Part 33

[Zawgyi]

ေအးစိမ့္ေနတဲ့ ညေနခင္းမွာ ေဆာင္းေလေအးတို႔က တသုန္သုန္ တိုက္ခတ္လ်က္ရွိသည္။ အခ်ိန္အားျဖင့္ ညေနေလးနာရီေက်ာ္ေက်ာ္သာ ရွိေနေသးေပမယ့္ ေဆာင္းတြင္းမလို႔ ေရာင္နီကေပ်ာက္ကြယ္လုနီးကာ မႈိင္းညိဳ႕ညိဳ႕ျဖစ္ေနၿပီျဖစ္သည္။ မက္မန္းနဲ႔ေနၾကာ ထုတ္လုပ္တဲ့အလုပ္ရဲ႕ လမ္းထိပ္မွာရပ္ထားတဲ့ ဂ်စ္ကားေလးေပၚမွာ မဟာထူးျမတ္နဲ႔ လင္းေသြးတို႔ အလုပ္ဆင္းခ်ိန္ကို ထိုင္ေစာင့္ေနၾကသည္။ ေခ်ာင္က်တဲ့ေနရာမလို႔ မဟာတို႔ေရာက္ေနတဲ့ေနရာက အလုပ္ရံုကလြဲရင္ က်န္တဲ့ေနရာမွာ အဝါေရာင္ပန္းခင္းကသာ တေမွ်ာ္တစ္ေခၚရွိေနသည္။

"အလုပ္က ဘယ္အခ်ိန္ဆင္းတာလဲ ဦးမဟာ"

"အေစာင့္ကိုေမးထားတာေတာ့ ညေန ငါးနာရီဆင္းတယ္လို႔ေျပာတယ္ ... ခဏေနရင္ေတာ့ ဆင္းၾကေတာ့မွာပါ ... အဲ့ေတာ့မွ သြားၾကတာေပါ့"

"ဟုတ္ ေစာင့္ရဦးမွာေပါ့ ... အင္းးးး ပ်င္းစရာႀကီး ... ေဘးနားကကြင္းျပင္ႀကီးဆိုေတာ့ ေလစိမ္းေတြတအားတိုက္ေနတာ ... အိပ္ေတာင္အိပ္ခ်င္လာၿပီ ... ရွဴးဖိနပ္စီးထားလို႔သာေတာ္ေတာ့တယ္ ... မဟုတ္ရင္ ေျခဖ်ားေတြေအးေနေတာ့မွာ"

"အခုအေႏြးထည္က ေအးေနလို႔လား ငယ္"

"အြန္း နည္းနည္းေအးတယ္ ... စိမ့္ၿပီးေတာ့ကို ေအးတာ"

ယူနီေဖာင္းေပၚကေန ဝတ္ထားတဲ့ဂ်ာကင္ေလးကို လက္နွစ္ဖက္နဲ႔ဆြဲေစ့ကာ လက္ပိုက္ၿပီး ေျပာေနတဲ့လင္းေသြးကို မဟာၿပံဳးၿပီးၾကည့္ေနလိုက္သည္။ ေအးတာေၾကာင့္ ကိုယ္ေလးကို က်ံဳ႕သည္ထက္က်ံဳ႕ေအာင္ေကြးၿပီး ထိုင္ေနပံုက ေဘာလံုးေလးလိုျဖစ္ေနသည္။ ခႏၶာကိုယ္ကထြားတာေၾကာင့္ ေဘာလံုးလို႔လဲ ေျပာရအခက္နွင့္ မဟာ့မ်က္လံုးထဲေတာ့ လင္းေသြးက ကေလးေလးတစ္ေယာက္အသြင္။

"ကိုယ့္အေႏြးထည္ယူဝတ္ထား"

"ဦးမဟာ ေအးေနမွာေပါ့ ... ကြၽန္ေတာ္က အခုၿငိမ္ၿငိမ္ေလးနဲ႔ က်ံဳ႕က်ံဳ႕ေလးထိုင္ေနတာ ေႏြးေနၿပီ ... ခဏေနက်ရင္ ေလ့က်င့္ခန္းေလးဘာေလး လုပ္ရေတာ့မွာပဲကို ဟီးဟီး ... ပူသြားလိမ့္မယ္ ... ေအးေဆး ေအးေဆး"

"ေရာ႕ပါ ယူဝတ္ထား ... ကိုယ္က ေအာက္မွာတစ္ထပ္ပါေသးတယ္"

လင္းေသြးက အေႏြးထည္ယူဖို႔ကို ျငင္းေနေပမယ့္ ဦးမဟာက လက္မခံပဲ ဝတ္ထားတဲ့ကုတ္အက်ႌေလးကို ခြၽတ္ေပးလာသည္။ ေအာက္မွာတစ္ထပ္ပါေသးတဲ့အေႏြးထည္က အထူမဟုတ္ပဲ ယူနီေဖာင္းေပၚကေန ထပ္ဝတ္ထားတဲ့ ဆြယ္တာလက္ျပတ္ေလးတစ္ထည္သာ။ ေျပာမရဆိုမရ ဦးမဟာကေတာ့ ခြၽတ္လိုက္တဲ့ ကုတ္အက်ႌကို လင္းေသြးေပၚ လွမ္းၿပီးၿခံဳေပးေနသည္။

"မဝတ္ခ်င္လဲၿခံဳထား ... ေလေအးတယ္"

"ဦးမဟာေရ ... အမႈလိုက္လို႔ မေသပဲ ခင္ဗ်ားေၾကာင့္ ေသေတာ့မွာပဲ ... အဲ့ေလာက္မခ်စ္ျပနဲ႔ ... ရင္ခုန္ၿပီးေသလိမ့္မယ္"

"သေဘာမက်လို႔လား"

"အမ်ားႀကီး အမ်ားႀကီး သေဘာက်တာေလဗ်ာ ... ခ်စ္စရာႀကီး ဦးမဟာက ... အနားတိုးဦး နားထင္ကမွည့္ကို နမ္းမလို႔ ... ဒီေန႔မနမ္းရေသးဘူး"

"မနက္ကအလုပ္မသြားခင္ နမ္းတာကဘာတုန္း"

မဟာက ပါးစပ္ကသာေျပာေနေပမယ့္ ကိုယ္ကေတာ့ လင္းေသြးဘက္ကို ငံု႔ကိုင္းေပးၿပီးသားျဖစ္ေနသည္။ လင္းေသြးက အက်ႌၿခံဳထားရက္ေလးကေန မလႈပ္ပဲ လည္ပင္းေလးဆန္႔ကာ မဟာ့ရဲ႕ ညာဘက္နားထင္က မွည့္နက္နက္ေလးကို ဖိနမ္းလာသည္။ ေဆာင္းေလကေအးေနေပမယ့္ အနမ္းေႏြးေငြ႕ေငြ႕ေၾကာင့္ တစ္ကိုယ္လံုးက အေၾကာအခ်ဥ္ေတြထဲထိတိုင္ေအာင္ ေႏြးေထြးရပါသည္။

"ငါးနာရီထိုးမွပါပဲ ... ပ်င္းလို႔အိပ္ခ်င္လာၿပီ တကယ္"

"အိပ္ခ်င္ေနရင္ ခဏေမွးေနေလ ငယ္ ... ၿပီးက်ရင္ ကိုယ္နႈိးမယ္ ... အလုပ္က ငါးနာရီဆင္းတာဆိုေတာ့ သူတို႔ျပန္တာဘာညာနဲ႔ ငါးနာရီေက်ာ္သြားမွာပဲ"

"အြန္းးးး အိပ္မယ္"

သံရွည္ဆြဲကာ မ်က္လံုးေလးေမွးစင္းေနတဲ့ လင္းေသြးကို မဟာက အေပၚကေန ထပ္ထားေပးတဲ့အေႏြးထည္ေလးကို လံုေအာင္ၿခံဳေပးလိုက္သည္။ ခါးအနည္းငယ္ကိုင္းခ်လိုက္ရင္း လင္းေသြးနဖူးေလးကို ခပ္ဖြဖြနမ္းေတာ့ လင္းေသြးငယ္က နႈတ္ခမ္းေလးတြန္႔ရံုၿပံဳးသည္။ ေဘးမွာၿငိမ္ၿငိမ္ေလးအိပ္သြားတဲ့လင္းေသြးကို ထိုင္ၾကည့္ရင္း မဟာမွာလဲ တစ္ဖက္က အေျခအေနကို အကဲခတ္ရသည္။

တျဖည္းျဖည္းနဲ႔ ေနေလးေစာင္းလာေတာ့ အလုပ္ရံုထဲကေန ဝန္ထမ္းေတြ အလုပ္သမေလးေတြက ထမင္းခ်ိဳင့္ေလးေတြ ကိုယ္စီဆြဲလို႔ အလ်ိဳလ်ိဳထြက္လာၾကသည္။ သတိထားၿပီးမဟာက တစ္ေယာက္ခ်င္းစီကို လိုက္ၾကည့္ေတာ့ ထြက္လာတဲ့ အလုပ္သမေလးေတြၾကားမွာ မိနန္းက ပါမလာ။ ကားက ေခ်ာင္က်တဲ့ေနရာမွရပ္ထားတာေၾကာင့္ ထြက္လာတဲ့သူေတြကလဲ မဟာတို႔ကို သတိထားမိပံုမရ။ ခဏေစာင့္ၿပီးေတာ့ ပတ္ဝန္းက်င္လဲလူရွင္းသြားၿပီး အလုပ္ရံုရဲ႕ သံပန္းတံခါးက တေျဖးေျဖးေ႐ြ႕ကာ ပိတ္သြားသည္။

"အငယ္ ~ လင္းေသြးငယ္ ... ငယ္ေလးေရ ထေတာ့ ... ကိုယ္တို႔ အလုပ္လုပ္ရေအာင္"

"ဟင္ ... အင့္ ~ ဟုတ္ နိုးၿပီ"

ခ်မ္းေအးေနတဲ့ရာသီဥတုမွာ အေႏြးထည္ပံုေလးထဲေကြးရင္း နွစ္နွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားပံုရတဲ့ လင္းေသြးငယ္ေလးကို မဟာက အသာလႈပ္နႈိးေတာ့ အီသံေလးထြက္ကာ နိုးလာသည္။ မ်က္လံုးေလးေတြကို လက္နဲ႔ဖိပြတ္ရင္း ခ်က္ခ်င္းထကာ ခပ္မတ္မတ္ျပင္ထိုင္ေတာ့ မဟာက ကားထဲမွာ အၿမဲေဆာင္ထားတတ္တဲ့ေရသန္႔ဘူးကို အဖံုးဖြင့္ၿပီး လင္းေသြးငယ္ဆီ လွမ္းေပးလိုက္သည္။

"လန္းသြားေအာင္ မ်က္နွာေလးသစ္ရင္သစ္လိုက္ ငယ္။ မသစ္ခ်င္ရင္ ေရေသာက္ၿပီး ပလုတ္ေလးဘာေလးက်င္းလိုက္။ ကိုယ္တို႔သြားရေအာင္"

"ဟုတ္ အလုပ္ဆင္းသြားၿပီလား ... ကြၽန္ေတာ္ အရမ္းအိပ္ေပ်ာ္သြားတယ္"

"ဆင္းသြားၿပီ ... မိနန္းထြက္လာတာေတာ့ မေတြ႕ေသးဘူး ... တံခါးလဲပိတ္သြားၿပီ ... အေစာင့္ကိုေျပာၿပီး ဝင္ရေအာင္"

"အီးယားးးး ... ခဏေလး အိပ္လိုက္တာကို လန္းသြားၿပီ"

"အင္းပါ ... ထ ထ ကိုယ္တို႔သြားရေအာင္ ... ေနာက္က်ေနမယ္ ... အေႏြးထည္က ငယ္ပဲဝတ္ထားလိုက္ေတာ့"

"ေအးလာၿပီေလ ဦးမဟာရယ္ ... ေရာ႕ ျပန္ယူ ... ကြၽန္ေတာ္လဲ အေႏြးထည္ဝတ္ထားတာကို ... ခုနက ၿငိမ္ေနရလို႔ ေအးတာ ... လႈပ္လႈပ္ရွားရွားျဖစ္သြားရင္ ေႏြးသြားမွာ"

အိပ္ထားလို႔ ခါးေပၚကိုေျမႇာက္တက္ေနတဲ့ ဂ်ာကင္ေလးကို ဆြဲခ်ရင္း လင္းေသြးက မဟာ့ရဲ႕ အေႏြးထည္ေလးကို ျပန္ေပးသည္။ ကားေပၚကဆင္းၿပီး လက္ကနာရီကို ၾကည့္လိုက္ေတာ့ ငါးနာရီေတာင္ခြဲလုနီးနီး ျဖစ္ေနၿပီ။ ေမွာင္ရီပ်ိဳးေနၿပီမလို႔ လူျပတ္တဲ့လမ္းက နဂိုထက္ကို ေျခာက္ကပ္ၿပီး တိတ္ဆိတ္ေနသည္။

"ရဲကို မလွိမ့္တပတ္လုပ္ထားတာ ေတြ႕ဦးမယ္"

"စြာစိလန္ေလးရယ္ ... မဟုတ္လဲ ဖမ္းနိုင္ေတာ့မွာ ... ႀကိမ္းမေနနဲ႔ေတာ့"

"အြန္းးးး"

ကားရပ္ထားတဲ့ေနရာကေန အလုပ္ရံုကိုသြားေတာ့ လင္းေသြးက မဟာ့ေဘးကေန တိတ္တဆိတ္လိုက္လာသည္။ လမ္းေလွ်ာက္ေနရင္း ကုတ္အက်ႌရွည္ကိုလဲ မဟာက ေသခ်ာျဖန္႔ကာ ဝတ္လိုက္ေသးသည္။

ကလင္ ~ ကလင္ ... !

အလုပ္ရံုက တံခါးပိတ္ထားတာေၾကာင့္ သံပန္းတံခါးေထာင့္မွာခ်ိတ္ထားတဲ့ ေခါင္းေလာင္းေလးကို မဟာက လွမ္းတီးလိုက္သည္။ မၾကာခင္မွာပဲ သံပန္းဆြဲတံခါးက ေျဖးေျဖးခ်င္းဟလာၿပီး အေစာင့္က ထြက္လာသည္။

"ကြၽန္ေတာ္အကူအညီေတာင္းထားတဲ့ ကိစၥေလးအဆင္ေျပတယ္မလား အဘ"

"ဝင္ ဝင္ လူေလးတို႔"

"ေက်းဇူးပါ အဘ ... ဒါနဲ႔ ကြၽန္ေတာ္ ေမးစရာရွိလို႔။ ခုနက အလုပ္ဆင္းေတာ့ ျပန္တဲ့သူေတြအထဲ မိနန္းကို မေတြ႕ဘူး ... အဘသိမလား မသိဘူး ... မက္မန္းသီးထုတ္တဲ့ေနရာက ေကာင္မေလးေလ"

"ေအာ္ သူက ဒီအလုပ္ရံုဝင္းထဲမွာေနတာေလ ... နယ္က ကေလးမေလးေနမယ္ ... အလုပ္ရံုေနာက္မွာ အလုပ္သမားတန္းလ်ားေလးရွိတယ္"

"အာ ဟုတ္ကဲ့ ... သိပါၿပီ အဘ ... ေက်းဇူးပါ အဘ"

မဟာက အေစာင့္အဘကို ေက်းဇူးတင္စကားေသခ်ာဆိုရင္း အလုပ္ရံုထဲကို လင္းေသြးနဲ႔အတူ ဝင္ခဲ့လိုက္သည္။ အလုပ္သမားတန္လ်ားဘက္ကို ဘယ္လိုသြားရမယ္ဆိုတာ အဘက လမ္းၫႊန္လိုက္ၿပီးသားမလို႔ ၫႊန္ျပတဲ့လမ္းရိုးေလးအတိုင္းသြားၾကသည္။ တိတ္ဆိတ္ေနတဲ့ လုပ္ငန္းခြင္က ေမွာင္ရီပ်ိဳးလာတာေၾကာင့္ အလင္းေရာင္လဲေကာင္းေကာင္းမရွိပဲ ေအးစက္စက္။

"ဂရုစိုက္ေနာ္ ဦးမဟာ"

"ငယ္ေရာပဲ ~"

မဟာ့ရဲ႕လက္ကိုလွမ္းဆြဲကာ ဂရုစိုက္ဖို႔ေျပာတဲ့လင္းေသြးငယ္ကို မဟာေခါင္းညိမ့္ျပလိုက္ရင္း လင္းေသြးကိုေရာ ဂရုစိုက္ဖို႔မွာရသည္။

"ဟိုတိုက္ခန္းတြဲေလးထင္တယ္"

"ဦးမဟာ ~ ဟိုမွာၾကည့္"

လင္းေသြးၫႊန္ျပတဲ့ေနရာကို မဟာလွမ္းၾကည့္ေတာ့ ညေနေမွာင္ရီပ်ိဳးေနတာေၾကာင့္ တစ္စတစ္စထြန္းထားတဲ့ မီးအလင္းတိုင္ေလးေအာက္က ေျမသားေတြ။ တစ္ေနရာတည္းရွိေနတာမဟုတ္ပဲ အလုပ္သမားတန္းလ်ားရွိေနသည့္ ေနရာက ႐ြံေျမေတြျဖစ္သည္။ တန္းလ်ားကေန အလုပ္ကို ဝင္ထြက္သြားလာဖို႔ ႐ြံေျမေတြေပၚမွာ အုတ္ခဲေတြစီတန္းထားတဲ့ လမ္းရိုးေလးကလြဲလို႔ က်န္တဲ့ေနရာေတြက ႐ြံ႕ေျမသားစိုင္ေတြ။

"ဒီတစ္ခါေတာ့ သူတို႔ေျပးမလြတ္ဘူး"

လင္းေသြးက ေရ႐ြတ္သလိုေျပာရင္း မဟာထူးျမတ္ကိုေခၚကာ အလုပ္သမားတန္းလ်ားဆီသြားတဲ့ အုတ္လမ္းရိုးေလးအတိုင္းေလွ်ာက္သြားသည္။ တန္းလ်ားက တိတ္ဆိတ္ေနၿပီး အခန္းေလးနွစ္ခန္းေလာက္သာ မီးထြန္းထားတာေၾကာင့္ လူလဲမ်ားမ်ားစားစား သိပ္ရွိပံုမေပၚ။ 

"ဘာလက္စလက္နမွ မက်န္ေအာင္ ေသခ်ာလုပ္ခဲ့တာပဲ ... ေန႔လည္က ကြၽန္ေတာ္တို႔ လိမ္လိုက္တာ ရဲေတြက ယံုပါ့မလား"

"အဲ့ေကာင္ေတြေလာက္တံုးတာ အဲ့ေကာင္ေတြပဲရွိတယ္ ေဟ့ေကာင္ ... လိမ္လိုက္တာ တစ္ခါတည္းကို ခ်က္ခ်င္းယံုသြားတာၾကည့္ပါလား"

အလုပ္သမားတန္းလ်ားဘက္ကို သြားေနတုန္း စကားေျပာေနသံကိုၾကားတာေၾကာင့္ မဟာေရာ လင္းေသြးေရာ သတိထားၿပီး ခပ္သြက္သြက္နဲ႔ အကြယ္တစ္ေနရာကို ေျပးပုန္းလိုက္သည္။ စကားတေျပာေျပာနဲ႔ လာေနတဲ့နွစ္ေယာက္က တန္းလ်ားေထာင့္က အုတ္ကန္ဆီကို ဦးတည္သြားသည္။

"ဟိုေကာင္မ မိနန္းေရာ"

"မနက္ျဖန္ဆို ႐ြာျပန္မယ္ေျပာတယ္ ကိုလင္း ... သူေၾကာက္လို႔တဲ့"

"ရမလား ... အဲ့လိုသာ သူကေျခရာေဖ်ာက္သြားရင္ သူ႔ကို သံသယဝင္ၾကမွာ ... သူ႔ကို သံသယဝင္ၿပီး သူအဖမ္းခံရရင္ ငါတို႔အေၾကာင္းကို ျပန္မေဖာ္ဘူးလို႔ မေျပာနိုင္ဘူး"

"ဘာလိုလုပ္ရမလဲ ကိုလင္း"

"ေအး ေျပာမရရင္ အသားနာေအာင္ တီးေပးလိုက္ ... အဲ့တာဆို ေစာက္ေပါက္ပိတ္သြားလိမ့္မယ္"

အုတ္ကန္မွာ ေျခေထာက္ေဆးေနၾကရင္း တစ္ေယာက္ကိုတစ္ေယာက္ေျပာေနၾကတဲ့ အသံေတြကို နားစြင့္ရင္း မဟာက ဘယ္သူေတြလဲဆိုတာကို ကြယ္ရာကေန လွမ္းအကဲခတ္ရသည္။ ေမွာင္စျပဳေနၿပီး အလင္းေရာင္မွိန္မွိန္သာရွိေနတာေၾကာင့္ မ်က္နွာေတြက သိပ္ၿပီးသဲသဲကြဲကြဲမျမင္ရ။

"အဲ့တာ ဟိုတစ္ေယာက္ေလ ဦးမဟာ ... ေန႔လည္က ပထမဆံုးေမးတဲ့တစ္ေယာက္ . အာ ... ဒီမွာ ကုန္တင္ကုန္ခ်လုပ္တဲ့တစ္ေယာက္"

"ေက်ာေပးၿပီးေျပာေနတဲ့သူကလား"

တစ္ေယာက္နဲ႔တစ္ေယာက္ ၾကားရရံု ေလသံေလာက္နဲ႔သာ ေဘးက ေျပာေနတဲ့လင္းေသြးေၾကာင့္ မဟာက ဝါးတားတားျဖစ္ေနတဲ့ မ်က္လံုးေတြကို အားစိုက္ရင္း မ်က္စိေရွ႕က လူနွစ္ေယာက္ကို ၾကည့္လိုက္သည္။

"သူတို႔လဲ တန္းလ်ားမွာပဲ ေနတာထင္တယ္"

"အင္း ေစာင့္ၾကည့္တာေပါ့"

မဟာတို႔ ၾကည့္ေနတုန္း ေျခလက္ေဆးၿပီးတဲ့ နွစ္ေယာက္ကေတာ့ စကားတေျပာေျပာနဲ႔ အုတ္လမ္းကေန မသြားပဲ ႐ြံ႕ေျမထဲကေနသာျဖတ္ရင္း တန္းလ်ားဆီသြားသည္။ ေရစိုထားတဲ့ ေျခေထာက္ေတြေၾကာင့္ ႐ြံ႕သားေျမေပၚ နင္းေလွ်ာက္သြားတဲ့ တဗြက္ဗြက္အသံေတာင္ မဟာတို႔ ၾကားေနရေသးသည္။

"ဟိုမွာ ဟိုမွာ မိနန္း"

မဟာ့ရဲ႕ ပုခံုးကို လက္နဲ႔ကုတ္ရင္း အလန္႔တၾကားေျပာလာတဲ့ လင္းေသြးေၾကာင့္ မဟာက လက္ကာျပလိုက္ရင္း အကြယ္ကေနပဲ အကဲခတ္ေနသည္။ သံုးေယာက္သား ဘာေတြေျပာေနၾကမွန္းမသိေပမယ့္ ကိုလင္းဆိုသူက မိနန္းရဲ႕ ဆံပင္ေတြကို လွမ္းၿပီး အရင္းကေန ဆုတ္ကိုင္ဆြဲလိုက္သည္။

"သြား ~ သြားတားရမယ္မလား ဦးမဟာ ... လက္ေတြပါကုန္ၿပီ"

"ခဏေစာင့္ၾကည့္ဦး"

လင္းေသြးက ေခါင္းၿငိမ့္ေတာ့ မဟာက ထိုသံုးေယာက္ဆီ အၾကည့္ျပန္ေရာက္သည္။ တျဖည္းျဖည္းနဲ႔ ရုန္းရင္းဆံခတ္ျဖစ္လာၿပီး မိနန္းရဲ႕ဆံပင္ေတြကို ကိုလင္းက ဆြဲေဆာင့္ကာ ေခါင္းကိုေဆာင့္ရမ္းလာသည္။ ေဘးက တစ္ေယာက္ကလဲ ဝင္မတားပဲၾကည့္ေနသည္။ ေနာက္ေတာ့ အားသံုးကာ အနီးနားက မီးဖြင့္ထားတဲ့အခန္းထဲကို ဆြဲသြင္းသြားသည္။

အၾကမ္းဖက္မႈျဖစ္ေနတာေၾကာင့္ မဟာတို႔ ဒီတိုင္းေစာင့္ၾကည့္ေနလို႔ မျဖစ္ေတာ့။ လင္းေသြးက ေရွ႕ကေနေျပးသြားေတာ့ မဟာကလဲ ေနာက္ကေနေျပးလိုက္သည္။ မိနန္းဆြဲသြင္းခံသြားရတဲ့အခန္းေရွ႕ကိုေရာက္ေတာ့ လင္းေသြးက တံခါးကို လွည့္ဖြင့္သည္။ အထဲကေလာ့ခ်ထားတာေၾကာင့္ ဖြင့္မရ။ အခန္းထဲက မိနန္းရဲ႕နာနာက်င္က်င္အသံကို အျပက္ကေနေတာင္ ၾကားေနရသည္။ လင္းေသြးတံခါးလွည့္ဖြင့္လိုက္သံကိုေတာ့ အထဲမွာ သူ႔အာရံုနဲ႔သူျဖစ္တာေၾကာင့္ ၾကားမယ့္ပံုမေပၚ။

"ငယ္ ~ ဖယ္ဦး ... ကိုယ္ဖြင့္မယ္"

တံခါးကိုဘယ္လိုဖြင့္ရမလဲႀကံေနတုန္း ေနာက္ကေန အသံၾကားတာေၾကာင့္ လင္းေသြးက လွည့္ၾကည့္လိုက္ေတာ့ လက္ထဲမွာ 4kg မီးသတ္ေဆးဘူးကို ကိုင္ထားတဲ့ ဦးမဟာ။ အေရးေပၚအတြက္ နံရံမွာခ်ိတ္ထားေပးတဲ့ဘူးကို ဦးမဟာက ဆြဲျဖဳတ္လာသည့္ပံု။ လင္းေသြးက ဖယ္ေပးလိုက္ေတာ့ ဦးမဟာက အားျပဳရင္း မီးသတ္ေဆးဘူးကို မ ကာ တံခါးဘုကို ရိုက္သည္။

တံခါးေသာ့ကို မီးသတ္ေဆးဘူးနဲ႔ ရိုက္ခတ္လိုက္တဲ့အသံက်ယ္က်ယ္ေၾကာင့္ အထဲကလူေတြလဲ ရိပ္မိသြားပံုေပၚၿပီး ဆူဆူညံညံအသံေတြက တိခနဲၿငိမ္က်သြားသည္။ 4kg မီးသတ္ဘူးက အေတာ္အသင့္ႀကီးသလို မဟာက တံခါးကို ထုရိုက္သည့္အားကလဲ မ်ားတာေၾကာင့္ နွစ္ခ်က္ေလာက္ ရိုက္အၿပီးမွာ တံခါးေသာ့က ေအာက္ကိုျပဳတ္က်သြားသည္။

"ဘယ္ ေခြးသေတာင္းစား ... ဟင္ မင္းတို႔"

တံခါးပြင့္သြားေတာ့ မဟာနဲ႔ လင္းေသြးက အခန္းထဲဝင္ေတာ့ အခန္းထဲက ကိုလင္းဆိုသူက မဟာတို႔မွန္းမသိပဲ ေအာ္ဆဲၿပီးမွ မဟာတို႔မွန္းသိေတာ့ အံ့ၾသသြားသည့္ပံု မ်က္လံုးေတြ ျပဴးက်ယ္လာသည္။ မဟာက လက္ထဲမွာ ကိုင္ထားတဲ့ မီးသတ္ေဆးဘူးကို ေဘးကိုလႊင့္ပစ္လိုက္ၿပီး မိနန္းဆံပင္ကို ဆြဲထားတဲ့ ကိုလင္းကို စူးရဲစြာစိုက္ၾကည့္လိုက္သည္။

"ကဲ ~ ဆိုေတာ့ကာ ... စခန္းမွာ ရွင္းသင့္ၿပီထင္တယ္"

"ေခြးစကားေတြ လာေျပာမေနနဲ႔"

ရွဴးရွဴးရွားရွားျဖစ္သြားတဲ့ ကိုလင္းက ဆုပ္ကိုင္ထားတဲ့ မိနန္းဆံပင္ကို ေဆာင့္ကာလႊတ္ခ်လိုက္သည္။ အားပါသြားတာေၾကာင့္ ေအာက္ကၾကမ္းျပင္နဲ႔ ေခါင္းနဲ႔ရိုက္ၿပီး သတိေမ့သြားပံုေပၚသည့္ မိနန္းက ၾကမ္းျပင္မွာ ၿငိမ္သက္သြားသည္။ ကိုလင္းေဘးက လင္းေသြးတို႔ကို ေျဖာင့္ခ်က္ေပးတဲ့ တစ္ေယာက္ကေတာ့ မဟာနဲ႔ လင္းေသြးကို ျမင္ကတည္းက မလႈပ္မရပ္ ေၾကာင္အေနသည္။

"မင္းတို႔ေတြကို ေမာင္ျမင့္ကိုသတ္တာ သံသယရွိမႈနဲ႔ ဖမ္းတယ္ ... ေအးေဆးအဖမ္းခံ ... မဟုတ္ရင္ ငါနဲ႔ေတြ႕မယ္"

"မင္းတို႔က သက္ေသရွိလို႔လား"

"ဒီလုပ္ရပ္ေတြက သက္ေသပဲေလ ... ေစာက္စကားမမ်ားနဲ႔ စခန္းေရာက္မွရွင္းရေအာင္"

မဟာက ေအးေအးေဆးေဆးေျပာကာ ကိုလင္းနားကို ကပ္သြားေတာ့ ကိုလင္းက ေအးေဆးမေနပဲ မဟာ့ကို တိုက္ခိုက္လာသည္။ ရဲတစ္ေယာက္ျဖစ္သည္နွင့္အညီ တိုက္ေရးခိုက္ရာေလာက္ကေတာ့ ကြၽမ္းက်င္ေနသည့္ မဟာက ရန္ျပဳလာသည့္ ကိုလင္းဆီကေန အသာေလးတိမ္းေရွာင္လိုက္ရင္း ေနာက္ေက်ာဘက္ကေန ေျခတံရွည္ေတြကို ေျမႇာက္ရင္း ကန္ခ်လိုက္သည္။

"ေအးေဆးေျပာေနတုန္းက မင္းမွ နားမေထာင္တာ ... အသားနာၿပီမလား"

ေမွာက္ရက္သားျဖစ္သြားတဲ့ ကိုလင္းေပၚကို မဟာက အသာတက္ခြလိုက္ရင္း ခါးမွာခ်ိတ္ထားတဲ့ လက္ထိပ္ကို ဆြဲထုတ္ကာ လက္နွစ္ဖက္ကို ေနာက္ပစ္ၿပီး လက္ထိပ္ခတ္လိုက္သည္။ ေၾကာင္အေနဆဲျဖစ္တဲ့ ေဘးကတစ္ေယာက္ကိုေတာ့ လင္းေသြးက ေနာက္ကေန ဇက္ပိုးအုပ္ခ်ထားတာေၾကာင့္ ၾကမ္းျပင္မွာ ၿငိမ္သက္ေနသည္။ လက္ထိပ္လဲခတ္ထားၿပီးသားမလို႔ က်န္တာစိုးရိမ္စရာမလိုေတာ့။

တိတ္ဆိတ္ၿပီး ေမွာင္မဲေနသည့္ အလုပ္ရံုပတ္ဝန္းက်င္ကေတာ့ အခ်ိန္ခဏၾကာေတာ့ အေရးေပၚကားသံေတြ အေရးေပၚအခ်က္ျပမီးေတြေၾကာင့္ ဆူညံသြားေတာ့သည္။

_________

To be continue ...

Note_အရင္က ေန႔တိုင္း update ေတြ ေပးေနရက္ကေန update ေတြ ႀကဲသြားတာက ကိုယ္ကမ်က္မွန္သမားမလို႔ ခုရက္ပိုင္း မ်က္ရိုးေတြ ျပန္ကိုက္တာတာေၾကာင့္ ေျဖးေျဖးခ်င္းစီေရးေနလို႔ပါ။ Update ကို ျမန္ျမန္ေပးခ်င္ေပမယ့္ မ်က္လံုးက ဘယ္လိုမွမရလို႔ပါ။ ကိုယ္အေကာင္းဆံုးႀကိဳးစားၿပီး ျမန္ျမန္တင္ေပးပါ့မယ္ေနာ္။

26th October,2020(Mon)
WhiteAster089

[Unicode]

အေးစိမ့်နေတဲ့ ညနေခင်းမှာ ဆောင်းလေအေးတို့က တသုန်သုန် တိုက်ခတ်လျက်ရှိသည်။ အချိန်အားဖြင့် ညနေလေးနာရီကျော်ကျော်သာ ရှိနေသေးပေမယ့် ဆောင်းတွင်းမလို့ ရောင်နီကပျောက်ကွယ်လုနီးကာ မှိုင်းညို့ညို့ဖြစ်နေပြီဖြစ်သည်။ မက်မန်းနဲ့နေကြာ ထုတ်လုပ်တဲ့အလုပ်ရဲ့ လမ်းထိပ်မှာရပ်ထားတဲ့ ဂျစ်ကားလေးပေါ်မှာ မဟာထူးမြတ်နဲ့ လင်းသွေးတို့ အလုပ်ဆင်းချိန်ကို ထိုင်စောင့်နေကြသည်။ ချောင်ကျတဲ့နေရာမလို့ မဟာတို့ရောက်နေတဲ့နေရာက အလုပ်ရုံကလွဲရင် ကျန်တဲ့နေရာမှာ အဝါရောင်ပန်းခင်းကသာ တမျှော်တစ်ခေါ်ရှိနေသည်။

"အလုပ်က ဘယ်အချိန်ဆင်းတာလဲ ဦးမဟာ"

"အစောင့်ကိုမေးထားတာတော့ ညနေ ငါးနာရီဆင်းတယ်လို့ပြောတယ်။ ခဏနေရင်တော့ ဆင်းကြတော့မှာပါ။ အဲ့တော့မှ သွားကြတာပေါ့"

"ဟုတ် စောင့်ရဦးမှာပေါ့။ အင်းးးး ပျင်းစရာကြီး။ ဘေးနားကကွင်းပြင်ကြီးဆိုတော့ လေစိမ်းတွေတအားတိုက်နေတာ။ အိပ်တောင်အိပ်ချင်လာပြီ။ ရှူးဖိနပ်စီးထားလို့သာတော်တော့တယ်။ မဟုတ်ရင် ခြေဖျားတွေအေးနေတော့မှာ"

"အခုအနွေးထည်က အေးနေလို့လား ငယ်"

"အွန်း နည်းနည်းအေးတယ်။ စိမ့်ပြီးတော့ကို အေးတာ"

ယူနီဖောင်းပေါ်ကနေ ဝတ်ထားတဲ့ဂျာကင်လေးကို လက်နှစ်ဖက်နဲ့ဆွဲစေ့ကာ လက်ပိုက်ပြီး ပြောနေတဲ့လင်းသွေးကို မဟာပြုံးပြီးကြည့်နေလိုက်သည်။ အေးတာကြောင့် ကိုယ်လေးကို ကျုံ့သည်ထက်ကျုံ့အောင်ကွေးပြီး ထိုင်နေပုံက ဘောလုံးလေးလိုဖြစ်နေသည်။ ခန္ဓာကိုယ်ကထွားတာကြောင့် ဘောလုံးလို့လဲ ပြောရအခက်နှင့် မဟာ့မျက်လုံးထဲတော့ လင်းသွေးက ကလေးလေးတစ်ယောက်အသွင်။

"ကိုယ့်အနွေးထည်ယူဝတ်ထား"

"ဦးမဟာ အေးနေမှာပေါ့။ ကျွန်တော်က အခုငြိမ်ငြိမ်လေးနဲ့ ကျုံ့ကျုံ့လေးထိုင်နေတာ နွေးနေပြီ။ ခဏနေကျရင် လေ့ကျင့်ခန်းလေးဘာလေး လုပ်ရတော့မှာပဲကို ဟီးဟီး။ ပူသွားလိမ့်မယ်။ အေးဆေး အေးဆေး"

"ရော့ပါ ယူဝတ်ထား။ ကိုယ်က အောက်မှာတစ်ထပ်ပါသေးတယ်"

လင်းသွေးက အနွေးထည်ယူဖို့ကို ငြင်းနေပေမယ့် ဦးမဟာက လက်မခံပဲ ဝတ်ထားတဲ့ကုတ်အင်္ကျီလေးကို ချွတ်ပေးလာသည်။ အောက်မှာတစ်ထပ်ပါသေးတဲ့အနွေးထည်က အထူမဟုတ်ပဲ ယူနီဖောင်းပေါ်ကနေ ထပ်ဝတ်ထားတဲ့ ဆွယ်တာလက်ပြတ်လေးတစ်ထည်သာ။ ပြောမရဆိုမရ ဦးမဟာကတော့ ချွတ်လိုက်တဲ့ ကုတ်အင်္ကျီကို လင်းသွေးပေါ် လှမ်းပြီးခြုံပေးနေသည်။

"မဝတ်ချင်လဲခြုံထား။ လေအေးတယ်"

"ဦးမဟာရေ။ အမှုလိုက်လို့ မသေပဲ ခင်ဗျားကြောင့် သေတော့မှာပဲ။ အဲ့လောက်မချစ်ပြနဲ့။ ရင်ခုန်ပြီးသေလိမ့်မယ်"

"သဘောမကျလို့လား"

"အများကြီး အများကြီး သဘောကျတာလေဗျာ။ ချစ်စရာကြီး ဦးမဟာက။ အနားတိုးဦး နားထင်ကမှည့်ကို နမ်းမလို့။ ဒီနေ့မနမ်းရသေးဘူး"

"မနက်ကအလုပ်မသွားခင် နမ်းတာကဘာတုန်း"

မဟာက ပါးစပ်ကသာပြောနေပေမယ့် ကိုယ်ကတော့ လင်းသွေးဘက်ကို ငုံ့ကိုင်းပေးပြီးသားဖြစ်နေသည်။ လင်းသွေးက အင်္ကျီခြုံထားရက်လေးကနေ မလှုပ်ပဲ လည်ပင်းလေးဆန့်ကာ မဟာ့ရဲ့ ညာဘက်နားထင်က မှည့်နက်နက်လေးကို ဖိနမ်းလာသည်။ ဆောင်းလေကအေးနေပေမယ့် အနမ်းနွေးငွေ့ငွေ့ကြောင့် တစ်ကိုယ်လုံးက အကြောအချဉ်တွေထဲထိတိုင်အောင် နွေးထွေးရပါသည်။

"ငါးနာရီထိုးမှပါပဲ။ ပျင်းလို့အိပ်ချင်လာပြီ တကယ်"

"အိပ်ချင်နေရင် ခဏမှေးနေလေ ငယ်။ ပြီးကျရင် ကိုယ်နှိုးမယ်။ အလုပ်က ငါးနာရီဆင်းတာဆိုတော့ သူတို့ပြန်တာဘာညာနဲ့ ငါးနာရီကျော်သွားမှာပဲ"

"အွန်းးးး အိပ်မယ်"

သံရှည်ဆွဲကာ မျက်လုံးလေးမှေးစင်းနေတဲ့ လင်းသွေးကို မဟာက အပေါ်ကနေ ထပ်ထားပေးတဲ့အနွေးထည်လေးကို လုံအောင်ခြုံပေးလိုက်သည်။ ခါးအနည်းငယ်ကိုင်းချလိုက်ရင်း လင်းသွေးနဖူးလေးကို ခပ်ဖွဖွနမ်းတော့ လင်းသွေးငယ်က နှုတ်ခမ်းလေးတွန့်ရုံပြုံးသည်။ ဘေးမှာငြိမ်ငြိမ်လေးအိပ်သွားတဲ့လင်းသွေးကို ထိုင်ကြည့်ရင်း မဟာမှာလဲ တစ်ဖက်က အခြေအနေကို အကဲခတ်ရသည်။

တဖြည်းဖြည်းနဲ့ နေလေးစောင်းလာတော့ အလုပ်ရုံထဲကနေ ဝန်ထမ်းတွေ အလုပ်သမလေးတွေက ထမင်းချိုင့်လေးတွေ ကိုယ်စီဆွဲလို့ အလျိုလျိုထွက်လာကြသည်။ သတိထားပြီးမဟာက တစ်ယောက်ချင်းစီကို လိုက်ကြည့်တော့ ထွက်လာတဲ့ အလုပ်သမလေးတွေကြားမှာ မိနန်းက ပါမလာ။ ကားက ချောင်ကျတဲ့နေရာမှရပ်ထားတာကြောင့် ထွက်လာတဲ့သူတွေကလဲ မဟာတို့ကို သတိထားမိပုံမရ။ ခဏစောင့်ပြီးတော့ ပတ်ဝန်းကျင်လဲလူရှင်းသွားပြီး အလုပ်ရုံရဲ့ သံပန်းတံခါးက တဖြေးဖြေးရွေ့ကာ ပိတ်သွားသည်။

"အငယ် ~ လင်းသွေးငယ် ... ငယ်လေးရေ ထတော့။ ကိုယ်တို့ အလုပ်လုပ်ရအောင်"

"ဟင် ... အင့်။ ဟုတ် နိုးပြီ"

ချမ်းအေးနေတဲ့ရာသီဥတုမှာ အနွေးထည်ပုံလေးထဲကွေးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပုံရတဲ့ လင်းသွေးငယ်လေးကို မဟာက အသာလှုပ်နှိုးတော့ အီသံလေးထွက်ကာ နိုးလာသည်။ မျက်လုံးလေးတွေကို လက်နဲ့ဖိပွတ်ရင်း ချက်ချင်းထကာ ခပ်မတ်မတ်ပြင်ထိုင်တော့ မဟာက ကားထဲမှာ အမြဲဆောင်ထားတတ်တဲ့ရေသန့်ဘူးကို အဖုံးဖွင့်ပြီး လင်းသွေးငယ်ဆီ လှမ်းပေးလိုက်သည်။

"လန်းသွားအောင် မျက်နှာလေးသစ်ရင်သစ်လိုက် ငယ်။ မသစ်ချင်ရင် ရေသောက်ပြီး ပလုတ်လေးဘာလေးကျင်းလိုက်။ ကိုယ်တို့သွားရအောင်"

"ဟုတ် အလုပ်ဆင်းသွားပြီလား။ ကျွန်တော် အရမ်းအိပ်ပျော်သွားတယ်"

"ဆင်းသွားပြီ။ မိနန်းထွက်လာတာတော့ မတွေ့သေးဘူး။ တံခါးလဲပိတ်သွားပြီ။ အစောင့်ကိုပြောပြီး ဝင်ရအောင်"

"အီးယားးးး ... ခဏလေး အိပ်လိုက်တာကို လန်းသွားပြီ"

"အင်းပါ။ ထ ထ ကိုယ်တို့သွားရအောင်။ နောက်ကျနေမယ်။ အနွေးထည်က ငယ်ပဲဝတ်ထားလိုက်တော့"

"အေးလာပြီလေ ဦးမဟာရယ်။ ရော့ ပြန်ယူ။ ကျွန်တော်လဲ အနွေးထည်ဝတ်ထားတာကို။ ခုနက ငြိမ်နေရလို့ အေးတာ။ လှုပ်လှုပ်ရှားရှားဖြစ်သွားရင် နွေးသွားမှာ"

အိပ်ထားလို့ ခါးပေါ်ကိုမြှောက်တက်နေတဲ့ ဂျာကင်လေးကို ဆွဲချရင်း လင်းသွေးက မဟာ့ရဲ့ အနွေးထည်လေးကို ပြန်ပေးသည်။ ကားပေါ်ကဆင်းပြီး လက်ကနာရီကို ကြည့်လိုက်တော့ ငါးနာရီတောင်ခွဲလုနီးနီး ဖြစ်နေပြီ။ မှောင်ရီပျိုးနေပြီမလို့ လူပြတ်တဲ့လမ်းက နဂိုထက်ကို ခြောက်ကပ်ပြီး တိတ်ဆိတ်နေသည်။

"ရဲကို မလှိမ့်တပတ်လုပ်ထားတာ တွေ့ဦးမယ်"

"စွာစိလန်လေးရယ်။ မဟုတ်လဲ ဖမ်းနိုင်တော့မှာ။ ကြိမ်းမနေနဲ့တော့"

"အွန်းးးး"

ကားရပ်ထားတဲ့နေရာကနေ အလုပ်ရုံကိုသွားတော့ လင်းသွေးက မဟာ့ဘေးကနေ တိတ်တဆိတ်လိုက်လာသည်။ လမ်းလျှောက်နေရင်း ကုတ်အင်္ကျီရှည်ကိုလဲ မဟာက သေချာဖြန့်ကာ ဝတ်လိုက်သေးသည်။

ကလင် ~ ကလင် ... !

အလုပ်ရုံက တံခါးပိတ်ထားတာကြောင့် သံပန်းတံခါးထောင့်မှာချိတ်ထားတဲ့ ခေါင်းလောင်းလေးကို မဟာက လှမ်းတီးလိုက်သည်။ မကြာခင်မှာပဲ သံပန်းဆွဲတံခါးက ဖြေးဖြေးချင်းဟလာပြီး အစောင့်က ထွက်လာသည်။

"ကျွန်တော်အကူအညီတောင်းထားတဲ့ ကိစ္စလေးအဆင်ပြေတယ်မလား အဘ"

"ဝင် ဝင် လူလေးတို့"

"ကျေးဇူးပါ အဘ။ ဒါနဲ့ ကျွန်တော် မေးစရာရှိလို့။ ခုနက အလုပ်ဆင်းတော့ ပြန်တဲ့သူတွေအထဲ မိနန်းကို မတွေ့ဘူး။ အဘသိမလား မသိဘူး။ မက်မန်းသီးထုတ်တဲ့နေရာက ကောင်မလေးလေ"

"အော် သူက ဒီအလုပ်ရုံဝင်းထဲမှာနေတာလေ။ နယ်က ကလေးမလေးနေမယ်။ အလုပ်ရုံနောက်မှာ အလုပ်သမားတန်းလျားလေးရှိတယ်"

"အာ ဟုတ်ကဲ့။ သိပါပြီ အဘ။ ကျေးဇူးပါ အဘ"

မဟာက အစောင့်အဘကို ကျေးဇူးတင်စကားသေချာဆိုရင်း အလုပ်ရုံထဲကို လင်းသွေးနဲ့အတူ ဝင်ခဲ့လိုက်သည်။ အလုပ်သမားတန်လျားဘက်ကို ဘယ်လိုသွားရမယ်ဆိုတာ အဘက လမ်းညွှန်လိုက်ပြီးသားမလို့ ညွှန်ပြတဲ့လမ်းရိုးလေးအတိုင်းသွားကြသည်။ တိတ်ဆိတ်နေတဲ့ လုပ်ငန်းခွင်က မှောင်ရီပျိုးလာတာကြောင့် အလင်းရောင်လဲကောင်းကောင်းမရှိပဲ အေးစက်စက်။

"ဂရုစိုက်နော် ဦးမဟာ"

"ငယ်ရောပဲ ~"

မဟာ့ရဲ့လက်ကိုလှမ်းဆွဲကာ ဂရုစိုက်ဖို့ပြောတဲ့လင်းသွေးငယ်ကို မဟာခေါင်းညိမ့်ပြလိုက်ရင်း လင်းသွေးကိုရော ဂရုစိုက်ဖို့မှာရသည်။

"ဟိုတိုက်ခန်းတွဲလေးထင်တယ်"

"ဦးမဟာ ~ ဟိုမှာကြည့်"

လင်းသွေးညွှန်ပြတဲ့နေရာကို မဟာလှမ်းကြည့်တော့ ညနေမှောင်ရီပျိုးနေတာကြောင့် တစ်စတစ်စထွန်းထားတဲ့ မီးအလင်းတိုင်လေးအောက်က မြေသားတွေ။ တစ်နေရာတည်းရှိနေတာမဟုတ်ပဲ အလုပ်သမားတန်းလျားရှိနေသည့် နေရာက ရွံမြေတွေဖြစ်သည်။ တန်းလျားကနေ အလုပ်ကို ဝင်ထွက်သွားလာဖို့ ရွံမြေတွေပေါ်မှာ အုတ်ခဲတွေစီတန်းထားတဲ့ လမ်းရိုးလေးကလွဲလို့ ကျန်တဲ့နေရာတွေက ရွံ့မြေသားစိုင်တွေ။

"ဒီတစ်ခါတော့ သူတို့ပြေးမလွတ်ဘူး"

လင်းသွေးက ရေရွတ်သလိုပြောရင်း မဟာထူးမြတ်ကိုခေါ်ကာ အလုပ်သမားတန်းလျားဆီသွားတဲ့ အုတ်လမ်းရိုးလေးအတိုင်းလျှောက်သွားသည်။ တန်းလျားက တိတ်ဆိတ်နေပြီး အခန်းလေးနှစ်ခန်းလောက်သာ မီးထွန်းထားတာကြောင့် လူလဲများများစားစား သိပ်ရှိပုံမပေါ်။ 

"ဘာလက်စလက်နမှ မကျန်အောင် သေချာလုပ်ခဲ့တာပဲ။ နေ့လည်က ကျွန်တော်တို့ လိမ်လိုက်တာ ရဲတွေက ယုံပါ့မလား"

"အဲ့ကောင်တွေလောက်တုံးတာ အဲ့ကောင်တွေပဲရှိတယ် ဟေ့ကောင်။ လိမ်လိုက်တာ တစ်ခါတည်းကို ချက်ချင်းယုံသွားတာကြည့်ပါလား"

အလုပ်သမားတန်းလျားဘက်ကို သွားနေတုန်း စကားပြောနေသံကိုကြားတာကြောင့် မဟာရော လင်းသွေးရော သတိထားပြီး ခပ်သွက်သွက်နဲ့ အကွယ်တစ်နေရာကို ပြေးပုန်းလိုက်သည်။ စကားတပြောပြောနဲ့ လာနေတဲ့နှစ်ယောက်က တန်းလျားထောင့်က အုတ်ကန်ဆီကို ဦးတည်သွားသည်။

"ဟိုကောင်မ မိနန်းရော"

"မနက်ဖြန်ဆို ရွာပြန်မယ်ပြောတယ် ကိုလင်း။ သူကြောက်လို့တဲ့"

"ရမလား။ အဲ့လိုသာ သူကခြေရာဖျောက်သွားရင် သူ့ကို သံသယဝင်ကြမှာ။ သူ့ကို သံသယဝင်ပြီး သူအဖမ်းခံရရင် ငါတို့အကြောင်းကို ပြန်မဖော်ဘူးလို့ မပြောနိုင်ဘူး"

"ဘာလိုလုပ်ရမလဲ ကိုလင်း"

"အေး ပြောမရရင် အသားနာအောင် တီးပေးလိုက်။ အဲ့တာဆို စောက်ပေါက်ပိတ်သွားလိမ့်မယ်"

အုတ်ကန်မှာ ခြေထောက်ဆေးနေကြရင်း တစ်ယောက်ကိုတစ်ယောက်ပြောနေကြတဲ့ အသံတွေကို နားစွင့်ရင်း မဟာက ဘယ်သူတွေလဲဆိုတာကို ကွယ်ရာကနေ လှမ်းအကဲခတ်ရသည်။ မှောင်စပြုနေပြီး အလင်းရောင်မှိန်မှိန်သာရှိနေတာကြောင့် မျက်နှာတွေက သိပ်ပြီးသဲသဲကွဲကွဲမမြင်ရ။

"အဲ့တာ ဟိုတစ်ယောက်လေ ဦးမဟာ။ နေ့လည်က ပထမဆုံးမေးတဲ့တစ်ယောက်။ အာ ... ဒီမှာ ကုန်တင်ကုန်ချလုပ်တဲ့တစ်ယောက်"

"ကျောပေးပြီးပြောနေတဲ့သူကလား"

တစ်ယောက်နဲ့တစ်ယောက် ကြားရရုံ လေသံလောက်နဲ့သာ ဘေးက ပြောနေတဲ့လင်းသွေးကြောင့် မဟာက ဝါးတားတားဖြစ်နေတဲ့ မျက်လုံးတွေကို အားစိုက်ရင်း မျက်စိရှေ့က လူနှစ်ယောက်ကို ကြည့်လိုက်သည်။

"သူတို့လဲ တန်းလျားမှာပဲ နေတာထင်တယ်"

"အင်း စောင့်ကြည့်တာပေါ့"

မဟာတို့ ကြည့်နေတုန်း ခြေလက်ဆေးပြီးတဲ့ နှစ်ယောက်ကတော့ စကားတပြောပြောနဲ့ အုတ်လမ်းကနေ မသွားပဲ ရွံ့မြေထဲကနေသာဖြတ်ရင်း တန်းလျားဆီသွားသည်။ ရေစိုထားတဲ့ ခြေထောက်တွေကြောင့် ရွံ့သားမြေပေါ် နင်းလျှောက်သွားတဲ့ တဗွက်ဗွက်အသံတောင် မဟာတို့ ကြားနေရသေးသည်။

"ဟိုမှာ ဟိုမှာ မိနန်း"

မဟာ့ရဲ့ ပုခုံးကို လက်နဲ့ကုတ်ရင်း အလန့်တကြားပြောလာတဲ့ လင်းသွေးကြောင့် မဟာက လက်ကာပြလိုက်ရင်း အကွယ်ကနေပဲ အကဲခတ်နေသည်။ သုံးယောက်သား ဘာတွေပြောနေကြမှန်းမသိပေမယ့် ကိုလင်းဆိုသူက မိနန်းရဲ့ ဆံပင်တွေကို လှမ်းပြီး အရင်းကနေ ဆုတ်ကိုင်ဆွဲလိုက်သည်။

"သွား ~ သွားတားရမယ်မလား ဦးမဟာ။ လက်တွေပါကုန်ပြီ"

"ခဏစောင့်ကြည့်ဦး"

လင်းသွေးက ခေါင်းငြိမ့်တော့ မဟာက ထိုသုံးယောက်ဆီ အကြည့်ပြန်ရောက်သည်။ တဖြည်းဖြည်းနဲ့ ရုန်းရင်းဆံခတ်ဖြစ်လာပြီး မိနန်းရဲ့ဆံပင်တွေကို ကိုလင်းက ဆွဲဆောင့်ကာ ခေါင်းကိုဆောင့်ရမ်းလာသည်။ ဘေးက တစ်ယောက်ကလဲ ဝင်မတားပဲကြည့်နေသည်။ နောက်တော့ အားသုံးကာ အနီးနားက မီးဖွင့်ထားတဲ့အခန်းထဲကို ဆွဲသွင်းသွားသည်။

အကြမ်းဖက်မှုဖြစ်နေတာကြောင့် မဟာတို့ ဒီတိုင်းစောင့်ကြည့်နေလို့ မဖြစ်တော့။ လင်းသွေးက ရှေ့ကနေပြေးသွားတော့ မဟာကလဲ နောက်ကနေပြေးလိုက်သည်။ မိနန်းဆွဲသွင်းခံသွားရတဲ့အခန်းရှေ့ကိုရောက်တော့ လင်းသွေးက တံခါးကို လှည့်ဖွင့်သည်။ အထဲကလော့ချထားတာကြောင့် ဖွင့်မရ။ အခန်းထဲက မိနန်းရဲ့နာနာကျင်ကျင်အသံကို အပြက်ကနေတောင် ကြားနေရသည်။ လင်းသွေးတံခါးလှည့်ဖွင့်လိုက်သံကိုတော့ အထဲမှာ သူ့အာရုံနဲ့သူဖြစ်တာကြောင့် ကြားမယ့်ပုံမပေါ်။

"ငယ် ~ ဖယ်ဦး။ ကိုယ်ဖွင့်မယ်"

တံခါးကိုဘယ်လိုဖွင့်ရမလဲကြံနေတုန်း နောက်ကနေ အသံကြားတာကြောင့် လင်းသွေးက လှည့်ကြည့်လိုက်တော့ လက်ထဲမှာ 4kg မီးသတ်ဆေးဘူးကို ကိုင်ထားတဲ့ ဦးမဟာ။ အရေးပေါ်အတွက် နံရံမှာချိတ်ထားပေးတဲ့ဘူးကို ဦးမဟာက ဆွဲဖြုတ်လာသည့်ပုံ။ လင်းသွေးက ဖယ်ပေးလိုက်တော့ ဦးမဟာက အားပြုရင်း မီးသတ်ဆေးဘူးကို မ ကာ တံခါးဘုကို ရိုက်သည်။

တံခါးသော့ကို မီးသတ်ဆေးဘူးနဲ့ ရိုက်ခတ်လိုက်တဲ့အသံကျယ်ကျယ်ကြောင့် အထဲကလူတွေလဲ ရိပ်မိသွားပုံပေါ်ပြီး ဆူဆူညံညံအသံတွေက တိခနဲငြိမ်ကျသွားသည်။ 4kg မီးသတ်ဘူးက အတော်အသင့်ကြီးသလို မဟာက တံခါးကို ထုရိုက်သည့်အားကလဲ များတာကြောင့် နှစ်ချက်လောက် ရိုက်အပြီးမှာ တံခါးသော့က အောက်ကိုပြုတ်ကျသွားသည်။

"ဘယ် ခွေးသတောင်းစား ... ဟင် မင်းတို့"

တံခါးပွင့်သွားတော့ မဟာနဲ့ လင်းသွေးက အခန်းထဲဝင်တော့ အခန်းထဲက ကိုလင်းဆိုသူက မဟာတို့မှန်းမသိပဲ အော်ဆဲပြီးမှ မဟာတို့မှန်းသိတော့ အံ့သြသွားသည့်ပုံ မျက်လုံးတွေ ပြူးကျယ်လာသည်။ မဟာက လက်ထဲမှာ ကိုင်ထားတဲ့ မီးသတ်ဆေးဘူးကို ဘေးကိုလွှင့်ပစ်လိုက်ပြီး မိနန်းဆံပင်ကို ဆွဲထားတဲ့ ကိုလင်းကို စူးရဲစွာစိုက်ကြည့်လိုက်သည်။

"ကဲ ~ ဆိုတော့ကာ ... စခန်းမှာ ရှင်းသင့်ပြီထင်တယ်"

"ခွေးစကားတွေ လာပြောမနေနဲ့"

ရှူးရှူးရှားရှားဖြစ်သွားတဲ့ ကိုလင်းက ဆုပ်ကိုင်ထားတဲ့ မိနန်းဆံပင်ကို ဆောင့်ကာလွှတ်ချလိုက်သည်။ အားပါသွားတာကြောင့် အောက်ကကြမ်းပြင်နဲ့ ခေါင်းနဲ့ရိုက်ပြီး သတိမေ့သွားပုံပေါ်သည့် မိနန်းက ကြမ်းပြင်မှာ ငြိမ်သက်သွားသည်။ ကိုလင်းဘေးက လင်းသွေးတို့ကို ဖြောင့်ချက်ပေးတဲ့ တစ်ယောက်ကတော့ မဟာနဲ့ လင်းသွေးကို မြင်ကတည်းက မလှုပ်မရပ် ကြောင်အနေသည်။

"မင်းတို့တွေကို မောင်မြင့်ကိုသတ်တာ သံသယရှိမှုနဲ့ ဖမ်းတယ်။ အေးဆေးအဖမ်းခံ။ မဟုတ်ရင် ငါနဲ့တွေ့မယ်"

"မင်းတို့က သက်သေရှိလို့လား"

"ဒီလုပ်ရပ်တွေက သက်သေပဲလေ။ စောက်စကားမများနဲ့ စခန်းရောက်မှရှင်းရအောင်"

မဟာက အေးအေးဆေးဆေးပြောကာ ကိုလင်းနားကို ကပ်သွားတော့ ကိုလင်းက အေးဆေးမနေပဲ မဟာ့ကို တိုက်ခိုက်လာသည်။ ရဲတစ်ယောက်ဖြစ်သည်နှင့်အညီ တိုက်ရေးခိုက်ရာလောက်ကတော့ ကျွမ်းကျင်နေသည့် မဟာက ရန်ပြုလာသည့် ကိုလင်းဆီကနေ အသာလေးတိမ်းရှောင်လိုက်ရင်း နောက်ကျောဘက်ကနေ ခြေတံရှည်တွေကို မြှောက်ရင်း ကန်ချလိုက်သည်။

"အေးဆေးပြောနေတုန်းက မင်းမှ နားမထောင်တာ။ အသားနာပြီမလား"

မှောက်ရက်သားဖြစ်သွားတဲ့ ကိုလင်းပေါ်ကို မဟာက အသာတက်ခွလိုက်ရင်း ခါးမှာချိတ်ထားတဲ့ လက်ထိပ်ကို ဆွဲထုတ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး လက်ထိပ်ခတ်လိုက်သည်။ ကြောင်အနေဆဲဖြစ်တဲ့ ဘေးကတစ်ယောက်ကိုတော့ လင်းသွေးက နောက်ကနေ ဇက်ပိုးအုပ်ချထားတာကြောင့် ကြမ်းပြင်မှာ ငြိမ်သက်နေသည်။ လက်ထိပ်လဲခတ်ထားပြီးသားမလို့ ကျန်တာစိုးရိမ်စရာမလိုတော့။

တိတ်ဆိတ်ပြီး မှောင်မဲနေသည့် အလုပ်ရုံပတ်ဝန်းကျင်ကတော့ အချိန်ခဏကြာတော့ အရေးပေါ်ကားသံတွေ အရေးပေါ်အချက်ပြမီးတွေကြောင့် ဆူညံသွားတော့သည်။

_________

To be continue ...

Note_အရင်က နေ့တိုင်း update တွေ ပေးနေရက်ကနေ update တွေ ကြဲသွားတာက ကိုယ်ကမျက်မှန်သမားမလို့ ခုရက်ပိုင်း မျက်ရိုးတွေ ပြန်ကိုက်တာတာကြောင့် ဖြေးဖြေးချင်းစီရေးနေလို့ပါ။ Update ကို မြန်မြန်ပေးချင်ပေမယ့် မျက်လုံးက ဘယ်လိုမှမရလို့ပါ။ ကိုယ်အကောင်းဆုံးကြိုးစားပြီး မြန်မြန်တင်ပေးပါ့မယ်နော်။

26th October,2020(Mon)
WhiteAster089

Comment