27

[Unicode]

'ရှဲ့ခွေးသား'

အပေါ်ထပ်ရှိ အဖွဲ့သားများအကုန်လုံး တိတ်ဆိတ်နေကြပြီး ကြည့်ရတာ အိပ်မောကျသွားပြီထင်ရ၏။

သူ့ဘေးမှာအိပ်နေတဲ့ဝမ်ချောင်ကလည်း တိုးလျလျဟောက်သံများထွက်နေပြီး မကြာခဏဆိုသလို အံကြိတ်လျက်လည်းရှိသည်။

ရှဲ့ကျူရှင်းတစ်ယောက်တည်းသာ အတော်ကြာတဲ့အထိ အိပ်မရသေး။

သူ သူ့လုပ်ရပ်များကို သေချာနားမလည်နိုင်။

အဲ့အနမ်းက ဘာလဲ။ သူက ဂေးလည်း မဟုတ်။

သူ့ကျောင်းတုန်းက အကသင်ကြတဲ့ဂေးယောက်ျားလေးများ များစွာရှိလှသည်။ တစ်ခါကဆို သူ့ကို လာဖွင့်ပြောသည့်ဂေးကောင်လေးတစ်ယောက်ကိုတောင် ယန်ကျားကျားက ကူညီဖြေရှင်းပေးခဲ့ရသေးသည်။

သူ့အနေနှင့်လည်း သူ့လိင်စိတ်တိမ်းညွှတ်ရာကို အသေအချာသိလှသည်။ သူ မိန်းကလေးများကိုသာ သဘောကျတာဖြစ်ပြီး ကောင်လေးတစ်ယောက်အပေါ် စိတ်ဝင်စားခြင်းမျိုး တစ်ခါလေးများတောင် မရှိခဲ့။

သူ ဝမ်ချောင်ကို သဘောကျတာများလား။

သူ ခေါင်းလှည့်ပြီး ဝမ်ချောင့်ကို ကြည့်လိုက်သည်။

ဝမ်ချောင်က ဗိုက်နှင့်အိပ်ရာ ကပ်လျက် သူ့လက်ကို မျက်နှာအောက် ခု၍ အိပ်ရတာကို သဘောကျပြီး သူ့ပုံစံက ဝက်တစ်ကောင်အိပ်ပုံနှင့်တူလှသည်။ ထို့အပြင် သွားရည်များကလည်း ခေါင်းအုံးပေါ်သို့ မကြာမကြာ စီးကျနေသေးသည်။

သူ့ရုပ်ရည်က ကြည့်ကောင်းပေမယ့် အိမ်မှာ ပိုက်ဆံလေးရှိရုံနှင့် သူ့အမြှီးက မိုးထိ ထောင်တက်ချင်နေသည်။ သူအမြဲပြောနေကြစကားများမှာ ; "ရှောင်ရှဲ့၊ မင်းမှာ ပိုက်ဆံမှာ မရှိတာ။ အဲ့တော့ ဒါတွေကို မရှိသူကူညီပေးလို့ပဲ သဘောထားလိုက်လေ။"

အဲ့ကောင်လေးက ပျင်းလည်းပျင်းသေးသည်၊ တစ်ခုခုလုပ်ဖို့ စိတ်အားတက်ကြွနေခြင်းမျိုးလည်း မရှိ။ သူက နာကျင်မှုဒဏ်ကိုလည်း မခံနိုင်သလို သူ့ကို တစ်ခုခု လုပ်ခိုင်းမိရင်လည်း အဆုံးမရှိအောင် ငြီးတွားခြင်းသာလုပ်တတ်နေသည်။ ပျင်းနေတဲ့မြည်းတစ်ကောင်တောင် နှစ်ချက်လောက်အရိုက်ခံလိုက်ရရင် သူ့ထက် ကောင်းကောင်းလုပ်နိုင်နေဦးမည်။

သူက ဘာဘီကျူစားနေရင်းတောင် ဟိုကိစ္စအတွက် အချိန်းအချက်သွားလုပ်နိုင်တဲ့ အားကောင်းမောင်းသန်မြင်းတစ်ကောင်သာ။

သူ တွေးကြည့်လေလေ ပိုလို့ဆန်းကြယ်လေလေ ဖြစ်လာရသည်။ အနည်းဆုံး ယန်ကျားကျားက အသက်ရှင်သန်ရန် အလုပ်ကြိုးစားချင်တဲ့စိတ်အားထက်သန်မှုများဖြင့် လူကောင်းတစ်ယောက်ဖြစ်ခဲ့သေးသည်။ သို့ပေမယ့် ဝမ်ချောင်ကရော? အကယ်၍များ ရှဲ့ကျူရှင်းသာ သူ့ဦးနှောက်ကို မြည်းပိတ်ကန်ခံလိုက်ရတာမို့ တကယ်ကွေးသွားခဲ့ရင်တောင် ဝမ်ချောင်လိုလူမျိုးကို ကြိုက်မိဖို့ မဖြစ်နိုင်။

သို့ပေမယ့် သူ မကွေးသေး။ သူ့အနေနှင့် ကောင်မလေးများက အရမ်းချစ်ဖို့ကောင်းတယ်ဟု တွေးဆဲ။ ကလေးများကို အလွန်အမင်း သဘောကျဆဲ။ ထို့အပြင် ကလေးအဖေတစ်ယောက်ဖြစ်လာဖို့လည်း မျှော်လင့်ချက်အပြည့် ရှိထားဆဲပင်။

အဆုံးမှာတော့ ဒီအကြောင်းမဲ့အနမ်းအတွက် ဖိအားများခြင်းအပေါ်သာ ပုံချထားလိုက်တော့သည်။ ဒီည သူလည်း နည်းနည်းသောက်ထားမိပြီး မူးဝေနေတာမို့ ဒီလိုပျင်းရိစရာကိစ္စရပ်မျိုး လုပ်မိခြင်းသာ။

နောက်ရက်အနည်းငယ်ကြာပြီးနောက် သူ ထိုကိစ္စများကို ထပ်စိတ်ပူဖို့ မလိုတော့။ IceDream အဖွဲ့ရဲ့ အချိန်စာရင်းက အပြည့်ဖြစ်နေပြီး သူတို့အကုန် ထင်မထားရအောင် အလုပ်ရှုပ်လာလေသည်။

သူတို့ Album ရှိ အခြားသီချင်းများကို အသံသွင်းရခြင်းအပြင် ဆုပေးပွဲစင်၌ဖျော်ဖြေပေးရန်အတွက် အစမ်းလေ့ကျင့်ခြင်းများ သွားလုပ်ရပြီး မီဒီယာများထံမှလည်း အင်တာဗျူးအများအပြား လက်ခံရရှိထားရသည်။ 

လေ့ကျင့်ရေးကာလအပိုင်းအခြားတုန်းက လူတိုင်း ပင်ပန်းခဲ့ကြပေမယ့် ပွဲဦးထွက်ပြီး ကြုံတွေ့လာရတဲ့ တကယ့်လုပ်စရာများကို ကြုံတွေးပြီးနောက် အရင်က လေ့ကျင့်ရေးဆင်းခဲ့သည့်အချိန်လေးက တကယ်ဘာမှမဟုတ်သလောက်ပင်။

Music Festival က သောကြာနေ့တွင်ဖြစ်လျက် ကြာသပတေးနေ့မှာက သွမ့်ယိခွန်းမွေးနေ့ပွဲဖြစ်တာမို့ ထိုညက အသံသွင့်ပြီးတာနှင့် အတူပျော်ပါးဖို့ သွားကြမည်ဆိုတဲ့အကြောင်းပြောကာ အဝတ်အစားကြည့်ကောင်းအောင် ဝတ်ခဲ့ဖို့လည်း သတိပေးလာသေးသည်။

အဖွဲ့သားများက သူ့ကို လက်ဆောင်တစ်ခုဝယ်ပေးဖို့ ဆွေးနွေးနေကြပေမယ့် အချိန်အတော်ကြာတဲ့အထိ မရွေးချယ်နိုင်သေး။ စျေးကြီးတဲ့လက်ဆောင်များကို သူတို့ မတတ်နိုင်သလို စျေးပေါတာပေးဖို့ကျတော့လည်း အတော်လေးရှက်ဖွယ်ကောင်းနေ၏။

ဝမ်ချောင်က သူ့ထင်မြင်ချက်ကို မဖော်ပြချင်။ အခုရက်ပိုင်းအတွင်း သူ့မှာ ကောင်းကောင်းအိပ်စက်ချိန် မရတာမို့ အမြဲအိပ်ငိုက်လို့နေလျက် ရှဲ့ကျူရှင်းကျောပေါ်မှီရင်း တစ်မှေးအိပ်နေချိန် သူတို့စကားများကို အချိန်တစ်ခုထိ နားထောင်ပြီးနောက် စိတ်မရှည်တော့ပဲ ဝင်ပြောချင်လာတော့သည်။ "မင်းတို့တွေ ..."

"မင်း ပင်ပန်းနေတာမလား။" ရှဲ့ကျူရှင်း သူ့ကို 'ကပ်စီးကုပ်'၊ 'ဆင်းရဲ' ဆိုတဲ့ ကြားမကောင်းသည့်စကားများပြောမလာစေရန် ဝင်တားလိုက်ရသည်။ "မင်း အိပ်နေလေ။ ငါတို့တွေ ဘာဝယ်ရမလဲဆိုတာ တိုင်ပင်ပြီးရင် မင်းကိုပြောမယ်။ အဲ့ခါကျ မင်းက ဦးဆောင်ဝယ်ပေးပေါ့။"

ဝမ်ချောင် ဆိုလိုချင်တာကလည်း ထိုအတိုင်းသာမို့ သူလည်း 'အင်း' ဟုဆိုရင်းသာ ပြန်လှဲအိပ်နေတော့သည်။

အဖွဲ့သားများကလည်း ထိုကဲ့သို့အတွေးမျိုးရှိနေပြီးသားဖြစ်နိုင်၏။ သို့ပေမယ့် ဘယ်သူကမှ အစဖော်ပြောမလာရဲတာမို့ အခု ထိုကိစ္စအဆင်ပြေသွားချိန် အကုန်ပျော်ရွှင်ကျေနပ်သွားကြလေသည်။

သွမ့်ယိခွန်းရဲ့မွေးနေ့ပါတီပွဲက သူတို့တွေးထင်ထားတာထက် ပိုလို့စည်ကားနေ၏။

သွမ့်ယိခွန်းဆိုတာ ဒီအနုပညာလောကထဲ ရှိနေတာ ဆယ်နှစ်ကျော်လှပြီဖြစ်သည်။ ထိုအချိန်အတွင်း နာမည်ကျော်ကြားလှတဲ့အိုင်ဒေါဂရုများစွာကိုလည်း ပွဲဦးထုတ်ပေးနိုင်ခဲ့ပြီး ကိုယ်တိုင်ကလည်း အကစကေးကျွမ်းကျင်တဲ့အပြင် အဆက်အသွယ်များစွာလည်း ရှိလှသည်။ ထပ်ပေါင်းပြောရလျှင် လောလောဆယ် သူ ပွဲဦးထုတ်ပေးထားတဲ့ IceDream ကလည်း အနုပညာလောကထဲ နာမည်သိ၊ လူချစ်ခံနေရသည်။ ထို့ကြောင့် သူ ဖိတ်စာပို့ပေးလိုက်တာနှင့် တစ်ခုခုတော့ လုပ်ပေးရစမြဲပင်။ လူကိုယ်တိုင် မလာနိုင်ခဲ့ရင်တောင် လက်ဆောင်စီစဉ်ပြီး ပို့ပေးလာကြလေသည်။

သူတို့ခြောက်ယောက်လုံးက လူသစ်လေးများဖြစ်ပြီး ဒီပွဲတွင်ရှိနေသူတိုင်းက စီနီယာများသာ။ ဒီလိုအခြေအနေမျိုးတွင် ဂရုတစိုက်နေခြင်းက ပိုကောင်းလှပေသည်။

လူတိုင်း အဆင်တပြေရှိလှပေမယ့် ရှဲ့ကျူရှင်းမှာတော့ ဝမ်ချောင် ပြဿနာသွားရှာလာမှာစိုးရိမ်တာမို့ သူ့အနားတွင်သာ ခေါ်ထားပြီး ဘယ်နားကိုမှ သွားခွင့်မပေးထား။

ဝမ်ချောင်ကလည်း သွမ့်ယိခွန်းရဲ့ဧည့်သည်များကို စိတ်ဝင်စားခြင်း မရှိပေမယ့် ကလေးတစ်ယောက်လိုပင်၊ ရှဲ့ကျူရှင်းက သူ့ကိုထိန်းချုပ်ထားလေ သူကပိုပွေရှုပ်ချင်လေဖြစ်နေသည်။

သို့ပေမယ့် လူဆိုတာ အရေးကိစ္စကြုံလာရင်တော့ ဖြေရှင်းရစမြဲ။ ရှဲ့ကျူရှင်း အိမ်သာသွားချင်လာချိန် ဝမ်ချောင့်ကို အထပ်ထပ်မှာထားခဲ့တော့သည်။ "မင်း ဒီမှာပဲ ထိုင်စောင့်နေ၊ မလှုပ်နဲ့။ အခြားသူတွေကို မဟုတ်တာတွေလည်း သွားပြောမနေနဲ့။ မင်းသာ တစ်ယောက်ယောက်ကို စိတ်ခုအောင် သွားလုပ်မိရင် ဖြစ်လာမယ့်အကျိုးဆက်က ကောင်းမှာ မဟုတ်ဘူး။"

ဝမ်ချောင်က လိမ်လိမ်မာမာ သဘောတူလာသည်။ "သိပြီ။"

သို့ပေမယ့် ရှဲ့ကျူရှင်း လျှောက်ထွက်သွားတာနှင့် သူလည်း ပျော်ပါးဖို့လစ်ထွက်သွားလေသည်။

ရှဲ့ကျူရှင်း ပြန်ရောက်လာချိန် ဝမ်ချောင်က နေရာတွင် မရှိနေတော့။ ကျိကျဲက တစ်နေရာသို့ လက်ညှိုးထိုးပြလာပြီး သူ လှမ်းကြည့်လိုက်ရာ ဝမ်ချောင်က ရှန်ပိန်ခွက်ကို ကိုင်လျက် စကပ်တိုတိုကောင်မလေးအချို့နှင့် စကားပြောနေသည်ကို တွေ့လိုက်ရတော့သည်။ သူ ဘာပြောလိုက်တယ် မသိ ; ကောင်မလေးများက ယိမ်းထိုးလို့ရယ်နေ၏။

ရှဲ့ကျူရှင်း အနားသို့လျှောက်သွား၍ ထိုကောင်မလေးများကို တောင်းပန်စကားပြောပြီး ဝမ်ချောင်ကို ပြန်ဆွဲခေါ်လာတော့သည်။

ဝမ်ချောင်မှာ ကောင်မလေးများနှင့် ကလူကျီစယ် မလုပ်ရတာ ရက်အတော်ကြာနေပြီမို့ မကျေမနပ်နှင့်ပြောလိုက်သည်။ "မင်း ဘာလုပ်တာလဲ။ ငါ မပြောသင့်တာတွေ သွားပြောနေတာလည်း မဟုတ်ဘူး။"

"ဒီနေ့က ခွန်း-ကောရဲ့မွေးနေ့။ လျှောက်လုပ်မနေနဲ့။"

ဝမ်ချောင် အနောက်ပြန်လှည့်ကြည့်လိုက်ရာ ထိုကောင်မလေးများအကုန် ရယ်နေတာကို တွေ့လိုက်ရပြီး သူတို့တွေ သူ့အကြောင်း ရယ်နေတာဖြစ်မည်ဟုခံစားလိုက်ရကာ နည်းနည်းစိတ်မပျော်မရွှင်ဖြစ်သွား၍ပြောလေသည်။ "ငါ ဘာများလုပ်နေလို့လဲ။ ငါ စကားလေးနည်းနည်းပဲသွားပြောတာ။ မင်းက ဘာလို့ငါ့အစ်ကိုကြီးလို လာလုပ်နေတာလဲ။ ဘာလို့ အဲ့လောက်ကြီးထိ လိုက်ဂရုစိုက်နေတာလဲ။"

ရှဲ့ကျူရှင်း ဝမ်ချောင်ရဲ့အရေးတယူမရှိတဲ့မျက်နှာထားကို ကြည့်ရင်း သူ့ရင်ထဲရှိမီးတောက်များက ရုတ်တရက်အုံကြွတက်လာပြီး အေးစက်စက်ပြောလိုက်သည်။ "ငါကရော ဂရုစိုက်ချင်နေတယ်လို့ မင်းထင်နေတာလား။ အခု မင်းကျေနပ်တဲ့အထိ သွားပျော်ပါးနေလိုက်၊ ပြီးမှ ငါမင်းကို ဂရုစိုက်သေးရဲ့လား ပြန်လာကြည့်။"

ဝမ်ချောင် ကြောင်အသွားရသည်။ "... မင်း ဘာလို့ဒေါသထွက်နေတာလဲ။"

ရှဲ့ကျူရှင်း ဝမ်ချောင်အပေါ် အာရုံမထားချင်နေတော့။ သူ အထဲဝင်သွားကာ လူနှစ်ယောက်ထိုင်ရတဲ့ဆိုဖာပေါ်ထိုင်လျက်ရှိနေသည့် ချန်းယောင့်ဘေးတွင် ဝင်ထိုင်ချလိုက်သည်။

ချန်းယောင့်မှာ ထရပ်ပြီး အဝေးမလျှောက်သွားရဲတာမို့ ကြောက်ကြောက်ရွံ့ရွံ့နှင့် သူ့ခေါင်းဆောင်ကို ကြည့်လိုက်၊ ရှောင်ရှဲ့ကို တစ်ချက်ကြည့်လိုက် လုပ်နေမိသည်။ သူ တတိယဘီးဖြစ်လာမှာကိုတော့ ကြောက်မိပါ၏။

ဝမ်ချောင်ကတော့ သူ ဒီနေ့ ဘာအမှားမှ မလုပ်ထားမိသလို ခံစားနေရသည်။ သူ့ရဲ့ကလူကျီစယ်နေခြင်းကတောင် နှောင့်ယှက်ခံလိုက်ရသေးသည်။ သူ သူ့ဒေါသကို ချုပ်တည်းထားရင်း မေးလိုက်သည်။ "ရှောင်ရှဲ့၊ မင်း ဒါက ဘာသဘောလဲ။"

ရှဲ့ကျူရှင်းမှာ အလွန်အမင်းစိတ်တိုနေတာမို့ စကားတောင်ပြန်မပြောချင်။ သူ စားပွဲပေါ်မှဝိုင်ခွက်ကို ဆွဲယူပြီး တစ်ကျိုက်တည်းမော့ချလိုက်တော့သည်။

ဝမ်ချောင် သူ့ရဲ့ဒီလိုပုံစံကို တစ်ခါမှမမြင်ဖူးတာမို့ ဒေါသများပင် ပျောက်သွားရသည်။ ထိုအစား သူ နည်းနည်းတော့စိတ်ပူလာလေသည်။ "မင်း တစ်ခုခုကိုစိတ်မပျော်ဖြစ်နေလို့ ငါ့အပေါ်ပုံချနေတာလား။"

ရှဲ့ကျူရှင်း : "..." 'ဟုတ်တယ်၊ သူစိတ်မပျော်ဘူး။ ဒါပေမယ့် သွားပုံချစရာနေရာမရှိဘူး။'

ဝမ်ချောင် ပြောလာသည်။ "ချန်းယောင့်၊ မင်း ထစမ်း။"

ချန်းယောင့် အလျင်အမြန်ပင် မတ်တပ်ထရပ်ပြီး အဝေးတစ်နေရာ သွားပြေးပုန်းနေတော့သည်။

ကျန်အဖွဲ့သားများကလည်း အချင်းချင်း စကားပြောနေဟန်ဆောင်လျက် အချို့ကလည်း ဖုန်းသုံးလို့နေလေသည်။

ဝမ်ချောင် ရှဲ့ကျူရှင်းဘေးတွင်ထိုင်ချ၍ သူ့ဒူးခေါင်းနှင့်လှမ်းတိုက်လိုက်သည်။ "ဟေး"

ရှဲ့ကျူရှင်း : "..." 'ဘာကို ဟေး'

ဝမ်ချောင်မှာ ကောင်မလေးများနှင့် ကလူကျီစယ်ဖို့တောင် လုံးလုံးလျားလျားမေ့သွားပြီး ရှဲ့ကျူရှင်း စိတ်ပျော်လာဖို့သာ အာရုံစိုက်နေမိတော့သည်။ "မင်းဘာဖြစ်သွားတာလဲ။ မင်းကို စိတ်တိုအောင် ဘယ်သူလုပ်လိုက်တာလဲ။"

ရှဲ့ကျူရှင်း : "..." 'ဘယ်သူများဖြစ်နိုင်သေးလို့လဲ။'

ဝမ်ချောင် သူ့ဒူးခေါင်းကို တစ်ဖန်ထပ်တိုက်ပြီး ရယ်ချင်ဖွယ်အပြုံးဖြင့်ပြောလာသည်။ "ငါ မင်းကို ဟာသတစ်ခုပြောပြမယ်။ အဲ့တာက အရမ်းရယ်ရတာ၊ ကြားတဲ့သူတိုင်း မရယ်ဘဲမနေနိုင်ဘူး။"

ရှဲ့ကျူရှင်း သူ့ကိုလျစ်လျူရှုထားလိုက်သည်။

ဝမ်ချောင် သူ့ဘာသာ စပြောတော့သည်။ "ဒီနှစ်ထဲ နှင်းမုန်တိုင်းအကြီးကြီးကျမယ်လို့ ပြောထားတာကွာ။ အဲ့မှာ ညသန်းခေါင်ယံကြီး အရက်မူးလာတဲ့လူတစ်ယောက်က အပေါ့သွားရင်း လမ်းဘေးမှာရှိနေတဲ့နှင်းရုပ်ကြီးကို လှမ်းမြင်လိုက်တာတဲ့။ ဒါပေမယ့် သူ့အမြင်က ဝေဝါးနေတာဆိုတော့ 'ဒီကောင်မလေးက ရုပ်အတော်ချောသားပဲ' လို့ တွေးမိပြီး ထွေထွေထူးထူးတွေးမနေဘဲ အဲ့နှင်းရုပ်ကြီးကို စလုပ်တော့တာပဲတဲ့။ လုပ်နေရင်းနဲ့တောင် သူက 'ဝါး သယ်ဖက်၊ ကောင်းလွန်းတယ်၊ စိုရွှဲနေတာပဲ။' ဆိုပြီး တွေးနေသေးတာဆိုပဲ။"

ပြောပြီးတာနှင့် ဝမ်ချောင် သူ့ဘာသာ ရယ်သွားပြီး ရှဲ့ကျူရှင်းပေါင်ကိုတောင် ရိုက်ရင်းမေးလာသည်။ "မရယ်ရဘူးလား။ ဟားဟားဟား"

ရှဲ့ကျူရှင်း : "..." 'မင်းအဘကြီးကို ရယ်ရ'

ရှဲ့ကျူရှင်း မရယ်လာတာကိုတွေ့ချိန် ဝမ်ချောင် နည်းနည်းတော့စိတ်ဓာတ်ကျသွားရသည်။ "ငါ့ဘဝတစ်လျှောက်လုံး အဲ့ထဲကအတိုင်း ရည်ညွှန်းပြီးနေလာတာ။ ဒီအကြောင်းကြားတဲ့လူတိုင်း ရယ်သွားကြတာချည်းပဲ။ မင်းက သစ်တုံးကြီးကျလို့၊ နည်းနည်းလေးတောင် စိတ်ဝင်စားဖို့မကောင်းဘူး။"

ရှဲ့ကျူရှင်း : "..." 'အော်? မင်းလိုအရူးက စိတ်ဝင်စားတယ်ဆိုတာ ဘာမှန်းသိသေးတယ်ပေါ့?'

ဝမ်ချောင် ခဏမျှတွေးကြည့်ပြီး ထပ်မေးလိုက်သည်။ "အိမ်မှာတစ်ခုခုဖြစ်လို့လား။"

ရှဲ့ကျူရှင်းဒေါသလည်း ဖြည်းဖြည်းချင်းပြေလျော့သွားပြီဖြစ်၏။ "မဟုတ်ဘူး။"

"ဒါဆို မင်းဘာဖြစ်နေတာလဲ။"

ရှဲ့ကျူရှင်းမှာ ဒီအရူးနှင့်ဖက်ပြီးဒေါသထွက်နေရင် သူပါအရူးဖြစ်တော့မည်ဟု ခံစားလိုက်ရပြီး တကယ်အဓိပ္ပါယ်မရှိလှတာမို့ ဝိုးတို့ဝါးတားပြန်ဖြေပေးလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ အခုတလော ငါ ဖိအားတွေများနေလို့ ဒေါသထွက်လွယ်နေတာ။"

ဝမ်ချောင်လည်း သူ အမှန်အတိုင်းပြောနေတယ်ဟုထင်လိုက်ပြီး ပခုံးကိုသိုင်းဖက်လျက် စတင်နှစ်သိမ့်ပေးတော့သည်။ "မင်းမှာစိတ်ညစ်စရာရှိနေတယ်ဆို ငါ့ကိုသာပြောလိုက်။ ငါ့မှာတစ်ခုခုဖြစ်သွားတယ် ထင်နေတာ။ ငါ အရင်ကလည်း မင်းကိုပြောဖူးတယ်၊ အဲ့လိုမပြောဘဲမြုံထားတာတွေက မကောင်းတဲ့အကျင့်ပါဆို။"

ရှဲ့ကျူရှင်း : "... အင်း"

ရှဲ့ကျူရှင်းရဲ့မျက်နှာ အတော်အသင့်ပျော့ပြောင်းလာတာကိုမြင်မှ ဝမ်ချောင်ရဲ့စိတ်အခြေအနေလည်း တိုးတက်လာလေသည်။ "မင်းပဲ ဒီလိုမျိုးလုပ်နိုင်တာ။ အခြားတစ်ယောက်ယောက်များ ငါ့ကို ဒီလိုအချိုးမျိုးလာလုပ်ပြရင် သူတို့အမေတောင် မမှတ်မိနိုင်တဲ့အထိ ငါထိုးပစ်ပြီ။"

"မင်းရဲ့အတိုက်အခိုက်စကေးနဲ့ ဘယ်သူ့ကိုများ မင်း နိုင်အောင်ထိုးနိုင်မှာလဲ။"

"သေချာပေါက် မင်းလို အရည်အချင်းရှိတဲ့လူကိုတော့ ငါ နိုင်အောင်မထိုးနိုင်ဘူးပေါ့။ အာ၊ ဟုတ်သား။ ငါ မင်းကို တစ်ခါမှ မမေးဖူးသေးဘူး။ မင်း ဘယ်မှာသင်ခဲ့တာလဲ။"

"ငါတို့မှာ ကိုယ်ခံပညာသင်ပေးတဲ့အတန်းရှိတယ်။" ရှဲ့ကျူရှင်းပြောလိုက်သည်။

ဝမ်ချောင် သူ့အနားတိုးကပ်လာပြီးပြောလေသည်။ "နောက်ကျ အချိန်ကျရင် ငါ့ကို တစ်ခုနှစ်ခုသင်ပေးဦး။ အရင်က ငါ့အစ်ကို ငါ့ကို သင်ပေးခဲ့ဖူးပေမယ့် ငါ အတတ်နှေးတာကို စိတ်မရှည်တော့ဘဲ သူ ဆက်မသင်ပေးတော့ဘူး။ ဆက်မသင်ပေးတာ အသာထား၊ သူ ငါ့ကိုတောင် ရိုက်သွားသေးတယ်!"

ရှဲ့ကျူရှင်း မထိန်းနိုင်တော့ဘဲ ထရယ်မိတော့သည်။ ဒီအကြောင်းကမှ နှင်းရုပ်ပုံပြင်ဆိုတာထက် ပိုရယ်ရနေသေးသည်။

ဝမ်ချောင်လည်း သူနှင့်အတူရယ်သွားလေသည်။ "မင်းစိတ်အခြေအနေ တိုးတက်လာပြီလား။ ငါ မင်းကို နောက်ဟာသတစ်ခုပြောပြဦးမယ်။"

ထို့နောက်မှာတော့ သူ စတင်ပြီး ရေရွတ်ပြောလာ၏။

ရှဲ့ကျူရှင်း သူ့ဘက်ကို လှည့်ပြီးကြည့်နေရင်း အခုလောလောဆယ်အချိန်လေးအတွင်း သူက မျက်စိထဲအမြင်ကြည်စရာလေးဖြစ်နေသလို ခံစားမိနေသည်။ သူက ရုပ်ရည်ချောမောပြီး နာခံမှုလည်းရှိသလို တစ်ဖက်သားအပေါ်နားလည်ပေးနိုင်စွမ်းလည်းရှိ၏။

သူတို့နှစ်ယောက် ရန်ဆက်မဖြစ်တော့တာကိုမြင်မှ အဖွဲ့သားများလည်း စိတ်အေးသလိုသက်ပြင်းခိုးချရတော့သည်။

ခဏအကြာတွင် သွမ့်ယိခွန်းက သူတို့ကို လာခေါ်ပြီး နာမည်ကြီး Music Producer တစ်ယောက်နှင့် မိတ်ဆက်ပေးလေသည်။

သူတို့အချင်းချင်း ယဉ်ကျေးသမှုဖြင့်နှုတ်ဆက်ပြီးချိန်မှာပဲ နောက်ကျမှရောက်လာတဲ့ဧည့်သည်ဖြစ်သူက အဝေးတစ်နေရာမှလျှောက်လာပြီး တောင်းပန်စကားဆို၏။ "ဆောရီး၊ ဆောရီး။ ငါ အရေးကြီးကိစ္စတစ်ခုဖြေရှင်းဖို့ပေါ်လာလို့ နောက်ကျသွားတယ်ကွာ။"

သွမ့်ယိခွန်း ထိုလူကိုကြိုဆိုရင်း IceDream အဖွဲ့ကိုပါ တစ်ပါတည်းမိတ်ဆက်ပေးလာသည်။ "ဒါက ငါ့ရဲ့စီနီယာ။ မင်းတို့ သူ့ကို စန်း-ကောလို့ခေါ်။"

သူတို့ခြောက်ယောက်လည်း နှုတ်ဆက်လိုက်သည်။ "စန်း-ကော"

ပလွှားခြင်း မရှိလှတဲ့အပြုံးဖြင့် ထိုလူကပြန်ပြောလာသည်။ "အဓိပ္ပါယ်မရှိ။ ငါ ဒီလောကထဲ သူ့ထက် နှစ်နည်းနည်းစောပြီး ရောက်လာရုံပါကွ။ ငါက ကျုံးနျန်းစန်း၊ ပိုင်ထူရဲ့မန်နေဂျာ။"

သူတို့တတွေ ဒီတစ်ညအတွင်း နာမည်ကြီးတော်တော်များများနှင့် တွေ့ခဲ့ပြီးဖြစ်တာမို့ ပိုင်ထူရဲ့မန်နေဂျာမှန်း သိလိုက်ရချိန် ထူး၍အံ့ဩနေခြင်းမျိုး မရှိတော့ဘဲ ယဉ်ယဉ်ကျေးကျေးသာ ပြန်ပြုံးပြမိကြတော့သည်။ ဝမ်ချောင်တစ်ယောက်ထဲကသာ အမူအရာမဲ့ရပ်နေလျက် ယဉ်ယဉ်ကျေးကျေးပြုံးပြဖို့တောင် ပျင်းနေ၏။

ကျုံးနျန်းစန်းကလည်း သိသိသာသာပင် သူ့ကို သတိထားမိသွားပြီး အကြိမ်ရေအနည်းငယ်မျှ အပေါ်အောက်ကြည့်နေရင်း မျက်နှာအမူအရာပါ မသိမသာပြောင်းလဲသွားတော့သည်။

သွမ့်ယိခွန်း လက်ဝေ့ယမ်းလျက်ပြောလာသည်။ "မင်းတို့တွေ အရင်သွားပျော်ပါးနှင့်။ ငါ စန်း-ကောနဲ့ စကားပြောစရာလေးတွေ ကျန်သေးလို့။"

သူတို့အကုန်လုံး လှည့်ထွက်သွားချိန်မှာတောင် ကျုံးနျန်းစန်းက ဝမ်ချောင်ကိုကြည့်လျက်ရှိနေဆဲ။

သွမ့်ယိခွန်းအနေနှင့် သူဘယ်လိုလူမျိုးလဲဆိုတာ သိထားတာမို့ ပြုံးရင်းပြောလိုက်သည်။ "စန်း-ကော၊ သူ့တော့ သွားမထိနဲ့။ သူ့မှာ နောက်ခံကောင်းကောင်းရှိတယ်။"

ကျုံးနျန်းစန်းကတော့ စိတ်ထဲထားပုံမပေါ်လှ။ "ဘယ်သူတဲ့လဲ။"

ဝမ်ချီက ဒီလောကအတွင်းမှ မဟုတ်တာမို့ ထုတ်ပြောရန် အဆင်မပြေလှ။ သို့နှင့် သွမ့်ယိခွန်းလည်း ဤသို့သာပြောလိုက်ရတော့သည်။ "သူက လျန်ရှီရဲ့ညီလေးလေ။"

ကျုံးနျန်းစန်း နောက်တစ်ခေါက်ထပ်ပြန်ကြည့်၍ ပြောလာသည်။ "အို့၊ လျန်ရှီး"

မွေးနေ့ပါတီပြီးဆုံးသွားချိန်မှာတော့ IceDream အဖွဲ့သားများလည်း သွမ့်ယိခွန်းနှင့်အတူ ဧည့်သည်များကို လိုက်ပို့ရင်း ပွဲဧည့်ခံသူတာဝန်ယူလိုက်ရတာမို့ အိမ်ပြန်ရောက်ချိန် အတော်လေးနောက်ကျနေပြီဖြစ်၏။

နောက်တစ်နေ့မှာတော့ ရှဲ့ကျူရှင်း အရင်လို မနက်စောစောထ၍ အပြေးလေ့ကျင့်လေသည်။ သူ တစ်ဝက်မျှပြေးပြီးချိန်၌ ဝမ်ချောင်က သူ့ထံဖုန်းခေါ်လာပြီး ကြားရတဲ့အသံအရတော့ အိပ်ချင်မူးတူးဖြစ်နေသေးပုံပင်။ "ငါ အသည်းကြော်စားချင်လို့။ မင်းပြန်လာရင် နည်းနည်းဝယ်ခဲ့ပေးစမ်းပါ။"

"ငါ့မှာ အခြားလုပ်စရာကိစ္စတွေရှိသေးတယ်။ မင်းဘာသာ ထပြီး သွားဝယ်လိုက်။" ရှဲ့ကျူရှင်း ပြော၏။

"မဟုတ်လည်း မင်း တစ်နေ့ကို ဆယ်ကီလိုမီတာကျော်ပြေးနေတာပဲ။ လမ်းကြုံဝင်ခဲ့လေ။ ပြီးတော့ တစ်ခါတည်း အီကြာကွေးနှစ်ချောင်းပါ ဝယ်ခဲ့ပေးဦး။ ငါ ဗိုက်ဆာလို့သေတော့မယ်။"

"ငါဂရုမစိုက်ဘူး။ ဆက်အဆာခံနေလိုက်။" ပြောပြီးတာနှင့် ရှဲ့ကျူရှင်း ဖုန်းချလိုက်တော့သည်။

သူ ပြေးတာပြီးလုနီးပါးဖြစ်နေပြီမို့ အိမ်တန်းမပြန်ဘဲ မြေအောက်ရထားဖြင့် ဝမ်ကျင်းဘက်သို့သွားကာ အသည်းကြော်နှင့် အီကြာကွေး နှစ်ယောက်စာ ဝယ်လိုက်သည်။

သူ့ထံတွင် ဝမ်ချောင့်အိမ်သော့ရှိထားသည်။ သူ အရင်ကနေခဲ့ဖူးတာအပြင် ပြောင်းခါနီး ဝမ်ချောင်က အပိုသော့ကို သိမ်းထားပေးဖို့ပြောလာသည်။ တစ်နေ့ သူ သော့ပျောက်သွားခဲ့ပါက ရှဲ့ကျူရှင်းကိုလာရှာပြီး ဖွင့်ခိုင်းလို့ရအောင်ဟုလည်း ပြောသေးသည်။

သူ တံခါးဖွင့်ပြီး အထဲလျှောက်ဝင်သွားချိန် အိမ်ထဲ အလွန်အမင်းတိတ်ဆိတ်လျက်ရှိနေပြီး ဧည့်ခန်းကလည်း နေရောင်များဖြာကျဝင်ရောက်နေတာမို့ အတော်လေးလင်းထိန်လှပနေ၏။

သူ အသည်းကြော်ကို ကြွေပန်းကန်လုံးထဲထည့်၍ အီကြာကွေးကိုတော့ ပန်းကန်ပြားပေါ် တင်ထားပြီးမှ ဝမ်ချောင့်ကို နိုးဖို့အပေါ်တက်သွားလိုက်သည်။

ဝမ်ချောင်က အိပ်ရာထက် ခြေကားယားလက်ကားယားဖြင့် အိပ်မောကျနေပြီး ဟောက်လို့တောင်နေသေးသည်။ သူ အတွင်းခံလည်း မဝတ်ထားသလို စောင်ကလည်း သူ့ခြေထောက်တစ်ဝက်ကိုသာ ဖုံးထားပေးတာမို့ နေရောင်ခြည်က သူ့တင်ပါးထက် ဖြာကျလျက်ရှိနေ၏။ သူ့ဖုန်းကတော့ သူ့မျက်နှာအနားကပ်နေကာ ကြည့်ရသလောက် ဖုန်းခေါ်ပြီးတာနှင့် ပြန်အိပ်ပျော်သွားပုံပေါ်လှသည်။

ရှဲ့ကျူရှင်း သူ့ကို လှမ်းခေါ်နိုးလိုက်သည်။ "အသည်းကြော် မစားဘူးလား။"

ဝမ်ချောင် ရီဝေဝေနှင့်နိုးလာပြီး သူ့မျက်လုံးများကလည်း မပွင့်တပွင့်နှင့် ရှဲ့ကျူရှင်းကို အားစိုက်ကြည့်နေပြီးတော့မှ ပြုံးရယ်သွားလေသည်။ "ဟဲဟဲ၊ မင်း လာမယ်ဆိုတာ ငါသိနေတယ်။"

"ထတော့။" ရှဲ့ကျူရှင်းပြောလိုက်သည်။

ဝမ်ချောင် ထထိုင်ကာ အနားသို့လှိမ့်လာပြီး မူကြိုကလေးတစ်ယောက်လိုထိုင်နေရင်း ပြောလိုက်သည်။ "ဟင် .. ငါ့အတွင်းခံ ဘယ်ရောက်သွားပါလိမ့်။ ငါ့ကို ဗီရိုထဲက တစ်ထည်လောက်ယူပေးပါဦး။"

ရှဲ့ကျူရှင်း ဗီရိုထဲမှ သူ့အတွက် တစ်ထည်ထုတ်ပေးလိုက်သည်။ ဝမ်ချောင် ဝတ်ပြီးသွားတာနှင့် သူ ရှဲ့ကျူရှင်းအား သူ့အဝတ်များ ရှာခိုင်းပြန်လေသည်။ 

ရှဲ့ကျူရှင်း သူ့အတွက် အဝတ်များယူပေးရင်း ဆူငေါက်တော့သည်။ "မင်းကတော့ တကယ် ပို ပိုပြီးအသုံးမကျဖြစ်လာတာပဲ။ တစ်ယောက်ယောက် မကူပေးရင် မင်းဘာသာမင်းတောင် အင်္ကျီဖြောင့်အောင် မဝတ်နိုင်တော့ဘူး။"

နောက်ဆုံးမှာတော့ ဝမ်ချောင် ဘောင်းဘီနှင့်အင်္ကျီ ဝတ်ပြီးသွားခဲ့သည်။ ထို့နောက် သူ မတ်တပ်ထရပ်၍ ဖိနပ်ကို တစ်ဖန်ရှာရပြန်လေသည်။

ရှဲ့ကျူရှင်း အိပ်ရာအောက်တွင် ဖိနပ်တစ်ဖက်တွေ့လိုက်တာမို့ ကန်ထုတ်ပြီးပြောလိုက်သည်။ "ဒီမှာ၊ မင်း ..."

သူ့စကားများက ပြီးဆုံးသည်အထိ ဆက်မထွက်လာနိုင်တော့။ အကြောင်းမှာ ဖိနပ်ပေါ်တွင် အသုံးပြုပြီးသားကွန်ဒုံးတစ်ခု တင်လျက်ရှိနေတာမို့ပင်။

ဝမ်ချောင်လည်း မြင်သွားပြီး နည်းနည်းရှက်ရွံ့မိတာမို့ ခေါင်းကုပ်လျက် ရှင်းပြတော့သည်။ "သူ မပြန်ခင် ရှင်းသွားလို့ ငါပြောလိုက်တယ်။ သူ အပျင်းကြီးတာပဲ။"

ရှဲ့ကျူရှင်း : "... သွားစားတော့။"

ဝမ်ချောင် ဖိနပ်ဝတ်မနေတော့ဘဲ ခြေဗလာဖြင့် ရှဲ့ကျူရှင်းကို အပြင်တွန်းထုတ်လျက်ပြောလာသည်။ "ငါ မနေ့ညကတည်းက ဗိုက်ဆာပြီး အသည်းကြော် တကယ်စားချင်နေတာ။ အဲ့တာနဲ့ မင်းကို ဖုန်းခေါ်ဖို့ နှိုးစက်တောင် ပေးထားလိုက်သေးတယ်။"

"ပြီးရင် ငါ့ကို ပိုက်ဆံလွှဲပေးလိုက်။ ပို့ဆောင်ခရောအပါအဝင်။"

ဝမ်ချောင် ရယ်လျက်ပြောလာသည်။ "ငါ မင်းကို ပိုလွှဲပေးလိုက်မယ်။"

ဝမ်ချောင်က လက်ဆေးဖို့အပြေးထွက်သွားချိန် ရှဲ့ကျူရှင်းက စားပွဲပေါ်ထိုင်နေရင်း ခေါင်းမော့၍ ဒုတိယထပ်သို့ တက်သွားမည့်လှေကားထစ်ဘက်ကို ကြည့်ရင်း ထိုညက အနမ်းအကြောင်း ရုတ်တရက် ပြန်တွေးမိကာ ရုတ်တရက်ဆန်ဆန် ရယ်ချင်မိသွားတော့သည်။

ထိုညက Music Festival ရဲ့ ဆုပေးပွဲဖြစ်၏။

အဖွင့်ဖျော်ဖြေသူများအနေဖြင့် IceDream က သူတို့ရဲ့ပွဲဦးထွက်ခြင်းကို ဒီစင်ပေါ်မှာ ဖျော်ဖြေပြတော့မှာဖြစ်သည်။

လူတိုင်းက မိတ်ကပ်ပြင်ချိန်မှာရော အနောက်စင်၌ စောင့်နေရချိန်မှာပါ အတော်လေးစိတ်လှုပ်ရှားနေကြသည်။ အမြဲလိုလို ဘာသိဘာသာအနေတတ်ဆုံး ဝမ်ချောင်ကတောင် သူ့ခြေထောက်တွေကို  စိုးရိမ်တကြီး အဆက်မပြတ်လှုပ်ခါနေ၏။

ရှဲ့ကျူရှင်းလည်း ဖိအားအများကြီးပိနေသည်။ သူက သူ့အဖွဲ့သားများထက် အတွေ့အကြုံပိုရှိပြီး စတိတ်စင်အကြီးကြီးများပေါ် ဖျော်ဖြေဖူးတယ်ဆိုပေမယ့် တကယ့်အိုင်ဒေါတစ်ယောက်အနေနှင့် ဖျော်ဖြေရမှာ သူ့အတွက်လည်း ဒါပထမဆုံးပင်။

ဝမ်ချောင် သူ့ခြေထောက်ကို လှုပ်နေရင်း ထရပ်ပြီးပြောလာသည်။ "ငါ အိမ်သာသွားလိုက်ဦးမယ်။"

ရှဲ့ကျူရှင်းမေးလိုက်သည်။ "မင်းအဆင်ပြေရဲ့လား။ မင်း သွားနေတာ လေးငါးကြိမ်လောက်ရှိပြီ။"

"အဆင်ပြေတယ်။ ဟိုဟိုဒီဒီလမ်းလျှောက်နေတာက ငါ့ကို စိတ်မလှုပ်ရှားစေဘူး။ မင်းရော လိုက်မလား။"

ရှဲ့ကျူရှင်း သူနှင့်အတူ နှစ်ခေါက်တောင် လိုက်သွားခဲ့ပေးပြီးဖြစ်သည်။ "ကိုယ့်ဘာသာ သွားတော့။ လျှောက်သွားပြီး ပြဿနာတွေမရှာခဲ့နဲ့။"

"မင်းက ငါ့အမေထက်တောင် ပွစိပွစိပိုပြောနိုင်သေးတယ်။"

သူ အိမ်သာထဲမှပြန်ထွက်လာချိန် လမ်းနည်းနည်းပျောက်သွားပြီး ကျယ်ဝန်းလှတဲ့စင်အနောက်တွင် အချိန်အတော်ကြာပတ်လျှောက်ပြီးတောင် အဝတ်လဲခန်းကို ရှာမတွေ့ခဲ့။ ထို့နောက် သူ ထောင့်တစ်ထောင့်ကို ချိုးကွေ့မိချိန် အသိနှစ်ယောက်ကို တွေ့လိုက်လေသည်။

လျန်ရှီးနှင့်ပိုင်ထူက ဒီညဆုပေးပွဲ၏အစီအစဉ်တင်ဆက်သူများဖြစ်ကြသည်။

သူတို့နှစ်ယောက်က ပူးပူးကပ်ကပ်ရပ်နေပြီး ပိုင်ထူရဲ့စိတ်ရှုပ်သလိုအမူအရာကို ကြည့်ရပုံအရ လျန်-ကောက ထပ်ပြီးလူရမ်းကားဆန်နေပုံပေါ်လှသည်။

ဝမ်ချောင်မှာ စိတ်လှုပ်ရှားနေတာမို့ တစ်ခုခုလုပ်စရာရှာဖွေချင်နေတာဖြစ်သည်။ ထို့ကြောင့် သူ လှမ်းခေါ်လိုက်သည်။ "ကော၊ ဘာလုပ်နေတာလဲ။"

လျန်ရှီးကြည့်ရတာ အဆုံးစွန်ထိ လူရမ်းကားဆန်ဖို့ကြံရွယ်ထားပုံပေါ်လှသည်။ ဝမ်ချောင် လျှောက်လာတာကိုမြင်ချိန် စိတ်ရှုပ်နေသည့်အသံဖြင့်ပြောလာ၏။ "မင်းက ဒီဘာလာလုပ်တာလဲ။ ပွဲဦးထွက်ရုံပဲမလား။ ဆုပါယူရဦးမှာမလို့လား။"

"ဖျော်ဖြေဖို့ပဲ လာတာပါဗျ။ ကောတို့နှစ်ယောက်က ဆုပေးရမှာလား။"

သူ ပိုင်ထူဘက်သို့ မသိမသာလှမ်းကြည့်လိုက်သည်။ ရုပ်ရှင်ဘုရင်ဖြစ်သူက တကယ်ကို အတော်လေးချောလှသည်။ စိတ်တိုနေတဲ့အချိန်မှာတောင် ကြည့်ရမဆိုးသွား။

လျန်ရှီး မပျော်မရွှင်နှင့်ပြောတော့သည်။ "ဘာကြည့်နေတာလဲ။ သူ့ကိုကြိုက်ချင်သလိုကြည့်လို့ရတယ်လို့ မင်းထင်နေတာလား။"

ဝမ်ချောင် သူ့ဘာသာတွေးလိုက်မိသည်။ 'ဘယ်သူကရော သူ့ကိုကြည့်ချင်နေလို့လဲ။ ဘယ်သူကရော ဂရုစိုက်နေလဲ။ ပြီးတော့ ရုပ်ရှင်ဘုရင်ကလည်း ကောကိုတောင် ကြည့်စေချင်နေတဲ့ပုံ မပေါ်ပါဘူး။"

သူ နံရံဘက် မှီလျက် ဖြတ်သွားဖို့လုပ်ရင်း ခနဲ့တဲ့တဲ့ပြောလိုက်မိသေးသည်။ "မကြည့်နဲ့ဆိုတော့လည်း မကြည့်ဘူးပေါ့ဗျာ။ ကောတို့ ပျော်ပျော်ကြီး ဆုအတူပေးကြ ... အား!" 

လျန်ရှီး သူ့ခြေထောက်ကိုမြှောက်ပြီး ကန်လာတာမို့ ချက်ချင်းထွက်ပြေးလာရတော့သည်။

နောက်ဆုံးတော့ သူ သူတို့အဝတ်လဲခန်းကို ရှာတွေ့သွားပြီး တံခါးတွန်းဖွင့်၍ အထဲဝင်သွားလိုက်သည်။

ကျိကျဲက သူခုနကထိုင်နေသည့်ရှဲ့ကျူရှင်းဘေးတွင် ထိုင်နေပြီး နှစ်ယောက်သားက နားကြပ်တစ်စုံတည်းကို အတူမျှသုံး၍ သီချင်းနားထောင်နေကြလေသည်။

ဝမ်ချောင် အနည်းငယ်မျှ မပျော်မရွှင်ဖြစ်သွားပြီး အနားလျှောက်သွား၍ ကျိကျဲကို ဘေးတွန်းရင်းပြောလိုက်သည်။ "ထ၊ ဘယ်သူက မင်းကိုဒီမှာထိုင်လို့ရတယ်ပြောလဲ။"

ကျိကျဲ နားကြပ်ဆွဲဖြုတ်ရင်းပြန်ပြောသည်။ "ဘာလဲ။ မင်းထိုင်ပြီးတာနဲ့ ဒါကဘုရင့်ထိုင်ခုံဖြစ်သွားရောလား။"

ဝမ်ချောင် စကားဆက်များချင်ပေမယ့် ရှဲ့ကျူရှင်းက မတ်တပ်ထရပ်ပြီးပြောလာသည်။ "ပြဿနာ ထပ်မရှာနေနဲ့။"

ဝမ်ချောင် သူပြောချင်နေတာများကို မြိုချကာ ရှဲ့ကျူရှင်းကိုဆွဲခေါ်၍ အခြားခုံတွင်ပြောင်းထိုင်လေသည်။

ကျိကျဲ ရှဲ့ကျူရှင်းကို သနားသလိုလှမ်းကြည့်ပြီးမှ နားကြပ်ပြန်တပ်ပြီး သူ့ဘာသာ သီချင်းဆက်နားထောင်နေ၏။

ရှဲ့ကျူရှင်း အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "မင်းက ဘယ်လိုခေါင်းဆောင်လဲ။ ခဏနေရင်ပဲ ငါတို့ ဖျော်ဖြေရတော့မယ်။ လူတိုင်းကို လိုက်နှစ်သိမ့်ပေးရမယ့်အစား မင်းကတော့ ပြဿနာလိုက်ရှာနေတယ်။"

ဝမ်ချောင်လည်း အခုနက သူဘာတွေးနေမိလဲတောင် မသိလိုက်။ သူ ဒီတိုင်းစိတ်မပျော်ဖြစ်နေရုံသာ။ "ငါလည်း စိတ်လှုပ်ရှားနေတယ်၊ ဟုတ်ပြီလား။ မင်း ငါ့လက်ကို ထိကြည့်ပါဦး။"

ရှဲ့ကျူရှင်း သူ့လက်ကို မထိချင်တာမို့ ဝမ်ချောင်ကပဲ ရှဲ့ကျူရှင်းလက်ကို ဆွဲယူပြီးပြောလိုက်သည်။ "ကြည့်၊ ချွေးအေးတွေထွက်နေတာ။"

ရှဲ့ကျူရှင်း သူ့လက်ဖဝါးမှ စိုစွတ်စွတ်အေးစက်မှုကို ခံစားလိုက်ရတာမို့ သူ တောင့်မခံနိုင်တော့ဘဲ လက်ပြန်အနေအထားဖြင့် ပြန်ကိုင်ထားလိုက်သည်။

ဝမ်ချောင်လည်း အနည်းငယ်မျှပျော်ရွှင်သွားပြီး သူတို့လက်ချောင်းများကိုပါ ယှက်သွယ်ထားချင်နေမိသည်။

ရှဲ့ကျူရှင်းလည်း ငြင်းဆန်မနေခဲ့။

ပူနွေးနွေးလက်ဝါးအပေါ်ဖိထားသည့် အေးစက်စက်လက်ဝါးလေးက ဖြည်းဖြည်းချင်းအပူချိန်တူညီတဲ့အထိဖြစ်လာသည်။

စင်ပေါ်တက်ရမှာမို့ ခံစားနေရသည့်စိုးရွံ့မှုများလည်း တဖြည်းဖြည်းချင်းပြေလျော့သွားလေသည်။

ဝမ်ချောင် ရှဲ့ကျူရှင်းရဲ့ဘေးတစ်စောင်းပုံရိပ်ကို ကြည့်ရင်း သူ့ရင်ထဲခံစားရလာတာများကို မရှင်းပြတတ်။ သူ တစ်ခွန်းထဲပေါင်းပြောရမည်ဆိုရင်တော့ ရှောင်ရှဲ့က ကမ္ဘာပေါ်တွင် သူ့အပေါ်အကောင်းဆုံးလူဖြစ်ပြီး ဘယ်သူကမှ သူ့ထက်ပိုမကောင်းပေးနိုင်။

သူတို့နှစ်ယောက် ဒီလိုရေရာမှုမရှိတဲ့ရင်းနှီးနေခြင်းကို ထိန်းသိမ်းထားလျက်ရှိနေပြီး ပွဲစီစဉ်သူများမှ သူတို့အလှည့်ရောက်ပြီဟု လာပြောမှသာ လက်များကို လွှတ်လိုက်ကြသည်။

သူတို့ စင်ပေါ်မတက်ခင် ဝမ်ချောင် ကျိကျဲပခုံးကို ဝင်တိုက်လျက် မျက်နှာကြက်ကိုမော့ကြည့်နေရင်း ပြောလိုက်သည်။ "ရှောင်ပေါင်းဇီ၊ ခုနတုန်းက ငါ အရမ်းစိတ်လှုပ်ရှားနေလို့။ မင်းကို တမင်ပြောတာ မဟုတ်ဘူး။"

[T/N : 小包子 — Little Bun, ဘန်းမုန့်လေး]

ကျိကျဲ အံ့ဩသွားပုံပေါ်ပြီးမှ အလျင်အမြန်ပင် ပြုံးသွားသည်။ "သာ့ပိကူ၊ ဖိုက်တင်း"

[T/N : 大屁股 — Big ass]

ရှဲ့ကျူရှင်းလည်း သူ့လက်ကို ဆန့်ထုတ်ပြီးပြောလာသည်။ "အကုန်လုံး ဖိုက်တင်း"

ကျန်အဖွဲ့သားများလည်း သူတို့လက်များကို တစ်ယောက်ပေါ်တစ်ယောက်ထပ်တင်ပြီး အသံတိုးတိုးနှင့် အချင်းချင်းအားပေးစကားများဆိုလိုက်ကြလေသည်။ "ဖိုက်တင်း၊ ဖိုက်တင်း၊ ဖိုက်တင်း!"

"Summer Ice" သီချင်းသံ စတင်ထွက်ပေါ်လာပြီး အလင်းရောင်များလည်း ပြိုင်တူထိန်လင်းကျလာကာ စင်အောက်မှ မိုးချိန်းသံအလားလက်ခုပ်သံများ ထွက်ပေါ်လာ၏။

IceDream က သူတို့ရဲ့တရားဝင်ပွဲဦးထွက်ဖျော်ဖြေမှုကို ဒီစင်ပေါ်တွင် အစပျိုးခဲ့ပြီ။

လေးမိနစ်ကြာပြီးသည့်နောက် ...

"ဖာ့ခ်၊ ဖာ့ခ်" ဝမ်ချောင် စင်ပေါ်မှဆင်းလာရင်း အဆက်မပြတ်ရေရွတ်နေလေသည်။ "အခုနက ပါ့ပါး သူဆိုရမယ့်စာသားတွေမေ့သွားသေးတယ်။ ကံကောင်းလို့ မိုက်က တစ်ဝက်ပဲဖွင့်ထားတာ။"

ရှဲ့ကျူရှင်း သူ့ကို စကားလှမ်းပြောမလို့လုပ်ချိန်မှာပဲ အနောက်မှ ချန်းယောင့်ပြောလာသံကိုကြားလိုက်ရသည်။ "ကျွန်တော့်ခြေထောက်တွေဆို အားမရှိတော့သလိုပဲ၊ လမ်းတောင်မလျှောက်နိုင်တော့ဘူး။"

ရှဲ့ကျူရှင်းချန် ချန်းယောင့်ကို လှမ်းထိန်းပေးရင်း ချီးကျူးလိုက်သည်။ "ဒီနေ့ ယောင်ယောင့်ဖျော်ဖြေတာ အရမ်းကောင်းတယ်။"

ချန်းယောင့်လည်း ကျေးဇူးတင်သလိုပြုံးသွားပြီး စကားချိုချိုများ စပြောလာလေသည်။ "ကောတို့အကုန်လုံးလည်း ဖျော်ဖြေတာ အရမ်းကောင်းတယ်! ကျွန်တော်တို့အကုန်လုံး အရမ်းမိုက်တယ်!"

သူတို့စကားစမြည်ပြောရင်းနှင့် စင်ပေါ်မှဆင်းလာကြပြီးနောက် ဝမ်ချောင် အနောက်ပြန်လှမ်းကြည့်ရာ ရှဲ့ကျူရှင်းနှင့်ချန်းယောင့်လက်တွဲထားတာကို မြင်ပြီး ချက်ချင်းဆိုသလိုချဉ်တူးနေတဲ့အသံဖြင့်ပြောတော့သည်။ "ချန်းယောင့်၊ ငါ မင်းကို ကလေးတွန်းလှည်းဖြစ်ဖြစ် ဝယ်ပေးရမလား။"

ချန်းယောင့်လည်း နည်းနည်းရှက်ရွံ့လို့သွားပြီး သူ ရှဲ့ကျူရှင်းကို ကူမတွဲခိုင်းတော့။

ရှဲ့ကျူရှင်း ဝမ်ချောင့်ကို လှမ်းပုတ်ပြီးပြောလိုက်သည်။ "စကားကောင်းကောင်းပြော။"

ဝမ်ချောင် အရှက်မရှိသလိုပြန်ပြော၏။ "ငါ့အဖွဲ့သားတွေကို ဂရုစိုက်ပေးတာ မှားလို့လား။"

ရှဲ့ကျူရှင်း သူနှင့်ပြိုင်ငြင်းမနေတော့။ သူကိုက ဒီလိုပုံစံမျိုးပင်။ သူဘာပြောပြော အမှန်ဖြစ်ပြီး သူကသာ အခြားလူတစ်ယောက်ကို မှားတယ်ဟု ပြောပါက ထိုလူများအတွက် မှားပေးရုံသာ တတ်နိုင်သည်။

သွမ့်ယိခွန်းလည်း သူတို့ရဲ့အောင်အောင်မြင်မြင်ပွဲဦးထွက်နိုင်မှုအပေါ် ဂုဏ်ပြုပေးဖို့ အနောက်စင်ဘက် တကူးတကရောက်လာပြီး ညနက်အဆာပြေကို ဂုဏ်ပြုပွဲအသေးစားလေးအနေဖြင့် သူ ဧည့်ခံမည့်အကြောင်းပါ ပြောလာသည်။

သူတို့ရဲ့ပထမဆုံးအတွေ့အကြုံက အဆင်ပြေပြေနှင့်ပြီးဆုံးသွားတာမို့ လူတိုင်း အလွန်ပျော်ရွှင်နေကြကာ ဝမ်ချောင်ရဲ့စိတ်လှုပ်ရှားခြင်းများလည်း လျော့နည်းသွားတော့သည်။ ထိုအစား သူက စာသားမေ့သွားတာတောင် ဘယ်လိုဆက်ဆိုနိုင်ကြောင်းနှင့် သူဘယ်လောက်တော်ကြောင်းများကို စတင်ဝင့်ကြွားစွာပြောလာလေသည်။ အခြားသူများလည်း သူ့အပြောများကို နားထောင်ရုံသာနားထောင်နေပြီး ဆန့်ကျင့်ပြောလာခြင်း မရှိကြ။

သူ ကြွားဝါနေစဉ်မှာပဲ ဖုန်းဝင်လာကာ ဖုန်းဖြေဆိုပြီးတာနှင့် သူ့မျက်နှာအမူအရာကမဲ့သွားလျက် ပြောလာသည်။ "ငါ မင်းတို့နဲ့ အတူစားဖို့ မလိုက်နိုင်တော့ဘူး။ နောက်ရက်ကျမှပဲ တစ်ခေါက်ထပ်လိုက်ကျွေးမယ်ကွာ။"

သွမ့်ယိခွန်း မေးလိုက်သည်။ "ဘာလို့လဲ။ ကိစ္စတစ်ခုခုဖြစ်လို့လား။"

ဝမ်ချောင်ရှင်းပြလိုက်သည်။ "ကျွန်တော့်သာ့ကောက အိမ်ပြန်လာဖို့ပြောလို့။"

သွမ့်ယိခွန်း ထိုအကြောင်းကိုကြားတာနှင့် ပြုံးသွားပြီးပြောလာသည်။ "ငါ နှုတ်ဆက်တယ်လို့ သူ့ကို ပြောပေးပါဦး။ ပြီးတော့ မနေ့ညက ပို့ပေးလိုက်တဲ့လက်ဆောင်အတွက်ရော ကျေးဇူးတင်ပါတယ်လို့။"

သူတို့နှုတ်ဆက်ပြီးတာနှင့် သူ့လမ်းသူသွားကြတော့မည့်အချိန် ဝမ်ချောင်လည်း သူတို့နှင့်အတူ သွားစားချင်ပေမယ့် ဝမ်ချီစကားကို မလွန်ဆန်ရဲ။ ထို့ကြောင့် သူ ရှဲ့ကျူရှင်းကိုသာ ဆွဲထားပြီးပြောလိုက်ရသည်။ "အများကြီးလည်း မသောက်နဲ့။ စားပြီးတာနဲ့ အိမ်တန်းပြန်။ သူတို့နဲ့လည်း အကြာကြီး ပတ်လည်မနေနဲ့။ မင်းအိမ်မင်း ပြန်အိပ်။ သူတို့နဲ့အတူ ညမအိပ်နဲ့။"

ရှဲ့ကျူရှင်း : "..." 'ဒါဘယ်လိုအမှာစကားတွေလဲ။'

ဝမ်ချောင် သူ့ကားသူမောင်း၍ ထွက်သွားသည်။

ရှဲ့ကျူရှင်းနှင့်အဖွဲ့သားများကတော့ van ကားထဲ ဝင်လိုက်သွားကြလေသည်။

ကောင်းစီယွမ်က ကမ္ဘာသစ်ကြီးတစ်ခုရှာတွေ့သွားသလိုခံစားလိုက်ရပြီး မေးမြန်းလာသည်။ "ကော၊ ခေါင်းဆောင်ရဲ့အစ်ကိုကြီးကလည်း အကောင်ကြီးကြီးဖြစ်မယ့်ပုံပဲ၊ မဟုတ်ဘူးလား။"

ရှဲ့ကျူရှင်း ပြန်ဖြေလိုက်သည်။ "မသိဘူး။ သူ တစ်ခါမှ မပြောပြဖူးဘူး။"

ထိုစကားကို ကျိကျဲကတောင် မယုံကြည်တာမို့ သူပါ စကားဝိုင်းထဲ ဝင်လာလေသည်။ "သူ ကောနား တစ်နေကုန် ကပ်နေတာတောင် အဲ့အကြောင်းတွေ မပြောဖြစ်ဘူးလား။"

"သူ သူ့မိသားစုအကြောင်း သိပ်မပြောပြဘူး။ ငါတို့စကားပြောကြရင်တောင် အရေးမပါတဲ့အကြောင်းတွေပဲ။ မင်းတို့လည်း ကြားတာပဲမလား။"

ကျိကျဲရယ်သွားသည်။ "ဟုတ်သား။ သူက အဲ့နေရာမှာ အတော်ဆုံးပဲ။ ရှောင်ရှဲ့ကော စိတ်ရှည်တတ်လို့သာ၊ ကျွန်တော်သာဆို အစကတည်းက အကြိမ် ၈၀၀ လောက် ရိုက်ပြီးနေပြီ။"

"သူက ဆိုးနေတဲ့လူလည်း မဟုတ်ပါဘူး။ အပြောလေးကသာ မဟုတ်တာ။ မင်းတို့ပဲ သူ့ကို နည်းနည်းသည်းခံပေးလိုက်ကြပါ။"

ကောင်းစီယွမ် အံ့ဩသွားပုံနှင့်အတူ ပြုံးလျက်ပြောလာသည်။ "ကော၊ နည်းနည်းဘက်လိုက်လွန်းသွားပြီဗျာ။"

ရှဲ့ကျူရှင်းလည်း ပြောပြီးကာမှ သူ့စကားက အရမ်းရင်းနှီးသလိုဖြစ်နေမှန်း ခံစားလိုက်ရလေသည်။ "အဲ့လိုလည်း မဟုတ်ပါဘူး။ ဥပမာ ဒီညလိုပေါ့။ ငါတို့ ဒီ Music Festival တက်ခွင့်ရတာ သူ့ကြောင့်ပဲမလား။ အဲ့တော့ သူ့ကိုသာ စိတ်ပျော်အောင်ထားလိုက်ရင် ငါတို့ဘဝလည်း အေးဆေးနေနိုင်တယ်လေ။"

ထိုစကားက အဓိပ္ပါယ်ရှိလှတာမို့ ကျန်အဖွဲ့သားများလည်း အကြည့်ချင်းဖလှယ်ကာ သူတို့လက်သီးများကို ဆုပ်လျက် လေပေါ်မြှောက်ရင်း ပြိုင်တူပြောလာကြသည်။ "ရှောင်ရှဲ့ကော၊ ပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးပါဗျ!"

ဝမ်ချောင် အိမ်သို့ စိတ်မပါတပါနှင့် ပြန်ရောက်သွားပြီး တံခါးမှတစ်ဆင့်ဝင်လာတာနှင့် စတင်ညည်းတွားတော့သည်။ "ဘာလို့ကျွန်တော့်ကို ပြန်လာဖို့ခေါ်တာလဲ။ ကျွန်တော့်အဖွဲ့သားတွေအကုန် မုန့်သွားစားနေကြတာ။ ကျွန်တော်ပဲ မလိုက်သွားရဘူး။"

ဝမ်ချီက လက်နောက်ပစ်လို့ရပ်နေပြီး ဘာတစ်ခွန်းမှပြန်မပြော။ ဝမ်ကျင်းကတော့ ဆိုဖာပေါ်ထိုင်လျက် Tablet ကိုင်ထားရင်း သူ့ကို သနားမိသလိုအမူအရာနှင့်လှမ်းကြည့်လာလေသည်။

ဝမ်ချောင့်မှာ သူတို့နှစ်ယောက်ရဲ့မျက်နှာအမူအရာများနှင့် တော်တော်ရင်းနှီးလို့နေတာမို့ သူ့တင်ပါးတောင် စတင်နာလာသလိုပင်။ ချက်ချင်း သူ လတ်တလော ဘာမဟုတ်တာများ လုပ်မိခဲ့သလဲဟု အသည်းအသန်တွေးတောကြည့်ပေမယ့် ဘာကိုမှ ပြန်မတွေးမိနေ။ သို့နှင့် သူ့မှာ ငိုမဲ့မဲ့နှင့် မေးရတော့သည်။ "သာ့ကော၊ အခုဘာဖြစ်ပြန်ပြီလဲ။ ကျွန်တော် အခုတလော အရမ်းအလုပ်ကြိုးစားနေတာလေ။ သီချင်းဆို၊ အကလေ့ကျင့်တာတွေကို နေ့တိုင်း သေသေချာချာလုပ်တယ်။ ဒီနေ့ဖျော်ဖြေပွဲကလည်း အဆင်ပြေပြေပြီးသွားတာပဲ။ ကောဘာသာ လက်ယားနေတာနဲ့ပဲ ကျွန်တော့်ကိုလာရိုက်ဖို့ အကြောင်းရှာမနေသင့်ဘူးနော်။"

"ငါ့လက်က ယားနေတယ်? ငါ့အထင် ယားနေတာက မင်းပဲ။" ဝမ်ချီပြောသည်။ "မနေ့ညက ရှောင်သွမ့်ရဲ့မွေးနေ့ပွဲပြီးတော့ မင်း ဘယ်သွားလဲ။"

"... အိမ်ပြန်တယ်လေ။"

"တစ်ယောက်တည်းပြန်တာလား။"

"..."

ဝမ်ချီပေါက်ကွဲတော့သည်။ "မနေ့က ရှောင်သွမ့်ရဲ့မွေးနေ့ပါတီမှာ ပါပါရာဇီတွေပါရှိတယ်ကွ။ မင်းက အဲ့မှာမော်ဒယ်လေးတစ်ယောက်ကို အိမ်ပြန်ခေါ်သွားတာ ရိုက်ထားမိကြရော။ အဲ့ပုံသာ ဒီနေ့လိုင်းပေါ်ပျံ့သွားရင် မင်း ဖွင့်ပွဲသွားတက်ဖို့ မျက်နှာရှိဦးမယ်လို့ထင်နေတာလား။"

ထိုအကြောင်းကြားချိန် သူ့အစ်ကိုကြီးဖြစ်သူက သတင်းကိုဖုံးဖိရာတွင် ကူညီပေးခဲ့ပြီမှန်း ဝမ်ချောင် သိလိုက်လေသည်။ "ကျေးဇူးပါ သာ့ကော"

ဝမ်ချီမှာ သူ့ကိုကြည့်လေ ဒေါသထွက်လေဖြစ်လာရသည်။ "မင်း အိမ်ပြောင်းနေမယ်ဆိုတုန်းက ငါ ဘာပြောလဲ။ သွားပြီး အပြင်မှာပတ်ရှုပ်နေရင် ငါ ဘယ်လိုကိုင်တွယ်မလဲကြည့်ထားလို့ မပြောဘူးလား။ ဒီလာစမ်း!"

ဝမ်ချောင်လည်း သူပြေးမလွတ်နိုင်တော့မှန်း တွေ့လိုက်ရတာမို့ ခေါင်းငုံ့ရင်း ဝမ်ချောင်နံဘေးရှိနေရာလွတ်ကိုသွား၍လှဲချကာ ငိုမဲ့မဲ့နှင့်ပြောလိုက်သည်။ "ကျွန်တော့်မျက်နှာတော့ မရိုက်နဲ့နော်။"

ဝမ်ချီက သူ့ကိုရိုက်လာချိန် သူကတော့နေရာတွင်လှဲလျက် ငိုနေ၏။ ဝမ်ကျင်းက ဘေးမှကြည့်နေရင်း ရယ်ရလွန်းတယ်ဟုထင်နေကာ သူ့မျက်ရည်များကိုတောင် ဟန်ဆောင်ပန်ဆောင်သုတ်ပေးပြီး ပြောလာသည်။ "ဟုတ်ပြီ၊ ဟုတ်ပြီ။ နောက်အကြိမ်တစ်ရာလောက်ရိုက်ပြီးရင် ပြီးပြီ။"

ဝမ်ချောင် ပိုလို့တောင် ဝမ်းနည်းတကြီးငိုသွားပြီး စိတ်ထဲမှာတော့ သူ တစ်နေ့နေ့ နာမည်ကြီးလာရင် သိုးရေခြုံထားတဲ့သူ့အစ်ကိုနှစ်ယောက်နှင့် ဆက်ဆံရေးဖြတ်တောက်ကြောင်း သတင်းစာကြေညာချက်ထုတ်ပစ်မယ်ဟု တေးထားတော့သည်။

ဝမ်ချီက သူအကြာကြီး မမှတ်မိဘဲ နေမှာစိုးရွံ့တာမို့ ဒီတစ်ခေါက်ရိုက်ရာတွင် အားအတော်ထည့်ထားတာမို့ ရိုက်ပြီးချိန် သူကိုယ်တိုင်တောင် ချွေးထွက်ပင်ပန်းနေလေသည်။

ဝမ်ချောင် နှာတရှုံ့ရှုံ့နှင့် ထရပ်ကာ သူ့တင်ပါးနှင့်ပေါင်တံများကလည်း နာကျင်မှုဖြင့်ထုံလို့နေ၏။ ထို့နောက် သူ အပြင်သို့ ကွတကွတနှင့် လျှောက်ထွက်ဖို့လုပ်တော့သည်။

ဝမ်ချီမေးလိုက်သည်။ "... မင်း ဘယ်သွားမလို့လဲ။"

ဝမ်ချောင် ဒေါသထွက်နေသလိုပြန်ဖြေသည်။ "ဒီမှာ မအိပ်ဘူးဗျ။ ကျွန်တော့်အိမ်ကျွန်တော် ပြန်အိပ်မှာ။"

"ပြန်လာစမ်း!"

ဝမ်ချောင် မထွက်သွားရဲတော့ဘဲ ငိုလျက်သာ အနားပြန်ရောက်လာရသည်။

ဝမ်ကျင်းမှာ ရယ်ရလွန်းတာမို့ ဆိုဖာပေါ်ကပါ လှိမ့်ကျလေသည်။

ဝမ်ချီ သူ့ကိုပြောတော့သည်။ "မင်းလည်းတော်တော့။ သူဘယ်လောက်ငိုနေလဲ မမြင်ဘူးလား။ မင်း ရယ်ပဲရယ်နေလိုက်။"

ဝမ်ကျင်း ခါးမတ်မတ်ထိုင်ရင်းပြောလိုက်သည်။ "သာ့ကော၊ ငါ့ကိုပါ ဆွဲထည့်မနေနဲ့။ မင်းရိုက်လို့ သူငိုသွားတာ မဟုတ်လား။ ငါရယ်လို့ သူငိုနေတာလည်း မဟုတ်ဘူး။"

ဝမ်ချီ သူ့ကိုစကားများလွန်းတယ်ဟုတွေးမိပြီး ပြောလွှတ်တော့သည်။ "သွား၊ အပေါ်သွားပြီး စာဖတ်နေ။"

ဝမ်ကျင်း ရယ်၍ သူ့ tablet ယူပြီး အပေါ်တက်သွား​လေသည်။

ဝမ်ချောင် ငိုတာရပ်သွားပြီး သာ့ကောက အာ့ကောကို သူ့အတွက် ဆူငေါက်ပေးခြင်းကို ပြန်တွေးရင်း သာ့ကောက အာ့ကောထက် ပိုကောင်းတယ်ဟု စိတ်ထဲအမှတ်ပေးထားလိုက်သည်။

ဝမ်ချီမေးလာသည်။ "နာသေးလား။ မနာတော့ဘူးဆို ငါ ထပ်ရိုက်မယ်။"

"... နာတယ်။"

"မင်း ဒါကိုမှတ်ထားမှာလား။ မဟုတ်ရင် ငါ မင်းကို ထပ်ရိုက်မယ်။"

"... မှတ်ထားမယ်။"

"ဘာကိုမှတ်ထားမှာလဲ။ ကိုယ့်ဘာသာပြောပြစမ်း။"

"နောက်ဆို ဘယ်မိန်းကလေးမှ အိမ်ခေါ်မသွားတော့ဘူး။"

ဝမ်ချီ စိတ်မကျေနပ်သေး။

ဝမ်ချောင့်မှာ ရွေးချယ်စရာမရှိဘဲ တစ်ဆင့်ထပ်တိုးလိုက်ရသည်။ "ကျွန်တော် ဘယ်တော့မှ မိန်းကလေးတွေနဲ့ မအိပ်တော့ဘူး။"

"... သိထားရင်ပြီးထားပဲ။ နောက်ကျ ပွေလီကစားမနေနဲ့။"

ဝမ်ချောင် သူ့မျက်ရည်များကိုသုတ်ပစ်ရင်း ပြောလာသည်။ "အင်း"

အချိန်အားဖြင့် အတော်လေးနောက်ကျနေပြီမို့ ဝမ်ချီလည်း သူ့ဘာသာ ကားမောင်းပြန်မှာကို စိုးရိမ်ပြီး သူ့ကို အပေါ်တက်အိပ်စေသည်။ သူ အပေါ်တက်သွားပြီး တံခါးဆွဲဖွင့်လိုက်ရာ အိပ်ရာခင်းအသစ်လဲပေးနေသည့်ဝမ်ကျင်းကို မြင်လိုက်ရလေသည်။

ဝမ်ချောင် ထိုခဏအတွင်း စိတ်ထဲထိရှသွားပြီး သူ့အာ့ကောကလည်း အရမ်းကောင်းသလိုခံစားလိုက်ရတော့သည်။

ဒီခံစားချက်က ရေမချိုးခင်အချိန်တစ်ခုထိသာ ကြာမြင့်ခဲ့သည်။ ရေနွေးများစီးကျလာတာနှင့် သူ့တင်ပါးနှင့်ပေါင်တံများက ပိုလို့တောင် နာလာတော့သည်။ သူ မှန်ထဲလှမ်းကြည့်လိုက်ရာ အနီကွက်ကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ ဒါပြန်ပျောက်သွားဖို့ အချိန်အတော်ကြာယူရဦးမှာပင်။ သူ ငိုရင်းနှင့် အိပ်ပျော်သွားခဲ့ပြီး မအိပ်ပျော်ခင် မတွေးကောင်းတာများတောင် တွေးလိုက်သေးသည်။ ဝမ်ချီနှင့် ဝမ်ကျင်းက လူကောင်းများ မဟုတ်။ သူတို့က တစ်နေကုန် သူတို့ညီလေးကို အနိုင်ကျင့်ပြီးပျော်နေကြတာဖြစ်တာမို့ ဝမ်ချီမှာလည်း ကလေးမရှိတာ ဖြစ်သင့်သလို ဝမ်ကျင်း သူ့အချစ်ဦးနှင့်အိပ်ခွင့်မရတာလည်း ထိုက်တန်တဲ့ကိစ္စရပ်သာ။

သူတို့လည်း သူတို့ညီလေးကို အချိန်ကောင်းမရစေတာမို့ သူတို့သုံးယောက်လုံး အချိန်ကောင်းမရှိတာ ပိုကောင်းလိမ့်မည်။ အတူတူခံစားကြတာပေါ့။

ဒီတစ်ခေါက် ဝမ်ချီရဲ့ရိုက်ချက်များက အတော်လေးပြင်းထန်လှသည်။ ထိုနေ့ကစပြီး ဝမ်ချောင် ကောင်မလေးများကို အိမ်ခေါ်ဖို့နေနေသာသာ အိပ်တောင်မအိပ်ဖြစ်တော့။
ဘယ်လိုပဲဖြစ်ပါစေ IceDream အဖွဲ့က တစ်နေ့ထက်တစ်နေ့ ပိုအလုပ်ရှုပ်လာပြီး သူတို့ရဲ့အချိန်စာရင်းများကလည်း နောက်တစ်လကျော်အထိ အပြည့်ဖြစ်နေသည်။ သူတို့မှာ တစ်ရက်ကို လေးငါးနာရီသာ အိပ်ချိန်ရတာမို့ သူတို့ သူ့အတွက် အချိန်းအချက်လုပ်ပေးမယ်ဆိုရင်တောင် သူ့မှာ လုပ်ဖို့အင်အားမရှိနေတော့။

သူတို့ခြောက်ယောက်လုံး အခုဆို Weibo အကောင့်များရှိနေကြပြီဖြစ်ပြီး Follower များလည်း အလျင်အမြန်ပင် ရရှိခဲ့ကြသည်။ သူတို့ထဲတွင် အကျော်ကြားဆုံးကတော့ ရှောင်ရှဲ့ဖြစ်ကာ တစ်ပတ်အတွင်း follower 1M ကျော်သွားခဲ့လေသည်။ ကျန်တဲ့သူများကတော့ follower မတိမ်းမယိမ်းသာ။

သူတို့ Variety show များထဲ ဝင်မပါရသေးတာမို့ သူတို့ရဲ့ထူးခြားတဲ့အကျင့်စရိုက်များကို ထုတ်ပြနိုင်ခွင့် မရှိသေး။ ရှဲ့ကျူရှင်းရဲ့ရင့်ကျက်ပြီး မှီခိုနိုင်စွမ်းရှိမည့်ပုံရိပ်က မျက်လုံးထဲကြည့်လို့အကောင်းဆုံးဖြစ်နေတာဖြစ်၏။ ထို့အပြင် ပွဲဦးထုတ်ရန် ချပြနေစဉ်ကာလအတွင်း လျန်ရှီး သူ့ကို ကူကြော်ငြာပေးခဲ့တာကလည်း အရှိန်မသေသေး။ ထို့ကြောင့်လည်း လူများက IceDream ဟုပြောလာချိန် အခြားအဖွဲ့သားများကို မမှတ်မိရင်တောင် ရထားတွဲလေး Tomas ကိုတော့ မှတ်မိနေစမြဲ။

သူတို့ရဲ့ Fan တော်တော်များများက သံသယဖြစ်ဖွယ်မရှိ မိန်းကလေးများသာဖြစ်သည်။ အရင်နှစ်များကတော့ မိန်းကလေးများထံ အိုင်ဒေါရှိလာခဲ့ရင် လက်ထပ်ယူတဲ့စိတ်ကူးများရှိကြသည်။ သို့ပေမယ့် အချိန်တွေကုန်တာ လျင်မြန်လွန်းလှသည်။ အခုဆို မိန်းကလေး fan များ အိုင်ဒေါကောင်လေးတစ်ယောက်ကို သဘောကျမိလျှင် သူတို့က သူတို့အိုင်ဒေါနှင့် အခြားအိုင်ဒေါကောင်လေးတစ်ယောက် ချစ်ကျွမ်းဝင်ခြင်းဂေးဇာတ်လမ်းများကို စိတ်ကူးယဉ်ကြတော့သည်။

အဖွဲ့ထဲနာမည်အကျော်ဆုံး ရှဲ့ကျူရှင်းကတော့ အဖွဲ့ဝင်တိုင်းနှင့် CP ရှိထားသည်။ ပေါ်ပြူလာအဖြစ်ဆုံးက "ရှင်းချန်း" ဖြစ်ပြီး ချန်းယောင့်နှင့် CP ထားခြင်းပင်။ သူတို့ပွဲဦးထွက်ဖျော်ဖြေစဉ်က သူ ချန်းယောင့်ကို ကူတွဲပေးနေသည့် gif လေးက fan များအကြား ပျံ့သွားခဲ့တာမို့ဖြစ်လေသည်။ အအေးစက်ဆုံး CP ကတော့ ဝမ်ချောင်နှင့်ဖြစ်၏။ လူနည်းစုသာရှိပြီး စိတ်ဝင်စားသူ မရှိတာမို့ CP နာမည်တောင် မရှိလှ။

"ငါတို့မှာ CP လုပ်ပေးချင်စရာမရှိဘူးဆိုတာ ဘာပြောတာလဲ။" ဝမ်ချောင် မကျေမနပ်နှင့်ပြောလာသည်။ "ဒီ Fan တွေရဲ့အမြင် အရမ်းဆိုးတာပဲ။ ငါတို့က အရင်းနှီးဆုံးဆိုတာ အသိသာကြီး။ ငါတို့ဆို နေ့တိုင်းလည်း အတူအိပ်နေတာတောင် CP မရှိဘူးတဲ့။ အဓိပ္ပါယ်ကို မရှိဘူး။"

ရှဲ့ကျူရှင်း မဂ္ဂဇင်းလှန်လှောဖတ်ကြည့်နေရင်း သူ့ကိုလျစ်လျူရှုထားလိုက်သည်။

ဝမ်ချောင် ခေါင်းစောင်း၍တွေးကြည့်နေသည်။ "ငါတို့ CP နာမည်က ဘာဖြစ်မလဲ။"

ရှဲ့ကျူရှင်း မဂ္ဂဇင်းကိုကြည့်နေရင်း ပြောလိုက်သည်။ "ရှဲ့ဝမ် လို့သာခေါ်လိုက်။"

ဝမ်ချောင် သဘောမကျ။ "အဲ့တာက မင်းကို ဆဲနေသလိုပဲ။ ရှဲ့ဝမ်ပါ့"

[T/N : 王八 ဆိုတာ အသုံးများတဲ့အဆဲစကားလုံးလေးပါ။ အဲ့တာကို အရှေ့က 'ရှဲ့'ကပ်လိုက်တော့ ရှဲ့ခွေးသား ဆို ဆဲသလိုဖြစ်သွားတာပါ။]

"...."

ဝမ်ချောင် ဆက်ပြောပြန်သည်။ "ပြီးတော့ ဘာလို့ မင်းနာမည်က အရှေ့ကဖြစ်နေတာလဲ။ ငါ ဒါလည်းသိတယ်။ အရှေ့မှာထားခံရတဲ့လူက ယောက်ျားတဲ့။"

ရှဲ့ကျူရှင်း : "..." 'ပါးစပ်ပိတ်ထားလိုက်ပါတော့။ မင်း အသိဆုံးပါ။'

ဝမ်ချောင်လည်း သူစိတ်မဝင်စားတာတွေ့နေတာမို့ အနားတိုးကပ်သွားပြီး သူ့လက်ထဲရှိမဂ္ဂဇင်းကို လှမ်းကြည့်လိုက်ရာ AJ23 ဖိနပ်ကြော်ငြာစာဖြစ်နေသည်။

"မင်း ဒါကို စိုက်ကြည့်နေတာကြာလှပြီ။ ကြိုက်လို့လား။ ဝယ်လိုက်လေ။" ဝမ်ချောင် ပြောလိုက်သည်။

ရှဲ့ကျူရှင်း ပြန်ပြောသည်။ "ငါ 17 ဝယ်ထားတာ မကြာသေးဘူး။ ဒီတစ်ရန်ကိုပဲ အရင်စီးဦးမယ်။"

"ဖိနပ်များများဝယ်တာများ ဘာလို့ချုပ်တည်းထားဖို့လိုလဲ။ အရင်ကတော့ ပိုက်ဆံမရှိလို့ထားပါတော့။ အခု မင်းမှာလည်း မရှိတာမဟုတ်ဘူး။ သုံးလိုက်ဖို့ကို မတွ့န်တိုနေစမ်းပါနဲ့။"

ရှဲ့ကျူရှင်းမှာ သူ့ရဲ့ရောက်တတ်ရာရာပြောသမျှကို နားထောင်ဖို့စိတ်မရှိနေ။ သူ မဂ္ဂဇင်းကိုပိတ်ပြီး ပြောလိုက်သည်။ "ဘယ်အချိန်ရှိပြီလဲ။ ငါတို့အလှည့် မရောက်သေးဘူးလား။"

ဝမ်ချောင် သူ့ဖုန်းသူလှမ်းကြည့်လိုက်သည်။ "ဆယ်နာရီကျော်ပြီ။ ငါတို့သွားသင့်ပြီ။"

သူတို့က CCTV လူမှုဖူလုံရေးပါတီ ရိုက်ကူးရေးတွင် ပါဝင်ဖို့ရောက်နေတာဖြစ်သည်။

အခုဆို သူတို့မှာ သူတို့ကိုလူချင်းတွေ့နိုင်ရန် နေရာအထိလိုက်လာပေးတဲ့ fan များပါ ရှိနေပြီဖြစ်သည်။ စင်အောက်တွင် LED sign လေးများဖြင့် fanchants များဆိုနေသည့် လူအုပ်စုလေးရှိနေ၏။

သို့ပေမယ့် သွမ့်ယိခွန်းက သူတို့ကို 'Summer Ice' ရဲ့ ရလဒ်ကောင်းများက အချိန်ကာလတိုလေးတစ်ခုအတွက်ပဲဟု ကြိုပြောထားသည်။ မကြာခင်မှာပဲ သူတို့သီချင်းက Ranking ကျသွားတော့သည်။ သို့ပေမယ့် ဒါကလည်း သူတို့ကိုနှစ်သိမ့်နိုင်ခဲ့သည်သာ။ အကြောင်းကား သူတို့ဖျော်ဖြေမှု မကောင်းတာကြောင့် ranking ကျသွားခြင်းမျိုး မဟုတ်ဘဲ သူတို့အနုပညာလောကထဲရှိ စီနီယာများ သီချင်းအသစ်ထုတ်ချိန်နှင့် ကြုံသွားတာကြောင့်ဖြစ်သည်။ ထို့အပြင် အိုင်ဒေါအဖွဲ့များ၏ fan တော်တော်များများက ကျောင်းသူများဖြစ်ကြတာမို့ အခု ကျောင်းပြန်ဖွင့်ချိန် ranking ကျသွားတာက ဖြစ်သင့်သည့်ကိစ္စရပ်ပင်။ အမျိုးသားနေ့ဖြစ်သည့် 11 ရက်နေ့ကျ သူတို့တွေ Ranking ထိပ်ဆုံးရောက်အောင် ပြန်သွားနိုင်လိမ့်မည်သာ။

အဖွဲ့သားများအားလုံး ပွဲဦးထွက်ခွင့်ရခြင်းအတွက် ပျော်ရွှင်နေဆဲဖြစ်ပြီး ဒီလိုတွက်ချက်ပြမှုကိုလည်း နားမလည်လှတာမို့ သွမ့်ယိခွန်းပြောပြလာချိန် နားထောင်ရုံသာနားထောင်ပြီး သူတို့စိတ်အခြေအနေကို မထိခိုက်သွား။

ဖျော်ဖြေပွဲအပြီးမှာတော့ သူတို့ခြောက်ယောက် စင်အနောက်မှ ထွက်ခွါလိုက်ကြသည်။ အပြင်၌ သူတို့အား လိုက်ပို့နှုတ်ဆက်ပေးရန်စောင့်နေတဲ့ fan များ အယောက် ၂၀ နီးပါးရှိနေပြီး သူတို့တတွေက LED Sign နှင့် ပိုစတာများ ကိုင်ထားကြလေသည်။ သူတို့ထွက်လာတာကိုမြင်တာနှင့် ထို fan များက စတင်အော်ဟစ်ပြီး အရှေ့တိုးလာကြတာမို့ လုံခြုံရေးများမှာ အလျင်အမြန် လူစုသွားခွဲရတော့သည်။

ရှဲ့ကျူရှင်းက ကားထဲ နောက်ဆုံးမှဝင်သူဖြစ်ပြီး fan များက သူ့ကိုလှမ်းခေါ်လျက်ရှိနေသည်။ "ရထားတွဲလေး! ရထားတွဲလေး!"

သူကလည်း သူတို့ကို ပြန်လက်ဝှေ့ယမ်းပြလိုက်၏။

ဝမ်ချောင် ကားအတွင်းမှ ခေါင်းပြူထွက်လာရာ Fan များက တစ်ဖန်သူ့နာမည်ကိုအော်ကြပြန်သည်။ "Leo! Leo!"

ဝမ်ချောင် စိတ်လှုပ်ရှားလွန်းတာမို့ ကိုယ်တစ်ဝက် အပြင်ထွက်လျက် တစ်ခုခုပြောဖို့ အသင့်ဖြစ်နေလေသည်။ 

မဟုတ်တာတစ်ခုခုပြောတော့မည်မှန်း ရှဲ့ကျူရှင်း ပြောနိုင်နေတာမို့ အလျင်အမြန် ကားထဲပြန်ထိုးသွင်းပြီး သူကိုယ်တိုင်ပါ ကားပေါ်တက်၍ တံခါးပိတ်ချလိုက်တော့သည်။

"ငါ့ fan တွေနဲ့ လူချင်းတွေ့ရတာ ဘယ်လောက်ရှားလဲ။ ငါဘာလို့တစ်ခုခုပြောလို့မရတာလဲ။" ဝမ်ချောင် မကျေမနပ်ပြောလာသည်။

ရှဲ့ကျူရှင်း သူ့ကို မေးလိုက်သည်။ "မင်းက ဘာပြောဖို့လုပ်နေတာလဲ။"

"ပြန်သွားပြီး ငါတို့အတွက် CP လုပ်ပေးလို့လေ။"

"..."

ယန်ရှောင်းမူ ရယ်၍ဝင်ပြောသည်။ "ခေါင်းဆောင်၊ ပြောကာမှ ခေါင်းဆောင်နဲ့ရှောင်ရှဲ့သာ ပေါ်ပြူလာ မဖြစ်တာ။ ကျိကျဲနဲ့ CP ကတော့ တော်တော်လေး ပေါ်ပြူလာဖြစ်တယ်နော်။"

ဝမ်ချောင် ထိုအကြောင်းကို မသိထား။ သူ ရွံရှာသလိုပြန်ပြောလိုက်သည်။ "ငါ သူနဲ့ CP ရှိသေးတယ်ပေါ့။ နာမည်က ဘာတဲ့လဲ။"

ကျိကျဲ သူ့ကို မပြောပြချင်။ "မပြောနဲ့။ ရှက်စရာကြီး။"

ယန်ရှောင်းမူ ရယ်သွားသည်။ "ရှားပေါင်း (沙包) တဲ့။"

ဝမ်ချောင် သဘောမပေါက်သေးတာမို့ ရယ်တော့သည်။ "လူတိုင်း သူ့ကို ဘန်းမုန့်လိုမျက်နှာရှိတယ်လို့ တွေးတာပဲ။"

လူတိုင်း ခေါင်းငုံ့လျက် ခိုးရယ်လေသည်။

ကျိကျဲ ဒေါသတကြီးဖြင့်ပြောတော့သည်။ "ငါက ဘန်းမုန့်ဆိုတော့ ဘာဖြစ်လဲ။ သောက်ရူးကောင်ရဲ့။"

[T/N : အရူးဆိုတဲ့ 傻子 က 傻 နဲ့ ဒီ 沙 က အသံချင်း တူနေတာပါ။ ပြောရရင် အရူးကောင်နဲ့ မျက်နှာဝိုင်း သဘောမျိုးဖြစ်နေတာပေါ့ ><]

ဝမ်ချောင်မှာ ထိုအဓိပ္ပါယ်ကို နားလည်ဖို့စက္ကန့်အနည်းငယ်မျှ ယူလိုက်ရသေးသည်။ "... ဒီ Fan တွေက တကယ် အားမကိုးရဘူးပဲ! သူတို့အကုန်လုံးကို Fan အဖြစ်ကနေ ထုတ်ပစ်!"

လဝက်ကျော်မျှ နားချိန်မရအောင် အချိန်များပြည့်နေပြီးနောက် သူတို့ နားရက်တစ်ရက်ရခဲ့လေသည်။

အစက ရှဲ့ကျူရှင်း အိမ်မှာပဲ အနားယူဖို့လုပ်ထားပေမယ့် ဝမ်ချောင် ရောက်ချလာပြီး သူ့အတွက် ကောင်းတဲ့ပစ္စည်းတစ်ခုပေးစရာရှိတယ်ဟု လျှို့ဝှက်ချက်ဆန်ဆန်ပြောလာသည်။

ရှဲ့ကျူရှင်း တံခါးဖွင့်ပေးလိုက်ချိန် ဝမ်ချောင်က ဖိနပ်ဘူးကြီးတစ်ခုကို ကိုင်ထားလျက် ဝင့်ဝင့်ကြွားကြွားပြောလေသည်။ "ဘာလဲ၊ မှန်းကြည့်ကြည့်။"

"...AJ23?"

ဝမ်ချောင်က သူ့ကို မဂ္ဂဇင်းထဲကနှင့် ပုံစံတူ အနက်နှင့်အနီ အရောင်ခြယ်ထားသည့်ဖိနပ်တစ်ရန်ပေးလာသည်။

"မြန်မြန်၊ စမ်းဝတ်ကြည့်။" ဝမ်ချောင်က ပျော်ရွှင်လို့နေသည်။ "ငါတို့နှစ်ယောက်လုံး 42 ပဲ ဝတ်တာမလား။ ငါ စမ်းတော့ မစီးခဲ့ဘူး။ မင်းဖိနပ်ရဲ့ပထမဆုံးအကြိမ်ကို မင်းပဲ ယူရမှာပေါ့။"

ရှဲ့ကျူရှင်း : "..." 'ဘာလို့ စကားလုံးတွေက သူ့ပါးစပ်က ထွက်လာတာနဲ့ ညစ်ညမ်းသွားရတာလဲ။"

သူ ဆိုဖာပေါ်ထိုင်ချပြီး ဖိနပ်စီးဝတ်ကြည့်ဖို့လုပ်လိုက်သည်။

ဝမ်ချောင်က သူ့အရှေ့တွင်ပျော်ပျော်ကြီး ဒူးထောက်ထိုင်ချပြီး သူ့အား ဖိနပ်ကူဝတ်ပေးဖို့လုပ်တော့သည်။

ရှဲ့ကျူရှင်း ရှက်ရွံ့သလိုခံစားချက်ဖြင့်ပြောလိုက်မိသည်။ "ငါ့ဘာသာငါ ဝတ်ကြည့်လို့ရတယ်။"

ဝမ်ချောင်က သူ့ခြေထောက်ထက် ဖိနပ်ဝတ်ပေးနေပြီးဖြစ်ကာ ခြေချောင်းများအနားကို ဖိကြည့်ပြီး နေရာပိုရှိနေသေးလားဟု စစ်ဆေးနေလေသည်။ သူက ဝမ်းမြောက်အားရစွာပြောလာသည်။ "လုံးဝ ကွက်တိကျနေတာပဲ!"

ရှဲ့ကျူရှင်း : "..."

ယခု ဒီပုံစံအနေအထားတွင် သူ့က ဖန်ဖိနပ်လေး ပြန်ဝတ်ခွင့်ရလိုက်တဲ့စင်ဒရဲလားနှင့်တောင် တူနေ၏။ 

သို့သော် သူ့အရှေ့ကတော့ မင်းသားလေး မဟုတ်ခဲ့။ ထိုအစား Neverland မှာ ကြီးပြင်းလာတဲ့ Peter Pan လေး တစ်ယောက်သာ။ အမြဲတမ်း ကလေးလေးလို သူ့ကို စိတ်လိုလက်ရရယ်မောပြပြီး သူ့ထံ အားပါးတရငိုကြွေးလို့ သူ့ကို နှလုံးသားမရှိ ဖြားယောင်းတတ်ပေမယ့် ထိုသူကတော့ ထိုအရာအားလုံးကို သတိမူမိခြင်းမရှိဘဲ ဆောင်ရွက်နေလေသည်။

KittyKitling

T/N : အဓိပ္ပါယ်လေး အစောကြီးပေါ်လာတယ်နော်~

မတွေ့ရတာ အရမ်းကြာပြီ။ တကယ် တကယ်လွမ်းနေတာ TT

အတိုးချပြီးကို update ပေးပါ့မယ်နော် !.

_____///_____

[Zawgyi]

'ရွဲ႕ေခြးသား'

အေပၚထပ္ရွိ အဖြဲ႕သားမ်ားအကုန္လုံး တိတ္ဆိတ္ေနၾကၿပီး ၾကည့္ရတာ အိပ္ေမာက်သြားၿပီထင္ရ၏။

သူ႔ေဘးမွာအိပ္ေနတဲ့ဝမ္ေခ်ာင္ကလည္း တိုးလ်လ်ေဟာက္သံမ်ားထြက္ေနၿပီး မၾကာခဏဆိုသလို အံႀကိတ္လ်က္လည္းရွိသည္။

ရွဲ႕က်ဴရွင္းတစ္ေယာက္တည္းသာ အေတာ္ၾကာတဲ့အထိ အိပ္မရေသး။

သူ သူ႔လုပ္ရပ္မ်ားကို ေသခ်ာနားမလည္နိုင္။

အဲ့အနမ္းက ဘာလဲ။ သူက ေဂးလည္း မဟုတ္။

သူ႔ေက်ာင္းတုန္းက အကသင္ၾကတဲ့ေဂးေယာက္်ားေလးမ်ား မ်ားစြာရွိလွသည္။ တစ္ခါကဆို သူ႔ကို လာဖြင့္ေျပာသည့္ေဂးေကာင္ေလးတစ္ေယာက္ကိုေတာင္ ယန္က်ားက်ားက ကူညီေျဖရွင္းေပးခဲ့ရေသးသည္။

သူ႔အေနႏွင့္လည္း သူ႔လိင္စိတ္တိမ္းညႊတ္ရာကို အေသအခ်ာသိလွသည္။ သူ မိန္းကေလးမ်ားကိုသာ သေဘာက်တာျဖစ္ၿပီး ေကာင္ေလးတစ္ေယာက္အေပၚ စိတ္ဝင္စားျခင္းမ်ိဳး တစ္ခါေလးမ်ားေတာင္ မရွိခဲ့။

သူ ဝမ္ေခ်ာင္ကို သေဘာက်တာမ်ားလား။

သူ ေခါင္းလွည့္ၿပီး ဝမ္ေခ်ာင့္ကို ၾကည့္လိုက္သည္။

ဝမ္ေခ်ာင္က ဗိုက္ႏွင့္အိပ္ရာ ကပ္လ်က္ သူ႔လက္ကို မ်က္ႏွာေအာက္ ခု၍ အိပ္ရတာကို သေဘာက်ၿပီး သူ႔ပုံစံက ဝက္တစ္ေကာင္အိပ္ပုံႏွင့္တူလွသည္။ ထို႔အျပင္ သြားရည္မ်ားကလည္း ေခါင္းအုံးေပၚသို႔ မၾကာမၾကာ စီးက်ေနေသးသည္။

သူ႔႐ုပ္ရည္က ၾကည့္ေကာင္းေပမယ့္ အိမ္မွာ ပိုက္ဆံေလးရွိ႐ုံႏွင့္ သူ႔အျမႇီးက မိုးထိ ေထာင္တက္ခ်င္ေနသည္။ သူအျမဲေျပာေနၾကစကားမ်ားမွာ ; "ေရွာင္ရွဲ႕၊ မင္းမွာ ပိုက္ဆံမွာ မရွိတာ။ အဲ့ေတာ့ ဒါေတြကို မရွိသူကူညီေပးလို႔ပဲ သေဘာထားလိုက္ေလ။"

အဲ့ေကာင္ေလးက ပ်င္းလည္းပ်င္းေသးသည္၊ တစ္ခုခုလုပ္ဖို႔ စိတ္အားတက္ႂကြေနျခင္းမ်ိဳးလည္း မရွိ။ သူက နာက်င္မွုဒဏ္ကိုလည္း မခံနိုင္သလို သူ႔ကို တစ္ခုခု လုပ္ခိုင္းမိရင္လည္း အဆုံးမရွိေအာင္ ၿငီးတြားျခင္းသာလုပ္တတ္ေနသည္။ ပ်င္းေနတဲ့ျမည္းတစ္ေကာင္ေတာင္ ႏွစ္ခ်က္ေလာက္အရိုက္ခံလိုက္ရရင္ သူ႔ထက္ ေကာင္းေကာင္းလုပ္နိုင္ေနဦးမည္။

သူက ဘာဘီက်ဴစားေနရင္းေတာင္ ဟိုကိစၥအတြက္ အခ်ိန္းအခ်က္သြားလုပ္နိုင္တဲ့ အားေကာင္းေမာင္းသန္ျမင္းတစ္ေကာင္သာ။

သူ ေတြးၾကည့္ေလေလ ပိုလို႔ဆန္းၾကယ္ေလေလ ျဖစ္လာရသည္။ အနည္းဆုံး ယန္က်ားက်ားက အသက္ရွင္သန္ရန္ အလုပ္ႀကိဳးစားခ်င္တဲ့စိတ္အားထက္သန္မွုမ်ားျဖင့္ လူေကာင္းတစ္ေယာက္ျဖစ္ခဲ့ေသးသည္။ သို႔ေပမယ့္ ဝမ္ေခ်ာင္ကေရာ? အကယ္၍မ်ား ရွဲ႕က်ဴရွင္းသာ သူ႔ဦးေႏွာက္ကို ျမည္းပိတ္ကန္ခံလိုက္ရတာမို႔ တကယ္ေကြးသြားခဲ့ရင္ေတာင္ ဝမ္ေခ်ာင္လိုလူမ်ိဳးကို ႀကိဳက္မိဖို႔ မျဖစ္နိုင္။

သို႔ေပမယ့္ သူ မေကြးေသး။ သူ႔အေနႏွင့္ ေကာင္မေလးမ်ားက အရမ္းခ်စ္ဖို႔ေကာင္းတယ္ဟု ေတြးဆဲ။ ကေလးမ်ားကို အလြန္အမင္း သေဘာက်ဆဲ။ ထို႔အျပင္ ကေလးအေဖတစ္ေယာက္ျဖစ္လာဖို႔လည္း ေမၽွာ္လင့္ခ်က္အျပည့္ ရွိထားဆဲပင္။

အဆုံးမွာေတာ့ ဒီအေၾကာင္းမဲ့အနမ္းအတြက္ ဖိအားမ်ားျခင္းအေပၚသာ ပုံခ်ထားလိုက္ေတာ့သည္။ ဒီည သူလည္း နည္းနည္းေသာက္ထားမိၿပီး မူးေဝေနတာမို႔ ဒီလိုပ်င္းရိစရာကိစၥရပ္မ်ိဳး လုပ္မိျခင္းသာ။

ေနာက္ရက္အနည္းငယ္ၾကာၿပီးေနာက္ သူ ထိုကိစၥမ်ားကို ထပ္စိတ္ပူဖို႔ မလိုေတာ့။ IceDream အဖြဲ႕ရဲ့ အခ်ိန္စာရင္းက အျပည့္ျဖစ္ေနၿပီး သူတို႔အကုန္ ထင္မထားရေအာင္ အလုပ္ရွုပ္လာေလသည္။

သူတို႔ Album ရွိ အျခားသီခ်င္းမ်ားကို အသံသြင္းရျခင္းအျပင္ ဆုေပးပြဲစင္၌ေဖ်ာ္ေျဖေပးရန္အတြက္ အစမ္းေလ့က်င့္ျခင္းမ်ား သြားလုပ္ရၿပီး မီဒီယာမ်ားထံမွလည္း အင္တာဗ်ဴးအမ်ားအျပား လက္ခံရရွိထားရသည္။ 

ေလ့က်င့္ေရးကာလအပိုင္းအျခားတုန္းက လူတိုင္း ပင္ပန္းခဲ့ၾကေပမယ့္ ပြဲဦးထြက္ၿပီး ၾကဳံေတြ႕လာရတဲ့ တကယ့္လုပ္စရာမ်ားကို ၾကဳံေတြးၿပီးေနာက္ အရင္က ေလ့က်င့္ေရးဆင္းခဲ့သည့္အခ်ိန္ေလးက တကယ္ဘာမွမဟုတ္သေလာက္ပင္။

Music Festival က ေသာၾကာေန႔တြင္ျဖစ္လ်က္ ၾကာသပေတးေန႔မွာက သြမ့္ယိခြန္းေမြးေန႔ပြဲျဖစ္တာမို႔ ထိုညက အသံသြင့္ၿပီးတာႏွင့္ အတူေပ်ာ္ပါးဖို႔ သြားၾကမည္ဆိုတဲ့အေၾကာင္းေျပာကာ အဝတ္အစားၾကည့္ေကာင္းေအာင္ ဝတ္ခဲ့ဖို႔လည္း သတိေပးလာေသးသည္။

အဖြဲ႕သားမ်ားက သူ႔ကို လက္ေဆာင္တစ္ခုဝယ္ေပးဖို႔ ေဆြးေႏြးေနၾကေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ မေရြးခ်ယ္နိုင္ေသး။ ေစ်းႀကီးတဲ့လက္ေဆာင္မ်ားကို သူတို႔ မတတ္နိုင္သလို ေစ်းေပါတာေပးဖို႔က်ေတာ့လည္း အေတာ္ေလးရွက္ဖြယ္ေကာင္းေန၏။

ဝမ္ေခ်ာင္က သူ႔ထင္ျမင္ခ်က္ကို မေဖာ္ျပခ်င္။ အခုရက္ပိုင္းအတြင္း သူ႔မွာ ေကာင္းေကာင္းအိပ္စက္ခ်ိန္ မရတာမို႔ အျမဲအိပ္ငိုက္လို႔ေနလ်က္ ရွဲ႕က်ဴရွင္းေက်ာေပၚမွီရင္း တစ္ေမွးအိပ္ေနခ်ိန္ သူတို႔စကားမ်ားကို အခ်ိန္တစ္ခုထိ နားေထာင္ၿပီးေနာက္ စိတ္မရွည္ေတာ့ပဲ ဝင္ေျပာခ်င္လာေတာ့သည္။ "မင္းတို႔ေတြ ..."

"မင္း ပင္ပန္းေနတာမလား။" ရွဲ႕က်ဴရွင္း သူ႔ကို 'ကပ္စီးကုပ္'၊ 'ဆင္းရဲ' ဆိုတဲ့ ၾကားမေကာင္းသည့္စကားမ်ားေျပာမလာေစရန္ ဝင္တားလိုက္ရသည္။ "မင္း အိပ္ေနေလ။ ငါတို႔ေတြ ဘာဝယ္ရမလဲဆိုတာ တိုင္ပင္ၿပီးရင္ မင္းကိုေျပာမယ္။ အဲ့ခါက် မင္းက ဦးေဆာင္ဝယ္ေပးေပါ့။"

ဝမ္ေခ်ာင္ ဆိုလိုခ်င္တာကလည္း ထိုအတိုင္းသာမို႔ သူလည္း 'အင္း' ဟုဆိုရင္းသာ ျပန္လွဲအိပ္ေနေတာ့သည္။

အဖြဲ႕သားမ်ားကလည္း ထိုကဲ့သို႔အေတြးမ်ိဳးရွိေနၿပီးသားျဖစ္နိုင္၏။ သို႔ေပမယ့္ ဘယ္သူကမွ အစေဖာ္ေျပာမလာရဲတာမို႔ အခု ထိုကိစၥအဆင္ေျပသြားခ်ိန္ အကုန္ေပ်ာ္ရႊင္ေက်နပ္သြားၾကေလသည္။

သြမ့္ယိခြန္းရဲ့ေမြးေန႔ပါတီပြဲက သူတို႔ေတြးထင္ထားတာထက္ ပိုလို႔စည္ကားေန၏။

သြမ့္ယိခြန္းဆိုတာ ဒီအႏုပညာေလာကထဲ ရွိေနတာ ဆယ္ႏွစ္ေက်ာ္လွၿပီျဖစ္သည္။ ထိုအခ်ိန္အတြင္း နာမည္ေက်ာ္ၾကားလွတဲ့အိုင္ေဒါဂ႐ုမ်ားစြာကိုလည္း ပြဲဦးထုတ္ေပးနိုင္ခဲ့ၿပီး ကိုယ္တိုင္ကလည္း အကစေကးကၽြမ္းက်င္တဲ့အျပင္ အဆက္အသြယ္မ်ားစြာလည္း ရွိလွသည္။ ထပ္ေပါင္းေျပာရလၽွင္ ေလာေလာဆယ္ သူ ပြဲဦးထုတ္ေပးထားတဲ့ IceDream ကလည္း အႏုပညာေလာကထဲ နာမည္သိ၊ လူခ်စ္ခံေနရသည္။ ထို႔ေၾကာင့္ သူ ဖိတ္စာပို႔ေပးလိုက္တာႏွင့္ တစ္ခုခုေတာ့ လုပ္ေပးရစျမဲပင္။ လူကိုယ္တိုင္ မလာနိုင္ခဲ့ရင္ေတာင္ လက္ေဆာင္စီစဥ္ၿပီး ပို႔ေပးလာၾကေလသည္။

သူတို႔ေျခာက္ေယာက္လုံးက လူသစ္ေလးမ်ားျဖစ္ၿပီး ဒီပြဲတြင္ရွိေနသူတိုင္းက စီနီယာမ်ားသာ။ ဒီလိုအေျခအေနမ်ိဳးတြင္ ဂ႐ုတစိုက္ေနျခင္းက ပိုေကာင္းလွေပသည္။

လူတိုင္း အဆင္တေျပရွိလွေပမယ့္ ရွဲ႕က်ဴရွင္းမွာေတာ့ ဝမ္ေခ်ာင္ ျပႆနာသြားရွာလာမွာစိုးရိမ္တာမို႔ သူ႔အနားတြင္သာ ေခၚထားၿပီး ဘယ္နားကိုမွ သြားခြင့္မေပးထား။

ဝမ္ေခ်ာင္ကလည္း သြမ့္ယိခြန္းရဲ့ဧည့္သည္မ်ားကို စိတ္ဝင္စားျခင္း မရွိေပမယ့္ ကေလးတစ္ေယာက္လိုပင္၊ ရွဲ႕က်ဴရွင္းက သူ႔ကိုထိန္းခ်ဳပ္ထားေလ သူကပိုေပြရွုပ္ခ်င္ေလျဖစ္ေနသည္။

သို႔ေပမယ့္ လူဆိုတာ အေရးကိစၥၾကဳံလာရင္ေတာ့ ေျဖရွင္းရစျမဲ။ ရွဲ႕က်ဴရွင္း အိမ္သာသြားခ်င္လာခ်ိန္ ဝမ္ေခ်ာင့္ကို အထပ္ထပ္မွာထားခဲ့ေတာ့သည္။ "မင္း ဒီမွာပဲ ထိုင္ေစာင့္ေန၊ မလွုပ္နဲ႔။ အျခားသူေတြကို မဟုတ္တာေတြလည္း သြားေျပာမေနနဲ႔။ မင္းသာ တစ္ေယာက္ေယာက္ကို စိတ္ခုေအာင္ သြားလုပ္မိရင္ ျဖစ္လာမယ့္အက်ိဳးဆက္က ေကာင္းမွာ မဟုတ္ဘူး။"

ဝမ္ေခ်ာင္က လိမ္လိမ္မာမာ သေဘာတူလာသည္။ "သိၿပီ။"

သို႔ေပမယ့္ ရွဲ႕က်ဴရွင္း ေလၽွာက္ထြက္သြားတာႏွင့္ သူလည္း ေပ်ာ္ပါးဖို႔လစ္ထြက္သြားေလသည္။

ရွဲ႕က်ဴရွင္း ျပန္ေရာက္လာခ်ိန္ ဝမ္ေခ်ာင္က ေနရာတြင္ မရွိေနေတာ့။ က်ိက်ဲက တစ္ေနရာသို႔ လက္ညႇိုးထိုးျပလာၿပီး သူ လွမ္းၾကည့္လိုက္ရာ ဝမ္ေခ်ာင္က ရွန္ပိန္ခြက္ကို ကိုင္လ်က္ စကပ္တိုတိုေကာင္မေလးအခ်ိဳ႕ႏွင့္ စကားေျပာေနသည္ကို ေတြ႕လိုက္ရေတာ့သည္။ သူ ဘာေျပာလိုက္တယ္ မသိ ; ေကာင္မေလးမ်ားက ယိမ္းထိုးလို႔ရယ္ေန၏။

ရွဲ႕က်ဴရွင္း အနားသို႔ေလၽွာက္သြား၍ ထိုေကာင္မေလးမ်ားကို ေတာင္းပန္စကားေျပာၿပီး ဝမ္ေခ်ာင္ကို ျပန္ဆြဲေခၚလာေတာ့သည္။

ဝမ္ေခ်ာင္မွာ ေကာင္မေလးမ်ားႏွင့္ ကလူက်ီစယ္ မလုပ္ရတာ ရက္အေတာ္ၾကာေနၿပီမို႔ မေက်မနပ္ႏွင့္ေျပာလိုက္သည္။ "မင္း ဘာလုပ္တာလဲ။ ငါ မေျပာသင့္တာေတြ သြားေျပာေနတာလည္း မဟုတ္ဘူး။"

"ဒီေန႔က ခြန္း-ေကာရဲ့ေမြးေန႔။ ေလၽွာက္လုပ္မေနနဲ႔။"

ဝမ္ေခ်ာင္ အေနာက္ျပန္လွည့္ၾကည့္လိုက္ရာ ထိုေကာင္မေလးမ်ားအကုန္ ရယ္ေနတာကို ေတြ႕လိုက္ရၿပီး သူတို႔ေတြ သူ႔အေၾကာင္း ရယ္ေနတာျဖစ္မည္ဟုခံစားလိုက္ရကာ နည္းနည္းစိတ္မေပ်ာ္မရႊင္ျဖစ္သြား၍ေျပာေလသည္။ "ငါ ဘာမ်ားလုပ္ေနလို႔လဲ။ ငါ စကားေလးနည္းနည္းပဲသြားေျပာတာ။ မင္းက ဘာလို႔ငါ့အစ္ကိုႀကီးလို လာလုပ္ေနတာလဲ။ ဘာလို႔ အဲ့ေလာက္ႀကီးထိ လိုက္ဂ႐ုစိုက္ေနတာလဲ။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္ရဲ့အေရးတယူမရွိတဲ့မ်က္ႏွာထားကို ၾကည့္ရင္း သူ႔ရင္ထဲရွိမီးေတာက္မ်ားက ႐ုတ္တရက္အုံႂကြတက္လာၿပီး ေအးစက္စက္ေျပာလိုက္သည္။ "ငါကေရာ ဂ႐ုစိုက္ခ်င္ေနတယ္လို႔ မင္းထင္ေနတာလား။ အခု မင္းေက်နပ္တဲ့အထိ သြားေပ်ာ္ပါးေနလိုက္၊ ၿပီးမွ ငါမင္းကို ဂ႐ုစိုက္ေသးရဲ့လား ျပန္လာၾကည့္။"

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ "... မင္း ဘာလို႔ေဒါသထြက္ေနတာလဲ။"

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင္အေပၚ အာ႐ုံမထားခ်င္ေနေတာ့။ သူ အထဲဝင္သြားကာ လူႏွစ္ေယာက္ထိုင္ရတဲ့ဆိုဖာေပၚထိုင္လ်က္ရွိေနသည့္ ခ်န္းေယာင့္ေဘးတြင္ ဝင္ထိုင္ခ်လိုက္သည္။

ခ်န္းေယာင့္မွာ ထရပ္ၿပီး အေဝးမေလၽွာက္သြားရဲတာမို႔ ေၾကာက္ေၾကာက္ရြံ႕ရြံ႕ႏွင့္ သူ႔ေခါင္းေဆာင္ကို ၾကည့္လိုက္၊ ေရွာင္ရွဲ႕ကို တစ္ခ်က္ၾကည့္လိုက္ လုပ္ေနမိသည္။ သူ တတိယဘီးျဖစ္လာမွာကိုေတာ့ ေၾကာက္မိပါ၏။

ဝမ္ေခ်ာင္ကေတာ့ သူ ဒီေန႔ ဘာအမွားမွ မလုပ္ထားမိသလို ခံစားေနရသည္။ သူ႔ရဲ့ကလူက်ီစယ္ေနျခင္းကေတာင္ ေႏွာင့္ယွက္ခံလိုက္ရေသးသည္။ သူ သူ႔ေဒါသကို ခ်ဳပ္တည္းထားရင္း ေမးလိုက္သည္။ "ေရွာင္ရွဲ႕၊ မင္း ဒါက ဘာသေဘာလဲ။"

ရွဲ႕က်ဴရွင္းမွာ အလြန္အမင္းစိတ္တိုေနတာမို႔ စကားေတာင္ျပန္မေျပာခ်င္။ သူ စားပြဲေပၚမွဝိုင္ခြက္ကို ဆြဲယူၿပီး တစ္က်ိဳက္တည္းေမာ့ခ်လိုက္ေတာ့သည္။

ဝမ္ေခ်ာင္ သူ႔ရဲ့ဒီလိုပုံစံကို တစ္ခါမွမျမင္ဖူးတာမို႔ ေဒါသမ်ားပင္ ေပ်ာက္သြားရသည္။ ထိုအစား သူ နည္းနည္းေတာ့စိတ္ပူလာေလသည္။ "မင္း တစ္ခုခုကိုစိတ္မေပ်ာ္ျဖစ္ေနလို႔ ငါ့အေပၚပုံခ်ေနတာလား။"

ရွဲ႕က်ဴရွင္း : "..." 'ဟုတ္တယ္၊ သူစိတ္မေပ်ာ္ဘူး။ ဒါေပမယ့္ သြားပုံခ်စရာေနရာမရွိဘူး။'

ဝမ္ေခ်ာင္ ေျပာလာသည္။ "ခ်န္းေယာင့္၊ မင္း ထစမ္း။"

ခ်န္းေယာင့္ အလ်င္အျမန္ပင္ မတ္တပ္ထရပ္ၿပီး အေဝးတစ္ေနရာ သြားေျပးပုန္းေနေတာ့သည္။

က်န္အဖြဲ႕သားမ်ားကလည္း အခ်င္းခ်င္း စကားေျပာေနဟန္ေဆာင္လ်က္ အခ်ိဳ႕ကလည္း ဖုန္းသုံးလို႔ေနေလသည္။

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းေဘးတြင္ထိုင္ခ်၍ သူ႔ဒူးေခါင္းႏွင့္လွမ္းတိုက္လိုက္သည္။ "ေဟး"

ရွဲ႕က်ဴရွင္း : "..." 'ဘာကို ေဟး'

ဝမ္ေခ်ာင္မွာ ေကာင္မေလးမ်ားႏွင့္ ကလူက်ီစယ္ဖို႔ေတာင္ လုံးလုံးလ်ားလ်ားေမ့သြားၿပီး ရွဲ႕က်ဴရွင္း စိတ္ေပ်ာ္လာဖို႔သာ အာ႐ုံစိုက္ေနမိေတာ့သည္။ "မင္းဘာျဖစ္သြားတာလဲ။ မင္းကို စိတ္တိုေအာင္ ဘယ္သူလုပ္လိုက္တာလဲ။"

ရွဲ႕က်ဴရွင္း : "..." 'ဘယ္သူမ်ားျဖစ္နိုင္ေသးလို႔လဲ။'

ဝမ္ေခ်ာင္ သူ႔ဒူးေခါင္းကို တစ္ဖန္ထပ္တိုက္ၿပီး ရယ္ခ်င္ဖြယ္အျပဳံးျဖင့္ေျပာလာသည္။ "ငါ မင္းကို ဟာသတစ္ခုေျပာျပမယ္။ အဲ့တာက အရမ္းရယ္ရတာ၊ ၾကားတဲ့သူတိုင္း မရယ္ဘဲမေနနိုင္ဘူး။"

ရွဲ႕က်ဴရွင္း သူ႔ကိုလ်စ္လ်ဴရွုထားလိုက္သည္။

ဝမ္ေခ်ာင္ သူ႔ဘာသာ စေျပာေတာ့သည္။ "ဒီႏွစ္ထဲ ႏွင္းမုန္တိုင္းအႀကီးႀကီးက်မယ္လို႔ ေျပာထားတာကြာ။ အဲ့မွာ ညသန္းေခါင္ယံႀကီး အရက္မူးလာတဲ့လူတစ္ေယာက္က အေပါ့သြားရင္း လမ္းေဘးမွာရွိေနတဲ့ႏွင္း႐ုပ္ႀကီးကို လွမ္းျမင္လိုက္တာတဲ့။ ဒါေပမယ့္ သူ႔အျမင္က ေဝဝါးေနတာဆိုေတာ့ 'ဒီေကာင္မေလးက ႐ုပ္အေတာ္ေခ်ာသားပဲ' လို႔ ေတြးမိၿပီး ေထြေထြထူးထူးေတြးမေနဘဲ အဲ့ႏွင္း႐ုပ္ႀကီးကို စလုပ္ေတာ့တာပဲတဲ့။ လုပ္ေနရင္းနဲ႔ေတာင္ သူက 'ဝါး သယ္ဖက္၊ ေကာင္းလြန္းတယ္၊ စိုရႊဲေနတာပဲ။' ဆိုၿပီး ေတြးေနေသးတာဆိုပဲ။"

ေျပာၿပီးတာႏွင့္ ဝမ္ေခ်ာင္ သူ႔ဘာသာ ရယ္သြားၿပီး ရွဲ႕က်ဴရွင္းေပါင္ကိုေတာင္ ရိုက္ရင္းေမးလာသည္။ "မရယ္ရဘူးလား။ ဟားဟားဟား"

ရွဲ႕က်ဴရွင္း : "..." 'မင္းအဘႀကီးကို ရယ္ရ'

ရွဲ႕က်ဴရွင္း မရယ္လာတာကိုေတြ႕ခ်ိန္ ဝမ္ေခ်ာင္ နည္းနည္းေတာ့စိတ္ဓာတ္က်သြားရသည္။ "ငါ့ဘဝတစ္ေလၽွာက္လုံး အဲ့ထဲကအတိုင္း ရည္ညႊန္းၿပီးေနလာတာ။ ဒီအေၾကာင္းၾကားတဲ့လူတိုင္း ရယ္သြားၾကတာခ်ည္းပဲ။ မင္းက သစ္တုံးႀကီးက်လို႔၊ နည္းနည္းေလးေတာင္ စိတ္ဝင္စားဖို႔မေကာင္းဘူး။"

ရွဲ႕က်ဴရွင္း : "..." 'ေအာ္? မင္းလိုအ႐ူးက စိတ္ဝင္စားတယ္ဆိုတာ ဘာမွန္းသိေသးတယ္ေပါ့?'

ဝမ္ေခ်ာင္ ခဏမၽွေတြးၾကည့္ၿပီး ထပ္ေမးလိုက္သည္။ "အိမ္မွာတစ္ခုခုျဖစ္လို႔လား။"

ရွဲ႕က်ဴရွင္းေဒါသလည္း ျဖည္းျဖည္းခ်င္းေျပေလ်ာ့သြားၿပီျဖစ္၏။ "မဟုတ္ဘူး။"

"ဒါဆို မင္းဘာျဖစ္ေနတာလဲ။"

ရွဲ႕က်ဴရွင္းမွာ ဒီအ႐ူးႏွင့္ဖက္ၿပီးေဒါသထြက္ေနရင္ သူပါအ႐ူးျဖစ္ေတာ့မည္ဟု ခံစားလိုက္ရၿပီး တကယ္အဓိပၸါယ္မရွိလွတာမို႔ ဝိုးတို႔ဝါးတားျပန္ေျဖေပးလိုက္သည္။ "ဘာမွမျဖစ္ပါဘူး။ အခုတေလာ ငါ ဖိအားေတြမ်ားေနလို႔ ေဒါသထြက္လြယ္ေနတာ။"

ဝမ္ေခ်ာင္လည္း သူ အမွန္အတိုင္းေျပာေနတယ္ဟုထင္လိုက္ၿပီး ပခုံးကိုသိုင္းဖက္လ်က္ စတင္ႏွစ္သိမ့္ေပးေတာ့သည္။ "မင္းမွာစိတ္ညစ္စရာရွိေနတယ္ဆို ငါ့ကိုသာေျပာလိုက္။ ငါ့မွာတစ္ခုခုျဖစ္သြားတယ္ ထင္ေနတာ။ ငါ အရင္ကလည္း မင္းကိုေျပာဖူးတယ္၊ အဲ့လိုမေျပာဘဲျမဳံထားတာေတြက မေကာင္းတဲ့အက်င့္ပါဆို။"

ရွဲ႕က်ဴရွင္း : "... အင္း"

ရွဲ႕က်ဴရွင္းရဲ့မ်က္ႏွာ အေတာ္အသင့္ေပ်ာ့ေျပာင္းလာတာကိုျမင္မွ ဝမ္ေခ်ာင္ရဲ့စိတ္အေျခအေနလည္း တိုးတက္လာေလသည္။ "မင္းပဲ ဒီလိုမ်ိဳးလုပ္နိုင္တာ။ အျခားတစ္ေယာက္ေယာက္မ်ား ငါ့ကို ဒီလိုအခ်ိဳးမ်ိဳးလာလုပ္ျပရင္ သူတို႔အေမေတာင္ မမွတ္မိနိုင္တဲ့အထိ ငါထိုးပစ္ၿပီ။"

"မင္းရဲ့အတိုက္အခိုက္စေကးနဲ႔ ဘယ္သူ႔ကိုမ်ား မင္း နိုင္ေအာင္ထိုးနိုင္မွာလဲ။"

"ေသခ်ာေပါက္ မင္းလို အရည္အခ်င္းရွိတဲ့လူကိုေတာ့ ငါ နိုင္ေအာင္မထိုးနိုင္ဘူးေပါ့။ အာ၊ ဟုတ္သား။ ငါ မင္းကို တစ္ခါမွ မေမးဖူးေသးဘူး။ မင္း ဘယ္မွာသင္ခဲ့တာလဲ။"

"ငါတို႔မွာ ကိုယ္ခံပညာသင္ေပးတဲ့အတန္းရွိတယ္။" ရွဲ႕က်ဴရွင္းေျပာလိုက္သည္။

ဝမ္ေခ်ာင္ သူ႔အနားတိုးကပ္လာၿပီးေျပာေလသည္။ "ေနာက္က် အခ်ိန္က်ရင္ ငါ့ကို တစ္ခုႏွစ္ခုသင္ေပးဦး။ အရင္က ငါ့အစ္ကို ငါ့ကို သင္ေပးခဲ့ဖူးေပမယ့္ ငါ အတတ္ေႏွးတာကို စိတ္မရွည္ေတာ့ဘဲ သူ ဆက္မသင္ေပးေတာ့ဘူး။ ဆက္မသင္ေပးတာ အသာထား၊ သူ ငါ့ကိုေတာင္ ရိုက္သြားေသးတယ္!"

ရွဲ႕က်ဴရွင္း မထိန္းနိုင္ေတာ့ဘဲ ထရယ္မိေတာ့သည္။ ဒီအေၾကာင္းကမွ ႏွင္း႐ုပ္ပုံျပင္ဆိုတာထက္ ပိုရယ္ရေနေသးသည္။

ဝမ္ေခ်ာင္လည္း သူႏွင့္အတူရယ္သြားေလသည္။ "မင္းစိတ္အေျခအေန တိုးတက္လာၿပီလား။ ငါ မင္းကို ေနာက္ဟာသတစ္ခုေျပာျပဦးမယ္။"

ထို႔ေနာက္မွာေတာ့ သူ စတင္ၿပီး ေရရြတ္ေျပာလာ၏။

ရွဲ႕က်ဴရွင္း သူ႔ဘက္ကို လွည့္ၿပီးၾကည့္ေနရင္း အခုေလာေလာဆယ္အခ်ိန္ေလးအတြင္း သူက မ်က္စိထဲအျမင္ၾကည္စရာေလးျဖစ္ေနသလို ခံစားမိေနသည္။ သူက ႐ုပ္ရည္ေခ်ာေမာၿပီး နာခံမွုလည္းရွိသလို တစ္ဖက္သားအေပၚနားလည္ေပးနိုင္စြမ္းလည္းရွိ၏။

သူတို႔ႏွစ္ေယာက္ ရန္ဆက္မျဖစ္ေတာ့တာကိုျမင္မွ အဖြဲ႕သားမ်ားလည္း စိတ္ေအးသလိုသက္ျပင္းခိုးခ်ရေတာ့သည္။

ခဏအၾကာတြင္ သြမ့္ယိခြန္းက သူတို႔ကို လာေခၚၿပီး နာမည္ႀကီး Music Producer တစ္ေယာက္ႏွင့္ မိတ္ဆက္ေပးေလသည္။

သူတို႔အခ်င္းခ်င္း ယဥ္ေက်းသမွုျဖင့္ႏွုတ္ဆက္ၿပီးခ်ိန္မွာပဲ ေနာက္က်မွေရာက္လာတဲ့ဧည့္သည္ျဖစ္သူက အေဝးတစ္ေနရာမွေလၽွာက္လာၿပီး ေတာင္းပန္စကားဆို၏။ "ေဆာရီး၊ ေဆာရီး။ ငါ အေရးႀကီးကိစၥတစ္ခုေျဖရွင္းဖို႔ေပၚလာလို႔ ေနာက္က်သြားတယ္ကြာ။"

သြမ့္ယိခြန္း ထိုလူကိုႀကိဳဆိုရင္း IceDream အဖြဲ႕ကိုပါ တစ္ပါတည္းမိတ္ဆက္ေပးလာသည္။ "ဒါက ငါ့ရဲ့စီနီယာ။ မင္းတို႔ သူ႔ကို စန္း-ေကာလို႔ေခၚ။"

သူတို႔ေျခာက္ေယာက္လည္း ႏွုတ္ဆက္လိုက္သည္။ "စန္း-ေကာ"

ပလႊားျခင္း မရွိလွတဲ့အျပဳံးျဖင့္ ထိုလူကျပန္ေျပာလာသည္။ "အဓိပၸါယ္မရွိ။ ငါ ဒီေလာကထဲ သူ႔ထက္ ႏွစ္နည္းနည္းေစာၿပီး ေရာက္လာ႐ုံပါကြ။ ငါက က်ဳံးန်န္းစန္း၊ ပိုင္ထူရဲ့မန္ေနဂ်ာ။"

သူတို႔တေတြ ဒီတစ္ညအတြင္း နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားႏွင့္ ေတြ႕ခဲ့ၿပီးျဖစ္တာမို႔ ပိုင္ထူရဲ့မန္ေနဂ်ာမွန္း သိလိုက္ရခ်ိန္ ထူး၍အံ့ဩေနျခင္းမ်ိဳး မရွိေတာ့ဘဲ ယဥ္ယဥ္ေက်းေက်းသာ ျပန္ျပဳံးျပမိၾကေတာ့သည္။ ဝမ္ေခ်ာင္တစ္ေယာက္ထဲကသာ အမူအရာမဲ့ရပ္ေနလ်က္ ယဥ္ယဥ္ေက်းေက်းျပဳံးျပဖို႔ေတာင္ ပ်င္းေန၏။

က်ဳံးန်န္းစန္းကလည္း သိသိသာသာပင္ သူ႔ကို သတိထားမိသြားၿပီး အႀကိမ္ေရအနည္းငယ္မၽွ အေပၚေအာက္ၾကည့္ေနရင္း မ်က္ႏွာအမူအရာပါ မသိမသာေျပာင္းလဲသြားေတာ့သည္။

သြမ့္ယိခြန္း လက္ေဝ့ယမ္းလ်က္ေျပာလာသည္။ "မင္းတို႔ေတြ အရင္သြားေပ်ာ္ပါးႏွင့္။ ငါ စန္း-ေကာနဲ႔ စကားေျပာစရာေလးေတြ က်န္ေသးလို႔။"

သူတို႔အကုန္လုံး လွည့္ထြက္သြားခ်ိန္မွာေတာင္ က်ဳံးန်န္းစန္းက ဝမ္ေခ်ာင္ကိုၾကည့္လ်က္ရွိေနဆဲ။

သြမ့္ယိခြန္းအေနႏွင့္ သူဘယ္လိုလူမ်ိဳးလဲဆိုတာ သိထားတာမို႔ ျပဳံးရင္းေျပာလိုက္သည္။ "စန္း-ေကာ၊ သူ႔ေတာ့ သြားမထိနဲ႔။ သူ႔မွာ ေနာက္ခံေကာင္းေကာင္းရွိတယ္။"

က်ဳံးန်န္းစန္းကေတာ့ စိတ္ထဲထားပုံမေပၚလွ။ "ဘယ္သူတဲ့လဲ။"

ဝမ္ခ်ီက ဒီေလာကအတြင္းမွ မဟုတ္တာမို႔ ထုတ္ေျပာရန္ အဆင္မေျပလွ။ သို႔ႏွင့္ သြမ့္ယိခြန္းလည္း ဤသို႔သာေျပာလိုက္ရေတာ့သည္။ "သူက လ်န္ရွီရဲ့ညီေလးေလ။"

က်ဳံးန်န္းစန္း ေနာက္တစ္ေခါက္ထပ္ျပန္ၾကည့္၍ ေျပာလာသည္။ "အို႔၊ လ်န္ရွီး"

ေမြးေန႔ပါတီၿပီးဆုံးသြားခ်ိန္မွာေတာ့ IceDream အဖြဲ႕သားမ်ားလည္း သြမ့္ယိခြန္းႏွင့္အတူ ဧည့္သည္မ်ားကို လိုက္ပို႔ရင္း ပြဲဧည့္ခံသူတာဝန္ယူလိုက္ရတာမို႔ အိမ္ျပန္ေရာက္ခ်ိန္ အေတာ္ေလးေနာက္က်ေနၿပီျဖစ္၏။

ေနာက္တစ္ေန႔မွာေတာ့ ရွဲ႕က်ဴရွင္း အရင္လို မနက္ေစာေစာထ၍ အေျပးေလ့က်င့္ေလသည္။ သူ တစ္ဝက္မၽွေျပးၿပီးခ်ိန္၌ ဝမ္ေခ်ာင္က သူ႔ထံဖုန္းေခၚလာၿပီး ၾကားရတဲ့အသံအရေတာ့ အိပ္ခ်င္မူးတူးျဖစ္ေနေသးပုံပင္။ "ငါ အသည္းေၾကာ္စားခ်င္လို႔။ မင္းျပန္လာရင္ နည္းနည္းဝယ္ခဲ့ေပးစမ္းပါ။"

"ငါ့မွာ အျခားလုပ္စရာကိစၥေတြရွိေသးတယ္။ မင္းဘာသာ ထၿပီး သြားဝယ္လိုက္။" ရွဲ႕က်ဴရွင္း ေျပာ၏။

"မဟုတ္လည္း မင္း တစ္ေန႔ကို ဆယ္ကီလိုမီတာေက်ာ္ေျပးေနတာပဲ။ လမ္းၾကဳံဝင္ခဲ့ေလ။ ၿပီးေတာ့ တစ္ခါတည္း အီၾကာေကြးႏွစ္ေခ်ာင္းပါ ဝယ္ခဲ့ေပးဦး။ ငါ ဗိုက္ဆာလို႔ေသေတာ့မယ္။"

"ငါဂ႐ုမစိုက္ဘူး။ ဆက္အဆာခံေနလိုက္။" ေျပာၿပီးတာႏွင့္ ရွဲ႕က်ဴရွင္း ဖုန္းခ်လိုက္ေတာ့သည္။

သူ ေျပးတာၿပီးလုနီးပါးျဖစ္ေနၿပီမို႔ အိမ္တန္းမျပန္ဘဲ ေျမေအာက္ရထားျဖင့္ ဝမ္က်င္းဘက္သို႔သြားကာ အသည္းေၾကာ္ႏွင့္ အီၾကာေကြး ႏွစ္ေယာက္စာ ဝယ္လိုက္သည္။

သူ႔ထံတြင္ ဝမ္ေခ်ာင့္အိမ္ေသာ့ရွိထားသည္။ သူ အရင္ကေနခဲ့ဖူးတာအျပင္ ေျပာင္းခါနီး ဝမ္ေခ်ာင္က အပိုေသာ့ကို သိမ္းထားေပးဖို႔ေျပာလာသည္။ တစ္ေန႔ သူ ေသာ့ေပ်ာက္သြားခဲ့ပါက ရွဲ႕က်ဴရွင္းကိုလာရွာၿပီး ဖြင့္ခိုင္းလို႔ရေအာင္ဟုလည္း ေျပာေသးသည္။

သူ တံခါးဖြင့္ၿပီး အထဲေလၽွာက္ဝင္သြားခ်ိန္ အိမ္ထဲ အလြန္အမင္းတိတ္ဆိတ္လ်က္ရွိေနၿပီး ဧည့္ခန္းကလည္း ေနေရာင္မ်ားျဖာက်ဝင္ေရာက္ေနတာမို႔ အေတာ္ေလးလင္းထိန္လွပေန၏။

သူ အသည္းေၾကာ္ကို ေႂကြပန္းကန္လုံးထဲထည့္၍ အီၾကာေကြးကိုေတာ့ ပန္းကန္ျပားေပၚ တင္ထားၿပီးမွ ဝမ္ေခ်ာင့္ကို နိုးဖို႔အေပၚတက္သြားလိုက္သည္။

ဝမ္ေခ်ာင္က အိပ္ရာထက္ ေျခကားယားလက္ကားယားျဖင့္ အိပ္ေမာက်ေနၿပီး ေဟာက္လို႔ေတာင္ေနေသးသည္။ သူ အတြင္းခံလည္း မဝတ္ထားသလို ေစာင္ကလည္း သူ႔ေျခေထာက္တစ္ဝက္ကိုသာ ဖုံးထားေပးတာမို႔ ေနေရာင္ျခည္က သူ႔တင္ပါးထက္ ျဖာက်လ်က္ရွိေန၏။ သူ႔ဖုန္းကေတာ့ သူ႔မ်က္ႏွာအနားကပ္ေနကာ ၾကည့္ရသေလာက္ ဖုန္းေခၚၿပီးတာႏွင့္ ျပန္အိပ္ေပ်ာ္သြားပုံေပၚလွသည္။

ရွဲ႕က်ဴရွင္း သူ႔ကို လွမ္းေခၚနိုးလိုက္သည္။ "အသည္းေၾကာ္ မစားဘူးလား။"

ဝမ္ေခ်ာင္ ရီေဝေဝႏွင့္နိုးလာၿပီး သူ႔မ်က္လုံးမ်ားကလည္း မပြင့္တပြင့္ႏွင့္ ရွဲ႕က်ဴရွင္းကို အားစိုက္ၾကည့္ေနၿပီးေတာ့မွ ျပဳံးရယ္သြားေလသည္။ "ဟဲဟဲ၊ မင္း လာမယ္ဆိုတာ ငါသိေနတယ္။"

"ထေတာ့။" ရွဲ႕က်ဴရွင္းေျပာလိုက္သည္။

ဝမ္ေခ်ာင္ ထထိုင္ကာ အနားသို႔လွိမ့္လာၿပီး မူႀကိဳကေလးတစ္ေယာက္လိုထိုင္ေနရင္း ေျပာလိုက္သည္။ "ဟင္ .. ငါ့အတြင္းခံ ဘယ္ေရာက္သြားပါလိမ့္။ ငါ့ကို ဗီရိုထဲက တစ္ထည္ေလာက္ယူေပးပါဦး။"

ရွဲ႕က်ဴရွင္း ဗီရိုထဲမွ သူ႔အတြက္ တစ္ထည္ထုတ္ေပးလိုက္သည္။ ဝမ္ေခ်ာင္ ဝတ္ၿပီးသြားတာႏွင့္ သူ ရွဲ႕က်ဴရွင္းအား သူ႔အဝတ္မ်ား ရွာခိုင္းျပန္ေလသည္။ 

ရွဲ႕က်ဴရွင္း သူ႔အတြက္ အဝတ္မ်ားယူေပးရင္း ဆူေငါက္ေတာ့သည္။ "မင္းကေတာ့ တကယ္ ပို ပိုၿပီးအသုံးမက်ျဖစ္လာတာပဲ။ တစ္ေယာက္ေယာက္ မကူေပးရင္ မင္းဘာသာမင္းေတာင္ အကၤ်ီေျဖာင့္ေအာင္ မဝတ္နိုင္ေတာ့ဘူး။"

ေနာက္ဆုံးမွာေတာ့ ဝမ္ေခ်ာင္ ေဘာင္းဘီႏွင့္အကၤ်ီ ဝတ္ၿပီးသြားခဲ့သည္။ ထို႔ေနာက္ သူ မတ္တပ္ထရပ္၍ ဖိနပ္ကို တစ္ဖန္ရွာရျပန္ေလသည္။

ရွဲ႕က်ဴရွင္း အိပ္ရာေအာက္တြင္ ဖိနပ္တစ္ဖက္ေတြ႕လိုက္တာမို႔ ကန္ထုတ္ၿပီးေျပာလိုက္သည္။ "ဒီမွာ၊ မင္း ..."

သူ႔စကားမ်ားက ၿပီးဆုံးသည္အထိ ဆက္မထြက္လာနိုင္ေတာ့။ အေၾကာင္းမွာ ဖိနပ္ေပၚတြင္ အသုံးျပဳၿပီးသားကြန္ဒုံးတစ္ခု တင္လ်က္ရွိေနတာမို႔ပင္။

ဝမ္ေခ်ာင္လည္း ျမင္သြားၿပီး နည္းနည္းရွက္ရြံ႕မိတာမို႔ ေခါင္းကုပ္လ်က္ ရွင္းျပေတာ့သည္။ "သူ မျပန္ခင္ ရွင္းသြားလို႔ ငါေျပာလိုက္တယ္။ သူ အပ်င္းႀကီးတာပဲ။"

ရွဲ႕က်ဴရွင္း : "... သြားစားေတာ့။"

ဝမ္ေခ်ာင္ ဖိနပ္ဝတ္မေနေတာ့ဘဲ ေျခဗလာျဖင့္ ရွဲ႕က်ဴရွင္းကို အျပင္တြန္းထုတ္လ်က္ေျပာလာသည္။ "ငါ မေန႔ညကတည္းက ဗိုက္ဆာၿပီး အသည္းေၾကာ္ တကယ္စားခ်င္ေနတာ။ အဲ့တာနဲ႔ မင္းကို ဖုန္းေခၚဖို႔ ႏွိုးစက္ေတာင္ ေပးထားလိုက္ေသးတယ္။"

"ၿပီးရင္ ငါ့ကို ပိုက္ဆံလႊဲေပးလိုက္။ ပို႔ေဆာင္ခေရာအပါအဝင္။"

ဝမ္ေခ်ာင္ ရယ္လ်က္ေျပာလာသည္။ "ငါ မင္းကို ပိုလႊဲေပးလိုက္မယ္။"

ဝမ္ေခ်ာင္က လက္ေဆးဖို႔အေျပးထြက္သြားခ်ိန္ ရွဲ႕က်ဴရွင္းက စားပြဲေပၚထိုင္ေနရင္း ေခါင္းေမာ့၍ ဒုတိယထပ္သို႔ တက္သြားမည့္ေလွကားထစ္ဘက္ကို ၾကည့္ရင္း ထိုညက အနမ္းအေၾကာင္း ႐ုတ္တရက္ ျပန္ေတြးမိကာ ႐ုတ္တရက္ဆန္ဆန္ ရယ္ခ်င္မိသြားေတာ့သည္။

ထိုညက Music Festival ရဲ့ ဆုေပးပြဲျဖစ္၏။

အဖြင့္ေဖ်ာ္ေျဖသူမ်ားအေနျဖင့္ IceDream က သူတို႔ရဲ့ပြဲဦးထြက္ျခင္းကို ဒီစင္ေပၚမွာ ေဖ်ာ္ေျဖျပေတာ့မွာျဖစ္သည္။

လူတိုင္းက မိတ္ကပ္ျပင္ခ်ိန္မွာေရာ အေနာက္စင္၌ ေစာင့္ေနရခ်ိန္မွာပါ အေတာ္ေလးစိတ္လွုပ္ရွားေနၾကသည္။ အျမဲလိုလို ဘာသိဘာသာအေနတတ္ဆုံး ဝမ္ေခ်ာင္ကေတာင္ သူ႔ေျခေထာက္ေတြကို  စိုးရိမ္တႀကီး အဆက္မျပတ္လွုပ္ခါေန၏။

ရွဲ႕က်ဴရွင္းလည္း ဖိအားအမ်ားႀကီးပိေနသည္။ သူက သူ႔အဖြဲ႕သားမ်ားထက္ အေတြ႕အၾကဳံပိုရွိၿပီး စတိတ္စင္အႀကီးႀကီးမ်ားေပၚ ေဖ်ာ္ေျဖဖူးတယ္ဆိုေပမယ့္ တကယ့္အိုင္ေဒါတစ္ေယာက္အေနႏွင့္ ေဖ်ာ္ေျဖရမွာ သူ႔အတြက္လည္း ဒါပထမဆုံးပင္။

ဝမ္ေခ်ာင္ သူ႔ေျခေထာက္ကို လွုပ္ေနရင္း ထရပ္ၿပီးေျပာလာသည္။ "ငါ အိမ္သာသြားလိုက္ဦးမယ္။"

ရွဲ႕က်ဴရွင္းေမးလိုက္သည္။ "မင္းအဆင္ေျပရဲ့လား။ မင္း သြားေနတာ ေလးငါးႀကိမ္ေလာက္ရွိၿပီ။"

"အဆင္ေျပတယ္။ ဟိုဟိုဒီဒီလမ္းေလၽွာက္ေနတာက ငါ့ကို စိတ္မလွုပ္ရွားေစဘူး။ မင္းေရာ လိုက္မလား။"

ရွဲ႕က်ဴရွင္း သူႏွင့္အတူ ႏွစ္ေခါက္ေတာင္ လိုက္သြားခဲ့ေပးၿပီးျဖစ္သည္။ "ကိုယ့္ဘာသာ သြားေတာ့။ ေလၽွာက္သြားၿပီး ျပႆနာေတြမရွာခဲ့နဲ႔။"

"မင္းက ငါ့အေမထက္ေတာင္ ပြစိပြစိပိုေျပာနိုင္ေသးတယ္။"

သူ အိမ္သာထဲမွျပန္ထြက္လာခ်ိန္ လမ္းနည္းနည္းေပ်ာက္သြားၿပီး က်ယ္ဝန္းလွတဲ့စင္အေနာက္တြင္ အခ်ိန္အေတာ္ၾကာပတ္ေလၽွာက္ၿပီးေတာင္ အဝတ္လဲခန္းကို ရွာမေတြ႕ခဲ့။ ထို႔ေနာက္ သူ ေထာင့္တစ္ေထာင့္ကို ခ်ိဳးေကြ႕မိခ်ိန္ အသိႏွစ္ေယာက္ကို ေတြ႕လိုက္ေလသည္။

လ်န္ရွီးႏွင့္ပိုင္ထူက ဒီညဆုေပးပြဲ၏အစီအစဥ္တင္ဆက္သူမ်ားျဖစ္ၾကသည္။

သူတို႔ႏွစ္ေယာက္က ပူးပူးကပ္ကပ္ရပ္ေနၿပီး ပိုင္ထူရဲ့စိတ္ရွုပ္သလိုအမူအရာကို ၾကည့္ရပုံအရ လ်န္-ေကာက ထပ္ၿပီးလူရမ္းကားဆန္ေနပုံေပၚလွသည္။

ဝမ္ေခ်ာင္မွာ စိတ္လွုပ္ရွားေနတာမို႔ တစ္ခုခုလုပ္စရာရွာေဖြခ်င္ေနတာျဖစ္သည္။ ထို႔ေၾကာင့္ သူ လွမ္းေခၚလိုက္သည္။ "ေကာ၊ ဘာလုပ္ေနတာလဲ။"

လ်န္ရွီးၾကည့္ရတာ အဆုံးစြန္ထိ လူရမ္းကားဆန္ဖို႔ႀကံရြယ္ထားပုံေပၚလွသည္။ ဝမ္ေခ်ာင္ ေလၽွာက္လာတာကိုျမင္ခ်ိန္ စိတ္ရွုပ္ေနသည့္အသံျဖင့္ေျပာလာ၏။ "မင္းက ဒီဘာလာလုပ္တာလဲ။ ပြဲဦးထြက္႐ုံပဲမလား။ ဆုပါယူရဦးမွာမလို႔လား။"

"ေဖ်ာ္ေျဖဖို႔ပဲ လာတာပါဗ်။ ေကာတို႔ႏွစ္ေယာက္က ဆုေပးရမွာလား။"

သူ ပိုင္ထူဘက္သို႔ မသိမသာလွမ္းၾကည့္လိုက္သည္။ ႐ုပ္ရွင္ဘုရင္ျဖစ္သူက တကယ္ကို အေတာ္ေလးေခ်ာလွသည္။ စိတ္တိုေနတဲ့အခ်ိန္မွာေတာင္ ၾကည့္ရမဆိုးသြား။

လ်န္ရွီး မေပ်ာ္မရႊင္ႏွင့္ေျပာေတာ့သည္။ "ဘာၾကည့္ေနတာလဲ။ သူ႔ကိုႀကိဳက္ခ်င္သလိုၾကည့္လို႔ရတယ္လို႔ မင္းထင္ေနတာလား။"

ဝမ္ေခ်ာင္ သူ႔ဘာသာေတြးလိုက္မိသည္။ 'ဘယ္သူကေရာ သူ႔ကိုၾကည့္ခ်င္ေနလို႔လဲ။ ဘယ္သူကေရာ ဂ႐ုစိုက္ေနလဲ။ ၿပီးေတာ့ ႐ုပ္ရွင္ဘုရင္ကလည္း ေကာကိုေတာင္ ၾကည့္ေစခ်င္ေနတဲ့ပုံ မေပၚပါဘူး။"

သူ နံရံဘက္ မွီလ်က္ ျဖတ္သြားဖို႔လုပ္ရင္း ခနဲ႔တဲ့တဲ့ေျပာလိုက္မိေသးသည္။ "မၾကည့္နဲ႔ဆိုေတာ့လည္း မၾကည့္ဘူးေပါ့ဗ်ာ။ ေကာတို႔ ေပ်ာ္ေပ်ာ္ႀကီး ဆုအတူေပးၾက ... အား!" 

လ်န္ရွီး သူ႔ေျခေထာက္ကိုေျမႇာက္ၿပီး ကန္လာတာမို႔ ခ်က္ခ်င္းထြက္ေျပးလာရေတာ့သည္။

ေနာက္ဆုံးေတာ့ သူ သူတို႔အဝတ္လဲခန္းကို ရွာေတြ႕သြားၿပီး တံခါးတြန္းဖြင့္၍ အထဲဝင္သြားလိုက္သည္။

က်ိက်ဲက သူခုနကထိုင္ေနသည့္ရွဲ႕က်ဴရွင္းေဘးတြင္ ထိုင္ေနၿပီး ႏွစ္ေယာက္သားက နားၾကပ္တစ္စုံတည္းကို အတူမၽွသုံး၍ သီခ်င္းနားေထာင္ေနၾကေလသည္။

ဝမ္ေခ်ာင္ အနည္းငယ္မၽွ မေပ်ာ္မရႊင္ျဖစ္သြားၿပီး အနားေလၽွာက္သြား၍ က်ိက်ဲကို ေဘးတြန္းရင္းေျပာလိုက္သည္။ "ထ၊ ဘယ္သူက မင္းကိုဒီမွာထိုင္လို႔ရတယ္ေျပာလဲ။"

က်ိက်ဲ နားၾကပ္ဆြဲျဖဳတ္ရင္းျပန္ေျပာသည္။ "ဘာလဲ။ မင္းထိုင္ၿပီးတာနဲ႔ ဒါကဘုရင့္ထိုင္ခုံျဖစ္သြားေရာလား။"

ဝမ္ေခ်ာင္ စကားဆက္မ်ားခ်င္ေပမယ့္ ရွဲ႕က်ဴရွင္းက မတ္တပ္ထရပ္ၿပီးေျပာလာသည္။ "ျပႆနာ ထပ္မရွာေနနဲ႔။"

ဝမ္ေခ်ာင္ သူေျပာခ်င္ေနတာမ်ားကို ၿမိဳခ်ကာ ရွဲ႕က်ဴရွင္းကိုဆြဲေခၚ၍ အျခားခုံတြင္ေျပာင္းထိုင္ေလသည္။

က်ိက်ဲ ရွဲ႕က်ဴရွင္းကို သနားသလိုလွမ္းၾကည့္ၿပီးမွ နားၾကပ္ျပန္တပ္ၿပီး သူ႔ဘာသာ သီခ်င္းဆက္နားေထာင္ေန၏။

ရွဲ႕က်ဴရွင္း အသံတိုးတိုးျဖင့္ေျပာလိုက္သည္။ "မင္းက ဘယ္လိုေခါင္းေဆာင္လဲ။ ခဏေနရင္ပဲ ငါတို႔ ေဖ်ာ္ေျဖရေတာ့မယ္။ လူတိုင္းကို လိုက္ႏွစ္သိမ့္ေပးရမယ့္အစား မင္းကေတာ့ ျပႆနာလိုက္ရွာေနတယ္။"

ဝမ္ေခ်ာင္လည္း အခုနက သူဘာေတြးေနမိလဲေတာင္ မသိလိုက္။ သူ ဒီတိုင္းစိတ္မေပ်ာ္ျဖစ္ေန႐ုံသာ။ "ငါလည္း စိတ္လွုပ္ရွားေနတယ္၊ ဟုတ္ၿပီလား။ မင္း ငါ့လက္ကို ထိၾကည့္ပါဦး။"

ရွဲ႕က်ဴရွင္း သူ႔လက္ကို မထိခ်င္တာမို႔ ဝမ္ေခ်ာင္ကပဲ ရွဲ႕က်ဴရွင္းလက္ကို ဆြဲယူၿပီးေျပာလိုက္သည္။ "ၾကည့္၊ ေခၽြးေအးေတြထြက္ေနတာ။"

ရွဲ႕က်ဴရွင္း သူ႔လက္ဖဝါးမွ စိုစြတ္စြတ္ေအးစက္မွုကို ခံစားလိုက္ရတာမို႔ သူ ေတာင့္မခံနိုင္ေတာ့ဘဲ လက္ျပန္အေနအထားျဖင့္ ျပန္ကိုင္ထားလိုက္သည္။

ဝမ္ေခ်ာင္လည္း အနည္းငယ္မၽွေပ်ာ္ရႊင္သြားၿပီး သူတို႔လက္ေခ်ာင္းမ်ားကိုပါ ယွက္သြယ္ထားခ်င္ေနမိသည္။

ရွဲ႕က်ဴရွင္းလည္း ျငင္းဆန္မေနခဲ့။

ပူေႏြးေႏြးလက္ဝါးအေပၚဖိထားသည့္ ေအးစက္စက္လက္ဝါးေလးက ျဖည္းျဖည္းခ်င္းအပူခ်ိန္တူညီတဲ့အထိျဖစ္လာသည္။

စင္ေပၚတက္ရမွာမို႔ ခံစားေနရသည့္စိုးရြံ႕မွုမ်ားလည္း တျဖည္းျဖည္းခ်င္းေျပေလ်ာ့သြားေလသည္။

ဝမ္ေခ်ာင္ ရွဲ႕က်ဴရွင္းရဲ့ေဘးတစ္ေစာင္းပုံရိပ္ကို ၾကည့္ရင္း သူ႔ရင္ထဲခံစားရလာတာမ်ားကို မရွင္းျပတတ္။ သူ တစ္ခြန္းထဲေပါင္းေျပာရမည္ဆိုရင္ေတာ့ ေရွာင္ရွဲ႕က ကမၻာေပၚတြင္ သူ႔အေပၚအေကာင္းဆုံးလူျဖစ္ၿပီး ဘယ္သူကမွ သူ႔ထက္ပိုမေကာင္းေပးနိုင္။

သူတို႔ႏွစ္ေယာက္ ဒီလိုေရရာမွုမရွိတဲ့ရင္းႏွီးေနျခင္းကို ထိန္းသိမ္းထားလ်က္ရွိေနၿပီး ပြဲစီစဥ္သူမ်ားမွ သူတို႔အလွည့္ေရာက္ၿပီဟု လာေျပာမွသာ လက္မ်ားကို လႊတ္လိုက္ၾကသည္။

သူတို႔ စင္ေပၚမတက္ခင္ ဝမ္ေခ်ာင္ က်ိက်ဲပခုံးကို ဝင္တိုက္လ်က္ မ်က္ႏွာၾကက္ကိုေမာ့ၾကည့္ေနရင္း ေျပာလိုက္သည္။ "ေရွာင္ေပါင္းဇီ၊ ခုနတုန္းက ငါ အရမ္းစိတ္လွုပ္ရွားေနလို႔။ မင္းကို တမင္ေျပာတာ မဟုတ္ဘူး။"

[T/N : 小包子 — Little Bun, ဘန္းမုန့္ေလး]

က်ိက်ဲ အံ့ဩသြားပုံေပၚၿပီးမွ အလ်င္အျမန္ပင္ ျပဳံးသြားသည္။ "သာ့ပိကူ၊ ဖိုက္တင္း"

[T/N : 大屁股 — Big ass]

ရွဲ႕က်ဴရွင္းလည္း သူ႔လက္ကို ဆန့္ထုတ္ၿပီးေျပာလာသည္။ "အကုန္လုံး ဖိုက္တင္း"

က်န္အဖြဲ႕သားမ်ားလည္း သူတို႔လက္မ်ားကို တစ္ေယာက္ေပၚတစ္ေယာက္ထပ္တင္ၿပီး အသံတိုးတိုးႏွင့္ အခ်င္းခ်င္းအားေပးစကားမ်ားဆိုလိုက္ၾကေလသည္။ "ဖိုက္တင္း၊ ဖိုက္တင္း၊ ဖိုက္တင္း!"

"Summer Ice" သီခ်င္းသံ စတင္ထြက္ေပၚလာၿပီး အလင္းေရာင္မ်ားလည္း ၿပိဳင္တူထိန္လင္းက်လာကာ စင္ေအာက္မွ မိုးခ်ိန္းသံအလားလက္ခုပ္သံမ်ား ထြက္ေပၚလာ၏။

IceDream က သူတို႔ရဲ့တရားဝင္ပြဲဦးထြက္ေဖ်ာ္ေျဖမွုကို ဒီစင္ေပၚတြင္ အစပ်ိဳးခဲ့ၿပီ။

ေလးမိနစ္ၾကာၿပီးသည့္ေနာက္ ...

"ဖာ့ခ္၊ ဖာ့ခ္" ဝမ္ေခ်ာင္ စင္ေပၚမွဆင္းလာရင္း အဆက္မျပတ္ေရရြတ္ေနေလသည္။ "အခုနက ပါ့ပါး သူဆိုရမယ့္စာသားေတြေမ့သြားေသးတယ္။ ကံေကာင္းလို႔ မိုက္က တစ္ဝက္ပဲဖြင့္ထားတာ။"

ရွဲ႕က်ဴရွင္း သူ႔ကို စကားလွမ္းေျပာမလို႔လုပ္ခ်ိန္မွာပဲ အေနာက္မွ ခ်န္းေယာင့္ေျပာလာသံကိုၾကားလိုက္ရသည္။ "ကၽြန္ေတာ့္ေျခေထာက္ေတြဆို အားမရွိေတာ့သလိုပဲ၊ လမ္းေတာင္မေလၽွာက္နိုင္ေတာ့ဘူး။"

ရွဲ႕က်ဴရွင္းခ်န္ ခ်န္းေယာင့္ကို လွမ္းထိန္းေပးရင္း ခ်ီးက်ဴးလိုက္သည္။ "ဒီေန႔ ေယာင္ေယာင့္ေဖ်ာ္ေျဖတာ အရမ္းေကာင္းတယ္။"

ခ်န္းေယာင့္လည္း ေက်းဇူးတင္သလိုျပဳံးသြားၿပီး စကားခ်ိဳခ်ိဳမ်ား စေျပာလာေလသည္။ "ေကာတို႔အကုန္လုံးလည္း ေဖ်ာ္ေျဖတာ အရမ္းေကာင္းတယ္! ကၽြန္ေတာ္တို႔အကုန္လုံး အရမ္းမိုက္တယ္!"

သူတို႔စကားစျမည္ေျပာရင္းႏွင့္ စင္ေပၚမွဆင္းလာၾကၿပီးေနာက္ ဝမ္ေခ်ာင္ အေနာက္ျပန္လွမ္းၾကည့္ရာ ရွဲ႕က်ဴရွင္းႏွင့္ခ်န္းေယာင့္လက္တြဲထားတာကို ျမင္ၿပီး ခ်က္ခ်င္းဆိုသလိုခ်ဥ္တူးေနတဲ့အသံျဖင့္ေျပာေတာ့သည္။ "ခ်န္းေယာင့္၊ ငါ မင္းကို ကေလးတြန္းလွည္းျဖစ္ျဖစ္ ဝယ္ေပးရမလား။"

ခ်န္းေယာင့္လည္း နည္းနည္းရွက္ရြံ႕လို႔သြားၿပီး သူ ရွဲ႕က်ဴရွင္းကို ကူမတြဲခိုင္းေတာ့။

ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္ကို လွမ္းပုတ္ၿပီးေျပာလိုက္သည္။ "စကားေကာင္းေကာင္းေျပာ။"

ဝမ္ေခ်ာင္ အရွက္မရွိသလိုျပန္ေျပာ၏။ "ငါ့အဖြဲ႕သားေတြကို ဂ႐ုစိုက္ေပးတာ မွားလို႔လား။"

ရွဲ႕က်ဴရွင္း သူႏွင့္ၿပိဳင္ျငင္းမေနေတာ့။ သူကိုက ဒီလိုပုံစံမ်ိဳးပင္။ သူဘာေျပာေျပာ အမွန္ျဖစ္ၿပီး သူကသာ အျခားလူတစ္ေယာက္ကို မွားတယ္ဟု ေျပာပါက ထိုလူမ်ားအတြက္ မွားေပး႐ုံသာ တတ္နိုင္သည္။

သြမ့္ယိခြန္းလည္း သူတို႔ရဲ့ေအာင္ေအာင္ျမင္ျမင္ပြဲဦးထြက္နိုင္မွုအေပၚ ဂုဏ္ျပဳေပးဖို႔ အေနာက္စင္ဘက္ တကူးတကေရာက္လာၿပီး ညနက္အဆာေျပကို ဂုဏ္ျပဳပြဲအေသးစားေလးအေနျဖင့္ သူ ဧည့္ခံမည့္အေၾကာင္းပါ ေျပာလာသည္။

သူတို႔ရဲ့ပထမဆုံးအေတြ႕အၾကဳံက အဆင္ေျပေျပႏွင့္ၿပီးဆုံးသြားတာမို႔ လူတိုင္း အလြန္ေပ်ာ္ရႊင္ေနၾကကာ ဝမ္ေခ်ာင္ရဲ့စိတ္လွုပ္ရွားျခင္းမ်ားလည္း ေလ်ာ့နည္းသြားေတာ့သည္။ ထိုအစား သူက စာသားေမ့သြားတာေတာင္ ဘယ္လိုဆက္ဆိုနိုင္ေၾကာင္းႏွင့္ သူဘယ္ေလာက္ေတာ္ေၾကာင္းမ်ားကို စတင္ဝင့္ႂကြားစြာေျပာလာေလသည္။ အျခားသူမ်ားလည္း သူ႔အေျပာမ်ားကို နားေထာင္႐ုံသာနားေထာင္ေနၿပီး ဆန့္က်င့္ေျပာလာျခင္း မရွိၾက။

သူ ႂကြားဝါေနစဥ္မွာပဲ ဖုန္းဝင္လာကာ ဖုန္းေျဖဆိုၿပီးတာႏွင့္ သူ႔မ်က္ႏွာအမူအရာကမဲ့သြားလ်က္ ေျပာလာသည္။ "ငါ မင္းတို႔နဲ႔ အတူစားဖို႔ မလိုက္နိုင္ေတာ့ဘူး။ ေနာက္ရက္က်မွပဲ တစ္ေခါက္ထပ္လိုက္ေကၽြးမယ္ကြာ။"

သြမ့္ယိခြန္း ေမးလိုက္သည္။ "ဘာလို႔လဲ။ ကိစၥတစ္ခုခုျဖစ္လို႔လား။"

ဝမ္ေခ်ာင္ရွင္းျပလိုက္သည္။ "ကၽြန္ေတာ့္သာ့ေကာက အိမ္ျပန္လာဖို႔ေျပာလို႔။"

သြမ့္ယိခြန္း ထိုအေၾကာင္းကိုၾကားတာႏွင့္ ျပဳံးသြားၿပီးေျပာလာသည္။ "ငါ ႏွုတ္ဆက္တယ္လို႔ သူ႔ကို ေျပာေပးပါဦး။ ၿပီးေတာ့ မေန႔ညက ပို႔ေပးလိုက္တဲ့လက္ေဆာင္အတြက္ေရာ ေက်းဇူးတင္ပါတယ္လို႔။"

သူတို႔ႏွုတ္ဆက္ၿပီးတာႏွင့္ သူ႔လမ္းသူသြားၾကေတာ့မည့္အခ်ိန္ ဝမ္ေခ်ာင္လည္း သူတို႔ႏွင့္အတူ သြားစားခ်င္ေပမယ့္ ဝမ္ခ်ီစကားကို မလြန္ဆန္ရဲ။ ထို႔ေၾကာင့္ သူ ရွဲ႕က်ဴရွင္းကိုသာ ဆြဲထားၿပီးေျပာလိုက္ရသည္။ "အမ်ားႀကီးလည္း မေသာက္နဲ႔။ စားၿပီးတာနဲ႔ အိမ္တန္းျပန္။ သူတို႔နဲ႔လည္း အၾကာႀကီး ပတ္လည္မေနနဲ႔။ မင္းအိမ္မင္း ျပန္အိပ္။ သူတို႔နဲ႔အတူ ညမအိပ္နဲ႔။"

ရွဲ႕က်ဴရွင္း : "..." 'ဒါဘယ္လိုအမွာစကားေတြလဲ။'

ဝမ္ေခ်ာင္ သူ႔ကားသူေမာင္း၍ ထြက္သြားသည္။

ရွဲ႕က်ဴရွင္းႏွင့္အဖြဲ႕သားမ်ားကေတာ့ van ကားထဲ ဝင္လိုက္သြားၾကေလသည္။

ေကာင္းစီယြမ္က ကမၻာသစ္ႀကီးတစ္ခုရွာေတြ႕သြားသလိုခံစားလိုက္ရၿပီး ေမးျမန္းလာသည္။ "ေကာ၊ ေခါင္းေဆာင္ရဲ့အစ္ကိုႀကီးကလည္း အေကာင္ႀကီးႀကီးျဖစ္မယ့္ပုံပဲ၊ မဟုတ္ဘူးလား။"

ရွဲ႕က်ဴရွင္း ျပန္ေျဖလိုက္သည္။ "မသိဘူး။ သူ တစ္ခါမွ မေျပာျပဖူးဘူး။"

ထိုစကားကို က်ိက်ဲကေတာင္ မယုံၾကည္တာမို႔ သူပါ စကားဝိုင္းထဲ ဝင္လာေလသည္။ "သူ ေကာနား တစ္ေနကုန္ ကပ္ေနတာေတာင္ အဲ့အေၾကာင္းေတြ မေျပာျဖစ္ဘူးလား။"

"သူ သူ႔မိသားစုအေၾကာင္း သိပ္မေျပာျပဘူး။ ငါတို႔စကားေျပာၾကရင္ေတာင္ အေရးမပါတဲ့အေၾကာင္းေတြပဲ။ မင္းတို႔လည္း ၾကားတာပဲမလား။"

က်ိက်ဲရယ္သြားသည္။ "ဟုတ္သား။ သူက အဲ့ေနရာမွာ အေတာ္ဆုံးပဲ။ ေရွာင္ရွဲ႕ေကာ စိတ္ရွည္တတ္လို႔သာ၊ ကၽြန္ေတာ္သာဆို အစကတည္းက အႀကိမ္ ၈၀၀ ေလာက္ ရိုက္ၿပီးေနၿပီ။"

"သူက ဆိုးေနတဲ့လူလည္း မဟုတ္ပါဘူး။ အေျပာေလးကသာ မဟုတ္တာ။ မင္းတို႔ပဲ သူ႔ကို နည္းနည္းသည္းခံေပးလိုက္ၾကပါ။"

ေကာင္းစီယြမ္ အံ့ဩသြားပုံႏွင့္အတူ ျပဳံးလ်က္ေျပာလာသည္။ "ေကာ၊ နည္းနည္းဘက္လိုက္လြန္းသြားၿပီဗ်ာ။"

ရွဲ႕က်ဴရွင္းလည္း ေျပာၿပီးကာမွ သူ႔စကားက အရမ္းရင္းႏွီးသလိုျဖစ္ေနမွန္း ခံစားလိုက္ရေလသည္။ "အဲ့လိုလည္း မဟုတ္ပါဘူး။ ဥပမာ ဒီညလိုေပါ့။ ငါတို႔ ဒီ Music Festival တက္ခြင့္ရတာ သူ႔ေၾကာင့္ပဲမလား။ အဲ့ေတာ့ သူ႔ကိုသာ စိတ္ေပ်ာ္ေအာင္ထားလိုက္ရင္ ငါတို႔ဘဝလည္း ေအးေဆးေနနိုင္တယ္ေလ။"

ထိုစကားက အဓိပၸါယ္ရွိလွတာမို႔ က်န္အဖြဲ႕သားမ်ားလည္း အၾကည့္ခ်င္းဖလွယ္ကာ သူတို႔လက္သီးမ်ားကို ဆုပ္လ်က္ ေလေပၚေျမႇာက္ရင္း ၿပိဳင္တူေျပာလာၾကသည္။ "ေရွာင္ရွဲ႕ေကာ၊ ပင္ပန္းခံေပးတဲ့အတြက္ ေက်းဇူးပါဗ်!"

ဝမ္ေခ်ာင္ အိမ္သို႔ စိတ္မပါတပါႏွင့္ ျပန္ေရာက္သြားၿပီး တံခါးမွတစ္ဆင့္ဝင္လာတာႏွင့္ စတင္ညည္းတြားေတာ့သည္။ "ဘာလို႔ကၽြန္ေတာ့္ကို ျပန္လာဖို႔ေခၚတာလဲ။ ကၽြန္ေတာ့္အဖြဲ႕သားေတြအကုန္ မုန့္သြားစားေနၾကတာ။ ကၽြန္ေတာ္ပဲ မလိုက္သြားရဘူး။"

ဝမ္ခ်ီက လက္ေနာက္ပစ္လို႔ရပ္ေနၿပီး ဘာတစ္ခြန္းမွျပန္မေျပာ။ ဝမ္က်င္းကေတာ့ ဆိုဖာေပၚထိုင္လ်က္ Tablet ကိုင္ထားရင္း သူ႔ကို သနားမိသလိုအမူအရာႏွင့္လွမ္းၾကည့္လာေလသည္။

ဝမ္ေခ်ာင့္မွာ သူတို႔ႏွစ္ေယာက္ရဲ့မ်က္ႏွာအမူအရာမ်ားႏွင့္ ေတာ္ေတာ္ရင္းႏွီးလို႔ေနတာမို႔ သူ႔တင္ပါးေတာင္ စတင္နာလာသလိုပင္။ ခ်က္ခ်င္း သူ လတ္တေလာ ဘာမဟုတ္တာမ်ား လုပ္မိခဲ့သလဲဟု အသည္းအသန္ေတြးေတာၾကည့္ေပမယ့္ ဘာကိုမွ ျပန္မေတြးမိေန။ သို႔ႏွင့္ သူ႔မွာ ငိုမဲ့မဲ့ႏွင့္ ေမးရေတာ့သည္။ "သာ့ေကာ၊ အခုဘာျဖစ္ျပန္ၿပီလဲ။ ကၽြန္ေတာ္ အခုတေလာ အရမ္းအလုပ္ႀကိဳးစားေနတာေလ။ သီခ်င္းဆို၊ အကေလ့က်င့္တာေတြကို ေန႔တိုင္း ေသေသခ်ာခ်ာလုပ္တယ္။ ဒီေန႔ေဖ်ာ္ေျဖပြဲကလည္း အဆင္ေျပေျပၿပီးသြားတာပဲ။ ေကာဘာသာ လက္ယားေနတာနဲ႔ပဲ ကၽြန္ေတာ့္ကိုလာရိုက္ဖို႔ အေၾကာင္းရွာမေနသင့္ဘူးေနာ္။"

"ငါ့လက္က ယားေနတယ္? ငါ့အထင္ ယားေနတာက မင္းပဲ။" ဝမ္ခ်ီေျပာသည္။ "မေန႔ညက ေရွာင္သြမ့္ရဲ့ေမြးေန႔ပြဲၿပီးေတာ့ မင္း ဘယ္သြားလဲ။"

"... အိမ္ျပန္တယ္ေလ။"

"တစ္ေယာက္တည္းျပန္တာလား။"

"..."

ဝမ္ခ်ီေပါက္ကြဲေတာ့သည္။ "မေန႔က ေရွာင္သြမ့္ရဲ့ေမြးေန႔ပါတီမွာ ပါပါရာဇီေတြပါရွိတယ္ကြ။ မင္းက အဲ့မွာေမာ္ဒယ္ေလးတစ္ေယာက္ကို အိမ္ျပန္ေခၚသြားတာ ရိုက္ထားမိၾကေရာ။ အဲ့ပုံသာ ဒီေန႔လိုင္းေပၚပ်ံ႕သြားရင္ မင္း ဖြင့္ပြဲသြားတက္ဖို႔ မ်က္ႏွာရွိဦးမယ္လို႔ထင္ေနတာလား။"

ထိုအေၾကာင္းၾကားခ်ိန္ သူ႔အစ္ကိုႀကီးျဖစ္သူက သတင္းကိုဖုံးဖိရာတြင္ ကူညီေပးခဲ့ၿပီမွန္း ဝမ္ေခ်ာင္ သိလိုက္ေလသည္။ "ေက်းဇူးပါ သာ့ေကာ"

ဝမ္ခ်ီမွာ သူ႔ကိုၾကည့္ေလ ေဒါသထြက္ေလျဖစ္လာရသည္။ "မင္း အိမ္ေျပာင္းေနမယ္ဆိုတုန္းက ငါ ဘာေျပာလဲ။ သြားၿပီး အျပင္မွာပတ္ရွုပ္ေနရင္ ငါ ဘယ္လိုကိုင္တြယ္မလဲၾကည့္ထားလို႔ မေျပာဘူးလား။ ဒီလာစမ္း!"

ဝမ္ေခ်ာင္လည္း သူေျပးမလြတ္နိုင္ေတာ့မွန္း ေတြ႕လိုက္ရတာမို႔ ေခါင္းငုံ႔ရင္း ဝမ္ေခ်ာင္နံေဘးရွိေနရာလြတ္ကိုသြား၍လွဲခ်ကာ ငိုမဲ့မဲ့ႏွင့္ေျပာလိုက္သည္။ "ကၽြန္ေတာ့္မ်က္ႏွာေတာ့ မရိုက္နဲ႔ေနာ္။"

ဝမ္ခ်ီက သူ႔ကိုရိုက္လာခ်ိန္ သူကေတာ့ေနရာတြင္လွဲလ်က္ ငိုေန၏။ ဝမ္က်င္းက ေဘးမွၾကည့္ေနရင္း ရယ္ရလြန္းတယ္ဟုထင္ေနကာ သူ႔မ်က္ရည္မ်ားကိုေတာင္ ဟန္ေဆာင္ပန္ေဆာင္သုတ္ေပးၿပီး ေျပာလာသည္။ "ဟုတ္ၿပီ၊ ဟုတ္ၿပီ။ ေနာက္အႀကိမ္တစ္ရာေလာက္ရိုက္ၿပီးရင္ ၿပီးၿပီ။"

ဝမ္ေခ်ာင္ ပိုလို႔ေတာင္ ဝမ္းနည္းတႀကီးငိုသြားၿပီး စိတ္ထဲမွာေတာ့ သူ တစ္ေန႔ေန႔ နာမည္ႀကီးလာရင္ သိုးေရျခဳံထားတဲ့သူ႔အစ္ကိုႏွစ္ေယာက္ႏွင့္ ဆက္ဆံေရးျဖတ္ေတာက္ေၾကာင္း သတင္းစာေၾကညာခ်က္ထုတ္ပစ္မယ္ဟု ေတးထားေတာ့သည္။

ဝမ္ခ်ီက သူအၾကာႀကီး မမွတ္မိဘဲ ေနမွာစိုးရြံ႕တာမို႔ ဒီတစ္ေခါက္ရိုက္ရာတြင္ အားအေတာ္ထည့္ထားတာမို႔ ရိုက္ၿပီးခ်ိန္ သူကိုယ္တိုင္ေတာင္ ေခၽြးထြက္ပင္ပန္းေနေလသည္။

ဝမ္ေခ်ာင္ ႏွာတရွုံ႔ရွုံ႔ႏွင့္ ထရပ္ကာ သူ႔တင္ပါးႏွင့္ေပါင္တံမ်ားကလည္း နာက်င္မွုျဖင့္ထုံလို႔ေန၏။ ထို႔ေနာက္ သူ အျပင္သို႔ ကြတကြတႏွင့္ ေလၽွာက္ထြက္ဖို႔လုပ္ေတာ့သည္။

ဝမ္ခ်ီေမးလိုက္သည္။ "... မင္း ဘယ္သြားမလို႔လဲ။"

ဝမ္ေခ်ာင္ ေဒါသထြက္ေနသလိုျပန္ေျဖသည္။ "ဒီမွာ မအိပ္ဘူးဗ်။ ကၽြန္ေတာ့္အိမ္ကၽြန္ေတာ္ ျပန္အိပ္မွာ။"

"ျပန္လာစမ္း!"

ဝမ္ေခ်ာင္ မထြက္သြားရဲေတာ့ဘဲ ငိုလ်က္သာ အနားျပန္ေရာက္လာရသည္။

ဝမ္က်င္းမွာ ရယ္ရလြန္းတာမို႔ ဆိုဖာေပၚကပါ လွိမ့္က်ေလသည္။

ဝမ္ခ်ီ သူ႔ကိုေျပာေတာ့သည္။ "မင္းလည္းေတာ္ေတာ့။ သူဘယ္ေလာက္ငိုေနလဲ မျမင္ဘူးလား။ မင္း ရယ္ပဲရယ္ေနလိုက္။"

ဝမ္က်င္း ခါးမတ္မတ္ထိုင္ရင္းေျပာလိုက္သည္။ "သာ့ေကာ၊ ငါ့ကိုပါ ဆြဲထည့္မေနနဲ႔။ မင္းရိုက္လို႔ သူငိုသြားတာ မဟုတ္လား။ ငါရယ္လို႔ သူငိုေနတာလည္း မဟုတ္ဘူး။"

ဝမ္ခ်ီ သူ႔ကိုစကားမ်ားလြန္းတယ္ဟုေတြးမိၿပီး ေျပာလႊတ္ေတာ့သည္။ "သြား၊ အေပၚသြားၿပီး စာဖတ္ေန။"

ဝမ္က်င္း ရယ္၍ သူ႔ tablet ယူၿပီး အေပၚတက္သြား​ေလသည္။

ဝမ္ေခ်ာင္ ငိုတာရပ္သြားၿပီး သာ့ေကာက အာ့ေကာကို သူ႔အတြက္ ဆူေငါက္ေပးျခင္းကို ျပန္ေတြးရင္း သာ့ေကာက အာ့ေကာထက္ ပိုေကာင္းတယ္ဟု စိတ္ထဲအမွတ္ေပးထားလိုက္သည္။

ဝမ္ခ်ီေမးလာသည္။ "နာေသးလား။ မနာေတာ့ဘူးဆို ငါ ထပ္ရိုက္မယ္။"

"... နာတယ္။"

"မင္း ဒါကိုမွတ္ထားမွာလား။ မဟုတ္ရင္ ငါ မင္းကို ထပ္ရိုက္မယ္။"

"... မွတ္ထားမယ္။"

"ဘာကိုမွတ္ထားမွာလဲ။ ကိုယ့္ဘာသာေျပာျပစမ္း။"

"ေနာက္ဆို ဘယ္မိန္းကေလးမွ အိမ္ေခၚမသြားေတာ့ဘူး။"

ဝမ္ခ်ီ စိတ္မေက်နပ္ေသး။

ဝမ္ေခ်ာင့္မွာ ေရြးခ်ယ္စရာမရွိဘဲ တစ္ဆင့္ထပ္တိုးလိုက္ရသည္။ "ကၽြန္ေတာ္ ဘယ္ေတာ့မွ မိန္းကေလးေတြနဲ႔ မအိပ္ေတာ့ဘူး။"

"... သိထားရင္ၿပီးထားပဲ။ ေနာက္က် ေပြလီကစားမေနနဲ႔။"

ဝမ္ေခ်ာင္ သူ႔မ်က္ရည္မ်ားကိုသုတ္ပစ္ရင္း ေျပာလာသည္။ "အင္း"

အခ်ိန္အားျဖင့္ အေတာ္ေလးေနာက္က်ေနၿပီမို႔ ဝမ္ခ်ီလည္း သူ႔ဘာသာ ကားေမာင္းျပန္မွာကို စိုးရိမ္ၿပီး သူ႔ကို အေပၚတက္အိပ္ေစသည္။ သူ အေပၚတက္သြားၿပီး တံခါးဆြဲဖြင့္လိုက္ရာ အိပ္ရာခင္းအသစ္လဲေပးေနသည့္ဝမ္က်င္းကို ျမင္လိုက္ရေလသည္။

ဝမ္ေခ်ာင္ ထိုခဏအတြင္း စိတ္ထဲထိရွသြားၿပီး သူ႔အာ့ေကာကလည္း အရမ္းေကာင္းသလိုခံစားလိုက္ရေတာ့သည္။

ဒီခံစားခ်က္က ေရမခ်ိဳးခင္အခ်ိန္တစ္ခုထိသာ ၾကာျမင့္ခဲ့သည္။ ေရေႏြးမ်ားစီးက်လာတာႏွင့္ သူ႔တင္ပါးႏွင့္ေပါင္တံမ်ားက ပိုလို႔ေတာင္ နာလာေတာ့သည္။ သူ မွန္ထဲလွမ္းၾကည့္လိုက္ရာ အနီကြက္ႀကီးတစ္ခုကို ေတြ႕လိုက္ရေလသည္။ ဒါျပန္ေပ်ာက္သြားဖို႔ အခ်ိန္အေတာ္ၾကာယူရဦးမွာပင္။ သူ ငိုရင္းႏွင့္ အိပ္ေပ်ာ္သြားခဲ့ၿပီး မအိပ္ေပ်ာ္ခင္ မေတြးေကာင္းတာမ်ားေတာင္ ေတြးလိုက္ေသးသည္။ ဝမ္ခ်ီႏွင့္ ဝမ္က်င္းက လူေကာင္းမ်ား မဟုတ္။ သူတို႔က တစ္ေနကုန္ သူတို႔ညီေလးကို အနိုင္က်င့္ၿပီးေပ်ာ္ေနၾကတာျဖစ္တာမို႔ ဝမ္ခ်ီမွာလည္း ကေလးမရွိတာ ျဖစ္သင့္သလို ဝမ္က်င္း သူ႔အခ်စ္ဦးႏွင့္အိပ္ခြင့္မရတာလည္း ထိုက္တန္တဲ့ကိစၥရပ္သာ။

သူတို႔လည္း သူတို႔ညီေလးကို အခ်ိန္ေကာင္းမရေစတာမို႔ သူတို႔သုံးေယာက္လုံး အခ်ိန္ေကာင္းမရွိတာ ပိုေကာင္းလိမ့္မည္။ အတူတူခံစားၾကတာေပါ့။

ဒီတစ္ေခါက္ ဝမ္ခ်ီရဲ့ရိုက္ခ်က္မ်ားက အေတာ္ေလးျပင္းထန္လွသည္။ ထိုေန႔ကစၿပီး ဝမ္ေခ်ာင္ ေကာင္မေလးမ်ားကို အိမ္ေခၚဖို႔ေနေနသာသာ အိပ္ေတာင္မအိပ္ျဖစ္ေတာ့။
ဘယ္လိုပဲျဖစ္ပါေစ IceDream အဖြဲ႕က တစ္ေန႔ထက္တစ္ေန႔ ပိုအလုပ္ရွုပ္လာၿပီး သူတို႔ရဲ့အခ်ိန္စာရင္းမ်ားကလည္း ေနာက္တစ္လေက်ာ္အထိ အျပည့္ျဖစ္ေနသည္။ သူတို႔မွာ တစ္ရက္ကို ေလးငါးနာရီသာ အိပ္ခ်ိန္ရတာမို႔ သူတို႔ သူ႔အတြက္ အခ်ိန္းအခ်က္လုပ္ေပးမယ္ဆိုရင္ေတာင္ သူ႔မွာ လုပ္ဖို႔အင္အားမရွိေနေတာ့။

သူတို႔ေျခာက္ေယာက္လုံး အခုဆို Weibo အေကာင့္မ်ားရွိေနၾကၿပီျဖစ္ၿပီး Follower မ်ားလည္း အလ်င္အျမန္ပင္ ရရွိခဲ့ၾကသည္။ သူတို႔ထဲတြင္ အေက်ာ္ၾကားဆုံးကေတာ့ ေရွာင္ရွဲ႕ျဖစ္ကာ တစ္ပတ္အတြင္း follower 1M ေက်ာ္သြားခဲ့ေလသည္။ က်န္တဲ့သူမ်ားကေတာ့ follower မတိမ္းမယိမ္းသာ။

သူတို႔ Variety show မ်ားထဲ ဝင္မပါရေသးတာမို႔ သူတို႔ရဲ့ထူးျခားတဲ့အက်င့္စရိုက္မ်ားကို ထုတ္ျပနိုင္ခြင့္ မရွိေသး။ ရွဲ႕က်ဴရွင္းရဲ့ရင့္က်က္ၿပီး မွီခိုနိုင္စြမ္းရွိမည့္ပုံရိပ္က မ်က္လုံးထဲၾကည့္လို႔အေကာင္းဆုံးျဖစ္ေနတာျဖစ္၏။ ထို႔အျပင္ ပြဲဦးထုတ္ရန္ ခ်ျပေနစဥ္ကာလအတြင္း လ်န္ရွီး သူ႔ကို ကူေၾကာ္ျငာေပးခဲ့တာကလည္း အရွိန္မေသေသး။ ထို႔ေၾကာင့္လည္း လူမ်ားက IceDream ဟုေျပာလာခ်ိန္ အျခားအဖြဲ႕သားမ်ားကို မမွတ္မိရင္ေတာင္ ရထားတြဲေလး Tomas ကိုေတာ့ မွတ္မိေနစျမဲ။

သူတို႔ရဲ့ Fan ေတာ္ေတာ္မ်ားမ်ားက သံသယျဖစ္ဖြယ္မရွိ မိန္းကေလးမ်ားသာျဖစ္သည္။ အရင္ႏွစ္မ်ားကေတာ့ မိန္းကေလးမ်ားထံ အိုင္ေဒါရွိလာခဲ့ရင္ လက္ထပ္ယူတဲ့စိတ္ကူးမ်ားရွိၾကသည္။ သို႔ေပမယ့္ အခ်ိန္ေတြကုန္တာ လ်င္ျမန္လြန္းလွသည္။ အခုဆို မိန္းကေလး fan မ်ား အိုင္ေဒါေကာင္ေလးတစ္ေယာက္ကို သေဘာက်မိလၽွင္ သူတို႔က သူတို႔အိုင္ေဒါႏွင့္ အျခားအိုင္ေဒါေကာင္ေလးတစ္ေယာက္ ခ်စ္ကၽြမ္းဝင္ျခင္းေဂးဇာတ္လမ္းမ်ားကို စိတ္ကူးယဥ္ၾကေတာ့သည္။

အဖြဲ႕ထဲနာမည္အေက်ာ္ဆုံး ရွဲ႕က်ဴရွင္းကေတာ့ အဖြဲ႕ဝင္တိုင္းႏွင့္ CP ရွိထားသည္။ ေပၚျပဴလာအျဖစ္ဆုံးက "ရွင္းခ်န္း" ျဖစ္ၿပီး ခ်န္းေယာင့္ႏွင့္ CP ထားျခင္းပင္။ သူတို႔ပြဲဦးထြက္ေဖ်ာ္ေျဖစဥ္က သူ ခ်န္းေယာင့္ကို ကူတြဲေပးေနသည့္ gif ေလးက fan မ်ားအၾကား ပ်ံ႕သြားခဲ့တာမို႔ျဖစ္ေလသည္။ အေအးစက္ဆုံး CP ကေတာ့ ဝမ္ေခ်ာင္ႏွင့္ျဖစ္၏။ လူနည္းစုသာရွိၿပီး စိတ္ဝင္စားသူ မရွိတာမို႔ CP နာမည္ေတာင္ မရွိလွ။

"ငါတို႔မွာ CP လုပ္ေပးခ်င္စရာမရွိဘူးဆိုတာ ဘာေျပာတာလဲ။" ဝမ္ေခ်ာင္ မေက်မနပ္ႏွင့္ေျပာလာသည္။ "ဒီ Fan ေတြရဲ့အျမင္ အရမ္းဆိုးတာပဲ။ ငါတို႔က အရင္းႏွီးဆုံးဆိုတာ အသိသာႀကီး။ ငါတို႔ဆို ေန႔တိုင္းလည္း အတူအိပ္ေနတာေတာင္ CP မရွိဘူးတဲ့။ အဓိပၸါယ္ကို မရွိဘူး။"

ရွဲ႕က်ဴရွင္း မဂၢဇင္းလွန္ေလွာဖတ္ၾကည့္ေနရင္း သူ႔ကိုလ်စ္လ်ဴရွုထားလိုက္သည္။

ဝမ္ေခ်ာင္ ေခါင္းေစာင္း၍ေတြးၾကည့္ေနသည္။ "ငါတို႔ CP နာမည္က ဘာျဖစ္မလဲ။"

ရွဲ႕က်ဴရွင္း မဂၢဇင္းကိုၾကည့္ေနရင္း ေျပာလိုက္သည္။ "ရွဲ႕ဝမ္ လို႔သာေခၚလိုက္။"

ဝမ္ေခ်ာင္ သေဘာမက်။ "အဲ့တာက မင္းကို ဆဲေနသလိုပဲ။ ရွဲ႕ဝမ္ပါ့"

[T/N : 王八 ဆိုတာ အသုံးမ်ားတဲ့အဆဲစကားလုံးေလးပါ။ အဲ့တာကို အေရွ႕က 'ရွဲ႕'ကပ္လိုက္ေတာ့ ရွဲ႕ေခြးသား ဆို ဆဲသလိုျဖစ္သြားတာပါ။]

"...."

ဝမ္ေခ်ာင္ ဆက္ေျပာျပန္သည္။ "ၿပီးေတာ့ ဘာလို႔ မင္းနာမည္က အေရွ႕ကျဖစ္ေနတာလဲ။ ငါ ဒါလည္းသိတယ္။ အေရွ႕မွာထားခံရတဲ့လူက ေယာက္်ားတဲ့။"

ရွဲ႕က်ဴရွင္း : "..." 'ပါးစပ္ပိတ္ထားလိုက္ပါေတာ့။ မင္း အသိဆုံးပါ။'

ဝမ္ေခ်ာင္လည္း သူစိတ္မဝင္စားတာေတြ႕ေနတာမို႔ အနားတိုးကပ္သြားၿပီး သူ႔လက္ထဲရွိမဂၢဇင္းကို လွမ္းၾကည့္လိုက္ရာ AJ23 ဖိနပ္ေၾကာ္ျငာစာျဖစ္ေနသည္။

"မင္း ဒါကို စိုက္ၾကည့္ေနတာၾကာလွၿပီ။ ႀကိဳက္လို႔လား။ ဝယ္လိုက္ေလ။" ဝမ္ေခ်ာင္ ေျပာလိုက္သည္။

ရွဲ႕က်ဴရွင္း ျပန္ေျပာသည္။ "ငါ 17 ဝယ္ထားတာ မၾကာေသးဘူး။ ဒီတစ္ရန္ကိုပဲ အရင္စီးဦးမယ္။"

"ဖိနပ္မ်ားမ်ားဝယ္တာမ်ား ဘာလို႔ခ်ဳပ္တည္းထားဖို႔လိုလဲ။ အရင္ကေတာ့ ပိုက္ဆံမရွိလို႔ထားပါေတာ့။ အခု မင္းမွာလည္း မရွိတာမဟုတ္ဘူး။ သုံးလိုက္ဖို႔ကို မတြ႕န္တိုေနစမ္းပါနဲ႔။"

ရွဲ႕က်ဴရွင္းမွာ သူ႔ရဲ့ေရာက္တတ္ရာရာေျပာသမၽွကို နားေထာင္ဖို႔စိတ္မရွိေန။ သူ မဂၢဇင္းကိုပိတ္ၿပီး ေျပာလိုက္သည္။ "ဘယ္အခ်ိန္ရွိၿပီလဲ။ ငါတို႔အလွည့္ မေရာက္ေသးဘူးလား။"

ဝမ္ေခ်ာင္ သူ႔ဖုန္းသူလွမ္းၾကည့္လိုက္သည္။ "ဆယ္နာရီေက်ာ္ၿပီ။ ငါတို႔သြားသင့္ၿပီ။"

သူတို႔က CCTV လူမွုဖူလုံေရးပါတီ ရိုက္ကူးေရးတြင္ ပါဝင္ဖို႔ေရာက္ေနတာျဖစ္သည္။

အခုဆို သူတို႔မွာ သူတို႔ကိုလူခ်င္းေတြ႕နိုင္ရန္ ေနရာအထိလိုက္လာေပးတဲ့ fan မ်ားပါ ရွိေနၿပီျဖစ္သည္။ စင္ေအာက္တြင္ LED sign ေလးမ်ားျဖင့္ fanchants မ်ားဆိုေနသည့္ လူအုပ္စုေလးရွိေန၏။

သို႔ေပမယ့္ သြမ့္ယိခြန္းက သူတို႔ကို 'Summer Ice' ရဲ့ ရလဒ္ေကာင္းမ်ားက အခ်ိန္ကာလတိုေလးတစ္ခုအတြက္ပဲဟု ႀကိဳေျပာထားသည္။ မၾကာခင္မွာပဲ သူတို႔သီခ်င္းက Ranking က်သြားေတာ့သည္။ သို႔ေပမယ့္ ဒါကလည္း သူတို႔ကိုႏွစ္သိမ့္နိုင္ခဲ့သည္သာ။ အေၾကာင္းကား သူတို႔ေဖ်ာ္ေျဖမွု မေကာင္းတာေၾကာင့္ ranking က်သြားျခင္းမ်ိဳး မဟုတ္ဘဲ သူတို႔အႏုပညာေလာကထဲရွိ စီနီယာမ်ား သီခ်င္းအသစ္ထုတ္ခ်ိန္ႏွင့္ ၾကဳံသြားတာေၾကာင့္ျဖစ္သည္။ ထို႔အျပင္ အိုင္ေဒါအဖြဲ႕မ်ား၏ fan ေတာ္ေတာ္မ်ားမ်ားက ေက်ာင္းသူမ်ားျဖစ္ၾကတာမို႔ အခု ေက်ာင္းျပန္ဖြင့္ခ်ိန္ ranking က်သြားတာက ျဖစ္သင့္သည့္ကိစၥရပ္ပင္။ အမ်ိဳးသားေန႔ျဖစ္သည့္ 11 ရက္ေန႔က် သူတို႔ေတြ Ranking ထိပ္ဆုံးေရာက္ေအာင္ ျပန္သြားနိုင္လိမ့္မည္သာ။

အဖြဲ႕သားမ်ားအားလုံး ပြဲဦးထြက္ခြင့္ရျခင္းအတြက္ ေပ်ာ္ရႊင္ေနဆဲျဖစ္ၿပီး ဒီလိုတြက္ခ်က္ျပမွုကိုလည္း နားမလည္လွတာမို႔ သြမ့္ယိခြန္းေျပာျပလာခ်ိန္ နားေထာင္႐ုံသာနားေထာင္ၿပီး သူတို႔စိတ္အေျခအေနကို မထိခိုက္သြား။

ေဖ်ာ္ေျဖပြဲအၿပီးမွာေတာ့ သူတို႔ေျခာက္ေယာက္ စင္အေနာက္မွ ထြက္ခြါလိုက္ၾကသည္။ အျပင္၌ သူတို႔အား လိုက္ပို႔ႏွုတ္ဆက္ေပးရန္ေစာင့္ေနတဲ့ fan မ်ား အေယာက္ ၂၀ နီးပါးရွိေနၿပီး သူတို႔တေတြက LED Sign ႏွင့္ ပိုစတာမ်ား ကိုင္ထားၾကေလသည္။ သူတို႔ထြက္လာတာကိုျမင္တာႏွင့္ ထို fan မ်ားက စတင္ေအာ္ဟစ္ၿပီး အေရွ႕တိုးလာၾကတာမို႔ လုံျခဳံေရးမ်ားမွာ အလ်င္အျမန္ လူစုသြားခြဲရေတာ့သည္။

ရွဲ႕က်ဴရွင္းက ကားထဲ ေနာက္ဆုံးမွဝင္သူျဖစ္ၿပီး fan မ်ားက သူ႔ကိုလွမ္းေခၚလ်က္ရွိေနသည္။ "ရထားတြဲေလး! ရထားတြဲေလး!"

သူကလည္း သူတို႔ကို ျပန္လက္ေဝွ႕ယမ္းျပလိုက္၏။

ဝမ္ေခ်ာင္ ကားအတြင္းမွ ေခါင္းျပဴထြက္လာရာ Fan မ်ားက တစ္ဖန္သူ႔နာမည္ကိုေအာ္ၾကျပန္သည္။ "Leo! Leo!"

ဝမ္ေခ်ာင္ စိတ္လွုပ္ရွားလြန္းတာမို႔ ကိုယ္တစ္ဝက္ အျပင္ထြက္လ်က္ တစ္ခုခုေျပာဖို႔ အသင့္ျဖစ္ေနေလသည္။ 

မဟုတ္တာတစ္ခုခုေျပာေတာ့မည္မွန္း ရွဲ႕က်ဴရွင္း ေျပာနိုင္ေနတာမို႔ အလ်င္အျမန္ ကားထဲျပန္ထိုးသြင္းၿပီး သူကိုယ္တိုင္ပါ ကားေပၚတက္၍ တံခါးပိတ္ခ်လိုက္ေတာ့သည္။

"ငါ့ fan ေတြနဲ႔ လူခ်င္းေတြ႕ရတာ ဘယ္ေလာက္ရွားလဲ။ ငါဘာလို႔တစ္ခုခုေျပာလို႔မရတာလဲ။" ဝမ္ေခ်ာင္ မေက်မနပ္ေျပာလာသည္။

ရွဲ႕က်ဴရွင္း သူ႔ကို ေမးလိုက္သည္။ "မင္းက ဘာေျပာဖို႔လုပ္ေနတာလဲ။"

"ျပန္သြားၿပီး ငါတို႔အတြက္ CP လုပ္ေပးလို႔ေလ။"

"..."

ယန္ေရွာင္းမူ ရယ္၍ဝင္ေျပာသည္။ "ေခါင္းေဆာင္၊ ေျပာကာမွ ေခါင္းေဆာင္နဲ႔ေရွာင္ရွဲ႕သာ ေပၚျပဴလာ မျဖစ္တာ။ က်ိက်ဲနဲ႔ CP ကေတာ့ ေတာ္ေတာ္ေလး ေပၚျပဴလာျဖစ္တယ္ေနာ္။"

ဝမ္ေခ်ာင္ ထိုအေၾကာင္းကို မသိထား။ သူ ရြံရွာသလိုျပန္ေျပာလိုက္သည္။ "ငါ သူနဲ႔ CP ရွိေသးတယ္ေပါ့။ နာမည္က ဘာတဲ့လဲ။"

က်ိက်ဲ သူ႔ကို မေျပာျပခ်င္။ "မေျပာနဲ႔။ ရွက္စရာႀကီး။"

ယန္ေရွာင္းမူ ရယ္သြားသည္။ "ရွားေပါင္း (沙包) တဲ့။"

ဝမ္ေခ်ာင္ သေဘာမေပါက္ေသးတာမို႔ ရယ္ေတာ့သည္။ "လူတိုင္း သူ႔ကို ဘန္းမုန့္လိုမ်က္ႏွာရွိတယ္လို႔ ေတြးတာပဲ။"

လူတိုင္း ေခါင္းငုံ႔လ်က္ ခိုးရယ္ေလသည္။

က်ိက်ဲ ေဒါသတႀကီးျဖင့္ေျပာေတာ့သည္။ "ငါက ဘန္းမုန့္ဆိုေတာ့ ဘာျဖစ္လဲ။ ေသာက္႐ူးေကာင္ရဲ့။"

[T/N : အ႐ူးဆိုတဲ့ 傻子 က 傻 နဲ႔ ဒီ 沙 က အသံခ်င္း တူေနတာပါ။ ေျပာရရင္ အ႐ူးေကာင္နဲ႔ မ်က္ႏွာဝိုင္း သေဘာမ်ိဳးျဖစ္ေနတာေပါ့ ><]

ဝမ္ေခ်ာင္မွာ ထိုအဓိပၸါယ္ကို နားလည္ဖို႔စကၠန့္အနည္းငယ္မၽွ ယူလိုက္ရေသးသည္။ "... ဒီ Fan ေတြက တကယ္ အားမကိုးရဘူးပဲ! သူတို႔အကုန္လုံးကို Fan အျဖစ္ကေန ထုတ္ပစ္!"

လဝက္ေက်ာ္မၽွ နားခ်ိန္မရေအာင္ အခ်ိန္မ်ားျပည့္ေနၿပီးေနာက္ သူတို႔ နားရက္တစ္ရက္ရခဲ့ေလသည္။

အစက ရွဲ႕က်ဴရွင္း အိမ္မွာပဲ အနားယူဖို႔လုပ္ထားေပမယ့္ ဝမ္ေခ်ာင္ ေရာက္ခ်လာၿပီး သူ႔အတြက္ ေကာင္းတဲ့ပစၥည္းတစ္ခုေပးစရာရွိတယ္ဟု လၽွို႔ဝွက္ခ်က္ဆန္ဆန္ေျပာလာသည္။

ရွဲ႕က်ဴရွင္း တံခါးဖြင့္ေပးလိုက္ခ်ိန္ ဝမ္ေခ်ာင္က ဖိနပ္ဘူးႀကီးတစ္ခုကို ကိုင္ထားလ်က္ ဝင့္ဝင့္ႂကြားႂကြားေျပာေလသည္။ "ဘာလဲ၊ မွန္းၾကည့္ၾကည့္။"

"...AJ23?"

ဝမ္ေခ်ာင္က သူ႔ကို မဂၢဇင္းထဲကႏွင့္ ပုံစံတူ အနက္ႏွင့္အနီ အေရာင္ျခယ္ထားသည့္ဖိနပ္တစ္ရန္ေပးလာသည္။

"ျမန္ျမန္၊ စမ္းဝတ္ၾကည့္။" ဝမ္ေခ်ာင္က ေပ်ာ္ရႊင္လို႔ေနသည္။ "ငါတို႔ႏွစ္ေယာက္လုံး 42 ပဲ ဝတ္တာမလား။ ငါ စမ္းေတာ့ မစီးခဲ့ဘူး။ မင္းဖိနပ္ရဲ့ပထမဆုံးအႀကိမ္ကို မင္းပဲ ယူရမွာေပါ့။"

ရွဲ႕က်ဴရွင္း : "..." 'ဘာလို႔ စကားလုံးေတြက သူ႔ပါးစပ္က ထြက္လာတာနဲ႔ ညစ္ညမ္းသြားရတာလဲ။"

သူ ဆိုဖာေပၚထိုင္ခ်ၿပီး ဖိနပ္စီးဝတ္ၾကည့္ဖို႔လုပ္လိုက္သည္။

ဝမ္ေခ်ာင္က သူ႔အေရွ႕တြင္ေပ်ာ္ေပ်ာ္ႀကီး ဒူးေထာက္ထိုင္ခ်ၿပီး သူ႔အား ဖိနပ္ကူဝတ္ေပးဖို႔လုပ္ေတာ့သည္။

ရွဲ႕က်ဴရွင္း ရွက္ရြံ႕သလိုခံစားခ်က္ျဖင့္ေျပာလိုက္မိသည္။ "ငါ့ဘာသာငါ ဝတ္ၾကည့္လို႔ရတယ္။"

ဝမ္ေခ်ာင္က သူ႔ေျခေထာက္ထက္ ဖိနပ္ဝတ္ေပးေနၿပီးျဖစ္ကာ ေျခေခ်ာင္းမ်ားအနားကို ဖိၾကည့္ၿပီး ေနရာပိုရွိေနေသးလားဟု စစ္ေဆးေနေလသည္။ သူက ဝမ္းေျမာက္အားရစြာေျပာလာသည္။ "လုံးဝ ကြက္တိက်ေနတာပဲ!"

ရွဲ႕က်ဴရွင္း : "..."

ယခု ဒီပုံစံအေနအထားတြင္ သူ႔က ဖန္ဖိနပ္ေလး ျပန္ဝတ္ခြင့္ရလိုက္တဲ့စင္ဒရဲလားႏွင့္ေတာင္ တူေန၏။ 

သို႔ေသာ္ သူ႔အေရွ႕ကေတာ့ မင္းသားေလး မဟုတ္ခဲ့။ ထိုအစား Neverland မွာ ႀကီးျပင္းလာတဲ့ Peter Pan ေလး တစ္ေယာက္သာ။ အျမဲတမ္း ကေလးေလးလို သူ႔ကို စိတ္လိုလက္ရရယ္ေမာျပၿပီး သူ႔ထံ အားပါးတရငိုေႂကြးလို႔ သူ႔ကို ႏွလုံးသားမရွိ ျဖားေယာင္းတတ္ေပမယ့္ ထိုသူကေတာ့ ထိုအရာအားလုံးကို သတိမူမိျခင္းမရွိဘဲ ေဆာင္ရြက္ေနေလသည္။

KittyKitling

T/N : အဓိပၸါယ္ေလး အေစာႀကီးေပၚလာတယ္ေနာ္~

မေတြ႕ရတာ အရမ္းၾကာၿပီ။ တကယ္ တကယ္လြမ္းေနတာ TT

အတိုးခ်ၿပီးကို update ေပးပါ့မယ္ေနာ္ !.

Comment