7.မကျိန်ဆဲနဲ့

ရိရန်နဲ့စုချင်းရီတို့ ဆင်းလာသည်နဲ့ ဦးလေးချမ်းက အနောက်ကနေ အပြုံးနဲ့အတူ လိုက်လာခဲသည်။ ရိရန်ငယ်ငယ်ကတည်းကပင် သူ ရိမိသားစုမှာ အလုပ်လုပ်ခဲ့သည်။ ရိရန်က သူ့မျက်စိအောက်မှာပဲ ကြီးလာခဲ့တဲ့ ​ကောင်လေးလေ။


မစ္စစ်ရိက ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ သူမလက်တွေက သူမမျက်ခုံးတွေကို ပွတ်သတ်နေသည်။ ထိုစုံတွဲနှင့် စကားပြောပြီးကတည်းက သူမခေါင်းကိုက်နေသည်။


"ဘိုချမ်း ရိရန်နဲ့စုချင်းရီရဲ့အခန်းကို လူတွေခေါ်ပြီးရှင်းခိုင်းလိုက်။ အဖေပြန်လာရင် သူတို့ဒီမှာ အချိန်ခဏတော့ နေရမှာ"


ဘိုချမ်းကပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဒါက ကောင်းတယ်။ လူကြီးမင်းသိရင် ပျော်နေမှာ။ အခုချက်ချင်းပြင်လိုက်ပါ့မယ်"


"ခဏနေဦး" မေမေရိက ထွက်သွားဖို့ပြင်နေသော ချမ်းဘိုကို ခေါ်လိုက်သည်။ သူမတစ်ခုခုကို စဉ်းစားမိပုံရသည်။


"အဖေပြန်မလာခင် အိမ်ထဲမှာရှိတဲ့ အနုပညာလောက အကြောင်းရေးထားတဲ့ မဂ္ဂဇင်းတွေကို လွင့်ပစ်လိုက်၊ ဒါတွေကို အဖေမမြင်စေနဲ့ စုချင်းရီနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း အဖေ့ကို မသိစေနဲ့"


စုချင်းရီရဲ့သတင်းတွေကို ရိမိသားစုတစ်ခုလုံးသိကြသည်။ တောင်ပေါ်မှာ နှစ်နှစ်လောက် ဆေးကုနေတဲ့ အဖိုးရိကလွဲလို့ပေါ့။
"အဖေက သိပ်နေကောင်းသေးတာမဟုတ်ဘူး။ သူ့ကို သိပ်ပြီးစိတ်ညစ်မခံခိုင်းနဲ့လို့ ဆရာဝန်က ပြောထားတယ်။ ငါတို့ သူ့ကို စိတ်အနှောင့်အယှက်ပေးလို့မရဘူး။ အခြေအမြစ်မရှိတဲ့ အတင်းသတင်းတွေကို အဖေ့နားထဲမရောက်စေနဲ့"


သူတို့စကားတောင်မဆုံးလိုက်သေးဘူး။ ရိရန်ရဲ့'စုချင်းရီ!!!'ဆိုတဲ့ အသံက အောက်ထပ်ကိုပင် ကျယ်လောင်စွာ ပျံ့နှံ့လာသည်။
သူတို့ အသံလာရာကို ခေတ္တမျှကြည့်လိုက်သည်။


ဘိုချမ်းက မြန်မြန်ပင် ပြန်လှည့်လိုက်ကာ
"သခင်လေးနဲ့ သခင်မလေးက တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြပြန်ပြီထင်တယ်"


မေမေရိက အံကြိတ်လိုက်ပြီး "သူတို့နှစ်ယောက်က တကယ့်ရန်သူတွေပဲ။ တော်ပြီ မပြောနဲ့တော့ မြန်မြန်သွားတော့"
ဘိုချမ်းကတော့ ပြုံးပြီးထွက်လာလေသည်။


>>>>>


ဒီည ရိရန်နဲ့စုချင်းရီတို့ အိမ်ကြီးမှာပဲ အိပ်လိုက်ရသည်။ သူတို့နှစ်ယောက်လက်ထပ်ပြီးတော့ ဒီအိမ်တော်ထဲမှာပဲ နေခဲ့သည်။ နောက်ပိုင်း အဖိုးရိနေမကောင်းလို့ တောင်ပေါ်ကအပန်းဖြေအိမ်မှာ ဆေးသွားကုတော့မှ သူတို့ မြို့ထဲက တိုက်ခန်းထဲကို ပြောင်းလိုက်ကြသည်။ အကြောင်းကတော့ အလုပ်နဲ့အိမ်နဲ့အရမ်းဝေးနေလို့ပေါ့။


လင်မယားနှစ်ယောက် အတူနေကြသော်လည်း ရိရန်ကသူ့အလုပ်နဲ့သူုရှု့ပ်နေပြီး စုချင်းရီကလည်း ရုပ်ရှင်ရိုက်ဖို့ ကိစ္စတွေနဲ့ တစ်နှစ်ပတ်လုံး ခရီးထွက်နေရသည်။ ဒါကြောင့် ရိရန် တစ်လ သို့မဟုတ် နှစ်လလောက်တော့ အိမ်ကိုလုံးဝမပြန်ဖြစ်ပေ။


အိမ်ကြီးမှာ နေဖို့ဖိအားပေးခံရတာကြောင့် သူတို့နှစ်ယောက် မနေချင့်နေချင်နဲ့ နေနေရသည်။ ရိရန်က 180% လောက်မနေချင်ဘူးဆိုရင် စုချင်းရီက 360%လောက် မနေချင်ပေ။ ဒါပေမဲ့ သူမက ငြင်းဆန်သည့်ပုံရိပ်ကို လုံးဝမပြပေ။ အဲဒီအစား ဝမ်းသာမှုနဲ့မျှော်လင့်နေတဲ့ ပုံတွေသာ ဖော်ပြနေသည်။ ပြီးတော့ ဝမ်းနည်းနေတဲ့ ပုံလေးရောပေါ့။


ကံကောင်းစွာနဲ့ စုချင်းရီက သူမအစွယ်တွေကို ထုတ်ပြတတ်တဲ့သူ မဟုတ်ဘူး။ သူမနှစ်နှစ်လောက်စောင့်ခဲ့ရတဲ့ နေ့ရက်က ရောက်လာတော့မယ်လေ။ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းနေတယ်။ ကွာရှင်းဖို့ စာချုပ်တွေ ပိုင်ဆိုင်မှုခွဲဝေတဲ့ စာတမ်းတွေ အကုန်လုံးပြင်ဆင်ပြီးမှ ရိရန်က ဘာလို့လက်မှတ်ထိုးဖို့ကို ငြင်းလိုက်တာလဲ?


#Little A, ဒီခွေးကောင်က ဘာကြောင့် လက်မှတ်ထိုးတာကို ရုတ်တရက် မထိုးတော့တာလဲ? အကြောင်းပြချက် တစ်ခုခုရှိလား#


#ကျွန်တော်လည်းမသိဘူး။ ဒါနဲ့ ကျွန်တော်hostကို အကြံပေးမယ်နော်။ Host နောက်ထပ်မကျိန်ဆဲပါနဲ့။ အဲဒါက မကောင်းဘူး#


#ဘာတွေလာပြောနေတာလဲ? ငါဘယ်တုန်းက ကျိန်ဆဲလို့လဲ?#


စုချင်းရီက မှန်ရှေ့မှာထိုင်လိုက်ပြီး မိတ်ကပ်တွေကို ဖျက်လိုက်သည်။ မိတ်ကပ်မပါသော သူမရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကို ကြည့်ပြီး စိတ်အခြေအနေက ပိုကောင်းလာခဲ့သည်။


"ရိရန်ဘေးမှာဆိုရင် သူ့ရဲ့ဘာမှန်းမသိတဲ့ အရှိန်အဝါက ငါလေးကို ဖိအားပေးနေတတ်တယ်"
မိတ်ကပ်တွေအားလုံးဖျက်ပြီးသည့်နောက်မှာတော့ မှန်ထဲက လှပလွန်းသည့် ပုံရိပ်လေးကြောင့် စုချင်းရီတစ်ယောက် ရှော့ခ်ရသွားသလို မျက်လုံးများဝိုင်းစက်သွားတော့သည်။


သူမရေချိုးခန်းထဲက ထွက်လာတော့ ရိရန်က ဆိုဖာမှာထိုင်ပြီး စာဖတ်နေတာကို တွေ့လိုက်တယ်။ သူက အိမ်နေရင်း အင်္ကျီကိုပဲ ဝတ်ထားပြီး ဆံပင်တွေက နဖူးပေါ်ကိုဖြာကျနေတယ်။ စုချင်းရီကတော့ အမြဲတမ်းဝတ်စုံအပြည့်နဲ့ပဲ မြင်နေရတဲ့ ရိရန်ကို ဒီလိုမြင်လိုက်တော့ နည်းနည်းတော့ ထူးဆန်းနေသလို။


စုချင်းရီ ချက်ချင်းပင် မျက်နှာလွှဲလိုက်သည်။ မကွာရှင်းဘူးမလား။ ဒီနှစ်ရက်ထဲမှာ နင့်ကို နောင်တရအောင် လုပ်ပြမယ်။ ဘာက စိတ်ပင်ပန်းစေလဲဆိုတာ သိစေရမယ်။ လူတစ်ယောက် မဟုတ် ယောကျာ်းတစ်ယောက်က သင့်ကို မုန်းအောင်လုပ်ဖို့ဆိုတာ လွယ်သည်။


စုချင်းရီ အံ့သြသွားဟန်နဲ့ ရိရန်ဆီသို့ခပ်မြန်မြန်ပင်လျှောက်သွားကာ ရိရန်လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ပြီး ရိရန့်ပေါင်ပေါ်မှာ ထိုင်လိုက်သည်။ ပြီးတော့ ရုတ်တရက် သူမအင်္ကျီကို ပုခုံးပေါ်အောင် ဆွဲချလိုက်သည်။ စုချင်းရီ အကောင်းဆုံးကြိုးစားကာ လေသံတိုးတိုးလေးနဲ့


"ယောကျာ်း ရှင်ဘာကြည့်နေတာလဲ?"


သင့်ကို မုန်းနေတဲ့ လူတစ်ယောက်အနေနဲ့ဆိုရင် သင်ဘာလုပ်လုပ် မှားနေလိမ့်မည်။ အခြားရိုင်းတဲ့ အပြုအမူ မဟုတ်တာတောင်မှပေါ့။ စုချင်းရီက အမျိုးသားတွေရှေ့မှာဆို လှပသော မိန်းမပျိုလေးတစ်ယောက်ဖြစ်မည်မှာ အမှန်ပေ။


သို့ပေမဲ့ ရိရန်အတွက်တော့မဟုတ်။ ရိရန်ဆိုတဲ့ ထိုလူသားက ကျောက်တုံးနှလုံးသားကို ပိုင်ဆိုင်ထားသည့်အပြင် စုချင်းရီကိုလည်း အချိန်အတော်ကြာမုန်းနေတဲ့သူ မဟုတ်ပါလား။


စုချင်းရီ ဘာမှမလုပ်ရင်တောင် သူကမုန်းနေပြီးသားပဲလေ။ ဒါကကိစ္စမရှိပါဘူး။


"ထ" ရိရန်က သူမကို လုံးဝမထိပေ။ သူ့တုံ့ပြန်ချက်က အေးစက်စက်ပင်။ သူ့အသံကလည်း နှင်းတွေကဲ့သို့ပင် အေးစက်လှသည်။
စုချင်းရီ သူ့ဒေါသနဲ့ ဖော်ပြရန်ခက်သော ဖိအားတစ်ခုက သူမကို ပြင်းထန်စွာ ဖိအားပေးလာသည်ကို ခံစားရသည်။ ......။


ရန်သူကမလှုပ်ရှားရင် သူမလှုပ်ရှားမည်မဟုတ်။ စုချင်းရီက သူ့ပုခုံးပေါ်မှီချလိုက်ပြီး ရိရန်ဖတ်နေသော မဂ္ဂဇင်းစာအုပ်ကို ဖွင့်လိုက်သည။ သူမ အင်္ဂလိပ်စာလုံးတွေနဲ့ပြည့်နှက်နေသော စာမျက်နှာများကို နားမလည်ပေ။ ပြီးတော့ စကောလားရှစ်ရသော မျက်မှန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံလည်း ပါသေးသည်။


"ယောကျာ်း ရှင် သူမကိုကြည့်နေတာလား? ဒါဆိုရှင်ပြော သူမနဲ့ကျွန်မ ဘယ်သူပိုချောပိုလှလဲ?"


ချက်ချင်းပင် စကားလုံးလှလှတွေ ထုတ်သုံးလိုက်သော စုချင်းရီက တော်တော်ကို အံ့သြဖို့ကောင်းသည်။


ရိရန်ကတော့ လူတစ်ယောက်လုံး သူ့ကိုယ်ပေါ်မှာထိုင်ပြီး ထသွားတာတောင် ဘာမှမဖြစ်သလိုပဲ။ သူထိတောင် မထိဘူးလေ။ သူမမေးတဲ့ဟာကို ပြန်ဖြေဖို့ဆို ပိုဝေး။ စုချင်းရီ ခဏတော့ တုံ့ဆိုင်းသွားပြီး ဆိုဖာပေါ်မှာ လှဲအိပ်လိုက်ပြီးနောက် ရိရန်ကို တစ်ချက်ကြည့်လိုက်သည်။


"ယောကျာ်း ဒီလိုမနေပါနဲ့။ အမေက ကျွန်မကို ပြောလိုက်တယ်။ အဖိုးကနေမကောင်းသေးဘူး။ အဖိုးအဖော်ရအောင်လို့ မြေးတစ်ယောက်လောက် စောစောမွေးလို့ မေမေက ပြောလိုက်တယ်။"


စုချင်းရီရဲ့ သဘောထားက တော်တော်ကို ပေါ်လွင်လှသည်။ ရိရန် သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး အကန်းတစ်ယောက်လို ငြိမ်နေလိုက်တယ်။


#မြန်မြန်. ငါ့ကို မြန်မြန်တွန်းထုတ်လိုက်။ ငါ့ကို လက်ညှိုးထိုးပြီး 'စုချင်းရီ အဖိုးက ပြောလာရင်တောင် ငါနင့်ကို ထိမယ်လို့ မစဉ်းစားနဲ့။ ငါက မြေးတစ်ယောက်ဆိုတော့ ငါ့အဖိုးကို ငါအဖော်ပြုမယ်။ ငါနင့်ကို လုံးဝထိမှာ မဟုတ်ဘူး'လို့ ပြောလိုက်စမ်းပါ။ ပြီးတာနဲ့ တံခါးဖွင့်ပြီး ထွက်သွား။ နင့်အမေနဲ့အငြင်းပွား။ ပြီးတော့ အမေနဲ့သား ဆိုတဲ့ပတ်သက်မှုနဲ့ကိုင်ပေါက်။ ပြီးရင် ငါလေးကို ကွာရှင်းလိုက်တော့။ ငါလေးကို မြန်မြန်ကွာရှင်းလိုက်စမ်းပါ။#


စုချင်းရီစိတ်ထဲကနေပြောပြီး အပြင်မှာကတော့ ရိရန်ပြန်ပြောမဲ့စကားကို မျှော်နေပုံလေးလုပ်ထားတယ်။ ရိရန်မျက်နှာကြီးကတော့ အပြာရောင်ကြီးဖြစ်နေပြီ။.
စုချင်းရီဘာကြောင့် ဒီလိုတွေတွေးနေလဲဆိုတာ သူမသိဘူး။


သူစုချင်းရီရဲ့အတွေးတွေကို သူမကြားရတဲ့အချိန်တုန်းက သူတကယ်ကို ကွာရှင်းချင်ခဲ့ပါတယ်။ ဒါပေမဲ့ စုချင်းရီရဲ့အတွေးတွေကို ကြားရပြီးနောက်ပိုင်း သူ့စိတ်က မလုပ်ချင်တော့ဘူးတဲ့။ ပြီးတော့ ခေါင်းကလည်း တစ်ချိန်လုံးကိုက်နေတော့တာပဲ။


"အဲဒီမှာနေ မလာနဲ့။ အဲဒီမှာ နေပြီး ပြောချင်တာတွေသာပြောတော့"


#ဒီ***ကောင်က ဘာဖြစ်နေတာလဲ။ ငါ့ကို လာကစားနေတာလား#


"ယောကျာ်း ရှင် အဆင်ပြေရဲ့လား။ ခေါင်းကိုက်နေလို့လား။ ကျွန်မ ရှင့်အတွက် ဆေးယူခဲ့မယ်"


"မလိုဘူး" ရိရန် အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မျက်လုံးများကျဉ်းမြောင်းကာ စုချင်းရီကို စိုက်ကြည့်လိုက်သည်။


စုချင်းရီက သာမာန်မဟုတ်ဘူးလို့ သူဘာကြောင့်ခံစားနေရလဲမသိဘူး။ သူ သူမကို တစ်ခါမှ မသိဖူးခဲ့ပေ။


အဖိုးကမကြာခင် ပြန်လာတော့မယ်။ အဖိုးက လူကြီးဆိုတော့ ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ စိတ်လည်း သိပ်လှုပ်ရှားလို့မဖြစ်ဘူး။ စုချင်းရီအပေါ်မှာ သူ့အဖိုးက မြေးချွေးမဆိုတဲ့ အချစ်သာမရှိရင် သူ စုချင်းရီကို ဘယ်တော့မှ လက်ထပ်ဖြစ်မှာ မဟုတ်ပေ။

သူကလွဲပြီး ဘယ်သူမှ သူကွာရှင်းမှာကို ခွင့်ပြုမှာ မဟုတ်တာကြောင့် သူအခုလို မကွာရှင်းပဲနေနေသည်။ စုချင်းရီဘာတွေလုပ်တယ်ဆိုတာကိုတော့ သူအကုန်စုံစမ်းထားသည်လေ။


"ငါ့ကို မကွာရှင်းချင်ဘူးကို မင်းပြောတယ်မလား"


"အင်း" စုချင်းရီက ခေါင်းညိမ့်ပြသည်။
ရိရန် သူ့ဒေါသကို လျော့ချပြီး ဆိုဖာမှာ ကျကျနနထိုင်ကာ စုချင်းရီကို ကြည့်လိုက်သည်။
စုချင်းရီကို အတန်ကြာစိုက်ကြည့်နေသော်လည်း သူမက ခေါင်းငုံ့ကာ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။


ခဏလောက်တိတ်ဆိတ်သွားကြပြီးနောက် ရိရန်ကပင် စကားစလာသည်။


"ကောင်းပြီ။ စည်းကမ်းချက်သုံးချက် ထားမယ်"


စုချင်းရီ မကောင်းတဲ့အငွေ့အသက်တွေရလိုက်သည်။ ရိရန်နားမှာ နေရင် ရနေကျ မမြင်ရတဲ့ ဖိအားတွေရောပေါ့။ သူမငြင်းဆိုမယ်ဆိုလည်း ရမယ်မထင်။ စုချင်းရီ သူ့ခေါင်းကို ရိုက်ခွဲချင်နေပြီ။


"စည်းကမ်းချက်သုံးချက်?"


"ပထမတစ်ခုက မင်းမှာ အနာဂတ်ရှိသေးတယ်။ မကောင်းတဲ့အခန်းတွေ နမ်းတဲ့အခန်းတွေ ယောကျာ်းသားတွေနဲ့ နီးနီးကပ်ကပ်ရိုက်ရမဲ့အခန်းတွေကို ရိုက်ဖို့ခွင့်မပြုဘူး"


စုချင်းရီ အံ့သြကြီးစွာဖြင့် "မဟုတ်ဘူးလေ ယောကျာ်း. ကျွန်မက သရုပ်ဆောင်တစ်ယောက်လေ. အရေးကြီးဆုံးက ဇာတ်ညွှန်းပဲလေ၊ ကျွန်မက ဒါရိုက်တာ ညွှန်ကြားတဲ့အတိုင်းသရုပ်ဆောင်ရမှာလေ။ အိပ်ရာပေါ်က အခန်းတွေ၊ နမ်းတဲ့အခန်းတွေက dramaတိုင်း လိုလိုမှာ ပါတာလေ။ ပြီးတော့ အနုပညာလောကက လူတိုင်းကလည်း..လည်း..."


"ငါ မင်းရဲ့အကြံကိုမေးနေတာ မဟုတ်ဘူး။ မင်းရဲ့ဇာတ်ညွှန်းတွေကို နောက်မှပြန်ဆွေးနွေးမယ်"


#သည်းခံ၊ ငါလေး သည်းခံရမယ်#


ရိရန် မျက်ခုံးတစ်ဖက် မြှင့်တက်သွားတယ်။
"ဒုတိယတစ်ခုက အခြားတစ်ရုပ်ဆောင်တွေနဲ့ အနာဂတ်စတားတွေနဲ့ အရမ်းနီးနီးကပ်ကပ်မနေနဲ့။ ကိုယ့်အတိုင်းအတာနဲ့ကိုယ်နေ။ မင်းအသက်က 27နှစ်ရှိနေပြီဆိုတာကို သိထား"


#လူသတ်မိတော့မယ်။ အား...ငါ လူသတ်မိတော့မယ်။ စိတ်လျော့ စုချင်းရီစိတ်လျော့။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား။ ငါက နဂိုအသက်ထက် 10နှစ်လောက်ငယ်တယ်လို့ ပြောလို့ရတယ်။ ဒီ28နှစ်အရွယ် အကောင်ပြောတာကို ဂရုမစိုက်နဲ့။ စိတ်မလှုပ်ရှားနဲ့#


"တတိယအချက်" ရိရန် စုချင်းရီရဲ့မျက်လုံးကို လေးနက်စွာကြည့်လိုက်ပြီး အံကြိတ်ပြီး ပြောလိုက်တယ်။ "မကျိန်ဆဲနဲ့"


"ကျွန်မ ဘယ်တုန်းက ကျိန်ဆဲလို့လဲ?" စုချင်းရီက အနည်းငယ်တုန်ရီနေသော အသံနဲ့ ပြန်လည်တုံ့ပြန်လေသည်။


#ဒီ***ကောင် ငါ့ကို တမင်သက်သက် အပြစ်ရှာနေတာလား။ ငါ ပါးစပ်ကနေလည်း ထုတ်မဆဲပါဘူး။ ဘာတွေမှားနေတာလဲ#


ရိရန်က သူမမျက်လုံးထဲကို နီးနီးကပ်ကပ်တိုးပြီး ကြည့်ကာ သူမပြောသမျှကို သည်းခံလိုက်သည်။ သူ့သွားတွေကို အံကြိတ်လိုက်ပြီး သူ့ပါးစပ်ကနေ စကားလုံးအချို့ကို ပြောလိုက်သည်။


"ဒီအချက်တွေကို မင်းလက်ခံရင် ငါမင်းကို အချိန်တစ်ခုအထိမကွာရှင်းဘူး"
စုချင်းရီက ပြုံးလိုက်သည်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှောင်အာလေးကိုမေးလိုက်သည်။


(ရိရန်က စုချင်းရီရဲ့အတွေးတွေကို ကြားတယ်ဆိုပေမဲ့ systemနဲ့ပြောတဲ့ဟာတွေကို မကြားပါဘူး။ ရှောင်အာက systemရဲ့နာမည်လေးပါနော်)


#ရှောင်အာ. ငါဒီမိမစစ်ဖမစစ်ကောင်ရဲ့ခေါင်းကို ရိုက်ခွဲလိုက်လို့ရလား#


#မရဘူး။ Host ယောကျာ်းရှေ့မှာ hostက သူ့ကို ချစ်နေတဲ့သူဖြစ်ရမယ်လေ။ အချစ်မှာ ကျဆုံးနေသလိုမျိုး နေရမှာလေ#


စုချင်းရီ ဆက်ပြီး သည်းခံလိုက်ရလေသည်။ ဒါပေမဲ့ ဒါက ရိရန်ရှေ့မှာ နောက်ဆုံးသည်းခံခြင်း ဖြစ်သွားနိုင်သည်။ ရိရန်ရှေ့မှာ ပြုံးနေ၊ ဝမ်းသာနေ၊ ပျော်နေတဲ့ အမူအရာတွေက အမှန်တကယ် အတွင်းစိတ်ထဲမှာတော့ 'ဒီခွေးကောင်တော့....'လို့ ဆဲလိုဆဲနဲ့ ခေါင်းရိုက်ခွဲချင်နေတာနဲ့ ကျိန်ဆဲနေတာတွေပဲ ရှိတယ်။


"ကောင်းပြီလေ ယောကျာ်း။ ကျွန်မ ကတိပေးတယ်။ ကျွန်မရှင်းကို အားလုံးကတိပေးတယ်။ ရှင် ကျွန်မကို မကွာရှင်းဘူးဆိုရင် ကျွန်မအရာအားလုံးကို လုပ်ပေးဖို့ အသင့်ပဲ"


#ဒီအခန်းထဲမှာ တစ်ခုခုရှိနေရင် ငါဒီသောက်ခွေးကောင်ရဲ့ခေါင်းကို ရိုက်ခွဲလိုက်တာ ကြာပြီ#


စုချင်းရီက အခန်းထဲကို မျက်စိကစားလိုက်ပြီး စားပွဲပေါ်က ပန်းအိုးကို မြင်တော့ ပန်းအိုးနဲ့ရိုက်ခွဲလိုက်ရမလားလို့တောင် စဉ်းစားမိလိုက်သည်။ ရိရန်လည်း ပန်းအိုးကို ကြည့်လိုက်မိသည်။ သူ့မျက်နှာကတော့ တဖြည်းဖြည်းနဲ့ပြောင်းလဲလာသည်။


"ငါ မင်းကို လုံးဝမထိဘူးလို့လည်း ကတိပေးတယ်။ ဒါကြောင့် ညကျရင် ကိုယ့်ဘာသာကိုယ် စိတ်ချလက်ချအိပ်ပါ"


ပြောရင်းနဲ့ ရိရန့်မျက်လုံးတွေက စုချင်းရီရဲ့ပုခုံးတွေအပေါ်ကို ရောက်သွားတယ်။ သူမပုခုံးတွေက ဖြူဖွေးပြီး ညှပ်ရိုးတွေကလည်း ဖြောင့်တန်းပြီး ချိုင့်ဝင်နေတယ်။ သူမကိုယ်သင်းရနံ့လေးကလည်း မွှေးနေတယ်။ (ရိရန်က စုချင်းရီနဲ့ နီးနီးလေးမှာပါနော်)


စုချင်းရီမျက်လုံးတွေက မဲမှောင်လာပြီး ရိရန်ကို စူးစိုက်ကြည့်လိုက်တယ်။


"သခင်လေး. သခင်မလေး ညလယ်စာစားဦးမလားလို့ Mrs.Yiက မေးခိုင်းလိုက်ပါတယ်"


#ညလယ်စာ? စားမယ်. haha. လမ်းကြောင်းကို ပြောင်းပေးလိုက်တာပဲ။ Eat **** you#


(ဒီနေရာ ကိုယ်လည်း သိပ်နားမလည်)


ရိရန်က စိတ်ဆိုးပြီး ပြန်အော်လိုက်တယ်။
"မစားဘူး!!!"


>>>>><<<<<


ဒါဒါလေးတို့ရေ...
သာသာ ကွန်ပျူတာ ပြန်ကောင်းသွားပါပြီ။ ပုံမှန် up နိုင်အောင် ကြိုးစားပါ့မယ်နော်။

Comment