33

[Unicode]

'သူ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့ပါလိမ့်။'

IceDream ဖျော်ဖြေပြီးသွားချိန်မှာတော့ သူတို့ စင်အနောက်သို့သွားရင်း ညစာ အပြင်ထွက်စားရန် တိုင်ပင်နေကြ၏။ ဆောင်းဦးပွဲတော်ကြောင့် သူတို့တွေ မနက်ဖြန်၌လည်း အားလပ်ရက် ရထားတာမို့ ဒီနေ့ညစာက သူတို့ရဲ့အားလပ်ရပ်ကို စောစောစီးစီးအောင်ပွဲခံခြင်း တစ်ခုဖြစ်ပေသည်။

အဖွဲ့သားများ အင်္ကျီသွားလဲချိန် ဝမ်ချောင်လည်း ရှဲ့ကျူရှင်းကို သူနှင့်အတူ အိမ်သာသို့ အဖော်လိုက်ခဲ့ပေးဖို့ခေါ်သွားသည်။ အိမ်သာမှပြန်ထွက်လာတာနှင့် ရှဲ့ကျူရှင်းရဲ့အနောက်မှလိုက်ရင်း သူ့ပခုံးပေါ် လက်တင်ထားလျက် ဝမ်ချောင်တစ်ယောက် အဝတ်လဲခန်းသို့ ပြန်ဖို့လုပ်တော့သည်။

"Leo" အနောက်မှခေါ်ဆိုသံ ထွက်လာ၏။

သူတို့နှစ်ယောက်လုံး ရပ်လို့ပြန်လှည့်ကြည့်လိုက်ကြသည်။

ရှဲ့ကျူရှင်းက လူတွေမျက်နှာကို မှတ်မိတဲ့နေရာမှာ တော်လွန်းတာမို့ ဒီတစ်ယောက်ကိုလည်း သူ မှတ်မိလို့နေသည်။ သူတို့ သွမ့်ယိခွန်းမွေးနေ့ပါတီပွဲတုန်းက တွေ့ဖြစ်ခဲ့ကြပြီး သရုပ်ဆောင်ပိုင်ထူရဲ့မန်နေဂျာဟုလည်း သူ့ကိုယ်သူမိတ်ဆက်လာဖူးသည်။

ယဉ်ကျေးသမှုဖြင့် ရှဲ့ကျူရှင်း နှုတ်ဆက်လိုက်သည်။ "စန်းကော"

ကျုံးနျန်းစန်းက သူ့ကို တစ်ချက်ခေါင်းညိတ်ပြပြီး ဝမ်ချောင့်ကို ကြည့်လျက်ပြောလာသည်။ "ဖျော်ဖြေပွဲ ပြီးသွားပြီလား။"

ဝမ်ချောင်အနေနှင့် ဒီခွေးသား သူ့ကို စကားလာပြောရဲလိမ့်မယ်ဟု မထင်ထား။ သူ အသံထွက်ရုံမျှသာ 'အင်း' ဟု ပြောလိုက်ပြီး ထပ်မပြောတော့။ 

ကျုံးနျန်းစန်း ဆက်ပြောသည်။ "Leo, မင်း ဒါပြီးရင် လုပ်စရာရှိသေးလား။ ငါတို့ အတူညစာသွားစားကြမလား။ အခုကျ ငါ့တာဝန်ယူရတဲ့ အနုပညာရှင်လေး ဖျော်ဖြေစရာရှိသေးလို့ အဲ့တာမပြီးသေးခင်အထိ ငါ ထွက်မရသေးဘူး။"

သူ့လက်အောက်က အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိုင်ဒေါသရုပ်ဆောင်သူက ဒီနေ့မှာ သူ ပါဝင်ခဲ့သည့်အိုင်ဒေါဒရမ်မာရဲ့ ost သီချင်းကို စင်ပေါ်၌ ဖျော်ဖြေပေးရမှာဖြစ်၏။

ဝမ်ချောင် သူ့ဖိတ်ခေါ်ချက်ကြောင့် အနည်းငယ်မျှကြောင်အသွားရသည်။ 'သူ ဘာလိုချင်နေတာလဲ။'

ရှဲ့ကျူရှင်းလည်း တစ်ခုခုမှားယွင်းနေမှန်း ခံစားမိတော့သည်။ ဝမ်ချောင်က ဒီလူကို ညစာအတူစားရတဲ့အထိ ခင်မင်ကြောင်း တစ်ခါမှ မပြောပြထားဖူး။

ဝမ်ချောင် သူ့အပေါ်ကို လုံးဝအာရုံမစိုက်ချင်ပေမယ့် ထိုလူ ရှဲ့ကျူရှင်း အထင်လွဲသွားစေမှာတွေ ပြောလာမှာကြောက်တာမို့ ပြောလိုက်ရသည်။ "ညစာအကြောင်းကို မေ့လိုက်။ ခင်ဗျားပြောချင်တာရှိရင် အခုပြော။ ရှောင်ရှဲ့၊ မင်း အရင်အဝတ်အစားသွားလဲနှင့်။ ငါ ခဏနေကျ လိုက်ခဲ့မယ်။"

ရှဲ့ကျူရှင်း : "... ဟုတ်ပြီ။"

ဝမ်ချောင် ရှဲ့ကျူရှင်း သူ့မြင်ကွင်းထဲမှ ပျောက်သွားတဲ့အထိ ကြည့်နေပြီးမှ မည်းမှောင်နေတဲ့မျက်နှာဖြင့် မေးလိုက်သည်။ "ခင်ဗျား ဘာကြံနေတာလဲ။ အရင်တစ်ခေါက်က ဖြစ်သွားတာတွေအကုန် ခင်ဗျားဘာသာလုပ်ခဲ့တာချည်းပဲ။ ဒီပါ့ပါးကတောင် ခင်ဗျားလိုအဆင့်နဲ့လူကို အာရုံထဲမထားနေတာ ခင်ဗျားက ဒီပါ့ပါးအရှေ့ ပေါ်လာရဲတယ်ပေါ့?"

ဘေးလူမရှိတော့သည့်အချိန် ကျုံးနျန်းစန်းကလည်း လူကြီးလူကောင်းဟန်ဆောင်နေတာရပ်လိုက်ပြီး အေးစက်စက်ပြောလာသည်။ "ငါ အရင်က မင်းကို အထင်မှားသွားတယ်။ ငါ မင်းကို လျန်ရှီးရဲ့အိပ်ရာနွေးအောင်လုပ်ပေးရတဲ့လူလို့ ထင်မိတာ။ ဆောရီးကွာ။"

ဝမ်ချောင် သူ့ကို အထူးအဆန်းလိုကြည့်လိုက်သည်။ "ခင်ဗျားက ကျွန်တော့်ကို တောင်းပန်ဖို့ပဲ လာတာလား။"

ကျုံးနျန်းစန်းက ရွံရှာသလိုနှာမှုတ်ရင်း ဆက်ပြောလာသည်။ "တောင်းပန်တာ လမ်းကြုံနေလို့ပါ။ အဓိက က ငါ မင်းကို ပြစရာတစ်ခုရှိလို့။"

သူ ဖုန်းကို ဆွဲထုတ်လျက် အကြိမ်ရေအနည်းငယ်မျှ တို့ထိပြီးမှ ဝမ်ချောင်မြင်နိုင်အောင် ဆွဲလှည့်ပြလာသည်။

ထို့နေ့က ဟော်တယ်မှာဖြစ်ခဲ့တဲ့ဗီဒီယိုဖြစ်နေ၏။

ဝမ်ချောင် တစ်ချက်လှမ်းကြည့်ပြီးတာနှင့် အကြည့်လွှဲရှောင်လျက် ဆဲရေးတော့သည်။ "ငါ*ိုးတဲ့မှ၊ ခင်ဗျားက နှာဘူးလား။ ဒါတွေ ရိုက်ထားပြီး ဒီပါ့ပါးကို ဘာလုပ်ဖို့လာပြနေတာလဲ။ ခင်ဗျား ဖင်ပေါက်ကို လှလွန်းတယ်လို့ထင်နေတာလား။ ရွံဖို့ကောင်းချက်!"

ကျုံးနျန်းစန်း အံကြိတ်ထားရင်း ဖုန်းကို ပြန်ယူပြီး ပြောလိုက်သည်။ "ရိုက်ထောင့်က နေရာကိုက်လေးပဲ။ မင်းမျက်နှာကို သေချာလေး ဖမ်းပြထားနိုင်တယ်။"

ဝမ်ချောင် : "..."

သူ့ရဲ့ နှစ်ရှည်များစွာ ဘားကလပ်သွားခဲ့ဖူးတဲ့အတွေ့အကြုံကြောင့် ဒီလိုအဖြစ်အပျက်များစွာကို ကြားဖူးထားသည်။ ဒီလောကထဲ၌ ရာထူးအသင့်အတင့်နှင့် အတွေးရိုင်းများရှိကြသူတွေက တက်သစ်စလေးများကို သူတို့နှင့် အတူအိပ်ဖြစ်အောင် ချော့မြူလေ့ရှိပြီး အဆိုးဆုံးက အနာဂတ်ကျ ချိန်းခြောက်လို့ရအောင် Video ရိုက်ယူထားခြင်းမျိုးပင်။ တက်သစ်စလေးများအနေနှင့် ပြန်မတိုက်ခိုက်ရဲတာမို့ ငြိမ်နေကြတာများသည်။ သို့ဖြင့် ဒီလောကထဲ အားနည်းသူများက သူတို့ရဲ့ကစားစရာများဖြစ်လာတော့သည်။

"ခင်ဗျားက ဒီပါ့ပါးကို ဒါနဲ့ လာချိိန်းခြောက်ချင်တာပေါ့?" ဝမ်ချောင် လုံးလုံးလျားလျားရွံရှာလို့နေသည်။ "ကံကောင်းလို့ အဲ့နေ့က ဒီပါ့ပါး ကွန်ဒုံးဝတ်ဖို့ မမေ့သွားတာ။ မဟုတ်ရင် ခင်ဗျားအထဲက ပုပ်သိုးနေလောက်ပြီ။ တကယ်တော့ ခင်ဗျားမှာ STI ရောဂါတွေ ရှိနေတယ်လို့ ကြားလာရင်တောင် အံ့ဩမိမှာ မဟုတ်ဘူး။

ကျုံးနျန်းစန်းမျက်နှာက မဲမှောင်သွားပြီး အံကြိတ်၍ပြောလာသည်။ "ငါကြားတာ မင်းအစ်ကိုက ဒါရိုက်တာနေရာ ရာထူးတိုးတော့မှာတဲ့။ သူ့ဌာနမှာသာ ဒီ video ပျံ့သွားလိုက်ရင် အရမ်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းမှာပဲ။"

IceDream အဖွဲ့သား ငါးယောက်ကတော့ အဝတ်လဲပြီးတာနှင့် ညစာသွားစားဖို့ ခေါင်းဆောင်ကို စောင့်နေကြသည်။

"သူ ဘယ်ရောက်နေတာလဲ။" ကျိကျဲပြောလာသည်။ "ငါတို့ group dinner စားဖို့ပြောထားတယ်မလား။ အခု မသွားရင် ညစာက တကယ့်ညလယ်စာဖြစ်လာတော့မယ်။"

ရှဲ့ကျူရှင်းပြောလိုက်သည်။ "ငါတို့ ခုနကလေးတင် ပိုင်ထူ့မန်နေဂျာနဲ့ လမ်းမှာတွေ့ခဲ့တယ်။ သူတို့ကြား ပြောစရာတစ်ခုခုရှိတာ အခုထိ ပြောမပြီးသေးတဲ့ပုံပဲ။ နည်းနည်းထပ်စောင့်လိုက်တာပေါ့။"

ချန်းယောင့်က စိတ်ဝင်တစားဖြင့်မေးလာသည်။ "နာမည်ကြီးသရုပ်ဆောင်ရဲ့မန်နေဂျာလား။ သူတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ။ သူက ခေါင်းဆောင်ကို ဇာတ်ကားရိုက်ဖို့ခေါ်ပြောနေတာများလား။"

ကျိကျဲ အထင်သေးသလိုပြန်ပြောသည်။ "သူက? ဇာတ်ကားရိုက်မယ်? အဲ့ဇာတ်ကားကတော့ X-rated ကားဖြစ်နေတော့မှာပဲ။ ဘာအဝတ်အစားတွေမပါဘဲ ရိုက်ရတာမျိုးလေ။"

ယန့်ရှောင်းမူ ရယ်သွားသည်။ "ကျွန်တော်လည်း ဇာတ်ကားအတွက် လာရှာတယ်လို့ မထင်ပါဘူး။ အဲ့မန်နေဂျာလေ ပိုင်ထူကလွဲလို့ ဘယ်အနုပညာရှင်ကိုမှ ပြောင်ပြောင်မြောက်မြောက်ဖြစ်အောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ပိုင်ထူဆိုတာလည်း ပွဲဦးထွက်ထွက်ချင်း သူနဲ့ စာချုပ်ချုပ်လိုက်လို့။ သူ့အောင်မြင်မှုက လုံးဝကို ကံကောင်းမှုကြီးသက်သက်ပဲ။ အဲ့နာမည်ကြီးသရုပ်ဆောင်ကြောင့်သာ မဟုတ်ရင် သူက ခွန်-ကောထက်တောင် အောင်မြင်မှုနည်းဦးမယ်။ သူ့တာဝန်ယူထားသမျှ အနုပညာရှင်တိုင်းကလည်း ပေါ်ပြူလာဖြစ်လာတယ်ဆိုတာမျိုး လုံးဝမရှိဘူး။ ပေါ်ပြူလာအဖြစ်ဆုံးဆို ဒီည ဖျော်ဖြေပွဲမှာ သီချင်းဆိုပေးတဲ့လူပဲ ရှိမယ်ထင်တယ်။"

ကောင်းစီယွမ်ကလည်း အတင်းပြောဝိုင်းထဲ ဝင်ပါလာသည်။ "သူက ဒီလောကထဲမှာ လူသိရှင်ကြားဂေးတစ်ယောက်လေ။ သူ့လက်အောက်က အနုပညာရှင်တွေကို အောင်မြင်အောင်လုပ်ပေးဖို့ သူ့စိတ်ထဲ မရှိဘူး။ ပိုင်ထူ့ရဲ့အောင်မြင်မှုအပေါ် ကပ်တွယ်ပြီး ကောင်လေးငယ်တွေကို လိုက်နှောင့်ယှက်နေတာတဲ့။ ကြားဖူးတာတော့ သူက ပိုင်ထူနဲ့တောင် တွဲခဲ့ဖူးသေးတယ်ဆိုပဲ။ ပိုင်ထူက သူ အပြင်မှာ အဲ့လိုပွေရှုပ်နေတာကို သည်းမခံနိုင်တော့လို့ ဖြတ်လိုက်ကာမှ အဲ့လူက ပိုလို့တောင် ဆိုးသွားတယ်တဲ့။ တက်သစ်စလေးတွေဆို သူ့ပါဝါအားကိုးနဲ့ ချိန်းခြောက်ယူတယ်။ အဆိုးဆုံးက ဆေးခတ်တဲ့အထိတောင်ဆိုပဲ။ သုက အဲ့ဆေးကို နေရာတကာ သယ်သွားတာ။ သူ သဘောကျတဲ့ပစ်မှတ်တွေ့တာနဲ့ ဆေးခတ်ထားတဲ့ရေဘူးကို ပေးတိုက်တယ်။ နိုးလာရင် ဘာမှလုပ်မရတော့ဘူးလေ။ ဂန္ဓမာပန်းလေးက ဒဏ်ရာပလပွနဲ့ ကျန်ခဲ့ရော။"

ကောင်းစီယွမ်ဆိုတာက အတင်းပြောရင် ချဲ့ကားပြောတတ်လိမ့်ရှိသည်မို့ ရှဲ့ကျူရှင်း သူ့စကားများကို စိတ်ကူးဆန်ဆန်အပြောများဟုသာ မှတ်ယူထားတော့သည်။ "စီယွမ်၊ မဟုတ်တာတွေ မပြောနေနဲ့တော့။ တစ်ယောက်ယောက်များ ကြားသွားရင် မင်း ဒုက္ခရောက်နေလေ့မယ်။"

မထင်မှတ်စွာပဲ ကျိကျဲကပါ ဝင်ပြောလာသည်။ "ဒီတစ်ခေါက်တော့ စီယွမ် မဟုတ်တာတွေပြောနေတာ မဟုတ်ဘူး။ ကျွန်တော်လည်း အဲ့ကျုံးမျိုးရိုးအကြောင်း ကြားဖူးတယ်။ အရင်တုန်းကလေ သူ ကျွန်တော်တို့တက္ကသိုလ်ကို Lecture ပေးဖို့ တစ်ခါလာဖူးတယ်။ ပြီးတော့ သူ ဘွဲ့ရခါနီး အတော်ဆုံးကျောင်းသားတစ်ယောက်နဲ့ တွဲသွားရော။ အဲ့ကျောင်းသားလေးကတော့ ဒါကိုအချစ်စစ်ပဲလို့ ထင်ပြီး ကျောင်းမှာလည်း ဂေးဖြစ်ကြောင်း ထုတ်ပြောပြလာပြီး သူ့အိမ်နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ သူ့မှာ ဘွဲ့တောင် မရလိုက်ဘူး။ ရလဒ်ကရော? အဲ့ကျုံးမျိုးရိုး ကစားလို့ ဝသွားတာနဲ့ သူ့ကို ပစ်ချသွားတယ်လေ။ သူ ကိုယ့်ကိုယ်ကိုယ်သတ်သေမလိုအထိ ဖြစ်သွားတယ်။ အဲ့လူက တကယ်ကောင်းတဲ့လူ မဟုတ်ဘူး။"

ရှဲ့ကျူရှင်း : "..." 'အဲ့လိုလူမျိုးနဲ့ ဝမ်ချောင် ဘာတွေများ ဆွေးနွေးဖို့ရှိနေတာလဲ။'

ကျိကျဲက အဲ့ကျောင်းသားလေး အရင်က ဘယ်လောက်ထိ ရလဒ်ကောင်းတွေ ရခဲ့ကြောင်းနှင့် အခုဆို ဆင်းရဲလွန်းတာမို့ ပြဇာတ်ရုံများတွင် ဟိုဟိုဒီဒီ ကူလုပ်ပေးနေရကြောင်း ယှဉ်ပြောပြလာရာ လူတိုင်း သက်ပြင်းမချဘဲ မနေနိုင်တော့။

ရုတ်တရက် တံခါးက ဝုန်းကနဲပွင့်လာပြီး ဝမ်ချောင် ဝင်လာလေသည်။ လူတိုင်းလည်း သူ့ကို လှမ်းမော့ကြည့်လိုက်ကြသည်။

"ဘာကြည့်တာလဲ!" ဝမ်ချောင် ဒေါသတကြီးအော်ပြောလာသည်။

အဖွဲ့သားများလည်း သူ့ကို ဘာက ဒေါသထွက်စေတာလဲ မသိသလို မေးဖို့လည်း စိတ်ကူးမရှိနေ။

ရှဲ့ကျူရှင်းကပဲ ပြောလာရသည်။ "မြန်မြန် အဝတ်သွားလဲတော့။ လူတိုင်း မင်းကို စောင့်နေကြတာ။"

ဝမ်ချောင် အဝတ်လဲဖို့ အထဲဝင်သွားပြီးနောက် ရုတ်တရက်ဆိုသလို အင်္ကျီချိတ်များ အချင်းချင်း ထိရိုက်လှုပ်ခါသံများထွက်လာတော့သည်။ ထို့နောက်မှာတော့ အဝတ်လဲခန်းအတွင်း ဒေါသတကြီးနှင့် ဆဲရေးသံများ ရုတ်တရက်ပေါ်လာပြန်သည်။

အဖွဲ့သားများအကုန် ရှဲ့ကျူရှင်းကို လှမ်းကြည့်လာပြီး သူတို့မျက်ဝန်းများက 'သူဘာဖြစ်လာတာလဲ သွားကြည့်ပေးပါ' ဟု အသနားခံစာများ ရေးထားသကဲ့သို့ဖြစ်နေသည်။

ရှဲ့ကျူရှင်းလည်း အထဲဝင်သွားရတော့သည်။

ဝမ်ချောင်က စင်ပေါ်တက်ရန်ဝတ်ဆင်ထားသမျှကို အကုန်ချွတ်ချထားပြီးဖြစ်ကာ ဇစ်သေချာမတပ်ရသေးတဲ့ဘောင်းဘီနှင့် အင်္ကျီမကပ်သေးတဲ့အပေါ်ပိုင်းလေးဖြင့် သူက သူ့ဖုန်းကို ပေါက်ကွဲသွားမတတ် စိုက်ကြည့်လို့နေသည်။

ရှဲ့ကျူရှင်း မေးလိုက်သည်။ "ဘာဖြစ်လာတာလဲ။"

ဝမ်ချောင် ဒေါသတကြီးဖြင့် ဖုန်းကိုလွှင့်ပစ်လိုက်ပြီး ရှဲ့ကျူရှင်း လှမ်းယူကြည့်လိုက်ရာ ဖုန်းမှန်က ကွဲနေခဲ့ပြီ။

သူ ဘောင်းဘီကို ဇစ်ဆွဲတင်ရင်းလည်း တစ်ဖန် ထပ်ဆဲပြန်သည်။

ရှဲ့ကျူရှင်းလည်း သူ ဒေါသထွက်နေခြင်းက ဖုန်းကြောင့် မဟုတ်မှန်း သိတာမို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပိုင်ထူ့မန်နေဂျာက မင်းကို ဘာပြောလို့လဲ။"

ဝမ်ချောင်က ပိုလို့တောင်ဒေါသထွက်သွားပြီး ပြန်ပြောသည်။ "ဘာမှမပြောပါဘူး။"

အပြင်နှင့် ဒီက လိုက်ကာတစ်ခုသာ ခြားထားတာမို့ အဖွဲ့သားများ မကြားချင်တာဖြစ်မယ်ဟု ရှဲ့ကျူရှင်းလည်း တွေးမိပြီးပြောလိုက်သည်။ "မင်းအင်္ကျီ အရင်လဲလိုက်။ ညစာ စားပြီးမှ ပြောကြတာပေါ့။"

ဝမ်ချောင်ပြောလာသည်။ "ငါ ညစာ မလိုက်တော့ဘူး။ မင်း သူတို့နဲ့ လိုက်သွားလိုက်၊ ငါ့မှာ လုပ်စရာကိစ္စလေးရှိသေးတယ်။"

ရှဲ့ကျူရှင်း : "... ဘာကိစ္စလဲ။"

ဝမ်ချောင် သူ့မျက်လုံးကို ဖယ်ရှောင်ရင်းဖြေသည်။ "အိမ်ပြန်မလို့ ... ငါ့အစ်ကို ငါ့ကို ခေါ်နေပြန်ပြီ။"

'မဖြစ်နိုင်တာ'

ခေါင်းဆောင် မလိုက်ဘူးဟု ကြားချိန် အဖွဲ့သားများက ပိုလို့တောင်ပျော်ရွှင်သွားကြသည်။ သူတို့တတွေ ရှဲ့ကျူရှင်းနှင့်အတူ ကုမ္ပဏီကားစောင့်နေတဲ့ ကားပါကင်ရှိရာသို့ လျှောက်သွားလိုက်လေသည်။

"မင်းတို့ အရင်သွားနှင့်။ ငါ ကျန်ခဲ့တာလေးတစ်ခုရှိလို့။" ရှဲ့ကျူရှင်း သူတို့အကုန်လုံး ကားပေါ်တက်ပြီးတာကို စောင့်ပြီးမှ သူပါ လိုက်မတက်သွားဘဲ ပြောလာသည်။ "ငါ နောက်မှ မင်းတို့ဆီ လိုက်ခဲ့မယ်။"

အဖွဲ့သားအကုန်လုံးက ရှဲ့ကျူရှင်းဆိုတာ တစ်ခုခုမေ့ကျန်နေခဲ့မည့်လူမဟုတ်မှန်း သိထားပြီးသားပေမယ့် ချန်းယောင့်ကတော့ အမှန်ပင် ယုံကြည်သွားပြီးပြောလေသည်။ "ရပါတယ်။ ကျွန်တော်တို့ ဒီမှာစောင့်နေမယ်လေ၊ ကော သွားယူလိုက်။"

ကျိကျဲ သူ့ကို အထဲသို့ အမြန်ဆွဲခေါ်သွင်းပြီးပြောလာသည်။ "ငါ ဆာလို့သေတော့မယ်ကွ။ ရှဲ့ကော၊ အချိန်ယူပြီးမှ လာခဲ့။ ကျွန်တော်တို့ အရင်သွားနှင့်ပြီ။ ရှာတွေ့တော့မှ ကျွန်တော်တို့ဆီ လိုက်လာလည်း ရတယ်။"

ရှဲ့ကျူရှင်း သူတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။

သိပ်မကြာခင်မှာပဲ ဝမ်ချောင်နှင့် ကျုံးလျန်းစန်းက ကားပါကင်သို့ ရောက်လာပြီး ရှေ့ဆင့်နောက်ဆင့် ကိုယ်ပိုင်ကားများ စီးလို့ အပြင်ထွက်သွားကြသည်။

ရှဲ့ကျူရှင်းလည်း သူ့ဘေးရှိ တိုင်လုံးအနောက်မှ ပြန်ထွက်လာလိုက်သည်။

အချိန်အားဖြင့် ၉:၄၀ ရှိနေခဲ့ပြီ။

၁၀:၁၅

ရှဲ့ကျူရှင်း ဝမ်ချောင့်အိမ်အောက်သို့ ရောက်ချိန် ဝမ်ချောင့်ကားက ကားပါကင်ထိုးထားပြီးဖြစ်ပြီး သူ့ကားဘေးမှာတော့ ကျုံးနျန်းစန်းမောင်းသွားတဲ့ ခဲအိုရောင် Hyundai ရှိနေသည်။

သူ ဝမ်ချောင့်ကို ဖုန်းခေါ်ကြည့်ပေမယ့် ဘယ်သူမှ ပြန်မဖြေ။

၁၀:၄၀

ဝမ်ချောင် သူ့ကို ဖုန်းပြန်ခေါ်ပြီး ပြောလာသည်။ "ငါ ခုနက လုပ်စရာလေးရှိနေလို့။ မင်း ဘာဖြစ်လို့လဲ။"

ရှဲ့ကျူရှင်း ဝမ်ချောင့်ကားအရှေ့တွင်ရပ်နေရင်း မေးလိုက်သည်။ "မင်း အိမ်ပြန်ရောက်ပြီလား။"

ဝမ်ချောင် : "... အင်း"

ရှဲ့ကျူရှင်း ဆက်မေးသည်။ "စားပြီးပြီလား။"

ဝမ်ချောင် ပြန်ဖြေသည်။ "ဟင့်အင်း၊ ငါ ဗိုက်မဆာလို့။"

ရှဲ့ကျူရှင်း ဆက်ပြောသည်။ "မင်းအစ်ကို ဒီနေ့ရော မင်းကို ရိုက်သေးလား။"

ဝမ်ချောင် : "ဟင့်အင်း"

ရှဲ့ကျူရှင်း ဆက်၍မေးဆဲပင်။ "မာလာပုစွန်ချက် စားချင်လား။"

ဝမ်ချောင် ဝိုးတိုးဝါးတားပြန်ဖြေသည်။ "... ဒီနေ့တော့ မသွားတော့ဘူး။"

သူတို့နှစ်ယောက်သား တိတ်ဆိတ်လို့သွားပြီး ဘယ်သူ့ဘက်ကမှ ဖုန်းချလာခြင်း မရှိ။

ရှဲ့ကျူရှင်း အဆောက်အဦးအတွင်းမှ ကျုံးနျန်းစန်း ပြန်ထွက်လာတာကို မြင်လိုက်ရသည်။

ကျုံးနျန်းစန်းကလည်း သူ့ကို သတိထားမိသွား၏။

ရှဲ့ကျူရှင်း ဖုန်းကို သူ့နားမှ ခွါပြီး ချလိုက်သည်။

ကျုံးနျန်းစန်း : ".... Tomas?"

ရှဲ့ကျူရှင်း ဘာမှပြန်မပြော၊ အနားသို့ လျှောက်သွားပြီး ကြိုတင်သတိပေးခြင်းမရှိ ထိုးချလိုက်လေသည်။

ရှောင်ဖို့ အချိန်ဆိုတာ မရှိ။ ထိုးချက်က သူ့နှာထိပ်ကို တည့်တည့်မတ်မတ် ကျရောက်လာပြီး ထိုသူ့မှာ အနောက်သို့ ယိုင်ကျသွားတော့သည်။ သူ လဲမကျအောင် ထိန်းပြီးတာနှင့် သူ့နှာခေါင်းကို ထိကြည့်ရာ သွေးများ ကပ်ပါလာတာမို့ အလျင်အမြန်တုန့်ပြန်လို့ပြောရတော့သည်။ "ဒါက မင်းတွေးထားသလိုမျိုး မဟုတ်ဘူး!"

ရှဲ့ကျူရှင်း : "ငါ ဘာကိုမှ မတွေးနေဘူး။"

နောက်ထပ်တစ်ကြိမ် ထပ်ထိုးတော့မှာ မြင်လိုက်ရတာမို့ ကျုံးနျန်းစန်း အလျင်အမြန်​ နောက်ဆုတ်ရင်းပြောလာသည်။ "ပြဿနာမရှာနဲ့! ငါ သူ့နဲ့ မလုပ်ခဲ့ဘူး!"

ရှဲ့ကျူရှင်း : "ဒါဆို မင်းက ဒီကို ရေချိုးဖို့ တကူးတက ရောက်လာတာလား။"

ကျုံးနျန်းစန်း : "..."

ရှဲ့ကျူရှင်း ပြောလာသည်။ "မင်း သူ့ကို ဆေးခတ်ခဲ့တယ်မလား။"

ကျုံးနျန်းစန်း : "...အင်း"

သူ ဆက်ပြောဖို့ စကားလုံးရှာနေပေမယ့် ရှဲ့ကျူရှင်းကတော့ စောင့်ပေးနေဖို့ စိတ်မရှည်လှဘဲ ထိုးနှက်လို့ကန်ကျောက်တော့သည်။

အခုချိန်ထိ ကျုံးနျန်းစန်းဆိုတာ အလိုလိုက်ခံ၊ အခွင့်ထူးခံ အခြေအနေများဖြင့် လိင်ဆက်ဆံမှုအပေါ်သာယာပြီး နေခဲ့သူမို့ တိုက်ခိုက်ရေးတွင် အတွေ့အကြုံ မရှိလှ။ ဝမ်ချောင့်တောင် သူ့ကို ထိုးကြိတ်နိုင်နေချိန် ရှဲ့ကျူရှင်းလို ကိုယ်ခံပညာသင်ထားသူအတွက်ဆို ပြောစရာတောင် မလိုတော့။

ဤသို့ဖြင့ သူ နောက်တစ်ကြိမ် ထိုးကြိတ်ခံရပြန်လေသည်။

နောက်ဆုံးတစ်ခေါက် သူ ဝမ်ချောင့်ထံမှ ထိုးကြိတ်ခံလိုက်ရချိန် နှာခေါင်က ပြာနှမ်းလို့ မျက်နှာလည်း ဖူးယောင်သွားခဲ့သည်။ အခု ထိုဒဏ်ရာများ ပျောက်ရုံရှိသေးသည်၊ ပြန်ပေါ်လာတော့မည့်ပုံပေါ်၏။

"ငါပြောနေတယ်လေ၊ ငါ သူ့ကို မလုပ်ခဲ့ဘူးလို့။" အကြိမ်ပေါင်းများစွာ အကန်ခံနေရတဲ့ဗိုက်ကို ဖိထားရင်း သူ တောင့်မခံနိုင်တော့မှန်း သိတာမို့ ဝန်ခံပြောရတော့သည်။ "သူပဲ ငါ့ကို လုပ်သွားတာ။ အရင်တစ်ခေါက်တုန်းကရော၊ အခုတစ်ခေါက်ရော။ ဖာ့ခ်၊ ငါကိုက သောက်ရမ်းကံမကောင်းလွန်းတာပါ။ မင်း ဘာလို့ ငါပြောတာကို ပြီးအောင်နားမထောင်ရတာလဲ။"

သို့ပေမယ့် ရှဲ့ကျူရှင်းက သိထားပြီးသားလို ပြန်ပြောသည်။ "သူ မင်းကို လုပ်ခဲ့မှန်း ငါသိတယ်။"

ဝမ်ချောင့်ရဲ့ဒေါသအရဆို သူသာ ဆေးခတ်ပြီး တကယ်အလုပ်ခံခဲ့ရပါက ငိုရုံနှင့်ပြီးသွားမှာ မဟုတ်။

ကျုံးနျန်းစန်း : "..."

ရှဲ့ကျူရှင်း ဆက်ပြောသည်။ "သူ့ကို သွားရှုပ်ဖို့ လုပ်တာ မင်း။ မင်း သူ့ကို ဆေးခတ်ပြီးတော့မှ မျက်နှာပျက်ရတယ်လို့ ပြောနိုင်သေးတယ်ပေါ့?"

ကျုံးနျန်းစန်းက အမြဲ 1 ခဲ့တာမို့ အရင်တစ်ခေါက်က ဒေါသထွက်လွန်းလို့ သွေးအန်တော့မတတ် ဖြစ်သွားခဲ့ရသည်။ သူ ဒီတစ်ခေါက် ဝမ်ချောင်အနား ချည်းကပ်တာကလည်း အကူအညီတစ်ခုလိုချင်နေတာကြောင့်ဖြစ်ပြီး ဝမ်ချောင်မှ အလဲအလှယ်အနေဖြင့် sex လုပ်ဖို့ တောင်းဆိုလိမ့်မည်ဟု မတွေးထားခဲ့ဖူးသလို ဒေါသထွက်နေပြီးအခြေအနေတွင် ရှဲ့ကျူရှင်းလက်ထဲတွင် ပြာနက်နေတဲ့အထိ ရိုက်ခဲ့ရမည်ဟုပါ မတွေးမိခဲ့။ ထို့အပြင် သူတို့နှစ်ယောက်အကြား တစ်ခုခုမှားယွင်းနေမှန်း သူ သတိထားမိသွားသည်။ ဒေါသတကြီး လှောင်ရယ်ရင်း သူမေးလိုက်သည်။

"မင်း သူ့ကို ကြိုက်နေတာလား။"

ရှဲ့ကျူရှင်း : "..."

ကျုံးနျန်းစန်းက သူ့ကော်လံသူ ပြန်ဖြန့်ချလျက် ခါးမတ်မတ်ထား၍ ခါးသက်သက်စကားများပြောလာ၏။ "အခု အပေါ်တက်သွားလိုက်လေ။ ဒါဆို ငါ ချန်ထားခဲ့တာတွေနဲ့ မင်း ဆက်လုပ်ဖို့ အချိန်ရှိဦးမှာ။"

အပေါ်ထပ်၌ —

ဝမ်ချောင် အိပ်ရာပေါ် တင်ပုလ္လင်ခွေထိုင်လို့ ဘီယာသောက်ရင်း ငိုလျက်ရှိနေကာ များစွာသောဘီယာဘူးများကလည်း ကြမ်းပြင်အနှံ့ ပျံ့ကြဲကျနေသည်။

ကျုံးနျန်းစန်း သူ့အကြောင်းကို ဘယ်လိုရှာတွေ့သွားတယ် မသိလှ။ သူတို့ရဲ့ Video ဖြင့် ဝမ်ချီ့ဌာနကို ပို့ပေးလိုက်မည်ဟု ချိန်းခြောက်လာသည်။ မလုပ်စေချင်ပါက ထိုလူရဲ့အိုင်ဒေါသရုပ်ဆောင်ကို ဇာတ်ကောင်နေရာတစ်ခု ရအောင်ယူပေးဖို့ စေခိုင်းလေသည်။

ဒီအကြောင်းကို သူ့အစ်ကို မသိစေချင်သလို သူ့ကြောင့်နှင့်လည်း သူ့အစ်ကိုရဲ့အနာဂတ် ထိခိုက်သွားမှာမျိုး မလိုချင်။ ထို့ကြောင့် သူ အင်တင်တင်နှင့် သဘောတူခဲ့ရသည်။ သူ အဝတ်လဲခန်းကို ပြန်ပြီး အဝတ်အစားလဲချိန် တွေးလေလေ စိတ်မပျော်ရွှင်ရလေ ဖြစ်လာတော့သည်။ 'ဒီလိုလူမျိုးအပေါ် သူ ဘာလို့များ လွယ်လွယ်လေးအလျော့ပေးလိုက်ရတာလဲ။'

ဝမ်ချီ သူ့ကို ဆုံးမပြီးကတည်းက သူ ဘယ်သူနှင့်မှ မပျော်ပါးဖြစ်တာ အတော်ကြာလှပြီ။ နေ့တိုင်းလည်း ရှောင်ရှဲ့အကြောင်းသာ အတွေးများထဲ ပြည့်နေပြီး ရှောင်ရှဲ့ကလည်း သူနှင့်အတူ အိပ်မှာမဟုတ်မှန်း သိထားတာမို့ သူ့တောင့်တစိတ်ကို ထပ်မချုပ်တည်းနိုင်တော့။

သူတွေးမိသည်က — ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်နဲ့ အိပ်ဖူးပြီပဲ။ တစ်ခေါက်ဖြစ်ဖြစ်၊ နှစ်ခေါက်ဖြစ်ဖြစ် မထူးခြားသွားတော့ဘူး။

ရလဒ်အနေနှင့်ကတော့ ကျုံးနျန်းစန်နှင့် အတွေ့အကြုံက ပျင်းဖို့ကောင်းလွန်းလှတာမို့ အားမပါ့တပါဆောင့်ချက်များဖြင့် ပြီးဆုံးသွားခဲ့သည်။

ကျုံးမျိုးရိုး ထွက်သွားသည်နှင့် သူ ရှောင်ရှဲ့ဖုန်းခေါ်ထားတာကို မြင်လိုက်တာမို့ ချက်ချင်း ပြန်ခေါ်တော့သည်။

ရှောင်ရှဲ့က သူ့ကို မာလာပုစွန်ချက် စားချင်လာဟု မေးလာသည်။

သူ သေချာပေါက်စားချင်တာပေါ့။ စားပြီးရင်တောင် သူ ရှောင်ရှဲ့နှင့်အတူ အိပ်ချင်လှသေးသည်။ 

သို့ပေမယ့် ကျုံးနျန်းစန်းရဲ့ သွေးထွက်အောင် ကုတ်ခြစ်ထားရာများဖြင့် ရှဲ့ကျူရှင်းကို သွားတွေ့ဖို့ သူရှက်ရွံ့နေမိသည်။ 

ရှောင်ရှဲ့က စကား ဆက်မပြောလာတော့ဘဲ ခဏအကြာ၌ ဖုန်းချသွားတော့သည်။

ရှောင်ရှဲ့စိတ်မပျော်နေမှန်း သူခံစားလို့ရနေသည်။

သူကိုယ်တိုင်ကလည်း မပျော်ရွှင်နေခဲ့။

သူ ဘီယာတစ်ဘူးကို လှမ်းဆွဲယူပြီး နှစ်ငုံမျှ သောက်ပြီးနောက် ဝမ်းနည်းမှုက ရုတ်တရက် လှိုက်တက်လာကာ သူ မငိုဘဲ မနေနိုင်တော့။

သူ ဘာလို့များ မိန်းကလေးတွေနဲ့ပဲ ဆက်မပျော်ပါးဖြစ်ရတာလဲ။ ဒီလိုရွံစရာကောင်မျိုးနဲ့မှ သွားလုပ်ရတယ်လို့။

သူ့မှာ အခုတော့ မာလာပုစွန်ချက်လည်း မစားနိုင်သလို သူ့သူငယ်ချင်းနှင့်လည်း မအိပ်နိုင်တော့။

သူ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့ပါလိမ့်။

KittyKitling

T/N : ဒီရက်ပိုင်း စာပြန်မယ်ဆို note ထဲ ဝင်လိုက်၊ ဒီအကြောင်းအရာတွေ ဖတ်ပြီး ငူငူငိုင်ငိုင်နဲ့ ထွက်သွားလိုက်။ လုံးလချာလိုက်နေခြင်းတွေပေါ့။ TT

မပစ်ထားပါဘူး~ ကစ် နေ့တိုင်း စာရေးဖို့ဆိုဝင်တယ်၊ နေ့တိုင်း ငါ မခံစားနိုင်တော့ဘူးဆို ပြန်ပြေးတယ်.. ဝူးဝူးး

_____///_____

[Zawgyi]

'သူ ဘာအျပစ္ေတြမ်ား လုပ္ခဲ့မိလို႔ပါလိမ့္။'

IceDream ေဖ်ာ္ေျဖၿပီးသြားခ်ိန္မွာေတာ့ သူတို႔ စင္အေနာက္သို႔သြားရင္း ညစာ အျပင္ထြက္စားရန္ တိုင္ပင္ေနၾက၏။ ေဆာင္းဦးပြဲေတာ္ေၾကာင့္ သူတို႔ေတြ မနက္ျဖန္၌လည္း အားလပ္ရက္ ရထားတာမို႔ ဒီေန႔ညစာက သူတို႔ရဲ့အားလပ္ရပ္ကို ေစာေစာစီးစီးေအာင္ပြဲခံျခင္း တစ္ခုျဖစ္ေပသည္။

အဖြဲ႕သားမ်ား အကၤ်ီသြားလဲခ်ိန္ ဝမ္ေခ်ာင္လည္း ရွဲ႕က်ဴရွင္းကို သူႏွင့္အတူ အိမ္သာသို႔ အေဖာ္လိုက္ခဲ့ေပးဖို႔ေခၚသြားသည္။ အိမ္သာမွျပန္ထြက္လာတာႏွင့္ ရွဲ႕က်ဴရွင္းရဲ့အေနာက္မွလိုက္ရင္း သူ႔ပခုံးေပၚ လက္တင္ထားလ်က္ ဝမ္ေခ်ာင္တစ္ေယာက္ အဝတ္လဲခန္းသို႔ ျပန္ဖို႔လုပ္ေတာ့သည္။

"Leo" အေနာက္မွေခၚဆိုသံ ထြက္လာ၏။

သူတို႔ႏွစ္ေယာက္လုံး ရပ္လို႔ျပန္လွည့္ၾကည့္လိုက္ၾကသည္။

ရွဲ႕က်ဴရွင္းက လူေတြမ်က္ႏွာကို မွတ္မိတဲ့ေနရာမွာ ေတာ္လြန္းတာမို႔ ဒီတစ္ေယာက္ကိုလည္း သူ မွတ္မိလို႔ေနသည္။ သူတို႔ သြမ့္ယိခြန္းေမြးေန႔ပါတီပြဲတုန္းက ေတြ႕ျဖစ္ခဲ့ၾကၿပီး သ႐ုပ္ေဆာင္ပိုင္ထူရဲ့မန္ေနဂ်ာဟုလည္း သူ႔ကိုယ္သူမိတ္ဆက္လာဖူးသည္။

ယဥ္ေက်းသမွုျဖင့္ ရွဲ႕က်ဴရွင္း ႏွုတ္ဆက္လိုက္သည္။ "စန္းေကာ"

က်ဳံးန်န္းစန္းက သူ႔ကို တစ္ခ်က္ေခါင္းညိတ္ျပၿပီး ဝမ္ေခ်ာင့္ကို ၾကည့္လ်က္ေျပာလာသည္။ "ေဖ်ာ္ေျဖပြဲ ၿပီးသြားၿပီလား။"

ဝမ္ေခ်ာင္အေနႏွင့္ ဒီေခြးသား သူ႔ကို စကားလာေျပာရဲလိမ့္မယ္ဟု မထင္ထား။ သူ အသံထြက္႐ုံမၽွသာ 'အင္း' ဟု ေျပာလိုက္ၿပီး ထပ္မေျပာေတာ့။ 

က်ဳံးန်န္းစန္း ဆက္ေျပာသည္။ "Leo, မင္း ဒါၿပီးရင္ လုပ္စရာရွိေသးလား။ ငါတို႔ အတူညစာသြားစားၾကမလား။ အခုက် ငါ့တာဝန္ယူရတဲ့ အႏုပညာရွင္ေလး ေဖ်ာ္ေျဖစရာရွိေသးလို႔ အဲ့တာမၿပီးေသးခင္အထိ ငါ ထြက္မရေသးဘူး။"

သူ႔လက္ေအာက္က အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အိုင္ေဒါသ႐ုပ္ေဆာင္သူက ဒီေန႔မွာ သူ ပါဝင္ခဲ့သည့္အိုင္ေဒါဒရမ္မာရဲ့ ost သီခ်င္းကို စင္ေပၚ၌ ေဖ်ာ္ေျဖေပးရမွာျဖစ္၏။

ဝမ္ေခ်ာင္ သူ႔ဖိတ္ေခၚခ်က္ေၾကာင့္ အနည္းငယ္မၽွေၾကာင္အသြားရသည္။ 'သူ ဘာလိုခ်င္ေနတာလဲ။'

ရွဲ႕က်ဴရွင္းလည္း တစ္ခုခုမွားယြင္းေနမွန္း ခံစားမိေတာ့သည္။ ဝမ္ေခ်ာင္က ဒီလူကို ညစာအတူစားရတဲ့အထိ ခင္မင္ေၾကာင္း တစ္ခါမွ မေျပာျပထားဖူး။

ဝမ္ေခ်ာင္ သူ႔အေပၚကို လုံးဝအာ႐ုံမစိုက္ခ်င္ေပမယ့္ ထိုလူ ရွဲ႕က်ဴရွင္း အထင္လြဲသြားေစမွာေတြ ေျပာလာမွာေၾကာက္တာမို႔ ေျပာလိုက္ရသည္။ "ညစာအေၾကာင္းကို ေမ့လိုက္။ ခင္ဗ်ားေျပာခ်င္တာရွိရင္ အခုေျပာ။ ေရွာင္ရွဲ႕၊ မင္း အရင္အဝတ္အစားသြားလဲႏွင့္။ ငါ ခဏေနက် လိုက္ခဲ့မယ္။"

ရွဲ႕က်ဴရွင္း : "... ဟုတ္ၿပီ။"

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္း သူ႔ျမင္ကြင္းထဲမွ ေပ်ာက္သြားတဲ့အထိ ၾကည့္ေနၿပီးမွ မည္းေမွာင္ေနတဲ့မ်က္ႏွာျဖင့္ ေမးလိုက္သည္။ "ခင္ဗ်ား ဘာႀကံေနတာလဲ။ အရင္တစ္ေခါက္က ျဖစ္သြားတာေတြအကုန္ ခင္ဗ်ားဘာသာလုပ္ခဲ့တာခ်ည္းပဲ။ ဒီပါ့ပါးကေတာင္ ခင္ဗ်ားလိုအဆင့္နဲ႔လူကို အာ႐ုံထဲမထားေနတာ ခင္ဗ်ားက ဒီပါ့ပါးအေရွ႕ ေပၚလာရဲတယ္ေပါ့?"

ေဘးလူမရွိေတာ့သည့္အခ်ိန္ က်ဳံးန်န္းစန္းကလည္း လူႀကီးလူေကာင္းဟန္ေဆာင္ေနတာရပ္လိုက္ၿပီး ေအးစက္စက္ေျပာလာသည္။ "ငါ အရင္က မင္းကို အထင္မွားသြားတယ္။ ငါ မင္းကို လ်န္ရွီးရဲ့အိပ္ရာေႏြးေအာင္လုပ္ေပးရတဲ့လူလို႔ ထင္မိတာ။ ေဆာရီးကြာ။"

ဝမ္ေခ်ာင္ သူ႔ကို အထူးအဆန္းလိုၾကည့္လိုက္သည္။ "ခင္ဗ်ားက ကၽြန္ေတာ့္ကို ေတာင္းပန္ဖို႔ပဲ လာတာလား။"

က်ဳံးန်န္းစန္းက ရြံရွာသလိုႏွာမွုတ္ရင္း ဆက္ေျပာလာသည္။ "ေတာင္းပန္တာ လမ္းၾကဳံေနလို႔ပါ။ အဓိက က ငါ မင္းကို ျပစရာတစ္ခုရွိလို႔။"

သူ ဖုန္းကို ဆြဲထုတ္လ်က္ အႀကိမ္ေရအနည္းငယ္မၽွ တို႔ထိၿပီးမွ ဝမ္ေခ်ာင္ျမင္နိုင္ေအာင္ ဆြဲလွည့္ျပလာသည္။

ထို႔ေန႔က ေဟာ္တယ္မွာျဖစ္ခဲ့တဲ့ဗီဒီယိုျဖစ္ေန၏။

ဝမ္ေခ်ာင္ တစ္ခ်က္လွမ္းၾကည့္ၿပီးတာႏွင့္ အၾကည့္လႊဲေရွာင္လ်က္ ဆဲေရးေတာ့သည္။ "ငါ*ိုးတဲ့မွ၊ ခင္ဗ်ားက ႏွာဘူးလား။ ဒါေတြ ရိုက္ထားၿပီး ဒီပါ့ပါးကို ဘာလုပ္ဖို႔လာျပေနတာလဲ။ ခင္ဗ်ား ဖင္ေပါက္ကို လွလြန္းတယ္လို႔ထင္ေနတာလား။ ရြံဖို႔ေကာင္းခ်က္!"

က်ဳံးန်န္းစန္း အံႀကိတ္ထားရင္း ဖုန္းကို ျပန္ယူၿပီး ေျပာလိုက္သည္။ "ရိုက္ေထာင့္က ေနရာကိုက္ေလးပဲ။ မင္းမ်က္ႏွာကို ေသခ်ာေလး ဖမ္းျပထားနိုင္တယ္။"

ဝမ္ေခ်ာင္ : "..."

သူ႔ရဲ့ ႏွစ္ရွည္မ်ားစြာ ဘားကလပ္သြားခဲ့ဖူးတဲ့အေတြ႕အၾကဳံေၾကာင့္ ဒီလိုအျဖစ္အပ်က္မ်ားစြာကို ၾကားဖူးထားသည္။ ဒီေလာကထဲ၌ ရာထူးအသင့္အတင့္ႏွင့္ အေတြးရိုင္းမ်ားရွိၾကသူေတြက တက္သစ္စေလးမ်ားကို သူတို႔ႏွင့္ အတူအိပ္ျဖစ္ေအာင္ ေခ်ာ့ျမဴေလ့ရွိၿပီး အဆိုးဆုံးက အနာဂတ္က် ခ်ိန္းေျခာက္လို႔ရေအာင္ Video ရိုက္ယူထားျခင္းမ်ိဳးပင္။ တက္သစ္စေလးမ်ားအေနႏွင့္ ျပန္မတိုက္ခိုက္ရဲတာမို႔ ၿငိမ္ေနၾကတာမ်ားသည္။ သို႔ျဖင့္ ဒီေလာကထဲ အားနည္းသူမ်ားက သူတို႔ရဲ့ကစားစရာမ်ားျဖစ္လာေတာ့သည္။

"ခင္ဗ်ားက ဒီပါ့ပါးကို ဒါနဲ႔ လာခ်ိိန္းေျခာက္ခ်င္တာေပါ့?" ဝမ္ေခ်ာင္ လုံးလုံးလ်ားလ်ားရြံရွာလို႔ေနသည္။ "ကံေကာင္းလို႔ အဲ့ေန႔က ဒီပါ့ပါး ကြန္ဒုံးဝတ္ဖို႔ မေမ့သြားတာ။ မဟုတ္ရင္ ခင္ဗ်ားအထဲက ပုပ္သိုးေနေလာက္ၿပီ။ တကယ္ေတာ့ ခင္ဗ်ားမွာ STI ေရာဂါေတြ ရွိေနတယ္လို႔ ၾကားလာရင္ေတာင္ အံ့ဩမိမွာ မဟုတ္ဘူး။

က်ဳံးန်န္းစန္းမ်က္ႏွာက မဲေမွာင္သြားၿပီး အံႀကိတ္၍ေျပာလာသည္။ "ငါၾကားတာ မင္းအစ္ကိုက ဒါရိုက္တာေနရာ ရာထူးတိုးေတာ့မွာတဲ့။ သူ႔ဌာနမွာသာ ဒီ video ပ်ံ႕သြားလိုက္ရင္ အရမ္း အရမ္းကို စိတ္ဝင္စားဖို႔ေကာင္းမွာပဲ။"

IceDream အဖြဲ႕သား ငါးေယာက္ကေတာ့ အဝတ္လဲၿပီးတာႏွင့္ ညစာသြားစားဖို႔ ေခါင္းေဆာင္ကို ေစာင့္ေနၾကသည္။

"သူ ဘယ္ေရာက္ေနတာလဲ။" က်ိက်ဲေျပာလာသည္။ "ငါတို႔ group dinner စားဖို႔ေျပာထားတယ္မလား။ အခု မသြားရင္ ညစာက တကယ့္ညလယ္စာျဖစ္လာေတာ့မယ္။"

ရွဲ႕က်ဴရွင္းေျပာလိုက္သည္။ "ငါတို႔ ခုနကေလးတင္ ပိုင္ထူ႔မန္ေနဂ်ာနဲ႔ လမ္းမွာေတြ႕ခဲ့တယ္။ သူတို႔ၾကား ေျပာစရာတစ္ခုခုရွိတာ အခုထိ ေျပာမၿပီးေသးတဲ့ပုံပဲ။ နည္းနည္းထပ္ေစာင့္လိုက္တာေပါ့။"

ခ်န္းေယာင့္က စိတ္ဝင္တစားျဖင့္ေမးလာသည္။ "နာမည္ႀကီးသ႐ုပ္ေဆာင္ရဲ့မန္ေနဂ်ာလား။ သူတို႔ ဘာအေၾကာင္းေတြ ေျပာေနၾကတာလဲ။ သူက ေခါင္းေဆာင္ကို ဇာတ္ကားရိုက္ဖို႔ေခၚေျပာေနတာမ်ားလား။"

က်ိက်ဲ အထင္ေသးသလိုျပန္ေျပာသည္။ "သူက? ဇာတ္ကားရိုက္မယ္? အဲ့ဇာတ္ကားကေတာ့ X-rated ကားျဖစ္ေနေတာ့မွာပဲ။ ဘာအဝတ္အစားေတြမပါဘဲ ရိုက္ရတာမ်ိဳးေလ။"

ယန့္ေရွာင္းမူ ရယ္သြားသည္။ "ကၽြန္ေတာ္လည္း ဇာတ္ကားအတြက္ လာရွာတယ္လို႔ မထင္ပါဘူး။ အဲ့မန္ေနဂ်ာေလ ပိုင္ထူကလြဲလို႔ ဘယ္အႏုပညာရွင္ကိုမွ ေျပာင္ေျပာင္ေျမာက္ေျမာက္ျဖစ္ေအာင္ မလုပ္ေပးနိုင္ခဲ့ဘူး။ ပိုင္ထူဆိုတာလည္း ပြဲဦးထြက္ထြက္ခ်င္း သူနဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္လို႔။ သူ႔ေအာင္ျမင္မွုက လုံးဝကို ကံေကာင္းမွုႀကီးသက္သက္ပဲ။ အဲ့နာမည္ႀကီးသ႐ုပ္ေဆာင္ေၾကာင့္သာ မဟုတ္ရင္ သူက ခြန္-ေကာထက္ေတာင္ ေအာင္ျမင္မွုနည္းဦးမယ္။ သူ႔တာဝန္ယူထားသမၽွ အႏုပညာရွင္တိုင္းကလည္း ေပၚျပဴလာျဖစ္လာတယ္ဆိုတာမ်ိဳး လုံးဝမရွိဘူး။ ေပၚျပဴလာအျဖစ္ဆုံးဆို ဒီည ေဖ်ာ္ေျဖပြဲမွာ သီခ်င္းဆိုေပးတဲ့လူပဲ ရွိမယ္ထင္တယ္။"

ေကာင္းစီယြမ္ကလည္း အတင္းေျပာဝိုင္းထဲ ဝင္ပါလာသည္။ "သူက ဒီေလာကထဲမွာ လူသိရွင္ၾကားေဂးတစ္ေယာက္ေလ။ သူ႔လက္ေအာက္က အႏုပညာရွင္ေတြကို ေအာင္ျမင္ေအာင္လုပ္ေပးဖို႔ သူ႔စိတ္ထဲ မရွိဘူး။ ပိုင္ထူ႔ရဲ့ေအာင္ျမင္မွုအေပၚ ကပ္တြယ္ၿပီး ေကာင္ေလးငယ္ေတြကို လိုက္ေႏွာင့္ယွက္ေနတာတဲ့။ ၾကားဖူးတာေတာ့ သူက ပိုင္ထူနဲ႔ေတာင္ တြဲခဲ့ဖူးေသးတယ္ဆိုပဲ။ ပိုင္ထူက သူ အျပင္မွာ အဲ့လိုေပြရွုပ္ေနတာကို သည္းမခံနိုင္ေတာ့လို႔ ျဖတ္လိုက္ကာမွ အဲ့လူက ပိုလို႔ေတာင္ ဆိုးသြားတယ္တဲ့။ တက္သစ္စေလးေတြဆို သူ႔ပါဝါအားကိုးနဲ႔ ခ်ိန္းေျခာက္ယူတယ္။ အဆိုးဆုံးက ေဆးခတ္တဲ့အထိေတာင္ဆိုပဲ။ သုက အဲ့ေဆးကို ေနရာတကာ သယ္သြားတာ။ သူ သေဘာက်တဲ့ပစ္မွတ္ေတြ႕တာနဲ႔ ေဆးခတ္ထားတဲ့ေရဘူးကို ေပးတိုက္တယ္။ နိုးလာရင္ ဘာမွလုပ္မရေတာ့ဘူးေလ။ ဂႏၶမာပန္းေလးက ဒဏ္ရာပလပြနဲ႔ က်န္ခဲ့ေရာ။"

ေကာင္းစီယြမ္ဆိုတာက အတင္းေျပာရင္ ခ်ဲ့ကားေျပာတတ္လိမ့္ရွိသည္မို႔ ရွဲ႕က်ဴရွင္း သူ႔စကားမ်ားကို စိတ္ကူးဆန္ဆန္အေျပာမ်ားဟုသာ မွတ္ယူထားေတာ့သည္။ "စီယြမ္၊ မဟုတ္တာေတြ မေျပာေနနဲ႔ေတာ့။ တစ္ေယာက္ေယာက္မ်ား ၾကားသြားရင္ မင္း ဒုကၡေရာက္ေနေလ့မယ္။"

မထင္မွတ္စြာပဲ က်ိက်ဲကပါ ဝင္ေျပာလာသည္။ "ဒီတစ္ေခါက္ေတာ့ စီယြမ္ မဟုတ္တာေတြေျပာေနတာ မဟုတ္ဘူး။ ကၽြန္ေတာ္လည္း အဲ့က်ဳံးမ်ိဳးရိုးအေၾကာင္း ၾကားဖူးတယ္။ အရင္တုန္းကေလ သူ ကၽြန္ေတာ္တို႔တကၠသိုလ္ကို Lecture ေပးဖို႔ တစ္ခါလာဖူးတယ္။ ၿပီးေတာ့ သူ ဘြဲ႕ရခါနီး အေတာ္ဆုံးေက်ာင္းသားတစ္ေယာက္နဲ႔ တြဲသြားေရာ။ အဲ့ေက်ာင္းသားေလးကေတာ့ ဒါကိုအခ်စ္စစ္ပဲလို႔ ထင္ၿပီး ေက်ာင္းမွာလည္း ေဂးျဖစ္ေၾကာင္း ထုတ္ေျပာျပလာၿပီး သူ႔အိမ္နဲ႔လည္း အဆက္အသြယ္ျပတ္သြားတယ္။ သူ႔မွာ ဘြဲ႕ေတာင္ မရလိုက္ဘူး။ ရလဒ္ကေရာ? အဲ့က်ဳံးမ်ိဳးရိုး ကစားလို႔ ဝသြားတာနဲ႔ သူ႔ကို ပစ္ခ်သြားတယ္ေလ။ သူ ကိုယ့္ကိုယ္ကိုယ္သတ္ေသမလိုအထိ ျဖစ္သြားတယ္။ အဲ့လူက တကယ္ေကာင္းတဲ့လူ မဟုတ္ဘူး။"

ရွဲ႕က်ဴရွင္း : "..." 'အဲ့လိုလူမ်ိဳးနဲ႔ ဝမ္ေခ်ာင္ ဘာေတြမ်ား ေဆြးေႏြးဖို႔ရွိေနတာလဲ။'

က်ိက်ဲက အဲ့ေက်ာင္းသားေလး အရင္က ဘယ္ေလာက္ထိ ရလဒ္ေကာင္းေတြ ရခဲ့ေၾကာင္းႏွင့္ အခုဆို ဆင္းရဲလြန္းတာမို႔ ျပဇာတ္႐ုံမ်ားတြင္ ဟိုဟိုဒီဒီ ကူလုပ္ေပးေနရေၾကာင္း ယွဥ္ေျပာျပလာရာ လူတိုင္း သက္ျပင္းမခ်ဘဲ မေနနိုင္ေတာ့။

႐ုတ္တရက္ တံခါးက ဝုန္းကနဲပြင့္လာၿပီး ဝမ္ေခ်ာင္ ဝင္လာေလသည္။ လူတိုင္းလည္း သူ႔ကို လွမ္းေမာ့ၾကည့္လိုက္ၾကသည္။

"ဘာၾကည့္တာလဲ!" ဝမ္ေခ်ာင္ ေဒါသတႀကီးေအာ္ေျပာလာသည္။

အဖြဲ႕သားမ်ားလည္း သူ႔ကို ဘာက ေဒါသထြက္ေစတာလဲ မသိသလို ေမးဖို႔လည္း စိတ္ကူးမရွိေန။

ရွဲ႕က်ဴရွင္းကပဲ ေျပာလာရသည္။ "ျမန္ျမန္ အဝတ္သြားလဲေတာ့။ လူတိုင္း မင္းကို ေစာင့္ေနၾကတာ။"

ဝမ္ေခ်ာင္ အဝတ္လဲဖို႔ အထဲဝင္သြားၿပီးေနာက္ ႐ုတ္တရက္ဆိုသလို အကၤ်ီခ်ိတ္မ်ား အခ်င္းခ်င္း ထိရိုက္လွုပ္ခါသံမ်ားထြက္လာေတာ့သည္။ ထို႔ေနာက္မွာေတာ့ အဝတ္လဲခန္းအတြင္း ေဒါသတႀကီးႏွင့္ ဆဲေရးသံမ်ား ႐ုတ္တရက္ေပၚလာျပန္သည္။

အဖြဲ႕သားမ်ားအကုန္ ရွဲ႕က်ဴရွင္းကို လွမ္းၾကည့္လာၿပီး သူတို႔မ်က္ဝန္းမ်ားက 'သူဘာျဖစ္လာတာလဲ သြားၾကည့္ေပးပါ' ဟု အသနားခံစာမ်ား ေရးထားသကဲ့သို႔ျဖစ္ေနသည္။

ရွဲ႕က်ဴရွင္းလည္း အထဲဝင္သြားရေတာ့သည္။

ဝမ္ေခ်ာင္က စင္ေပၚတက္ရန္ဝတ္ဆင္ထားသမၽွကို အကုန္ခၽြတ္ခ်ထားၿပီးျဖစ္ကာ ဇစ္ေသခ်ာမတပ္ရေသးတဲ့ေဘာင္းဘီႏွင့္ အကၤ်ီမကပ္ေသးတဲ့အေပၚပိုင္းေလးျဖင့္ သူက သူ႔ဖုန္းကို ေပါက္ကြဲသြားမတတ္ စိုက္ၾကည့္လို႔ေနသည္။

ရွဲ႕က်ဴရွင္း ေမးလိုက္သည္။ "ဘာျဖစ္လာတာလဲ။"

ဝမ္ေခ်ာင္ ေဒါသတႀကီးျဖင့္ ဖုန္းကိုလႊင့္ပစ္လိုက္ၿပီး ရွဲ႕က်ဴရွင္း လွမ္းယူၾကည့္လိုက္ရာ ဖုန္းမွန္က ကြဲေနခဲ့ၿပီ။

သူ ေဘာင္းဘီကို ဇစ္ဆြဲတင္ရင္းလည္း တစ္ဖန္ ထပ္ဆဲျပန္သည္။

ရွဲ႕က်ဴရွင္းလည္း သူ ေဒါသထြက္ေနျခင္းက ဖုန္းေၾကာင့္ မဟုတ္မွန္း သိတာမို႔ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။ "ပိုင္ထူ႔မန္ေနဂ်ာက မင္းကို ဘာေျပာလို႔လဲ။"

ဝမ္ေခ်ာင္က ပိုလို႔ေတာင္ေဒါသထြက္သြားၿပီး ျပန္ေျပာသည္။ "ဘာမွမေျပာပါဘူး။"

အျပင္ႏွင့္ ဒီက လိုက္ကာတစ္ခုသာ ျခားထားတာမို႔ အဖြဲ႕သားမ်ား မၾကားခ်င္တာျဖစ္မယ္ဟု ရွဲ႕က်ဴရွင္းလည္း ေတြးမိၿပီးေျပာလိုက္သည္။ "မင္းအကၤ်ီ အရင္လဲလိုက္။ ညစာ စားၿပီးမွ ေျပာၾကတာေပါ့။"

ဝမ္ေခ်ာင္ေျပာလာသည္။ "ငါ ညစာ မလိုက္ေတာ့ဘူး။ မင္း သူတို႔နဲ႔ လိုက္သြားလိုက္၊ ငါ့မွာ လုပ္စရာကိစၥေလးရွိေသးတယ္။"

ရွဲ႕က်ဴရွင္း : "... ဘာကိစၥလဲ။"

ဝမ္ေခ်ာင္ သူ႔မ်က္လုံးကို ဖယ္ေရွာင္ရင္းေျဖသည္။ "အိမ္ျပန္မလို႔ ... ငါ့အစ္ကို ငါ့ကို ေခၚေနျပန္ၿပီ။"

'မျဖစ္နိုင္တာ'

ေခါင္းေဆာင္ မလိုက္ဘူးဟု ၾကားခ်ိန္ အဖြဲ႕သားမ်ားက ပိုလို႔ေတာင္ေပ်ာ္ရႊင္သြားၾကသည္။ သူတို႔တေတြ ရွဲ႕က်ဴရွင္းႏွင့္အတူ ကုမၸဏီကားေစာင့္ေနတဲ့ ကားပါကင္ရွိရာသို႔ ေလၽွာက္သြားလိုက္ေလသည္။

"မင္းတို႔ အရင္သြားႏွင့္။ ငါ က်န္ခဲ့တာေလးတစ္ခုရွိလို႔။" ရွဲ႕က်ဴရွင္း သူတို႔အကုန္လုံး ကားေပၚတက္ၿပီးတာကို ေစာင့္ၿပီးမွ သူပါ လိုက္မတက္သြားဘဲ ေျပာလာသည္။ "ငါ ေနာက္မွ မင္းတို႔ဆီ လိုက္ခဲ့မယ္။"

အဖြဲ႕သားအကုန္လုံးက ရွဲ႕က်ဴရွင္းဆိုတာ တစ္ခုခုေမ့က်န္ေနခဲ့မည့္လူမဟုတ္မွန္း သိထားၿပီးသားေပမယ့္ ခ်န္းေယာင့္ကေတာ့ အမွန္ပင္ ယုံၾကည္သြားၿပီးေျပာေလသည္။ "ရပါတယ္။ ကၽြန္ေတာ္တို႔ ဒီမွာေစာင့္ေနမယ္ေလ၊ ေကာ သြားယူလိုက္။"

က်ိက်ဲ သူ႔ကို အထဲသို႔ အျမန္ဆြဲေခၚသြင္းၿပီးေျပာလာသည္။ "ငါ ဆာလို႔ေသေတာ့မယ္ကြ။ ရွဲ႕ေကာ၊ အခ်ိန္ယူၿပီးမွ လာခဲ့။ ကၽြန္ေတာ္တို႔ အရင္သြားႏွင့္ၿပီ။ ရွာေတြ႕ေတာ့မွ ကၽြန္ေတာ္တို႔ဆီ လိုက္လာလည္း ရတယ္။"

ရွဲ႕က်ဴရွင္း သူတို႔ကို လက္ျပႏွုတ္ဆက္လိုက္သည္။

သိပ္မၾကာခင္မွာပဲ ဝမ္ေခ်ာင္ႏွင့္ က်ဳံးလ်န္းစန္းက ကားပါကင္သို႔ ေရာက္လာၿပီး ေရွ႕ဆင့္ေနာက္ဆင့္ ကိုယ္ပိုင္ကားမ်ား စီးလို႔ အျပင္ထြက္သြားၾကသည္။

ရွဲ႕က်ဴရွင္းလည္း သူ႔ေဘးရွိ တိုင္လုံးအေနာက္မွ ျပန္ထြက္လာလိုက္သည္။

အခ်ိန္အားျဖင့္ ၉:၄၀ ရွိေနခဲ့ၿပီ။

၁၀:၁၅

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္အိမ္ေအာက္သို႔ ေရာက္ခ်ိန္ ဝမ္ေခ်ာင့္ကားက ကားပါကင္ထိုးထားၿပီးျဖစ္ၿပီး သူ႔ကားေဘးမွာေတာ့ က်ဳံးန်န္းစန္းေမာင္းသြားတဲ့ ခဲအိုေရာင္ Hyundai ရွိေနသည္။

သူ ဝမ္ေခ်ာင့္ကို ဖုန္းေခၚၾကည့္ေပမယ့္ ဘယ္သူမွ ျပန္မေျဖ။

၁၀:၄၀

ဝမ္ေခ်ာင္ သူ႔ကို ဖုန္းျပန္ေခၚၿပီး ေျပာလာသည္။ "ငါ ခုနက လုပ္စရာေလးရွိေနလို႔။ မင္း ဘာျဖစ္လို႔လဲ။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္ကားအေရွ႕တြင္ရပ္ေနရင္း ေမးလိုက္သည္။ "မင္း အိမ္ျပန္ေရာက္ၿပီလား။"

ဝမ္ေခ်ာင္ : "... အင္း"

ရွဲ႕က်ဴရွင္း ဆက္ေမးသည္။ "စားၿပီးၿပီလား။"

ဝမ္ေခ်ာင္ ျပန္ေျဖသည္။ "ဟင့္အင္း၊ ငါ ဗိုက္မဆာလို႔။"

ရွဲ႕က်ဴရွင္း ဆက္ေျပာသည္။ "မင္းအစ္ကို ဒီေန႔ေရာ မင္းကို ရိုက္ေသးလား။"

ဝမ္ေခ်ာင္ : "ဟင့္အင္း"

ရွဲ႕က်ဴရွင္း ဆက္၍ေမးဆဲပင္။ "မာလာပုစြန္ခ်က္ စားခ်င္လား။"

ဝမ္ေခ်ာင္ ဝိုးတိုးဝါးတားျပန္ေျဖသည္။ "... ဒီေန႔ေတာ့ မသြားေတာ့ဘူး။"

သူတို႔ႏွစ္ေယာက္သား တိတ္ဆိတ္လို႔သြားၿပီး ဘယ္သူ႔ဘက္ကမွ ဖုန္းခ်လာျခင္း မရွိ။

ရွဲ႕က်ဴရွင္း အေဆာက္အဦးအတြင္းမွ က်ဳံးန်န္းစန္း ျပန္ထြက္လာတာကို ျမင္လိုက္ရသည္။

က်ဳံးန်န္းစန္းကလည္း သူ႔ကို သတိထားမိသြား၏။

ရွဲ႕က်ဴရွင္း ဖုန္းကို သူ႔နားမွ ခြါၿပီး ခ်လိုက္သည္။

က်ဳံးန်န္းစန္း : ".... Tomas?"

ရွဲ႕က်ဴရွင္း ဘာမွျပန္မေျပာ၊ အနားသို႔ ေလၽွာက္သြားၿပီး ႀကိဳတင္သတိေပးျခင္းမရွိ ထိုးခ်လိုက္ေလသည္။

ေရွာင္ဖို႔ အခ်ိန္ဆိုတာ မရွိ။ ထိုးခ်က္က သူ႔ႏွာထိပ္ကို တည့္တည့္မတ္မတ္ က်ေရာက္လာၿပီး ထိုသူ႔မွာ အေနာက္သို႔ ယိုင္က်သြားေတာ့သည္။ သူ လဲမက်ေအာင္ ထိန္းၿပီးတာႏွင့္ သူ႔ႏွာေခါင္းကို ထိၾကည့္ရာ ေသြးမ်ား ကပ္ပါလာတာမို႔ အလ်င္အျမန္တုန့္ျပန္လို႔ေျပာရေတာ့သည္။ "ဒါက မင္းေတြးထားသလိုမ်ိဳး မဟုတ္ဘူး!"

ရွဲ႕က်ဴရွင္း : "ငါ ဘာကိုမွ မေတြးေနဘူး။"

ေနာက္ထပ္တစ္ႀကိမ္ ထပ္ထိုးေတာ့မွာ ျမင္လိုက္ရတာမို႔ က်ဳံးန်န္းစန္း အလ်င္အျမန္​ ေနာက္ဆုတ္ရင္းေျပာလာသည္။ "ျပႆနာမရွာနဲ႔! ငါ သူ႔နဲ႔ မလုပ္ခဲ့ဘူး!"

ရွဲ႕က်ဴရွင္း : "ဒါဆို မင္းက ဒီကို ေရခ်ိဳးဖို႔ တကူးတက ေရာက္လာတာလား။"

က်ဳံးန်န္းစန္း : "..."

ရွဲ႕က်ဴရွင္း ေျပာလာသည္။ "မင္း သူ႔ကို ေဆးခတ္ခဲ့တယ္မလား။"

က်ဳံးန်န္းစန္း : "...အင္း"

သူ ဆက္ေျပာဖို႔ စကားလုံးရွာေနေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ ေစာင့္ေပးေနဖို႔ စိတ္မရွည္လွဘဲ ထိုးႏွက္လို႔ကန္ေက်ာက္ေတာ့သည္။

အခုခ်ိန္ထိ က်ဳံးန်န္းစန္းဆိုတာ အလိုလိုက္ခံ၊ အခြင့္ထူးခံ အေျခအေနမ်ားျဖင့္ လိင္ဆက္ဆံမွုအေပၚသာယာၿပီး ေနခဲ့သူမို႔ တိုက္ခိုက္ေရးတြင္ အေတြ႕အၾကဳံ မရွိလွ။ ဝမ္ေခ်ာင့္ေတာင္ သူ႔ကို ထိုးႀကိတ္နိုင္ေနခ်ိန္ ရွဲ႕က်ဴရွင္းလို ကိုယ္ခံပညာသင္ထားသူအတြက္ဆို ေျပာစရာေတာင္ မလိုေတာ့။

ဤသို႔ျဖင့ သူ ေနာက္တစ္ႀကိမ္ ထိုးႀကိတ္ခံရျပန္ေလသည္။

ေနာက္ဆုံးတစ္ေခါက္ သူ ဝမ္ေခ်ာင့္ထံမွ ထိုးႀကိတ္ခံလိုက္ရခ်ိန္ ႏွာေခါင္က ျပာႏွမ္းလို႔ မ်က္ႏွာလည္း ဖူးေယာင္သြားခဲ့သည္။ အခု ထိုဒဏ္ရာမ်ား ေပ်ာက္႐ုံရွိေသးသည္၊ ျပန္ေပၚလာေတာ့မည့္ပုံေပၚ၏။

"ငါေျပာေနတယ္ေလ၊ ငါ သူ႔ကို မလုပ္ခဲ့ဘူးလို႔။" အႀကိမ္ေပါင္းမ်ားစြာ အကန္ခံေနရတဲ့ဗိုက္ကို ဖိထားရင္း သူ ေတာင့္မခံနိုင္ေတာ့မွန္း သိတာမို႔ ဝန္ခံေျပာရေတာ့သည္။ "သူပဲ ငါ့ကို လုပ္သြားတာ။ အရင္တစ္ေခါက္တုန္းကေရာ၊ အခုတစ္ေခါက္ေရာ။ ဖာ့ခ္၊ ငါကိုက ေသာက္ရမ္းကံမေကာင္းလြန္းတာပါ။ မင္း ဘာလို႔ ငါေျပာတာကို ၿပီးေအာင္နားမေထာင္ရတာလဲ။"

သို႔ေပမယ့္ ရွဲ႕က်ဴရွင္းက သိထားၿပီးသားလို ျပန္ေျပာသည္။ "သူ မင္းကို လုပ္ခဲ့မွန္း ငါသိတယ္။"

ဝမ္ေခ်ာင့္ရဲ့ေဒါသအရဆို သူသာ ေဆးခတ္ၿပီး တကယ္အလုပ္ခံခဲ့ရပါက ငို႐ုံႏွင့္ၿပီးသြားမွာ မဟုတ္။

က်ဳံးန်န္းစန္း : "..."

ရွဲ႕က်ဴရွင္း ဆက္ေျပာသည္။ "သူ႔ကို သြားရွုပ္ဖို႔ လုပ္တာ မင္း။ မင္း သူ႔ကို ေဆးခတ္ၿပီးေတာ့မွ မ်က္ႏွာပ်က္ရတယ္လို႔ ေျပာနိုင္ေသးတယ္ေပါ့?"

က်ဳံးန်န္းစန္းက အျမဲ 1 ခဲ့တာမို႔ အရင္တစ္ေခါက္က ေဒါသထြက္လြန္းလို႔ ေသြးအန္ေတာ့မတတ္ ျဖစ္သြားခဲ့ရသည္။ သူ ဒီတစ္ေခါက္ ဝမ္ေခ်ာင္အနား ခ်ည္းကပ္တာကလည္း အကူအညီတစ္ခုလိုခ်င္ေနတာေၾကာင့္ျဖစ္ၿပီး ဝမ္ေခ်ာင္မွ အလဲအလွယ္အေနျဖင့္ sex လုပ္ဖို႔ ေတာင္းဆိုလိမ့္မည္ဟု မေတြးထားခဲ့ဖူးသလို ေဒါသထြက္ေနၿပီးအေျခအေနတြင္ ရွဲ႕က်ဴရွင္းလက္ထဲတြင္ ျပာနက္ေနတဲ့အထိ ရိုက္ခဲ့ရမည္ဟုပါ မေတြးမိခဲ့။ ထို႔အျပင္ သူတို႔ႏွစ္ေယာက္အၾကား တစ္ခုခုမွားယြင္းေနမွန္း သူ သတိထားမိသြားသည္။ ေဒါသတႀကီး ေလွာင္ရယ္ရင္း သူေမးလိုက္သည္။

"မင္း သူ႔ကို ႀကိဳက္ေနတာလား။"

ရွဲ႕က်ဴရွင္း : "..."

က်ဳံးန်န္းစန္းက သူ႔ေကာ္လံသူ ျပန္ျဖန့္ခ်လ်က္ ခါးမတ္မတ္ထား၍ ခါးသက္သက္စကားမ်ားေျပာလာ၏။ "အခု အေပၚတက္သြားလိုက္ေလ။ ဒါဆို ငါ ခ်န္ထားခဲ့တာေတြနဲ႔ မင္း ဆက္လုပ္ဖို႔ အခ်ိန္ရွိဦးမွာ။"

အေပၚထပ္၌ —

ဝမ္ေခ်ာင္ အိပ္ရာေပၚ တင္ပုလႅင္ေခြထိုင္လို႔ ဘီယာေသာက္ရင္း ငိုလ်က္ရွိေနကာ မ်ားစြာေသာဘီယာဘူးမ်ားကလည္း ၾကမ္းျပင္အႏွံ့ ပ်ံ႕ၾကဲက်ေနသည္။

က်ဳံးန်န္းစန္း သူ႔အေၾကာင္းကို ဘယ္လိုရွာေတြ႕သြားတယ္ မသိလွ။ သူတို႔ရဲ့ Video ျဖင့္ ဝမ္ခ်ီ့ဌာနကို ပို႔ေပးလိုက္မည္ဟု ခ်ိန္းေျခာက္လာသည္။ မလုပ္ေစခ်င္ပါက ထိုလူရဲ့အိုင္ေဒါသ႐ုပ္ေဆာင္ကို ဇာတ္ေကာင္ေနရာတစ္ခု ရေအာင္ယူေပးဖို႔ ေစခိုင္းေလသည္။

ဒီအေၾကာင္းကို သူ႔အစ္ကို မသိေစခ်င္သလို သူ႔ေၾကာင့္ႏွင့္လည္း သူ႔အစ္ကိုရဲ့အနာဂတ္ ထိခိုက္သြားမွာမ်ိဳး မလိုခ်င္။ ထို႔ေၾကာင့္ သူ အင္တင္တင္ႏွင့္ သေဘာတူခဲ့ရသည္။ သူ အဝတ္လဲခန္းကို ျပန္ၿပီး အဝတ္အစားလဲခ်ိန္ ေတြးေလေလ စိတ္မေပ်ာ္ရႊင္ရေလ ျဖစ္လာေတာ့သည္။ 'ဒီလိုလူမ်ိဳးအေပၚ သူ ဘာလို႔မ်ား လြယ္လြယ္ေလးအေလ်ာ့ေပးလိုက္ရတာလဲ။'

ဝမ္ခ်ီ သူ႔ကို ဆုံးမၿပီးကတည္းက သူ ဘယ္သူႏွင့္မွ မေပ်ာ္ပါးျဖစ္တာ အေတာ္ၾကာလွၿပီ။ ေန႔တိုင္းလည္း ေရွာင္ရွဲ႕အေၾကာင္းသာ အေတြးမ်ားထဲ ျပည့္ေနၿပီး ေရွာင္ရွဲ႕ကလည္း သူႏွင့္အတူ အိပ္မွာမဟုတ္မွန္း သိထားတာမို႔ သူ႔ေတာင့္တစိတ္ကို ထပ္မခ်ဳပ္တည္းနိုင္ေတာ့။

သူေတြးမိသည္က — ဘယ္လိုပဲျဖစ္ျဖစ္ ေယာက္်ားတစ္ေယာက္နဲ႔ အိပ္ဖူးၿပီပဲ။ တစ္ေခါက္ျဖစ္ျဖစ္၊ ႏွစ္ေခါက္ျဖစ္ျဖစ္ မထူးျခားသြားေတာ့ဘူး။

ရလဒ္အေနႏွင့္ကေတာ့ က်ဳံးန်န္းစန္ႏွင့္ အေတြ႕အၾကဳံက ပ်င္းဖို႔ေကာင္းလြန္းလွတာမို႔ အားမပါ့တပါေဆာင့္ခ်က္မ်ားျဖင့္ ၿပီးဆုံးသြားခဲ့သည္။

က်ဳံးမ်ိဳးရိုး ထြက္သြားသည္ႏွင့္ သူ ေရွာင္ရွဲ႕ဖုန္းေခၚထားတာကို ျမင္လိုက္တာမို႔ ခ်က္ခ်င္း ျပန္ေခၚေတာ့သည္။

ေရွာင္ရွဲ႕က သူ႔ကို မာလာပုစြန္ခ်က္ စားခ်င္လာဟု ေမးလာသည္။

သူ ေသခ်ာေပါက္စားခ်င္တာေပါ့။ စားၿပီးရင္ေတာင္ သူ ေရွာင္ရွဲ႕ႏွင့္အတူ အိပ္ခ်င္လွေသးသည္။ 

သို႔ေပမယ့္ က်ဳံးန်န္းစန္းရဲ့ ေသြးထြက္ေအာင္ ကုတ္ျခစ္ထားရာမ်ားျဖင့္ ရွဲ႕က်ဴရွင္းကို သြားေတြ႕ဖို႔ သူရွက္ရြံ႕ေနမိသည္။ 

ေရွာင္ရွဲ႕က စကား ဆက္မေျပာလာေတာ့ဘဲ ခဏအၾကာ၌ ဖုန္းခ်သြားေတာ့သည္။

ေရွာင္ရွဲ႕စိတ္မေပ်ာ္ေနမွန္း သူခံစားလို႔ရေနသည္။

သူကိုယ္တိုင္ကလည္း မေပ်ာ္ရႊင္ေနခဲ့။

သူ ဘီယာတစ္ဘူးကို လွမ္းဆြဲယူၿပီး ႏွစ္ငုံမၽွ ေသာက္ၿပီးေနာက္ ဝမ္းနည္းမွုက ႐ုတ္တရက္ လွိုက္တက္လာကာ သူ မငိုဘဲ မေနနိုင္ေတာ့။

သူ ဘာလို႔မ်ား မိန္းကေလးေတြနဲ႔ပဲ ဆက္မေပ်ာ္ပါးျဖစ္ရတာလဲ။ ဒီလိုရြံစရာေကာင္မ်ိဳးနဲ႔မွ သြားလုပ္ရတယ္လို႔။

သူ႔မွာ အခုေတာ့ မာလာပုစြန္ခ်က္လည္း မစားနိုင္သလို သူ႔သူငယ္ခ်င္းႏွင့္လည္း မအိပ္နိုင္ေတာ့။

သူ ဘာအျပစ္ေတြမ်ား လုပ္ခဲ့မိလို႔ပါလိမ့္။

KittyKitling

T/N : ဒီရက္ပိုင္း စာျပန္မယ္ဆို note ထဲ ဝင္လိုက္၊ ဒီအေၾကာင္းအရာေတြ ဖတ္ၿပီး ငူငူငိုင္ငိုင္နဲ႔ ထြက္သြားလိုက္။ လုံးလခ်ာလိုက္ေနျခင္းေတြေပါ့။ TT

မပစ္ထားပါဘူး~ ကစ္ ေန႔တိုင္း စာေရးဖို႔ဆိုဝင္တယ္၊ ေန႔တိုင္း ငါ မခံစားနိုင္ေတာ့ဘူးဆို ျပန္ေျပးတယ္.. ဝူးဝူးး

Comment