Part 25

[Zawgyi]

ေနပူႀကဲႀကဲ စစ္ေရးျပကြင္းထဲမွာ အေနွးေလွ်ာက္ အျမန္ေလွ်ာက္ျဖင့္ လင္းေသြးတို႔ သရုပ္ျပေလ့က်င့္ရသည္။ အခ်ိန္ရာသီစက္ဝန္းအရ မိုးရာသီကို ေရာက္ေနေပမယ့္ မိုးမ႐ြာေသးပဲ ႀကဲႀကဲေတာက္ေနေအာင္ ေနပူသည့္အခ်ိန္ေတြမွာ ေခြၽးဒီးဒီးက်ေအာင္ မနားတမ္းေလ့က်င့္ရသည္။ သင္တန္းကာလက ကုန္ဆံုးခါနီးၿပီမလို႔ သင္တန္းဆင္းပြဲအတြက္ ၾကပ္ၾကပ္မတ္မတ္ေလ့က်င့္ရင္း ျပင္ဆင္ရသည္။ လင္းေသြးကေတာ့ မဟာ့ကို ကတိေပးထားသည့္အတိုင္း စစ္ေၾကာင္းမွဴးအျဖစ္ စစ္ေရးျပေလွ်ာက္ခြင့္ရေအာင္ အဆင့္ ၁ ေနရာကို အၿမဲႀကိဳးစားခဲ့ရသည္။ စစ္ေၾကာင္းမွဴးက လင္းေသြးျဖစ္ၿပီး ခြဲမွဴးကေတာ့ ေဇယ်ာခန္႔ျဖစ္သည္။

'ေျခေထာက္ေတြ ေတာင့္ေနၿပီလား လင္းေသြးျမတ္'

'ေအး ေျခေထာက္က ေတာင့္ေနတာထက္ နာေနတာ ေဟ့ေကာင္ေရ . တကယ္ ခက္လိုက္တာ . လမ္းေလွ်ာက္ေတာ့လဲ ေျခေထာက္ကို ေတာင့္ၿပီး ခါးမတ္ထားရတာ ေနာက္လန္တဲ့အထိပဲ'

'ေက်ာင္းဆင္းေတာ့မွာပဲကြာ . နည္းနည္းေတာ့သည္းခံဦး'

စစ္ေရးျပလမ္းေလွ်ာက္ရင္း အနားယူေနတုန္း ေဘးနားမွာ လာကပ္ထိုင္ကာ စကားေျပာေနသည့္ ေဇယ်ာခန္႔ကို လင္းေသြးက ျပန္မေျပာေတာ့ပဲ ယူနီေဖာင္းရဲ႕ေအာက္က ဒူးေနရာမွာ ပတ္ပတ္လည္ ကပ္ခ်ည္ထားသည့္ ဝါးျပားေတြကိုသာ လက္နဲ႔ ေခါက္ေနလိုက္သည္။ ဒူးအေကြးမွာ အရိုးက်ိဳးရင္ တုတ္နဲ႔ေထာက္သလိုေထာက္ထားတာေၾကာင့္ ဒူးကေကြးလို႔လဲမရ။ မတ္တပ္ရပ္ေတာ့လဲ ဝါးေတြက ေထာက္ေနတာေၾကာင့္ အသားနာရသည္။ ေက်ာင္းဆင္းပြဲေန႔က်ရင္သာ ဦးမဟာျမင္ရင္ သူႀကိဳးစားေနတယ္ဆိုတာေတြ သိရေအာင္ လင္းေသြးက အေကာင္းဆံုးႀကိဳးစားေနတာျဖစ္သည္။

'ေဟ့ေကာင္ ေဇယ်ာခန္႔ . ငါ့ကို ေရတိုက္ဦးကြာ'

'ေရာ႕'

ေသာက္လက္စကို ကမ္းေပးလာသည့္ ေဇယ်ာခန္႔လက္ထဲက ေရဘူးကို လင္းေသြးလဲ ႐ြံရွာမေနပဲ ေမာေနတာေၾကာင့္ တစ္ခါတည္းေမာ့ေသာက္လိုက္သည္။ ကြင္းျပင္ထဲမွာမလို႔ သစ္ရိပ္ဝါးရိပ္မရွိတာေၾကာင့္ နားခ်ိန္ဆိုေနပူထဲသာ ေျခပစ္လက္ပစ္ထိုင္ရသည္။ ယူနီေဖာင္းအျပည့္အစံုလဲ ဝတ္ထားရသည္မလို႔ ပူတာေၾကာင့္ နဖူးစပ္မွာ ေခြၽးေတြသီးေနသည္။

႐ႊီးးးးးး ...

နားခ်ိန္ဆယ္မိနစ္ျပည့္သည္နွင့္ အခ်က္ျပခရာက စစ္ေရးျပကြင္းျပင္ထဲ စူးေနေအာင္ၾကားလိုက္ရသည္။ လင္းေသြးက ကြင္းျပင္ေပၚ ေျခဆင္းၿပီး ေျခပစ္လိုက္ပစ္ထိုင္ထားတာေၾကာင့္ ဒူးမွာဝါးျပားေတြလဲ ခံထားတာမလို႔ ရုတ္တရက္ လြယ္လြယ္ကူကူလဲ ထလို႔မရ။ ယက္ကန္ယက္ကန္နဲ႔ ေျမျပင္ေပၚ လွည့္ၿပီးကုန္းထေတာ့လဲ ေမွာက္ရက္သာျဖစ္သြားၿပီး ဒူးကေကြးမရတာမလို႔ မတ္တပ္ရပ္လို႔ မရပဲျဖစ္ေနသည္။

'စိတ္မရွည္ေတာ့ဘူး . ေဇယ်ာခန္႔ ငါ့ကို လာကူဦး'

'ကြၽတ္ ! လာလာ . ထိုင္တုန္းက မင္းဘယ္လိုထိုင္ခ်လိုက္တာတုန္း'

'ေအး ေမာပန္းေနတာ ဘယ္လိုထိုင္ခ်လိုက္မွန္းေတာင္ မသိဘူး . မင္းေတာင္ ထလို႔ရတာ . ငါကဘာလို႔ထလို႔မရတာလဲ . လုပ္ပါ ထူပါဦးဟ . စကားမ်ားလိုက္တာ'

'ထပါဟ . ငါလဲ ထူေနတာပဲ'

ေျမျပင္ေပၚမွာ တစ္ေယာက္ထဲထေနတုန္းက ေမွာက္ရက္ျဖစ္သြားတဲ့ လင္းေသြးက ပက္လက္ျပန္လွန္လိုက္ၿပီး ထထိုင္လိုက္သည္။ ဒူးကေကြးမရတာေၾကာင့္ ေျခေထာက္ကေတာ့ ေျမျပင္ေပၚဆင္းထားရတုန္းျဖစ္သည္။ မတ္တပ္ရပ္ၿပီးတဲ့ ေဇယ်ာခန္႔ကလဲ လင္းေသြးကိုသာ ဆြဲထူေနရေပမယ့္ သူလဲ ဒူးမွာဝါးေတြေထာက္ထားရတာေၾကာင့္ ဒူးေကြးလို႔မရပဲ ခါးကိုင္းကာ လက္လွမ္းၿပီးထူေနရသည္။ နွစ္ေယာက္သားက ဒူးေကြးလို႔မရပဲ အေတာင့္သားနဲ႔ ထိုင္မရထမရျဖစ္ေနတာ နႈတ္ခမ္းပဲ့ခ်င္း မီးမႈတ္ေနသလို ျဖစ္ေနသည္။

'အာ သင္တန္းမွဴးက ဆဲေတာ့မယ္ . က်န္တဲ့ေကာင္ေတြက ကြင္းထဲတန္းေတာင္ စီေနၿပီ . ငါတို႔နွစ္ေကာင္ပဲ က်န္ေတာ့တာဟ . ျမန္ျမန္ထ ေခြးရဲ႕'

'ထေနတာပဲေလ လိ့တဲ့မွပဲ . ေျခေထာက္က ေတာင့္ခဲေနတာ အက်င့္ပါၿပီး ဒူးေကြးမိတိုင္း ေထာက္မိလို႔ နာေနၿပီ . one two three ေအာ္မယ္ . အားနဲ႔တစ္ခ်က္ထဲ ဆြဲထူ'

'ၿပီးေရာကြာ . ထ'

'One . two . Three ... အားးးး'

ျဖစ္ပံုကေတာ့ လင္းေသြးမွာ နံပါတ္စဥ္ေရၿပီး အားနဲ႔အထ ေဇယ်ာခန္႔မွာလဲ အေပၚကေန မတ္တပ္ရပ္ရင္းနဲ႔ ခါးကိုင္းကာ လင္းေသြးကို ဆြဲရတာမလို႔ အားပါၿပီး ေဇယ်ာခန္႔ကပါ ပက္လက္ျပဳတ္က်ကာ လင္းေသြးက အေပၚကေန ျပဳတ္က်လာသည္။ တစ္ျခားသင္တန္းသားေတြက တန္းစီဖို႔သြားၾကၿပီမလို႔ လူရွင္းေနတဲ့ ကြင္းျပင္မွာ နွစ္ေယာက္သား ထမရပဲ ထပ္ရပ္နဲ႔ ယက္ကန္ယက္ကန္ျဖစ္ေနသည္။

'လင္းေသြး ဖယ္ဦးဟ . ဘာေတြစားထားလို႔လဲ . လိ့လိုပဲ ေလးလိုက္တာ'

'ထရေအာင္ ဒူးက ေကြးမရဘူး ေခြးေလးရ'

'အဲ့ဒါဆို ေဘးကိုလွိမ့္ခ်ကြာ'

'အဲ့တာဘာျဖစ္ေနၾကတာလဲ !!!'

နွစ္ေယာက္သား ထပ္ရပ္ႀကီးျဖစ္ကာ တြတ္ထိုးေနတုန္း ေနာက္ကေန ခပ္မာမာ ေအာ္သံက ရွင္းရွင္းလင္းလင္းထြက္လာသည္။ လင္းေသြး ရင္းရင္းနွီးနွီးသိေနတဲ့အသံျဖစ္ေပမယ့္ သင္တန္းကို ေရာက္ေနစရာအေၾကာင္းမရွိတာေၾကာင့္ နားၾကားမွားေနတယ္လို႔သာ ထင္လိုက္သည္။ ထိုင္မရထမရနဲ႔ လေအာ့လအယ္ေတြ ျဖစ္ေနတာေတာင္ ေၾကာင္ေတာင္ေတာင္နဲ႔ လင္းေသြးက ကိုယ္တစ္ဖက္သက္ခ်စ္ရသူ ဦးမဟာထူးျမတ္ရဲ႕ အသံကို ၾကားေယာင္ေနေသးသည္တဲ့ေလ။ ဘာျဖစ္မွန္းမသိေပမယ့္ လင္းေသြးရဲ႕ ေအာက္က ေဇယ်ာခန္႔ကေတာ့ လင္းေသြးရဲ႕ အေနာက္ကို လွမ္းၾကည့္ၿပီး လန္႔ေနသည့္ပံု။

'မထေသးပဲ ဘာလုပ္ေနတာလဲ !'

'ဟမ္ . ဦးမဟာ ~ တကယ္ပဲ ဦးမဟာလား !'

'လူျမင္ကြင္းမွာ အဲ့တာ ဘာျဖစ္ေနတာလဲ'

'ေနာက္မွဆူပါဗ်ာ . လာထူပါဦး . ေျခေထာက္က ဝါးနဲ႔ေထာက္ထားေတာ့ ဒူးေကြးမရဘူး . ထလို႔လဲ မရဘူး ေနာက္မွဆူေတာ့'

လင္းေသြးေျပာလိုက္ေတာ့မွ အနားကို ခပ္သြက္သြက္ေျပးလာတဲ့ေျခသံကို ၾကားရၿပီး လင္းေသြးရဲ႕ ပုခံုးနွစ္ဖက္ကေန မ ကာ အားနဲ႔ဆြဲထူတာ ခံလိုက္ရသည္။ ေဇယ်ာခန္႔ကိုလည္း ေနာက္မွာပါလာတဲ့ သင္တန္းမွဴးက လာဆြဲထူေတာ့ အစကတည္းက ဒီလိုျဖစ္မယ္ဆိုတာသိရင္ ေဘးနားကို ေအာ္ေခၚၿပီး ကူခိုင္းဖို႔ေကာင္းတယ္လို႔ေတာင္ လင္းေသြး ေတြးမိေသးသည္။

'နာလိုက္တာဗ်ာ . ဒူးမွာ ဝါးေတြခ်ည္ထားေတာ့ ေပါင္ကိုေရာ ေျခသလံုးကိုေရာ ထိပ္ေတြက လာေထာက္ေနတာ နာေနၿပီ'

'သိတယ္'

ခပ္တည္တည္နဲ႔ စကားကို တိုတိုတုတ္တုတ္သာေျပာလိုက္တဲ့ မဟာေၾကာင့္ လင္းေသြးမွာ ဇက္ပုကာ ပါးစပ္ပိတ္သြားရသည္။ ေဇယ်ာခန္႔ကေတာ့ ဘယ္အခ်ိန္လစ္ထြက္သြားမွန္းေတာင္မသိလိုက္။ လင္းေသြးလွည့္ၾကည့္ေတာ့ အနားမွာမရွိေတာ့ပဲ တပ္စု(၁) ရဲ႕ ေရွ႕မွာေတာင္ အသင့္ျဖစ္ေနၿပီျဖစ္သည္။

'မဟာထူးျမတ္ေရ . အဲ့တာဆို ငါသြားဦးမယ္ . မင္းသာ ၾကည့္ထိန္းထားေပးေတာ့ . စိတ္ခ်မယ္ေနာ္'

'ဟုတ္ကဲ့ ဆရာ . ေလးစားပါတယ္'

သင္တန္းမွဴးကို မဟာက အေလးျပဳရင္း နႈတ္ဆက္လိုက္ေတာ့ သင္တန္းမွဴးကလဲ အသိအမွတ္ျပဳကာ စစ္ေရးျပကြင္းရဲ႕ အျပင္ဘက္ကို လွည့္ထြက္သြားသည္။ လင္းေသြးဘက္ကို ျပန္လွည့္ၾကည့္လာတဲ့ မဟာက လင္းေသြးကို ေခါင္းအစေျခအဆံုးစိုက္ၾကည့္သည္။ ယူနီေဖာင္းမဝတ္ထားပဲ အျပင္အဝတ္အစားဝတ္ထားတဲ့ မဟာက လင္းေသြးမ်က္လံုးထဲမွာေတာ့ တစ္မ်ိဳးၾကည့္ေကာင္းေနသည္။ အိမ္မွာတူတူေနတုန္းကလဲ ျမင္ေနက်ျဖစ္ေပမယ့္ အခုလိုျမင္လိုက္ရေတာ့လဲ မဟာက တစ္မ်ိဳးၾကည့္ေကာင္းေနသည္။ ရွပ္အက်ႌလက္ရွည္မိုးျပာေရာင္ကို တံေတာင္ဆစ္ထိေခါက္တင္ထားတာ စတိုင္လ္ပန္အနက္နဲ႔ တြဲဝတ္ထားတဲ့ ဦးမဟာက အရပ္ရွည္တာေၾကာင့္ လင္းေသြးမ်က္လံုးထဲ လံုးဝကို စမတ္ျဖစ္ေနသည္။ ဘယ္သူေတြဘာပဲေျပာေျပာ လင္းေသြးရဲ႕ ဦးမဟာက အခန္႔ဆံုး။

'ဒီကိုကိစၥရွိလို႔လား ဦးမဟာ'

'အင္း သင္တန္းမွဴးက ေက်ာင္းအုပ္ႀကီးနဲ႔ အျပင္အလုပ္ကိစၥရွိေနလို႔တဲ့ . အဲ့တာ ဒီေန႔စစ္ေရးျပအတြက္ ယာယီသင္တန္းမွဴးလာလုပ္ေပးတာ'

'ဝါးးးး ဦးမဟာက ထရိန္းေပးမွာေပါ့ . မိုက္တယ္ မိုက္တယ္'

ကေလးေတြလို လက္ခုပ္လက္ဝါးတီးကာ ေပ်ာ္ေနတဲ့ လင္းေသြးကိုၾကည့္ၿပီး မဟာၿပံဳးလိုက္မိသည္။ မဟာ့ေလာက္နီးနီးရွည္လာတဲ့အရပ္နဲ႔ စစ္ေၾကာင္းမွဴးယူနီေဖာင္း အျပည့္အစံုဝတ္ထားတဲ့ လင္းေသြးျမတ္က ကေလးတစ္ေယာက္ပံုစံေတာ့မဟုတ္ေပမယ့္ မဟာ့မ်က္လံုးထဲမွာေတာ့ ၿပံဳးရယ္ေနတဲ့ လင္းေသြးက ကေလးလိုပင္။

'သြားေတာ့ တန္းစီေတာ့ . စမယ္'

'အြန္း ... အရမ္းမေမာင္းနဲ႔ေနာ္ ဦးမဟာ . တကယ္ကို ကြၽန္ေတာ္ ေပါင္ေတြနာေနၿပီ . ဒီေထာက္ထားတဲ့ ဝါးတုတ္ေတြက ေတာ္ေတာ္နာတာ'

'နာလဲသည္းခံ . ေလ့က်င့္တာကေတာ့ ေလ့က်င့္ရမွာပဲ . စည္းကမ္းက စည္းကမ္းပဲ . သြား တန္းစီေတာ့ . စစ္ေၾကာင္းမွဴးက ေနာက္က်ေနတယ္'

အသံပါဝါအျပည့္နဲ႔ အမိန္႔ေပးလိုက္တဲ့ မဟာထူးျမတ္ရဲ႕ အသံေၾကာင့္ လင္းေသြးလဲ နာေနတဲ့ ေျခေထာက္ကိုထိန္းရင္း စစ္ေၾကာင္းေရွ႕က အလံတိုင္အဖြဲ႕ရဲ႕ အေရွ႕ဆံုးမွာ သြားၿပီးအသင့္ျပင္ရကာ ခါးမွာထိုးထားတဲ့ဓားရွည္ကိုေတာ့ လက္တစ္ဖက္က ထိန္းထားလိုက္သည္။

'အေနွးေလွ်ာက္ အျမန္ေလွ်ာက္ျဖင့္ သရုပ္ျပရန္ ခြင့္ျပဳပါ'

ရင္ေခါင္းထဲက ထြက္လာတဲ့အသံကို အားျပဳရင္း လင္းေသြးက ေအာ္ေတာ့ မဟာကလဲ ေရွ႕ဆံုးက စင္အျမင့္ေလးေပၚကေန ရပ္ေနရင္း ေခါင္းညိမ့္ျပသည္။ တကယ္ကို ေနပူႀကဲေတာက္ေနတဲ့ၾကားကေန မဟာက ၾကာၾကာအနားမေပးပဲ ထရိန္နင္ေပးသည္။ မွားၿပီဆိုတာနဲ႔ အရင္ဆံုးအေထာင္းခံရတာက ေရွ႕ဆံုးက စစ္ေၾကာင္းမွဴး လင္းေသြးပင္။ နည္းနည္းေလးမွ အေလ်ာ့မေပးပဲ တင္းၾကပ္သည္အထိ ဦးမဟာက အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကို ခြဲျခားသည္။ လင္းေသြးကလဲ ဦးမဟာအေၾကာင္းနဲ႔ ဦးမဟာရဲ႕ ေစတနာကို သိေနတာမလို႔ ထရိန္နင္ေပးသည့္အတိုင္းလိုက္နာသည္။ မွားလို႔ေအာ္လဲ နည္းနည္းေလးမွမေက်နပ္ေၾကာင္းမျပမိ။ အေနွး အျမန္လမ္းေလွ်ာက္ေနရင္း စစ္ေရးျပကြင္းကို အတန္းလိုက္တန္းစီၿပီး ေကြ႕တဲ့အခါမွာ သင္တန္းသားေတြ ဘယ္ညာလြဲသြားတတ္သည္မလို႔ မဟာထူးျမတ္ကလဲ တစ္တန္းခ်င္းေသခ်ာလိုက္သင္ေပးသည္။ ထိုေန႔ကေတာ့ သင္တန္းမွဴးေျပာင္းသြားလို႔ သက္သာမယ္လို႔ ထင္ထားခဲ့တဲ့ သင္တန္းသားေတြ ညေနတန္းျဖဳတ္ခ်ိန္မွာေတာ့ မဟာ့ရဲ႕ ထရိန္နင္ေပးနိုင္စြမ္းကို ဆလံသသြားေတာ့သည္။

'မနက္ျဖန္နဲ႔ သန္ဘက္ခါက စေန တနဂၤေႏြ နားရက္ေပမယ့္ မနက္အေစာပိုင္းကေတာ့ PT ေျပးရမယ္ . မရွင္းတာရွိေသးလား'

'မရွိပါဘူး !!!'

စစ္ေရးျပကြင္းမွာ တန္းျဖဳတ္ၿပီး အေဆာင္ေရွ႕မွာ တန္းစစ္ေတာ့ မဟာက မွာစရာရွိတာမွာၿပီးတာနဲ႔ သင္တန္းသားေတြက ကိုယ့္အခန္းကိုယ္ျပန္ကာ နားရသည္။ လင္းေသြးကေတာ့ အခန္းမျပန္ေသးပဲ မဟာ့အနားကို ေျပးကပ္ေတာ့သည္။ တနလၤာေန႔ထိ မဟာက ထရိန္နင္ေပးမယ္ဆိုတာ လင္းေသြးသိထားၿပီးတာမလို႔ အခ်ိန္ရရင္ရသလို ထံုစံအတိုင္း မဟာ့အနား ကပ္ေတာ့သည္။

'ကိုစိုးသိန္းေရာ မပါဘူးလား ဦးမဟာ'

'စခန္းမွာ ထားခဲ့တယ္ . လိုက္လာလဲ သူ႔အလုပ္မွမရွိတာ'

'ေအာ္ . မသိဘူးေလ . အၿမဲတြဲေတြ႕ေနရေတာ့ ပါမယ္ထင္လို႔ေပါ့ ခင္ဗ်ားကလဲ'

'မပါဘူး . သြား ေရခ်ိဳး . အဝတ္အစားလဲၿပီး နားေတာ့ . ထမင္းစားေခၚရင္ သြားစားၿပီး ေစာေစာနား . ဒီည study မရွိဘူးမလား'

'မရွိဘူး . ၿပီးေတာ့ ဒီည ကြၽန္ေတာ္ တာဝန္မွဴးရွိတယ္'

'ေအးေအး အဲ့တာဆို တာဝန္ခ်ိန္မေရာက္ခင္ နားေတာ့ . သြားၿပီ'

လင္းေသြးျပန္ေျပာခ်ိန္ပင္မရပဲ မဟာက မ်က္နွာခ်င္းဆိုင္မွာရွိတဲ့ နားေနေဆာင္ဘက္ကို လွည့္ထြက္သြားသည္။ မ်က္စိေရွ႕ကေန မဟာေပ်ာက္သြားေတာ့ လင္းေသြးလဲ ပင္ပန္းေနၿပီမလို႔ အေဆာင္ဘက္ကိုသာ လွည့္ျပန္ရေတာ့သည္။ ယူနီေဖာင္းေတြခြၽတ္ၿပီး ဒူးပတ္ပတ္လည္နွစ္ဖက္လံုးမွာ ေထာက္ထားရတဲ့ ဝါးျပားေတြကိုဖယ္ေတာ့ ေျခေထာင္မွာ ဝါးရာေတြအစင္းလိုက္အရာေတြ ထင္ေနသည္။ မတ္တပ္ရပ္ၿပီး တစ္ေနကုန္လမ္းေလွ်ာက္ထားရတာေၾကာင့္ ဝါးရဲ႕ထိပ္ဖက္အခြၽန္ေတြ ေထာက္မိထားတဲ့ ေပါင္နဲ႔ ေျခသလံုးေတြမွာပါ ေသြးစို႔ေနသည္။ ေနာက္လဲ ျဖစ္ဦးမွာမလို႔ လင္းေသြးလဲ ဂရုစိုက္မေနေတာ့ပဲ အဝတ္အစားေတြ သပ္သပ္ရပ္ရပ္ျပန္ေခါက္ၿပီး ေရခ်ိဳးဖို႔လုပ္ရေတာ့သည္။

ညေနစာစားၿပီးက်ေတာ့ သင္တန္းသားေတြ အကုန္အေဆာင္ျပန္ကာ အနားယူခ်ိန္ရသည္။ တစ္ေနကုန္ မနားတမ္း အေမာင္းခံထားရတာေၾကာင့္ သင္တန္းသားေတြ အကုန္လံုးနီးပါး ေျခပစ္လက္ပစ္။ Study မရွိေပမယ့္ သီးသန္႔စာၾကည့္တဲ့သူကၾကည့္နဲ႔ ကိုယ့္အလုပ္ကိုယ္အသီးသီးလုပ္ၾကသည္။ လင္းေသြးကေတာ့ ၁၀ နာရီထိုးရင္ တာဝန္မွဴးဂ်ဴတီရွိတာေၾကာင့္ အိပ္ေရးမပ်က္ေအာင္ ေစာေစာဝင္အိပ္ရသည္။ ည ၁၀ နာရီထိုးတာနဲ႔ တန္းျဖဳတ္လာတဲ့ ဂ်ဴတီသမားက လင္းေသြးကို လာနွိုးတာမလို႔ လင္းေသြးလဲ ယူနီေဖာင္းအျပည့္အစံုျပန္လဲဝတ္ၿပီး အေဆာင္ေရွ႕က ဗဟိုကင္းတဲကို ဆင္းရသည္။ ကင္းတဲမွာ တာဝန္မွဴးလက္မွတ္ထိုးၿပီးတာနဲ႔ အေဆာင္ေရွ႕မွာ ကင္းေစာင့္သည္။ တြဲဘက္တာဝန္မွဴးကလဲ တစ္ဖက္က ကင္းတဲမွာကင္းေစာင့္ရတာမလို႔ လင္းေသြးရဲ႕ ကင္းတဲမွာေတာ့ လင္းေသြးတစ္ေယာက္တည္းရွိေနသည္။

ညအေမွာင္က တျဖည္းျဖည္းနက္လာတာနဲ႔အမွ် ပတ္ဝန္းက်င္ကလဲ တိတ္ဆိတ္လာသည္။ ဇီးပင္ႀကီးကလဲ သင္တန္းေက်ာင္းျဖစ္ေနရံုကလြဲလို႔ ေခါင္တဲ့ေနရာျဖစ္တာေၾကာင့္ ေဘးပတ္ဝန္းက်င္က ေတာသာသာ။ အေကာင္ငယ္ေလးေတြ ပုစဥ္းရင္ကြဲေလးေတြရဲ႕ ေအာ္သံကလြဲလို႔ တိတ္တိတ္လွသည္။ လင္းေသြးက ကင္းတဲမွာရပ္ေနတုန္း ကင္းတဲကေန မ်က္နွာခ်င္းဆိုင္က အရာရွိနားေနေဆာင္ဘက္ကို ေရာက္သြားေတာ့ လူတစ္ေယာက္က တရိပ္ရိပ္နဲ႔ လင္းေသြးဆီလာေနတာကို ေတြ႕ရသည္။ ညအေမွာင္ထဲမွာမလို႔ မသဲကြဲေသးေပမယ့္ ကင္းတဲမွာ မီးေတြထြန္းထားတာေၾကာင့္ လူရိပ္က နီးကပ္လာတာနဲ႔အမွ် သဲသဲကြဲကြဲျမင္ရလာသည္။

'ဦးမဟာ ~ မအိပ္ေသးဘူးလား'

'အင္း . အိပ္ရာေျပာင္းေတာ့ အိပ္မေပ်ာ္လို႔'

'အဲ့တာဆို မအိပ္နဲ႔ေတာ့ . ကြၽန္ေတာ္နဲ႔ စကားေျပာေပး ဦးမဟာ'

'ငါအိပ္ခ်င္ရင္ေတာ့ ျပန္အိပ္မွာေပါ့ဟ'

ထံုးစံအတိုင္း ေလသံမာမာနဲ႔ မဟာထူးျမတ္ရဲ႕ အသံကိုေတာ့ လင္းေသြး ရိုးရာမပ်က္ၾကားရသည္။ ကင္းတဲထဲမွာ ထိုင္ေနတဲ့ လင္းေသြးေဘးကို မဟာက ဝင္ထိုင္ေတာ့ လင္းေသြးက တစ္ဖက္ကို ကပ္ေပးလိုက္သည္။ မိုးရာသီျဖစ္တာေၾကာင့္ မိုးမ႐ြာေပမယ့္ တိုက္ခတ္လာတဲ့ေလက မိုးနံ႔ပါေနသည္။ ညခင္းေတာ့ ေလေအးေတြတိုက္ေနတာေၾကာင့္ မဟာက ဝတ္ေနက် ကုတ္အက်ႌရွည္ေလးတစ္ထည္ဝတ္ထားေသးသည္။

'ေျခေထာက္က ဘယ္လိုလဲ'

'ဟင္'

'ဒူးနားကေလ . ဝါးျပားေတြေၾကာင့္ နာေနတယ္မလား . အဆင္ေျပလား'

'ေအာ္ . နာေတာ့ နာတာေပါ့ . ဝါးျပားကိုခံၿပီး ေတာင့္ေတာင့္ႀကီး လမ္းေလွ်ာက္ရေတာ့ ပြန္းတာေတြလဲရွိတယ္ . ေထာက္မိတဲ့ေနရာကေတာ့ ေသြးနည္းနည္းစို႔သြားတယ္'

ယူနီေဖာင္းဝတ္ထားတာေၾကာင့္ မျမင္ရေပမယ့္ မဟာက လင္းေသြးရဲ႕ ဒူးေနရာကို ငံု႔ၾကည့္ေနတာေၾကာင့္ လင္းေသြး ထိုင္ေနတာေတာင္ ႀကံဳ႕သြားသည္။ ၿပီးေတာ့ ဝတ္ထားတဲ့ ကုတ္အက်ႌထဲက တစ္ခုခုကို နႈိက္ထုတ္ေနတဲ့ မဟာထူးျမတ္ကိုလဲ လင္းေသြးသတိထားမိသည္။ အိတ္ကပ္ထဲက လက္ျပန္ထုတ္ေတာ့ လက္ထဲမွာ ေဆးဘူးေလးတစ္ဘူး ပါလာသည္။ 

'ဖိနပ္ခြၽတ္လိုက္ . ေဘာင္းဘီက ဖိနပ္ထဲထည့္ဝတ္ထားရေတာ့ ... ေဆးလိမ္းေပးမလို႔'

'ဟမ္ . အင္း အင္း'

ေဆးဘူးကို ကိုင္ထားရင္း မဟာက ခပ္တည္တည္နဲ႔ ေျပာလာတာေၾကာင့္ လင္းေသြးက ေယာင္နနနဲ႔ ဖိနပ္ကို ဆြဲခြၽတ္လိုက္သည္။ ေျခအိတ္ပါခြၽတ္ဖို႔လုပ္ေတာ့ မဟာက ရတယ္ဆိုတဲ့ ပံုစံနဲ႔ ေခါင္းရမ္းျပရင္း ယူနီေဖာင္းေဘာင္းဘီကို ဒူးနားထိ လွန္တင္လိုက္သည္။ ပံုမွန္ဆို ယူနီေဖာင္းေတြက fitting မလို႔ ဒူးထိလွန္တင္ဖို႔က မျဖစ္နိုင္ေပမယ့္ ညပိုင္းဂ်ဴတီမလို႔ လင္းေသြးက ဌာနက ထုတ္ေပးထားသည့္ ရယ္ဒီမိတ္ယူနီေဖာင္းအပြကို ဝတ္ထားလို႔သာ အဆင္သင့္သြားသည္။

'ငါတို႔တုန္းကလဲ အဲ့လိုပဲ . ငါ့ေျခေထာက္ေတြဆို ျပတ္ရာရွရာနဲ႔ . မတူတာကေတာ့ အဲ့တုန္းက ေဆးလိမ္းေပးမယ့္သူမရွိတာပဲ . စိုးသိန္းကလဲ ငါ့ထက္ေနာက္က်ေတာ့ သင္တန္းမွာ ငါ့အတြက္ ငါပဲရွိတာ'

ေခါင္းငံု႔ကာ လင္းေသြးရဲ႕ ဒူးေတြနဲ႔ ျပတ္ရာရွရာေတြကို ေဆးလိမ္းေပးေနရင္း ေျပာလာတဲ့ မဟာ့ရဲ႕ စကားေတြေၾကာင့္ လင္းေသြးေတြးမိရင္း မ်က္ရည္ဝဲရသည္။ တကယ္ကို မဟာတို႔ ကိုစိုးသိန္းတို႔က ကိုယ့္အားကိုယ္ကိုးၿပီး ေနလာရတဲ့သူေတြ။

'မင္းကို ႀကိဳးစားေစခ်င္တယ္ လင္းေသြး . သန္မာေစခ်င္တယ္ . ေနာက္ဆံုး ဘယ္သူ႔ကိုမွ အားကိုးစရာမလိုပဲ သန္မာေစခ်င္တယ္'

'စိတ္ခ် ဦးမဟာ . ကြၽန္ေတာ္ႀကိဳးစားမွာပါ . ၿပီးေတာ့ ကြၽန္ေတာ္က ခင္ဗ်ားနားမွာ ေနေပးမယ္ . တစ္ေယာက္ထဲလို႔ မေတြးနဲ႔ေနာ္ . ကိုစိုးသိန္းလဲ ရွိတယ္ေလ'

'အင္း ႀကိဳးစားမယ္ဆိုတဲ့ စိတ္က စိတ္ထဲရွိေနရင္ ေကာင္းပါတယ္'

'ႀကိဳးစားမယ္ဆိုတာလဲ စိတ္ထဲရွိတယ္ . အၿမဲတမ္း စိတ္ထဲရွိေနတာတာ့ ခင္ဗ်ားေလ . အေျဖေပးေတာ့ဗ်ာ . နွစ္ေတြအၾကာႀကီးခ်စ္လာတာ ခင္ဗ်ားက မယံုေသးဘူးလား . ကြၽန္ေတာ္ေျပာဖူးသလို ခင္ဗ်ားကို ခ်စ္မယ့္သူက ကြၽန္ေတာ္ပဲရွိေတာ့တာေနာ္'

'ေတာ္ပါ လင္းေသြးရာ . ငါ့ဘာသာမလိုခ်င္လို႔ . လိုခ်င္ရင္ ႀကိဳက္တဲ့မိန္းမေခါင္းေခါက္ယူလို႔ရတယ္'

'ခင္ဗ်ားက မိန္းမယူဦးမလို႔လား . ကြၽန္ေတာ္ရွိေနတာကို ဘယ္မိန္းမ ယူဦးမလို႔လဲ'

မေက်မနပ္အသံေလး ထြက္လာသည့္ လင္းေသြးေၾကာင့္ မဟာ ေဆးလိမ္းေပးေနရင္းကေန ၿပံဳးလိုက္သည္။ ေဆးလိမ္းၿပီးေတာ့ ေဆးဘူးေလးကို အသာပိတ္ရင္း လင္းေသြးကို ေမာ့ၾကည့္ေတာ့ ဆူပုပ္ကာ မဟာ့ကို ၾကည့္ေနတုန္း။ ရင့္က်က္တယ္လို႔ ေတြးမိတိုင္း လင္းေသြးကေတာ့ျဖင့္ မဟာ့အေပၚကိုေတာ့ ကေလးဆန္ျပေနတုန္း။

'အခ်ိန္တန္ရင္ သိရမယ္လို႔လဲ ငါေျပာဖူးတယ္ေလ'

'နွစ္ခ်ီေနတာ အခ်ိန္တန္သင့္ေနပါၿပီ'

'စကားမမ်ားနဲ႔ ငါအိပ္ခ်င္ေနၿပီ . ဂ်ဴတီေသခ်ာေစာင့္ မငိုက္နဲ႔ . ဗိုက္ဆာရင္ အေဆာင္ထဲက မုန္႔တစ္ခုခုျပန္ယူၿပီးစား'

'အြန္း အြန္း . ခင္ဗ်ားက တကယ္ယုတ္မာတာ'

လင္းေသြးကို မဟာက ဘာမွျပန္မေျဖေတာ့ပဲ ကင္းတဲထဲက ထြက္ေတာ့ လင္းေသြးကလဲ ဖိနပ္ျပန္စီးၿပီး ေနာက္ကလိုက္လာသည္။

'ဦးမဟာ'

'အင္း ဘာလဲေျပာ'

'Good night kiss ... မြ ~'

အၿမဲလိုလိုနမ္းေနက်ျဖစ္တဲ့ မဟာ့ရဲ႕ ညာဘက္နားထင္က မွည့္နက္ေလးကို လင္းေသြးဖိနမ္းလိုက္သည္။ မဟာနဲ႔ လင္းေသြးရဲ႕ အရပ္အေမာင္းက တန္းတူနီးပါးျဖစ္ေနၿပီမလို႔ အရင္လိုေမာ့နမ္းစရာေတာင္မလိုေတာ့။ နမ္းရာကေနခြာလိုက္ေတာ့ မဟာက ဘာမွမေျပာပဲ လင္းေသြးကို ေက်ာခိုင္းကာ အေဆာင္ဘက္ကို ခပ္သုတ္သုတ္ထြက္သြားသည္။ လင္းေသြးကေတာ့ မနမ္းတာၾကာၿပီး အျမတ္တနိုးျဖစ္ရတဲ့ေနရာေလးကို နမ္းလိုက္ရတာေၾကာင့္ ရင္ခုန္ေနရင္းသာ ရပ္ေနရာမွာပဲ က်န္ခဲ့ေတာ့သည္။ တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္မွာေတာ့ လင္းေသြးရဲ႕ ရင္ခုန္သံကပဲ ႀကီးစိုးေနခဲ့ပါသည္။ လင္းေသြးရဲ႕ ရင္ခုန္သံတင္ပဲလားဆိုရင္ေတာ့မဟုတ္။ အေဆာင္ျပန္ရင္းလမ္းမွာ နႈတ္ခမ္းေတြကို ေကာ့တက္ေနေအာင္ ၿပံဳးေနသည့္ လူပ်ိဳသိုးႀကီးတစ္ေယာက္ရဲ႕ ရင္ခုန္သံလဲ ရွိေနျပန္ပါေသးသည္။

__________

To be continue ...

6th October,2020(Tue)
WhiteAster089

[Unicode]

နေပူကြဲကြဲ စစ်ရေးပြကွင်းထဲမှာ အနှေးလျှောက် အမြန်လျှောက်ဖြင့် လင်းသွေးတို့ သရုပ်ပြလေ့ကျင့်ရသည်။ အချိန်ရာသီစက်ဝန်းအရ မိုးရာသီကို ရောက်နေပေမယ့် မိုးမရွာသေးပဲ ကြဲကြဲတောက်နေအောင် နေပူသည့်အချိန်တွေမှာ ချွေးဒီးဒီးကျအောင် မနားတမ်းလေ့ကျင့်ရသည်။ သင်တန်းကာလက ကုန်ဆုံးခါနီးပြီမလို့ သင်တန်းဆင်းပွဲအတွက် ကြပ်ကြပ်မတ်မတ်လေ့ကျင့်ရင်း ပြင်ဆင်ရသည်။ လင်းသွေးကတော့ မဟာ့ကို ကတိပေးထားသည့်အတိုင်း စစ်ကြောင်းမှူးအဖြစ် စစ်ရေးပြလျှောက်ခွင့်ရအောင် အဆင့် ၁ နေရာကို အမြဲကြိုးစားခဲ့ရသည်။ စစ်ကြောင်းမှူးက လင်းသွေးဖြစ်ပြီး ခွဲမှူးကတော့ ဇေယျာခန့်ဖြစ်သည်။

'ခြေထောက်တွေ တောင့်နေပြီလား လင်းသွေးမြတ်'

'အေး ခြေထောက်က တောင့်နေတာထက် နာနေတာ ဟေ့ကောင်ရေ . တကယ် ခက်လိုက်တာ . လမ်းလျှောက်တော့လဲ ခြေထောက်ကို တောင့်ပြီး ခါးမတ်ထားရတာ နောက်လန်တဲ့အထိပဲ'

'ကျောင်းဆင်းတော့မှာပဲကွာ . နည်းနည်းတော့သည်းခံဦး'

စစ်ရေးပြလမ်းလျှောက်ရင်း အနားယူနေတုန်း ဘေးနားမှာ လာကပ်ထိုင်ကာ စကားပြောနေသည့် ဇေယျာခန့်ကို လင်းသွေးက ပြန်မပြောတော့ပဲ ယူနီဖောင်းရဲ့အောက်က ဒူးနေရာမှာ ပတ်ပတ်လည် ကပ်ချည်ထားသည့် ဝါးပြားတွေကိုသာ လက်နဲ့ ခေါက်နေလိုက်သည်။ ဒူးအကွေးမှာ အရိုးကျိုးရင် တုတ်နဲ့ထောက်သလိုထောက်ထားတာကြောင့် ဒူးကကွေးလို့လဲမရ။ မတ်တပ်ရပ်တော့လဲ ဝါးတွေက ထောက်နေတာကြောင့် အသားနာရသည်။ ကျောင်းဆင်းပွဲနေ့ကျရင်သာ ဦးမဟာမြင်ရင် သူကြိုးစားနေတယ်ဆိုတာတွေ သိရအောင် လင်းသွေးက အကောင်းဆုံးကြိုးစားနေတာဖြစ်သည်။

'ဟေ့ကောင် ဇေယျာခန့် . ငါ့ကို ရေတိုက်ဦးကွာ'

'ရော့'

သောက်လက်စကို ကမ်းပေးလာသည့် ဇေယျာခန့်လက်ထဲက ရေဘူးကို လင်းသွေးလဲ ရွံရှာမနေပဲ မောနေတာကြောင့် တစ်ခါတည်းမော့သောက်လိုက်သည်။ ကွင်းပြင်ထဲမှာမလို့ သစ်ရိပ်ဝါးရိပ်မရှိတာကြောင့် နားချိန်ဆိုနေပူထဲသာ ခြေပစ်လက်ပစ်ထိုင်ရသည်။ ယူနီဖောင်းအပြည့်အစုံလဲ ဝတ်ထားရသည်မလို့ ပူတာကြောင့် နဖူးစပ်မှာ ချွေးတွေသီးနေသည်။

ရွှီးးးးးး ...

နားချိန်ဆယ်မိနစ်ပြည့်သည်နှင့် အချက်ပြခရာက စစ်ရေးပြကွင်းပြင်ထဲ စူးနေအောင်ကြားလိုက်ရသည်။ လင်းသွေးက ကွင်းပြင်ပေါ် ခြေဆင်းပြီး ခြေပစ်လိုက်ပစ်ထိုင်ထားတာကြောင့် ဒူးမှာဝါးပြားတွေလဲ ခံထားတာမလို့ ရုတ်တရက် လွယ်လွယ်ကူကူလဲ ထလို့မရ။ ယက်ကန်ယက်ကန်နဲ့ မြေပြင်ပေါ် လှည့်ပြီးကုန်းထတော့လဲ မှောက်ရက်သာဖြစ်သွားပြီး ဒူးကကွေးမရတာမလို့ မတ်တပ်ရပ်လို့ မရပဲဖြစ်နေသည်။

'စိတ်မရှည်တော့ဘူး . ဇေယျာခန့် ငါ့ကို လာကူဦး'

'ကျွတ် ! လာလာ . ထိုင်တုန်းက မင်းဘယ်လိုထိုင်ချလိုက်တာတုန်း'

'အေး မောပန်းနေတာ ဘယ်လိုထိုင်ချလိုက်မှန်းတောင် မသိဘူး . မင်းတောင် ထလို့ရတာ . ငါကဘာလို့ထလို့မရတာလဲ . လုပ်ပါ ထူပါဦးဟ . စကားများလိုက်တာ'

'ထပါဟ . ငါလဲ ထူနေတာပဲ'

မြေပြင်ပေါ်မှာ တစ်ယောက်ထဲထနေတုန်းက မှောက်ရက်ဖြစ်သွားတဲ့ လင်းသွေးက ပက်လက်ပြန်လှန်လိုက်ပြီး ထထိုင်လိုက်သည်။ ဒူးကကွေးမရတာကြောင့် ခြေထောက်ကတော့ မြေပြင်ပေါ်ဆင်းထားရတုန်းဖြစ်သည်။ မတ်တပ်ရပ်ပြီးတဲ့ ဇေယျာခန့်ကလဲ လင်းသွေးကိုသာ ဆွဲထူနေရပေမယ့် သူလဲ ဒူးမှာဝါးတွေထောက်ထားရတာကြောင့် ဒူးကွေးလို့မရပဲ ခါးကိုင်းကာ လက်လှမ်းပြီးထူနေရသည်။ နှစ်ယောက်သားက ဒူးကွေးလို့မရပဲ အတောင့်သားနဲ့ ထိုင်မရထမရဖြစ်နေတာ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေသလို ဖြစ်နေသည်။

'အာ သင်တန်းမှူးက ဆဲတော့မယ် . ကျန်တဲ့ကောင်တွေက ကွင်းထဲတန်းတောင် စီနေပြီ . ငါတို့နှစ်ကောင်ပဲ ကျန်တော့တာဟ . မြန်မြန်ထ ခွေးရဲ့'

'ထနေတာပဲလေ လိ့တဲ့မှပဲ . ခြေထောက်က တောင့်ခဲနေတာ အကျင့်ပါပြီး ဒူးကွေးမိတိုင်း ထောက်မိလို့ နာနေပြီ . one two three အော်မယ် . အားနဲ့တစ်ချက်ထဲ ဆွဲထူ'

'ပြီးရောကွာ . ထ'

'One . two . Three ... အားးးး'

ဖြစ်ပုံကတော့ လင်းသွေးမှာ နံပါတ်စဉ်ရေပြီး အားနဲ့အထ ဇေယျာခန့်မှာလဲ အပေါ်ကနေ မတ်တပ်ရပ်ရင်းနဲ့ ခါးကိုင်းကာ လင်းသွေးကို ဆွဲရတာမလို့ အားပါပြီး ဇေယျာခန့်ကပါ ပက်လက်ပြုတ်ကျကာ လင်းသွေးက အပေါ်ကနေ ပြုတ်ကျလာသည်။ တစ်ခြားသင်တန်းသားတွေက တန်းစီဖို့သွားကြပြီမလို့ လူရှင်းနေတဲ့ ကွင်းပြင်မှာ နှစ်ယောက်သား ထမရပဲ ထပ်ရပ်နဲ့ ယက်ကန်ယက်ကန်ဖြစ်နေသည်။

'လင်းသွေး ဖယ်ဦးဟ . ဘာတွေစားထားလို့လဲ . လိ့လိုပဲ လေးလိုက်တာ'

'ထရအောင် ဒူးက ကွေးမရဘူး ခွေးလေးရ'

'အဲ့ဒါဆို ဘေးကိုလှိမ့်ချကွာ'

'အဲ့တာဘာဖြစ်နေကြတာလဲ !!!'

နှစ်ယောက်သား ထပ်ရပ်ကြီးဖြစ်ကာ တွတ်ထိုးနေတုန်း နောက်ကနေ ခပ်မာမာ အော်သံက ရှင်းရှင်းလင်းလင်းထွက်လာသည်။ လင်းသွေး ရင်းရင်းနှီးနှီးသိနေတဲ့အသံဖြစ်ပေမယ့် သင်တန်းကို ရောက်နေစရာအကြောင်းမရှိတာကြောင့် နားကြားမှားနေတယ်လို့သာ ထင်လိုက်သည်။ ထိုင်မရထမရနဲ့ လအော့လအယ်တွေ ဖြစ်နေတာတောင် ကြောင်တောင်တောင်နဲ့ လင်းသွေးက ကိုယ်တစ်ဖက်သက်ချစ်ရသူ ဦးမဟာထူးမြတ်ရဲ့ အသံကို ကြားယောင်နေသေးသည်တဲ့လေ။ ဘာဖြစ်မှန်းမသိပေမယ့် လင်းသွေးရဲ့ အောက်က ဇေယျာခန့်ကတော့ လင်းသွေးရဲ့ အနောက်ကို လှမ်းကြည့်ပြီး လန့်နေသည့်ပုံ။

'မထသေးပဲ ဘာလုပ်နေတာလဲ !'

'ဟမ် . ဦးမဟာ ~ တကယ်ပဲ ဦးမဟာလား !'

'လူမြင်ကွင်းမှာ အဲ့တာ ဘာဖြစ်နေတာလဲ'

'နောက်မှဆူပါဗျာ . လာထူပါဦး . ခြေထောက်က ဝါးနဲ့ထောက်ထားတော့ ဒူးကွေးမရဘူး . ထလို့လဲ မရဘူး နောက်မှဆူတော့'

လင်းသွေးပြောလိုက်တော့မှ အနားကို ခပ်သွက်သွက်ပြေးလာတဲ့ခြေသံကို ကြားရပြီး လင်းသွေးရဲ့ ပုခုံးနှစ်ဖက်ကနေ မ ကာ အားနဲ့ဆွဲထူတာ ခံလိုက်ရသည်။ ဇေယျာခန့်ကိုလည်း နောက်မှာပါလာတဲ့ သင်တန်းမှူးက လာဆွဲထူတော့ အစကတည်းက ဒီလိုဖြစ်မယ်ဆိုတာသိရင် ဘေးနားကို အော်ခေါ်ပြီး ကူခိုင်းဖို့ကောင်းတယ်လို့တောင် လင်းသွေး တွေးမိသေးသည်။

'နာလိုက်တာဗျာ . ဒူးမှာ ဝါးတွေချည်ထားတော့ ပေါင်ကိုရော ခြေသလုံးကိုရော ထိပ်တွေက လာထောက်နေတာ နာနေပြီ'

'သိတယ်'

ခပ်တည်တည်နဲ့ စကားကို တိုတိုတုတ်တုတ်သာပြောလိုက်တဲ့ မဟာကြောင့် လင်းသွေးမှာ ဇက်ပုကာ ပါးစပ်ပိတ်သွားရသည်။ ဇေယျာခန့်ကတော့ ဘယ်အချိန်လစ်ထွက်သွားမှန်းတောင်မသိလိုက်။ လင်းသွေးလှည့်ကြည့်တော့ အနားမှာမရှိတော့ပဲ တပ်စု(၁) ရဲ့ ရှေ့မှာတောင် အသင့်ဖြစ်နေပြီဖြစ်သည်။

'မဟာထူးမြတ်ရေ . အဲ့တာဆို ငါသွားဦးမယ် . မင်းသာ ကြည့်ထိန်းထားပေးတော့ . စိတ်ချမယ်နော်'

'ဟုတ်ကဲ့ ဆရာ . လေးစားပါတယ်'

သင်တန်းမှူးကို မဟာက အလေးပြုရင်း နှုတ်ဆက်လိုက်တော့ သင်တန်းမှူးကလဲ အသိအမှတ်ပြုကာ စစ်ရေးပြကွင်းရဲ့ အပြင်ဘက်ကို လှည့်ထွက်သွားသည်။ လင်းသွေးဘက်ကို ပြန်လှည့်ကြည့်လာတဲ့ မဟာက လင်းသွေးကို ခေါင်းအစခြေအဆုံးစိုက်ကြည့်သည်။ ယူနီဖောင်းမဝတ်ထားပဲ အပြင်အဝတ်အစားဝတ်ထားတဲ့ မဟာက လင်းသွေးမျက်လုံးထဲမှာတော့ တစ်မျိုးကြည့်ကောင်းနေသည်။ အိမ်မှာတူတူနေတုန်းကလဲ မြင်နေကျဖြစ်ပေမယ့် အခုလိုမြင်လိုက်ရတော့လဲ မဟာက တစ်မျိုးကြည့်ကောင်းနေသည်။ ရှပ်အင်္ကျီလက်ရှည်မိုးပြာရောင်ကို တံတောင်ဆစ်ထိခေါက်တင်ထားတာ စတိုင်လ်ပန်အနက်နဲ့ တွဲဝတ်ထားတဲ့ ဦးမဟာက အရပ်ရှည်တာကြောင့် လင်းသွေးမျက်လုံးထဲ လုံးဝကို စမတ်ဖြစ်နေသည်။ ဘယ်သူတွေဘာပဲပြောပြော လင်းသွေးရဲ့ ဦးမဟာက အခန့်ဆုံး။

'ဒီကိုကိစ္စရှိလို့လား ဦးမဟာ'

'အင်း သင်တန်းမှူးက ကျောင်းအုပ်ကြီးနဲ့ အပြင်အလုပ်ကိစ္စရှိနေလို့တဲ့ . အဲ့တာ ဒီနေ့စစ်ရေးပြအတွက် ယာယီသင်တန်းမှူးလာလုပ်ပေးတာ'

'ဝါးးးး ဦးမဟာက ထရိန်းပေးမှာပေါ့ . မိုက်တယ် မိုက်တယ်'

ကလေးတွေလို လက်ခုပ်လက်ဝါးတီးကာ ပျော်နေတဲ့ လင်းသွေးကိုကြည့်ပြီး မဟာပြုံးလိုက်မိသည်။ မဟာ့လောက်နီးနီးရှည်လာတဲ့အရပ်နဲ့ စစ်ကြောင်းမှူးယူနီဖောင်း အပြည့်အစုံဝတ်ထားတဲ့ လင်းသွေးမြတ်က ကလေးတစ်ယောက်ပုံစံတော့မဟုတ်ပေမယ့် မဟာ့မျက်လုံးထဲမှာတော့ ပြုံးရယ်နေတဲ့ လင်းသွေးက ကလေးလိုပင်။

'သွားတော့ တန်းစီတော့ . စမယ်'

'အွန်း ... အရမ်းမမောင်းနဲ့နော် ဦးမဟာ . တကယ်ကို ကျွန်တော် ပေါင်တွေနာနေပြီ . ဒီထောက်ထားတဲ့ ဝါးတုတ်တွေက တော်တော်နာတာ'

'နာလဲသည်းခံ . လေ့ကျင့်တာကတော့ လေ့ကျင့်ရမှာပဲ . စည်းကမ်းက စည်းကမ်းပဲ . သွား တန်းစီတော့ . စစ်ကြောင်းမှူးက နောက်ကျနေတယ်'

အသံပါဝါအပြည့်နဲ့ အမိန့်ပေးလိုက်တဲ့ မဟာထူးမြတ်ရဲ့ အသံကြောင့် လင်းသွေးလဲ နာနေတဲ့ ခြေထောက်ကိုထိန်းရင်း စစ်ကြောင်းရှေ့က အလံတိုင်အဖွဲ့ရဲ့ အရှေ့ဆုံးမှာ သွားပြီးအသင့်ပြင်ရကာ ခါးမှာထိုးထားတဲ့ဓားရှည်ကိုတော့ လက်တစ်ဖက်က ထိန်းထားလိုက်သည်။

'အနှေးလျှောက် အမြန်လျှောက်ဖြင့် သရုပ်ပြရန် ခွင့်ပြုပါ'

ရင်ခေါင်းထဲက ထွက်လာတဲ့အသံကို အားပြုရင်း လင်းသွေးက အော်တော့ မဟာကလဲ ရှေ့ဆုံးက စင်အမြင့်လေးပေါ်ကနေ ရပ်နေရင်း ခေါင်းညိမ့်ပြသည်။ တကယ်ကို နေပူကြဲတောက်နေတဲ့ကြားကနေ မဟာက ကြာကြာအနားမပေးပဲ ထရိန်နင်ပေးသည်။ မှားပြီဆိုတာနဲ့ အရင်ဆုံးအထောင်းခံရတာက ရှေ့ဆုံးက စစ်ကြောင်းမှူး လင်းသွေးပင်။ နည်းနည်းလေးမှ အလျော့မပေးပဲ တင်းကြပ်သည်အထိ ဦးမဟာက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားသည်။ လင်းသွေးကလဲ ဦးမဟာအကြောင်းနဲ့ ဦးမဟာရဲ႕ စေတနာကို သိနေတာမလို့ ထရိန်နင်ပေးသည့်အတိုင်းလိုက်နာသည်။ မှားလို့အော်လဲ နည်းနည်းလေးမှမကျေနပ်ကြောင်းမပြမိ။ အနှေး အမြန်လမ်းလျှောက်နေရင်း စစ်ရေးပြကွင်းကို အတန်းလိုက်တန်းစီပြီး ကွေ့တဲ့အခါမှာ သင်တန်းသားတွေ ဘယ်ညာလွဲသွားတတ်သည်မလို့ မဟာထူးမြတ်ကလဲ တစ်တန်းချင်းသေချာလိုက်သင်ပေးသည်။ ထိုနေ့ကတော့ သင်တန်းမှူးပြောင်းသွားလို့ သက်သာမယ်လို့ ထင်ထားခဲ့တဲ့ သင်တန်းသားတွေ ညနေတန်းဖြုတ်ချိန်မှာတော့ မဟာ့ရဲ့ ထရိန်နင်ပေးနိုင်စွမ်းကို ဆလံသသွားတော့သည်။

'မနက်ဖြန်နဲ့ သန်ဘက်ခါက စနေ တနင်္ဂနွေ နားရက်ပေမယ့် မနက်အစောပိုင်းကတော့ PT ပြေးရမယ် . မရှင်းတာရှိသေးလား'

'မရှိပါဘူး !!!'

စစ်ရေးပြကွင်းမှာ တန်းဖြုတ်ပြီး အဆောင်ရှေ့မှာ တန်းစစ်တော့ မဟာက မှာစရာရှိတာမှာပြီးတာနဲ့ သင်တန်းသားတွေက ကိုယ့်အခန်းကိုယ်ပြန်ကာ နားရသည်။ လင်းသွေးကတော့ အခန်းမပြန်သေးပဲ မဟာ့အနားကို ပြေးကပ်တော့သည်။ တနင်္လာနေ့ထိ မဟာက ထရိန်နင်ပေးမယ်ဆိုတာ လင်းသွေးသိထားပြီးတာမလို့ အချိန်ရရင်ရသလို ထုံစံအတိုင်း မဟာ့အနား ကပ်တော့သည်။

'ကိုစိုးသိန်းရော မပါဘူးလား ဦးမဟာ'

'စခန်းမှာ ထားခဲ့တယ် . လိုက်လာလဲ သူ့အလုပ်မှမရှိတာ'

'အော် . မသိဘူးလေ . အမြဲတွဲတွေ့နေရတော့ ပါမယ်ထင်လို့ပေါ့ ခင်ဗျားကလဲ'

'မပါဘူး . သွား ရေချိုး . အဝတ်အစားလဲပြီး နားတော့ . ထမင်းစားခေါ်ရင် သွားစားပြီး စောစောနား . ဒီည study မရှိဘူးမလား'

'မရှိဘူး . ပြီးတော့ ဒီည ကျွန်တော် တာဝန်မှူးရှိတယ်'

'အေးအေး အဲ့တာဆို တာဝန်ချိန်မရောက်ခင် နားတော့ . သွားပြီ'

လင်းသွေးပြန်ပြောချိန်ပင်မရပဲ မဟာက မျက်နှာချင်းဆိုင်မှာရှိတဲ့ နားနေဆောင်ဘက်ကို လှည့်ထွက်သွားသည်။ မျက်စိရှေ့ကနေ မဟာပျောက်သွားတော့ လင်းသွေးလဲ ပင်ပန်းနေပြီမလို့ အဆောင်ဘက်ကိုသာ လှည့်ပြန်ရတော့သည်။ ယူနီဖောင်းတွေချွတ်ပြီး ဒူးပတ်ပတ်လည်နှစ်ဖက်လုံးမှာ ထောက်ထားရတဲ့ ဝါးပြားတွေကိုဖယ်တော့ ခြေထောင်မှာ ဝါးရာတွေအစင်းလိုက်အရာတွေ ထင်နေသည်။ မတ်တပ်ရပ်ပြီး တစ်နေကုန်လမ်းလျှောက်ထားရတာကြောင့် ဝါးရဲ့ထိပ်ဖက်အချွန်တွေ ထောက်မိထားတဲ့ ပေါင်နဲ့ ခြေသလုံးတွေမှာပါ သွေးစို့နေသည်။ နောက်လဲ ဖြစ်ဦးမှာမလို့ လင်းသွေးလဲ ဂရုစိုက်မနေတော့ပဲ အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ပြန်ခေါက်ပြီး ရေချိုးဖို့လုပ်ရတော့သည်။

ညနေစာစားပြီးကျတော့ သင်တန်းသားတွေ အကုန်အဆောင်ပြန်ကာ အနားယူချိန်ရသည်။ တစ်နေကုန် မနားတမ်း အမောင်းခံထားရတာကြောင့် သင်တန်းသားတွေ အကုန်လုံးနီးပါး ခြေပစ်လက်ပစ်။ Study မရှိပေမယ့် သီးသန့်စာကြည့်တဲ့သူကကြည့်နဲ့ ကိုယ့်အလုပ်ကိုယ်အသီးသီးလုပ်ကြသည်။ လင်းသွေးကတော့ ၁၀ နာရီထိုးရင် တာဝန်မှူးဂျူတီရှိတာကြောင့် အိပ်ရေးမပျက်အောင် စောစောဝင်အိပ်ရသည်။ ည ၁၀ နာရီထိုးတာနဲ့ တန်းဖြုတ်လာတဲ့ ဂျူတီသမားက လင်းသွေးကို လာနှိုးတာမလို့ လင်းသွေးလဲ ယူနီဖောင်းအပြည့်အစုံပြန်လဲဝတ်ပြီး အဆောင်ရှေ့က ဗဟိုကင်းတဲကို ဆင်းရသည်။ ကင်းတဲမှာ တာဝန်မှူးလက်မှတ်ထိုးပြီးတာနဲ့ အဆောင်ရှေ့မှာ ကင်းစောင့်သည်။ တွဲဘက်တာဝန်မှူးကလဲ တစ်ဖက်က ကင်းတဲမှာကင်းစောင့်ရတာမလို့ လင်းသွေးရဲ့ ကင်းတဲမှာတော့ လင်းသွေးတစ်ယောက်တည်းရှိနေသည်။

ညအမှောင်က တဖြည်းဖြည်းနက်လာတာနဲ့အမျှ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်လာသည်။ ဇီးပင်ကြီးကလဲ သင်တန်းကျောင်းဖြစ်နေရုံကလွဲလို့ ခေါင်တဲ့နေရာဖြစ်တာကြောင့် ဘေးပတ်ဝန်းကျင်က တောသာသာ။ အကောင်ငယ်လေးတွေ ပုစဉ်းရင်ကွဲလေးတွေရဲ့ အော်သံကလွဲလို့ တိတ်တိတ်လှသည်။ လင်းသွေးက ကင်းတဲမှာရပ်နေတုန်း ကင်းတဲကနေ မျက်နှာချင်းဆိုင်က အရာရှိနားနေဆောင်ဘက်ကို ရောက်သွားတော့ လူတစ်ယောက်က တရိပ်ရိပ်နဲ့ လင်းသွေးဆီလာနေတာကို တွေ့ရသည်။ ညအမှောင်ထဲမှာမလို့ မသဲကွဲသေးပေမယ့် ကင်းတဲမှာ မီးတွေထွန်းထားတာကြောင့် လူရိပ်က နီးကပ်လာတာနဲ့အမျှ သဲသဲကွဲကွဲမြင်ရလာသည်။

'ဦးမဟာ ~ မအိပ်သေးဘူးလား'

'အင်း . အိပ်ရာပြောင်းတော့ အိပ်မပျော်လို့'

'အဲ့တာဆို မအိပ်နဲ့တော့ . ကျွန်တော်နဲ့ စကားပြောပေး ဦးမဟာ'

'ငါအိပ်ချင်ရင်တော့ ပြန်အိပ်မှာပေါ့ဟ'

ထုံးစံအတိုင်း လေသံမာမာနဲ့ မဟာထူးမြတ်ရဲ့ အသံကိုတော့ လင်းသွေး ရိုးရာမပျက်ကြားရသည်။ ကင်းတဲထဲမှာ ထိုင်နေတဲ့ လင်းသွေးဘေးကို မဟာက ဝင်ထိုင်တော့ လင်းသွေးက တစ်ဖက်ကို ကပ်ပေးလိုက်သည်။ မိုးရာသီဖြစ်တာကြောင့် မိုးမရွာပေမယ့် တိုက်ခတ်လာတဲ့လေက မိုးနံ့ပါနေသည်။ ညခင်းတော့ လေအေးတွေတိုက်နေတာကြောင့် မဟာက ဝတ်နေကျ ကုတ်အင်္ကျီရှည်လေးတစ်ထည်ဝတ်ထားသေးသည်။

'ခြေထောက်က ဘယ်လိုလဲ'

'ဟင်'

'ဒူးနားကလေ . ဝါးပြားတွေကြောင့် နာနေတယ်မလား . အဆင်ပြေလား'

'အော် . နာတော့ နာတာပေါ့ . ဝါးပြားကိုခံပြီး တောင့်တောင့်ကြီး လမ်းလျှောက်ရတော့ ပွန်းတာတွေလဲရှိတယ် . ထောက်မိတဲ့နေရာကတော့ သွေးနည်းနည်းစို့သွားတယ်'

ယူနီဖောင်းဝတ်ထားတာကြောင့် မမြင်ရပေမယ့် မဟာက လင်းသွေးရဲ့ ဒူးနေရာကို ငုံ့ကြည့်နေတာကြောင့် လင်းသွေး ထိုင်နေတာတောင် ကြုံ့သွားသည်။ ပြီးတော့ ဝတ်ထားတဲ့ ကုတ်အင်္ကျီထဲက တစ်ခုခုကို နှိုက်ထုတ်နေတဲ့ မဟာထူးမြတ်ကိုလဲ လင်းသွေးသတိထားမိသည်။ အိတ်ကပ်ထဲက လက်ပြန်ထုတ်တော့ လက်ထဲမှ ဆေးဘူးလေးတစ်ဘူး ပါလာသည်။

'ဖိနပ်ချွတ်လိုက် . ဘောင်းဘီက ဖိနပ်ထဲထည့်ဝတ်ထားရတော့ ... ဆေးလိမ်းပေးမလို့'

'ဟမ် . အင်း အင်း'

ဆေးဘူးကို ကိုင်ထားရင်း မဟာက ခပ်တည်တည်နဲ့ ပြောလာတာကြောင့် လင်းသွေးက ယောင်နနနဲ့ ဖိနပ်ကို ဆွဲချွတ်လိုက်သည်။ ခြေအိတ်ပါချွတ်ဖို့လုပ်တော့ မဟာက ရတယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းရမ်းပြရင်း ယူနီဖောင်းဘောင်းဘီကို ဒူးနားထိ လှန်တင်လိုက်သည်။ ပုံမှန်ဆို ယူနီဖောင်းတွေက fitting မလို့ ဒူးထိလှန်တင်ဖို့က မဖြစ်နိုင်ပေမယ့် ညပိုင်းဂျူတီမလို့ လင်းသွေးက ဌာနက ထုတ်ပေးထားသည့် ရယ်ဒီမိတ်ယူနီဖောင်းအပွကို ဝတ်ထားလို့သာ အဆင်သင့်သွားသည်။

'ငါတို့တုန်းကလဲ အဲ့လိုပဲ . ငါ့ခြေထောက်တွေဆို ပြတ်ရာရှရာနဲ့ . မတူတာကတော့ အဲ့တုန်းက ဆေးလိမ်းပေးမယ့်သူမရှိတာပဲ . စိုးသိန်းကလဲ ငါ့ထက်နောက်ကျတော့ သင်တန်းမှာ ငါ့အတွက် ငါပဲရှိတာ'

ခေါင်းငုံ့ကာ လင်းသွေးရဲ့ ဒူးတွေနဲ့ ပြတ်ရာရှရာတွေကို ဆေးလိမ်းပေးနေရင်း ပြောလာတဲ့ မဟာ့ရဲ့ စကားတွေကြောင့် လင်းသွေးတွေးမိရင်း မျက်ရည်ဝဲရသည်။ တကယ်ကို မဟာတို့ ကိုစိုးသိန်းတို့က ကိုယ့်အားကိုယ်ကိုးပြီး နေလာရတဲ့သူတွေ။

'မင်းကို ကြိုးစားစေချင်တယ် လင်းသွေး . သန်မာစေချင်တယ် . နောက်ဆုံး ဘယ်သူ့ကိုမှ အားကိုးစရာမလိုပဲ သန်မာစေချင်တယ်'

'စိတ်ချ ဦးမဟာ . ကျွန်တော်ကြိုးစားမှာပါ . ပြီးတော့ ကျွန်တော်က ခင်ဗျားနားမှာ နေပေးမယ် . တစ်ယောက်ထဲလို့ မတွေးနဲ့နော် . ကိုစိုးသိန်းလဲ ရှိတယ်လေ'

'အင်း ကြိုးစားမယ်ဆိုတဲ့ စိတ်က စိတ်ထဲရှိနေရင် ကောင်းပါတယ်'

'ကြိုးစားမယ်ဆိုတာလဲ စိတ်ထဲရှိတယ် . အမြဲတမ်း စိတ်ထဲရှိနေတာတာ့ ခင်ဗျားလေ . အဖြေပေးတော့ဗျာ . နှစ်တွေအကြာကြီးချစ်လာတာ ခင်ဗျားက မယုံသေးဘူးလား . ကျွန်တော်ပြောဖူးသလို ခင်ဗျားကို ချစ်မယ့်သူက ကျွန်တော်ပဲရှိတော့တာနော်'

'တော်ပါ လင်းသွေးရာ . ငါ့ဘာသာမလိုချင်လို့ . လိုချင်ရင် ကြိုက်တဲ့မိန်းမခေါင်းခေါက်ယူလို့ရတယ်'

'ခင်ဗျားက မိန်းမယူဦးမလို့လား . ကျွန်တော်ရှိနေတာကို ဘယ်မိန်းမ ယူဦးမလို့လဲ'

မကျေမနပ်အသံလေး ထွက်လာသည့် လင်းသွေးကြောင့် မဟာ ဆေးလိမ်းပေးနေရင်းကနေ ပြုံးလိုက်သည်။ ဆေးလိမ်းပြီးတော့ ဆေးဘူးလေးကို အသာပိတ်ရင်း လင်းသွေးကို မော့ကြည့်တော့ ဆူပုပ်ကာ မဟာ့ကို ကြည့်နေတုန်း။ ရင့်ကျက်တယ်လို့ တွေးမိတိုင်း လင်းသွေးကတော့ဖြင့် မဟာ့အပေါ်ကိုတော့ ကလေးဆန်ပြနေတုန်း။

'အချိန်တန်ရင် သိရမယ်လို့လဲ ငါပြောဖူးတယ်လေ'

'နှစ်ချီနေတာ အချိန်တန်သင့်နေပါပြီ'

'စကားမများနဲ့ ငါအိပ်ချင်နေပြီ . ဂျူတီသေချာစောင့် မငိုက်နဲ့ . ဗိုက်ဆာရင် အဆောင်ထဲက မုန့်တစ်ခုခုပြန်ယူပြီးစား'

'အွန်း အွန်း . ခင်ဗျားက တကယ်ယုတ်မာတာ'

လင်းသွေးကို မဟာက ဘာမှပြန်မဖြေတော့ပဲ ကင်းတဲထဲက ထွက်တော့ လင်းသွေးကလဲ ဖိနပ်ပြန်စီးပြီး နောက်ကလိုက်လာသည်။

'ဦးမဟာ'

'အင်း ဘာလဲပြော'

'Good night kiss ... မွ ~'

အမြဲလိုလိုနမ်းနေကျဖြစ်တဲ့ မဟာ့ရဲ့ ညာဘက်နားထင်က မှည့်နက်လေးကို လင်းသွေးဖိနမ်းလိုက်သည်။ မဟာနဲ့ လင်းသွေးရဲ့ အရပ်အမောင်းက တန်းတူနီးပါးဖြစ်နေပြီမလို့ အရင်လိုမော့နမ်းစရာတောင်မလိုတော့။ နမ်းရာကနေခွာလိုက်တော့ မဟာက ဘာမှမပြောပဲ လင်းသွေးကို ကျောခိုင်းကာ အဆောင်ဘက်ကို ခပ်သုတ်သုတ်ထွက်သွားသည်။ လင်းသွေးကတော့ မနမ်းတာကြာပြီး အမြတ်တနိုးဖြစ်ရတဲ့နေရာလေးကို နမ်းလိုက်ရတာကြောင့် ရင်ခုန်နေရင်းသာ ရပ်နေရာမှာပဲ ကျန်ခဲ့တော့သည်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာတော့ လင်းသွေးရဲ့ ရင်ခုန်သံကပဲ ကြီးစိုးနေခဲ့ပါသည်။ လင်းသွေးရဲ့ ရင်ခုန်သံတင်ပဲလားဆိုရင်တော့မဟုတ်။ အဆောင်ပြန်ရင်းလမ်းမှာ နှုတ်ခမ်းတွေကို ကော့တက်နေအောင် ပြုံးနေသည့် လူပျိုသိုးကြီးတစ်ယောက်ရဲ့ ရင်ခုန်သံလဲ ရှိနေပြန်ပါသေးသည်။

__________

To be continue ...

6th October,2020(Tue)
WhiteAster089

Comment