Story 19

Unicode
................

သံတိုင်တွေကြားကို ဖြတ်ကာ လိမ္မော်ရောင် ဝတ်စုံလေးတွေဝတ်ထားတဲ့ လူသစ် သုံးယောက်လောက် ကို အရာရှိတစ်ယောက်က ဦးဆောင်ကာခေါ်လာကြသည်။ ဘေးဘက် သံတိုင်ကြားက ရပ်ကြည့်နေကြတဲ့ ရုပ်ကြမ်းနဲ့ လူမိုက်တွေကို မုန်းစေ စေ့စေ့ပင်မကြည့်ရဲ။

သူစိတ်ဓာတ်ကျကာ ခေါင်းငိုက်စိုက်လျက် ထိုအရာရှိခေါ်ဆောင်ရာသို့သာ လိုက်လာခဲ့သည်။ သူနေရာမဲ့ အခန်းကို နေရာချပီး ထားခဲ့သည်။ ပီးတော့ သူ့အားစည်းကမ်းချက်တစ်ချို့ကိုပြောပြပီး ထွက်သွားခဲ့သည်။

မုန်းစေ အခန်းရဲ့ထောင့်နေရာကိုသွားပီး ထိုင်နေလိုက်သည်။ သူဝင်လာတည်းက ဒီအခန်းထဲမှာ လူမိုက်၃ယောက်လောက်ရှိသည်။ ထိုလူက သူ့ကို အထင်သေးသလိုကြည့်လာသည်ကို သတိထားမိသော်လည်း လျစ်လျူရှုထားလိုက်သည်။

'' အိုး... ဒါဘယ်သူလေးလဲ... လူသစ်လေးပါလား... လူသစ်လေးက ဒီက စီနီယာတွေကို မနှုတ်ဆက်တော့ဘူးလား....ဟမ်''

ထို ခေါင်းဆောင်ဆိုသူက သူ့နောက်တစ်ယောက်အား မျက်စပစ်ကာ မုန်းစေလက်ကို ဖမ်းချုပ်ထားစေသည်။

'' ခဗျားတို့... ကျုပ်ကိုလွှတ်💢💢''

'' ဟက်... ဒီနေရာမှာ မင်းဘယ်လောက်အော်အော် ကယ်မဲ့သူမရှိဘူး... မင်းလို ငပျော့က ဘယ်လိုအထဲဝင်လာမှန်းမသိပေမဲ့ ငါတို့က ကြိုဆိုပေးရမှာပေါ့... ဟေ့ကောင်တွေ ''

မုန်းစေ သူ့ရှေ့ကထိုလူသားကို စိုက်ကြည့်လိုက်သည်။

'' အာ..... မင်းရဲ့ ဒီ မျက်လုံးအကြည့်လေးတွေလည်း ပြင်သင့်တယ်။ မင်းမျက်လုံးက ငါ့ရဲ့အောက်မှာ အော်ငိုတဲ့ ချိန်ပဲကြည့်သင့်တာလေ''

'' ဟားဟား... ''

''မင်းဘာရယ်တာလဲ''

''ကျုပ်က ခဗျား ခြိမ်းခြောက်တိုင်းကြောက်နေရမှာလား...ထွီ... ရွံ့စရာအကောင်တွေ''

'' မင်း...!!!"

'ဖြောင်း' ခနဲ ထိုလူက မုန်းစေအားပါးချလိုက်ကာ...ပီးနောက် ဆံပင်ကနေကိုင်ဆွဲလိုက်သည်။

'' ဟက်... မင်းလိုပမွှားလေးက တယ်လေကျယ်ပါ့လား... ငါဘယ်သူလဲဆိုတာ မသိဘူးလား''

'' သိစရာမလိုဘူး''

မုန်းစေသူ ပြန်ပက်ပြောကာ... တစ်ဆက်တည်း ထိုလူလက်ထဲက ရုန်းလိုက်သည်။ ထို့နောက် ထိုသူက ဒေါသထွက်စွာ သူ့ကို ထပ်ထိုးဖို့လုပ်လာတာကြောင့် မုန်းစေသူ အမြန်ရှောင်ကာ ထိုသူရဲ့လက်ကို ဖမ်းချုပ်ပီး လိမ်ချိုးလိုက်သည်။

''အား... မင်း...''

'' ဟက်... ကျုပ်ဘာသာ အေးဆေးနေချင်လို့နေနေတာ... ခဗျားတို့ရောင့်တက်မလာနဲ့... ခဗျားခုနကမေးတယ်... ကျုပ်ကို ဘာနဲ့ဝင်လာလဲလို့လေ... ကျုပ်ခုပဲဖြေလိုက်မယ်..... လူ...သတ်....မှု.... ကျုပ်ရှေ့မှာ ထပ်ပီးဇယားရှုပ်လို့ကတော့ ဒီမှာလူသတ်ရလည်း ကျုပ်ဝန်မလေးဘူး''

မုန်းစေ ဒီမှာရှိနေတဲ့ လူတွေကို တစ်ယောက်ချင်းစိုက်ကြည့်ကာပြောလိုက်သည်။ ပီးတော့ ထိုလူကို ချုပ်ထားရာက ပြန်လွှတ်ပေးပီး နဂိုနေရာမှာ ပြန်ထိုင်နေလိုက်သည်။ ထိုလူရဲ့ နောက်လိုက်ကတော့ ထိုလူမိုက်ကောင်အား တွဲထူပေးကာ မုန်းစေကို ဘာမှထပ်မလုပ်တော့။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

တစ်ဖက်က ဦးဇေယျာတို့လည်း မုန်းစေသူအကြောင်း စုံစမ်းနေလေသည်။ သူတို့ရဲ့ပျောက်ဆုံးသွားရတဲ့ သားကြီးဟုယူဆနေကြသည်။ ဘာလို့ဆို မုန်းစေကရဲရင့်နဲ့ ရုပ်ရည်အားဖြင့် တစ်ထေရာထဲဖြစ်နေတာကြောင့်ပင်။

ဒါပေမဲ့ သတင်းစာထဲက ဓာတ်ပုံထဲမှာတော့ မျက်ကွင်းတွေညိုပီး မျက်နှာအတော်ချောင်နေသော်လည်း ဦးဇေယျာတို့ကတော့ ဒီမျက်နှာကို မမှတ်မိစရာအကြောင်းမရှိပေ။ ဒါကြောင့် ဒီအမှုကိစ္စကို အကြောင်းစုံသိအောင်ပြန်လိုက်ဖို့ စီစဥ်နေကြသည်။ ပီးတော့ မုန်းစေသူနဲ့လည်း တွေ့ကြည့်ဖို့လိုမည်။

'' အစ်ကို...ကျွန်မ သားလေး... သေချာတယ်.... ကျွန်မသိနေတယ်။ ကျွန်မသူ့ကိုတွေ့ချင်တယ်.... ကျွန်မသားလေးက အဲ့လိုလူမျိုး မဖြစ်နိုင်ဘူး.... အစ်ကို ကူညီပါ''

'' ကိုယ်တို့ သွားတွေ့ကြတာပေါ့... ဟုတ်ပီလား... စိတ်လေး အေးဆေးထား..နော်''

'' ကျွန်မသားလေးက အထဲရောက်နေတာ ကျွန်မ ဘယ်လိုလုပ် စိတ်အေးထားနိုင်မှာလဲ... ရှင်ဆိုကော ဘယ်လိုစိတ်ထားနိုင်မှာလဲ''

'' ကိုယ်သိပါတယ်... ခုဟာက မသေချာသေးလို့ပါကွာ ''

''မဟုတ်ဘူး... ကျွန်မသိနေတယ်... အဲ့ဒါ ကျွန်မသားလေး.... သားငယ်နဲ့ တစ်ထေရာထဲပဲလေ... အစ်ကိုလည်းတွေ့ရဲ့သားနဲ့ ''

'' မာမီ.... ကိုကြီး.... တကယ်ပဲ ကို​ကြီးပါနော်''

'' အင်း.... သားငယ်... သားရဲ့ ကိုကြီးသေချာတယ် ''

'' ကျွန်တော် ကိုကြီးနဲ့ တွေ့ရတော့မှာပေါ့နော်... ကိုကြီးသနားပါတယ်။''

'' သားကြီး အရမ်းပင်ပန်းခဲ့မှာ .... ဟင့်..''

'' ဗြဲ.... ကိုကြီး.... အီးဟီး''

ဦးဇေယျာ တစ်ယောက် ဇနီးဖြစ်သူကိုချော့ရသလို သားငယ်ကလည်း အမေ့ကိုဖက်ပီးငိုနေကြတာကြောင့် ခေါင်းပင်ခြောက်လာရသည်။ တော်သေးသည်က ဒဿမင်းမောင်ရှိနေလို့။ မဟုတ်ရင် ဒီသားအမိနှစ်ယောက်ကြောင့် သူလုပ်ရမဲ့ကိစ္စတွေဖြောင့်ဖြောင့်လုပ်နိုင်မှာ မဟုတ်ဘူး။

ဦးဇေယျာ သူ့ရဲ့ အားကိုးရတဲ့ ရှေ့နေကို အမှုကိစ္စကို ပြန်လိုက်ပေးဖို့ အကြီးတန်း အရာရှိတွေကိုပါခေါ်ထားသည်။ ဒါ့အပြင် သက်ဆိုင်ရာ တရားမျှတမှုရှိဖို့ သူ့မိတ်ဆွေဖြစ်တဲ့ တရားသူကြီးချုပ် ဦးဘိုနီကိုအကူအညီတောင်းထားသေးသည်။

အကျဥ်းထောင်တစ်နေရာတွင်....

မုန်းစေ တစ်သက်နဲ့ တစ်ကိုယ် ဒီလို အလုပ်ကြမ်းမျိုး တစ်ခါမျှမလုပ်ဖူးပါ။ ခုဆို သူ့ရဲ့ လက်ဖဝါးနုနုလေးတွေကလည်း အရည်ကြည်ဖုတွေပေါက်ပီး ပြဲနေလေပီလေ။ သူတို့အလုပ်ကြမ်းလုပ်တဲ့နေရာက အစိုးရရဲ့ ဆောက်လက်စ ဆည်တစ်ခုမှာ ကျောက်သယ်တဲ့ အလုပ်လုပ်ရသည်လေ။

သူ့ကို ချောက်ချခဲ့တဲ့သူကို သူလက်စားချေချင်သည်။ သူ့ဘဝကို စုတ်ပြတ်သတ်အောင်လုပ်ခဲ့သူ.... သင်းရနံ့ ဆိုတဲ့ အမျိုးသမီး.... ဘာလို့သိနေလဲဆိုတော့ အဲ့မိန်းမက သူထောင်ထဲရောက်ပီးနောက် တစ်ပတ်ကြာတော့ မုန်းစေကိုလာတွေ့သည်လေ။

အဲ့တုန်းက သူပြောသွားတဲ့ စကားတွေ မုန်းစေနားထဲမယုံနိုင်အောင်ပဲ။ မုန်းစေ သူ့ကိုဘာများအပြစ်လုပ်မိလို့ သူက ဒီလိုချောက်ချရအောင် စီစဥ်ခဲ့ရသည်နည်း။

flash back >>>

မုန်းစေ အချုပ်ခန်းထဲမှာထိုင်နေစဥ်အတွင်း လူတွေ့ရှိသည်ဆိုတာကြောင့် ထောင်စောင့်ခေါ်ရာနောက်လိုက်ခဲ့သည်။ မုန်းစေ... ကိုကိုအထင်နဲ့ ဝမ်းသာခဲ့ရသည်လေ။ သို့ပေမဲ့ တွေ့ချင်တဲ့သူမဟုတ်ပဲ မတွေ့ချင်တဲ့သူဖြစ်နေသည်။

'' ဟိုင်း... မတွေ့တာကြာပီ... အထဲမှာနေသာရဲ့လား''

'' ဒီလိုပါပဲ။ ဒါနဲ့ ကိုကိုရော မပါဘူးလား''

မုန်းစေ မျှော်လင့်ချက်တွေအပြည့်နဲ့ မေးမိလိုက်သည်။

'' အာ... ဘယ်လိုလုပ်မလဲ။ ဒို့တစ်ယောက်တည်းလာတာလေ... နေ မပါလာဘူး။ ''

'' ..... ဒါ...ဒါဆို အစ်မ... သမီးလေးတွေကော နေကောင်းရဲ့လားဗျ... နို့ကော ကောင်းကောင်းစို့ရဲ့လားဟင်... ကျွန်တော်...ဟင့်.. ကျွန်တော် စိတ်ပူလို့ပါ''

'' အိုး... သမီးလေးတွေကတော့ အဆင်ပြေပါတယ်။ သူတို့က ခုဆို အမေသစ်နဲ့ပျော်နေကြတယ်လေ''

''ဟင်... ဘာကိုဆိုလို....''

'' ဘာလို့ဆို တို့နဲ့နေ နဲ့ မကြာခင် လက်ထပ်ကြတော့မှာလေ။ မပူပါနဲ့ မုန်းရဲ့ သမီးကို တို့ သမီးရင်းလို စောင့်ရှောက်ပေးမှာပါ... ''

'' မ....မဖြစ်နိုင်ဘူး... ခဗျားလျှောက်ပြောနေတာမလား... ကိုကိုက အဲ့လိုလူမျိုးမဟုတ်ဘူး''

'' တို့က အမှန်တိုင်းပြောနေတာ... မယုံရင် ထွက်လာရင်မေးကြည့်ပေါ့... အိုး... ထွက်ကော ထွက်လာနိုင်ပါ့မလား..ဟက်''

'' ခဗျား... ဘာစကားပြောတာလဲ''

''......''

'' ပြောနေတယ်လေ💢💢💢 မဟုတ်မှ...ခဗျား...''

'' ဟားဟားဟား.... မင်းကို နုံတယ်ထင်တာ ခုကျတော့ မဟုတ်သလိုပဲနော်... နွားနို့ထဲ အဆိပ်ထည့်လိုက်တာ တို့ကိုတိုင်ပဲလေ... မင်းကတော့တို့ ကိုယ်စားခံပေးတဲ့ သူပေါ့။ ဘယ်လိုလဲ တို့ပေးတဲ့ လက်ဆောင်ကြိုက်ရဲ့လား... မင်းကိုအစတည်းက သတိပေးသားပဲ ကို့အနားကထွက်သွားပေးလို့...မင်းမှမသွားတာ... အဲ့တော့ တို့က သွားအောင်လုပ်ပေးရတာပေါ့.... ဟားဟား''

'' ခဗျား... လူယုတ်မာ... ခဗျားကိုသတ်မယ်... သတ်မယ်...''

'' ဟားဟားဟား....ကြောက်လိုက်တာ''

မုန်းစေသူ... ကာထားတဲ့ နံရံကို တဒုန်းဒုန်းထုရင်း ဒေါသတွေထွက်နေလေသည်။ နောက်က အစောင့်မှာတော့ သူ့ရဲ့ ရုန်းရင်းဆန်ခတ်မှုကို တားဆီးနေသည်။ နောက်တော့ မုန်းစေအားဆွဲခေါ်သွားကြသည်။ သင်းရနံ့ကတော့ သူ့ကို အရွဲ့တိုက် ရယ်ကာ ကျန်ခဲ့လေသည်။

flash back end>>>>

ထိုနေ့ကစပီး သူ့ဆီ ဧည့်တွေ့ဖို့ မည်သူမျှမလာတော့ပေ။ ချစ်ရသူ ကိုကိုကလည်း သူ့အား တစ်ခါမျှလာမတွေ့ပေ။ ဘာကြောင့်ဆိုတာမသိပေမဲ့ နေများကောင်းရဲ့လား ဆိုပီး စိတ်ပူနေရသေးသည်။ သူမှတ်မိပါသည်.... ထောင်ထဲ ပထမရက် သူနဲ့တွေ့ချိန်က ဒီထဲမှာ ​အမြန်လွှတ်အောင်ကူညီပေးမည်...မကြာခဏလည်းလာတွေ့မည်လို့ပြောခဲ့သေးသည်မလား။ ခုတော့ တစ်ခါမှလည်းမလာသလို... ဘာသတင်းမှလည်းမကြားပေ။

ဟိုမိန်းမပြောသလိုများ သူ့ကိုစွန့်ပစ်သွားပီများလား။ ဟင့်အင်း... သူမယုံဘူး... ကိုကိုကအဲ့လိုလူမျိုးမဟုတ်ဘူး။ သူခုဆို ထောင်ထဲမှာ ၆လလောက်ရှိပီလေ။ ထောင်တွင်း အနားယူခန်းတွင် ထောင်သားများ စိတ်အပန်းဖြေကြည့်လို့ရအောင် ရုပ်သံလိုင်းတစ်ခုဖွင့်ထားသည်။

ထိုလိုင်းမှ သတင်းတစ်ခုတက်လာသည်...ထိုသတင်းကတော့ Sun ကုမ္ပဏီ ရဲ့ လက်ရှိCEO နေရောင်ခြည် ရဲ့ လက်ထပ်သည့်သတင်းပင်။ နေရောင်က သင်းရနံ့ နဲ့ လက်ချင်းချိတ်ကာ အင်တာဗျူးတစ်ခု ဖြေကြားနေသည်။ နေရောင်နဲ့ ထိုမိန်းမလက်ထဲမှာလည်း သမီးလေး နှစ်ယောက်ကို ချီထားသေးသည်မှာ သိပ်ကိုပျော်ရွှင်စရာ မိသားစုလေးပင်။

မုန်းစေ... ကိုယ့်မျက်စိကို မယုံနိုင်ပေ။ ရက်စက်လိုက်တာ ကိုကိုရယ်.... ဘယ်လိုတောင် လုပ်ရက်ရသနည်း။ ဒါဆို ဟိုမိန်းမပြောတာ အမှန်တွေချည်းပေါ့လေ။ လောကကြီးက မတရားလိုက်လေခြင်း။

မုန်းစေ အကြီးအကျယ် အော်ငိုနေမိသည်။ ထောင်သားတွေကတော့ သူ့အား ကွက်ကြည့်ကွက်ကြည့်နဲ့လည်း သူဂရုမစိုက်နိုင်။ သူ့ ရင်တွေစုတ်ပြတ်သတ်လောက်အောင် နာကျင်သည်... မုန်းသည်... အကုန်လုံးကို မုန်းသည်။ ထိုလူကို သူချစ်မိသည်ကိုလည်းမုန်းသည်။ သူ့ကို ကတိပေးခဲ့ရက်နဲ့ နောက်ဆုံးတော့လည်း သူ့ကိုထားသွားတာပဲပေါ့။

မုန်းစေ ထိုနေ့ကအဖြစ်အပျက်ကြောင့် တစ်ပတ်လောက် မစားနိုင်မသောက်နိုင် ဖြစ်လို့ ထောင်ဆေးရုံကိုရောက်ခဲ့ရသေးသည်။ သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားခဲ့ဖူးသည်။ သို့ပေမဲ့ သူ့သမီးတွေ မျက်နှာပြန်မြင်လာပီး ကိုယ့်ကိုကိုယ် မသတ်သေခဲ့။

ထောင်ထဲက သူ့အခန်းဖော် ကလည်း သူ့ကိုကြည့်ပီးအားမရလို့ ခဏခဏပြောခဲ့သေးသည်။ ( အပေါ် က သူနဲ့ရန်ဖြစ်ခဲ့တဲ့ ၃ယောက်ပါနော်... သူတို့အတူနေတာကြာတော့ တည့်သွားပီး အချင်းချင်းမိတ်ဖွဲ့လိုက်ကြတာပါ)

သူ့ကို လက်စားမချေချင်ဘူးလားဟုပင် အကြိမ်ကြိမ်ပြောခဲ့တာကြောင့် သူ့အမုန်းတရားကို ထိုလူတွေအပေါ် ပိုလို့ပင်များခဲ့ရသည်။ ဒါ့ကြောင့်သူထိုထဲကနေ လွှတ်အောင် အမြန်ဆုံးကြိုးစားရမည်။ ထောင်စောင့်ပြောတာကတော့ လိမ္မာအောင်နေရင် သတ်မှတ်ရက်ထက် စောပီး လွှတ်နိုင်သည်တဲ့လေ။

မုန်းစေ ယနေ့ထောင် ထမင်းစားဆောင်တွင် ထမင်းစားနေတုန်း ဧည့်တွေ့လာခဲ့သည်။ ဒီလောက်ကြာမှ မည်သူတွေကများ လာသည်ကို သူမသိ။ သူ့ဆီလာမည့်သူမှမရှိတာလေ။ မုန်းစေ လူတွေ့အခန်းထဲရောက်တော့ သူတစ်ခါမျှမမြင်ဖူးတဲ့ လူသုံးယောက်ရှိနေသည်။ မုန်းစေ ထိုင်ခုံမှာအတည်တကျထိုင်ရင်းထိုလူတွေကိုကြည့်လိုက်သည်။

အတန်ကြာအောင် စကားမပြောကြတာကြောင့် မုန်းစေပဲ စ,မေးလိုက်သည်။

'' ဟို... ကျွန်တော်ကို သိလို့လား''

''....သား..... ကျွန်မတို့သားလေး... ''

''ဗျာ... ကျွန်တော်လား... ဒီဘက်ကလူကို ကျွန်တော်မသိသလိုပဲနော်''

'' ဒီလိုပါ... ဦးနာမည်က ဦးဇေယျာပါ.... ဒီဘက်က ဦးရဲ့ဇနီး ထိပ်ထားဒေဝီ.... သားက ဦးတို့ရဲ့ပျောက်ဆုံးသွားတဲ့ သားနဲ့တူနေလို့... သေချာအောင် DNA စစ်ကြည့်ချင်လို့ပါ''

'' ဗျာ... မဖြစ်..မဖြစ်နိုင်တာ''

မုန်းစေသူ ခုဘာတွေကြားနေရတာလဲ.... တစ်ခါက ချစ်ရသူ သစ္စာဖောက်တဲ့အကြောင်း၊ ခုကကော... ဘာလဲ... စွန့်ပစ်ခဲ့တဲ့မိဘက ပြန်လာရှာတာလား။

'' မဟုတ်ဘူး... သားမှသားအစစ်ပါ...မေမေလေ... သားကို ရှာနေတာကြာပီ... ဟင့်... ''

'' ခဗျားတို့ဘာတွေလာပြောနေတာလဲ... ကျွန်တော့်မှာ မိဘဆိုတာမရှိတော့ဘူး.... ကျွန်တော်ကိုယ်တိုင် စွန့်ပစ်လိုက်တာ.... ဒါဆို ကျွန်တော့်ကို ခွင့်ပြာပါဦး''

မုန်းစေ ​ထိုနေရာကနေ ထဖို့ပြင်လိုက်သည်။ သူဆက်မကြားချင်တော့ပေ။

'' ခဏလေးနေပါဦးသားရယ်... အန်ကယ်ပြောပါ့မယ်... စိတ်လေး အေးအေးထားပီး နားထောင်​ပေးပါနော်...တောင်းဆိုပါတယ်''

ထိုလင်မယားနှစ်ယောက်နဲ့ အတူပါလာတဲ့ လူကြီးက မုန်းစေအား ဟန့်ထားလိုက်သည်။ မုန်းစေလည်းပြန်ထိုင်လိုက်သည်။

'' ဦးက ရှေ့နေ ဦးအောင်ကိုကိုပါ... သားရဲ့ အမှုကို ပြန်ပီး အမှန်တရားရအောင် လုပ်ဆောင်ပေးပါ့မယ်။ သားမနစ်နာစေရပါဘူး။ အဲ့အတွက်ကြောင့် သားကိုပူးပေါင်းစေချင်တယ်။ ဒီဘက်က လူကြီးမင်းနှစ်ယောက်ကလည်း သားကို သူတို့ပျောက်ဆုံးနေတဲ့ သားဖြစ်တယ်ဆိုပီး အတိအကျပြောနေကြလို့ပါ။ သားလုပ်ပေးရမှာက DNAလေး စစ်ပေးရုံပါ။ အကယ်၍မဟုတ်ခဲ့ရင်လည်း သားဘက်က မနစ်နာစေရပါဘူး။ အန်ကယ်ရှေ့မှာပြောထားသလိုပဲ သားရဲ့အမှုကို ပြန်ကိုင်ပေးမှာပါ။''

မုန်းစေ ခဏတာ စဥ်းစားနေလိုက်သည်။ သူ့အမှုကို ကိုင်တွယ်ပေးမယ်ဆိုတော့လည်း နစ်နာစရာမှာမရှိဘဲလေ။

''ကောင်းပီလေ... ကျွန်တော်သဘောတူတယ်။ ဒါိပေမဲ့ ဦးတို့သားက ဘယ်လိုပျောက်သွားလဲမသိပေမဲ့... ကျွန်တော့်ကိုတော့ ပြည့်တန်ဆာတန်းမှာလာစွန့်ပစ်ထားတယ်ဆိုတာပဲသိတယ်။ ဦးတို့ သားအကြောင်းကို ကျွန်တော့ကို ပြောပြပေးပါလား။ ကျွန်တော်လည်းသိရတာပေါ့။''

ရှေ့နေဆိုသူက ခေါင်းငြိမ့်ပြတာကြောင့် ဦးဇေယျာကစကား စ,ပြောခဲ့သည်။

'' ဒါ ဖေ.... ဦးတို့ပျောက်သွားခဲ့တဲ့ သားကြီး ဓာတ်ပုံပါ။''

မုန်းစေ ထိုသူပေးလာတဲ့ ပုံကိုကြည့်လိုက်သည်။ ကလေးနှစ်ယောက်ရဲ့ပုံ.... လက်ချင်းတွဲထားတာ ကြည့်ရတာ နှစ်နှစ်အရွယ်လောက်ပဲရှိဦးမည်။ နှစ်ယောက်ကလည်းရုပ်တူတာကြောင့် အမြွှာဖြစ်ဖို့များသည်။

'' ဦးတို့ သားကို နှစ်နှစ် အရွယ်တုန်းက ပြန်ပေးဆွဲခံခဲ့ရတာပါ... အဲ့ချိန်က ဦးက အောင်မြင်ကာစ စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ ရန်သူတွေများခဲ့တယ်။

အဲ့ချိန်မှာ ဦးတို့ ခြံစောင့်က သားတို့ နှစ်ယောက်ကို ပြန်ပေးဆွဲသွားခဲ့တာ။ ပီးတော့ သိန်းနှစ်ထောင်နဲ့လာရွေးခိုင်းတယ်လေ။ ဦးတို့ကလည်း ခုမှ လုပ်ငန်းအောင်မြင်ကာစဆိုတော့ အဲ့လောက်များများစားစား သိပ်မရှိခဲ့ဘူး။ နောက်ဆုံး အသိမိတ်ဆွေတွေဆီကနေ ငွေအနည်းငယ်လှည့်ပီး ကုမ္ပဏီ ကိုလည်း အကြွေးနဲ့ပေါင်ထားပီးရွေးဖို့စီစဥ်လိုက်ရတယ်။

သားတို့ကို ပြန်ရွေးမဲ့နေလည်းကျကော သူတို့ချိန်းတဲ့နေရာကို သွားခဲ့တယ်။ ငွေထုတ်ကို သူတို့ခိုင်းတဲ့ နေရာမှာထားခဲ့ပီး သားတို့ကိုတော့ ပန်းခြံတစ်ခုမှာ ချထားခဲ့တယ်ပြောလို့ ဦးတို့သွားရှာခဲ့တယ်။ ဒါပေမဲ့ သူတို့က သားတို့ကို နှစ်ယောက်လုံးပြန်မပေးခဲ့ဘူး။ သားငယ်ကိုပဲ ဦးတို့ဆီပြန်ပေးခဲ့ပီး သားကြီးကိုတော့ သူတို့ခေါ်သွားခဲ့တယ်။

ဦးတို့ သားကြီးကို ပြန်ရှာခဲ့တယ်။ သားကို မွေးစားခဲ့တဲ့သူက နိုင်ငံခြားပြောင်းသွားတယ်ဆိုပီး သတင်းတွေကြားခဲ့တယ်... တကယ်ဟုတ်မဟုတ်တော့မသိဘူး....ဦးတို့ တစ်ဖက်နိုင်ငံကို ပြောင်း​နေပီး စုံစမ်းခဲ့တယ်။ ဆယ်နှစ်ကျော်ကြာတော့ နောက်ဆုံး သားက ဒီနိုင်ငံမှာပဲရှိတယ်ဆိုပီး ထပ်ပြောလို့ ဦးတို့ ပြန်လာခဲ့တယ်။

ဒါပေမဲ့လည်း ရှာလို့ မတွေ့ခဲ့ပြန်ဘူး။ ဦးတို့လက်လျော့တဲ့အထိပဲလေ။ နောက်တော့ သားရဲ့သတင်းတွေ တက်လာတော့ ဦးတို့သားကြီးကို ပြန်တွေ့ခဲ့ပီလို့ ယုံကြည်ခဲ့တယ်။ ဘာလို့ဆို သားက သားငယ်နဲ့ ထင်မထားလောက်အောင် ရုပ်ချင်းအရမ်းဆင်နေခဲ့တယ်။''

ဦးဇေယျာက ခဏလောက် တိတ်ဆိတ်သွားပီး သူ့ဖုန်းထဲက သူ့သားငယ်ရဲ့ပုံကိုထုတ်ပြလာတယ်။ ဘေးနားက ဒေါ်ထိပ်ထားကတော့ ဘာမှပြန်မပြောခဲ့ပဲ မုန်းစေကိုသာ တစိမ့်စိမ့်ကြည့်နေသည်။

'' ဒါ.... ဦးတို့ရဲ့ သားငယ်ပါ''

'' ဟင်.... ဒါ... ကျွန်တော်''

မုန်းစေ အရမ်းအံ့သြခဲ့ရသည်...လူတစ်ယောက်က အဲ့လောက်တောင်တူနိုင်လို့လားလို့လေ။

'' သားတို့ နှစ်ယောက်က အမြွှာတွေလေ... သားငယ်က ခုမလိုက်လာဘူး။ သူ့ရဲ့အလုပ်တွေနဲ့မအားလို့... သူကိုယ်တိုင်ကလည်း သားကြီးကို သိပ်တွေ့ချင်ခဲ့တာ။ သူ့မန်နေဂျာက အတင်းဆွဲထားလို့ လာမတွေ့နိင်ဘူး... နောက်မှသားဆီ သပ်သပ်လာတွေ့မယ်လို့ပြောတယ်။''

''.......... ''

'' ကျွန်တော်..... ဘာ..ဘာလို့ အစောထဲကမလာခဲ့တာလဲ''

'' စ တွေ့ချင်းပဲ လာခဲ့မလို့ပါပဲ။ နောက်တော့ ဦးလည်း သားရဲ့အမှုအတွက် ပြန်ကိုင်တွယ်လို့ရမရ သက်သေတွေ ရလိုရငြားရှာနေတာကြောင့် နောက်ကျသွားခဲ့တာပါ။ သားအထဲမှာ ပင်ပန်းခဲ့မှာပဲ။ ဦး... ဖေ တို့အမှားပါ... အရာရာအတွက်တောင်းပန်ပါတယ်''

''...............''

ထိုချိန် အစောင့်မှ ဧည့်တွေ့ချိန်ပီးဆုံးကြောင်းပြောလာတာကြောင့် မုန်းစေပြန်လိုက်လာခဲ့သည်။ သူဒီကိစ္စကို ပြန်စဥ်းစားဖို့လိုမည်။ ဒီအဖြစ်အပျက်ကြီးက ပျော်ရမလို ဝမ်းနည်းရမလို အခြေအနေကြီးပဲ မဟုတ်ပါလား။ ဦးဇေယျာကတော့ ပြောရှာတယ်... နောက်တစ်ခါ ထပ်လာတွေ့ပါ့မယ်တဲ့လေ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

နောက်ဆုံးတော့ မုန်းစေကို ဦးဇေယျာတို့နဲ့ ပေးတွေ့နိုင်ခဲ့ပီ။ ရှောင်ဟုန် အစက အဲ့လောက်ထိမတွေးထားမိဘူး။ မုန်းစေလေးကို ဒီတိုင်းလေးပဲ နေရောင်ရဲ့ အိမ်ကဆင်းသွားဖို့ပဲ ရိုးရိုးလေး စဥ်းစားခဲ့တာ။ နောက်တော့ ရေးရင်းနဲ့ အစက စဥ်းစားထားသလိုဖြစ်မလာပဲ ဇာတ်လမ်းက သွေဖယ်သွားလို့ ခုလိုမျိုး လုပ်လိုက်မိတာပါ။ ပီးတော့ နေရောင်အတွက်လည်းနောက်မှာ ဖြေရှင်းချက် ထပ်လာခဲ့ပါ့မယ်။ ဘာလို့ သင်းရနံ့ နဲ့ လက်ထပ်ခဲ့လဲဆိုတာကိုပေါ့။

တောင်းပန်တဲ့ အနေနဲ့ ဒီည ထပ်Upပေးလိုက်မယ်နော်။ 🙏😿

3.7.2022

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Zawgyi
................

သံတိုင္ေတြၾကားကို ျဖတ္ကာ လိေမၼာ္ေရာင္ ဝတ္စုံေလးေတြဝတ္ထားတဲ့ လူသစ္ သုံးေယာက္ေလာက္ ကို အရာရွိတစ္ေယာက္က ဦးေဆာင္ကာေခၚလာၾကသည္။ ေဘးဘက္ သံတိုင္ၾကားက ရပ္ၾကည့္ေနၾကတဲ့ ႐ုပ္ၾကမ္းနဲ႕ လူမိုက္ေတြကို မုန္းေစ ေစ့ေစ့ပင္မၾကည့္ရဲ။

သူစိတ္ဓာတ္က်ကာ ေခါင္းငိုက္စိုက္လ်က္ ထိုအရာရွိေခၚေဆာင္ရာသို႔သာ လိုက္လာခဲ့သည္။ သူေနရာမဲ့ အခန္းကို ေနရာခ်ပီး ထားခဲ့သည္။ ပီးေတာ့ သူ႕အားစည္းကမ္းခ်က္တစ္ခ်ိဳ႕ကိုေျပာျပပီး ထြက္သြားခဲ့သည္။

မုန္းေစ အခန္းရဲ႕ေထာင့္ေနရာကိုသြားပီး ထိုင္ေနလိုက္သည္။ သူဝင္လာတည္းက ဒီအခန္းထဲမွာ လူမိုက္၃ေယာက္ေလာက္ရွိသည္။ ထိုလူက သူ႕ကို အထင္ေသးသလိုၾကည့္လာသည္ကို သတိထားမိေသာ္လည္း လ်စ္လ်ဴရႈထားလိုက္သည္။

'' အိုး... ဒါဘယ္သူေလးလဲ... လူသစ္ေလးပါလား... လူသစ္ေလးက ဒီက စီနီယာေတြကို မႏႈတ္ဆက္ေတာ့ဘူးလား....ဟမ္''

ထို ေခါင္းေဆာင္ဆိုသူက သူ႕ေနာက္တစ္ေယာက္အား မ်က္စပစ္ကာ မုန္းေစလက္ကို ဖမ္းခ်ဳပ္ထားေစသည္။

'' ခဗ်ားတို႔... က်ဳပ္ကိုလႊတ္''

'' ဟက္... ဒီေနရာမွာ မင္းဘယ္ေလာက္ေအာ္ေအာ္ ကယ္မဲ့သူမရွိဘူး... မင္းလို ငေပ်ာ့က ဘယ္လိုအထဲဝင္လာမွန္းမသိေပမဲ့ ငါတို႔က ႀကိဳဆိုေပးရမွာေပါ့... ေဟ့ေကာင္ေတြ ''

မုန္းေစ သူ႕ေရွ႕ကထိုလူသားကို စိုက္ၾကည့္လိုက္သည္။

'' အာ..... မင္းရဲ႕ ဒီ မ်က္လုံးအၾကည့္ေလးေတြလည္း ျပင္သင့္တယ္။ မင္းမ်က္လုံးက ငါ့ရဲ႕ေအာက္မွာ ေအာ္ငိုတဲ့ ခ်ိန္ပဲၾကည့္သင့္တာေလ''

'' ဟားဟား... ''

''မင္းဘာရယ္တာလဲ''

''က်ဳပ္က ခဗ်ား ၿခိမ္းေျခာက္တိုင္းေၾကာက္ေနရမွာလား...ထြီ... ႐ြံ႕စရာအေကာင္ေတြ''

'' မင္း...!!!"

'ေျဖာင္း' ခနဲ ထိုလူက မုန္းေစအားပါးခ်လိဳက္ကာ...ပီးေနာက္ ဆံပင္ကေနကိုင္ဆြဲလိုက္သည္။

'' ဟက္... မင္းလိုပမႊားေလးက တယ္ေလက်ယ္ပါ့လား... ငါဘယ္သူလဲဆိုတာ မသိဘူးလား''

'' သိစရာမလိုဘူး''

မုန္းေစသူ ျပန္ပက္ေျပာကာ... တစ္ဆက္တည္း ထိုလူလက္ထဲက ႐ုန္းလိုက္သည္။ ထို႔ေနာက္ ထိုသူက ေဒါသထြက္စြာ သူ႕ကို ထပ္ထိုးဖို႔လုပ္လာတာေၾကာင့္ မုန္းေစသူ အျမန္ေရွာင္ကာ ထိုသူရဲ႕လက္ကို ဖမ္းခ်ဳပ္ပီး လိမ္ခ်ိဳးလိုက္သည္။

''အား... မင္း...''

'' ဟက္... က်ဳပ္ဘာသာ ေအးေဆးေနခ်င္လို႔ေနေနတာ... ခဗ်ားတို႔ေရာင့္တက္မလာနဲ႕... ခဗ်ားခုနကေမးတယ္... က်ဳပ္ကို ဘာနဲ႕ဝင္လာလဲလို႔ေလ... က်ဳပ္ခုပဲေျဖလိုက္မယ္..... လူ...သတ္....မႈ.... က်ဳပ္ေရွ႕မွာ ထပ္ပီးဇယားရႈပ္လို႔ကေတာ့ ဒီမွာလူသတ္ရလည္း က်ဳပ္ဝန္မေလးဘူး''

မုန္းေစ ဒီမွာရွိေနတဲ့ လူေတြကို တစ္ေယာက္ခ်င္းစိုက္ၾကည့္ကာေျပာလိုက္သည္။ ပီးေတာ့ ထိုလူကို ခ်ဳပ္ထားရာက ျပန္လႊတ္ေပးပီး နဂိုေနရာမွာ ျပန္ထိုင္ေနလိုက္သည္။ ထိုလူရဲ႕ ေနာက္လိုက္ကေတာ့ ထိုလူမိုက္ေကာင္အား တြဲထူေပးကာ မုန္းေစကို ဘာမွထပ္မလုပ္ေတာ့။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

တစ္ဖက္က ဦးေဇယ်ာတို႔လည္း မုန္းေစသူအေၾကာင္း စုံစမ္းေနေလသည္။ သူတို႔ရဲ႕ေပ်ာက္ဆုံးသြားရတဲ့ သားႀကီးဟုယူဆေနၾကသည္။ ဘာလို႔ဆို မုန္းေစကရဲရင့္နဲ႕ ႐ုပ္ရည္အားျဖင့္ တစ္ေထရာထဲျဖစ္ေနတာေၾကာင့္ပင္။

ဒါေပမဲ့ သတင္းစာထဲက ဓာတ္ပုံထဲမွာေတာ့ မ်က္ကြင္းေတြညိုပီး မ်က္ႏွာအေတာ္ေခ်ာင္ေနေသာ္လည္း ဦးေဇယ်ာတို႔ကေတာ့ ဒီမ်က္ႏွာကို မမွတ္မိစရာအေၾကာင္းမရွိေပ။ ဒါေၾကာင့္ ဒီအမႈကိစၥကို အေၾကာင္းစုံသိေအာင္ျပန္လိုက္ဖို႔ စီစဥ္ေနၾကသည္။ ပီးေတာ့ မုန္းေစသူနဲ႕လည္း ေတြ႕ၾကည့္ဖို႔လိုမည္။

'' အစ္ကို...ကြၽန္မ သားေလး... ေသခ်ာတယ္.... ကြၽန္မသိေနတယ္။ ကြၽန္မသူ႕ကိုေတြ႕ခ်င္တယ္.... ကြၽန္မသားေလးက အဲ့လိုလူမ်ိဳး မျဖစ္နိုင္ဘူး.... အစ္ကို ကူညီပါ''

'' ကိုယ္တို႔ သြားေတြ႕ၾကတာေပါ့... ဟုတ္ပီလား... စိတ္ေလး ေအးေဆးထား..ေနာ္''

'' ကြၽန္မသားေလးက အထဲေရာက္ေနတာ ကြၽန္မ ဘယ္လိုလုပ္ စိတ္ေအးထားနိုင္မွာလဲ... ရွင္ဆိုေကာ ဘယ္လိုစိတ္ထားနိုင္မွာလဲ''

'' ကိုယ္သိပါတယ္... ခုဟာက မေသခ်ာေသးလို႔ပါကြာ ''

''မဟုတ္ဘူး... ကြၽန္မသိေနတယ္... အဲ့ဒါ ကြၽန္မသားေလး.... သားငယ္နဲ႕ တစ္ေထရာထဲပဲေလ... အစ္ကိုလည္းေတြ႕ရဲ႕သားနဲ႕ ''

'' မာမီ.... ကိုႀကီး.... တကယ္ပဲ ကိုႀကီးပါေနာ္''

'' အင္း.... သားငယ္... သားရဲ႕ ကိုႀကီးေသခ်ာတယ္ ''

'' ကြၽန္ေတာ္ ကိုႀကီးနဲ႕ ေတြ႕ရေတာ့မွာေပါ့ေနာ္... ကိုႀကီးသနားပါတယ္။''

'' သားႀကီး အရမ္းပင္ပန္းခဲ့မွာ .... ဟင့္..''

'' ၿဗဲ.... ကိုႀကီး.... အီးဟီး''

ဦးေဇယ်ာ တစ္ေယာက္ ဇနီးျဖစ္သူကိုေခ်ာ့ရသလို သားငယ္ကလည္း အေမ့ကိုဖက္ပီးငိုေနၾကတာေၾကာင့္ ေခါင္းပင္ေျခာက္လာရသည္။ ေတာ္ေသးသည္က ဒႆမင္းေမာင္ရွိေနလို႔။ မဟုတ္ရင္ ဒီသားအမိႏွစ္ေယာက္ေၾကာင့္ သူလုပ္ရမဲ့ကိစၥေတြေျဖာင့္ေျဖာင့္လုပ္နိုင္မွာ မဟုတ္ဘူး။

ဦးေဇယ်ာ သူ႕ရဲ႕ အားကိုးရတဲ့ ေရွ႕ေနကို အမႈကိစၥကို ျပန္လိုက္ေပးဖို႔ အႀကီးတန္း အရာရွိေတြကိုပါေခၚထားသည္။ ဒါ့အျပင္ သက္ဆိုင္ရာ တရားမွ်တမႈရွိဖို႔ သူ႕မိတ္ေဆြျဖစ္တဲ့ တရားသူႀကီးခ်ဳပ္ ဦးဘိုနီကိုအကူအညီေတာင္းထားေသးသည္။

အက်ဥ္းေထာင္တစ္ေနရာတြင္....

မုန္းေစ တစ္သက္နဲ႕ တစ္ကိုယ္ ဒီလို အလုပ္ၾကမ္းမ်ိဳး တစ္ခါမွ်မလုပ္ဖူးပါ။ ခုဆို သူ႕ရဲ႕ လက္ဖဝါးႏုႏုေလးေတြကလည္း အရည္ၾကည္ဖုေတြေပါက္ပီး ၿပဲေနေလပီေလ။ သူတို႔အလုပ္ၾကမ္းလုပ္တဲ့ေနရာက အစိုးရရဲ႕ ေဆာက္လက္စ ဆည္တစ္ခုမွာ ေက်ာက္သယ္တဲ့ အလုပ္လုပ္ရသည္ေလ။

သူ႕ကို ေခ်ာက္ခ်ခဲ့တဲ့သူကို သူလက္စားေခ်ခ်င္သည္။ သူ႕ဘဝကို စုတ္ျပတ္သတ္ေအာင္လုပ္ခဲ့သူ.... သင္းရနံ႕ ဆိုတဲ့ အမ်ိဳးသမီး.... ဘာလို႔သိေနလဲဆိုေတာ့ အဲ့မိန္းမက သူေထာင္ထဲေရာက္ပီးေနာက္ တစ္ပတ္ၾကာေတာ့ မုန္းေစကိုလာေတြ႕သည္ေလ။

အဲ့တုန္းက သူေျပာသြားတဲ့ စကားေတြ မုန္းေစနားထဲမယုံနိုင္ေအာင္ပဲ။ မုန္းေစ သူ႕ကိုဘာမ်ားအျပစ္လုပ္မိလို႔ သူက ဒီလိုေခ်ာက္ခ်ရေအာင္ စီစဥ္ခဲ့ရသည္နည္း။

flash back >>>

မုန္းေစ အခ်ဳပ္ခန္းထဲမွာထိုင္ေနစဥ္အတြင္း လူေတြ႕ရွိသည္ဆိုတာေၾကာင့္ ေထာင္ေစာင့္ေခၚရာေနာက္လိုက္ခဲ့သည္။ မုန္းေစ... ကိုကိုအထင္နဲ႕ ဝမ္းသာခဲ့ရသည္ေလ။ သို႔ေပမဲ့ ေတြ႕ခ်င္တဲ့သူမဟုတ္ပဲ မေတြ႕ခ်င္တဲ့သူျဖစ္ေနသည္။

'' ဟိုင္း... မေတြ႕တာၾကာပီ... အထဲမွာေနသာရဲ႕လား''

'' ဒီလိုပါပဲ။ ဒါနဲ႕ ကိုကိုေရာ မပါဘူးလား''

မုန္းေစ ေမွ်ာ္လင့္ခ်က္ေတြအျပည့္နဲ႕ ေမးမိလိုက္သည္။

'' အာ... ဘယ္လိုလုပ္မလဲ။ ဒို႔တစ္ေယာက္တည္းလာတာေလ... ေန မပါလာဘူး။ ''

'' ..... ဒါ...ဒါဆို အစ္မ... သမီးေလးေတြေကာ ေနေကာင္းရဲ႕လားဗ်... နို႔ေကာ ေကာင္းေကာင္းစို႔ရဲ႕လားဟင္... ကြၽန္ေတာ္...ဟင့္.. ကြၽန္ေတာ္ စိတ္ပူလို႔ပါ''

'' အိုး... သမီးေလးေတြကေတာ့ အဆင္ေျပပါတယ္။ သူတို႔က ခုဆို အေမသစ္နဲ႕ေပ်ာ္ေနၾကတယ္ေလ''

''ဟင္... ဘာကိုဆိုလို....''

'' ဘာလို႔ဆို တို႔နဲ႕ေန နဲ႕ မၾကာခင္ လက္ထပ္ၾကေတာ့မွာေလ။ မပူပါနဲ႕ မုန္းရဲ႕ သမီးကို တို႔ သမီးရင္းလို ေစာင့္ေရွာက္ေပးမွာပါ... ''

'' မ....မျဖစ္နိုင္ဘူး... ခဗ်ားေလွ်ာက္ေျပာေနတာမလား... ကိုကိုက အဲ့လိုလူမ်ိဳးမဟုတ္ဘူး''

'' တို႔က အမွန္တိုင္းေျပာေနတာ... မယုံရင္ ထြက္လာရင္ေမးၾကည့္ေပါ့... အိုး... ထြက္ေကာ ထြက္လာနိုင္ပါ့မလား..ဟက္''

'' ခဗ်ား... ဘာစကားေျပာတာလဲ''

''......''

'' ေျပာေနတယ္ေလ မဟုတ္မွ...ခဗ်ား...''

'' ဟားဟားဟား.... မင္းကို ႏုံတယ္ထင္တာ ခုက်ေတာ့ မဟုတ္သလိုပဲေနာ္... ႏြားနို႔ထဲ အဆိပ္ထည့္လိုက္တာ တို႔ကိုတိုင္ပဲေလ... မင္းကေတာ့တို႔ ကိုယ္စားခံေပးတဲ့ သူေပါ့။ ဘယ္လိုလဲ တို႔ေပးတဲ့ လက္ေဆာင္ႀကိဳက္ရဲ႕လား... မင္းကိုအစတည္းက သတိေပးသားပဲ ကို႔အနားကထြက္သြားေပးလို႔...မင္းမွမသြားတာ... အဲ့ေတာ့ တို႔က သြားေအာင္လုပ္ေပးရတာေပါ့.... ဟားဟား''

'' ခဗ်ား... လူယုတ္မာ... ခဗ်ားကိုသတ္မယ္... သတ္မယ္...''

'' ဟားဟားဟား....ေၾကာက္လိုက္တာ''

မုန္းေစသူ... ကာထားတဲ့ နံရံကို တဒုန္းဒုန္းထုရင္း ေဒါသေတြထြက္ေနေလသည္။ ေနာက္က အေစာင့္မွာေတာ့ သူ႕ရဲ႕ ႐ုန္းရင္းဆန္ခတ္မႈကို တားဆီးေနသည္။ ေနာက္ေတာ့ မုန္းေစအားဆြဲေခၚသြားၾကသည္။ သင္းရနံ႕ကေတာ့ သူ႕ကို အ႐ြဲ႕တိုက္ ရယ္ကာ က်န္ခဲ့ေလသည္။

flash back end>>>>

ထိုေန႕ကစပီး သူ႕ဆီ ဧည့္ေတြ႕ဖို႔ မည္သူမွ်မလာေတာ့ေပ။ ခ်စ္ရသူ ကိုကိုကလည္း သူ႕အား တစ္ခါမွ်လာမေတြ႕ေပ။ ဘာေၾကာင့္ဆိုတာမသိေပမဲ့ ေနမ်ားေကာင္းရဲ႕လား ဆိုပီး စိတ္ပူေနရေသးသည္။ သူမွတ္မိပါသည္.... ေထာင္ထဲ ပထမရက္ သူနဲ႕ေတြ႕ခ်ိန္က ဒီထဲမွာ အျမန္လႊတ္ေအာင္ကူညီေပးမည္...မၾကာခဏလည္းလာေတြ႕မည္လို႔ေျပာခဲ့ေသးသည္မလား။ ခုေတာ့ တစ္ခါမွလည္းမလာသလို... ဘာသတင္းမွလည္းမၾကားေပ။

ဟိုမိန္းမေျပာသလိုမ်ား သူ႕ကိုစြန့္ပစ္သြားပီမ်ားလား။ ဟင့္အင္း... သူမယုံဘူး... ကိုကိုကအဲ့လိုလူမ်ိဳးမဟုတ္ဘူး။ သူခုဆို ေထာင္ထဲမွာ ၆လေလာက္ရွိပီေလ။ ေထာင္တြင္း အနားယူခန္းတြင္ ေထာင္သားမ်ား စိတ္အပန္းေျဖၾကည့္လို႔ရေအာင္ ႐ုပ္သံလိုင္းတစ္ခုဖြင့္ထားသည္။

ထိုလိုင္းမွ သတင္းတစ္ခုတက္လာသည္...ထိုသတင္းကေတာ့ Sun ကုမၸဏီ ရဲ႕ လက္ရွိCEO ေနေရာင္ျခည္ ရဲ႕ လက္ထပ္သည့္သတင္းပင္။ ေနေရာင္က သင္းရနံ႕ နဲ႕ လက္ခ်င္းခ်ိတ္ကာ အင္တာဗ်ဴးတစ္ခု ေျဖၾကားေနသည္။ ေနေရာင္နဲ႕ ထိုမိန္းမလက္ထဲမွာလည္း သမီးေလး ႏွစ္ေယာက္ကို ခ်ီထားေသးသည္မွာ သိပ္ကိုေပ်ာ္႐ႊင္စရာ မိသားစုေလးပင္။

မုန္းေစ... ကိုယ့္မ်က္စိကို မယုံနိုင္ေပ။ ရက္စက္လိုက္တာ ကိုကိုရယ္.... ဘယ္လိုေတာင္ လုပ္ရက္ရသနည္း။ ဒါဆို ဟိုမိန္းမေျပာတာ အမွန္ေတြခ်ည္းေပါ့ေလ။ ေလာကႀကီးက မတရားလိုက္ေလျခင္း။

မုန္းေစ အႀကီးအက်ယ္ ေအာ္ငိုေနမိသည္။ ေထာင္သားေတြကေတာ့ သူ႕အား ကြက္ၾကည့္ကြက္ၾကည့္နဲ႕လည္း သူဂ႐ုမစိုက္နိုင္။ သူ႕ ရင္ေတြစုတ္ျပတ္သတ္ေလာက္ေအာင္ နာက်င္သည္... မုန္းသည္... အကုန္လုံးကို မုန္းသည္။ ထိုလူကို သူခ်စ္မိသည္ကိုလည္းမုန္းသည္။ သူ႕ကို ကတိေပးခဲ့ရက္နဲ႕ ေနာက္ဆုံးေတာ့လည္း သူ႕ကိုထားသြားတာပဲေပါ့။

မုန္းေစ ထိုေန႕ကအျဖစ္အပ်က္ေၾကာင့္ တစ္ပတ္ေလာက္ မစားနိုင္မေသာက္နိုင္ ျဖစ္လို႔ ေထာင္ေဆး႐ုံကိုေရာက္ခဲ့ရေသးသည္။ သူ႕ကိုယ္သူ သတ္ေသဖို႔ႀကိဳးစားခဲ့ဖူးသည္။ သို႔ေပမဲ့ သူ႕သမီးေတြ မ်က္ႏွာျပန္ျမင္လာပီး ကိုယ့္ကိုကိုယ္ မသတ္ေသခဲ့။

ေထာင္ထဲက သူ႕အခန္းေဖာ္ ကလည္း သူ႕ကိုၾကည့္ပီးအားမရလို႔ ခဏခဏေျပာခဲ့ေသးသည္။ ( အေပၚ က သူနဲ႕ရန္ျဖစ္ခဲ့တဲ့ ၃ေယာက္ပါေနာ္... သူတို႔အတူေနတာၾကာေတာ့ တည့္သြားပီး အခ်င္းခ်င္းမိတ္ဖြဲ႕လိုက္ၾကတာပါ)

သူ႕ကို လက္စားမေခ်ခ်င္ဘူးလားဟုပင္ အႀကိမ္ႀကိမ္ေျပာခဲ့တာေၾကာင့္ သူ႕အမုန္းတရားကို ထိုလူေတြအေပၚ ပိုလို႔ပင္မ်ားခဲ့ရသည္။ ဒါ့ေၾကာင့္သူထိုထဲကေန လႊတ္ေအာင္ အျမန္ဆုံးႀကိဳးစားရမည္။ ေထာင္ေစာင့္ေျပာတာကေတာ့ လိမၼာေအာင္ေနရင္ သတ္မွတ္ရက္ထက္ ေစာပီး လႊတ္နိုင္သည္တဲ့ေလ။

မုန္းေစ ယေန႕ေထာင္ ထမင္းစားေဆာင္တြင္ ထမင္းစားေနတုန္း ဧည့္ေတြ႕လာခဲ့သည္။ ဒီေလာက္ၾကာမွ မည္သူေတြကမ်ား လာသည္ကို သူမသိ။ သူ႕ဆီလာမည့္သူမွမရွိတာေလ။ မုန္းေစ လူေတြ႕အခန္းထဲေရာက္ေတာ့ သူတစ္ခါမွ်မျမင္ဖူးတဲ့ လူသုံးေယာက္ရွိေနသည္။ မုန္းေစ ထိုင္ခုံမွာအတည္တက်ထိဳင္ရင္းထိုလူေတြကိုၾကည့္လိုက္သည္။

အတန္ၾကာေအာင္ စကားမေျပာၾကတာေၾကာင့္ မုန္းေစပဲ စ,ေမးလိုက္သည္။

'' ဟို... ကြၽန္ေတာ္ကို သိလို႔လား''

''....သား..... ကြၽန္မတို႔သားေလး... ''

''ဗ်ာ... ကြၽန္ေတာ္လား... ဒီဘက္ကလူကို ကြၽန္ေတာ္မသိသလိုပဲေနာ္''

'' ဒီလိုပါ... ဦးနာမည္က ဦးေဇယ်ာပါ.... ဒီဘက္က ဦးရဲ႕ဇနီး ထိပ္ထားေဒဝီ.... သားက ဦးတို႔ရဲ႕ေပ်ာက္ဆုံးသြားတဲ့ သားနဲ႕တူေနလို႔... ေသခ်ာေအာင္ DNA စစ္ၾကည့္ခ်င္လို႔ပါ''

'' ဗ်ာ... မျဖစ္..မျဖစ္နိုင္တာ''

မုန္းေစသူ ခုဘာေတြၾကားေနရတာလဲ.... တစ္ခါက ခ်စ္ရသူ သစၥာေဖာက္တဲ့အေၾကာင္း၊ ခုကေကာ... ဘာလဲ... စြန့္ပစ္ခဲ့တဲ့မိဘက ျပန္လာရွာတာလား။

'' မဟုတ္ဘူး... သားမွသားအစစ္ပါ...ေမေမေလ... သားကို ရွာေနတာၾကာပီ... ဟင့္... ''

'' ခဗ်ားတို႔ဘာေတြလာေျပာေနတာလဲ... ကြၽန္ေတာ့္မွာ မိဘဆိုတာမရွိေတာ့ဘူး.... ကြၽန္ေတာ္ကိုယ္တိုင္ စြန့္ပစ္လိုက္တာ.... ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပာပါဦး''

မုန္းေစ ထိုေနရာကေန ထဖို႔ျပင္လိုက္သည္။ သူဆက္မၾကားခ်င္ေတာ့ေပ။

'' ခဏေလးေနပါဦးသားရယ္... အန္ကယ္ေျပာပါ့မယ္... စိတ္ေလး ေအးေအးထားပီး နားေထာင္ေပးပါေနာ္...ေတာင္းဆိုပါတယ္''

ထိုလင္မယားႏွစ္ေယာက္နဲ႕ အတူပါလာတဲ့ လူႀကီးက မုန္းေစအား ဟန့္ထားလိုက္သည္။ မုန္းေစလည္းျပန္ထိုင္လိုက္သည္။

'' ဦးက ေရွ႕ေန ဦးေအာင္ကိုကိုပါ... သားရဲ႕ အမႈကို ျပန္ပီး အမွန္တရားရေအာင္ လုပ္ေဆာင္ေပးပါ့မယ္။ သားမနစ္နာေစရပါဘူး။ အဲ့အတြက္ေၾကာင့္ သားကိုပူးေပါင္းေစခ်င္တယ္။ ဒီဘက္က လူႀကီးမင္းႏွစ္ေယာက္ကလည္း သားကို သူတို႔ေပ်ာက္ဆုံးေနတဲ့ သားျဖစ္တယ္ဆိုပီး အတိအက်ေျပာေနၾကလို႔ပါ။ သားလုပ္ေပးရမွာက DNAေလး စစ္ေပး႐ုံပါ။ အကယ္၍မဟုတ္ခဲ့ရင္လည္း သားဘက္က မနစ္နာေစရပါဘူး။ အန္ကယ္ေရွ႕မွာေျပာထားသလိုပဲ သားရဲ႕အမႈကို ျပန္ကိုင္ေပးမွာပါ။''

မုန္းေစ ခဏတာ စဥ္းစားေနလိုက္သည္။ သူ႕အမႈကို ကိုင္တြယ္ေပးမယ္ဆိုေတာ့လည္း နစ္နာစရာမွာမရွိဘဲေလ။

''ေကာင္းပီေလ... ကြၽန္ေတာ္သေဘာတူတယ္။ ဒါိပေမဲ့ ဦးတို႔သားက ဘယ္လိုေပ်ာက္သြားလဲမသိေပမဲ့... ကြၽန္ေတာ့္ကိုေတာ့ ျပည့္တန္ဆာတန္းမွာလာစြန့္ပစ္ထားတယ္ဆိုတာပဲသိတယ္။ ဦးတို႔ သားအေၾကာင္းကို ကြၽန္ေတာ့ကို ေျပာျပေပးပါလား။ ကြၽန္ေတာ္လည္းသိရတာေပါ့။''

ေရွ႕ေနဆိုသူက ေခါင္းၿငိမ့္ျပတာေၾကာင့္ ဦးေဇယ်ာကစကား စ,ေျပာခဲ့သည္။

'' ဒါ ေဖ.... ဦးတို႔ေပ်ာက္သြားခဲ့တဲ့ သားႀကီး ဓာတ္ပုံပါ။''

မုန္းေစ ထိုသူေပးလာတဲ့ ပုံကိုၾကည့္လိုက္သည္။ ကေလးႏွစ္ေယာက္ရဲ႕ပုံ.... လက္ခ်င္းတြဲထားတာ ၾကည့္ရတာ ႏွစ္ႏွစ္အ႐ြယ္ေလာက္ပဲရွိဦးမည္။ ႏွစ္ေယာက္ကလည္း႐ုပ္တူတာေၾကာင့္ အႁမႊာျဖစ္ဖို႔မ်ားသည္။

'' ဦးတို႔ သားကို ႏွစ္ႏွစ္ အ႐ြယ္တုန္းက ျပန္ေပးဆြဲခံခဲ့ရတာပါ... အဲ့ခ်ိန္က ဦးက ေအာင္ျမင္ကာစ စီးပြားေရးလုပ္ငန္းရွင္ဆိုေတာ့ ရန္သူေတြမ်ားခဲ့တယ္။

အဲ့ခ်ိန္မွာ ဦးတို႔ ၿခံေစာင့္က သားတို႔ ႏွစ္ေယာက္ကို ျပန္ေပးဆြဲသြားခဲ့တာ။ ပီးေတာ့ သိန္းႏွစ္ေထာင္နဲ႕လာေ႐ြးခိုင္းတယ္ေလ။ ဦးတို႔ကလည္း ခုမွ လုပ္ငန္းေအာင္ျမင္ကာစဆိုေတာ့ အဲ့ေလာက္မ်ားမ်ားစားစား သိပ္မရွိခဲ့ဘူး။ ေနာက္ဆုံး အသိမိတ္ေဆြေတြဆီကေန ေငြအနည္းငယ္လွည့္ပီး ကုမၸဏီ ကိုလည္း အေႂကြးနဲ႕ေပါင္ထားပီးေ႐ြးဖို႔စီစဥ္လိုက္ရတယ္။

သားတို႔ကို ျပန္ေ႐ြးမဲ့ေနလည္းက်ေကာ သူတို႔ခ်ိန္းတဲ့ေနရာကို သြားခဲ့တယ္။ ေငြထုတ္ကို သူတို႔ခိုင္းတဲ့ ေနရာမွာထားခဲ့ပီး သားတို႔ကိုေတာ့ ပန္းၿခံတစ္ခုမွာ ခ်ထားခဲ့တယ္ေျပာလို႔ ဦးတို႔သြားရွာခဲ့တယ္။ ဒါေပမဲ့ သူတို႔က သားတို႔ကို ႏွစ္ေယာက္လုံးျပန္မေပးခဲ့ဘူး။ သားငယ္ကိုပဲ ဦးတို႔ဆီျပန္ေပးခဲ့ပီး သားႀကီးကိုေတာ့ သူတို႔ေခၚသြားခဲ့တယ္။

ဦးတို႔ သားႀကီးကို ျပန္ရွာခဲ့တယ္။ သားကို ေမြးစားခဲ့တဲ့သူက နိုင္ငံျခားေျပာင္းသြားတယ္ဆိုပီး သတင္းေတြၾကားခဲ့တယ္... တကယ္ဟုတ္မဟုတ္ေတာ့မသိဘူး....ဦးတို႔ တစ္ဖက္နိုင္ငံကို ေျပာင္းေနပီး စုံစမ္းခဲ့တယ္။ ဆယ္ႏွစ္ေက်ာ္ၾကာေတာ့ ေနာက္ဆုံး သားက ဒီနိုင္ငံမွာပဲရွိတယ္ဆိုပီး ထပ္ေျပာလို႔ ဦးတို႔ ျပန္လာခဲ့တယ္။

ဒါေပမဲ့လည္း ရွာလို႔ မေတြ႕ခဲ့ျပန္ဘူး။ ဦးတို႔လက္ေလ်ာ့တဲ့အထိပဲေလ။ ေနာက္ေတာ့ သားရဲ႕သတင္းေတြ တက္လာေတာ့ ဦးတို႔သားႀကီးကို ျပန္ေတြ႕ခဲ့ပီလို႔ ယုံၾကည္ခဲ့တယ္။ ဘာလို႔ဆို သားက သားငယ္နဲ႕ ထင္မထားေလာက္ေအာင္ ႐ုပ္ခ်င္းအရမ္းဆင္ေနခဲ့တယ္။''

ဦးေဇယ်ာက ခဏေလာက္ တိတ္ဆိတ္သြားပီး သူ႕ဖုန္းထဲက သူ႕သားငယ္ရဲ႕ပုံကိုထုတ္ျပလာတယ္။ ေဘးနားက ေဒၚထိပ္ထားကေတာ့ ဘာမွျပန္မေျပာခဲ့ပဲ မုန္းေစကိုသာ တစိမ့္စိမ့္ၾကည့္ေနသည္။

'' ဒါ.... ဦးတို႔ရဲ႕ သားငယ္ပါ''

'' ဟင္.... ဒါ... ကြၽန္ေတာ္''

မုန္းေစ အရမ္းအံ့ၾသခဲ့ရသည္...လူတစ္ေယာက္က အဲ့ေလာက္ေတာင္တူနိုင္လို႔လားလို႔ေလ။

'' သားတို႔ ႏွစ္ေယာက္က အႁမႊာေတြေလ... သားငယ္က ခုမလိုက္လာဘူး။ သူ႕ရဲ႕အလုပ္ေတြနဲ႕မအားလို႔... သူကိုယ္တိုင္ကလည္း သားႀကီးကို သိပ္ေတြ႕ခ်င္ခဲ့တာ။ သူ႕မန္ေနဂ်ာက အတင္းဆြဲထားလို႔ လာမေတြ႕နိင္ဘူး... ေနာက္မွသားဆီ သပ္သပ္လာေတြ႕မယ္လို႔ေျပာတယ္။''

''.......... ''

'' ကြၽန္ေတာ္..... ဘာ..ဘာလို႔ အေစာထဲကမလာခဲ့တာလဲ''

'' စ ေတြ႕ခ်င္းပဲ လာခဲ့မလို႔ပါပဲ။ ေနာက္ေတာ့ ဦးလည္း သားရဲ႕အမႈအတြက္ ျပန္ကိုင္တြယ္လို႔ရမရ သက္ေသေတြ ရလိုရျငားရွာေနတာေၾကာင့္ ေနာက္က်သြားခဲ့တာပါ။ သားအထဲမွာ ပင္ပန္းခဲ့မွာပဲ။ ဦး... ေဖ တို႔အမွားပါ... အရာရာအတြက္ေတာင္းပန္ပါတယ္''

''...............''

ထိုခ်ိန္ အေစာင့္မွ ဧည့္ေတြ႕ခ်ိန္ပီးဆုံးေၾကာင္းေျပာလာတာေၾကာင့္ မုန္းေစျပန္လိုက္လာခဲ့သည္။ သူဒီကိစၥကို ျပန္စဥ္းစားဖို႔လိုမည္။ ဒီအျဖစ္အပ်က္ႀကီးက ေပ်ာ္ရမလို ဝမ္းနည္းရမလို အေျခအေနႀကီးပဲ မဟုတ္ပါလား။ ဦးေဇယ်ာကေတာ့ ေျပာရွာတယ္... ေနာက္တစ္ခါ ထပ္လာေတြ႕ပါ့မယ္တဲ့ေလ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ေနာက္ဆုံးေတာ့ မုန္းေစကို ဦးေဇယ်ာတို႔နဲ႕ ေပးေတြ႕နိုင္ခဲ့ပီ။ ေရွာင္ဟုန္ အစက အဲ့ေလာက္ထိမေတြးထားမိဘူး။ မုန္းေစေလးကို ဒီတိုင္းေလးပဲ ေနေရာင္ရဲ႕ အိမ္ကဆင္းသြားဖို႔ပဲ ရိုးရိုးေလး စဥ္းစားခဲ့တာ။ ေနာက္ေတာ့ ေရးရင္းနဲ႕ အစက စဥ္းစားထားသလိုျဖစ္မလာပဲ ဇာတ္လမ္းက ေသြဖယ္သြားလို႔ ခုလိုမ်ိဳး လုပ္လိုက္မိတာပါ။ ပီးေတာ့ ေနေရာင္အတြက္လည္းေနာက္မွာ ေျဖရွင္းခ်က္ ထပ္လာခဲ့ပါ့မယ္။ ဘာလို႔ သင္းရနံ႕ နဲ႕ လက္ထပ္ခဲ့လဲဆိုတာကိုေပါ့။

ေတာင္းပန္တဲ့ အေနနဲ႕ ဒီည ထပ္Upေပးလိုက္မယ္ေနာ္။ 🙏😿

3.7.2022

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Comment