အခန်း - ၂၅

Unicode//


The next day...


"ဟီး ဒယ်ဒီကအကောင်းဆုံးပဲ...နိုနိုစားဖူးသမျှ ရေခဲချောင်းတွေထဲ ဒယ်ဒီလုပ်ကျွေးတာအကောင်းဆုံးပဲ"


နိုနိုက ထောပတ်သီးရေခဲချောင်းကိုစားရင်း လက်မလေးတစ်ထောင်ထောင်နှင့် ချီးကျူးလိုက်၊ စားလိုက်လုပ်နေသည်။ ဧကသည်လည်း ညီဖြစ်သူ၏ စကားအားထောက်ခံနေသည့်အလား ဆိတ်ဆိတ်လေးငြိမ်နေရင်း သီးစုံရေခဲချောင်းကိုစားနေ၏။


ဘေဘေးကတော့ ကလေးတွေကို အရမ်းအလိုလိုက်လွန်းသူကိုသာ စောင်ကြည့်နေမိသည်။


အဲ့မှာ ငါကရှေ့ကဆုံးမ...မင်းကနောက်ကနေ အလိုလိုက်နေလိုက်...


သူပင်ပန်းမည်စိုး၍ မနေ့က ကိုယ်ကပဲလူဆိုးကြီးအဖြစ်ခံကာ ဆုံးမခဲ့သည့်မျက်နှာကိုမှမထောက် ဒီနေ့ ဆေးရုံကအပြန် သစ်သီးတွေနှင့် ပစ္စည်းတန်ဆာပလာတွေအစုံဝယ်လာပြီး သားတွေနှင့်အတူ ရေခဲချောင်းလုပ်စားနေသည်။ သူ့ကိုပင် အသိမပေးဘဲ သားအဖသုံးယောက်သား တိုးတိုးကြိတ်ကြိတ်နှင့်။ အကယ်၍ ဒီနေ့သာ သူစောစောပြန်မလာမိလျှင် အပြင်ကဝယ်စားသည်ဟုပင်ထင်သွားလောက်ပါ၏။


သို့သော် ဒီနေ့ သူအလုပ်စောစောပြီး၍ အိမ်သို့ချက်ချင်းတန်းပြန်လာခဲ့ခြင်း။ ထိုအချိန်က Kingပြန်ရောက်နေကျအချိန်မဟုတ်သည်မို့ ရောက်နေမည်ဟု သူနည်းနည်းမျှမထင်ခဲ့။ သို့ပေမဲ့ အိမ်ထဲသို့ တံခါးဖွင့်ကာဝင်လိုက်သည့်အချိန်တွင် နိုနို့ရယ်သံတို့ကိုကြားလိုက်ရသည်မို့ ထူးဆန်းသွားခဲ့၏။ ထို့နောက် တစ်ယောက်သောသူ၏ ဖိနပ်ကိုမြင်လိုက်ရသည်မို့ အံ့ဩစွာသွားကြည့်လိုက်တော့ သုံးယောက်သား အေပရွန်ကိုယ်စီနှင့် အလုပ်ရှုပ်နေကြခြင်း။


ခေါင်းဆောင်ကြီးက သစ်သီးများကိုအခွံခွာနေသည်။ သားကြီးကတော့ တည်တည်ငြိမ်ငြိမ်လေးနှင့် ဘေစင်တွင် အသီးအချို့ကိုရေဆေးနေကာ သားငယ်က လက်ဖြင့်အခွံခွာ၍ရသည့် ပျားလိမ္မော်တို့ကိုအခွံခွာရင်း တစ်လုံးခွာလိုက်၊ တစ်ဝက်ကိုပါးစပ်ထဲထည့်လိုက်၊ သူ့ဒယ်ဒီအား တစ်စိတ်၊နှစ်စိတ်သွားသွားခွံ့လိုက်လုပ်ကာ ပျော်ရွှင်နေသည်။


ဘေဘေး အားလုံးကို အမြင်ကတ်စွာကြည့်လိုက်မိပြီး...


"ဪ ဪ အဲ့မှာ ငါ့ကိုတောင်အသိမပေးပဲ လုပ်နေလိုက်ကြ"


"အယ် ပါပါး!"


"...."


"...."


သူအသံပေးလိုက်တော့မှ သုံးယောက်သား သူ့ကိုကြည့်လာကြသည်။ အားလုံးက သူဒီလောက် အစောကြီးပြန်ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားကြသည့်ပုံပင်။ မျက်နှာကိုတည်ထားလိုက်ပြီး ထမင်းစားပွဲဆီလျှောက်သွားလိုက်ကာ Kingနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး မိမိရှေ့မှ တစ်ယောက်သောသူအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိစဉ်…


" ပါပါး အာ...ဒါလေးအရမ်းချိုတယ် စားကြည့်..."


နိုနိုက ပြောလည်းပြောရင်း ပါးစပ်ထဲသို့ပျားလိမ္မော်သုံးစိတ်တွဲအား လာထိုးထည့်သည်မို့ အလိုက်သင့်စားလိုက်ပြီးနောက် တစ်ယောက်သောသူကို မျက်လုံးများမှေးစင်းကာကြည့်လိုက်ပြီး....


" ဪ ငါ့မှာတော့ သူပင်ပန်းမှာစိုးလို့ လူဆိုးအဖြစ်ခံလိုက်ရတာ...သူကတော့ အလုပ်ကတောင်စောဆင်းလာပြီး ရေခဲချောင်းလာလုပ်စားလိုက်သေးတယ်"


"...."


သူရန်စလိုက်သော်လည်း တင်းတင်းစေ့ထားသော နှုတ်ခမ်းအစုံသည် အနည်းငယ်မျှပွင့်မလာခဲ့။


ထို့ကြောင့် ဘေဘေး အာရုံပြောင်းလိုက်ပြီး...


"လုပ်တတ်လို့လား...မပင်ပန်းဘူးလား"


"အရမ်းမခက်ဘူး"


"ဪ ဪ"


"...."


"ဘယ်တုန်းကလေ့လာလိုက်တာလဲ "


"မနက်က"


"ဪ အဆုတ်အထူးကုကြီးတို့များ အချိန်တွေပေါများလိုက်တာနော်"


"...."


နောက်ဆုံးတွင်တော့ ဘေဘေးသိသွားသည်က တစ်ဖက်လူသည် အရွဲ့အချိတ်များအား အဖက်မလုပ်ဆိုတာပင်။


ထို့ကြောင့် သူပဲအလျှော့ပေးလိုက်ကာ သက်ပြင်းဖွဖွချလိုက်မိပြီး...


"ဘာလို့ကိုယ်တိုင်လုပ်နေတာလဲကွာ...ဝယ်ကျွေးလိုက်ရင်ရတာပဲဟာ"


ပြောလိုက်တော့ သူ့အား မျက်လွှာပင့်ကာတစ်ချက်ကြည့်လာပြီး...


"အပြင်ကဟာတွေက အချိုများတယ်"


"အာ အဲ့ဒါဆို ကျွမ်းတဲ့သူခေါ်လုပ်ခိုင်းမယ်ကွာ... ငါက မင်းပင်ပန်းမှာစိုးလို့ပြောနေတာနော်"


"မပင်ပန်းဘူး"


"အေး ပြောမရလည်း ဆက်လုပ်နေလိုက်တော့"


ပြောမကောင်းဆိုမကောင်းသားအဖတွေအား ဘာမှဆက်မပြောတော့ဘဲ မျက်နှာတင်းတင်းဖြင့်ထိုင်နေလိုက်ကာ သူ့ရှေ့မှလူသား လှီးထားသည့် သစ်သီးတို့အား အမြင်ကတ်ကတ်နှင့်ယူစားနေလိုက်သည်။


"ပါပါးကလည်း စိတ်မတိုပါနဲ့"


"တိုမှာပဲ!"


သူပြန်ပြောလိုက်တော့ နိုနိုက ဂုတ်ကလေးပုသွားကာ သူ့ဒယ်ဒီဘေးကပ်သွားသည်မို့ အမြင်ကတ်စွာစောင်ကြည့်လိုက်မိ၏။


ထို့နောက်တွင် ဓားကိုင်နေသည့် King၏ လက်ချောင်းသွယ်တို့အား ရင်တထိတ်ထိတ်နှင့်ကြည့်နေမိသည်။


အဲ့မှာ ဓားတစ်ချက်ထိကြည့်...တစ်သက်လုံး မီးဖိုချောင်ဝင်ခွင့်ပိတ်ထားပစ်မယ်...မင်းထိကြည့်လိုက်စမ်း...


ဓားသွားထက် လှုပ်ရှားနေသည့်လက်ချောင်းသွယ်တို့အား စိုးရိမ်တကြီးဖြင့် မျက်ခြေမပြတ်ကြည့်ကာ ကြိမ်းဝါးနေမိခြင်း။ နောက်ဆုံး ဓားကိုင်ခြင်းအမှု ပြီးဆုံးသွားတော့မှ သက်ပြင်းချရတော့သည်။


Kingက အချို့သစ်သီးများကို Blenderထဲထည့်မွှေပြီးနောက် ပုံသွင်းသည့်ခွက်ပိစိလေးများထဲသို့လိုက်ထည့်သည်။ စပျစ်သီး၊ ငှက်ပျောသီးအစိတ်များ၊သင်္ဘောသီးအစိတ်များနှင့် စတော်ဘယ်ရီသီးအစိတ်များကိုတော့ အချို့ခွက်များတွင်လိုက်ထည့်ပြီးနောက် ရေခဲသေတ္တာထဲထည့်ကာ ပိတ်ထားလိုက်၏။


ပြီးမှ သူ့ဘက်လှည့်လာပြီး...


"နိုရာ ရေသွားချိုး"


"မချိုးဘူး"


"...."


ဘေဘေး တမင်သက်သက်ဂျစ်တိုက်နေလိုက်မိသည်။ ဘယ်လောက်ချစ်သည်ဆိုဆို အချို့ကိစ္စတွေကို အလိုလိုက်ထား၍မဖြစ်။


သူ့ဘဝက တဖြည်းဖြည်းနှင့် ခင်ပွန်းသည်မဖြစ်ခင်ကတည်းက နေရာကပျောက်ချင်ချင်။


သားနှစ်ယောက်ကို မျက်လုံးလှန်ကာကြည့်လိုက်တော့ သူတို့ကိုကြည့်နေကြရာမှ နှစ်ယောက်သား မျက်လွှာအမြန်ချလိုက်ကြသည်မို့ အနည်းငယ်ရယ်ချင်သွားသော်ငြား ထိန်းထားလိုက်သည်။


ဒီသားအဖသုံးယောက်အား ဒီ့ထက်ပိုကာ သူအလိုလိုက်ထား၍ မဖြစ်တော့...


တွေးလိုက်မိစဉ်မှပင် King ထံမှ သက်ပြင်းချသံသဲ့သဲ့ကြားလိုက်ရပြီးနောက် သူ့ဘေးကခုံတွင်ဝင်ထိုင်လာပြီး...


"စိတ်ဆိုးနေတာလား"


"အေး သေချာပေါက်စိတ်ဆိုးနေတယ်...မင်းစကားလည်း အခုနားမထောင်ချင်ဘူး... ငါ့စကားကိုနားမထောင်လို့လည်း စိတ်ဆိုးနေတယ်"


"အင်း"


"ဘာ 'အင်း'လဲ"


"နားမထောင်မိလို့ တောင်းပန်ပါတယ်"


"...."


ဘေဘေး သူ့ကိုတောင်းပန်နေသူအား သေချာကြည့်လိုက်မိသည်။ မျက်ဝန်းကြည်ကြည်တို့ အနည်းငယ်မှိန်ဖျော့နေသည်ကိုမြင်လိုက်ရတော့ သူလည်းစိတ်မကောင်း။


တကယ်ပဲ မျက်နှာလေးကိုက အလိုလိုက်ချင်စရာ...Tsk! အလိုလိုက်နေမိတဲ့ငါ့အပြစ်မဟုတ်ဘူး...ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ့ကိုပဲသွားမေးမေး ဒီမျက်နှာလေးနဲ့ ဒီလိုပြောလာရင် ဘယ်လောက်အပြစ်ကြီးလုပ်ထားထား ခွင့်မလွှတ်ဘဲ နေနိုင်ပါ့မလား...ပြီးတော့ အခုကလည်း သေလောက်တဲ့အထိကြီးတဲ့ အပြစ်မှမဟုတ်ဘဲ... ငါ့အချစ်လေးက ဘာမှသိပ်မမှားတာကို ငါကအရမ်းဆူလိုက်မိတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီတိုင်းခွင့်လွှတ်လိုက်ရမှာတော့ နှမျောစရာကြီးမလား...


"အဟမ်း...ဒီကိစ္စနှစ်ယောက်တည်းရှိမှဆက်ရှင်းမယ်...အခု ငါရေသွားချိုးတော့မယ်...
မင်းဘာမှဆက်မလုပ်ဘဲ ထိုင်နေတော့... ဒါတွေကိုရှင်းဖို့ လူခေါ်လိုက်မယ်... ဒီစကားကိုမှနားမထောင်ရင်တော့ သုံးယောက်လုံးကို စိတ်ဆိုးပြီပဲ...ကြားတယ်နော်"


"အင်း"


"ဟုတ်"


"ဟုတ်"


သေချာမှာခဲ့ပြီးတော့မှ သူရေချိုးဖို့ ထွက်လာခဲ့လိုက်သည်။ အားလုံးကိုကျောပေးလိုက်သည်နှင့် မျက်နှာထက် အပြုံးပန်းတို့ ဝေဆာသွားတော့၏။


တကယ်ပဲ...ဆွဲဆတ်နမ်းပစ်ချင်စရာလေး...


45 mins later...


သူရေချိုး၊ လုပ်စရာရှိတာလုပ်ပြီး ပြန်ထွက်လာသည့်အချိန်တွင်တော့ နိုနိုတို့က လက်မတထောင်ထောင်နှင့် သူ့ဒယ်ဒီအားချီးကျူးစကားတို့ကိုအပီအပြင်ဆိုကာ ရေခဲချောင်းပိစိလေးများအား အားရပါးရတွယ်နေပြီဖြစ်သည်။


ဘေးမှကလေးကြီးသည်လည်း သူ့သားများအားအလိုလိုက်အကြိုက်ဆောင်ကာ အတူလိုက်စားပေးနေပုံရ၏။ သို့သော် သူ့ပုံစံရုပ်တည်ကြီးနှင့် ရေခဲချောင်းပိစိလေးအားထိုင်စားပေးနေပုံသည် အတော်လေးရယ်ချင်စရာကောင်းသလို ချစ်ဖို့လည်း ကောင်းလွန်းနေသည်မို့ ဘေဘေးတစ်ယောက် အောက်နှုတ်ခမ်းကို အသာဖိကိုက်ကာ ရယ်ချင်စိတ်တို့အားထိန်းချုပ်ထားမိ၏။ အထဲဝင်သွားလိုက်ကာ တစ်ယောက်သောသူဘေးမှ ခုံအလွတ်တွင် ဝင်ထိုင်လိုက်ပြီး ကလေးတွေကိုအလိုလိုက်လွန်းသူအား စောင်ကြည့်လိုက်မိသည်။


"ပါပါး ထောပတ်သီးစား...ထောပတ်သီးက အရမ်းကောင်းတယ်...အရမ်းလည်းမချိုဘူး"


နိုနိုက သူစား၍ကြိုက်သည့်အရာကို ပြောကာ သူ့အားစားဖို့တိုက်တွန်းလာသည်။ ထို့ကြောင့် သူလက်လှမ်းကာယူဖို့စိတ်ကူးလိုက်စဉ်မှာပင် ဘေးမှလူသားက နှစ်ခုသာကျန်တော့သည့် ထောပတ်သီးရေခဲချောင်းထဲမှ တစ်ခုကိုယူကာ သူ့အားပေးလာသည်မို့ အလိုက်သင့်ယူကာစားလိုက်တော့ အရသာက နိုနိုပြောသလိုပင်။ အရမ်းလည်းချိုမနေသလို၊ အီလည်းမအီပါ။ ချိုချိုစိမ့်စိမ့်လေးနှင့် အရသာအရမ်းရှိသည်မို့ နောက်တစ်ခုကိုပင်စားချင်လာသည်အထိ။


ဒါကို Kingပထမဆုံးလုပ်ခြင်းဖြစ်သည်ဟု အခြားသူများကိုပြောလျှင် ယုံလောက်မည်မဟုတ်။ တကယ်ကိုပင် စားဖူးနေကျအရသာများထက် အရသာရှိလွန်းသည်မို့ သူသေချာလေးအရသာခံနေမိသည်။


နိုနိုက သူ့လက်ထဲမှတစ်ချောင်းကုန်သွား၍...


"ကိုကို အဲ့သီးစုံလေးကောင်းလား"


"အင်း"


"ဟီး အာ့ဆို အဲ့ဒါလေး စားကြည့်မယ်"


အစားမြန်သော နိုနိုက ခဏလေးအတွင်း ဒုတိယတစ်ချောင်းထပ်ကုန်သွားပြန်သည်မို့ တတိယတစ်ချောင်းကိုလက်လှမ်းလာတော့ သူပြောဖို့ပြင်လိုက်စဉ်…


"သားငယ် တစ်ခါတည်းအများကြီးမစားရဘူး"


အသံကြည်ကြည်သည် ရေခဲချောင်းအသစ်တစ်ခုထံလက်လှမ်းနေသည့် နိုနို့လက်ကလေးအား တုံ့ခနဲရပ်တန့်စေပြီးသည့်နောက်...


"ဟုတ် ဒယ်ဒီ"


နိုနိုက လက်ကလေးပြန်ရုတ်သွားပြီး ငြိမ်ကျသွားသည်မို့ ဧက,က ညီဖြစ်သူအား လှည့်ကြည့်လိုက်၏။


"နိုနို ဒီစပျစ်သီးစားမလား"


ပြောလည်းပြော လက်ဖဝါးလေးတစ်ဖက်ကိုအောက်ကခံကာ သူစားလက်စရေခဲချောင်းလေးအား နိုနို့ထံလှမ်းခွံတော့...


"ဟီး အစာပိတ်အနေနဲ့ နိုနို တစ်ကိုက်ပဲစားမယ်နော်"


"အင်း"


နိုနိုတစ်ယောက် သူစားချင်သည့်အရာကို တားမြစ်ထားသည့်ကြားမှ တစ်ကိုက်တော့စားလိုက်ရသေးသည်မို့ မျက်နှာလေးက ပြန်လည်ကြည်လင်သွားတော့သည်။


"ဒီည...ကိုကိုနဲ့လာအိပ်မယ်"


"အင်း"


"ဟီး နိုနိုငြိမ်ငြိမ်အိပ်မှာပါ"


"အင်း"


ရေခဲချောင်းစားခြင်းအစီအစဉ် ပြီးဆုံးသွားသည့်အခါတွင်တော့ လေးယောက်သား TVရှေ့တွင် အချိန်ကုန်ဆုံးလိုက်ကြသည်။ ညနေ ၆နာရီတွင် Dinnerအတွက် လှမ်းမှာကာ စားလိုက်ကြအပြီးတွင်တော့ ဘေဘေး၏ 'သားတို့ဒယ်ဒီ နားချိန်တန်ပြီ'ဟူသောစကားကြောင့် လူစုခွဲလိုက်ကြတော့၏။


သားတို့ အိပ်ခန်းထဲဝင်သွားတော့မှ ဘေဘေးတစ်ယောက် ပြုံးစိစိဖြင့် Kingကိုကြည့်ကာ...


"ကဲ ကိုယ်တို့တွေ ညနေက ကိစ္စလေး ဆက်ရှင်းကြတာပေါ့ အချစ်ရေ"


"...."


ရေခဲတုံးအားအသားယူစကားပြောလိုက်ပြီးနောက် ဘေးဘေးက ရှေ့မှဦးဆောင်ကာ အိပ်ခန်းထဲဝင်လာလိုက်ရင်း နောက်မှ ခြေသံဖွဖွအား နားစွင့်ကာပြုံးလိုက်မိ၏။


တစ်ဖန် အိပ်ရာဘေးရှိ စားပွဲမှကုလားထိုင်တွင် ဝင်ထိုင်ဖို့ပြင်လိုက်သူကြောင့်...


" ဒီမှာလာထိုင်လေ...ငါကမင်းကိုအော်ပြောရမှာလား...အလကား လူကိုမောအောင်လာလုပ်နေတယ်"


"...."


ပြောလိုက်တော့ သူထိုင်နေသည့် အိပ်ရာထက်တွင် ဘေးချင်းယှဉ်ကာ ဝင်ထိုင်လိုက်သည်မို့ မွေ့ရာက အိခနဲ။ ဘေဘေး နံဘေးမှလူသား၏မျက်နှာလေးအား စိုက်ကြည့်နေမိသည်။ မျက်တောင်ရှည်တို့ကို စိုက်ချထားပုံက ပြစ်မှားချင်စရာ။ အိမ်နေရင်းဝတ်လေ့ရှိသော ချည်သားအင်္ကျီအဖြူလက်တိုလေးနှင့် ရှင်းသန့်နေသည့်မျက်နှာလေး။


ဘေဘေးတစ်ယောက် ဤအဖိုးတန်မျိုးမှန်လေး၏ ပါးပြင်လေးတို့ကို ဆွဲညှစ်ကာ နှုတ်ခမ်း နီစိုစိုလေးအားဆွဲမွ၊ မျက်လုံးလေးတွေမှိတ်ကျတဲ့အထိဖိကပ်နမ်း၊ တစ်ကိုယ်လုံးရင်ခွင်ထဲ သွတ်သွင်းကာ ဆွဲစားပစ်ချင်သည့်စိတ်ရိုင်းများအား ရှိစုမဲ့စုသမာဓိအားလေးဖြင့် ထိန်းသိမ်းနေရသည်မှာ သိပ်တော့မလွယ်။


ခေါင်းထဲတွင်တော့ အပြစ်ပေးသည်ဟူသောခေါင်းစဥ်ဖြင့် အသားယူရန်နည်းများအား အပြေးအလွှားစဉ်းစားလိုက်ပြီးသည့်နောက်တွင်တော့....


"အဟမ်း မင်းမှားတာသိတယ်မလား"


"အင်း"


" မင်းတောင်းပန်ရုံနဲ့ ငါကဒီတိုင်းခွင့်မလွှတ်ချင်ပါဘူးဆိုရင်ရော"


ပြောလိုက်တော့ မျက်တောင်တို့က အနည်းငယ်ပင့်တက်လာပြီးနောက် သူ့ကိုကြည့်လာပြီး...


" ဘာလုပ်ပေးရမလဲ"


ပြန်မေးလာသည့်မေးခွန်းကြောင့် ဘေဘေးရင်ထဲ ပန်းတွေပွင့်သွားရ၏။


"အဟမ်း...ဘာဖြစ်ဖြစ်လုပ်ပေးမှာလား"


"အင်း"


"ဘာဖြစ်ဖြစ်နော်"


"အင်း"


"အိုခီ အဟမ်း...ဒါဆို..."


"...."


"အဟမ်း...ဒီည မင်းငါ့ရင်ခွင်ထဲဝင်အိပ်"


"...."


ပြောလိုက်တော့ ဘာမှပြန်မဖြေဘဲ သူ့ကိုသာစိုက်ကြည့်နေသူကြောင့် ဘေဘေး မျက်မှောင်တို့ကိုကြုတ်လိုက်မိပြီး…


"ဘာလဲ မင်းပြောပြီးသားနော်...ဘာဖြစ်ဖြစ်ဆိုပြီး"


ထိုအခါကျမှ စက္ကန့်အနည်းငယ်အကြာ၌ ခပ်လေးလေးပြန်ဖြေလာ၏။


"အင်း"


နောက်ဆုံးတွင် လိုချင်သည့်အဖြေရလာသည်မို့ ဘေဘေးတစ်ယောက် လက်သီးလက်မောင်းပင်တန်းမိတော့မတတ် ပျော်ရွှင်သွားမိသည်။


ဒီတစ်ခါတော့ Kingလေးကို ကိုယ့်ရင်ခွင်ထဲထည့်သိပ်နိုင်ပြီပေါ့...အချစ်မသိတာက ကိုယ့်ရင်ခွင်က မင်းလေးအတွက်ဆို တစ်ခါဝင်ပြီးရင် တစ်သက်ပဲ အချစ်လေးရ…


King ထံမှအဖြေကိုရပြီးသည်နှင့် ၈နာရီလောက်ကတည်းက အိပ်ရာဝင်ဖို့တကဲကဲဖြစ်နေသည့် ဘေဘေး။ King စာကြည့်နေသည့်စားပွဲနား ယောင်လည်လည်လုပ်ကာ လျှောက်ပြန်သံပေးလုပ်နေမိသည်ကို အခြားသူတွေသာမြင်လျှင် သူ့အား တော်တော်ဖြစ်နေသည်ဟုပြောကြမည်သာ။


တကယ်လည်း တော်တော်ဖြစ်နေပါသည်။ ဘေးနိုရာသည် သူ့အချစ်လေး Kingအား ငုံထားလို့ရရင် ငုံထားမိတော့မတတ် တော်တော်ဖြစ်ပါ၏။ အိပ်လည်း King၊စားလည်း King၊ သွားလည်း King၊ အလုပ်လုပ်လည်း Kingဖြစ်နေပြီမို့ Kingလေးမှမကယ်ရင် သူသေရပါတော့မည်။


၉နာရီထိုးသည့်အချိန်တွင်တော့ ဘေဘေးတစ်ယောက် အခန်းထဲတွင်လမ်းပတ်လျှောက်နေမိသည်မှာ ချောင်းပေါက်ရုံတင်မဟုတ်၊ မြစ်ပင်ဖြစ်လောက်သည်အထိ။ ချောင်းဟန့်သံပေးလိုက်၊ အိမ်သာလေးထသွားပြလိုက်၊ စာအုပ်လေးကောက်ဖတ်သလိုလုပ်လိုက်၊ ကုတင်ပေါ်မှထလိုက်၊ ထိုင်လိုက် လုပ်နေမိသည်မှာ အကြိမ်ရေမနည်းတော့။


နာရီလက်တံက ၉ ဂဏန်းကိုအနည်းငယ်စွန်းနေကာ မိနစ်လက်တံက ၆ဂဏန်းဆီသို့ တည့်တည့်ညွှန်ပြနေသည့်အချိန်တွင်တော့ Kingသည် ကြည့်နေသည့် စာအုပ်များအားပိတ်လိုက်တော့သည်။ ထိုအချင်းအရာကိုမြင်လိုက်ရသည်နှင့် ဘေဘေးတစ်ယောက် ထခုန်မိမတတ်ဖြစ်သွားပြီးနောက်...


"အဟမ်း....ဪ စာကြည့်တာပြီးသွားပြီလား...ငါလည်း အလုပ်နဲ့ပတ်သက်ပြီးကြည့်နေတာ အခုမှပြီးတယ်...ဒါနဲ့ အိပ်တော့မှာမလား"


"အင်း"


ထိုအဖြေကိုကြားသည်နှင့် ဘေဘေး စိတ်ထဲမှ လက်သီးလက်မောင်းတန်းကာ အော်ဟစ်နေမိတော့သည်။ King ရေချိုးခန်းထဲဝင်သွားကာ မျက်နှာသစ်၊သွားတိုက်သည့်အချိန်အား စိတ်ရှည်ရှည်နှင့်စောင့်နေလိုက်၏။


ထို့နောက်တွင်...


ချလောက်!


ရေချိုးခန်းတံခါးပွင့်သွားသံနှင့်အတူ ဘေဘေးနှုတ်ခမ်းထက်၌ အပြုံးတစ်ခုပေါ်လာပြီးနောက်...


"လာ အချစ်လေး"


အိပ်ရာထက်လှဲလိုက်ပြီးနောက် လက်မောင်းကို ဆန့်တန်းလိုက်ပြီး ပြုံးစိစိဖြင့်ပြောလိုက်တော့
မျက်နှာသေလေးဖြင့်ကြည့်လာသည်။ ကုတင်ထက် ဝင်ထိုင်လိုက်သည့်အချိန်တွင်တော့ ဘေဘေး၏ ရင်ခုန်သံတို့က စတင်ဝုန်းဒိုင်းကြဲတော့၏။


လာစမ်းပါ...ဒီရင်ခွင်ထဲတိုးဝင်လိုက်တာနဲ့ တစ်သက်လုံး အချစ်ကို ကာကွယ်စောင့်ရှောက်ပြီး ချစ်သွားမဲ့ ကိုယ်ပါ... လာပြီး ရဲရဲကြီး တိုးဝင်ပစ်လိုက်စမ်းပါ....


စိတ်ထဲမှ ပေါက်ကရလေးဆယ်တွေးနေမိပြီး လက်မောင်းထက်ခေါင်းတင်ကာ ရင်ခွင်ထဲဝင်လာမည့်သူအား အသက်ရှူပင်အောင့်ထားလိုက်ရင်း ရင်ခုန်စွာစောင့်နေမိစဉ်....


ဒုန်း! ဒုန်း! ဒုန်း!


" ပါပါး! ဒယ်ဒီ! ကိုကို့ကိုလာကြည့်ပါဦး!"


ဒုန်း! ဒုန်း!


" ပါပါး! အီး ဟီး...ကိုကို မူးလဲသွားလို့ လာကြည့်ပါဦး! ဒယ်ဒီ! အီး ဟီး..."


ကျယ်လောင်စွာတံခါးထုသံတို့နှင့်အတူ နိုနို့စကားသံတို့နှင့်ငိုသံများကြောင့် နှစ်ယောက်သား အပြေးအလွှားထကာ တံခါးပြေးဖွင့်လိုက်ကြတော့...


" ပါပါး ဒယ်ဒီ...ကိုကို မူးလဲ အင့်! ဟီး..."


ထို့နောက် Kingက စကားပင်ဆုံးအောင်မပြောနိုင်တော့သည့် နိုနို့အား ဆွဲချီလိုက်ပြီး ခြေလှမ်းကျဲတို့ဖြင့် သားကြီးအခန်းဆီအမြန်ထွက်သွားသည်မို့ ဘေဘေးလည်းစိုးရိမ်စွာ အပြေးလိုက်သွားလိုက်၏။


အခန်းထဲရောက်တော့ အိပ်ရာထက်လဲနေသည့် သားကြီး။ အိပ်ရာထက် စစ်တုရင်ဆော့နေကြရရင်း မူးလဲသွားပုံရသည်။ သားကြီး၏ ခြေရင်းတွင် စစ်တုရင်ရုပ်လေးများက အလဲလဲအပြိုပြို။ သားကြီးကိုတွေ့သည်နှင့် Kingက နိုနို့အား အောက်သို့အမြန်ချလိုက်ပြီးနောက် သားကြီး၏ခန္ဓာကိုယ်လေးအား လက်ရှိအနေအထားထက် ပို၍သက်တောင့်သက်သာဖြစ်အောင်ပြုပြင်လိုက်ရင်း...


"နိုရာ အခန်းထဲကစားပွဲပေါ်မှာ Boxရှိတယ်...ယူလာခဲ့ပေးပါလား"


"အင်း အင်း"


ဘေဘေး King ပြောသည်အား အမြန်ပြေးကာယူလိုက်ပြီးနောက်...


" ဒီမှာ King..."


ပြောလည်းပြော Boxလေးကို အမြန်ဖွင့်ပေးလိုက်တော့ Kingက နားကြပ်နှင့်သွေးပေါင်ချိန်တိုင်းသည့်ကိရိယာကိုထုတ်ကာ ကလေးအား သွေးပေါင်ချိန်တိုင်းပြီးနောက် သေချာစမ်းသပ်ကြည့်လိုက်တော့ အဖြေသည် ထုံးစံအတိုင်း အားနည်းခြင်းပင်။


1 hour later...


နိုနိုတစ်ယောက် သူ့အစ်ကိုအားစိတ်ပူကာ အငိုမရပ်တော့သည်မို့ သူတို့နှစ်ယောက် အတန်ကြာသည်အထိ အာရုံလွှဲကာ ချော့လိုက်ရသည်။ သို့သော်လည်း ဘယ်လိုပြောပြော အစ်ကိုဖြစ်သူအား စိတ်မချသည်မို့ သူ့အစ်ကို မေ့မျောနေသည့်ဘေးမှာပင် ဝင်လှဲကာ အစ်ကိုဖြစ်သူ၏လက်အားကိုင်ထားရင်း၊ မျက်ရည်ကျရင်းပင် အိပ်ပျော်သွားတော့၏။ သူတို့နှစ်ယောက်လည်း သားနှစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းကြတော့။ နှစ်ယောက်သား စကားပင်မပြောနိုင်ကြတော့ပဲ တွေဝေစွာ ထိုင်နေမိကြသည်။


မိနစ်ပိုင်းမျှအကြာတွင် ဘေဘေး၏အသံသည် တည်ငြိမ်နေသည့်လေထုအားစတင်ဖြိုခွဲတော့၏။


"King..."


"အင်း"


တစ်ဖက်မှ ချက်ချင်းပြန်တုံ့ပြန်လာသော်ငြား သူဘာမှဆက်မပြောဖြစ်။ ထို့နောက် သက်ပြင်းချလိုက်ပြီး...


"တစ်ခါတစ်လေ သားကြီးကိုကြည့်ပြီး ငါနဲ့များမထိုက်တန်လို့လားလို့တွေးမိလာတယ်"


အသံသည် အခန်းတွင်း၌ မတိုးမကျယ်ထွက်ပေါ်လာသည်။ ထိုအသံအတွင်း၌ ဝမ်းနည်းမှုအရိပ်အယောင်များက ပြည့်နှက်စွာ။


Kingက သူ့အားလှည့်ကြည့်လာသည်ကိုသိသော်လည်း ပြန်မကြည့်ဖြစ်။ ဖြစ်နိုင်သည်ကတော့ သူမကြည့်ရဲခြင်း။ သူပြောလိုရာကိုသာ ဆက်ပြောဖို့ပြင်လိုက်စဉ်…


"နိုရာ..."


အသံကြည်ကြည်အား သူမလွန်ဆန်နိုင်စွာဖြင့်...


"အင်း"


ပြန်ထူးကာ ကြည့်လိုက်မိတော့ သလင်းကဲ့သို့ကြည်လင်လွန်းသည့်မျက်ဝန်းတို့က သူ့ကို လေးနက်စွာကြည့်လာပြီးနောက်...


"မင်းက သားကြီးနဲ့အထိုက်တန်ဆုံးပါ နိုရာ"


"...."


ထိုစကားအဆုံးတွင်တော့ ဘေဘေး၏မျက်ရည်ဆည်သည် တာကျိုးပါတော့၏။ ထိုအခါ ခန္ဓာကိုယ်တစ်ခုလုံး ရင်ခွင်နွေးနွေးထဲရောက်သွားခဲ့သော်လည်း ဒီတစ်ကြိမ်တွင်တော့ မည်သည့်အရာကိုမှမစဉ်းစားဖြစ်တော့။ 'ဤရင်ခွင်သည် သူ့အတွက်လုံခြုံလွန်းသည်'ဟူသော အသိဖြင့် နှစ်ပေါင်းများစွာစုဆောင်းထားခဲ့သော ခံစားချက်များအားလုံးကို ဤရင်ခွင်အတွင်း အလုံးစုံသွန်ချမိတော့သည်။


ကျောပြင်ထက် ခပ်ဖွဖွကျလာသည့် လက်ဖဝါး၏နွေးထွေးမှုအား ခံစားရင်း ဘဝတွင်ပထမဦးဆုံးအကြိမ် တစ်ပါးသူ၏ရင်ခွင်ထဲ၌ စိတ်ပါလက်ပါဖြင့် ရှိုက်ကြီးတငင်ငိုခဲ့မိခြင်း။


ဤလူသားသည် 'ဘာကြောင့်'ဟူသည့် မေးခွန်းမျိုး တစ်ခွန်းမျှမဆိုခဲ့ပါသော်လည်း နှစ်သိမ့်မှုကိုတော့အပြည့်ပေးခဲ့ပါ၏။


နှစ်သိမ့်သည့်စကား တစ်ခွန်းသော်မျှမဆိုပါဘဲ ရင်ခွင်တစ်ခုကိုသာငှားပေးခဲ့ပြီး ဆိတ်ဆိတ်ငြိမ်နေပေးခဲ့သူကြောင့် သူ့စိတ်အစဉ်သည် သက်တောင့်သက်သာဖြစ်သွားခဲ့ပါသည်။


"အခန်းထဲပြန်အိပ်လိုက်...ငါစောင့်နေလိုက်မယ်"


"ဟင့်အင်း ငါလည်း မင်းနဲ့တူတူစောင့်မယ်"


မိနစ်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည့်နောက်တွင်တော့ အတူစောင့်မည်ဟုဆိုခဲ့သူသည် တစ်ယောက်သောသူ၏ ပေါင်တစ်ခြမ်းထက် ခေါင်းအုံးကာ စိတ်ချလက်ချမှေးစက်ပါတော့သည်။


King သူ့ပေါင်ပေါ်တွင် ခေါင်းတင်ကာ တစ်စောင်းအိပ်ပျော်နေသူ၏ လှိုင်းတွန့်ဆံပင်လေးများအား အသာသပ်ပေးလိုက်မိ၏။ တစ်ဖန် မြင်နေရသည့် နို့နှစ်ရောင်ပါးပြင်တစ်ခြမ်းအား လက်ချောင်းထိပ်လေးများဖြင့် အသာထိတို့မိတော့ အနည်းငယ် လှုပ်ရှားလာသည်မို့ ပုခုံးလေးအား ဖွဖွပုတ်ကာ ပြန်အိပ်စေလိုက်တော့ ငြိမ်ကျသွားတော့သည်။


ထိုအခါမှ ဖုန်းကိုယူလိုက်ကာ Msgထဲဝင်လိုက်ပြီးသည့်နောက် လက်ချောင်းတို့က စာလုံးအချို့ထက် ပြေးလွှားသွားကြအပြီးတွင်တော့ Sendလုပ်လိုက်တော့၏။


‘မနက်ဖြန်ညနေ နောက်ဆုံးလိုချင်တယ်’


The next evening...


ဘေဘေး ကုမ္ပဏီသို့ ညနေပိုင်း တစ်ချက်သွားကြည့်ပြီးသည့်နောက် အိမ်သို့ပြန်လာခဲ့လိုက်သည်။


အိမ်သို့ပြန်ရောက်သည့်အချိန်တွင်တော့...


"ဟာ ပါပါး ပြန်လာပြီ... ပါပါး ဒီမှာကြည့်... ဒယ်ဒီက နိုနိုနဲ့ကိုကို့ကို ဆင်တူဝယ်ပေးတာ...
ဟီး နိုနိုတို့နဲ့ဒယ်ဒီ့မှာ ဆင်တူလက်စွပ်ရှိသွားပြီ"


နိုနိုက သူ့ကိုမြင်သည်နှင့် ဝမ်းသာအားရပြေးလာကာ ပြောရင်း သူ့ရှေ့ကို လက်ဖမိုးလေးထောင်ပြလာသည်မို့ကြည့်လိုက်တော့ King လက်ညှိုးတွင်တွေ့နေကျ တိုးနယားလက်စွပ်နှင့် တစ်ပုံစံတည်းလက်စွပ်တစ်ခုကို နိုနို့လက်ညှိုး၌ တွေ့လိုက်ရ၏။


နိုနိုနှင့်အတူ သားကြီး၏ အိပ်ခန်းထဲသို့ဝင်လိုက်တော့ Kingက ကလေးကိုဆန်ပြုတ်တိုက်နေသည်။ ဘေဘေး ထိုသားအဖပုံစံလေးကို ငေးကြည့်မိသွား၏။ အမြဲတမ်း ခုလိုလေးမြင်ချင်ပါသည်ဟုဆိုလျှင် သူလောဘတက်ရာ ကျသွားလေမလား။ သို့သော် မတတ်နိုင်။ ဒီလူသားလေး နှစ်ယောက်လုံးကို သူအပိုင်လိုချင်ပါသည်။


သားကြီးက သူ့ကိုမြင်တော့ မျက်လုံးလေးများလက်လာပြီး ကြည့်လာသည်မို့ သူပြုံးပြလိုက်မိသည်။ ထိုအခါမှ ခေါင်းငုံ့ကာ သူ့ဒယ်ဒီခွံ့နေသည့်ဆန်ပြုတ်အားဆက်သောက်၏။ သားကြီးနိုးလာသည့်အချိန်တွင် သူမရှိသည်မို့ ကလေးက သူ့အားသတိရနေသည့်ပုံပင်။ ထိုစဉ်...


"ကိုကို...ကိုကို့လက်စွပ်ကို ပြလိုက်ပါဦး...ဟီး နိုနိုတော့ ကြွားလို့ပြီးပြီ"


နိုနို့အပြောကြောင့် သားကြီးက ခေါင်းညိတ်ကာ သူ့လက်ကလေးကိုထောင်ပြသည်။ တကယ်ကို တစ်ပုံစံတည်းတူသည့်လက်စွပ် သုံးခု။ ထိုပုံစံတူ လက်စွပ်သုံးကွင်းကို အခန်းထဲရှိ လူလေးယောက်ထဲမှ သူမှလွဲ၍ သုံးယောက်လုံး ဝတ်ထားကြ၏။


ဒါကြီးက ခွဲခြားဆက်ဆံခံရတာနဲ့တူမနေဘူးလား...


အတွေးတို့နှင့်အတူ ဘေဘေး၏မျက်နှာက မှုန်မှိုင်းသွားတော့၏။ ထို့နောက် သားကြီးထိုင်နေသည့် ကုတင်ထက်သွားထိုင်လိုက်တော့ နိုနိုကလည်း သူ့အစ်ကိုဘေးသို့ချက်ချင်းရောက်သွားသည်။ တစ်ယောက်သောသူကတော့ သူ ထိုနေရာအထိရောက်သွားသည့်အခါမှသာ သူ့အား အဖက်လုပ်၍ကြည့်လာ၏။


ဘေဘေး ပန်းကန်ထဲမှဆန်ပြုတ်ကုန်သည်အထိ စိတ်ရှည်စွာစောင့်နေလိုက်ပြီးနောက် သားကြီးအား ဆေးတိုက်နေသည့် Kingကို မျက်စိအောက်မှ တစ်ချက်အပျောက်မခံဘဲ လိုက်ကြည့်နေလိုက်သည်။


ကြည့်လို့ဝတော့မှ…


"King"


"အင်း"


"ငါ့ဖို့ရော”


"...."


"ငါ့ဖို့ရောလို့"


"...."


သူပြောသည်ကို နားမလည်သလိုကြည့်နေသည့် Kingကြောင့် ဒေါသတို့ တလိပ်လိပ်ထလာရတော့၏။


"လက်စွပ်ကိုပြောနေတာ...ငါ့ဖို့ဘယ်မှာလဲ...မပါဘူးလား...မင်းသားတွေအတွက်ကျပါပြီး ငါ့ကိုကျမပေးဘူးပေါ့...ဒါကြီးက ခွဲခြားဆက်ဆံခံရတာနဲ့အတူတူပဲ"


"...."


သို့သော် ဘာမှပြောမလာသည့် Kingကြောင့် ဘေဘေး အမှန်တကယ်ဝမ်းနည်းလာပြီး...


"နေတော့ ငါလည်း လိုချင်မနေဘူး"


"ရှိတယ်"


"ဟမ်! ဘာ!"


"ရှိတယ်...မင်းမလိုချင်လောက်ဘူးထင်လို့"


King က ထိုသို့ပြောပြီးနောက် လေးကွင်းမြောက်လက်စွပ်လေးအား သွားယူပေးလာ၏။ ထိုအခါ ကလေးကြီးတစ်ယောက်သည် ကလေးများထက်ပင် လက်စွပ်နှင့်ပတ်သက်၍ ပို၍အူမြူးနေတော့သည်။


"ဟီး ခုမှ မင်းနဲ့ငါ ဆင်တူဖြစ်သွားတာ...ဒါကငါပေးထားတာ...ဒီဟာကျ မင်းပေးထားတာ...ခုမှပဲ ပြည့်စုံသွားတော့တယ်"


ဘေဘေးက နှစ်ယောက်လုံး၏ လက်မနှင့်လက်ညှိုးတွင်စွပ်ထားသော လက်စွပ်များအား လက်ချောင်းတို့ဖြင့် တို့ထိကာ ဆိုလာသည့်နောက်တွင်တော့....


"အင်း"


ဤသို့ဖြင့် ကေတုသတီဟော်နန်း၏ သိဒ္ဓိဝင်လက်စွပ်သည် မိသားစုဆင်တူလက်စွပ်များထဲမှ တစ်ကွင်းဘဝသို့ နေ့ချင်းညချင်း ကူးပြောင်းသွားပါတော့၏။


______________________________________________________________________


Two weeks later...


ကေတုသတီဟော်နန်း၏ မဟာဒေဝီနန်းဆောင်သည် ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသည်။
မဟာဒေဝီ စဝ်သုမဒီသည် မနက်ခင်း မင်္ဂလာယူသည့်အချိန်အခါတွင်တောင် အိပ်ခန်းဆောင်ထဲမှထွက်မလာခဲ့။


ထိုကဲ့သို့သော နေ့မျိုးတွင် ဟော်နန်းအတွင်း မည်သူမှဆူညံပူညံမလုပ်ရဲကြ။ ထိုနေ့မျိုးတွင် အမှားအယွင်းတစ်ခုခုလုပ်မိပါက မဟာဒေဝီ၏ အမျက်တော်ရှခြင်းကို အကြီးအကျယ်ခံရတတ်သည်မို့ အားလုံးသတိဖြင့်သာနေကြရ၏။


မဟာဒေဝီ စဝ်သုမဒီ၏ အိပ်ဆောင်အတွင်းတွင်တော့....


မဟာဒေဝီသည် စားပွဲထက်တွင်ဖွင့်ထားသော ယွန်းသေတ္တာလေးအတွင်းရှိ ပုံမှန်အတိုင်းအရောင်စိုကာတောက်ပနေသည့် ပတ္တမြားအားစူးစိုက်ကြည့်နေမိသည်။


ဤပတ္တမြားသည့် ယနေ့မှ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ခြင်း။ လွန်ခဲ့သည့်နှစ်ပတ်လောက်က ပေါက်ကွဲထွက်တော့မတတ် ရဲရဲတောက်နေသည့်ပတ္တမြားသည် ယခုအခါတွင်တော့ သာမာန်ပတ္တမြားတစ်လုံးလိုပင်။


မဟာဒေဝီသည် ထိုပတ္တမြားအားစူးစိုက်ကြည့်ရင်း အတွေးတို့က လေးနက်စွာ။ လွန်ခဲ့သည့်နှစ်ပတ်လောက်မှစ၍ ဤပတ္တမြားသည် ဖြည်းဖြည်းချင်းအရောင်ဖျော့လာသည်ဟု ခံစားခဲ့မိသော်လည်း မနေ့ကထိ ပုံမှန်ထက်တောက်ပနေဆဲမို့ ထွေထွေထူးထူးမတွေးမိခဲ့။ သို့သော် ဒီနေ့တွင်တော့ ဤ ပတ္တမြားက သူမကို သတိပေးလာခဲ့ပြီဖြစ်သည်။


စဝ်မင်းနွယ်ဧကရာဇ်...
ဒီကလေး မည်သည့်ခြေလှမ်းကို လှမ်းနေပါသနည်း။


ဤပတ္တမြားသည် သိဒ္ဓိဝင်လက်စွပ်မှပတ္တမြားနှင့်  ဆက်စပ်မှုရှိနေသည်မို့ သူမကို ညာ၍မရနိုင်ပါ။
ဤအရာမှ သတိပေးလာချက်အရ လက်စွပ်နှင့်ဆက်ခံသူသည် ပေါင်းစည်းသွားပြီဖြစ်၏။


မဟာဒေဝီသည် သူမ၏ နားလည်ရခက်လွန်းသော မြေးတော်ကြောင့် ခေါင်းခဲလာရသည်မို့ မျက်မှောင်တို့ကိုကြုတ်လိုက်မိသည်။


ဆက်ခံသူနှင့်ပတ်သက်၍ တွေ့သည်နှင့် မိခင်ရော၊ ကလေးရောကို တစ်ပါတည်းခေါ်ဆောင်လာခဲ့ရန် မှာကြားခဲ့သော်လည်း နားမထောင်ခဲ့။ အစဉ်အလာနှင့်ဟော်နန်း၏ ဂုဏ်သိက္ခါအရ လက်မဆက်ရသေးခင် ဆက်ခံသူအားမွေးဖွားပြီးသားဆိုလျှင် ကေတုသတီဟော်နန်းသည် လူအများ ပြက်ရယ်ပြုစရာဖြစ်သွားလိမ့်မည်။


ထို့ကြောင့် ဆက်ခံသူကလေးကိုတော့ အရွယ်ရောက်သည်အထိ ဝှက်ထားရမည်ဖြစ်သည်။ သို့သော် သူမ မှန်းဆကြည့်ရသလောက် ဆက်ခံသူပြောင်းသွားသည့်အချိန်သည် လွန်ခဲ့သော ၁၃နှစ်လောက်နီးပါးကဖြစ်သည်မို့ ကလေးကို ကြာကြာဖုံးကွယ်ထား၍လည်းမလွယ်ကူပါ။


စဉ်းစားရင်း၊ စဉ်းစားရင်းဖြင့် သူမခေါင်းထဲ ပို၍မအီမသာဖြစ်လာတော့သည်။


ဒီကလေး ဒီလောက်ထိ ပြဿနာတွေရှာခဲ့ပြီးမှ သူမအမိန့်ကို အာခံရဲသေးသည်လား...


အသက် ၂၅နှစ်အရွယ်ကတည်းက လုပ်သင့်သည့်လက်ဆက်ပွဲသည် ယခု အသက်၃၀တိုင်သည်အထိ အထမမြောက်နိုင်သေး။


ဆက်ခံသူပြောင်းလဲသွားသည့်အချိန်တွင်လည်း မထုံတတ်တေးလုပ်နေခဲ့ပြီး နိုင်ငံရပ်ခြားမှ တစ်ခါသာပြန်လာပြီးနောက် ဘယ်လောက်ခေါ်ခေါ် ထပ်ပြီးပြန်မလာတော့။


နိုင်ငံခြားသို့ပို့လိုက်သည့်အချိန်မှစ၍ ဟော်နန်းနှင့်သူ လုံးဝမဆိုင်တော့သည့်အလား သတ်မှတ်လိုက်ပုံပင်။ ဆက်ခံသူကိစ္စတွင် မိခင်ဖြစ်သူသည် မည်သည့်မျိုးရိုးပင်ဖြစ်ပါစေ သဘောတူပေးမည်ဟု တစ်ထစ်လျှော့ပေးခဲ့သော်ငြား ဘာမှထူးမလာခဲ့။


မဟုတ်မှလွဲ...ဒီကလေး...


သူမ၏ စိတ်အစဉ်သည် အတိတ်ကာလက သူမအား ပထမဆုံးခွန်းတုံ့ပြန်ပြောရဲခဲ့ပါသည့် ၁၇နှစ်ကျော်အရွယ် မြေးအငယ်ဆုံးဆီသို့ ရောက်သွားခဲ့သည်။


ထိုနေ့က ထိုကလေးသည် 'အချိန်ကာလတစ်ခုက ကျွန်တော့်စိတ်ကို တိုက်စားနိုင်လိမ့်မယ်လို့ အဘွားတော်ထင်ရင် နှစ်သက်သလိုလုပ်ပါ'ဟူသည့်စကားအား နောက်ဆုံးအနေနှင့်ပြောခဲ့ပြီးသည့်နောက်တွင် ဟော်နန်းတွင်ပိတ်ထားခဲ့သည့်အချိန်ကာလအတွင်းနှင့် နိုင်ငံခြားသို့ပို့လိုက်ပြီးနောက် တစ်နှစ်နီးပါးကြာသည်အထိ ဟော်နန်းနှင့်သက်ဆိုင်သည့်မည်သူ့ကိုမဆို စကားတစ်ခွန်းမပြောခဲ့သလို၊ ဆက်သွယ်သည်ကိုပင်လက်မခံခဲ့။ အမြဲတစေ ငွေကြေးမပြတ်အောင် လှမ်းလွှဲပေးခဲ့သည့် အစ်ကိုနှင့်အစ်မကိုတောင် တစ်ချက်ဆက်သွယ်ပြီး ကျေးဇူးစကားမပြောခဲ့။ အကြီးနှစ်ယောက်သည်လည်း ဤသည်ကိုပင် ချစ်စနိုးဖြစ်နေကြသေးသည်မို့ သူမဆူခဲ့ရသေးသည်။


ထို့နောက်တွင် ဆက်မတွေးချင်တော့သည်မို့ အတွေးတို့ကို ရပ်တန့်လိုက်တော့၏။


သို့သော် မဖြစ်သင့်သည့်အရာတွေ ဖြစ်မလာဖို့ သူမကြိုတင်ကာကွယ်ထားရတော့မည်ဟူ၍ ဆုံးဖြတ်ချက်ချလိုက်ပြီးသည့်နောက်တွင်တော့....။


Zawgyi//


The next day...


"ဟီး ဒယ္ဒီကအေကာင္းဆုံးပဲ...ႏိုႏိုစားဖူးသမွ် ေရခဲေခ်ာင္းေတြထဲ ဒယ္ဒီလုပ္ေကြၽးတာအေကာင္းဆုံးပဲ"


ႏိုႏိုက ေထာပတ္သီးေရခဲေခ်ာင္းကိုစားရင္း လက္မေလးတစ္ေထာင္ေထာင္ႏွင့္ ခ်ီးက်ဴးလိုက္၊ စားလိုက္လုပ္ေနသည္။ ဧကသည္လည္း ညီျဖစ္သူ၏ စကားအားေထာက္ခံေနသည့္အလား ဆိတ္ဆိတ္ေလးၿငိမ္ေနရင္း သီးစုံေရခဲေခ်ာင္းကိုစားေန၏။


ေဘေဘးကေတာ့ ကေလးေတြကို အရမ္းအလိုလိုက္လြန္းသူကိုသာ ေစာင္ၾကည့္ေနမိသည္။


အဲ့မွာ ငါကေရွ႕ကဆုံးမ...မင္းကေနာက္ကေန အလိုလိုက္ေနလိုက္...


သူပင္ပန္းမည္စိုး၍ မေန႔က ကိုယ္ကပဲလူဆိုးႀကီးအျဖစ္ခံကာ ဆုံးမခဲ့သည့္မ်က္ႏွာကိုမွမေထာက္ ဒီေန႔ ေဆး႐ုံကအျပန္ သစ္သီးေတြႏွင့္ ပစၥည္းတန္ဆာပလာေတြအစုံဝယ္လာၿပီး သားေတြႏွင့္အတူ ေရခဲေခ်ာင္းလုပ္စားေနသည္။ သူ႔ကိုပင္ အသိမေပးဘဲ သားအဖသုံးေယာက္သား တိုးတိုးႀကိတ္ႀကိတ္ႏွင့္။ အကယ္၍ ဒီေန႔သာ သူေစာေစာျပန္မလာမိလွ်င္ အျပင္ကဝယ္စားသည္ဟုပင္ထင္သြားေလာက္ပါ၏။


သို႔ေသာ္ ဒီေန႔ သူအလုပ္ေစာေစာၿပီး၍ အိမ္သို႔ခ်က္ခ်င္းတန္းျပန္လာခဲ့ျခင္း။ ထိုအခ်ိန္က Kingျပန္ေရာက္ေနက်အခ်ိန္မဟုတ္သည္မို႔ ေရာက္ေနမည္ဟု သူနည္းနည္းမွ်မထင္ခဲ့။ သို႔ေပမဲ့ အိမ္ထဲသို႔ တံခါးဖြင့္ကာဝင္လိုက္သည့္အခ်ိန္တြင္ ႏိုႏို႔ရယ္သံတို႔ကိုၾကားလိုက္ရသည္မို႔ ထူးဆန္းသြားခဲ့၏။ ထို႔ေနာက္ တစ္ေယာက္ေသာသူ၏ ဖိနပ္ကိုျမင္လိုက္ရသည္မို႔ အံ့ဩစြာသြားၾကည့္လိုက္ေတာ့ သုံးေယာက္သား ေအပ႐ြန္ကိုယ္စီႏွင့္ အလုပ္ရႈပ္ေနၾကျခင္း။


ေခါင္းေဆာင္ႀကီးက သစ္သီးမ်ားကိုအခြံခြာေနသည္။ သားႀကီးကေတာ့ တည္တည္ၿငိမ္ၿငိမ္ေလးႏွင့္ ေဘစင္တြင္ အသီးအခ်ိဳ႕ကိုေရေဆးေနကာ သားငယ္က လက္ျဖင့္အခြံခြာ၍ရသည့္ ပ်ားလိေမၼာ္တို႔ကိုအခြံခြာရင္း တစ္လုံးခြာလိုက္၊ တစ္ဝက္ကိုပါးစပ္ထဲထည့္လိုက္၊ သူ႔ဒယ္ဒီအား တစ္စိတ္၊ႏွစ္စိတ္သြားသြားခြံ႕လိုက္လုပ္ကာ ေပ်ာ္႐ႊင္ေနသည္။


ေဘေဘး အားလုံးကို အျမင္ကတ္စြာၾကည့္လိုက္မိၿပီး...


"ဪ ဪ အဲ့မွာ ငါ့ကိုေတာင္အသိမေပးပဲ လုပ္ေနလိုက္ၾက"


"အယ္ ပါပါး!"


"...."


"...."


သူအသံေပးလိုက္ေတာ့မွ သုံးေယာက္သား သူ႔ကိုၾကည့္လာၾကသည္။ အားလုံးက သူဒီေလာက္ အေစာႀကီးျပန္ေရာက္လာလိမ့္မည္ဟု ေမွ်ာ္လင့္မထားၾကသည့္ပုံပင္။ မ်က္ႏွာကိုတည္ထားလိုက္ၿပီး ထမင္းစားပြဲဆီေလွ်ာက္သြားလိုက္ကာ Kingႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္ၿပီး မိမိေရွ႕မွ တစ္ေယာက္ေသာသူအား မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္မိစဥ္…


" ပါပါး အာ...ဒါေလးအရမ္းခ်ိဳတယ္ စားၾကည့္..."


ႏိုႏိုက ေျပာလည္းေျပာရင္း ပါးစပ္ထဲသို႔ပ်ားလိေမၼာ္သုံးစိတ္တြဲအား လာထိုးထည့္သည္မို႔ အလိုက္သင့္စားလိုက္ၿပီးေနာက္ တစ္ေယာက္ေသာသူကို မ်က္လုံးမ်ားေမွးစင္းကာၾကည့္လိုက္ၿပီး....


" ဪ ငါ့မွာေတာ့ သူပင္ပန္းမွာစိုးလို႔ လူဆိုးအျဖစ္ခံလိုက္ရတာ...သူကေတာ့ အလုပ္ကေတာင္ေစာဆင္းလာၿပီး ေရခဲေခ်ာင္းလာလုပ္စားလိုက္ေသးတယ္"


"...."


သူရန္စလိုက္ေသာ္လည္း တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းအစုံသည္ အနည္းငယ္မွ်ပြင့္မလာခဲ့။


ထို႔ေၾကာင့္ ေဘေဘး အာ႐ုံေျပာင္းလိုက္ၿပီး...


"လုပ္တတ္လို႔လား...မပင္ပန္းဘူးလား"


"အရမ္းမခက္ဘူး"


"ဪ ဪ"


"...."


"ဘယ္တုန္းကေလ့လာလိုက္တာလဲ "


"မနက္က"


"ဪ အဆုတ္အထူးကုႀကီးတို႔မ်ား အခ်ိန္ေတြေပါမ်ားလိုက္တာေနာ္"


"...."


ေနာက္ဆုံးတြင္ေတာ့ ေဘေဘးသိသြားသည္က တစ္ဖက္လူသည္ အ႐ြဲ႕အခ်ိတ္မ်ားအား အဖက္မလုပ္ဆိုတာပင္။


ထို႔ေၾကာင့္ သူပဲအေလွ်ာ့ေပးလိုက္ကာ သက္ျပင္းဖြဖြခ်လိုက္မိၿပီး...


"ဘာလို႔ကိုယ္တိုင္လုပ္ေနတာလဲကြာ...ဝယ္ေကြၽးလိုက္ရင္ရတာပဲဟာ"


ေျပာလိုက္ေတာ့ သူ႔အား မ်က္လႊာပင့္ကာတစ္ခ်က္ၾကည့္လာၿပီး...


"အျပင္ကဟာေတြက အခ်ိဳမ်ားတယ္"


"အာ အဲ့ဒါဆို ကြၽမ္းတဲ့သူေခၚလုပ္ခိုင္းမယ္ကြာ... ငါက မင္းပင္ပန္းမွာစိုးလို႔ေျပာေနတာေနာ္"


"မပင္ပန္းဘူး"


"ေအး ေျပာမရလည္း ဆက္လုပ္ေနလိုက္ေတာ့"


ေျပာမေကာင္းဆိုမေကာင္းသားအဖေတြအား ဘာမွဆက္မေျပာေတာ့ဘဲ မ်က္ႏွာတင္းတင္းျဖင့္ထိုင္ေနလိုက္ကာ သူ႔ေရွ႕မွလူသား လွီးထားသည့္ သစ္သီးတို႔အား အျမင္ကတ္ကတ္ႏွင့္ယူစားေနလိုက္သည္။


"ပါပါးကလည္း စိတ္မတိုပါနဲ႔"


"တိုမွာပဲ!"


သူျပန္ေျပာလိုက္ေတာ့ ႏိုႏိုက ဂုတ္ကေလးပုသြားကာ သူ႔ဒယ္ဒီေဘးကပ္သြားသည္မို႔ အျမင္ကတ္စြာေစာင္ၾကည့္လိုက္မိ၏။


ထို႔ေနာက္တြင္ ဓားကိုင္ေနသည့္ King၏ လက္ေခ်ာင္းသြယ္တို႔အား ရင္တထိတ္ထိတ္ႏွင့္ၾကည့္ေနမိသည္။


အဲ့မွာ ဓားတစ္ခ်က္ထိၾကည့္...တစ္သက္လုံး မီးဖိုေခ်ာင္ဝင္ခြင့္ပိတ္ထားပစ္မယ္...မင္းထိၾကည့္လိုက္စမ္း...


ဓားသြားထက္ လႈပ္ရွားေနသည့္လက္ေခ်ာင္းသြယ္တို႔အား စိုးရိမ္တႀကီးျဖင့္ မ်က္ေျခမျပတ္ၾကည့္ကာ ႀကိမ္းဝါးေနမိျခင္း။ ေနာက္ဆုံး ဓားကိုင္ျခင္းအမႈ ၿပီးဆုံးသြားေတာ့မွ သက္ျပင္းခ်ရေတာ့သည္။


Kingက အခ်ိဳ႕သစ္သီးမ်ားကို Blenderထဲထည့္ေမႊၿပီးေနာက္ ပုံသြင္းသည့္ခြက္ပိစိေလးမ်ားထဲသို႔လိုက္ထည့္သည္။ စပ်စ္သီး၊ ငွက္ေပ်ာသီးအစိတ္မ်ား၊သေဘၤာသီးအစိတ္မ်ားႏွင့္ စေတာ္ဘယ္ရီသီးအစိတ္မ်ားကိုေတာ့ အခ်ိဳ႕ခြက္မ်ားတြင္လိုက္ထည့္ၿပီးေနာက္ ေရခဲေသတၱာထဲထည့္ကာ ပိတ္ထားလိုက္၏။


ၿပီးမွ သူ႔ဘက္လွည့္လာၿပီး...


"ႏိုရာ ေရသြားခ်ိဳး"


"မခ်ိဳးဘူး"


"...."


ေဘေဘး တမင္သက္သက္ဂ်စ္တိုက္ေနလိုက္မိသည္။ ဘယ္ေလာက္ခ်စ္သည္ဆိုဆို အခ်ိဳ႕ကိစၥေတြကို အလိုလိုက္ထား၍မျဖစ္။


သူ႔ဘဝက တျဖည္းျဖည္းႏွင့္ ခင္ပြန္းသည္မျဖစ္ခင္ကတည္းက ေနရာကေပ်ာက္ခ်င္ခ်င္။


သားႏွစ္ေယာက္ကို မ်က္လုံးလွန္ကာၾကည့္လိုက္ေတာ့ သူတို႔ကိုၾကည့္ေနၾကရာမွ ႏွစ္ေယာက္သား မ်က္လႊာအျမန္ခ်လိုက္ၾကသည္မို႔ အနည္းငယ္ရယ္ခ်င္သြားေသာ္ျငား ထိန္းထားလိုက္သည္။


ဒီသားအဖသုံးေယာက္အား ဒီ့ထက္ပိုကာ သူအလိုလိုက္ထား၍ မျဖစ္ေတာ့...


ေတြးလိုက္မိစဥ္မွပင္ King ထံမွ သက္ျပင္းခ်သံသဲ့သဲ့ၾကားလိုက္ရၿပီးေနာက္ သူ႔ေဘးကခုံတြင္ဝင္ထိုင္လာၿပီး...


"စိတ္ဆိုးေနတာလား"


"ေအး ေသခ်ာေပါက္စိတ္ဆိုးေနတယ္...မင္းစကားလည္း အခုနားမေထာင္ခ်င္ဘူး... ငါ့စကားကိုနားမေထာင္လို႔လည္း စိတ္ဆိုးေနတယ္"


"အင္း"


"ဘာ 'အင္း'လဲ"


"နားမေထာင္မိလို႔ ေတာင္းပန္ပါတယ္"


"...."


ေဘေဘး သူ႔ကိုေတာင္းပန္ေနသူအား ေသခ်ာၾကည့္လိုက္မိသည္။ မ်က္ဝန္းၾကည္ၾကည္တို႔ အနည္းငယ္မွိန္ေဖ်ာ့ေနသည္ကိုျမင္လိုက္ရေတာ့ သူလည္းစိတ္မေကာင္း။


တကယ္ပဲ မ်က္ႏွာေလးကိုက အလိုလိုက္ခ်င္စရာ...Tsk! အလိုလိုက္ေနမိတဲ့ငါ့အျပစ္မဟုတ္ဘူး...ကမာၻေပၚမွာရွိတဲ့ ဘယ္သူ႔ကိုပဲသြားေမးေမး ဒီမ်က္ႏွာေလးနဲ႔ ဒီလိုေျပာလာရင္ ဘယ္ေလာက္အျပစ္ႀကီးလုပ္ထားထား ခြင့္မလႊတ္ဘဲ ေနႏိုင္ပါ့မလား...ၿပီးေတာ့ အခုကလည္း ေသေလာက္တဲ့အထိႀကီးတဲ့ အျပစ္မွမဟုတ္ဘဲ... ငါ့အခ်စ္ေလးက ဘာမွသိပ္မမွားတာကို ငါကအရမ္းဆူလိုက္မိတယ္... ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ ဒီတိုင္းခြင့္လႊတ္လိုက္ရမွာေတာ့ ႏွေမ်ာစရာႀကီးမလား...


"အဟမ္း...ဒီကိစၥႏွစ္ေယာက္တည္းရွိမွဆက္ရွင္းမယ္...အခု ငါေရသြားခ်ိဳးေတာ့မယ္...
မင္းဘာမွဆက္မလုပ္ဘဲ ထိုင္ေနေတာ့... ဒါေတြကိုရွင္းဖို႔ လူေခၚလိုက္မယ္... ဒီစကားကိုမွနားမေထာင္ရင္ေတာ့ သုံးေယာက္လုံးကို စိတ္ဆိုးၿပီပဲ...ၾကားတယ္ေနာ္"


"အင္း"


"ဟုတ္"


"ဟုတ္"


ေသခ်ာမွာခဲ့ၿပီးေတာ့မွ သူေရခ်ိဳးဖို႔ ထြက္လာခဲ့လိုက္သည္။ အားလုံးကိုေက်ာေပးလိုက္သည္ႏွင့္ မ်က္ႏွာထက္ အၿပဳံးပန္းတို႔ ေဝဆာသြားေတာ့၏။


တကယ္ပဲ...ဆြဲဆတ္နမ္းပစ္ခ်င္စရာေလး...


45 mins later...


သူေရခ်ိဳး၊ လုပ္စရာရွိတာလုပ္ၿပီး ျပန္ထြက္လာသည့္အခ်ိန္တြင္ေတာ့ ႏိုႏိုတို႔က လက္မတေထာင္ေထာင္ႏွင့္ သူ႔ဒယ္ဒီအားခ်ီးက်ဴးစကားတို႔ကိုအပီအျပင္ဆိုကာ ေရခဲေခ်ာင္းပိစိေလးမ်ားအား အားရပါးရတြယ္ေနၿပီျဖစ္သည္။


ေဘးမွကေလးႀကီးသည္လည္း သူ႔သားမ်ားအားအလိုလိုက္အႀကိဳက္ေဆာင္ကာ အတူလိုက္စားေပးေနပုံရ၏။ သို႔ေသာ္ သူ႔ပုံစံ႐ုပ္တည္ႀကီးႏွင့္ ေရခဲေခ်ာင္းပိစိေလးအားထိုင္စားေပးေနပုံသည္ အေတာ္ေလးရယ္ခ်င္စရာေကာင္းသလို ခ်စ္ဖို႔လည္း ေကာင္းလြန္းေနသည္မို႔ ေဘေဘးတစ္ေယာက္ ေအာက္ႏႈတ္ခမ္းကို အသာဖိကိုက္ကာ ရယ္ခ်င္စိတ္တို႔အားထိန္းခ်ဳပ္ထားမိ၏။ အထဲဝင္သြားလိုက္ကာ တစ္ေယာက္ေသာသူေဘးမွ ခုံအလြတ္တြင္ ဝင္ထိုင္လိုက္ၿပီး ကေလးေတြကိုအလိုလိုက္လြန္းသူအား ေစာင္ၾကည့္လိုက္မိသည္။


"ပါပါး ေထာပတ္သီးစား...ေထာပတ္သီးက အရမ္းေကာင္းတယ္...အရမ္းလည္းမခ်ိဳဘူး"


ႏိုႏိုက သူစား၍ႀကိဳက္သည့္အရာကို ေျပာကာ သူ႔အားစားဖို႔တိုက္တြန္းလာသည္။ ထို႔ေၾကာင့္ သူလက္လွမ္းကာယူဖို႔စိတ္ကူးလိုက္စဥ္မွာပင္ ေဘးမွလူသားက ႏွစ္ခုသာက်န္ေတာ့သည့္ ေထာပတ္သီးေရခဲေခ်ာင္းထဲမွ တစ္ခုကိုယူကာ သူ႔အားေပးလာသည္မို႔ အလိုက္သင့္ယူကာစားလိုက္ေတာ့ အရသာက ႏိုႏိုေျပာသလိုပင္။ အရမ္းလည္းခ်ိဳမေနသလို၊ အီလည္းမအီပါ။ ခ်ိဳခ်ိဳစိမ့္စိမ့္ေလးႏွင့္ အရသာအရမ္းရွိသည္မို႔ ေနာက္တစ္ခုကိုပင္စားခ်င္လာသည္အထိ။


ဒါကို Kingပထမဆုံးလုပ္ျခင္းျဖစ္သည္ဟု အျခားသူမ်ားကိုေျပာလွ်င္ ယုံေလာက္မည္မဟုတ္။ တကယ္ကိုပင္ စားဖူးေနက်အရသာမ်ားထက္ အရသာရွိလြန္းသည္မို႔ သူေသခ်ာေလးအရသာခံေနမိသည္။


ႏိုႏိုက သူ႔လက္ထဲမွတစ္ေခ်ာင္းကုန္သြား၍...


"ကိုကို အဲ့သီးစုံေလးေကာင္းလား"


"အင္း"


"ဟီး အာ့ဆို အဲ့ဒါေလး စားၾကည့္မယ္"


အစားျမန္ေသာ ႏိုႏိုက ခဏေလးအတြင္း ဒုတိယတစ္ေခ်ာင္းထပ္ကုန္သြားျပန္သည္မို႔ တတိယတစ္ေခ်ာင္းကိုလက္လွမ္းလာေတာ့ သူေျပာဖို႔ျပင္လိုက္စဥ္…


"သားငယ္ တစ္ခါတည္းအမ်ားႀကီးမစားရဘူး"


အသံၾကည္ၾကည္သည္ ေရခဲေခ်ာင္းအသစ္တစ္ခုထံလက္လွမ္းေနသည့္ ႏိုႏို႔လက္ကေလးအား တုံ႔ခနဲရပ္တန္႔ေစၿပီးသည့္ေနာက္...


"ဟုတ္ ဒယ္ဒီ"


ႏိုႏိုက လက္ကေလးျပန္႐ုတ္သြားၿပီး ၿငိမ္က်သြားသည္မို႔ ဧက,က ညီျဖစ္သူအား လွည့္ၾကည့္လိုက္၏။


"ႏိုႏို ဒီစပ်စ္သီးစားမလား"


ေျပာလည္းေျပာ လက္ဖဝါးေလးတစ္ဖက္ကိုေအာက္ကခံကာ သူစားလက္စေရခဲေခ်ာင္းေလးအား ႏိုႏို႔ထံလွမ္းခြံေတာ့...


"ဟီး အစာပိတ္အေနနဲ႔ ႏိုႏို တစ္ကိုက္ပဲစားမယ္ေနာ္"


"အင္း"


ႏိုႏိုတစ္ေယာက္ သူစားခ်င္သည့္အရာကို တားျမစ္ထားသည့္ၾကားမွ တစ္ကိုက္ေတာ့စားလိုက္ရေသးသည္မို႔ မ်က္ႏွာေလးက ျပန္လည္ၾကည္လင္သြားေတာ့သည္။


"ဒီည...ကိုကိုနဲ႔လာအိပ္မယ္"


"အင္း"


"ဟီး ႏိုႏိုၿငိမ္ၿငိမ္အိပ္မွာပါ"


"အင္း"


ေရခဲေခ်ာင္းစားျခင္းအစီအစဥ္ ၿပီးဆုံးသြားသည့္အခါတြင္ေတာ့ ေလးေယာက္သား TVေရွ႕တြင္ အခ်ိန္ကုန္ဆုံးလိုက္ၾကသည္။ ညေန ၆နာရီတြင္ Dinnerအတြက္ လွမ္းမွာကာ စားလိုက္ၾကအၿပီးတြင္ေတာ့ ေဘေဘး၏ 'သားတို႔ဒယ္ဒီ နားခ်ိန္တန္ၿပီ'ဟူေသာစကားေၾကာင့္ လူစုခြဲလိုက္ၾကေတာ့၏။


သားတို႔ အိပ္ခန္းထဲဝင္သြားေတာ့မွ ေဘေဘးတစ္ေယာက္ ၿပဳံးစိစိျဖင့္ Kingကိုၾကည့္ကာ...


"ကဲ ကိုယ္တို႔ေတြ ညေနက ကိစၥေလး ဆက္ရွင္းၾကတာေပါ့ အခ်စ္ေရ"


"...."


ေရခဲတုံးအားအသားယူစကားေျပာလိုက္ၿပီးေနာက္ ေဘးေဘးက ေရွ႕မွဦးေဆာင္ကာ အိပ္ခန္းထဲဝင္လာလိုက္ရင္း ေနာက္မွ ေျခသံဖြဖြအား နားစြင့္ကာၿပဳံးလိုက္မိ၏။


တစ္ဖန္ အိပ္ရာေဘးရွိ စားပြဲမွကုလားထိုင္တြင္ ဝင္ထိုင္ဖို႔ျပင္လိုက္သူေၾကာင့္...


" ဒီမွာလာထိုင္ေလ...ငါကမင္းကိုေအာ္ေျပာရမွာလား...အလကား လူကိုေမာေအာင္လာလုပ္ေနတယ္"


"...."


ေျပာလိုက္ေတာ့ သူထိုင္ေနသည့္ အိပ္ရာထက္တြင္ ေဘးခ်င္းယွဥ္ကာ ဝင္ထိုင္လိုက္သည္မို႔ ေမြ႕ရာက အိခနဲ။ ေဘေဘး နံေဘးမွလူသား၏မ်က္ႏွာေလးအား စိုက္ၾကည့္ေနမိသည္။ မ်က္ေတာင္ရွည္တို႔ကို စိုက္ခ်ထားပုံက ျပစ္မွားခ်င္စရာ။ အိမ္ေနရင္းဝတ္ေလ့ရွိေသာ ခ်ည္သားအက်ႌအျဖဴလက္တိုေလးႏွင့္ ရွင္းသန္႔ေနသည့္မ်က္ႏွာေလး။


ေဘေဘးတစ္ေယာက္ ဤအဖိုးတန္မ်ိဳးမွန္ေလး၏ ပါးျပင္ေလးတို႔ကို ဆြဲညႇစ္ကာ ႏႈတ္ခမ္း နီစိုစိုေလးအားဆြဲမြ၊ မ်က္လုံးေလးေတြမွိတ္က်တဲ့အထိဖိကပ္နမ္း၊ တစ္ကိုယ္လုံးရင္ခြင္ထဲ သြတ္သြင္းကာ ဆြဲစားပစ္ခ်င္သည့္စိတ္႐ိုင္းမ်ားအား ရွိစုမဲ့စုသမာဓိအားေလးျဖင့္ ထိန္းသိမ္းေနရသည္မွာ သိပ္ေတာ့မလြယ္။


ေခါင္းထဲတြင္ေတာ့ အျပစ္ေပးသည္ဟူေသာေခါင္းစဥ္ျဖင့္ အသားယူရန္နည္းမ်ားအား အေျပးအလႊားစဥ္းစားလိုက္ၿပီးသည့္ေနာက္တြင္ေတာ့....


"အဟမ္း မင္းမွားတာသိတယ္မလား"


"အင္း"


" မင္းေတာင္းပန္႐ုံနဲ႔ ငါကဒီတိုင္းခြင့္မလႊတ္ခ်င္ပါဘူးဆိုရင္ေရာ"


ေျပာလိုက္ေတာ့ မ်က္ေတာင္တို႔က အနည္းငယ္ပင့္တက္လာၿပီးေနာက္ သူ႔ကိုၾကည့္လာၿပီး...


" ဘာလုပ္ေပးရမလဲ"


ျပန္ေမးလာသည့္ေမးခြန္းေၾကာင့္ ေဘေဘးရင္ထဲ ပန္းေတြပြင့္သြားရ၏။


"အဟမ္း...ဘာျဖစ္ျဖစ္လုပ္ေပးမွာလား"


"အင္း"


"ဘာျဖစ္ျဖစ္ေနာ္"


"အင္း"


"အိုခီ အဟမ္း...ဒါဆို..."


"...."


"အဟမ္း...ဒီည မင္းငါ့ရင္ခြင္ထဲဝင္အိပ္"


"...."


ေျပာလိုက္ေတာ့ ဘာမွျပန္မေျဖဘဲ သူ႔ကိုသာစိုက္ၾကည့္ေနသူေၾကာင့္ ေဘေဘး မ်က္ေမွာင္တို႔ကိုၾကဳတ္လိုက္မိၿပီး…


"ဘာလဲ မင္းေျပာၿပီးသားေနာ္...ဘာျဖစ္ျဖစ္ဆိုၿပီး"


ထိုအခါက်မွ စကၠန႔္အနည္းငယ္အၾကာ၌ ခပ္ေလးေလးျပန္ေျဖလာ၏။


"အင္း"


ေနာက္ဆုံးတြင္ လိုခ်င္သည့္အေျဖရလာသည္မို႔ ေဘေဘးတစ္ေယာက္ လက္သီးလက္ေမာင္းပင္တန္းမိေတာ့မတတ္ ေပ်ာ္႐ႊင္သြားမိသည္။


ဒီတစ္ခါေတာ့ Kingေလးကို ကိုယ့္ရင္ခြင္ထဲထည့္သိပ္ႏိုင္ၿပီေပါ့...အခ်စ္မသိတာက ကိုယ့္ရင္ခြင္က မင္းေလးအတြက္ဆို တစ္ခါဝင္ၿပီးရင္ တစ္သက္ပဲ အခ်စ္ေလးရ…


King ထံမွအေျဖကိုရၿပီးသည္ႏွင့္ ၈နာရီေလာက္ကတည္းက အိပ္ရာဝင္ဖို႔တကဲကဲျဖစ္ေနသည့္ ေဘေဘး။ King စာၾကည့္ေနသည့္စားပြဲနား ေယာင္လည္လည္လုပ္ကာ ေလွ်ာက္ျပန္သံေပးလုပ္ေနမိသည္ကို အျခားသူေတြသာျမင္လွ်င္ သူ႔အား ေတာ္ေတာ္ျဖစ္ေနသည္ဟုေျပာၾကမည္သာ။


တကယ္လည္း ေတာ္ေတာ္ျဖစ္ေနပါသည္။ ေဘးႏိုရာသည္ သူ႔အခ်စ္ေလး Kingအား ငုံထားလို႔ရရင္ ငုံထားမိေတာ့မတတ္ ေတာ္ေတာ္ျဖစ္ပါ၏။ အိပ္လည္း King၊စားလည္း King၊ သြားလည္း King၊ အလုပ္လုပ္လည္း Kingျဖစ္ေနၿပီမို႔ Kingေလးမွမကယ္ရင္ သူေသရပါေတာ့မည္။


၉နာရီထိုးသည့္အခ်ိန္တြင္ေတာ့ ေဘေဘးတစ္ေယာက္ အခန္းထဲတြင္လမ္းပတ္ေလွ်ာက္ေနမိသည္မွာ ေခ်ာင္းေပါက္႐ုံတင္မဟုတ္၊ ျမစ္ပင္ျဖစ္ေလာက္သည္အထိ။ ေခ်ာင္းဟန္႔သံေပးလိုက္၊ အိမ္သာေလးထသြားျပလိုက္၊ စာအုပ္ေလးေကာက္ဖတ္သလိုလုပ္လိုက္၊ ကုတင္ေပၚမွထလိုက္၊ ထိုင္လိုက္ လုပ္ေနမိသည္မွာ အႀကိမ္ေရမနည္းေတာ့။


နာရီလက္တံက ၉ ဂဏန္းကိုအနည္းငယ္စြန္းေနကာ မိနစ္လက္တံက ၆ဂဏန္းဆီသို႔ တည့္တည့္ၫႊန္ျပေနသည့္အခ်ိန္တြင္ေတာ့ Kingသည္ ၾကည့္ေနသည့္ စာအုပ္မ်ားအားပိတ္လိုက္ေတာ့သည္။ ထိုအခ်င္းအရာကိုျမင္လိုက္ရသည္ႏွင့္ ေဘေဘးတစ္ေယာက္ ထခုန္မိမတတ္ျဖစ္သြားၿပီးေနာက္...


"အဟမ္း....ဪ စာၾကည့္တာၿပီးသြားၿပီလား...ငါလည္း အလုပ္နဲ႔ပတ္သက္ၿပီးၾကည့္ေနတာ အခုမွၿပီးတယ္...ဒါနဲ႔ အိပ္ေတာ့မွာမလား"


"အင္း"


ထိုအေျဖကိုၾကားသည္ႏွင့္ ေဘေဘး စိတ္ထဲမွ လက္သီးလက္ေမာင္းတန္းကာ ေအာ္ဟစ္ေနမိေတာ့သည္။ King ေရခ်ိဳးခန္းထဲဝင္သြားကာ မ်က္ႏွာသစ္၊သြားတိုက္သည့္အခ်ိန္အား စိတ္ရွည္ရွည္ႏွင့္ေစာင့္ေနလိုက္၏။


ထို႔ေနာက္တြင္...


ခ်ေလာက္!


ေရခ်ိဳးခန္းတံခါးပြင့္သြားသံႏွင့္အတူ ေဘေဘးႏႈတ္ခမ္းထက္၌ အၿပဳံးတစ္ခုေပၚလာၿပီးေနာက္...


"လာ အခ်စ္ေလး"


အိပ္ရာထက္လွဲလိုက္ၿပီးေနာက္ လက္ေမာင္းကို ဆန္႔တန္းလိုက္ၿပီး ၿပဳံးစိစိျဖင့္ေျပာလိုက္ေတာ့
မ်က္ႏွာေသေလးျဖင့္ၾကည့္လာသည္။ ကုတင္ထက္ ဝင္ထိုင္လိုက္သည့္အခ်ိန္တြင္ေတာ့ ေဘေဘး၏ ရင္ခုန္သံတို႔က စတင္ဝုန္းဒိုင္းႀကဲေတာ့၏။


လာစမ္းပါ...ဒီရင္ခြင္ထဲတိုးဝင္လိုက္တာနဲ႔ တစ္သက္လုံး အခ်စ္ကို ကာကြယ္ေစာင့္ေရွာက္ၿပီး ခ်စ္သြားမဲ့ ကိုယ္ပါ... လာၿပီး ရဲရဲႀကီး တိုးဝင္ပစ္လိုက္စမ္းပါ....


စိတ္ထဲမွ ေပါက္ကရေလးဆယ္ေတြးေနမိၿပီး လက္ေမာင္းထက္ေခါင္းတင္ကာ ရင္ခြင္ထဲဝင္လာမည့္သူအား အသက္ရႉပင္ေအာင့္ထားလိုက္ရင္း ရင္ခုန္စြာေစာင့္ေနမိစဥ္....


ဒုန္း! ဒုန္း! ဒုန္း!


" ပါပါး! ဒယ္ဒီ! ကိုကို႔ကိုလာၾကည့္ပါဦး!"


ဒုန္း! ဒုန္း!


" ပါပါး! အီး ဟီး...ကိုကို မူးလဲသြားလို႔ လာၾကည့္ပါဦး! ဒယ္ဒီ! အီး ဟီး..."


က်ယ္ေလာင္စြာတံခါးထုသံတို႔ႏွင့္အတူ ႏိုႏို႔စကားသံတို႔ႏွင့္ငိုသံမ်ားေၾကာင့္ ႏွစ္ေယာက္သား အေျပးအလႊားထကာ တံခါးေျပးဖြင့္လိုက္ၾကေတာ့...


" ပါပါး ဒယ္ဒီ...ကိုကို မူးလဲ အင့္! ဟီး..."


ထို႔ေနာက္ Kingက စကားပင္ဆုံးေအာင္မေျပာႏိုင္ေတာ့သည့္ ႏိုႏို႔အား ဆြဲခ်ီလိုက္ၿပီး ေျခလွမ္းက်ဲတို႔ျဖင့္ သားႀကီးအခန္းဆီအျမန္ထြက္သြားသည္မို႔ ေဘေဘးလည္းစိုးရိမ္စြာ အေျပးလိုက္သြားလိုက္၏။


အခန္းထဲေရာက္ေတာ့ အိပ္ရာထက္လဲေနသည့္ သားႀကီး။ အိပ္ရာထက္ စစ္တုရင္ေဆာ့ေနၾကရရင္း မူးလဲသြားပုံရသည္။ သားႀကီး၏ ေျခရင္းတြင္ စစ္တုရင္႐ုပ္ေလးမ်ားက အလဲလဲအၿပိဳၿပိဳ။ သားႀကီးကိုေတြ႕သည္ႏွင့္ Kingက ႏိုႏို႔အား ေအာက္သို႔အျမန္ခ်လိုက္ၿပီးေနာက္ သားႀကီး၏ခႏၶာကိုယ္ေလးအား လက္ရွိအေနအထားထက္ ပို၍သက္ေတာင့္သက္သာျဖစ္ေအာင္ျပဳျပင္လိုက္ရင္း...


"ႏိုရာ အခန္းထဲကစားပြဲေပၚမွာ Boxရွိတယ္...ယူလာခဲ့ေပးပါလား"


"အင္း အင္း"


ေဘေဘး King ေျပာသည္အား အျမန္ေျပးကာယူလိုက္ၿပီးေနာက္...


" ဒီမွာ King..."


ေျပာလည္းေျပာ Boxေလးကို အျမန္ဖြင့္ေပးလိုက္ေတာ့ Kingက နားၾကပ္ႏွင့္ေသြးေပါင္ခ်ိန္တိုင္းသည့္ကိရိယာကိုထုတ္ကာ ကေလးအား ေသြးေပါင္ခ်ိန္တိုင္းၿပီးေနာက္ ေသခ်ာစမ္းသပ္ၾကည့္လိုက္ေတာ့ အေျဖသည္ ထုံးစံအတိုင္း အားနည္းျခင္းပင္။


1 hour later...


ႏိုႏိုတစ္ေယာက္ သူ႔အစ္ကိုအားစိတ္ပူကာ အငိုမရပ္ေတာ့သည္မို႔ သူတို႔ႏွစ္ေယာက္ အတန္ၾကာသည္အထိ အာ႐ုံလႊဲကာ ေခ်ာ့လိုက္ရသည္။ သို႔ေသာ္လည္း ဘယ္လိုေျပာေျပာ အစ္ကိုျဖစ္သူအား စိတ္မခ်သည္မို႔ သူ႔အစ္ကို ေမ့ေမ်ာေနသည့္ေဘးမွာပင္ ဝင္လွဲကာ အစ္ကိုျဖစ္သူ၏လက္အားကိုင္ထားရင္း၊ မ်က္ရည္က်ရင္းပင္ အိပ္ေပ်ာ္သြားေတာ့၏။ သူတို႔ႏွစ္ေယာက္လည္း သားႏွစ္ေယာက္ကိုၾကည့္ၿပီး စိတ္မေကာင္းၾကေတာ့။ ႏွစ္ေယာက္သား စကားပင္မေျပာႏိုင္ၾကေတာ့ပဲ ေတြေဝစြာ ထိုင္ေနမိၾကသည္။


မိနစ္ပိုင္းမွ်အၾကာတြင္ ေဘေဘး၏အသံသည္ တည္ၿငိမ္ေနသည့္ေလထုအားစတင္ၿဖိဳခြဲေတာ့၏။


"King..."


"အင္း"


တစ္ဖက္မွ ခ်က္ခ်င္းျပန္တုံ႔ျပန္လာေသာ္ျငား သူဘာမွဆက္မေျပာျဖစ္။ ထို႔ေနာက္ သက္ျပင္းခ်လိုက္ၿပီး...


"တစ္ခါတစ္ေလ သားႀကီးကိုၾကည့္ၿပီး ငါနဲ႔မ်ားမထိုက္တန္လို႔လားလို႔ေတြးမိလာတယ္"


အသံသည္ အခန္းတြင္း၌ မတိုးမက်ယ္ထြက္ေပၚလာသည္။ ထိုအသံအတြင္း၌ ဝမ္းနည္းမႈအရိပ္အေယာင္မ်ားက ျပည့္ႏွက္စြာ။


Kingက သူ႔အားလွည့္ၾကည့္လာသည္ကိုသိေသာ္လည္း ျပန္မၾကည့္ျဖစ္။ ျဖစ္ႏိုင္သည္ကေတာ့ သူမၾကည့္ရဲျခင္း။ သူေျပာလိုရာကိုသာ ဆက္ေျပာဖို႔ျပင္လိုက္စဥ္…


"ႏိုရာ..."


အသံၾကည္ၾကည္အား သူမလြန္ဆန္ႏိုင္စြာျဖင့္...


"အင္း"


ျပန္ထူးကာ ၾကည့္လိုက္မိေတာ့ သလင္းကဲ့သို႔ၾကည္လင္လြန္းသည့္မ်က္ဝန္းတို႔က သူ႔ကို ေလးနက္စြာၾကည့္လာၿပီးေနာက္...


"မင္းက သားႀကီးနဲ႔အထိုက္တန္ဆုံးပါ ႏိုရာ"


"...."


ထိုစကားအဆုံးတြင္ေတာ့ ေဘေဘး၏မ်က္ရည္ဆည္သည္ တာက်ိဳးပါေတာ့၏။ ထိုအခါ ခႏၶာကိုယ္တစ္ခုလုံး ရင္ခြင္ေႏြးေႏြးထဲေရာက္သြားခဲ့ေသာ္လည္း ဒီတစ္ႀကိမ္တြင္ေတာ့ မည္သည့္အရာကိုမွမစဥ္းစားျဖစ္ေတာ့။ 'ဤရင္ခြင္သည္ သူ႔အတြက္လုံၿခဳံလြန္းသည္'ဟူေသာ အသိျဖင့္ ႏွစ္ေပါင္းမ်ားစြာစုေဆာင္းထားခဲ့ေသာ ခံစားခ်က္မ်ားအားလုံးကို ဤရင္ခြင္အတြင္း အလုံးစုံသြန္ခ်မိေတာ့သည္။


ေက်ာျပင္ထက္ ခပ္ဖြဖြက်လာသည့္ လက္ဖဝါး၏ေႏြးေထြးမႈအား ခံစားရင္း ဘဝတြင္ပထမဦးဆုံးအႀကိမ္ တစ္ပါးသူ၏ရင္ခြင္ထဲ၌ စိတ္ပါလက္ပါျဖင့္ ရႈိက္ႀကီးတငင္ငိုခဲ့မိျခင္း။


ဤလူသားသည္ 'ဘာေၾကာင့္'ဟူသည့္ ေမးခြန္းမ်ိဳး တစ္ခြန္းမွ်မဆိုခဲ့ပါေသာ္လည္း ႏွစ္သိမ့္မႈကိုေတာ့အျပည့္ေပးခဲ့ပါ၏။


ႏွစ္သိမ့္သည့္စကား တစ္ခြန္းေသာ္မွ်မဆိုပါဘဲ ရင္ခြင္တစ္ခုကိုသာငွားေပးခဲ့ၿပီး ဆိတ္ဆိတ္ၿငိမ္ေနေပးခဲ့သူေၾကာင့္ သူ႔စိတ္အစဥ္သည္ သက္ေတာင့္သက္သာျဖစ္သြားခဲ့ပါသည္။


"အခန္းထဲျပန္အိပ္လိုက္...ငါေစာင့္ေနလိုက္မယ္"


"ဟင့္အင္း ငါလည္း မင္းနဲ႔တူတူေစာင့္မယ္"


မိနစ္တို႔တေ႐ြ႕ေ႐ြ႕ကုန္ဆုံးသြားသည့္ေနာက္တြင္ေတာ့ အတူေစာင့္မည္ဟုဆိုခဲ့သူသည္ တစ္ေယာက္ေသာသူ၏ ေပါင္တစ္ျခမ္းထက္ ေခါင္းအုံးကာ စိတ္ခ်လက္ခ်ေမွးစက္ပါေတာ့သည္။


King သူ႔ေပါင္ေပၚတြင္ ေခါင္းတင္ကာ တစ္ေစာင္းအိပ္ေပ်ာ္ေနသူ၏ လႈိင္းတြန္႔ဆံပင္ေလးမ်ားအား အသာသပ္ေပးလိုက္မိ၏။ တစ္ဖန္ ျမင္ေနရသည့္ ႏို႔ႏွစ္ေရာင္ပါးျပင္တစ္ျခမ္းအား လက္ေခ်ာင္းထိပ္ေလးမ်ားျဖင့္ အသာထိတို႔မိေတာ့ အနည္းငယ္ လႈပ္ရွားလာသည္မို႔ ပုခုံးေလးအား ဖြဖြပုတ္ကာ ျပန္အိပ္ေစလိုက္ေတာ့ ၿငိမ္က်သြားေတာ့သည္။


ထိုအခါမွ ဖုန္းကိုယူလိုက္ကာ Msgထဲဝင္လိုက္ၿပီးသည့္ေနာက္ လက္ေခ်ာင္းတို႔က စာလုံးအခ်ိဳ႕ထက္ ေျပးလႊားသြားၾကအၿပီးတြင္ေတာ့ Sendလုပ္လိုက္ေတာ့၏။


‘မနက္ျဖန္ညေန ေနာက္ဆုံးလိုခ်င္တယ္’


The next evening...


ေဘေဘး ကုမၸဏီသို႔ ညေနပိုင္း တစ္ခ်က္သြားၾကည့္ၿပီးသည့္ေနာက္ အိမ္သို႔ျပန္လာခဲ့လိုက္သည္။


အိမ္သို႔ျပန္ေရာက္သည့္အခ်ိန္တြင္ေတာ့...


"ဟာ ပါပါး ျပန္လာၿပီ... ပါပါး ဒီမွာၾကည့္... ဒယ္ဒီက ႏိုႏိုနဲ႔ကိုကို႔ကို ဆင္တူဝယ္ေပးတာ...
ဟီး ႏိုႏိုတို႔နဲ႔ဒယ္ဒီ့မွာ ဆင္တူလက္စြပ္ရွိသြားၿပီ"


ႏိုႏိုက သူ႔ကိုျမင္သည္ႏွင့္ ဝမ္းသာအားရေျပးလာကာ ေျပာရင္း သူ႔ေရွ႕ကို လက္ဖမိုးေလးေထာင္ျပလာသည္မို႔ၾကည့္လိုက္ေတာ့ King လက္ညႇိဳးတြင္ေတြ႕ေနက် တိုးနယားလက္စြပ္ႏွင့္ တစ္ပုံစံတည္းလက္စြပ္တစ္ခုကို ႏိုႏို႔လက္ညႇိဳး၌ ေတြ႕လိုက္ရ၏။


ႏိုႏိုႏွင့္အတူ သားႀကီး၏ အိပ္ခန္းထဲသို႔ဝင္လိုက္ေတာ့ Kingက ကေလးကိုဆန္ျပဳတ္တိုက္ေနသည္။ ေဘေဘး ထိုသားအဖပုံစံေလးကို ေငးၾကည့္မိသြား၏။ အၿမဲတမ္း ခုလိုေလးျမင္ခ်င္ပါသည္ဟုဆိုလွ်င္ သူေလာဘတက္ရာ က်သြားေလမလား။ သို႔ေသာ္ မတတ္ႏိုင္။ ဒီလူသားေလး ႏွစ္ေယာက္လုံးကို သူအပိုင္လိုခ်င္ပါသည္။


သားႀကီးက သူ႔ကိုျမင္ေတာ့ မ်က္လုံးေလးမ်ားလက္လာၿပီး ၾကည့္လာသည္မို႔ သူၿပဳံးျပလိုက္မိသည္။ ထိုအခါမွ ေခါင္းငုံ႔ကာ သူ႔ဒယ္ဒီခြံ႕ေနသည့္ဆန္ျပဳတ္အားဆက္ေသာက္၏။ သားႀကီးႏိုးလာသည့္အခ်ိန္တြင္ သူမရွိသည္မို႔ ကေလးက သူ႔အားသတိရေနသည့္ပုံပင္။ ထိုစဥ္...


"ကိုကို...ကိုကို႔လက္စြပ္ကို ျပလိုက္ပါဦး...ဟီး ႏိုႏိုေတာ့ ႂကြားလို႔ၿပီးၿပီ"


ႏိုႏို႔အေျပာေၾကာင့္ သားႀကီးက ေခါင္းညိတ္ကာ သူ႔လက္ကေလးကိုေထာင္ျပသည္။ တကယ္ကို တစ္ပုံစံတည္းတူသည့္လက္စြပ္ သုံးခု။ ထိုပုံစံတူ လက္စြပ္သုံးကြင္းကို အခန္းထဲရွိ လူေလးေယာက္ထဲမွ သူမွလြဲ၍ သုံးေယာက္လုံး ဝတ္ထားၾက၏။


ဒါႀကီးက ခြဲျခားဆက္ဆံခံရတာနဲ႔တူမေနဘူးလား...


အေတြးတို႔ႏွင့္အတူ ေဘေဘး၏မ်က္ႏွာက မႈန္မႈိင္းသြားေတာ့၏။ ထို႔ေနာက္ သားႀကီးထိုင္ေနသည့္ ကုတင္ထက္သြားထိုင္လိုက္ေတာ့ ႏိုႏိုကလည္း သူ႔အစ္ကိုေဘးသို႔ခ်က္ခ်င္းေရာက္သြားသည္။ တစ္ေယာက္ေသာသူကေတာ့ သူ ထိုေနရာအထိေရာက္သြားသည့္အခါမွသာ သူ႔အား အဖက္လုပ္၍ၾကည့္လာ၏။


ေဘေဘး ပန္းကန္ထဲမွဆန္ျပဳတ္ကုန္သည္အထိ စိတ္ရွည္စြာေစာင့္ေနလိုက္ၿပီးေနာက္ သားႀကီးအား ေဆးတိုက္ေနသည့္ Kingကို မ်က္စိေအာက္မွ တစ္ခ်က္အေပ်ာက္မခံဘဲ လိုက္ၾကည့္ေနလိုက္သည္။


ၾကည့္လို႔ဝေတာ့မွ…


"King"


"အင္း"


"ငါ့ဖို႔ေရာ”


"...."


"ငါ့ဖို႔ေရာလို႔"


"...."


သူေျပာသည္ကို နားမလည္သလိုၾကည့္ေနသည့္ Kingေၾကာင့္ ေဒါသတို႔ တလိပ္လိပ္ထလာရေတာ့၏။


"လက္စြပ္ကိုေျပာေနတာ...ငါ့ဖို႔ဘယ္မွာလဲ...မပါဘူးလား...မင္းသားေတြအတြက္က်ပါၿပီး ငါ့ကိုက်မေပးဘူးေပါ့...ဒါႀကီးက ခြဲျခားဆက္ဆံခံရတာနဲ႔အတူတူပဲ"


"...."


သို႔ေသာ္ ဘာမွေျပာမလာသည့္ Kingေၾကာင့္ ေဘေဘး အမွန္တကယ္ဝမ္းနည္းလာၿပီး...


"ေနေတာ့ ငါလည္း လိုခ်င္မေနဘူး"


"ရွိတယ္"


"ဟမ္! ဘာ!"


"ရွိတယ္...မင္းမလိုခ်င္ေလာက္ဘူးထင္လို႔"


King က ထိုသို႔ေျပာၿပီးေနာက္ ေလးကြင္းေျမာက္လက္စြပ္ေလးအား သြားယူေပးလာ၏။ ထိုအခါ ကေလးႀကီးတစ္ေယာက္သည္ ကေလးမ်ားထက္ပင္ လက္စြပ္ႏွင့္ပတ္သက္၍ ပို၍အူျမဴးေနေတာ့သည္။


"ဟီး ခုမွ မင္းနဲ႔ငါ ဆင္တူျဖစ္သြားတာ...ဒါကငါေပးထားတာ...ဒီဟာက် မင္းေပးထားတာ...ခုမွပဲ ျပည့္စုံသြားေတာ့တယ္"


ေဘေဘးက ႏွစ္ေယာက္လုံး၏ လက္မႏွင့္လက္ညႇိဳးတြင္စြပ္ထားေသာ လက္စြပ္မ်ားအား လက္ေခ်ာင္းတို႔ျဖင့္ တို႔ထိကာ ဆိုလာသည့္ေနာက္တြင္ေတာ့....


"အင္း"


ဤသို႔ျဖင့္ ေကတုသတီေဟာ္နန္း၏ သိဒၶိဝင္လက္စြပ္သည္ မိသားစုဆင္တူလက္စြပ္မ်ားထဲမွ တစ္ကြင္းဘဝသို႔ ေန႔ခ်င္းညခ်င္း ကူးေျပာင္းသြားပါေတာ့၏။


______________________________________________________________________


Two weeks later...


ေကတုသတီေဟာ္နန္း၏ မဟာေဒဝီနန္းေဆာင္သည္ ပုံမွန္ထက္ပို၍ တိတ္ဆိတ္ေနသည္။
မဟာေဒဝီ စဝ္သုမဒီသည္ မနက္ခင္း မဂၤလာယူသည့္အခ်ိန္အခါတြင္ေတာင္ အိပ္ခန္းေဆာင္ထဲမွထြက္မလာခဲ့။


ထိုကဲ့သို႔ေသာ ေန႔မ်ိဳးတြင္ ေဟာ္နန္းအတြင္း မည္သူမွဆူညံပူညံမလုပ္ရဲၾက။ ထိုေန႔မ်ိဳးတြင္ အမွားအယြင္းတစ္ခုခုလုပ္မိပါက မဟာေဒဝီ၏ အမ်က္ေတာ္ရွျခင္းကို အႀကီးအက်ယ္ခံရတတ္သည္မို႔ အားလုံးသတိျဖင့္သာေနၾကရ၏။


မဟာေဒဝီ စဝ္သုမဒီ၏ အိပ္ေဆာင္အတြင္းတြင္ေတာ့....


မဟာေဒဝီသည္ စားပြဲထက္တြင္ဖြင့္ထားေသာ ယြန္းေသတၱာေလးအတြင္းရွိ ပုံမွန္အတိုင္းအေရာင္စိုကာေတာက္ပေနသည့္ ပတၱျမားအားစူးစိုက္ၾကည့္ေနမိသည္။


ဤပတၱျမားသည့္ ယေန႔မွ ပုံမွန္အတိုင္းျပန္ျဖစ္သြားခဲ့ျခင္း။ လြန္ခဲ့သည့္ႏွစ္ပတ္ေလာက္က ေပါက္ကြဲထြက္ေတာ့မတတ္ ရဲရဲေတာက္ေနသည့္ပတၱျမားသည္ ယခုအခါတြင္ေတာ့ သာမာန္ပတၱျမားတစ္လုံးလိုပင္။


မဟာေဒဝီသည္ ထိုပတၱျမားအားစူးစိုက္ၾကည့္ရင္း အေတြးတို႔က ေလးနက္စြာ။ လြန္ခဲ့သည့္ႏွစ္ပတ္ေလာက္မွစ၍ ဤပတၱျမားသည္ ျဖည္းျဖည္းခ်င္းအေရာင္ေဖ်ာ့လာသည္ဟု ခံစားခဲ့မိေသာ္လည္း မေန႔ကထိ ပုံမွန္ထက္ေတာက္ပေနဆဲမို႔ ေထြေထြထူးထူးမေတြးမိခဲ့။ သို႔ေသာ္ ဒီေန႔တြင္ေတာ့ ဤ ပတၱျမားက သူမကို သတိေပးလာခဲ့ၿပီျဖစ္သည္။


စဝ္မင္းႏြယ္ဧကရာဇ္...
ဒီကေလး မည္သည့္ေျခလွမ္းကို လွမ္းေနပါသနည္း။


ဤပတၱျမားသည္ သိဒၶိဝင္လက္စြပ္မွပတၱျမားႏွင့္  ဆက္စပ္မႈရွိေနသည္မို႔ သူမကို ညာ၍မရႏိုင္ပါ။
ဤအရာမွ သတိေပးလာခ်က္အရ လက္စြပ္ႏွင့္ဆက္ခံသူသည္ ေပါင္းစည္းသြားၿပီျဖစ္၏။


မဟာေဒဝီသည္ သူမ၏ နားလည္ရခက္လြန္းေသာ ေျမးေတာ္ေၾကာင့္ ေခါင္းခဲလာရသည္မို႔ မ်က္ေမွာင္တို႔ကိုၾကဳတ္လိုက္မိသည္။


ဆက္ခံသူႏွင့္ပတ္သက္၍ ေတြ႕သည္ႏွင့္ မိခင္ေရာ၊ ကေလးေရာကို တစ္ပါတည္းေခၚေဆာင္လာခဲ့ရန္ မွာၾကားခဲ့ေသာ္လည္း နားမေထာင္ခဲ့။ အစဥ္အလာႏွင့္ေဟာ္နန္း၏ ဂုဏ္သိကၡါအရ လက္မဆက္ရေသးခင္ ဆက္ခံသူအားေမြးဖြားၿပီးသားဆိုလွ်င္ ေကတုသတီေဟာ္နန္းသည္ လူအမ်ား ျပက္ရယ္ျပဳစရာျဖစ္သြားလိမ့္မည္။


ထို႔ေၾကာင့္ ဆက္ခံသူကေလးကိုေတာ့ အ႐ြယ္ေရာက္သည္အထိ ဝွက္ထားရမည္ျဖစ္သည္။ သို႔ေသာ္ သူမ မွန္းဆၾကည့္ရသေလာက္ ဆက္ခံသူေျပာင္းသြားသည့္အခ်ိန္သည္ လြန္ခဲ့ေသာ ၁၃ႏွစ္ေလာက္နီးပါးကျဖစ္သည္မို႔ ကေလးကို ၾကာၾကာဖုံးကြယ္ထား၍လည္းမလြယ္ကူပါ။


စဥ္းစားရင္း၊ စဥ္းစားရင္းျဖင့္ သူမေခါင္းထဲ ပို၍မအီမသာျဖစ္လာေတာ့သည္။


ဒီကေလး ဒီေလာက္ထိ ျပႆနာေတြရွာခဲ့ၿပီးမွ သူမအမိန္႔ကို အာခံရဲေသးသည္လား...


အသက္ ၂၅ႏွစ္အ႐ြယ္ကတည္းက လုပ္သင့္သည့္လက္ဆက္ပြဲသည္ ယခု အသက္၃၀တိုင္သည္အထိ အထမေျမာက္ႏိုင္ေသး။


ဆက္ခံသူေျပာင္းလဲသြားသည့္အခ်ိန္တြင္လည္း မထုံတတ္ေတးလုပ္ေနခဲ့ၿပီး ႏိုင္ငံရပ္ျခားမွ တစ္ခါသာျပန္လာၿပီးေနာက္ ဘယ္ေလာက္ေခၚေခၚ ထပ္ၿပီးျပန္မလာေတာ့။


ႏိုင္ငံျခားသို႔ပို႔လိုက္သည့္အခ်ိန္မွစ၍ ေဟာ္နန္းႏွင့္သူ လုံးဝမဆိုင္ေတာ့သည့္အလား သတ္မွတ္လိုက္ပုံပင္။ ဆက္ခံသူကိစၥတြင္ မိခင္ျဖစ္သူသည္ မည္သည့္မ်ိဳး႐ိုးပင္ျဖစ္ပါေစ သေဘာတူေပးမည္ဟု တစ္ထစ္ေလွ်ာ့ေပးခဲ့ေသာ္ျငား ဘာမွထူးမလာခဲ့။


မဟုတ္မွလြဲ...ဒီကေလး...


သူမ၏ စိတ္အစဥ္သည္ အတိတ္ကာလက သူမအား ပထမဆုံးခြန္းတုံ႔ျပန္ေျပာရဲခဲ့ပါသည့္ ၁၇ႏွစ္ေက်ာ္အ႐ြယ္ ေျမးအငယ္ဆုံးဆီသို႔ ေရာက္သြားခဲ့သည္။


ထိုေန႔က ထိုကေလးသည္ 'အခ်ိန္ကာလတစ္ခုက ကြၽန္ေတာ့္စိတ္ကို တိုက္စားႏိုင္လိမ့္မယ္လို႔ အဘြားေတာ္ထင္ရင္ ႏွစ္သက္သလိုလုပ္ပါ'ဟူသည့္စကားအား ေနာက္ဆုံးအေနႏွင့္ေျပာခဲ့ၿပီးသည့္ေနာက္တြင္ ေဟာ္နန္းတြင္ပိတ္ထားခဲ့သည့္အခ်ိန္ကာလအတြင္းႏွင့္ ႏိုင္ငံျခားသို႔ပို႔လိုက္ၿပီးေနာက္ တစ္ႏွစ္နီးပါးၾကာသည္အထိ ေဟာ္နန္းႏွင့္သက္ဆိုင္သည့္မည္သူ႔ကိုမဆို စကားတစ္ခြန္းမေျပာခဲ့သလို၊ ဆက္သြယ္သည္ကိုပင္လက္မခံခဲ့။ အၿမဲတေစ ေငြေၾကးမျပတ္ေအာင္ လွမ္းလႊဲေပးခဲ့သည့္ အစ္ကိုႏွင့္အစ္မကိုေတာင္ တစ္ခ်က္ဆက္သြယ္ၿပီး ေက်းဇူးစကားမေျပာခဲ့။ အႀကီးႏွစ္ေယာက္သည္လည္း ဤသည္ကိုပင္ ခ်စ္စႏိုးျဖစ္ေနၾကေသးသည္မို႔ သူမဆူခဲ့ရေသးသည္။


ထို႔ေနာက္တြင္ ဆက္မေတြးခ်င္ေတာ့သည္မို႔ အေတြးတို႔ကို ရပ္တန္႔လိုက္ေတာ့၏။


သို႔ေသာ္ မျဖစ္သင့္သည့္အရာေတြ ျဖစ္မလာဖို႔ သူမႀကိဳတင္ကာကြယ္ထားရေတာ့မည္ဟူ၍ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးသည့္ေနာက္တြင္ေတာ့....။



Comment