4.စိမ်းပြာရောင်ကျောက်လက်ကောက်

အမှန်ကတော့ ကွာရှင်းပြီးတာနဲ့ အနုပညာလောကထဲမှာ အကောင်းဆုံးခြေချဖို့အတွက် စုချင်းရီ ဆုံးဖြတ်ထားပြီးပြီ။ မဟုတ်ဘူးဆိုရင် သူမက အနာဂတ်မှာ သူမက ဇာတ်လမ်းရဲ့အချစ်ဆိုတဲ့ အရာထဲမှာ ပိတ်မိနေပြီး အဲဒီအချစ်ကြောင့်ပဲ ကျရှုံးရလိမ့်မယ်။


#ရိရန်စိတ်ပြောင်းသွားဖို့ ငါဘယ်တော့မှ မမျှော်လင့်မိခဲ့ပါဘူး။ ငါ့ရဲ့အနာဂတ်လေးကတော့ ရိရန်ရဲ့ရုတ်တရက်ကြောင်တောင်တောင်နိုင်မှု အောက်မှာ ပျက်စီးသွားပြီလား။ အေး..ငါ့ကို မကွာရှင်းနဲ့ပေါ့..နင် နောင်တရအောင်လုပ်ပြမယ်#


စုချင်းရီ အံကြိတ်ထားမိတယ်။ သူမရဲ့အလှပဆုံး အလှပဆုံးအပြုံးနဲ့ မျက်နှာလေးကတော့ ဘုရင်မရဲ့ ပန်းသီးလို မျက်နှာပြင်ကလှပနေပေမဲ့ အတွင်းဘက် အလွှာတွေမှာတော့ အဆိပ်တွေနဲ့ပေါ့။
(Snow Whiteပုံပြင်ထဲက ဘုရင်မရဲ့အဆိပ်ပန်းသီးပါ)


လူတွေကို အမြဲအထက်စီးကနေ ဆက်ဆံတတ်တဲ့ စုချင်းရီမှာ ဘာလို့ခြားနားတဲ့ နှလုံးသားတစ်ခု ရှိနေသေးတာလဲ? သူတကယ်ကို နားမလည်နိုင်ဘူး။


"စုချင်းရီ. ငါနောင်တရနေပြီ။ ကွာရှင်းကြရအောင်"


"ဟင်?"


#ဒီသောက်**** ကောင်ကတော့....ဘာလဲဟ. ငါ့ကိုလာကစားနေတာလား? ငါ ဒီကောင်ရဲ့ခွေးဦးနှောက်ကို ရိုက်ခွဲချင်နေပြီ#


ရိရန် ခေါင်းကျိန်းသွားသလို ခံစားလိုက်ရတယ်။ ပြီးတော့ ခေါင်းက တော်တော်ကိုကိုက်လာသလိုပဲ။


ပြီးတော့ သူ ရှေ့နေနှစ်ယောက်ဆီ သူ့အိမ်ကိုနောက်တစ်ခေါက်ပြန်လာဖို့ ဖုန်းဆက်ဖို့ပြင်လိုက်တယ်။ အဲဒီအချိန် သူတို့နှစ်ယောက်ကို အိမ်ကိုလာခဲ့ဖို့ ခေါ်တဲ့ဖုန်းဝင်လာခဲ့သည်။


ရိရန်က တတိယမြောက်မျိုးဆက် သခင်လေးဖြစ်တယ်။ အခုသူ့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေက ပထမနဲ့ဒုတိယမျိုးဆက်ဖြစ်တဲ့ သူ့အဖိုးနဲ့အဖေတို့ရဲ့ ပိုင်ဆိုင်မှုတွေ မပါ​သေးဘူး။ သူတို့က တတိယမျိုးဆက် သခင်လေးလောက် မချမ်းသာဘူးလို့ အမြဲပြောတတ်တယ်။ ရိမိသားစုရဲ့စည်းလုံးမှုကြောင့် ဘယ်သူကမှ သူတို့ကို လွယ်လွယ်နဲ့မယှဉ်ပြိုင်နိုင်ဘူး။


#ဒီအချိန်က ကွာရှင်းဖို့အတွက် အသင့်တော်ဆုံးပဲ။ နဂိုကတည်းက ငါတို့ရဲ့လက်ထပ်ပွဲက အဖိုးတွေရဲ့စီစဉ်မှုကြောင့်ပဲ၊ ရိရန်ရဲ့အမေက ငါ့ကိုကြည်တာမဟုတ်ဘူး။ အခုချိန်မှာ သူမက ရိရန်ကို ကွာရှင်းဖို့ပြောဖို့များလား။ သူမသာကွာရှင်းဖို့ပြောနိုင်ရင် သူမက ငါ့ယောက္ခမပဲ။#


#အား......ငါကတော့ ဒီသောက်ကောင်ကိုပဲ အပြစ်တင်တယ်။ သူသာ လက်မှတ်ထိုးလိုက်ရင် ငါက သူ့အမေနဲ့ထပ်တွေ့ဖို့အကြောင်းမှ မရှိတော့တာ။ သူ့အမေရဲ့ ငါ့အပေါ်အမြင်မကြည်မှုက တော်ရုံတန်ရုံမှ မဟုတ်တာ။#


#ဒါတွေက ယောက္ခမနဲ့ချွေးမကြားက ဖြစ်နေကြပြဿနာတွေပဲဟာ. တကယ့်အကြောင်းအရင်းက အသုံးမကျတဲ့ သူမသား ငါ့ယောကျာ်းကြောင့်ပဲ။ ဒီနှစ်နှစ်အတွင်းမှာ ငါ့ဘဝလေးက တော်တော်ကို သနားစရာကောင်းတာ။ ဒါတွေအကုန်လုံးက ဒီခွေးကောင်ရိရန်ကြောင့်ပဲ#


#ဒီနေ့ ငါ အန်တီရိကို ပြန်ပြောလို့မဖြစ်ဘူး။ တော်ကြာ သူ့အမေကို ပြန်ပြောလို့ လက်စားချေတဲ့အနေနဲ့ ငါ့ကို ကွာရှင်းမပေးရင်... အာ... မဖြစ်ဘူး. လုံးဝ..လုံးဝကို ပြန်ပြောလို့မဖြစ်ဘူး။#


#အင်း...။ ငါ ရိရန်ကို အချိန်တစ်ချို့ပေးလိုက်ပါမယ်လေ..၊ ဒါတောင် မကွာပေးဘူးဆိုရင် ဒီကောင့်ကို ငါ့အကြောင်းပြလိုက်ရသေးတာပေါ့ ဟင်းဟင်း...#


ဒီလိုနဲ့ကားလေးက ရိအိမ်တော်ကိုရောက်လာခဲ့တယ်။ ကားထဲက ထွက်လာတဲ့ ရိရန်ရဲ့မျက်နှာကတော့ စာရွက်တစ်ရွက်လို ဖြူဖျော့နေပြီ။


လက်သီးကိုခပ်တင်းတင်းဆုပ်ထားပြီး တစ်ခုခုကိုထိန်းချုပ်ထားဟန်ပေါ်သည်။ သူ့စိတ်ထဲမှာပြောနေတာကတော့ 'သည်းခံ၊ သည်းခံ'။ သို့ပေမဲ့ သူတော်တော်ကို ဒေါသထွက်နေလေပြီ။


"သခင်လေး. သခင်လေး အဆင်ပြေရဲ့လား"


စုချင်းရီရဲ့အသံတွေက သူ့နားထဲမှာ ပြန်ကြားနေရတုန်းပဲ။ ကားထဲမှာကတည်းက သူ့မျက်နှာက ဒယ်အိုးဖင်လို မည်းမှောင်နေသည်။ သူ့မျက်နှာက တစ်ယောက်ယောက်က သူ့ဆီမှာ အော်ကြီးဟစ်ကျယ်နဲ့ အကြွေးလာတောင်းနေသလိုလို။


"ဘာမှမဖြစ်ပါဘူး. ကျွန်တော်အဆင်ပြေပါတယ် အန်ကယ်ချမ်း"


"ဟုတ်ကဲ့။ အထဲဝင်သွားပါ။ သခင်မစောင့်နေတယ်"


စုချင်းရီ တံခါးကနေဝင်ဝင်ချင်း ဧည့်ခန်းထဲကနေ့ အသံတွေကြားလိုက်ရသည်။ နူးညံ့၍သာယာနာပျော်ဖွယ် မိန်းကလေးတစ်ယောက်ရဲ့အသံတွေ ကြားလိုက်ရတယ်။ အသံအနေအထားက အဆင့်အတန်းမြင့်မားသော ဂုဏ်သရေရှိမမလေးတစ်ယောက်ရဲ့အသံ ဖြစ်နိုင်သည်။


"အမေ. ကျွန်တော်တို့ကို ဘာဖြစ်လို့လာဖို့ ခေါ်တာလဲ?"


ရိရန်နဲ့စုချင်းယီက ရှေ့ဆက်နောက်ဆက်ဝင်လာတော့ ဧည့်ခန်းထဲမှ စကားသံများတိတ်သွားသည်။
Mrs.Yiက အသက်ငါးဆယ်ကျော်နေပေမဲ့ သူမရဲ့အလှအပထိန်းသိမ်းမှုကြောင့် သူမရဲ့အသက်အမှန်ကို ခန့်မှန်းမိဖို့မလွယ်ဘူး။


သူမအနားမှာတော့ ငယ်ရွယ်လှပချောမောပြီး ကြင်နာတတ်တဲ့ပုံရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်။
မေမေရိက ထိုအမျိုးသမီးလေးရဲ့ လက်ကိုဆုပ်ကိုင်လိုက်ပြီး ပြုံးလိုက်ကာ


"ယန်ယန်က မနေ့ကပဲ အိမ်ကိုပြန်ရောက်တာ ပြီးတော့ အမေတို့အတွက် လက်ဆောင်တွေလည်း ယူလာခဲ့တယ်။ ဒါကြောင့် သူမကိုတွေ့ဖို့ မင်းတို့ကို ခေါ်လိုက်တာ"


သူမကတော့ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့အပြင် modelတစ်ယောက်ပါဖြစ်တဲ့ ချင်းယန်။


"ရိရန် မတွေ့တာကြာပြီနော်"
ချင်းယန်တော်တော်ကို ပျော်သွားသည်။ သူမ တွေ့ချင်နေတာက သူ့ကိုပဲလေ။


"ချင်းရီ မတွေ့ရတဲ့ အတောအတွင်းမှာ နင်တော်တော်ကို လှလာတာပဲ"


စုချင်းရီ ယဉ်ကျေးစွာပြုံးလိုက်ပြီး
"နင်ရောပါပဲ"


"ငါနင့်အတွက် လက်ဆောင်တစ်ခုဝယ်လာခဲ့တယ်။ နင် ကြိုက်လား မကြိုက်လားမသိပေမဲ့ နင်လက်ခံပေးမယ်လို့ ငါမျော်လင့်ပါတယ်"


#ငါ ကြိုက်လား မကြိုက်လားမသိဘူး!!!#


ချင်းယန်က သူမရှေ့က လက်ဖက်ရည်စားပွဲပေါ်ကို လက်ဆောင်သေတ္တာလေး တင်ပေးလာသည်။ ကြည့်လိုက်တာနဲ့တင် အတော်ကိုဈေးကြီးမည်ဆိုတာ သိနိုင်သည်။


"ဖွင့်ကြည့်ကြည့်လိုက်ပါ"


#ဒါက ကြည့်လိုက်ရင်တော့ ရိုးရိုးလက်ဆောင်သေတ္တာလေးပါပဲ။ ဒါပေမဲ့ သူ့ရဲ့ဒီဇိုင်းက လျှောဆင်းတဲ့ပုံစံကြီး။ ငါဖွင့်လိုက်တာနဲ့ အထဲကပစ္စည်းက အပြင်ကိုထွက်ကျသွားပြီး မြေပြင်ပေါ်မှာ အစိပ်စိပ်အမွှာမွှာဖြစ်သွားမှာ။ ဟာ...ဒီအိမ်ကိုရောက်ရောက်ချင်းတောင် ငါလေးကံဆိုးနေပါပေါ့လား......#


#လက်ဆောင်ပျက်စီးသွားရင် ဒီမိန်းမက သနားစရာမျက်လုံးအနီကြီးတွေနဲ့ "စုချင်းရီ ငါပေးတဲ့လက်ဆောင်ကို မကြိုက်လို့လား? မကြိုက်ဘူးဆိုရင်တောင် ငါပေးတာကို ဒီလိုတော့မလုပ်ပါနဲ့ဟာ" လို့ပြောပြီး ငါ့ကိုမကောင်းတဲ့ မိန်းမဖြစ်အောင်လုပ်မှာ. ရိရန့်အမေကလည်း ငါ့ကိုအပြစ်ရှာလိမ့်မယ်။


အာ... တကယ်နော်...ငါ ဒီကနေ ထထွက်သွားချင်ပြီ။ ရိရန်ဆိုတဲ့အကောင်က ဒီမှာရှိနေတာ ငါ သူ့အမေကို ပြန်ပြောလို့မရဘူး. သူတို့က ငါ့ကို ပြန်တောင်းပန်ခိုင်းလိမ့်မယ်။ ဟိုကြာပန်းဖြူမကတော့ ငါ့ကို ဟာသတစ်ခုလိုကြည့်နေတော့မှာ#


#ကြာပန်းဖြူမက ရိရန်အနားကိုရောက်ချင်နေတာလေ။ အခုလည်းငါ့ကို ဂျူနီယာတစ်ယောက်လို လာကစားနေတယ်။ ရိရန်နဲ့ကြာပန်းဖြူမက သဘာဝအတိုင်းအလိုက်ဖက်ဆုံးလို့ငါထင်တယ်။ ငါ့ကိုကွာရှင်းပြီး သူတို့လက်ထပ် ကလေးလေးတွေမွေးပြီး ပျော်ပျော်ရွှင်ရွှင်နေ. အာ...တော်တော်ကို နွေးထွေးတဲ့ မိသားစုလေးဖြစ်မှာပဲ ဟိဟိ#


#ဒီအကောင်ရိရန်က ငါ့ကိုမကွာရှင်းပေးပဲ ဘာလို့ဒီလိုတွေကြုံတွေ့အောင် လုပ်ရတာလဲ ငါမတွေးတတ်တော့ဘူး။#


စုချင်းရီရဲ့ဘေးမှာထိုင်နေတဲ့ ရိရန်ကတော့ သူရှင်းရှင်းလင်းလင်းကို ကြားနေရတဲ့ အသံတွေကြောင့် 'စိတ်ဆိုးတယ်' ဆိုတာထက်ပိုတဲ့ စကားလုံးနဲ့တောင် ဖော်ပြလို့မရတဲ့ ခံစားချက်တွေကို ခံစားနေရတယ်။


သူနဲ့ချင်းယန်က ငယ်ငယ်ကတည်းကနေ အတူကြီးပြင်းလာတာ မဟုတ်ပေမဲ့ အလယ်တန်းကနေ အထက်တန်း အထိ အတူတက်ခဲ့ကြသည်။ သူတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းအဆင့်ထက်ပိုတဲ့ ဆက်ဆံရေးဆိုတာ ဘယ်တုန်းကမှမရှိခဲ့။


ချင်းယန်က ရိုးရှင်းပြီးကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို သူသိတယ်။ ဒါကိုစုချင်းရီက ဘယ်လိုတွေတွေးနေတာလဲ။
စုချင်းရီက လက်ဆောင်ဗူးကို ယူဖို့လက်လှမ်းလိုက်တော့ သူအရင်ယူလိုက်သည်။


သူက စုချင်းရီကို မကျေနပ်အကြည့်နဲ့စိုက်ကြည့်လိုက်ပြီး လက်ဆောင်ဗူးကိုဖွင့်လိုက်သည်။
ချင်းယန်နဲ့ပတ်သက်ပြီး စုချင်းရီရဲ့အတွေးတွေက မှားနေကြောင်း သူသက်သေပြ...ပြ......


W..Wh..What?????...


စိမ်းပြာရောင်ကျောက်လက်ကောက်လေးက သေတ္တာဗူးလေးထဲကနေ ချော်ထွက်ကာ အောက်ကျသွားပြီးနောက် မြေပြင်ပေါ်မှာ တစ်စစီဖြစ်သွားတော့သည်။


မေမေရိကတော့ အံ့သြသွားပြီး ချင်းယန်ကတော့ အေးခဲသွားတော့သည်။


စုချင်းယီကတော့ ရိရန် လက်ဆောင်ဗူးကို ယူလိုက်ကတည်းက ကျေနပ်နေသည်။ သူမက ရိရန်ရဲ့လက်မောင်းကိုဖက်ပြီး နှုတ်ခမ်းစူပြီးတော့


"ရိရန် ရှင်ဘယ်လိုလုပ်လိုက်တာလဲ? ချင်းယန်က ကျွန်မကို လက်ဆောင်ပေးတာကို ရှင်မကြိုက်ဘူးဆိုရင်တောင် ရှင်ဒီလိုလုပ်လို့မရဘူးလေ. ချင်းယန်က ကျွန်မကို တကယ်ပေးချင်ခဲ့တာကို"


ရိရန်-"....../"


°°°°°°°°°°••••••••••


စာလုံးရေ-2526တောင်နော်.


မupတာကြာလို့မေ့သွားပြီလားဟင်💛
Updateမှန်အောင် ကြိုးစားပါ့မယ်နော်. သာသာ့မှာ ဘတ်ဂျက်က ပုံမှန်ဝင်တာမရှိလို့ပါ. မနက်ဖြန်အတွက်တောင် ဖုန်းဘေလ်ဖိုး ရှိပါ့မလားမသိဘူး။


ဒါနဲ့ တစ်ပတ်တစ်ခါ တစ်ပိုင်းလုံးတင်ပေးရမလား? တစ်ပတ်နှစ်ခါ နှစ်ပိုင်းခွဲတင်ပေးရမလားဟင်?


မဲပေးကြပေါ့နော်😁


LoveUAll😘😘😘

Comment