္မိသည္။


"ေကာင္းပါတယ္...မင္းတို႔ႏွစ္ေယာက္က တကယ္လိုက္တယ္...ငါေတာင္ မနာလိုျဖစ္တဲ့အထိပဲ"


"....."


စကားဆုံးသြားေသာ္ျငား တုံ႔ျပန္သံမရွိသည္မို႔ ႏွစ္ေယာက္သား အပင္မ်ားကို တိတ္ဆိတ္စြာေငးၾကည့္ေနမိၾက၏။


၃မိနစ္ေလာက္အၾကာတြင္ေတာ့ သခၤါ့ထံမွ ခပ္ေလးေလးအသံ ျပန္ထြက္လာသည္။


"အ႐ူးလုပ္ခံရသလိုခံစားေနရတယ္"


"....."


အသံသည္တိတ္ဆိတ္မႈကို ခဏတာၿဖိဳခြင္းသြားၿပီးေနာက္ ျပန္လည္တိတ္ဆိတ္စြာ။ တစ္ဆက္တည္းမွာပင္ ပင့္သက္ရႈိက္သံသဲ့သဲ့ထြက္လာအၿပီးတြင္...


"ငါသူ႔ကို မင္းနဲ႔တြဲ႐ိုက္ထားတဲ့ပုံေတြခဏခဏပို႔ေပးခဲ့ဖူးတယ္"


"....."


"ငါကလည္း သူသဝန္တိုမလားဆိုၿပီးပို႔ခဲ့တာ...အဲ့တုန္းက သူကလည္းအသည္းအသန္ျပန္ေမးလာေတာ့ ငါအရမ္းေပ်ာ္ခဲ့တယ္...သူငါ့ကိုသဝန္တိုတယ္လို႔ ထင္ခဲ့မိတာ...သူမင္းအေၾကာင္းေတြေမးေတာ့လည္း ငါ့ေၾကာင့္လို႔ထင္ၿပီး သိသေလာက္ေျပာျပၿပီး စေနာက္ခဲ့မိတာ...ေနာက္ပိုင္း သူမေမးဘဲနဲ႔ေတာင္ လိုက္ေျပာျပေနခဲ့မိတယ္...အ႐ူးလိုပဲ...အဟက္... တကယ္ကိုအ႐ူးလိုပဲ"


"....."


ေျပာရင္းျဖင့္ ေငြ႕ရည္ဖြဲ႕လာသည့္မ်က္ဝန္းျပာတို႔သည္ ေကာင္းကင္ကိုေမာ့ေငးလိုက္ရင္း...


"မင္းရဲ႕သက္ဆိုင္သူအေပၚေတာ့ ငါစိတ္ရွင္းသြားပါၿပီ...ဒါေပမယ့္ အကုန္သိသြားေတာ့ ပိုၿပီးရင္နာလိုက္ရတယ္... ငါ ၁၂ႏွစ္ေလာက္ကတည္းက သူ႔ကို သေဘာက်လာခဲ့တာ အခု ၂၈ႏွစ္ထိပဲ...ဒါေပမယ့္ အဲ့ဒါေတြအားလုံးက သူ႔အတြက္ဘာမွမဟုတ္ခဲ့ဘူး...သူ႔အျမင္မွာ ငါကလူလားမေျမာက္ေသးတဲ့ကေလးတစ္ေယာက္ပဲ"


"....."


"မင္းသိလား...သူက ငါ့ကိုသာအဲ့လိုသတ္မွတ္ေနတာ...သူတြဲခဲ့သမွ်ေတြထဲ ငါ့ထက္ငယ္တဲ့သူေတြအမ်ားႀကီးပဲ"


"....."


"ဒီခ်ိန္မတိုင္ခင္ထိ သူငါ့ကိုခ်စ္ေနတယ္လို႔ထင္ခဲ့မိတာ... မင္းနဲ႔ငါ့ကိုသဝန္တိုေလာက္မယ္လို႔လည္း  ထင္ခဲ့မိေသးတယ္... ဒါေပမယ့္ လက္ေတြ႕မွာငါသိလိုက္ရတာက သူက ငါ့အတြက္ဘာမွမစဥ္းစားေပးခဲ့ဘူး ဆိုတာပဲ... ငါ့အတြက္လို႔အၿမဲေျပာခဲ့ေပမယ့္ ငါစိတ္ခ်မ္းသာခဲ့ရတာေတာ့မရွိဘူး"


"....."


"ဒါေပမယ့္ ငါသူ႔ကိုမခ်စ္ဘဲ မေနႏိုင္ဘူး...ငါအခု ခံစားရၿပီး နာက်င္ေနရတယ္... ရင္ထဲမွာတစ္ခုခုဆို႔ေနသလိုခံစားေနရတာေတာင္ ငါသူ႔ကိုခ်စ္ေနမိတုန္းပဲ... သူ႔ကိုခ်စ္တဲ့အခ်စ္ကိုရပ္တန္႔ဖို႔ ျငင္းဆန္ေနမိတုန္းပဲ"


"....."


အသံသည္ တစ္ခ်က္တစ္ခ်က္တြင္တုန္ယင္သြားသလို တစ္ခ်က္တစ္ခ်က္တြင္ေတာ့ အနည္းငယ္အက္ရွရွ။


"ႏွစ္ေတြအမ်ားႀကီး သူငါ့ကိုထားပစ္ခဲ့ၿပီး တစ္ခ်က္မွလွည့္မၾကည့္ခဲ့တာေတာင္ ဒီေန႔လိုအားမေလ်ာ့ခဲ့ဖူးဘူး... သူလည္းငါ့ကိုခ်စ္တယ္လို႔ ယုံၾကည္ေနခဲ့မိတာ...ဒါေပမယ့္..."


စကားသံသည္ အနည္းငယ္တုန္ယင္သြားကာ ခဏမွ်ရပ္သြားၿပီးမွ...


"ဒါေပမယ့္ ဒီေန႔ေတာ့ တကယ္မျဖစ္ႏိုင္ဘူးလားဆိုတဲ့စိတ္ဝင္လာတယ္...သူက ငါကလြဲရင္အားလုံးကိုတြဲႏိုင္တယ္...ငါတကယ္ဘာဆက္လုပ္ရမွန္းေတာင္မသိေတာ့ဘူး...အင္း ဒါက ခဏေလာက္ေတြေဝေနတာပဲ ျဖစ္မွာပါ... ငါအေျခအေနအားလုံးကိုျပန္သုံးသပ္ၾကည့္ရဦးမယ္...ၿပီးရင္ေတာ့ ငါအဆင္ေျပေလာက္မွာပါ... ဟုတ္တယ္မလား"


"အင္း"


"မင္းကလည္း နည္းနည္းပါးပါးအားေပးပါဦးလား"


"မင္းအဆင္ေျပမွာပါ"


"အင္း ဟုတ္တယ္ ငါအဆင္ေျပမွာ"


"အကူအညီလိုရင္ေျပာ"


"အင္း ေျပာမယ္...ေနာက္တစ္ခြန္း ထပ္အားေပးပါဦး ငါ့အခန္းေဖာ္ေဟာင္းႀကီး"


ေျပာလိုက္ေတာ့ Kingက အနည္းငယ္ၿငိမ္သက္သြားၿပီးေနာက္...


"ႏိုရာက ဉာဏ္ေကာင္းတယ္"


"ဟမ္ မင္းကလည္း...ငါ့ကိုအားေပးခိုင္းတာေလ"


"သူကမင္းကိုကူညီႏိုင္တယ္"


ထိုစကားေၾကာင့္ သခၤါတစ္ေယာက္ ရယ္လိုက္မိ၏။


"ဒါဆိုရင္ေတာ့ ကပ္ေပါင္းထားဦးမွပါ"


မိနစ္အနည္းငယ္ေလာက္ဆက္ထိုင္ေနမိၾကၿပီးေနာက္တြင္ေတာ့ ႏွစ္ေယာက္သား ေခါင္မိုးထပ္ဆီသို႔ျပန္တက္လာခဲ့လိုက္ၾက၏။


ေဘေဘးႏွင့္အာဏာတို႔ စကားေျပာေနၾကရင္း ေျခသံမ်ားကိုၾကားလိုက္ၾကရသည္မို႔...


"ျပန္လာၾကၿပီထင္တယ္"


စကားဆုံးၿပီးခဏအၾကာ၌ ေရွ႕ဆင့္ေနာက္ဆင့္ျပန္ေရာက္လာၾကၿပီးေနာက္ ေနရာတြင္ဝင္ထိုင္လိုက္ၾကေသာ Kingႏွင့္သခၤါ။


ေဘေဘးက သူ႔နံေဘးတြင္ Kingကဝင္ထိုင္လိုက္သည္ႏွင့္ ကိုယ္ေပၚတြင္ၿခဳံထားသည့္ Long Coatအားဆြဲယူလိုက္ၿပီး...


"King...Long Coatျပန္ဝတ္လိုက္"


"အင္း"


စကားအနည္းငယ္ေျပာဆိုၾကၿပီးေနာက္ နာရီကိုၾကည့္လိုက္ၾကသည့္အခ်ိန္တြင္ေတာ့ အခ်ိန္ကလည္းလင့္ေနၿပီမို႔ သူတို႔အားလုံး ျပန္ဖို႔ဆုံးျဖတ္လိုက္ၾကသည္။


ေအာက္ေရာက္ေတာ့ သခၤါက ဘယ္သူ႔ကိုမွႏႈတ္မဆက္ေတာ့ဘဲ ကားေပၚအရင္တက္သြားသည္မို႔ အာဏာက Kingႏွင့္ေဘေဘးကိုအားနာသလိုၾကည့္ကာႏႈတ္ဆက္လိုက္ၿပီးေနာက္ Driver Seatတြင္ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ကားမွန္ခ်ကာ ထပ္ႏႈတ္ဆက္၏။


"King၊ ႏိုရာ...ငါတို႔ျပန္ၿပီေနာ္"


"ေအး ဂ႐ုစိုက္သြား"


အာဏာက မွန္ကိုျပန္တင္လိုက္ၿပီးေနာက္ ကားကိုဂ႐ုတစိုက္ေမာင္းထြက္လိုက္သည္။ လမ္းမဆီသို႔ေမာင္းတက္လိုက္ၿပီးေနာက္ နံေဘးကိုတစ္ခ်က္လွည့္ၾကည့္လိုက္ေတာ့ ၿငိမ္သက္စြာထိုင္ေနသူက အျပင္ဘက္ကိုေငးၾကည့္ေနသည္မို႔...


"ကိုယ့္ကိုစိတ္ဆိုးေနတာလား"


"....."


ေမးလိုက္ေသာ္လည္း ဘာမွျပန္မေျပာလာသည္မို႔ သက္ျပင္းတစ္ခ်က္ခ်လိုက္မိၿပီးေနာက္...


"ဘယ္လိုပဲကိုယ့္ကိုစိတ္ဆိုးဆိုး ဒီေန႔ဂ်စ္ကားလုပ္ပုံက နည္းနည္း႐ိုင္းတယ္"


"....."


"က်စ္! ကိုယ္ေျပာေနတယ္ေလ"


"....."


"ေကာင္းၿပီ မင္းဘာမွမေျပာနဲ႔...ကိုယ္ပဲဆက္ေျပာမယ္...မင္းလည္း ဒီအ႐ြယ္ေရာက္ေနၿပီပဲ...အသက္က ၂၈ပဲျပည့္ေနၿပီ... မႀကိဳက္ဘူးဆိုရင္ေတာင္ Kingကမင္းသူငယ္ခ်င္း၊ ႏိုရာကလည္း မင္းသူငယ္ခ်င္းရဲ႕ သက္ဆိုင္သူပဲ... ဘယ္ေလာက္ပဲၾကည့္မရျဖစ္ေနပါေစ လူမႈေရးဆိုတာကရွိေသးတယ္...ဒီေန႔ မင္းလုပ္လာတာဘယ္ေလာက္အားနာဖို႔ေကာင္းလဲ"


သို႔ေသာ္ ဘာေျပာေျပာလွစ္လ်ဴရႈခံေနရျခင္းေၾကာင့္ အာဏာတျဖည္းျဖည္းေဒါသထြက္လာသည္မို႔ ကားကို လူရွင္းသည့္ လမ္းေဘးတစ္ေနရာတြင္ထိုးရပ္လိုက္ၿပီး…


"သခၤါဝီလ်ံဦး! မင္း လူႀကီးေတြကို ဘယ္လိုေတြ႐ိုင္းတတ္လာတာလဲ...ဒီဘက္ကိုလွည့္လိုက္"


"....."


"ဂ်စ္ကား! ကိုယ္ေျပာေနတယ္ေလ...ကိုယ္ေျပာရင္ လွစ္လ်ဴရႈတာကို ကိုယ္အမုန္းဆုံးေနာ္"


ထိုစကားအဆုံးတြင္ေတာ့...


"ဟုတ္လား မုန္းလိုက္ေလ"


အံႀကိတ္သံႏွင့္ေျပာလာၿပီးေနာက္ မ်က္ႏွာလွည့္လာသည္မို႔ အျပာေရာင္မ်က္ဝန္းတို႔ကိုကာရံထားသည့္ မ်က္ခမ္းေထာင့္စြန္းတို႔နီရဲေနသည္ကို ေတြ႕လိုက္ရေသာေၾကာင့္...


"ငိုထားတာလား"


ေမးလိုက္မိရင္းမ်က္ႏွာဆီလက္လွမ္းလိုက္မိေတာ့ ထိုလက္သည္ပုတ္ခ်ခံလိုက္ရ၏။


"လွစ္လ်ဴရႈခံရတာကို ခင္ဗ်ားပဲမုန္းတတ္တာမဟုတ္ဘူး"


"ဂ်စ္ကား!!! မင္းငါ့ကိုဘယ္လိုေတြေျပာေနတာလဲ"


ဂ်စ္ကားထံမွ မၾကားဖူးသည့္အသုံးအႏႈန္းေၾကာင့္ အာဏာစိတ္တိုစြာေအာ္လိုက္မိေတာ့...


"အ႐ူးလုပ္ရတာေပ်ာ္ရဲ႕လား...ဟမ္?...ကြၽန္ေတာ့္အခ်စ္ကို ကေလးစကား၊အ႐ူးစကားလို႔သတ္မွတ္ရတာေရာ ေပ်ာ္ရဲ႕လား...ဟုတ္တယ္ ကိုကိုေျပာသလို ကြၽန္ေတာ့္အသက္ ၂၈ျပည့္လို႔ေက်ာ္လည္းေက်ာ္ေနၿပီ... ေဝဖန္ပိုင္းျခားႏိုင္စြမ္းလည္းကြၽန္ေတာ္မွာရွိတယ္... အဲ့ဒါကိုေတာင္ ဘာလို႔မ်ား...ဟက္ ထားပါေတာ့"


စကားသံတို႔သည္ အနည္းငယ္အက္ရွရွျဖစ္ေနၿပီး အျပာေရာင္မ်က္ဝန္းတို႔ထက္ ေငြ႕ရည္ဖြဲ႕လာသည္ကိုအတိုင္းသားျမင္လိုက္ရသည္မို႔...


"ဂ်စ္ကား"


"ကိုကိုက ကြၽန္ေတာ့္ကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘူးပဲ"


"....."


ေလွာင္ရယ္သံစြက္ကာေျပာလာသူသည္ မည္သူ႔ကိုေလွာင္ေနသည္မသိ။'မဟုတ္ပါဘူး'ဟုေျပာကာ ေခ်ာ့လိုက္ခ်င္ေသာ္ျငား မိမိကိုယ္ကိုလည္း ျပန္ဆန္းစစ္ဖို႔လိုလာျပန္သည္မို႔ ေတြေဝေနမိသည္။


"ကြၽန္ေတာ္သာႀကိဳးစားရင္ ခင္ဗ်ားျပန္ခ်စ္လာလိမ့္မယ္လို႔ထင္ခဲ့တာ...ေနာက္ၿပီး ကြၽန္ေတာ္က ခင္ဗ်ားစိတ္ထဲမွာရွိေနမယ္လို႔ထင္ခဲ့တာ...ၿပီးေတာ့ Kingနဲ႔ကြၽန္ေတာ့္ကိုသဝန္တိုတယ္ထင္ၿပီး Kingအေၾကာင္းေတြေမးတယ္လို႔ထင္မိခဲ့တာ...ဟား! ကိုကို ခင္ဗ်ားက အရမ္းေတာ္တာပဲ"


စကားအဆုံး ေခါင္းေမာ့ကာရယ္လိုက္သူ၏ မ်က္ဝန္းေထာင့္စြန္းတို႔မွ မ်က္ရည္ၾကည္မ်ားစီးက်လာသည္ကို ကားမီးေရာင္ေအာက္မွျမင္လိုက္ရ၏။ လက္ကမ္းကာသုတ္ေပးလိုက္ခ်င္ေသာ္ျငား ပုတ္ထုတ္လာမည္ကိုသိ၍ စိတ္ကိုထိန္းကာ လက္သီးကိုဆုပ္ထားလိုက္မိသည္။


အက္ရွရွရယ္သံတို႔ရပ္သြားၿပီးေရာက္ ေလွာင္ၿပဳံးရိပ္သန္းေနေသာမ်က္ႏွာက သူ႔ဘက္လွည့္ၾကည့္လာၿပီး...


"ဒီေန႔ေတာ့ ျပတ္ျပတ္သားသား သိလိုက္ရပါၿပီ...ကိုကိုက ကြၽန္ေတာ့္ကို ဘယ္တုန္းကမွစိတ္ထဲမရွိခဲ့ဘူး... ေနာက္ၿပီး အေၾကာင္းျပခ်က္ကလည္း ကြၽန္ေတာ္ကိုယ္တိုင္ပဲ...ကိုကိုဘာလို႔မခ်စ္ႏိုင္လဲ၊ မတြဲႏိုင္လဲဆိုေတာ့ အဲ့လူက ကြၽန္ေတာ္ျဖစ္ေနလို႔ပဲ...အဲ့လူက ကိုကို႔ကိုေသာက္ရမ္းခ်စ္ေနမိတဲ့ကြၽန္ေတာ္ျဖစ္ေနလို႔ကို ကိုကိုကမခ်စ္ႏိုင္တာ"


"ဂ်စ္ကား!"


"ကြၽန္ေတာ့္ဘဝမွာ တစ္ခါမွေသခ်င္စိတ္မေပါက္ဖူးဘူး သိလား...ကိုကို ကြၽန္ေတာ့္ေရွ႕မွာ တစ္ေကာင္ၿပီးတစ္ေကာင္နဲ႔တြဲျပခဲ့တဲ့အခ်ိန္တုန္းကေတာင္၊ ေနာက္ၿပီး ကိုကို ကြၽန္ေတာ့္ကိုထားသြားၿပီး အဆက္ျဖတ္ထားခဲ့တဲ့အခ်ိန္ေတြကေတာင္ ကြၽန္ေတာ္ေသေလာက္ေအာင္ငိုၿပီးခံစားခဲ့ရေပမယ့္ ခုေလာက္ထိစိတ္ဓာတ္မက်ဖူးဘူး...ကြၽန္ေတာ္သာႀကိဳးစားရင္၊ ကိုကို႔ေနာက္အမွီလိုက္ႏိုင္ရင္ ကိုကို႔စိတ္ကိုယူႏိုင္မယ္လို႔ထင္ခဲ့တာ...ဒါေပမယ့္ ကြၽန္ေတာ္အခုေသပစ္လိုက္ခ်င္တဲ့အထိပဲ"


"ဂ်စ္ကား!!!! ေပါက္ကရေတြေတာ္စမ္း"


"ဟုတ္တယ္ အဲ့ေပါက္ကရေတြကိုလုပ္ခ်င္လာတဲ့အထိပဲ...ကြၽန္ေတာ္ ေမွ်ာ္လင့္ခဲ့သမွ်၊ ယုံၾကည္ခဲ့သမွ် ဘာမွမဟုတ္ဘူးဆိုတာသိလိုက္ရေတာ့ ေနေနရတဲ့ဘဝႀကီးကအလကားျဖစ္သြားသလိုပဲ...ထားပါေတာ့ ဒါေပမယ့္ ကြၽန္ေတာ္က ဦးေႏွာက္ရွိတဲ့လူပါ...အဲ့ဒါေၾကာင့္ ကိုကိုစိတ္ပူစရာမလိုပါဘူး...အခု ကြၽန္ေတာ္ ကိုကိုနဲ႔ဆက္မလိုက္ေတာ့ဘူး...ကြၽန္ေတာ္ဒီမွာဆင္းက်န္ေနခဲ့လိုက္မယ္"


"ဂ်စ္ကား!!!"


"ပိုက္ဆံအိတ္ပါတာမလို႔ စိတ္မပူဘဲ ဂ႐ုစိုက္ၿပီး အိမ္ကိုေရာက္ေအာင္ျပန္...မာမားေမးရင္လည္း စိတ္မပူဖို႔ေျပာလိုက္...ကြၽန္ေတာ္ေသမွာစိတ္မပူနဲ႔...ကိုကို႔ဆီမွာတင္ေနတဲ့ဝဋ္ေႂကြးက မေက်ေသးတာမလို႔ ကိုကို႔ကိုဆက္ခ်စ္ေနရဦးမွာ"


ခ်ေလာက္!!!


စကားဆုံးသည္ႏွင့္ တံခါးကိုခ်က္ခ်င္းဆြဲဖြင့္လိုက္ေသာဂ်စ္ကားေၾကာင့္ အာဏာ ေလာ့ခ္ခ်လိုက္သည္ပင္မမွီလိုက္။ ထို႔ေၾကာင့္ သူပါ ကားေပၚမွအျမန္ဆင္းလိုက္ခ်ိန္တြင္ ဂ်စ္ကားက Taxiတစ္စီးကိုတားကာ တက္သြားသည္မို႔...


"က်စ္!"


အာဏာတစ္ေယာက္ ကားေပၚအျမန္ျပန္တက္ကာ ဂ်စ္ကားစီးသြားသည့္ကားေနာက္ကိုလိုက္ရင္း ဖုန္းကိုအဆက္မျပတ္ေခၚေနမိသည္။ သို႔ေသာ္ ကိုင္သူမရွိ။


ထိုစဥ္ မာမီဆီမွဖုန္းဝင္လာသည္မို႔...


"က်စ္!"


ဖုန္းကိုင္ဖို႔ဟန္ျပင္လိုက္ၿပီးေနာက္ ဂ်စ္ကားစီးသြားသည့္ကားကိုၾကည့္လိုက္ေတာ့ ကားကိုမျမင္ရေတာ့သည္မို႔...


"ဟာကြာ ေတာက္!"


စိတ္တိုစြာျဖင့္ေတာက္ေခါက္လိုက္မိရင္း Steering Wheelကို လက္ျဖင့္႐ိုက္ခ်လိုက္မိသည္။ မာမီ့ဖုန္းက်သြားသည္ကိုလည္းဂ႐ုမစိုက္မိေတာ့ဘဲ ရင္ထဲတြင္အပူမီးတို႔ကႂကြတက္လာ၏။ ကားနံပါတ္ကိုမွတ္ထားလိုက္မိသည္မို႔ အင္အားသုံးကာရွာခိုင္းလွ်င္ရေသာ္ျငား သူ႔မိသားစုဘက္မွလူမ်ားကိုမသုံးခ်င္သည္မို႔ စဥ္းစားလိုက္မိေတာ့ ႏိုရာႏွင့္Kingတို႔ကိုသတိရသြားသည္။


အေတြးေပၚလာသည္ႏွင့္ ခ်က္ခ်င္းဖုန္းဆက္လိုက္ေတာ့ တစ္ဖက္မွဖုန္းကိုင္လာသည္မို႔...


"Hello ႏိုရာ...ငါ့ကို ကူညီပါဦး"


"....."


"ဂ်စ္ကား ငါ့ကိုစိတ္ဆိုးၿပီးကားေပၚကဆင္းသြားတာ...ၿပီးေတာ့ Taxiတစ္စီးေပၚတက္သြားတယ္... ငါေနာက္ကလိုက္ေနတုန္း မာမီ့ဆီကဖုန္းဝင္လာလို႔အာ႐ုံမ်ားသြားတာနဲ႔ ကားကိုလြတ္သြားတယ္...နံပါတ္က xxxxxxxxx...အရင္ဆုံး Kingကို သူ႔ဆီဖုန္းေခၚခိုင္းၾကည့္ဦး...ဆက္သြယ္လို႔ရရင္ အိမ္ကိုေခၚထားေပးပါလား... ဒီတစ္ညပါပဲကြာ"


"....."


"သူအ႐ြယ္ေရာက္တာငါသိေပမယ့္ ကေလးက ရန္ကုန္ကိုလည္လည္ဝယ္ဝယ္ရွိေသးတာမဟုတ္ဘူး...ၿပီးေတာ့ ေခတ္ကာလကလည္း စိတ္ခ်ရတာမဟုတ္ဘူးေလကြာ...ဒီတစ္ညပဲသူ႔ကိုထိန္းထားေပး...သူက ငါ့ကိုပဲမျမင္ခ်င္တာဆိုေတာ့ မင္းတို႔နဲ႔အဆင္ေျပမွာပါ"


"....."


"ေအး ေက်းဇူးကြာ...ကေလးက သေဘာေကာင္းပါတယ္...ဒီေန႔ကေတာ့  သူငါ့ကိုစိတ္ဆိုးေနလို႔...မင္း သူနဲ႔စကားေျပာၾကည့္ရင္ သိလာမွာပါ...အဲ့ဒါဆိုဒါပဲေနာ္ ႏိုရာ...အဆက္အသြယ္ရရင္ သူမသိေအာင္ငါ့ကိုအသိေပးပါဦး"


"....."


ထို႔ေနာက္တြင္ေတာ့တစ္ဖက္မွဖုန္းခ်သြားသည္မို႔ သူသက္ျပင္းခ်လိုက္မိသည္။


ကေလးကို အႏၲရာယ္ကင္းကင္းနဲ႔ရွာေတြ႕ပါေစ...


"King ဖုန္းဝင္လား"


"အင္း"


ေဘေဘးတစ္ေယာက္ တစ္ဖက္မွဖုန္းကိုင္မကိုင္ကိုေစာင့္ၾကည့္ေနရင္း မကိုင္သည္ႏွင့္ သူ႔လူမ်ားကိုျဖန္႔ခိုင္းလိုက္ေတာ့ဖို႔အဆင္သင့္ျပင္ထားလိုက္သည္။


ထိုစဥ္ Kingက သူ႔ကိုၾကည့္လာၿပီး ေခါင္းညိတ္ျပလာသည္မို႔ သက္ျပင္းခ်လိုက္မိ၏။


Kingက လိပ္စာကိုေျပာလိုက္သည္မို႔ တစ္ဖက္မွလာဖို႔ကိုလက္ခံလိုက္မွန္းသိလိုက္သည္။ အခ်ိန္အားျဖင့္ ၉နာရီပင္ခြဲေနၿပီျဖစ္ေသာေၾကာင့္ သားႏွစ္ေယာက္က အိပ္ရာဝင္သြားၾကၿပီျဖစ္သည္။


45 minutes later,


ႏွစ္ေယာက္သား လုပ္စရာရွိသည့္အလုပ္မ်ားကိုလုပ္ရင္းႏွင့္ ေစာင့္ေနလိုက္ၾကသည္မို႔ အခ်ိန္တို႔ကုန္ဆုံးသြားသည္ကိုပင္သတိမထားမိၾကေတာ့။


ထိုစဥ္...


Ringing...


Kingကဖုန္းကိုင္လိုက္ၿပီးေနာက္...


"အင္း ေစာင့္ေန"


ထိုစကားကိုသာေျပာၿပီး ဖုန္းကိုခ်လိုက္ကာ ေဘေဘးကိုၾကည့္လိုက္ရင္း...


"ငါသြားေခၚလိုက္မယ္"


ေျပာလာသူကို ေဘေဘးေခါင္းညိတ္ျပလိုက္ၿပီး...


"အင္း ငါလည္းအာဏာ့ဆီဖုန္းဆက္လိုက္မယ္"


"အင္း"


ထို႔ေနာက္တြင္ေတာ့...


"King...သခၤါ့ကို အဝတ္ေတြထုတ္ေပးလိုက္ဦး"


"အင္း"


"အင္း ငါ Barမွာေစာင့္ေနမယ္"


"အင္း"


ေျပာၿပီးေနာက္ ေဘေဘး Bar Roomဆီထြက္လာခဲ့လိုက္ၿပီး ဝိုင္ပုလင္းမ်ားထဲမွတစ္ပုလင္းကို ေ႐ြးခ်ယ္ကာထုတ္လိုက္သည္။ ဝိုင္ခြက္သုံးခြက္ကို အဆင္သင့္ခ်ထားလိုက္ၿပီးေနာက္ ေစာင့္ေနလိုက္ရင္း အာဏာ့Msgမ်ားကို Replyျပန္လိုက္၏။


တစ္ဖန္ လိုင္းေပၚတက္ကာ ဟိုၾကည့္ဒီၾကည့္လုပ္လိုက္ရင္း King's Husband Accကို မဝင္ရတာၾကာၿပီမို႔ ဝင္ဖို႔ျပင္လိုက္ေတာ့သည္။

Comment