အပိုင်း (၉)

အပိုင်း (၉)

ရမက်တို့တွေခိုးပြေးမဲ့အစီစဥ်ကိုတိုင်မင်လို့လည်းပြီးခဲ့ပြီ ရမက်နဲ့တီချယ်တို့ချစ်နေကြတာကိုလည်းရမက်မေမေကိုဖွင့်ပြောပြီးပြီ။

မေမေကတော့ပြောပါတယ်သေချာမှလုပ်ပါတဲ့ သူများသားပျိုသမီးပျိုကိုကိုယ်ကလက်ထပ်ပေါင်းသင်းတော့မယ်ဆိုရင်သေချာခိုင်လုံတဲ့ဆုံးဖြတ်ချက်ကိုပဲချပါတဲ့။

မေမေကလေသိပ်ချစ်ဖို့ကောင်းတာပဲ ၊

ရမက်ကတားမယ်ထင်နေတာ... ဘယ်လိုပဲ ဖြစ်ဖြစ်ရမက်တို့ကပဲကံကောင်းတယ်ပြောရမလားမသိဘူး အခုလကသီတင်းကျွတ်လဖြစ်နေတာရယ် မကြာခင်မှာကျောင်းဆယ်ရက်ပိတ်တော့မှာဆိုတော့။

အရာအားလုံးက ok မှာဆိုပြေပဲ ၊

ရမက်တို့နေဖို့ကိုလည်းကြိုတင်ပြင်ဆင်ပြီးပြီ ဒီနေ့ကတော့ရမက်ဘဝမှာစိတ်အလူပ်ရှားဆုံးနေဖြစ်သလို ရမက်ဘဝရဲ့မှတ်တိုင်တစ်ခုလည်းဖြစ်သည်။

အဟန့် ...ဒီနေ့ကတော့ရမက်ရဲ့မိန်းမခိုးမဲ့နေ့ပဲ ဖြစ်ပါတယ်။

ရင်တွေခုန်စိတ်တွေလူပ်ရှာပြီးခြေဖျားလက် ဖျားတွေအေးလို့နေလေသည်။

ဟဲ့...ရမက်မရေ နင်ပြင်ဆင်လို့ပြီးပြီလား

ဟင်..အော်အေးငါအကုန်ပြီးပြီ နင်လာမှာကိုစောင့်နေတာ ၊

အမယ်အပိုတွေပါ ဒါနဲ့နင်ကဘာဖြစ်နေတာမီးရချမ်းလား။

ငါဘာဖြစ်နေလို့လဲဟ. ၊ ဂနာမငြိမ်လို့လေ

မျက်စိကိုနောက်နေတာပဲ

လာဟိုမှာကားငှား လာတယ် နင်မနေ့ကငါရေးပေးတဲ့စာကိုတီချယ်ခိုင့်ကိုပေးလိုက်တာသေချာတယ်မဟုတ်လား။

ဒါကိုတော့စိတ်ချငါသေချာကိုပေးလိုက်တာ

နင့်ကိုမှာရင်လွဲမှာဆိုးလို့ငါကိုယ်တိုင်ရေးပေးလိုက်တာတောင်မှမှားနေရင်တော့နင်တစ်သက်လုံးအပျိုရီးလုပ်ဖို့ပြင်ထား။

ကျော်ကိုကိုနင်နော် ပါးစပ်ပုပ်ကြီးနဲ့မပြောပါနဲ့ဟာ

ဒီမှာတစ်ကယ်ခံစားနေရတာနော် fa မ ရဲ့၊

"ဟယ်...စပ့ "

နင့်လည်းကူညီရသေးတယ် ငါ့ကိုလည်းပြော ဆို သေးတယ်ကူညီရကျိုးနပ်နဲ့သူငယ်မ။

သူငယ်ချင်းပါဟယ်နင်ဆိုသည်မှာလည်း ၊

လာလာနောက်ကြလို့တီချယ်စောင့်နေရအုံးမယ်

သူ့မိန်းမကိုပဲဦးစားပေးတယ်ကျန်တဲ့လူတွေကြအရေးမပါသလိုပဲ ၊

သမီး... ခဏ မေမေ့ဆီလာအုံး ငါ့သမီးလေးလမ်းခရီးမှာအဆင်ပြေအောင်လို့အာဘွားလေးယူသွားအုံး။

ဟီးဟုတ်မေမေ

ဒါနဲ့မေမေကသမီးတို့နဲ့မလိုက်ဘဲဘာလို့ကျော်ကိုကိုတို့နဲ့မှအတူလာမှာလည်းဟင်။

အော်...အခုဆိုမေမေစိတ်မချရမှာမရှိတော့ဘူးလေ ဒါ့ကြောင့် ကျော်ကိုကိုရဲ့အမေနဲ့အတူတရားစခန်းလေးဘာလေးဝင်အုံးမလားလို့လေ အေးဆေးသူတို့ပြောင်းတော့မှပဲမေမေလည်းလိုက်ခဲ့တော့မယ်။

အရင်ကဆိုသမီးကိုစိတ်မချလို့မေမေကဘုရားတောင်မသွားရဘူး ၊

အခုမှပဲဘုရားသွားကျောင်းတက်လုပ်လို့ရတော့မှာ မေမေ့ကိုဘာမှစိတ်မပူနဲ့နော် ၊ သမီးသာဟိုမှာအခြေခိုင်အောင်လုပ်ပြီး။

ဆရာမလေးကိုဂရုစိုက် သူကအသိုင်းဝိုင်းကြီးထဲကလာတာဆိုတော့အရမ်းပင်ပန်းဆင်းရဲနေရင်နေတက်မှာမဟုတ်ဘူးကွဲ့။

ဂရုစိုက်ပေးနော်သမီးငယ် မေမေစိတ်ချမယ်

ဟုတ်စိတ်ချပါမေမေရဲ့သမီးကတီချယ့်ကိုရင်အုပ်မကွာသားဗိုက်ကောင်လိုမျိုးစောင့်ရှောက်ပေးမှာမေမေရဲ့။

ဟုတ်ပါပြီ မေမေ့သမီးကိုမေမေကတာဝန်ယူတက်တဲ့လူပဲ ဖြစ်စေချင်တာ။

သမီးလေးကအခုလိုလိမ်မာတော့မေမေစိတ်ချပါပြီကွယ် သွားတော့နော်သမီး တော်ကြာဆရာမလေးတစ်ယောက်ထဲစောင့်နေရအုံးမယ်။

ဟုတ်မေမေ...အာ့တာဆိုသမီးသွားတော့မယ်နော်၊

ရမက်လည်း ကားလေးဆီးကာတီချယ်နဲ့ချိန်းထားတဲ့နေရာဆီကိုရောက်တော့။

သွားကြမယ် ကျော်ကိုကို

ငါမလိုက်တော့ဘူးငါကားထဲကစောင့်နေမယ် ၊တော်ကြာနင့်တီချယ်ကငါနဲ့နင့်ကိုသဝန်တိုနေလို့နင်ညစာငတ်အုံးမယ်။

အေးအာ့တာလည်းဟုတ်သားငါရှင်းပြလည်းမရဘူး တီချယ်ကနင်နဲ့ဆိုသိပ်သဝန်တိုတာ။

အာ့တာဆိုလည်းငါပဲသွားခေါ်လိုက်မယ်နော်

"fa သူငယ်ချင်းလေး..."

မသာမ ငါ့ကိုများကြိမ်သွားသေးတယ်။

ဖက်ဖက်လွဲပါစေချော်ပါစေအမြန်လင်ရပါစေတော်။

ရမက်လည်း...ချိန်းထားတဲ့နေရာတစ်ဝိုက်ကိုမျက်စိကစားလိုက်တော့ ၊

"ဟောတွေ့ပါပြီ ချစ်ရသူလေး..."

အခက်ခဲတွေအတော်ကြုံခဲ့ရမှာပဲ မျက်နှာလေးတောင်ချောင်ကြသွားတယ်။

"ချစ်ရသူ..."

"ရှင်..."

"သမီးရမက်..."

ဟင်..တီချယ်ဘာဖြစ်လို့လဲရင်

တီချယ်ကရမက်ရင်ခွင်ထဲသို့ပြေးဝင်လာပြီး
ငိုနေတာမို့ရမက်လန့်သွားတာအမှန်ပင် ၊

စိတ်ထဲမှာလည်းအတွေးပေါင်းစုံနဲ့

တီချယ်...ဘာဖြစ်လို့လဲဟင် ရမက်ကိုပြောပါအုံးမငိုပါနဲ့နော်။

ဟုတ် မငိုတော့ဘူးနော် ဟင့်..ဟင့် အငိုတိတ်လိုက်ပြီနော် ။

တီချယ်ကလိမ်မာတာကွာ ချစ်စရာကြီး

ရမက်ရဲ့ချစ်ရသူလေးကလိမ်မာလိုက်တာရှင်

ဒါနဲ့ပြောပါအုံး ချစ်ရသူလေးရဲ့ဘာတွေများဖြစ်နေလို့ငိုနေတာလဲဟင် ၊ ရမက်စိတ်ပူ
တယ်။

အာ့တာကလေ...တီချယ့်ရဲ့စကင်းကဲတဲ့အိတ်ကျန်ခဲ့လို့။

ဟမ်..!!

ရမက်ရဲ့အသံဟာအနည်းငယ်ကျယ်သွားမိသည်။

အစောကငိုတယ်ဆိုတာအာ့တာကြောင့်လား။

ရမက်မှာရီရခက်ငိုခက်ဖြစ်လို့နေလေသည်၊

အာ့..အာ့တာကဟိုမှာလည်းပြန်ဝယ်လို့ရပါတယ်တီချယ်လူဆိုးလေးရဲ့ ။

ဒီကလူကိုလန့်အောင်သိပ်လုပ်တာပဲနော် ၊

ချစ်တယ်... ဒါနဲ့ရမက်ဆီကိုဘယ်လိုလာလဲဆိုတာပြောပြပါအုံးချစ်ရသူရဲ့။

"ဟုတ်..ပြောပြမယ်နော် "

တီချယ်မနက်အစောရီးထဲကထပြီးအဝတ်စားတစ်ချို့ကိုခရီးဆောင်အိတ်ထဲထည့်ထားလိုက်တယ်လေ ဘယ်သူမသိခင်ဘယ်သူမှမနိုးခင်ပေါ့ ၊ အာ့တာပြီးတော့ တိတ်တိတ်လေးဘယ် သူမှမသိခင် အိမ်သော့ကိုဖွင့်ပြီးကားထဲမှာအထုတ်ကိုညထဲကထားခဲ့တယ်။

ပြီးတော့... အိမ်ကအမတစ်ယောက်ဆီကဖုန်းကိုခဏငှားပြီးတော့ ကိုမင်းကိုလာတွေ့ဖို့ချိန်းလိုက်တယ်။

တီချယ်နော်..အာ့လူကဘာလို့ပါလာတာတုန်း

ရှင်းပြတာအရင်နားထောင်လေလူဆိုးမရဲ့

ဟုတ်သားး ဆက်ပြောပါအုံး ၊

အာ့တာသူနဲ့ချိန်းထားတော့သူကမနက်ကြလာကြိုတယ်လေမာမီကသူနဲ့ဆိုလွှတ်တယ်လေ

ဒါပင်မယ့်.. တီချယ်က ကိုယ့်ကားနဲ့ပဲကိုယ်လိုက်မယ်ဆိုပြီးပြောလိုက်တော့ ၊ သူကလည်းတီချယ့်သဘောပါတဲ့။

အာ့တာနဲ့ပဲဆိုင်တစ်ဆိုင်မှာချိန်းပြီးတော့တီချယ် သန့်စင်ခန်းခဏသွားမယ်လို့ပြောပြီး
ရမက်ဆီထွက်လာခဲ့တာ။

"ဟီး..."

တီချယ်ကတော်လိုက်တာ ဒါနဲ့စကင်းကဲတာကဘာလို့မပါလာတာလဲ ၊ အထုတ်ကထုတ်ပြီးသား ယူဖို့ကျန်ခဲ့တာ။

တီချယ်ကမျက်နှာလေးမဲ့ပြီးခလေးတစ်ယောက်လိုငိုမဲ့မဲ့ဖြစ်နေတာမို့အသဲယားစွာတီချယ့်ရဲ့ပါးလေးကိုဆွဲမိသည်။

အားး ရမက်နော်...တီချယ့်ရဲ့ပါးကိုဆွဲတယ်

တီချယ်လည်းပြန်ဆွဲမယ်ဆိုပြီးရမက်ရဲ့ပါးကိုလိုက်ဆွဲနေတာမို့ ၊ ရမက်လည်းထပြေးတော့သည်။

ရမက်တို့ပြေးတာအချိန်တစ်ခုကြာတော့မောလာပြီး ၊

"ချစ်ရသူ...ရေ"

"ရှင့်.."

လာရမက်ရဲ့လက်ကိုတွဲ ရမက်နဲ့တီချယ်တို့ဘဝကိုအတူတည်ထောင်ကြရအောင်။

တီချယ်...ရမက်နဲ့သာတစ်သက်လုံးအတူနေရမယ်ဆိုနေနိုင်ရဲ့လား ၊

နေနိုင်တာပေါ့ ကိုယ်ချစ်လို့ယူထားတဲ့ဟော့ဒီ့သေးသေးလေးကို။

ဒါဆိုရမက်လက်ကိုတွဲ ပြီးသွားကြရအောင်

ရမက်တို့နှစ်ယောက်ကကားထဲမှာလည်းတစ်တစ်တူးကြည်နူးနေတာမို့ ၊ အရှေ့ကကျော်ကိုကိုတော့မျက်စိနောက်နေမှာအမှန်ပင်။

ရထားစီးရမဲ့နေရာရောက်တော့လည်း တီ
ချယ့်ကိုတစ်နေရာမှာခဏစောင့်ခိုင်းကာကျော်ကိုကိုနဲ့စကားပြောပြီး ၊ပြင်ဆင်စရာတွေရှိတာပြင်ဆင်ကာ တီချယ်နဲ့အတူရထားပေါ်တက်သွားပြီး။

ရမက်တို့နှစ်ယောက်ရဲ့ဘဝသစ်ဆီသွားဖို့
ခြေလမ်းများကိုဦးတည်လိုက်သည်။

........

တီချယ်ကတော့ရမက်ရဲ့ပေါင်ကိုခေါင်းအုံးလုပ်ခါ အိပ်ပျော်သွားသည်။

အခုဆိုရင်ရမက်တို့ ရထားစီးလာတာဖြင့်ညအချိန်တောင်ရောက်လာပြီ စကားတွေပြောလိုက်ကြည်နူးပီတိဖြစ်လိုက်နဲ့တီချယ်လည်းပင်ပန်းနေတယ်ထင်ပ့ စကားပြောပြီးသိပ်မကြာပါဘူး။ အိပ်ချင်တယ်ဆိုလို့ ၊

ရမက်ကပဲ ဆောင်လေးခြုံပေးပြီးတီချယ်သက်တောင့်သက်သာအိပ်စေရဖို့အတွက်ရမက်ရဲ့အဝတ်စားလေးတစ်ချို့ကိုရမက်ရဲ့ပေါင်ပေါ် တင်ထားပြီးတော့ခေါင်းအုံးလုပ်လိုက်ပြီး။ ရမက်ရဲ့ပေါင်ပေါ်မှာပဲအိပ်ခိုင်းလိုက်သည်။

ဒါတောင်ချစ်ရသူလေးကရမက်ပေါင်နာမှာဆိုးသဖြင့်မအိပ်တော့ဘူးငြင်းနေတာမို့ ၊

"တီချယ်..."

"ရှင်..."

မအိပ်ဘူးလား ၊ အိပ်တာကအိပ်ချင်ပါတယ်ဒါပင်မယ့်အချစ်ရဲ့ပေါင်လေးနာသွားရင်ဘယ်လိုလုပ်မလဲ။

မျက်နှာလေးကိုမဲ့ခါ ရမက်နာမှာဆိုးရိမ်နေတဲ့ချစ်ရသူကိုကြည့်ပြီးကြည်နူးရိပ်လေးသန်းကာ။

ရမက်ကပေါင်မနာပါဘူးတီချယ်ရဲ့...ရမက်ရဲ့ပေါင်ပေါ်မှာအဝတ်တွေခံထားတယ်လေ တီချယ်သာအိပ်ပြီးအနားယူပါနော်။

ဖြစ်ပ့မလား ရမက်ရဲ့ပေါင်သေးသေးလေးနာသွားမှာဆိုးတယ် ၊ မနာပါဘူးဆိုတီချယ်နော် အခုမအိပ်ဘူးဆိုရင်ရမက်တီချယ့်ကိုဆွဲနမ်းလိုက်မယ်။

အယ်..ဒီခလေးအရမ်းဆိုးနေလူတွေကြားထဲလည်းမရှက်ဘူးတော့ ၊

မရပါဘူးရှက်စရာမှမလိုတာမကြာခင်ပဲ
တီချယ်က ရမက်ရဲ့ကြင်သူဇနီးမယားဖြစ်တော့မှာလေ။

ဒီခလေး...ပြောလေဆိုးလေပဲ

ကဲ...ပြောမရတဲ့အဆုံးတော့ တီချယ်အိပ်တော့မယ်နော်။

ဂရုစိုက်အုံး ရမက်အိပ်ချင်လာတဲ့အခါတီချယ့်ကိုနိူးနော် တီချယ်တစ်လည့်ပြန်ချော့သိပ်ချင်လို့။

တီချယ်ဆိုတဲ့အမျိုးသမီးကလေ တစ်ကယ့်
ခလေးလေး ၊

...

တီချယ်...မထသေးဘူးလားရင် ညနေစာလေးဖြစ်ဖြစ်စားပါအုံးလားအိပ်ပဲအိပ်နေတော့မလို့လား ၊

အွန်း...အွန့်

အခုကဘယ်အချိန်ရှိပြီလဲရင်...

အွန်း...ညနေ၆နာရီတောင်ထိုးနေပြီတီချယ်လေးရဲ့ အာ့တာကြောင့်နိူးလိုက်တာညနေစာစားဖို့။

"ဟီး..."

တီချယ်ဗိုက်ဗိုက်ဆာပြီ ၊ တီချယ့်ကိုကျွေးပါအုံးနော်၊

အနားမှာကပ်ချွဲနေတဲ့တီချယ့်ကိုကြည့်ပြီးကြည်နူးမိတာအမှန်ပင်ဒီလိုဘဝမျိုးလေးရဖို့စောင့်နေခဲ့ရတာ ၊ အခုတော့ချစ်ရသူလေးနဲ့အတူနေနိုင်ပြီ။

မကြာခင်မှာအိမ်မက်တွေ့ဟာတစ်ကယ်ဖြစ်လာတော့မယ်ဆိုတဲ့အတွေးနဲ့တင်ရမက်ရဲ့သွားတွေဟာစိလို့မရတော့။

အာ့တာဆိုခဏနော်...

ရော့ရေလေးယူပြီးလန်းဆန်းသွားအောင်လုပ်လိုက် ပြီးရင်ရမက်အသင့်ယူထည့်လာတဲ့ထမင်းဟင်းစားကြမယ်လေ၊

ဒီနေ့တစ်ရက်စာအတွက်တော့ကြိုထည့်လာတယ်နောက်ရက်ကြစီစဥ်ပြီးစားဖို့အတွက်လည်းကြိုတင်ပြင်ဆင်လာခဲ့ပြီ။

ရထားက ၃ ရက်စီးရမယ်တဲ့တီချယ်ရဲ့

"ဟုတ်..."

ခိုင်လည်းအချစ်ကပေးတဲ့ရေဗူးလေးကိုယူပြီးမျက်နှာလေးသစ်လိုက်သည်။

စိတ်ထဲမှာတော့တစ်ခုကိုစိုးရိမ်မိသွားတယ်၊

ငါမျက်နှာသစ်လိုက်ရင်ငါစကင်းကဲထားတာတွေပျက်ကုန်တော့မှာပဲ ၊ ထားလိုက်ပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေကနကိုချောပြီးသားပဲကို။

သမီးရမက်...တီချယ်ပြီးပြီ ဗိုက်ဆာတယ်

ဘာကျွေးမှာလဲ ၊ ဟောအိပ်ချင်မူးတူးနဲ့

အစောထဲကရမက်ပြောပြီးပါရောလား

တီချယ့်တွက်ရမက်ရဲ့ အချစ်တွေကိုကျွေးမယ်လို့။

လူဆိုးမလေး..​ခေါင်းခေါက်ထလိုက်လို့။

အားယားယားးတီချယ်တွေကိုချစ်ရတာမကောင်းလိုက်တာခဏခဏအခေါက်ခံရလို့၊
ခေါင်းလည်းမကောင်းတော့ဘူး။

ဒီမယ်..မ အပိုလို တီချယ်ကဖြင့်မခေါက်ရသေးဘူးရှင်ကအရင်အော်နေ ၊

"ဟီး..."

ချစ်လို့စတာပါရယ်.... ဗွေယူရဘူးနော် )

ရော့...အာ ပါးစပ်လေးဟ ရမက်ခွန့်ကျွေးမယ်

အာ...မြောင့်မြောင့် အွန်း...အရမ်းအရသာရှိတာပဲရေညှိထမင်းလိပ်လေးက။

ဒါကဘယ်ကဝယ်လာတာလဲရင် ၊

ဟို...အာ့တာဝယ်တာမဟုတ်ဘူး ရမက်ကိုယ်တိုင်လုပ်လာတာတီချယ်။

ဝါးးးးတစ်ကယ်ရီး ၊ တီချယ့်ရဲ့ခလေးလေးကတော်လိုက်တာ အရမ်းအရသာရှိတာပဲဒါမျိုးတီချယ့်ရဲ့ဘဝမှာတစ်ခါမှမစားဖူးဘူး။

တီချယ်ကလည်းပိုပြန်ပြီ ၊

လူဆိုးမလေး...တီချယ်ကစေသနာနဲ့ပြောတဲ့ဟာကို ၊

ဟွန့် ....တော်ပြီချီးကျူးတော့ဘူး)

အာ့လိုတော့မလုပ်ပါနဲ့ချစ်ရသူရယ်

တီချယ့်ရဲ့ချီးကျူးသံလေးကြားရတော့ရမက်မှာအားတွေကိုရှိသွားတာပဲ ၊

ကဲညလည်းနက်ပြီဆိုတော့အိပ်ကြရအောင်လေနော် တီချယ် သရဲကြောက်တက်လား။

မကြောက်တက်ပါဘူး ၊ ဘာလို့လည်းရင်

အော်...ဒီတိုင်းတီချယ်ကြိုက်တာမကြိုက်တာသိထားလို့ရအောင်လို့လေမေးကြည့်တာ၊

ဒါဆိုဘာလို့တစ်ခြားဟာကြမမေးလဲ ၊

ကျန်တာတွေအကုန်ရမက်သိပြီးသားပဲလေ

ဘယ်လို...ဟုတ်လို့လား

ဟုတ်ပါတယ်မယုံရင်ရမက်နဲ့အတူနေတဲ့အခါကြည့်လိုက်။

"ဟုတ်ပြီလား... "

အွန်း...သမီးသဘော"

(ဒါဆိုအိပ်ကြမယ်နော် )

ရမက်တို့လည်း အိပ်ဖို့အတွက်ပြင်ဆင်ပြီးမကြာခင်မှာပဲနှစ်ဦးသားလုံးအိပ်စက်ချင်း
ဆီသို့..."

......„

တီချယ်ဖြေးဖြေးဆင်း... "

အင်းပါ

ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ပါအုံးသမီးရမက်ရဲ့တစ်လမ်းလုံးတီချယ့်ကိုပဲဂရုစိုက်နေရတာနဲ့ပင်ပန်းသွားရပြီ။

မပင်ပန်းပါဘူး ဖြစ်နိုင်ရင်တီချယ့်ကိုရမက်ရဲ့အင်ကျီ အိပ်ကပ်ထဲထည့်သယ်သွားချင်တာမရလို့သာပဲ ၊ စိတ်ကိုမချဘူးရယ်။

တော်ပါတော့... သမီးရမက်ရဲ့တီချယ်ကခလေးမှမဟုတ်တာ ခလေးဖြစ်တဲ့ရမက်ကိတြီချယ်ကပူရမှာလေ အခုဟာကမသိရင်တီချယ်ကရမက်ရဲ့သမီးကြနေတာပဲ။

ဟွန့် ...အာ့လောက်ထိဂရုစိုက်နေတော့တီချယ်တောင်မနေတက်တော့ဘူး။

ဟီး...အာ့သလောက်တောင်ဖြစ်သွားလား

ဒီကချစ်လွန်းလို့ဖူးဖူးမူတ်ထားချင်တာ ၊ အာ့တာကြောင့်ပါရယ် နောက်ဆိုရှော့ပါ့မယ်နော်၊

ကဲ..လာအာ့တာဆိုရမက်တို့ရထားဂိတ်ကိုသွားရပ်စောင့်နေကြမယ်လေ ၊

"အွန်း ..."

တီချယ်လည်းကူသယ်မယ်လေအထုတ်တွေကိုရမက်တစ်ယောက်ထဲဘယ်နိုင်ပါ့မလဲ ၊

အာ...မဟုတ်တာတီချယ်မသယ်ရပါဘူး ဟိုနားကဂိတ်ကိုအရင်သွားနှင့်နော်ရမက်သယ်လာခဲ့မယ်အထုတ်တွေကို ၊ တီချယ်ကအာ့နားမှာရပ်စောင့်နေယုံပဲ။

ရမက်...တီချယ်ကောက်ချင်လာပြီနော်

အကုန်လုံးကိိုရမက်တစ်ယောက်ထဲလုပ်မလို့လား မနိုင်မနင်းနဲ့လူပါထိသွားအုံးမယ်။

ဒီနေ့တီချယ်ဝိုင်းမသယ်ရဘူးဆိုရင် ဒီနေရာကနေတစ်ဖွားမှမရွေ့ဘူးနော်။

ရမက်က တီချယ်ပင်ပန်းပြီးမောနေမှာကိုကြောက်တာကြောင့်ကိုယ်တိုင်သယ်ဖို့လုပ်ပင်မယ့် ချစ်ရသူကသူမှမသယ်ရရင်ကောက်တော်မူနေမှာဆိုးတာကြောင့်လက်ထဲကအထုတ်နှစ်ထုတ်ကိုခွဲပေးလိုက်ပြီး။

သယ်ခိုင်းလိုက်တော့မှ ကြည်နူးစွာပြုံးပြလာခဲ့သည်။

ထိုအပြုံးနဲ့တင်ပင်ပန်းသမျှတောင်ပျောက်ကွယ်သွားလေသည်။

ရမက်တို့ရထားဘူတာဂိတ်မှာ ရပ်ပြီးပဝန်းကျင်ကိုကြည့်နေတုန်း..."

ဟို...မင်ကလာပါ ဒီကညီမကဟိုရက်ကအမနဲ့ဖုန်းပြောတဲ့ညီမ မဟုတ်လား။

ဟုတ်ပါတယ်...အမကိုလည်းညီမမြင်ဖူးတယ်လေ ၊ အမလည်းညီမကိုမြင်ဖူးတ​ယ်

ဟိုရက်ထဲကဒီမှာအခြေချနေဖို့အတွက်အမကိုအကူညီတောင်းရင်းသိကျွမ်းခဲ့ရတာညီမတွက် ကံကောင်းပါတယ်။ မဟုတ်ရင်အခုချိန်ညီမနေရာပျောက်နေလောက်ပြီ။

အမှန်တော့ ကျော်ကိုကိုဆက်သွယ်ပေးလို့သိခဲ့ရပင်မယ့်ထိုအမကသူ့အပေါ်ညီမတစ်ယောက်လိုဖော်ရွေစွာဆက်ဆံလို့ ရမက်ဒီခရီးကိုလာဖို့ပိုပြီးလုံခြုံသွားတာပင် ၊

အော်...ဒါဆိုဒီကညီမက ဒီဇာတိကပေါ့

ရမက်တို့အချင်းချင်းစကားပြောနေကြချိန်မှာထွက်ပေါ်လာတဲ့တီချယ့်ရဲ့အသံ။

ဟုတ်တယ်ရှင့်...အန်တီ"

ဒီနေရာကညီမရဲ့ငယ်မွေးခြံပေါက်လို့တောင်ပြောလို့ရတယ်။

"အန်တီ...တဲ့လား."

ခိုင်ရမက်ဘက်သို့တစ်ချက်လည့်ကြည့်လိုက်တော့ ပြုံးစိစိမျက်နှဘေးဖြစ်တဲ့ရမက်ကိုကြည့်ပြီးခိုင့်စိတ်ထဲ ၊

ဒိခလေးမ... တို့ကိုလှောင်နေတာပဲဖြစ်ရမယ်
အိမ်ရောက်မှတွေ့ကြတာပေါ့လေ။

"ဒေါ်ရမက်စွဲ..."

အာ့တာဆို ညီမကြိုမှာထားတဲ့အိမ်ကရောအခုပြောင်းလို့ရပြီလား ၊

"ရပြီညီမ ..."

ညီမလို့ခေါ်မနေပါနဲ့ ရင်းရင်းနီးနီး ရမက်လို့ခေါ်နိုင်ပါတယ် ၊ ညီအမတွေပဲ ဖြစ်နေပြီကို

ဟုတ်ပါပြီ အမနမည်လည်းမှတ်ထားပါ

" ဖူးပွင့်သခင်...တဲ့ "

ဝါးးးးတော်တော်လှတာပဲ နမည်လေးကပေးတက်လိုက်တာနော် ၊ ရမက်တို့နဲ့များကွာပ့။

ညီမ...အယ်ရမက်ရဲ့နမည်လေးလည်းလှပါတယ်အထူးဆန်းလေးဖြစ်တာပေါ့။

အမဆို... အစကရမက်လို့ခေါ်တော့

ဟို...ရမ္မက်ထင်နေတာ ၊ အာ့တာကအမမှမဟုတ်ဘူး လူတိုင်းကအထင်မှားကြတာ။

"ဟားး "အာ့လိုလား အစကအမလည်းထင်တော့ထင်ပါတယ်ဒီလိုမျိုးနမည်တော့မရှိလောက်ပါဘူးဆိုပြီး။

ဟုတ်ပ့

"အားးး "

ရမက် ဘာဖြစ်လို့လဲ

ရမက်တို့စကားပြောနေတုန်း တီချယ်ကရမက်အနားကိုတိုးကပ်လာပြီးရမက်ရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲကာ ၊

ဘာတွေပြောနေလို့အာ့သလောက်ထိရီနေရတာလဲအိမ်ကိုအရင်မသွားဘဲကျွန်မကိုဒီမှာတစ်သက်လုံးထိုင်စောင့်ခိုင်းတော့မှာလား။

ဆိုပြီး ဆူနေတာမို့ ၊

ရမက်လည်းစကားလက်စကိုဖျက်ကာ အိမ်ကိုအရင်သွားဖို့ပြင်လိုက်သည်။

ဘာမှမဖြစ်ပါဘူး မမဖူး ဒီတိုင်းအကောင်တစ်ကောင်ကိုက်လိုက်တာ၊

အမကိုခေါ်တာ "မမဖူးတဲ့လား... "

ဟုတ်တယ်လေ ဘာဖြစ်လို့လဲရင်

မဟုတ်ပါဘူး ဘယ်သူမှမခေါ်ဖူးတာမို့ပါ

အကုန်လုံးကခင်လို့ပဲခေါ်ကြတာများတယ်လေ အာ့တာကြောင့်နည်းနည်းတစ်မျိုးဖြစ်သွားတာပါ။

ကဲအာ့တာဆို ရမက်တို့ရဲ့အိမ်အသစ်ဆီသွားကြရအောင်လေ... ​ပြီးတော့​ရမက်ရဲ့ဇနီးလောင်းလေးကိုချော့လိုက်ပါအုံးရှင် ၊

ဟိုမှာစိတ်ကောက်နေပြီထင်တယ်။

မမဖူးကရမက်ရဲ့အနားကိုတိုးကပ်ပြီးပြောလိုက်တဲ့စကားကြောင့်ပြုံးစိစိနဲ့အနောက်သို့လည့်ကြည့်မိ​တော့ "

အမှန်တစ်ကယ်ကိုချစ်ရသူလေးက စိတ်ကောက်နေပြီ ၊ မျက်နှာကြီးကိုဆူပုတ်လို့။

ရမက်လည်း ...ကြင်နာသူကစိတ်ကောက်မှာကိုမလိုချင်တာကြောင့် ချစ်ရသူလေးအနားကိုပြေးသွားပြီး။

ဟေ့...ချစ်ရသူလေး ဘယ်လိုတွေများဖြစ်လို့မောင်ကြီးကိုအခုလိုစိတ်ကောက်နေရပါသလဲနှမတော်။

နှမတော်လေးကိုမောင်တော်ဘုရားကပြစ်ထားလို့ စိတ်ကောက်နေကြောင်းပါဘုရား

လာမချော့တော်မူပါနဲ့ လာချော့ရင်လက်ဝါးစာမိလိမ့်ပါ့မယ်မောင်တော်ဘုရား။

အို...နှမတော်လေးကမောင်တော့အပေါ်ရပ်စက်တော်မူနေပြီကို၊

မောင်တော့်ရင်ထဲမှာနှမတော်လေးကိုအဘယ်တစ်ခါမျှမမေ့ဘူးကြောင်းပါနှမတော်ရယ်။

သွားလူဆိုးမ သူရူးသလိုဒီကလိုက်ရူးနေရတယ် အခုမှလာမချော့နဲ့တော့။

ပြန်လာချော့ရင်ကျုပ်လက်ဝါးစာမိမယ်မှတ်

အဟင့်အဟင့်.... ကြင်နာသူကပြစ်တော့လည်းရမက်ကကျန်ရစ်ဖြစ်တော့မှာပေါ့။

တော်တော် ဒီကပျော့တက်မှန်းသိလို့ရှင်ကအခုလိုပုံစံတွေလုပ်ပြတယ်ပေါ့ ၊

ခိုင့်အရှေ့မှာမျက်နှာပြောင်လိုက်ငိုပြလိုက်ဖြစ်နေတဲ့ ရမက်ကိုကြည့်ပြီးကြာကြာစိတ်မကောက်နိုင်တော့ပါ။

အစောတုန်းကတော့စိတ်ကောက်မိတာအမှန်ပင် ဟိုတစ်ယောက်နဲ့ပဲစကားပြောနေပြီးခိုင့်ဘက်ကိုတစ်ချက်လေးမျှလည့်မကြည့်တာမို့စိတ်ဆိုးပြီး တစ်ဖက်ချမ်းကိုလည့်နေလိုက်တာအခုမှချော့ဖို့သတိရတဲ့လူရီးပါလေ။

ကဲ..လာပါကြင်နာသူလေးရဲ့ ရမက်တို့ရဲ့အိမ်ကိုအတူသွားကြရအောင်လေပြီးရင်ခဏနားမယ်တရားရုံးမှာလက်မှတ်သွားထိုးမယ်။

အားလုံးပြီးသွားမှ... ရမက်တို့နေဖို့ထိုင်ဖို့ပြင်ဆင်မယ်ဟုတ်ပြီလားချစ်ရသူလေး။

ဒါနဲ့တီချယ်ကရောဘယ်နေရာကနေကူညီရမလဲဟင် ၊ တစ်ခုခုတော့ကူညီပရစေ။

အွန်း...အာ့တာဆိုတီချယ်ကရမက်ရဲ့မိန်းမလုပ်ပေး ၊ လုပ်ပေးမှာလား။

ဟာ...လူဆိုးမလေးလူတွေနဲ့ဟာကိုပြောရဲဆိုရဲလေးဖြစ်နေတာ။

ရမက်တို့လည်း မမဖူးလာကြိုတဲ့ကားကိုစီးလာရင်းဘေးပဝန်းကျင်ကိုလိုက်ကြည့်မိတော့ ပဝန်းကျင်ကအတော်လှတယ်လို့ပြောရမယ်။

သစ်ပင်လေးတွေလည်းနေရာတိုင်းမှာရှိသလိုလမ်းတွေကလည်းလှပတယ်ပြီးသန့်ရှင်းတယ်၊ ရာသီဥတုလေးကလည်းအေးတယ်ဆိုယုံလောက်လေးနဲ့ ၊ တစ်ခုသတိထားမိတာကဒီနေရာတစ်ဝိုက်နားမှာ တိုက်ကြီးတွေမရှိတာကိုပဲ အများဆုံးတိုက်အရှည်ကတောင်၃ ထပ်ပဲရှိတယ်။

ဒီအရပ်အေးချမ်းနေတာဒီမှာနေတဲ့လူတွေကြောင့်လည်းဖြစ်မယ်လို့မှတ်ချက်ချမိသည်။

ကားစီးနေရင်းနဲ့ပဲပဝန်းကျင်ကိုစူးစမ်းလေ့လာခဲ့ရာ ၊ ဒီကိုလာမိတာတစ်ကယ်ကိုမှန်ပါတယ် အခုလောက်ထိအေးချမ်းနေမယ်မထင်ထားခဲ့ဘူး။ ဒီနေရာလေးမှာပဲချစ်ရသူနဲ့ထာဝရနေရဖို့အတွက် ရမက်ကတော့
ဆုတောင်းနေမိသည်။

ကဲ...ရောက်ပါပြီ ၊

"ဝါးးးး " ဒါခိုင်တို့နေရမဲ့နေရာလားဟင်

ခိုင်ကတော့ရထားစီးလာရတော့ပင်ပန်းတာနဲ့ကားပေါ်မှာရမက်ရဲ့ပုခုံးလေးကိုမှီရင်းအိပ်ပျော်သွားမိသည် ၊ ရမက်ကရောက်ပြီဆိုပြီးခိုင့်ရဲ့ပုခုံးကိုလူပ်နိူးတော့မှနိုးလာခဲ့ပြီး။

ကားပေါ်ကဆင်းလိုက်သည် ၊ ပြီးတော့ပဝန်းကျင်ကိုတစ်ချက်လှမ်းရှိုးလိုက်တော့။

အတော်လေးကိုလှပတဲ့နေရာလေးတစ်ခုလို့ပြောရမယ် ပန်းပင်တွေသစ်ပင်တွေဟာစိမ်းလမ်းဆိုပြေနေပြီးတော့ ၊ အိမ်လေးတွေကလည်း အွန်း..ဘယ်လိုပြောရမလဲနော်။

သစ်သားနဲ့ဆောက်ထားတဲ့အိမ်လေးတွေလည်းရှိသလို ၊ အဝါရောင်သစ်သားနဲ့ဆောက်ထားတဲ့အိမ်လေးတစ်ချို့ကလည်းရှိနေပြန်တယ် ၊ တော်တော်လေးကိုလှပတယ်လို့ပြောရမှာပဲ။

ခိုင်တို့နေရမဲ့အိမ်ကလည်းထိုနည်းတူပဲ အဝါရောင်အိမ်လေးလို့ပြောလို့ရမယ်ထင်တယ်။

သစ်သားကိုမှအဝါရောင်ဆေးသုတ်ထားပြီးသပ်သပ်ရပ်ရပ်လေးနဲ့အေးချမ်းပြီးနေချင်စရာကောင်းလွန်းလှတဲ့ အိမ်လေးကိုကြည့်ပြီးခိုင့်ရဲ့စိတ်ထဲမှာပါအေးချမ်းသွားသလိုခံစားရသည်။

ဒီလိုအိမ်မျိုးတစ်ခါလေးမျှမမြင်ဖူးဘူးနော်
သမီးရမက် ရန်ကုန်မှာဆိုရင်မြို့တွေတိုက်တွေရယ်ကားတွေရယ်နဲ့အတော်လေးကိုစိတ်မွန်းကြပ်တယ် ၊ ဒီနေရာလေးမှာကြအေး ချမ်းပြီးနေချင်စရာကောင်းလွန်းတယ်နော်။

တီချယ်ကတော့ သမီးရမက်ကိုမချီးကျူးပဲမနေနိုင်တော့ဘူး ၊ ဒီလိုနေရာမျိုးရှာတက်လိုက်တာ တီချယ်ကတော့မစောင့်တော့ဘူးနော်အရင်အိမ်ထဲဝင်တော့မယ်။

တီချယ်ကတော့လေ...ဖြေးဖြေးသွားအုံး

ရမက် အမရှာပေးတဲ့အိမ်ကိုသဘောရောကြရဲ့လား ။

ရမက်ရဲ့သဘောကအရေးမကြီးပါဘူးအပျော်လွန်ပြီးအထဲအရင်ဝင်သွားတဲ့ ရမက်ရဲ့ပဲ့ကိုင်ရှင်လေးသဘောကြဖို့ပဲလိုတာပါ။

ဟုတ်ပါပြီရှင်... အမရှေ့မှာသိပ်လည်းမအွန်ပါနဲ့ ဒီကအပျိုကြီးရှင့် ။

တော်ကြာရမက်တို့ကိုမြင်ပြီး မိန်းမယူချင်နေမှဖြင့်၊

ဒါဆိုမမဖူးကလည်း မိန်းခလေးချင်း

အွန်း...ဟုတ်တယ် အမကလည်းမိန်းခလေးချင်းပဲချစ်တက်တာ။

ဒါပင်မယ့်တစ်ခါမှတော့ရီးစားမထားဖူးဘူး

ဟော...ဘာလို့လည်း

ထားလိုက်ရင်တောင်အနည်းဆုံး ၄၊၅ ယောက်ပဲရမှာလေ အမကြိုက်နေတာက အယောက် ၂၀ လောက်ရှိတယ်။

"အယ်...မမဖူးကတော့လေ "

ရမက်နဲ့ပြောရင်ဖူးလို့သုံးလည်းရပါတယ် အခုမှမမဖူးအသက်က ၂၀ ကျော်ယုံလေးမဟုတ်လား။

အွန်း...ဟုတ်တယ်

ဒါနဲ့လေ ရမက်တို့အိမ်ကနေမပြန်ပါနဲ့အုံးနော်အခုမှနေရာသစ်လူသစ်ဆိုတော့လေမေးစရာတွေရယ်အကူညီတောင်းစရာလေးတွေရယ်အများရီးကျန်သေးတာမို့ ၊ မပြန်ပါနဲ့အုံးနော်

အင်းပါ ဖူးနေပေးပါ့မယ် ၊ အရင်ဆုံးအိမ်ထဲဝင်ကြရအောင်လေ ဟိုမှာလည်းကြည့်လိုက်အုံး။

ရမက်တို့ကအခုအိမ်အပေါက်ဝမှာတင်စကားလက်ဆုံကြနေကြပြီးပြောနေတာမပြီးတော့

မမဖူးကအိမ်ကိုပြပြီးတာနဲ့ပြန်သွားမှာဆိုးတဲ့အတွက် ရမက်ကနေပြီးလိုအပ်တာလေးကူညီဖို့ပြောနေတုန်း။

မမဖူးကနေရမက်ကိုအိမ်အပေါက်ဝကိုလှမ်းကြည့်ခိုင်းတာမို့ရမက်လည်းလှမ်းကြည့်လိုက်ရော ၊ အိမ်ရဲ့တံခါးအဝကိုမှီပြီးရမက်တို့ကိုစိုက်ကြည့်နေတဲ့တီချယ်ပါလေ။

ညီမ ခင် အထဲကိုမဝင်တော့ဘူးလား ဟိုတစ်ယောက်ရှင်ကောမဝင်ဘူးလား။

ဝင်မှာပေါ့ ဟီး..မမဖူးပြန်သွားမှာဆိုးလို့တားနေရတာ ရမက်တို့ကနေရာသစ်လူသစ်ဆိုတော့ အကူညီတောင်းစရာတွေအများကြီးရှိသေးတာမို့ ရမက်ရဲ့ချစ်ရသူကဘာမှစိတ်မပူနေပါနဲ့နော်။

အခုကတော့ခရီးပန်းလာတာမို့နားနေအုံးနော်ပြီးတော့တစ်ရေးလည်းအိပ်လိုက် ၊ ညနေမစောင်းခင်ရမက်လာနိူးမယ်လေ။

အိမ်ကတော့ဘာမှပြင်စရာမရှိဘူး ရမက်တို့ဒီရောက်မှပြင်ဆင်မယ်ဆိုပြီးဘာမှသိပ်မယူလာခဲ့တာမို့ အချစ်ကစိတ်မပူနဲ့တော့နော်။

ရမက် ညနေစာလုပ်ထားလိုက်မယ်

ဒါဆို...သမီးရမက်ကတီချယ်နဲ့အတူမနားတော့ဘူးလားဟင်။

အာ့တာကလေ...မမဖူးနဲ့ရမက်အလုပ်လုပ်ဖို့တိုင်ပင်ရအုံးမှာဆိုတော့လေ ၊

ညကြမှ မင်ကလာဦးကြတော့မယ်လေနော်

ဟာ..."

ခိုင်ကသူလေးပင်ပန်းနေတာမို့အတူနားမလားလို့မေးနေတဲ့ဟာကိုလူဆိုးမလေးကခိုင့်အနားတိုးလာပြီး။ ညကြရင်မင်ကလာဦးဖို့မတွက်အားတွေစုထားဆိုပြီးစနေတာမို့။

ဟွန့် ... လူဆိုးမနော် တီချယ်ထခေါက်ထလိုက်လို့ သွားသွား အနားကနေတော်ကြာစိတ်မချရမှဖြင့်။

ဒါဆိုအိပ်တော့နော်ချစ်ရသူ ၊

ဖျာလေးခင်းပေးမယ်ပြီးတော့ရမက်ယူလာတဲ့ဂွမ်းဆောင်အထူလေးကိုခင်းပေးမယ်ဖျာရီးပဲဆိုကြောမှာဆိုးလို့ ၊

မလိုပါဘူးသမီးရမက်ရဲ့တီချယ်အိပ်တက်ပါတယ် သမီးသာဂရုစိုက်နော်။

ဟုတ်ကဲ့..တီချယ် အစောအိပ်တော့နော်၊

ရမက်တို့အိမ်လေးကအပြင်ဆင်လေးလည်းမဆိုးသလိုအေးအေးလေးနဲ့ဖြစ်နေတဲ့အတွက်အဲကွန်းလည်းမလိုတာအမှန်ပင်။

ချစ်ရသူကိုအခန်းထဲမှာအိပ်ခိုင်းခဲ့ပြီး ၊ အိမ်ရှေ့မှာစောင့်နေတဲ့ မမဖူးဆီကိုသွားလိုက်ပြီး။

"မမဖူး..."

အိမ်ထဲမှာထိုင်နေတဲ့မမဖူးကိုကြည့်ပြီးရမက်
အားနာမိတာအမှန်ပင်၊

ဧည့်သယ်ကို ခုံလေးတောင်မချပေးနိုင်ဘူးလေ ၊

မဟုတ်တာရမက်ရဲ့ ရမက်တို့ကအခုမှပြောင်းလာတာဆိုတော့ ပစ္စည်းတွေကိုမှနေရာမချရသေးတာဖူးကိုဘာမှအားမနာနေပါနဲ့။

ရမက်ရဲ့အမတစ်ယောက်လိုပဲသဘောထားဟုတ်ပြီလား။

ဟုတ်..ဒါနဲ့လေမမဖူးကို ရမက်မေးချင်တာတွေရှိတယ် မမဖူးကိုအကူညီလေးတောင်းချင်တာလည်းရှိလို့၊

စတွေ့ထဲကအကူညီတောင်းမယ်ဆိုတာပဲပြောနေပုံထောက်ရင်အရေးကြီးလို့ဖြစ်မယ်ပြောပါဖူးဘာကူညီပေးရမလဲ ရမက်။

အာ့တာကတော့ဒီလိုပါ ဒါနဲ့မပြောပြခင် ရမက်တို့ညစာစားဖို့အတွက်လေချက်ပြုတ်ရအုံးမှာဆိုတော့ဟင်းချက်ရင်းနဲ့ပဲစကား ပြောကြမယ်ဆိုရင်ကော မမဖူးတွက်အဆင် ပြေရဲ့လား ၊ ဟင်းချက်ပြီးသွားရင်မလည်းမမဖူးပါတစ်ခါထဲစားသွားလေနော်။

အင်းပါ..ဒါပင်မယ့်အလကားတော့မစားချင်ပါဘူးနော်ဖူးလည်းရမက်ဟင်းချက်တာကိုဝိုင်းကူပေးမယ်လေ ၊

မဟုတ်တာမမဖူးရဲ့ဝိုင်းကူဖို့မလိုပါဘူး။

ရမက်တစ်ယောက်ထဲချက်ပါမယ် ဧည့်သယ်ကိုဟင်းချက်ခိုင်းလို့ဘယ်ဖြစ်မလဲ။

ကူညီပရစေနော်... နော်နော်နော်

မမထူးကအသနားခံတဲ့မျက်နှာမျိုးဖြစ်နေတာမို့။

ဟုတ်ပါပြီအာ့တာဆိုလည်း ကူညီပေးနော်

ဖူးကလေ ဟင်းချက်တက်ချင်တာ ၊ သင်တန်းတက်ဖို့ကလည်းမအား အိမ်မှာဟင်းချက်စားတာကလည်းနည်းတော့။

ဟင်းကအခုအရွယ်ထိတိုင်မချက်တက်သေးဘူး၊

ရမက်လိုငယ်ငယ်ငယ်လေးကတောင်ဟင်းချက်တက်နေတာမြင်တော့ နည်းနည်းတောင် အံ့အောမိတယ်။

ဒီအရွယ်လေးနဲ့ဟင်းချက်တက်နေပြီလားဆိုပြီးတော့ပေါ့ ၊

ရမက်တို့တွေစကားလည်းပြောဟင်းချက်ဖို့လည်းလုပ်ရင်းနဲ့ စကားလက်စုံကြမိနေလေသည်။

ချစ်ရသူကိုနိူးပြီးအတူချက်ချင်ပင်မယ့်လမ်းခရီးတစ်လုံးကောင်းကောင်းမအိပ်လာခဲ့ရတာမို့မနိူးတော့ပဲကိုယ်တိုင်ဟင်းချက်ဖို့ပြင်ဆင်နေတုန်း ၊ မမဖူးကိုစောင့်ခိုင်းရမှာအားနာတာကြောင့် အတူစကားပြောမလားလို့မေးလိုက်ပင်မယ့်။ ဟင်းချက်ဖို့ကိုပါဝိုင်းကူမယ်ဆိုပြီးအတင်းပြောတာမို့ ၊ ရမက်လည်းခွင့်ပြုပေးလိုက်ရသည်။

"ဒါနဲ့ဖူးကိုမေးစရာရှိတယ်ဆိုတာက ..."

"ဟုတ်..."

ရမက်မေးချင်တာက ဒီနေရာအကြောင်းပါ
ဟိုမှာတုန်းကကျော်ကိုကိုကရှင်းပြပင်မယ့်ဒီနေရာမှာနေတဲ့မမဖူးလောက်ဘယ်ပိုသိပ့မလဲ
ဟုတ်တယ်မဟုတ်လား။

ဟုတ်တာပေါ့ ၊ ဒါမျိုးတွေဆိုဖူးကပိုသိတာ
ရမက်ကဘာကိုမေးချင်တာလဲရင်။

ရမက်သိချင်တာကလေဒီနေရာကမြို့လို့ခေါ်ရမလားတောလို့ခေါ်ရတာလား ၊ အာ့တာရယ်ဒီနေရာကဘာလို့ရန်ကုန်ကလူတွေမသိရတာလဲ ၊ ပြီးတော့ဒီနေရာကအထဲမှာကြတော့လမ်းကောင်းနေရယ်သားနဲ့ကားနဲ့ဘာလို့လာလို့မရတာလဲ ၊ ပြီးတော့ဒီနေရာကဘာလို့များအခုလောက်ထိအးချမ်းနေရတာလဲရင်ပြီးတော့ဒီမြို့ကိုဘယ်လိုခေါ်လဲရင်...။

အမလေး...ရမက်ရယ်မေးမဲ့မေးတော့လည်းမေးချလိုက်တာဖူးတောင်ဘာဖြေရမှန်းမသိတော့ဘူး။

ဟီး...အာ့လောက်ထိဖြစ်သွားတာလား၊

ဆောတီးပါနော် ရမက်ကမေးချင်ဇောလောသွားလို့ပါ။

ပြီးတော့...ဒီနေရာကိုလည်းအရမ်းစိတ်ဝင်စားလို့ ။

ဟုတ်ပါပြီ တစ်ခုချင်းဆီဖြေပေးပါ့မယ်၊

(၁ ) = အချက်က ဒီနေရာကိုမြို့လိုလည်းခေါ်လို့ရသလိုတောကြတယ်လို့ခေါ်လည်းရတယ် ၊ ဘာလို့လည်းဆိုတော့ဒီနေရာကမြို့မကြတောမကြမို့လေ။( ဥပမာကွာ )၊ ရမက်ဒီကိုရောက်တော့ဘယ်လိုခံစားရလဲ။အရမ်းရီးတောကြနေလားဒါမှမဟုတ်မြို့ဆန်နေလား၊

အွန်း...ရမက်အထင်ဆိုရင်မမဖူးပြောသလိုပဲတောမကြမြို့မကြရီး ၊ ဘာလို့ဆိုဒီနေရာကိုဝင်လာပြီဆိုတာနဲ့တောရွာလိုမျိုးအေးချမ်းပြီးလတ်ဆက်တဲ့လေကိုရူခွင့်ရတယ်။ ပန်းပင်တွေရောသစ်ပင်တွေရောစည်ကားတယ် နောက်တစ်ချက်က အရမ်းလည်းတောမဆန်ပြန်ဘူး ကားတွေရှားတယ်ဆိုပင်မယ့်လည်းဆိုင်ကယ်စက်ပိန်းတွေရယ်ဆိုက်ကားလေးတွေရယ်သုံးဘီးလေးတွေရယ်ဖြတ်သွားနေတာကိုကြည့်ရရင်ဖြင့်အရမ်းတောနဲ့မတူပါဘူး။ အာ့တော့မမဖူးပြောသလို တောမကြမြို့မကြလေးပေါ့။

ဟုတ်ပြီ... ဒါဆို

( ၂ ) =အချက် ဒီနေရာကိုရန်ကုန်ကလူတွေတင်မဟုတ်ဘူး တစ်ခြားမြို့ကလူတွေကပါမသိကြတာ ဘာလို့လည်းဆိုတော့ ဒီနေရာကိုလာဖို့ဆိုရင်ရေလမ်းနဲ့ရထားလမ်းပဲရှိတာရယ်နည်းနည်းဂျောင်ကြတဲ့နေရာဖြစ်လို့၊ အခြားလူအများရီးကမသိတာပါ ပြီးတော့
ရမက်လာတုန်းကမြင်ခဲ့ရတယ်မဟုတ်လားဖူးတို့နေရာမှာတိုက်အမြင့်တွေမရှိတာကိုလေ၊

အာ့တာလည်းဟုတ်တာပဲ ၊ ရမက်ကလည်းသိချင်နေတာ ဘာလို့တိုက်အမြင့်တွေမဆောက်တာလဲလို့၊ တော်တော်လေးထူးဆန်းတယ်နော်

တိုက်အမြင့် ဆောက်တယ်ဆိုတာလူတွေရဲ့အကြိုးစီးပွားအတွက်ရမက်ရဲ့ ၊ သဘာဝပဝန်းကျင်အတွက်တော့ဒါကဆိုးကျိုးတစ်ခုပဲ

(ဥပမာပြောရရင်..." တိုက်အမြင့်ကြီးတွေဆောက်တော့နေ ကိုကွယ်သလိုဖြစ်မယ်အပင်တွေကိုလည်းခုတ်ထစ်ပြစ်ရမယ်။ တစ်အိမ်နဲ့တစ်အိမ်အနေဝေးသွားမယ်စည်းလုံးချင်းဆိုတာမရှိတော့ဘူး ပြီးတော့တစ်ခုခုဖြစ်လို့လှမ်းအော်ရင်တောင်မှတိုက်မြင့်မှာနေရင်မကြားရဘူးလေဘေးပဝန်းကျင်ကဒါတွေကြောင့်ပါ။ အာ့တာကြောင့်ရယ်နေရထိုင်ရတာအဆင်ပြေဖို့ရယ် လူတွေအရမ်းများပြီးနေစရာမလောက်တော့လို့တိုက်ဆောင့်ရတာတွေဖြစ်မှာဆိုးလို့ ခရီးသွားတာပဲလက်ခံတက်တာမျိုး၊ အခုရမက်တို့လာလို့ရတယ်ဆိုတာကကျော်ကိုကိုရမက်တို့ကိုသူ့အမျိုးစရင်းထဲထည့်လိုက်တာမို့လို့လေ ၊

(၃ ) = အချက် ဒါနောက်ဆုံးပဲနော်ကျန်တာကရက်မက်ဒီမှာနေကြည့်ရင်သိသွားလိမ့်မယ်။

ဒီနေရာရဲ့နမည်ကတော့...နည်းနည်းလေးထူးဆန်းပြန်တယ် ၊ သူကလည်းရမက်လိုပဲနမည်လေးကအစထူးဆန်းတယ်။

အာ့တာဆိုပြောပါအုံး ရမက်စိတ်ဝင်စားလာပြီ။

"တော်မထင် "

တော်လည်းတော်သလို မထင်မရှားလေးနဲ့စိတ်ငြိမ်အေးချမ်းစွာနေရမဲ့ ၊

" တော်မထင် "ပေါ့ရမက်ရဲ့။

နမည်လေးကတစ်မျိုးလေးပဲနော် စိတ်ဝင် စားဖို့အတော်ကောင်းတာပဲ ၊

စကားကောင်းနေကြတာနဲ့ ဟင်းလည်းကျက်ပြီဆိုတော့ ရမက်ရဲ့ချစ်ဇနီးလေးကိုသွားနိူးလိုက်အုံးမယ် ၊ အကူညီတောင်းချင်တာကတော့ ရမက်တို့ဒီမှာနေရာချပြီးမှပဲပြောတော့မယ်။

မမဖူးကဒီမှာထိုင်ပြီးခဏလောက်စောင့်နေပါအုံးနော်ပြီးရင်တူတူထမင်းစားကြရ အောင်လေ ၊

"အွန်း...ဖူးစောင့်နေမယ် "

ရမက်လည်းထမင်းဝိုင်းတွေဘာတွေအကုန်ပြင်ဆင်လို့ပြီးသည်နှင့် တီချယ်ဗိုက်ဆာနေမှာဆိုးသဖြင့် တီချယ်အိပ်နေတာကိုနိူးဖို့မတွက် တီချယ်အိပ်နေတဲ့အခန်းလေးဆီသို့ဖြေးညင်းစွာလျှောက်လာပြီး။

ဖျာလေးပေါ်မှာမျက်လုံးလေးမှတ်ပြီးအိပ်နေတဲ့ ဇနီးဖြစ်သူကိုမြင်တော့အစောကဟင်းချက်လို့မောပြီးပင်ပန်းလာသမျှဟာ ၊

အကုန်ပျောက်ကင်းဆင်သွားသလိုတောင်ထင်ရတယ် ၊ အဝေးကနေလှမ်းကြည့်ရတာကိုအားမရတော့သဖြင့် အိပ်နေတဲ့တီချယ်မသိအောင်လို့ ၊ ဖြေးဖြေးချင်းတီချယ်ရဲ့မျက်မှာလေးအနားနီးကပ်သွားပြီး။

တောင်းတန်းလေးပမာ လှပလွန်းတဲ့မျက်ခုံးလေးတွေကိုရမက်ကလက်လေးနဲ့မသိမသာလေးထိကြည့်လိုက်ပြီး။

တီချယ်ဆိုတဲ့အမျိုးသမီးကလေသိပ်မြတ်နိုးဖို့ကောင်းတာပဲရှင်..."

ထိုအချိန်....ရမက်လက်ကိုလှမ်းဆွဲတာခံလိုက်ရသည်။

တီချယ်အိပ်နေတာကိုအခွင့်ကောင်းယူပြီးတီချယ့်ကိုလာကြူးနေတယ်ပေါ့၊

ဒီလိုလူဆိုးမလေးကိုအပြစ်ပေးရမယ်။

အယ်...ရမက်ကကိုင်ယုံလေးကိုအာ့လောက်ထိအပြစ်ကြီးသွားတာလား။

ခိုင်အစောထဲကနိုးနေပြီးသားပါ ခိုင်ကအအိပ်စက်တယ်ပဲပြောရမလား၊ ကိုယ့်ကိုယ်လာထိတာနဲ့နိုးတက်တဲ့လူမျိုး။

အခန်းထဲကိုဝင်လာတာသမီးငယ်မှန်းသိတာမို့အိပ်ချင်ယောင်ဆောင်လိုက်သည်။

ခဏအကြာ...ခိုင့်ရဲ့မျက်နှာကိုလက်သေးသေးလေးတွေကလာထိနေသလိုနူးညံ့မူကိုခံစားမိတာမို့ ၊ ရမက်အနားနေမှန်းသိပြီးဖမ်းလိုက်တာပင်။

ဖမ်းမိတော့လည်းမျက်လုံးလေးပေကလပ်ပေကလပ်နဲ့သူမမှားပါဘူးဆိုပြီးစွာနေတဲ့
ခိုင့် ရဲ့ခလေးငယ်ပါလေ။

ခိုင်လည်းသိပ်မြတ်နိုးလွန်းသဖြင့် သမီးရမက်ရဲ့ပါးလေးကိုနမ်းလိုက်ပြီး ၊ တစ်ဆက်ထဲမျက်စိရှေ့မှာမြင်နေရတဲ့ပျားရည်အိုးကို ခိုင်ကလက်လွှတ်ခံစရာလား။

ပန်းရောင်လေးသန်းပြီးဆူထွက်နေတဲ့ခလေးငယ်ရဲ့နူတ်ခမ်းလေးကို ခိုင့်ရဲ့နူတ်ခမ်းလေးနဲ့ နှစ်ခုထပ်လိုက်ချိန်မှာ ခိုင့်ဘဝမှာတစ်ခါလေးမျှ မခံစားဖူးသည့်ခံစားချက်ပင်ဒါကိုဘာနဲ့မှဖော်ပြလို့မရနိုင်ပါ။

အနူးညံ့ဆုံးဆိုတဲ့ဝါဂွမ်းလေးကတောင်ခလေးငယ်၏ နူတ်ခမ်းကိုမရှင်နိုင်ပါ။

လောဘလို့ပဲဆိုရမလားလိုချင်တက်မက်မူလို့ပဲဆိုရမလားခိုင်မပြောတက်ပင်မယ့်နမ်းနေယုံတင်မတင်းတိမ်နိုင်ပါ။

ခိုင်ခံစားမိနေသည့်ခံစားချက်မှာနူးညံ့တဲ့အရာလေးတစ်ခုကိုခိုင့်ရဲ့နူတ်ခမ်းကလိုချင်တက်မက်မူဖြစ်နေသလိုပင် ပြီးတော့ ချိုမြန်မူရဲ့ သကေသ အဖြစ်ခလေးငယ်ရဲ့နူတ်ခမ်းကိုပဲ ညွှန်ပြရမလိုဖြစ်နေလေသည်။

အခုခိုင်တို့ရဲ့ပုံစံမှာ ခလေးငယ်ကခိုင့်ရဲ့ရင်ခွင်မှာရောက်နေပြီး ၊ ခိုင်ကတော့ခလေးငယ်ကိုရင်ခွင်ထဲထည့်ထားကာခလေးရဲ့နူတ်ခမ်းလေးကိုခိုင့်အပိုင်ဖြစ်အောင်အမှတ်သားများပေးနေသလိုပင်။

"အွမ့်...အွန့် "

ရမက်ကိုတီချယ်ကမိပြီဆိုပြီးရင်ခွင်ထဲထည့်လိုက်တာမို့ ၊ အနည်းငယ်လန့်သွားမိပင်မယ့် တီချယ့်ရဲ့ရင်ခွင်ထဲမှာနေရတာဖြစ်လို့အမောပြေတာတော့အမှန်ပင် ၊ ဒါ့ကြောင့်မို့ရမက်လည်းခဏတီချယ့်ရင်ခွင်ထဲမှာအနားယူနေတုန်း။

တီချယ်လူဆိုးက ရမက်ရဲ့မေးစေ့လေးကိုလက်လေးနဲ့ကိုင်ပြီးမော့လိုက်ခါ တီချယ့်ရဲ့
နူတ်ခမ်းကရမက်ရဲ့နူတ်ခမ်းဆီသို့ချင်းကပ်လာခဲ့သည်။

ရမက်လည်းတီချယ့်ကိုနမ်းဖူးချင်တာမို့ တီချယ်ပေးတဲ့အနမ်းကိုလက်ခံလိုက်ပြီး၊ ငြိမ်ငြိမ်လေးနေကာ တီချယ့်နူတ်ခမ်းရဲ့အရာသာကိုခံနေတုန်း တီချယ့်ရဲ့အနမ်းတွေကကြမ်းလာတာမို့အသက်ရူကြပ်လာသည်။

ဒါကြောင့်ပဲတီချယ့်ကိုတွန်းဖယ်လိုက်ပြီး။

တီချယ်လူဆိုးနော်... ရမက်ကိုအတင်းနမ်းတာပဲ ၊

ဟွန့် ...အသက်ရူတောင်ကြပ်တယ်

အာ...အခုမှသတိရတယ်အိမ်ရှေ့မှာမမဖူးကိုထိုင်စောင့်ခိုင်းထားတယ်လေ၊

အယ်..ဟုတ်လား ၊ တီချယ်တို့ကိုစောင့်နေတော့မှာပဲ လာသွားကြရအောင်လေ။

ဟွန့် ...အခုမှစောစောတုန်းကသူပဲနမ်းပြီးတော့ ကဲပါသဲသဲကဲကဲလေးရဲ့။

(လာပါသွားကြရအောင်လေနော်)

တီချယ်ကမျက်နှာငယ်လေးနဲ့လုပ်ပြနေတော့လည်းရမက်ကပဲမနေနိုင်စွာနဲ့ပဲ ၊

အိမ်ရှေ့သို့အတူတူထွက်လာခဲ့ပြီးနှစ်ယောက်လုံးမမဖူးကိုသွား၃၂ ချောင်းပေါ်သည်ထိပြုံးပြလိုက်ပြီး။

စောင့်လိုက်ရတာကြာသွားပြီ ၊

တီချယ်ပေါ့...အိပ်ပုပ်ကြီးပြီးမထချင်ဘူးလုပ်နေတာမို့ဆူခဲ့ရတယ်။

ဟုတ်လား...ရပါတယ်ရမက်ရဲ့ဖူးကိုအားနာစရာမလိုပါဘူးဖူးကသာရမက်ရဲ့လက်ရာကိုစားခြင်လို့သာအခုထိအိမ်မပြန်နိုင်သေးတာ၊

ရပါတယ်မမဖူးရဲ့ရမက်တို့အိမ်ကနေမမဖူးကိုအမြဲကြိုဆိုနေမှာပါ ၊

ဟုတ်ပါတယ်ကွယ်... အရမ်းရီးအားမနာပါနဲ့တို့တွေကအားနာစရာလိုရမဲ့သူမှမဟုတ်တာ

ခလေးငယ်ရဲ့အသိကလည်းတို့ရဲ့မိတ်ဆွေပါပဲ၊

ဟုတ်ကဲ့ကျေးဇူးပါ "အန်တီ"

ဒါနဲ့လေ ခင့်ကို တို့မေးချင်တာလေးရှိတယ်

"ဟုတ်မေးပါ "

ခင့်အသက်က ဘယ်လောက်လဲ ၊

ဟုတ် အန်တီ ဖူးအသက်က (၂၁) ပါ။

တို့အသက်က (၃၅) နှစ် အရမ်းရီးလည်းကွာတာမဟုတ်ပါဘူး တို့ရဲ့ခလေးကိုတောင်ခင့်ရဲ့ညီမလိုသဘောထားရင် ၊ တို့ကိုလည်းခင့်ရဲ့အမတစ်ယောက်လိုသဘောထားလို့ရပါတယ်။

ဟုတ်ကဲ့ပါ အမ ဖူး အန်တီလို့ခေါ်တယ်ဆိုတာကလည်းလေးစားမူဖြင့်ခေါ်တာပါ။

ဒါပင်မယ့် ဖူးတစ်ကယ်ခေါ်ချင်တာကလည်းအမလိုပါပဲ အမနဲ့ရမက်ကိုဖူးရဲ့ညီမတွေလို့ပဲသိတ်မှတ်ချင်တာ။

တို့သိပါတယ် ဖူး အနေနဲ့အားနာနေရမယ်ထင်လို့ပြောလိုက်တာ ၊

ခိုင့်တို့ဒီစကားပြောနေချိန်မှာ ရမက်ကထိုစားပွဲဝိုင်းတွင်မရှိ ၊

အကြောင်းမှာအားလုံးစားဖို့အတွက်ထမင်းခူးနေရင်းနဲ့အလုပ်ရူပ်နေတာကြောင့်ပါ၊

သူလေးကြားရင်တော့အဆူခံထိတော့မှာပဲ

ကဲ...ရပါပြီအားလုံးစားဖို့အတွက်ထမင်းနဲ့ဟင်း တီချယ် မျက်နှာသစ်ပြီးပြီလား။

သစ်ပြီးပါပြီရမက်ရဲ့ တီချယ်ဗိုက်ဆာနေပြီ ထမင်းစားတော့မယ်နော်။

ရမက်အိမ်နောက်ဖေးတွင်ထမင်းယူပြီးပြန်အလာမှာ တီချယ်နဲ့မမဖူးရဲ့မျက်နှာကအ ဟောကနဲ့မတူစွာ တစ်မျိုးပြောင်းနေတာကိုရမက်သတိထားမိသည်။

ဒါပင်မယ့်... စိတ်ထဲတွင်တော့သူတို့ဒီတိုင်းစကားပြောကြတာနေမှာဆိုကာဖြည့်တွေးပြီး ထမင်းစားဖို့ကိုသာအာရုံစိုက်လိုက်သည်၊

ခဏနေကြအားလုံးလည်းထမင်းစားပြီး
မမဖူးကလည်းရမက်တို့ကိုနူတ်ဆက်ကာ ပြန်သွားလေသည်။

မမဖူးပြန်ပြီဆိုတာနှင့်ရမက်က တီချယ့်ဆီသို့အချစ်တွေပြည့်လျှံနေတဲ့မျက်ဝန်းဖြင့်ကြည့်လိုက်ကာ။

တီချယ်...ပင်ပန်းသွားပြီလား ၃ရက်ဆက်တိုက်ကားစီးလာကတော့၊

အင်းနည်းနည်းဇတ်ကြောတွေတက်သလိုပဲ

ဟုတ်လား...ဒါဆိုအိပ်ခန်းထဲသွားကြရ အောင်လေ။

ဟင်..."

ခိုင့်မှာပြန်ထူးချိန်တောင်မရလိုက်ပါ ရမက်ကခိုင့်ရဲ့လက်ကိုဆွဲပြီး အိပ်ခန်းအတွင်းသို့
ခေါ်သွားခဲ့သည်။

ပြီးနောက်....

လာ ဒီမှာထိုင် ၊ ဘာ..ဘာလုပ်ဖို့လဲဟင် "

ခိုင်ဟာပြောလည်းပြောမျက်နှာတွင်လည်း
ကြောက်လန့်ဟန်ဖြင့် ၊

ဟော... တီချယ်ရယ်ခလေးကြလို့ ၊

ရမက်ကဘာမှမလုပ်ပါဘူး တီချယ်ဇတ်ကြောတက်နေတယ်ဆိုလို့ ၊ ရမက်ကနိုပ်ပေးမလို့ပါ။

အော်....တီချယ်ကမသိလို့ပါကွယ် "

တီချယ်အဆိုးလေး မဟုတ်တာတွေရှောက်တွေးနေ၊

တီချယ်ကသူမတွေးပါဘူးဆိုတဲ့ပုံဖြင့် ရမက်ရှေ့မှာ လက်ကိုကာရင်းပုခုံးကိုတွန့်ပြလေသည်။

ကဲ... ပါလာနိုပ်ပေးမယ်ဆို့ ၊

ခိုင်လည်း ရမက်ဆီကနိုပ်ခံရမှာကိုလန့်နေမိတာတော့အမှန်။

ခိုင့်ဘဝမှာတစ်ခါမျှ အနိုပ်မခံဖူးဘူး။

မာမီတို့ကတော့ဆေးခန်းတွေဘာတွေမှာအ
နိုပ်ခံဖူးလောက်မှာပါ ၊ ခိုင်ကတော့တစ်ခါလေးမျှမစမ်းဖူးဘူး။

ခိုင်တစ်ယောက်မျက်စိမှိတ်ပြီး ထိုင်နေလိုက်သည်။ ထိုအချိန်...ခိုင့်ကိုထိတွေ့လာတဲ့ ပူပူ နွေးနွေးလက်တစ်စုံ ကြောင့်ပုခုံးကဆက်ခနဲတွန့်သွားပြီး ၊ ခဏကြာတော့ ရမက်ရဲ့လက်ဟာခိုင့်ရဲ့ပုခုံးကိုလာပြီးတော့ညစ်သည်။

အားးး "

တီချယ်... ဘာဖြစ်လို့လဲဟင်

ရမက်ကစိုးရိမ်စိတ်များဖြင့်အလန့်တကြားမေးလိုက်ရာ ရမက်၏ လက်ကတီချယ့်ပုံခုံးကိုလာညစ်နေလို့လေ၊

ဟင်... ရမက်ကသူ့လက်သူပြန်ကြည့်ကာ
ရမက်တီချယ့်ကို မညစ်ပါဘူး။

မဟုတ်ဘူး နာတယ်လို့ ၊

အော်...သိပြီ တီချယ်တစ်ခါမှအနိုပ်မခံဖူးဘူးမဟုတ်လား။

ရမက်ဟာပြုံးနေတဲ့မျက်နှာဖြင့် ခိုင့်ကိုလာမေးသောကြောင့်၊ ခိုင်ကလည်းမျက်နှာကြီးကိုမဲ့လိုက်ပြီး။

ဟုတ်တယ် တစ်ခါမှအနိုပ်မခံဖူးဘူး။

ဒါကြောင့်မနိုပ်နဲ့တော့နာတယ် ၊ မခံနိုင်ဘူး။

အင်းပါ... မနိုပ်တော့ပါဘူး အခုကစပြီးနောက်ဆိုရမက်ကနည်းနည်းချင်းဆီနိုပ်ပေးမယ်။

တော်ကြာရမက်ရဲ့ချစ်ဇနီးလေးပင်ပန်းနေမှာဆိုးလို့၊

ရမက်ဟာ ခိုင့်ရဲ့မေးစေ့လေးကိုကိုင်ပြီးချစ်ဇနီးလေးလို့ခေါ်လိုက်တာကြောင့်၊

ခိုင့်မျက်နှာထပ်တွင်ရှက်သွေးဖြာသွားမိသည်၊

ဒါကိုရမက်ကသိနေသည့်အလား ရမက်ရဲ့ချစ်ဇနီးလေးရဲ့မျက်နှာလေးကပန်းရောင်လေးသန်းနေပါရောလား။

မဟုတ်မှလွဲရော ..ရှက်နေတာမဟုတ်လား၊

အင်း... တီချယ်ရှက်တယ် ၊

ခိုင်ဟာအသက်ကြီးမှရွတယ်လို့သူများတွေမြင်မလားဂရုမစိုက်မိရမက်နဲ့ခိုင်တို့ပြုံးပျော်ရွှင်ကာတစ်ယောက်နဲ့တစ်ယောက်စလိုက်ရီလိုက် စိတ်ကောက်လိုက်နဲ့ ထိုညချမ်းလေးဟာသာယာပျော်ရွှင်ဖွယ်ယာကောင်းလေသည်။

ခဏအကြာတွင်တော့....

ထိုအသံတွေဟာတိတ်ဆိတ်သွားပြီးရမက်တို့အိမ်လေးမှာထွန်းထားတဲ့မီးလေးဟာဆိုရင်လည်းမှိတ်သွားခဲ့လေသည်။

ညဘက်ပုရစ်တွေရဲ့အော်သံရယ်ကောင်းကင်ယံမှာဝိုင်းစက်ပြီးလှပနေတဲ့လမင်းကြီးရယ်
တိုက်အမြင့်ကြီးတွေမရှိပဲ သာမာန်အိမ်ငယ်လေးတွေသာတန်းဆီနေတဲ့ဒီမြို့ဟာဆိုရင်၊

ရန်ကိုဆိုတဲ့မြို့ကြီးပြကြီးနဲ့လားလားမျှမသက်ဆိုင်သလိုပင်၊

......

မနက်မိုးလင်းနေမင်းကြီးမထွက်သေးအချိန်ခါလေးမှာ .. ရမက်တို့အိမ်တွင်အိုးခွက်အသံတွေကြားနေရတော့သည်။

အကြောင်းမှာ ...တီချယ်မနက်စာစားဖို့ရယ်နေ့လည်စာအတွက်ရယ်ပါချက်နေရသောကြောင့်ဖြစ်သည်။

ရမက်တစ်ယောက် မိုးလင်းလို့ကြက်သွန်သံကြားတာနဲ့အအိပ်ဆက်တဲ့ရမက်ဟာနိုးလာခဲ့သည်။

ပြီးကြပြန်မအိပ်တော့ပဲနဲ့မနက်မိုးလင်းခါစ မြူခိုးလေးတွေကြနေအချိန်မှာပဲ ဟင်းစချက်ဖို့ပြင်လေသည်။

သူတို့အိမ်ကနေယူလာတဲ့အသင့်စားထုတ်တွေကိုသူမသုံးချင်ပါ တစ်ပတ်စာလောက်ကြိုထည့်လာတဲ့အသီးရွက်တွေကိုရေးဆေးကာသေချာသန့်စင်အောင်လုပ်နေရင်း။

တစ်ယောက်ထဲဟင်းချက်တစ်ယောက်ထဲရေခပ်တစ်ယောက်ထဲနဲ့ပဲအိမ်မူကိစ္စအကုန်လုပ်နေသည်။

တီချယ်ကတော့ညထဲကဝိုင်းကူချင်တယ်ပြောထားပင်မယ့် သူမခိုင်းရက်ပါ။

မိန်းမကိုချစ်လို့ယူထားတာလေခိုင်းဖို့မှမဟုတ်တာ၊ ပြီးနောက်မိခင်ကြီးပြောလိုက်တဲ့စကားကိုလည်းရမက်ရင်ထဲမှာသိမ်းထားသည်။ သူများသားပျိုသမီးပျိုကိုယူပြီးရင်၊

တာဝန်ယူမူတာဝန်ခံမူအပြည့်ရှိရမယ်ဆိုတာကို ပေါ့၊

ရမက်တစ်ယောက်အတွေးလွန်နေတုန်းအ နောက်တွင်သယ်ထားသည့်ထမင်းအိုးမှ ၊ ဆူတက်လာလေသည်။

ရမက်လည်း အမြန်ပြေးပြီးထမင်းအိုးရဲ့အဖုံးကိုလက်ဖြင့်ဖယ်လိုက်ရာ၊

အစောကအမြန်ပြေးလာရတာကြောင့် လက်နှီးစုတ်မယူလာသည့်အတွက်။

ယခုတော့ရမက်လက်ကိုအပူလောင်သွားသည်။

ရမက်လည်းနာတာကိုသိပင်မယ့်ထမင်းတူးလို့မဖြစ်တာမို့ ရှိတဲ့အဝတ်စလေးတစ်ခုကိုအမြန်ကိုင်ကာထမင်းကိုငှဲ့နေလိုက်သည်။

ထမင်းပေါင်းအိုးရှိပင်မယ့်မသုံးချင်ပါ တောရွာလေးလိုဖြစ်နေတဲ့ဒီနေရာလေးကိုရောက်တုန်း တီချယ်ကိုထမင်းကောင်းဟင်းကောင်းလေးကျွေးချင်တာကြောင့် အခုလိုဟင်းမှန်သမျှကိုမီးသွေးနဲ့ချက်နေတာပင်၊

လူကြီးတွေပြောသည့်စကားကိုရမက်ကြားဖူးသည် သူတို့ပြောသည်မှာ အခုခေတ်ထ မင်းပေါင်းအိုးတို့ဒယ်နီတို့နဲ့ဟင်းချက်တာ ကျုပ်တို့ခေတ်တုန်းကမီးသွေးနဲ့ချက်တဲ့ဟင်းတွေရဲ့အရသာကိုမမှီပါဘူးတော်။

ဆိုပြီးညီးညူကြတာပင် ၊

ရမက်လည်းထိုစကားကိုကြားပြီးစိတ်ထဲမှာလည်းတစ်နေ့မေမေနဲ့ငါ့မိန်းမကိုအပင်ပန်းခံပြီးမီးသွေးနဲ့ချက်ကျွေးရမယ်ဆိုပြီး ကျွေးကြော်ထားတာပင်၊

ရမက်လည်းတွေးလက်ဆကိုဖျက်ကာ ဟင်းတွေကိုခွက်တွေထဲထည့်ဖို့ပြင်ဆင်တော့ သည်။

ပြီးကြရင်တော့နေလည်းထွက်တော့မယ်ဆိုတော့တီချယ့်ကိုနိူးမှပါလေ၊

မနက်စာစားပြီးရင်လည်း မမဖူးနဲ့အတူအလုပ်ရှာဖို့သွားရအုံးမယ်၊ အနေချောင်အစားချောင်တယ်ဆိုပင်မယ့်ရေရှည်အတွက်ကြိုတင်တွေးထားမှသာတော်ကာကြမယ်။

ရမက်လည်း တစ်ချယ်အိပ်နေတဲ့အခန်းထဲကိုဝင်လိုက်ပြီး၊

တီချယ်အိပ်နေတာမြင်တော့မနိူးရက်သေး တာနဲ့အနားရှိရမက်အသုံးပြုခဲ့တာဆောင် တွေခေါင်းအုံးတွေကိုခေါက်လိုက်ကာ ၊

တီချယ့်ကိုငေးကြည့်ဖို့ပြင်လိုက်သည်။

တီချယ်ကတော့သူ့ကိုယ်သူအသက်ကြီးတယ်လို့အမြဲပြောနေပင်မယ့် ၊ တစ်ကယ်တန်းကြတီချယ်ဟာလှပတယ်။

မြန်မာဆန်ဆန်လေးနဲ့ကိုလှတာတီချယ့်ရဲ့
နူတ်ခမ်းလေးဟာမထူမပါးနဲ့ မျက်လုံးလေးများဟာဆိုရင်လည်းမည်းနက်ပြီး ချစ်ဖို့ကောင်းတယ် ရမက်တို့ပုံမှန်မျက်လုံးအိမ်ကအညိုလေးနည်းနည်းပါတယ်မဟုတ်လား၊

တီချယ်ဆိုတဲ့ရမက်အမျိုးသမီးရဲ့မျက် လုံးအိမ်ကတော့မည်းနက်ပြီး သူများမျက်လုံး သနားစရာရုပ်လေးနဲ့လာချွဲရင် ၊ ရမက်တို့မနေနိုင်ပါဘူး။ ဒီအမျိုးသမီးစာလေသိပ်ကိုမြတ်နိုးဖို့ကောင်းတာ။

ရမက်တစ်ယောက်စ်တ်ကူးထဲတွင်ကြည်နူးပီတိဖြစ်နေတုန်း အိပ်ရာထဲကအမျိုးသမီးလေးကတော့ အင်းအဲနဲ့လူပ်လာတော့သည်။

နိုးပြီလား ခိုင်... "

ဟင်... ရမက်ကငါ့ကိုခိုင်လို့ခေါ်လိုက်တာလား ၊ ခိုင်တစ်ယောက်သူမ၏ နမည်ကိုရမက်ကခေါ်လာတာကြောင့် အိပ်နေရာကနေထလာပြီးရမက်ကိုကြည့်မိတဲ့အခါ။

အိမ်ထောင်ဦးစီးတစ်ယောက်လိုအငွေ့သက်မျိုးရမက်ကိုယ်တွင်တွေ့လိုက်ရသည်။

တီချယ့်ကို... ခိုင်လို့ခေါ်လိုက်တာလား ရမက်

ဟုတ်တယ်လေ... ခိုင်လို့ခေါ်ချင်ခဲ့တာ၊

သူများတွေကခေါ်တိုင်းရမက်လည်းခေါ်ချင်ခဲ့တာ။

သူများတွေခေါ်တာနဲ့ရမက်ခေါ်တာမတူဘူး။

ရမက်တစ်ယောက်ကြောင်သွားမိသည်၊

ဘယ်လိုမတူတာလဲခိုင်လေးရဲ့ ၊

သူတို့ကဒီတိုင်းနမည်ကိုနမည်လိုခေါ်တာ ၊ ရမက်ခေါ်တာကတော့ချစ်ချင်းမေတ္တာတွေပါတယ် မတူကိုမတူတာ။

စကားတက်တဲ့ခိုင့်ရဲ့ပါးလေးနဲ့နှဖူးလေးကိုနမ်းလိုက်ပြီး၊

ဟုတ်ပါပြီမတူဘူးပဲထားပါတော့ ခိုင်ကရော
ရမက်ကိုတစ်ခြားခေါ်ချင်တာမျိုးရှိလား၊

အွန်း...ရှိတယ် "

အယ်လဲ့...ပြောပါအုံး "

အာ့တာကခိုင်ကတော့တစ်ခြားလူနဲ့တူရတာကိုမကြိုက်ဘူး၊ ဒါကြောင့် ရမက်ကို

စွဲ... " လို့ခေါ်ချင်တယ်။

ရမက်တစ်ယောက်ရင်ထဲတစ်မျိုးဖြစ်သွားရသည်။ အကြောင်းမှာ ၊

ခိုင့်နူတ်ကနေ စွဲ.. ဆိုပြီးခေါ်လိုက်ပုံကရမက်ရဲ့အသဲကိုယားစေသည်။

ဒီနမည်ဒီလောက်ကောင်းမယ်မထင်ဘူး၊

တော်တော်မိုက်တယ်ကွာ.. "

ရမက်တစ်ယောက်စိတ်ကူးထဲတွင်ဝမ်းသာအားရဖြစ်နေပြီး ၊

ခိုင့်ကိုမျက်နှာသစ်ခိုင်းကာမနက်စာစားဖို့ ပြောလိုက်ပြီး၊

ရမက်ကတော့ မုန့်တွေပြင်ဆင် ထားလိုက်သည် ခိုင်လာတဲ့အခါအဆင်သင့်စားလို့ရအောင်။

ခဏနေကြ ခိုင်ရောက်လာခဲ့သည်။

ခိုင်...မနက်စာစားတော့မလား ခိုင်အရင်တုန်းကကော်ဖီသောက်နေကြဆိုတော့ ၊ ရမက်သွားဖျော်ပေးရမလား။

မလိုဘူး ရမက်ခိုင်ဒီတိုင်းပဲထမင်းကြော်ပဲစားတော့မယ် ၊ ကော်ဖီက ကျန်းမာရေးကိုထိခိုက်တယ်။

ဟုတ်လား အာ့တာဆိုလည်းချစ်ဇနီးလေးသဘောပါ၊

အချစ်ရမက်ကစားပြီးရင် မမဖူးနဲ့အလုပ်ကြောင်း သွားဆွေးနွေးရမယ်။

ဒါပင်မယ့်ဒီတစ်ရက်ပါပဲနောက်နေ့အလုပ်သာအဆင်ပြေခဲ့ရင် ၊ ရမက်တို့အတူနေနိုင်ပြီ။

ခိုင်.. စွဲကိုကြည့်ပြီးပြုံးနေမိသည် သူ့ပါသူသွားလဲခိုင်တားမှာမဟုတ်ပင်မယ့်အခုလိုမျိုးခိုင်နားလည်အောင်ရှင်းပြပေးတဲ့အတွက်၊

ရမက်လိုလူကိုရတာခိုင့်ရဲ့ကံကောင်းချင်းတွေပါ။

ခိုင်လည်း...ရတာပေါ့ ခိုင် စွဲကိုစောင့်နေမယ်လေ အိမ်ကိုသာအမြန်ပြန်လာခဲ့နော်ခိုင်လွမ်းနေမှာ။

သနားစရာမျက်လုံးဖြင့်သူတစ်ယောက်ထဲမနေချင်ကြောင်းရှင်းပြနေတဲ့ခိုင့်ကိုကြည့်ပြီး ရမက်ရင်ထဲလည်းမကောင်းဘူး။

ဒီတစ်ရက်ပါပဲအချစ်ရယ်.. "

ခိုင့်ကိုခေါ်သွားလို့ရပင်မယ့်ရမက်ကအလုပ်ကြောင်းပြောရင်းခိုင့်ကိုဂရုစိုက်မူနည်းသွားတဲ့အခါ ခိုင့်ရင်ထဲဝမ်းနည်းနေမှာကိုဆိုးရိမ်မိတယ်။

ဒီနေ့လည်းနားလိုက်ပါအုံးနော် နောက်ရက်တွက်နောက်ဆိုခိုင်ကပါဝိုင်းလုပ်ပေးရမှာနော်။

အွန်း... အာ့တာကိုစောင့်နေတာခိုင်ကစွဲနဲ့အတူအလုပ်တွေလုပ်မယ်ပြန်လာရင် အတူအနား ယူမယ်ခဏအားတဲ့အခါမျိုးကြရင် အတူလျှောက်လည်မယ်။

ပျော်စရာကြီး "

ခိုင်တစ်ယောက်ဝမ်းသာနေတာကိုမြင်တော့ခိုင်ဖြစ်စေချင်သလိုဖြစ်အောင် ရမက်လုပ်ပေးပါ့မယ် ၊ စိတ်ထဲကနေပဲပြောလိုက်မိသည်။

......

ရမက်တစ်ယောက်အခုဆို မမဖူးနဲ့တူတူအ လုပ်ကိစ္စအတွက်အပြင်ကိုထွက်လာခြင်းဖြစ်သည်။

အိမ်မှာကျန်ခဲ့တဲ့ ခိုင့်ကိုစိတ်ပူနေပင်မယ့်လည်း အလုပ်မှမရှိရင်ရမက်တို့ရေရှည်လက် တွဲဖို့မဖြစ်တာမို့ စိတ်ထဲတွင်လည်းရေရှည်တွက်ဆိုတဲ့စကားကိုသာထည့်ထားပြီး။ မမဖူးနောက်ထပ်ကြပ်မကွာလိုက်လာခဲ့သည်။

မမဖူး... ဒါကဘယ်နေရာလဲဟင် "

ရုတ်တစ်ရပ်ပန်းခြံဟုထင်ရသည့်နေရာကိုရောက်လာတာကြောင့်ကြောင်သွားတာမို့ မမဖူးကိုမေးနေခြင်းဖြစ်သည်။

ဒါကရမက်တွက်အသင့်တော်ဆုံးအလုပ်ပဲလေ ဒါ့ကြောင့်မို့ဖူးကရှာလာပေးတာ။

ဟိုမှာတန်းစီနေတဲ့လူတွေကိုတွေ့လား "

မမဖူးကပန်းခြံအဝင်ဝကိုလက်ညိုးထိုးကာပြတော့ ရမက်လည်းလှမ်းကြည့်လိုက်မိသည်။

လှမ်းကြည့်လိုက်တော့ ရမက်မြင်လိုက်ရသည်မှာ ၊

အိုး...မုန့်ဈေးတန်းကြီးလား မမဖူး

ရမက်အံ့အော်မှင်တက်ပြီးမမဖူးကိုသိချင်စိတ်ဖြင့်လှမ်းမေးလိုက်သည်။

ဟုတ်တယ်ရမက်ရဲ့ အာ့တစ်လျှောက်လုံးမုန့်တန်းတွေကြီးပဲ ၊ မနေ့ကဖူးရမက်တို့အိမ်မှာထမင်းစားသွားတုန်းက၊ ရမက်ရဲ့လက်ရာကိုသဘောကြမိပြီး ရမက်သာစိတ်ပါမယ်ဆိုရင်ဒီနေရာမှာကိုယ်ပိုင်စီးပွားလေးလုပ်လို့ရ အောင်ဖူးကလုပ်ပေးချင်လို့လေ။

အော်... ဟုတ်တယ် တစ်ကယ်တော့ရမက်လည်းကိုယ်ပိုင်စီးပွားလေးကိုပဲသဘောကြတာသူများလက်အောက်ခံမလုပ်ဘူး။

မမဖူးကတစ်ကယ်တွေးပေးတက်တာပဲ၊

ဒါဆို.... ဖူးတို့ဈေးတန်းကိုသွားကြည့်ရအောင်လေရမက်အကြံလေးထွက်လာအောင်လို့ ၊

လျှောက်ကြည့်ပြီးရင်ရမက်ဘာလုပ်ရမယ်ဆိုတာကို သိလာပါလိမ့်မယ်။

ဖိုက်တင်း... "

ရမက်မုန့်ဈေးတန်းကိုငေးနေတုန်းဘေးကနေအားပေးစကားပြောပြီးလက်သီးကိုစုပ်ကာဖိုက်တင်းဆိုပြီး အော်ပြတာမို့ အစကကြောင်သွားပင်မယ့် နောက်တော့။

မမဖူးကိုရမက်သည် သွားစွယ်လေးတွေပေါ်တဲ့ထိပြုံးပြပြီး။

သွားကြရအောင်လေ မမဖူး.. "

အွန်း..."

ရမက်စိတ်ထဲဒီနေရာရောက်နေသည်မှာမုန့်
ကမ္ဘာငယ်လေးထဲကိုရောက်သွားသလိုပင်တစ်လမ်းလုံးဟိုးပန်းခြံဆုံးတဲ့ထိ မုန့်ဈေး တန်းတွေဟာတန်းစီ ရှိနေပြီး။ မုန့်ဈေးတန်းတွေရဲ့အလယ်နားလေးတစ်ဝိုက်တွင်လည်းပန်းခြံကရှိနေပြီး ထိုင်ခုံလေးတွေရယ်ဓတ်မီးတိုက်လေးတွေရယ်စီစီရီရီရှိနေပုံမှာ။

အရမ်းကိုလှပပြီး ပန်းပင်ပျိုးပင်လေးတွေရယ်မုန့်လေးတွေရယ် ၊ ရမက်ထိုနေရာကိုရောက်နေတာအိမ်မက်များလားဆိုပြီး အ သားကိုဆိတ်ကြည့်လိုက်ရာ။ နာနေတာမြင်တော့မှ စိတ်အေးသွားပြီး။

မနက်ဖြန်ကြရင်... ခိုင့်ကိုခေါ်လာရမယ် ခိုင်သာမြင်ရင် ပါးချိုင့်လေးပေါ်တဲ့ထိပြုံးနေမှာအသေချာပဲ။

ရမက်လည်းလိုက်ကြည့်နေရင်းမှစဥ်းစားမိတာတစ်ခုပေါ်လာသည်။

ထိုအရာမှာ... ဒီဈေးတန်းထဲမှာ မြန်မာမုန့်တွေတော့အတော်စုံတယ်။

ဒါပင်မယ့် ...

ရမက်တို့ ရန်ကုန်မြို့မှာတွေ့နေကြဖြစ်တဲ့ နိုင်ငံခြားမုန့်ကိုတော့ ဒီမှာမတွေ့ခဲ့ရဘူး။

သေချာအောင်ပြန်ကြည့်တော်လည်း တစ်ဆိုင်မှာမျှ မတွေ့ ခဲ့ရပါ ၊

ဒါကြောင့် ရမက်စဥ်းစားမိလိုက်သည်မှာ
သူများမလုပ်တာကိုစလုပ်မှအောင်မြင်မူဆိုတာကိုရရှိမှာ ၊ သူများလုပ်တာကိုကူးယူပြီးပြန်ပြီးအသစ်ဖော်တာမျိုးက ကိုယ့်အောင် မြင်မူတစ်ခုမဟုတ်ဘူး။ ကိုယ်ကိုတိုင်ဖန်တီးပြီးရလာတဲ့ဖန်တီးမူအသစ်ကမှသာကိုယ့်ရဲ့အောင်မြင်မူအစစ်ဖြစ်တယ်လို့ရမက်ခံယူထားသည်။

ရမက်ကသူများနဲ့မတူချင်ပါဒါကြောင့်ဈေး တန်းတစ်ခုလုံးကိုအခေါက်ခေါက်အခါခါပြန်စစ်တယ် အခြားဘယ်သူမှမရောင်းတာသေချာတော့မှသာရမက်ခေါင်းထဲထိုအကြံကိုလက်ခံတာဖြစ်သည်။

ရမက်လည်း... ခေါင်းထဲတွင်အကြံတစ်ခုရလာတာမို့ မမဖူးကိုလှမ်းခေါ်လိုက်သည်။

အစောကမမဖူးကအသိတစ်ယောက်နဲ့တွေ့နေတာမို့ရမက်လည်းမုန့်ဈေးတန်းကိုလျှောက်ပတ်ကြည့်နေချင်း ဖြစ်သည်။

မမဖူး...."

ဖူးတစ်ယောက်သူ့ကိုရမက်လှမ်းခေါ်တာမို့ ရမက်အနားကိုသွားရင်း။

ဘာပြောမလို့လဲရမက် လျှောက်ပတ်ကြည့်လို့ရောပြီးပြီလား၊

ဖူးသည်သွားတန်းလေးတွေစီရီတဲ့ပြုံးပြရင်းမေးလိုက်ချင်းဖြစ်သည်။

အားရဲ့လား ..မမဖူး "

ရမက်သည်မမဖူး၏ ဘေးနားတွင်ရပ်နေသောအမျိုးသားတစ်ဦးကိုကြည့်ရင်းမေးလိုက်သည်။

အားပါတယ် ရမက်ရဲ့ဒါကဖူးသူငယ်ချင်းပါ အရေးမကြီးပါဘူးလမ်းတွေ့တုန်းခဏနူတ်ဆက်စကားပြောယုံတင်၊

ဟုတ်ပါပြီ... ရမက်ခေါ်လိုက်တာက ဒီဈေးတန်းကိုပိတ်ကြည့်ပြီးတော့အကြံလေးတစ်ခုရလာတာမို့လေ။

မမဖူးရယ်ရမက်ရဲ့ဇနီးခိုင်တို့နဲ့အတူတိုင်ပင်ချင်လို့ပါ။

အာ့တာ အိမ်ပြန်တော့မလို့ ၊ မမဖူးကရောအားတာသေချာရဲ့လား။

ရမက်သည် မမဖူးဘေးကအမျိုးသားကိုထပ်မန်ကြည့်လိုက်ပြီးပြောတဲ့စကားအဆုံးမှာ။

ဟားးး..."

ရမက်ကဖူးကိုသူနဲ့ချစ်သူလို့ထင်နေတာလား၊

ဖူးလည်းသူ့ဘေးတွင်ရှိသောသူ့သူငယ်ချင်းကိုအနားတိုးဖို့ခေါ်လိုက်ပြီး။

ဖူးမိတ်ဆက်ပေးပရစေ ၊ သူ့နမည်ကကောင်းစစ်တဲ့ ထပ်မန်မိတ်ဆက်ပေးရမယ်ဆိုရင်။

ရမက်ရဲ့သူငယ်ချင်းမ ကျော်ကိုကိုဇော်ရဲ့ယောက်ကျားပေါ့။

ဘယ်လို...!!

ရမက် ၏ မျက်လုံးမှာပြူးကျယ်သွားပြီး။

အံ့အော်ရင်းသာ ...

သူ့မှာချစ်သူရှိတာရမက်ကိုလည်းမပြောဘူး၊

ဘယ်ပြောမလဲရမက်ရဲ့ဒါဖူးချိတ်ပေးတာလေ ရတာမှမကြာသေးဘူးဆိုပင်မယ့်သူတို့ကလတ်သဘောဖုန်းချင်းဆက်သွယ်တာပဲရှိသေးတယ် ၊ အကိုဒီကိုပြောင်းလာမှသာလူချင်းဆုံရမှာ။

အော်....ရမက်သည်အော်ဆိုတာကိုသံရှည်ဆွဲရင်း မမဖူးဘေးနားကအမျိုးသားကိုသူ့သူ ငယ်ချင်းတွက်အကဲခတ်ဖို့ပြင်လိုက်သည်။

မေးစေ့ကိုလက်ဖြင့်ကိုင်ရင်း...

ထိုလူကိုလှမ်းကြည့်လိုက်ရာအသားကတော့ညိုပါတယ် ကျော်ကိုကိုကပိုဖြူတယ်၊ အွန်းလက်မောင်းသားတွေနဲ့ခန္ဓာကိုယ်ကတော့ပြောစရာမလိုပါဘူး။

ပုံစံကြည့်ရတာလည်းယောက်ကျားပီသမဲ့ပုံ၊

ကျော်ကိုကိုတို့ကတော့ဆွန်တာပဲ၊

ရမက်လည်းသူငယ်ချင်းဖြစ်သူအတွက်ဝမ်းသာစွာဖြင့်ဂုဏ်ယူနေမိသည်။

သူ့ဘဝမှာလည်းအခုမှချစ်ရသူနဲ့ဆုံပြီးပျော်ရွှင်ရမှာမဟုတ်လား။

ရမက်လည်းအတွေးတွေကိုလက်စဖြတ်ကာ၊

အာ့တာဆိုလည်း... ရမက်တို့အိမ်ပြန်ကြမယ်လေနော် ၊ ဒိကအကိုလည်းနူတ်ဆက်ပါတယ်

ထိုလူကတော့.. စကားတောင်ပြန်မပြောပဲ နူတ်ခမ်းလူပ်ရုံမျှပဲပြုံးပြသည်။

ရမက်လည်းမမဖူးနဲ့အတူထို့လူ့နားကထွက်လာရင်း၊ စပ်စုလိုစိတ်ဖြင့်။

သူကဒီမြို့ကလားမမ ၊

အွန်း သူကဒီမြို့ကပဲ လေပြီးတော့အမသူငယ်ချင်း လည်းဖြစ်တယ်

ငယ်ငယ်ထဲကေပါင်းလာတာပေါ့ အာ့လိုနဲ့ရမက်ကိစ္စနဲ့ပက်သက်ပြီး

စကားပြောရင်းသူ့ကို ကိုကိုကတွေ့သွားပါရော အာာ့ကနေမှဖူးကေအာင်သွယ်တော်
ဖြစ်သွားပါရော ၊ ဟီး....ရက်မက်ပြုံးလိုက်ပြီး မမဖူးကေအာင်သွယ်ဝောာ်ပေါ့

ဟုတ်ပ့ အာ့လိုကိုဖြစ်သွားတာ ၊
ရမက်တို့စကား ကောင်းနေတာနဲ့ပဲခဏကြာတော့ ရမက်တို့အိမ်ရှေ့ကိုရောက်
လာခဲ့လာသည် ၊

ခိုင်ရေ...."

ခိုင်တစ်ယောက်ရမက်အလာကိုစောင့်နေတုန်း ရုတ်တစ်ရက် အိမ်အပြင်ကန
လှမ်းခေါ်သံကြားတာကြောင့် အိမ်အပြင်ကို ထွက်လာခဲ့ရာ။

သူမ ချစ်ရသော စွဲ ကိုတွေ့တာကြောင့် ၀မ်းသာအားရဖြစ်ပြီး ဘေးတွင်
ဘယ်သူပါသည်ကို ဂရုမစိုက်အားဘဲ ၊ စွဲ ၏ လည်တိုင်ကို သူမ၏ လက်များဖြင့်တိုင်းဖက်
ရင်း။

ခိုင်ဘယ်လောက်တောင်လွမ်းနေလဲ စွဲသိရဲ့ လား ၊ စွဲမသိပါဘူး စွဲကခိုင့်ကို ပြစ်ထားဖို့ပဲသိတာ

ရမက် ပြန်ရောက်ရောက်ချင်း အခါတိုင်းနဲ့ မတူစွာ ချွဲနေတဲ့ ခိုင့်ကိုမြင် တော့ အစက ကြောင်
သွားပင်မယ့် နောက်တော့ ရမက်၏လက်များဖြင့် ခိုင့်ကိုပြန်လည်သိမ်းဖက်လိုက်ပြီး။

နှစ်ယောက်သားဟာအကြင်နာပိုနေတော့သည်။

အဟွတ် အဟွတ် ၊ ဖူးသည်လည်း နေရခက်စွာ ဖြင့်ချောင်းတစ်ချ‌က််ဟန့်ကာ

ရမက် မမဖူးတို့ မမမြင့်ကိုတိုင်ပင်စရာ ကျန်သေးတယ်လေ ၊

ထိုသို့ ပြောတော့ ခိုင်သည် ရမက်တို့ဘက်သို့လည့်လာကာ

ခိုင့်ကိုဘာပြောစရာရှိလို့လဲ ၊

ရမက်တို့အိမ်ထဲအရင်၀င်ရအောင်လေ ပြီးကြမုန့်လေး စားရင်း ပြောကြတာပေါ့

အွန်း ....."

ရမက်တို့လည်း စကားတစ်ပြောပြော ဖြင့်သာအိမ်ထဲသို့၀င်လာခဲ့ပြီး ၊

ရမက်တို့အေစာက အလုပ်ရှာဖို့သွားရင်းနဲ့ ရမက်အလုပ်တစ်ခု တွေ့လာခဲ့တယ်။

ရမက် စကားပြောတာကိုသေချာနားထောင် နေရာမှမေးလာတဲ့ ချစ်ရသူ ခိုင်၏အမေး
ကို ရမက်သည်သူ၏နူတ်ခမ်းကို တွန့်ချိုးကာ ပြုံးလိုက်ရင်း။

အလုပ်ကတော့ရမက်လည်း ကျွမ်းကျင်နေပြီး ရမက်ကိုယ်တိုင်လည်းနှစ်သက်တဲ့ ၊
မုန့်ရောင်းတာပါ ၊

ထိုစကားကြားတော့ခိုင်သည်အစက အံ့အောသလိုဖြစ်နေပြီး။

ပြီးကြမှ.....သူ့လက်မှာပတ်ထားတဲ့ရွေလက်ကောက်လေးကို အကြည့်တစ်ချက်ပို့
ပြီး ချွတ်ဖို့ပြင်လိုက်တာသည်။

ဒါကိုမြင်တဲ့ရမက်ဟာ ခိုင့်ရဲ့အပြုမူကို သိနေသည့်အတွက် ခိုင်၏လက်က်ု သူ၏လက်
ဖြင့် ကိုင်ရင်း ၊ ခိုင် ဒါဘာလုပ်တာလဲ။

ရမက်ရဲ့ အသံသည်အနည်းငယ်ကျယ်သွားပြီး ၊အနားတွင်ရှိသည့် ဖူးပါလန့်သွားတဲ့ထိ ၊

ခိုင်လည်း ရုတ်တစ်ရက် ဆိုသလို လန့်သွားပြီးရမက်ရဲ့ မျက်၀န်း ဆီသို့ ၀ိုင်းစက်ပြီး
အရည်ကြည်တွေပါ ကြလာခဲ့သည်။

ဒီတော့မှရမက်လည်း သူ့အမှားကိုသူသိပြီး ခိုင့်အနားသို့ သွားကာ ၊

ရမက်ေတာင်းပန်ပါတယ်နော် ခိုင် ရမက်မရည်ရွယ်ပါဘူး။

ခိုင်ကရုတ်တစ်ရက် ခိုင့်လက်က လက်ကာက်ကိုရမက်အတွက်ချွတ်နေတာမြင်
ဝောာ့ရမက်၀မ်းနည်းပြီး‌ဒေါသဖြစ်သွားလို့ပါ ၊

ခိုင်သည် ရမက် ချော့လေပိုငိုလေပါ။

ခဏကြာ တော့ ခိုင်သည်အငိုတိတ်သွားတော့သည်။ ဒါပင်မယ့်နှာတစ်ရူတ်ရူတ်နဲ့ပါ ၊

ပြီးကြတော့ရမက်ဘက်သို့လည့်လာပြီး ၊ မယားနဲ့မိန်းမဆိုတာ အေးတူပူမျှလေ ၊
စွဲ ရဲ့ ဒီအပူတွေ အားလုံး ကိုရမက်တယ်တစ်ယောက်ထဲအကုန်ခံလို့မရဘူးလေ ။

ဟုတ်ပါပြီဒါပင်မယ့် ရမက်ရဲ့အခြေနေတွေဘယ်လိုပဲခက်ခဲနေပါစေခိုင့်ကိုတော့ ၊

ရမက်ကအငတ်လည်းမထားသလိုအချစ်လည်းရော့မှာမဟုတ်ဘူး။

သိရဲ့လား ခိုင်အချစ်ဆုံးလေးရဲ့ .....ရမက်ရဲ့ချစ်ရတဲ့လူနှစ်ယောက်ပဲရှိတယ်။

ဘယ်သူတွေလဲဆို‌ပြီးရမက်ကိုလူတွေလာမေးတဲ့အခါ ရမက်မှာ ဖြေစရာ နှစ်ခုပဲရှိတယ်။

ပထမက ရမက်ရဲ့မေမေဖြစ်ပြီး ၊ ဒုတိယက ခိုင်ပဲဖြစ်တယ် ။

ဒီအမျိုးသမီးတွေက ရမက်အချစ်ရဆုံးသော သူတွေပဲ ၊ တတိယက တော့ ကျော်ကိုကိုပဲ။
ထိုစကားတော့ ရမက်သည် သူ့စိတ်ထဲတွင်သာသိမ်းထားလိုက်တော့သည်။

သူ့အမျိုးသမီးက ကျော်ကိုကိုနဲ့ဆိုအရမ်းသ၀န်တိုတက်သည်မဟုတ်လား ၊

"...........;

ဒိလိုနဲ့ရမက်တို့ချစ်လိုက်‌ရမက်ကလည်း ဈေးလေးရောင်းနဲ့အတူနေလာတာဟာအခုဆို

( ၃ ) တောင်ပြည့်လာခဲ့ပြီ ၊ ထိုအချိန်တွင်းမှာ ရမက်တို့သည် စကားလည်း တစ်လေးမျှမများခဲ့သလို ရမက်တို့ဈေးရောင်းတာလည်းအဆင်ပြေနေပြီး ၊ ထိုမြို့ရဲ့ပန်းခြံ အတွင်းတွင် ။

ရမက်ရဲ့ဆိုင်သည်နေရာတစ်ခုကိုရလာသည်။

ဆိုင်အနည်း ပ၀န်းကျင်တွင်လည်း ရမက်နှင့် ခိုင်တို့ကိုမသိသူမရှိသ လောက်ပင် ၊

စွဲ ..... အခုတစ်လောအရမ်အတွေးလွန်တာပဲနော် ၊ ညက ခေါင်းမူးတာက‌ရောပျောက်ပြီလား။

ညက ရမက်ခေါင်းမူးတယ်ဆိုပြီးပြောလိုက်တာကြောင့်ပင် ၊

ရမက်လည်းတွေးနေတာကိုရပ်ပြီး လမ်းဘေးဆေးဆိုင်ကနေဆပ်လာတဲ့ဆေး တစ်ခွက်ကို ၊
ရေနဲ့မျှောချလိုက်ကာ ချစ်ရသူစိုးရိမ်နေမှာစိုးတာကြောင့် ။

ခေါင်းကိုက်တယ်ဆိုတာ အပျော့ပါအချစ်ရဲ့ အချစ်ရဲ့အာဘွားနဲ့တင် ပျောက်တယ်။
အပိုတွေပါ ဆိုပြီး ခိုင်သည်။ သူမ၏လက်ဖြင့် ရမက်၏ခေါင်းကိုထုလိုက်ပြီး၊

ခိုင့်မျက်နှာတွင်လည်း ရှက်တွေးဖြာနေ သည်။

ဒါကိုမြင်တဲ့ရမက်သည်လည်း ခိုင်ရှိသည့်နားတိုးလိုက်ရင်း။

ခိုင့်နှဖူးလေးကိုရမက်နူတ်ခမ်းဖြင့်ဖြေးညင်းစွာနမ်းရှိက်လိုက်ပြီး ၊

ခိုင်.....ရမက်သွားတော့မယ်နော် ချစ်တယ်ခိုင်ရယ်။ ရမက်သည်ထိုသို့ပြောပြီးနောက် ၊
ခိုင့်ကိုတင်းကြပ်စွာဖက်ရင်း။

ဒီနေ့ခိုင်မလိုက်နဲ့တော့နော် ၊ မနေ့ကပင်ပန်းထားတယ်။ဒီနေ့ခိုင်နေခဲ့တော့နော်။

ဟင့်အင်း...."

ခိုင်လည်းလိုက်ချင်တယ်လေ ၊

မရပါဘူးနော် ရမက်ပြောတာပဲနားထောင်ပါချစ်ရသူ။

ခိုင်သည်လည်းမကြေနပ်စွာဖြင့် နူတ်ခမ်းကို ဆူပုတ်နေလိုက်သည်။

ခိုင်....." ရမက်သွားတော့မယ်နော် ၊

အွန်း.....''ဂရုစိုက်သွားနော် စွဲ "

ဟုတ် ၊

ရမက်လည်း လိုအပ်တဲ့ပစ္စည်း တစ်ချို့ကိုလှည်းလေးဖြင့် ၊ ယူလာကာ အတွေးထဲတွင်လည်း။

အော်....ဘာလိုလိုနဲ့ ( ၃ ) လတောင်ပြည့်လာခဲ့ပြီ။

ရမက်လည်းတွေးနေတာကိုရပ်ပြီး ဈေးဆိုင်ကိုဖွင့်ဖို့သာပြင်လိုက်သည်။

ဆိုင်ခင်းပြီးသိပ်မကြာလိုက်ပါ ၀ယ်သူတစ်ချို့သည်ချက်ချင်းပင်တန်းရောက်လာခဲ့သည်။

အားပေးမူတွက်ကျေးဇူးတင်ပါတယ်ရှင့် ၊ နောက်လည်းအားပေးပါအုံးနော်။

လာအားပေးပါ့မယ်ကွယ် သမီးလေးကဈေးရောင်းတာအမြတ်ထပ် ၀ယ်သူကိုပိုဦးစားပေးတဲ့အတွက်နောက်လည်းအောင်မြင်ပါစေကွယ်။

ပေးတဲ့ဆုနဲ့ပြည့်ပါစေ ၊ အခုလိုဆုတောင်းပေးတဲ့အတွက်အဖွားလည်းကျန်းမာပါစေ ၊

ဟုတ်ပါပြီကွယ် အဖွားသွားလိုက်အုံးမယ်ကွဲ့ ။

(ဟုတ် ဖွားဖွား )

ထိုအဖွားကနေ့တိုင်း ရမက်ဆီကမုန့်လာ၀ယ်နေကြပင် ၊

ရမက်နဲ့လည်း ရင်းနီးနေပြီဖြစ်တဲ့ အတွက်အဖွားကိုဆိုပိုပေးနေကြဖြစ်သည်။

...........

အားယိုးယိုး..."

ခါးနာလိုက်တာ ဈေးရောင်းလို့တော့ပြီးပြီ ဆိုင်သိမ်းဖို့တော့ကျန်သေးတယ်။

ရမက်လည်း ဆိုင်သိမ်းဖို့ပြင်ဆင်လိုက်ရင်း....လှည်းရှေ့တွင်ချထားဟောထိုင်ခုံတစ်ချို့ကို
ထပ်ပြီးပြန်လည်ဆင့်ကာ သိမ်းလိုက်ရင်းပစ္စည်းတွေဖယ်ထားတဲ့ လှည်းပေါ်သို့ တင်လိုက်ပြီး။

ပန်းခြံအတွင်းမှထွက်ဖို့ပြင်လိုက်သည် အခုဆိုရင်ရမက်ဘေးပ၀‌န်းကျင်ဟာလည်း မှောင်ရီစပြုနေသည်။ မြန်မြန်သိမ်းမှပါလေတော်ကြာ ခိုင်လွမ်းနေတော့မှာပဲ။

ရမက်တစ်ယောက် လှည်းလေးကိုတွန်းရင်းပန်းခြံထဲကနေထွက်လာခဲ့သည်။

အခုရမက်၏ပုံစံမှာ စွတ်ကျယ်အပွတစ်စုံကို၀တ်ဆင်ထားပြီး ၊တီရှပ်အမည်းကိုထပ်
၀တ်ထားကာ ဘောင်းဘီအရှည်တို့ကိုထပ်၀တ်ထားပြီး ‌ပင်ပန်းသောအလုပ်တစ် ချို့ကြောင့် ရမက်ရဲ့ကိုယ်တွင်‌ချွေးလေးတွေစိုနေပြီး မရှည်မတိုဂုတ်‌ထောင့်ဆံပင်တစ်ချို့ကြောင့်။

ရမက် ၏အခုပုံမှာမိန်းခလေးများကြွေလောက်တဲ့ပုံဖြစ်ပြီး အားကိုချင်စရာလည်းသိပ်ကောင်း၏

ရမက်တစ်ယောက်လှည်းလေးကိုတွန်းပြီး ထွက်လာသည်မှာ အခုဆိုရင်။

ပန့်ခြံအပြင်သို့ရောက်လာခဲ့သည် ၊

ထိုချိန်မှာပင် ...."

မိုးသည်ရုတ်တစ်ရက်ရွာချလာတော့သည်။

ဟာ....သွားပါပြီ ၊ ဂွမ်းတာပဲမိုးကရွာချလာပြန်ပြီ။

ဘယ်လိုလုပ်ကြပါ့မလဲ ၊ ရမက်လည်း စိတ်ပျက်စွာဖြင့် ညီးညူလိုက်မိသည်။

ထိုအချိန်မှာပိုဆိုးလာခဲ့သည်မှာ မနက်ကသက်သာလာတဲ့ခေါင်းကယခု တော့
မနက်ကထပ်ပင် ပို၍ကိုက်လာခဲ့လေသည်။

ဘယ်လို လုပ်ရတော့မလဲ ဆေးကလဲမပါလာဘူး ၊ ခိုင်လည်းစိတ်ပူပြီးလိုက်လာအုံးမယ်။

ရမက်လည်းလှည်းကို ပန်းခြံအနီးတစ်ခုမှာထားခဲ့ပြီး မိုးခိုလို့ရတဲ့နေရာလေးတစ်ခုမှာ၀င်ခိုလိုက်ပြီး၊ခဏတစ်ဖြုတ်ထိုင်နေဖို့ပြင်လိုက်သည်။

ထိုအချိန်မှာပင် ....ရုတ်တစ်ရက်ခေါင်းကပိုပိုကိုက်လာခဲ့သည် ၊မနက်ကထပ်ပင်ပိုပြီးအဆပေါင်းများစွာပို၍ပင်ကိုက်လာခဲ့ပြီး။

လက်ထဲမှာလည်းဆေးမပါလာတာကြောင့် ပို၍ပင်ခေါင်းကိုက်လာခဲ့သည်။

ခေါင်းမူးနေတာကြောင့်ဘာလုပ်ရမှန်းမသိတော့ပဲ စိုရွဲနေတဲ့အ၀တ်စားတွေကြောင့်ရမက်သည်

ဒီတောင်ကိုမကျော်နိုင်တော့ပဲ ၊အရူံးပေးလိုက်ရတော့သည်။

ဘုန်း....!!

တိတ်ဆိတ်လှတဲ့ပ၀န်းကျင်တွင် ရုတ်တစ်ရက်အသံတစ်ခုသည်ကျယ်လောင်စွာထွက်လာတော့သည်။

ထိုအသံနဲ့အတူမိန်းခလေးတစ်‌ယောက်ဟာ မြေကြီးပေါ်သို့ပြုတ်ကြသွားခဲ့သည်။

သူကတော့အခြားသူမဟုတ် ရမက်သာဖြစ်သည်။

"...........'

ကိုကို နင်ရောက်နေတာကြာပြီလား ...."

ဖူးတစ်ယောက် အကိုဖြစ်သူ ကျော်ကိုကိုသူမဆီလာတာကြောင့်၀မ်းသာနေသည်။ သူကိုကိုလို့ခေါ်ရသည်မှာလဲ ဖူး၏မိဘတွေကြောင့်ပင်ငယ်စင်ထဲက သူကဖူးထပ်ငယ်တာမှန်ပင်မယ့်အကိုတစ်ယောက်လိုပဲဆက်ဆံရမယ်ဆိုလို့ခေါ်ရင်းကနေနူတ်ကျိုးနေခဲ့တဖြစ်သည်။
ကိုကိုကတော့နှစ်ယောက်ထဲရှိချိန်မခေါ်ဖို့ပေ​ပြင်မယ့်လည်းနူတ်ကျိုးနေတာဆိုတော့ပြင်ဖို့ခက်နေတာနဲ့ပဲ ၊ သူ့ကိုအကြီးဖြစ်ထားလိုက်တော့သည်။

နင်ငါ့ဆီလာတာလား နင့်ချစ်ချစ်ဆီလာတာလား ၊ ဖူးကမေးလိုက်တော့

ဧည့်ခန်းထဲကဆိုဖာခုံပေါ်မှာထိုင်နေသည့် ကိုကိုက ၊

"ဘယ်သူ့ဆီမှလာတာမဟုတ်ဘူး ငါအပြီးပြောင်းလာတာ ..."

ထိုစကားကြားတော့ညီမဖြစ်သူဖူးပွင့်သခင်သည် အံ့အောနေသည့်ပုံစံဖြင့် ၊ အရင်ကဆိုလာနေဖို့ကို အာပေါက်မတပ်ပြောနေရတဲ့ကိုကိုက အခုကြတော့အပြီးပြောင်းလာတယ်တဲ့လား။ဖူးလည်း ...တွေးစစဖြင့်သာတွေးတောနေရင်း ၊

ဟဲ့နင်ဘာတွေငေးနေတာလဲ ငါခေါ်နေတာလဲပြန်မထူးဘူး ငါလည်းရထားစီးနေရတာနဲ့ပဲ ဒီကိုရောက်တာနောက်ကြသွားတယ် ၊အခုနင့်ကိုမေးချင်တာတွေရောသိချင်တာတွေရောအများကြီးပဲ။

နင်တန်းစီးပြီးဖြေဖို့ပြင်ထားအုံး ..."

အင်းပါကိုကိုသာဆက်တိုက်မမေးနဲ့ ၊

ငါမေးချင်တာတစ်ခြားတော့မဟုတ်ပါဘူးရမက်တို့ကိစ္စပါ ၊သူအဆင်မှပြေရဲ့လားလို့ငါသိချင်တာ။

သိချင်တာများနင်ကိုတိုင်သွားမေးပေါ့ကိုကိုရဲ့ .."

ငါမေးလို့မရလို့ပေါ့ရမက်ရဲ့ကြင်သူဇနီးတီချယ်ခိုင်က ရမက်နဲ့ငါ့ကိုဆိုသ၀န်တွေအရမ်းတိုတာ ပြသနာမဖြစ်ချင်တာရယ် ၊ ငါလည်းအခုမှရောက်တာဆိုတော့ရမက်ကိုပြသနာတက်စေလိမ့်မယ်။

နင်ပဲပြောပြစမ်းပါဟယ်.."

အင်းပါ ဖူး‌ဖြေပါ့မယ် ၊

အမယ် ...နင်ဘယ်တုန်းက နမည်တွေဘာတွေတပ်ပြီးပြောတက်လာတာလဲ။

ကဲပါအဓိကအကြောင်းရာကိုပဲပြောကြတာပေါ့။ အေးပါနင့်သဘော ၊

ရမက်တို့ကအဆင်ပြေနေပါတယ်ဒီ ( ၃ ) လအတွင်အချင်းချင်းလည်းသိပ်ချစ်ကြပြီး ၊စကားတောင်တစ်ခါမျှများဘူး။

ဖူးတောင်အားကြတယ် ရမက်တို့ကို ၊

ညီမဖြစ်သူပြောတဲ့ စကားကိုကြားတော့ ကိုကိုကြည်နူးပြီး၀မ်းသာမိတယ် ။သူ့သူငယ်ချင်းဖြစ်သူရမက်ကအခုလို တီချယ်ခိုင့်အပေါ်သစ္စာရှိရှိနဲ့ချစ်ပေးလို့သူလည်း၀မ်းသာမိတယ်။

ကြည့်ရတာရမက်ကတီချယ်ခိုင့်ကို တစ်ကယ်ချစ်မိတာထင်ပ့ ၊

ဒါဆိုရမက်ကအခုချိန်လောက်ဆိုဘယ်နားမှာရှိနေလဲ ၊

ဖူးသည် ကိုကိုအမေးကိုဖြေဖို့အတွက် လက်ထဲကနာရီဆီအကြည့်တစ်ချက်ပို့လိုက်ကာ ၊

ရမက်ကအခုချိန်ဆိုရင် သူပန်းခြံမှာပဲရှိလောက်အုံးမယ် ဆိုင်‌တော့သိမ်းနေလောက်ပြီ။

အော်ကိုကိုသိပြီးပြီးလား ဖူးဟျုတစ်ခေါက်ကဖုန်းဆက်ပြီး ပြောတဲ့ဟာ။

သိပြီးသားလေ ရမက်ဈေးဆိုင်လေးဖွင့်မယ် ဆိုတာ နင်တို့တွက်ထူးဆန်းနေမယ်ဆိုပင်မယ့်ငါကအရင်ထဲကခန့်မှန်းပြီးသား သူဟင်းချက်၀ာသနာပါထဲက။

ထားပါ အခုသွားကြစို့ မဟုတ်ရင်သူနဲ့ လမ်းလွဲသွားအုံးမယ် ၊

အွန်းသွားကြတာပေါ့ ၊ ဖူးတို့လည်း ရမက်နဲ့တွေ့ချင်တဲ့အတွက် ရမက်ရှိရာဆီသို့ ထွက််လာခဲ့သည်။

.........

ထိုအချိန် လမ်းတစ်၀က်အရောက်မှာ မိုးဟာရုတ်တစ်ရဆိုသလိုရွာချလာခဲ့သည်။
တော်သေးတယ်လို့ပဲဆိုရမလား ၊ ညီမဖြစ်သူ ဖူးပွင့်က ထီးယူလာလို့ တော်ပါသေးရဲ့။
ကိုယ့်ရဲ့ပင်ကိုယ်စရိုက်အရဆိုထီးကိုင်ရမှာသိပ်ပျင်းတာ။

"ကိုကို့ ...!!

ဟိုမှာ... ဖူးသည်အကိုဖြစ်သူကို လှမ်းခေါ်ပြီးသည်နှင့် ချက်ချင်းပင်တစ်နေရာကိုပြေးသွားခဲ့သည်။

ကိုကိုတစ်ယောက်အတွေးလွန်နေတုန်းမှာ ဖူးပွင့် ရဲ့ခေါ်သံကြောင့် ဖူးပွင့်အော်တဲ့ဘက်သို့လည့်ကြည့်လိုက်စဉ်။

ဟင် ....ကိုကိုမြင်လိုက်ရသည်မှာ မိုးရေထဲတွင်အ၀တ်တွေစိုရွှဲနေပြီး မြေကြီးပေါ်လဲကြနေတဲ့ သူငယ်ချင်းဖြစ်သူ ရမက်ကိုမြင်လိုက်ရတာကြောင့် သူလည်းဘဲ ထိုနေရာသို့ပြေးသွားလိုက်သည်။

ကိုကို...ရမက်လဲကြနေတာကြာပြီထင်တယ် ၊ သူ့အသားတွေက အေးစက်နေတာပဲ။

ညီမဖြစ်သူပြောတဲ့စကားကြောင့် ကိုကို ရမက်ရဲ့ အသားကိုကိုင်ကြည့်လိုက်ရာ။

သွားပြီ ကျော်ကိုကို ကသူ၏နူတ်ကနေထိုသို့ ပြောကာ ရမက်၏ ကိုယ်ကိုသူ့လက်ဖြင့်မလိုက်ပြီး ဖူးပွင့် ငါတစ်ယောက်ထဲဆေးခန်းကိုသွားမယ် ၊နင်ကရမက်တွက်လိုအပ်တာတွေ၀ယ်လာခဲ့ ၊

ဘာတစ်ခုမှမကျန်စေနဲ့နော် ရမက်တစ်ခုခုဖြစ်ရင်နင်မလွယ်ဘူး။

ညီမဖြစ်သူကိုကြိမ်းသွားကာ အနီးနားရှိ သုံးဘီးလှည်းလေးနဲ့အတူ အနီးနားကဆေးရုံဆီသို့ထွက်လာခဲ့သည်။

ရမက်ရယ်ငါနဲ့မတွေ့တဲ့အချိန်တွင်း နင်ဘာတွေဖြစ်ခဲ့တာလဲ ငါစိတ်တွေပူလိုက်တာ ၊

ကိုကိုလည်း စိတ်တွေပူပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်လို့နေလေသည်။

တူလေးဆေးရုံရောက်ပြီကွဲ့ ...."

ဟုတ်ကဲ့ပါအဘ ကျေးဇူးပါပဲဒီမှာပိုက်ဆံပါဗျ ၊

အေးပါကွယ် ....."

ထိုအဘပြောသံတောင်မဆုံးလိုက်ပါ ဆေးရုံရောက်ပြီဆိုတာနဲ့အဘကို ပိုက်ဆံပေးကာဆေးရုံထဲသို့ ရမက်ကိုချီပြီးထွက်လာခဲ့တော့သည်။

ရမက်နင်သတိလေးတော့ထားပါအုံးနော် ၊ သူအခုလိုခေါ်လည်းရမက်ကနိုးလာမှမ ဟုတ်မှန်းသူသိသည်။

သို့ပင်မယ့်လည်း ရမက်ကိုတော့သူဘယ်နည်းနဲ့မျှရမက်ကိုလက်လွှတ်မခံနိုင်ပါ ၊

သူ့ဘ၀တွင်သူငယ်ချင်းတစ်ဦးရှိသည် ထိုသူငယ်ချင်းးကလည်း ရမက်တစ်ယောက်ထဲသာဖြစ်သည်။

ငယ်စင်ဘ၀ထဲကပေါင်းလာသူမို့ ပိုပြီးတော့ခင်သွယ်သည် ရမက်ဟာသူ့အတွက်တော့ သူ့ညီမလေးအရင်းတစ်ယောက်လိုကိုချစ်တာကြောင့် ကိုကို့အနားကထွက်မသွားပါနဲ့ညီမလေးရာ။

ကိုကိုသည် ငိုဖို့ပင်မေ့နေသလို ဆေးရုံထဲ၀င်လိုက်တာနဲ့ တွေ့တဲ့ဆရာ၀န်တစ်ဥိးကို ငိုယိုပြီး အကုညီတောင်းတာမြင်တော့ ဆရာ၀န်ဟာသနားသလိုကြည့်ပြီး ရမက်ကိုတွန်းလှည်းတစ်ခုပေါ်တင်ကာ အခန်းတစ်ခုဆီသို့ခေါ်သွားခဲ့သည်။

ကိုကိုလည်း စိုးရိမ်စိတ်ဖြင့်လိုက်၀င်ဖို့လုပ်ရာ ၊

၀င်လို့မရပါဘူးဗျ .... အပြင်မှာစောင့်နေပေးပါ "

ဆရာ၀န်ကထိုသို့ပြောပြီး အခန်းထဲသို့ပြန်၀င်သွားသည်။

ကိုကိုလည်းထိုအနီးနားမှာရှိတဲ့ထိုင်ခုံလေးတစ်ခုမှာ၀မ်းနည်းစိတ်တို့နဲ့အတူ ၊
ခြေပြစ်လက်ပြစ်ထိုင်ခြလိုက်တော့သည် ၊

ပြီးနောက် အတွေးထဲတွင်လည်း ရမက်နဲ့သူအတူပျော်ခဲ့အမှတ်တရတစ်ချို့ကို ပြန်လည်းတွေးတောနေတုန်း။

ဒီကအကိုက ...."

ရုတ်တစ်ရက်ထွက်ပေါ်လာတဲ့အသံကြောင့်မော့ကြည့်မိရာ ၊

အော် ဆရာ ဟုတ်ပြောပါဗျ ၊ လူနာရဲ့အခြေကရောသက်သာရဲ့လား၊

ဟုတ်ကဲ့ ဒီကအကိုက လူနာရဲ့အုပ်ထိန်းသူလား ၊ အုပ်ထိန်းသူတော့မဟုတ်ပါဘူး လူနာရဲ့သူငယ်ချင်းပါ။

လူနာရဲ့အုပ်ထိန်းသူကရော ရှိလားဗျ လူနာနဲ့ပက်သက်ပြီးပြောစရာရှိလို့ခင်ဗျ။

"ကိုကိုလည်း အနည်းငယ်တွေးလိုက်ပြီး..."

လူနာကမိဘမဲ့ပါတစ်ယောက်ထဲဖြစ်နေတာမို့အုပ်ထိန်းသူမရှိပါဘူး။

ကျွန်တော်ကသူ့သူငယ်ချင်းအရင်းပါ သူ့အကြောင်းကိုပြော

ပြလို့ရပါတယ်။

ဆရာ၀န်က အနည်းငယ်ညိုးငယ်သောမျက်
နှထားဖြင့်သာ သက်ပျင်းချလိုက်ပြီး ၊

အင်း..."

ပြောရမှာတော့စိတ်မကောင်းဘူးဗျာ ....."

..........

ရမက်ရယ် နင်ရူးလိုက်တာပြောတော့ငါကနင်အခင်ဆုံးသူငယ်ချင်းဆို အခုကြငါကသူစမ်းလိုပါပဲလား။

အခန်းတစ်ခုရဲ့ကုတင်ပေါ်တွင် ဆေးရုံအ၀တ်စားနဲ့အတူ ဆေးရုံကုတင်ပေါ်တွင်လှဲလှောင်းနေတဲ့ရမက်ကိုကြည့်ပြီး သူ့ရင်ထဲကမကြေနပ်ချက်တွေကို ရင်ထဲမှာမသိမ်းထားဘဲထုတ်ပြောလေတော့သည်။

သူ‌ပြောသမျှကိုလည်း ကြားနေရတဲ့လူရှိသည်ထိုသူကတော့အခြားမဟုတ် ရမက်သာဖြစ်သည်။

ရမက်သည်မေ့လဲတယ်ဆိုပင်မယ့်အသိတော့ရှိနေသေးသည် သူ့လဲကြပြီးခဏနေတော့ကျော်
ကိုကိုတို့မောင်နှမရမက်နားရောက်လာတာကို သူတို့အသံကနေတဆင့်သိနိုင်သည် ၊ ရမက်တို့ကငယ်ပေါင်းတွေမဟုတ်လား။

သူတို့အချင်းချင်းဆားပုလင်းနှင်းမောင်လုပ်ပြီးမှရမက်ကိုဆေးရုံပို့တာကအစ ရမက်ကသိလို့နေလေသည် ၊ ထိုထဲတွင်သိလိုက်ရတဲ့ထဲမှာ ရမက်၏ရင်ကိုမြား တစ်ဆင်းစိုက်သွားသလိုခံစားရသည်။

ဆရာ၀န်ပြောလိုက်တဲ့စကားကအစရမက်ကြားခဲ့ရသည် ၊ ဒါပင်မယ့် မျက်လုံးကတော့ဖွင့်လို့မရပါ။

ဒါ့ကြောင့်ပဲသတိမရတဲ့ကြားကနေ မျက်ရည်ကြည်လေးဖြတ်သန်းသွားတာကိုတော့ ကျော်ကိုကိုမြင်လိုက်မယ်မထင် ၊

ထိုအချိန်မှာပင် ကျော်ကိုကိုတစ်ယောက်အတွေးတစ်ခု၀င်လာပြိး နူတ်ကနေလည်း ၊

အော်...မေ့တော့မလို့ တီချယ်ခိုင့်ကိုအသိပေးရအုံးမှာပဲ။

တော်ကြာမလိုလားအပ်တာတွေဖြစ်ကုန်မယ် ကိုကိုလည်းဖုန်းဆက်ဖို့ပြင်လိုက်စဥ် ၊

'မခေါ်ပါနဲ့ .... "

တစ်ချိန်လုံးမေ့နေတဲ့ရမက်ဟာသူ့ချစ်သူနဲ့ကြမှသာ နိုးလာခဲ့တော့သည်။

ရမက်နင်နိုးပြီလား ၊အင်း....."

နိုးပြီ အားကျွတ်ကျွတ် နာလိုက်တာ

ရမက်သည်သက်သာတယ်တယ်ဆိုပြီး ရုတ်တစ်ရပ်ထ ထိုင်လိုက်တာမို့ နာသွားရသည်။

ဖြေးဖြေးလုပ်ပါရမက်ရဲ့ ၊

ရမက် ....." နင်တီချယ်ခိုင့်ကိုမသိစေချင်ဘူးလား။

ကိုကိုမေးလိုက်သည်နှင့်ရမက်မျက်နှာသည်အနည်းငယ်ညိုးနွမ်းသွားပြီး။

'အင်း ....." မသိစေချင်ဘူး မလိုအပ်ဘဲစိတ်မပူစေချင်လို့ ၊

ရမက် နင်ဒီလိုပြောထဲက ဆရာ၀န်ပြောတာကိုနင်လည်းကြားပြီးပြီဆိုတာငါသိတယ်။

နင်ကတော့လေအမြဲကြိုသိနေတော့တာပဲ ငါဘာမှကိုဖုန်းလို့မရဘူး ၊

ပြောရင်းနဲ့ပင်ရမက်ကရီသည် ဒါကိုမြင်တော့ ကိုကိုက။ ငါတို့ပြောတဲ့ထဲရီစရာမပါဘူးလေရမက် နင်သိတာကြာပြီလား ၊

ကျော်ကိုကိုသည် ရမက်ထိုင်နေဘက်သို့လည့်ရင်းမေးလိုက်ခြင်းဖြစ်သည်။

ဟင့်အင်း ငါမသိခဲ့ဘူး ၊ အခုမှသာသိခဲ့ရတာ"

ဒါဆို ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ တီချယ်ခိုင့်ကိုမပြောဘဲ ဖြစ်ရဲ့လားရမက်။

"ကျော်ကိုကိုပြောလိုက်တဲ့စကားကို ရမက်ကပြုံးရင်းပြန်ဖြေလေသည် "

ဖြစ်တာပေါ့ ငါတော့ခိုင့်ကိုမသိစေချင်သလို ဒိလိုအရာမျိုးကြောင့်လဲခိုင့်ဘ၀ကိုမနစ်မွန်းစေချင်ဘူး။

ခိုင့်လိုလူကအချစ်ခံရတာနဲ့ပဲတန်တာဟ ၊ ရမက်ကတစ်နေရာကိုငေးရင်းတွေးစစဖြင့်ထိုစကားကိုပြောလိုက်ချင်းဖြစ်သည်။

ကျော်ကိုကိုကတော့သူငယ်ချင်းဖြစ်သူကိုနားမလည်စွာဖြင့် မျက်မှောင်ကျုပ်ရင်းကြည့်နေတုန်း ၊

ကျော်ကိုကို နင်ငါ့ကိုတစ်ခုကူညီပါလား ‌ ၊ ငါဘာကူညီရမလဲ ရမက် ..."

..........''

ကိုကို ညီမလေးရောက်ပြီ ရမက်အတွက်အ၀တ်စားတွေလည်းပါ....."

အယ် ..... ရမက်ကနိုးနေပြီလား ၀မ်းသာလိုက်တာရမက်ရယ် ဖူးကစိတ်တွေပူနေတာ ၊

သိပ့ ဒီမှာမမဖူးရဲ့အကိုပေါ့မမဖူးရဲ့အတင်းတွေလာတုတ်နေတာ။

ကိုကို နင်အကျင့်မကောင်းဘူးဟာ ဘာလို့ငါ့အတင်းတုတ်နေတာလဲ နင်အာ့လောက်မိန်းမဆန်ဖို့မလိုပါဘူးဟာ။

အရူးလေး ...."

သူပြောတိုင်း ယုံစရာလား ၊ ငါကအတင်းမှမတုတ်တက်တာ "

မောင်နှမနှစ်ယောက်စကားပြောရန်ဖြစ်နေတာကိုကြည့်ပြီး ရမက်သည်နူတ်ခမ်းတွန့်ယုံမျှပြုံးလိုက်ရင်း။

နင့်ကိစ္စ ပြီးရင်လည်းငါ့ကိုအိမ်ပြန်ပို့အုံး ၊ အော်ဟုတ်သားပဲ "

ဒါဆိုနင်အ၀တ်စားလဲလိုက်လေ ငါတို့ပြန်ကြမယ်

အွန်း ....."

ရမက်လည်း ကုတင်ပေါ်ကနေထဖို့လုပ်တော့အနည်းငယ်ယိုင်သွားခဲ့သည် ၊ ဒါကိုမြင်သည့် မမဖူးက ရမက်လက်ကို၀ိုင်းတွဲရင်း အ၀တ်စားကူလဲပေးလေတော့သည်။

ခဏနေကြအ၀တ်စားလဲပြီး မမဖူးယူလာသည့်မုန့်အချို့ကိုလည်းအတူစားကာ ဆေးရုံကဆင်းဖို့ပြင်ရတော့သည် ၊

ဆေးရုံဆင်းဖို့ကဆရာ၀န်ဟာခွင့်မပြုတာကြောင့်လူနာရှင်ရမက်ကိုယ်တိုင်ပြောလိုက်တော့မှဆရာ၀န်ဟာရမက်ကို ညိုးငယ်သောမျက်နှာဖြင့်သာကြည့်ရင်း လူနာရှင်သဘောပါဆိုပြီးဆေးရုံကဆင်းခွင့်ပြုလိုက်လေရာ ရမက်လည်း၀မ်းသာသွားခဲ့ပြီး။

ပြီးနောက်တစ်ခုခုကိုပြန်တွေးမိသွားဟန်ဖြင့် ရမက်၏မျက်နှာသည်ညိုးနွမ်းသွားခဲ့သည်

ဖြစ်ဆင်အစဆုံးကိုမြင်တဲ့ကျော်ကိုကိုကလည်း ရမက်နဲ့ထပ်တူစိတ်မကောင်းဖြစ်နေလေသည်။

သွားကြရအောင် ရမက် ၊ ကျော်ကိုကိုနဲ့အတူ ရမက်တို့သည် မမဖူးငှားလာသည့် သုံးဘီးလေးဖြင့်သာ ရမက်အိမ်သို့ပြန်လာခဲ့သည်။

မမဖူးကတော့ လမ်းတစ်၀က်အရောက်မှာ ပန်ခြံအနီးမှာကျန်ခဲ့တဲ့ရမက်၏လှည်းကိုသိမ်းပေးမယ်ဆိုပြီး ကျန်ခဲ့လေတော့သည် "

ခဏကြာတော့ ရမက်သို့အိမ်ရှေ့ကိုရောက်လာခဲ့သည်။

ရမက်အိမ်ထဲ၀င်ကြရအောင်လေ ...."

လှည်းပေါ်ကနေဆင်းခါနီးမှာ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ရမက်ကိုတွဲကာအိမ်ထဲသို့၀င်မယ်အလုပ် ၊

အော် ...မင်းကဒီမှာသာယာနေတာကို တို့ကတော့စိတ်ပူပြီးလိုက်ရှာလိုက်ရတာ။

အိမ်အပြင်ကနေထွက်လာတဲ့အသံကြောင့်ကျော်ကိုကိုရောရမက်ရောလှည့်ကြည့်မိရာ ၊ ထီးဆောင်းထားလို့အပေါ်ပိုင်းရေမစိုပင်မယ့်ထီးမဆောင်းထားတဲ့အောက်ပိုင်းတစ်ခုလုံးဟာစိုရွှဲနေပြီး ရမက်တို့ဘက်ကို နူတ်ခမ်းကိုတွန့်ချိုးထားပြီးခနဲ့တဲ့အပြုံးလေးဖြင့်ပြောနေတဲ့ခိုင့်ကြောင့် ၊

ရှင်းပြဖို့ပြင်လိုက်ပြီး ၊ နောက်မှ တစ်ခုခုကိုသတိရသွားပြီး။

ရမက်နောက်ကြောတွင်ရှိသည့်ခိုင့်ကိုကြောပေးလိုက်ကာ ၊

စွဲ ရဲ့အခန်းထဲကိုပို့ပေးပါလား ကိုကို " ချွဲသံလေးနဲ့ပြောလာတဲ့ရမက်ကြောင့်အစကကြောင်သွားပင်မယ့် နောက်တော့ ၊ ကိုကိုပို့ပေးပေါ့ စွဲလေးရဲ့ဆိုကာ နှစ်ဦးသားအိမ်ထဲ၀င်သွားလေတော့သည်။

ထိုသည်ကိုမြင်လိုက်ရတဲ့ခိုင်ဟာ မီးဟုန်းဟုန်းတောက်နေတဲ့မျက်၀န်းတစ်စုံဖြင့်စိုက်ကြည့်ရင်း ၊

"မင်းဘာလို့တို့အပေါ်အခုလိုလုပ်ရတာလဲ စွဲ ရယ် ...."

နောက်ဆုံးအဖျားခပ်အသံသည်တုန်ခါနေပြီး ၊ မျက်နှာလေးညိုးငယ်စွာဖြင့်သာ။

သူ့အရှေ့တွင် စွဲ ၏ခါးလေးကိုကိုင်ရင်း ထွက်သွားတဲ့ လူနှစ််ယောက်ကိုကြည့်ပြီး မျက်၀န်းအိမ်မှမျက်ရည်များကြလာသည် နူတ်ခမ်းကတော့ပြုံးလျှက်ဖြင့်သာ ၊

သူ့ကို စွဲ... ကဥပက္ခာပြုသွားခဲ့သည်မဟုတ်လား။

Chan...🌷🧾

Comment