117+118

အပိုင်း - ၁၁၇+၁၁၈


အပိုင်း - ၁၁၇


“ဟယ်လို မစ္စတာဟန် ကျွန်မက ချင်းရီရဲ့အေးဂျင့် အန်းယပါ”


ဟန်ရှောင်က ကမ်းပေးလာသော လက်ကို ထိကာ နှစ်စက္ကန့်လောက် လက်ဆွဲနှုတ်ဆက်လိုက်သည်။ လေထဲမှာ ရပ်တန့်ကျန်ရစ်ခဲ့တဲ့ အန်းယရဲ့လက်ကို လောင်မင်က ဆုပ်ကိုင်လိုက်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။


“ဟယ်လို ကျွန်တော့်နာမည်က လောင်မင်ပါ။ ဟန်ရှောင်ရဲ့အေးဂျင့်ပါ”
ဒါက ဟန်ရှောင့်အပြုအမူကြောင့် သူလုပ်နေကျအရာဖြစ်သည်။


အန်းယ အရှက်ပြေပြုံးလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ရသည်။


“မစ်အန်းရဲ့ဂုဏ်သတင်းတွေကို ကျွန်တော် အမြဲကြားပါတယ်။ ပြီးတော့ ဒီနေ့ရောပဲ။ ကျွန်တော်တို့ ဘာလို့ wechat အကောင့် မလဲနိုင်ရမှာလဲ ဟုတ်တယ်မလား”


“ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ ဒီနေ့ ဖုန်းမယူလာမိခဲ့ဘူး”


အန်းယ သူမရဲ့လက်ကို လောင်ရဲရဲ့လက်ဖဝါးထဲကနေ ခက်ခက်ခဲခဲနဲ့ အားနာပါးနာ ဆွဲထုတ်လိုက်ရသည်။
လောင်ရဲက သူမတွေ့ဖူးတဲ့ အချောတွေထဲမှာ ပါပါတယ်။ ပြီးတော့ သူမရဲ့စံသတ်မှတ်ချက်တွေနဲ့လည်း ညီပါတယ်။ ဒါပေမဲ့ သူက ဂေးတစ်ယောက်ဖြစ်နေတယ်လေ။


သူမက ဂေးတွေကို လုံးဝကို စိတ်မဝင်စားပါ။ ပြီးတော့ သူတို့နဲ့အတူ လုံးဝကို အချိန်ဖြုန်းလိမ့်မည်မဟုတ်ပေ။ ထိုအချိန်မှာ ဒါရိုက်တာက လူတွေအကုန်လုံးကို ခေါ်လိုက်သည်။


“နင်တို့ စကားပြောနေကြလေ။ ငါနဲ့ အစ်ကိုရှောင်က အရင်သွားတော့မယ်”


“ခဏ-”


“ချင်းရီ အခု ကိစ္စတွေက ပြန်အဆင်ပြေသွားပြီ။ ပြီးတော့ စတူဒီယိုမှာ ငါလုပ်စရာတွေရှိသေးတယ်။ ငါ အရင် ပြန်တော့မယ်။ ရိုက်ကွင်းမှာ အလုပ်ကြိုးစားနော်။ ပြဿနာတွေကို စိတ်ထဲအရမ်းမထားနဲ့။ ငါ ဖုန်းခေါ်လိုက်မယ်”


စုချင်းရီ အန်းယကို နည်းနည်းလောက်တော့ သံသယဝင်သွားသည်။ ဒီလောက် လတ်ဆတ်တဲ့ အသားတွေ အများကြီးရှိတဲ့နေရာမှာ သူမ ထပ်မနေတော့ဘူးလား။ စုချင်းရီကလည်း သူမကို အတင်းနေဖို့ မတိုက်တွန်းပေ။


“ကောင်းပြီလေ။ လမ်းမှာ ဂရုစိုက်”


လောင်ရဲက လှည့်ထွက်သွားသော အန်းယရဲ့နောက်ကျောကို ငေးကြည့်လျက် ဟန်ရှောင်ရဲ့ပုခုံးပေါ်ကို လက်တက်လိုက်ကာ မေးလိုက်သည်။


“ငါ အခု ဘာတွေတွေးနေလဲဆိုတာကို မင်းသိလား”


“ဘာတွေးနေတာလဲ”

“ငါတွေးနေတာက နာမည်တစ်ခုကိုလေ. အန်းယနဲ့ငါ ရည်းစားဖြစ်ရင် ဘယ်လိုခေါ်ရမလဲလို့”


ဟန်ရှောင် - “?”


***


ဟွမ်ထုရုပ်ရှင်က ရက်ပေါင်းများစွာကြာအောင် ရိုက်ကူးရသည်။ လီဟန်ရှင်းနေရာမှာ အစားထိုးလိုက်တဲ့ လီချန်မင်က သရုပ်ဆောင်ကောင်းသောကြောင့် ရိုက်ကူးရ အဆင်ပြေလွန်းလှသည်။


စုချင်းရီ ဒါရိုက်တာရဲ့ အမြင်ကို တကယ်ကို အထင်ကြီးမိပါသည်။ သူ့ရဲ့အရည်အချင်းကိုလည်း လေးစားမိသည်။


သူမ ခန့်မှန်းခဲ့တာက ဒီဒရမ်မာက အနည်းဆုံး နှစ်ဝက်လောက်ကြာလိမ့်မည်ဟုပင်။ ဒါပေမဲ့ အခုလိုမျိုး ရိုက်ကူးနေမှုနှုန်းနဲ့ဆိုရင် နှစ်ဝက်လောက်တောင် ကြာမည်မဟုတ်ပေ။ သူမ နှစ်မကူးခင်ကို အိမ်ပြန်ရလောက်သည်။


ရုပ်ရှင်ရိုက်ကူးနေရင်းနဲ့ အအေးဓာတ်တွေဝင်ရောက်လာကာ ဆောင်းရာသီကို ရောက်လာလေသည်။ စုချင်းရီ ရုပ်ရှင်မြို့တော်မှာ ထူထပ်နေတဲ့ နှင်းပုံတွေကို ကြည့်ပြီး သူမကိုယ်သူမ လူငယ်တစ်ယောက်ကို လန်းဆန်းမှုကို ခံစားလိုက်ရသည်။


“အစ်မချင်းရီ ဒီည ရေပူစမ်း သွားချင်လား”


“ရေပူစမ်း လား?”


ကောင်မလေးက ပြန်ပြုံးပြလိုက်ပြီး
“အဲဒီနေရာက အစ်မကို လုံးဝကို စိတ်ကျေနပ်စေလိမ့်မယ်”


ညနေရောက်တော့ လက်ထောက်မလေးရဲ့*အစ်မကို စိတ်ကျေနပ်စေလိမ့်မယ်* ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို စုချင်းရီ သဘောပေါက်မိတော့သည်။


ဟွမ်ထု ရုပ်ရှင်က ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ သူမနဲ့ဟန်ရှောင်ကို အဓိကထား ရိုက်ကူးထားခြင်းဖြစ်သည်။ ပြီးတော့ အခန်းတိုင်းနီးပါးမှာ သူမတို့ နှစ်ယောက်ပါဝင်ကြသည်။


ပြီးတော့ ရုပ်ရှင် စရိုက်ကူးရကတည်းက သူမက ရှက်ရွံ့ဟန်ဆောင်နေရသည်မှာ အခုဆို သုံးလေးလလောက်ပင် ရှိနေပြီဖြစ်သည်။ ရိုက်ကူးပြီးသွားရင်လည်း အခန်းထဲပိတ်ကာ ဒိုင်ယာလော့တွေ ကျက်နေရသေးသည်လေ။ ဒီနေ့ကျတော့ ဒါတွေအားလုံးကို အဆုံးသတ်တော့မည်ဖြစ်သည်။


ဒါရိုက်တာက စုချင်းရီ ဘေးနားမှာ ရပ်ရင်းပြောခဲ့သည်။
“ချင်းရီ ရေပူစမ်းက အရမ်းကို သက်သောင့်သက်သာဖြစ်တယ်။ ဒါကြောင့် မင်း နောက်ဆုံးအနေနဲ့ ကောင်းကောင်းလေး နဲ့ သက်တောင့်သက်သာ သရုပ်ဆောင်လိုက်။ ပြီးရင် မင်းရဲ့ လှပတဲ့ နားရက်လေးတွေ ရောက်လာလိမ့်မယ်”


“ဒါရိုက်တာကြီး ရှင်လည်း နားသင့်တယ်နော်။ ရှင်လည်း အပင်ပန်းဆုံးလူတွေထဲက တစ်ယောက်ပဲဟာ”


ထို့နောက် သူမ ဟန်ရှောင်ဘက်ကို လှည့်ကြည့်လိုက်သည်။ ဟန်ရှောင်က အပေါ်ပိုင်း ဗလာဖြစ်နေကာ မပျော်ရွှင်သည့်ဟန်ဖြစ်နေသည်။ စုချင်းရီ ကိုယ့်ခေါင်းကို ပြန်ရိုက်မိသွားသည်။


စုချင်းရီ ငြိုးငယ်နေတဲ့ မျက်နှာထားနဲ့ သူမရဲ့အပြင်ခံကုတ်အရှည်ကိုချွတ်ပြီး ကျန်းနျန်ကို ပေးလိုက်သည်။ သူမ တွေးလိုက်တာက ဒီကံမကောင်းတဲ့ ကလေးလေးက စိတ်အခြေနေမကောင်းလောက်ဘူးလို့။ ဒါပေမဲ့လည်း သူမ ဂရုမစိုက်ပေ။ ဒါပေမဲ့ သူ့လက်မောင်းကို တစ်ချက်ရိုက်ခဲ့ကာ ရေပူထဲ ဆင်းသွားသည်။


နွေးနေတဲ့ရေထဲမှာ စိမ်ရတာက တကယ်ကို ကောင်းလွန်းတဲ့ ခံစားချက်ကို ရစေသည်။ ဒါပေမဲ့လည်း ဆောင်းရာသီဖြစ်နေတာကြောင့် အေးမြတဲ့ လေတဲ့ လတ်ဆတ်မှုကိုပါ တစ်ခါတည်း ခံစားရစေသည်။


ဟန်ရှောင်လည်း သူ့ကုတ်ကို ချွတ်လိုက်ပြီး ရေပူထဲ ဆင်းသွားသည်။ ရေပူထဲမှာ နှစ်ယောက်စလုံး အဝတ်ပါးပါးလေးတွေနဲ့ဖြစ်သည်။ အထူးသဖြင့် ဟန်ရှောင်ရဲ့အဝတ်အစားတွေက ရေစိုသွားတာနဲ့ ပါးပါးလေးဖြစ်သွားတော့သည်။ အကုန်လုံးကို မြင်နေရတာပေါ့။ စုချင်းရီ ဒါကို မြင်လိုက်တော့ နည်းနည်း စိတ်လှုပ်ရှားသွားသေးသည်။


“အားလုံး အာရုံစိုက်ကြ။ သေချာလည်း ဂရုစိုက်ကြဦး။ အခုက နောက်ကျနေပြီ။ ငါတို့ ကြိုးစားပြီး တစ်ခါတည်း အောင်မြင်သွားရင် ဟိုတယ်ပြန်ပြီး အနားယူကြတာပေါ့”


ဒါရိုက်တာကြီး စကားပြောပြီးတာနဲ့ သူတို့တွေ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေကြတော့သည်။


ဟန်ရှောင်ကတော့ အမြဲတမ်း ပုံသေမျက်နှာထားနဲ့ဖြစ်သည်။ စုချင်းရီကတော့ သူမ အတူရိုက်ဖူးတဲ့ သူတွေထဲမှာ ဟန်ရှောင်ကို အလေးစားဆုံးဖြစ်နေတော့သည်။


“ဆရာဟန် အရမ်းကြီး မစိုးရိမ်ပါနဲ့။ အဆင်မပြေရင် သရုပ်ဆောင်နေတဲ့အချိန်မှာ ကျွန်မနဲ့အဝေးမှာ ရှင်သွားနေနိုင်တယ်။ အဆင်ပြေသလိုနေပါ”


ဟန်ရှောင်ရဲ့မျက်လုံးတွေကတော့ မဲမှောင်လာသည်။


ဒီဒရမ်မာက သူတို့နှစ်ယောက်ကို အဓိကထားတာဖြစ်သည်။ သူတို့နှစ်ယောက်က ခန္ဓာကိုယ်ပါမက စိတ်ဝိဥာဉ်အချင်းချင်းပါ နှီးနှောဆက်နွယ်နေရမည်ဖြစ်သည်။ အခု ဟန်ရှောင်က ရေထဲမှာ ရပ်နေတာဖြစ်ပြီး စုချင်းရီက သူနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေလေသည်။


အထူးသဖြင့် ဟန်ရှောင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေ. စုချင်းရီ ဒါတွေကို မြင်တော့ မျက်နှာပူစွာ တစ်ဖက်သို့ မျက်နှာလွှဲလိုက်မိသည်။


“ကတ်-”


ဒါရိုက်တာက ထရပ်လိုက်သည်။
“ချင်းရီ. ဘာဖြစ်လို့ တခြားနေရာကိုကြည့်နေရတာလဲ။ အာရုံမစိုက်နိုင်ဘူးဆိုရင် ရေထဲမှာ နောက်ထပ်ကြာကြာထပ်နေနေရဦးမယ်နော်”


စုချင်းရီ ဒါရိုက်တာကို ထပ်ခါထပ်ခါ တောင်းပန်နေမိသည်။
“တောင်းပန်ပါတယ် ဒါရိုက်တာကြီး ကျွန်မ ကောင်းကောင်းလုပ်ပါ့မယ်”


“ကောင်းပြီ. နောက်တစ်ခေါက်ပြန်ရိုက်မယ်”


“အားလုံး အသင့်ပြင်”


***


အပိုင်း - ၁၁၈


စုချင်းရီ နောက်တစ်ခေါက် ဟန်ရှောင်ရဲ့လက်မောင်းအတွင်းသို့ ထပ်ကျသွားပြန်သည်။ ရေနွေးငွေ့တွေက သူမမျက်နှာကို လာရိုက်ခတ်နေကြသည်။ စုချင်းရီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ ထပ်ခါထပ်ခါ ဖတ်ထားခဲ့သော ဇာတ်ညွှန်းကို မေ့လိုက်သည်။ သူမ ခေါင်းမော့လိုက်ကာ သူမမျက်လုံးထဲကနေ နူးညံ့မှုတွေ ပေါ်ထွက်လာသည်။


“ကတ်-”
ဒါရိုက်တာက အပြုံးတစ်ခုနဲ့အတူ မတ်တပ်ရပ်လိုက်ရင်း
“over!”


ထိုအသံကို ကြားတာနဲ့ ဟန်ရှောင်က သူ့အရှေ့မှာ ရပ်နေသော စုချင်းရီဆိုတဲ့ အမျိုးသမီးလေးကို ကြည့်လိုက်သည်။


ရေကပဲ ပူနေလို့လား။ ရာသီဥတုကပဲ ပြောင်းလဲလာလို့လားဆိုတာ သူမသိပေမဲ့ သူ့နားရွက်တွေက နီရဲလာခဲ့သည်။ ပြီးတော့ ရေစိုနေပြီး နုနုဖတ်ဖတ်လေးဖြစ်နေသော ကောင်မလေးရဲ့ပုံစံလေးကို တွေ့လိုက်ရတော့ သူတောင် သတိမထားမိပဲ တံတွေး နှစ်ခါ မြိုမိသွားသည်။


“အစ်ကိုဟန် ပြီးသွားပြီနော်”
စုချင်းရီက ပြုံးပြကာ သူ့ကို သတိပေးလာသည်။


ဟန်ရှောင် သူမရဲ့ကြည်လင်နေတဲ့ မျက်လုံးတွေကို ရှောင်ပြီး အဝေးကို ကြည့်လိုက်သည်။ ထို့နောက် ခေတ္တငြိမ်သက်သွားကာ ရေကန်ထဲကနေ အပေါ်ကို ချက်ချင်းတက်သွားတော့သည်။ ဝန်ထမ်းလေးက တဘက်တွေကို ယူလာပေးလေသည်။


“တက်လာတော့လေ. ရေချိုး အဝတ်လဲပြီး နွေးနွေးထွေးထွေးနေတော့”


စုချင်းရီ ရေကန်ထဲကနေ တက်လာကာ ရိုက်ကွင်းတွင် ပြုလုပ်ထားသော ရေချိုးခန်းထဲသို့ ဝင်သွားသည်။
အဝတ်အစားတွေ လဲပြီးနောက် နာရီဝက်လောက် ရေစိမ်ထားတာကြောင့် စုချင်းရီ နွေးနွေးကလေးဖြစ်နေသည်။


“ချင်းရီ. မင်းဒီနေ့ ကြိုးစားခဲ့ပါတယ်”
ဒါရိုက်တာက ဆက်ပြောလေသည်။
“ငါတို့ရဲ့ ရိုက်ကူးရေးက အရမ်းကို ကောင်းမွန်တယ်။ မင်းနဲ့ ဟန်ရှောင်ကို ငါ အရမ်းကျေးဇူးတင်ပါတယ်ကွာ.. ငါတို့ သုံးလလောက်တောင် ရိုက်ကူးခဲ့ရတာပဲ။ နောက်နှစ်ရက်ကျရင် အင်တာဗျူးရှိတယ်”


ဒါရိုက်တာက မေးမယ့်မေးခွန်းတွေကို ရေးထားတဲ့ စာအုပ်ကို စုချင်းရီကို ပေးလေသည်။ စုချင်းရီ စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ ဒါတွေက အချိန်တိုင်းဖြေရသည့် အရာတွေပင်ဖြစ်သည်။ ထူးထူးခြားခြား ဘာမှမပါဝင်ပေ။


“ပြဿနာမရှိပါဘူး”


“ကောင်းတယ်. ဒါကို ဂရုတစိုက်နဲ့ ဘယ်လိုပြန်ဖြေရမလဲဆိုတာကို မင်းသိပါတယ်ကွာ”


စုချင်းရီ ခေါင်းညိမ့်ပြလိုက်သည်။


**


မီဒီယာတွေက ပထမဆုံးအနေနဲ့ ရိုက်ကွင်းကို ရောက်လာသည်။ ဒါရိုက်တာကနေ ဝန်ထမ်းတွေအထိ မီဒီယာတွေက ဘယ်သူ့ကိုမှ အလွတ်မပေးပဲ သူတို့သိလိုရာကို မေးကြတော့သည်။


သေချာတာပေါ့။ ဒီထဲကမှ အမေးခံရဆုံးကတော့ မင်းသားနဲ့မင်းသမီးစုံတွဲပဲပေါ့။


“မစ္စတာဟန်က အရင်က တီဗီစီးရီးတွေ အများကြီးမှာ ပါဝင်ဖူးပြီးပြီ. ပြီးတော့ ရုပ်ရှင်တွေလည်း အများကြီးရိုက်ဖူးတယ်။ အခုဖန်တွေနဲ့ ကျွန်မသိချင်တာကတော့ ဒီတစ်ကြိမ်မှာ ဒါရိုက်တာစုနဲ့အတူ ဘယ်လိုရိုက်ကူးဖြစ်ခဲ့လဲဆိုတာကိုပါ”


ဟန်ရှောင်က ဒါရိုက်တာကို ကြည့်လိုက်ပြီး
“ကျွန်တော် ဒီဇာတ်ကောင်ကို ယူမယ်လို့ မဆုံးဖြတ်ခင်ကတည်းက ဒါရိုက်တာစုနဲ့အတူ စကားပြောပြီး ဇာတ်ညွှန်းကို အရင်ဖတ်ခဲ့ပါတယ်။ ဒါက တကယ်ကို အံ့သြဖို့ကောင်းတယ်။ ကျွန်တော် အရင်က ဇာတ်ညွှန်းတွေထက်ကို ဒီဇာတ်ညွှန်းကို ပိုပြီးတော့ ကြိုက်ပါတယ်”


“မစ္စတာဟန်က ချင်းရီရဲ့သရုပ်ဆောင်စကေးနဲ့ပတ်သက်ပြီး weiboမှာ ချီးကျူးခဲ့တယ်နော်. သူမက အရမ်းကို သက်သောင့်သက်သာဖြစ်စေပြီး အရမ်းတော်တဲ့ ပါတနာဆိုပြီးတော့လေ။ ကျွန်တော်က ခင်ဗျားရဲ့ဖန်ပါ။ ကျွန်တော်မှတ်မိတာက ခင်ဗျားအရင်က ဒီလိုမျိုး ဆိုရှယ်မီဒီယာတွေမှာ မင်းသမီးတွေနဲ့ ပတ်သက်ပြီး တစ်ခါမှ မပြောဖူးဘူး။ ဒါပေမဲ့ မစ်စုအတွက်တော့ ခင်ဗျားတင်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတွေးမိလဲဆိုတာကို မစ်စုက ဖြေပေးပါလားခင်ဗျ”


စုချင်းရီကရော ဘယ်လိုထင်နိုင်လဲ?


စုချင်းရီ တောက်ပစွာပြုံးလိုက်ပြီး
“မစ္စတာဟန် ဒီလိုလုပ်လိုက်တာနဲ့ပတ်သက်ပြီး ကျွန်မလည်း အရမ်း အံ့သြသွားပါတယ်။ မစ္စတာဟန်က ကျွန်မတွေ့ခဲ့ဖူးတဲ့ မင်းသားတွေထဲက အကောင်းဆုံးမင်းသားတစ်ယောက်ပါ။ ပြီးတော့ သူက ကျွန်မကို အရမ်းကို ကူညီပေးခဲ့ပါတယ်။ သေချာတာပေါ့ အနာဂတ်မှာ ကျွန်မ သူ့ကို လိုက်မှီဖို့ဆိုရင် ပိုကြိုးစားဖို့ လိုတယ်”


မေးလိုက်တဲ့ အဓိပ္ပါယ်က ဒီလိုမဟုတ်ပေ။ ဒါပေမဲ့ သူမက မေးခွန်းတခြား အဖြေတခြားဖြေခဲ့သည်။ အင်တာဗျူးတဲ့ သူတွေကလည်း အနုပညာလောကထဲမှာ ကျင်လည်နေတာကြာပြီဖြစ်တဲ့ မြေခွေးတွေဖြစ်သည်။ နာရီဝက်လောက်ကြာပြီးတာနဲ့ မေးခွန်းတွေလည်း ကုန်လုနီးပါးဖြစ်သွားသည်။ အင်တာဗျူးသူ တစ်ယောက်ကတော့ တွေဝေစွာဖြင့် မေးခွန်းတစ်ခုကို မေးထုတ်လာခဲ့သည်။


“မစ်စု ရှင်ပြောခဲ့တာ ဆရာဟန်နဲ့ရှင်က ရိုက်ကူးရေးမှာ ချစ်သူတွေအဖြစ် ဟန်ဆောင်ရတယ်မလား။ ပြီးတော့လည်း အချိန်အကြာကြီးပဲ။ အခု အပြင်မှာတော့ ဘယ်လို အခြေနေရှိလဲဗျ”


“သေချာပေါက် မဟုတ်ဘူးပေါ့။ ဆရာဟန်က ကျွန်မရဲ့ အိုင်ဒေါလ်ပါ။ သူနဲ့ သတင်းအမှားတွေတက်ဖို့ မလုပ်ရဲပါဘူး”


“မစ်စု ရှင် ပွဲဦးထွက်ပြီးတဲ့နောက်မှာ ရှောင်ဝေ့ရင်းနဲ့ တွေ့ဖူးတယ်မလား။ ရှောင်ဝေ့ရင်း အခု တရုတ်ပြည်ကို ပြန်ရောက်နေပြီဆိုတာကို ရှင်သိပြီးပြီလား”


စုချင်းရီ လှုပ်ရှားသွားသည်။
“ဘာ. ရှောင်ဝေ့ရင်း တရုတ်ကို ပြန်ရောက်နေပြီလား”


“ရှင် မသိသေးဘူးလား။ အရင်နေ့တုန်းက ရှောင်ဝေ့ရင်း အိမ်ပြန်လာတယ်ဆိုပြီး အချို့မီဒီယာတွေက သူမရဲ့ လေယာဉ်ကွင်းက ပုံတွေကို တင်လိုက်သေးတယ်”


စုချင်းရီ တကယ်ကို အံအားသင့်သွားသည်။ ဟန်ရှောင်က သူမကို သတိထားမိသွားပြီး အခြေနေကို ပြန်ထိန်းပေးလိုက်သည်။


“နောက်ထပ် မေးခွန်းရှိသေးလားဗျ”


အင်တာဗျူးသူကလည်း ချက်ချင်းပင် ဟန်ရှောင်ဘက်သို့ အာရုံပြောင်းသွားသည်။ နောက်ပိုင်းကျတော့ စုချင်းရီ စိတ်ထဲ ဗလာကျင်းသွားကာ မေးခွန်းတွေကို လုံးဝကို မဖြေတော့ပေ။


ဟိုတယ်ပြန်ရောက်တော့ Madokaက သူမကို မစိုးရိမ်ဖို့ နားချလေသည်။


“အစ်မချင်းရီ. မစိုးရိမ်ပါနဲ့။ ရှောင်ဝေ့ရင်းက နှစ်ပေါင်းများစွာကြာပြီးမှ နိုင်ငံခြားကနေ  ပြန်ရောက်လာတာပါ။ လူတွေကလည်း သူမကို မေ့သွားလောက်ပြီ။ ပြီးတော့ အခု သူမက အစ်မလောက် နာမည်မကြီးတော့ဘူးလေ”


စုချင်းရီ စိုးရိမ်နေပေမဲ့ သူမ ပြုံးဖို့ ကြိုးစားလိုက်သည်။
“ငါ အဆင်ပြေပါတယ်။ နောက်ကျနေပြီ။ ပြန်ပြီးတော့ စောစောအနားယူတော့ ငါ တစ်ယောက်တည်း နေချင်သေးလို့”


Madokaက တစ်ခုခုပြောချင်နေသေးပေမဲ့ ကျန်းနျန်က တားမြစ်လိုက်သည်။ သူတို့နှစ်ယောက် အခန်းထဲကနေ ထွက်လာပေးလိုက်ကြသည်။


“စုဝေ့ရင်းက ဘယ်သူလဲ”


ဓာတ်လှေကားထဲရောက်တော့ ကျန်းနျန်က မေးလာသည်။
“စုဝေ့ရင်းက လွန်ခဲ့တဲ့ လေးနှစ်က အရမ်းကို နာမည်ကြီးတဲ့ မင်းသမီးပဲ။ အစ်မချင်းရီ ပွဲဦးထွက်ပြီးနောက် သူမကို လူတွေက စုဝေ့ရင်းနဲ့ တူတယ်ဆိုပြီး အာရုံစိုက်လာကြသေးတယ်”


ကျန်းနျန် သူမဖုန်းထဲကနေ စုဝေ့ရင်းရဲ့ လေယာဉ်ကွင်းက ပုံတွေကို ကြည့်လိုက်သည်။ သူမက တကယ် စုချင်းရီနဲ့တူတာပဲ။


“သူမက အစ်မချင်းရီနဲ့တူတဲ့ စုဝေ့ရင်းပဲ”
ပြောပြီးနောက်မှာတော့ Madokaက သူမဖုန်းကို ပိတ်ကာ ပြန်သိမ်းလိုက်တော့သည်။


**


ကျန်းနျန်ရဲ့ကောင်မလေးတို့ ထွက်သွားပြီးနောက်မှာတော့ စုချင်းရီ weiboကို ဖွင့်ကာ စုဝေ့ရင်းရဲ့ပုံတွေကို ချက်ချင်းရှာလိုက်သည်။


လေးနှစ်ကြာပြီးနောက်မှာ စုဝေ့ရင်းက လျှို့ဝှက်စွာပြန်လာခဲ့သည်။ ဒါပေမဲ့ သူမရဲ့ အလှကြောင့် ပါပါရာဇီတွေရဲ့ မျက်လုံးထဲကနေ လွတ်အောင် မထွက်လာနိုင်ပေ။


ပြီးတော့ စုဝေ့ရင်းရဲ့လက်မောင်းကြားက သုံးနှစ်လေးနှစ်လောက်ရှိမည့် ကလေးလေးတစ်ယောက်ကြောင့်လဲဖြစ်သည်။


*****

Comment