အခန်း - ၁

Unicode//


"ဘာ! ဘေးနိုရာ မင်း!"


မျက်လုံးကိုစုံမှိတ်လိုက်ပေမဲ့ မည်သည့်နာကျင်မှုမျှရောက်မလာ။ ဘဝမှာတစ်ခါမှမမြင်ဖူးသည့် ကယ်လေး၏ဒေါသကို ပထမဆုံးအကြိမ်မြင်ဖူးခဲ့သည်။ အတတ်နိုင်ဆုံးခေါင်းကိုသာငုံ့ထားမိ၏။


"အငယ် စိတ်လျှော့"


ဒယ်ဒီ့အသံအေးအေးက ကယ်လေး၏ ဒေါသကို တစ်ချက်တည်းငြှိမ်းသတ်နိုင်စွမ်းရှိသည်။ အသက်ရှူသံပြင်းပြင်းက စက္ကန့်ပိုင်းအတွင်းပုံမှန်ပြန်ဖြစ်သွားသည်။


"သား..."


အသံအေးအေးဖြင့်ခေါ်လာသော်လည်း ဒယ်ဒီ့အသံကပုံမှန်လိုနူးညံ့မနေဘဲ လေးနက်စွာ။


"ဟုတ်ကဲ့"


"ပန်းသွေးတို့သိပြီးပြီလား"


"မေမေတို့ကိုမပြောရသေးပါဘူး ဒယ်ဒီ...ပြောလိုက်ရင် မေမေမူးလဲသွားမှာစိုးလို့"


"ဪ ဒါတော့ မင်းခေါင်းထဲမှာရှိသေးတာပဲ"


ကယ်လေး၏ ငေါ့တော့တော့အပြောကြောင့် ငြိမ်နေလိုက်ရသည်။ အားလုံးထက် ကယ်လေးကိုပိုကြောက်သည်။ ခေါင်ကိုထိနိုင်ရင် အကုန်သိမ်းလို့ရပြီမလို့သာ ပထမဆုံးထုတ်ပြောခြင်းပင်။


"ဘယ်မှာလဲ မင်းပြောတဲ့ကလေးတွေက"


ကယ်လေး၏လေသံကို Scanဖတ်ကာ စိတ်အခြေအနေကိုစစ်ဆေးပြီးနောက် စားပွဲပေါ်တွင်တင်ထားသောဖုန်းကိုယူကာ နံပါတ်တစ်ခုကိုနှိပ်ကာခေါ်လိုက်ပြီး...


"ကလေးတွေကိုခေါ်လာခဲ့"


မကြာခင် ခြေသံတစ်ချို့ကိုကြားလိုက်ရသည်။ လှည့်မကြည့်မိခင်မှာပင်...


"ပါပါး..."


ခေါ်သံကြောင့် သူထရပ်မိတော့မလိုဖြစ်သွားပေမယ့် ကယ်လေးမျက်လုံးတွေကြောင့် ကိုယ်ရှိန်သတ်လိုက်ရသည်။
ကယ်လေးကဆုံးမနိုင်လွန်း၍ စုန်းမကြီးလို့သူငယ်ငယ်ကကြိတ်ခေါ်ဖူးသည်။ ကယ်လေးသူ့ကိုချစ်တာသိသည်။ သူလည်းကယ်လေးကိုချစ်တာပင်။


ကယ်လေး၏ အကြည့်တွေကိုမခံနိုင်တော့တာကြောင့်...


"ဟီး..."


"ဟမ့်"


ရှိသမျှသွားအကုန်ပေါ်အောင်ရယ်ပြလိုက်တော့ ကယ်လေးကနှာမှုတ်သံပြုကာတစ်ဖက်လှည့်သွားသည်။


ထိုစဉ်...


"ဖိုးဖိုးဒယ်ဒီနဲ့ဖိုးဖိုးကယ်လေး မင်္ဂလာပါခင်ဗျ"


ရုတ်တရက် ထနှုတ်ဆက်လိုက်သော ကလေးနှစ်ယောက်ကြောင့် ဖြစ်သွားသော ဒယ်ဒီနှင့်ကယ်လေး၏မျက်နှာကိုကြည့်ကာ ရင်ထိတ်နေသည့်ကြားမှ မရယ်မိအောင်ထိန်းထားပေမဲ့...


“ခွီး..."


ပါးစပ်ကိုအချိန်မှီအုပ်လိုက်သော်ငြား မမှီတော့။
ကယ်လေးထံမှ မျက်စောင်းကဒိုင်းခနဲရောက်လာပြီး...


"အမျိုးတစ်ခြမ်းယုတ်လေး... စောစောစီးစီး ရာထူးတက်အောင်လာလုပ်နေတယ်"


"ကယ်လေးကလည်း...ကယ်လေးတို့ပဲ မိန်းမယူ ကလေးမွေးရင်ဘာညာဘာညာနဲ့ ခဏခဏလာပြောနေတာလေ"


"အဲ့ဒါနဲ့ကလေးနှစ်ယောက်ကို ကောက်ယူလိုက်တယ်ပေါ့... ငါတို့ကမင်းကိုအဲ့အဓိပ္ပါယ်နဲ့ပြောနေတာမဟုတ်ဘူးဆိုတာ မင်းဦးနှောက်ကမသိစရာအကြောင်းမရှိဘူးနော် ဘေဘေး...မင်းအကြောင်းငါမသိရင်မှတ်မယ်"


Bingo!
တော်လိုက်တဲ့ ကယ်လေး။


ကယ်လေးက ကလေးတွေရှိနေတာကြောင့် မပြောသင့်သည့်စကားလုံးများကိုထည့်မပြော။


ကယ်လေးထံမှ သူ့ဆီအကြည့်တစ်ချက်ပေးလာသည်မို့ သူမသိချင်ယောင်ဆောင်နေလိုက်သည်။ ကယ်လေးလိုလူရှေ့မှာ ဟန်ဆောင်ရတာလည်းအခက်သား။ ငယ်ငယ်ကတည်းက သူဘာလိမ်လိမ်ကယ်လေးကဖော်နိုင်သည်။ သူကလည်း နောက်ဆိုမလိမ်ဖို့မစဉ်းစားဘဲ ပထမထက်ပိုပြီးတော်အောင်လိမ်နိုင်ဖို့ အပြင်းအထန်ကြိုးစားဖူးသည်။


ကျန်တဲ့သူတွေကိုလိမ်ရာမှာသာ ဆရာကျပေမဲ့ ကယ်လေး၏မျက်လုံးတွေကိုတော့မခံနိုင်။ ဒယ်ဒီကတော့ ကလေးချစ်တတ်သူပီပီ ကလေးတွေနှင့်မိတ်ဆက်နေသည်။


"သားတို့မှာ ဘယ်သူကအကြီးလဲ"


"ကိုကိုကအကြီး"


"ဟုတ်လား သားသားက အငယ်လေးပေါ့...သားနာမည်လေးပြောပါဦး"


"သားနာမည်က နိုရာသက္ကရာဇ်... ကိုကိုက ဧကသက္ကရာဇ်"


သားငယ်၏ သွက်လက်သောပုံစံလေးကြောင့် ဒယ်ဒီကရယ်ကာ...


"အငယ်လေးက သားနဲ့တူတယ်နော် အငယ်...ဆံပင်လေးတွေကိုကြည့်..."


"အဲ့ကောင်နဲ့တူရင်တော့မလွယ်ဘူး"


ဒယ်ဒီ့ပြောစကားကြောင့်ပြုံးလိုက်မိပေမယ့် ကယ်လေးအပြောကြောင့်လည်နင်သွားသည်။


"ဧကလေးက စကားနည်းတယ်နော်"


ဒယ်ဒီက တည်ငြိမ်စွာထိုင်နေသော သားကြီး၏ခေါင်းကိုဖွကာ သူ့ဘက်လှည့်မေးသည်။


"ဟုတ်တယ် ဒယ်ဒီ...သားကြီးကမွေးကတည်းကအေးတာ"


ဒယ်ဒီ့အမေးကိုသွက်လက်စွာဖြေမိတော့ ကယ်လေးမျက်လုံးအစုံက သူ့ဆီပြန်ရောက်လာသည်။ထို့နောက်...


"နုငယ်...ကလေးတွေကို မုန့်တွေထုတ်ကျွေးလိုက်...မစားချင်ဘူးဆိုရင် တစ်ခုခုလုပ်ကျွေးလိုက်..."


"ဟုတ်ကဲ့ အစ်ကိုလေး"


ကယ်လေး၏စကားအဆုံး နုငယ်ဆိုသောအမျိုးသမီးက ကလေးနှစ်ယောက်ကိုလာခေါ်သွားသည်။ ကလေးတွေကို တစ်ခုခုအကျွေးမှားမှာတော့စိတ်မပူမိပါ။ ကယ်လေးလိုလူ၏အိမ်မှာလုပ်ဖို့က တော်ရုံသန့်ရှင်းပြီး အရည်အချင်းရှိရုံနဲ့ရတာမှမဟုတ်ဘဲ။


"ကလေးတွေရဲ့အမေက ဘယ်မှာလဲ"


"ကယ်လေးက ဘာလုပ်မလို့လဲ"


ချက်ချင်းခွန်းတုံ့ပြန်မေးမိပြီးမှ အရိပ်အကဲပြန်ကြည့်ရသည်။


"မျိုးရိုးကဘယ်လိုလဲ...ကလေးထွက်ပြီးရောဆိုပြီး မျိုးရိုးမကြည့်ဘာမကြည့်လုပ်လာတာတော့မဟုတ်ဘူးထင်တာပဲ"


ဒီစကားသည်မေးခွန်းမဟုတ်၊ သူလိုချင်သည့်အချက်ကိုအတည်ပြုခြင်းသာ။


"ကယ်လေးကလည်း... ကျွန်တော်လည်းဒီလောက်တော့သိပါတယ်... လုံးဝမျိုးရိုးသန့်... လုပ်စားနေတာမျိုးမဟုတ်ဘူး... ကျွန်တော့်ဘက်က ကူညီထားတာရှိလို့ ကျွန်တော့်ကိုပြန်ကူညီတာ"


"အေး အဲ့ဒါဆိုခေါ်လာခဲ့"


"ဟမ် ဘာလုပ်မလို့လဲ"


"အေး မျိုးရိုးသန့်ဆိုတော့ ပေးစားမလို့.... သားနှစ်ယောက်ကထွက်ပြီးနေပြီ.... တစ်ခါတည်းယူလိုက်... ကလေးတွေကို အမေခေါ်စရာမရှိဖြစ်အောင်မလုပ်နဲ့"


"မလုပ်ပါဘူး...သူတို့ကိုတွေ့ခွင့်ပေးထားတယ်"


"ဘာ! ဘေဘေး...ငါဆိုလိုတဲ့သဘောကိုသိရင် ကပ်ပြောဖို့ဆက်မစဉ်းစားနဲ့...ခေါ်လာခဲ့..."


"မိန်းမနှစ်ယောက်ကိုပြိုင်တူလက်ထပ်လို့ရလို့လား"


"ဘာ!!"


ကယ်လေး၏ဒေါသအိုးကွဲသံကြောင့် သူခေါင်းသာငုံ့ထားလိုက်သည်။


တော်သေးတာပေါ့...သူတစ်ကွက်ကျော်မြင်ထားလို့...မဟုတ်ရင် မိန်းမတစ်ယောက်အလကားရနေမှာ...


"သားတို့က...အမေ...မတူဘူး"


"ဒီ...."


"….."


"မင်းလုပ်ချင်တာလုပ်ပြီးမှ ကြောက်ချင်ယောင်ဆောင်မနေနဲ့ ဟေ့ကောင်"


"ကယ်လေးကို ကျွန်တော်ကငယ်ငယ်ကတည်းကကြောက်တာပါ"


ပြောကာ ကယ်လေး၏မျက်နှာကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူ့ကိုကြည့်နေသောဒေါသမျက်ဝန်းများ။ မဟုတ်ဘူး ဒီမျက်လုံးတွေကအကဲခတ်နေတာ။ သူ မျက်လွှာကိုဆတ်ခနဲပြန်ချလိုက်သည်။


မဖြစ်။ကယ်လေးရှေ့မှာကြာကြာနေလို့မဖြစ်တော့။ သူချက်ချင်းထရပ်လိုက်မိ၏။


"မင်းမှာပြောစရာတစ်ခုခုမရှိဘူးလား"


Damn it!
ပြောသားပဲ...ကယ်လေးကတကယ့်လူပါဆို။


"ကျွန်တော် ကယ်လေးကို အကုန်ပြောပြပြီးပြီလေ"


"ဟုတ်လို့လား...ငါနဲ့မင်းကြားက Senseကို မင်းညာလို့မရဘူးနော် ဘေဘေး...သိဖို့ပြောတာ..."


ကယ်လေးကိုကြည့်လိုက်မိတော့ မျက်ခုံးတစ်ချက်ပင့်ပြသည်။ ဒယ်ဒီ့ကိုကြည့်လိုက်တော့လည်း သူ့ကိုကြည့်နေသည်။ ဒယ်ဒီက သူနှင့်ကယ်လေးကြားတော်ရုံဝင်မပါတတ်။ Mindset changesလုပ်ပေးတတ်တာတွေကလွဲရင် တော်ရုံဘာမှဝင်မပါ။


သူကယ်လေးမျက်လုံးတွေကိုမရှောင်နိုင်တော့။


Okလေ...ထိပ်တိုက်တိုးကြည့်မယ်...


သူမတ်တပ်ရပ်နေမိရာမှ တဖန် ပြန်ထိုင်လိုက်သည်။


"ကယ်လေးကဘာကိုသိချင်လို့လဲ"


"ကလေးတွေအသက်ဘယ်လောက်လဲ"


ကယ်လေးကတော့ကယ်လေးပါပဲ။ သူလိုချင်သည့်အဖြေကို သွယ်ဝိုက်ပြီးယူဖို့စဉ်းစားနေပုံရသည်။


"သားကြီးက ၃နှစ်...သားငယ်က ၂နှစ်နဲ့ ၉လ"


"ဪ သိပ်မကွာဘူးပဲ....ကလေးတွေအတွက် အမေ၂ယောက်ကိုဘယ်လိုရှာခဲ့တာလဲ...ပြီးတော့ အရှုပ်အရှင်းဖြစ်မလာနိုင်ဘူးဆိုတာသေချာလား"


"အဲ့ဒါတော့ ပူစရာမရှိပါဘူး ...သူတို့ကညီအစ်မတွေပါ"


"....."


တစ်ဖက်မှနှုတ်ဆိတ်နေ၍ သူဆက်ပြောလိုက်သည်။


"သူတို့ကိုရှာခဲ့တယ်ဆိုတာထက် မတော်တဆတွေ့ခဲ့တာလို့ပြောရမယ်...အဲ့တုန်းက သားတို့ကိုယူဖို့ရည်ရွယ်ချက်နဲ့သွားခဲ့တာ...ကယ်လေးပြောသလို သားတို့ရဲ့ Geneကောင်းဖို့လိုသေးတော့ ပါရဂူကိုတော်တော်အပူကပ်ရတယ်...ဒါပေမဲ့ မရခဲ့ဘူး...အဲ့နေ့ကတော့ ကံကောင်းတယ်လို့ပြောရမလားပဲ... သားတို့အမေတွေက ကျွန်တော်နဲ့ပါရဂူပြောနေတာကိုကြားသွားတယ်"


"ကြားရအောင် မင်းတို့ကအပြင်ထွက်ပြောနေတာမလို့လား"


"ဟုတ်တယ် အပြင်လို့ပဲပြောရမှာပေါ့... သူတို့ဆေးရုံကဆရာဝန်တွေ Relaxလုပ်တဲ့နေရာလိုမျိုး... အဲ့နေရာမှာ ဆွေးနွေးဖြစ်ခဲ့တာ.."


"….."


"အတိုချုပ်ပြောရရင်ဗျာ...."


"မလိုဘူး ပုံမှန်ပဲပြော...ငါတို့အချိန်ရတယ်...ဘာအတိုမှလာမချုပ်နဲ့"


"အဟမ်း...အဲ့နေ့က ကျွန်တော်နဲ့ပါရဂူပြောပြီးတဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်က ကျွန်တော်နဲ့လာဆွေးနွေးတော့တာပဲ....သူတို့အဖေက ရိုးတွင်းခြင်ဆီလိုနေတာ...အလှူရှင်ပေါ်လာပြီးမှ လူတစ်ယောက်က ဒေါ်လာသိန်းချီပေးပြီးဝယ်သွားလို့ အကူအညီလာတောင်းတာ... သူတို့ကိုကူညီပေးပါ....သူတို့လည်း ပြန်ကူညီမယ်ဆိုနဲ့သဘောပေါ့"


"မင်း ၁၈နှစ်ပြည့်ပြီးတော်တော်နဲ့ပြန်မလာတာ အဲ့ဒါတွေလုပ်နေတာပေါ့..."


"ဟုတ်"


"ဒါနဲ့ အဲ့တုန်းက ဘန်ကောက်အိမ်မှာ တရုန်းရုန်းဖြစ်သွားသေးတယ်ဆို?"


အန္တရာယ်များလိုက်တဲ့မေးခွန်း။


သတိကပ် ဘေးနိုရာ။
အသံမတုန်စေနဲ့...
မျက်နှာမပျက်စေနဲ့....
မျက်တောင်တစ်ချက်မခတ်မိစေနဲ့...
လက်သီးမဆုပ်မိစေနဲ့...


ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်သတိပေးရင်း...


"ဟုတ် ကယ်လေး...အဲ့တုန်းက ပါလာတဲ့ သူငယ်ချင်းတွေထဲကတစ်ယောက်က အိမ်ကခိုးထွက်လာတာ...သူ့အိမ်ကသိပြီးလိုက်လာတာနဲ့ အိမ်မှာ တရုန်းရုန်းဖြစ်သွားတာ"


"ဪ..."


"ဟုတ်"


"စကားမစပ်...သားကြီးက မင်းနဲ့လုံးဝမတူဘူး"


Shit! ဒီမှာကြာကြာဆက်နေလို့မဖြစ်တော့ဘူး။


"ဟုတ်တယ် သူ့အမေကအေးတယ်"


အသံကိုအတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းပြောလိုက်သည်။ ထို့နောက်...


"ကောင်းပြီ မင်းပြန်လို့ရပြီ"


"ဗျာ"


"ပြန်လို့ရပြီ...ငါသိချင်တာကုန်ပြီ"


"ဟုတ် ဒါဆို ကလေးတွေ..."


"ထားခဲ့"


"ဗျာ"


"အခုမှ လာတုံးပြမနေနဲ့.... မွေးကတည်းကလာမပြဘဲ အခုမှလာပြကတည်းကသဘောပေါက်တယ်... မင်းရဲ့ကလေးတွေကို ငါတို့ဘက်က အသိအမှတ်ပြုတာခံစေချင်တာမလား... လုပ်ချင်တာလုပ်ပြီးမှ ၃နှစ်တောင်အချိန်ယူစဉ်းစားရတဲ့အထိ သူရဲဘောကြောင်လိမ့်မယ်လို့မထင်ထားခဲ့ဘူး"


"ကယ်လေးကလည်း ကျွန်တော်က..."


"သောက်ပိုတွေရပ်ပြီး လစ်တော့.... သုံးမကုန်တဲ့အမွေတွေရှိနေမှတော့လည်း လုပ်ချင်တာလုပ်တာမဆန်းဘူး... အခုတော့ မင်းဒယ်ဒီတိုင်းကို ရင်ထုမနာဖြစ်အောင်လုပ်လိုက်ဦးမယ်....ငါတားနေတဲ့ကြားက Private Jetတွေစီစဉ်ပေးထားချင်ဦး...ဘန်ကောက်မှာအိမ်ဝယ်ပေးထားချင်ဦးဆိုပြီး..."


ကယ်လေး၏ အံကြိတ်ကာပြောလိုက်သောစကားကြောင့် ခြေချောင်းလေးတွေကိုကုပ်ထားလိုက်မိသည်။


"ဟို ကယ်လေး...မေမေ့ကို"


"အေး သူ့ကိုငါကိုယ်တိုင်ဆေးအရင်ကြိုတိုက်ပြီးပြောမှဖြစ်မှာ...မဟုတ်ရင် ဆေးရုံတန်းရောက်လိမ့်မယ်"


"ဖွဖွ...ကယ်လေးကလည်း"


"သွားတော့...ဆိုင်ကိုထားခဲ့တာမလား..."


"ဟုတ်"


"သားရဲ့ဆိုင် အဆင်ပြေရဲ့လား"


တစ်ချိန်လုံး ငြိမ်နားထောင်နေသည့် ဒယ်ဒီ့ထံမှအသံထွက်လာသည်။


"ဟုတ် ဒယ်ဒီ အဆင်ပြေပါတယ်... Decorationပိုင်းပဲ ကျန်တော့တာ"


"အင်း တစ်ခုခုလိုရင်လှမ်းပြောနော်"


"ဟုတ်ကဲ့ ဒယ်ဒီ"


ဒယ်ဒီနှင့်အပြန်အလှန်စကားပြောအပြီး ကယ်လေးကိုကြည့်လိုက်တော့ ကယ်လေးရဲ့မျက်လုံးတွေက သူ့လည်ပင်းတစ်ဝိုက်ကိုစူးစိုက်စွာ။


Damn it!
ကျားရှေ့မှောက်လျက်လဲတာပဲ။


အင်္ကျီကော်လာကိုဆွဲစိလိုက်ချင်ပေမဲ့ ဒီလောက်အမူအရာပျက်ပြလို့မဖြစ်။ ကယ်လေးအကွက်ထဲ ဝင်မိလို့မဖြစ်။


"ဟက်"


ကယ်လေးရဲ့ရယ်သံကမကောင်းဆိုးဝါးဆန်ဆန်။ ပြောရရင် "သူတစ်ခုခုကိုသိသွားပြီ"ဆိုတဲ့သဘော။


"အငယ် ဘာဖြစ်လို့လဲ"


"ကိုကို့သားရဲ့ မြှုပ်ကွက်တစ်ကွက်ကို သိသွားလို့"


"ဒီတူဝရီးကတော့ကွာ"


ဒယ်ဒီက ကယ်လေးခေါင်းကိုအသာပုတ်ကာရယ်နေသည်။ ဒယ်ဒီ့လိုလူအေးကြီးနဲ့ ကယ်လေးလို Devilနဲ့က ဘယ်လိုများ နဖူးစာရွာလည်တာပါလိမ့်။ ဒယ်ဒီက ကယ်လေးကိုတစိမ့်စိမ့်ကြည့်ပြီး ချစ်နိုင်သူပင်။ တစ်နေကုန်ထိုင်ကြည့်ခိုင်းရင်တောင် မငြီးမငွေ့ကြည့်နေမည့်သူမျိုး။


"ဒါဆိုကယ်လေး ကျွန်တော် ဆိုင်သွားလိုက်ဦးမယ်..."


ပြောကာ အမြန်ထရပ်လိုက်သည်။ အန္တရာယ်ဇုန်ထဲရောက်နေသလို ကြက်သီးတွေပါထလာသည်အထိပင်။


"ဒယ်ဒီ… ပြန်ပြီနော်..."


"ကားကိုဂရုစိုက်မောင်း"


"ဟုတ်ကဲ့"


အမြန်နှုတ်ဆက်ကာ လှည့်ထွက်လာလိုက်တော့...


"ရင်ဖွင့်ချင်ရင် Welcomeနော် My nephew"


နောက်ကလှမ်းအော်လိုက်သံကြောင့် Ok signလုပ်ပြလိုက်ပြီး အိမ်ပြင်သာအမြန်ထွက်လာလိုက်မိသည်။ ကယ်လေး၏ရယ်သံသဲ့သဲ့က နားထဲစွဲကာပါလာသည်။


ထို့နောက် ကားပေါ်အမြန်တက်လိုက်ပြီး...


“ဟင်း..............”


Driver seatတွင်ခပ်လျှောလျှောထိုင်ချလိုက်ပြီး ခေါင်းကို လှန်မှီကာသက်ပြင်းအရှည်ကြီးချလိုက်မိပြီးမှ သားတို့ကိုသတိရသွားသည်။ ကယ်လေးရန်ကိုရှောင်နေရတာနှင့် သားတို့ကိုနှုတ်ဆက်ဖို့မေ့ခဲ့၏။


ကောင်းရောပဲ...


ထို့နောက် Wet tissueကိုယူကာ မျက်နှာအနှံ့၊လည်ပင်းတောက်လျှောက်နှင့် နောက်ဆုံး ချွေးစေးပြန်ခဲ့သော လက်ဖဝါးတို့ကိုပါသုတ်လိုက်သည်။ တစ်ဖန် လက်တို့က လည်ပင်းမှ ဆွဲကြိုးဆီရောက်သွားသည်။


သားတို့အကြောင်းကို ဖွင့်ပြောဖို့ စိတ်လှုပ်ရှားနေခဲ့သည်မို့ ဒီအချက်ကိုသူမေ့သွားခဲ့သည်။ ဆွဲကြိုးအလွတ်ကိုမြင်သည်နှင့် ကယ်လေးက ချက်ချင်းအဖြေရသွားပုံပင်။


Tsk! ဒီလောက်သတိထားနေတာကိုကွာ။


အားမလိုအားမရဖြစ်စွာဖြင့် Steering wheelကို လက်ဖဝါးဖြင့်ရိုက်ချလိုက်မိသည်။ ထို့နောက် လက်မကလက်စွပ်ထံ အကြည့်ရောက်သွားပြီး ချက်ချင်းမှိုင်းညို့သွားသော မျက်ဝန်းအစုံ။ သတိထားမိသည်နှင့် ချက်ချင်းအသိပြန်ကပ်လိုက်ပြီး....


"ဟားဟား ဘေးနိုရာ...မင်းလိုချင်တာရပြီးပြီလေ....အခုမင်းအရမ်းပျော်နေတယ်လေ....အခုအရမ်းပျော်နေတာကို ဘာတွေတွေးနေတာလဲ..."


"အေး ဟုတ်တယ်...အခုငါအရမ်းပျော်နေတယ်...ငါလိုချင်တာလည်းရပြီးပြီ...ငါ့အိပ်မက်တွေလည်း အထောင်အထည်ပေါ်လာနေပြီ...ငါ့သားတွေလည်းရှိနေပြီ...ဘာမှမလိုတော့ဘူး...
ငါအရမ်းပျော်တယ်.... ငါအရမ်းပျော်နေတယ်"


ကားနောက်ကြည့်မှန်ကို မျက်နှာနှင့်တည့်တည့်ချိန်ကာ တစ်ယောက်တည်းအမေးအဖြေလုပ်နေသောသူ့ကို သူများတွေမြင်လျှင်တော့ ရူးနေသည်ဟုထင်လောက်သည်။


ဒါပေမယ့် သူများအမြင်ကဘာအရေးပါလို့လဲ။ ကိုယ်စိတ်ချမ်းသာဖို့ကအဓိကပဲလေ။


"Ok အခု ငါပျော်နေတယ်"


မျက်နှာကိုအတတ်နိုင်ဆုံးပြုံးကာ ပြောလိုက်ပြီးနောက် ကားမှန်ကိုပုံမှန်အတိုင်းပြန်ချိန်လိုက်သည်။ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၊ရှူထုတ်လိုက်နှင့် ၅ကြိမ်ခန့်ပြုလုပ်ပြီးနောက်မှာတော့ ခါးပတ်ကိုပတ်လိုက်ပြီး သီချင်းဖွင့်ကာ ကားကိုမောင်းထွက်လိုက်သည်။


Alan Walkerရဲ့ 'Darkside'ဆိုသည့်သီချင်းကို မရတရဖြင့်လိုက်ညည်းလိုက်သည်။ မရှက်တမ်းဝန်ခံရလျှင် သူက သံစဉ်တွေကလွဲရင် စာသားတွေသိပ်မမှတ်မိတတ်။ သို့ပေမယ့် သံစဉ်တွေမှတ်မိနေတော့ ပြဿနာမရှိ။ မေ့နေသည့်နေရာတွေဆို 'Lalalala....'ထည့်ဆိုလိုက်ရုံသာ။


အခုလည်းဆိုနေမိသည်က...


"La La La La...La la la. La la...
La la la. La la la...."


ဖန်တရာတေအောင်နားထောင်ဖူးတဲ့သီချင်းဆိုတော့ သံစဉ်တွေကိုတစ်ခုမကျန်အလွတ်ရနေပြီမို့ တစ်နေရာမကျန်လိုက်ဆိုနိုင်နေပြီ။


ဂီတက 'Depression'ကိုတောင်မှ လျှော့ချပေးနိုင်တာပဲဟာ။ နည်းနည်းလေး စိတ်ပင်ပန်းတာလောက်ကိုတော့ အပျော့ပဲ။


အခုဆို သီချင်းတစ်ပုဒ်လိုက်ဆိုလိုက်တာနဲ့တင် သူအရမ်းစိတ်ပေါ့ပါးပြီး အရမ်းပျော်သွားပြီ။ ဟုတ်တယ် သူအရမ်းပျော်နေတယ်။


ထို့နောက် Lamborghiniခဲရောင်လေးက လှစ်ခနဲ။


________________________________________________________________________


ကေတုသတီဟော်နန်း…


"အဘွားတော် စိတ်လျှော့ပါ...နောင့်စိုင်းကိုဆက်သွယ်လို့ရမှာပါ..."


(နောင့်စိုင်း = မောင်လေး၊ညီလေး)


ဒေါသတို့ကို ရာဇဣန္ဒြေဖြင့်ထိန်းနေဟန်ရှိသော အဘွားတော်ကို နန်းဝတီတစ်ယောက် ခပ်ကြောက်ကြောက်ဖြင့် ပြေရာပြေကြောင်း ပြောလိုက်မိသည်။ အစ်ကိုဖြစ်သူထံလှမ်းကြည့်တော့လည်း ခေါင်းခါပြသည်မို့ အဘွားတော်ကိုသာ မဝံ့မရဲကြည့်နေမိ၏။


"အခုထိအဆက်အသွယ်မရသေးဘူးလား"


"ဒီအချိန်က နောင့်စိုင်း Lectureဝင်နေတဲ့အချိန်ထင်ပါတယ်...စိတ်အေးအေးထားပါ အဘွားတော်.... အဘွားတော်ကျန်းမာရေးကပိုအရေးကြီးပါတယ်"


"ဟုတ်ပါတယ် အဘွားတော်...ဝတီနဲ့ပီအိုက် ဆက်တိုက်ဆက်သွယ်နေပေးပါ့မယ်...အဘွားတော် စိတ်အေးအေးထားပါ"


(ပီအိုက် = အစ်ကို)


မောင်နှမနှစ်ယောက်လုံး နားချနေပေမယ့် အဘွားတော်၏ အမျက်ကပြေသည့်ပုံမပေါ်။


စဝ်မင်းခေါင်ဧကရာဇ်နှင့်နန်းဝတီဧကတို့နှစ်ယောက် ဘာဆက်ပြောရမှန်းမသိတော့။ မဟာဒေဝီတစ်ယောက်ဖြစ်သော အဘွားတော်ကအမျက်တော်ရှလျှင် ဟော်နန်းမှမည်သူမျှ အသံမထွက်ရဲ။ အစေခံများလည်း တုတ်တုတ်ပင်မလှုပ်ဝံ့ကြ။


(A/N - မဟာဒေဝီ = စော်ဘွား၏မိဖုရား)


ဘာကြောင့်ဆိုသည်ကို မည်သူမျှမမေးရဲ။ နောင့်စိုင်း အမြန်ဆုံးဆက်သွယ်လာဖို့ကိုသာ စိတ်ထဲမှကြိတ်၍ဆုတောင်းနေမိကြသည်။


"မင်းတို့နှစ်ယောက်ပဲလိုက်ခဲ့"


"ဟုတ်ကဲ့ အဘွားတော်...ဝတီ့ကိုတွဲပါ..."


ထရပ်လိုက်သော အဘွားတော်ကို နန်းဝတီအမြန်တွဲလိုက်သည်။ စဝ်ခေါင်လည်း တစ်ဖက်မှဝင်တွဲလိုက်၏။ အတွင်းဆောင်ထဲရောက်တော့ အဘွားတော်ကို ကုတင်ပေါ်တွင်သေချာနေသားကျသည်အထိ လုပ်ပေးကြသည်။ အသက်အရွယ်အရ ၇၀စွန်းနေပြီဖြစ်သော အဘွားတော်က အရွယ်တင်ကာနုပျိုဆဲပင်။ ဒီရက်ပိုင်း နာမကျန်းဖြစ်နေ၍သာ အပြုစုခံခြင်းဖြစ်သည်။


"ဆက်ခံသူပြောင်းသွားပြီ"


"ရှင်!"


နန်းဝတီ မထိန်းနိုင်စွာဖြင့်အသံထွက်မိသွားပေမဲ့ စဝ်ခေါင်ကတော့ မျက်မှောင်ပဲကြုတ်သွားကာ ငြိမ်နားထောင်နေဆဲ။


သူတို့တွေဟာ စော်ဘွားအနွယ်ဘက်မှ ဆင်းသက်လာကြသူများပင်။ တစ်ချိန်က ဗြိတိသျှလက်ထက်တွင် ပဒေသရာဇ်ရှမ်းပြည်နယ်စုဟုခေါ်တွင်ခဲ့သောနယ်များကို စော်ဘွားများကအသီးသီး အုပ်ချုပ်ခဲ့ကြသည်။ ထိုအချိန်က ရှမ်းပြည်နယ်အုပ်ချုပ်ရေးသည် နယ်ရှင်စော်ဘွားများသာလျှင် လွှမ်းမိုးကြီးစိုးရာဖြစ်ခဲ့သည်။


အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ခုနှစ် ဧပြီလ ၂၄ရက်နေ့တွင်တော့  နယ်ရှင်စော်ဘွားများက အုပ်ချုပ်ရေးအာဏာစွန့်လွှတ်ကြောင်းလက်မှတ်ရေးထိုးခဲ့ကာ ၂၇ရက်နေ့တွင် ရှမ်းပြည်နယ်ကောင်စီအဖြစ်အတည်ပြုလိုက်ကြသည်။ ထိုအချိန်မှစ၍ ပဒေသရာဇ်စံနစ်ပြတ်တောက်သွားခဲ့၏။ သို့သော် ယခုထက်တိုင် စည်းမျဉ်းအတိုင်းနေထိုင်ကြသော စော်ဘွားအနွယ်ဝင်များစွာလည်းရှိသေးသည်။ ထိုအနွယ်ဝင်များ၏အာဏာစက်သည် လက်ရှိပြည်နယ်အစိုးရ၏အုပ်ချုပ်ရေးနယ်ပယ်ကို လွှမ်းမိုးနိုင်မှုရှိနေဆဲပင်။


အာဏာအလွှမ်းနိုင်ဆုံးဟော်နန်းကိုပြပါဆိုလျှင် ကေတုသတီဟော်နန်းကိုသာပြရမည်ပင်။ စဝ်သုမဒီသည် စော်ဘွားကြီးမျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီး နယ်ရှင်စော်ဘွားတစ်ယောက်၏ မဟာဒေဝီဖြစ်လာသူလည်းဖြစ်သည်။ စော်ဘွားကြီးကွယ်လွန်သွားသော်လည်း မဟာဒေဝီ၏ ထက်မြက်မှုနှင့်အာဏာစက်ကြောင့် ကေတုသတီဟော်နန်း၏ အာဏာသည် ယခုထက်တိုင် တည်နေဆဲပင်။


ဟော်နန်း၏ဆက်ခံသူကို မည်သူမျှရွေးခွင့်မရှိ။ ဟော်နန်းကိုတည်ဆောက်ခဲ့စဉ်က အပြိုင်ပြုလုပ်ခဲ့သော လက်စွပ်ရှိသည်။ ဟော်နန်းသခင်နှင့်သခင်မအပါအဝင် သွေးသောက်သစ္စာတော်ခံများက သွေးသစ္စာပြုကာကျိန်ဆိုပြီး ကေတုသတီဟော်နန်းနှင့် တိုးနယားလက်စွပ်ကို သိဒ္ဓိတင်ခဲ့ကြ၏။


တိုးနယားလက်စွပ်သည် သိဒ္ဓိဝင်လက်စွပ်ဖြစ်သည့်အားလျော်စွာ လူတိုင်းနှင့်မတော်ဘဲ ဟော်နန်း၏ဆက်ခံသူနှင့်သာတော်သည်။ ဆက်ခံသူအဟောင်း၏ သွေးသားစစ်မှသာ ဆက်ခံသူဖြစ်ခွင့်ရှိသည်။ ဆွေမျိုးအရင်းအချာဖြစ်ရုံနှင့်ပင်မရ။ သားအရင်း၊မြေးအရင်းဖြစ်၍ရသည်။ ဆက်ခံသူ၏ မောင်နှမရင်းချာသည်ပင် ဆက်ခံသူမဖြစ်နိုင်ပါချေ။။ လက်စွပ်သည် ဆက်ခံသူအသစ်ပေါ်မလာမချင်း ဆက်ခံသူအဟောင်း၏လက်မှ ချွတ်၍မရ။


"မဖြစ်နိုင်တာ နောင့်စိုင်းကအိမ်ထောင်မှမကျသေးတာ...ဒါပေမဲ့ မဟုတ်မှလွဲ...."


"တော်တော့ ဝတီ...နောင့်စိုင်းကအဲ့လိုလုပ်မဲ့သူမှမဟုတ်တာ"


"ဝတီလည်း နောင့်စိုင်းကိုယုံပါတယ်..ဒါပေမဲ့ နောင့်စိုင်းဘေးကလူတွေကိုစိတ်မချတာ...မတော် တစ်ခုခု"


"နှစ်ယောက်လုံးသွားကြတော့"


အဘွားတော်၏ ပြတ်တောင်းသော အမိန့်သံကြောင့် နှစ်ယောက်လုံး အဘွားတော်ကိုနှုတ်ဆက်ကာထွက်လာခဲ့လိုက်ကြသည်။


မဟာဒေဝီနန်းဆောင်နှင့်တော်တော်လှမ်းလှမ်းထိရောက်တော့မှ...


"ပီအိုက်..."


"အင်း"


"နောင့်စိုင်း ဘာတွေလုပ်ထားတာလဲမသိဘူး...လက်စွပ်အကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့ ဘာလို့လက်စွပ်ကိုပဲပြန်ပို့လိုက်တာလဲမသိဘူး"


"နောင့်စိုင်းက ဦးနှောက်ရှိတဲ့ကလေးပါ...အရမ်းကြီးစိတ်ပူမနေနဲ့ ...ကိုယ့်မင်္ဂလာဆောင်အတွက် ကိုယ်ပူ...ဟုတ်ပြီလား"


"အဘွားတော်စီစဉ်ပေးထားတာပဲ...ဘာစိတ်ပူစရာရှိလို့လဲ"


"နှလုံးသားမရှိတဲ့ကောင်မလေး..."


အစ်ကိုဖြစ်သူ၏အပြောကြောင့် နန်းဝတီခပ်ယဲ့ယဲ့လေးပြုံးလိုက်သည်။


"ဝတီတို့မှာ နှလုံးသားရှိခွင့်ရှိလို့လား"


"အင်း..."


အစ်ကိုဖြစ်သူ၏မျက်နှာပျက်သွားသည်ကိုမြင်တော့မှ နန်းဝတီစိတ်မကောင်းဖြစ်သွားပြီး...


"ဟို...ဝတီပြောတာက..."


"ဟားဟား မလိုပါဘူး ဝတီရယ်...ပီအိုက်အဆင်ပြေပါတယ်"


"ဟုတ် ယောင်းမတော်ရော နေကောင်းရဲ့လား"


"ကောင်းပါတယ်"


"တူတော်လေးတွေချီရတော့မှာလား"


"ဟက် ဝတီရယ်...မသိတာလည်းမဟုတ်ဘူး"


"ဟင် အခုထိ ပီအိုက်တို့က..."


"အင်း"


ခေါင်းငုံ့ပြီးပြုံးကာပြန်ဖြေသော ပီအိုက်ကြောင့်နန်းဝတီဘာပြောရမှန်းမသိ။ ယောင်းမတော်ကိုလည်းတစ်စက်မှနားမလည်နိုင်သေးပါ။


"ယောင်းမတော်နဲ့အဆင်မပြေသေးဘူးလား"


မေးလိုက်တော့ ပီအိုက်ကပြုံးသည်။


"သူကအေးဆေးပဲနေတာပါ...အဆင်မပြေဘူးရယ်လို့မှမဟုတ်ဘဲ...ပီအိုက်တို့ကသဘောတူညီချက်ယူထားပြီးသားလေ... သူနဲ့ကလူတိုင်းအဆင်ပြေတာပါပဲ...သူကြိုက်တဲ့အရာတွေကိုသာ ပီအိုက်နားမလည်တာ"


"သူကဘာကြိုက်တတ်လို့လဲ...ဝတီကမိန်းကလေးဆိုတော့ပိုသိမယ်ထင်တယ်"


"ဝတီလည်းမသိလောက်ဘူးလို့ ပီအိုက်ထင်တာပဲ"


"ပြောကြည့်ပါ ပီအိုက်ရဲ့"


"အင်း ပီအိုက်လည်းသေချာမသိဘူး...သူနဲ့သူ့သူငယ်ချင်းတွေပြောသံကြားတာပဲ...သူတို့က ဖူဂျီဆိုလား ဖူဂျိုဆိုလား..."


"ဖူဂျီ? ဆပ်ပြာလား?"


"ဟားဟား....အဲ့ဒါကြောင့်ပီအိုက်ပြောတာပေါ့...ဝတီလည်းမသိလောက်ပါဘူးဆို"


"ဟုတ်တယ် ယောင်းမတော်ကိုဝတီလည်းသိပ်နားမလည်ဘူး...စော်ဘွားမျိုးရိုးဆိုပေမယ့် ယောင်းမတော်ကနိုင်ငံခြားမှာကြီးပြင်းခဲ့ရတဲ့သူမလို့လားမသိဘူး...အရမ်းခေတ်မီတယ်...လှလည်းလှတယ်...
ပီအိုက်ကရော အခုထိယောင်းမတော်ကိုမချစ်သေးဘူးလား...."


"....."


"အချစ်ဦးကိုမမေ့နိုင်သေးဘူးလား"


"ဝတီရာ သူလည်းသူ့ဘဝနဲ့သူဖြစ်နေပြီဟာ"


"ဒါဆို ယောင်းမတော်နဲ့ဘာလို့အဆင်မပြေသေးလဲ"


ဘာမှပြန်မပြောသော ပီအိုက်ကြောင့် နန်းဝတီစိတ်မရှည်စွာမျက်စောင်းထိုးတော့ ပီအိုက်ကရယ်သည်။


တကယ်ပဲ.... အစ်ကိုကလည်းမြုံစိစိ။ မောင်ကလည်း ရေခဲတုံး။


ထိုစဉ်...


Ringing...


စဝ်ခေါင်တစ်ယောက် ဖုန်းScreenကိုကြည့်လိုက်ပြီးမှ...


"နောင့်စိုင်းဆီက"


အသိပေးလိုက်တော့ နန်းဝတီကသိချင်စွာဖြင့်အနားတိုးလာသည်။ စဝ်ခေါင်က ဖုန်းကိုင်လိုက်ပြီး...


"Hello"


"....."


"ထင်ပါတယ်...Lectureဝင်နေတာမဟုတ်ရင် နောင့်စိုင်းကအမြဲကိုင်တာပဲ...ပီအိုက် အဘွားတော်ကိုရှင်းပြထားပါတယ်"


"....."


"အင်း လက်စွပ်ကိစ္စကဘယ်လိုဖြစ်တာလဲ"


"....."


"ဘာ ၁၈နှစ်ကတည်းကအချက်ပြနေတာ?"


တစ်ဖက်မှပြောစကားကြောင့် စဝ်ခေါင်နှင့်နန်းဝတီမျက်လုံးပြူးသွားကြသည်။


"ပီအိုက် ဝတီ့ကိုပေး..."


နန်းဝတီက စဝ်ခေါင်အားအသိပေးသလိုပြောကာ ဖုန်းကိုဆွဲယူလိုက်ပြီး...


"နောင့်စိုင်း...မင်း တိတ်တိတ်ပုန်းမိန်းမယူထားတာတော့မဟုတ်ဘူးမလား"


"….."


"ဘာ! စဝ်မင်းနွယ်ဧကရာဇ်!!!!!"


"ဝတီ တိုးတိုး...အဘွားတော်ကြားသွားမယ်"


"ပီအိုက်ညီပြောတာကြည့်လေ....ဟုတ်တယ်တဲ့"


"ကဲ ပီအိုက်ကိုဖုန်းပြန်ပေး"


စဝ်ခေါင် နန်းဝတီရဲ့လက်ထဲမှဖုန်းကိုပြန်ဆွဲယူကာ...


"မင်းရဲ့ပီနန်း ဒီမှာငိုတော့မယ်"


(ပီနန်း = အစ်မ)


"....."


"ထင်ပါတယ် ဒါပေမယ့် ဝတီစိတ်ပူနေတာလည်းမမှားဘူးနော်...လက်စွပ်ကိစ္စကို နောင့်စိုင်းလည်းအသိပဲ"


"….."


"အင်း နောင့်စိုင်းက ရှင်းရှင်းလင်းလင်းမပြောဘဲ လက်စွပ်ထည့်ပေးလိုက်တော့ အဘွားတော်ရော ပီအိုက်တို့ရော အကုန်စိတ်ပူနေကြတာ...လူအခေါ်လွှတ်လိုက်တာကို လက်စွပ်ပဲထည့်ပေးလိုက်ရလား...ပြီးတော့ ဘယ်တော့ပြန်လာမှာလဲ"


မေးလိုက်သော်ငြား တစ်ဖက်မှဘာမှပြန်မဖြေ။ အပြန်အလှန်ပြောစကားအချို့ကိုသာကြားလိုက်ရပြီးနောက်...


"....."


တစ်ဖက်မှနှုတ်ဆက်ကာဖုန်းချသွားသည်မို့...


"ဟင်း...."


သက်ပြင်းချလိုက်ပြီး စိတ်ဝင်တစားဖြစ်နေသောညီမဖြစ်သူအား ဖုန်းScreenကိုသာထောင်ပြလိုက်သည်။


"ဘာလဲ ချသွားပြန်ပြီလား...ဒီဟာလေးကတော့"


"Professorက လှမ်းခေါ်လို့တဲ့"


"ဟင်း...တကယ်ပါပဲ...ကိုယ်တွေကပူနေသလောက် သူကအမြဲအေးတိအေးစက်နဲ့"


"ကဲ ပူမနေနဲ့...ဝတီလည်းနားတော့.... ပီအိုက်လည်းပြန်တော့မယ်"


________________________________________________________________________


New Yorkမြို့၏ နာမည်ကြီးဆေးရုံတစ်ခု။ ဆေးရုံမျက်နှာစာရှေ့ရှိ ခုံတန်းများ၌ အသီးသီးထိုင်နေကြသူများရှိသလို လျှောက်လမ်းများ၌လည်း လမ်းလျှောက်နေသောလူနာများ၊ သူနာပြုများအကူအညီဖြင့်လေ့ကျင့်ခန်းလုပ်နေကြသောလူနာများ၊ ဝှီးချဲများဖြင့် သွားလာနေသောလူနာများ၊လူနာစောင့်များ၊အနားယူနေကြသောဆရာဝန်များ၊သူနာပြုများရှိသည်။


ထို့အပြင် Black Coffeeသောက်ကာ ထိုလူများကိုငေးနေရင်း ဖုန်းပြောနေသော အမျိုးသားငယ်တစ်ဦးလည်းရှိ၏။


နံနက်ခင်းနေရောင်ခြည်က ထိုအမျိုးသားငယ်၏ ခန္ဓာကိုယ်ထက်ဖြာကျနေသည်။ လေပြည်နုနု၏ဖြတ်တိုက်မှုကြောင့် Duty Coatဖြူလွလွက တလွင့်လွင့်။ ဖြူစွတ်နေသောအသားအရည်တွင် ပန်းရောင်ကအနည်းငယ်ပြေးနေသည်။


ပတ်ဝန်းကျင်ကိုငေးမောနေသော လှပကြည်လက်နေသည့်မျက်ဝန်းအစုံကို မျက်တောင်ရှည်တို့ကဝန်းရံထား၏။ အေးမြသောရာသီဥတုနှင့်လိုက်ဖက်စွာပင် ပါးနှစ်ဖက်ကသွေးရောင်ပြေးနေသည်။ မျက်နှာအစိတ်အပိုင်းတစ်ခုစီတိုင်းကလှပအချိုးကျစွာတည်ရှိနေပြီး အားလုံးပေါင်းစပ်လိုက်သည့်အချိန်မှာတော့ နတ်ဘုရားတစ်ပါးလိုပင်။


ဖုန်းကိုင်ထားသည့်လက်ချောင်းတို့က ဖော့ဖယောင်းနှယ်။ အဆစ်ဖုတို့မရှိဘဲ ရှည်သွယ်ကာနုဖတ်နေသည်။ ကြည်လင်နေသောလက်သည်းတို့သည်လည်း ပန်းရောင်သန်းစွာ။ ထိုဖုန်းကို ကိုင်ထားသောလက်၏ လက်မ၌ Platinum ဗြောင်လက်စွပ်တစ်ကွင်းကိုစွပ်ထားသည်။  သေသပ်စွာညှပ်ထားသောဆံပင်တိုကို နောက်ဘက်ဆီအပြောင်လှန်တင်ထားသည်မို့ မဟာနဖူးကထင်ထင်ရှားရှား။ လှပသည်။ချောမောခန့်ညားသည်။ တည်ကြည်သည်။ ပြည့်စုံ၏။


"ကျွန်တော်တမင်ပြောလိုက်တာ"


"ထင်ပါတယ် ဒါပေမယ့် ဝတီစိတ်ပူနေတာလည်းမမှားဘူးနော်...လက်စွပ်ကိစ္စကို နောင့်စိုင်းလည်းအသိပဲ"


"ကျွန်တော်လည်းမပြောတတ်ဘူး...၁၈နှစ်ပြည့်ပြီးနောက်ပိုင်းမှာ လက်စွပ်ကတဖြည်းဖြည်းချောင်လာတယ်....အခုတော့ လုံးဝစွပ်လို့မရတော့ဘူး"


"အင်း နောင့်စိုင်းက ရှင်းရှင်းလင်းလင်းမပြောဘဲ လက်စွပ်ထည့်ပေးလိုက်တော့ အဘွားတော်ရော ပီအိုက်တို့ရော အကုန်စိတ်ပူနေကြတာ...လူအခေါ်လွှတ်လိုက်တာကို လက်စွပ်ပဲထည့်ပေးလိုက်ရလား...ပြီးတော့ ဘယ်တော့ပြန်လာမှာလဲ"


ထိုစဉ်...


"Hey!!! King....Professor ခေါ်နေတယ်...မင်းကယ်လိုက်တဲ့လူနာ သတိရလာပြီ"


"Ok လာခဲ့မယ်"


ထိုင်နေရာမှ ထရပ်လိုက်ပြီးနောက်....


"ကျွန်တော် ညကျမှပြန်ဆက်သွယ်မယ် ပီအိုက်...အခုဖုန်းချတော့မယ်"


ထို့နောက် ဖုန်းချလိုက်ကာ ဆေးရုံတွင်းသို့ဦးတည်လိုက်သည်။ Coffeeခွက်ကိုကိုင်ကာ လျှောက်လှမ်းသွားသောခြေတံရှည်တို့ကခပ်ကြဲကြဲ။ 190cmရှိသည့် အရပ်က အဖြူရောင် Duty Coatနှင့်လိုက်ဖက်စွာ။


ထိုသူကတော့ ကေတုသတီဟော်နန်း၏ ဆက်ခံသူအဖြစ်သတ်မှတ်ထားကြသော
ဒေါက်တာစဝ်မင်းနွယ်ဧကရာဇ်ခေါ် King....။


_______________________________________


Zawgyi//


"ဘာ! ေဘးႏိုရာ မင္း!"


မ်က္လုံးကိုစုံမွိတ္လိုက္ေပမဲ့ မည္သည့္နာက်င္မႈမွ်ေရာက္မလာ။ ဘဝမွာတစ္ခါမွမျမင္ဖူးသည့္ ကယ္ေလး၏ေဒါသကို ပထမဆုံးအႀကိမ္ျမင္ဖူးခဲ့သည္။ အတတ္ႏိုင္ဆုံးေခါင္းကိုသာငုံ႔ထားမိ၏။


"အငယ္ စိတ္ေလွ်ာ့"


ဒယ္ဒီ့အသံေအးေအးက ကယ္ေလး၏ ေဒါသကို တစ္ခ်က္တည္းျငႇိမ္းသတ္ႏိုင္စြမ္းရွိသည္။ အသက္ရႉသံျပင္းျပင္းက စကၠန႔္ပိုင္းအတြင္းပုံမွန္ျပန္ျဖစ္သြားသည္။


"သား..."


အသံေအးေအးျဖင့္ေခၚလာေသာ္လည္း ဒယ္ဒီ့အသံကပုံမွန္လိုႏူးညံ့မေနဘဲ ေလးနက္စြာ။


"ဟုတ္ကဲ့"


"ပန္းေသြးတို႔သိၿပီးၿပီလား"


"ေမေမတို႔ကိုမေျပာရေသးပါဘူး ဒယ္ဒီ...ေျပာလိုက္ရင္ ေမေမမူးလဲသြားမွာစိုးလို႔"


"ဪ ဒါေတာ့ မင္းေခါင္းထဲမွာရွိေသးတာပဲ"


ကယ္ေလး၏ ေငါ့ေတာ့ေတာ့အေျပာေၾကာင့္ ၿငိမ္ေနလိုက္ရသည္။ အားလုံးထက္ ကယ္ေလးကိုပိုေၾကာက္သည္။ ေခါင္ကိုထိႏိုင္ရင္ အကုန္သိမ္းလို႔ရၿပီမလို႔သာ ပထမဆုံးထုတ္ေျပာျခင္းပင္။


"ဘယ္မွာလဲ မင္းေျပာတဲ့ကေလးေတြက"


ကယ္ေလး၏ေလသံကို Scanဖတ္ကာ စိတ္အေျခအေနကိုစစ္ေဆးၿပီးေနာက္ စားပြဲေပၚတြင္တင္ထားေသာဖုန္းကိုယူကာ နံပါတ္တစ္ခုကိုႏွိပ္ကာေခၚလိုက္ၿပီး...


"ကေလးေတြကိုေခၚလာခဲ့"


မၾကာခင္ ေျခသံတစ္ခ်ိဳ႕ကိုၾကားလိုက္ရသည္။ လွည့္မၾကည့္မိခင္မွာပင္...


"ပါပါး..."


ေခၚသံေၾကာင့္ သူထရပ္မိေတာ့မလိုျဖစ္သြားေပမယ့္ ကယ္ေလးမ်က္လုံးေတြေၾကာင့္ ကိုယ္ရွိန္သတ္လိုက္ရသည္။
ကယ္ေလးကဆုံးမႏိုင္လြန္း၍ စုန္းမႀကီးလို႔သူငယ္ငယ္ကႀကိတ္ေခၚဖူးသည္။ ကယ္ေလးသူ႔ကိုခ်စ္တာသိသည္။ သူလည္းကယ္ေလးကိုခ်စ္တာပင္။


ကယ္ေလး၏ အၾကည့္ေတြကိုမခံႏိုင္ေတာ့တာေၾကာင့္...


"ဟီး..."


"ဟမ့္"


ရွိသမွ်သြားအကုန္ေပၚေအာင္ရယ္ျပလိုက္ေတာ့ ကယ္ေလးကႏွာမႈတ္သံျပဳကာတစ္ဖက္လွည့္သြားသည္။


ထိုစဥ္...


"ဖိုးဖိုးဒယ္ဒီနဲ႔ဖိုးဖိုးကယ္ေလး မဂၤလာပါခင္ဗ်"


႐ုတ္တရက္ ထႏႈတ္ဆက္လိုက္ေသာ ကေလးႏွစ္ေယာက္ေၾကာင့္ ျဖစ္သြားေသာ ဒယ္ဒီႏွင့္ကယ္ေလး၏မ်က္ႏွာကိုၾကည့္ကာ ရင္ထိတ္ေနသည့္ၾကားမွ မရယ္မိေအာင္ထိန္းထားေပမဲ့...


“ခြီး..."


ပါးစပ္ကိုအခ်ိန္မွီအုပ္လိုက္ေသာ္ျငား မမွီေတာ့။
ကယ္ေလးထံမွ မ်က္ေစာင္းကဒိုင္းခနဲေရာက္လာၿပီး...


"အမ်ိဳးတစ္ျခမ္းယုတ္ေလး... ေစာေစာစီးစီး ရာထူးတက္ေအာင္လာလုပ္ေနတယ္"


"ကယ္ေလးကလည္း...ကယ္ေလးတို႔ပဲ မိန္းမယူ ကေလးေမြးရင္ဘာညာဘာညာနဲ႔ ခဏခဏလာေျပာေနတာေလ"


"အဲ့ဒါနဲ႔ကေလးႏွစ္ေယာက္ကို ေကာက္ယူလိုက္တယ္ေပါ့... ငါတို႔ကမင္းကိုအဲ့အဓိပၸါယ္နဲ႔ေျပာေနတာမဟုတ္ဘူးဆိုတာ မင္းဦးေႏွာက္ကမသိစရာအေၾကာင္းမရွိဘူးေနာ္ ေဘေဘး...မင္းအေၾကာင္းငါမသိရင္မွတ္မယ္"


Bingo!
ေတာ္လိုက္တဲ့ ကယ္ေလး။


ကယ္ေလးက ကေလးေတြရွိေနတာေၾကာင့္ မေျပာသင့္သည့္စကားလုံးမ်ားကိုထည့္မေျပာ။


ကယ္ေလးထံမွ သူ႔ဆီအၾကည့္တစ္ခ်က္ေပးလာသည္မို႔ သူမသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။ ကယ္ေလးလိုလူေရွ႕မွာ ဟန္ေဆာင္ရတာလည္းအခက္သား။ ငယ္ငယ္ကတည္းက သူဘာလိမ္လိမ္ကယ္ေလးကေဖာ္ႏိုင္သည္။ သူကလည္း ေနာက္ဆိုမလိမ္ဖို႔မစဥ္းစားဘဲ ပထမထက္ပိုၿပီးေတာ္ေအာင္လိမ္ႏိုင္ဖို႔ အျပင္းအထန္ႀကိဳးစားဖူးသည္။


က်န္တဲ့သူေတြကိုလိမ္ရာမွာသာ ဆရာက်ေပမဲ့ ကယ္ေလး၏မ်က္လုံးေတြကိုေတာ့မခံႏိုင္။ ဒယ္ဒီကေတာ့ ကေလးခ်စ္တတ္သူပီပီ ကေလးေတြႏွင့္မိတ္ဆက္ေနသည္။


"သားတို႔မွာ ဘယ္သူကအႀကီးလဲ"


"ကိုကိုကအႀကီး"


"ဟုတ္လား သားသားက အငယ္ေလးေပါ့...သားနာမည္ေလးေျပာပါဦး"


"သားနာမည္က ႏိုရာသကၠရာဇ္... ကိုကိုက ဧကသကၠရာဇ္"


သားငယ္၏ သြက္လက္ေသာပုံစံေလးေၾကာင့္ ဒယ္ဒီကရယ္ကာ...


"အငယ္ေလးက သားနဲ႔တူတယ္ေနာ္ အငယ္...ဆံပင္ေလးေတြကိုၾကည့္..."


"အဲ့ေကာင္နဲ႔တူရင္ေတာ့မလြယ္ဘူး"


ဒယ္ဒီ့ေျပာစကားေၾကာင့္ၿပဳံးလိုက္မိေပမယ့္ ကယ္ေလးအေျပာေၾကာင့္လည္နင္သြားသည္။


"ဧကေလးက စကားနည္းတယ္ေနာ္"


ဒယ္ဒီက တည္ၿငိမ္စြာထိုင္ေနေသာ သားႀကီး၏ေခါင္းကိုဖြကာ သူ႔ဘက္လွည့္ေမးသည္။


"ဟုတ္တယ္ ဒယ္ဒီ...သားႀကီးကေမြးကတည္းကေအးတာ"


ဒယ္ဒီ့အေမးကိုသြက္လက္စြာေျဖမိေတာ့ ကယ္ေလးမ်က္လုံးအစုံက သူ႔ဆီျပန္ေရာက္လာသည္။ထို႔ေနာက္...


"ႏုငယ္...ကေလးေတြကို မုန႔္ေတြထုတ္ေကြၽးလိုက္...မစားခ်င္ဘူးဆိုရင္ တစ္ခုခုလုပ္ေကြၽးလိုက္..."


"ဟုတ္ကဲ့ အစ္ကိုေလး"


ကယ္ေလး၏စကားအဆုံး ႏုငယ္ဆိုေသာအမ်ိဳးသမီးက ကေလးႏွစ္ေယာက္ကိုလာေခၚသြားသည္။ ကေလးေတြကို တစ္ခုခုအေကြၽးမွားမွာေတာ့စိတ္မပူမိပါ။ ကယ္ေလးလိုလူ၏အိမ္မွာလုပ္ဖို႔က ေတာ္႐ုံသန႔္ရွင္းၿပီး အရည္အခ်င္းရွိ႐ုံနဲ႔ရတာမွမဟုတ္ဘဲ။


"ကေလးေတြရဲ႕အေမက ဘယ္မွာလဲ"


"ကယ္ေလးက ဘာလုပ္မလို႔လဲ"


ခ်က္ခ်င္းခြန္းတုံ႔ျပန္ေမးမိၿပီးမွ အရိပ္အကဲျပန္ၾကည့္ရသည္။


"မ်ိဳး႐ိုးကဘယ္လိုလဲ...ကေလးထြက္ၿပီးေရာဆိုၿပီး မ်ိဳး႐ိုးမၾကည့္ဘာမၾကည့္လုပ္လာတာေတာ့မဟုတ္ဘူးထင္တာပဲ"


ဒီစကားသည္ေမးခြန္းမဟုတ္၊ သူလိုခ်င္သည့္အခ်က္ကိုအတည္ျပဳျခင္းသာ။


"ကယ္ေလးကလည္း... ကြၽန္ေတာ္လည္းဒီေလာက္ေတာ့သိပါတယ္... လုံးဝမ်ိဳး႐ိုးသန႔္... လုပ္စားေနတာမ်ိဳးမဟုတ္ဘူး... ကြၽန္ေတာ့္ဘက္က ကူညီထားတာရွိလို႔ ကြၽန္ေတာ့္ကိုျပန္ကူညီတာ"


"ေအး အဲ့ဒါဆိုေခၚလာခဲ့"


"ဟမ္ ဘာလုပ္မလို႔လဲ"


"ေအး မ်ိဳး႐ိုးသန႔္ဆိုေတာ့ ေပးစားမလို႔.... သားႏွစ္ေယာက္ကထြက္ၿပီးေနၿပီ.... တစ္ခါတည္းယူလိုက္... ကေလးေတြကို အေမေခၚစရာမရွိျဖစ္ေအာင္မလုပ္နဲ႔"


"မလုပ္ပါဘူး...သူတို႔ကိုေတြ႕ခြင့္ေပးထားတယ္"


"ဘာ! ေဘေဘး...ငါဆိုလိုတဲ့သေဘာကိုသိရင္ ကပ္ေျပာဖို႔ဆက္မစဥ္းစားနဲ႔...ေခၚလာခဲ့..."


"မိန္းမႏွစ္ေယာက္ကိုၿပိဳင္တူလက္ထပ္လို႔ရလို႔လား"


"ဘာ!!"


ကယ္ေလး၏ေဒါသအိုးကြဲသံေၾကာင့္ သူေခါင္းသာငုံ႔ထားလိုက္သည္။


ေတာ္ေသးတာေပါ့...သူတစ္ကြက္ေက်ာ္ျမင္ထားလို႔...မဟုတ္ရင္ မိန္းမတစ္ေယာက္အလကားရေနမွာ...


"သားတို႔က...အေမ...မတူဘူး"


"ဒီ...."


"….."


"မင္းလုပ္ခ်င္တာလုပ္ၿပီးမွ ေၾကာက္ခ်င္ေယာင္ေဆာင္မေနနဲ႔ ေဟ့ေကာင္"


"ကယ္ေလးကို ကြၽန္ေတာ္ကငယ္ငယ္ကတည္းကေၾကာက္တာပါ"


ေျပာကာ ကယ္ေလး၏မ်က္ႏွာကိုတစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ သူ႔ကိုၾကည့္ေနေသာေဒါသမ်က္ဝန္းမ်ား။ မဟုတ္ဘူး ဒီမ်က္လုံးေတြကအကဲခတ္ေနတာ။ သူ မ်က္လႊာကိုဆတ္ခနဲျပန္ခ်လိုက္သည္။


မျဖစ္။ကယ္ေလးေရွ႕မွာၾကာၾကာေနလို႔မျဖစ္ေတာ့။ သူခ်က္ခ်င္းထရပ္လိုက္မိ၏။


"မင္းမွာေျပာစရာတစ္ခုခုမရွိဘူးလား"


Damn it!
ေျပာသားပဲ...ကယ္ေလးကတကယ့္လူပါဆို။


"ကြၽန္ေတာ္ ကယ္ေလးကို အကုန္ေျပာျပၿပီးၿပီေလ"


"ဟုတ္လို႔လား...ငါနဲ႔မင္းၾကားက Senseကို မင္းညာလို႔မရဘူးေနာ္ ေဘေဘး...သိဖို႔ေျပာတာ..."


ကယ္ေလးကိုၾကည့္လိုက္မိေတာ့ မ်က္ခုံးတစ္ခ်က္ပင့္ျပသည္။ ဒယ္ဒီ့ကိုၾကည့္လိုက္ေတာ့လည္း သူ႔ကိုၾကည့္ေနသည္။ ဒယ္ဒီက သူႏွင့္ကယ္ေလးၾကားေတာ္႐ုံဝင္မပါတတ္။ Mindset changesလုပ္ေပးတတ္တာေတြကလြဲရင္ ေတာ္႐ုံဘာမွဝင္မပါ။


သူကယ္ေလးမ်က္လုံးေတြကိုမေရွာင္ႏိုင္ေတာ့။


Okေလ...ထိပ္တိုက္တိုးၾကည့္မယ္...


သူမတ္တပ္ရပ္ေနမိရာမွ တဖန္ ျပန္ထိုင္လိုက္သည္။


"ကယ္ေလးကဘာကိုသိခ်င္လို႔လဲ"


"ကေလးေတြအသက္ဘယ္ေလာက္လဲ"


ကယ္ေလးကေတာ့ကယ္ေလးပါပဲ။ သူလိုခ်င္သည့္အေျဖကို သြယ္ဝိုက္ၿပီးယူဖို႔စဥ္းစားေနပုံရသည္။


"သားႀကီးက ၃ႏွစ္...သားငယ္က ၂ႏွစ္နဲ႔ ၉လ"


"ဪ သိပ္မကြာဘူးပဲ....ကေလးေတြအတြက္ အေမ၂ေယာက္ကိုဘယ္လိုရွာခဲ့တာလဲ...ၿပီးေတာ့ အရႈပ္အရွင္းျဖစ္မလာႏိုင္ဘူးဆိုတာေသခ်ာလား"


"အဲ့ဒါေတာ့ ပူစရာမရွိပါဘူး ...သူတို႔ကညီအစ္မေတြပါ"


"....."


တစ္ဖက္မွႏႈတ္ဆိတ္ေန၍ သူဆက္ေျပာလိုက္သည္။


"သူတို႔ကိုရွာခဲ့တယ္ဆိုတာထက္ မေတာ္တဆေတြ႕ခဲ့တာလို႔ေျပာရမယ္...အဲ့တုန္းက သားတို႔ကိုယူဖို႔ရည္႐ြယ္ခ်က္နဲ႔သြားခဲ့တာ...ကယ္ေလးေျပာသလို သားတို႔ရဲ႕ Geneေကာင္းဖို႔လိုေသးေတာ့ ပါရဂူကိုေတာ္ေတာ္အပူကပ္ရတယ္...ဒါေပမဲ့ မရခဲ့ဘူး...အဲ့ေန႔ကေတာ့ ကံေကာင္းတယ္လို႔ေျပာရမလားပဲ... သားတို႔အေမေတြက ကြၽန္ေတာ္နဲ႔ပါရဂူေျပာေနတာကိုၾကားသြားတယ္"


"ၾကားရေအာင္ မင္းတို႔ကအျပင္ထြက္ေျပာေနတာမလို႔လား"


"ဟုတ္တယ္ အျပင္လို႔ပဲေျပာရမွာေပါ့... သူတို႔ေဆး႐ုံကဆရာဝန္ေတြ Relaxလုပ္တဲ့ေနရာလိုမ်ိဳး... အဲ့ေနရာမွာ ေဆြးေႏြးျဖစ္ခဲ့တာ.."


"….."


"အတိုခ်ဳပ္ေျပာရရင္ဗ်ာ...."


"မလိုဘူး ပုံမွန္ပဲေျပာ...ငါတို႔အခ်ိန္ရတယ္...ဘာအတိုမွလာမခ်ဳပ္နဲ႔"


"အဟမ္း...အဲ့ေန႔က ကြၽန္ေတာ္နဲ႔ပါရဂူေျပာၿပီးတဲ့အခ်ိန္မွာ သူတို႔ညီအစ္မႏွစ္ေယာက္က ကြၽန္ေတာ္နဲ႔လာေဆြးေႏြးေတာ့တာပဲ....သူတို႔အေဖက ႐ိုးတြင္းျခင္ဆီလိုေနတာ...အလႉရွင္ေပၚလာၿပီးမွ လူတစ္ေယာက္က ေဒၚလာသိန္းခ်ီေပးၿပီးဝယ္သြားလို႔ အကူအညီလာေတာင္းတာ... သူတို႔ကိုကူညီေပးပါ....သူတို႔လည္း ျပန္ကူညီမယ္ဆိုနဲ႔သေဘာေပါ့"


"မင္း ၁၈ႏွစ္ျပည့္ၿပီးေတာ္ေတာ္နဲ႔ျပန္မလာတာ အဲ့ဒါေတြလုပ္ေနတာေပါ့..."


"ဟုတ္"


"ဒါနဲ႔ အဲ့တုန္းက ဘန္ေကာက္အိမ္မွာ တ႐ုန္း႐ုန္းျဖစ္သြားေသးတယ္ဆို?"


အႏၲရာယ္မ်ားလိုက္တဲ့ေမးခြန္း။


သတိကပ္ ေဘးႏိုရာ။
အသံမတုန္ေစနဲ႔...
မ်က္ႏွာမပ်က္ေစနဲ႔....
မ်က္ေတာင္တစ္ခ်က္မခတ္မိေစနဲ႔...
လက္သီးမဆုပ္မိေစနဲ႔...


ကိုယ့္ကိုယ္ကိုအႀကိမ္ႀကိမ္သတိေပးရင္း...


"ဟုတ္ ကယ္ေလး...အဲ့တုန္းက ပါလာတဲ့ သူငယ္ခ်င္းေတြထဲကတစ္ေယာက္က အိမ္ကခိုးထြက္လာတာ...သူ႔အိမ္ကသိၿပီးလိုက္လာတာနဲ႔ အိမ္မွာ တ႐ုန္း႐ုန္းျဖစ္သြားတာ"


"ဪ..."


"ဟုတ္"


"စကားမစပ္...သားႀကီးက မင္းနဲ႔လုံးဝမတူဘူး"


Shit! ဒီမွာၾကာၾကာဆက္ေနလို႔မျဖစ္ေတာ့ဘူး။


"ဟုတ္တယ္ သူ႔အေမကေအးတယ္"


အသံကိုအတည္ၿငိမ္ဆုံးျဖစ္ေအာင္ထိန္းေျပာလိုက္သည္။ ထို႔ေနာက္...


"ေကာင္းၿပီ မင္းျပန္လို႔ရၿပီ"


"ဗ်ာ"


"ျပန္လို႔ရၿပီ...ငါသိခ်င္တာကုန္ၿပီ"


"ဟုတ္ ဒါဆို ကေလးေတြ..."


"ထားခဲ့"


"ဗ်ာ"


"အခုမွ လာတုံးျပမေနနဲ႔.... ေမြးကတည္းကလာမျပဘဲ အခုမွလာျပကတည္းကသေဘာေပါက္တယ္... မင္းရဲ႕ကေလးေတြကို ငါတို႔ဘက္က အသိအမွတ္ျပဳတာခံေစခ်င္တာမလား... လုပ္ခ်င္တာလုပ္ၿပီးမွ ၃ႏွစ္ေတာင္အခ်ိန္ယူစဥ္းစားရတဲ့အထိ သူရဲေဘာေၾကာင္လိမ့္မယ္လို႔မထင္ထားခဲ့ဘူး"


"ကယ္ေလးကလည္း ကြၽန္ေတာ္က..."


"ေသာက္ပိုေတြရပ္ၿပီး လစ္ေတာ့.... သုံးမကုန္တဲ့အေမြေတြရွိေနမွေတာ့လည္း လုပ္ခ်င္တာလုပ္တာမဆန္းဘူး... အခုေတာ့ မင္းဒယ္ဒီတိုင္းကို ရင္ထုမနာျဖစ္ေအာင္လုပ္လိုက္ဦးမယ္....ငါတားေနတဲ့ၾကားက Private Jetေတြစီစဥ္ေပးထားခ်င္ဦး...ဘန္ေကာက္မွာအိမ္ဝယ္ေပးထားခ်င္ဦးဆိုၿပီး..."


ကယ္ေလး၏ အံႀကိတ္ကာေျပာလိုက္ေသာစကားေၾကာင့္ ေျခေခ်ာင္းေလးေတြကိုကုပ္ထားလိုက္မိသည္။


"ဟို ကယ္ေလး...ေမေမ့ကို"


"ေအး သူ႔ကိုငါကိုယ္တိုင္ေဆးအရင္ႀကိဳတိုက္ၿပီးေျပာမွျဖစ္မွာ...မဟုတ္ရင္ ေဆး႐ုံတန္းေရာက္လိမ့္မယ္"


"ဖြဖြ...ကယ္ေလးကလည္း"


"သြားေတာ့...ဆိုင္ကိုထားခဲ့တာမလား..."


"ဟုတ္"


"သားရဲ႕ဆိုင္ အဆင္ေျပရဲ႕လား"


တစ္ခ်ိန္လုံး ၿငိမ္နားေထာင္ေနသည့္ ဒယ္ဒီ့ထံမွအသံထြက္လာသည္။


"ဟုတ္ ဒယ္ဒီ အဆင္ေျပပါတယ္... Decorationပိုင္းပဲ က်န္ေတာ့တာ"


"အင္း တစ္ခုခုလိုရင္လွမ္းေျပာေနာ္"


"ဟုတ္ကဲ့ ဒယ္ဒီ"


ဒယ္ဒီႏွင့္အျပန္အလွန္စကားေျပာအၿပီး ကယ္ေလးကိုၾကည့္လိုက္ေတာ့ ကယ္ေလးရဲ႕မ်က္လုံးေတြက သူ႔လည္ပင္းတစ္ဝိုက္ကိုစူးစိုက္စြာ။


Damn it!
က်ားေရွ႕ေမွာက္လ်က္လဲတာပဲ။


အက်ႌေကာ္လာကိုဆြဲစိလိုက္ခ်င္ေပမဲ့ ဒီေလာက္အမူအရာပ်က္ျပလို႔မျဖစ္။ ကယ္ေလးအကြက္ထဲ ဝင္မိလို႔မျဖစ္။


"ဟက္"


ကယ္ေလးရဲ႕ရယ္သံကမေကာင္းဆိုးဝါးဆန္ဆန္။ ေျပာရရင္ "သူတစ္ခုခုကိုသိသြားၿပီ"ဆိုတဲ့သေဘာ။


"အငယ္ ဘာျဖစ္လို႔လဲ"


"ကိုကို႔သားရဲ႕ ျမႇဳပ္ကြက္တစ္ကြက္ကို သိသြားလို႔"


"ဒီတူဝရီးကေတာ့ကြာ"


ဒယ္ဒီက ကယ္ေလးေခါင္းကိုအသာပုတ္ကာရယ္ေနသည္။ ဒယ္ဒီ့လိုလူေအးႀကီးနဲ႔ ကယ္ေလးလို Devilနဲ႔က ဘယ္လိုမ်ား နဖူးစာ႐ြာလည္တာပါလိမ့္။ ဒယ္ဒီက ကယ္ေလးကိုတစိမ့္စိမ့္ၾကည့္ၿပီး ခ်စ္ႏိုင္သူပင္။ တစ္ေနကုန္ထိုင္ၾကည့္ခိုင္းရင္ေတာင္ မၿငီးမေငြ႕ၾကည့္ေနမည့္သူမ်ိဳး။


"ဒါဆိုကယ္ေလး ကြၽန္ေတာ္ ဆိုင္သြားလိုက္ဦးမယ္..."


ေျပာကာ အျမန္ထရပ္လိုက္သည္။ အႏၲရာယ္ဇုန္ထဲေရာက္ေနသလို ၾကက္သီးေတြပါထလာသည္အထိပင္။


"ဒယ္ဒီ… ျပန္ၿပီေနာ္..."


"ကားကိုဂ႐ုစိုက္ေမာင္း"


"ဟုတ္ကဲ့"


အျမန္ႏႈတ္ဆက္ကာ လွည့္ထြက္လာလိုက္ေတာ့...


"ရင္ဖြင့္ခ်င္ရင္ Welcomeေနာ္ My nephew"


ေနာက္ကလွမ္းေအာ္လိုက္သံေၾကာင့္ Ok signလုပ္ျပလိုက္ၿပီး အိမ္ျပင္သာအျမန္ထြက္လာလိုက္မိသည္။ ကယ္ေလး၏ရယ္သံသဲ့သဲ့က နားထဲစြဲကာပါလာသည္။


ထို႔ေနာက္ ကားေပၚအျမန္တက္လိုက္ၿပီး...


“ဟင္း..............”


Driver seatတြင္ခပ္ေလွ်ာေလွ်ာထိုင္ခ်လိုက္ၿပီး ေခါင္းကို လွန္မွီကာသက္ျပင္းအရွည္ႀကီးခ်လိုက္မိၿပီးမွ သားတို႔ကိုသတိရသြားသည္။ ကယ္ေလးရန္ကိုေရွာင္ေနရတာႏွင့္ သားတို႔ကိုႏႈတ္ဆက္ဖို႔ေမ့ခဲ့၏။


ေကာင္းေရာပဲ...


ထို႔ေနာက္ Wet tissueကိုယူကာ မ်က္ႏွာအႏွံ႔၊လည္ပင္းေတာက္ေလွ်ာက္ႏွင့္ ေနာက္ဆုံး ေခြၽးေစးျပန္ခဲ့ေသာ လက္ဖဝါးတို႔ကိုပါသုတ္လိုက္သည္။ တစ္ဖန္ လက္တို႔က လည္ပင္းမွ ဆြဲႀကိဳးဆီေရာက္သြားသည္။


သားတို႔အေၾကာင္းကို ဖြင့္ေျပာဖို႔ စိတ္လႈပ္ရွားေနခဲ့သည္မို႔ ဒီအခ်က္ကိုသူေမ့သြားခဲ့သည္။ ဆြဲႀကိဳးအလြတ္ကိုျမင္သည္ႏွင့္ ကယ္ေလးက ခ်က္ခ်င္းအေျဖရသြားပုံပင္။


Tsk! ဒီေလာက္သတိထားေနတာကိုကြာ။


အားမလိုအားမရျဖစ္စြာျဖင့္ Steering wheelကို လက္ဖဝါးျဖင့္႐ိုက္ခ်လိုက္မိသည္။ ထို႔ေနာက္ လက္မကလက္စြပ္ထံ အၾကည့္ေရာက္သြားၿပီး ခ်က္ခ်င္းမႈိင္းညိဳ႕သြားေသာ မ်က္ဝန္းအစုံ။ သတိထားမိသည္ႏွင့္ ခ်က္ခ်င္းအသိျပန္ကပ္လိုက္ၿပီး....


"ဟားဟား ေဘးႏိုရာ...မင္းလိုခ်င္တာရၿပီးၿပီေလ....အခုမင္းအရမ္းေပ်ာ္ေနတယ္ေလ....အခုအရမ္းေပ်ာ္ေနတာကို ဘာေတြေတြးေနတာလဲ..."


"ေအး ဟုတ္တယ္...အခုငါအရမ္းေပ်ာ္ေနတယ္...ငါလိုခ်င္တာလည္းရၿပီးၿပီ...ငါ့အိပ္မက္ေတြလည္း အေထာင္အထည္ေပၚလာေနၿပီ...ငါ့သားေတြလည္းရွိေနၿပီ...ဘာမွမလိုေတာ့ဘူး...
ငါအရမ္းေပ်ာ္တယ္.... ငါအရမ္းေပ်ာ္ေနတယ္"


ကားေနာက္ၾကည့္မွန္ကို မ်က္ႏွာႏွင့္တည့္တည့္ခ်ိန္ကာ တစ္ေယာက္တည္းအေမးအေျဖလုပ္ေနေသာသူ႔ကို သူမ်ားေတြျမင္လွ်င္ေတာ့ ႐ူးေနသည္ဟုထင္ေလာက္သည္။


ဒါေပမယ့္ သူမ်ားအျမင္ကဘာအေရးပါလို႔လဲ။ ကိုယ္စိတ္ခ်မ္းသာဖို႔ကအဓိကပဲေလ။


"Ok အခု ငါေပ်ာ္ေနတယ္"


မ်က္ႏွာကိုအတတ္ႏိုင္ဆုံးၿပဳံးကာ ေျပာလိုက္ၿပီးေနာက္ ကားမွန္ကိုပုံမွန္အတိုင္းျပန္ခ်ိန္လိုက္သည္။ အသက္ကို ခပ္ျပင္းျပင္းရႉသြင္းလိုက္၊ရႉထုတ္လိုက္ႏွင့္ ၅ႀကိမ္ခန႔္ျပဳလုပ္ၿပီးေနာက္မွာေတာ့ ခါးပတ္ကိုပတ္လိုက္ၿပီး သီခ်င္းဖြင့္ကာ ကားကိုေမာင္းထြက္လိုက္သည္။


Alan Walkerရဲ႕ 'Darkside'ဆိုသည့္သီခ်င္းကို မရတရျဖင့္လိုက္ညည္းလိုက္သည္။ မရွက္တမ္းဝန္ခံရလွ်င္ သူက သံစဥ္ေတြကလြဲရင္ စာသားေတြသိပ္မမွတ္မိတတ္။ သို႔ေပမယ့္ သံစဥ္ေတြမွတ္မိေနေတာ့ ျပႆနာမရွိ။ ေမ့ေနသည့္ေနရာေတြဆို 'Lalalala....'ထည့္ဆိုလိုက္႐ုံသာ။


အခုလည္းဆိုေနမိသည္က...


"La La La La...La la la. La la...
La la la. La la la...."


ဖန္တရာေတေအာင္နားေထာင္ဖူးတဲ့သီခ်င္းဆိုေတာ့ သံစဥ္ေတြကိုတစ္ခုမက်န္အလြတ္ရေနၿပီမို႔ တစ္ေနရာမက်န္လိုက္ဆိုႏိုင္ေနၿပီ။


ဂီတက 'Depression'ကိုေတာင္မွ ေလွ်ာ့ခ်ေပးႏိုင္တာပဲဟာ။ နည္းနည္းေလး စိတ္ပင္ပန္းတာေလာက္ကိုေတာ့ အေပ်ာ့ပဲ။


အခုဆို သီခ်င္းတစ္ပုဒ္လိုက္ဆိုလိုက္တာနဲ႔တင္ သူအရမ္းစိတ္ေပါ့ပါးၿပီး အရမ္းေပ်ာ္သြားၿပီ။ ဟုတ္တယ္ သူအရမ္းေပ်ာ္ေနတယ္။


ထို႔ေနာက္ Lamborghiniခဲေရာင္ေလးက လွစ္ခနဲ။


________________________________________________________________________


ေကတုသတီေဟာ္နန္း…


"အဘြားေတာ္ စိတ္ေလွ်ာ့ပါ...ေနာင့္စိုင္းကိုဆက္သြယ္လို႔ရမွာပါ..."


(ေနာင့္စိုင္း = ေမာင္ေလး၊ညီေလး)


ေဒါသတို႔ကို ရာဇဣေျႏၵျဖင့္ထိန္းေနဟန္ရွိေသာ အဘြားေတာ္ကို နန္းဝတီတစ္ေယာက္ ခပ္ေၾကာက္ေၾကာက္ျဖင့္ ေျပရာေျပေၾကာင္း ေျပာလိုက္မိသည္။ အစ္ကိုျဖစ္သူထံလွမ္းၾကည့္ေတာ့လည္း ေခါင္းခါျပသည္မို႔ အဘြားေတာ္ကိုသာ မဝံ့မရဲၾကည့္ေနမိ၏။


"အခုထိအဆက္အသြယ္မရေသးဘူးလား"


"ဒီအခ်ိန္က ေနာင့္စိုင္း Lectureဝင္ေနတဲ့အခ်ိန္ထင္ပါတယ္...စိတ္ေအးေအးထားပါ အဘြားေတာ္.... အဘြားေတာ္က်န္းမာေရးကပိုအေရးႀကီးပါတယ္"


"ဟုတ္ပါတယ္ အဘြားေတာ္...ဝတီနဲ႔ပီအိုက္ ဆက္တိုက္ဆက္သြယ္ေနေပးပါ့မယ္...အဘြားေတာ္ စိတ္ေအးေအးထားပါ"


(ပီအိုက္ = အစ္ကို)


ေမာင္ႏွမႏွစ္ေယာက္လုံး နားခ်ေနေပမယ့္ အဘြားေတာ္၏ အမ်က္ကေျပသည့္ပုံမေပၚ။


စဝ္မင္းေခါင္ဧကရာဇ္ႏွင့္နန္းဝတီဧကတို႔ႏွစ္ေယာက္ ဘာဆက္ေျပာရမွန္းမသိေတာ့။ မဟာေဒဝီတစ္ေယာက္ျဖစ္ေသာ အဘြားေတာ္ကအမ်က္ေတာ္ရွလွ်င္ ေဟာ္နန္းမွမည္သူမွ် အသံမထြက္ရဲ။ အေစခံမ်ားလည္း တုတ္တုတ္ပင္မလႈပ္ဝံ့ၾက။


(A/N - မဟာေဒဝီ = ေစာ္ဘြား၏မိဖုရား)


ဘာေၾကာင့္ဆိုသည္ကို မည္သူမွ်မေမးရဲ။ ေနာင့္စိုင္း အျမန္ဆုံးဆက္သြယ္လာဖို႔ကိုသာ စိတ္ထဲမွႀကိတ္၍ဆုေတာင္းေနမိၾကသည္။


"မင္းတို႔ႏွစ္ေယာက္ပဲလိုက္ခဲ့"


"ဟုတ္ကဲ့ အဘြားေတာ္...ဝတီ့ကိုတြဲပါ..."


ထရပ္လိုက္ေသာ အဘြားေတာ္ကို နန္းဝတီအျမန္တြဲလိုက္သည္။ စဝ္ေခါင္လည္း တစ္ဖက္မွဝင္တြဲလိုက္၏။ အတြင္းေဆာင္ထဲေရာက္ေတာ့ အဘြားေတာ္ကို ကုတင္ေပၚတြင္ေသခ်ာေနသားက်သည္အထိ လုပ္ေပးၾကသည္။ အသက္အ႐ြယ္အရ ၇၀စြန္းေနၿပီျဖစ္ေသာ အဘြားေတာ္က အ႐ြယ္တင္ကာႏုပ်ိဳဆဲပင္။ ဒီရက္ပိုင္း နာမက်န္းျဖစ္ေန၍သာ အျပဳစုခံျခင္းျဖစ္သည္။


"ဆက္ခံသူေျပာင္းသြားၿပီ"


"ရွင္!"


နန္းဝတီ မထိန္းႏိုင္စြာျဖင့္အသံထြက္မိသြားေပမဲ့ စဝ္ေခါင္ကေတာ့ မ်က္ေမွာင္ပဲၾကဳတ္သြားကာ ၿငိမ္နားေထာင္ေနဆဲ။


သူတို႔ေတြဟာ ေစာ္ဘြားအႏြယ္ဘက္မွ ဆင္းသက္လာၾကသူမ်ားပင္။ တစ္ခ်ိန္က ၿဗိတိသွ်လက္ထက္တြင္ ပေဒသရာဇ္ရွမ္းျပည္နယ္စုဟုေခၚတြင္ခဲ့ေသာနယ္မ်ားကို ေစာ္ဘြားမ်ားကအသီးသီး အုပ္ခ်ဳပ္ခဲ့ၾကသည္။ ထိုအခ်ိန္က ရွမ္းျပည္နယ္အုပ္ခ်ဳပ္ေရးသည္ နယ္ရွင္ေစာ္ဘြားမ်ားသာလွ်င္ လႊမ္းမိုးႀကီးစိုးရာျဖစ္ခဲ့သည္။


အိမ္ေစာင့္အစိုးရလက္ထက္ ၁၉၅၉ခုႏွစ္ ဧၿပီလ ၂၄ရက္ေန႔တြင္ေတာ့  နယ္ရွင္ေစာ္ဘြားမ်ားက အုပ္ခ်ဳပ္ေရးအာဏာစြန႔္လႊတ္ေၾကာင္းလက္မွတ္ေရးထိုးခဲ့ကာ ၂၇ရက္ေန႔တြင္ ရွမ္းျပည္နယ္ေကာင္စီအျဖစ္အတည္ျပဳလိုက္ၾကသည္။ ထိုအခ်ိန္မွစ၍ ပေဒသရာဇ္စံနစ္ျပတ္ေတာက္သြားခဲ့၏။ သို႔ေသာ္ ယခုထက္တိုင္ စည္းမ်ဥ္းအတိုင္းေနထိုင္ၾကေသာ ေစာ္ဘြားအႏြယ္ဝင္မ်ားစြာလည္းရွိေသးသည္။ ထိုအႏြယ္ဝင္မ်ား၏အာဏာစက္သည္ လက္ရွိျပည္နယ္အစိုးရ၏အုပ္ခ်ဳပ္ေရးနယ္ပယ္ကို လႊမ္းမိုးႏိုင္မႈရွိေနဆဲပင္။


အာဏာအလႊမ္းႏိုင္ဆုံးေဟာ္နန္းကိုျပပါဆိုလွ်င္ ေကတုသတီေဟာ္နန္းကိုသာျပရမည္ပင္။ စဝ္သုမဒီသည္ ေစာ္ဘြားႀကီးမ်ိဳး႐ိုးမွဆင္းသက္လာသူျဖစ္ၿပီး နယ္ရွင္ေစာ္ဘြားတစ္ေယာက္၏ မဟာေဒဝီျဖစ္လာသူလည္းျဖစ္သည္။ ေစာ္ဘြားႀကီးကြယ္လြန္သြားေသာ္လည္း မဟာေဒဝီ၏ ထက္ျမက္မႈႏွင့္အာဏာစက္ေၾကာင့္ ေကတုသတီေဟာ္နန္း၏ အာဏာသည္ ယခုထက္တိုင္ တည္ေနဆဲပင္။


ေဟာ္နန္း၏ဆက္ခံသူကို မည္သူမွ်ေ႐ြးခြင့္မရွိ။ ေဟာ္နန္းကိုတည္ေဆာက္ခဲ့စဥ္က အၿပိဳင္ျပဳလုပ္ခဲ့ေသာ လက္စြပ္ရွိသည္။ ေဟာ္နန္းသခင္ႏွင့္သခင္မအပါအဝင္ ေသြးေသာက္သစၥာေတာ္ခံမ်ားက ေသြးသစၥာျပဳကာက်ိန္ဆိုၿပီး ေကတုသတီေဟာ္နန္းႏွင့္ တိုးနယားလက္စြပ္ကို သိဒၶိတင္ခဲ့ၾက၏။


တိုးနယားလက္စြပ္သည္ သိဒၶိဝင္လက္စြပ္ျဖစ္သည့္အားေလ်ာ္စြာ လူတိုင္းႏွင့္မေတာ္ဘဲ ေဟာ္နန္း၏ဆက္ခံသူႏွင့္သာေတာ္သည္။ ဆက္ခံသူအေဟာင္း၏ ေသြးသားစစ္မွသာ ဆက္ခံသူျဖစ္ခြင့္ရွိသည္။ ေဆြမ်ိဳးအရင္းအခ်ာျဖစ္႐ုံႏွင့္ပင္မရ။ သားအရင္း၊ေျမးအရင္းျဖစ္၍ရသည္။ ဆက္ခံသူ၏ ေမာင္ႏွမရင္းခ်ာသည္ပင္ ဆက္ခံသူမျဖစ္ႏိုင္ပါေခ်။။ လက္စြပ္သည္ ဆက္ခံသူအသစ္ေပၚမလာမခ်င္း ဆက္ခံသူအေဟာင္း၏လက္မွ ခြၽတ္၍မရ။


"မျဖစ္ႏိုင္တာ ေနာင့္စိုင္းကအိမ္ေထာင္မွမက်ေသးတာ...ဒါေပမဲ့ မဟုတ္မွလြဲ...."


"ေတာ္ေတာ့ ဝတီ...ေနာင့္စိုင္းကအဲ့လိုလုပ္မဲ့သူမွမဟုတ္တာ"


"ဝတီလည္း ေနာင့္စိုင္းကိုယုံပါတယ္..ဒါေပမဲ့ ေနာင့္စိုင္းေဘးကလူေတြကိုစိတ္မခ်တာ...မေတာ္ တစ္ခုခု"


"ႏွစ္ေယာက္လုံးသြားၾကေတာ့"


အဘြားေတာ္၏ ျပတ္ေတာင္းေသာ အမိန႔္သံေၾကာင့္ ႏွစ္ေယာက္လုံး အဘြားေတာ္ကိုႏႈတ္ဆက္ကာထြက္လာခဲ့လိုက္ၾကသည္။


မဟာေဒဝီနန္းေဆာင္ႏွင့္ေတာ္ေတာ္လွမ္းလွမ္းထိေရာက္ေတာ့မွ...


"ပီအိုက္..."


"အင္း"


"ေနာင့္စိုင္း ဘာေတြလုပ္ထားတာလဲမသိဘူး...လက္စြပ္အေၾကာင္းမသိတာလည္းမဟုတ္ဘဲနဲ႔ ဘာလို႔လက္စြပ္ကိုပဲျပန္ပို႔လိုက္တာလဲမသိဘူး"


"ေနာင့္စိုင္းက ဦးေႏွာက္ရွိတဲ့ကေလးပါ...အရမ္းႀကီးစိတ္ပူမေနနဲ႔ ...ကိုယ့္မဂၤလာေဆာင္အတြက္ ကိုယ္ပူ...ဟုတ္ၿပီလား"


"အဘြားေတာ္စီစဥ္ေပးထားတာပဲ...ဘာစိတ္ပူစရာရွိလို႔လဲ"


"ႏွလုံးသားမရွိတဲ့ေကာင္မေလး..."


အစ္ကိုျဖစ္သူ၏အေျပာေၾကာင့္ နန္းဝတီခပ္ယဲ့ယဲ့ေလးၿပဳံးလိုက္သည္။


"ဝတီတို႔မွာ ႏွလုံးသားရွိခြင့္ရွိလို႔လား"


"အင္း..."


အစ္ကိုျဖစ္သူ၏မ်က္ႏွာပ်က္သြားသည္ကိုျမင္ေတာ့မွ နန္းဝတီစိတ္မေကာင္းျဖစ္သြားၿပီး...


"ဟို...ဝတီေျပာတာက..."


"ဟားဟား မလိုပါဘူး ဝတီရယ္...ပီအိုက္အဆင္ေျပပါတယ္"


"ဟုတ္ ေယာင္းမေတာ္ေရာ ေနေကာင္းရဲ႕လား"


"ေကာင္းပါတယ္"


"တူေတာ္ေလးေတြခ်ီရေတာ့မွာလား"


"ဟက္ ဝတီရယ္...မသိတာလည္းမဟုတ္ဘူး"


"ဟင္ အခုထိ ပီအိုက္တို႔က..."


"အင္း"


ေခါင္းငုံ႔ၿပီးၿပဳံးကာျပန္ေျဖေသာ ပီအိုက္ေၾကာင့္နန္းဝတီဘာေျပာရမွန္းမသိ။ ေယာင္းမေတာ္ကိုလည္းတစ္စက္မွနားမလည္ႏိုင္ေသးပါ။


"ေယာင္းမေတာ္နဲ႔အဆင္မေျပေသးဘူးလား"


ေမးလိုက္ေတာ့ ပီအိုက္ကၿပဳံးသည္။


"သူကေအးေဆးပဲေနတာပါ...အဆင္မေျပဘူးရယ္လို႔မွမဟုတ္ဘဲ...ပီအိုက္တို႔ကသေဘာတူညီခ်က္ယူထားၿပီးသားေလ... သူနဲ႔ကလူတိုင္းအဆင္ေျပတာပါပဲ...သူႀကိဳက္တဲ့အရာေတြကိုသာ ပီအိုက္နားမလည္တာ"


"သူကဘာႀကိဳက္တတ္လို႔လဲ...ဝတီကမိန္းကေလးဆိုေတာ့ပိုသိမယ္ထင္တယ္"


"ဝတီလည္းမသိေလာက္ဘူးလို႔ ပီအိုက္ထင္တာပဲ"


"ေျပာၾကည့္ပါ ပီအိုက္ရဲ႕"


"အင္း ပီအိုက္လည္းေသခ်ာမသိဘူး...သူနဲ႔သူ႔သူငယ္ခ်င္းေတြေျပာသံၾကားတာပဲ...သူတို႔က ဖူဂ်ီဆိုလား ဖူဂ်ိဳဆိုလား..."


"ဖူဂ်ီ? ဆပ္ျပာလား?"


"ဟားဟား....အဲ့ဒါေၾကာင့္ပီအိုက္ေျပာတာေပါ့...ဝတီလည္းမသိေလာက္ပါဘူးဆို"


"ဟုတ္တယ္ ေယာင္းမေတာ္ကိုဝတီလည္းသိပ္နားမလည္ဘူး...ေစာ္ဘြားမ်ိဳး႐ိုးဆိုေပမယ့္ ေယာင္းမေတာ္ကႏိုင္ငံျခားမွာႀကီးျပင္းခဲ့ရတဲ့သူမလို႔လားမသိဘူး...အရမ္းေခတ္မီတယ္...လွလည္းလွတယ္...
ပီအိုက္ကေရာ အခုထိေယာင္းမေတာ္ကိုမခ်စ္ေသးဘူးလား...."


"....."


"အခ်စ္ဦးကိုမေမ့ႏိုင္ေသးဘူးလား"


"ဝတီရာ သူလည္းသူ႔ဘဝနဲ႔သူျဖစ္ေနၿပီဟာ"


"ဒါဆို ေယာင္းမေတာ္နဲ႔ဘာလို႔အဆင္မေျပေသးလဲ"


ဘာမွျပန္မေျပာေသာ ပီအိုက္ေၾကာင့္ နန္းဝတီစိတ္မရွည္စြာမ်က္ေစာင္းထိုးေတာ့ ပီအိုက္ကရယ္သည္။


တကယ္ပဲ.... အစ္ကိုကလည္းၿမဳံစိစိ။ ေမာင္ကလည္း ေရခဲတုံး။


ထိုစဥ္...


Ringing...


စဝ္ေခါင္တစ္ေယာက္ ဖုန္းScreenကိုၾကည့္လိုက္ၿပီးမွ...


"ေနာင့္စိုင္းဆီက"


အသိေပးလိုက္ေတာ့ နန္းဝတီကသိခ်င္စြာျဖင့္အနားတိုးလာသည္။ စဝ္ေခါင္က ဖုန္းကိုင္လိုက္ၿပီး...


"Hello"


"....."


"ထင္ပါတယ္...Lectureဝင္ေနတာမဟုတ္ရင္ ေနာင့္စိုင္းကအၿမဲကိုင္တာပဲ...ပီအိုက္ အဘြားေတာ္ကိုရွင္းျပထားပါတယ္"


"....."


"အင္း လက္စြပ္ကိစၥကဘယ္လိုျဖစ္တာလဲ"


"....."


"ဘာ ၁၈ႏွစ္ကတည္းကအခ်က္ျပေနတာ?"


တစ္ဖက္မွေျပာစကားေၾကာင့္ စဝ္ေခါင္ႏွင့္နန္းဝတီမ်က္လုံးျပဴးသြားၾကသည္။


"ပီအိုက္ ဝတီ့ကိုေပး..."


နန္းဝတီက စဝ္ေခါင္အားအသိေပးသလိုေျပာကာ ဖုန္းကိုဆြဲယူလိုက္ၿပီး...


"ေနာင့္စိုင္း...မင္း တိတ္တိတ္ပုန္းမိန္းမယူထားတာေတာ့မဟုတ္ဘူးမလား"


"….."


"ဘာ! စဝ္မင္းႏြယ္ဧကရာဇ္!!!!!"


"ဝတီ တိုးတိုး...အဘြားေတာ္ၾကားသြားမယ္"


"ပီအိုက္ညီေျပာတာၾကည့္ေလ....ဟုတ္တယ္တဲ့"


"ကဲ ပီအိုက္ကိုဖုန္းျပန္ေပး"


စဝ္ေခါင္ နန္းဝတီရဲ႕လက္ထဲမွဖုန္းကိုျပန္ဆြဲယူကာ...


"မင္းရဲ႕ပီနန္း ဒီမွာငိုေတာ့မယ္"


(ပီနန္း = အစ္မ)


"....."


"ထင္ပါတယ္ ဒါေပမယ့္ ဝတီစိတ္ပူေနတာလည္းမမွားဘူးေနာ္...လက္စြပ္ကိစၥကို ေနာင့္စိုင္းလည္းအသိပဲ"


"….."


"အင္း ေနာင့္စိုင္းက ရွင္းရွင္းလင္းလင္းမေျပာဘဲ လက္စြပ္ထည့္ေပးလိုက္ေတာ့ အဘြားေတာ္ေရာ ပီအိုက္တို႔ေရာ အကုန္စိတ္ပူေနၾကတာ...လူအေခၚလႊတ္လိုက္တာကို လက္စြပ္ပဲထည့္ေပးလိုက္ရလား...ၿပီးေတာ့ ဘယ္ေတာ့ျပန္လာမွာလဲ"


ေမးလိုက္ေသာ္ျငား တစ္ဖက္မွဘာမွျပန္မေျဖ။ အျပန္အလွန္ေျပာစကားအခ်ိဳ႕ကိုသာၾကားလိုက္ရၿပီးေနာက္...


"....."


တစ္ဖက္မွႏႈတ္ဆက္ကာဖုန္းခ်သြားသည္မို႔...


"ဟင္း...."


သက္ျပင္းခ်လိုက္ၿပီး စိတ္ဝင္တစားျဖစ္ေနေသာညီမျဖစ္သူအား ဖုန္းScreenကိုသာေထာင္ျပလိုက္သည္။


"ဘာလဲ ခ်သြားျပန္ၿပီလား...ဒီဟာေလးကေတာ့"


"Professorက လွမ္းေခၚလို႔တဲ့"


"ဟင္း...တကယ္ပါပဲ...ကိုယ္ေတြကပူေနသေလာက္ သူကအၿမဲေအးတိေအးစက္နဲ႔"


"ကဲ ပူမေနနဲ႔...ဝတီလည္းနားေတာ့.... ပီအိုက္လည္းျပန္ေတာ့မယ္"


________________________________________________________________________


New Yorkၿမိဳ႕၏ နာမည္ႀကီးေဆး႐ုံတစ္ခု။ ေဆး႐ုံမ်က္ႏွာစာေရွ႕ရွိ ခုံတန္းမ်ား၌ အသီးသီးထိုင္ေနၾကသူမ်ားရွိသလို ေလွ်ာက္လမ္းမ်ား၌လည္း လမ္းေလွ်ာက္ေနေသာလူနာမ်ား၊ သူနာျပဳမ်ားအကူအညီျဖင့္ေလ့က်င့္ခန္းလုပ္ေနၾကေသာလူနာမ်ား၊ ဝွီးခ်ဲမ်ားျဖင့္ သြားလာေနေသာလူနာမ်ား၊လူနာေစာင့္မ်ား၊အနားယူေနၾကေသာဆရာဝန္မ်ား၊သူနာျပဳမ်ားရွိသည္။


ထို႔အျပင္ Black Coffeeေသာက္ကာ ထိုလူမ်ားကိုေငးေနရင္း ဖုန္းေျပာေနေသာ အမ်ိဳးသားငယ္တစ္ဦးလည္းရွိ၏။


နံနက္ခင္းေနေရာင္ျခည္က ထိုအမ်ိဳးသားငယ္၏ ခႏၶာကိုယ္ထက္ျဖာက်ေနသည္။ ေလျပည္ႏုႏု၏ျဖတ္တိုက္မႈေၾကာင့္ Duty Coatျဖဴလြလြက တလြင့္လြင့္။ ျဖဴစြတ္ေနေသာအသားအရည္တြင္ ပန္းေရာင္ကအနည္းငယ္ေျပးေနသည္။


ပတ္ဝန္းက်င္ကိုေငးေမာေနေသာ လွပၾကည္လက္ေနသည့္မ်က္ဝန္းအစုံကို မ်က္ေတာင္ရွည္တို႔ကဝန္းရံထား၏။ ေအးျမေသာရာသီဥတုႏွင့္လိုက္ဖက္စြာပင္ ပါးႏွစ္ဖက္ကေသြးေရာင္ေျပးေနသည္။ မ်က္ႏွာအစိတ္အပိုင္းတစ္ခုစီတိုင္းကလွပအခ်ိဳးက်စြာတည္ရွိေနၿပီး အားလုံးေပါင္းစပ္လိုက္သည့္အခ်ိန္မွာေတာ့ နတ္ဘုရားတစ္ပါးလိုပင္။


ဖုန္းကိုင္ထားသည့္လက္ေခ်ာင္းတို႔က ေဖာ့ဖေယာင္းႏွယ္။ အဆစ္ဖုတို႔မရွိဘဲ ရွည္သြယ္ကာႏုဖတ္ေနသည္။ ၾကည္လင္ေနေသာလက္သည္းတို႔သည္လည္း ပန္းေရာင္သန္းစြာ။ ထိုဖုန္းကို ကိုင္ထားေသာလက္၏ လက္မ၌ Platinum ေျဗာင္လက္စြပ္တစ္ကြင္းကိုစြပ္ထားသည္။  ေသသပ္စြာညႇပ္ထားေသာဆံပင္တိုကို ေနာက္ဘက္ဆီအေျပာင္လွန္တင္ထားသည္မို႔ မဟာနဖူးကထင္ထင္ရွားရွား။ လွပသည္။ေခ်ာေမာခန႔္ညားသည္။ တည္ၾကည္သည္။ ျပည့္စုံ၏။


"ကြၽန္ေတာ္တမင္ေျပာလိုက္တာ"


"ထင္ပါတယ္ ဒါေပမယ့္ ဝတီစိတ္ပူေနတာလည္းမမွားဘူးေနာ္...လက္စြပ္ကိစၥကို ေနာင့္စိုင္းလည္းအသိပဲ"


"ကြၽန္ေတာ္လည္းမေျပာတတ္ဘူး...၁၈ႏွစ္ျပည့္ၿပီးေနာက္ပိုင္းမွာ လက္စြပ္ကတျဖည္းျဖည္းေခ်ာင္လာတယ္....အခုေတာ့ လုံးဝစြပ္လို႔မရေတာ့ဘူး"


"အင္း ေနာင့္စိုင္းက ရွင္းရွင္းလင္းလင္းမေျပာဘဲ လက္စြပ္ထည့္ေပးလိုက္ေတာ့ အဘြားေတာ္ေရာ ပီအိုက္တို႔ေရာ အကုန္စိတ္ပူေနၾကတာ...လူအေခၚလႊတ္လိုက္တာကို လက္စြပ္ပဲထည့္ေပးလိုက္ရလား...ၿပီးေတာ့ ဘယ္ေတာ့ျပန္လာမွာလဲ"


ထိုစဥ္...


"Hey!!! King....Professor ေခၚေနတယ္...မင္းကယ္လိုက္တဲ့လူနာ သတိရလာၿပီ"


"Ok လာခဲ့မယ္"


ထိုင္ေနရာမွ ထရပ္လိုက္ၿပီးေနာက္....


"ကြၽန္ေတာ္ ညက်မွျပန္ဆက္သြယ္မယ္ ပီအိုက္...အခုဖုန္းခ်ေတာ့မယ္"


ထို႔ေနာက္ ဖုန္းခ်လိုက္ကာ ေဆး႐ုံတြင္းသို႔ဦးတည္လိုက္သည္။ Coffeeခြက္ကိုကိုင္ကာ ေလွ်ာက္လွမ္းသြားေသာေျခတံရွည္တို႔ကခပ္ႀကဲႀကဲ။ 190cmရွိသည့္ အရပ္က အျဖဴေရာင္ Duty Coatႏွင့္လိုက္ဖက္စြာ။


ထိုသူကေတာ့ ေကတုသတီေဟာ္နန္း၏ ဆက္ခံသူအျဖစ္သတ္မွတ္ထားၾကေသာ
ေဒါက္တာစဝ္မင္းႏြယ္ဧကရာဇ္ေခၚ King....။


______________________________________



Comment