41

[Unicode]

'အတန်းဖော်ဟောင်း'

ဝမ်ချောင် သူ့အင်္ကျီကို အဝေးပြန်တွန်းထုတ်ပြီး တစ်ဖက်လူကို စူးစူးစိမ်းစိမ်းကြည့်လိုက်သည်။ "မင်း ဘာဖြစ်ရပြန်တာလဲ! တစ်ခါလည်း မဟုတ်၊ နှစ်ခါတောင်။ ပြီးတာနဲ့ တန်းမျက်နှာလွဲခဲပစ်လုပ်နေတာ! မင်းဟာက ပြီးဦးမှာလား။"

ရှဲ့ကျူရှင်း သူ့စိတ်ထဲပြောလိုက်မိသည်။ 'တစ်ခါလည်း မဟုတ်၊ နှစ်ခါတောင်။ လုပ်ပြီးတာနဲ့ မဟုတ်တရုတ်တွေ စပြောလာတာ မင်းပဲလေ!'

"မင်းအတွက် အရာရာတွေးပေးနေမိတာ ငါ့အမှားလား။" ဝမ်ချောင် ထထိုင်ရင်း မတရားခံရသလိုပြောလာသည်။ "ငါ မင်းအပေါ် လုံလုံလောက်လောက်ကြီး ကောင်းပေးထားတာ။ မင်း အပေါ်နေချင်တယ်ဆိုတာတောင် ငါ မငြင်းဘူး။ မင်းက ဘာများထပ်လိုချင်သေးတာလဲ။"

'သူကပဲ မကျေမနပ်ဖြစ်ရသေးတယ်!?'

ရှဲ့ကျူရှင်း ခက်ထန်ထန်ပြန်ပြောလိုက်သည်။ "ငါ လုပ်ချင်ရုံသက်သက်ပဲဆို ဘာလို့ မင်းဖြစ်နေမှ ရမှာလဲ။ အခြားလူသွားရှာလို့မရဘူးလား။"

ဝမ်ချောင် သူပြောချင်တဲ့အဓိကျအချက်ကို မဖမ်းမိဘဲ နောက်ဆုံးစာကြောင်းကိုသာ ကြားလိုက်ပြီး ချက်ချင်းမေးခွန်းပြန်ထုတ်တော့သည်။ "မင်းက ဘယ်သူ့ကို သွားရှာချင်တာလဲ။"

ရှဲ့ကျူရှင်း ဒေါသတကြီးဖြစ်သွားရသည်။ "မင်း လူစကားပြောတာကို ဘယ်လိုနားထောင်ရမလဲရော သိရဲ့လား။"

ဝမ်ချောင်က သူ့ထက်တောင် ပိုဒေါသထွက်နေသေးသည်။ "မင်းသိထားဖို့! ငါ မင်းအတွက်နဲ့ ငါ့အစ်ကိုကိုတောင် ရုပ်ရှင်တစ်ခုခုမှာ နေရာတစ်ခုရှာပေးဖို့တောင်းဆိုခဲ့တာ။ ဒါ မင်းကောင်းဖို့မဟုတ်ဘူးလား။ မင်း စကားကောင်းကောင်းလေးတောင် ပြန်မပြောပေးဘူး။ ငါ့ကို နှင်ထုတ်ဖို့ကြိုးစားတာ အသာထားပါဦး။ မင်းက အခြားတစ်ယောက်ရှာမယ့်ကိစ္စပါ ပြောနေတယ်။ မင်းရှာရဲရင်ရှာကြည့်လိုက်စမ်းပါ!"

ရှဲ့ကျူရှင်း : "... ငါ တကယ်သွားရှာရင်ရော?"

ဝမ်ချောင် တွေးတောင်မတွေးနေဘဲ တန်းခြိမ်းခြောက်လိုက်သည်။ "ဒါဆို ဇာတ်လမ်းအကြောင်းတွေးမနေနဲ့တော့။ ဒီစုတ်ပြတ်သတ်နေတဲ့အဖွဲ့ထဲမှာတောင် နေရာရဖို့ မတွေးထားနဲ့။ မနက်ဖြန် ငါ ခွန်းကောကို သွားပြီး မင်းကို အလုပ်ထုတ်ပေးဖို့ ပြောပြီးတာနဲ့ backup dancer အဖြစ် ပြန်နေဖို့ပြင်ထား!"

ရှဲ့ကျူရှင်း ဒေါသများပြေသွားသည့်အပြင် တစ်ဖက်လူရဲ့ချိန်းခြောက်မှုမှ မထင်မှတ်ထားတဲ့ချိုမြိန်မှုလေးကိုပါ ခံစားလိုက်ရတာမို့ တမင်ပြောတော့သည်။ "ဘယ်သူနဲ့အိပ်အိပ် ဒါက ငါ့လွတ်လပ်ခွင့် မဟုတ်လား။ မင်းလည်း အခုထိ အပြင်မှာ ပျော်ပါးနေသေးတာပဲ။ မင်းကျတော့ ရပြီး ငါကျ ဘာလို့လုပ်မရရမှာလဲ။"

ဝမ်ချောင် ကြောင်အသွားရပြီး အတော်ကြာမှ ပျော့တိပျော့ညံ့ဆင်ခြေတစ်ခုထုတ်ပြောလာသည်။ "ဒါ .. ဒါပေမယ့် ဒီပါ့ပါးရဲ့အောက်ပိုင်းကလည်း လူပျိုစင်လေးပဲလေ။ မင်းစိတ်ထဲ ဘာအဖိုးခမှ မပေးရဘဲ ဝင်လို့ရမယ်လို့ တွေးထားတာလား။ မင်း တာဝန်မယူပေးရတော့ဘူးတဲ့လား။"

ရှဲ့ကျူရှင်း ရယ်ချင်သွားတော့သည်။ "မင်းက ငါ့ကို ဘယ်လိုများတာဝန်ယူစေချင်တာလဲ။"

"အတွေ့အကြုံရှိထားပြီးလူတစ်ယောက်ဆိုရင်တောင် ငါ လုပ်ပြီးတာနဲ့ အိတ်တစ်အိတ်လောက် လိုက်ဝယ်ပေးတာ။" ဝမ်ချောင်တိုးတိုးပြောလာသည်။ "ပါကင်ဆိုရင် အနည်းဆုံးတော့ ဈေးက ဆယ်ဆဖြစ်နေရမယ်။"

ရှဲ့ကျူရှင်း ဆက်ပြောသည်။ "ဒါဆို ငါ မင်းအတွက် အိတ် ၁၀ လုံး ဝယ်ပေးရမလား။"

ဝမ်ချောင် ရွံရှာသလိုပြန်ပြောလိုက်သည်။ "ပါ့ပါးမှာ ရှားနေလား။ ဒီပါ့ပါးက မင်းထက် မချမ်းသာလို့လား။"

ရှဲ့ကျူရှင်း တိတ်ဆိတ်သွားပြီး တစ်ဖက်လူပါးစပ်ထဲ ထိုးသွပ်ထားချင်စိတ်များ တစ်ဖန်ပြန်ပေါ်လာတော့သည်။

ခဏတွေးကြည့်နေပြီးနောက်မှ ဝမ်ချောင် ရှဲ့ကျူရှင်းလက်ကို တစ်ဖန်ပြန်ဆွဲပြီး ပွတ်သီးပွတ်သပ်နှင့်ချော့မြူလိုက်သည်။ "မင်းကြည့်၊ ငါ့ဂန္ဓာမာပန်းလေးကို မင်း နှစ်ကြိမ်တောင် ကျူးကျော်ပြီးသွားပြီ။ နောက်ကျရင် မင်း အခြားသူကို သွားမရှာနဲ့၊ ငါလည်း အပြင်မှာ မပွေလီတော့ဘူး။ ငါတို့ လိုအပ်လာတိုင်း တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးလို့ရတာပဲ၊ မကောင်းဘူးလား။"

ရှဲ့ကျူရှင်း သူ့နှလုံးခုန်သံ တဒုန်းဒုန်းကိုတောင် ပြန်ကြားနေရပြီး လေသံနူးနူးညံ့ညံ့လေးဖြင့် မေးလိုက်မိသည်။ "ဒါဆို မင်းက ငါနဲ့တွဲချင်တာလား။"

ဝမ်ချောင် ကြောင်အသွားသည်။ "...တွဲချင်တာ? အဲ့လိုမျိုး မဟုတ်ဘူးလေ။"

သူ တစ်ခါမှ ရည်းစားမထားဖူးပေမယ့် သူများတွေပြောတာကိုတော့ တွေ့ဖူးမြင်ဖူးထားသည်။ သူတို့က အတူဈေးဝယ်ထွက်လို့ ရုပ်ရှင်အတူကြည့်ပြီး အချစ်ဟော်တယ်တစ်ခုတွင်လည်း အချစ်သက်သေထူကြသေးသည်။ ပန်းများပို့လိုက်၊ အိတ်များ၊ လက်စွပ်များ ဝယ်ပေးလိုက်နှင့် တွဲဖက်ညီနေချိန်မှာတော့ သူတို့က တစ်ယောက်ပေါ်တစ်ယောက် ဆီနှင့်ပျားရည် ရောသုတ်၍ကပ်ထားသလိုချိုမြိန်နေပြီး ရန်ဖြစ်သွားပြီဆိုရင်လည်း အချင်းချင်း နောက်ကျောကို ဓားဖြင့်ထိုးဖို့ ဝန်မလေးလှ။

အဆုံးတွင် ဒီလိုရလဒ်နှစ်မျိုးထက်လွဲ၍ ပိုမရှိလာ။ ဝမ်ကျင်းတို့လို လမ်းခွဲသွားမလား၊ သို့မဟုတ်လည်း ဝမ်ချီကဲ့သို့ လက်ထပ်သွားကြမလားပင်။

သူ့အတွက်တော့ ဒီနှစ်ခုလုံးက မကောင်းသလို ခံစားနေရသည်။ သူက ရှောင်ရှဲ့နှင့်အတူ အရင်တုန်းကအတိုင်း အတူစား၊ အတူအိပ်၊ အတူအလုပ်လုပ်ပြီး တစ်ခါတစ်လေကျလည်း အတူဖြေလျော့ချင်တာမျိုးဖြစ်သည်။ ဒီလောက်နှင့်တင် သူ့အတွက်က လုံလောက်နေပြီဖြစ်၏။

အကုန်လုံးလည်း ပြောထား၊ လုပ်ထားပြီးနေပြီပဲ၊ ရှောင်ရှဲ့ ဘာလို့နားမလည်နိုင်သေးရတာလဲ။

ရှဲ့ကျူရှင်း ပြန်ချေပဖို့တောင် စကားရှာမရတော့။ သူ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ "ဒါဆိုလည်း မင်းပြော၊ ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာလဲ။"

ဝမ်ချောင် စိတ်ထဲ ဒီမေးခွန်းကို အထူးအဆန်းလိုခံစားမိတော့သည်။ "ပြောပြီးပြီမဟုတ်ဘူးလား။ မင်းက ငါ့ရဲ့ရူးဂါးပေပီလုပ်။"

'ဟုတ်ပြီ၊ သူ စကားအပိုတွေ ပြောမိသွားတာပဲ။ ဝမ်ချောင်ရဲ့အတွေးက လမ်းကြောင်းမှန်ပေါ်မှာတောင် မရှိနေဘူး။'

ရှဲ့ကျူရှင်း သူ့ကို အိပ်ရာထက် ပြန်တွန်းချပြီး ဒေါသတကြီးပြောလိုက်သည်။ "အိပ်လိုက်တော့! ငါရေသွားချိုးပြီ။"

ဝမ်ချောင်ကတော့ သူ့မကျေမနပ်များကို ရေရွတ်နေဆဲ။ "ဒီခေါင်းအုံးစုတ်ကလည်း မာတောင့်နေတာပဲ။ ငါ့ခေါင်း နာလာပြီ။"

ရှဲ့ကျူရှင်း ခြေလှမ်းနှစ်လှမ်းမျလှမ်းပြီးမှ ပြန်လှည့်ကြည့်ပြီးပြောလိုက်သည်။ "အခုလေးတင် မင်းကိုယ်တိုင် အပြင်မှာ သွားမပွေလီတော့ဘူးပြောထားတယ်။ နောက်ထပ်များ မင်း သွားပွေရှုပ်လို့ကတော့ ငါ့အပြုအမူတွေ စာရွက်လှန်တာထက် ပိုမြန်မြန်ပြောင်းလဲသွားရင် အပြစ်မဆိုလာနဲ့။"

ဝမ်ချောင်လည်း နေရာတွင်လှဲနေရင်း ပြန်ချေပလိုက်သည်။ "ဒါဖြင့် မင်းလည်း အပြင်မှာ အခြားတစ်ယောက် ရှာမနေနဲ့။ မင်းသွားရှာလို့ကတော့ ငါ စာရွက်လှန်တာထက် ပိုမြန်မြန်စိတ်တိုသွားရင် အပြစ်မဆိုလာနဲ့။"

ရှဲ့ကျူရှင်း ရေချိုးပြီးပြန်ထွက်လာချိန် ဝမ်ချောင်ကတော့ တစ်ဖန်ထပ်လို့မှောက်လျက်လေးအိပ်နေ၍ တစ်ဝက်ပွင့်ဟနေတဲ့ပါးစပ်လေးထဲမှလည်း သွားရည်များစီးကျနေရာ ဝက်လေးတစ်ကောင်နှင့်တောင် တူနေ၏။

သူ ဝမ်ချောင်ကို ခဏမျှကြည့်နေရင်း အရမ်းချစ်ဖို့ကောင်းလှတယ်ဟု တွေးမိနေပြီး ခဏလေးအတွင်းမှာပင် တကယ့်အရူးကောင်လေးလို့လည်း တွေးမိပြန်တော့သည်။

သူတို့ နှစ်ကြိမ်တိတိ အိပ်ရာပေါ်တက်ခဲ့ပြီးပြီ။ ဒီတစ်ခေါက်ဆိုလျှင် နတ်ဘုရားမနှင့်တောင် မလုပ်နိုင်ဘူးဆိုတဲ့ လျှာပါတဲ့အနမ်းတောင် သူတို့လုပ်ဖြစ်ခဲ့သည်။ ထို့အပြင် နောက်ထပ် မပွေလီတော့မည့်အကြောင်းပါ သူ့ကို ပြောလာသေးသည်။ သူတို့အကြား အလွှာပါးပါးလေးတစ်ခုသာ ခြားထားတော့ပေမယ့် သူ ကျော်ဖြတ်ချင်လာတဲ့အချိန်တိုင်း တစ်ဖက်လူမှ အဓိပ္ပါယ်မရှိသည့်အရည်မရအဖက်မရများ အကုန်ပြောဆို၍ စိတ်တိုလာအောင် လုပ်လေသည်။

သေချာသလောက် သူတို့တွေ တစ်ယောက်ကိုတစ်ယောက်ကြိုက်နေကြပေမယ့် ဝမ်ချောင်ကလည်း နားမလည်သလို သူကလည်း ထုတ်မပြောနိုင်။

သူ ခေါင်းအုံးကို ထိကြည့်လိုက်ရာ နည်းနည်းမာတောင့်တောင့်ဖြစ်နေပုံပေါ်တာမို့ ဖုန်းထဲရှိ Taobao app ကို ဖွင့်၍ ဝမ်ချောင် အရင်ကပြောဖူးသည့် latex တံဆိပ် ခေါင်းအုံးအစုံဝယ်ချလိုက်လေသည်။ အော်ဒါတင်ပြီးသွားတာနှင့် သူလည်း မီးများပိတ်၍ အိပ်ရာဝင်တော့သည်။

နိုဗင်ဘာလ၊ ၈ ရက်နေ့။ ကွမ်ကျိူး အပြည်ပြည်ဆိုင်ရာအားကစားကွင်း၊ IceDream ရဲ့ ဒုတိယမြောက် fan meeting ကျင်းပခြင်း။

မြောက်ပိုင်းတွင် မြူဆိုင်းမှု ပြင်းထန်တာမို့ လေကြောင်းခရီးသွားလာမှုမှ လေယာဉ်အချို့ကို အချိန်အနောက်ရွေ့စေပြီး မနက် ၉ နာရီကတည်းက ကွမ်ကျိုးရောက်ရမည့်လေယာဉ်မှာ နေ့လည် ၁၂ ထိုးတဲ့အထိ မရောက်သွားသေး။ အဖွဲ့သား ၆ ယောက်မှာ နားချိန်တောင် မရှိတော့ဘဲ ဟော်တယ်တွင် ရေချိုးပြီးတာနှင့် ချက်ချင်း စတိတ်ရှိရာသို့သွား၍ မိတ်ကပ်၊ အစမ်းလေ့ကျင့်ခြင်းများ ပြင်ဆင်ရလေသည်။

စတိတ်စင်နှင့် ရင်းနှီးသွားပြီး အဆို၊ အကများ လေ့ကျင့်ပြီးနောက်မှာတော့ ဝမ်ချောင်မှာ အိပ်ချင်စိတ်က ပိုအလေးသာသွားပြီး သီချင်းသံရပ်တာနှင့် ရှဲ့ကျူရှင်းနောက်ကျောကို မှီ၍ နိုးတစ်ဝက်အိပ်တစ်ဝက်အနေအထားဖြင့် ကျိကျဲရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကြည့်နေတော့သည်။ ပါးဖောင်းလေးက သူ့ကျွမ်းကျင်ရာ rap ကို နားထောင်သူများထံ ကြွားဝါပြသချင်နေသည်။ စင်ပေါ်၌ live band များနှင့်အတူ တစ်ခေါက်မျှ အတူဖျော်ဖြေကြည့်ပြီးနောက် သိသိသာသာ အမှားမျိုးလည်း မရှိတာနှင့် သူ တစ်ဖက်လှည့်၍ ထိုတူရိယာတီးသူများကို ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြရာ သူတို့ကလည်း သူ့ကို လက်ခုပ်ပြန်တီးပေးလာကြသည်။

ဒီအဖွဲ့ကို ကွမ်ကျိုး၌ fan meeting လုပ်ရာတွင် ကူညီထောက်ပံ့ပေးသည့်ကုမ္ပဏီမှ ငှားပေးထားတာဖြစ်ပြီး လူတိုင်းက ငယ်ရွယ်ပုံပေါ်လှသည်။

ရှဲ့ကျူရှင်း သူတို့ထဲမှ keyboard တီးသူတစ်ယောက်ကို သတိထားမိနေသည်။ ထိုကောင်လေးက သူ့ဘက်ကို ခဏခဏကြည့်နေပြီး စတိတ်အလင်းရောင်ကြောင့် သူလည်း သေချာမမြင်နေရ။ 'သူ အရင်က သိခဲ့ဖူးသူများလား။'

အစမ်းလေ့ကျင့်မှုပြီးသွားချိန် ၅ နာရီထိုးလုဖြစ်နေသည်။ fan meeting က ၇ ခွဲ၌ စတင်မှာမို့ သူတို့အကုန် ခဏအနားယူကြရတော့သည်။

သွမ့်ယိခွန်းက သူတို့အတွက် အပိုင်းသေးသေးလေးများလှီးဖြတ်ထည့်ထားတဲ့သစ်သီးဘူးလေး မှာပေးထားပြီး နည်းနည်းမျှ အားအင်ပြည့်အောင် စားစေသည်။ သူတို့အနေနှင့် ပွဲမစတင်ခင် ဗိုက်ပြည့်နေလို့ မရ၊ သူတို့ရဲ့ဖျော်ဖြေမှုကို ထိခိုက်စေလိမ့်မည်ပင်။

ဝမ်ချောင် ဆိုဖာပေါ်တွင် ဇိမ်ကျကျထိုင်နေရင်း ဖရဲသီးနှစ်စိတ်မျှစားလိုက်သည်။ သူ့မျက်ခွံများက တိုက်ပွဲဝင်နေပြီး သူ ခေါင်းကို အနောက်သို့မှီချထားရင်းနှင့် လက်တွင် သစ်သီးစိတ်ကို ကိုင်ထားလျက် အိပ်ပျော်သွားလေသည်။

အဖွဲ့သားများလည်း သူတို့ဆူညံမိလို့ နိုးသွားလျှင် ပြဿနာရှာလာမည်ကို စိုးရိမ်စိတ်ဖြင့် ကိုယ်စီ အသီးပန်းကန်များယူ၍ နည်းနည်းဝေးဝေး၌ သွားထိုင်ကြတော့သည်။

ရှဲ့ကျူရှင်းကတော့ သူ့လည်ပင်းအောက်တွင် U သဏ္ဉာန်ခေါင်းအုံး ခံပေးထားပြီး ဘေးတွင်ထိုင်လျက် ဖုန်းသုံးနေလိုက်သည်။

ခဏအကြာတွင်

"ဟယ်လို Tomas" တစ်စုံတစ်ယောက်က သူ့ကို စကားလာပြော၏။

သူလည်း ခေါင်းမော့ကြည့်လျက် ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်သည်။ "ဟယ်လို" ခုန အဖွဲ့ထဲက keyboard တီးသူပင်။ သူတို့ တကယ်ပဲ အရင်က သိဖူးတာလား။

ထိုလူက အိပ်ပျော်နေတဲ့ဝမ်ချောင်ကို လက်ညှိုးထိုးပြရင်း ပြုံးလျက်ပြောလာသည်။ "Leo နဲ့ ကျွန်တော်နဲ့က တက္ကသိုလ်မှာတုန်းက အတန်းဖော်တွေပါ။ အခုနက ကျွန်တော်တို့ အစမ်းလေ့ကျင့်တာနဲ့ အလုပ်ရှုပ်နေတော့ သူ့ကို လာနှုတ်ဆက်ဖို့တောင် မအားဘူးဖြစ်သွားတယ်။"

ရှဲ့ကျူရှင်းလည်း များများစားစား မတွေးနေ။ သူတို့ ပွဲဦးထွက်ပြီး အောင်မြင်လာကတည်းက အလုပ်ခွင်၌ အတန်းဖော်များ၊ အသိဟောင်းများနှင့် ပြန်တွေ့ရခြင်းက သာမန်ကိစ္စလိုဖြစ်လာတာမို့ ဝမ်ချောင်ကို လှမ်းတွန်းထိုး၍ နိုးလိုက်လေသည်။ "ဟေ့၊ ထဦး"

ဝမ်ချောင်မှာ အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်လိုက်တာနှင့် စိတ်ရှုပ်လာတော့သည်။ "မင်း ဘာလုပ်တာလဲ။ ငါ့ကို ခဏပေးအိပ်ဦး။"

ရှဲ့ကျူရှင်းပြောလိုက်သည်။ "မင်းအတန်းဖော် မင်းကို လာရှာတယ်။"

ဝမ်ချောင် သူ့လည်ပင်းထက်တွင် ဝက်ဝံညိုရောင်ခေါင်းအုံးကို ချိတ်တွဲထားရင်း အင်တင်တင်နှင့် ထထိုင်လာပြီး keyboard တီးသူကို စူးစိုက်ကြည့်လျက် သူ့မျက်နှာက ပိုလို့တောင် ဆိုးရွားသွားကာ လေသံအနေအထားကပါ မကောင်းတော့။ "မင်းက ဒီမှာဘာလုပ်နေတာလဲ။"

ထိုလူက ရှဲ့ကျူရှင်းကို ပြုံးလျက်ပြောလာသည်။ "ကျွန်တော်တို့ စကားနည်းနည်းလောက်ပြောချင်လို့ဗျ။" ဆိုလိုချင်သည့်သဘောမှာ သူ့ကို နေရာမှ ခဏမျှ ဖယ်ရှောင်ခိုင်းခြင်းပင်။

ရှဲ့ကျူရှင်း ထရပ်တော့မည့်အချိန်၌ ဝမ်ချောင်က သူ့ကိုဆွဲထားပြီး ပြောလေသည်။ "ဒီမှာပဲ ထိုင်နေ၊ မလှုပ်နဲ့။ ငါ့မှာ သူနဲ့ ပြောစရာစကား ဘာမှမရှိဘူး။ ဒီအကောင်က ငါ အရင်တုန်းက မင်းကိုပြောပြဖူးတဲ့တစ်ယောက်ပဲ။"

ဝမ်ချောင်ဆီက ပိုက်ဆံလိမ်တောင်းပြီး သူ့ကောင်မလေးကို ဖူးဖူးမှုတ်ထားဖို့လုပ်တဲ့ အတန်းဖော်လား။ ထို့အပြင် ဒီလူက ဝမ်ချောင့်ကို သူနှင့်အတူ ဖြေလျော့ဖို့စည်းရုံးခဲ့ဖူးတဲ့သူမလား။

ရှဲ့ကျူရှင်း ထိုလူ့ကို သေချာလေ့လာကြည့်ရာ ရုပ်ရည်အရတော့ အဆိုးကြီး မဟုတ်နေ။

keyboard တီးသူကလည်း ဝမ်ချောင့် သူ့ကို ပြောပြထားမည်ဟု မမျှော်လင့်ထားပုံဖြင့် သူ့ကို လှည့်ကြည့်လာတော့သည်။

ဝမ်ချောင် သူ့ကိုနှင်ထုတ်ရင်းပြောလိုက်သည်။ "ငါ့မှာ မင်းနဲ့ပတ်သတ်ပြီး တကယ်ဘာမှပြောစရာ မရှိဘူး။ မင်းကိုယ်မင်းရော စိတ်ရှုပ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား။ ငါတို့ မတွေ့တော့တာပဲ နှစ်ချီနေပြီ။ ငါတောင် မင်းရုပ် ဘယ်လိုရှိလဲ မမှတ်မိတော့ဘူး။ နောက်ပိုင်း ထပ်တွေ့ရင် မင်း ငါ့ကို သိတယ်လို့ လာမပြောနဲ့။"

keyboard တီးသူမှာ သူ့အပြုံးကိုတောင် ဆက်မထိန်းထားနိုင်တော့ဘဲ အေးစက်စက်မျက်နှာဖြင့် တစ်ဖက်လှည့်လို့လျှောက်ထွက်သွားတော့သည်။

ဝမ်ချောင်ကလည်း အလေးအနက်ထားမနေဘဲ သူ့ခေါင်း လေးသလိုခံစားရတာမို့ အနေအထားပြောင်း၍ ရှဲ့ကျူရှင်းပေါင်ပေါ်လှဲလျက် ဆက်အိပ်နေလေသည်။

ရှဲ့ကျူရှင်းလည်း ဒီကိစ္စကို တစ်ခန်းရပ်သွားခဲ့ပြီဟု ထင်မှတ်ထားခဲ့၏။

ညနေပိုင်း fan meeting က စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေပြီး ကွမ်ကျိုးရှိ fan များကလည်း အရမ်းတက်ကြွကြသလို အဖွဲ့သားများကလည်း ကောင်းကောင်းဖျော်ဖြေနိုင်ခဲ့သည်။

ပွဲပြီးဆုံးချိန်၌ သူတို့ခြောက်ယောက်လုံး ပင်ပန်းလွန်းတာမို့ စကားတောင် မပြောချင်တော့ဘဲ မိတ်ကပ်များကို အလျင်စလိုဖယ်ရှား၍ အင်္ကျီလဲပြီးတာနှင့် အမြန်ပြန်သွားနားချင်စိတ်သာ ရှိကြတော့သည်။

ရှဲ့ကျူရှင်း အင်္ကျီလဲပြီး ပြန်ထွက်လာချိန် ဝမ်ချောင်က အစအနရှာမရအောင် ပျောက်နေမှန်း သတိထားမိသွားတာမို့ ချန်းယောင့်ကို မေးလိုက်လေသည်။ "ယောင့်ယောင့်၊ မင်း သူ့ကို မြင်မိသေးလား။"

နာမည်မပြောဘဲနှင့်တောင် သူတို့ခေါင်းဆောင်ကို မေးခြင်းမှန်း ချန်းယောင့်လည်း သိနေသည်။ "သူ အခုနကလေးတင် ဒီမှာ မိတ်ကပ်ထိုင်ဖျက်နေသေးတာပါ။"

အခြားအဖွဲ့သားများကလည်း သူတို့ မတွေ့မိကြောင်း ပြောလာပေမယ့် ဝန်ထမ်းတစ်ယောက်ကတော့ ပြန်ဖြေပေးနိုင်သည်။ "ကျွန်တော် Leo အိမ်သာဘက် သွားတာ တွေ့လိုက်သလိုပဲ။"

ရှဲ့ကျူရှင်း ဝမ်ချောင်ဖုန်းကို လှမ်းခေါ်လိုက်ရာ ဖုန်းမြည်သံက သူ့အိတ်ကပ်ထဲမှ ထွက်လာတော့သည်။ ဝမ်ချောင်တစ်ယောက် ဘယ်အချိန်ကတည်းကများ ဖုန်းကို သူ့အိတ်ကပ်ထဲ ပြီးစလွယ်ထည့်သွားလဲ မသိ။

သူ ခဏမျှစောင့်နေပြီး ပြန်မလာသေးတာနှင့်ပြောလိုက်တော့သည်။ "ငါ သူ့ကို သွားရှာလိုက်ဦးမယ်။ အိမ်သာထဲ အိပ်ပျော်နေပြန်ပြီလား မသိဘူး။"

သူတို့ပွဲဦးထွက်ကတည်းက ဝမ်ချောင် ဒီလိုမျိုးလုပ်ဖူးခဲ့သည်။ သူ အိမ်သာသွားပြီး အချိန်အတော်ကြာတဲ့အထိ ပြန်မလာ။ အကယ်၍ ရှဲ့ကျူရှင်းသာ သူ့ကို သွားမရှာခဲ့ပါက သူ TV station ရဲ့ အိမ်သာခန်းထဲ တစ်ညလုံး အိပ်မောကျနေလောက်ပြီပင်။

သူ ဝမ်ချောင်ကို သွားရှာဖို့အပြင်ထွက်လာပြီး ထောင့်ချိုးတစ်ခုကွေ့လိုက်တာနှင့် လာရာလမ်းအတိုင်းပြန်လာနေသည့်ဝမ်ချောင်ကို တွေ့လိုက်ရလေသည်။ သူ လှမ်းခေါ်မလို့လုပ်ချိန်မှာပဲ keyboard တီးသူက တစ်ဖက်ထောင့်ချိုးမှပေါ်လာပြီး ဝမ်ချောင်အနောက်မှ ကပ်လိုက်၍ပြောနေလေသည်။ "ရှောင်ချောင်၊ မင်း ငါပြောမှာကိုပဲ ဆုံးအောင်နားထောင်ပေးလို့မရဘူးလား။"

ဝမ်ချောင် အနောက်လှည့်ကြည့်၍ ဆဲရေးတော့သည်။ "ငါက ဘာလို့ မင်းပါးစပ်ကထွက်တဲ့ သောက်ကျိုးနည်းစကားတွေကို နားထောင်နေရမှာလဲ! ထွက်သွား! မင်း ဆက်လိုက်လာရင် ဒီပါ့ပါးက မင်းကို ထရိုက်တော့မယ်။"

ထိုသူက ရှဲ့ကျူရှင်းကို မြင်တာနှင့် ခြေလှမ်းများတန့်သွားပြီး အနည်းငယ်မျှနားလည်ရခက်တဲ့မျက်နှာအမူအရာဖြင့် တစ်ဖက်လှည့်ထွက်သွားသည်။

ဝမ်ချောင်ကတော့ သူမောင်းထုတ်နိုင်လိုက်တယ်ဟုတွေးပြီး ထပ်ဆဲရေးပြန်သည်။ "ဖာ့ခ်၊ စောက်ရူးကောင်!"

ရှဲ့ကျူရှင်း : "အဟွတ်"

ဝမ်ချောင် ခေါင်းပြန်လှည့်၍ သူ့ကိုကြည့်လာပြီးနောက် ခဏမျှကြောင်အနေရင်းမှပြောလိုက်သည်။ "ငါ့နာမည်ခေါ်လို့မရဘူးလား။ ဘာ 'အဟွတ်' လဲ။"

ရှဲ့ကျူရှင်းက 'ရှောင်ချောင်' ဆိုတဲ့ခေါ်သံကိုကြားကတည်းက စိတ်ထဲနေရခက်နေတာဖြစ်ပြီး ဒီလိုပြောသံကိုကြားချိန် ပိုလို့တောင်နေရခက်သွားတာမို့ မေးလိုက်တော့သည်။ "မင်းအတန်းဖော်က ဘာလို့ မင်းကို ထပ်လာရှာပြန်တာလဲ။"

ဝမ်ချောင့်မျက်လုံးများက ဟိုဟိုဒီဒီပြေးနေရင်းပြန်ဖြေလာသည်။ "ဘာလို့မှမဟုတ်ဘူး။"

ရှဲ့ကျူရှင်း "...ပြန်မယ်။"

၏သူ တစ်ဖက်လှည့်ပြီး ပြန်လျှောက်ထွက်သွားရာ ဝမ်ချောင်လည်း အနောက်မှ အလျင်စလိုအမှီလိုက်ရတော့သည်။ သူ့မျက်နှာကို ကြည့်ရပုံအရ ထပ်မပျော်မရွှင်ဖြစ်သွားပုံပင်။

တကယ်စိတ်ပူစရာပဲ။ ရှောင်ရှဲ့စိတ်က မိန်းကလေးတွေထက်တောင် ခန့်မှန်းရခက်နေပါလား။

ဟော်တယ်သို့ပြန်ရောက်ချိန် သူတို့နှစ်ယောက်က တစ်ခန်းအတူကျလေသည်။ သူတို့ခရီးထွက်ရချိန်တိုင်း လူတိုင်း သူတို့လေ့ကျင့်ရေးကာလအတွင်း နေခဲ့ကြသည့်အဖွဲ့သားများနှင့်သာ တစ်ခန်းအတူပြန်ယူလိမ့်ရှိကြသည်။

ရှဲ့ကျူရှင်း အတော်ကြာတဲ့အထိ စကားမပြောလာတာမို့ ဝမ်ချောင့်ဘက်ကပဲ စတင်လို့ပြောလိုက်တော့သည်။ "မင်း မြည်းလိုမျက်နှာကြီးနဲ့ မနေနေစမ်းပါနဲ့။ ငါ မင်းကိုပြောရင် ဒီလိုလုပ်တာရပ်မယ်မလား။"

ရှဲ့ကျူရှင်း : "..." 'ဘယ်သူ့ကို မင်းက မြည်းလိုမျက်နှာလို့ခေါ်နေတာလဲ။'

ဝမ်ချောင် ခေါင်းကုတ်ရင်းပြောလာသည်။ "ငါ သူနဲ့ အိမ်သာထဲမှာတွေ့တာ။ ငါ သူနဲ့ စကားမပြောချင်ပေမယ့် သူက အတင်း စကားနည်းနည်းပြောကြရအောင်လို့ ပြောလာရော။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ fan 2M တောင် ရှိတာဆိုတော့ ဂုဏ်သတင်းလေး နည်းနည်းထိန်းချင်တယ်လေ။ စင်နောက်အိမ်သာမှာ ရန်ဖြစ်တာ ကောင်းတဲ့သတင်းမှ မဟုတ်တာ၊ မင်းပြောကြည့်။"

ရှဲ့ကျူရှင်း : "မင်း စကားခံဖို့လုပ်မနေဘဲ လိုရင်းအကြောင်းကိုပြော။"

ဝမ်ချောင် : "..." 'ရှောင်ရှဲ့ တကယ်စိတ်မပျော်ဖြစ်နေတာပဲ။ အရင်ကဆို သူ ဘယ်လောက်ပဲ စကားကြောရှည်ပါစေ ရှောင်ရှဲ့က စိတ်ရှည်ရှည်ထားလို့ နားထောင်ပေးသည်သာ။

သူ ကွေ့ပတ်မနေတော့ဘဲ လိုရင်းကို ပြောချလိုက်တော့သည်။ "သူက ငါ့ကိုကြိုက်တယ်တဲ့။"

"...အဲ့နောက်ရော?"

ဝမ်ချောင် ပြောလာသည်။ "ငါက မင်းရူးနေတာပဲလို့ပြောတော့ သူက သူ မရူးဘူးလို့ပြန်ပြောတယ်။ ငါက မင်းပါ့ပါးအတွက် လမ်းဖယ်ပေးလို့ပြောတာကို သူက မဖယ်ပေးဘူး။ ငါ သူ့ကို တွန်းထုတ်ခဲ့တော့ ငါ့နောက်က လိုက်လာပြီး အဲ့အကြောင်း ဆက်ပြောဖို့လုပ်နေတာပဲ။ ဒါပေမယ့် ငါ နားမထောင်ချင်ဘူးလေ။ အဲ့တာနဲ့ ငါပြောလိုက်တယ်။ မင်းပါ့ပါးက အဖြောင့်ဆိုတာ မင်း မသိဘူးလားလို့။ သူက ငါ အရင်တုန်းက ဖြောင့်ခဲ့ပေမယ့် အခုတော့ သေချာပေါက် မဟုတ်တော့ဘူးတဲ့။ ငါလည်း မင်းအမေသာ သွားလုပ်၊ ဒီပါ့ပါးက သေတဲ့အထိ အဖြောင့်ဖြစ်နေမှာလို့ ပြောခဲ့လိုက်တယ်။ အဲ့တာတောင် သူက ငါ့နောက် လိုက်ချင်နေတုန်း။ သူပြောလေ ငါက ပိုစိတ်ရှုပ်လေနဲ့၊ အဲ့အချိန်မှာပဲ မင်းရောက်လာလို့ သူလည်း ရှက်ရှက်နဲ့ထွက်ပြေးသွားတာနေမယ်။"

ရှဲ့ကျူရှင်း : "..." 'ကွင်းကွင်းကွက်ကွက်ကို မြင်နေရတဲ့ရှင်းပြချက်ပဲ။'

ဝမ်ချောင်ပြောပြီးတာနှင့် ဒေါသထပ်ထွက်လာတော့သည်။ "ငါ သူ့ကို ကျောင်းတုန်းက ကောင်းပေးဖူးပေမယ့် သူ ငါ့ဆီက ပိုက်ဆံညာသွားတယ်။ အခုမြင်တာနဲ့ သူ့ကို ရိုက်ချင်နေတော့ ငါ့ကို အချိုလာသွေးတယ်။ သူ ငါ့ကို အရူးလို့များ ထင်နေတာလား။"

ရှဲ့ကျူရှင်း သူ့ဘာသာတွေးမိသွားသည်။ 'သူက အရူးပဲမဟုတ်ဘူးလား။ ကျောင်းကတည်းက လိုက်ပိုးခံနေရတာတောင် မသိ။'

သူ ဘာမှတော့ ထပ်မပြောနေတော့၊ ဝမ်ချောင်လည်း ထို့လူကို ထပ်မြင်ချင်နေတာ မဟုတ်လှ။

သူ အင်္ကျီချွတ်လို့ ရေချိုးရန်သွားချိန် ဝမ်ချောင်ကလည်း အလျင်စလို အင်္ကျီချွတ်ချရင်း ခပ်မိုက်မိုက်ပြုံး၍ပြောလာသည်။ "တူတူဝင်ရအောင်။"

ရှဲ့ကျူရှင်း : "...' 'သေပြီးတာတောင် အဖြောင့်ဖြစ်နေဦးမယ်ဆို?'

သူတို့ရေချိုးခြင်း စတင်ရာတွင် ဝမ်ချောင်က အလွန်တက်ကြွနေပြီး ရှဲ့ကျူရှင်းက အရမ်းကြီးလွန်းတယ်ဟု တွေးနေတော့သည်။

ရှဲ့ကျူရှင်းကတော့ မကျေနပ်ချက်တစ်ခုကို ကိုင်စွဲထား၍မေးလိုက်သည်။ "ငါ့ကို မြည်းနဲ့တူတယ်ပြောတာ ဘယ်သူလဲ။"

ထိုအချိန်အတွင်း ဝမ်ချောင်ကတော့ စကားပြန်ပြောလာခြင်း လုံးဝမရှိ၊ တအိအိညည်းတွားလျက် ရံဖန်ရံခါတောင် နားဝင်ချိုဖွယ်အော်ဟစ်လာသေးသည်။

သူတို့ရဲ့'ရေချိုးခြင်း' ပြီးစီးသွားတာနှင့် ရေချိုးခန်းထဲ ရေများဖြင့်ပြည့်လျှံသွားတော့သည်။ ဝမ်ချောင် အိပ်ပျော်သွားချိန် ရှဲ့ကျူရှင်း ကြမ်းပြင်ကို ပုဝါဖြင့် တစ်ဖန်ထပ်လို့ သန့်ရှင်းလိုက်ရသည်။ မဟုတ်ပါက နောက်တစ်နေ့မနက် check out ထွက်ပြီး ဝန်ထမ်းများ လာသန့်ရှင်းရေးလုပ်ပါက တစ်ချက်ကြည့်ရုံနှင့် ဒီနေရာတွင် ဖြစ်သွားခဲ့မှန်း သိနိုင်နေ၏။

KittyKitling

T/N : Good Morning

_____///_____

[Zawgyi]

'အတန္းေဖာ္ေဟာင္း'

ဝမ္ေခ်ာင္ သူ႔အကၤ်ီကို အေဝးျပန္တြန္းထုတ္ၿပီး တစ္ဖက္လူကို စူးစူးစိမ္းစိမ္းၾကည့္လိုက္သည္။ "မင္း ဘာျဖစ္ရျပန္တာလဲ! တစ္ခါလည္း မဟုတ္၊ ႏွစ္ခါေတာင္။ ၿပီးတာနဲ႔ တန္းမ်က္ႏွာလြဲခဲပစ္လုပ္ေနတာ! မင္းဟာက ၿပီးဦးမွာလား။"

ရွဲ႕က်ဴရွင္း သူ႔စိတ္ထဲေျပာလိုက္မိသည္။ 'တစ္ခါလည္း မဟုတ္၊ ႏွစ္ခါေတာင္။ လုပ္ၿပီးတာနဲ႔ မဟုတ္တ႐ုတ္ေတြ စေျပာလာတာ မင္းပဲေလ!'

"မင္းအတြက္ အရာရာေတြးေပးေနမိတာ ငါ့အမွားလား။" ဝမ္ေခ်ာင္ ထထိုင္ရင္း မတရားခံရသလိုေျပာလာသည္။ "ငါ မင္းအေပၚ လုံလုံေလာက္ေလာက္ႀကီး ေကာင္းေပးထားတာ။ မင္း အေပၚေနခ်င္တယ္ဆိုတာေတာင္ ငါ မျငင္းဘူး။ မင္းက ဘာမ်ားထပ္လိုခ်င္ေသးတာလဲ။"

'သူကပဲ မေက်မနပ္ျဖစ္ရေသးတယ္!?'

ရွဲ႕က်ဴရွင္း ခက္ထန္ထန္ျပန္ေျပာလိုက္သည္။ "ငါ လုပ္ခ်င္႐ုံသက္သက္ပဲဆို ဘာလို႔ မင္းျဖစ္ေနမွ ရမွာလဲ။ အျခားလူသြားရွာလို႔မရဘူးလား။"

ဝမ္ေခ်ာင္ သူေျပာခ်င္တဲ့အဓိက်အခ်က္ကို မဖမ္းမိဘဲ ေနာက္ဆုံးစာေၾကာင္းကိုသာ ၾကားလိုက္ၿပီး ခ်က္ခ်င္းေမးခြန္းျပန္ထုတ္ေတာ့သည္။ "မင္းက ဘယ္သူ႔ကို သြားရွာခ်င္တာလဲ။"

ရွဲ႕က်ဴရွင္း ေဒါသတႀကီးျဖစ္သြားရသည္။ "မင္း လူစကားေျပာတာကို ဘယ္လိုနားေထာင္ရမလဲေရာ သိရဲ့လား။"

ဝမ္ေခ်ာင္က သူ႔ထက္ေတာင္ ပိုေဒါသထြက္ေနေသးသည္။ "မင္းသိထားဖို႔! ငါ မင္းအတြက္နဲ႔ ငါ့အစ္ကိုကိုေတာင္ ႐ုပ္ရွင္တစ္ခုခုမွာ ေနရာတစ္ခုရွာေပးဖို႔ေတာင္းဆိုခဲ့တာ။ ဒါ မင္းေကာင္းဖို႔မဟုတ္ဘူးလား။ မင္း စကားေကာင္းေကာင္းေလးေတာင္ ျပန္မေျပာေပးဘူး။ ငါ့ကို ႏွင္ထုတ္ဖို႔ႀကိဳးစားတာ အသာထားပါဦး။ မင္းက အျခားတစ္ေယာက္ရွာမယ့္ကိစၥပါ ေျပာေနတယ္။ မင္းရွာရဲရင္ရွာၾကည့္လိုက္စမ္းပါ!"

ရွဲ႕က်ဴရွင္း : "... ငါ တကယ္သြားရွာရင္ေရာ?"

ဝမ္ေခ်ာင္ ေတြးေတာင္မေတြးေနဘဲ တန္းၿခိမ္းေျခာက္လိုက္သည္။ "ဒါဆို ဇာတ္လမ္းအေၾကာင္းေတြးမေနနဲ႔ေတာ့။ ဒီစုတ္ျပတ္သတ္ေနတဲ့အဖြဲ႕ထဲမွာေတာင္ ေနရာရဖို႔ မေတြးထားနဲ႔။ မနက္ျဖန္ ငါ ခြန္းေကာကို သြားၿပီး မင္းကို အလုပ္ထုတ္ေပးဖို႔ ေျပာၿပီးတာနဲ႔ backup dancer အျဖစ္ ျပန္ေနဖို႔ျပင္ထား!"

ရွဲ႕က်ဴရွင္း ေဒါသမ်ားေျပသြားသည့္အျပင္ တစ္ဖက္လူရဲ့ခ်ိန္းေျခာက္မွုမွ မထင္မွတ္ထားတဲ့ခ်ိဳၿမိန္မွုေလးကိုပါ ခံစားလိုက္ရတာမို႔ တမင္ေျပာေတာ့သည္။ "ဘယ္သူနဲ႔အိပ္အိပ္ ဒါက ငါ့လြတ္လပ္ခြင့္ မဟုတ္လား။ မင္းလည္း အခုထိ အျပင္မွာ ေပ်ာ္ပါးေနေသးတာပဲ။ မင္းက်ေတာ့ ရၿပီး ငါက် ဘာလို႔လုပ္မရရမွာလဲ။"

ဝမ္ေခ်ာင္ ေၾကာင္အသြားရၿပီး အေတာ္ၾကာမွ ေပ်ာ့တိေပ်ာ့ညံ့ဆင္ေျခတစ္ခုထုတ္ေျပာလာသည္။ "ဒါ .. ဒါေပမယ့္ ဒီပါ့ပါးရဲ့ေအာက္ပိုင္းကလည္း လူပ်ိဳစင္ေလးပဲေလ။ မင္းစိတ္ထဲ ဘာအဖိုးခမွ မေပးရဘဲ ဝင္လို႔ရမယ္လို႔ ေတြးထားတာလား။ မင္း တာဝန္မယူေပးရေတာ့ဘူးတဲ့လား။"

ရွဲ႕က်ဴရွင္း ရယ္ခ်င္သြားေတာ့သည္။ "မင္းက ငါ့ကို ဘယ္လိုမ်ားတာဝန္ယူေစခ်င္တာလဲ။"

"အေတြ႕အၾကဳံရွိထားၿပီးလူတစ္ေယာက္ဆိုရင္ေတာင္ ငါ လုပ္ၿပီးတာနဲ႔ အိတ္တစ္အိတ္ေလာက္ လိုက္ဝယ္ေပးတာ။" ဝမ္ေခ်ာင္တိုးတိုးေျပာလာသည္။ "ပါကင္ဆိုရင္ အနည္းဆုံးေတာ့ ေဈးက ဆယ္ဆျဖစ္ေနရမယ္။"

ရွဲ႕က်ဴရွင္း ဆက္ေျပာသည္။ "ဒါဆို ငါ မင္းအတြက္ အိတ္ ၁၀ လုံး ဝယ္ေပးရမလား။"

ဝမ္ေခ်ာင္ ရြံရွာသလိုျပန္ေျပာလိုက္သည္။ "ပါ့ပါးမွာ ရွားေနလား။ ဒီပါ့ပါးက မင္းထက္ မခ်မ္းသာလို႔လား။"

ရွဲ႕က်ဴရွင္း တိတ္ဆိတ္သြားၿပီး တစ္ဖက္လူပါးစပ္ထဲ ထိုးသြပ္ထားခ်င္စိတ္မ်ား တစ္ဖန္ျပန္ေပၚလာေတာ့သည္။

ခဏေတြးၾကည့္ေနၿပီးေနာက္မွ ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းလက္ကို တစ္ဖန္ျပန္ဆြဲၿပီး ပြတ္သီးပြတ္သပ္ႏွင့္ေခ်ာ့ျမဴလိုက္သည္။ "မင္းၾကည့္၊ ငါ့ဂႏၶာမာပန္းေလးကို မင္း ႏွစ္ႀကိမ္ေတာင္ က်ဴးေက်ာ္ၿပီးသြားၿပီ။ ေနာက္က်ရင္ မင္း အျခားသူကို သြားမရွာနဲ႔၊ ငါလည္း အျပင္မွာ မေပြလီေတာ့ဘူး။ ငါတို႔ လိုအပ္လာတိုင္း တစ္ေယာက္ကိုတစ္ေယာက္ အေဖာ္ျပဳေပးလို႔ရတာပဲ၊ မေကာင္းဘူးလား။"

ရွဲ႕က်ဴရွင္း သူ႔ႏွလုံးခုန္သံ တဒုန္းဒုန္းကိုေတာင္ ျပန္ၾကားေနရၿပီး ေလသံႏူးႏူးညံ့ညံ့ေလးျဖင့္ ေမးလိုက္မိသည္။ "ဒါဆို မင္းက ငါနဲ႔တြဲခ်င္တာလား။"

ဝမ္ေခ်ာင္ ေၾကာင္အသြားသည္။ "...တြဲခ်င္တာ? အဲ့လိုမ်ိဳး မဟုတ္ဘူးေလ။"

သူ တစ္ခါမွ ရည္းစားမထားဖူးေပမယ့္ သူမ်ားေတြေျပာတာကိုေတာ့ ေတြ႕ဖူးျမင္ဖူးထားသည္။ သူတို႔က အတူေဈးဝယ္ထြက္လို႔ ႐ုပ္ရွင္အတူၾကည့္ၿပီး အခ်စ္ေဟာ္တယ္တစ္ခုတြင္လည္း အခ်စ္သက္ေသထူၾကေသးသည္။ ပန္းမ်ားပို႔လိုက္၊ အိတ္မ်ား၊ လက္စြပ္မ်ား ဝယ္ေပးလိုက္ႏွင့္ တြဲဖက္ညီေနခ်ိန္မွာေတာ့ သူတို႔က တစ္ေယာက္ေပၚတစ္ေယာက္ ဆီႏွင့္ပ်ားရည္ ေရာသုတ္၍ကပ္ထားသလိုခ်ိဳၿမိန္ေနၿပီး ရန္ျဖစ္သြားၿပီဆိုရင္လည္း အခ်င္းခ်င္း ေနာက္ေက်ာကို ဓားျဖင့္ထိုးဖို႔ ဝန္မေလးလွ။

အဆုံးတြင္ ဒီလိုရလဒ္ႏွစ္မ်ိဳးထက္လြဲ၍ ပိုမရွိလာ။ ဝမ္က်င္းတို႔လို လမ္းခြဲသြားမလား၊ သို႔မဟုတ္လည္း ဝမ္ခ်ီကဲ့သို႔ လက္ထပ္သြားၾကမလားပင္။

သူ႔အတြက္ေတာ့ ဒီႏွစ္ခုလုံးက မေကာင္းသလို ခံစားေနရသည္။ သူက ေရွာင္ရွဲ႕ႏွင့္အတူ အရင္တုန္းကအတိုင္း အတူစား၊ အတူအိပ္၊ အတူအလုပ္လုပ္ၿပီး တစ္ခါတစ္ေလက်လည္း အတူေျဖေလ်ာ့ခ်င္တာမ်ိဳးျဖစ္သည္။ ဒီေလာက္ႏွင့္တင္ သူ႔အတြက္က လုံေလာက္ေနၿပီျဖစ္၏။

အကုန္လုံးလည္း ေျပာထား၊ လုပ္ထားၿပီးေနၿပီပဲ၊ ေရွာင္ရွဲ႕ ဘာလို႔နားမလည္နိုင္ေသးရတာလဲ။

ရွဲ႕က်ဴရွင္း ျပန္ေခ်ပဖို႔ေတာင္ စကားရွာမရေတာ့။ သူ မ်က္ေမွာင္ၾကဳတ္ၿပီးေျပာလိုက္သည္။ "ဒါဆိုလည္း မင္းေျပာ၊ ငါတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ဘာလဲ။"

ဝမ္ေခ်ာင္ စိတ္ထဲ ဒီေမးခြန္းကို အထူးအဆန္းလိုခံစားမိေတာ့သည္။ "ေျပာၿပီးၿပီမဟုတ္ဘူးလား။ မင္းက ငါ့ရဲ့႐ူးဂါးေပပီလုပ္။"

'ဟုတ္ၿပီ၊ သူ စကားအပိုေတြ ေျပာမိသြားတာပဲ။ ဝမ္ေခ်ာင္ရဲ့အေတြးက လမ္းေၾကာင္းမွန္ေပၚမွာေတာင္ မရွိေနဘူး။'

ရွဲ႕က်ဴရွင္း သူ႔ကို အိပ္ရာထက္ ျပန္တြန္းခ်ၿပီး ေဒါသတႀကီးေျပာလိုက္သည္။ "အိပ္လိုက္ေတာ့! ငါေရသြားခ်ိဳးၿပီ။"

ဝမ္ေခ်ာင္ကေတာ့ သူ႔မေက်မနပ္မ်ားကို ေရရြတ္ေနဆဲ။ "ဒီေခါင္းအုံးစုတ္ကလည္း မာေတာင့္ေနတာပဲ။ ငါ့ေခါင္း နာလာၿပီ။"

ရွဲ႕က်ဴရွင္း ေျခလွမ္းႏွစ္လွမ္းမ်လွမ္းၿပီးမွ ျပန္လွည့္ၾကည့္ၿပီးေျပာလိုက္သည္။ "အခုေလးတင္ မင္းကိုယ္တိုင္ အျပင္မွာ သြားမေပြလီေတာ့ဘူးေျပာထားတယ္။ ေနာက္ထပ္မ်ား မင္း သြားေပြရွုပ္လို႔ကေတာ့ ငါ့အျပဳအမူေတြ စာရြက္လွန္တာထက္ ပိုျမန္ျမန္ေျပာင္းလဲသြားရင္ အျပစ္မဆိုလာနဲ႔။"

ဝမ္ေခ်ာင္လည္း ေနရာတြင္လွဲေနရင္း ျပန္ေခ်ပလိုက္သည္။ "ဒါျဖင့္ မင္းလည္း အျပင္မွာ အျခားတစ္ေယာက္ ရွာမေနနဲ႔။ မင္းသြားရွာလို႔ကေတာ့ ငါ စာရြက္လွန္တာထက္ ပိုျမန္ျမန္စိတ္တိုသြားရင္ အျပစ္မဆိုလာနဲ႔။"

ရွဲ႕က်ဴရွင္း ေရခ်ိဳးၿပီးျပန္ထြက္လာခ်ိန္ ဝမ္ေခ်ာင္ကေတာ့ တစ္ဖန္ထပ္လို႔ေမွာက္လ်က္ေလးအိပ္ေန၍ တစ္ဝက္ပြင့္ဟေနတဲ့ပါးစပ္ေလးထဲမွလည္း သြားရည္မ်ားစီးက်ေနရာ ဝက္ေလးတစ္ေကာင္ႏွင့္ေတာင္ တူေန၏။

သူ ဝမ္ေခ်ာင္ကို ခဏမၽွၾကည့္ေနရင္း အရမ္းခ်စ္ဖို႔ေကာင္းလွတယ္ဟု ေတြးမိေနၿပီး ခဏေလးအတြင္းမွာပင္ တကယ့္အ႐ူးေကာင္ေလးလို႔လည္း ေတြးမိျပန္ေတာ့သည္။

သူတို႔ ႏွစ္ႀကိမ္တိတိ အိပ္ရာေပၚတက္ခဲ့ၿပီးၿပီ။ ဒီတစ္ေခါက္ဆိုလၽွင္ နတ္ဘုရားမႏွင့္ေတာင္ မလုပ္နိုင္ဘူးဆိုတဲ့ လၽွာပါတဲ့အနမ္းေတာင္ သူတို႔လုပ္ျဖစ္ခဲ့သည္။ ထို႔အျပင္ ေနာက္ထပ္ မေပြလီေတာ့မည့္အေၾကာင္းပါ သူ႔ကို ေျပာလာေသးသည္။ သူတို႔အၾကား အလႊာပါးပါးေလးတစ္ခုသာ ျခားထားေတာ့ေပမယ့္ သူ ေက်ာ္ျဖတ္ခ်င္လာတဲ့အခ်ိန္တိုင္း တစ္ဖက္လူမွ အဓိပၸါယ္မရွိသည့္အရည္မရအဖက္မရမ်ား အကုန္ေျပာဆို၍ စိတ္တိုလာေအာင္ လုပ္ေလသည္။

ေသခ်ာသေလာက္ သူတို႔ေတြ တစ္ေယာက္ကိုတစ္ေယာက္ႀကိဳက္ေနၾကေပမယ့္ ဝမ္ေခ်ာင္ကလည္း နားမလည္သလို သူကလည္း ထုတ္မေျပာနိုင္။

သူ ေခါင္းအုံးကို ထိၾကည့္လိုက္ရာ နည္းနည္းမာေတာင့္ေတာင့္ျဖစ္ေနပုံေပၚတာမို႔ ဖုန္းထဲရွိ Taobao app ကို ဖြင့္၍ ဝမ္ေခ်ာင္ အရင္ကေျပာဖူးသည့္ latex တံဆိပ္ ေခါင္းအုံးအစုံဝယ္ခ်လိုက္ေလသည္။ ေအာ္ဒါတင္ၿပီးသြားတာႏွင့္ သူလည္း မီးမ်ားပိတ္၍ အိပ္ရာဝင္ေတာ့သည္။

နိုဗင္ဘာလ၊ ၈ ရက္ေန႔။ ကြမ္က်ိဴး အျပည္ျပည္ဆိုင္ရာအားကစားကြင္း၊ IceDream ရဲ့ ဒုတိယေျမာက္ fan meeting က်င္းပျခင္း။

ေျမာက္ပိုင္းတြင္ ျမဴဆိုင္းမွု ျပင္းထန္တာမို႔ ေလေၾကာင္းခရီးသြားလာမွုမွ ေလယာဥ္အခ်ိဳ႕ကို အခ်ိန္အေနာက္ေရြ႕ေစၿပီး မနက္ ၉ နာရီကတည္းက ကြမ္က်ိဳးေရာက္ရမည့္ေလယာဥ္မွာ ေန႔လည္ ၁၂ ထိုးတဲ့အထိ မေရာက္သြားေသး။ အဖြဲ႕သား ၆ ေယာက္မွာ နားခ်ိန္ေတာင္ မရွိေတာ့ဘဲ ေဟာ္တယ္တြင္ ေရခ်ိဳးၿပီးတာႏွင့္ ခ်က္ခ်င္း စတိတ္ရွိရာသို႔သြား၍ မိတ္ကပ္၊ အစမ္းေလ့က်င့္ျခင္းမ်ား ျပင္ဆင္ရေလသည္။

စတိတ္စင္ႏွင့္ ရင္းႏွီးသြားၿပီး အဆို၊ အကမ်ား ေလ့က်င့္ၿပီးေနာက္မွာေတာ့ ဝမ္ေခ်ာင္မွာ အိပ္ခ်င္စိတ္က ပိုအေလးသာသြားၿပီး သီခ်င္းသံရပ္တာႏွင့္ ရွဲ႕က်ဴရွင္းေနာက္ေက်ာကို မွီ၍ နိုးတစ္ဝက္အိပ္တစ္ဝက္အေနအထားျဖင့္ က်ိက်ဲရဲ့တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို ၾကည့္ေနေတာ့သည္။ ပါးေဖာင္းေလးက သူ႔ကၽြမ္းက်င္ရာ rap ကို နားေထာင္သူမ်ားထံ ႂကြားဝါျပသခ်င္ေနသည္။ စင္ေပၚ၌ live band မ်ားႏွင့္အတူ တစ္ေခါက္မၽွ အတူေဖ်ာ္ေျဖၾကည့္ၿပီးေနာက္ သိသိသာသာ အမွားမ်ိဳးလည္း မရွိတာႏွင့္ သူ တစ္ဖက္လွည့္၍ ထိုတူရိယာတီးသူမ်ားကို ေက်းဇူးတင္ေၾကာင္း ဦးညႊတ္ျပရာ သူတို႔ကလည္း သူ႔ကို လက္ခုပ္ျပန္တီးေပးလာၾကသည္။

ဒီအဖြဲ႕ကို ကြမ္က်ိဳး၌ fan meeting လုပ္ရာတြင္ ကူညီေထာက္ပံ့ေပးသည့္ကုမၸဏီမွ ငွားေပးထားတာျဖစ္ၿပီး လူတိုင္းက ငယ္ရြယ္ပုံေပၚလွသည္။

ရွဲ႕က်ဴရွင္း သူတို႔ထဲမွ keyboard တီးသူတစ္ေယာက္ကို သတိထားမိေနသည္။ ထိုေကာင္ေလးက သူ႔ဘက္ကို ခဏခဏၾကည့္ေနၿပီး စတိတ္အလင္းေရာင္ေၾကာင့္ သူလည္း ေသခ်ာမျမင္ေနရ။ 'သူ အရင္က သိခဲ့ဖူးသူမ်ားလား။'

အစမ္းေလ့က်င့္မွုၿပီးသြားခ်ိန္ ၅ နာရီထိုးလုျဖစ္ေနသည္။ fan meeting က ၇ ခြဲ၌ စတင္မွာမို႔ သူတို႔အကုန္ ခဏအနားယူၾကရေတာ့သည္။

သြမ့္ယိခြန္းက သူတို႔အတြက္ အပိုင္းေသးေသးေလးမ်ားလွီးျဖတ္ထည့္ထားတဲ့သစ္သီးဘူးေလး မွာေပးထားၿပီး နည္းနည္းမၽွ အားအင္ျပည့္ေအာင္ စားေစသည္။ သူတို႔အေနႏွင့္ ပြဲမစတင္ခင္ ဗိုက္ျပည့္ေနလို႔ မရ၊ သူတို႔ရဲ့ေဖ်ာ္ေျဖမွုကို ထိခိုက္ေစလိမ့္မည္ပင္။

ဝမ္ေခ်ာင္ ဆိုဖာေပၚတြင္ ဇိမ္က်က်ထိုင္ေနရင္း ဖရဲသီးႏွစ္စိတ္မၽွစားလိုက္သည္။ သူ႔မ်က္ခြံမ်ားက တိုက္ပြဲဝင္ေနၿပီး သူ ေခါင္းကို အေနာက္သို႔မွီခ်ထားရင္းႏွင့္ လက္တြင္ သစ္သီးစိတ္ကို ကိုင္ထားလ်က္ အိပ္ေပ်ာ္သြားေလသည္။

အဖြဲ႕သားမ်ားလည္း သူတို႔ဆူညံမိလို႔ နိုးသြားလၽွင္ ျပႆနာရွာလာမည္ကို စိုးရိမ္စိတ္ျဖင့္ ကိုယ္စီ အသီးပန္းကန္မ်ားယူ၍ နည္းနည္းေဝးေဝး၌ သြားထိုင္ၾကေတာ့သည္။

ရွဲ႕က်ဴရွင္းကေတာ့ သူ႔လည္ပင္းေအာက္တြင္ U သဏ္ဉာန္ေခါင္းအုံး ခံေပးထားၿပီး ေဘးတြင္ထိုင္လ်က္ ဖုန္းသုံးေနလိုက္သည္။

ခဏအၾကာတြင္

"ဟယ္လို Tomas" တစ္စုံတစ္ေယာက္က သူ႔ကို စကားလာေျပာ၏။

သူလည္း ေခါင္းေမာ့ၾကည့္လ်က္ ယဥ္ယဥ္ေက်းေက်းျပန္ေျပာလိုက္သည္။ "ဟယ္လို" ခုန အဖြဲ႕ထဲက keyboard တီးသူပင္။ သူတို႔ တကယ္ပဲ အရင္က သိဖူးတာလား။

ထိုလူက အိပ္ေပ်ာ္ေနတဲ့ဝမ္ေခ်ာင္ကို လက္ညႇိုးထိုးျပရင္း ျပဳံးလ်က္ေျပာလာသည္။ "Leo နဲ႔ ကၽြန္ေတာ္နဲ႔က တကၠသိုလ္မွာတုန္းက အတန္းေဖာ္ေတြပါ။ အခုနက ကၽြန္ေတာ္တို႔ အစမ္းေလ့က်င့္တာနဲ႔ အလုပ္ရွုပ္ေနေတာ့ သူ႔ကို လာႏွုတ္ဆက္ဖို႔ေတာင္ မအားဘူးျဖစ္သြားတယ္။"

ရွဲ႕က်ဴရွင္းလည္း မ်ားမ်ားစားစား မေတြးေန။ သူတို႔ ပြဲဦးထြက္ၿပီး ေအာင္ျမင္လာကတည္းက အလုပ္ခြင္၌ အတန္းေဖာ္မ်ား၊ အသိေဟာင္းမ်ားႏွင့္ ျပန္ေတြ႕ရျခင္းက သာမန္ကိစၥလိုျဖစ္လာတာမို႔ ဝမ္ေခ်ာင္ကို လွမ္းတြန္းထိုး၍ နိုးလိုက္ေလသည္။ "ေဟ့၊ ထဦး"

ဝမ္ေခ်ာင္မွာ အိပ္ခ်င္မူးတူးႏွင့္ မ်က္လုံးဖြင့္လိုက္တာႏွင့္ စိတ္ရွုပ္လာေတာ့သည္။ "မင္း ဘာလုပ္တာလဲ။ ငါ့ကို ခဏေပးအိပ္ဦး။"

ရွဲ႕က်ဴရွင္းေျပာလိုက္သည္။ "မင္းအတန္းေဖာ္ မင္းကို လာရွာတယ္။"

ဝမ္ေခ်ာင္ သူ႔လည္ပင္းထက္တြင္ ဝက္ဝံညိဳေရာင္ေခါင္းအုံးကို ခ်ိတ္တြဲထားရင္း အင္တင္တင္ႏွင့္ ထထိုင္လာၿပီး keyboard တီးသူကို စူးစိုက္ၾကည့္လ်က္ သူ႔မ်က္ႏွာက ပိုလို႔ေတာင္ ဆိုးရြားသြားကာ ေလသံအေနအထားကပါ မေကာင္းေတာ့။ "မင္းက ဒီမွာဘာလုပ္ေနတာလဲ။"

ထိုလူက ရွဲ႕က်ဴရွင္းကို ျပဳံးလ်က္ေျပာလာသည္။ "ကၽြန္ေတာ္တို႔ စကားနည္းနည္းေလာက္ေျပာခ်င္လို႔ဗ်။" ဆိုလိုခ်င္သည့္သေဘာမွာ သူ႔ကို ေနရာမွ ခဏမၽွ ဖယ္ေရွာင္ခိုင္းျခင္းပင္။

ရွဲ႕က်ဴရွင္း ထရပ္ေတာ့မည့္အခ်ိန္၌ ဝမ္ေခ်ာင္က သူ႔ကိုဆြဲထားၿပီး ေျပာေလသည္။ "ဒီမွာပဲ ထိုင္ေန၊ မလွုပ္နဲ႔။ ငါ့မွာ သူနဲ႔ ေျပာစရာစကား ဘာမွမရွိဘူး။ ဒီအေကာင္က ငါ အရင္တုန္းက မင္းကိုေျပာျပဖူးတဲ့တစ္ေယာက္ပဲ။"

ဝမ္ေခ်ာင္ဆီက ပိုက္ဆံလိမ္ေတာင္းၿပီး သူ႔ေကာင္မေလးကို ဖူးဖူးမွုတ္ထားဖို႔လုပ္တဲ့ အတန္းေဖာ္လား။ ထို႔အျပင္ ဒီလူက ဝမ္ေခ်ာင့္ကို သူႏွင့္အတူ ေျဖေလ်ာ့ဖို႔စည္း႐ုံးခဲ့ဖူးတဲ့သူမလား။

ရွဲ႕က်ဴရွင္း ထိုလူ႔ကို ေသခ်ာေလ့လာၾကည့္ရာ ႐ုပ္ရည္အရေတာ့ အဆိုးႀကီး မဟုတ္ေန။

keyboard တီးသူကလည္း ဝမ္ေခ်ာင့္ သူ႔ကို ေျပာျပထားမည္ဟု မေမၽွာ္လင့္ထားပုံျဖင့္ သူ႔ကို လွည့္ၾကည့္လာေတာ့သည္။

ဝမ္ေခ်ာင္ သူ႔ကိုႏွင္ထုတ္ရင္းေျပာလိုက္သည္။ "ငါ့မွာ မင္းနဲ႔ပတ္သတ္ၿပီး တကယ္ဘာမွေျပာစရာ မရွိဘူး။ မင္းကိုယ္မင္းေရာ စိတ္ရွုပ္ဖို႔ေကာင္းတယ္လို႔ မထင္ဘူးလား။ ငါတို႔ မေတြ႕ေတာ့တာပဲ ႏွစ္ခ်ီေနၿပီ။ ငါေတာင္ မင္း႐ုပ္ ဘယ္လိုရွိလဲ မမွတ္မိေတာ့ဘူး။ ေနာက္ပိုင္း ထပ္ေတြ႕ရင္ မင္း ငါ့ကို သိတယ္လို႔ လာမေျပာနဲ႔။"

keyboard တီးသူမွာ သူ႔အျပဳံးကိုေတာင္ ဆက္မထိန္းထားနိုင္ေတာ့ဘဲ ေအးစက္စက္မ်က္ႏွာျဖင့္ တစ္ဖက္လွည့္လို႔ေလၽွာက္ထြက္သြားေတာ့သည္။

ဝမ္ေခ်ာင္ကလည္း အေလးအနက္ထားမေနဘဲ သူ႔ေခါင္း ေလးသလိုခံစားရတာမို႔ အေနအထားေျပာင္း၍ ရွဲ႕က်ဴရွင္းေပါင္ေပၚလွဲလ်က္ ဆက္အိပ္ေနေလသည္။

ရွဲ႕က်ဴရွင္းလည္း ဒီကိစၥကို တစ္ခန္းရပ္သြားခဲ့ၿပီဟု ထင္မွတ္ထားခဲ့၏။

ညေနပိုင္း fan meeting က စိတ္လွုပ္ရွားမွုမ်ားျဖင့္ ဆူညံေနၿပီး ကြမ္က်ိဳးရွိ fan မ်ားကလည္း အရမ္းတက္ႂကြၾကသလို အဖြဲ႕သားမ်ားကလည္း ေကာင္းေကာင္းေဖ်ာ္ေျဖနိုင္ခဲ့သည္။

ပြဲၿပီးဆုံးခ်ိန္၌ သူတို႔ေျခာက္ေယာက္လုံး ပင္ပန္းလြန္းတာမို႔ စကားေတာင္ မေျပာခ်င္ေတာ့ဘဲ မိတ္ကပ္မ်ားကို အလ်င္စလိုဖယ္ရွား၍ အကၤ်ီလဲၿပီးတာႏွင့္ အျမန္ျပန္သြားနားခ်င္စိတ္သာ ရွိၾကေတာ့သည္။

ရွဲ႕က်ဴရွင္း အကၤ်ီလဲၿပီး ျပန္ထြက္လာခ်ိန္ ဝမ္ေခ်ာင္က အစအနရွာမရေအာင္ ေပ်ာက္ေနမွန္း သတိထားမိသြားတာမို႔ ခ်န္းေယာင့္ကို ေမးလိုက္ေလသည္။ "ေယာင့္ေယာင့္၊ မင္း သူ႔ကို ျမင္မိေသးလား။"

နာမည္မေျပာဘဲႏွင့္ေတာင္ သူတို႔ေခါင္းေဆာင္ကို ေမးျခင္းမွန္း ခ်န္းေယာင့္လည္း သိေနသည္။ "သူ အခုနကေလးတင္ ဒီမွာ မိတ္ကပ္ထိုင္ဖ်က္ေနေသးတာပါ။"

အျခားအဖြဲ႕သားမ်ားကလည္း သူတို႔ မေတြ႕မိေၾကာင္း ေျပာလာေပမယ့္ ဝန္ထမ္းတစ္ေယာက္ကေတာ့ ျပန္ေျဖေပးနိုင္သည္။ "ကၽြန္ေတာ္ Leo အိမ္သာဘက္ သြားတာ ေတြ႕လိုက္သလိုပဲ။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္ဖုန္းကို လွမ္းေခၚလိုက္ရာ ဖုန္းျမည္သံက သူ႔အိတ္ကပ္ထဲမွ ထြက္လာေတာ့သည္။ ဝမ္ေခ်ာင္တစ္ေယာက္ ဘယ္အခ်ိန္ကတည္းကမ်ား ဖုန္းကို သူ႔အိတ္ကပ္ထဲ ၿပီးစလြယ္ထည့္သြားလဲ မသိ။

သူ ခဏမၽွေစာင့္ေနၿပီး ျပန္မလာေသးတာႏွင့္ေျပာလိုက္ေတာ့သည္။ "ငါ သူ႔ကို သြားရွာလိုက္ဦးမယ္။ အိမ္သာထဲ အိပ္ေပ်ာ္ေနျပန္ၿပီလား မသိဘူး။"

သူတို႔ပြဲဦးထြက္ကတည္းက ဝမ္ေခ်ာင္ ဒီလိုမ်ိဳးလုပ္ဖူးခဲ့သည္။ သူ အိမ္သာသြားၿပီး အခ်ိန္အေတာ္ၾကာတဲ့အထိ ျပန္မလာ။ အကယ္၍ ရွဲ႕က်ဴရွင္းသာ သူ႔ကို သြားမရွာခဲ့ပါက သူ TV station ရဲ့ အိမ္သာခန္းထဲ တစ္ညလုံး အိပ္ေမာက်ေနေလာက္ၿပီပင္။

သူ ဝမ္ေခ်ာင္ကို သြားရွာဖို႔အျပင္ထြက္လာၿပီး ေထာင့္ခ်ိဳးတစ္ခုေကြ႕လိုက္တာႏွင့္ လာရာလမ္းအတိုင္းျပန္လာေနသည့္ဝမ္ေခ်ာင္ကို ေတြ႕လိုက္ရေလသည္။ သူ လွမ္းေခၚမလို႔လုပ္ခ်ိန္မွာပဲ keyboard တီးသူက တစ္ဖက္ေထာင့္ခ်ိဳးမွေပၚလာၿပီး ဝမ္ေခ်ာင္အေနာက္မွ ကပ္လိုက္၍ေျပာေနေလသည္။ "ေရွာင္ေခ်ာင္၊ မင္း ငါေျပာမွာကိုပဲ ဆုံးေအာင္နားေထာင္ေပးလို႔မရဘူးလား။"

ဝမ္ေခ်ာင္ အေနာက္လွည့္ၾကည့္၍ ဆဲေရးေတာ့သည္။ "ငါက ဘာလို႔ မင္းပါးစပ္ကထြက္တဲ့ ေသာက္က်ိဳးနည္းစကားေတြကို နားေထာင္ေနရမွာလဲ! ထြက္သြား! မင္း ဆက္လိုက္လာရင္ ဒီပါ့ပါးက မင္းကို ထရိုက္ေတာ့မယ္။"

ထိုသူက ရွဲ႕က်ဴရွင္းကို ျမင္တာႏွင့္ ေျခလွမ္းမ်ားတန႔္သြားၿပီး အနည္းငယ္မၽွနားလည္ရခက္တဲ့မ်က္ႏွာအမူအရာျဖင့္ တစ္ဖက္လွည့္ထြက္သြားသည္။

ဝမ္ေခ်ာင္ကေတာ့ သူေမာင္းထုတ္နိုင္လိုက္တယ္ဟုေတြးၿပီး ထပ္ဆဲေရးျပန္သည္။ "ဖာ့ခ္၊ ေစာက္႐ူးေကာင္!"

ရွဲ႕က်ဴရွင္း : "အဟြတ္"

ဝမ္ေခ်ာင္ ေခါင္းျပန္လွည့္၍ သူ႔ကိုၾကည့္လာၿပီးေနာက္ ခဏမၽွေၾကာင္အေနရင္းမွေျပာလိုက္သည္။ "ငါ့နာမည္ေခၚလို႔မရဘူးလား။ ဘာ 'အဟြတ္' လဲ။"

ရွဲ႕က်ဴရွင္းက 'ေရွာင္ေခ်ာင္' ဆိုတဲ့ေခၚသံကိုၾကားကတည္းက စိတ္ထဲေနရခက္ေနတာျဖစ္ၿပီး ဒီလိုေျပာသံကိုၾကားခ်ိန္ ပိုလို႔ေတာင္ေနရခက္သြားတာမို႔ ေမးလိုက္ေတာ့သည္။ "မင္းအတန္းေဖာ္က ဘာလို႔ မင္းကို ထပ္လာရွာျပန္တာလဲ။"

ဝမ္ေခ်ာင့္မ်က္လုံးမ်ားက ဟိုဟိုဒီဒီေျပးေနရင္းျပန္ေျဖလာသည္။ "ဘာလို႔မွမဟုတ္ဘူး။"

ရွဲ႕က်ဴရွင္း "...ျပန္မယ္။"

၏သူ တစ္ဖက္လွည့္ၿပီး ျပန္ေလၽွာက္ထြက္သြားရာ ဝမ္ေခ်ာင္လည္း အေနာက္မွ အလ်င္စလိုအမွီလိုက္ရေတာ့သည္။ သူ႔မ်က္ႏွာကို ၾကည့္ရပုံအရ ထပ္မေပ်ာ္မရႊင္ျဖစ္သြားပုံပင္။

တကယ္စိတ္ပူစရာပဲ။ ေရွာင္ရွဲ႕စိတ္က မိန္းကေလးေတြထက္ေတာင္ ခန႔္မွန္းရခက္ေနပါလား။

ေဟာ္တယ္သို႔ျပန္ေရာက္ခ်ိန္ သူတို႔ႏွစ္ေယာက္က တစ္ခန္းအတူက်ေလသည္။ သူတို႔ခရီးထြက္ရခ်ိန္တိုင္း လူတိုင္း သူတို႔ေလ့က်င့္ေရးကာလအတြင္း ေနခဲ့ၾကသည့္အဖြဲ႕သားမ်ားႏွင့္သာ တစ္ခန္းအတူျပန္ယူလိမ့္ရွိၾကသည္။

ရွဲ႕က်ဴရွင္း အေတာ္ၾကာတဲ့အထိ စကားမေျပာလာတာမို႔ ဝမ္ေခ်ာင့္ဘက္ကပဲ စတင္လို႔ေျပာလိုက္ေတာ့သည္။ "မင္း ျမည္းလိုမ်က္ႏွာႀကီးနဲ႔ မေနေနစမ္းပါနဲ႔။ ငါ မင္းကိုေျပာရင္ ဒီလိုလုပ္တာရပ္မယ္မလား။"

ရွဲ႕က်ဴရွင္း : "..." 'ဘယ္သူ႔ကို မင္းက ျမည္းလိုမ်က္ႏွာလို႔ေခၚေနတာလဲ။'

ဝမ္ေခ်ာင္ ေခါင္းကုတ္ရင္းေျပာလာသည္။ "ငါ သူနဲ႔ အိမ္သာထဲမွာေတြ႕တာ။ ငါ သူနဲ႔ စကားမေျပာခ်င္ေပမယ့္ သူက အတင္း စကားနည္းနည္းေျပာၾကရေအာင္လို႔ ေျပာလာေရာ။ ဘယ္လိုပဲျဖစ္ျဖစ္ ငါ့မွာ fan 2M ေတာင္ ရွိတာဆိုေတာ့ ဂုဏ္သတင္းေလး နည္းနည္းထိန္းခ်င္တယ္ေလ။ စင္ေနာက္အိမ္သာမွာ ရန္ျဖစ္တာ ေကာင္းတဲ့သတင္းမွ မဟုတ္တာ၊ မင္းေျပာၾကည့္။"

ရွဲ႕က်ဴရွင္း : "မင္း စကားခံဖို႔လုပ္မေနဘဲ လိုရင္းအေၾကာင္းကိုေျပာ။"

ဝမ္ေခ်ာင္ : "..." 'ေရွာင္ရွဲ႕ တကယ္စိတ္မေပ်ာ္ျဖစ္ေနတာပဲ။ အရင္ကဆို သူ ဘယ္ေလာက္ပဲ စကားေၾကာရွည္ပါေစ ေရွာင္ရွဲ႕က စိတ္ရွည္ရွည္ထားလို႔ နားေထာင္ေပးသည္သာ။

သူ ေကြ႕ပတ္မေနေတာ့ဘဲ လိုရင္းကို ေျပာခ်လိုက္ေတာ့သည္။ "သူက ငါ့ကိုႀကိဳက္တယ္တဲ့။"

"...အဲ့ေနာက္ေရာ?"

ဝမ္ေခ်ာင္ ေျပာလာသည္။ "ငါက မင္း႐ူးေနတာပဲလို႔ေျပာေတာ့ သူက သူ မ႐ူးဘူးလို႔ျပန္ေျပာတယ္။ ငါက မင္းပါ့ပါးအတြက္ လမ္းဖယ္ေပးလို႔ေျပာတာကို သူက မဖယ္ေပးဘူး။ ငါ သူ႔ကို တြန္းထုတ္ခဲ့ေတာ့ ငါ့ေနာက္က လိုက္လာၿပီး အဲ့အေၾကာင္း ဆက္ေျပာဖို႔လုပ္ေနတာပဲ။ ဒါေပမယ့္ ငါ နားမေထာင္ခ်င္ဘူးေလ။ အဲ့တာနဲ႔ ငါေျပာလိုက္တယ္။ မင္းပါ့ပါးက အေျဖာင့္ဆိုတာ မင္း မသိဘူးလားလို႔။ သူက ငါ အရင္တုန္းက ေျဖာင့္ခဲ့ေပမယ့္ အခုေတာ့ ေသခ်ာေပါက္ မဟုတ္ေတာ့ဘူးတဲ့။ ငါလည္း မင္းအေမသာ သြားလုပ္၊ ဒီပါ့ပါးက ေသတဲ့အထိ အေျဖာင့္ျဖစ္ေနမွာလို႔ ေျပာခဲ့လိုက္တယ္။ အဲ့တာေတာင္ သူက ငါ့ေနာက္ လိုက္ခ်င္ေနတုန္း။ သူေျပာေလ ငါက ပိုစိတ္ရွုပ္ေလနဲ႔၊ အဲ့အခ်ိန္မွာပဲ မင္းေရာက္လာလို႔ သူလည္း ရွက္ရွက္နဲ႔ထြက္ေျပးသြားတာေနမယ္။"

ရွဲ႕က်ဴရွင္း : "..." 'ကြင္းကြင္းကြက္ကြက္ကို ျမင္ေနရတဲ့ရွင္းျပခ်က္ပဲ။'

ဝမ္ေခ်ာင္ေျပာၿပီးတာႏွင့္ ေဒါသထပ္ထြက္လာေတာ့သည္။ "ငါ သူ႔ကို ေက်ာင္းတုန္းက ေကာင္းေပးဖူးေပမယ့္ သူ ငါ့ဆီက ပိုက္ဆံညာသြားတယ္။ အခုျမင္တာနဲ႔ သူ႔ကို ရိုက္ခ်င္ေနေတာ့ ငါ့ကို အခ်ိဳလာေသြးတယ္။ သူ ငါ့ကို အ႐ူးလို႔မ်ား ထင္ေနတာလား။"

ရွဲ႕က်ဴရွင္း သူ႔ဘာသာေတြးမိသြားသည္။ 'သူက အ႐ူးပဲမဟုတ္ဘူးလား။ ေက်ာင္းကတည္းက လိုက္ပိုးခံေနရတာေတာင္ မသိ။'

သူ ဘာမွေတာ့ ထပ္မေျပာေနေတာ့၊ ဝမ္ေခ်ာင္လည္း ထို႔လူကို ထပ္ျမင္ခ်င္ေနတာ မဟုတ္လွ။

သူ အကၤ်ီခၽြတ္လို႔ ေရခ်ိဳးရန္သြားခ်ိန္ ဝမ္ေခ်ာင္ကလည္း အလ်င္စလို အကၤ်ီခၽြတ္ခ်ရင္း ခပ္မိုက္မိုက္ျပဳံး၍ေျပာလာသည္။ "တူတူဝင္ရေအာင္။"

ရွဲ႕က်ဴရွင္း : "...' 'ေသၿပီးတာေတာင္ အေျဖာင့္ျဖစ္ေနဦးမယ္ဆို?'

သူတို႔ေရခ်ိဳးျခင္း စတင္ရာတြင္ ဝမ္ေခ်ာင္က အလြန္တက္ႂကြေနၿပီး ရွဲ႕က်ဴရွင္းက အရမ္းႀကီးလြန္းတယ္ဟု ေတြးေနေတာ့သည္။

ရွဲ႕က်ဴရွင္းကေတာ့ မေက်နပ္ခ်က္တစ္ခုကို ကိုင္စြဲထား၍ေမးလိုက္သည္။ "ငါ့ကို ျမည္းနဲ႔တူတယ္ေျပာတာ ဘယ္သူလဲ။"

ထိုအခ်ိန္အတြင္း ဝမ္ေခ်ာင္ကေတာ့ စကားျပန္ေျပာလာျခင္း လုံးဝမရွိ၊ တအိအိညည္းတြားလ်က္ ရံဖန္ရံခါေတာင္ နားဝင္ခ်ိဳဖြယ္ေအာ္ဟစ္လာေသးသည္။

သူတို႔ရဲ့'ေရခ်ိဳးျခင္း' ၿပီးစီးသြားတာႏွင့္ ေရခ်ိဳးခန္းထဲ ေရမ်ားျဖင့္ျပည့္လၽွံသြားေတာ့သည္။ ဝမ္ေခ်ာင္ အိပ္ေပ်ာ္သြားခ်ိန္ ရွဲ႕က်ဴရွင္း ၾကမ္းျပင္ကို ပုဝါျဖင့္ တစ္ဖန္ထပ္လို႔ သန႔္ရွင္းလိုက္ရသည္။ မဟုတ္ပါက ေနာက္တစ္ေန႔မနက္ check out ထြက္ၿပီး ဝန္ထမ္းမ်ား လာသန႔္ရွင္းေရးလုပ္ပါက တစ္ခ်က္ၾကည့္႐ုံႏွင့္ ဒီေနရာတြင္ ျဖစ္သြားခဲ့မွန္း သိနိုင္ေန၏။

KittyKitling

T/N : Good Morning

Comment