21
ထိုနေ့ည…
ထိုအချိန်မှာ ရိရန်က အခန်းထဲကို ဝင်လာပြီး ဆိုဖာပေါ်မှာ စာအုပ်ကိုသေသေချာချာဖတ်နေပြီး ရယ်သံတိုးတိုးထွက်နေသော စုချင်းရီကို တွေ့လိုက်ရသည်။
"စုချင်းရီ"
"စု ချင်း ရီ"
ထိုအခါမှ သူမကကြားကာ အနောက်သို့လှည့်ကြည့်လာသည်။
ရိရန်ကိုတွေ့လိုက်ရသည်နဲ့ ပြုံးနေသော သူမနှုတ်ခမ်းထောင့်စွန်းတွေက ချက်ချင်းကို တည်တံ့သွားသည်။
"ယောက်ျား. ပြန်လာပြီလား"
ရိရန်က သူမရဲ့ဒရမ်မာတွေကို စိတ်မဝင်စားတာကြောင့် ချက်ချင်းပင် ရေချိုးခန်းထဲဝင်ပြီး ရေချိုးလေတော့သည်။
အိပ်ဖို့စောနေသေးတာကြောင့် ရိရန်က အခြားဆိုဖာတစ်ခုပေါ်မှာ ထိုင်ကာ ဒီနေ့ရဲ့ကျန်ရှိနေသော အလုပ်တွေကို လုပ်နေလိုက်သည်။
(ဘေးမှာထိုင်နေတဲ့ ယောက်ျားကိုလည်း အားနာပါဦး အယ်မရယ်……)
ရိရန် သူ့ရှေ့က စားပွဲကို ကြည့်နေရာကနေ သူ့ခါးဆီကို ငုံ့ကြည့်လိုက်ပြီးနောက် အတွေးတစ်ခုဖြတ်ခနဲ ဝင်ရောက်လာသည်။
စုချင်းရီက လှည့်ကြည့်လာပြီး စာအုပ်ကို မြှောက်ပြလာသည်။
"ဖီးနစ်ရာဇဝင်လေ"
"အဲဒီမှာ နမ်းတဲ့အခန်းတွေပါလား"
"မပါဘူး"
"မပါဘူး"
"ထိတွေတဲ့အခန်းတွေပါလား"
"မပါဘူး"
ရိရန်က သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး သူမကို မယုံကြည်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
"တကယ်လား"
"အင်း"
#အသက်ကြီးနေပြီ?#
Unicode
ဟန်ရှောင်က အနုပညာလောကထဲမှာ ဆွဲဆောင်မှုအရှိဆုံး အချောဆုံး အကျော်ကြားဆုံးသော သရုပ်ဆောင်ဖြစ်သည်။
သူရဲ့ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်၊ ချောမောသော မျက်နှာ၊ ချိုသာသော အသံနှင့် ကျွမ်းကျင်လွန်းသော သရုပ်ဆောင်စကေးတွေကြောင့် သူက သရုပ်ဆောင်မင်းသမီးအများစု၏ idea typeလည်း ဖြစ်သည်။
ဒီလိုပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီးနဲ့အတူတွဲပြီး သရုပ်ဆောင်ရမည်ကို စုချင်းရီစိတ်မလှုပ်ရှားပဲ နေမလား။
ထိုနေ့ည
စုချင်းရီ ဇာတ်ညွှန်းကို သေသေချာချာ ဂရုတစိုက်ဖတ်နေသည်။
အခန်း 23- ရေအတူတူချိုးရမယ်.
အခန်း 47- ပြင်းရှတဲ့အနမ်း
အခန်း 89- ခမ်းနားသော မင်္ဂလာဦးည
အခန်း 128- ဟန်ရှန်းဘုရားကျောင်းမှ မိုးသည်းသောည
အခန်း 159- Wushan**သို့သွားခြင်း
အခန်း 207- ညသန်းခေါင် အိပ်ရာပေါ်မှာ ပူးကပ်နေခြင်း
ထိုအချိန်မှာ ရိရန္က အခန်းထဲကို ဝင်လာပြီး ဆိုဖာပေါ်မှာ စာအုပ်ကိုသေသေချာချာဖတ်နေပြီး ရယ်သံတိုးတိုးထွက်နေသော စုချင်းရီကို တွေ့လိုက်ရသည်။
"စုချင်းရီ"
စုချင်းရီရဲ့နားထဲမှာ ဘာမှမကြားရပေ။
ဘယ်လောက်ထိတောင် စိတ်ဝင်စားနေတာလဲ။
ရိရန်ရဲ့မျက်ခုံးတွေ ကျုံ့သွားပြီး နောက်တစ်ခေါက်အော်လိုက်သည်။
"စု ချင်း ရီ"
ထိုအခါမွ သူမကကြားကာ အနောက်သို့လှည့်ကြည့်လာသည်။
ရိရန်ကိုတွေ့လိုက်ရသည်နဲ့ ပြုံးနေသော သူမနှုတ်ခမ်းထောင့်စွန်းတွေက ချက်ချင်းကို တည်တ့ံသွားသည်။
"ယောကျ်ား. ပြန်လာပြီလား"
ရိရန် သူမရဲ့စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်း ဘာတွေကြည့်နေတာလဲ"
စုချင်းရီ ဝတၳုစာအုပ်ကို မြှောက်ပြလိုက်ပြီး "နောက်ထပ်ရိုက်မယ့် ဇာတ်လမ်းတွဲရဲ့ဇာတ်ညွှန်းပါ။ ရှင် ရေချိုးပြီး အိပ်သင့်ပြီ"
ရိရန္က သူမရဲ့ဒရမ်မာတွေကို စိတ်မဝင်စားတာကြောင့် ချက်ချင်းပင် ရေချိုးခန်းထဲဝင်ပြီး ရေချိုးလေတော့သည်။
သူရေချိုးပြီး ပြန်ထွက်လာတော့ စုချင်းရီက နေရာမပြောင်းပဲ ဇာတ်ညွှန်းဖတ်နေတုန်းပင် ဖြစ်သည်။
အိပ်ဖို့စောနေသေးတာကြောင့် ရိရန္က အခြားဆိုဖာတစ်ခုပေါ်မှာ ထိုင်ကာ ဒီနေ့ရဲ့ကျန်ရှိနေသော အလုပ်တွေကို လုပ်နေလိုက်သည်။
#*မင်းက ဘုရင်မဖြစ်ချင်တယ်ဆိုရင် ကိုယ်က ကမ္ဘာကြီးတစ်ခုလုံးကို မင်းအတွက်လက်ဆောင်ပေးမယ်။ ဘာလို့ဆို ကိုယ့်ဆီမှာ မင်းမှမရှိတော့ရင် ဒီကမ္ဘာကြီးက ကိုယ့်အတွက် ဘာမှအရေးမပါတော့ဘူးလေ* O My Godဒီစာသားက တော်တော်ကို ထိတာပဲ. ဒီစကားတွေသာ ဟန်ရှောင်တကယ်ပြောရင် ဘယ်လိုနေမယ်မသိဘူး။ ပြီးရင် သူက ငါ့ကိုနမ်းလိမ့်မယ်။ အားးးးးမဟုတ္ဘူး.မဟုတ္ဘူးငါ တွေးတောင်မတွေးရဲတော့ဘူး. ငါ့နှလုံးသားလေးက ခုန်နေတာ ရပ်တော့မှာ မဟုတ္ဘူး#
#စားသောက်ပွဲလည်းပါသေးတယ်။ စားသောက်ပွဲပြီးတဲ့နောက် မိုးတွေရွာပြီး အလင်းရောင်မှိန်ဖျဖျ ရွက်ဖျင်တဲထဲမှာ နူးညံ့ကြင်နာသိမ်မွေ့ရင်ခုန်မှုတွေနဲ့အတူအားးးးငါ ဒီအခန်းကို သရုပ်ဆောင်နိုင်ပါ့မလား။ အေမေရသေပါပြီ#
#သူမက သူ့ရဲ့အဝတ်မပါတဲ့ ရင်ခွင်အကျယ်ကြီးထဲမှာ မှီနေတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ထိတွေ့နေတယ်။ သူမက တုန်ရီပြီး သူမလက်ဖဝါးတွေကို ပွတ်သပ်နေတယ်။ သူ့ခါးနားက ဓားဒဏ်ရာကို သူမက ပွတ်သပ်ပေးနေတယ်။ နောက်တော့ သူတို့မှာ အဝတ်တွေမရှိတော့ဘူးအဝတ်တွေမရှိေတော့ဘူး. သူတို့ထိတွေ့နေတယ်။ အားဒီအခန်းရောက်ရင် ဟန်ရှောင်က အဝတ်ဝတ်ထားမှာမဟုတ်ဘူး။ ဟန်ရှောင်မှာ eight packsရှိတယ်လို့ ငါကြားဖူးတယ်။ အဲဒါတွေကို ငါကိုင်ခွင့်ရနိုင်မလား။ မဟုတ်သေးဘူးစုချင်းရီ ကိုယ့်ပုံရိပ်ကို ကိုယ်ထိန်းစမ်း#
#ဒါပေမဲ့ ဟန်ရှောင်က ဆွဲဆောင်မှုရှိလွန်းတယ်။ ငါမစောင့်နိုင်တော့ဘူး။ ဘာလို့ရိုက်ကွင်းက မနက်ဖြန်ကတည်းက မစရတာလဲ!!!#
(ဘေးမှာထိုင်နေတဲ့ ယောကျ်ားကိုလည်း အားနာပါဦး အယ်မရယ်)
ရိရန် သူ့ရှေ့က စားပြဲကို ကြည့်နေရာကနေ သူ့ခါးဆီကို ငုံ့ကြည့်လိုက်ပြီးနောက် အတွေးတစ်ခုဖြတ်ခနဲ ဝင်ရောက်လာသည်။
eight-pack absက တော်တော်ကို အံ့သြစရာကောင်းတာလား။
ပြီးတော့ စုချင်းရီရဲ့ပျော်မြူးနေသော မျက်နှာကြီးကို ကြည့်လိုက်သည်။ အချိန်အတော်ကြာ စိုက်ကြည့်လိုက်သော်လည်း သူမက နည်းနည်းမှ မရိပ်မိပေ။
"စုချင်းရီ. မင်းရဲ့ဒရမ်မာက ဘာအကြောင်းလဲ?"
စုချင်းရီက လှည့်ကြည့်လာပြီး စာအုပ္ကို မြှောက်ပြလာသည်။
"ဖီးနစ်ရာဇဝင်လေ"
"အဲဒီမွာ နမ်းတဲ့အခန်းတွေပါလား"
စုချင်းရီ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ပြန်ပြောလာသည်။
"မပါဘူး"
"အိပ်ရာပေါ်က အခန်းတွေပါလား"
"မပါဘူး"
"ထိတွေတဲ့့အခန်းတွေပါလား"
"မပါဘူး"
ရိရန္က သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး သူမကို မယုံကြည်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
"တကယ္လား"
"အင်း"
#ဒီမွာ ဘာတွေပါလဲဆိုတာကို ကျွန်မက ရှင့်ကို ပြရဦးမှာလား။ ငါလေးရဲ့လွတ်လပ်ခွင့်လေး ပျောက်ဆုံးသွားမှာပေါ့။ ဘာလဲ ဝင်ဖျက်ဆီးချင်လို့လား။ နင်ငါ့ကို ဒီကားမွာ မပါခိုင်းဘူးဆိုရင် ငါက အဖိုးကို သွားတိုင်ပြီး နင့်ကိုဆူခိုင်းမှာ. ဟွန့်#
""ရိရန် လက်ထဲက စာရွက်စာတမ်းတွေကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။
"စုချင်းရီ မင်းကိုယ်မင်းသိနော်။ မင်းက ခင်ပွန်းရှိတဲ့ ဇနီးသည်။ အပြင်က အခြားယောကျ်ားတွေနဲ့ အသားချင်းထိဖို့ မစဉ်းစားနဲ့။ မင်းကိုယ်မင်းလည်း အသက်နှစ်ဆယ့်ခုနစ်နှစ်ဆိုတာကို သတိရဦး။ နောက်လတွေမှာပဲ နှစ်ဆယ့်ရှစ်ဖြစ်တော့မယ်။ ကောင်မလေးတွေလို အပြင်က ယောကျ်ားတွေကို လိုက်ငမ်းမနေနဲ့။ မင်းက အသက်ကြီးနေပြီ"
ပြောပြီးတာနဲ့ ရိရန္က ထရပ္ကာ လှည့်ထွက်လာခဲ့သည်။ စုချင်းရီကို စကားပြန်ပြောခွင့်လေးတောင် မပေးလိုက်ပေ။
ထွက်ခွါသွားသော ရိရန်ရဲ့နောက်ကျောကို ကြည့်ရင်း စုချင်းရီတစ်ယောက် အံကြိတ်ပြီး ကျန်ခဲ့ရသည်။
#အသက်ကြီးနေပြီ?#
#အားးး.ငါ လူသတ်ချင်နေပြီနော် စိတ်လျော့.စိတ်လျော့ စုချင်းရီ စိတ်လျော့..။ ဟန်ရှောင် အကြောင်းကို စဉ်းစား. ဟန်ရှောင်နဲ့အတူ နမ်းတဲ့အခန်း၊ ဒရမ္မာ၊ အိပ်ရာ၊ ဒရမ္မာ၊ အချစ်ခန်း၊ အိပ်ရာပေါ်က အခန်း၊ အသားချင်းထိတွေ့ရမယ့် အခန်း၊ ဟန်ရှောင်ရဲ့ကြွက်သားတွေ။ အဲဒါတွေကို ဒီခွေးကောင်ရဲ့အနှောင့်အယှက် မခံနဲ့#
#အား ဒီနှစ်ဆယ့်ရှစ်နှစ်အရွယ် ခွေးကောင်. ထြက္သြား.။ ငါက အမြဲတမ်း ဆယ့်ရှစ်နှစ်ပဲဆယ့်ရှစ်နှစ်!!!#
Comment