အပိုင်း_၃

ထိုနေ့က ကြာသပတေးနေ့။

မျက်မှန်ကိုဆေးရန် မှန်ကြည်ဆေးက ကုန်နေပြီဖြစ်သည်။ ဘာတွေပဲဖြစ်နေအုံးတော့ မျက်မှန်ညစ်ပတ်နေတာကိုတော့ သူ သည်းမခံနိုင်ပါ။ ဒါ့ကြောင့် မနော်ဟရီလမ်းဘက်သို့သွားကာ မှန်ကြည်ဆေး သွားဝယ်ဖို့ ၁၁နာရီထိုးတွင် အတန်းထဲက ထွက်လာခဲ့သည်။ တွယ်တာလည်းပါသည်။

ပြီးနောက် အဆောင်သို့ပြန်ကာ ဆိုင်ကယ်ကိုယူပြီး ထွက်လာခဲ့သည်။

သူက ရှေ့ကမောင်းကာ တွယ်တာက နောက်မှလိုက်သည်။

"နေ့လယ်စာ စားကြမလား"

မျက်မှန်ဆိုင်က ထွက်ထွက်လာချင်း သူက တွယ်တာ့ကို မေးသည်။

"အေး ငါ ကြာဇံကြော်စားချင်နေတာ"

ဒါ့ကြောင့် နှစ်ယောက်သား မနော်ဟရီလမ်းဘက်ကဆိုင်တစ်ခုတွင်ဝင်ကာ နေ့လယ်စာ စားကြသည်။ ပြန်လာတော့ ၁၂နာရီထိုးတော့မည်။ ထိုအချိန်ကြီးတောင် မီးပွှိုင့်က မိဖြစ်အောင် မိသေးသည်။ ဆိုင်ကယ်ဦးထုပ်ရော maskရော တပ်ထားတာမို့ နေပူခေါင်ခေါင်ကြီးမှာ အတော်ပင် ပူလောင်ရသည်။

မီးစိမ်းသည်ကို စောင့်နေစဉ် သူ၏ဘေးသို့ ကားတစ်စီးရောက်လာသည်။ ဖြူစွတ်နေသော Surfကား...မန္တလေးမြို့မှာ Surfကား အဖြူရောင်များစွာ ရှိနေသော်ငြား ထိုကားဟာ ဘယ်သူ့ကားဖြစ်သည်ကို သူ ခံစားလို့ရသည်။ သေချာပေါက် ခက်ရဲ့ကားပဲ။

ဒါ့ကြောင့် ကားမှန်ကို အကြောင်းအရင်းမရှိခေါက်လိုက်သည်။ ကားမှန်ချမလာပါ။
ဒုတိယအကြိမ် ထပ်ခေါက်သည်။ ထိုအခါ‌တွင်တော့ မှန်တစ်ဝက်ကျလာပါသည်။ နေပူခေါင်ခေါင်တွင် မြင်ရသူ‌ကို အေးချမ်းစေနိုင်သော မျက်နှာကို ဦးစွာ ရှုစားရ၏။

သို့ပေမယ့် အမျိုးသမီးက မျက်ခုံးတန်းနှစ်ခုကို ကျုံ့ထားသည်။ နှုတ်ခမ်းနှစ်လွှာကိုလည်း တင်းတင်းစေ့ထားသည်။ maskတပ်ထားသော သူ့ကို ခက် မှတ်မိဟန်မတူပါ။ ဒါ့ကြောင့် မျက်နှာထား တည်တည်ဖြင့် ကြည့်လာခြင်းဖြစ်ပါလိမ့်မည်။

သူ maskချွတ်ပြလိုက်တော့မှ ခက်ရဲ့မျက်နှာက လုံးဝပြေလျော့သွားသည်။ အံ့ဩသွားတဲ့ အမူအရာပေါ်လာသည်။

"ခွန်းခံ့..."

ထိုစကားသံနှင့်အတူ နားထဲကိုဝင်လာသော ဟွန်းသံများ။ မီးစိမ်းသည်ကိုပင် သတိမထားလိုက်မိပါ။

"ခက်..."

ဆိုင်ကယ်ကို မောင်းရသည်မို့ ထိုအမည်ကိုသာ ရေရွတ်နိုင်သည်။

"ဘယ်သူလဲဟဲ့။ နောက်ကနေ လိုက်လာတယ်"

တွယ်တာက အနောက်ကနေ ပြောသည်။

"ခက်သက်လယ်"

"အိုးမိုင်ဂေါ့။ သူလား။ ယဉ်ယဉ်ကျေးကျေးခေါ်စမ်းပါ"

ကျောင်း အဝကို ရောက်တော့ ခွန်းခံ့ဆိုင်ကယ်ကို ရပ်လိုက်သည်။ သိပ်မကြာ ခက် ၏ကား အနားရောက်လာသည်။

"ဟိတ်။ မင်းတို့ အတန်းလစ်ကြတာလား"

"မလစ်ပါဘူး ခက်ရာ။ ဝယ်စရာလေးရှိလို့ ခဏထွက်ဝယ်တာ"

ကားထဲက ထွက်မလာပဲ မှန်ချကာ ခေါင်းထွက်ပြီးပြောနေသော အမျိုးသမီး။ ကျောင်းအဝမှာ အပင်ကြီးတွေရှိသည်မို့ အရိပ်ရသည်။ အဆင်ပြေပါသည်။

"ဘာဝယ်လာတာလဲ"

"မျက်မှန် မှန်ကြည်ဆေး။ ခက်ကရော ဒီဘက် ဘာလုပ်ရောက်လာတာလဲ"

"ကိစ္စလေးရှိလို့ပါ ခွန်းခံ့ရဲ့။ မင်းကိုတောင် အမှတ်ရနေသေးတယ်။ ရုတ်တရက်ဆိုတော့ မမှတ်မိဘူးဖြစ်သွားတာလေ။ မင်းက maskနဲ့ဆိုတော့"

"ခက်ရယ် ခွန်းခံ့တောင် ခက်ရဲ့ကားကို မှတ်မိသေးတာ"

"ဟုတ်ပါပြီ မင်းကလေးရယ်။ သွား ဝင်တော့ အတန်းတက်ရမယ်မလား။ ညမှဖုန်းဆက်မယ်"

"အိုခေ ဘိုင့်ဘိုင် ခက်"

ပါးချိုင့်သေးသေးလေးတွေ မပေါ့်တပေါ်ဖြစ်အောင် ပြုံးပြပြီး ခေါင်းငြိမ့်ပြသည့် ထိုအမျိုးသမီးဟာ လွန်စွာ စွဲမက်ဖွယ်။

သူ အဆောင်လမ်းဘက် ဆိုင်ကယ်မောင်းဝင်လာတော့ ခက်ရဲ့ကားလည်း လမ်းမကြီးအတိုင်း မြောက်ဘက်အရပ်ဆီသို့ ဦးတည်၍မောင်းသွားသည်။ ခက်ဟာ ဘယ်မှာနေသလဲ။ သူမသိ။ ခက်နှင့်ပတ်သက်၍ သူ ဘာမှ သိဖို့မစွမ်းပါလေ။

"ဟဲ့ ခွန်းခံ့။ အဲ့ဒီအစ်မ ငါ့ကို ရှိမှန်းတောင်သိရဲ့လားမသိဘူး။ နင့်ပဲမြင်တဲ့အတိုင်း"

ဆိုင်ကယ်စတန်းမှာ ဆိုင်ကယ်သွင်းတော့ တွယ်တာက နှာခေါင်းရှုံ့ကာ ပြောလာသည်။

"နင်က နှုတ်ဆက်ရင် ခက်ကလည်းဖော်ရွေမှာပါ။ ဒီတစ်ခါတွေ့ရင် နင်က စပြီးမိတ်ဆက်လိုက်ပေါ့"

"နင့်တုန်းကရော နင်ကစပြီး မိတ်ဆက်လိုက်တာပေါ့။ အဲ့လိုပေါ့။ဟုတ်လား"

တွယ်တာက သူ၏ လူမှုဆက်ဆံရေးမပြေလည်မှုကိုသိ၍ ခပ်ထေ့ထေ့မေးလာခြင်းပင်။

"မဟုတ်ပါဘူးဟာ။ Duty coat မေ့ကျန်ခဲ့တဲ့နေ့က တွေ့ဖြစ်တာ။ ငါ့ကိုအကူအညီလာတောင်းလို့"

"အဲ့ဒါနဲ့ ရင်းနီးသွားကြရောပေါ့"

ဆိုင်ကယ်ကို နေရာမှာ သေချာထားပြီး အခန်းသို့တက်ကာ နားသည်။ 1နာရီတွင် အတန်းပြန်ဝင်ရမည်။

"မြင်တဲ့အတိုင်းပဲ ဒေါ်တွယ်တာရေ။ နင်လည်း တအားလျှာရှည်တယ်"

တွယ်တာက မဲ့ကာရွဲ့ကာဖြင့် သူ၏စကားကိုချေပသည်။

"မသိလေ။ နင်က ဒေါက်တာခက်သက်လယ်အကြောင်းပြော‌တုန်းက စိတ်မဝင်စားတာလိုလို ဘာလိုလိုနဲ့။စောစောကများကျတော့ မနေနိုင်မထိုင်နိုင် ကားမှန်တောင် သွားခေါက်တယ်။ စိတ်ဝင်စားစရာပဲ"

"တွယ်တာ စောက်ပိုတွေလုပ်မနေနဲ့နော်။ အိပ်မှာဖြင့်အိပ်။ အခုမအိပ်ရင် အတန်းထဲကျ အိပ်ငိုက်မှာဖြင့်"

ဒီလိုဖြင့် နှစ်ယောက်သား နာရီဝက်ကျော်ကျော်အိပ်ကြသည်။ ပြီးနောက် အတန်းတက်ရသည်။  Anatomy Lectureပေးတဲ့ဆရာမက ၁နာရီကနေ ၄နာရီအထိ ဆက်တိုက်အတန်းယူလိုက်တာမို့ ခွန်းခံ့နှင့်တွယ်တာ လူသားဆန်စွာဖြင့် အနည်းငယ်လည်း အိပ်ငိုက်ခဲ့ကြသည်။

ညရောက်တော့ ခွန်းခံ့ထည် ဖုန်းကိုတကြည့်ကြည့်ပင်။ ဖုန်းနံပါတ်မသိဘဲ ဖုန်းခေါ်မယ်ပြောသွားတဲ့ အမျိုးသမီးဆီကဖုန်းကို မသိစိတ်ကရော သိစိတ်ကပါ မျှော်နေမိတာတော့ အမှန်ပင်။

သို့ပေမယ့် ထိုနေ့ညက သူ မျှော်နေခဲ့ရသော အမျိုးသမီးဆီမှ ဖုန်းကောလ်လေးတစ်ခုကို လက်ခံရရှိခြင်း မရှိခဲ့ပါ။ မနက်တစ်နာရီအထိ သူ အိပ်ဖို့မတတ်နိုင်ခဲ့။

......

ဒီလိုနဲ့ သူ့ရဲ့ နေ့စဉ်အလုပ်တွေဟာ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ဖုန်းဆက်မယ် ပြောတဲ့နေ့ကစပြီး အဲ့ဒီအမျိုးသမီးနဲ့ ထပ်မတွေ့ရတာ 2ပတ်နီးပါးပင်ရှိပြီဖြစ်သည်။

မနက်ဖြန် ဆိုလျှင်ပင် Test စပြီ ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ထိုအမျိုးသမီးကို မေ့ပြီလို့ညာထားတာ အခုတော့ နေသားကျနေပြီဖြစ်သည်။ နေသားပဲကျတာ တကယ်မေ့သွားတာမဟုတ်တာကိုလည်း သူသိသည်။ အေးလေ။ ခပ်လှလှအမျိုးသမီးတစ်ယောက်နဲ့ ရင်းနှီးရတာ ရင်ခုန်ဖို့ကောင်းသည် မဟုတ်ပါလား။ အဲ့ဒီလို စွဲလမ်းမှုမျိုးကတော့ လူတိုင်းဖြစ်ဖူးကြာတာ ညာလို့မရ။

ထိုအမျိုးသမီးဟာ junior အားလုံးရဲ့ role model type မျိုးဖြစ်တာကြောင့် သူတင်မဟုတ် ဘယ်သူမဆို ထိုအမျိုးသမီးနဲ့ ရင်းနှီးခွင့်ရလျှင် ခဏနဲ့တော့ ထိုရင်းနှီးမှုကို ပျက်ပြားလိုကြမည် မဟုတ်ပါ။ ထိုအမျိုးသမီးကဲ့သို့ ထူးချွန်ချင်ကြမည်။ သူသည်လည်း ထိုjuniorများထဲမှ တစ်ယောက်ဖြစ်မည်။ ထိုကဲ့သိုသာ သူ ဆွဲယူ မှတ်ချက်ချလိုက်သည်။

ထုံးစံအတိုင်း စာမေးပွဲကာလက ရက်ရှည်သည်။ Theory test ရော Practical testရော နှစ်ခုလုံးပြီးသွားချိန်မှာတော့ လူက အတော်ပင် ချွတ်ခြုံကျနေပြီဖြစ်သည်။

"ဟဲ့ သူများတွေက လျှောက်လည်ကြမလို့တဲ့"

စာမေးပွဲခန်း ထွက်လာလာချင်းမှာ တွယ်တာက ထိုသို့ပြောသည်။ ဖြေနိုင်သလားဆိုတာကို မမေးပါ။

"နင်ကရော သွားချင်လို့လား"

Duty coat ကို ချွတ်ရင်း ခွန်းခံ့ပြန်မေးသည်။ ၁၂နာရီ ထိုးပြီမို့ နေကအတော်ပူနေပြီဖြစ်သည်။ ဒါ့ကြောင့် ထီးကိုဖွင့်ရသည်။

မဆီမဆိုင် ဒီအချိန် ခက်ဆိုတဲ့အမျိုးသမီးများ အပြင်ရောက်နေရင် ထီးရောပါပါ့မလားဟူ၍လည်း တွေးလိုက်သေးသည်။

"မသွားချင်ပါဘူး"

သူ့ရဲ့စကားကို တွယ်တာက လေးတိလေးတွဲပြန်ဖြေသည်။ စာမေးပွဲရက်တွေထဲမှာ နှစ်ယောက်သား အတော်ပင်ပန်းခဲ့ကြပြီးဖြစ်သည်လေ။

"အိပ်မှာမလား ငါတော့အိပ်မှာ"

"ရောက်ရင် ထမင်းစားပြီးတန်းအိပ်မှာ"
တွယ်တာက ပြောခြင်းဖြစ်သည်။

ဒီလိုနဲ့ အဆောင်သို့ရောက်အောင် မြန်မြန်လျှောက်ကြသည်။

အဆောင်ရောက်တော့ အောက်ထပ်တွင် မွန်မွန်တို့အဖွဲ့ ဆူညံနေပြီဖြစ်သည်။ ဖြေခဲ့ပြီးသော စာမေးပွဲအကြောင်းပြောနေကြသည်မဟုတ်ပါ။ အပြင်သွားရန်အတွက် အဝတ်အစားလဲကာ အခန်းတကာ ပတ်ပြနေကြခြင်းဖြစ်သည်။

"နှစ်ယောက် မလိုက်ဘူးလား"
မွန်မွန်က အဆောင်ထဲဝင်လာတဲ့ သူတို့နှစ်ယောက်ကို ပြောသည်။

"ပင်ပန်းနေပြီ အိပ်မလို့" သူကပြန်ပြောသည်။

"စာတွေလှိမ့်ပိန့်ကျက်ထားကြတာကို လောဘကြီးပြီး။ မလိုက်လည်းနေပေါ့"

"သွား သွား နင်တို့ပဲသွား။ ပုံတွေများများရိုက်ခဲ့ကြ"

တွယ်တာက ထိုသို့ပြန်ပြောရင်း အပေါ်သို့တက်သည်။ သူလည်းအပေါ်သို့ တက်လာခဲ့သည်။

ခဏနားကာ နေ့လယ်စာစားပြီး အိပ်ရေးပျက်ထားသမျှ အတိုးချကာ အိပ်ကြသည်။ ညနေ 5နာရီ ထိုးမှပင် နိုးသည်။ ဒီညနေ ထရတာက အပေါ့ပါးဆုံးပင်ဖြစ်၏။ ဘာဝန်ထုတ်ဝန်ပိုးမှ မရှိတော့။ အနည်းဆုံးတော့ မနက်ဖြန် စနေ၊တနင်္ဂနွေတော့ စိတ်ကြိုက်နားခွင့်ရပြီမဟုတ်ပါလား။

တွယ်တာက နိုးနိုးချင်းရေချိုးမယ်ပြောသည်။ သူကတော့ roll callခေါ်ပြီးမှပဲ ရေချိုး‌ဖို့တွေးထားသည်။ ဒါ့ကြောင့် အပြင်ဘက် ကော်ရစ်ဒါဘက်သို့ ထွက်ကာ အကြောဆန့်မိသည်။ ကောင်းကင်က ခပ်ရဲရဲဖြစ်နေ၏။ မျက်နှာချင်းဆိုင်ကအဆောင်၏ အနောက်ဘက်ရှိ ခပ်မြင့်မြင့် ထနှောင်းပင်က ကောင်းကင်နှင့် ပနံသင့်စွာ စိမ်းညို့နေသည်။

"လွမ်းစရာကြီးပဲ"

သူထိုသို့ရေရွတ်မိပေမယ့် ဘယ်သူ့ကိုလွမ်းတယ်ဆိုတာကိုတော့ မဝန်ခံချင်ပါ။ တစ်စုံတစ်ယောက်ကို လွမ်းနေတယ်လို့ ဝန်ခံခြင်းဟာ အဲ့ဒီတစ်စုံတစ်ယောက်ကို ဒူးထောက်လိုက်ရတာပဲ။ သူ ဘယ်တော့မှ မရှုံးချင်။

တွယ်တာ ရေချိုးနေစဉ် ခွန်းခံ့ဂိမ်းဆော့‌၏။ အခြေနေက အေးဆေးပင်။

ထုံးစံအတိုင်း ၆နာရီခွဲတော့ roll callခေါ်သည်။ အဲ့ဒါပြီးပြီးချင်း သူရေချိုးဖို့ ပြင်သည်။

"တွယ်တာ။ တကယ်လို့များ ဖုန်းလာခဲ့ရင် ကိုင်ထားပေးအုံး"

"အေး။ ရတယ် ဖြည်းဖြည်းချိုးခဲ့"

တစ်နေကုန် နွမ်းနယ်နေသမျှဟာ ရေနဲ့ထိလိုက်တော့လည်း လုံးဝပျောက်ကွယ်သွားတာပင်။ ဒီညတော့ ရေကိုကြာကြာလေးချိုးလိုက်သည်။
နာရီဝက်ကျော်‌ကျော်လောက် ကြာသွားသည်ထင်၏။

သူရေချိုးပြီးတော့ တွယ်တာက သူ့စာကြည့်စားပွဲကို ရှင်းနေသည်။

"ဟဲ့ ဖုန်းလာသွားတယ်"

"ဟုတ်လား။ ပြီးမှပြန်ခေါ်လိုက်မယ်။ မေမေက ဘာပြောသေးလဲ"

"အန်တီမဟုတ်ပါဘူး။ နင့်ရဲ့ ခက်"

သူ ရေသုတ်နေရင်းမှ ဖုန်းကို အပြေးအလွှားကြည့်မိသည်။ contact name မပါသော ဖုန်းနံပါတ်တစ်ခု ဝင်ထားသည်။

"နင် ဘာပြန်ပြောလိုက်သလဲ"

"နင် ရေချိုးနေလို့။ နောက်မှ ပြန်ခေါ်ခိုင်းလိုက်မယ်လို့ပြောလိုက်တာပေါ့ဟ"

"ကျေးဇူး"

တွယ်တာ့ကို ကျေးဇူးတင်ရပါမည်။ တကယ်လို့များ တွယ်တာသာ ဖုန်းမကိုင်လိုက်ပါလျှင် သူ ထိုဖုန်းနံပါတ်သို့ ပြန်ခေါ်ဖြစ်မည် မဟုတ်ပါ။

အခုတော့ ရေကိုပင် ပြောင်အောင်မသုတ်နိုင်ပဲ အင်္ကျီကို ခပ်သွက်သွက်ဝတ်သည်။ ပြီးနောက် ဖုန်းကိုယူပြီး ကော်ရစ်ဒါဘက်ထွက်ခဲ့သည်။

ဖုန်းဝင်နေသော အသံက အခုလောက်အထိ ရင်ခုန်ဖို့ကောင်းမယ်မှန်း မသိခဲ့ရိုးအမှန်ပါ။

"ဟယ်လို ခွန်းခံ့။ မင်းရေချိုးနေတယ်ဆို။ ပြီးပြီလား"

ဖုန်းကိုင်ကိုင်ချင်း တရစပ်ပြောလာတဲ့ အမျိုးသမီးရဲ့ အသံဟာ မကြားရတာကြာတာကြောင့် ပို၍ပင် နားထောင်လို့ကောင်းလာသယောင်ရှိ၏။

"ဟုတ်ကဲ့ ခက်။ အခုရေချိုးလို့ပြီးပြီ"

"မပြောရတာ သိပ်ကြာနေပြီကွယ်။မင်း စာမေးပွဲရော ဖြေနိုင်ရဲ့လား "

အဲ့ဒီအမျိုးသမီးက Testရှိတာကို ဘယ်လိုသိနေရပါသလဲ။

"ခက်က ဘယ်လိုသိတာလဲ"

"တို့များသိချင်ရင်။ အရာရာက အလွယ်လေးပဲကွယ်"

"....."

ခပ်ဖွဖွ ရယ်သံကိုကြားရသည်။ ထိုအသံကို ကြားမိတဲ့တစ်ဆက်တည်းမှာပဲ အမျိုးသမီး၏ ပါးချိုင့် တိမ်တိမ်လေးကို မြင်ယောင်ချင်လာသည်။

"စတာပါ မင်းကလေးရယ်။ ဒီလပိုင်းက ပုံမှန်Testတွေ ရှိတာကို တို့သိတယ်လေ။ အဲ့ဒါကြောင့်"

ထိုသို့ပြောမှ အဲ့ဒီအမျိုးကို မေးစရာရှိတာ သတိရသည်။

"ခက်ကို မေးစရာရှိတယ်"

"ဟုတ်လား။ အခုမေးမနေနဲ့ ။ မနက်ဖြန် မင်းကို လာခေါ်မလို့။ ဝမ်းလီမှာ ရှမ်းခေါက်ဆွဲလိုက်ကျွေးမယ်စိတ်ကူးထားတာ။ အဲ့ဒါ မင်း စာမေးပွဲပြီးတဲ့အချိန်ကို စောင့်နေတာ။ ဘယ်လိုလဲ မင်းလိုက်မယ်မဟုတ်လား"

"ခက်က ဖုန်းနံပါတ်ဘယ်လိုရတာလဲ"

ရယ်ပြန်ပြီ။အဲ့ဒီအမျိုးသမီး။
အိပ်မက်ထဲ အပြုံးလှလှတွေ ကြီးစိုးတော့မယ်ထင်ရ၏။

"မင်းကလည်း။ တို့သိချင်ရင် လွယ်လွယ်လေးပါဆို။ ပြောအုံး မနက်ဖြန် ဘယ်အချိန် လာခေါ်ရမလဲ"

"ခက် အဆင်ပြေတဲ့အချိန်လာခဲ့ပါ"

"အင်း ဟုတ်ပြီ။ အခုက ခေါင်းကရော လျှော်ထားသေးသလား။ လျှော်ထားရင် dryer နဲ့ သေချာခြောက်စေအုံးနော်"

"ခေါင်းမလျှော်ထားပါဘူး ခက်"

"ညနေကရော သူငယ်ချင်းတွေစုပြီး လျှောက်မလည်ကြဘူးလား။ တို့များတုန်းကတော့ စာမေးပွဲပြီးတဲ့ညနေဆို အဆောင်တောင်မပြန်ဘူးကွယ်"

"သူများတွေ သွားကြတယ်။ ခွန်းခံ့နဲ့ တွယ်တာက အိပ်ဖို့ကျန်နေခဲ့တာ"

"အေး အဲ့ဒါလည်း ကောင်းသားကွယ်။ ဒါဖြင့် မနက်လာခေါ်မယ်နော်"

"ဟုတ်ကဲ့ ခက်"

တတိယအကြိမ် ရယ်သော ထိုအမျိုးသမီး။

"ဘာလို့လဲ ခက်"

"မင်း ဟုတ်ကဲ့လို့ပြောနေတာက ရယ်စရာလေးဖြစ်နေတယ်။ မသိရင် တို့စာသင်ရတဲ့ ကလေးကျနေတာပဲ။ တို့က မင်းဆရာမဟုတ်ပါဘူးနော်"

ခံစားမှုအသစ်တို့ကို သင်ကြားပေးသော အချစ်ဆရာမကလေးဖြစ်တာကိုတော့ သူ မြိုသိပ်ထားလိုက်၏။

"ဟုတ်ကဲ့။ အဲ့ဒီလိုမျိုးလား"

သူ ထိုအမျိုးသမီးကို ကျီစယ်လိုက်သည်။

"တော်ကွယ်။ မင်းအဆောင် ညတွင်းကြီးရောက်လာမိလိမ့်မယ်"

ကြည်နူးမှုက သူ့ရဲ့ အသွေးထဲအသားထဲက ဖြာထွက်သည်။

"ရှေ့ရက်ပိုင်းတွေထဲတုန်းက ခက် မအားဘူးလာ။ ဒီဘက်လာတာ မတွေ့မိလို့"

"ဟုတ်တယ် ခွန်းခံ့ရယ်။ တို့မှာလည်း အလုပ်က နည်းနည်းများနေခဲ့တယ်။ မင်းကလည်း စာမေးပွဲနဲ့ဆိုတော့ တို့ မနှောက်ယှက်ချင်ဘူးလေ"

စာမေးပွဲရက်တွေထဲ ခက်ဖုန်းဆက်တာဟာ နှောက်ယှက်ရာမရောက်ပါဘူးဆိုတဲ့အကြောင်း ထိုအမျိုးသမီးသိအောင် ကြုံမှ ပြောပြပေအုံးမည်။

"မင်း ညစာရော စားပြီးပြီလား"

"မစာလို့ ခက်"

"အဲ့ဒါမကောင်းဘူးလေ မင်းရယ်။ တို့ ဖုန်းချရင် ထမင်းသွားစားနော်။ ကြားရဲ့လား"

"ဟုတ်ကဲ့ ခက် "

"ဟုတ်ပြီ မင်းကို မနက်လာခေါ်မယ်နော်။
အခုတော့ တို့ဖုန်းချမယ်။ မင်း အောက်ထပ်က kitchen room မှာ ထမင်းသွားစားချေ။ ကြားလား"

"ဟုတ်ကဲ့ ခက်"

"နေပါအုံး။ ထမင်းစားခန်းက ခြင်အရမ်းပေါတယ်။ မင်း မြန်မြန်လည်းစားအုံးနော်။ကြားရဲ့လား"

ဒီအမျိုးသမီးက ဒီအမျိုးသမီးဆောင်မှာ ဘယ်လောက်အထိ ကြင်လည်ကျက်စားခဲ့သည် မသိ။ အကုန်သိနေ၏။

"ဟုတ်ကဲ့ ခက်။ မြန်မြန် စားလိုက်ပါ့မယ်"

"အင်း အင်း ဒါဖြင့်တို့ဖုန်းချယ်မယ်။ မနက်မှ တွေ့ကြစို့"

"ဟုတ်ကဲ့ ခက်။"

အခန်းထဲဝင်ကာ ဖုန်းကို အားသွင်းပြီး ခြင်းထဲက တိုက်ပန်းကန်ပြားနဲ့ ဇွန်း၊ခက်ရင်းကို ယူလိုက်သည်။

တွယ်တာကတော့ တအံ့တဩကြည့်နေသည်။

"နင် ဘာလုပ်မလို့တုန်း"

"ထမင်းစားမလို့"

"ဖြစ်ရလေ။ ထူးထူးဆန်းဆန်း။ ညရောက်ရင် ဘာမှမစားတတ်တဲ့လူက"

"စားရမယ့် အကြောင်းလေးတွေပေါ်လာလို့ဟာ"

ထိုသို့ပြောပြီး အောက်ထပ်ကို အမြန်ဆင်းလာခဲ့သည်။ ထပ်မေးလာမယ့် တွယ်တာ့ရဲ့မေးခွန်းတွေအတွက် သူ့မှာ အဖြေ မရှိသောကြောင့်ဖြစ်သည်။

July 16, 2022 , Saturday
2022

ZawG

ထိုေန႕က ၾကာသပေတးေန႕။

မ်က္မွန္ကိုေဆးရန္ မွန္ၾကည္ေဆးက ကုန္ေနၿပီျဖစ္သည္။ ဘာေတြပဲျဖစ္ေနအုံးေတာ့ မ်က္မွန္ညစ္ပတ္ေနတာကိုေတာ့ ခြန္းခံ့ သည္းမခံနိုင္ပါ။ ဒါ့ေၾကာင့္ မေနာ္ဟရီလမ္းဘက္သို႔သြားကာ မွန္ၾကည္ေဆး သြားဝယ္ဖို႔ ၁၁နာရီထိုးတြင္ လက္ခ်ာေပးေနေသာ တီခ်ယ့္ဆီတြင္ ခြင့္ေတာင္းကာ အခန္းထဲက ထြက္လာခဲ့သည္။ တြယ္တာလည္းပါသည္။

ၿပီးေနာက္ အေဆာင္သို႔ျပန္ကာ အနက္ေရာင္clickဘီးကို ယူၿပီး ထြက္လာခဲ့သည္။

ခြန္းခံ့က ေရွ႕ကေမာင္းကာ တြယ္တာက ေနာက္မွလိုက္သည္။

"ေန႕လယ္စာ စားၾကမလား"

မ်က္မွန္ဆိုင္က ထြက္ထြက္လာခ်င္း ခြန္းခံ့က တြယ္တာ့ကို ေမးသည္။

"ေအး ငါ ၾကာဇံေၾကာ္စားခ်င္ေနတာ"

ဒါ့ေၾကာင့္ ႏွစ္ေယာက္သား မေနာ္ဟရီဘက္က စားေသာက္ဆိုင္တစ္ခုတြင္ဝင္ကာ ေန႕လယ္စာ စားၾကသည္။ ျပန္လာေတာ့ ၁၂နာရီထိုးေတာ့မည္။
ထိုအခ်ိန္ႀကီးေတာင္ မီးပႊိုင့္က မိျဖစ္ေအာင္ မိေသးသည္။ ဆိုင္ကယ္ဦးထုပ္ေရာ maskေရာ တပ္ထားတာမို႔ ေနပူေခါင္ေခါင္ႀကီးမွာ အေတာ္ပင္ ပူေလာင္ရသည္။

မီးစိမ္းသည္ကို ေစာင့္ေနစဥ္ ခြန္းခံ့၏ေဘးသို႔ ကားတစ္စီးေရာက္လာသည္။ ျဖဴစြတ္ေနေသာ Surfကား...
မႏၱေလးၿမိဳ႕မွာ Surfကား အျဖဴေရာင္မ်ားစြာ ရွိေနေသာ္ျငား ထိုကားဟာ ဘယ္သူ႕ကားျဖစ္သည္ကို ခြန္းခံ့ ခံစားလို႔ရပါသည္။ ေသခ်ာေပါက္ ခက္ရဲ႕ကားပါပဲ။

ဒါ့ေၾကာင့္ ကားမွန္ကို အေၾကာင္းအရင္းမရွိေခါက္လိုက္သည္။ ကားမွန္ခ်မလာပါ။
ဒုတိယအႀကိမ္ ထပ္ေခါက္သည္။ ထိုအခါတြင္ေတာ့ မွန္တစ္ဝက္က်လာပါသည္။ ေနပူေခါင္ေခါင္တြင္ ျမင္ရသူကို ေအးခ်မ္းေစနိုင္ေသာ မ်က္ႏွာ။

သို႔ေပမယ့္ အမ်ိဳးသမီးက မ်က္ခုံးတန္းႏွစ္ခုကို က်ဳံ႕ထားသည္။ ႏႈတ္ခမ္းႏွစ္လႊာကိုလည္း တင္းတင္းေစ့ထားသည္။ maskတပ္ထားေသာ ခြန္းခံ့ကို ခက္ မွတ္မိဟန္မတူပါ။ ဒါ့ေၾကာင့္ မ်က္ႏွာထား တည္တည္ျဖင့္ ၾကည့္လာျခင္းျဖစ္ပါလိမ့္မည္။

ခြန္းခံ့ maskခြၽတ္ျပလိုက္ေတာ့မွ ခက္ရဲ႕မ်က္ႏွာက လုံးဝေျပေလ်ာ့သြားသည္။ အံ့ဩသြားတဲ့ အမူအရာေပၚလာသည္။

"ခြန္းခံ့..."

ထိုစကားသံႏွင့္အတူ နားထဲကိုဝင္လာေသာ ဟြန္းသံမ်ား။ မီးစိမ္းသည္ကိုပင္ သတိမထားလိုက္မိပါ။

"ခက္..."

ဆိုင္ကယ္ကို ေမာင္းရသည္မို႔ ထိုအမည္ကိုသာ ေရ႐ြတ္နိုင္သည္။

"ဘယ္သူလဲဟဲ့
ေနာက္ကေန လိုက္လာတယ္"

တြယ္တာက အေနာက္ကေန ေျပာသည္။

"ခက္သက္လယ္"

"အိုးမိုင္ေဂါ့
သူလား။ ယဥ္ယဥ္ေက်းေက်းေခၚစမ္းပါ"

ေက်ာင္း အဝကို ေရာက္ေတာ့ ခြန္းခံ့ဆိုင္ကယ္ကို ရပ္လိုက္သည္။ သိပ္မၾကာ ခက္ ၏ကား အနားေရာက္လာသည္။

"ဟိတ္
မင္းတို႔ အတန္းလစ္ၾကတာလား"

"မလစ္ပါဘူး ခက္ရာ
ဝယ္စရာေလးရွိလို႔ ခဏထြက္ဝယ္တာ"

ကားထဲက ထြက္မလာပဲ မွန္ခ်ကာ ေခါင္းထြက္ၿပီးေျပာေနေသာ အမ်ိဳးသမီး။ ေက်ာင္းအဝမွာ အပင္ႀကီးေတြရွိသည္မို႔ အရိပ္ရသည္။ အဆင္ေျပပါသည္။

"ဘာဝယ္လာတာလဲ"

"မ်က္မွန္ မွန္ၾကည္ေဆး။ ခက္ကေရာ ဒီဘက္ ဘာလုပ္ေရာက္လာတာလဲ"

"ကိစၥေလးရွိလို႔ပါ ခြန္းခံ့ရဲ႕။ မင္းကိုေတာင္ အမွတ္ရေနေသး။ ႐ုတ္တရက္ဆိုေတာ့ မမွတ္မိဘူးျဖစ္သြားတာေလ။ မင္းက maskနဲ႕ဆိုေတာ့"

"ခက္ရယ္ ခြန္းခံ့ေတာင္ ခက္ရဲ႕ကားကို မွတ္မိေသးတာ"

"ဟုတ္ပါၿပီ မင္းရယ္
သြား ဝင္ေတာ့ အတန္းတက္ရမယ္မလား။ ညမွဖုန္းဆက္မယ္"

"အိုေခ ဘိုင့္ဘိုင္ ခက္"

ပါးခ်ိဳင့္ေသးေသးေလးေတြ မေပါ့့္တေပၚျဖစ္ေအာင္ ၿပဳံးျပၿပီး ေခါင္းၿငိမ့္ျပသည့္ ထိုအမ်ိဳးသမီး။

ခြန္းခံ့ အေဆာင္လမ္းဘက္ ဆိုင္ကယ္ေမာင္းဝင္လာေတာ့ ခက္ရဲ႕ကားလည္း လမ္းမႀကီးအတိုင္း ေျမာက္ဘက္အရပ္ဆီသို႔ ဦးတည္၍ေမာင္းသြားသည္။ ခက္က ဘယ္မွာေနတာလဲ။

"ဟဲ့ ခြန္းခံ့
အဲ့ဒီအစ္မ ငါ့ကို ရွိမွန္းေတာင္သိရဲ႕လားမသိဘူး။ နင့္ပဲျမင္တဲ့အတိုင္း"

ဆိုင္ကယ္စတန္းမွာ ဆိုင္ကယ္သြင္းေတာ့ တြယ္တာက ႏွာေခါင္းရႈံ႕ကာ ေျပာလာသည္။

"နင္က ႏႈတ္ဆက္ရင္ ခက္ကလည္းေဖာ္ေ႐ြမွာပါ။ ဒီတစ္ခါေတြ႕ရင္ နင္က စၿပီးမိတ္ဆက္လိုက္ေပါ့"

"နင့္တုန္းကေရာ နင္ကစၿပီး မိတ္ဆက္လိုက္တာေပါ့။ အဲ့လိုေပါ့။ဟုတ္လား"

"မဟုတ္ပါဘူးဟာ
Duty coat ေမ့က်န္ခဲ့တဲ့ေန႕က ေတြ႕ျဖစ္တာ။ ငါ့ကိုအကူအညီလာေတာင္းလို႔"

"အဲ့ဒါနဲ႕ ရင္းနီးသြားၾကေရာေပါ့"

ဆိုင္ကယ္ကို ေနရာမွာ ေသခ်ာထားၿပီး အခန္းသို႔တက္ကာ နားသည္။ 1နာရီတြင္ အတန္းျပန္ဝင္ရမည္ေလ။

"ျမင္တဲ့အတိုင္းပဲ ေဒၚတြယ္တာေရ
နင္လည္း တအားလွ်ာရွည္တယ္"

တြယ္တာက မဲ့ကာ႐ြဲ႕ကာျဖင့္ ခြန္းခံ့၏စကားကိုေခ်ပသည္။

"မသိေလ။
နင္က ေဒါက္တာခက္သက္လယ္အေၾကာင္းေျပာတုန္းက စိတ္မဝင္စားတာလိုလို ဘာလိုလိုနဲ႕။ေစာေစာကမ်ားက်ေတာ့ မေနနိုင္မထိုင္နိုင္ ကားမွန္ေတာင္ သြားေခါက္တယ္။ စိတ္ဝင္စားစရာ"

"တြယ္တာ ေစာက္ပိုေတြလုပ္မေနနဲ႕ေနာ္။ အိပ္မွာျဖင့္အိပ္။ အခုမအိပ္ရင္ အတန္းထဲက် အိပ္ငိုက္မွာျဖင့္"

ဒီလိုျဖင့္ ႏွစ္ေယာက္သား နာရီဝက္ေက်ာ္ေက်ာ္အိပ္ၾကသည္။ ၿပီးေနာက္ အတန္းတက္ရသည္။ Lectureေပးတဲ့ဆရာမက ၁နာရီကေန ၄နာရီအထိ ဆက္တိုက္အတန္းယူလိုက္တာမို႔ ခြန္းခံ့ႏွင္ါတြယ္တာ လူသားဆန္စြာျဖင့္ အနည္းငယ္လည္း အိပ္ငိုက္ခဲ့ၾကသည္။

ညေရာက္ေတာ့ ခြန္းခံ့ထည္ ဖုန္းကိုတၾကည့္ၾကည့္ရယ္ပါ။ ဖုန္းနံပါတ္မသိဘဲ ဖုန္းေခၚမယ္ေျပာသြားတဲ့ အမ်ိဳးသမီးဆီကဖုန္းကို မသိစိတ္ကေရာ သိစိတ္ကပါ ေမွ်ာ္ေနမိတာေတာ့ အမွန္။

သို႔ေပမယ့္ ထိုေန႕ညက ခြန္းခံ့ ေမွ်ာ္ေနခဲ့ရေသာ အမ်ိဳးသမီးဆီမွ ဖုန္းေကာလ္ေလးတစ္ခုကို လက္ခံရရွိျခင္း မရွိခဲ့ပါ။ မနက္တစ္နာရီအထိ ခြန္းခံ့ အိပ္ဖို႔မတတ္နိုင္ခဲ့ပါ။

......

ဒီလိုနဲ႕ ခြန္းခံ့ရဲ႕ ေန႕စဥ္အလုပ္ေတြဟာ ပုံမွန္ျပန္ျဖစ္လာခဲ့သည္။ ဖုန္းဆက္မယ္ ေျပာတဲ့ေန႕ကစၿပီး အဲ့ဒီအမ်ိဳးသမီးနဲ႕ ထပ္မေတြ႕ရတာ 2ပတ္နီးပါးပင္ရွိၿပီျဖစ္သည္။

မနက္ျဖန္ ဆိုလွ်င္ပင္ Test 1စၿပီ ျဖစ္ပါသည္။ ကိုယ့္ကိုယ္ကိုယ္ ထိုအမ်ိဳးသမီးကို ေမ့ၿပီလို႔ညာထားတာ အခုေတာ့ ေနသားက်ေနၿပီျဖစ္သည္။ ေနသားပဲက်တာ တကယ္ေမ့သြားတာမဟုတ္တာကိုလည္း ခြန္းခံ့သိသည္။ ေအးေလ။ ခပ္လွလွအမ်ိဳးသမီးတစ္ေယာက္နဲ႕ ရင္းႏွီးရတာ ရင္ခုန္ဖို႔ေကာင္းသည္ မဟုတ္ပါလား။ အဲ့ဒီလို စြဲလန္းမႈမ်ိဳးကေတာ့ လူတိုင္းျဖစ္ဖူးၾကာတာ ညာလို႔မရဘူး။

ထိုအမ်ိဳးသမီးဟာ junior အားလုံးရဲ႕ role model type မ်ိဳးပဲေလ။ ခြန္းခံ့တင္မဟုတ္ ဘယ္သူမဆို ထိုအမ်ိဳးသမီးနဲ႕ ရင္းႏွီးခြင့္ရလွ်င္ ခဏနဲ႕ေတာ့ ထိုရင္းႏွီးမႈကို ပ်က္ျပားလိုၾကမည္ မဟုတ္ပါ။ ထိုအမ်ိဳးသမီးကဲ့သို႔ ထူးခြၽန္ခ်င္ၾကမည္။
ခြန္းခံ့သည္လည္း ထိုjuniorမ်ားထဲမွ တစ္ေယာက္ျဖစ္မည္ေပါ့။

ထုံးစံအတိုင္း စာေမးပြဲကာလက ရက္ရွည္သည္။ Theory test ေရာ Practical testေရာ ႏွစ္ခုလုံးၿပီးသြားခ်ိန္မွာေတာ့ လူက အေတာ္ပင္ ခြၽတ္ၿခဳံက်ေနၿပီျဖစ္သည္။

"ဟဲ့ သူမ်ားေတြက ေလွ်ာက္လည္ၾကမလို႔တဲ့"

စာေမးပြဲခန္း ထြက္လာလာခ်င္းမွာ တြယ္တာက ထိုသို႔ေျပာသည္။ ေျဖနိုင္သလားဆိုတာကို မေမးပါ။

"နင္ကေရာ သြားခ်င္လို႔လား"

Duty coat ကို ခြၽတ္ရင္း ခြန္းခံ့ျပန္ေမးသည္။ ၁၂နာရီ ထိုးၿပီမို႔ ေနကအေတာ္ပူေနၿပီျဖစ္သည္။ ဒါ့ေၾကာင့္ ထီးကိုဖြင့္ရသည္။

မဆီမဆိုင္ ဒီအခ်ိန္ ခက္ဆိုတဲ့အမ်ိဳးသမီးမ်ား အျပင္ေရာက္ေနရင္ ထီးေရာပါပါ့မလားဟူ၍လည္း ေတြးလိုက္ေသးသည္။

"မသြားခ်င္ပါဘူး"

ခြန္းခံ့ရဲ႕စကားကို တြယ္တာက ေလးတိေလးတြဲျပန္ေျဖသည္။ စာေမးပြဲရက္ေတြထဲမွာ ႏွစ္ေယာက္သား အေတာ္ပင္ပန္းခဲ့ၾကၿပီးျဖစ္သည္ေလ။

"အိပ္မွာမလား ငါေတာ့အိပ္မွာ"

"ေရာက္ရင္ ထမင္းစားၿပီးတန္းအိပ္မွာ"
တြယ္တာက ေျပာျခင္း။

ဒီလိုနဲ႕ အေဆာင္သို႔ေရာက္ေအာင္ ျမန္ျမန္ေလွ်ာက္ၾကသည္။

အေဆာင္ေရာက္ေတာ့ ေအာက္ထပ္တြင္ မြန္မြန္တို႔အဖြဲ႕ ဆူညံေနၿပီျဖစ္သည္။ ေျဖခဲ့ၿပီးေသာ စာေမးပြဲအေၾကာင္းေျပာေနၾကသည္မဟုတ္ပါ။ အျပင္သြားရန္အတြက္ အဝတ္အစားလဲကာ အခန္းတကာ ပတ္ျပေနၾကျခင္းျဖစ္သည္။

"ႏွစ္ေယာက္ မလိုက္ဘူးလား"
မြန္မြန္က အေဆာင္ထဲဝင္လာတဲ့ ခြန္းခံ့တို႔ႏွစ္ေယာက္ကို ေျပာသည္။

"ပင္ပန္းေနၿပီ အိပ္မွာ"

ခြန္းခံ့ကျပန္ေျပာသည္။

"စာေတြလွိမ့္ပိန႔္က်က္ထားၾကတာကို ေလာဘႀကီးၿပီး။ မလိုက္လည္းေနေပါ့"

"သြား သြား နင္တို႔ပဲသြား။
ပုံေတြမ်ားမ်ားရိုက္ခဲ့ၾက"

တြယ္တာက ထိုသို႔ျပန္ေျပာရင္း အေပၚသို႔တက္သည္။ ခြန္းခံ့လည္းအေပၚသို႔ တက္လာခဲ့သည္။

ခဏနားကာ ေန႕လယ္စာစားၿပီး အိပ္ေရးပ်က္ထားသမွ် အတိုးခ်ကာ အိပ္ၾကသည္။ ညေန 5နာရီ ထိုးမွပင္ နိုးသည္။ ဒီညေန ထရတာက အေပါ့ပါးဆုံးပဲ။ ဘာဝန္ထုတ္ဝန္ပိုးမွ မရွိေတာ့ဘူးေလ။ အနည္းဆုံးေတာ့ မနက္ျဖန္ စေန၊တနဂၤႏြေေတာ့ စိတ္ႀကိဳက္နားခြင့္ရၿပီမဟုတ္ပါလား။

တြယ္တာက နိုးနိုးခ်င္းေရခ်ိဳးမယ္ေျပာသည္။ ခြန္းခံ့ကေတာ့ roll callေခၚၿပီးမွပဲ ေရခ်ိဳးဖို႔ေတြးထားသည္။ ဒါ့ေၾကာင့္ အျပင္ဘက္ ေကာ္ရစ္ဒါဘက္သို႔ ထြက္ကာ အေၾကာဆန႔္မိသည္။ ေကာင္းကင္က ခပ္ရဲရဲျဖစ္ေနသည္။ မ်က္ႏွာခ်င္းဆိုင္ကံ့ေကာ္ေဆာင္၏ အေနာက္ဘက္ရွိ ခပ္ျမင့္ျမင့္ ထႏွောင္းပင္က ေကာင္းကင္ႏွင့္ ပနံသင့္စြာ စိမ္းညို႔ေနသည္။

"လြမ္းစရာေကာင္းသား"

ခြန္းခံ့ထိုသို႔ေရ႐ြတ္မိေပမယ့္ ဘယ္သူ႕ကိုလြမ္းတယ္ဆိုတာကိုေတာ့ မဝန္ခံခ်င္ပါ။ တစ္စုံတစ္ေယာက္ကို လြမ္းေနတယ္လို႔ ဝန္ခံျခင္းဟာ အဲ့ဒီတစ္စုံတစ္ေယာက္ကို ဒူးေထာက္လိုက္ရတာပဲ။ ခြန္းခံ့ ဘယ္ေတာ့မွ မရႈံးခ်င္ဘူး။

တြယ္တာ ေရခ်ိဳးေနစဥ္ ခြန္းခံ့ဂိမ္းေဆာ့ေနလိုက်သည်။ အေျခေနက ေအးေဆးပါပဲ။

ထုံးစံအတိုင္းပဲ ၆နာရီခြဲေတာ့ roll callေခၚသည္။ အဲ့ဒါၿပီးၿပီးခ်င္း ခြန္းခံ့ေရခ်ိဳးဖို႔ ျပင္သည္။

"တြယ္တာ
တကယ္လို႔မ်ား ဖုန္းလာခဲ့ရင္ ကိုင္ထားေပးအုံး"

"ေအ။ ရတယ္ ျဖည္းျဖည္းခ်ိဳးခဲ့"

တစ္ေနကုန္ ႏြမ္းနယ္ေနသမွ်ဟာ ေရနဲ႕ထိလိုက္ေတာ့လည္း လုံးဝေပ်ာက္ကြယ္သြားတာပါပဲ။ ဒီညေတာ့ ေရကိုၾကာၾကာေလးခ်ိဳးလိုက္သည္။
နာရီဝက္ေက်ာ္ေက်ာ္ေလာက္ ၾကာသြားမလားပဲ။

ခြန္းခံ့ေရခ်ိဳးၿပီးေတာ့ တြယ္တာက သူ႕စာၾကည့္စားပြဲကို ရွင္းေနသည္။

"ဟဲ့ ဖုန္းလာသြားတယ္"

"ဟုတ္လား။ ၿပီးမွျပန္ေခၚလိုက္မယ္
ေမေမက ဘာေျပာေသးလဲ"

"အန္တီမဟုတ္ပါဘူး
နင့္ရဲ႕ ခက္"

ခြန္းခံ့ ေရသုတ္ေနရင္းမွ ဖုန္းကို အေျပးအလႊားၾကည့္မိသည္။ contact name မပါေသာ ဖုန္းနံပါတ္တစ္ခု ဝင္ထားသည္။

"နင္ ဘာျပန္ေျပာလိုက္လဲ"

"နင္ ေရခ်ိဳးေနလို႔။ ေနာက္မွ ျပန္ေခၚခိုင္းလိုက္မယ္လို႔ေျပာလိုက္တာေပါ့ဟ"

"ေက်းဇူး"

တြယ္တာ့ကို ေက်းဇူးတင္ရပါမည္။
တကယ္လို႔မ်ား တြယ္တာသာ ဖုန္းမကိုင္လိုက္ပါလွ်င္ ခြန္းခံ့ ထိုဖုန္းနံပါတ္သို႔ ျပန္ေခၚျဖစ္မည္ မဟုတ္ပါ။

အခုေတာ့ ေရကိုပင္ ေျပာင္ေအာင္မသုတ္နိုင္ပဲ အကၤ်ီကို ခပ္သြက္သြက္ဝတ္သည္။ ၿပီးေနာက္ ဖုန္းကိုယူၿပီး ေကာ္ရစ္ဒါဘက္ထြက္ခဲ့သည္။

ဖုန္းဝင္ေနေသာ အသံက အခုေလာက္အထိ ရင္ခုန္ဖို႔ေကာင္းမယ္မွန္း မသိခဲ့ရိုးအမွန္ပါ။

"ဟယ္လို ခြန္းခံ့
မင္းေရခ်ိဳးေနတယ္ဆို။ ၿပီးပလား"

ဖုန္းကိုင္ကိုင္ခ်င္း တရစပ္ေျပာလာတဲ့ အမ်ိဳးသမီးရဲ႕ အသံဟာ မၾကားရတာၾကာတာေၾကာင့္ ပို၍ပင္ နားေထာင္လို႔ေကာင္းလာသေယာင္။

"ဟုတ္တယ္ ခက္။
အခုေရခ်ိဳးလို႔ၿပီးၿပီ"

"မေျပာရတာ သိပ္ၾကာေနၿပီကြယ္။
မင္း စာေမးပြဲေရာ ေျဖနိုင္ရဲ႕လား "

အဲ့ဒီအမ်ိဳးသမီးက Testရွိတာကို ဘယ္လိုသိေနတာလဲ။

"ခက္က ဘယ္လိုသိတာလဲ"

"တို႔မ်ားသိခ်င္ရင္
အရာရာက အလြယ္ေလးပဲကြယ္"

"....."

ခပ္ဖြဖြ ရယ္သံကိုၾကားရသည္။
ထိုအသံကို ၾကားမိတဲ့တစ္ဆက္တည္းမွာပဲ အမ်ိဳးသမီး၏ ပါးခ်ိဳင့္ တိမ္တိမ္ေလးကို ျမင္ေယာင္ခ်င္လာသည္။

"စတာပါ မင္းရယ္
ဒီလပိုင္းက ပုံမွန္Testေတြ ရွိတာကို တို႔သိတယ္ေလ။ အဲ့ဒါေၾကာင့္"

ထိုသို႔ေျပာမွ အဲ့ဒီအမ်ိဳးကို ေမးစရာရွိတာ သတိရသည္။

"ခက္ကို ေမးစရာရွိတယ္"

"ဟုတ္လား။ အခုေမးမေနနဲ႕ ။ မနက္ျဖန္ မင္းကို လာေခၚမလို႔။ ဝမ္းလီမွာ ရွမ္းေခါက္ဆြဲလိုက္ေကြၽးမယ္စိတ္ကူးထားတာ။ အဲ့ဒါ မင္း စာေမးပြဲၿပီးတဲ့အခ်ိန္ကို ေစာင့္ေနတာ။ ဘယ္လိုလဲ မင္းလိုက္မယ္မဟုတ္လား"

"ခက္က ဖုန္းနံပါတ္ဘယ္လိုရတာလဲ"

ရယ္ျပန္ၿပီ။အဲ့ဒီအမ်ိဳးသမီး။
အိပ္မက္ထဲ အၿပဳံးလွလွေတြ ႀကီးစိုးေတာ့မွာပဲ။

"မင္းကလည္း
တို႔သိခ်င္ရင္ လြယ္လြယ္ေလးပါဆို။ ေျပာအုံး မနက္ျဖန္ ဘယ္အခ်ိန္ လာေခၚရမလဲ"

"ခက္ အဆင္ေျပတဲ့အခ်ိန္လာခဲ့ပါ"

" အင္း ဟုတ္ၿပီ။
အခုက ေခါင္းကေရာ ေလွ်ာ္ထားေသးသလား။ ေလွ်ာ္ထားရင္ dryer နဲ႕ ေသခ်ာေျခာက္ေစအုံးေနာ္"

"ေခါင္းမေလွ်ာ္ထားပါဘူး ခက္"

"ညေနကေရာ သူငယ္ခ်င္းေတြစုၿပီး ေလွ်ာက္မလည္ၾကဘူးလား။ တို႔မ်ားတုန္းကေတာ့ စာေမးပြဲၿပီးတဲ့ညေနဆို အေဆာင္ေတာင္မျပန္ဘူးကြယ္"

"သူမ်ားေတြ သြားၾကတယ္။ ခြန္းခံ့နဲ႕ တြယ္တာက အိပ္ဖို႔က်န္ေနခဲ့တာ"

"ေအး အဲ့ဒါလည္း ေကာင္းသားေနာ္။
ဒါျဖင့္ မနက္လာေခၚမယ္ေနာ္"

"ဟုတ္ကဲ့ ခက္"

တတိယအႀကိမ္ ရယ္ေသာ ထိုအမ်ိဳးသမီး။

"ဘာလို႔လဲ ခက္"

"မင္း ဟုတ္ကဲ့လို႔ေျပာေနတာက ရယ္စရာေလးျဖစ္ေနသလားလို႔ပါ"

"ဟုတ္ကဲ့
အဲ့ဒီလိုမ်ိဳးလား"

ခြန္းခံ့ ထိုအမ်ိဳးသမီးကို က်ီစယ္လိုက္သည္။

"ေတာ္ကြယ္
မင္းအေဆာင္ ညတြင္းႀကီးေရာက္လာမိလိမ့္မယ္"

ၾကည္ႏူးမႈက ခြန္းခံ့ရဲ႕ အေသြးထဲအသားထဲက ျဖာထြက္သည္။

"ေရွ႕ရက္ပိုင္းေတြထဲတုန္းက ခက္ မအားဘူးလာ။ ဒီဘက္လာတာ မေတြ႕မိလို႔"

"ဟုတ္တယ္ ခြန္းခံ့ရယ္။
တို႔မွာလည္း အလုပ္က နည္းနည္းမ်ားေနခဲ့တယ္။ မင္းကလည္း စာေမးပြဲနဲ႕ဆိုေတာ့ တို႔ မႏွောက္ယွက္ခ်င္ဘူးေလ"

စာေမးပြဲရက္ေတြထဲ ခက္ဖုန္းဆက္တာဟာ ႏွောက္ယွက္ရာမေရာက္ပါဘူးဆိုတဲ့အေၾကာင္း ထိုအမ်ိဳးသမီးသိေအာင္ ႀကဳံမွ ေျပာျပေပအုံးမည္။

" မင္း ညစာေရာ စားၿပီးၿပီလား"

"မစာလို႔ ခက္"

"အဲ့ဒါမေကာင္းဘူးေလ မင္းရယ္။
တို႔ ဖုန္းခ်ရင္ ထမင္းသြားစားေနာ္။ ၾကားရဲ႕လား"

" ဟုတ္ကဲ့ ခက္ "

"ဟုတ္ၿပီ မင္းကို မနက္လာေခၚမယ္ေနာ္။
အခုေတာ့ တို႔ဖုန္းခ်မယ္။ မင္း ေအာက္ထပ္က kitchen room မွာ ထမင္းသြားစားေခ်။ ၾကားလား"

"ဟုတ္ကဲ့ ခက္"

"ေနပါအုံး။ ထမင္းစားခန္းက ျခင္ေတြအရမ္းေပါတယ္မလား။ မင္း ျမန္ျမန္လည္းစားအုံးေနာ္။ၾကားရဲ႕လား"

ဒီအမ်ိဳးသမီးက ႏွင္းဆီေဆာင္မွာ ဘယ္ေလာက္အထိ ၾကင္လည္က်က္စားခဲ့သလဲ မသိဘူး။ အကုန္သိေနတာပဲ။

"ဟုတ္ကဲ့ ခက္။ ျမန္ျမန္ စားလိုက္ပါ့မယ္"

"အင္း အင္း ဒါျဖင့္တို႔ဖုန္းခ်ယ္မယ္။
ဘိုင့္ဘိုင္ေနာ္။ မနက္မွ ေတြ႕ၾကစို႔"

"ဟုတ္ကဲ့ ခက္။  ဘိုင့္ဘိုင္"

အခန္းထဲဝင္ကာ ဖုန္းကို အားသြင္းၿပီး ျခင္းထဲက တိုက္ပန္းကန္ျပားနဲ႕ ဇြန္း၊ခက္ရင္းကို ယူလိုက္သည္။

တြယ္တာကေတာ့ တအံ့တဩၾကည့္ေနသည္။

"နင္ ဘာလုပ္မလို႔တုန္း"

"ထမင္းစားမလို႔"

"ျဖစ္ရေလ။ ထူးထူးဆန္းဆန္း။ ညေရာက္ရင္ ဘာမွမစားတတ္တဲ့လူက"

"စားရမယ့္ အေၾကာင္းေလးေတြေပၚလာလို႔ဟာ"

ထိုသို႔ေျပာၿပီး ေအာက္ထပ္ကို အျမန္ဆင္းလာခဲ့သည္။ ထပ္ေမးလာမယ့္ တြယ္တာ့ရဲ႕ေမးခြန္းေတြအတြက္ ခြန္းခံ့မွာ အေျဖ မရွိေသာေၾကာင့္ျဖစ္သည္။

July 16, 2022 , Saturday
2022

Comment