Unicode
~~~~~~
"ပြောပါဦး ရှင့်ရဲစိတ်ရှုပ်စရာတွေက "
တစ်ယောက်တည်း စိတ်ရှုပ်နေသောကိုငြိမ်းမောင်ကို ကြည်ဖြူရွဲ့မေးလိုက်သည်။ဒါကို သူကပြန်ဖြေရှာပါ၏။
"အရင်ဆုံး ကိုယ်ဝန်ခံချင်တာက.... ကိုယ်အလုပ်မှာ လောဘကြီးမိသွားပြီထင်တယ် ဆေးရုံက လူနာတွေနဲ့တောင် အချိန်မနည်းလုနေရတာကို စာသင်တဲ့အလုပ်တစ်ခုကို လက်ခံလိုက်မိတယ်လေ ကိုယ်မနိုင်ဝန်ထမ်းမိသွားတယ် အဲ့တော့ စိတ်ဖိစီးမှုတွေဝင်လာပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင် အထူးသဖြင့် ကိုယ့်ရဲ့မိသားစုကို ထိခိုက်စေမိပြီ"
ကိုငြိမ်းမောင်က တစ်ခါမှဒီလိုတွေမပြောဘူးသောကြောင့် ကြည်ဖြူဒီတိုင်းလေးနားထောင်မိသည်။
"ကိုယ်အသုံးမကျဘူးမလား"
တကယ်ကြီးကို စိတ်ဓာတ်ကျနေပုံရသည်။သူလောဘကြီးတာလည်း သူ့အပြစ်တော့မဟုတ်ပေ။တစ်ချိန်ချိန်မှာ Sunshine Hospital ကိုဆက်ခံရမည်ဖြစ်သောကြောင့် အဖက်ဖက်ကပြည့်စုံနေရမည်ဖြစ်သည်။ ဒါပေမယ့် မိသားစုကိုထိခိုက်လာသောကြောင့် နောင်ဒီလိုမဖြစ်ရအောင် ဆင်ခြင်ခိုင်းရမည်။
"ရှင်က ဆရာဝန်ကောင်းနဲ့ခင်ပွန်းကောင်းတစ်ယောက်ပါ ဒါပေမယ့် ဖခင်ကောင်းဖြစ်ဖို့တော့ ဆက်ကြိုးစားရဦးမယ် နောက်တစ်ခါ ကလေးတွေကို အရမ်းမအော်နဲ့ လက်ပါဖို့ဆိုဝေလာဝေးနော် ဒီတစ်ခါ ကြည်ဖြူသည်းခံမှာမဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် မိန်းမရယ်"
သူအားမျက်စောင်းချိတ်ကာ ပြောဆိုသော ကြည်ဖြူ့အား ပြုံးပြကာ ဖက်၍ပြော လိုက်၏။သူ့ချစ်ဇနီးလေးက တကယ်ကို ကောင်းတိုင်ပင်ဆိုးတိုင်ပင်ကလေးပါ။ သူအရမ်းချစ်ရပါသည်။
=====
ဒီနေ့ငြိမ်းမောင် ခွင့်ယူကာ အတာ့ကို ဆေးရုံသွားပြမည်ဖြစ်သည်။သူ အင်္ကျီပုဆိုးသေချာဝတ်လိုက်ပြီး အမြွှာနှစ်ယောက်အတွက် ပြင်ဆင်ပေးနေသော ကြည်ဖြူကိုလှည့်ကြည့်ကာ
"ကြည်ဖြူ ကိုယ်အရင်ဆင်းနှင့်တော့မယ် အတာစောင့်နေလောက်ပြီ"
"အင်း ကလေးကြောက်အောင်နေမနေနဲ့ဦး ကြည်ဖြူခဏနေဆင်းလာခဲ့မယ်"
"အင်းပါကွာ "
ငြိမ်းမောင် အောက်ထပ်သို့ဆင်းလာခဲ့သည်။ ဧည့်ခန်းမှာ ကစားနေသော သားကြီးနှင့်သားလေး။
"သားတို့ ဖိုးဖိုးတို့အိမ်သွားဖို့ အဆင်သင့်ဖြစ်ပြီလား"
"ဖြစ်ပြီ ဖေဖေ မေမေနဲ့ညီညီလေးတို့ရော မလာကြသေးဘူးလား"
"ခဏနေဆင်းလာတော့မှာ"
သားကြီးက စကားသွက်သူပီပီပြန်ပြောရှာသည်။ သားလေးက သူ့အားစကားမပြော။
"အတာ ဗိုက်ဆာပြီလား "
"သားမဆာပါဘူး"
"ဖိုးဖိုးတို့အိမ်ရောက်ရင် ဖေဖေတို့အတူစားကြမယ်နော် မေမေနဲ့ညီညီလေးတို့ရော ပါတယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ဖေဖေ"
ငြိမ်းမောင် ကိုယ့်ပါးကိုသာပြန်ရိုက်လိုက်ချင်တော့သည်။ဒီလောက်တောင် သိတတ်တဲ့သားကို သူမို့လို့ သတိလစ်အောင်ရိုက်ရက်ခဲ့သည်။
အတာဖေဖေ့ကို ကြောက်ပါသည်။ ဖေဖေကပြန်လာကာစတုန်းကပဲ စကားအကောင်းပြောပြီး အတာတို့ကိုအမြဲဆူသည်။ အခုတစ်ခါ ညင်ညင်သာသာနဲ့စကားပြောနေတာဖြစ်လို့ သူပျော်မိသော်လည်း ဖေဖေစိတ်ပြောင်းသွားမည်ကို သူစိုးရိမ်ပါသည်။ အခုဖေဖေပုံစံကိုပဲ သူလိုချင်ပါသည်။
ကြည်ဖြူတို့သားအမိတွေ ဆင်းလာတော့ သူ့တို့သားအဖတွေ စကားပြောနေကြသည်။
"ကိုငြိမ်းမောင် သွားရအောင်လေ"
"လာပြီလား အာကာနဲ့အဏ္ဏဝါကို ကိုယ်ချီသွားပေးမယ် "
သူကသားနှစ်ယောက်ကို ချီခေါ်သွားပြီး ကြည်ဖြူက သားကြီးနဲ့သားလေး လက်ကိုတွဲကာ ကားထဲသို့ဝင်သွားကြသည်။
ကိုငြိမ်းမောင်တို့မိဘအိမ်သွားပြီး သားကြီးနဲ့အမြွှာနှစ်ယောက်ကို ခဏထားခဲ့ကာ အတာ့ကိုဆေးရုံသွားပြကြသည်။ ပြီးမှ ကလေးတွေကိုပြန်ခေါ်ကာ အိမ်သို့ပြန်လာကြသည်။
သားလေးအတာဖြစ်နေတာက အကြောက်လွန်နေ တာပါတဲ့ ဒီထက်ကြာသွားရင် စိတ်ရောဂါရတဲ့အထိဖြစ်သွားနိုင်သည်တဲ့ သားလေးအရှေ့မှာ အကြမ်းဖက်တာတွေ ရုပ်ရင့်ကြမ်းတမ်းစွာပြောဆိုတာတွေကို မပြမိဖို့ရှောင်ရှားရမည်တဲ့။ အတာ့ကို အစားကိုသာဝင်အောင်ကျွေးခိုင်းလိုက်ပြီး ဆေးအနည်းငယ်သောက်ရမည်ဖြစ်ပါသည်။
========
"သားတို့ရေ ဖေဖေဘာဝယ်လာလဲ ကြည့်ပါဦး"
"နှင်းသီးတွေလား ဖေဖေ နှင်းသီးဆို သားတို့ ကြိုက်တယ်"
"သိတာပေါ့ ဒါကြောင့် ဖေဖေအားလုံးစား ဖို့ဝယ်လာပေးတာလေ"
ဘယ်သူပြောနေတာလို့ထင်ပါသလဲ။အတာကအရင်စကားထပြောနေတာပါ။သားလေးက အရင်ကထက်သွက်သွက်လက်လက်ရှိလာပြီဖြစ်သည်။ ဖအေနဲ့ရင်းရင်းနှီးနှီးရှိလာသော အတာသည် အခုဆို ၄နှစ်ကျော်လာပြီး သားကြီးကတော့ ၅နှစ်ကျော်သွားပြီဖြစ်၍ အမြွှာနှစ်ယောက်ကတော့ ၂နှစ်ကျော်သွားပြီဖြစ်သည်။ အရင်နှစ်က ကိုယ်ဝန်ပျက်ကျသွားသော ကြည်ဖြူက အခုချိန်မှာ တော့ကလေးမယူသေးပေ။ အမြွှာနှစ်ယောက် ၅နှစ်ပြည့်မှသာ ပြန်ယူဖို့စဥ်းစားထားသည်။
"ကိုငြိမ်းမောင် ဒီနေ့ပြန်လာတာစောပါလား"
"ဟုတ်တယ် ကြည်ဖြူ ကိုယ်နေမကောင်းချင်လို့"
"ဟင် နေမကောင်းဘူးလား အင်းပေါ့ အသက်ကလည်း ၃၅ ကျော်လာပြီကိုး"
"ကိုယ်က ငယ်ပါသေးတယ် ပြီးတော့ လူကဖျားရုံတင်ပါ"
"ဟုတ်လား ၃၅က ငယ်သေးတာလား"
ငြိမ်းမောင် သူ့အား အိုနေပြီဟု သွယ်ဝိုက်ပြောနေသော ကြည်ဖြူ့အားမကျေနပ်သော်လည်း ကိုယ့်ထက်၁၀နှစ်ငယ်တာကို ယူထားသောကြောင့် ငြိမ်နေလိုက်သည်။
ကြည်ဖြူ သူမအားစိတ်ကောက်ကာ ရေချိုးခန်းထဲဝင်သွားသော ချစ်ယောင်္ကျားကိုကြည့်ကာပြုံးလိုက်မိပါသည်။အခုတလော အငယ်ဖြစ်တဲ့ ကြည်ဖြူက တစ်ခါမှ ဆိုးတာတွေဘာတွေ မလုပ်ရပါဘဲ သူကအရင်ဦးအောင် ကောက်နေပါသည်။
ငြိမ်းမောင် ရေချိုးခန်းထဲက မှန်ကို ကြည့်ကာ သူ့ကိုယ်သူ ဝေဖန်နေ၏။ သူမျက်နှာက အိုနေလို့လား မအိုပါဘူး သူကဒီတိုင်း ကလေး လေးယောက်အဖေဖြစ်နေရုံလေးပါ ရုပ်ကတော့ဖြောင့်ပါသေးတယ်။
အပိုင်း ၂၄ မျှော်.......
*******
Zawgyi
~~~~
"ေျပာပါဦး ရွင့္ရဲစိတ္ရႈပ္စရာေတြက "
တစ္ေယာက္တည္း စိတ္ရႈပ္ေနေသာကိုၿငိမ္းေမာင္ကို ၾကည္ျဖဴ႐ြဲ႕ေမးလိုက္သည္။ဒါကို သူကျပန္ေျဖရွာပါ၏။
"အရင္ဆုံး ကိုယ္ဝန္ခံခ်င္တာက.... ကိုယ္အလုပ္မွာ ေလာဘႀကီးမိသြားၿပီထင္တယ္ ေဆး႐ုံက လူနာေတြနဲ႕ေတာင္ အခ်ိန္မနည္းလုေနရတာကို စာသင္တဲ့အလုပ္တစ္ခုကို လက္ခံလိုက္မိတယ္ေလ ကိုယ္မနိုင္ဝန္ထမ္းမိသြားတယ္ အဲ့ေတာ့ စိတ္ဖိစီးမႈေတြဝင္လာၿပီး ကိုယ့္ရဲ႕ပတ္ဝန္းက်င္ အထူးသျဖင့္ ကိုယ့္ရဲ႕မိသားစုကို ထိခိုက္ေစမိၿပီ"
ကိုၿငိမ္းေမာင္က တစ္ခါမွဒီလိုေတြမေျပာဘူးေသာေၾကာင့္ ၾကည္ျဖဴဒီတိုင္းေလးနားေထာင္မိသည္။
"ကိုယ္အသုံးမက်ဘဴးမလား"
တကယ္ႀကီးကို စိတ္ဓာတ္က်ေနပုံရသည္။သူေလာဘႀကီးတာလည္း သူ႕အျပစ္ေတာ့မဟုတ္ေပ။တစ္ခ်ိန္ခ်ိန္မွာ Sunshine Hospital ကိုဆက္ခံရမည္ျဖစ္ေသာေၾကာင့္ အဖက္ဖက္ကျပည့္စုံေနရမည္ျဖစ္သည္။ ဒါေပမယ့္ မိသားစုကိုထိခိုက္လာေသာေၾကာင့္ ေနာင္ဒီလိုမျဖစ္ရေအာင္ ဆင္ျခင္ခိုင္းရမည္။
"ရွင္က ဆရာဝန္ေကာင္းနဲ႕ခင္ပြန္းေကာင္းတစ္ေယာက္ပါ ဒါေပမယ့္ ဖခင္ေကာင္းျဖစ္ဖို႔ေတာ့ ဆက္ႀကိဳးစားရဦးမယ္ ေနာက္တစ္ခါ ကေလးေတြကို အရမ္းမေအာ္နဲ႕ လက္ပါဖို႔ဆိုေဝလာေဝးေနာ္ ဒီတစ္ခါ ၾကည္ျဖဴသည္းခံမွာမဟုတ္ဘူး"
"ေက်းဇူးတင္ပါတယ္ မိန္းမရယ္"
သူအားမ်က္ေစာင္းခ်ိတ္ကာ ေျပာဆိုေသာ ၾကည္ျဖဴ႕အား ၿပဳံးျပကာ ဖက္၍ေျပာ လိုက္၏။သူ႕ခ်စ္ဇနီးေလးက တကယ္ကို ေကာင္းတိုင္ပင္ဆိုးတိုင္ပင္ကေလးပါ။ သူအရမ္းခ်စ္ရပါသည္။
=====
ဒီေန႕ၿငိမ္းေမာင္ ခြင့္ယူကာ အတာ့ကို ေဆး႐ုံသြားျပမည္ျဖစ္သည္။သူ အကၤ်ီပုဆိုးေသခ်ာဝတ္လိုက္ၿပီး အႁမႊာႏွစ္ေယာက္အတြက္ ျပင္ဆင္ေပးေနေသာ ၾကည္ျဖဴကိုလွည့္ၾကည့္ကာ
"ၾကည္ျဖဴ ကိုယ္အရင္ဆင္းႏွင့္ေတာ့မယ္ အတာေစာင့္ေနေလာက္ၿပီ"
"အင္း ကေလးေၾကာက္ေအာင္ေနမေနနဲ႕ဦး ၾကည္ျဖဴခဏေနဆင္းလာခဲ့မယ္"
"အင္းပါကြာ "
ၿငိမ္းေမာင္ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ ဧည့္ခန္းမွာ ကစားေနေသာ သားႀကီးႏွင့္သားေလး။
"သားတို႔ ဖိုးဖိုးတို႔အိမ္သြားဖို႔ အဆင္သင့္ျဖစ္ၿပီလား"
"ျဖစ္ၿပီ ေဖေဖ ေမေမနဲ႕ညီညီေလးတို႔ေရာ မလာၾကေသးဘူးလား"
"ခဏေနဆင္းလာေတာ့မွာ"
သားႀကီးက စကားသြက္သူပီပီျပန္ေျပာရွာသည္။ သားေလးက သူ႕အားစကားမေျပာ။
"အတာ ဗိုက္ဆာၿပီလား "
"သားမဆာပါဘူး"
"ဖိုးဖိုးတို႔အိမ္ေရာက္ရင္ ေဖေဖတို႔အတူစားၾကမယ္ေနာ္ ေမေမနဲ႕ညီညီေလးတို႔ေရာ ပါတယ္ ဟုတ္ၿပီလား"
"ဟုတ္ကဲ့ပါ ေဖေဖ"
ၿငိမ္းေမာင္ ကိုယ့္ပါးကိုသာျပန္ရိုက္လိုက္ခ်င္ေတာ့သည္။ဒီေလာက္ေတာင္ သိတတ္တဲ့သားကို သူမို႔လို႔ သတိလစ္ေအာင္ရိုက္ရက္ခဲ့သည္။
အတာေဖေဖ့ကို ေၾကာက္ပါသည္။ ေဖေဖကျပန္လာကာစတုန္းကပဲ စကားအေကာင္းေျပာၿပီး အတာတို႔ကိုအၿမဲဆူသည္။ အခုတစ္ခါ ညင္ညင္သာသာနဲ႕စကားေျပာေနတာျဖစ္လို႔ သူေပ်ာ္မိေသာ္လည္း ေဖေဖစိတ္ေျပာင္းသြားမည္ကို သူစိုးရိမ္ပါသည္။ အခုေဖေဖပုံစံကိုပဲ သူလိုခ်င္ပါသည္။
ၾကည္ျဖဴတို႔သားအမိေတြ ဆင္းလာေတာ့ သူ႕တို႔သားအဖေတြ စကားေျပာေနၾကသည္။
"ကိုၿငိမ္းေမာင္ သြားရေအာင္ေလ"
"လာၿပီလား အာကာနဲ႕အဏၰဝါကို ကိုယ္ခ်ီသြားေပးမယ္ "
သူကသားႏွစ္ေယာက္ကို ခ်ီေခၚသြားၿပီး ၾကည္ျဖဴက သားႀကီးနဲ႕သားေလး လက္ကိုတြဲကာ ကားထဲသို႔ဝင္သြားၾကသည္။
ကိုၿငိမ္းေမာင္တို႔မိဘအိမ္သြားၿပီး သားႀကီးနဲ႕အႁမႊာႏွစ္ေယာက္ကို ခဏထားခဲ့ကာ အတာ့ကိုေဆး႐ုံသြားျပၾကသည္။ ၿပီးမွ ကေလးေတြကိုျပန္ေခၚကာ အိမ္သို႔ျပန္လာၾကသည္။
သားေလးအတာျဖစ္ေနတာက အေၾကာက္လြန္ေန တာပါတဲ့ ဒီထက္ၾကာသြားရင္ စိတ္ေရာဂါရတဲ့အထိျဖစ္သြားနိုင္သည္တဲ့ သားေလးအေရွ႕မွာ အၾကမ္းဖက္တာေတြ ႐ုပ္ရင့္ၾကမ္းတမ္းစြာေျပာဆိုတာေတြကို မျပမိဖို႔ေရွာင္ရွားရမည္တဲ့။ အတာ့ကို အစားကိုသာဝင္ေအာင္ေကြၽးခိုင္းလိုက္ၿပီး ေဆးအနည္းငယ္ေသာက္ရမည္ျဖစ္ပါသည္။
========
"သားတို႔ေရ ေဖေဖဘာဝယ္လာလဲ ၾကည့္ပါဦး"
"ႏွင္းသီးေတြလား ေဖေဖ ႏွင္းသီးဆို သားတို႔ ႀကိဳက္တယ္"
"သိတာေပါ့ ဒါေၾကာင့္ ေဖေဖအားလုံးစား ဖို႔ဝယ္လာေပးတာေလ"
ဘယ္သူေျပာေနတာလို႔ထင္ပါသလဲ။အတာကအရင္စကားထေျပာေနတာပါ။သားေလးက အရင္ကထက္သြက္သြက္လက္လက္ရွိလာၿပီျဖစ္သည္။ ဖေအနဲ႕ရင္းရင္းႏွီးႏွီးရွိလာေသာ အတာသည္ အခုဆို ၄ႏွစ္ေက်ာ္လာၿပီး သားႀကီးကေတာ့ ၅ႏွစ္ေက်ာ္သြားၿပီျဖစ္၍ အႁမႊာႏွစ္ေယာက္ကေတာ့ ၂ႏွစ္ေက်ာ္သြားၿပီျဖစ္သည္။ အရင္ႏွစ္က ကိုယ္ဝန္ပ်က္က်သြားေသာ ၾကည္ျဖဴက အခုခ်ိန္မွာ ေတာ့ကေလးမယူေသးေပ။ အႁမႊာႏွစ္ေယာက္ ၅ႏွစ္ျပည့္မွသာ ျပန္ယူဖို႔စဥ္းစားထားသည္။
"ကိုၿငိမ္းေမာင္ ဒီေန႕ျပန္လာတာေစာပါလား"
"ဟုတ္တယ္ ၾကည္ျဖဴ ကိုယ္ေနမေကာင္းခ်င္လို႔"
"ဟင္ ေနမေကာင္းဘူးလား အင္းေပါ့ အသက္ကလည္း ၃၅ ေက်ာ္လာၿပီကိုး"
"ကိုယ္က ငယ္ပါေသးတယ္ ၿပီးေတာ့ လူကဖ်ား႐ုံတင္ပါ"
"ဟုတ္လား ၃၅က ငယ္ေသးတာလား"
ၿငိမ္းေမာင္ သူ႕အား အိုေနၿပီဟု သြယ္ဝိုက္ေျပာေနေသာ ၾကည္ျဖဴ႕အားမေက်နပ္ေသာ္လည္း ကိုယ့္ထက္၁၀ႏွစ္ငယ္တာကို ယူထားေသာေၾကာင့္ ၿငိမ္ေနလိုက္သည္။
ၾကည္ျဖဴ သူမအားစိတ္ေကာက္ကာ ေရခ်ိဳးခန္းထဲဝင္သြားေသာ ခ်စ္ေယာကၤ်ားကိုၾကည့္ကာၿပဳံးလိုက္မိပါသည္။အခုတေလာ အငယ္ျဖစ္တဲ့ ၾကည္ျဖဴက တစ္ခါမွ ဆိုးတာေတြဘာေတြ မလုပ္ရပါဘဲ သူကအရင္ဦးေအာင္ ေကာက္ေနပါသည္။
ၿငိမ္းေမာင္ ေရခ်ိဳးခန္းထဲက မွန္ကို ၾကည့္ကာ သူ႕ကိုယ္သူ ေဝဖန္ေန၏။ သူမ်က္ႏွာက အိုေနလို႔လား မအိုပါဘူး သူကဒီတိုင္း ကေလး ေလးေယာက္အေဖျဖစ္ေန႐ုံေလးပါ ႐ုပ္ကေတာ့ေျဖာင့္ပါေသးတယ္။
အပိုင္း ၂၄ ေမွ်ာ္.......
*******