အပိုင်း (၂)

အပိုင်း ၂

အပိုင်း ၂

ဘုန်း...!!!

မင်းတို့ ကိုစာသင်ဖို့ တီချယ်တစ်ယောက်လုံးအရှေ့မှာရှိနေတာတောင် ၊ စကားကပြောလို့မပြီးကြသေးတာလား။

ဟမ်..!!

ဒေါ်ခိုင်ရွေဇင်မြင့် ရဲ့အော်သံတစ်ချက်မှာမှ ကျောင်းသားတွေဟာ အသံတိတ်ကုန်သည်။

တီချယ်ဒီကိုလာတာစာသင်ဖို့ မင်းတို့အတင်းပြောတာတွေကိုနားထောင်ဖို့မဟုတ်ဘူး။

တီချယ်နမည်တွေခေါ်မယ်တစ်ယောက်ချင်းဆီထူး

ခိုင် အတန်းထဲစဝင်လာတာနဲ့ ဆရာမတစ်ယောက်ရှေ့မှာရှိနေတာတောင်စကားများနေကြတဲ့ကျောင်းသူကျောင်းသားတွေကြောင့် ၊ အော်လိုက်မိသည်။

"ဆ..ဆရာမ"

|  No.. အာ့လိုမခေါ်နဲ့

တို့ကို တီချယ်လို့ပဲခေါ် ကြ မင်းတို့အားလုံး

"ဟုတ်..ဟုတ် "

ဒီလောက်ဆူနေတာတောင်စကားများနေကြသေးတဲ့ကျောင်းသူကျောင်းသားတစ်ချို့ကြောင့် အနည်းငယ်ဒေါသထွက်မိသည်။

တီချယ် သားတို့ကို တီချယ့်နမည်ပြောရအုံးမယ်လေ..”

မင်းတို့ဒီလောက်စပ်စုတက်တာ တီချယ့်
နမည်ကိုလည်းသိပြီးပြီ မဟုတ်လား ၊ ဘာမှမိတ်ဆက်နေစရာမလိုဘူး။

ခိုင်ပြောတာအမှန်ပင်ကျောင်းသူကျောင်းသားတွေက ခိုင်မရောက်ခင်ထဲက စကားတွေများနေကြပြီး ၊ ခိုင့်အကြောင်းပြောနေကြတာမို့ ​သူတို့ကိုဆူလိုက်ရသည်။ ပထမဆုံးရက်မှာတင်.."

"ကဲ..စာအုပ်သာထုတ်ကြ ​တီချယ် သင်မှာ.. "english စာပဲ တီချယ်ကမင်းတို့အတန်းပိုင်ဆရာမ မလေးမစားလုပ်ရင်ဆုံးမပိုင်ခွင့်အပြည့်ဝရှိတယ်။

"အခုတော့ စာပဲသင်ကြမယ်.."

"တီချယ်.."

ပြောပါ ခလေးမ

ဟို..အတန်းရဲ့ မော်နီတာကိုမရွေးတော့ဘူးလား ဟင်။

ခိုင် စားပွဲမှာထိုင်ပြီး စာသင်ဖို့စာအုပ်ထုတ်နေချိန်....ခလေးမတစ်ယောက်ဆီကအသံကြားလို့ ၊ စာကြည့်တဲ့အခါမျက်စိမထိအောင်တက်ထားတဲ့မျက်မှန်လေးရဲ့မျက်ဝန်းအောက်ကနေ ၊ မျက်လွှာလေးကိုပင့်ကာ။

"အသံလာရာဘက်သို့ကြည့်လိုက်စဥ်.. "

"ဟင်..ဟိုခလေးမ "

"အယ်.. ငါ့ကိုဟိုနေ့က ကားနဲ့တိုက်တာ
ငါတို့ရဲ့ ​ဆရာမပေါ့။

ရမက် ဆရာမအသစ်လာတာမို့ ဘယ်သူများလည်းဆိုပြီးမစပ်စုချင်ပါဘူး ၊အဓိ့ကက ဆရာမအသစ်ကစာအသင်ပြကောင်းနေရင်ရပြီမို့မစပ်စုဘဲစာအုပ်ကိုဖတ်နေရာ ခင်သန္ဒာ ရဲ့ခေါ်သံကြောင့်။

ရမက်..ဆရာမစားပွဲနားကိုလှမ်းကြည့်လိုက်စဥ်..
ရမက်ကျောင်းမတက်ခင်က ဖတ်စာအုပ်တစ်ချို့သွားယူတုန်းက ရမက်ကိုကားနဲ့တိုက်တာ ၊ ငါတို့ကျောင်းဆရာမပေါ့။

ဆရာမက ရမက်ကိုမြင်သွားလို့ထင်တယ်ရမက်ကိုစိုက်ကြည့်တာမို့ ရမက်လည်း စာအုပ်တစ်အုပ်နဲ့ကွယ်လိုက်ရသည်။

ခိုင်လည်းအသံလာရာဘက်သို့ကြည့်လိုက်
စဥ် စကားလှမ်းပြောတဲ့ကောင်မလေးဆီ
အကြည့်မရောက်ပဲ ၊ ပြတင်းပေါက်နားလေးမှာထိုင်ပြီး စာဖတ်နေတဲ့ခလေးမဆီ မျက်စိကအကြည့်ရောက်မိတဲ့အခါ ၊ ကိုယ်ကလည်းသူ့ကိုကြည့်နေချိန် ၊ သူကလည်းကိုယ့်ကိုပြန်ကြည့်တော့ ရှက်မလိုလိုဖြစ်သွားပင်မယ့်။

ထိုခလေးမက... ဟိုနေ့က ခိုင့်ရဲ့ကားနဲ့တိုက်မိသွားတဲ့ ခလေးမလေးပဲ။

ခိုင်အံ့အောတဲ့မျက်လုံးနဲ့စိုက်ကြည့်နေတာကိုမြင်သွားလို့ထင်ပ့ ၊ ခိုင်ရှေ့ကထိုခလေးမက

မျက်လွှာကိုချပြီးစာအုပ်ကိုပဲပြန်ဖတ်လို့နေလေသည်။

ခိုင်လည်းစာသင်ရမှာရှိနေသေးလို့ ခန္ဓာကိုယ်ကိုမတ်အောင်ထိုင်ခုံမှာပြန်ထိုင်ပြီး။

မော်နီတာရွေးတာက လိုအပ်လို့လား..

အရင်ဆရာမတုန်းကလည်း မော်နီတာရွေးလို့ပါ

" တီချယ်.."

ကဲ..ဟုတ်ပြီ ၊ မုန့်စားကျောင်းဆင်းပြီးရင်

"တီချယ်ရွေးပေးမယ် "

ဟုတ်ကဲ့ တီချယ်

အခုတော့ နမည်အရင်ခေါ်မယ်နော်

ခိုင် လည်းကျောင်းသူကျောင်းသားတို့ရဲ့ နမည်
စရင်း စာအုပ်ကိုကိုင်ကာ။

မင်းကျော် ၊ ရှိပါတယ်တီချယ်

အောင်အောင်ဦး ၊ ရှိပါတယ်တီချယ်

ဇော်လင်းကို ၊ ရှိပါတယ်တီချယ်

.....

ကဲ မိန်းခလေးတွေဘက် ယောက်ကျားလေးတွေကတော့ကျောင်းတက်မှန်တယ် ၊ မိန်းခလေးတွေဘက်ကိုပဲကြည့်ရတော့မယ်။

မော်မော်သွန်း ၊ ရှိပါတယ်ရှင့် တီချယ်

ခင်သန္ဒာ ၊ ရှိပါတယ်ရှင့် တီ..ချယ်

သီရိချို ၊ ရှိပါတယ်တီချယ်

*ဟင်.. ဒါလူနမည်လား ခိုင် ကျောင်းသူတွေရဲ့
နမည်ဖတ်နေချိန် ၊ ကောင်မလေးတစ်ယောက်ရဲ့

အနည်းငယ် ရင်ဖိုသွားမိတယ်။ နမည်လေးက ရမက်စွဲတဲ့ "

ရမက်..စွဲ ၊ ရှိ..ရှိပါတယ်ဆရာမ။

နမည်လေးကအထူးဆန်းမို့ ဘယ်သူ့နမည်လဲဆိုပြီး လိုက်ကြည့်မိစဥ်..  ပြတင်းပေါက်နား ၊ အစောကခလေးမလေးက လက်လေးထောင်တာမြင်တော့ ခိုင့်မှာထပ် အံ့အောရပြန်သည်။

သူလေးက နမည်လေးလည်းဆန်းသကိုး

ခိုင့်ရဲ့စိတ်ထဲ ထိုနမည်လေးကိုအထပ်ထပ်ခါခါခေါ်မိနေလေသည်။

"ရမက်စွဲ..ရမက်စွဲ "*

*အတော်လှတဲ့နမည်လေးပါ *

ဒါနဲ့....တီချယ်လို့ခေါ်ပါလို့ပြောထားတယ်လေ ရမက်စွဲ ၊

ဟို...သမီးကလေ..အရင်ဆရာမတွေထဲကခေါ်နေကြမို့ပါ ၊နူတ်ကျိုးနေတာမို့။

ကဲထားပါလေ ခေါ်နေကြဆိုလည်းတီချယ်မတားတော့ပါဘူး ဒါပင်မယ့် တီချယ့်ကိုတော့အများနဲ့တူတာခေါ်လို့မရဘူးနော် ခလေး..”

ရှင်...”

သမီးရဲ့နမည်မခေါ်ပါဘူးကွယ် ပြန်ထိုင်လို့ရပါပြီ။

ကဲလူစုံပြီဆိုတော့ တီချယ်တို့စာသင်ကြရအောင် ခလေးတို့ ၊

ဟုတ်..တီချယ်

........”

"ကလင်..ကလင်.."

ဟော မုန့်ကျောင်းစားဆင်းချိန်တောင်ရောက်လာပြီ ၊ ၉တန်းကစာများတာမှန်ပင်မယ့်လည်းပထမနေ့ကိုတော့ အေးဆေးပဲသင်လိုက်ပါ့မယ်။ နောက်နေ့ကြ အချိန်ပိုသင်ရတော့မယ်ထင်ပ့။

ဟဲ့ရေ..ခင်သန္ဒာ တီချယ်ကပြောတယ်လေ
မုန့်စားကျောင်းဆင်းရင် မော်နီတာရွေးမယ်ဆိုတာ။

အင်း ဟုတ်တယ် ဒီကျောင်းရဲ့မော်နီတာကအမြဲငါပဲ ဖြစ်နေမှာလေကြိုသိပြီးသား ဘာမှနင်စိုးရိမ်ပေးစရာမလိုဘူး။

ဟုတ်တာပေါ့ ငါတို့ရဲ့ ခင်သန္ဒာပဲ အကောင်းဆုံးဆိုတာတွေကိုရမှာ..."

ကဲခလေးတို့ရေ တီချယ်မနက်ကပြောတဲ့အတိုင်းအတန်းရဲ့ မော်နီတာကိုရွေးပေးမယ်နော် မဲမနိူက်တော့ဘူး ၊ တီချယ်အလုပ်ရူပ်နေတာမို့ ၊ တီချယ်ပဲရွေးပေးမယ်။ သားတို့သမီးတို့ကလက်ခံပေးနော်။

ဟုတ်ကဲ့ပါ တီချယ်..သားတို့ ၊ သမီးတို့ လိုက်နာပါ့မယ် တီချယ်။

"ဟုတ်ပြီ "

"ခိုင် ကျောင်းသူကျောင်းသား တွေရဲ့နမည်
စရင်းစာအုပ်ကိုယူကြည့်လိုက်ပြီး။

နကိုစိတ်ထဲမှာထဲက စွဲနေတဲ့ နမည်တစ်လုံးကို
ဒေါ်ခိုင်ရွှေဇင်မြင့်ရဲ့နူတ်ဖျားကနေ ထွက်လာခဲ့သည်။

ရမက်စွဲ... သမီးကဒီအတန်းရဲ့မော်နီတာလုပ်ပေးနော် ၊ သားတို့သမီးထဲ ရမက်စွဲ မော်နီတာလုပ်မှာကို ကန့်ကွက်သူရှိသလား။

မရှိပါဘူးဗျ ၊မရှိပါဘူးရှင့်

ဟုတ်ပါပြီ အာ့တာဆိုမုန့်စားကျောင်းခဏနေရင်ဆင်းတော့မယ်နော် နောက်တစ်ချိန်မြန်မာဆရာမလာရင်သေချာစာကိုသင်ကြနော် ၊ တီချယ်ပြန်တိုင်သံကိုမကြားချင်ဘူးနော်ခလေးတို့။

"ဟုတ်ကဲ့ပါ "

ခိုင်လည်း မာမီလာပို့မဲ့ ထမင်းဂျိုင့်ကိုစောင့်ရင်း ကျောင်းရဲ့ရုံးခန်းရှိရာဆီသို့လမ်းလျောက်သွားခဲ့သည်။

ဆရာမတစ်ချို့နဲ့စကားစမြည်ပြောနေချိန်

တီ.....တီ... ဟလို.. မာမီပြောပါ

သမီး ခိုင် သမီးဆီကိုမာမီထမင်းဂျိုင့်ပို့လိုက်ပြီနော် ၊ မာမီကလည်းသမီးပါ့သမီးဝယ်စားပါ့မယ်ဆိုတာကို ၊ တစ်ကူးတကရီး။

တစ်ကူးတက မဟုတ်ဘူး သမီးရဲ့ကျောင်းကမုန့်တွေကသန့်တာမှမဟုတ်တာ ၊ လက်ကောဆင်အောင်ဆေးကြရဲ့လား မာမီကတော့စိတ်မချပါဘူး ၊ မာမီပို့ပေးတဲ့ထမင်းကိုပဲစားရမယ်။

ဟုတ်ပါပြီမာမီရယ် ..အခုဦး သန့်နဲ့ပို့လိုက်
ပြီလား မာမီ.."

မဟုတ်ဘူး ဒီနေ့ ဦးသန့်ကိုမာမီ အပြင်သွားစရာရှိလို့မအားဘူး ၊ မောင်မင်းကိုဇင် လည်းအိမ်ကိုလာလည်တာနဲ့ လမ်းကြုံလို့ မာမီ

မောင်မင်းကိုနဲ့ပဲ ပို့ခိုင်းလိုက်တယ်သမီး။

မာမီကလည်း..ခိုင် ကိုမင်းကိုနဲ့စကားမပြောချင်ပါဘူးဆို ၊ ညင်းမရှည်နဲ့ မောင်မင်းကိုလာရင်သာ စကားကိုကောင်းကောင်းပြော
ဒါပဲ.. " မာမီ...မာ..။

ဟာ ဖုန်းကချသွားပြန်ပြီ။

မာမီတို့ကတော့လေ ပထမဆုံးကျောင်းတက်ရက်မှာတောင် စိတ်ညစ်ပါတယ်။

"........"

ငါတို့ဆရာမအသစ်ကနော် အစက ကြမ်းမလိုလိုနဲ့နောက်တော့သဘောကောင်းသားပဲ

ဟုတ်ပ့ဟယ် ငါတို့လည်းအစကလန့်သွားတာ

ဒါနဲ့.... ဒီတစ်ခေါက် ခင်သန္ဒာက မော်နီတာမလုပ်ရတော့ ရမက်စွဲ ကိုပြသနာရှာတော့မယ်ထင်တယ်။ အေး..ငါလည်းထင်တယ်ဟ.."

ရမက် ရဲ့နောက်ကြောကနေတီးတိုးတီးတိုးနဲ့ပြောနေကြတဲ့စကားသံတွေကိုကြားပင်မယ့် ကိုယ့် အလုပ်မဟုတ်တာမို့ မေမေထည့်ပေး လိုက်တဲ့ထမင်းဂျိုင့်လေးကိုဖွင့်ကာထမင်း စားနေလိုက်သည်။

"စားနေရင်းတန်းလန်း.."

ရမက်စွဲ..နင်တီချယ့်ကိုဘာတွေနဲ့ မြူစွယ်လိုက်တာလဲ ၊

"ငါ့နေရာကိုလာလုတာလား.."

ဘာကိုပြောတာလဲဟင်..”

ငါကအမြဲတမ်းကျောင်းမှာမော်နီတာရနေကြလေ အခုမှနင်ကဘာလို့ရသွားတာလဲ။

ဒါကငါယူတာမဟုတ်ဘူးလေ ဆရာမကပေးသွားတဲ့ဟာ.. နင်ပြသနာရှာချင်ဆရာမကိုသွားပြောပါလား။

ငါအေးဆေးပဲနေချင်တယ် ၊

အမယ် အဖေမရှိတဲ့ ကောင်မကများ ... ငါ့လိုလူကိုကျော်တက်ချင်သေးတယ်။

ဟယ်..ဟဲ့ရေ ဟိုမှာ ပြသနာတက်နေကြပြီထင်တယ် ငါတို့ခန့်မှန်းတဲ့အတိုင်းပဲ ၊

ခင်သန္ဒာက မော်နီတာနေရာသူမရတော့

ရမက်စွဲ ကိုပြသနာရှာနေပြီ။

ငါတို့..တီချယ့်ကိုသွားခေါ်ရမလား

ခဏစောင့်ကြည့်ပါအုံး ဟ အခုမှကျောင်းပထမဆုံးရက်ကို။

ခင်သန္ဒာ ကမကြောက်ပင်မယ့်သူ့ဘေးနားကသူငယ်ချင်းတစ်ချို့က ဆရာမကိုတိုင်မှာကြောက်နေတာကြောင့်..သန္ဒာ တော်ပါတော့လားဟင် မုန့်စားကျောင်းပြန်တက်တော့မယ် ၊ ငါတို့ဘာမှမစားရသေးဘူးလေ သွားစားကြရအောင်လေနော်။

နင်တို့တွေအကုန်လုံး သူ့စကားကိုနားထောင်ကြည့် နားထောင်တဲ့လူငါနဲ့တွေ့မယ်။

အေးပါ ငါတို့ကနင့်စကားပဲနားထောင်မှာပါ လာပါသွားရအောင်လေနော် ၊ တော်ကြာဆရာမဆီတိုင်ခံနေရအုံးမယ်။

ဒီမယ်..ရမက်စွဲ တီချယ်ရှိနေလို့နင်ကံ ကောင်းသွားတယ်မှတ် ၊ မဟုတ်ရင် နင်ငါ့လက်ကမလွတ်ဘူး။

ပြောချင်ရာပြောပြီးထွက်သွားတဲ့ ခင်သန္ဒာရဲ့ကြောပြင်ကိုကြည့်ရင်း သက်ပျင်းချမိသည်။

"ဟူး...."

ပိုက်ဆံမရှိတဲ့ဘဝကလည်းမလွယ်လိုက်တာ
မေမေဆိုရင် ငါ့ကြောင့်ပိုသီးခံခဲ့ရမှာ ၊
မေမေ့ကိုပြန်ပြုစုဖို့ ငါပိုကြိုးစားရမယ်။

မေမေဖြစ်စေချင်တာမဖြစ်ရရင်တောင်မှ
မေ့မေ့ကိုတော့လုပ်ကျွေးပြုစုချင်သေးတယ်။

ရမက်လည်း.. သူလာပြောသမျှကိုသီးခံခါ
ထမင်းကိုပဲဆက်စားပြီး ၊ မုန့်စားကျောင်းဆင်းချိန်ပြီးသွားခဲ့သည်။ ရမက် လည်းထမင်းစားပြီးတော့ မြန်မာဆရာမလာမှာဖြစ်တဲ့အတွက် မြန်မာစာအုပ်ကိုကြိုထုတ်ထားကာဖတ်သင့်တာလေးတစ်ချို့ဖတ်နေလိုက်သည်။

ရမက် တစ်ခုစဥ်းစားမိတာက.. မုန့်စားကျောင်းဆင်းတုန်းက ၊ ကျော်ကိုကိုဇော်
ရမက် ဆီလည်းမလာဘူးရယ်။

ကြည့်ရတာပထမဆုံးရက်မှာတင် စာရေးတာလိုက်မမှီဘူးထင်တယ် ၊ ရမက် လည်းတွေးရင်းအနည်းငယ်ပြုံးလိုက်ကာ စာအုပ်ကိုပဲ ပြန်ဖတ်နေလိုက်သည်။

ကျော်ကိုကိုဇော်ဆိုတာ ရမက် ရဲ့ငယ်သူငယ်ချင်းဆိုလည်းမမှား ရမက် ရဲ့အကိုလိုလည်းဖြစ်တဲ့ လူပေါ့။

သူကလည်း ရမက် လိုအဖေမရှိဘူးလေ
သူ့အမေကပဲ စောင့်ရှောက်လာခဲ့တာမို့
အသွင်တူအချင်းချင်း ပေါင်းမိနေသလိုပင်။

သူကတော့စာဘက်အားနည်းတာမို့ (B) အခန်းကြသွားခဲ့ပြီ ၊ သူက စာသာအားနည်းတာ အဆိုဘက်ကြအရမ်းတော်တယ်။

အဆိုဘက်ဆိုရင်..ရမက် လည်းဘဲ ဒီကျောင်းရဲ့ဖျော်ဖြေရေးပွဲတွေဆို စုံတွဲ သီချင်းဆိုဖို့ အမြဲ အရွေးခံရတက်သည်။

တစ်ခြားလူနဲ့ဆိုငြင်းမှာမှန်ပင်မယ့် ရမက်
နဲ့စုံတွဲဆိုသူက ကျော်ကိုကိုဖြစ်နေတော့
မငြင်းရက်တာနဲ့ ပွဲတိုင်းဆိုရင်း..."

ရမက် တို့နှစ်ယောက်ကိုအတွဲလိုလိုတောင်အပြောခံရတဲ့အထိပဲ ၊ အဓိ့က က ရမက်
တို့ရိုးသားနေရင်ရပြီဖြစ်တဲ့အတွက် ကျန်တာတွေမတွေးတော့ဘဲ စာသာဆက်ဖတ်နေလိုက်တော့သည်။

ခဏအကြာမြန်မာဆရာမကမုန့်စားကျောင်းတောင်မတက်သေးဘူးအခန်းထဲရောက်နေတာမို့ စိတ်ထဲကအတွေးတွေကိုဖယ်ပြီးစာကြိုဖတ်နေလိုက်သည်။

ခိုင့် ခင်မျာ ကိုမင်းကို လာမယ်ဆိုတဲ့အသိ
ကြောင့်...စိတ်တွေလေးနေသည် ၊ ဘာလို့ဆို
ကိုမင်းကခိုင့်အပေါ်လိုသာထပ်ပိုပြီးဂရုစိုက်နေတော့ ခိုင့်အနေနဲ့နေရထိုင်ရခက်တယ်။ ငြင်းပြန်ရင်လည်းမာမီကဆူအုန်းမယ် ဟူး..." သက်ပြင်းတစ်ခုကိုလေးပင်စွာချမိလေသည်။

"ဆရာမ..ဒေါ်ခိုင်ရွှေဇင်မြင့်ရှိလားခင်ဗျ "

ခိုင်တွေးနေတုန်းခိုင့်နမည်ကိုခလေးတစ်ယောက်ကလှမ်းခေါ်တာမို့ ထူးလိုက်ပြီး။

ရှိပါတယ်ကွယ် ဘာများပြောဖို့လဲသားလေး

ဂိတ်စောင့်နေတဲ့ဆရာမက ပြောခိုင်းလို့ပါ

"ဆရာမအသိရောက် နေတယ်တဲ့ ၊

"အော်အေးပါကွယ် ကျေးဇူးပါ "

"ဟုတ်ကဲ့ပါဆရာမ.. သွားခွင့်ပြုပါအုံးဗျ"

အေးအေး ´

ကြည့်ရတာကိုမင်းထင်တယ် ၊ ဖုန်းလှမ်းဆက်လည်းရတာကို အခုလိုခေါ်ခိုင်းရတယ်လို့ စတွေ့တာနဲ့ပြသနာစတက်တာပဲ။

ခိုင်လည်း.. ဆရာမရုံးခန်းကနေ ကျောင်းအောက်ထက်ကိုဆင်းဖို့ ၉တန်း(A)ကိုကျော်သွားစဥ် မြန်မာစာဆရာမကစာမသင်သေးတော်လည်း (A)အခန်းထဲဝယ်ရောက်နေပြီခိုင်ကသာ (B)အခန်းကိုမဝင်ရသေး တာ မမတင်ကတော့လေ စာနဲ့ပက်သက်လာရင်အသဲသန်ကိုကြိုးစားနေတော့တာပဲ ၊
ဟော.. ဆရာမကဖြင့်စာမသင်သေးဘူး အရမ်းကိုကြိုးစားနေတဲ့ တပည့်ဖြစ်သူ
ရမက်စွဲ..ကိုတွေ့တော့ပြုံးပြခဲ့ခါ ဆက်၍ လမ်းလျောက်လာခဲ့သည်။

ရမက် မြန်မာစာဆရာမရဲ့စာတစ်ချို့ကိုကြိုတင်ဖတ်နေချိန် ရမက် တို့ရဲ့ဆရာမက အခန်းရှေ့ကနေဖြတ်ရှောက်တာကိုမြင်လိုက်ရသည်။ ထိုအချိန်ဆရာမက ရမက် ကိုပြုံးပြသွားခဲ့သည်။ ရမက်ရင်ထဲ မမျှော်လင့်ပဲဆရာမဆီကရခဲ့တဲ့အပြုံးလေးတစ်ပွင့်ကြောင့်အမျိုးအမည်မဖော်လိုသော ကြည်နူးရိပ်တို့ ရမက် ၏ မျက်နှာဝယ် အထင်းသားပေါ်ပေါက်လာခဲ့သည်။

ထိုအရာကိုပဲ ရမက် ကြေနပ်နေမိလေပြီ။

ကျောင်းအပေါက်ဝကိုရောက်တော့ ခိုင့်ကိုစောင့်နေတဲ့ ကိုမင်း၊ ကိုမြင်တဲ့အခါ အားနာရပြန်သည်။

ကိုမင်းရယ် ဒုက္ခခံပြီးလာပို့ရတယ်လို့

ဒီတိုင်းတစ်ရက်တစ်လေ ခိုင့်ပါ့သာဝယ်စားလိုက်လဲရတဲ့ဟာကို ၊ကိုယ့်အတွက်အပန်း
မ ကြီးပါဘူး ခိုင် ရယ်ကိုယ်လည်းလမ်းကြုံတာနဲ့ အန်တီ ကပို့ခိုင်းလို့လာပို့တာပါ။

ခိုင်ကောပထမဆုံးရက်မှာအဆင်ပြေရဲ့လား

"ကိုယ်ဘာကူညီရအုံးမလဲ ခိုင်... "

မလိုပါဘူးရှင်.. အခုလိုမေးပေးတာပဲကျေးဇူးတင်ပါတယ် ၊ ခိုင်ဘက်ကအကုန်အဆင်ပြေတယ်။

ကိုမင်းသာဂရုစိုက်ပါ

ခိုင် ကျောင်းထဲ ဝင်တော့မယ်နော် ကိုမင်း

"ဟုတ်ပါပြီဗျာ.."

ခိုင်လည်းကျောင်းရုံးခန်းထဲ ထမင်းကိုစားပြီး (B)အခန်းကို စာဝင်သင်ပေးပြီးတော့ တစ်ခြားအခန်းကိုလည်းလည့်ပတ်သင်ပေးပြီး ကျောင်းဆင်းခါနီးပြီဖြစ်လို့ ၊ (A)အခန်းကိုပြန်လာခဲ့သည်။

ခလေးတို့ရေ..မင်ကလာပါကွယ်

မင်ကလာပါတီချယ်.. ”

ဒီနေ့ကကျောင်းပထမဆုံးရက်ဖြစ်တဲ့အတွက်စာကိုနည်းနည်းရှော့ပေးလိုက်မယ်
ဒါပင်မယ့် ၊ ၉တန်းဆိုတာ အရေးကြီးတဲ့အတန်းဖြစ်လို့ ၊ စာမှာတော့အားမနည်းစေနဲ့နော် ၊ တီချယ့်ရဲ့ခလေးတွေကိုဘယ်သူကမှနှိမ်တာမကြိုက်ဘူး။

သားတို့သမီးတို့က စာကိုပိုကြိုးစားရမယ်နော် ၊ တီချယ့်ဘာသာမှမဟုတ်ဘူး အခြားဆရာမတွေရဲ့ဘာသာကိုလည်း ပိုပိုပြီးကြိုးစားရမယ်နော်။
ခလေးတို့ရေ ...

" ဖိုက်တင်း။

"ဖိုက်တင်း.. တီချယ် "

လက်သီးလေးကိုစုပ်ပြီးဖိုက်တင်းဆိုပြီးအော်နေတဲ့ ရမက် ရှေ့က ဆရာမကြောင့်
အနည်းငယ်ပြုံးမိသည် ၊ ဆရာမကသဘောကောင်းမဲ့ပုံဟုလည်း မှတ်ချက်ချမိလိုက်ပြန်သည်။

ကဲ ခဏနေရင်ကျောင်းဆင်းတော့မယ်ဆိုတော့ တီချယ်က စာပဲသင်တော့မယ်နော်
ဒီနေ့အိမ်စာမပေးတော့ဘူး။

ရေးးးးးး

နောက်နေ့မှနေ့တိုင်းကိုထည့်ပေးအုံးမယ်။

ဟာ..."

"စတာစတာ ၊  တီချယ်ကလည်း.. "

သားတို့ ၊ သမီးတို့က တစ်ကယ်ထင်နေတာ

မထင်ပါနဲ့ တီချယ်က ချစ်လို့စတာ

"ဟုတ်ကဲ့ပါ..တီချယ် "

"တီချယ် "

ရှင့်..”

ခိုင်လည်း သူ့ကိုခေါ်လို့ထူးရင်းဘယ်သူများလည်းကြည့်မိတဲ့အခါ  ခင်သန္ဒာ ဆိုတဲ့
ခလေးမက ခေါ်တာဖြစ်လို့ ၊ ဘာများမေးဖို့ပါလိမ့်

ဟို....တီချယ့် အသက်ကဘယ်လောက်ရှိပြီလဲဟင်

နေပါအုံး အသက်ဖြေဖို့ဆိုရင်သိချင်သူများမှဖြေမယ် မဟုတ်ရင်တော့မဖြေဘူး။

သားလည်းသိချင်တယ်တီချယ် ၊သမီးရောပဲ

ဟုတ်ပါပြီ တီချယ့်ခလေးတွေကသိချင်မှတော့ ဖြေပေးမှာပေါ့ ၊ တီချယ့်အသက်က

ဘယ်လောက်လို့ထင်သလဲ

သားတို့၊သမီးတို့က

သမီးကတော့ ၂၈ သားကတော့၂၀ ကျော်

သမီးကတော့ ၂၅ သမီးကတော့၂၀ ကျော်လို့ပဲထင်တယ်ရယ်။

"ဟားးးး"

တီချယ်ကအာ့လောက်တောင်နုသလား

ကဲ တီချယ့်ကိုအာ့လောက်မြှောက်နေပုံထောက်ရင်ဘာများစားချင်လို့ပါလိမ့်။

မဟုတ်ရပါဘူး တီချယ်ရဲ့ သမီးတို့ကအမှန်ပြောတာပါ ၊ သားတို့ရောပဲ တီချယ်.."

ဟုတ်ပါပြီကွယ် တစ်ကယ်တော့....

တီချယ့် အသက်က (၃၅)နှစ်ကွဲ့

"ရှင်..ဘယ်လို "

"ဗျာ..ဟုတ်ပ့မလား"

ဖြစ်နိုင်ပါ့မလားတီချယ်ကဒီလောက်ထိနုတာ သားတို့က ၂၀ ကျော်ပဲထင်တာ။

သမီးတို့ရောပဲ တီချယ်ကနုလိုက်တာ

ဒီလောက်ထိပြောနေမှတော့ အစမ်းပတ်စာမေးပွဲ ကြရင် သားတို့သမီးတို့အောင်အောင်ကြိုးစား အောင်တဲ့လူအကုန်လုံးကတီချယ်က ဟော့ပေါ့လိုက်ကြွေးမယ် ၊ ဘယ်လိုလဲသဘောကြလား
ခလေးတို့။

ရေးးးးး သဘောကြတာပေါ့ ပျော်စရာကြီးကွ စာမွေးပွဲအောင်ဖို့ကြိုးစားရမယ်။

ကောင်းပါပြီကွယ် တီချယ့်ကိုမေးချင်တာလေးများရှိနေသေးသလားကွဲ့ ခလေးတို့။

"မရှိတော့ပါဘူး တီချယ်.."

ကောင်းပါပြီကွယ် ရမက် ကရောတီချယ့်ကိုမေးချင်တာများရှိနေသလား။

ရှင်..”

ဟောတော် တီချယ်ကမေးစရာရှိနေသလားလို့မေးတာလေ ကဲပါ မေးစရာမရှိရင်ပြန်ထိုင်တော့နော်။

ဟုတ်ကဲ့..ဆရာမ

ခိုင် ကျောင်းသူကျောင်းသားတွေရီနေချိန်
ရမက် ဘက်ကိုလှမ်းကြည့်မိတဲ့အခါ ၊ ရမက်
ကမပြုံးတဲ့အပြင်မိူင်းနေကာ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးလို့နေလေသည်။
ခိုင့်ရဲ့စိတ်ထဲအမျိုးအမည်မဖော်လိုသော စိတ်တစ်ခုဖြစ်လာသည် ၊ ငါဒီလောက် တီချယ်လို့ခေါ်ခိုင်းတာကို အခုထိဆရာမလို့ပဲခေါ်နေသေးတယ်။ ဒါငါ့ကိုများရွဲ့နေတာလား။

ရမက်စွဲ...ရမက်စွဲ

ခိုင် စိတ်ကောက်ချင်သလိုလိုတောင်ဖြစ်လာမိသည်။ ဒီခလေးနဲ့ကြမှပဲ

"တစ်ကယ်မလွယ်ကြောလေး.."

ခိုင်တို့အချိန်လည်းမနည်းတော့ဘူး

စကားပြောပြီးခဏအကြာကျောင်းဆင်းခေါင်းလောင်းထိုးလာတာမို့လို့ ပြန်ဖို့အတွက်

ဦးသန့်ကားအလာကိုပဲအပြင်ထွက်ပြီးစောင့်နေရတော့မယ်။

ထိုအချိန်...ရမက် ကိုလှမ်းကြည့်မိပြန်သည်။

ဟိုကသာ ခိုင်ကိုမကြည့်တာခိုင်ကတော့
ရမက်ဘက်ကိုပဲ ကြည့်နေမိတာအခေါက်နေပေါင်းမနည်းတော့ဘူး။

ရမက် ကိုကြည့်လိုက်ရင်အခြားကျောင်းသားတွေလို ပျော်ရွှင်နေတယ်ဆိုတာမရှိဘူး ငေးတေးတေးလေးဖြစ်နေတာမို့။

"စိတ်ပူပြီးကြည့်မိတာနေမှာပါ "

ခိုင် လည်း စာအုပ်တစ်ချို့ထည့်တဲ့ကြိမ်ခြင်းလေးကိုကိုင်ကာ အပြင်ကိုထွက်လာပြီး ၊
ကျောင်းကြီးတံခါးဆီလှမ်းလျောက်လာခဲ့သည်။

ဦးသန့်အလာကိုစောင့်ရင်း ဂိတ်အဝမှာ
ရပ်နေချိန်.."

ရမက်ဆိုတဲ့ခလေးမကိုကြည့်ရတာမိဘလာကြိုတဲ့ပုံလည်းမပေါ်ကားလည်းမမြင်ရတော့ ခိုင့်စိတ်ထဲပူပင်လာရပြန်သည်။

သူ့နေတဲ့နေရာကကျောင်းနဲ့ဝေးရင်..

ဒီခလေးတော့ ဒုက္ခ ရောက်ကုန်တော့မှာပဲ

ခိုင်ရဲ့ခြေလမ်းများက ရမက် ဆီသို့ဦးတည်ပြီးလျောက်လာချိန်.."

"တီချယ်.."

"ရှင်.."

အော် ခင်သန္ဒာ သမီး မပြန်သေးဘူးလားကွဲ့

ခင်သန္ဒာဆိုတဲ့ခလေးမကလှမ်းခေါ်တာမို့စကားလှမ်းပြောနေတုန်း ရမက် ဆီလည့်
ကြည့်တဲ့အခါ မမြင်ရတော့ခြေ။

"ကြည့်ရတာအိမ်ကနီးလို့နေမှာပါလေ.."

သမီး.. တီချယ့်ကိုခေါ်တာဘာပြောဖို့လဲကွဲ့

ဟိုဟာ..တီချယ်က ကျူရှင်ဖွင့်လားဟင်

"အာ့တာလေးသိချင်လို့ပါ ၊ အော်.."

တီချယ်က ကျူရှင်မဖွင့်ဘူးကွဲ့သမီး

သမီးတက်ချင်ရင်တော့ မြန်မာစာဆရာမ

ဒေါ်တင်မမကို တီချယ်အကြံပြုချင်တယ်

သူကစာအသင်ပြလည်းကောင်းသလို

သမီးတို့လိုအသစ်လေးတွေကိုလည်းနားဝင်အောင်ဆုံးမတက်တယ်ကွဲ့။

ဟုတ်ကဲ့ပါ တီချယ်ညွှန်တဲ့ကျူရှင်ကို သမီး
ရအောင်တက်ပါ့မယ် တီချယ်။

"ဟုတ်ပါပြီကွယ်.."

တီချယ်..သမီးမာမီလာကြိုလို့သွားတော့မယ်နော်တီချယ် တက်တာ ၊

တက်တာပါကွယ်။

ခင်သန္ဒာရဲ့စိတ်ထဲ ရမက်စွဲ ..နင်တီချယ့်ရဲ့ရင်ထဲဘယ်တော့မှနေရာမရှိစေရဘူး ၊

တီချယ့်ရင်ထဲငါပဲနေရာရှိရရမယ်။

လိုအပ်ချက်များရှိရင်လည်းပြင်ဆင်ပြီးဖတ်ပေးပါအုံးနော် ၊ အားပေးမူကိုအထူးကျေးဇူးတင်ပါသည်။ 💐🙏

#Chanmyaethu#📃🌷

Comment