Story 34
Unicode
.................
မုန်းစေ နိုးထလာပီးနောက်ပိုင်း နေရောင့်အား စိမ်းစိမ်းကားကားဆက်ဆံခဲ့တယ်။ သူ့ဘဝမှာ မှားယွင်းသော ရွေးခြယ်မှုဖြစ်ခဲ့တယ်လို့ယုံကြည့်ခဲ့တယ်။ သူ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ ဒီယောကျ်ားအတွက်ကြောင့် သူ့ဘဝပျက်ဆီးတော့မလိုတောင်ဖြစ်ခဲ့ရတာလေ။
သူ့ငယ်စဥ်ဘဝသက်တမ်းတစ်လျှောက် သူများရဲ့လက်ပါးစေအောက်မှာ ထားရာနေ၊စေရာသွားနေထိုင်ခဲ့ရတာ။ နေရောင်နဲ့တွေ့တော့ သူ့ဘဝကိုပြောင်းလဲပြစ်နိုင်လောက်မည်ဟု ယုံကြည်နေခဲ့မိတာ.... သို့ပေမဲ့ သူမှားယွင်းသွားခဲ့တယ်... ဒီအမျိုးသားက သူ့အပေါ် မချစ်ခဲ့။ သူကိုယ်တိုင် သီးခံခဲ့တယ်... နေရောင့်အလိုကိုလိုက်ခဲ့တယ်။
ဒါပေမဲ့လည်းပြန်ရလိုက်တာက အေးစက်စက်အရာတွေပဲ။ ခုလည်း ထိုအမျိုးသားနဲ့ပတ်သတ်ပီး သူအပါအဝင် သမီးတွေပါ ဒုက္ခရောက်ခဲ့ရပီလေ။
'' သား​လေး ရဲနောင်... သက်သာရဲ့လား''
''ဟုတ်... သက်သာပါတယ်... မေမေ''
''အင်း... ဟိုအမျိုးသမီးကို စီရင်ချက်ချခဲ့ပီးပီ''
မုန်းစေ အဲ့မိန်းမအသံကြားတာနဲ့ ဒေါသတို့အလိပ်လိုက်ထွက်ရသည်။
''သူ့ဘဝနဲ့သူလားရာသွားပါပီ... ''
''ကျွန်တော်တော့ ဒီထက်ပိုဘဝပျက်စေချင်တာ''
'' အဲ့ကိစ္စဆိုမပူပါနဲ့ ဒယ်ဒီကြိုးစားပေးမယ်... ခုတော့ ဘာမှမစဥ်းစားနဲ့တော့ ကောင်းကောင်းအနားယူ''
မုန်းစေ ခေါင်းငြိမ့်လိုက်ကာ မှိန်းနေလိုက်သည်။ ဦးဇေယျာတို့လည်း သူတို့သားလေးကိုကြည့်ပီး စိတ်မကောင်းဖြစ်ကြရသည်။
'ဒေါက်...ဒေါက်'
တံခါးခေါက်သံနဲ့အတူ နေရောင်ဝင်လာခဲ့သည်။ မုန်းစေ တံခါးဖွင့်ရာဘက်ကိုကြည့်လိုက်တော့ သူမမြင်ချင်ခဲ့တဲ့မျက်နှာ။
''ခဗျား... ဘာလာလုပ်တာလဲ!!!"
"မုန်း.... ကိုယ်..''
''မခေါ်နဲ့.... ခဗျားပါးစပ်က အဲ့ထွက်ကျလာတဲ့ နာမည်ကို ကျွန်တော် အရမ်းမုန်းတယ်''
''ကိုယ်တောင်းပန်ပါတယ်... ''
''မတောင်းပန်နဲ့... ခဗျားက တောင်းပန်ဖို့ မထိုက်တန်တဲ့သူ... ကျွန်တော်.. ခဗျားဆီကနေ ထပ်ပီး ဒုက္ခတွေမခံစားနိုင်တော့ဘူး...
ကျွန်တော့် ကလေးတွေကော ကျွန်တော်ကော... ခဗျားကြီးကြောင့်ပဲ ပြဿနာဖြစ်ခဲ့ရတာ။ ခဗျားဘက်က မပြတ်သားခဲ့လို့... ဟင့်... အင့်.. ဖြစ်ရတာ''
မုန်းစေပြောရင် မျက်ရည်တွေစီးကျလာသည်။
'' ဟုတ်ပါတယ်.. ကိုယ်မှားခဲ့ပါတယ်.. တကယ်စိတ်ရင်းနဲ့ မုန်းကျေနပ်အောင်တောင်းပန်ပါ့မယ်.... ကိုယ့်ကို အပြစ်ပေးချင်လား.... ကြိုက်သလောက်ပေးနိုင်ပါတယ်...''
'' အပြစ်ပေးရမယ်.... ဟက်... ကောင်းပီလေ.... အဲ့ဒါဆို အရင်ကမရှင်းခဲ့ရတာ ခုအဲ့ဒါကို ခဗျားလုပ်ပေးရမယ်.... ကျွန်တော့်ကိုကွာရှင်းပေး''
''မုန်း...!!!"
''ကျွန်တော့်ဘက်က ပြောချင်တာတော့ အဲ့ဒါပဲ... ပီးတော့ ခဗျား ကျွန်တော့်သမီးတွေနဲ့ နောက်ဘယ်တော့မှ မပတ်သတ်နဲ့''
''မဟုတ်ဘူး.... မုန်း... ကိုယ့်ကို ကွာရှင်းခွင့်ကလွှဲပီး ကျန်တာကြိုက်သလို လုပ်နိုင်ပါတယ်... ကိုယ်ဒူးထောက်တောင်းပန်ရမလား... တောင်းပန်ပါ့မယ်''
ပြောရင်းချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ပါသော နေရောင်။
မုန်းစေ ထိုသူမျက်နှာကို မကြည့်ပဲ အကြည့်လွှဲလိုက်လေသည်။
''ခဗျား...ထွက်သွားလိုက်တော့!! နောက်ဘယ်တော့မှ ကျုပ်ရှေ့ပေါ်မလာနဲ့''
''ကိုယ်...''
ဦးဇေယျာတို့လည်း သူတို့ပြဿနာမဟုတ်တော့ ဘေးလူအဖြစ်သာကြည့်နေကြသည်။ သို့သော်... သူတို့လည်း နေရောင့်ကို ခွင့်မလွှတ်ချင်။ ဒါ့ကြောင့် သူတို့ဝင်ပါမှရတော့မည်။
''မောင်ရင်... သားတို့လူငယ်တွေကိစ္စမှာ ဝင်မပါချင်ပေမဲ့ ခုချိန်မှာတော့ အရမ်းမလုပ်စေချင်ဘူး။ သားကြီးလည်း နေပြန်ကောင်းခါးစပဲရှိသေးတာဆိုတာ့... နောက်မှပဲ ဖြည်းဖြည်းချင်းညှိယူကြတာပေါ့... ခုတော့ ဒီလောက်နဲ့ပဲပြန်လိုက်ပါ..အန်ကယ်တောင်းဆိုပါတယ်''
နေရောင်လည်း ထိုခါမှ မပြန်ချင်ပြန်ချင်နဲ့ ပြန်ထွက်လာခဲ့ရသည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
နေရောင် စိတ်မချမ်းမြေ့နိုင်ပေ။ မုန်းစေက သူ့အပေါ် အလွန်တရာကို မုန်းတီးသွားသည်။ ခုဆို သူ့အား လုံးဝဆို လုံးဝအတွေ့မခံတော့ပေ။
သူမည်မျှကြိုးစားပီး ဖျောင်းဖျဖျောင်းဖျ... သူ့အပေါ် စိတ်ဝင်စားမှုမရှိသလို ခါးသီးစွာ ငြင်းဆန်ခဲ့သည်။ မုန်းစေက ဆေးရုံဆင်းပီးတည်းက အိမ်မှာလည်း အစောင့်ပေါင်းများစွာချထားပီး နေရောင်အနားပင်ကပ်မရပေ။
သူ့မှာ အဝေးကနေသာ ကြည့်နေရသည့်ဘဝပင်။ နေရောင် Zyar အိမ်တော်အနီးနားနေရာတွင် ရောက်နေသည်။ သူမုန်းစေကို ထွက်လာမည်လားဆိုပီး မျှော်ကြည့်နေခြင်း။ သူစုံစမ်းထားသလောက် ဒီနေ့ မုန်းစေအပြင်သွားမည်ပင်။
နေ့လည်၂နာရီရောက်တော့ တွေ့ရပါပီ... သူ့ရဲ့ချစ်ရသူလေး။ သူမျှော်နေခဲ့ရသူက ကားတစ်စီးနဲ့ ထွက်လာလေသည်။ နေရောင်လည်း ထိုကားနောက်က ကပ်ရပ်လိုက်လာလေသည်။
ထိုကားလေးက တစ်နေရာရောက်တော့ ရပ်သွားခဲ့သည်။ သူလည်း မလှမ်းမကမ်းမှာ လိုက်ရပ်လိုက်သည်။ မုန်းစေက ခြံဝင်းတစ်ခုထဲဝင်သွားတာကြောင့် သူလည်းလိုက်ဝင်လိုက်သည်။
ထိုနေရာက မိဘမဲ့ဂေဟာလေးတစ်ခုဖြစ်နေသည်။ မုန်းစေထိုနေရာမှာ လစဥ်လတိုင်း လာလှူနေကြပင်။ သူထောင်ထဲကပြန်လွှတ်လာပီးတည်းက လာလှူနေကြ။ ဒီကျောင်းက ဆရာမကြီးနဲ့လည်းရင်းနှီးနှင့်လေပီ။ ကလေးတွေကလည်း သူ့ကိုတွေ့တိုင်း အမြဲရဲရင့်နဲ့မှားနေတုန်း။
''ကိုကြီးရဲရင့်... လာလည်တာလား''
''ကိုကြီးရဲရင့်မဟုတ်ဘူး... ကိုကြီးရဲနောင်ပါကွ...ဆရာမကြီးကော ရှိလား''
''ဟာ... ကိုကြီးရဲနောင်လား... သားတို့က ကိုကြီးရဲရင့်မှတ်နေတာ... ဟီး... ဆရာမကြီးရှိတယ်ဗျ''
အသက်၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်ကသူ့အားပြောလာသည်။ ဒီကျောင်းမှာ သူနဲ့ရဲရင့်တစ်ယောက်တစ်လှည့်စီ ​ကြုံသလို လာနေကြမို့ အမြဲမှားခြင်း။ ခုလည်းဆရာမကြီးနဲ့တွေ့ဖို့ ရုံးခန်းကိုသာသွားလိုက်သည်။
နေရောင် သစ်ပင်နောက်ကနေကွယ်ပီး လိုက်ချောင်းနေတုန်း သူ့နားကို ကလေးတစ်ယောက်ရောက်လာသည်ကို သူတောင်မသိလိုက်။ ထိုကလေးက သူ့အင်္ကျီစလေးကို ဆွဲပီးမေးလာသည်။
''ဦးလေးကြီး.... ဦးလေးကြီးကဘယ်သူလဲ.... ''
နေရောင်အာရုံမရတာကြောင့်ပြန်မဖြေမိ။ ထိုကလေးကလည်း လက်မလျော့ပဲထပ်မေးသည်။
''ဦးလေးကြီးလို့!!.... ''
''ကျစ်.. ဘာလဲကွာ...''
နေရောင်ကြည့်လိုက်တော့ ၅နှစ်အရွယ်လောက်ပဲရှိမည့်ကလေးတစ်ယောက်... သူ့အားမျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်နေသည်။
''ဦးလေးကြီး...ဘာလို့ ကိုကိုရဲနောင်ကိုလိုက်ချောင်းနေတာလဲ''
''ငါ့ငါဘာချောင်းချောင်းကွာ''
''ဦးလေးကြီးက လူဆိုးလား.. ကိုကိုရဲနောင်ကို ဖမ်းမလို့လား''
''ဟုတ်တယ်ကွာ... ဖမ်းမလို့ဆို... မင်းကဘာလုပ်မလို့လဲ''
''ဟင့်... ဦးလေးကြီးနော်... သားကိုကို ကိုမဖမ်းရဘူး.... သားဆရာမကြီးနဲ့သွားတိုင်မှာ''
နေရောင် မျက်မှောင်ကျုံ့ပီး ထိုကလေးအားကြည့်လိုက်သည်။ တော်တော်စကားများတဲ့ဟာလေး။
''မင်း.. အတော်စကားများပါလား... သွားမဆော့ဘူးလား... ဟိုမှာမင်းအဖော်တွေရှိနေတာပဲ''
''ဆော့ပါဘူး... သားကိုမှမခေါ်တာ.. ဟင့်''
''မဆော့ရင်လည်း ငြိမ်ငြိမ်လေးနေကွာ... ငါကြည့်နေတာ ဘယ်တောင်ရောက်သွားလဲမသိဘူး''
''ဟွန့်... ဦးလေးကြီးကိုတိုင်ပြောမယ်''
''ကျစ်... ဒီစောက်ကလေးတော့... နေစမ်းပါဦး မင်းက မင်းကိုကိုကျတော့ ကိုကိုခေါ်ပီး ငါ့ကဘာကိစ္စဦးလေးကြီးဖြစ်သွားရတာလဲ... သူနဲ့ငါ ၅နှစ်လောက်ပဲကြီးတာကို.... ခေါ်ချင်ခေါ် ငါ့လည်း ကိုကိုခေါ်ရမှာမဟုတ်ဘူးလား''
(ကိုကိုနဲ့ ရှုပ်နေပီ😅)
''ဦးလေးကြီးက... ကိုကိုလို့ခေါ်ရမှာ''
''ဒါပေါ့''
နေရောင် ဂုဏ်ဆာနေတဲ့လေသံနဲ့ပြောလိုက်တော့...ထိုကလေးမှ နေရောင့်အား အပေါ်အောက် စုန်ဆန်ကြည့်လိုက်ပီး နှုတ်ခေါင်းရှုံ့လိုက်သည်။
''ဟွန့်... ကိုယ့်ရုပ်မှ အားမနာ... ဦးလေးကြီးအရွယ်ကိုများ... ကိုကိုခေါ်ခံချင်နေသေးတယ်။ သားကိုကိုက နုနုထွဋ်ထွဋ်လေးကို... ဦးလေးက ရုပ်ကြမ်းကြီးနဲ့ကို''
''ဟမ်...''
နေရောင် သူ့ကိုယ်သူ အဲ့လောက်တောင် အခြေအနေများဆိုးသွားတာလား ဆိုပီး ငုံ့ကြည့်လိုက်မိသည်။ သူသေချာ သပ်သပ်ရပ်ရပ်လည်းဝတ်စားထားပါတယ်။ ဘာကိစ္စ ဒီငနာလေးက သူ့ကို ဦးလေးကြီးဟု ပါးစပ်ကနေမချရတာလဲ​။
'' တော်ပီ... မပြောတော့ဘူး ကြိုက်တာသာခေါ်တော့''
''ဟွန့်... ပီးရော.. ဦးလေးကြီး''
ကလေးအပြောကြောင့် နေရောင်နင်သွားရသည်။ အဲ့ဦးလေးကြီးက နားထဲကိုးလို့ကန့်လန့်ရယ်။
''ဦးလေးကြီး... ဦးလေးကြီး''
''ဘာလဲကွာ...မပီးသေးဘူးလား''
''သားဗိုက်ဆာတယ်ရယ်''
''ဟ... ဗိုက်ဆာရင် သွားစားလေ... ဘယ်နှယ့်ငါ့လာပြောနေရတာလဲ''
''ဒီချိန် မုန့်မှမကျွေးတာ... ဦးလေးကြီးဆီမှာ မုန့်မုန့်ပါဘူးလားဟင်''
''မပါဘူး''
''ဟွန့်... ဦးလေးကြီး စိတ်ပုတ်''
''ဒီကလေး ငါရိုက်လိုက်ရ မကောင်းရှိတော့မယ်''
ဟုတ်တယ်လေ... မုန့်မရှိလို့မရှိဘူးပြောတာကို ဘယ့်နှယ့်စိတ်ပုတ်ဖြစ်သွားရတာတုန်း။ နေရောင်တစ်ဖက်ကိုသာ ပြန်လှည့်ကြည့်လိုက်တော့ မုန်းစေက အမျိုးသမီးတစ်ယောက်နဲ့ စကားပြောကာထွက်လာခဲ့သည်။
နေရောင် သူ့အနားသွားဖို့ပြင်လိုက်သည်။ သူ.... မုန်းစေနဲ့စကားပြောရဖို့လိုသည်။ နေရောင်မသွားခင် ကလေးကိုတစ်ချက်ကြည့်လိုက်တော့ နှုတ်ခမ်းကြီးထော်ကာ သူ့အားကြည့်နေသည်။ ဒါကစိတ်ကောက်သွားတဲ့သဘောပေါ့လေ။
''ဟေ့ ကလေး... မုန်းစားချင်တယ်မလား''
''ဟုတ်''
မုန့်ဆိုတော့ ဘလင်းဘလင်းနဲ့သူ့ကိုကြည့်လာသည်။ ဒီကလေးက အလွန်ပင်ချစ်ဖို့ကောင်းလွန်းသည်။
''အာ့ဆို သားရဲ့ကိုကို ကိုလေ ဒီနားခေါ်လာပေးပါလား''
''ဦးလေးကြီးဘာလုပ်မို့လဲ...တကယ်ဖမ်းမို့လား''
''ဟာ...မဟုတ်ပါဘူး။ ဒီတိုင်းစကားပြောမလို့... သွားခေါ်ပေးစမ်းပါဟ''
''ပီးရော... ပြန်လာရင်မုန့်ကျွေးရမယ်နော်''
''အင်း.. အဝကျွေးမယ်''
(ကလေးကို ညာတာပါတေးနဲ့ ဂျင်းထည့်)
ထိုကလေးက တုတ်''တုတ်''နဲ့ ပြေးထွက်သွားကာ မုန်းစေကို ဘာတွေသွားပြောလဲမသိဘူး.... ခဏကြာတော့ မုန်းစေလက်ကိုဆွဲပီး သူရှိရာနေရာနားသို့ခေါ်လာလေသည်။
မုန်းစေလည်း ကဗျာဆိုတဲ့ကလေးခေါ်ရာနောက်သို့အူကြောင်ကြောင်လေး လိုက်လာသည်။ ကလေးက သစ်ပင်ကြီးတစ်နေရာအရောက်ရပ်လိုက်သည်။
''ဦးလေးကြီး... သားသားခေါ်လာပီ''
''ဟင်''
''မုန်း...''
''ခဗျား... ''
မုန်းစေ...နေရောင်ကိုလည်းမြင်ကော ချက်ချင်းလှည့်ထွက်ဖို့လုပ်လိုက်သည်။ သို့ပေမဲ့ နေရောင်က သူ့လက်အား အရင်လှမ်းဆွဲလိုက်တာကြောင့်... သူဆက်သွားမရတော့ပေ။
''ခဗျား.... ကျွန်တော့်လက်ကိုလွှတ်''
''မလွှတ်ဘူး... မုန်း ကိုယ်နဲ့စကားခဏပြောရအောင်နော်.. တောင်းဆိုပါတယ်''
''ကျွန်တော့်မှာ ခဗျားနဲ့ ပြောစရာစကားမရှိဘူး''
''ဒါပေမဲ့ ကိုယ့်မှာရှိနေတယ်လေ''
''ခဗျားမှာရှိတော့ကော... ဘာလုပ်ရမှာလဲ... ပီးတော့ ကျွန်တော်တို့နှစ်ယောက်က ပီးပြတ်ပီးသားပဲ။ ကျွန်တော့် မှတ်မိသလောက် ခဗျားကို ကွာရှင်းစာချုပ်ပို့ပီးပီထင်တယ်။ အဲ့တော့ ကျွန်တော်တို့နှစ်ယောက်က ဘာမှမဆိုင်တော့တဲ့ သူစိမ်းတွေဖြစ်နေပီ''
''မဟုတ်ဘူး... ကိုယ်လက်မခံနိုင်ဘူး... ကိုယ့်ကို ကွာရှင်းတာကလွှဲရင် ကျန်တာခွင့်ပြုပေးနိုင်တယ်။ ကိုယ် မုန်းကိုတော့ မကွဲကွာပါရစေနဲ့နော်''
ကလေးကသူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်နေသည်။ နေရောင်က မုန်းစေကို ဆွဲနေတာကြောင့် သူပါဝင်ပါတော့သည်။
''ဦးလေးကြီး... ကျွန်တော့် ကိုကို ကိုလွှတ်''
''........''
မုန်းစေ ငုံ့ကြည့်လိုက်တော့ သူ့လက်သေးသေးလေးတွေနဲ့ မမှီမကမ်းလေး အတင်းဆွဲဖြုတ်နေသည်။
'' ခဗျားလွှတ်လိုက်တော့''
''မလွှတ်ပါဘူးဆို... မုန်း ကိုယ့်ကို ကြိုက်သလောက်မုန်းနိုင်တယ်... ကွာတော့မရှင်းပေးနိုင်ဘူး''
''ဟက်... ဒါဆို ကျွန်တော်​မေးမယ်... ကျွန်တော် ဒုက္ခရောက်တဲ့ချိန် ခဗျားဘက်က ဝင်ကူဖူးတာရှိလား .... ကျွန်တော့်မှာတော့ ခဗျားအတွက် စတေးခဲ့ရတာတွေအများကြီး... အဲ့အရာတွေမြင်ခဲ့ဖူးလို့လား''
''ကိုယ်.....''
''မမြင်ခဲ့ဖူးမလား... ခဗျားက ဘေးလူရဲ့ တစ်ဖက်သတ်ပြောစကားတွေပဲ အကျွင်းမဲ့ယုံနေခဲ့တာမျိုး.... အထူးသဖြင့်ခဗျားအမေစကားပဲ။ အမေကိုချစ်တာကချစ်တာပဲ... ကျွန်တော်မပြောလိုဘူး... ဒါပေမဲ့ အစွန်းရောက်တော့မဖြစ်သင့်ဘူး။ ''
''ကိုယ်တောင်းပန်ပါတယ်... ကိုယ့်အမေအတွက်ကော... အရာရာတောင်းပန်ပါတယ်...မုန်း အရမ်းပင်ပန်းခဲ့မှာ.. ကိုယ်သိပါတယ်''
''ခုချိန်မှာ ဒါတွေလာပြောလို့ ဘာမှထူးမလာတော့ဘူး။ အဲ့တော့ ကျွန်တော့်ဆန္ဒအတိုင်းသာ ဖြည့်ဆည်းပေးပါ။ နောက်ဆုံးအကြိမ် ကျွန်တော့်အပေါ် သံယောဇဥ်ရှိသေးရင်ပေါ့။ ''
''ကိုယ်... မုန်းကိုချစ်တယ်... အာ့ကြောင့် ကိုယ်တို့တကယ် ​အသစ်ကနေပြန်စလို့ မရတော့ဘူးလားဟင်''
''ချစ်တယ်.... ဟက်... အဲ့စကားလွန်ခဲ့တဲ့နှစ်တွေကပြောခဲ့ရင် ယုံကြည်ပေးနိုင်ပေမဲ့ ခုချိန်မှာတော့ မယုံချင်တော့ဘူး.... ''
''မဟုတ်ဘူး မုန်း... ကိုယ်တကယ်စိတ်ရင်းနဲ့ချစ်ခဲ့တာပါ.. ကိုယ့်စိတ်ကို ကိုယ်မသိခဲ့လို့ အဲ့မိန်းမကိုချစ်တယ်ပဲထင်ခဲ့တာ။ တကယ်ချစ်မိသွားတာက မင်းတစ်ယောက်တည်းပါ။ ကိုယ်သူမနဲ့ တစ်အိမ်တည်းတူတူနေတုန်းကလည်း ကိုယ့်ဘက်က ဘာမှလွန်ကျူးခြင်းမရှိခဲ့တာ အမှန်ပါ။ ကိုယ့်စိတ်ထဲမှာ မုန်းတစ်ယောက်ထဲရှိခဲ့တာပါ မုန်းရယ်။''
''.........''
မုန်းစေ ဆက်မပြောတော့ပဲ တစ်ဖက်သို့သာ မျက်နှာလွှဲသွားခဲ့သည်။ နေရောင် ဘယ်လောက်ပြောပြော မုန်းစေက လက်မခံတော့ဘူးထင်။
''ကိုယ်... ကိုယ်တို့တကယ်ပဲ ​ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလား မုန်းရယ်''
''မဖြစ်နိုင်တော့ဘူး!!!"
မုန်းစေပြောပီးကော ဆုပ်ကိုင်ထားတဲ့ နေရောင်ရဲ့လက်တွေပြေကျသွားတော့သည်။ မုန်းစေလည်း ထိုအချင်းအရာကို အခွင့်ကောင်းယူကာ ရုန်းထွက်ခဲ့သည်။
''ကိုယ်... တကယ်ပဲမုန်းကိုလက်လွှတ်ရတော့မှာလား။ ကိုယ်ကွာရှင်းပေးမှမုန်းကျေနပ်နိုင်မှာလား''
''သေချာပေါက်ပေါ့... ဖြစ်နိုင်ရင် ခဗျားမျက်နှာပါ နောက်ထပ်ဒီကမ္ဘာမှာ မမြင်ချင်ဘူး''
မုန်းစေက ပြတ်သားစွာ မတုံ့ဆိုင်းဘဲပြန်ဖြေလိုက်သည်။
''ကိုယ့်ကို အဲ့လောက်တောင်စိတ်နာသွားပီထင်တယ်။ ဟင်း.... မုန်း တကယ်ကျေနပ်နိုင်မယ်ဆိုလည်း ကိုယ်... ကိုယ် ကွာရှင်းပေးပါ့မယ်... ဒါပေမဲ့ ဒီအရာတွေက မင်းကို ကိုယ်ချစ်ခဲ့လို့ မင်းစိတ်ချမ်းသာအောင် ကိုယ်ဖြည့်ဆည်းပေးလိုက်တာပါ.... ပျော်ရွှင်ပါစေ... မုန်း''
'' ကျေးဇူးပါ ကိုနေရောင်''
မုန်းစေ ပြောပီးတာနဲ့ လှည့်ထွက်သွားလိုက်သည်။ နေရောင်ကတော့ ထိုနေရာတွင်သာ ငူငူငိုင်ငိုင်နဲ့ကျန်ခဲ့လေသည်။ ထွက်သွားခဲ့သော ကျော်ပြင်လေးကို ခပ်ဆွေးဆွေးကြည့်ကာ မျက်ရည်စီးကြောင်းများကျဆင်းလာခဲ့သည်။
*ခုတော့ မုန်းက အရင်ကလို ကိုကိုလို့တောင် မခေါ်တော့ဘူးပဲ*
''ဦးလေးကြီး ကိုကိုနဲ့ရန်ဖြစ်တာလား.... ဦးလေးကြီး ငိုနဲ့လေ... ''
'' မင်းကိုကိုက ငါ့ကိုထားသွားပီကွ.. ငါဘာဆက်လုပ်ရမလဲ''
''သားသားလည်း သိဘူးလေ''
''မင်းပဲကောင်းတယ်... ဘာအပူအပင်မှမရှိဘူး... ရွှတ်... အီးဟီး... မုန်းရေ... မုန်းရဲ့... မင်းကခုတော့ ငါ့ကို ရက်စက်သွားပီပေါ့''
နေရောင် အားရပါးရ ထိုင်ငိုပီးမှ  ထိုနေရာမှ ပြန်ထွက်လာလိုက်သည်။ သူနောက်ဆုံးအကြိမ် ချခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် မုန်းစေ ပျော်ရွှင်နိုင်မယ်ဆို သူသေပျော်ပါပီ။
ထိုနေ့က ကားလေးတစ်စီးပေါ်မှာ ငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်ရှိခဲ့သလို။ ဂေဟာလေးမှာ ကျန်ခဲ့တဲ့ကောင်လေးဟာလည်း ငိုကြွေးနေခဲ့ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
To Be Continued....
love u all 💛💛💛
25.7.2022
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
.................
''ဟုတ်... သက်သာပါတယ်... မေမေ''
'ဒေါက်...ဒေါက်'
''ခဗျား... ဘာလာလုပ်တာလဲ!!!"
"မုန်း.... ကိုယ်..''
''ကိုယ်တောင်းပန်ပါတယ်... ''
''မုန်း...!!!"
''ကိုယ်...''
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
''ဦးလေးကြီးလို့!!.... ''
''ကျစ်.. ဘာလဲကွာ...''
(ကိုကိုနဲ့ ရှုပ်နေပီ😅)
''ဒါပေါ့''
''ဟမ်...''
''ဦးလေးကြီး... ဦးလေးကြီး''
''သားဗိုက်ဆာတယ်ရယ်''
''မပါဘူး''
''ဟုတ်''
''အင်း.. အဝကျွေးမယ်''
''ဟင်''
''မုန်း...''
''ခဗျား... ''
''........''
'' ခဗျားလွှတ်လိုက်တော့''
''ကိုယ်.....''
''.........''
''မဖြစ်နိုင်တော့ဘူး!!!"
'' ကျေးဇူးပါ ကိုနေရောင်''
''သားသားလည်း သိဘူးလေ''
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
To Be Continued....
love u all 💛💛💛
25.7.2022
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Comment