အပိုင်း (၂၄)

Unicode
~~~~~~

အခုဆိုရင် သားကြီးရန်ငြိမ်းမောင်က ကျောင်းစတက်နေရပြီဖြစ်သည်။ အတာငြိမ်းမောင်ကိုတော့ မူကြိုစထားနေပြီဖြစ်သည်။ အငယ်လေးနှစ်ယောက်ကတော့ ကြည်ဖြူကြည့်ထားရတုန်းဖြစ်သည်။

ကြည်ဖြူ့အလုပ်တွေကလည်း လက်ထောက်ရှိနေပြီဖြစ်၍ အရင်လို လူကိုယ်တိုင် ဝင်လုပ်စရာသိပ်မလိုတော့သောကြောင့် သားတွေနဲ့အတူရှိချိန်က ပိုများလာသည်။ထိုနည်းတူစွာ ကိုငြိမ်းမောင်က အခုဆို စာသင်တဲ့အလုပ်ကို ဖြုတ်လိုက်သောကြောင့် မိသားစုကို အရင်လိုအချိန်ပြန်ပေးနိုင်ပြီဖြစ်သည်။

ငြိမ်းမောင် ဆေးရုံတွင် တစ်နေကုန်အလုပ်လုပ်ပြီး ညနေအိမ် မပြန်ခင် သားကြီးနဲ့သားလေးမှာလိုက်သော မုန့်နှင့်ဆော့စရာများ ကိုဝယ်ပေးပြီးမှ အိမ်ပြန်လာသည်။

"ဖေဖေ ပြန်လာပြီလား"

"ဖေဖေ သားတို့အတွက် အရုပ်ပါလား"

ငြိမ်းမောင်အိမ်ထဲသို့ ဝင်ဝင်ချင်း အိမ်ရှေ့တွင် ကစားနေကြသော သားနှစ်ယောက်က စီးကြိုပေးသည်။

"ပါတာပေါ့ဗျာ သားတို့မေမေနဲ့ ညီလေးတို့ရော"

"မေမေက ညီညီလေးတို့ကို ထမင်းကျွေးနေတယ်"

"ဟုတ်လား အတာတို့ရော ထမင်းစားပြီးပြီလား"

"စားပြီးပြီဖေဖေ"

" ပေါက်ကရတွေနော် အတာ"

အတာရဲ့စားပြီးပြီဆိုသော စကားကို ကြည်ဖြူ အမြွှာနှစ်ယောက်ကို ထမင်းကျွေးနေရင်း ဝင်ထောက်လိုက်သည်။

"သား ဖေဖေ့ကိုစတာလေ မေမေ"

"ဟုတ်ကဲ့ပါရှင် ကိုငြိမ်းမောင် ရေချိုးတော့လေ ကြည်ဖြူ ထမင်းဝိုင်းပြင်လိုက်တော့မယ်"

"ဒါဆိုကိုယ်ရေချိုးလိုက်မယ် သားတို့ ခဏစောင့်"

"ဟုတ်ကဲ့ဖေဖေ"

"ဖေဖေ ရေအကြာကြီး မချိုးရဘူးနော်"

"အဟားဟား ဟုတ်ကဲ့ပါဗျာ"

ကိုငြိမ်းမောင် ရောကြည်ဖြူရော သားကြီးရဲ့စကားကြောင့် ရယ်လိုက်ကြသည်။တကယ်ဆို ဒီစကားက ကြည်ဖြူ ကိုငြိမ်းမောင် ရေချိုးတဲ့အခါတိုင်း ပြောနေကြစကားပါ။ သားကြီးက ကြားတော့ လိုက်ပြောနေခြင်းဖြစ်သည်။

"ကိုငြိမ်းမောင် ဘာလို့ကြက်သားသုပ်ကို မစားတာလဲ အင့် "

ငြိမ်းမောင်ကြည်ဖြူထည့်ပေးသော ကြက်သားသုပ်ကို မစားချင်တော့သော်လည်း စားလိုက်ပါသည်။ အပြင်မှာငြိမ်းမောင်က ဆရာဝန်ဆို သူ့မိန်းမက အိမ်မှာဆရာဝန်ဖြစ်သည်။ သူကအစ သားတွေအဆုံးအထွန့်မတက်ရဲကပေ။ ကျန်းမာရေးနဲ့အာဟာရ ကို သူ့မိန်းမက ကြီးကြပ်ပေးသည်။

"သားလေးအတာ ငါးစားလေသားရဲ့ မေမေသားတို့အတွက် အစောကြီးထပြီး ရှာထားပေးရတာ"

"သားစားမှာပါမေမေ"

"မေမေ သားစားတယ်နော်"

"အေးပါကွယ် မေမေ့သားတွေ လိမ္မာတယ် ဖေဖေပဲ မေမေ့စကားနားမထောင်တာနော် "

"ဟောဗျာ"

ငြိမ်းမောင် သားတွေနဲ့ စကားပြောနေရင်း ဇနီးလေးက သူ့အား ပြောလာသောကြောင့် ဆွံအသွားရသည်။

ကြည်ဖြူသားတွေကို သူတို့ငယ်ငယ်ကတည်းက ငါးတွေ ချော့မော့ကျွေးထားရသည်။ဒါမှ ဥာဏ်ကောင်းတဲ့ကလေးလေးတွေဖြစ်လာမှာဖြစ်သည်။ မြို့ပေါ်မှာဖြစ်လို့ ငါးတွေလတ်လတ်ဆတ်ဆတ်သိပ်မရှိသော်လည်း ငါးချက်မည့်နေ့ဆို စောစောထကာ လတ်ဆတ်သောငါးတွေကို အတတ်နိုင်ဆုံးရှာရသည်။

=====

ဒီနေ့ အတာလေးရဲ့ ၅နှစ်ပြည့်မွေးနေ့အတွက် ဘုန်းကြီးကျောင်းတွင် နှစ်ဖက်မိသားစုတွေ အလှူလာလုပ်ကြပါသည်။

"သူရ တစ်ယောက်တည်းလား နင့်မိန်းမရော "

"ကလေးမွေးခါနီးဖွားခါနီးဆိုတော့ ငါခေါ်မလာတာ"

"အေးပါ သူရရယ် ဒါနဲ့ငါ ဟိုဖက်ခဏသွားမယ် စားထားနှင့် ပြီးရင်ပြန်လာမယ် သိလား "

အလုပ်ရှုပ်နေသော ကြည်ဖြူမိုးအား သူရကြည့်နေမိသည်။

' ငါတို့ သူငယ်ချင်းဆိုတဲ့စည်းကို မကျော်ခဲ့တာ မှန်သွားတယ်ထင်တယ် ဒါကြောင့် နှစ်ယောက်စလုံး လူမှန်တွေနဲ့တွေ့ခဲ့ရတယ် ငါတို့က ထာဝရသူငယ်ချင်းဖြစ်နေမှာပါ ကြည်ဖြူရာ '

"ကိုကိုကြီးနဲ့ညီမလေး ဝင့်ဝါတို့ရောက်ပြီ"

"မမဝင့်ဝါတို့ လာလေ... ညီမလေးတို့ ဒီဖက်ဝိုင်းကို ပြင်ပေးပါဦး"

အလှူပြီးတော့ မိသားစုဓာတ်ပုံလေးရိုက်ကာ အိမ်သို့ပြန်လာပြသည်။

"ဟူးးဒါတောင်ပွဲ ကြီးပွဲကောင်းမဟုတ်သေးလို့ မောလိုက်တာ.... သားကြီးနဲ့သားလေး မမမိထွေးဆီသွားပြီး သားတို့ကို အင်္ကျီကူဝတ်ပေးဖို့ သွားပြောလိုက် မေမေက ညီလေးတို့ကိုလဲပေးရဦးမှာမလို့"

"မသွားနဲ့တော့ ဖေဖေနဲ့သွားမယ်လာ"

"ရှင် ပြန်မသွားတော့ဘူးလား"

"မသွားတော့ဘူး ကိုယ်အငှားတွေ နဲ့ပဲ ထားလိုက်တော့မယ်"

"ဒါဆို ကောင်းတာပေါ့ သိမ်းစရာတွေက သိပ်မကျန်ပါဘူး သားတို့ ဖေဖေ့နောက်လိုက်သွားကြ"

သားအဖတွေ ဟိုဖက်အခန်း သွားတော့ ကြည်ဖြူလည်း အာကာနဲ့အဏ္ဏဝါတို့ကို အဝတ်လဲပေးတော့သည်။

"မိန်းမ မပြီးသေးဘူးလား ကိုယ်အိပ်ချင်ပြီ လာတော့လေ "

"အိပ်ချင်အိပ်လေ ဒီမှာ ကြည်ဖြူမှ ဆံပင်ဖြီးလို့ မပြီးသေးတာ"

"လာပါကွာ သားတွေအိပ်မှ မင်းအနားကပ်ရတာ"

"ဇွတ်ပါလားတော်"

ကိုငြိမ်းမောင်က ကြည်ဖြူဆံပင်ဖြီးလို့မပြီးလိုက်ခင်မှာပင် အိပ်ယာပေါ်ဆွဲခေါ်လာကာ ကြည်ဖြူ့အားဖက်နေလေ၏။ သူဒီလိုဖြစ်နေလို့ ကြည်ဖြူအပြစ်မဆိုမိပါ သားတွေအိပ်မှသာ ကြည်ဖြူ့အနားကပ်ရတာပါ။ သားတွေမအိပ်တဲ့အချိန်ဆို မအေအနားပဲ နေကြတော့ သူကလာလို့မရပေ။ ထို့ကြောင့် ကိုငြိမ်းမောင်က ကလေးတွေအိပ်တဲ့အချိန်ဆို သူက ကလေးကြီးလုပ်နေ၏။သားတွေကို အော်ငေါက်တာမျိုးမရှိတော့ပေမယ့် သူ့ကိုလည်း ကြည်ဖြူ အလိုလိုက်ရမည် တစ်လောကလုံးမှာ တစ်ယောက်ပဲရှိတဲ့ ကြည်ဖြူ့ရဲ့ အသည်းနှလုံးကြီး မဟုတ်ပါလား။ အခုလည်း အသည်းနှလုံးကြီးက သူမအား နမ်းရှိုက်နေပြန်သည်။

===

" မိန်းမ ဘာဖြစ်လို့လဲနေမကောင်းဘူးလား"

"အင်း ကြည်ဖြူနည်းနည်းခေါင်းမူးနေလို့"

"အိပ်ယာကနေတောင် မထနိုင်တာ နည်းနည်းဖြစ်မလား"

"ဖေဖေ သားတို့ပြီးပြီ"

"အာကာနဲ့အဏ္ဏဝါ ဖေဖေလိုက်မပို့တော့ဘူး မင်းတို့ ဘဘထွန်းကိုပဲလိုက်ပို့ခိုင်းလိုက်"

"မေမေအများကြီးနေမကောင်းလို့လားဟင်"

အဏ္ဏဝါက ကြည်ဖြူ့အားကြည့်ကာပြောသည်။

"မေမေခေါင်းနောက်ရုံပါ သားငယ်လေးရယ် ကျောင်းသွားရတော့မှာမလား အာကာလေး ညီလေးနဲ့ဘဘထွန်းဆီသွားတော့လေ"

ကြည်ဖြူပြောတော့ လွယ်အိတ်တစ်လုံးဆီနဲ့ သားအမြွှာနှစ်ယောက်က ကျောင်းသို့သွားတော့သည်။

"အဆင်ပြေလို့လား မိန်းမ ကိုယ့်ကိုလက်ကလေးပေးဦး ကိုယ်စမ်းကြည့်ပေး မယ်"

ထိုအခါ ကြည်ဖြူက သူ့အား လက်တစ်ဖက်ပေးလိုက်သည်။

အပိုင်း ၂၅ မျှော်.......

A/N ကိုငြိမ်းမောင် လက်စမ်းပြန်ပြီနော် သဘောပေါက်လိုက်တော့😁

~~~~~

အခုဆိုရင္ သားႀကီးရန္ၿငိမ္းေမာင္က ေက်ာင္းစတက္ေနရၿပီျဖစ္သည္။ အတာၿငိမ္းေမာင္ကိုေတာ့ မူႀကိဳစထားေနၿပီျဖစ္သည္။ အငယ္ေလးႏွစ္ေယာက္ကေတာ့ ၾကည္ျဖဴၾကည့္ထားရတုန္းျဖစ္သည္။

ၾကည္ျဖဴ႕အလုပ္ေတြကလည္း လက္ေထာက္ရွိေနၿပီျဖစ္၍ အရင္လို လူကိုယ္တိုင္ ဝင္လုပ္စရာသိပ္မလိုေတာ့ေသာေၾကာင့္ သားေတြနဲ႕အတူရွိခ်ိန္က ပိုမ်ားလာသည္။ထိုနည္းတူစြာ ကိုၿငိမ္းေမာင္က အခုဆို စာသင္တဲ့အလုပ္ကို ျဖဳတ္လိုက္ေသာေၾကာင့္ မိသားစုကို အရင္လိုအခ်ိန္ျပန္ေပးနိုင္ၿပီျဖစ္သည္။

ၿငိမ္းေမာင္ ေဆး႐ုံတြင္ တစ္ေနကုန္အလုပ္လုပ္ၿပီး ညေနအိမ္ မျပန္ခင္ သားႀကီးနဲ႕သားေလးမွာလိုက္ေသာ မုန့္ႏွင့္ေဆာ့စရာမ်ား ကိုဝယ္ေပးၿပီးမွ အိမ္ျပန္လာသည္။

"ေဖေဖ ျပန္လာၿပီလား"

"ေဖေဖ သားတို႔အတြက္ အ႐ုပ္ပါလား"

ၿငိမ္းေမာင္အိမ္ထဲသို႔ ဝင္ဝင္ခ်င္း အိမ္ေရွ႕တြင္ ကစားေနၾကေသာ သားႏွစ္ေယာက္က စီးႀကိဳေပးသည္။

"ပါတာေပါ့ဗ်ာ သားတို႔ေမေမနဲ႕ ညီေလးတို႔ေရာ"

"ေမေမက ညီညီေလးတို႔ကို ထမင္းေကြၽးေနတယ္"

"ဟုတ္လား အတာတို႔ေရာ ထမင္းစားၿပီးၿပီလား"

"စားၿပီးၿပီေဖေဖ"

" ေပါက္ကရေတြေနာ္ အတာ"

အတာရဲ႕စားၿပီးၿပီဆိုေသာ စကားကို ၾကည္ျဖဴ အႁမႊာႏွစ္ေယာက္ကို ထမင္းေကြၽးေနရင္း ဝင္ေထာက္လိုက္သည္။

"သား ေဖေဖ့ကိုစတာေလ ေမေမ"

"ဟုတ္ကဲ့ပါရွင္ ကိုၿငိမ္းေမာင္ ေရခ်ိဳးေတာ့ေလ ၾကည္ျဖဴ ထမင္းဝိုင္းျပင္လိုက္ေတာ့မယ္"

"ဒါဆိုကိုယ္ေရခ်ိဳးလိုက္မယ္ သားတို႔ ခဏေစာင့္"

"ဟုတ္ကဲ့ေဖေဖ"

"ေဖေဖ ေရအၾကာႀကီး မခ်ိဳးရဘူးေနာ္"

"အဟားဟား ဟုတ္ကဲ့ပါဗ်ာ"

ကိုၿငိမ္းေမာင္ ေရာၾကည္ျဖဴေရာ သားႀကီးရဲ႕စကားေၾကာင့္ ရယ္လိုက္ၾကသည္။တကယ္ဆို ဒီစကားက ၾကည္ျဖဴ ကိုၿငိမ္းေမာင္ ေရခ်ိဳးတဲ့အခါတိုင္း ေျပာေနၾကစကားပါ။ သားႀကီးက ၾကားေတာ့ လိုက္ေျပာေနျခင္းျဖစ္သည္။

"ကိုၿငိမ္းေမာင္ ဘာလို႔ၾကက္သားသုပ္ကို မစားတာလဲ အင့္ "

ၿငိမ္းေမာင္ၾကည္ျဖဴထည့္ေပးေသာ ၾကက္သားသုပ္ကို မစားခ်င္ေတာ့ေသာ္လည္း စားလိုက္ပါသည္။ အျပင္မွာၿငိမ္းေမာင္က ဆရာဝန္ဆို သူ႕မိန္းမက အိမ္မွာဆရာဝန္ျဖစ္သည္။ သူကအစ သားေတြအဆုံးအထြန့္မတက္ရဲကေပ။ က်န္းမာေရးနဲ႕အာဟာရ ကို သူ႕မိန္းမက ႀကီးၾကပ္ေပးသည္။

"သားေလးအတာ ငါးစားေလသားရဲ႕ ေမေမသားတို႔အတြက္ အေစာႀကီးထၿပီး ရွာထားေပးရတာ"

"သားစားမွာပါေမေမ"

"ေမေမ သားစားတယ္ေနာ္"

"ေအးပါကြယ္ ေမေမ့သားေတြ လိမၼာတယ္ ေဖေဖပဲ ေမေမ့စကားနားမေထာင္တာေနာ္ "

"ေဟာဗ်ာ"

ၿငိမ္းေမာင္ သားေတြနဲ႕ စကားေျပာေနရင္း ဇနီးေလးက သူ႕အား ေျပာလာေသာေၾကာင့္ ဆြံအသြားရသည္။

ၾကည္ျဖဴသားေတြကို သူတို႔ငယ္ငယ္ကတည္းက ငါးေတြ ေခ်ာ့ေမာ့ေကြၽးထားရသည္။ဒါမွ ဥာဏ္ေကာင္းတဲ့ကေလးေလးေတြျဖစ္လာမွာျဖစ္သည္။ ၿမိဳ႕ေပၚမွာျဖစ္လို႔ ငါးေတြလတ္လတ္ဆတ္ဆတ္သိပ္မရွိေသာ္လည္း ငါးခ်က္မည့္ေန႕ဆို ေစာေစာထကာ လတ္ဆတ္ေသာငါးေတြကို အတတ္နိုင္ဆုံးရွာရသည္။

=====

ဒီေန႕ အတာေလးရဲ႕ ၅ႏွစ္ျပည့္ေမြးေန႕အတြက္ ဘုန္းႀကီးေက်ာင္းတြင္ ႏွစ္ဖက္မိသားစုေတြ အလႉလာလုပ္ၾကပါသည္။

"သူရ တစ္ေယာက္တည္းလား နင့္မိန္းမေရာ "

"ကေလးေမြးခါနီးဖြားခါနီးဆိုေတာ့ ငါေခၚမလာတာ"

"ေအးပါ သူရရယ္ ဒါနဲ႕ငါ ဟိုဖက္ခဏသြားမယ္ စားထားႏွင့္ ၿပီးရင္ျပန္လာမယ္ သိလား "

အလုပ္ရႈပ္ေနေသာ ၾကည္ျဖဴမိုးအား သူရၾကည့္ေနမိသည္။

' ငါတို႔ သူငယ္ခ်င္းဆိုတဲ့စည္းကို မေက်ာ္ခဲ့တာ မွန္သြားတယ္ထင္တယ္ ဒါေၾကာင့္ ႏွစ္ေယာက္စလုံး လူမွန္ေတြနဲ႕ေတြ႕ခဲ့ရတယ္ ငါတို႔က ထာဝရသူငယ္ခ်င္းျဖစ္ေနမွာပါ ၾကည္ျဖဴရာ '

"ကိုကိုႀကီးနဲ႕ညီမေလး ဝင့္ဝါတို႔ေရာက္ၿပီ"

"မမဝင့္ဝါတို႔ လာေလ... ညီမေလးတို႔ ဒီဖက္ဝိုင္းကို ျပင္ေပးပါဦး"

အလႉၿပီးေတာ့ မိသားစုဓာတ္ပုံေလးရိုက္ကာ အိမ္သို႔ျပန္လာျပသည္။

"ဟူးးဒါေတာင္ပြဲ ႀကီးပြဲေကာင္းမဟုတ္ေသးလို႔ ေမာလိုက္တာ.... သားႀကီးနဲ႕သားေလး မမမိေထြးဆီသြားၿပီး သားတို႔ကို အကၤ်ီကူဝတ္ေပးဖို႔ သြားေျပာလိုက္ ေမေမက ညီေလးတို႔ကိုလဲေပးရဦးမွာမလို႔"

"မသြားနဲ႕ေတာ့ ေဖေဖနဲ႕သြားမယ္လာ"

"ရွင္ ျပန္မသြားေတာ့ဘူးလား"

"မသြားေတာ့ဘူး ကိုယ္အငွားေတြ နဲ႕ပဲ ထားလိုက္ေတာ့မယ္"

"ဒါဆို ေကာင္းတာေပါ့ သိမ္းစရာေတြက သိပ္မက်န္ပါဘူး သားတို႔ ေဖေဖ့ေနာက္လိုက္သြားၾက"

သားအဖေတြ ဟိုဖက္အခန္း သြားေတာ့ ၾကည္ျဖဴလည္း အာကာနဲ႕အဏၰဝါတို႔ကို အဝတ္လဲေပးေတာ့သည္။

"မိန္းမ မၿပီးေသးဘူးလား ကိုယ္အိပ္ခ်င္ၿပီ လာေတာ့ေလ "

"အိပ္ခ်င္အိပ္ေလ ဒီမွာ ၾကည္ျဖဴမွ ဆံပင္ၿဖီးလို႔ မၿပီးေသးတာ"

"လာပါကြာ သားေတြအိပ္မွ မင္းအနားကပ္ရတာ"

"ဇြတ္ပါလားေတာ္"

ကိုၿငိမ္းေမာင္က ၾကည္ျဖဴဆံပင္ၿဖီးလို႔မၿပီးလိုက္ခင္မွာပင္ အိပ္ယာေပၚဆြဲေခၚလာကာ ၾကည္ျဖဴ႕အားဖက္ေနေလ၏။ သူဒီလိုျဖစ္ေနလို႔ ၾကည္ျဖဴအျပစ္မဆိုမိပါ သားေတြအိပ္မွသာ ၾကည္ျဖဴ႕အနားကပ္ရတာပါ။ သားေတြမအိပ္တဲ့အခ်ိန္ဆို မေအအနားပဲ ေနၾကေတာ့ သူကလာလို႔မရေပ။ ထို႔ေၾကာင့္ ကိုၿငိမ္းေမာင္က ကေလးေတြအိပ္တဲ့အခ်ိန္ဆို သူက ကေလးႀကီးလုပ္ေန၏။သားေတြကို ေအာ္ေငါက္တာမ်ိဳးမရွိေတာ့ေပမယ့္ သူ႕ကိုလည္း ၾကည္ျဖဴ အလိုလိုက္ရမည္ တစ္ေလာကလုံးမွာ တစ္ေယာက္ပဲရွိတဲ့ ၾကည္ျဖဴ႕ရဲ႕ အသည္းႏွလုံးႀကီး မဟုတ္ပါလား။ အခုလည္း အသည္းႏွလုံးႀကီးက သူမအား နမ္းရွိုက္ေနျပန္သည္။

===

" မိန္းမ ဘာျဖစ္လို႔လဲေနမေကာင္းဘူးလား"

"အင္း ၾကည္ျဖဴနည္းနည္းေခါင္းမူးေနလို႔"

"အိပ္ယာကေနေတာင္ မထနိုင္တာ နည္းနည္းျဖစ္မလား"

"ေဖေဖ သားတို႔ၿပီးၿပီ"

"အာကာနဲ႕အဏၰဝါ ေဖေဖလိုက္မပို႔ေတာ့ဘူး မင္းတို႔ ဘဘထြန္းကိုပဲလိုက္ပို႔ခိုင္းလိုက္"

"ေမေမအမ်ားႀကီးေနမေကာင္းလို႔လားဟင္"

အဏၰဝါက ၾကည္ျဖဴ႕အားၾကည့္ကာေျပာသည္။

"ေမေမေခါင္းေနာက္႐ုံပါ သားငယ္ေလးရယ္ ေက်ာင္းသြားရေတာ့မွာမလား အာကာေလး ညီေလးနဲ႕ဘဘထြန္းဆီသြားေတာ့ေလ"

ၾကည္ျဖဴေျပာေတာ့ လြယ္အိတ္တစ္လုံးဆီနဲ႕ သားအႁမႊာႏွစ္ေယာက္က ေက်ာင္းသို႔သြားေတာ့သည္။

"အဆင္ေျပလို႔လား မိန္းမ ကိုယ့္ကိုလက္ကေလးေပးဦး ကိုယ္စမ္းၾကည့္ေပး မယ္"

ထိုအခါ ၾကည္ျဖဴက သူ႕အား လက္တစ္ဖက္ေပးလိုက္သည္။

အပိုင္း ၂၅ ေမွ်ာ္.......

A/N ကိုၿငိမ္းေမာင္ လက္စမ္းျပန္ၿပီေနာ္ သေဘာေပါက္လိုက္ေတာ့😁



Comment