Part 1

[Zawgyi]

၂၀၂၀ ၊ ဇူလိုင္လ ၃ ရက္ေန႕ ၊ ေသာၾကာေန႕

မိုးေကာင္းတတ္သည့္ ဇူလိုင္လ ပထမအပတ္ရဲ႕ တတိယေျမာက္ေန႕။

ေသာ္ကၿမိဳင္ဟု အမည္ရသည့္ ေမၿမိဳ႕ရဲ႕ ၿမိဳ႕မ်က္ႏွာဖုံးသူေဌးႀကီး ဦးျမတ္ေက်ာ္ေခါင္၏ ေနအိမ္တြင္ျဖစ္သည္။ ၿခံက်ယ္က်ယ္ႀကီးတြင္ ႏွစ္ရွည္ပင္မ်ား အုပ္ဆိုင္ေနၿပီး မွိုင္းညို႔ကာ ၿခံဝင္းထဲက ေနအိမ္ကိုေတာင္ အျပင္ကေန မျမင္နိုင္သည္အထိ ပိန္းပိတ္ေအာင္ ေမွာင္မိုက္ေနသည္။ ထည္ထည္ဝါဝါႏွင့္ ႏွစ္ကာလရွည္ၾကာၿပီျဖစ္တာေၾကာင့္ ေရနံဝေနသည့္ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္က်ယ္ႀကီးေရွ႕တြင္ အခ်က္ေပးသံတဝီဝီေတြ ဆူညံေနသည့္ ရဲကားႏွစ္စီးရွိေနသည္။

" အေရးတႀကီး အလုပ္ကိစၥရွိတာေၾကာင့္ ခရီးထြက္ရမယ္ဆိုၿပီး အေလာတႀကီး ထြက္သြားတာပါပဲ ေမာင္ရင္ရယ္ ... အန္တီတို႔ကို ကူညီၾကပါဦး ... အားကိုးစရာအမ်ိဳးသားက ေပ်ာက္ေနေတာ့ ပူေဆြးလွၿပီကြယ္ "

ႀကီးမားလွသည့္ ပ်ဥ္ေထာင္အိမ္ႀကီးအတြင္းက ခမ္းခမ္းနားနား ဧည့္ခန္းက်ယ္ထဲတြင္ စု႐ုံးထိုင္ေနၾကသည့္ လူအုပ္ထဲမွ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပူပူေဆြးေဆြး ေရ႐ြတ္သံက တိုးလ်စြာထြက္ေပၚလာသည္။ သစ္ပင္ေတြအုပ္ဆိုင္းေနသည့္ ၿခံဝန္းႀကီးေၾကာင့္ ျခင္၊ ယင္၊ အင္းဆက္ေတြ မလာရေအာင္ နႏြင္းကိုမီးရွို႔လို႔ မွိုင္းတိုက္ထားသည့္ အနံ႕ျပင္းျပင္းကလည္း ေနအိမ္အတြင္းဘက္ဆီမွ လွိုင္လွိုင္ထြက္ေပၚေနသည္။

မဟာထူးျမတ္တစ္ေယာက္ လက္ထဲမွာကိုင္ထားသည့္ သားေရပတ္မွတ္စုစာအုပ္ေလးထဲကို ေဖာင္တိန္ေလးတစ္ေခ်ာင္းႏွင့္ မွတ္စရာရွိတာေတြ ခပ္ျမန္ျမန္ေရးမွတ္ၿပီး အေရွ႕မွာထိုင္ေနသည့္ အမ်ိဳးသမီးႀကီးကို ၾကည့္လိုက္သည္။ ဘီးဆံပတ္ဆံထုံးကို ထုံးထားၿပီး ခပ္ႏြမ္းႏြမ္းရင္ေစ့အကၤ်ီႏွင့္ ထဘီကို ဝတ္စားထားသည့္ အမ်ိဳးသမီးႀကီးက လင္ေယာက္်ားျဖစ္သူ ဦးျမတ္ေက်ာ္ေခါင္ ေပ်ာက္ဆုံးေနျခင္းအတြက္ ပူေဆြးမႈေၾကာင့္ ရွိရင္းစြဲ အသက္ထက္ပင္ ရင့္ေရာ္ေနသေယာင္ ရွိသည္။

" ကြၽန္ေတာ္တို႔အေနနဲ႕ ေသခ်ာစုံစမ္းေနပါတယ္ အန္တီရည္မြန္ ... သြားမယ့္ခရီးကိုေတာင္ မေျပာသြားတဲ့ အေျခအေနမွာ ရွိေနေတာ့ ကြၽန္ေတာ္တို႔လည္း ႀကိဳးစားၿပီးေတာ့ သတင္းအစအနရေအာင္ စုံစမ္းေနပါတယ္ "

ေျပာလက္စ စကားကိုရပ္လိုက္ရင္း မဟာထူးျမတ္ တံေတြးမ်ိဳခ်လိဳက္ရင္း မ်က္စိေရွ႕တည့္တည့္က ေဒၚရည္မြန႔္ကို တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။ လက္ထဲမွာကိုင္ထားတဲ့ လက္ကိုင္ပဝါစနဲ႕ မ်က္ခမ္းစပ္က မ်က္ရည္ေတြကို တတို႔တို႔လုပ္ရင္း မဟာထူးျမတ္ရဲ႕စကားကို နားေထာင္ၿပီး ေခါင္းတညိတ္ညိတ္လုပ္ေနမွသာ ေျပာလက္စ စကားကိုဆက္သည္။

" ၿပီးေတာ့ ခရီးသြားတာ အိမ္ကဒရိုင္ဘာျဖစ္တဲ့ ရဲသူကိုပါ ေခၚသြားတယ္ဆိုေတာ့ ဒရိုင္ဘာကလည္း ဦးျမတ္ေက်ာ္ေခါင္နဲ႕အတူ ေပ်ာက္ေနတာေပါ့ "

" ဟုတ္ပါတယ္ ... ႏွစ္ေယာက္လုံးေပ်ာက္ေနတာပါ "

" အတူတူပဲရွိေနတာလည္း ျဖစ္နိုင္တာမလို႔ ရဲသူကိုပါ ကြၽန္ေတာ္တို႔ စုံစမ္းပါ့မယ္ ... စိတ္ခ်ပါ အျမန္ဆုံးစုံစမ္းပါ့မယ္ "

" အန္တီတို႔ရဲ႕ သားေလးကလည္း ေက်ာင္းကေန အခုထိ ျပန္ေရာက္မလာေသးဘူး ... သူ႕အေဖ ေပ်ာက္ေနတဲ့အေၾကာင္းကိုေတာ့ အေၾကာင္းၾကားထားတယ္ ... အန္တီတစ္ေယာက္တည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းေတာင္ မသိေတာ့ဘူးကြယ္ "

" အေၾကာင္းၾကားထားတယ္ဆို မၾကာခင္ေရာက္မွာပါ ... စိတ္ပူတာသိေပမယ့္ အရမ္းစိတ္မပူဖို႔ကိုလည္း ေျပာခ်င္ပါတယ္ ... ကြၽန္ေတာ္တို႔ အေကာင္းဆုံးႀကိဳးစားၿပီး စုံစမ္းမွာပါ "

လက္ထဲမွာကိုင္ထားသည့္ မွတ္စုစာအုပ္ၾကားကို ေဖာင္တိန္ေလး ညွပ္ကာပိတ္လိုက္ၿပီး ေရွ႕ကစားပြဲေပၚတင္ရင္း မဟာထူးျမတ္က ေျပာသည္။

" ယုံပါတယ္ ေမာင္ရင္ရယ္ ... အားလဲအားကိုးပါတယ္ကြယ္ ... အမ်ိဳးသားက အေရးတႀကီး အလုပ္ကိစၥရွိရင္ေတာင္ အဆက္အသြယ္မလုပ္ပဲ အခုလိုမ်ိဳး တစ္ပတ္ ဆယ္ရက္ေလာက္ အဆက္အသြယ္မရတာမ်ိဳး မျဖစ္ဖူးပါဘူး ... အဲ့တာေၾကာင့္ အန္တီက ပိုစိုးရိမ္တာပါကြယ္ "

ထိုင္ခုံေပၚမွာ ခါးကို ခပ္မတ္မတ္ထားထိုင္ေနရင္း ျပတ္သားတဲ့အသံနဲ႕ေျပာလာတဲ့ စုံစမ္းေရးမႉးကို ေဒၚရည္မြန္က ေခါင္းတဆတ္ဆတ္ညိတ္ရင္း ေျပာမိသည္။ ႀကဳံ႕ထားသည့္ မ်က္ခုံးထူထူေအာက္က စူးရွရွမ်က္ဝန္းနက္တို႔က ထိုလူငယ္ရဲ႕ ျပတ္သားမႈကို ပိုမို ေပၚလြင္ေစသည္။ ေျဖာင့္တန္းတန္းႏွာတံနဲ႕ ခပ္တင္းတင္း ေစ့ပိတ္ထားတဲ့ ႏႈတ္ခမ္းထူထူတို႔က ထိုျပတ္သားမႈကို ေထာက္ပံ့ေနျပန္သည္။ ေထာင့္က်က် ေမးရိုးတို႔ေၾကာင့္ ေဒၚရည္မြန္ရဲ႕ မ်က္စိေရွ႕က လူငယ္က ခန႔္ညားတာထက္ပိုတဲ့ စုံစမ္းေရးမႉးတစ္ေယာက္ဆိုတာ မလြဲမေသပင္ျဖစ္သည္။

" ေကာင္းပါၿပီ . ကြၽန္ေတာ္တို႔ တာဝန္ထားထားလိုက္ပါ ... ဒီၾကားထဲ အဆက္အသြယ္ရရင္ျဖစ္ျဖစ္ တစ္ခုခုသတင္းၾကားရင္ျဖစ္ျဖစ္ အေၾကာင္းၾကားေစခ်င္ပါတယ္ ... အန္တီ့အေနနဲ႕ ခရီးသြားဖို႔ အေရးေပၚအေၾကာင္းအရာ ရွိလာရင္လည္း ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားေပးပါ ... ခုေတာ့ ကြၽန္ေတာ္တို႔ ျပန္လိုက္ပါဦးမယ္ "

" ေအးပါကြယ္ . ေက်းဇူးပါ ေမာင္ရင္ရယ္ ... ျမန္ျမန္စုံစမ္းေပးၾကပါ "

စားပြဲေပၚတင္ထားတဲ့ မွတ္စုစာအုပ္ေလးကို မဟာထူးျမတ္က ျပန္သိမ္းယူလိုက္ၿပီး မွာစရာရွိတာေတြ မွာထားခဲ့ကာ ဧည့္ခန္းထဲကေန ထြက္လာခဲ့သည္။ အိမ္ေရွ႕ကိုေရာက္သည္ႏွင့္ ေရနံဝေနသည့္ အနက္ေရာင္ ႏွစ္ထပ္အိမ္က်ယ္ႀကီးနဲ႕ သစ္ပင္ေတြႏွင့္ အုပ္ဆိုင္းေနသည့္ ၿခံဝန္းက်ယ္က်ယ္ကို ေဝ့ဝိုက္ၾကည့္လိုက္သည္။

" ဒီအိမ္ကိုပါ မ်က္ေျခမပ်က္ေစာင့္ၾကည့္ထားဖို႔ မွာခ်င္တယ္ စိုးသိန္း . ဦးျမတ္ေက်ာ္ေခါင္က ဒီလိုသတင္းလုံးဝမၾကားရပဲ အခ်ိန္ၾကာၾကာ ေပ်ာက္ေနတာမ်ိဳးက ခုမွပထမဆုံးအႀကိမ္မလို႔ ေသခ်ာစုံစမ္းပါ "

" ဟုတ္ကဲ့ပါ ဆရာ ... ကြၽန္ေတာ္တို႔ လူေတြ တစ္လွည့္စီ ေစာင့္ၾကည့္ခိုင္းထားပါ့မယ္ "

" အင္း ေကာင္းၿပီ ... ေသခ်ာလုပ္ စိုးသိန္း ... ေနာက္မွ ငါကလိုက္ၾကည့္၊ လိုက္သတိေပးေနရတာမ်ိဳး မျဖစ္ေစနဲ႕ "

" စိတ္ခ်ပါ ဆရာ "

ေခါင္းတစ္ခ်က္သာ ျပန္ညိတ္ျပလိုက္ၿပီး ခပ္ေဟာင္းေဟာင္း ဂ်စ္ကားအနက္တစ္စီးေပၚ တက္သြားသည့္ မဟာထူးျမတ္ကိုၾကည့္ကာ စိုးသိန္းခမ်ာ အခုမွ အသက္ဝဝရႉနိုင္သည္။ ေရခဲရိုက္ထားသလို ေအးတိေအးစက္ေလသံက အျပစ္မလုပ္ထားတဲ့သူကိုေတာင္ ေက်ာထဲစိမ့္သြားၿပီး ၾကက္သီးထေစသည္။

" ေအးတိေအးစက္ေလသံႀကီးနဲ႕ မ်က္ႏွာႀကီး မတင္းထားလဲ သူ႕ကိုဘယ္သူက မေလးမစားလုပ္မွာ က်ေနတာပဲ "

ေခါင္းတစ္ခါခါနဲ႕ ညည္းၫူရင္း စိုးသိန္းမွာ မဟာထူးျမတ္ လုပ္ခိုင္းသြားသည့္ လုပ္ငန္းေဆာင္တာေတြအတြက္ တာဝန္ခ်စရာရွိတာေတြ ခ်ေပးဖို႔ျပင္ရသည္။

ၿခံက်ယ္က်ယ္ျဖစ္တာေၾကာင့္ အိမ္ေရွ႕ကေန ၿခံတံခါးဝအထိ ကားနဲ႕ထြက္လာရင္း ၿခံဝကို ေရာက္လာသည့္အခ်ိန္ ၿခံျပင္မွာရပ္ထားသည့္ ကားတစ္စီးရွိေနသည္။ ခဏအၾကာ ကားထဲကေန ထြက္လာကာ ပ်ာပ်ာသလဲနဲ႕ လြယ္အိတ္လြယ္ၿပီး ၿခံထဲကို ဝင္လာသည့္ လူငယ္တစ္ေယာက္ကို မဟာထူးျမတ္ ေတြ႕လိုက္ရသည္။

မဟာထူးျမတ္စီးလာသည့္ ဂ်စ္ကားက ၿခံထဲကအထြက္ ထိုေကာင္ေလးက ၿခံထဲကို ေျပးအဝင္နဲ႕ ေဘးခ်င္းကပ္ျဖစ္သည္။ မဟာထူးျမတ္ကသာ စိုက္ၾကည့္ေနေပမယ့္ ေကာင္ငယ္ေလးကေတာ့ ျမင္မယ့္ပုံမေပၚ။ ေဒၚရည္မြန္ေျပာသည့္ သူမရဲ႕ သားငယ္သာ ျဖစ္နိုင္ေၾကာင္း မဟာထူးျမတ္တစ္ေယာက္ တပ္အပ္ေတြးလိုက္မိသည္။

ဖခင္တစ္ေယာက္လုံး ေပ်ာက္ေနသည့္အတြက္ သားတစ္ေယာက္အေနနဲ႕ ဘယ္လိုပူေဆြးေနမလဲ မဟာထူးျမတ္ မခံစားတတ္။ စုံစမ္းေရးမႉး လုပ္လာတဲ့တစ္ေလွ်ာက္ ဒီလို လူေပ်ာက္မႈေတြ ေပါင္းစုံနဲ႕ ႀကဳံေတြ႕ဖူးသည္။ သိုေပမယ့္ ဒီလို မိသားစုေတြ ပူေဆြးေနတာေတြ ျမင္ေနရတဲ့ ျမင္ကြင္းေတြ ခံစားမႈေတြကေတာ့ အသက္ သုံးဆယ့္သုံးႏွစ္အ႐ြယ္ မဟာထူးျမတ္ အတြက္ မဆန္းေတာ့တာထက္ မည္သို႔မွ် မခံစားရတာ ေသခ်ာသည္။ အမႈတစ္ခုကို ႀကိဳးစားပမ္းစား စုံစမ္းစစ္ေဆးေပးတာကလြဲရင္ မဟာထူးျမတ္အတြက္ ဘယ္အရာမွ အေရးမပါတာေတြခ်ည္း။

___________

ေရစက္ေလးႏွစ္ခုရဲ႕ အမွတ္မထင္ ေတြ႕ဆုံျခင္း ... ေရစက္ေလး တစ္ခုက တစ္ဖက္သတ္ဆိုေပမယ့္ ေနာက္ထပ္ေရစက္ေလးကေတာ့ အမႈမဲ့အမွတ္မဲ့ ...

To be continue ...

3rd August,2020(Mon)
WhiteAster089

[Unicode]

၂၀၂၀ ၊ ဇူလိုင်လ ၃ ရက်နေ့ ၊ သောကြာနေ့

မိုးကောင်းတတ်သည့် ဇူလိုင်လ ပထမအပတ်ရဲ့ တတိယမြောက်နေ့။

သော်ကမြိုင်ဟု အမည်ရသည့် မေမြို့ရဲ့ မြို့မျက်နှာဖုံးသူဌေးကြီး ဦးမြတ်ကျော်ခေါင်၏ နေအိမ်တွင်ဖြစ်သည်။ ခြံကျယ်ကျယ်ကြီးတွင် နှစ်ရှည်ပင်များ အုပ်ဆိုင်နေပြီး မှိုင်းညို့ကာ ခြံဝင်းထဲက နေအိမ်ကိုတောင် အပြင်ကနေ မမြင်နိုင်သည်အထိ ပိန်းပိတ်အောင် မှောင်မိုက်နေသည်။ ထည်ထည်ဝါဝါနှင့် နှစ်ကာလရှည်ကြာပြီဖြစ်တာကြောင့် ရေနံဝနေသည့် နှစ်ထပ်ပျဉ်ထောင်အိမ်ကျယ်ကြီးရှေ့တွင် အချက်ပေးသံတဝီဝီတွေ ဆူညံနေသည့် ရဲကားနှစ်စီးရှိနေသည်။

" အရေးတကြီး အလုပ်ကိစ္စရှိတာကြောင့် ခရီးထွက်ရမယ်ဆိုပြီး အလောတကြီး ထွက်သွားတာပါပဲ မောင်ရင်ရယ် ... အန်တီတို့ကို ကူညီကြပါဦး ... အားကိုးစရာအမျိုးသားက ပျောက်နေတော့ ပူဆွေးလှပြီကွယ် "

ကြီးမားလှသည့် ပျဉ်ထောင်အိမ်ကြီးအတွင်းက ခမ်းခမ်းနားနား ဧည့်ခန်းကျယ်ထဲတွင် စုရုံးထိုင်နေကြသည့် လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်ရဲ့ ပူပူဆွေးဆွေး ရေရွတ်သံက တိုးလျစွာထွက်ပေါ်လာသည်။ သစ်ပင်တွေအုပ်ဆိုင်းနေသည့် ခြံဝန်းကြီးကြောင့် ခြင်၊ ယင်၊ အင်းဆက်တွေ မလာရအောင် နနွင်းကိုမီးရှို့လို့ မှိုင်းတိုက်ထားသည့် အနံ့ပြင်းပြင်းကလည်း နေအိမ်အတွင်းဘက်ဆီမှ လှိုင်လှိုင်ထွက်‌ပေါ်နေသည်။

မဟာထူးမြတ်တစ်ယောက် လက်ထဲမှာကိုင်ထားသည့် သားရေပတ်မှတ်စုစာအုပ်လေးထဲကို ဖောင်တိန်လေးတစ်ချောင်းနှင့် မှတ်စရာရှိတာတွေ ခပ်မြန်မြန်ရေးမှတ်ပြီး အရှေ့မှာထိုင်နေသည့် အမျိုးသမီးကြီးကို ကြည့်လိုက်သည်။ ဘီးဆံပတ်ဆံထုံးကို ထုံးထားပြီး ခပ်နွမ်းနွမ်းရင်စေ့အင်္ကျီနှင့် ထဘီကို ဝတ်စားထားသည့် အမျိုးသမီးကြီးက လင်ယောက်ျားဖြစ်သူ ဦးမြတ်ကျော်ခေါင် ပျောက်ဆုံးနေခြင်းအတွက် ပူဆွေးမှုကြောင့် ရှိရင်းစွဲ အသက်ထက်ပင် ရင့်ရော်နေသယောင် ရှိသည်။

" ကျွန်တော်တို့အနေနဲ့ သေချာစုံစမ်းနေပါတယ် အန်တီရည်မွန် ... သွားမယ့်ခရီးကိုတောင် မပြောသွားတဲ့ အခြေအနေမှာ ရှိနေတော့ ကျွန်တော်တို့လည်း ကြိုးစားပြီးတော့ သတင်းအစအနရအောင် စုံစမ်းနေပါတယ် "

ပြောလက်စ စကားကိုရပ်လိုက်ရင်း မဟာထူးမြတ် တံတွေးမျိုချလိုက်ရင်း မျက်စိရှေ့တည့်တည့်က ဒေါ်ရည်မွန့်ကို တစ်ချက်မော့ကြည့်လိုက်သည်။ လက်ထဲမှာကိုင်ထားတဲ့ လက်ကိုင်ပဝါစနဲ့ မျက်ခမ်းစပ်က မျက်ရည်တွေကို တတို့တို့လုပ်ရင်း မဟာထူးမြတ်ရဲ့စကားကို နားထောင်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေမှသာ ပြောလက်စ စကားကိုဆက်သည်။

" ပြီးတော့ ခရီးသွားတာ အိမ်ကဒရိုင်ဘာဖြစ်တဲ့ ရဲသူကိုပါ ခေါ်သွားတယ်ဆိုတော့ ဒရိုင်ဘာကလည်း ဦးမြတ်ကျော်ခေါင်နဲ့အတူ ပျောက်နေတာပေါ့ "

" ဟုတ်ပါတယ် ... နှစ်ယောက်လုံးပျောက်နေတာပါ "

" အတူတူပဲရှိနေတာလည်း ဖြစ်နိုင်တာမလို့ ရဲသူကိုပါ ကျွန်တော်တို့ စုံစမ်းပါ့မယ် ... စိတ်ချပါ အမြန်ဆုံးစုံစမ်းပါ့မယ် "

" အန်တီတို့ရဲ့ သားလေးကလည်း ကျောင်းကနေ အခုထိ ပြန်ရောက်မလာသေးဘူး ... သူ့အဖေ ပျောက်နေတဲ့အကြောင်းကိုတော့ အကြောင်းကြားထားတယ် ... အန်တီတစ်ယောက်တည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူးကွယ် "

" အကြောင်းကြားထားတယ်ဆို မကြာခင်ရောက်မှာပါ ... စိတ်ပူတာသိပေမယ့် အရမ်းစိတ်မပူဖို့ကိုလည်း ပြောချင်ပါတယ် ... ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး စုံစမ်းမှာပါ "

လက်ထဲမှာကိုင်ထားသည့် မှတ်စုစာအုပ်ကြားကို ဖောင်တိန်လေး ညှပ်ကာပိတ်လိုက်ပြီး ရှေ့ကစားပွဲပေါ်တင်ရင်း မဟာထူးမြတ်က ပြောသည်။

" ယုံပါတယ် မောင်ရင်ရယ် ... အားလဲအားကိုးပါတယ်ကွယ် ... အမျိုးသားက အရေးတကြီး အလုပ်ကိစ္စရှိရင်တောင် အဆက်အသွယ်မလုပ်ပဲ အခုလိုမျိုး တစ်ပတ် ဆယ်ရက်လောက် အဆက်အသွယ်မရတာမျိုး မဖြစ်ဖူးပါဘူး ... အဲ့တာကြောင့် အန်တီက ပိုစိုးရိမ်တာပါကွယ် "

ထိုင်ခုံပေါ်မှာ ခါးကို ခပ်မတ်မတ်ထားထိုင်နေရင်း ပြတ်သားတဲ့အသံနဲ့ပြောလာတဲ့ စုံစမ်းရေးမှူးကို ဒေါ်ရည်မွန်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောမိသည်။ ကြုံ့ထားသည့် မျက်ခုံးထူထူအောက်က စူးရှရှမျက်ဝန်းနက်တို့က ထိုလူငယ်ရဲ့ ပြတ်သားမှုကို ပိုမို ပေါ်လွင်စေသည်။ ဖြောင့်တန်းတန်းနှာတံနဲ့ ခပ်တင်းတင်း စေ့ပိတ်ထားတဲ့ နှုတ်ခမ်းထူထူတို့က ထိုပြတ်သားမှုကို ထောက်ပံ့နေပြန်သည်။ ထောင့်ကျကျ မေးရိုးတို့ကြောင့် ဒေါ်ရည်မွန်ရဲ့ မျက်စိရှေ့က လူငယ်က ခန့်ညားတာထက်ပိုတဲ့ စုံစမ်းရေးမှူးတစ်ယောက်ဆိုတာ မလွဲမသေပင်ဖြစ်သည်။

" ကောင်းပါပြီ . ကျွန်တော်တို့ တာဝန်ထားထားလိုက်ပါ ... ဒီကြားထဲ အဆက်အသွယ်ရရင်ဖြစ်ဖြစ် တစ်ခုခုသတင်းကြားရင်ဖြစ်ဖြစ် အကြောင်းကြားစေချင်ပါတယ် ... အန်တီ့အနေနဲ့ ခရီးသွားဖို့ အရေးပေါ်အကြောင်းအရာ ရှိလာရင်လည်း ကျွန်တော်တို့ကို အကြောင်းကြားပေးပါ ... ခုတော့ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် "

" အေးပါကွယ် . ကျေးဇူးပါ မောင်ရင်ရယ် ... မြန်မြန်စုံစမ်းပေးကြပါ "

စားပွဲပေါ်တင်ထားတဲ့ မှတ်စုစာအုပ်လေးကို မဟာထူးမြတ်က ပြန်သိမ်းယူလိုက်ပြီး မှာစရာရှိတာတွေ မှာထားခဲ့ကာ ဧည့်ခန်းထဲကနေ ထွက်လာခဲ့သည်။ အိမ်ရှေ့ကိုရောက်သည်နှင့် ရေနံဝနေသည့် အနက်ရောင် နှစ်ထပ်အိမ်ကျယ်ကြီးနဲ့ သစ်ပင်တွေနှင့် အုပ်ဆိုင်းနေသည့် ခြံဝန်းကျယ်ကျယ်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။

" ဒီအိမ်ကိုပါ မျက်ခြေမပျက်စောင့်ကြည့်ထားဖို့ မှာချင်တယ် စိုးသိန်း . ဦးမြတ်ကျော်ခေါင်က ဒီလိုသတင်းလုံးဝမကြားရပဲ အချိန်ကြာကြာ ပျောက်နေတာမျိုးက ခုမှပထမဆုံးအကြိမ်မလို့ သေချာစုံစမ်းပါ "

" ဟုတ်ကဲ့ပါ ဆရာ ... ကျွန်တော်တို့ လူတွေ တစ်လှည့်စီ စောင့်ကြည့်ခိုင်းထားပါ့မယ် "

" အင်း ကောင်းပြီ ... သေချာလုပ် စိုးသိန်း ... နောက်မှ ငါကလိုက်ကြည့်၊ လိုက်သတိပေးနေရတာမျိုး မဖြစ်စေနဲ့ "

" စိတ်ချပါ ဆရာ "

ခေါင်းတစ်ချက်သာ ပြန်ညိတ်ပြလိုက်ပြီး ခပ်ဟောင်းဟောင်း ဂျစ်ကားအနက်တစ်စီးပေါ် တက်သွားသည့် မဟာထူးမြတ်ကိုကြည့်ကာ စိုးသိန်းခမျာ အခုမှ အသက်ဝဝရှူနိုင်သည်။ ရေခဲရိုက်ထားသလို အေးတိအေးစက်လေသံက အပြစ်မလုပ်ထားတဲ့သူကိုတောင် ကျောထဲစိမ့်သွားပြီး ကြက်သီးထစေသည်။

" အေးတိအေးစက်လေသံကြီးနဲ့ မျက်နှာကြီး မတင်းထားလဲ သူ့ကိုဘယ်သူက မလေးမစားလုပ်မှာ ကျနေတာပဲ "

ခေါင်းတစ်ခါခါနဲ့ ညည်းညူရင်း စိုးသိန်းမှာ မဟာထူးမြတ် လုပ်ခိုင်းသွားသည့် လုပ်ငန်းဆောင်တာတွေအတွက် တာဝန်ချစရာရှိတာတွေ ချပေးဖို့ပြင်ရသည်။

ခြံကျယ်ကျယ်ဖြစ်တာကြောင့် အိမ်ရှေ့ကနေ ခြံတံခါးဝအထိ ကားနဲ့ထွက်လာရင်း ခြံဝကို ရောက်လာသည့်အချိန် ခြံပြင်မှာရပ်ထားသည့် ကားတစ်စီးရှိနေသည်။ ခဏအကြာ ကားထဲကနေ ထွက်လာကာ ပျာပျာသလဲနဲ့ လွယ်အိတ်လွယ်ပြီး ခြံထဲကို ဝင်လာသည့် လူငယ်တစ်ယောက်ကို မဟာထူးမြတ် တွေ့လိုက်ရသည်။

မဟာထူးမြတ်စီးလာသည့် ဂျစ်ကားက ခြံထဲကအထွက် ထိုကောင်လေးက ခြံထဲကို ပြေးအဝင်နဲ့ ဘေးချင်းကပ်ဖြစ်သည်။ မဟာထူးမြတ်ကသာ စိုက်ကြည့်နေပေမယ့် ကောင်ငယ်လေးကတော့ မြင်မယ့်ပုံမပေါ်။ ဒေါ်ရည်မွန်ပြောသည့် သူမရဲ့ သားငယ်သာ ဖြစ်နိုင်ကြောင်း မဟာထူးမြတ်တစ်ယောက် တပ်အပ်တွေးလိုက်မိသည်။

ဖခင်တစ်ယောက်လုံး ပျောက်နေသည့်အတွက် သားတစ်ယောက်အနေနဲ့ ဘယ်လိုပူဆွေးနေမလဲ မဟာထူးမြတ် မခံစားတတ်။ စုံစမ်းရေးမှူး လုပ်လာတဲ့တစ်လျှောက် ဒီလို လူပျောက်မှုတွေ ပေါင်းစုံနဲ့ ကြုံတွေ့ဖူးသည်။ သိုပေမယ့် ဒီလို မိသားစုတွေ ပူဆွေးနေတာတွေ မြင်နေရတဲ့ မြင်ကွင်းတွေ ခံစားမှုတွေကတော့ အသက် သုံးဆယ့်သုံးနှစ်အရွယ် မဟာထူးမြတ် အတွက် မဆန်းတော့တာထက် မည်သို့မျှ မခံစားရတာ သေချာသည်။ အမှုတစ်ခုကို ကြိုးစားပမ်းစား စုံစမ်းစစ်ဆေးပေးတာကလွဲရင် မဟာထူးမြတ်အတွက် ဘယ်အရာမှ အရေးမပါတာတွေချည်း။

___________

ရေစက်လေးနှစ်ခုရဲ့ အမှတ်မထင် တွေ့ဆုံခြင်း ... ရေစက်လေး တစ်ခုက တစ်ဖက်သတ်ဆိုပေမယ့် နောက်ထပ်ရေစက်လေးကတော့ အမှုမဲ့အမှတ်မဲ့ ...

To be continue ...

3rd August,2020(Mon)
WhiteAster089

Comment