Story 13
Unicode
................
'' ဝေ့ ဘရို..... ဒီနေ့ ပွဲနေ့နော်.... ငါ ဟိုဘက်အရောင်းဘက်ကော စီမံဘက် သေချာစစ်လာပီးပီ....မင်း ထပ်စစ်ဦးမလား''
''အင်း... ငါ ပစ္စည်းကို မပို့ခင် ထပ်စစ်ပေးမယ်... ပွဲကျရင်လည်း ငါတို့ကိုယ်တိုင်ရှိနေကြမှာပဲ''
''အင်း... ဟုတ်တယ်နော်.... ငါလည်း သေချာအောင်ပါ။''
''အေးပါ.... CEOဖြစ်တဲ့ငါက မပူရဘူး... မင်းကဘာထဖြစ်တာလဲ''
''ဟီး.... ဘရားသားကလဲ မင်းပင်ပန်းမှာစိုးလို့ကို''
''ပြော... ဒီတစ်ခါလည်း ခွင့်ဘယ်နှစ်ရက်လဲ''
''ဟဲဟဲ ၃ရက်ထဲပါ... ငါခဏပြန်ရမှာမို့''
''သိနေတယ် သိနေတယ်''
ဒါတွေကတော့ ချစ်သယ်ရင်းကြီးခွန်မင်းက နေရောင့်အား အချိုသတ်နေခြင်း။
''ဒါနဲ့ မင်းကိုကော ဖိတ်ထားတာဆိုတော့ မင်းဘယ်သူနဲ့တက်မှာလဲ.... မင်းရဲ့ ချစ်စရာ အမျိုးသားလေးနဲ့လား''
''မခေါ်ပါဘူး... ငါ့ငါ ဘယ်သူနဲ့သွားသွားပေါ့''
'' ဘာလို့လဲ... ငါကအကောင်းပြောနေတာကို.... မင်းရဲ့ ဗိုက်ကလေးက တကယ်လဲ ချစ်စရာလေးကို။ ငါတစ်ခါပဲ မြင်ဖူးတာတောင် ရင်နာလိုက်တာ။ ထပ်ကြည့်ချင်တာကို။ ဒါမှမဟုတ် ဗိုက်ကလေး ပင်ပန်းမှာစိုးရိမ်လို့လား။''
''သေလေ...''
''ဟားဟားဟား... တကယ်ကြီး စိတ်ပူနေတာလား''
''ဘယ်...ဘယ်မှာပူလို့လဲ။ ငါက သူနဲ့သွားမဲ့အစား သင်းနဲ့ပဲသွားလိုက်မှာပေါ့ဟ''
'' မမိုက်လိုက်တာ.... ငါအကြံပေးမယ်... မင်း သင်းရနံ့နဲ့ မိတ်ဆွေအဆင့်ထက် မပိုစေချင်တော့ဘူး။ မင်း ဗိုက်ကလေးကို မချစ်သေးတာ သိတယ်။ ဒါပေမဲ့လည်း မင်းတာဝန်ယူချင်ရင်တော့ တကယ်စိတ်ရင်းနဲ့ အဆုံးစွန်ထိ တာဝန်ယူစေချင်တယ်။ သူအရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ မင်းကသူနဲ့ တရားဝင်ယူထားတဲ့လူလေ... မဟုတ်ဘူးလား''
''......''
''မင်းလည်း စဥ်းစားချင့်ချိန်တတ်မယ်လို့ ငါထင်ပါတယ်... ကံကောင်းပါစေ ဘရို''
ဆိုပီး နေရောင်ရဲ့ ပုခုံးကို လက်နဲ့ နှစ်ချက်လောက်ပုတ်ပီး ခွန်မင်းတစ်​ယောက် ထွက်သွားလေသည်။
ခွန်မင်း အခန်းပြင်ရောက်တော့ ​အပြင်စားပွဲမှာထိုင်နေတဲ့ လွန်းကိုတွေ့လိုက်သည်။ laptop ပေါ်မှာ စာရိုက်နေပုံ သေးသွယ်စင်းလျတဲ့ လက်ချောင်းလေးတွေနဲ့ တစ်တောက်တောက် ရိုက်လိုက်။ မှားလို့ လား ဘာလို့မှန်းမသိပေမဲ့ အလိုမကျလို့ မျက်မှောင်ကျုံ့လိုက်နဲ့။
ခွန်မင်းက ယောကျာ်းလေးကော မိန်းကလေးပါ စိတ်ဝင်စားသူမို့ လွန်းကိုလည်း အနည်းငယ်စိတ်ဝင်စားမိသည်။ ခက်တာက သူဘက်က ဘယ်လောက်ပင် ရေလာမြောင်းပေးမကလို့ ဆည်ကြီးတွေ ရေကာတာတွေ ပဲဖောက်ဖောက် သူ့အားသောက်ဖတ်မလုပ်တာကြောင့် သူ့မှာ အကြံအိုက်နေရသည်။
''ဟိုင်း... လွန်း.... ဘာတွေအလိုမကျနေတာလဲ''
''အော်.... ကိုခွန်မင်း... ဘာကိစ္စ??''
'' ဘာရယ်မဟုတ်ပါဘူး... ဒီတိုင်းလွန်းကိုသတိရလာလို့ ... ဒါနဲ့ ဒီအပတ် ပိတ်ရက်အားလား''
''မအားဘူး''
''လွန်းက စိမ်းကားလိုက်တာ... ကိုယ့်ရင်တွေနာသွားပီ.... ဘယ်လိုတာဝန်ယူမလဲ''
''ကိစ္စမရှိရင် သွားတော့လေ... ကျွန်တော် ဒီလreport အတွက် လုပ်စရာရှိသေးတယ်''
လွန်းက ခပ်တည်တည်မျက်နှာပေးနဲ့ပဲ ခွန်မင်းကိုကြည့်ပီး မောင်းထုတ်နေသည်။ အဲ့လိုကို သွေးအေးသူပါ။ တစ်ခြားဝန်ထမ်းတွေနဲ့ဆို ရယ်ရယ်မောမောပြောနေသော်လည်း သူ့ရှေ့ရောက်ရင် ရုပ်ကို တန်းတည်သွားသူ။
'' ဘာလို့ အဲ့လောက်မောင်းထုတ်နေရတာလဲ''
''ကြည့်မရလို့....''
လွန်းက တိုးညှင်းစွာပြောလိုက်တာကြောင့် ခွန်မင်းသေချာမကြားလိုက်။
''ဟမ်.... ဘာပြောလိုက်တာလဲ လွန်း''
'' ဘာမှမဟုတ်ဘူး... သွားတော့ဗျာ... ကျွန်တော့်စီ အလုပ်ကိစ္စမဟုတ်ရင် မလာပါနဲ့''
'' ဟွန့်.... ဒီက သတိရလို့လာတာတောင်မရဘူးလား....''
''မရဘူး''
ပြောပီး သူ့ကိုတောင်လှည့်မကြည့်တော့ပဲ အလုပ်ကိုသာ သဲကြီးမဲကြီးလုပ်နေတာကြောင့် ခွန်မင်းလည်း လက်လျော့စွာပြန်လာလိုက်သည်။
ခွန်မင်း ဆူပုတ်စွာ ပြန်လှည့်လာချိန် လျှောက်လမ်းရောက်တော့ သင်းရနံ့ ကိုတွေ့လိုက်ရသည်။
'' ဟိုင်း...ခွန်မင်း... နေရှိလား''
''ရှိတယ်... ဘာလာလုပ်ပြန်တာလဲ''
'' ဒီတိုင်း ဖေဖေ ခိုင်းထားတဲ့ ကိစ္စကြောင့်လာရင်း နေ့ကိုလာတွေ့တာ''
''အော်.... ''
ခွန်မင်း ဆက်မမေးချင်တော့တာကြောင့် သူမကိုကျောခိုင်းပီး ဓာတ်လှေကားရှိရာသို့ သွားလိုက်သည်။ သူသိပ်သိတာပေါ့... သင်းရနံ့ ရဲ့ အဖေ နေရောင့်ဆီမှာ ရှယ်ယာဝင်ထားတည်းက ချောင်းပေါက်မတတ်လာနေတာ။ ငယ်သူငယ်ချင်း အချင်းချင်းမို့ သိပ်မပြောချင်တာကြောင့်လည်းပါမည်။
အရင်ကတော့ သူလစ်လျူရှုချင်ရှုလို့ရမည်။ ခုက သူငယ်ချင်းဆိုတာထက် နေရောင်ရဲ့ Exဖြစ်သွားပီမို့လို့ နှစ်ယောက်လုံးကိုတော့ သတိထားစေချင်တယ်လေ။ လက်ထပ်ပွဲမလုပ်ခဲ့ရင်တောင် သူလည်းသိနေသည့်ကိစ္စဖြစ်နေတော့ မျက်နှာလွဲခဲပစ်မလုပ်ချင်ပေ။
💮💮💮💮💮💮💮💮💮💮💮
'knock...knock'
''ဝင်ခဲ့''
'' နေ.... ''
''အော်.. သင်း...ဘာကိစ္စရှိလို့လဲ''
''ဒီတိုင်း လမ်းကြုံ...''
''ထိုင်လေ... ဘာသောက်မလဲ ''
''တော်ပီ..... ဒီတိုင်း နေ့ကို တွေ့ချင်လို့''
သင်းရဲ့အပြောကြောင့် မျက်ခုံးပင့်လိုက်မိသည်။
'' ဒါနဲ့နေ.... ညနေကျရင်လေ.... Zyar ရဲ့ ကုမ္ပဏီပွဲရှိတယ်မလား... အဲ့.... အဲ့ဒါ ပါတနာ ရှိလားလို့''
'' ဘာလို့လဲ''
''ဟို တစ်ခြားသဘော မဟုတ်ပါဘူး... သင်းလဲ အဖော်မရှိလို့... အဲ့ဒါ''
'' အင်း... ကိုယ်လည်း ပါတနာ မ....''
မရှိဘူးလို့ ပြောခါနီး ခွန်မင်းပြောသွားသော စကားကိုပြန်ကြားယောင်ပီး မုန်းစေသူကိုပဲ ခေါ်သွားရမလားဆိုပီး တွေးလိုက်မိသေးသည်။
''နေ.... နေ???''
''ဟေ...ဘာပြောလိုက်တာလဲ''
''သင်းမေးနေတာ ဖြေလေ... ဘာလို့ ရပ်လိုက်တာလဲ။ ဘာလဲ ပါတနာရှိလို့လား။ ဘယ်သူ့ကိုခေါ်သွားမလို့လဲ''
''ဟမ်.... အင်း.... မရှိတော့ မရှိသေးပါဘူး... ပီးတော့ ကိုယ့်ကို ဖိတ်ထားတာကလည်း အလုပ်နဲ့ ဆိုတော့ ဒီတိုင်းပဲကိုလွန်းနဲ့ပဲ သွားရင်ကောင်းမလားလို့ပါ.... ဒါပေမဲ့ သင်းလိုက်ချင်လိုက်ခဲ့လေ''
နေရောင်ရဲ့ အဖြေကြောင့် သင်းရနံ့ စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။
'' ရပါတယ်... အလုပ်ရှိတော့လည်း.. သင်းဘာသာပဲသွားလိုက်ပါ့မယ်''
'' အာ... မဟုတ်တာ.... သင်းအဖော်လိုရင် အတူသွားကြတာပေါ့နော်''
''အင်းပါ... နေ့သဘော သင်းက ခါတိုင်းလဲ အတူသွားနေကြမို့ မေးလိုက်တာပါ''
'' ကောင်းပါပီ... အရှင်သခင်မလေး သဘောပါဗျ''
( ရေမြောင်းတွေဖောက်တယ်ဟေ့🙃🙃🙃)
ညနေအတွက် နေရောင် အိမ်သို့ တစ်ခေါက်ပြန်ပီး ပြင်ဆင်စရာရှိတာ ပြင်ဆင်သည်။ မုန်းစေ..... နေရောင့်ကို ကြည့်ပီး တစ်နေရာရာထပ်သွားမည်ထင်လိုက်သည်။
နေရောင် ရေမိုးချိုးပီး စီစဥ်ထားတဲ့ အကောင်းဆုံးပွဲတက် suit အနက်ရောင် ဝိုင်းဆက်ကို ဝတ်ဆင်လိုက်သည်။ လက်မှာလည်း ရွှေဟန်းချိန်း တစ်ခုနဲ့ Rolex နာရီ တစ်လုံးကောက်ပတ်လိုက်သည်။ ဆံပင်ကိုလည်း လူကြီးလူကောင်းဆန်ဆန် နောက်ကို လှန်တင်ထားသည်။ မေးရိုးထင်းထင်း၊ မျက်ခုံးမွှေးတန်းတန်း၊ အာရှသားဆိုပေမဲ့ ဖြောင်းဆင်းနေတဲ့ နှာတံပိုင်ဆိုင်ထားပီး မထူမပါး နှုတ်ခမ်းတစ်စုံပိုင်ဆိုင်ထားတာကြောင့် အဝေးကငေးကြည့်ရင်ပင် မိန်းကလေးများကြွေကျသွားမည်အလား ဆွဲဆောင်မှုရှိလှသည်။
မုန်းစေသူ.... နေရောင့်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ ဒေါ်ပိုင်ရတနာကတော့ ပွဲအကြောင်းကို ကြိုသိနေတာကြောင့် သူ့သားကိုကြည့်ပီး စိတ်ချမ်းသာနေလေသည်။ သေချာတာပေါ့... ဒီပွဲကို ဒေါ်ပိုင်ရတနာပါ အတူလိုက်မည်ဆိုတာ။
အောက်ထပ်ရောက်တော့ ကိုလွန်းပါရောက်နေပီးဖြစ်သည်။ မုန်းစေသူကတော့ ကိုလွန်းဘေးနားမှာ မတ်တပ်ကလေးရပ်ကာ ငေးမောနေသည်မှာ နေရောင် အနားရောက်လာမှ အသိဝင်သည်အထိပင်။
''ကိုကို... ဘယ်...ဘယ်သွားဖို့လဲဟင်''
'' အင်း...အရေးကြီးပွဲသွားစရာရှိလို့....နောက်ကျမယ်...''
ထိုချိန် သင်းရနံ့ ဝင်လာပီး နေရောင့်ကို လှမ်းပြောသည်။
''နေ...''
''အော် သင်း...''
မုန်းစေသူ အသံကြားရာကို လှည့်ကြည့်လိုက်တော့ သင်းရနံ့ ဖြစ်နေသည်။ သူမသည်လည်း အနက်ရောင် တလက်လက် ထနေကာ ပေါင်လယ်ထိခွဲထားတဲ့ ဂါဝန်ကို ဝတ်ဆင်ထားသည်။ မိတ်ကပ်ပါးပါး၊ အနီ​ရောင် နှုတ်ခမ်းနီရဲရဲ ကိုဆိုးထားကာ ဆံနွယ်ကိုလည်း တဝက်စီးပီး အောက်ဖျားလေးကို အခွေလေးကောက်ထားသည်။ ခြုံကြည့်ရင် ပီးပြည့်စုံစွာ လှရက်လွန်းသည်။
ထို့နည်းတူ အနက်ရောင်ချင်းတူနေတာကြောင့် မသိရင် တ်ိုက်ဝတ်ထားသလားအောက့်မေ့ရအောင် နေရောင်နဲ့ သူမကအလွန်ပင်လိုက်ဖက်လွန်းလှသည်။ မုန်းစေ စိတ်ထဲ သိမ်ငယ်သွားရသည်။ ကြည့်ရတာ တစ်အိမ်လုံး တစ်နေရာသွားမည့်ပုံ။ ပါတနာကို အမျိုးသားဖြစ်သည့်သူ့ကို ပွဲထုတ်ချင်ပုံမပေါ်ပေ။ သင်းရနံ့ ဆိုတဲ့ မိန်းမနဲ့ သွားချင်နေပုံ။ ဒေါ်ရတနာကတော့ သင်းရနံ့ နဲ့ သူ့သားကိုကြည့်ပီး အကျေနပ်ကြီးကျေနပ်နေလေသည်။
''အိုး... သမီးလေးက လှရက်လိုက်တာ... စောင့်နေတာကြာသွားလား... မာမီတို့လည်း ခုပဲထွက်လာတော့မလို့''
''ဟုတ်တယ်... သမီး ကားထဲမှာစောင့်ရတာ ပျင်းလာလို့ ဆင်းလာလိုက်တာ''
''ကဲ ဒါဆိုသွားရအောင်.... သားလေး... သမီးကိုတွဲလိုက်လေ''
'' အိုး...အမေကလည်း''
''ခုမှပဲ နတ်ဖက်တဲ့ စုံတွဲတွေ့ရသလိုပဲ''
သင်းရနံ့ က နေရောင့်လက်ကို ချိတ်ဖို့ပြင်နေလိုက်ပီး မုန်းစေသူကို တစ်ချက်ကြည့်လိုက်သည်။ ပီးတော့ အပြုံးသေးသေးလေး မျက်နှာမှာ ချိတ်ဆွဲထားသေးသည်။ စိတ်ထဲမှာတော့ မုန်းစေသူကို အနိုင်ရလိုက်သလိုမျိုး ကျေနပ်နေမိသည်။
မုန်းစေသူ နေရောင့်အင်္ကျီအောက်နားစလေးကို ဆွဲကာ မျက်လုံးဝိုင်းလေးနဲ့ ကြည့်လိုက်သည်။
''ကိုကို.... ဟို...မသွားလို့မရဘူးလားဟင်''
'' မရဘူး.... မင်းက မပေါ့မပါးနဲ့ဆိုတော့ အိမ်မှာပဲနေခဲ့ပါနော်''
''ဒါပေမဲ့.... ''
''ကိုလွန်း သွားရအောင်''
''ဟုတ်ကဲ့ဘော့စ်''
နေရောင် သူ့ကို တစ်ချက်ပင် လှည့်မကြည့်ပဲ ထွက်သွားလေသည်။ ဆွဲထားတဲ့ အင်္ကျီစလေးသည်လည်း မလွှတ်ပေးချင်ပဲ လွှတ်ပေးလိုက်ရသည်။ ခုဆို အိမ်ကြီးမှာ သူတစ်ယောက်တည်း.... အလုပ်သမားတွေလည်း အနောက်ဆောင်မှာ အသီးသီးပြန်သွားတာကြောင့် ခုဆိုအဖော်မဲ့စွာ ကျန်နေခဲ့သည်။
မုန်းစေ ထိုနေရာမှာပင် ငုတ်တုတ်ထိုင်နေပီး သူ့ဘဝကိုပင် စိတ်ကုန်လာခဲ့သည်။ စိတ်ထဲကတင်းထားချင်ပေမဲ့လည်း မျက်ရည်စတို့က ကျဆင်းသွားခဲ့ရပြန်သည်။
မုန်းစေရဲ့ဘဝက လင်ယောကျ်ားရှိပေမဲ့ မကြည်ဖြူခံရတဲ့ဘဝပင်။ သူ့လို အပျက်လူသားကို မကြည်ဖြူတာ မဆန်းပေမဲ့လဲ အနည်းဆုံးတော့ သူ့ကလေးမျက်နှာထောက်ပီး သူ့ကိုယုယပေးစေချင်သည်။ သူများစုံတွဲတွေမြင်ရင် အလွန်ပင်အားကျခဲ့ရသည်။ တစ်နေ့ ကိုကိုရဲ့ လက်ကို ရဲဲရဲဲဲဝင့်ဝင့်တွဲပီး လူအများထဲသွားလာချင်သည့် ဆန္ဒလည်းရှိသည်။
ခုကြည့်ပြန်တော့ ဒါတွေကသူ့ရဲ့စိတ်ကူးယဥ်သက်သက်ပဲကိုး။ ကိုယ်ချစ်ရသူက တခြားမိန်းမနဲ့ လက်ချင်းချိတ်တွဲလာတာဟာ ဘယ်လောက်တောင်ရင်နာဖို့ကောင်းလိုက်လဲဆိုတာ။ ဒါတွေကို ကိုကိုတစ်ယောက်တော့နားလည်မည်မထင်။
'' ကလေးလေးရေ... ဖေဖေကြီးကတော့ ပါပါးတို့ကို တစ်ကယ်ပဲ မကြည်ဖြူဘူးထင်တယ်နော်.... ပါးရဲ့ ဒီနေရာကလေ အရမ်းနာတာပဲသိလား''
အဆက်မပြတ်ဆင်းလာတဲ့ မျက်ရည်တွေလည်းထပ်မသုတ်ချင်တော့ပေ။ မုန်းစေ နေမကောင်းတုန်းက ပြုစုယုယမှုတွေဆိုတာကလည်း အပေါ်ယံဂရုစိုက်မှုပဲထင်။ သူ့မှာတော့ သူပေးတဲ့ မေတ္တာတွေ အချစ်တွေ ရောင်ပြန်ဟပ်ပီဟု ထင်လိုက်ရတာ.... ခုတော့ မဟုတ်တဲ့ပုံပဲ။
ခြောက်လကျော် ဗိုက်ကလေးကို ကိုင်ကာ စကားတွေအကြာကြီးပြောနေမိသည်။
💮💮💮💮💮💮💮💮💮💮💮
ဦးဇေယျာဝင်းထက် ပွဲတွင်းလာသူများကို ဧည့်ခံနေလေသည်။ အများအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောက်မြတ်ကုမ္ပဏီများမှ လုပ်ငန်ရှင်များစွာ လာရောက်ကြသည်။ ပီးတော့ ကုမ္ပဏီ နှစ်ပတ်လည်ဖြစ်တာနဲ့အညီ ဝန်ထမ်းတွေကိုလည်း လွှတ်လပ်စွာပွဲဆင်နွှဲနိုင်သေးသည်။
ပွဲကား ဦးဇေယျာတို့ villaခြံဝင်းကြီးထဲတွင် ပြုလုပ်ကျင်းပတာဖြစ်တဲ့ အတွက်ဝင်လာသမျှကားတွေကို အတိုင်းသားမြင်နေရသည်။ ထိုချိန် ခြံဝင်းထဲကို အနက်ရောင် Mercedes ကားလေး တစ်စီးဆိုက်ရောက်လာသည်။ ပွဲလာသူများလည်း စိတ်ဝင်စားစွာလှည့်ကြည့်လာကြသည်။
ကားပေါ်က တောက်ပြောင်နေတဲ့ အနက်ရောင် ရှူးဖိနပ် တစ်စုံကိုဝတ်ဆင်ထားတဲ့ ခြေတံရှည်ရှည်လေးက ဦးစွာကျရောက်လာသည်။ ထိုလူငယ်လေးမှာ တစ်ခြားမဟုတ် လက်ဝတ်ရတနာ ဒီဇိုင်းမှာ နာမည်ကျော်ကြားတဲ့ Sun ကုမ္ပဏီ ရဲ့ CEOပဲမဟုတ်ပါလား။
''အား.... ချောလိုက်တာ....ငါတော့ ကြွေပီ''
'' ငါ့ရဲ့ ခွက်လေး''
ရွှေပွဲလာ ပရိသတ်ထဲမှ အမျိုးသမီးပျိုးများရဲ့ဆူညံသံများပင်။ ထိုချိန်
ထိုလူငယ်ကလက်တစ်ဖက်ကိုပါ ကမ်းပေးလိုက်တာကြောင့် ပါတနာနဲ့ အတူလာမှန်းသိလိုက်ရသည်။ ကားပေါ်မှ အလွန်ပင် ချောမောလှပတဲ့ နတ်မိမယ်တစ်ပါးဆင်းလာလိမ့်မှန်း မထင်တာကြောင့် အားလုံးအံ့အားသင့်ရင်း အံ့သြနေကြသည်။
'' သားကြီးရေ... ငါဘာမြင်လိုက်တာလဲ.... ငါ့မျက်လုံးကို မယုံလို့ တစ်ချက်လောက် ရိုက်ပေးစမ်းပါ''
'ဖြန်း'
''အာ့... တကယ်ရိုက်ရလားဟ...နာတာ''
''မင်းပဲရိုက်ဆိုလို့လေ ခွေးကောင်ရဲ့''
''သူများတွေများကံကောင်းလိုက်တာ... ငါလေးကိုလည်း ဒါမျိုးနတ်မိမယ်ပေးသနားပါ''
ထိုသည်မှာ ပွဲလာ အမျိုးသားများရဲ့အသံပင်။ ထိုစုံတွဲကို အကြည့်ရောက်သွားကြသူများသည် ငေးကြည့်မဆုံး၊ ဝေဖန်မဆုံးပင်။ တစ်ချို့များ ပေါ်တင်တစ်မျိုး၊ ကွယ်ပီးတစ်မျိုး ဓာတ်ပုံများခိုးရိုက်ကြသည်။ ပီးတော့ သူတို့ အကောင့်ပေါ်တင်ကြတာကြောင့် လိုင်းပေါ် ဂရိုက်ထသွားကြသေးသည်။
ထိုစုံတွဲကတော့ ဘာမှမသိစွာ ဝင်လာကြသည်။ ဦးဇေယျာကလည်း သူတို့အားလှမ်းခေါ်တာကြောင့် သူတို့လည်း စကားပြောနေလိုက်ကြသည်။
'' မောင်ရင် ရောက်လာပီလား''
''ဟုတ်တယ် အန်ကယ်... happy anniversary day ဖြစ်ပါစေ''
''ကျေးဇူးပါ... ဒါနဲ့ ဒီဘက်က...''
''ဒါ ကျွန်တော့ အမေနဲ့ သူငယ်ချင်းပါ''
ဟု မိတ်ဆက်ပေးလိုက်တာကြောင့် သင်းရနံ့ မျက်နှာခဏပျက်သွားသော်လည်း ပြန်ထိန်းကာ မိတ်ဆက်လိုက်သည်။
''မင်္ဂလာပါရှင့်... သင်းရနံ့ ပါ''
''မင်္ဂလာပါဗျာ... ကဲ လွတ်လွတ်လပ်လပ်နေကြနော်... ခဏနေ ပွဲစတော့မယ်''
''ကောင်းပါပီဗျ''
ဦးဇေယျာတို့ လင်မယားထွက်သွားပီး မကြာပွဲကို စတင်လိုက်ကြသည်။ စီစဥ်တင်ဆက်သူက ပွဲဖွင့်ကာ ရတနာရှိုးပွဲပြသဖို့ ကြေညာလိုက်သည်။ ပွဲကြည့်သူများလည်း စိတ်ဝင်စားစွာနေရာယူထားကြသည်။
နေရောင် ပွဲတွင်းဝေ့ကြည့်လိုက်တော့ ဒဿမင်းမောင်ဆိုသူကိုတွေ့သွားတာကြောင့် မျက်မှောင် အနည်းငယ်ကျုံ့မိသည်။ သူတစ်ခါတုန်းက ကိုလွန်းကိုစုံစမ်းခိုင်းသည့် မုန်းစေနဲ့ တူတယ်ဆိုသူအကြောင်းကို စုံစမ်းမရတာကြောင့် တစ်ခုခုက ပိတ်ဆို့ထားမှန်းသိလိုက်သည်။
နေရောင် မျက်နှာလွဲကာ စင်ကိုသာပြန်ကြည့်လိုက်သည်။
''နေ... ဒီတစ်ခေါက်ဒီဇိုင်းတွေ အကုန်လုံး နေတို့လုပ်ထားတာမလား''
''အင်း.... ဟုတ်တယ် သင်းရဲ့''
'' အာ့မို့ အရမ်းလှနေတာ''
''ဒီတစ်ခေါက် main ဒီဇိုင်းက အထူးခြားဆုံးပဲလေ... ကိုယ်အဲ့အတွက် အတော်ကြာ အချိန်ယူထားရတာ နောက်ဆုံးကျ ထွက်လာလိမ့်မယ်''
'' ဟုတ်လား....သင်း အမြန်တွေ့ချင်လှပီ ''
ထိုချိန် အနားကို ခွန်မင်းက ဝိုင်ခွက်ကလေးကိုင်ကာ ရောက်လာသည်။ သင်းရနံ့ ကိုလည်းမြင်ကော မျက်မှောင်ကျုံ့လိုက်သည်။
'' မိသင်း... နင်ပါလိုက်လာတာလား''
''ဟုတ်တယ်လေ.. ခွန်မင်းရဲ့''
'' ဗိုက်ကလေးကော''
ဆိုပီး ဘေးဘီဝေ့ကြည့်ကာမေးလိုက်သည်။ ရှာမတွေ့ဘဲ နေရောင်ရဲ့ အေးစက်စက်ဖြေသံသာကြားလိုက်သည်။
''မပါဘူး... ငါတမင်ခေါ်မလာတာ...''
''.......''
ခွန်မင်း ပုခုံးတစ်ချက်တွန့်ကာ လှည့်ထွက်သွားကာ လွန်းဘေးနား သွားရပ်လိုက်သည်။ သူလည်းနေရောင်ကို ပြောမနိုင်တာကြောင့် လျစ်လျူပဲရှုလိုက်တော့သည်။ သူနေ့ခင်းက အတန်တန်ပြောထားတာတောင် သူက သင်းရနံ့ နဲ့ပင် တွဲလာလိုက်သေးသည်။
'' ဟုတ်ကဲ့ ခုဆို ပွဲရဲ့ အဓိကဒီဇိုင်းကို အရိုးရှင်းဆုံးပုံစံနဲ့ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းကိုတော့ ကျွန်တော်တို့ လက်ဝတ်ရတနာ လောကက နာမည်ကြီး ဒီဇိုင်နာ ကိုနေရောင်ခြည်က ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်''
တင်ဆက်သူက ကြေညာချိန် မီးစလိုက်အဝိုင်းကြီးက နေရောင်တို့ ရှိရာသို့ ကျလာလေသည်။ လက်ခုပ်သံများဆူညံလျက် အားလုံးက ချီးကျူးကြသည်။ အပေါ် ပရိုဂျက်တာတွင် အပြာရင့်ရောင် နီလာကျောက်နဲ့ အလှဆင်ထားတဲ့ လက်ဝတ်ရတနာ တစ်စုံကို ပြသပေးနေသည်။ သတင်းထောက်များသည်လည်း တဖျတ်ဖျတ်နဲ့ သတင်းရယူနေသည်။
စိန်ပွင့်​​ဖြူလေးများကြား လှပစွာစီရင်ထားတဲ့ လက်စွပ်လေး နှစ်ကွင်း၊ ရေစက်သဏ္ဍာန် ဆွဲသီးလေးတွေနဲ့ စီရင်ထားတဲ့ လည်ဆွဲ။ ပေါ့ပေါ့ပါးပါးဒီဇိုင်းထွင်ထားတာကြောင့် လူကြီးလူငယ် ​ကျားမမရွေးဝတ်နိုင်သည့် ပုံစံပင်။ ထို့ပြင် ထပ်လောင်းအနေနဲ့ သရဖူတစ်ခုပါ ထည့်သွင်းပြုလုပ်ထားသေးသည်။ ဤသရဖူသည်ကတော့ ယခုပွဲမှာ ပွဲလာပရိသတ်တွေကို မဲဖောက်ပေးမည့်ပစ္စည်းပင်။
တင်ဆက်သူ ရှင်းပြအပီးမှာတော့ နောက်ဆုံးမော်ဒယ်သည် ထွက်လာခဲ့သည်။ ပိတ်ကားမှာထင်ရှားစွာပြသနေတာကြောင့် ထိုလူငယ်မော်ဒယ်လေးကို ထင်ရှားစွာမြင်နေရသည်။ ရတနာကလည်း ထိုမော်ဒယ်လေးအတွက် တိုက်ပီးထုတ်ပေးထားသလားပင်အောက်မေ့ရသည်အထိ လိုက်ဖတ်လွန်းလှသည်။
နေရောင်တို့ အုပ်စု စင်ပေါ်မှလျှောက်လှမ်းသွားသူကိုကြည့်ပီး မျက်လုံးပြူးသွားရသည်။ ဒေါ်ပိုင်ရတနာ လည်း ပါးစပ်ပင်အဟောင်းသားဖြစ်သွားရသည်။ ထို့ကြောင့် သူမမိတ်ဆွေဆီကနေ ထွက်လာပီး သားဆီပြေးလာရသည်။
''သား... ဒါ...ဒါ... မုန်းစေသူ... မဟုတ်လား''
'' နေ.... တ..တကယ်ပဲ ဟို...ဟိုတစ်ယောက်လား''
''.........''
နေရောင် မျက်တောင်ပင်မခတ်နိုင် စိုက်ကြည့်နေမိသည်။
''ဟဲ့သား.... ဖြေလေ... မာမီရင်လေးလာပီ.... ဟုတ်လားလို့''
''ဘော့စ်.... အစ်ကိုလေး''
''ဗိုက်ကလေး''
လွန်းပင် ဘော့စ်နားရောက်လာကာ ခွန်မင်းသည်လည်းထိုနည်း၎င်းပင်။
တစ်ဖက်ကကြောင်အနေချိန်တွင် စင်ပေါ်မှ ကောင်လေးကတော့ အပြုံးချိုချိုလေးဖြင့် အောက်မှသူများအသဲကို ချွေယူနေသည်။
💮💮💮💮💮💮💮💮💮💮💮
တူဘီကိုတိန်ညွန့် 😎😎😎
တင်မလို့ပဲ ၁၂ ကျော်သွားပီဆိုတော့ နောက်နေ့ကူးသွားပီပေါ့နော်😅
19.6.2022
💮💮💮💮💮💮💮💮💮💮💮
Zawgyi
................
''သိနေတယ် သိနေတယ်''
''သေလေ...''
''......''
''မအားဘူး''
''ကြည့်မရလို့....''
''မရဘူး''
''အော်.... ''
💮💮💮💮💮💮💮💮💮💮💮
'knock...knock'
''ဝင်ခဲ့''
'' နေ.... ''
''ဒီတိုင်း လမ်းကြုံ...''
''ထိုင်လေ... ဘာသောက်မလဲ ''
'' ဘာလို့လဲ''
'' အင်း... ကိုယ်လည်း ပါတနာ မ....''
''နေ.... နေ???''
''ဟေ...ဘာပြောလိုက်တာလဲ''
''နေ...''
''အော် သင်း...''
'' အိုး...အမေကလည်း''
''ဒါပေမဲ့.... ''
''ကိုလွန်း သွားရအောင်''
''ဟုတ်ကဲ့ဘော့စ်''
💮💮💮💮💮💮💮💮💮💮💮
'' ငါ့ရဲ့ ခွက်လေး''
'ဖြန်း'
''ကောင်းပါပီဗျ''
''အင်း.... ဟုတ်တယ် သင်းရဲ့''
'' အာ့မို့ အရမ်းလှနေတာ''
'' ဗိုက်ကလေးကော''
''.......''
''.........''
''ဘော့စ်.... အစ်ကိုလေး''
''ဗိုက်ကလေး''
💮💮💮💮💮💮💮💮💮💮💮
တူဘီကိုတိန်ညွန့် 😎😎😎
19.6.2022
💮💮💮💮💮💮💮💮💮💮💮
Comment