အပိုင်း (၃)

Unicode
~~~~~~

"ပြည့်စုံ ငါမင်းကိုအကြံတောင်းစရာရှိလို့ "

"ကြားသားမိုးကြိုးပါလား ဆိုပါဦး"

"ငါ ပြန်ရင် ကြည်ဖြူ့ကိုပါ ရအောင်ခေါ်သွားချင်တယ် ငါစဉ်းထားတာရှိပေမယ့် မင်းဆီကလည်း အကြံလိုချင်တယ်"

"ဆရာကြီးက ရောဂါကျွမ်းနေပါလား ဒါမ်ားကြာ ဒီနားခဏလာ"

ပြည့်စုံက သူ့နားအားကပ်ကာ တီးတိုးပြောလိုက်သည်။

"ဟာ.... မင်းငါ့ကို ထောင်နန်းဆန်ခိုင်းမလို့လား"

အကြံတောင်းကာမှ သူအား ပေါက်ကရလာပြောနေ၍ စိတ်လေသွားသည်။

"အော် အကြံလည်းပေးရသေးတယ် နေပေါ့"

"ဟေ့ရောင် ငါအခုပြောထားတာတွေကို မေ့လိုက်နော် ပြီးတော့ ငါ့ကိုနည်းနည်းကူညီရမယ် တစ်ခုခုဖြစ်လာရင် ရေလိုက်ငါးလိုက်နေကြားလား"

ဘာအကြံမှ မရမည့်အတူနှုတ်ပိတ်ထားရသည်။

"အေးပါကွာ မင်းစွံမယ်ကိစ္စပဲ ငါသိပါတယ် "
"မစြံစရာလား ငါလိုချင်မှဖြင့်ဟောတစ်ယောက် ဟောတစ်ယောက်ပဲ"

အရေးထဲ လူကိုအထင်သေးစကားလာပြောနေသေးသည်။

~~~~~

ကြည်ဖြူဒီနေ့ ကိုငြိမ်းမောင်နဲ့ လူနာသွားကြည့်ရမှာ နောက်ဆုံးနေ့ဖြစ်သည် မနက်ဖြန်ဆို သူတို့ဆေးအဖွဲ့ကပြန်ရတော့မည်ဖြစ်သည်။ သို့သော် ဒီနေ့ ကိုငြိမ်းမောင်နှင့် ကိုပြည့်စုံတို့ ပြောထားသောအရာအား နားယောင်မိကာ လမ်းတစ်လျှောက် ကြည်ဖြူ ကြက်သီးထမိသည်။

မီးလောင်တဲ့အထဲပါသွားသော သူများက မကျွတ်မလွတ်ပဲ ကိုပြည့်စုံအားခြောက်သည့်အကြောင်း ကိုငြိမ်းမောင်နှင့် တီးတိုးပြောနေကြတာကို ကြည်ဖြူသွားမိသွားခြင်းဖြစ်သည်။

"ကိုငြိမ်းမောင်ဖြေးဖြေးလျှောက် ကြည်ဖြူ့ကိုစောင့်ဦးလေ "

အိမ်အမြန်ပြန်ချင်ပုံရသော ကိုငြိမ်းမောင်က ကြည့်ဖြူ့အားမစောင့်သောကြောင့် ကြောက်လန့်တကြားဖြင့် အော်ပြောရသည်။

"မင်းမြန်မြန်လျှောက်လေ ငါပစ္စည်းတွေပြန်သိမ်းရဦးမှာ "

ကြည်ဖြူ့အား နောက်သို့လှည့်ကာ ပြောနေသော ဤလူအား အမြင်ကပ်မိသော်လည်း ကြောက်ကလည်းကြောက်နေ၍ သူ့နောက်အမြန်လိုက်ရသည်၊ လိုက်ရင်းနဲ့ပင် ကြည်ဖြူတွေ့လိုက်ရသည်က ပါးစပ်ထဲမှလျှာထွက်နေကာ မျက်လုံးပြူးပြူး ရုပ်ဆိုးဆိုးနှင့်သရဲ။ ထို့နောက်ကြည်ဖြူ့ကမ္ဘာကြီး အမှောင်ဖုံးလွှမ်းသွားတော့သည်။ ခေါ်သံလေးတော့ကြားလိုက် မိပါရဲ့။

"ဟေ့ ကြည်ဖြူ! ကြည်ဖြူမိုး!"

သူမလေးက မေ့လဲသွားသောကြောင့် သူမခန္ဓာကိုယ်အား သူအမြန် ကိုင်လိုက်သည်။ထို့နောက် သူနောက်လှည့်ကြည့်ကာ

"ဟာ လန့်တာကွာ ကြည်ဖြူမေ့လဲတာမပြောနဲ့ငါတောင်လန့်တယ်"

"ဒါဆို ငါတော်လို့ပေါ့"

ပြည့်စုံက မျက်နှာဖုံးချွတ်ကာ သူ့အားပြန်ပြောလိုက်သည်။

"ရပြီ မင်းပြန်တော့ ငါကြည့်လုပ်လိုက်မယ်"

"ကျေးဇူးပြန်ဆပ်နော် သားကြီး"

သူခေါင်းညိတ်ကာ အမြန်နှင်လွှတ်လိုက်ရသည်။ထို့နောက် ကြည်ဖြူ့ကို လမ်းဘေးရွေ့ကာ သူ့ကတော့တစ်ညလုံးမအိပ်ပဲထိုင်စောင့် ခဲ့သည်။

~~~~~

"အမလေး ဘုရားဘုရား ကြည်ဖြူဟဲ့မိကြည်ဖြူ ထားစမ်း ဟဲ့ကြည်ဖြူမိုး"

ကြည်ဖြူအိပ်မက်ထဲ အမေ့အသံကြား၍ လန့်နိုးလာခဲ့တော့ အမေက မျက်စိမျက်နှာပျက်ကာ ရှိ၍ အဖေကိုတွေ့တော့လည်း ဒီအတိုင်းပင်။

အိပ်မက်ကမ္ဘာမှနိုးထလာသော ကြည်ဖြူမိုးသည်အခုမှ သူမကိုယ်သူမ သတိထားမိခဲ့လေသည်။

ကြည်ဖြူလန့်သွားပါသည် ဒါဘယ်လိုအခြေအနေကြီးလဲ။ ညတုန်းက သရဲတွေ့ပြီး မေ့လဲသွားတာပင်။ဘေးက ကိုငြိမ်းမောင်ကိုကြည့်တော့ အိပ်ပြောနေဆဲပင်။

"ကိုငြိမ်းမောင် ကိုငြိမ်းမောင်! ထဦး ကိုငြိမ်းမောင် "

ကြည်ဖြူ လှုပ်နိုးတော့မှ သူကနိုးလာသည်။

"နှစ်ယောက်လုံး အိမ်ပြန်လိုက်ခဲ့!"

အမေက ဒေါသထွက်ကာ ပြောလိုက်တော့ ကြည်ဖြူတို့ အိမ်ပြန်လာခဲ့ကြသည်။

"မင်းတို့နှစ်ယောက် လက်ထပ်ရမယ်"

"ရှင် အမေ!"

အပိုင်း ၄ မျှော်............

*********

Zawgyi
~~~~~

"ျပည့္စုံ ငါမင္းကိုအႀကံေတာင္းစရာရွိလို႔ "

"ၾကားသားမိုးႀကိဳးပါလား ဆိုပါဦး"

"ငါ ျပန္ရင္ ၾကည္ျဖဴ႕ကိုပါ ရေအာင္ေခၚသြားခ်င္တယ္ ငါစဥ္းထားတာရွိေပမယ့္ မင္းဆီကလည္း အႀကံလိုခ်င္တယ္"

"ဆရာႀကီးက ေရာဂါကြၽမ္းေနပါလား ဒါမ္ားၾကာ ဒီနားခဏလာ"

ျပည့္စုံက သူ႕နားအားကပ္ကာ တီးတိုးေျပာလိုက္သည္။

"ဟာ.... မင္းငါ့ကို ေထာင္နန္းဆန္ခိုင္းမလို႔လား"

အႀကံေတာင္းကာမွ သူအား ေပါက္ကရလာေျပာေန၍ စိတ္ေလသြားသည္။

"ေအာ္ အႀကံလည္းေပးရေသးတယ္ ေနေပါ့"

"ေဟ့ေရာင္ ငါအခုေျပာထားတာေတြကို ေမ့လိုက္ေနာ္ ၿပီးေတာ့ ငါ့ကိုနည္းနည္းကူညီရမယ္ တစ္ခုခုျဖစ္လာရင္ ေရလိုက္ငါးလိုက္ေနၾကားလား"

ဘာအႀကံမွ မရမည့္အတူႏႈတ္ပိတ္ထားရသည္။

"ေအးပါကြာ မင္းစြံမယ္ကိစၥပဲ ငါသိပါတယ္ "
"မၿစံစရာလား ငါလိုခ်င္မွျဖင့္ေဟာတစ္ေယာက္ ေဟာတစ္ေယာက္ပဲ"

အေရးထဲ လူကိုအထင္ေသးစကားလာေျပာေနေသးသည္။

~~~~~

ၾကည္ျဖဴဒီေန႕ ကိုၿငိမ္းေမာင္နဲ႕ လူနာသြားၾကည့္ရမွာ ေနာက္ဆုံးေန႕ျဖစ္သည္ မနက္ျဖန္ဆို သူတို႔ေဆးအဖြဲ႕ကျပန္ရေတာ့မည္ျဖစ္သည္။ သို႔ေသာ္ ဒီေန႕ ကိုၿငိမ္းေမာင္ႏွင့္ ကိုျပည့္စုံတို႔ ေျပာထားေသာအရာအား နားေယာင္မိကာ လမ္းတစ္ေလွ်ာက္ ၾကည္ျဖဴ ၾကက္သီးထမိသည္။

မီးေလာင္တဲ့အထဲပါသြားေသာ သူမ်ားက မကြၽတ္မလြတ္ပဲ ကိုျပည့္စုံအားေျခာက္သည့္အေၾကာင္း ကိုၿငိမ္းေမာင္ႏွင့္ တီးတိုးေျပာေနၾကတာကို ၾကည္ျဖဴသြားမိသြားျခင္းျဖစ္သည္။

"ကိုၿငိမ္းေမာင္ေျဖးေျဖးေလွ်ာက္ ၾကည္ျဖဴ႕ကိုေစာင့္ဦးေလ "

အိမ္အျမန္ျပန္ခ်င္ပုံရေသာ ကိုၿငိမ္းေမာင္က ၾကည့္ျဖဴ႕အားမေစာင့္ေသာေၾကာင့္ ေၾကာက္လန့္တၾကားျဖင့္ ေအာ္ေျပာရသည္။

"မင္းျမန္ျမန္ေလွ်ာက္ေလ ငါပစၥည္းေတြျပန္သိမ္းရဦးမွာ "

ၾကည္ျဖဴ႕အား ေနာက္သို႔လွည့္ကာ ေျပာေနေသာ ဤလူအား အျမင္ကပ္မိေသာ္လည္း ေၾကာက္ကလည္းေၾကာက္ေန၍ သူ႕ေနာက္အျမန္လိုက္ရသည္၊ လိုက္ရင္းနဲ႕ပင္ ၾကည္ျဖဴေတြ႕လိုက္ရသည္က ပါးစပ္ထဲမွလွ်ာထြက္ေနကာ မ်က္လုံးျပဴျပဴ ႐ုပ္ဆိုးဆိုးႏွင့္သရဲ။ ထို႔ေနာက္ၾကည္ျဖဴ႕ကမၻာႀကီး အေမွာင္ဖုံးလႊမ္းသြားေတာ့သည္။ ေခၚသံေလးေတာ့ၾကားလိုက္ မိပါရဲ႕။

"ေဟ့ ၾကည္ျဖဴ! ၾကည္ျဖဴမိုး!"

သူမေလးက ေမ့လဲသြားေသာေၾကာင့္ သူမခႏၶာကိုယ္အား သူအျမန္ ကိုင္လိုက္သည္။ထို႔ေနာက္ သူေနာက္လွည့္ၾကည့္ကာ

"ဟာ လန့္တာကြာ ၾကည္ျဖဴေမ့လဲတာမေျပာနဲ႕ငါေတာင္လန့္တယ္"

"ဒါဆို ငါေတာ္လို႔ေပါ့"

ျပည့္စုံက မ်က္ႏွာဖုံးခြၽတ္ကာ သူ႕အားျပန္ေျပာလိုက္သည္။

"ရၿပီ မင္းျပန္ေတာ့ ငါၾကည့္လုပ္လိုက္မယ္"

"ေက်းဇူးျပန္ဆပ္ေနာ္ သားႀကီး"

သူေခါင္းညိတ္ကာ အျမန္ႏွင္လႊတ္လိုက္ရသည္။ထို႔ေနာက္ ၾကည္ျဖဴ႕ကို လမ္းေဘးေ႐ြ႕ကာ သူ႕ကေတာ့တစ္ညလုံးမအိပ္ပဲထိုင္ေစာင့္ ခဲ့သည္။

~~~~~

"အမေလး ဘုရားဘုရား ၾကည္ျဖဴဟဲ့မိၾကည္ျဖဴ ထားစမ္း ဟဲ့ၾကည္ျဖဴမိုး"

ၾကည္ျဖဴအိပ္မက္ထဲ အေမ့အသံၾကား၍ လန့္နိုးလာခဲ့ေတာ့ အေမက မ်က္စိမ်က္ႏွာပ်က္ကာ ရွိ၍ အေဖကိုေတြ႕ေတာ့လည္း ဒီအတိုင္းပင္။

အိပ္မက္ကမၻာမွနိုးထလာေသာ ၾကည္ျဖဴမိုးသည္အခုမွ သူမကိုယ္သူမ သတိထားမိခဲ့ေလသည္။

ၾကည္ျဖဴလန့္သြားပါသည္ ဒါဘယ္လိုအေျခအေနႀကီးလဲ။ ညတုန္းက သရဲေတြ႕ၿပီး ေမ့လဲသြားတာပင္။ေဘးက ကိုၿငိမ္းေမာင္ကိုၾကည့္ေတာ့ အိပ္ေျပာေနဆဲပင္။

"ကိုၿငိမ္းေမာင္ ကိုၿငိမ္းေမာင္! ထဦး ကိုၿငိမ္းေမာင္ "

ၾကည္ျဖဴ လႈပ္နိုးေတာ့မွ သူကနိုးလာသည္။

"ႏွစ္ေယာက္လုံး အိမ္ျပန္လိုက္ခဲ့!"

အေမက ေဒါသထြက္ကာ ေျပာလိုက္ေတာ့ ၾကည္ျဖဴတို႔ အိမ္ျပန္လာခဲ့ၾကသည္။

"မင္းတို႔ႏွစ္ေယာက္ လက္ထပ္ရမယ္"

"ရွင္ အေမ!"

အပိုင္း ၄ ေမွ်ာ္............

*********


Comment