အပိုင်း_၁၀
ဆေးကုသဆောင်ကို ဖြတ်ပြီး ဝင်လိုက်ရင် Road To Success  ဆိုတဲ့ လျှောက်လမ်းကို တန်းရောက်သာည်။ အဲ့ဒီလမ်းက ဆေးကုဌာနတွေနဲ့ ခန်းမကို ဆက်ပေးထားခြင်းပင်။ လျှောက်လမ်းမှာ အရောင်စုံ ဂျိုးဂျာစက္ကူရုပ်လေးတွေကို ချိတ်ထား၏။
ကျွန်မတို့ ကျောင်းတက်ခဲ့စဉ်က ဒီလမ်းမှာ စာလာကျက်ရင် စာပိုရပါတယ် ဘာညာဆိုပြီးတော့ ပြောလေ့ရှိကြသည်။ နာမည်က Road To Success  ဖြစ်နေတာကို။
ဒီလိုဆိုတော့လည်း တက္ကသိုလ်ကျောင်းသူဘဝကို လွမ်းရပြန်သည်။
ကျောင်းသူ ကျောင်းသားတစ်ချို့က ဓာတ်ပုံရိုက်ဖို့ လုပ်ပေးထားတဲ့ Logoကြီးနားမှာ သူပြီးငါ ရိုက်နေကြရှာ၏။
တစ်ချို့ အဖွဲ့တွေက ဈေးရောင်းကြသည်။ အပျော်သဘောရောင်းခြင်းပင်။ ရေညှိထမင်းလိပ်တို့၊ ဆိုဒါတို့ ဖြစ်မယ်ထင်၏။အတော်ပင် စုံပါသည်။
"သက်လယ် နင်တစ်ယောက်ယောက်ကို ရှာနေတာလား"
လျှောက်လမ်းကို ဖြတ်လျှောက်လာတုန်းမှာ ဖြိုးဆီက အသံထွက်လာသည်။ ကျွန်မအမူအရာ သိပ်ပြီးသိသာနေသလားမသိပါ။
"ငါ လား"
မသိချင်ယောင်ဆောင်ပြီး ဖြိုးကို ကျွန်မ ပြန်မေးလိုက်ပါတယ်။
"အေးလေ။ နင်က နင်မဟုတ်သလို ဂဏာမငြိမ်ဖြစ်နေသလားလို့"
"အို မဟုတ်တာမပြောနဲ့ဖြိုး။ ငါပုံမှန်ပဲ"
ကျွန်မ မျက်စောင်းကလေးထိုးကာပြောတော့ ဖြိုးက ရယ်ပြီး ပုခုံးတွန့်ပြပါသည်။
ဖြိုးက တိုက်ပုံဝတ်မယ်ဆိုပြီးပြော‌သေးသည်။ကျွန်မက မဝတ်ဖို့တားခဲ့ခြင်းပင်။ ‌style pantဝတ်နေကျမို့ သူနဲ့မလိုက်မဖက်ဖြစ်နေရင် မသင့်တော်လှပါ။ ဒါ့ကြောင့် သူ‌ဝတ်နေကျ စတိုင်လ်ပန့်နဲ့ ရှပ်လက်ရှည်ကို သူဝတ်လာခဲ့သည်။
ခန်းမထဲရောက်တော့ လူက အတော်လေးစုံနေပြီထင်ပါ၏။
ရှေ့ဆုံးခုံတန်းကြီးတွေမှာ မြို့နယ်‌ဝန်တွေ၊ ပါချုပ်တွေ၊ ပရော်ဖက်ဆာတွေ ထိုင်ကြသည်။ ကျွန်မတို့နှစ်ယောက်အတွက် ဒုတိယတန်းမှာ နေရာသတ်မှတ်ပေးထားတာကိုလည်း သိရသည်။ ဖြိုးက ဆရာ၊ဆရာမတွေကို လိုက်ပြီး နှုတ်တက်၏။ ကျွန်မလည်း ဖြိုးနဲ့အတူ ထရသည်။ ဖြိုးကတော့ စကားတွေ ရေပတ်မဝင်အောင် ပြောရှာ၏။ ဟုတ်ပါတယ် သူက ကျောင်းကို မရောက်ရတာ သိပ်ကြာနေပြီလေ။ ကျွန်မကသာ နောက်ပိုင်းထဲ ရောက်ဖြစ်လာလို့ပင်။
ကျွန်မ ရောက်ကတည်းက ရှာနေတဲ့သူကို မတွေ့ရသေး။ ခွန်းခံ့ထည်။ ကျွန်မကို လာပြီးနှုတ်မဆက်ပါ။ နှုတ်မဆက်တာ အသာထား အရိပ်အယောင်လေး လာပြရင်တောင် ကျွန်မ စိတ်ချမ်းသာမိမှာပင်။ အခုက သူ့ပုံစံလေးတောင် မမြင်ရတော့ ကျွန်မမှာ သိပ်အဆင်မပြေလှ။
ကလေးတွေသာ တစ်ယောက်ပြီးတစ်ယောက် သီချင်းတွေတက်ဆိုသွား၏။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်ကသွား၏။ အဲ့ဒီထဲ သူပါမလာခဲ့။
နောက်ဆုံးတော့ သီချင်းဆိုပြီး စင်ပေါ်က ဆင်းလာတဲ့ သူ့သူငယ်ချင်း တွယ်တာ့ဆီကို သွားမေးဖို့ ဆုံးဖြတ်လိုက်ရသည်။ သူကနေနိုင်ပေမယ့် ကျွန်မမှ မနေနိုင်ဘဲ။
"ဖြိုး ခဏ ငါအပြင်သွားအုံးမယ်"
"လိုက်ခဲ့ပေးရမလား"
"ရတယ်။ ရတယ်။ နေခဲ့။ ခဏပဲ"
အတော်ပင်ဖြစ်သည်။ တွယ်တာက စင်ပေါ်က ဆင်းဆင်းချင်း သူ့နေရာဆီပြန်မသွားပဲ ခန်းမထဲက ထွက်သွား၏။ ကျွန်မလည်း လိုက်ထွက်သွားလိုက်မိသည်။ အထဲမှာ air cooler ဖွင့်ထားတာမို့ အပြင်ရောက်တော့ ရာသီဥတုက ခပ်ပူပူကြီးဖြစ်နေသည်။
"ညီမလေး တွယ်တာ"
ကျွန်မ ခေါ်လိုက်တော့ ပန်းစည်းကို ကိုင်ထားတဲ့ တွယ်တာက ကျွန်မဘက်ကို လှည့်ကြည့်လာသည်။
"ဟာ မမခက်"
ကျွန်မ အထွက်ပေါက်နားက ဝယ်လာတဲ့ နှင်းဆီပန်းစည်းသေးသေးလေးကို တွယ်တာ့ဆီပေးလိုက်၏။
"ဟယ် တွယ်တာ့အတွက်လား"
"အေးပေါ့။ သီချင်းဆိုတာတော်လို့ ပေးတာ။"
တွယ်တာပျော်နေတာကို ကျွန်မသိပါသည်။ထို့ကြောင့် ကျွန်မလည်း ဝမ်းသာရပါ၏။
"ဒါနဲ့ မင်းသူငယ်ချင်းကရောဟင်"
"မမခက်နဲ့ မတွေ့ရသေးဘူးလား"
"အေးကွယ်။ မတွေ့ရသေးဘူး"
တွယ်တာက အံ့ဩသွားတဲ့ ပုံစံလေးဖြစ်သွား၏။
"မမခက်ကိုတွေ့ပြီးမှ ပြန်သွားတာထင်နေတာ"
"အဆောင်ကိုပြန်တာလား"
"ဟုတ်တယ်။ ပွဲအစလေးရှိသေးတယ်။ အဆောင်ကိုခဏပြန်မယ်ဆိုပြီး ပေါ်ကိုမလာတော့တာ"
ကျွန်မသွားတွေ့သင့်ပါသလား။ ခန်းမထဲက ဖြိုးကို တစ်ချက်ကြည့်လိုက်တော့ သူ့ခေါင်းက ကျီးကန်းတောင်းမှောက်ဖြစ်နေပြီဖြစ်သည်။ ကျွန်မကိုရှာနေတာပဲ ဖြစ်ရမည်။ ဒီအချိန် အဆောင်ကိုသာ လိုက်သွားလိုက်ရင် ဖြိုးက လိုက်လာနဲ့ ဇာတ်လမ်းတွေက သိပ်ရှုပ်အုံးမည်။ မဖြစ်သေးပါ။
"ဪ ဟုတ်ပါပြီ။ တွယ်တာလည်း နားတော့နော်။ တို့လည်း ဝင်တော့မယ်။"
"ဟုတ်ကဲ့ မမခက်။ ပန်းစည်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
"ဟုတ်ပါပြီကွယ်"
ဒီလို့နဲ့ ခန်းမထဲ ပြန်ဝင်လာပြီးတော့ စိတ် ကသိကအောက်လေးနဲ့ ကျွန်မထိုင်နေခဲ့ရသည်။ ပြန်မယ်ဆိုလည်း သူ ကျွန်မကိုတော့ လာနှုတ်ဆက်သင့်ပါတယ်မဟုတ်လား။
မွန်းလွဲ ၂နာရီခွဲလောက်ရောက်တော့ King, Queen Winner တွေကို ကြေငြာ၏။ ပြီးတော့ အမည်မ‌ဖော်လိုသူတွေရဲ့ Love letterတွေကို ဖွင့်ဖောက်ပြီး ဖတ်ပြသည်။ ဒါကတော့ အပျော်သဘောပါလေ။
နောက်ဆုံးတော့ 1st yr လေးတွေက Group song ဆိုပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ပိတ်ကြသည်
ညနေ ၄နာရီထိုးရင် After Partyရှိတယ်ဆိုတဲ့အကြောင်းကိုလည်း လက်ထောက်ကထိကဆီက ကျွန်မတို့ သိခဲ့ရသည်။ ဒါကတော့ ကျွန်မတို့ ခေတ်ကတည်းက ထုံးစံတစ်ခုပါပင်။ ဒီခန်းမထဲမှာပဲ မီးရောင်စုံဖွင့်ပြီး သီချင်းတွေနဲ့ ကကြခုန်ကြ ပြီးရင် နည်းနည်းပါးပါးသောက်ကြ ဒီလိုလေးတွေ ရှိလိမ့်မည်။
နေ့ခင်းပွဲတောင် မလာတာ After Party ကိုလည်း သူလာမယ်လို့ ကျွန်မတော့မထင်။ ကျွန်မကို သက်သက်ရှောင်ချင်တာဆိုရင်တော့ ညနေ သူလာချင်လာမှာပေါ့။ ကျွန်မလည်း အတိအကျတော့ မမှန်းဆတတ်ပါ။
ပွဲပြီးပြီးချင်းပဲ ကျွန်မတို့ ပြန်လာလိုက်သည်။။ ညနေ၄နာရီထိုးတော့ အိမ်ကို ရောက်၏။ ဖြိုးက ၄ခွဲလောက်မှ သူ့အိမ်ကို ပြန်သွားသည်။ ကျွန်မစိတ်ထဲလည်း ဒီနေ့ သူ့ကို မတွေ့ခဲ့ရလို့ သိပ်တော့ မကြည်မသာ။
ကျွန်မလည်း အဝတ်အစားလဲ၊ ခဏနားပြီး ညနေစာအတွက် ချက်ရ၏။ အဖွားက နောက်ကျမှစားရင် မသင့်တော်ဘူးလေ။
၅နာရီခွဲတော့ အားလုံးချက်ပြုတ်ပြီးစီး၏။
"အဖွားရေ ထမင်းစားရအောင်"
အဖွားက ဝရန်တာဘက်မှာ သူ့သစ်ခွပင်တွေကို ရေဘူးသေးသေးလေးနဲ့ ရေဖြန်းနေခြင်းဖြစ်သည်။ ကျွန်မ ခေါ်လိုက်တော့ အဖွားက အိမ်ထဲဝင်လာ၏။ အသက်ကြီးပြီပေမယ့် အဖွားက မဝတာကြောင့် သူ့ကိုယ်သူ ကောင်းကောင်းထိန်းနိုင်သည်။
"ဒန့်သလွန်ရွက်လေး ဟင်းချိုချက်ထားတယ်အဖွား။ သွေးမတိုးဘူးလေ"
အဖွားက ဟင်းချိုကိုသောက်၏။
"ကြိုက်ပါ့အေ"
အဖွားပန်းကန်ထဲကို အရိုးနွှာပြီးသား ငါးတွေထည့်ပေးရ၏။ အဖွားပန်းကန်ထဲမှာ ဆီစိမ်ပြီးသား ဆိတ်သားခြောက်ဖက် အနည်းငယ်လည်းရှိသေးသည်။
အိမ်မှာက ငါးဟင်းချက်ဖြစ်တာပဲများပါသည်။ ကျွန်မက ငါးပဲစားခြင်းကြောင့်ဖြစ်ပါသည်။ တခြားအသားတွေကို ခံစားလို့မရ။ အဖွားအတွက်တော့ ဈေးထဲက ဆိတ်သားခြောက်ကို တစ်ပတ်တစ်ခါဝယ်ပြီး မီးသွေးနဲ့ဖုတ်ပြီး ဘူးတစ်ဘူးနဲ့ ဆီစိမ်ပေးထားရ၏။ တခြား အသီးအရွက်ကတော့ နေ့တိုင်းနီးပါး မရိုးရအောင်ချက်စားဖြစ်သည်။ အဖွားရဲ့ကျန်းမာရေးနဲ့ သင့်တော်သလို ကျွန်မလည်း ကြိုက်သောကြောင့်တည်း။
"အဖွား သင်္ဘောသီးလေး စားပြီးတော့ တအောင့်လောက် လမ်းရှောက်အုံးနော်။ ခဏနေမှ ဘုရားခန်းဝင်"
ကျွန်မ ဘေစင်ဆီကိုသွားရင်းနဲ့ အဖွားကိုပြောလိုက်သည်။
"အေးပါအေ။ ကျုပ်သိပါတယ်"
ကျွန်မ နည်းနည်းတော့ ပြုံးမိပါသည်။ အဖွားက အရွယ်သာကြီးတာ နည်းနည်းလေးမှ အကြောမခံချင်။
ကျွန်မကတော့ ထမင်းစားပြီး မီးပူတိုက်နေလိုက်၏။ ကျွန်မရဲ့ မြန်မာဝတ်စုံတွေ၊ အိမ်နေရင်းဝတ်တဲ့လုံချည်တွေ၊ အဖွားရဲ့ရှေးရိုးဆန်ဆန်ဝတ်စုံတွေ။
၆နာရီ၁၅လောက် ဖြစ်မည်ထင်ပါသည်။ အဖွားကလည်း ဘုရားခန်းဝင်သွားခဲ့ပြီ။ ကျွန်မလည်း မီးပူတိုက်လို့ပြီး၏။
ဧည့်ခန်းက ခုံမှာထိုင်ရင်း TV remote ကို နှိပ်ဖို့ပြင်တဲ့အချိန် ကျွန်မရဲ့ ဖုန်းဝင်လာသည်။ TVကိုပင် မဖွင့်လိုက်ရ။ ဝင်လာတဲ့ဖုန်းက ကျွန်မ အမြဲတမ်းမျှော်ရတဲ့ ကျွန်မရဲ့ဖုန်းကိုသိပ်ခေါ်လေ့မရှိတဲ့ ဟိုကလေး ခွန်းခံ့ရဲ့ဖုန်းပါ။
"ဟယ်လို"
"ခက်...ခက် ခြံအပြင် ခဏလောက်ထွက်ခဲ့ပါလား"
ခွန်းခံ့ရဲ့အသံက အလောကြီးပြီး မတည်မငြိမ်ဖြစ်နေခဲ့သည်။
"ခက်...လို့။ ခွန်းခံ့ ခက်ဆီရောက်နေတာပါ"
"ဘာရယ်"
ကျွန်မ ဧည့်ခန်းကထွက်ပြီး ခြံတံခါးဆီအမြန်သွားရ၏။ ဟုတ်ပါတယ်။ ခွန်းခံ့ရောက်နေတာ။ သူတို့အဆောင် ဒီအချိန်ဆို ပိတ်ပါပြီ။သို့သော် ဘယ်လိုရောက်လာပါသလဲ။
"ခက်"
ခြံတံခါးကို ကျွန်မ ဖွင့်ပေးတော့ ခွန်းခံ့က မျက်နှာငယ်လေးနဲ့ဖြစ်သည်။ ခွန်းခံ့က ခွန်းခံ့မဟုတ်တဲ့အတိုင်းပင်။ သေချာပေါက် ခွန်းခံ့ဟာ After Party ကိုသွားပြီး သောက်လာပြီပဲဖြစ်မှာ။ မျက်နှာဟာလည်း အနည်းငယ်ရဲနေ၏
အဲ့ဒီကလေး မျက်မှန်ကလည်း ပါမလာ။ အဝေးမှုန်နေတဲ့သူက ဘယ်လိုများလမ်းယူပြီးမောင်းလာသလဲမသိ။ ကျွန်မဖြင့် တွေးရင်းနဲ့ သူ့အတွက် အများကြီးစိတ်ပူရသည်။
"မျက်မှန်က ဘယ်မလဲ။ အန္တရာယ်များကများနဲ့။ မျက်မှန်တပ်မှရမယ်ဆိုတာ မင်းကိုယ်မင်းသိတယ်မလား"
ကျွန်မ တံခါးဖွင့်ပေးပြီး ထိုသို့ပြောတော့ ခွန်းခံ့က အဲ့ဒီစကားတွေကို အာရုံရောက်တဲ့ပုံမပေါ်ပါ။ သူ့မျက်နှာက ပြိုတော့မယ့် မိုးတိမ်တွေလိုဖြစ်နေပြီ။ တကယ်ပြောတာ။ ကျွန်မ သူ့ရဲ့အခုလိုပုံစံကို တစ်ခါမှ မမြင်ဖူးပါ။ တကယ့်ကို သနားကမားရုပ်ကလေးနဲ့။ တစ်ခုခုများဖြစ်လာသလားလို့ ကျွန်မ တွေးပြီးစိတ်ပူရသည်အထိ။
"ခွန်းခံ့"
ကျွန်မတို့အိမ်ရှေ့က လမ်းမှာ လူရှင်းနေပြီ။ လမ်းထိပ်မှာ ကလေးတွေ ဘောလုံးကစားနေသံကိုလည်း ကြားရ၏။ ခွန်းခံ့ဆီက အနံ့စူးစူးကိုလည်း ကျွန်မ ရနေသည်
တစ်ဆက်တည်းမှာပဲ အဲ့ဒီကလေးက ကျွန်မရဲ့လက်တွေကို သူ့လက်တွေနဲ့ ဆုပ်ကိုင်လာ၏။ ကျွန်မမှာ ခန္ဓာကိုယ်တစ်ခုလုံး တောင်းတင်းသွားရသည်အထိပင်
"ခက် နဲ့တွဲချင်လို့....
ခွန်းခံ့ ခက်နဲ့တွဲချင်လို့ပါ"
ထိုကလေးဟာ ဒီနေရာ ဒီအချိန်မျိုးမှာ ဒီစကားပြောဖို့ ဘယ်တုန်းကတွေးမိလိုက်သလဲမသိပါ။
"ခွန်းခံ့ အိမ်ထဲ.."
ခွန်းခံ့မျက်နှာမှာ စိတ်တိုမှုရော ဝမ်းနည်းမှုရော ရောပြွန်းနေတာကို ကျွန်မ ဖတ်နိုင်၏။ သူက အဲ့ဒီလို ဟန်မဆောင်တတ်တဲ့ ဖြူစင်တဲ့ကလေးတစ်ယောက်ပါ။
"ခက် သိတယ်မလား။ ခက်ကိုချစ်နေတာကို သိတယ်မလား"
ခွန်းခံ့ဟာ ငိုတော့မည့်အလား။ သူ့အသံဟာလည်း အလောတကြီး။
"အေးပါ။ သိပါတယ်ကွယ်။ အိမ်ထဲကို အရင်လာအုံး"
ကျွန်မမှာ သူ့လက်ကို ဆွဲပြီး အိမ်ထဲကိုခေါ်ရသည်။ သူက သောက်လာပေမယ့် သူ့ကိုယ်သူတော့ ထိန်းနိုင်နေသေးသည်။
အဆောင်ပြန်လို့မရမယ့် အတူတူမို့ ဟိုတစ်ခါသူအိပ်ခဲ့တဲ့ အခန်းထဲကိုပဲ ခေါ်သွားလိုက်ပါသည်။
"ဒီမှာ အငြိမ်လေးထိုင်နှင့်အုံးနော်။ သံပုရာရည်သွားဖျော်မလို့။ ကြားရဲ့လား"
"ခွန်းခံ့ချစ်နေတာ ခက်မသိပါဘူး။ ခက်က ခွန်းခံ့ကို ကလေးသာသာလို့ပဲ သဘောထားတာ။ ခွန်းခံ့သိတယ်။ ခက် ခွန်းခံ့ချစ်နေတာကို မသိဘူးဆိုတာ"
ကျွန်မ ပြောပစ်လိုက်ချင်သည်။ အဲ့ဒီကလေးသာသာလေးကို ၁၅၀၀မေတ္တာနဲ့ချစ်လို့ရတယ်ဆိုတာ သူမသိဘူးလားလို့။
"ခွန်းခံ့။ စိတ်ထိန်းစမ်းပါအုံးကွယ်။ ထိုင်နေနော် တို့ပြန်လာမှာ"
ကျွန်မ သံပုရာရည်မဖျော်ခင် ခြံပြင်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ဆိုင်ကယ်ကို မနိုင်မနင်းနဲ့ ခြံထဲသွင်းရ၏။ ပြီးမှ သူ့အတွက် သံပုရာရည်ဖျော်ရပါသည်။
ကျွန်မ မှာလေ။ ရယ်ရခက်။ ငိုရခက်။ အမြဲတမ်း ကြီးကြီးကျယ်ကျယ်တွေပဲ ပြောတတ်တဲ့ကလေးက ခက်နဲ့တွဲချင်တယ်။ ခက်ကိုချစ်ပါတယ် ဆိုတဲ့စကားကို ကလေးတစ်ယောက်လို လာပူဆာနေသည့် ဖြစ်‌စဉ်လေ။
ကျွန်မ သံပုရာရည် ဖျော်ပြီး အခန်းထဲဝင်တော့ သူက နေရာမှာထိုင်နေဆဲပင်။ သူ့ရဲ့အဖြူရောင် တီရှပ်အင်္ကျီမှာ ' I'm yours'ဆိုတဲ့ စာတန်းသေးသေးလေးက ထင်းနေ၏။ ဂျင်းဘောင်ဘီခပ်ပွပွနဲ့ တွဲဝတ်ထားတာမို့ ခွန်းခံ့က ခက်မျက်စိထဲတော့ ချစ်စရာကလေးသာသာပါပဲ။
ကျွန်မ သူထိုင်နေတဲ့ ကုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်သည်။
"ခွန်းခံ့ ဒါလေးသောက်နော်"
"ခက် ဒေါက်တာဖြိုးကို မချစ်ပါနဲ့"
"ဒါလေးကို အရင်သောက်ပါအုံးမင်းကလေးရယ်"
နဖူးထက်က ဆံပင်တိုတိုတွေကို သပ်တင်ပေးတော့ ချွေးနည်းနည်းထွက်နေတာကို ကျွန်မသတိထားမိပါသည်။
"ခက် ကိုချစ်မိလို့ပါ။ တောင်းပန်ပါတယ်။ ဘယ်သူ့ကိုမှမချစ်ပါနဲ့။ ခက်ကို အရူးကိုစွဲလမ်းမိလို့ပါ"
ခွန်းခံ့ငိုတယ်တဲ့။ ကျွန်မဖြင့် သိပ်အံ့ဩသွားရသည်။
ကျွန်မရဲ့ မျက်နှာကြောတင်းလေးက ကျွန်မရှေ့မှာ ကျွန်မကိုချစ်တဲ့အကြောင်း ငိုပြီးပြောပြနေတဲ့ ဖြစ်စဉ်တစ်ခု။ အနည်းဆုံးတော့ မျက်ရည်တွေကို သုတ်ပေးသင့်တယ်မဟုတ်ပါလား။
"ခွန်းခံ့။ တို့ပြောတာကို သေချာနားထောင်ပါအုံးကွယ်။ တို့ကို စဉ်းစားခွင့်ပေးပါအုံး။ အခုဒါလေးသောက်အုံး။ လိမ္မာ‌တယ်..နော်။ ကြားရဲ့လား"
ချော့မော့ပြီး သေချာပြောတော့မှ ခွန်းခံ့က သံပုရာရည်ကို သောက်ရှာသည်။
"ဒီမှာပဲအိပ်နော်။ ကြားရဲ့လား"
ခွန်းခံ့က ခေါင်းကိုငြိမ့်သည်။ သံပုရည်သောက်ပြီး နည်းနည်းချင်း အမူးပြေလာတော့ ခွန်းခံ့ဟာ ခွန်းခံ့ပြန်ဖြစ်သွားပြီ။ မျက်နှာကြောတင်းတင်းလေး။ ကျွန်မဖြင့် ပါးတွေကို ဆွဲပြီး ဖျစ်ညှစ်ပစ်ချင်တာပဲ။
"ခြေလက်ဆေး၊မျက်နှာသစ်ပြီးရင် ‌အိပ်တော့နော်။ မနက်ကျ မနက်စာစားပြီးမှပြန် နော်"
"ဟုတ်ကဲ့ ခက်"
အဲ့ဒါကမှ ခွန်းခံ့ထည် အစစ်အမှန်ပါ။ သူ့ဘက်က ရည်းစားစကားပြောဖို့ မဆိုထားနဲ့ ခက်ဘာပြောပြော 'ဟုတ်ကဲ့ ခက်' ဆိုတာချည်း လာမှာ ဧကန်ပင်။
"တို့ သွားတော့မယ်နော်"
"ဟုတ်ကဲ့"
အဲ့ဒီကလေးက ကျွန်မရဲ့မျက်နှာကို မကြည့်။
ကျွန်မ အပြင်ထွက်ဖို့ တံခါးဖွင့်ဖို့ ပြင်တုန်းမှာပဲ ခွန်းခံ့က ထပ်ခေါ်လာ၏။
"ခက်..."
ကျွန်မ လှည့်ကြည့်လိုက်သည်။
" ခက်ကိုချစ်တယ် ဆိုတာ တကယ်ပါ"
ကျွန်မမှာ မသိမသာလေး ခိုးကာပြုံးရ၏။
"တို့ သိပါတယ်ကွယ်။
ကောင်းကောင်းအိပ်နော်။ ကြားရဲ့လား"
သူ့ကိုသာ ကောင်းကောင်းအိပ်ဖို့ပြောရတယ်။ ကျွန်မတော့ ဒီည သေချာပေါက် အိပ်ပျော်မှာ မဟုတ်ပါ။
July 24 , 2022 , Sunday
ZawG
ဆေးကုသဆောင်ကို ဖြတ်ပြီး ဝင်လိုက်ရင် Road To Success  ဆိုတဲ့ လျှောက်လမ်းကို တန်းရောက်တယ်။ အဲ့ဒီလမ်းက ဆေးကုဌာနတွေနဲ့ ဇမ္ဗူရာဇ်ရွှေစင် ခန်းမကို ဆက်ပေးထားတာ။ လျှောက်လမ်းမှာ အရောင်စုံ ဂျိုးဂျာစက္ကူရုပ်လေးတွေကို ချိတ်ထားတယ်။
ဒီလိုဆိုတော့လည်း တက္ကသိုလ်ကျောင်းသူဘဝကို လွမ်းရပြန်တယ်။
ကျောင်းသူ ကျောင်းသားတစ်ချို့က ဓာတ်ပုံရိုက်ဖို့ လုပ်ပေးထားတဲ့ Logoကြီးနားမှာ သူပြီးငါ ရိုက်နေကြတယ်။
တစ်ချို့ အဖွဲ့တွေက ဈေးရောင်းကြတာ။ အပျော်သဘောပေါ့။ ရေညှိထမင်းလိပ်တို့၊ ဆိုဒါတို့ ဖြစ်မယ်ထင်တယ်။ စုံနေတာပါပဲ။
လျှောင်လမ်းကို ဖြတ်လျှောက်လာတုန်းမှာ ဖြိုးဆီက အသံထွက်လာတယ်။ သိပ်ပြီးသိသာနေသလားမသိပါဘူး။
"ငါ လား"
မသိချင်ယောင်ဆောင်ပြီး ဖြိုးကို ခက် ပြန်မေးလိုင်ပါတယ်။
"အေးလေ။ နင်က နင်မဟုတ်သလို ခဏာမငြိမ်ဖြစ်နေသလားလို့"
"ရှောက်ရှောက်လို့မပြောနဲ့ဖြိုး။ ငါပုံမှန်ပဲ"
ခက် မျက်စောင်းလေးထိုးကာပြောတော့ ဖြိုးက ရယ်ပြီး ပုခုံးတွန့်ပြတယ်။
ဖြိုးက တိုက်ပုံဝတ်မယ်ဆိုပြီးပြောနေတာ။ ခက် မဝတ်ဖို့တားခဲ့တာလေ။ သူနဲ့မလိုက်မဖက်ဖြစ်နေရင် မသင့်တော်လှဘူး။ ဒါ့ကြောင့် သူဝတ်နေကျ စတိုင်လ်ပန့်နဲ့ ရှပ်လက်ရှည်ကို သူဝတ်လာတယ်။
ခန်းမထဲရောက်တော့ လူက အတော်လေးစုံနေပြီထင်ပါတယ်။
ခက် ရောက်ကတည်းက ရှာနေတဲ့သူကို မတွေ့ရသေးဘူး။ ခွန်းခံ့လေ။ ခက်ကို လာပြီးနှုတ်မဆက်ဘူး။ နှုတ်မဆက်တာ အသာထား အရိပ်အယောင်လေး လာပြရင်တောင် ခက် စိတ်ချမ်းသာမိမှာပဲ။ အခုက သူ့ပုံစံလေးတောင် မမြင်ရတော့ ခက်မှာ သိပ်အဆင်မပြေလှဘူး။
ကလေးတွေသာ တစ်ယောက်ပြီးတစ်ယောက် သီချင်းတွေတက်ဆိုသွားတာ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်ကသွားတာ။ အဲ့ဒီထဲလည်း သူပါမလာပါဘူး။
နောက်ဆုံးတော့ သီချင်းဆိုပြီး စင်ပေါ်က ဆင်းလာတဲ့ သူ့သူငယ်ချင်း တွယ်တာ့ဆီကို သွားမေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူကနေနိုင်ပေမယ့် ခက်မှမနေနိုင်ဘဲလေ။
"လိုက်ခဲ့ပေးရမလား"
"ရတယ်။ ရတယ်။ နေခဲ့။ ခဏပဲ"
အတော်ပါပဲ။ တွယ်တာက စင်ပေါ်က ဆင်းဆင်းချင်း သူ့နေရာဆီပြန်မသွားပဲ ခန်းမထဲက ထွက်တယ်။ ခက်လည်း လိုက်ထွက်သွားလိုက်တာပေါ့။ အထဲမှာ air cooler ဖွင့်ထားတာမို့ အပြင်ရောက်တော့ ရာသီဥတုက ခပ်ပူပူကြီးဖြစ်နေတယ်။
"ညီမလေး တွယ်တာ"
ခက် ခေါ်လိုက်တော့ ပန်းစည်းကို ကိုင်ထားတဲ့ တွယ်တာက ခက်ဘက်ကို လှည့်ကြည့်လာတယ်။
"ဟာ မမခက်"
ခက် အထွက်ပေါက်နားက ဝယ်လာတဲ့ နှင်းဆီပန်းစည်းသေးသေးလေးကို တွယ်တာ့ဆီပေးလိုက်တယ်။
"ဟယ် တွယ်တာ့အတွက်လား"
တွယ်တာပျော်နေတာကို ခက်သိတယ်။ ခက်လည်း ဝမ်းသာပါတယ်။
"အေးကွယ်။ မတွေ့ရသေးဘူး"
တွယ်တာက အံ့ဩသွားတဲ့ ပုံစံလေးနဲ့။
"အဆောင်ကိုပြန်တာလား"
"ဟုတ်ကဲ့ မမခက်။ ပန်းစည်းပဲ ကျေးဇူးအများကြီးတင်ပါတယ်"
"ဟုတ်ပါပြီကွယ်"
ဒီလို့နဲ့ ခန်းမထဲ ပြန်ဝင်လာပြီးတော့ ကသိကအောက်လေးနဲ့ ခက်ထိုင်နေရတာပေါ့။ ပြန်မယ်ဆိုလည်း သူ ခက်ကိုတော့ လာနှုတ်ဆက်သင့်တယ်မဟုတ်လား။
မွန်းလွဲ ၂နာရီခွဲလောက်ရောက်တော့ King, Queen Winner တွေကို ကြေငြာတယ်။ ပြီးတော့ အမည်မဖော်လိုသူတွေရဲ့ Love letterတွေကို ဖွင့်ဖောက်ပြီး ဖတ်ပြတယ်။ ဒါကတော့ အပျော်သဘောပေါ့လေ။
နောက်ဆုံးတော့ 1st yr B.D.Sလေးတွေက Group song ဆိုပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ပိတ်ကြတယ်။
ညနေ ၄နာရီထိုးရင် After Partyရှိတယ်ဆိုတဲ့အကြောင်းကိုလည်း လက်ထောက်ကထိကဆီက ခက်တို့ သိခဲ့ရတယ်။ ဒါကတော့ ခက်တို့ ခေတ်ကတည်းက ထုံးစံတစ်ခုပါပဲ။ ဒီခန်းမထဲမှာပဲ မီးရောင်စုံဖွင့်ပြီး သီချင်းတွေနဲ့ ကကြခုန်ကြ ပြီးရင် နည်းနည်းပါးပါးသောက်ကြ ဒီလိုလေးတွေ ရှိမှာပေါ့။
နေ့ခင်းပွဲတောင် မလာတာ After Party ကိုလည်း သူလာမယ်လို့ ခက်တော့မထင်ဘူး။ ခက်ကို သက်သက်ရှောင်ချင်တာဆိုရင်တော့ သူလာချင်လာမှာပေါ့။ ခက်လည်း အတိအကျတော့ မမှန်းဆတတ်ပါဘူး။
ပွဲပြီးပြီးချင်းပဲ ခက်တို့ ပြန်လာလိုက်တယ်။ ညနေ၄နာရီထိုးတော့ အိမ်ကို ရောက်တယ်။ ဖြိုးက ၄ခွဲလောက်မှ သူ့အိမ်ကို ပြန်သွားတယ်။ ခက်စိတ်ထဲလည်း ဒီနေ့ သူ့ကို မတွေ့ခဲ့ရလို့ သိပ်တော့ မကြည်မသာရယ်။
၅နာရီခွဲတော့ အားလုံးချက်ပြုတ်ပြီးစီးတယ်။
အဖွားက ဝရံတာဘက်မှာ သူ့သစ်ခွပင်တွေကို ရေဘူးသေးသေးလေးနဲ့ ရေဖြန်းနေတာ။ ခက် ခေါ်လိုက်တော့ အဖွားက အိမ်ထဲဝင်လာတယ်။ အသက်ကြီးပြီပေမယ့် အဖွားက မဝတာကြောင့် သူ့ကိုယ်သူ ကောင်းကောင်းထိန်းနိုင်တယ်လေ။
အဖွားက ဟင်းချိုကိုသောက်တယ်။
"ကြိုက်ပါ့အေ"
အဖွားပန်းကန်ထဲကို အရိုးနွှာပြီးသား ငါးတွေထည့်ပေးတယ်။ အဖွားပန်းကန်ထဲမှာ ဆီစိမ်ပြီးသား ဆိတ်သားခြောက်ဖက် အနည်းငယ်လည်းရှိတယ်။
အိမ်မှာက ငါးဟင်းချက်ဖြစ်တာပဲများပါတယ်။ ခက်က ငါးပဲစားတာလေ။ တခြားအသားတွေကို ခံစားလို့မရဘူး။ အဖွားအတွက်တော့ ဈေးထဲက ဆိတ်သားခြောက်ကို တစ်ပတ်တစ်ခါဝယ်ပြီး မီးသွေးနဲ့ဖုတ်ပြီး ဘူးတစ်ဘူးနဲ့ ဆီစိမ်ပေးထားလိုက်တယ်လေ။ တခြား အသီးအရွက်ကတော့ နေ့တိုင်းနီးပါး မရိုးရအောင်ချက်စားတယ်။ အဖွားရဲ့ကျန်းမာရေးနဲ့ သင့်တော်သလို ခက်လည်း ကြိုက်တယ်လေ။
ခက် ဘေစင်ဆီကိုသွားရင်းနဲ့ အဖွားကိုပြောတယ်။
"အေးပါအေ။ ကျုပ်သိပါတယ်"
ခက် နည်းနည်းတော့ ပြုံးမိပါတယ်။ အဖွားက အရွယ်သာကြီးတာ နည်းနည်းလေးမှ အကြောမခံချင်တာလေ။
ခက်ကတော့ ထမင်းစားပြီး မီးပူတိုက်နေလိုက်တယ်။ ခက်ရဲ့ မြန်မာဝတ်စုံတွေ၊ အိမ်နေရင်းဝတ်တဲ့လုံချည်တွေ၊ အဖွားရဲ့ရှေးရိုးဆန်ဆန်ဝတ်စုံတွေပေါ့။
၆နာရီ၁၅လောက် ဖြစ်မယ်ထင်တယ်။ အဖွားက လယဘုရားခန်းဝင်သွားတာလေ။ ခက်လည်း မီးပူတိုက်လို့ပြီးပြီ။
ဧည့်ခန်းက ခုံမှာထိုင်ရင်း TV remote ကို နှိပ်ဖို့ပြင်တဲ့အချိန်မှာ ခက်ရဲ့ ဖုန်းဝင်လာတယ်။ TVကိုပင် မဖွင့်လိုက်ရဘူး။ ဝင်လာတဲ့ဖုန်းက ခက် အမြဲတမ်းမျှော်ရတဲ့ ခက်ရဲ့ဖုန်းကိုသိပ်ခေါ်လေ့မရှိတဲ့ ဟိုကလေး ခွန်းခံ့ရဲ့ဖုန်းပါ။
"ဟယ်လို"
ခွန်းခံ့ရဲ့အသံက အလောကြီးပြီး မတည်မငြိမ်ဖြစ်နေတယ်။
"ဘာရယ်"
"ခက်"
အဲ့ဒီကလေး မျက်မှန်ကလည်း ပါမလာဘူး။ အဝေးမှုန်နေတဲ့သူက ဘယ်လိုများလမ်းယူပြီးမောင်းလာသလဲမသိဘူး။ ခက်ဖြင့် တွေးရင်းနဲ့ သူ့အတွက် အများကြီးစိတ်ပူရတယ်။
"ခွန်းခံ့"
ခက်တို့အိမ်ရှေ့က လမ်းမှာ လူရှင်းနေပြီ။ လမ်းထိပ်မှာ ကလေးတွေ ဘောလုံးကစားနေသံကိုလည်း ကြားရတယ်။ ခွန်းခံ့ဆီက အနံ့စူးစူးကိုလည်း ခက် ရနေတယ်။
တစ်ဆက်တည်းမှာပဲ အဲ့ဒီကလေးက ခက်ရဲ့လက်တွေကို သူ့လက်တွေနဲ့ ဆုပ်ကိုင်လာတယ်။ ခက်မှာ ခန္ဓာကိုယ်တစ်ခုလုံး တောင်းတင်းသွားရတာပဲ။
"ခက် နဲ့တွဲချင်လို့....
ဒီနေရာ ဒီအချိန်မျိုးမှာ ဒီစကားပြောဖို့ ဘယ်တုန်းကတွေးမိလိုက်သလဲမသိပါဘူး။
"ခွန်းခံ့ အိမ်ထဲ.."
"အေးပါ။ သိပါတယ်ကွယ်။ အိမ်ထဲကို အရင်လာအုံး"
ခက်မှာ သူ့လက်ကို ဆွဲပြီး အိမ်ထဲကိုခေါ်ရတယ်။ သူက သောက်လာပေမယ့် သူ့ကိုယ်သူတော့ ထိန်းနိုင်တယ်။
အဆောင်ပြန်လို့မရမယ့် အတူတူမို့ ဟိုတစ်ခါသူအိပ်ခဲ့တဲ့ အခန်းထဲကိုပဲ ခေါ်သွားလိုက်ပါတယ်။
ခက် သံပုရာရည်မဖျော်ခင် ခြံပြင်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ဆိုင်ကယ်ကို မနိုင်မနင်းနဲ့ ခြံထဲသွင်းရတယ်။ ပြီးမှ သူ့အတွက် သံပုရာရည်ဖျော်ရတယ်။
ခက် သူထိုင်နေတဲ့ ကုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်တယ်။
"ဒါလေးကို အရင်သောက်ပါအုံးမင်းရယ်"
နဖူးထက်က ဆံပင်တိုတိုတွေကို သပ်တင်ပေးတော့ ချွေးနည်းနည်းထွက်နေတာကို ခက်သတိထားမိတယ်။
ခွန်းခံ့ငိုတယ်တဲ့။ ခက်ဖြင့်အံ့ဩလိုက်တာ။
ကျွန်မရဲ့ မျက်နှာကြောတင်းလေးက ကျွန်မရှေ့မှာ ကျွန်မကိုချစ်တဲ့အကြောင်း ငိုပြီးပြောပြနေတာလေ။ အနည်းဆုံးတော့ မျက်ရည်တွေကို သုတ်ပေးသင့်တယ်မဟုတ်လား။
ချော့မော့ပြီး သေချာပြောတော့မှ ခွန်းခံ့က သံပုရာရည်ကို သောက်တယ်။
"ဒီမှာပဲအိပ်နော်။ ကြားရဲ့လား"
"ဟုတ်ကဲ့ ခက်"
"တို့ သွားတော့မယ်နော်"
"ဟုတ်ကဲ့"
အဲ့ဒီကလေးက ခက်ရဲ့မျက်နှာကို မကြည့်ဘူး။
ခက် အပြင်ထွက်ဖို့ တံခါးဖွင့်ဖို့ ပြင်တုန်းမှာပဲ ခွန်းခံ့က ခေါ်လာတယ်"
"ခက်..."
ခက် လှည့်ကြည့်လိုက်တယ်။။
ခက်မှာ မသိမသာလေး ခိုးကာပြုံးရတယ်။
"တို့ သိပါတယ်ကွယ်။
July 24 , 2022 , Sunday
Comment