5

[Unicode]


'အရမ်းနာတယ်!'


သွမ့်ယိခွန်းထံမှ ဖုန်းလက်ခံရရှိချိန် ဝမ်ချောင်က ဟော်တယ်ခန်းထဲ အိပ်နေဆဲဖြစ်၏။


"ဘယ်အချိန်ကို အတည်ပြုချင်တာလဲ။" သူ အိပ်ချင်မူးတူးနှင့် ဖုန်းခေါ်လာသူကိုတောင် မသိပဲ ဆက်ပြောသည်။ "မင်းတို့ကောင်တွေ မင်းတို့ဘာသာ ကစားကြ။ မင်းတို့ဖေဖေ ညက threesomeလိုက်လို့၊ သေမလို ပင်ပန်းနေတယ်။ ဘယ်မှ မသွားချင်ဘူး။"


သွမ့်ယိခွန်း အပြုံးမပျက် ပြန်ပြောသည်။ "မင်း မလာဘူးဆို ငါ မင်းအကိုကြီးဆီ ဖုန်းခေါ်လိုက်မယ်။"


"အကိုကြီး"ဆိုသည့် စကားကိုကြားလိုက်တာနှင့် ဝမ်ချောင် ဆက်ကနဲနိုးလာပြီး ဖုန်းခေါ်လာသူကို ကြည့်လိုက်သည်။ ထို့နောက် သူ တစ်ဖက်ပြန်လှည့်ပြီး စိတ်အေးသွားသလိုဖြင့် ပျင်းတိပျင်းရွဲပြောလိုက်သည်။


"အိုး၊ ခင်ဗျားပဲ၊ ခွန်း-ကော"


"အဖွဲ့နာမည်နဲ့ အဖွဲ့ဝင်တွေကို အတည်ပြုဆုံးဖြတ်ပြီးသွားပြီ။ နောက်တနင်္လာနေ့မှာ စာချုပ်လက်မှတ်ထိုးရမယ်။ မင်းလည်း လူတိုင်းနဲ့ သိကျွမ်းပြီး ခင်မင်အောင် လာခဲ့။"


"ဟုတ်ပြီ၊ ဒါနဲ့ ခင်ဗျား ရှောင်းရှဲ့ကို အကြောင်းကြားပြီးပြီလား။"


"ကျန်တဲ့ အဖွဲ့ဝင်ငါးယောက်ကို ဆက်သွယ်ပြီးသွားပြီ။" သူ စက္ကန့်မျှ စကားပြောရပ်သွားပြီးမှ ဆက်ပြောသည်။ "ကြည့်ရတာ မနေ့က အချိန်ကောင်းတစ်ခု ရှိခဲ့ပုံပဲ။"


ဝမ်ချောင်က အနည်းငယ်မျှ ဗိုက်ဆာနေပြီး တစ်ခုခု သွားစားချင်တာမို့ ထထိုင်ကာ ဆံပင်ကို လက်ဖြင့် သပ်ဖီးရင်း ပြောလိုက်သည်။ "မဆိုးပါဘူး၊ ခွန်း-ကော၊ ခင်ဗျား ပြောစရာရှိသေးလား။ မရှိဘူးဆို ကျွန်တော် ချတော့မယ်။"


"အရေးကြီးတာတော့ မရှိပါဘူး၊ မင်း ပွဲဦးထွက်ရတော့မှာမို့ အပြင်မှာ အပျော်အပါး သိပ်မမက်တော့ဖို့ သိစေချင်ရုံပါပဲ။ တစ်ယောက်ယောက်ကများ မင်းကို ဓာတ်ပုံရိုက်ထားရင် အနာဂတ်ကျ ဒုက္ခကောင်းကောင်းရောက်လေ့မယ်။"


"အို့"


သွမ့်ယိခွန်း သူ့ရဲ့ မမှုသလိုအသံကို ကြားတာနှင့် ထပ်ပြောလိုက်သည်။


"ပြီးတော့ မင်းအကို သိသွားရင် ပိုပြဿနာကြီးသွားမယ်။"


အခြေခံအားဖြင့် ဝမ်ချောင်က သူ့အစ်ကိုကို အကြောက်ဆုံးဖြစ်သည်။


"ခင်ဗျား ဘာပဲလုပ်လုပ်၊ ကျွန်တော် မနေ့ညက threesomeလုပ်ခဲ့တယ်ဘာညာ သူ့ကို သွားမပြောနဲ့။ ကျွန်တော် အိမ််မပြန်ပဲ မီယွမ်မှာ ငါးသွားဖမ်းတယ်လို့ သူ့ကို ပြောထားတာ။"


"ငါ မင်းအကြောင်းကို ပြောမှာမဟုတ်ဘူး။ မင်း အခုတော့ သူ့ကို ဖုံးထားလို့ ရနေဦးမှာ၊ ဒါပေမယ့် အနာဂတ်ကျ မင်းအနောက်ကနေ မီဒီယာတွေ ဆက်တိုက်လိုက်တာ ခံရရင် မင်းဖုံးထားချင်ရင်တောင် ဖုံးနိုင်လိမ့်မယ်လို့ ငါမထင်ဘူး။"


"...သိပြီ။"


သူက **လမ်းထောင့်ရှိ သူ့အဖေဝယ်ပေးထားသည့် ဗီလာအိမ်သေးလေးမှာ သူ့ဒုအကို ဝမ်ကျင်းနှင့်အတူနေသည်။ ဝမ်ချီလည်း တစ်ခါတစ်လေ ပြန်လာပြီး သူတို့နှင့် အတူနေလေ့ရှိသည်။


အပြင်မှာ စားသောက်ပြီးသည်နှင့် အိမ်ပြန်လာရာ ခြံဝန်းထဲတွင် ပန်းပင်ရေလောင်းနေသည့် ဝမ်ကျင်းကို သူ မြင်လိုက်ရသည်။ သူ လှမ်းခေါ်လိုက်သည်။ "အကိုနှစ်၊ ဒီနေ့ ဆေးရုံကနေ အစောကြီး ပြန်ရောက်နေတာပဲ။"


ဝမ်ကျင်း သူ့ကို မူမမှန်သည့်အပြုံးတုနှင့်ကြည့်ပြီး ပြောလာသည်။ "ဒီနေ့က တနင်္ဂနွေနေ့လေ။ ငါ့မှာ လုပ်စရာမရှိဘူး။ ငါ မင်းနဲ့အတူ မီယွမ်မှာ ငါးသွားဖမ်းဖို့ စောင့်နေသေးတာ၊ အတော်ကြာအောင် စောင့်နေတာဆိုပေမယ့် မင်းက ပြန်ကိုမလာဘူး။ ကုန်းတိက ဘားမှာ ငါးဖမ်းရတာ ဘယ်လိုများနေရဲ့လဲ။"


"ဝမ်မျိုးနွယ် နံပါတ်နှစ်! ခင်ဗျား ကျွန်တော့်နောက်ကွယ်မှာ ကျွန်တော့်ကွန်ပျူတာထဲက iCloudနဲ့ ချိတ်ထားတဲ့ ပုံတွေ ဝင်ကြည့်ပြန်ပြီလား!?"


ဝမ်ကျင်း ဤမျှသာ ပြန်ပြောနိုင်သည်။ "ကြည့်တဲ့သူက ငါ မဟုတ်ဘူး။ မင်း အရင် ဝင်သွားသင့်တယ် ; ဒီနေ့က ပူတယ်လေ။ မင်းအတွက် အထဲမှာ ဖရဲသီးနည်းနည်း ချန်ထားတယ်။"


မျက်နှာအမူအရာကလည်း ပုံမှန်အတိုင်း၊ သူ့ကိုလည်း မရိုက်၊ ထို့အပြင် အထဲဝင်ပြီး ဖရဲသီးစားဖို့တောင် ပြောလိုက်သေးတယ်? ဒါက တအား အဆင်ပြေလွန်းနေလို့ အမှန်တရားလို့တောင် ယူဆသင့်ရဲ့လားဟူသည့် သံယယဝင်စိတ်များဖြင့် ဝမ်ချောင် တံခါးဖွင့်ပြီး အထဲလျှောက်ဝင်သွားလိုက်သည်။


ဝမ်ကျင်းကတော့ ပန်းပင်များကို ရေဆက်လောင်းနေသည်။


မိနစ်ဝက်အကြာမှာတော့ ဝမ်ချောင်အော်သံ စူးကနဲထွက်လာတော့သည်။ "အကိုကြီး၊ ကျွန်တော် မှားပါတယ်! ကျွန်တော် ငါးသွားမမျှားဘူး! မလုပ်ခဲ့ဘူးလို့! အား၊ အကိုကြီး ကျွန်တော်မှားမှန်း ကျွန်တော် သိပါပြီ! Fu*k, fu*k! အားးးး ..!"


တနင်္လာနေ့။


စာချုပ်လက်မှတ်ထိုးရန်အတွက် သူ့အကို ဝမ်ချောင်အား မနက်စောစော အိမ်မှမောင်းထုတ်လိုက်သည်။ ဟွေ့ရှင်းအနုပညာကုမ္ပဏီသို့ရောက်ချိန်မှာတော့ အင်တာဗျူးစဉ်က ထိုင်ခဲ့တဲ့ ဆိုဖာပေါ်တွင် ရှဲ့ကျူရှင်းတစ်ယောက်သာ ထိုင်စောင့်လျက်ရှိနေသည်။


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်နေရင်း တစ်ပြိုင်တည်း ပြောလိုက်မိသည်။


"မင်းဖျားနေတာလား?"


"မင်း အရိုက်ခံထားရတာလား။"


"..."


"ငါ မဖျားပါဘူး။ မနေ့က ဖျော်ဖြေပွဲတစ်ခုရှိပြီး အိမ်ကို နောက်ကျမှ ပြန်ရောက်လို့ ကောင်းကောင်း မအိပ်လိုက်ရဘူး။ အဲ့ဒါကြောင့် မျက်နှာအခြေအနေ နည်းနည်းဆိုးနေတာ။"


ဝမ်ချောင်က သူ့မျက်နှာပေါ်က ဒဏ်ရာတွေ ဘယ်ကရလာလဲဆိုတာ မပြောချင်။


"မင်း ဘာလို့ ဖျော်ဖြေပွဲ လုပ်နေသေးတာလဲ။ မင်း စာချုပ်လည်း လက်မှတ်ထိုးနေပြီး မကြာခင်ပဲ ပွဲဦးထွက်တော့မှာကို ဘာလို့ အဲ့လိုအသေးအဖွဲ့လေးတွေ ဆက်လုပ်နေသေးတာလဲ။"


ရှဲ့ကျူရှင်း ပြုံးရုံမျှသာ ပြုံးပြီး ဘာမှ ပြန်မဖြေ။


ခဏအကြာမှာတော့ အခြားအဖွဲ့ဝင်လေးယောက်က ဓာတ်လှေကားတစ်ခုထဲ စီးပြီး အပေါ်သို့အတူတက်လာကြသည်။ သူတို့လေးယောက်က စကားပြောလိုက်၊ ရယ်လိုက်နှင့် အလွန် ရင်းနှီးနေကြပြီဆိုသည်မှာ အသိအသာပင်။


ရှဲ့ကျူရှင်း သူတို့ကို နှုတ်ဆက်လိုက်ပြီး သူတို့ကလည်း အပြန်အလှန် ပြန်နှုတ်ဆက်လာသည်။ သူတို့က အနာဂတ်မှာ အဖွဲ့ဝင်တွေဖြစ်ကြတော့မှာ သိနေတာမို့ သူ့ကိုလည်း ယဉ်ယဉ်ကျေးကျေးဆက်ဆံကြသည်။


ဝမ်ချောင်တစ်ယောက်တည်းကသာ အခြားသူများကို အသိအမှတ်ပြုဖို့ အပင်ပန်းခံမနေ။ သူနှင့် ကျိကျဲက တစ်ယောက်နှင့်တစ်ယောက် သဘောမကျ၊ သို့ပေမယ့် ကျန်သုံးယောက်က ကျိကျဲနှင့်အတော်အတန်ကောင်းမွန်သည့် ဆက်ဆံရေးရှိနေပုံပေါ်သည်။ ထို့ကြောင့် ဝမ်ချောင် သူတို့သုံးယောက်ကိုလည်း သိပ်မကြိုက်ချင်တော့။ သူတို့အကုန်လုံး သူ့ကို နှုတ်ဆက်လာပေမယ့် သူက အသံအနည်းငယ်မျှသာ အစ်ထုတ်ဖြေလိုက်သည်။ သူတို့ကို မြင်နေရတာကိုက သူ့အား စိတ်ရှုပ်စေသည်။


လူစုံသွားသည်နှင့် သွမ့်ယိခွန်းက ကုမ္မဏီမှာ အခြားစီမံအုပ်ချုပ်ရေးအကြီးအကဲနှစ်ယောက်နှင့် အလျင်အမြန်ဝင်လာသည်။


စာချုပ်လတ်မှတ်ထိုးရသည့် လုပ်ငန်းစဉ်က ရှဲ့ကျူရှင်းတွေးထင်ထားတာထက်ပင် ရိုးစင်းလှသည်။ သွမ့်ယိခွန်းက စာချုပ်ပေါ်မှ အရေးအကြီးဆုံး သဘောတူညီချက်များကို အကျဉ်းချုံးရှင်းပြပြီး သူတို့ နားမလည်တာများ ရှိလားဟု မေးလာသည်။


ဝမ်ချောင်က လှန်တောင် မကြည့်။ မနေ့က သွမ့်ယိခွန်းက သူ့ကြည့်လို့ရအောင် စာချုပ်ကို ကြိုပို့ထားပြီးဖြစ်သည်။


ရှဲ့ကျူရှင်း လှန်လှောကြည့်နေရင်း အရာရာက လက်ခံဖွယ်အနေအထားတွင် ရှိသည်ဟု တွေးမိသည်။ သူလို လူသစ်အတွက်ကတော့ ဒီစာချုပ်က အတော်ကို သက်ညှာထားတာပင်။


ကျန်လူများကလည်း လူသစ်များဖြစ်ကြပြီး ဘာတစ်ခုကိုမှ နားမလည်။ သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ ဘာကိုမေးရမလဲဆိုတာကိုပါ မသိကြ။


ကျိကျဲတစ်ယောက်သာ လက်မြှောက်ပြီး မေးလာသည်။ "ကျွန်တော်မေးချင်တာ .. ကုမ္ပဏီက သူ့ဝေစုသူ ယူပြီး အခွန်တွေရောရှင်းပြီးသွားရင် ကျန်တဲ့ဝေစုကို ကျွန်တော်တို့ ၆ယောက်အညီအမျှ ခွဲယူရမှာလား။"


သွမ့်ယိခွန်း သူ့ကို တစ်ချက်လှည့်ကြည့်လာသည်။ သူ မျက်မှန်ပင့်တင်ရင်း ပြောလိုက်သည်။ "ဟုတ်တယ်။ အနုပညာရှင်အဖွဲ့တွေအကုန်လုံး အဲ့လိုအလုပ်လုပ်ကြတာပဲ။"


ကျိကျဲ သူ့မေးခွန်းက အနည်းငယ်မသင့်တော်ဘူးဟု တွေးမိပုံပေါ်သည်။ သူ့မျက်နှာက အနည်းငယ်မျှ နီရဲလာရင်း ပြောလိုက်သည်။ "ကျေးဇူးပါ သွမ့်-ကော၊ ကျွန်တော့်မှာ ထပ်မေးစရာမေးခွန်းမရှိတော့ပါဘူး။"


သူတို့အကုန်လုံး ချောချောမွေ့မွေ့ပဲ စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ကြပြီး စီမံအုပ်ချုပ်ရေးအကြီးအကဲနှစ်ယောက်ကလည်း ကုမ္ပဏီကိုယ်စား သူတို့ဟွေ့ရှင်းကုမ္ပဏီမှ ကြိုဆိုကြောင်း ပြောကြားလွှာများ မိန့်ခွန်းပြောသည်။ ပြောပြီးနောက်တွင်တော့ သူတို့ ထွက်သွားကြသည်။


သွမ့်ယိခွန်းနှင့် လူငယ်၆ယောက်သာ ကျန်ခဲ့သည်။


သူ လူ၆ယောက်ရှေ့ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။ "ငါ သွယ်ဝှက်ပြီး ပြောရတာ သဘောမကျဘူး၊ အဲ့တော့ ငါ အရာရာတိုင်းကို တည့်တိုးပဲပြောမယ်။ ငါ မင်းတို့အကုန်လုံးကို ရွေးချယ်ခဲ့ပြီး မင်းတို့အနာဂတ်အတွက်လည်း မျှော်လင့်ချက်ကြီး ထားထားတယ်။ ဒီမျှော်လင့်ချက်က တကယ်ဖြစ်လာနိုင်မလားဆိုတာကတော့ မင်းတို့အပေါ်မှာ မူတည်တယ်။ ငါ လိုအပ်တာနှစ်ခုပဲရှိတယ် — လိုက်နာ နာခံမှု နဲ့ ကြိုးစားအားထုတ်မှုပဲ။"


သမ်းနေတဲ့ ဝမ်ချောင်ကလွဲပြီး ကျန်ငါးယောက်ကတော့ စူးစူးစိုက်စိုက်နားထောင်နေသည်။


သွမ့်ယိခွန်း ဝမ်ချောင်ကို မမြင်သလို ဟန်ဆောင်ထားသည်။ သူပြုံးရင်း ဆက်ပြောသည်။ "ငါ အခု မင်းတို့ကို ပထမဆုံးတာဝန်ပေးတော့မယ်။ ပွဲဦးမထွက်ခင် လေ့ကျင့်ရေး တစ်လရှိမယ်။ အဲ့ထဲမှာ အသံ လေ့ကျင့်ခန်း၊ အတီးအခတ်လေ့ကျင့်ခန်းနဲ့ အကပိုင်း လေ့ကျင့်ခန်းတွေပါဝင်တယ်။ ကျေးဇူးပြုပြီး ဒီလကို မင်းတို့အကောင်းဆုံး ဆောင်ရွက်ပေးကြပါ။"


ဝမ်ချောင် သမ်းလို့ပြီးသွားပြီ။ သူ သွမ့်ယိခွန်းပြောတာကို ကြားလိုက်ပြီး မကြည်မလင်ဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ ဒီနေ့စရမှာလား။"


သွမ့်ယိခွန်း ခေါင်းငြိမ့်ပြသည်။


ဝမ်ချောင် တစ်ခုခုပြောချင်ပေမယ့် သွမ့်ယိခွန်း ဖြတ်ပြောလာသည်။ "မင်း ရှောင်းရှဲ့နဲ့ အတူကချင်တယ်လို့ မပြောထားဘူးလား။ ရှောင်းရှဲ့၊ အုပ်ချုပ်ရေးအခန်းကို သွားပြီး ၁၀လွှာက Trainingအခန်းသော့ကို ယူလိုက်။ ပြီးတော့ အကဆရာ မလာခင် မင်းသူ့ကို အကြောလျော့တာ ကူပေးထားလိုက်။ ယန်ရှောင်းမု၊ ကောင်းစီယွမ်၊ မင်းတို့နှစ်ယောက်က ၁၂ထပ်ကို သွားပြီး အသံလေ့ကျင့်ပေးမယ့် ဆရာကို သွားရှာ။ ကျိကျဲနှင့် ချန်းယောင်၊ မင်းတို့က ၁၂ထပ်က ပီယာနိုအခန်းကို သွား။"


အခု ဝမ်ချောင် တစ်ကိုယ်လုံးက အကောင်းဆုံးအခြေအနေမှာ မဟုတ်နေ။ မနက်၇နာရီကတည်းက ဝမ်ချီ သူ့ကို အိပ်ယာပေါ်မှ ဆွဲထုတ်လာသည်။ စာချုပ်ချုပ်ပြီးပါက သူ အိမ်ပြန်ပြီး အိပ်ရေးဝအောင်လုပ်မည်ဟု တွေးလိုက်ချိန်မှာပဲ သူ့မှာ မအိပ်ရသည့်အပြင် အကြောပါဆန့်ရလေ့ဦးမည်။


သူ့မှာ မသွားပဲလည်း မနေရဲ။ သွမ့်ယိခွန်းသာ သူ့အစ်ကိုကို ပြောလိုက်ပါက သူ့အတွက် အကုန်အဆုံးသတ်သွားလိမ့်မည်။


သူ ရှဲ့ကျူရှင်းအနောက်မှ Training အခန်းထဲ လိုက်ဝင်လာပြီး ပြောလိုက်သည်။ "ငါ မလုပ်ချင်ဘူး။"


"..."


သူ မတရားခံထားရသည့်အတိုင်း ဝမ်ချောင် ပြောလာသည်။ "ငါ မနေ့က ကောင်းကောင်းမအိပ်ပျော်ဘူး။ မနေ့ညက ပျင်းလို့ဆိုပြီး သရဲကားကြည့်လိုက်တယ်ကွာ။ ငါနဲ့အတူကြည့်ပေးဖို့ဆို ငါ့အကိုနှစ်ကို ဆွဲထားပေမယ့် ဇာတ်လမ်းအလယ်လောက်ရောက်မှ အရေးပေါ်ဖုန်းခေါ်လာလို့ ဆေးရုံကို ပြန်သွားတယ်။ အဲ့တော့ ငါ ဇာတ်သိမ်းအထိ တစ်ယောက်တည်း ထိုင်ကြည့်လိုက်ရတယ် .. မင်းဖေဖေ သေမလိုထိကို တကယ် ကြောက်နေတာ! ငါက ငါ့အိမ်ရဲ့ တတိယထပ်မှာ နေတာကွာ၊ ငါ့အခန်းထဲမှာက အိမ်သာမရှိဘူး၊ အဲ့တော့ အပြင်ထွက်ပြီးကို သွားရတယ်။ ငါ လမ်းလျှောက်နေရင်း ကြောက်လာတာ! သရဲ အရိပ်တွေက နေရာတိုင်းမှာပဲ! ငါ့မှာ အပြင်ထွက်ဖို့လည်း သတ္တိမရှိဘူး။ မနက်မိုးလင်းထဲအထိ အောင့်ထားရလို့လည်း ငါ့မှာ အိပ်မပျော်ဘူး။"


" ... မင်း သရဲတွေကို ကြောက်သေးတယ်ပေါ့။"


"မင်း မကြောက်ဘူးလား။"


ရှဲ့ကျူရှင်း ခေါင်းခါပြီး ပြောလိုက်သည်။ "ငါ သဘာဝလွန်ကိစ္စတွေကို မယုံဘူး။"


"ကောင်းတယ်! နောက်ဆို ငါကြည့်ချင်တဲ့အချိန်ကျ မင်းကို လှမ်းခေါ်မယ်။ ငါ ငါ့အကိုကို အတူကြည့်ဖို့ခေါ်တိုင်း သူက အမြဲတမ်းလိုလို ငါ့ကိုအော်လွှတ်တယ်။ အား .. ငါ တကယ်မရတော့ဘူး။ အိပ်ပျော်တော့မယ်။"


ပြောပြီးသည်နှင့် သူ ရှဲ့ကျူရှင်း ရင်ခွင်ကြားပစ်ဝင်ပြီး လူသေကောင်လို နေ နေသည်။ သူ ကြွက်သားတွေပြေလျော့အောင် အကြောမလျော့ချင်သလို ကလည်းမကချင်သည့်အကြောင်း ပြောလာသည်။


ရှဲ့ကျူရှင်း ပြောစရာစကားမဲ့သွားသည်။ သူ ဒီလိုလူမျိုး အရင်က တစ်ခါမှ မမြင်ဖူး။


ဝမ်ချောင်မှာ အကနှင့်ပတ်သတ်ပြီး အခြေခံတောင်မရှိတာကို သူ မြင်နိုင်သည်။ ဒီအရွယ်ကျမှ အစကနေ စသင်ဖို့ဆိုသည်မှာ အလွန်ကို ခက်ခဲလိမ့်မည်။ ထိုအရာက သာမန်လူတွေ မခံနိုင်သည့် ခက်ခဲပင်ပန်းမှုမျိုးကို တောင့်ခံနိုင်သည့် စိတ်ဆန္ဒရှိမှသာ ဖြစ်နိုင်လိမ့်မည်။ သို့ပေမယ့် ဝမ်ချောင် .. သူ့ဘဝမှာ တစ်ခါလေးတောင် ပင်ပန်းခံစားရတာမျိုး မရှိသည်မှာ အသိအသာပင်။


သူ ဝမ်ချောင်ကို စိတ်မကောင်းမဖြစ်စေချင်တာမို့ နံရံကိုမှီရင်းသာ Yogaဖျာပေါ် ထိုင်နေလိုက်သည်။


ဝမ်ချောင်ကတော့ သူ့ပေါင်ကို ခေါင်းအုံးသဖွယ် သဘောထားပြီး သက်တောင့်သက်သာကို လှဲချလိုက်သည်။


ရှဲ့ကျူရှင်း ဒီလိုတရင်းတနှီးပူးကပ်မှုမျိုးနှင့် ရင်းနှီးမှုမရှိ။ ဘားမှာ ဝမ်ချောင် သူ့ကိုဖက်ပြီး တိုးတိုးကပ်ပြောလာကတည်းက အနေရခက်နေတာဖြစ်သည်၊ သို့ပေမယ့် ထိုအရာက ကလပ်အတွင်း အခြေအနေများကြောင့်လည်းဖြစ်သည်။ အခုအချိန်တွင်တော့ သူတို့နှစ်ယောက်သာ ရှိသည်။


တိတ်ဆိတ်ပြီး ကို့ရို့ကားယားနိုင်သည်။


ဝမ်ချောင် အိပ်လည်းမအိပ်ချင်သလို ကလည်း မကချင်။ သူ မေးလိုက်သည်။ "ငါ မနက်စာ မစားရသေးဘူး။ မင်းကော။"


"စားပြီးပြီ။"


"ဘာနဲ့စားလဲ။"


"ဖက်ထုပ်ပြုတ်"


"ဘာအစာသွပ်လဲ။"


"ဝက်သားနဲ့ ချူးစိုင်"


"ရှာလကာရည်ထဲ နှစ်စားခဲ့လား။"


".. ငါ စားတာ ဖက်ထုပ်ပြုတ်၊ ဖက်ထုပ်ကြော်် မဟုတ်ဘူး။"


ဝမ်ချောင် တကယ်ကိုပဲ သူ့ကို အပြင်ဆွဲခေါ်ပြီးကို သွားပျော်ပါးချင်တာမို့ သူပြောလိုက်သည်။ "ငါ ဆာလွန်းလို့ သေတော့မယ်။"


ရှဲ့ကျူရှင်း သူ့အိတ်ထဲမှ အဆာပြေမုန့်ထုတ်များ ထုတ်ရင်း ပြောလိုက်သည်။ "ဒီမှာ မင်းဗိုက်ဆာပြေအောင်။"


"..."


အကဆရာမ ရောက်လာသည်။ သူက အသက်သုံးဆယ်အတွင်းမှာ ရှိနေသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမပုံစံက အလွန်တင်းမာခက်ထန်ပုံပေါ်ပေမယ့် ရှဲ့ကျူရှင်းကို မြင်ချိန်မှာတော့ သူမအမူအရာက ချက်ချင်းဆိုသလို တောက်ပသွားသည်။ "ရှောင်းရှဲ့၊ နာမည်ကို မြင်ကတည်းက မင်းများလားလို့ တွေးနေတာ၊ တကယ်ကို မင်းပဲ။"


ရှဲ့ကျူရှင်း အလျင်အမြန်ထပြီး ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ၊ Miss လီ"


ဝမ်ချောင်လည်း Yogaဖျာပေါ်ထိုင်နေရင်း မော့ကြည့်လိုက်သည်။


ရှဲ့ကျူရှင်း သူ့ကို ပြောလိုက်သည်။ "ဒါ အရင်က ငါ့ကို အက သင်ပေးဖူးတဲ့ ဆရာမ"


ဝမ်ချောင်လည်း ထပြီး သူ့အတိုင်း လိုက်ပြောလိုက်သည်။
"မင်္ဂလာပါ၊ Miss လီ"


လီက ရှဲ့ကျူရှင်း စာချုပ်မှာ လက်မှတ်ထိုးပြီးသည့်အကြောင်းကို အရင် ဂုဏ်ပြုစကားပြောပြီးမှ ပြောလာသည်။ "ငါ ရှောင်းရှဲ့ကို သင်စရာ ဘာမှမရှိတော့ဘူး။ သူက ငါ့ထက်တောင် ကောင်းအောင်ကတတ်နေပြီ။ ဝမ်ချောင်၊ မင်း အရင်က တစ်ခါမှ မကဖူးဘူး။ ဒီကိုလာ၊ မင်း ကြွက်သားတွေကို အရင်ပျော့အောင် လုပ်ပေးရမယ်။


အကြောလျော့ခြင်းက အလွန်ကို နာကျင်ရတယ်လို့ ဝမ်ချောင်ကြားဖူးသည်။ ကြွက်သားပျော့အောင် လုပ်ခြင်းက အကြောလျော့တာလောက်တော့ မဆိုးလောက်ဘူးဟု တွေးမိတာကြောင့် သူ အင်တင်တင်ဖြင့် ထလျှောက်သွားလိုက်သည်။


Missလီက သူ့ခြေထောက်တွေကို ဖွင့်ဟပြီး အရိုးအဆစ်များကို ဖြေလျော့ထားဖို့ ပြောလာသည်။ သူ နားထောင်ပြီး ဖြေလျော့ထားလိုက်သည်။


"ဒီမှာထိုင်ပြီး ခြေကားလိုက်"


ထို့ကြောင့်မို့ သူ ထိုင်ချပြီး ခြေထောက်ကို ဖွင့်ကားလိုက်သည်။


Missလီက သူ့အရှေ့မှာ ထိုင်ချလာတာမို့ သူ စနောက်လိုက်သည်။
"ဆရာမက ကျွန်တော်နဲ့ စုံတွဲYogaလုပ်ချင်လို့လား။"


ဆရာမက သူ့ကို အပြုံးတစ်ချက် ပစ်သွင်းလိုက်ပြီးနောက် သူ့တင်ပါးကို စတင်ဖိချတော့သည်။


"Fuck...."


"မရဘူး၊ မရဘူး၊ မရဘူး။"


"ကျိုးသွားလိမ့်မယ်ဗျ!"


"အားးး အရိုးကျိုးပြီ!!"


"အားး!! ဟာ့ကျိရေ ကျွန်တော့်ကို ကယ်ပါဦး!! အားး!!"


"ကျွန်တော် ဆက်မလုပ်ချင်တော့ဘူး၊ ဆက်မလုပ်ချင်တော့ဘူး။ ပွဲဦးလည်း မထွက်ချင်တော့ဘူး!! ကျွန်တော့်ကို လွှတ်!"


"အားး .. မာမား.."


သူ သူ့အမေကို တပြီးပါ ငိုနေတာကို မြင်ချိန်မှာတော့ Missလီမှာ ဆွံ့အမှုများဖြင့် သူ့ကို လွှတ်ပေးလိုက်ရသည်။


ဝမ်ချောင်မှာ သူ့ခြေထောက်များ တုန်လှုပ်နေရင်းဖြင့် ငိုကြွေးနေသည်။ သူ ထဖို့ ကြိုးစားပေမယ့် မထနိုင်။ ရှဲ့ကျူရှင်းမှာ ရွေးချယ်စရာမရှိ သွားကူထူရတော့သည်။


သူ ရှဲ့ကျူရှင်းကို ဆုပ်ကိုင်ထားရင်း ပွင့်ပွင့်လင်းလင်း ပြောရင်း အော်ငိုတော့သည်။


"ငါ့ဘဝမှာ ဒီလိုနာကျင်မှုမျိုး တစ်ခါမှ မခံစားဖူးဘူး။ တကယ်ကို သောက်ရမ်းနာတာပဲ။ ငါ ခြေထောက်ကိုတောင် ပြန်မစိနိုင်တော့ဘူး .. ငါ fu*kခံလိုက်ရသလို ခံစားချက်ပဲ .. အား .. သေမလိုနာတယ်။"


"..."


KittyKitling


_____///_____


[Zawgyi]


'အရမ္းနာတယ္!'


သြမ့္ယိခြန္းထံမွ ဖုန္းလက္ခံရရွိခ်ိန္ ဝမ္ေခ်ာင္က ေဟာ္တယ္ခန္းထဲ အိပ္ေနဆဲျဖစ္၏။


"ဘယ္အခ်ိန္ကို အတည္ျပဳခ်င္တာလဲ။" သူ အိပ္ခ်င္မူးတူးႏွင့္ ဖုန္းေခၚလာသူကိုေတာင္ မသိပဲ ဆက္ေျပာသည္။ "မင္းတို႔ေကာင္ေတြ မင္းတို႔ဘာသာ ကစားၾက။ မင္းတို႔ေဖေဖ ညက threesomeလိုက္လို႔၊ ေသမလို ပင္ပန္းေနတယ္။ ဘယ္မွ မသြားခ်င္ဘူး။"


သြမ့္ယိခြန္း အျပဳံးမပ်က္ ျပန္ေျပာသည္။ "မင္း မလာဘူးဆို ငါ မင္းအကိုႀကီးဆီ ဖုန္းေခၚလိုက္မယ္။"


"အကိုႀကီး"ဆိုသည့္ စကားကိုၾကားလိုက္တာႏွင့္ ဝမ္ေခ်ာင္ ဆက္ကနဲနိုးလာၿပီး ဖုန္းေခၚလာသူကို ၾကည့္လိုက္သည္။ ထို႔ေနာက္ သူ တစ္ဖက္ျပန္လွည့္ၿပီး စိတ္ေအးသြားသလိုျဖင့္ ပ်င္းတိပ်င္းရြဲေျပာလိုက္သည္။


"အိုး၊ ခင္ဗ်ားပဲ၊ ခြန္း-ေကာ"


"အဖြဲ႕နာမည္နဲ႔ အဖြဲ႕ဝင္ေတြကို အတည္ျပဳဆုံးျဖတ္ၿပီးသြားၿပီ။ ေနာက္တနလၤာေန႔မွာ စာခ်ဳပ္လက္မွတ္ထိုးရမယ္။ မင္းလည္း လူတိုင္းနဲ႔ သိကၽြမ္းၿပီး ခင္မင္ေအာင္ လာခဲ့။"


"ဟုတ္ၿပီ၊ ဒါနဲ႔ ခင္ဗ်ား ေရွာင္းရွဲ႕ကို အေၾကာင္းၾကားၿပီးၿပီလား။"


"က်န္တဲ့ အဖြဲ႕ဝင္ငါးေယာက္ကို ဆက္သြယ္ၿပီးသြားၿပီ။" သူ စကၠန့္မၽွ စကားေျပာရပ္သြားၿပီးမွ ဆက္ေျပာသည္။ "ၾကည့္ရတာ မေန႔က အခ်ိန္ေကာင္းတစ္ခု ရွိခဲ့ပုံပဲ။"


ဝမ္ေခ်ာင္က အနည္းငယ္မၽွ ဗိုက္ဆာေနၿပီး တစ္ခုခု သြားစားခ်င္တာမို႔ ထထိုင္ကာ ဆံပင္ကို လက္ျဖင့္ သပ္ဖီးရင္း ေျပာလိုက္သည္။ "မဆိုးပါဘူး၊ ခြန္း-ေကာ၊ ခင္ဗ်ား ေျပာစရာရွိေသးလား။ မရွိဘူးဆို ကၽြန္ေတာ္ ခ်ေတာ့မယ္။"


"အေရးႀကီးတာေတာ့ မရွိပါဘူး၊ မင္း ပြဲဦးထြက္ရေတာ့မွာမို႔ အျပင္မွာ အေပ်ာ္အပါး သိပ္မမက္ေတာ့ဖို႔ သိေစခ်င္႐ုံပါပဲ။ တစ္ေယာက္ေယာက္ကမ်ား မင္းကို ဓာတ္ပုံရိုက္ထားရင္ အနာဂတ္က် ဒုကၡေကာင္းေကာင္းေရာက္ေလ့မယ္။"


"အို႔"


သြမ့္ယိခြန္း သူ႔ရဲ့ မမွုသလိုအသံကို ၾကားတာႏွင့္ ထပ္ေျပာလိုက္သည္။


"ၿပီးေတာ့ မင္းအကို သိသြားရင္ ပိုျပႆနာႀကီးသြားမယ္။"


အေျခခံအားျဖင့္ ဝမ္ေခ်ာင္က သူ႔အစ္ကိုကို အေၾကာက္ဆုံးျဖစ္သည္။


"ခင္ဗ်ား ဘာပဲလုပ္လုပ္၊ ကၽြန္ေတာ္ မေန႔ညက threesomeလုပ္ခဲ့တယ္ဘာညာ သူ႔ကို သြားမေျပာနဲ႔။ ကၽြန္ေတာ္ အိမ္္မျပန္ပဲ မီယြမ္မွာ ငါးသြားဖမ္းတယ္လို႔ သူ႔ကို ေျပာထားတာ။"


"ငါ မင္းအေၾကာင္းကို ေျပာမွာမဟုတ္ဘူး။ မင္း အခုေတာ့ သူ႔ကို ဖုံးထားလို႔ ရေနဦးမွာ၊ ဒါေပမယ့္ အနာဂတ္က် မင္းအေနာက္ကေန မီဒီယာေတြ ဆက္တိုက္လိုက္တာ ခံရရင္ မင္းဖုံးထားခ်င္ရင္ေတာင္ ဖုံးနိုင္လိမ့္မယ္လို႔ ငါမထင္ဘူး။"


"...သိၿပီ။"


သူက **လမ္းေထာင့္ရွိ သူ႔အေဖဝယ္ေပးထားသည့္ ဗီလာအိမ္ေသးေလးမွာ သူ႔ဒုအကို ဝမ္က်င္းႏွင့္အတူေနသည္။ ဝမ္ခ်ီလည္း တစ္ခါတစ္ေလ ျပန္လာၿပီး သူတို႔ႏွင့္ အတူေနေလ့ရွိသည္။


အျပင္မွာ စားေသာက္ၿပီးသည္ႏွင့္ အိမ္ျပန္လာရာ ၿခံဝန္းထဲတြင္ ပန္းပင္ေရေလာင္းေနသည့္ ဝမ္က်င္းကို သူ ျမင္လိုက္ရသည္။ သူ လွမ္းေခၚလိုက္သည္။ "အကိုႏွစ္၊ ဒီေန႔ ေဆး႐ုံကေန အေစာႀကီး ျပန္ေရာက္ေနတာပဲ။"


ဝမ္က်င္း သူ႔ကို မူမမွန္သည့္အျပဳံးတုႏွင့္ၾကည့္ၿပီး ေျပာလာသည္။ "ဒီေန႔က တနဂၤေႏြေန႔ေလ။ ငါ့မွာ လုပ္စရာမရွိဘူး။ ငါ မင္းနဲ႔အတူ မီယြမ္မွာ ငါးသြားဖမ္းဖို႔ ေစာင့္ေနေသးတာ၊ အေတာ္ၾကာေအာင္ ေစာင့္ေနတာဆိုေပမယ့္ မင္းက ျပန္ကိုမလာဘူး။ ကုန္းတိက ဘားမွာ ငါးဖမ္းရတာ ဘယ္လိုမ်ားေနရဲ့လဲ။"


"ဝမ္မ်ိဳးႏြယ္ နံပါတ္ႏွစ္! ခင္ဗ်ား ကၽြန္ေတာ့္ေနာက္ကြယ္မွာ ကၽြန္ေတာ့္ကြန္ပ်ဴတာထဲက iCloudနဲ႔ ခ်ိတ္ထားတဲ့ ပုံေတြ ဝင္ၾကည့္ျပန္ၿပီလား!?"


ဝမ္က်င္း ဤမၽွသာ ျပန္ေျပာနိုင္သည္။ "ၾကည့္တဲ့သူက ငါ မဟုတ္ဘူး။ မင္း အရင္ ဝင္သြားသင့္တယ္ ; ဒီေန႔က ပူတယ္ေလ။ မင္းအတြက္ အထဲမွာ ဖရဲသီးနည္းနည္း ခ်န္ထားတယ္။"


မ်က္ႏွာအမူအရာကလည္း ပုံမွန္အတိုင္း၊ သူ႔ကိုလည္း မရိုက္၊ ထို႔အျပင္ အထဲဝင္ၿပီး ဖရဲသီးစားဖို႔ေတာင္ ေျပာလိုက္ေသးတယ္? ဒါက တအား အဆင္ေျပလြန္းေနလို႔ အမွန္တရားလို႔ေတာင္ ယူဆသင့္ရဲ့လားဟူသည့္ သံယယဝင္စိတ္မ်ားျဖင့္ ဝမ္ေခ်ာင္ တံခါးဖြင့္ၿပီး အထဲေလၽွာက္ဝင္သြားလိုက္သည္။


ဝမ္က်င္းကေတာ့ ပန္းပင္မ်ားကို ေရဆက္ေလာင္းေနသည္။


မိနစ္ဝက္အၾကာမွာေတာ့ ဝမ္ေခ်ာင္ေအာ္သံ စူးကနဲထြက္လာေတာ့သည္။ "အကိုႀကီး၊ ကၽြန္ေတာ္ မွားပါတယ္! ကၽြန္ေတာ္ ငါးသြားမမၽွားဘူး! မလုပ္ခဲ့ဘူးလို႔! အား၊ အကိုႀကီး ကၽြန္ေတာ္မွားမွန္း ကၽြန္ေတာ္ သိပါၿပီ! Fu*k, fu*k! အားးးး ..!"


တနလၤာေန႔။


စာခ်ဳပ္လက္မွတ္ထိုးရန္အတြက္ သူ႔အကို ဝမ္ေခ်ာင္အား မနက္ေစာေစာ အိမ္မွေမာင္းထုတ္လိုက္သည္။ ေဟြ႕ရွင္းအႏုပညာကုမၸဏီသို႔ေရာက္ခ်ိန္မွာေတာ့ အင္တာဗ်ဴးစဥ္က ထိုင္ခဲ့တဲ့ ဆိုဖာေပၚတြင္ ရွဲ႕က်ဴရွင္းတစ္ေယာက္သာ ထိုင္ေစာင့္လ်က္ရွိေနသည္။


သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနရင္း တစ္ၿပိဳင္တည္း ေျပာလိုက္မိသည္။


"မင္းဖ်ားေနတာလား?"


"မင္း အရိုက္ခံထားရတာလား။"


"..."


"ငါ မဖ်ားပါဘူး။ မေန႔က ေဖ်ာ္ေျဖပြဲတစ္ခုရွိၿပီး အိမ္ကို ေနာက္က်မွ ျပန္ေရာက္လို႔ ေကာင္းေကာင္း မအိပ္လိုက္ရဘူး။ အဲ့ဒါေၾကာင့္ မ်က္ႏွာအေျခအေန နည္းနည္းဆိုးေနတာ။"


ဝမ္ေခ်ာင္က သူ႔မ်က္ႏွာေပၚက ဒဏ္ရာေတြ ဘယ္ကရလာလဲဆိုတာ မေျပာခ်င္။


"မင္း ဘာလို႔ ေဖ်ာ္ေျဖပြဲ လုပ္ေနေသးတာလဲ။ မင္း စာခ်ဳပ္လည္း လက္မွတ္ထိုးေနၿပီး မၾကာခင္ပဲ ပြဲဦးထြက္ေတာ့မွာကို ဘာလို႔ အဲ့လိုအေသးအဖြဲ႕ေလးေတြ ဆက္လုပ္ေနေသးတာလဲ။"


ရွဲ႕က်ဴရွင္း ျပဳံး႐ုံမၽွသာ ျပဳံးၿပီး ဘာမွ ျပန္မေျဖ။


ခဏအၾကာမွာေတာ့ အျခားအဖြဲ႕ဝင္ေလးေယာက္က ဓာတ္ေလွကားတစ္ခုထဲ စီးၿပီး အေပၚသို႔အတူတက္လာၾကသည္။ သူတို႔ေလးေယာက္က စကားေျပာလိုက္၊ ရယ္လိုက္ႏွင့္ အလြန္ ရင္းႏွီးေနၾကၿပီဆိုသည္မွာ အသိအသာပင္။


ရွဲ႕က်ဴရွင္း သူတို႔ကို ႏွုတ္ဆက္လိုက္ၿပီး သူတို႔ကလည္း အျပန္အလွန္ ျပန္ႏွုတ္ဆက္လာသည္။ သူတို႔က အနာဂတ္မွာ အဖြဲ႕ဝင္ေတြျဖစ္ၾကေတာ့မွာ သိေနတာမို႔ သူ႔ကိုလည္း ယဥ္ယဥ္ေက်းေက်းဆက္ဆံၾကသည္။


ဝမ္ေခ်ာင္တစ္ေယာက္တည္းကသာ အျခားသူမ်ားကို အသိအမွတ္ျပဳဖို႔ အပင္ပန္းခံမေန။ သူႏွင့္ က်ိက်ဲက တစ္ေယာက္ႏွင့္တစ္ေယာက္ သေဘာမက်၊ သို႔ေပမယ့္ က်န္သုံးေယာက္က က်ိက်ဲႏွင့္အေတာ္အတန္ေကာင္းမြန္သည့္ ဆက္ဆံေရးရွိေနပုံေပၚသည္။ ထို႔ေၾကာင့္ ဝမ္ေခ်ာင္ သူတို႔သုံးေယာက္ကိုလည္း သိပ္မႀကိဳက္ခ်င္ေတာ့။ သူတို႔အကုန္လုံး သူ႔ကို ႏွုတ္ဆက္လာေပမယ့္ သူက အသံအနည္းငယ္မၽွသာ အစ္ထုတ္ေျဖလိုက္သည္။ သူတို႔ကို ျမင္ေနရတာကိုက သူ႔အား စိတ္ရွုပ္ေစသည္။


လူစုံသြားသည္ႏွင့္ သြမ့္ယိခြန္းက ကုမၼဏီမွာ အျခားစီမံအုပ္ခ်ဳပ္ေရးအႀကီးအကဲႏွစ္ေယာက္ႏွင့္ အလ်င္အျမန္ဝင္လာသည္။


စာခ်ဳပ္လတ္မွတ္ထိုးရသည့္ လုပ္ငန္းစဥ္က ရွဲ႕က်ဴရွင္းေတြးထင္ထားတာထက္ပင္ ရိုးစင္းလွသည္။ သြမ့္ယိခြန္းက စာခ်ဳပ္ေပၚမွ အေရးအႀကီးဆုံး သေဘာတူညီခ်က္မ်ားကို အက်ဥ္းခ်ဳံးရွင္းျပၿပီး သူတို႔ နားမလည္တာမ်ား ရွိလားဟု ေမးလာသည္။


ဝမ္ေခ်ာင္က လွန္ေတာင္ မၾကည့္။ မေန႔က သြမ့္ယိခြန္းက သူ႔ၾကည့္လို႔ရေအာင္ စာခ်ဳပ္ကို ႀကိဳပို႔ထားၿပီးျဖစ္သည္။


ရွဲ႕က်ဴရွင္း လွန္ေလွာၾကည့္ေနရင္း အရာရာက လက္ခံဖြယ္အေနအထားတြင္ ရွိသည္ဟု ေတြးမိသည္။ သူလို လူသစ္အတြက္ကေတာ့ ဒီစာခ်ဳပ္က အေတာ္ကို သက္ညႇာထားတာပင္။


က်န္လူမ်ားကလည္း လူသစ္မ်ားျဖစ္ၾကၿပီး ဘာတစ္ခုကိုမွ နားမလည္။ သို႔ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သူတို႔ ဘာကိုေမးရမလဲဆိုတာကိုပါ မသိၾက။


က်ိက်ဲတစ္ေယာက္သာ လက္ေျမႇာက္ၿပီး ေမးလာသည္။ "ကၽြန္ေတာ္ေမးခ်င္တာ .. ကုမၸဏီက သူ႔ေဝစုသူ ယူၿပီး အခြန္ေတြေရာရွင္းၿပီးသြားရင္ က်န္တဲ့ေဝစုကို ကၽြန္ေတာ္တို႔ ၆ေယာက္အညီအမၽွ ခြဲယူရမွာလား။"


သြမ့္ယိခြန္း သူ႔ကို တစ္ခ်က္လွည့္ၾကည့္လာသည္။ သူ မ်က္မွန္ပင့္တင္ရင္း ေျပာလိုက္သည္။ "ဟုတ္တယ္။ အႏုပညာရွင္အဖြဲ႕ေတြအကုန္လုံး အဲ့လိုအလုပ္လုပ္ၾကတာပဲ။"


က်ိက်ဲ သူ႔ေမးခြန္းက အနည္းငယ္မသင့္ေတာ္ဘူးဟု ေတြးမိပုံေပၚသည္။ သူ႔မ်က္ႏွာက အနည္းငယ္မၽွ နီရဲလာရင္း ေျပာလိုက္သည္။ "ေက်းဇူးပါ သြမ့္-ေကာ၊ ကၽြန္ေတာ့္မွာ ထပ္ေမးစရာေမးခြန္းမရွိေတာ့ပါဘူး။"


သူတို႔အကုန္လုံး ေခ်ာေခ်ာေမြ႕ေမြ႕ပဲ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးလိုက္ၾကၿပီး စီမံအုပ္ခ်ဳပ္ေရးအႀကီးအကဲႏွစ္ေယာက္ကလည္း ကုမၸဏီကိုယ္စား သူတို႔ေဟြ႕ရွင္းကုမၸဏီမွ ႀကိဳဆိုေၾကာင္း ေျပာၾကားလႊာမ်ား မိန့္ခြန္းေျပာသည္။ ေျပာၿပီးေနာက္တြင္ေတာ့ သူတို႔ ထြက္သြားၾကသည္။


သြမ့္ယိခြန္းႏွင့္ လူငယ္၆ေယာက္သာ က်န္ခဲ့သည္။


သူ လူ၆ေယာက္ေရွ႕ မတ္တပ္ရပ္ရင္း ေျပာလိုက္သည္။ "ငါ သြယ္ဝွက္ၿပီး ေျပာရတာ သေဘာမက်ဘူး၊ အဲ့ေတာ့ ငါ အရာရာတိုင္းကို တည့္တိုးပဲေျပာမယ္။ ငါ မင္းတို႔အကုန္လုံးကို ေရြးခ်ယ္ခဲ့ၿပီး မင္းတို႔အနာဂတ္အတြက္လည္း ေမၽွာ္လင့္ခ်က္ႀကီး ထားထားတယ္။ ဒီေမၽွာ္လင့္ခ်က္က တကယ္ျဖစ္လာနိုင္မလားဆိုတာကေတာ့ မင္းတို႔အေပၚမွာ မူတည္တယ္။ ငါ လိုအပ္တာႏွစ္ခုပဲရွိတယ္ — လိုက္နာ နာခံမွု နဲ႔ ႀကိဳးစားအားထုတ္မွုပဲ။"


သမ္းေနတဲ့ ဝမ္ေခ်ာင္ကလြဲၿပီး က်န္ငါးေယာက္ကေတာ့ စူးစူးစိုက္စိုက္နားေထာင္ေနသည္။


သြမ့္ယိခြန္း ဝမ္ေခ်ာင္ကို မျမင္သလို ဟန္ေဆာင္ထားသည္။ သူျပဳံးရင္း ဆက္ေျပာသည္။ "ငါ အခု မင္းတို႔ကို ပထမဆုံးတာဝန္ေပးေတာ့မယ္။ ပြဲဦးမထြက္ခင္ ေလ့က်င့္ေရး တစ္လရွိမယ္။ အဲ့ထဲမွာ အသံ ေလ့က်င့္ခန္း၊ အတီးအခတ္ေလ့က်င့္ခန္းနဲ႔ အကပိုင္း ေလ့က်င့္ခန္းေတြပါဝင္တယ္။ ေက်းဇူးျပဳၿပီး ဒီလကို မင္းတို႔အေကာင္းဆုံး ေဆာင္ရြက္ေပးၾကပါ။"


ဝမ္ေခ်ာင္ သမ္းလို႔ၿပီးသြားၿပီ။ သူ သြမ့္ယိခြန္းေျပာတာကို ၾကားလိုက္ၿပီး မၾကည္မလင္ျဖင့္ ေျပာလိုက္သည္။ "ကၽြန္ေတာ္တို႔ ဒီေန႔စရမွာလား။"


သြမ့္ယိခြန္း ေခါင္းၿငိမ့္ျပသည္။


ဝမ္ေခ်ာင္ တစ္ခုခုေျပာခ်င္ေပမယ့္ သြမ့္ယိခြန္း ျဖတ္ေျပာလာသည္။ "မင္း ေရွာင္းရွဲ႕နဲ႔ အတူကခ်င္တယ္လို႔ မေျပာထားဘူးလား။ ေရွာင္းရွဲ႕၊ အုပ္ခ်ဳပ္ေရးအခန္းကို သြားၿပီး ၁၀လႊာက Trainingအခန္းေသာ့ကို ယူလိုက္။ ၿပီးေတာ့ အကဆရာ မလာခင္ မင္းသူ႔ကို အေၾကာေလ်ာ့တာ ကူေပးထားလိုက္။ ယန္ေရွာင္းမု၊ ေကာင္းစီယြမ္၊ မင္းတို႔ႏွစ္ေယာက္က ၁၂ထပ္ကို သြားၿပီး အသံေလ့က်င့္ေပးမယ့္ ဆရာကို သြားရွာ။ က်ိက်ဲႏွင့္ ခ်န္းေယာင္၊ မင္းတို႔က ၁၂ထပ္က ပီယာနိုအခန္းကို သြား။"


အခု ဝမ္ေခ်ာင္ တစ္ကိုယ္လုံးက အေကာင္းဆုံးအေျခအေနမွာ မဟုတ္ေန။ မနက္၇နာရီကတည္းက ဝမ္ခ်ီ သူ႔ကို အိပ္ယာေပၚမွ ဆြဲထုတ္လာသည္။ စာခ်ဳပ္ခ်ဳပ္ၿပီးပါက သူ အိမ္ျပန္ၿပီး အိပ္ေရးဝေအာင္လုပ္မည္ဟု ေတြးလိုက္ခ်ိန္မွာပဲ သူ႔မွာ မအိပ္ရသည့္အျပင္ အေၾကာပါဆန့္ရေလ့ဦးမည္။


သူ႔မွာ မသြားပဲလည္း မေနရဲ။ သြမ့္ယိခြန္းသာ သူ႔အစ္ကိုကို ေျပာလိုက္ပါက သူ႔အတြက္ အကုန္အဆုံးသတ္သြားလိမ့္မည္။


သူ ရွဲ႕က်ဴရွင္းအေနာက္မွ Training အခန္းထဲ လိုက္ဝင္လာၿပီး ေျပာလိုက္သည္။ "ငါ မလုပ္ခ်င္ဘူး။"


"..."


သူ မတရားခံထားရသည့္အတိုင္း ဝမ္ေခ်ာင္ ေျပာလာသည္။ "ငါ မေန႔က ေကာင္းေကာင္းမအိပ္ေပ်ာ္ဘူး။ မေန႔ညက ပ်င္းလို႔ဆိုၿပီး သရဲကားၾကည့္လိုက္တယ္ကြာ။ ငါနဲ႔အတူၾကည့္ေပးဖို႔ဆို ငါ့အကိုႏွစ္ကို ဆြဲထားေပမယ့္ ဇာတ္လမ္းအလယ္ေလာက္ေရာက္မွ အေရးေပၚဖုန္းေခၚလာလို႔ ေဆး႐ုံကို ျပန္သြားတယ္။ အဲ့ေတာ့ ငါ ဇာတ္သိမ္းအထိ တစ္ေယာက္တည္း ထိုင္ၾကည့္လိုက္ရတယ္ .. မင္းေဖေဖ ေသမလိုထိကို တကယ္ ေၾကာက္ေနတာ! ငါက ငါ့အိမ္ရဲ့ တတိယထပ္မွာ ေနတာကြာ၊ ငါ့အခန္းထဲမွာက အိမ္သာမရွိဘူး၊ အဲ့ေတာ့ အျပင္ထြက္ၿပီးကို သြားရတယ္။ ငါ လမ္းေလၽွာက္ေနရင္း ေၾကာက္လာတာ! သရဲ အရိပ္ေတြက ေနရာတိုင္းမွာပဲ! ငါ့မွာ အျပင္ထြက္ဖို႔လည္း သတၱိမရွိဘူး။ မနက္မိုးလင္းထဲအထိ ေအာင့္ထားရလို႔လည္း ငါ့မွာ အိပ္မေပ်ာ္ဘူး။"


" ... မင္း သရဲေတြကို ေၾကာက္ေသးတယ္ေပါ့။"


"မင္း မေၾကာက္ဘူးလား။"


ရွဲ႕က်ဴရွင္း ေခါင္းခါၿပီး ေျပာလိုက္သည္။ "ငါ သဘာဝလြန္ကိစၥေတြကို မယုံဘူး။"


"ေကာင္းတယ္! ေနာက္ဆို ငါၾကည့္ခ်င္တဲ့အခ်ိန္က် မင္းကို လွမ္းေခၚမယ္။ ငါ ငါ့အကိုကို အတူၾကည့္ဖို႔ေခၚတိုင္း သူက အျမဲတမ္းလိုလို ငါ့ကိုေအာ္လႊတ္တယ္။ အား .. ငါ တကယ္မရေတာ့ဘူး။ အိပ္ေပ်ာ္ေတာ့မယ္။"


ေျပာၿပီးသည္ႏွင့္ သူ ရွဲ႕က်ဴရွင္း ရင္ခြင္ၾကားပစ္ဝင္ၿပီး လူေသေကာင္လို ေန ေနသည္။ သူ ႂကြက္သားေတြေျပေလ်ာ့ေအာင္ အေၾကာမေလ်ာ့ခ်င္သလို ကလည္းမကခ်င္သည့္အေၾကာင္း ေျပာလာသည္။


ရွဲ႕က်ဴရွင္း ေျပာစရာစကားမဲ့သြားသည္။ သူ ဒီလိုလူမ်ိဳး အရင္က တစ္ခါမွ မျမင္ဖူး။


ဝမ္ေခ်ာင္မွာ အကႏွင့္ပတ္သတ္ၿပီး အေျခခံေတာင္မရွိတာကို သူ ျမင္နိုင္သည္။ ဒီအရြယ္က်မွ အစကေန စသင္ဖို႔ဆိုသည္မွာ အလြန္ကို ခက္ခဲလိမ့္မည္။ ထိုအရာက သာမန္လူေတြ မခံနိုင္သည့္ ခက္ခဲပင္ပန္းမွုမ်ိဳးကို ေတာင့္ခံနိုင္သည့္ စိတ္ဆႏၵရွိမွသာ ျဖစ္နိုင္လိမ့္မည္။ သို႔ေပမယ့္ ဝမ္ေခ်ာင္ .. သူ႔ဘဝမွာ တစ္ခါေလးေတာင္ ပင္ပန္းခံစားရတာမ်ိဳး မရွိသည္မွာ အသိအသာပင္။


သူ ဝမ္ေခ်ာင္ကို စိတ္မေကာင္းမျဖစ္ေစခ်င္တာမို႔ နံရံကိုမွီရင္းသာ Yogaဖ်ာေပၚ ထိုင္ေနလိုက္သည္။


ဝမ္ေခ်ာင္ကေတာ့ သူ႔ေပါင္ကို ေခါင္းအုံးသဖြယ္ သေဘာထားၿပီး သက္ေတာင့္သက္သာကို လွဲခ်လိုက္သည္။


ရွဲ႕က်ဴရွင္း ဒီလိုတရင္းတႏွီးပူးကပ္မွုမ်ိဳးႏွင့္ ရင္းႏွီးမွုမရွိ။ ဘားမွာ ဝမ္ေခ်ာင္ သူ႔ကိုဖက္ၿပီး တိုးတိုးကပ္ေျပာလာကတည္းက အေနရခက္ေနတာျဖစ္သည္၊ သို႔ေပမယ့္ ထိုအရာက ကလပ္အတြင္း အေျခအေနမ်ားေၾကာင့္လည္းျဖစ္သည္။ အခုအခ်ိန္တြင္ေတာ့ သူတို႔ႏွစ္ေယာက္သာ ရွိသည္။


တိတ္ဆိတ္ၿပီး ကို႔ရို႔ကားယားနိုင္သည္။


ဝမ္ေခ်ာင္ အိပ္လည္းမအိပ္ခ်င္သလို ကလည္း မကခ်င္။ သူ ေမးလိုက္သည္။ "ငါ မနက္စာ မစားရေသးဘူး။ မင္းေကာ။"


"စားၿပီးၿပီ။"


"ဘာနဲ႔စားလဲ။"


"ဖက္ထုပ္ျပဳတ္"


"ဘာအစာသြပ္လဲ။"


"ဝက္သားနဲ႔ ခ်ဴးစိုင္"


"ရွာလကာရည္ထဲ ႏွစ္စားခဲ့လား။"


".. ငါ စားတာ ဖက္ထုပ္ျပဳတ္၊ ဖက္ထုပ္ေၾကာ္္ မဟုတ္ဘူး။"


ဝမ္ေခ်ာင္ တကယ္ကိုပဲ သူ႔ကို အျပင္ဆြဲေခၚၿပီးကို သြားေပ်ာ္ပါးခ်င္တာမို႔ သူေျပာလိုက္သည္။ "ငါ ဆာလြန္းလို႔ ေသေတာ့မယ္။"


ရွဲ႕က်ဴရွင္း သူ႔အိတ္ထဲမွ အဆာေျပမုန့္ထုတ္မ်ား ထုတ္ရင္း ေျပာလိုက္သည္။ "ဒီမွာ မင္းဗိုက္ဆာေျပေအာင္။"


"..."


အကဆရာမ ေရာက္လာသည္။ သူက အသက္သုံးဆယ္အတြင္းမွာ ရွိေနသည့္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။ သူမပုံစံက အလြန္တင္းမာခက္ထန္ပုံေပၚေပမယ့္ ရွဲ႕က်ဴရွင္းကို ျမင္ခ်ိန္မွာေတာ့ သူမအမူအရာက ခ်က္ခ်င္းဆိုသလို ေတာက္ပသြားသည္။ "ေရွာင္းရွဲ႕၊ နာမည္ကို ျမင္ကတည္းက မင္းမ်ားလားလို႔ ေတြးေနတာ၊ တကယ္ကို မင္းပဲ။"


ရွဲ႕က်ဴရွင္း အလ်င္အျမန္ထၿပီး ဦးညႊတ္လိုက္သည္။ "မဂၤလာပါ၊ Miss လီ"


ဝမ္ေခ်ာင္လည္း Yogaဖ်ာေပၚထိုင္ေနရင္း ေမာ့ၾကည့္လိုက္သည္။


ရွဲ႕က်ဴရွင္း သူ႔ကို ေျပာလိုက္သည္။ "ဒါ အရင္က ငါ့ကို အက သင္ေပးဖူးတဲ့ ဆရာမ"


ဝမ္ေခ်ာင္လည္း ထၿပီး သူ႔အတိုင္း လိုက္ေျပာလိုက္သည္။
"မဂၤလာပါ၊ Miss လီ"


လီက ရွဲ႕က်ဴရွင္း စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီးသည့္အေၾကာင္းကို အရင္ ဂုဏ္ျပဳစကားေျပာၿပီးမွ ေျပာလာသည္။ "ငါ ေရွာင္းရွဲ႕ကို သင္စရာ ဘာမွမရွိေတာ့ဘူး။ သူက ငါ့ထက္ေတာင္ ေကာင္းေအာင္ကတတ္ေနၿပီ။ ဝမ္ေခ်ာင္၊ မင္း အရင္က တစ္ခါမွ မကဖူးဘူး။ ဒီကိုလာ၊ မင္း ႂကြက္သားေတြကို အရင္ေပ်ာ့ေအာင္ လုပ္ေပးရမယ္။


အေၾကာေလ်ာ့ျခင္းက အလြန္ကို နာက်င္ရတယ္လို႔ ဝမ္ေခ်ာင္ၾကားဖူးသည္။ ႂကြက္သားေပ်ာ့ေအာင္ လုပ္ျခင္းက အေၾကာေလ်ာ့တာေလာက္ေတာ့ မဆိုးေလာက္ဘူးဟု ေတြးမိတာေၾကာင့္ သူ အင္တင္တင္ျဖင့္ ထေလၽွာက္သြားလိုက္သည္။


Missလီက သူ႔ေျခေထာက္ေတြကို ဖြင့္ဟၿပီး အရိုးအဆစ္မ်ားကို ေျဖေလ်ာ့ထားဖို႔ ေျပာလာသည္။ သူ နားေထာင္ၿပီး ေျဖေလ်ာ့ထားလိုက္သည္။


"ဒီမွာထိုင္ၿပီး ေျခကားလိုက္"


ထို႔ေၾကာင့္မို႔ သူ ထိုင္ခ်ၿပီး ေျခေထာက္ကို ဖြင့္ကားလိုက္သည္။


Missလီက သူ႔အေရွ႕မွာ ထိုင္ခ်လာတာမို႔ သူ စေနာက္လိုက္သည္။
"ဆရာမက ကၽြန္ေတာ္နဲ႔ စုံတြဲYogaလုပ္ခ်င္လို႔လား။"


ဆရာမက သူ႔ကို အျပဳံးတစ္ခ်က္ ပစ္သြင္းလိုက္ၿပီးေနာက္ သူ႔တင္ပါးကို စတင္ဖိခ်ေတာ့သည္။


"Fuck...."


"မရဘူး၊ မရဘူး၊ မရဘူး။"


"က်ိဳးသြားလိမ့္မယ္ဗ်!"


"အားးး အရိုးက်ိဳးၿပီ!!"


"အားး!! ဟာ့က်ိေရ ကၽြန္ေတာ့္ကို ကယ္ပါဦး!! အားး!!"


"ကၽြန္ေတာ္ ဆက္မလုပ္ခ်င္ေတာ့ဘူး၊ ဆက္မလုပ္ခ်င္ေတာ့ဘူး။ ပြဲဦးလည္း မထြက္ခ်င္ေတာ့ဘူး!! ကၽြန္ေတာ့္ကို လႊတ္!"


"အားး .. မာမား.."


သူ သူ႔အေမကို တၿပီးပါ ငိုေနတာကို ျမင္ခ်ိန္မွာေတာ့ Missလီမွာ ဆြံ႕အမွုမ်ားျဖင့္ သူ႔ကို လႊတ္ေပးလိုက္ရသည္။


ဝမ္ေခ်ာင္မွာ သူ႔ေျခေထာက္မ်ား တုန္လွုပ္ေနရင္းျဖင့္ ငိုေႂကြးေနသည္။ သူ ထဖို႔ ႀကိဳးစားေပမယ့္ မထနိုင္။ ရွဲ႕က်ဴရွင္းမွာ ေရြးခ်ယ္စရာမရွိ သြားကူထူရေတာ့သည္။


သူ ရွဲ႕က်ဴရွင္းကို ဆုပ္ကိုင္ထားရင္း ပြင့္ပြင့္လင္းလင္း ေျပာရင္း ေအာ္ငိုေတာ့သည္။


"ငါ့ဘဝမွာ ဒီလိုနာက်င္မွုမ်ိဳး တစ္ခါမွ မခံစားဖူးဘူး။ တကယ္ကို ေသာက္ရမ္းနာတာပဲ။ ငါ ေျခေထာက္ကိုေတာင္ ျပန္မစိနိုင္ေတာ့ဘူး .. ငါ fu*kခံလိုက္ရသလို ခံစားခ်က္ပဲ .. အား .. ေသမလိုနာတယ္။"


"..."


KittyKitling


_____///_____

Comment