အပိုင်း (၁၂)

......

ခိုင် ..ရမက်၏ လက်ရေးများကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ခိုင့်နူတ်ခမ်းများကိုမဆိုသလောက်လေးတွန့်ချိုးရင်း။ ရမက်လက်ဖြင့်ရေးထားသောထိုစာလုံးများကိုသူမ၏ လက်သွယ်သွယ်လေးဖြင့် ထိကိုင်လိုက်ရင်း။

"ဒီလက်ရေးလေးကိုတို့သိပ်လွမ်းနေခဲ့တာ"

ခိုင်တစ်ယောက် ကြည်နူးဝမ်းသာသောမျက်ဝန်းဖြင့်သာ စာလုံးများကိုကြည့်ဖို့ပြင်လိုက်တော့သည်။

မင်္ဂလာပါ ဆရာမ အခုလိုဆရာမဆီ စာရေးလိုက်ရတဲ့အကြောင်းလေးကိုပြောပြပရစေ။

တစ်ကယ်ဆို သမီးဆရာမဆီစာရေးစရာမလိုတာကိုနားလည်ပါတယ် ၊ ဒါပင်မယ့်သမီးတို့ကြားသိမ်းထားလို့ရတဲ့အမှတ်တရရယ်လို့မယ်မယ်ရရမရှိတာကြောင့် ၊ အမှတ်တရလက်ဆောင်အဖြစ် ဒီစာကိုရေးလိုက်ရပါတယ်။

အဆုံးထိဖတ်ပေးဖို့တောင်းဆိုပရစေ တီချယ့်ကိုသမီးထပ်နှောင့်ရှက်တော့မှာမဟုတ်ပါဘူး။

9. 1. 19991/

ဆရာမကိုစတွေ့ထဲက သမီးရဲ့ရင်ထဲမှာကော သမီးရဲ့နှလုံးသားထဲကပါ ဆရာမလို့ပဲခေါ်ချင်ခဲ့တာ။ ဆရာမ မှတ်မိသေးရဲ့လား။ သမီးတို့ပထမဦးဆုံစုံခဲ့တဲ့ ၊ ကားတိုက်မူလေးကို။

အာ့တုန်းကဆိုလေ အစက သမီးအတော်လေးဒေါသထွက်ခဲ့ရတာ ၊ လူတစ်ယောက်လုံးလာနေတာတောင်မမြင်ဘဲ ကားတိုက်တဲ့လူကိုအပြစ်တွေပြောတော့မဲ့အချိန်။

ကားပေါ်ကနေတစ်လှမ်းခြင်းတည်ငြိမ်စွာဖြင့်မြန်မာဝမ်းဆက်ကိုသာဝတ်ဆင်ထားပြီးဆံပင်များကိုလည်း ဖဲကြိုးလေးဖြင့်ချည်ကာထားတဲ့။ ဆရာမကိုမြင်လိုက်ရတော့ရမက်ရင်ထဲဝယ် ၊ နတ်သမီးလေးတစ်ပါးကောင်းကင်ပေါ်ကကြလာတယ်ထင်တာ။

နောက်မှသာ ဘလူးရီးမှန်းသိခဲ့ရတယ်၊

ထိုစာသားကိုမြင်တော့ ထိုင်တစ်ယောက်မျက်မှောင်ကြုတ်လိုက်ပြီး။ ငါကအာ့လောက်တောင်ဆိုးသွားတာလားဆိုပြီးလည်းတွေးမိနေပြန်တယ်။

ဆရာမက ကားပေါ်ကဆင်းဆင်းလာချင်း သမီးကို ၊ ကားတိုက်ခံပြီးလုပ်စားနေတဲ့လူတစ်ယောက်အထင် စွတ်စွဲပြောဆိုနေပင်မယ့်။

သမီးကတော့ တီချယ့်အလှကိုငေးရင်း တီချယ်မျက်နှာမှာရှိတဲ့သေးငယ်ပြီးလှပလွန်းတဲ့မှည့်နက်လေးကိုသာစိုက်ကြည့်နေပြီး။

နောက်မှသတိရလာပြီး ဆရာမကိုနူတ်ဆက်ကာအမြန်ပင်ထိုနေရာကထွက်လာခဲ့တော့တယ်။

ခိုင်တစ်ယောက်ပထမစာမျက်နှာတစ်ရွက်ကိုဖတ်ကြည့်မိပြီး ၊ ရင်အနည်းငယ်ဖိုသွားမိသည်။

1 .3. 1991 /

ဒီနေ့ သမီးရဲ့အပျော်ရဆုံးနေ့ပါသိလား

ဘာလို့ဆို ဒီနေ့သမီးကျောင်းတက်တုန်းမှာလေအသစ်ရောက်လာတဲ့ဆရာမတွေကိုသိခဲ့ပင်မယ့်လူတော့မမြင်ဖူးပါ။ အေးဆေးနေတက်တာလည်းပါမှာပေါ့။

ထိုနေ့က.. သမီးအခါတိုင်းလိုကျောင်းကိုပုံမှန်တက်နေရင်းကနေမှ ကျောင်းခန်းထဲမှာထိုင်ရင်းစာဖတ်နေစဥ် ၊ အခန်းထဲကိုဝင်လာတဲ့ဆရာမဖြစ်သူကို။ လှမ်းကြည့်လိုက်ရာ။

သမီးနဲ့ဝင်တိုက်ခဲ့မိတဲ့ဆရာမဖြစ်နေတာမို့ သမီးအစကအံ့အော်မိပင်မယ့်။ နောက်တော့စိတ်ထဲမှာအရမ်းပျော်ခဲ့ရတယ်။ သမီးရဲ့ဆုတောင်းတွေက တစ်ကယ်ကိုပြည့်ဝခဲ့ပြီ။

ဆရာမကိုစတွေ့တော့ဝမ်းသာလို့လှမ်းခေါ်ချင်ပင်မယ့် ၊ ဆရာမရဲ့ဂုဏ်သိက္ခာကြောင့် ၊ သမီးလည်းလှမ်းမခေါ်တော့ပဲ။ ဆရာမစာသင်တာကိုသာငေးကြည့်နေလိုက်မိတယ်။

ဒုတိယစာမျက်နှာကိုကြည့်မိတော့ ခိုင့်ရင်ထဲရမက်ကိုအနည်းငယ်သနားမိသွားတယ်။

4 .4 1991 /

သမီးတို့စာသင်တာတစ်လကြာခဲ့ပြီ ၊ ဆရာမနဲ့သမီးလည်းပိုပြီးရင်းနီးလာခဲ့တယ်ဒါကို ခင်သန္ဒာ ကမလိုလားခဲ့ဘူး သမီးကိုအမြဲပြသနာရှာခဲ့တယ်။ တော်ယုံပြသနာမျိုးဆိုမျိုသိပ်ထားလိုက်နိုင်ပင်မယ့်။ ဆရာမကိုထိတဲ့အခါမျိုးတွေဆို သမီးရဲ့စိတ်တွေကဒေါသထွက်လာပြီးသူ့ကိုပါလက်ပါမိတဲ့အထိပါပဲ။

ဒါဟာဘာကြောင့်များလည်းလို့တွေးမိသေးတယ် ထိုနေ့ကအာ့အကြောင်းတွေးရင်းနဲ့ပဲသမီးအချိန်တွေကုန်ခဲ့တယ်။

ထိုစာကြောင်းလေးကိုဖတ်အပြီးမှာတော့ ခိုင့်ရင်ထဲတစ်ခုခုလိုနေသလိုစတင်ဖြစ်ပေါ်လာခဲ့သည်။

6. 9. 1991 /

ရှေ့ကစာကတိုသွားမှာပေါ့နော် ဒါကလည်း အာ့အချိန်တုန်းကသမီးရဲ့ ခံစားချက်တွေကအဖြူရောင်သန့်သန့်ဖြစ်နေပါသေးတယ်။

ဒီနေ့တော့လေ သမီးအရမ်းပျော်မိတယ်သိလားဒီရက်ပိုင်း ဆရာမကသမီးပေါ်ရင်းနီးလာသလို၊ သမီးကိုလည်းအရေးထားဂရုစိုက်ပေးတာကို သမီးတော့အမြဲတမ်းလိုချင်ခဲ့မိတယ်။

ထိုနေ့ကဆရာမကိုသမီးနှင်းဆီပန်းလေးစပေးတဲ့နေ့ပေါ့နော် ၊ ဆရာမကလေသမီးဆရာမလို့ခေါ်ရင်မကြိုက်ဘူး။ တီချယ်လို့ခေါ်တာကိုကြအတော်သဘောကြတယ်နော်။

တီချယ်..ဆိုတဲ့အခေါ်ဝေါ်ကို ဆရာမအရမ်းသဘောကြတာပဲလား။

သမီးကတော့မကြိုက်ဘူး ၊ ဆရာမလို့ပဲခေါ်ချင်ခဲ့တာ ဒါပင်မယ့်လည်းဆရာမကအမြဲတစေ တီချယ်လို့သာခေါ်ခိုင်းတာမို့။

သမီးအိမ်ပြန်ရောက်လာတော့တစ်ညလုံးနီးပါးစာကျက်ရင်း တီချယ်ခေါ်ဖို့လေ့ကျင့်ခဲ့တာကိုပြန်သတိရလာတယ်။

ထိုစာလေးကိုဖတ်အပြီးမှာတော့ ခိုင်တစ်ယောက်ဝမ်းသာမျက်ရည်ကြလာတော့သည်။ ရမက်က သူ့ကိုဒီလောက်ထိချစ်တယ်တဲ့လား။

12 . 11 . 1991 /

ဒီနေ့ကတော့ ရမက်ဘဝမှာအပျော်ဆုံးလို့မဆိုယုံတစ်မယ် ပျော်ရတာနဲ့အတူ ၊ တစ်ပြိုင်နက်ဝမ်းနည်းရတဲ့နေ့ဖြစ်တယ်။

ကျောင်းကပွဲကြောင့် သမီးဖျော်ဖြေပွဲကိုဆင်နွဲခဲ့ရလို့ပျော်ခဲ့ပင်မယ့် ၊ ဆရာမရဲ့ဥပက္ခာပြုမူတွေကြောင့်ဝမ်းနည်းခဲ့ရတယ်။

ထိုနေ့အိမ်အပြန်ကြမှသာ သမီးဆရာမကိုချစ်မှန်းသေချာလာခဲ့တယ်။ ထိုနေ့ကဆိုအပျော်ဆုံးနေ့တစ်နေ့ဖြစ်လာခဲ့တယ်။

သမီးရဲ့ရင်ထဲမှာ ဆရာမကဘယ်လိုနေရာယူထားလဲဆိုတာကို စသိခဲ့လာရတယ်။

ဒါပင်မယ့်.. သမီးနဲ့ဆရာမရဲ့ဘဝတွေကကွာခြားလွန်းလှတယ်မဟုတ်ပါလား။

ဒါကြောင့်သိမ်ငယ်စိတ်တွေဝင်လာမိတာတော့အမှန်ပဲ။

ထိုစာကိုဖတ်လိုက်မိတဲ့အတွက်ဝမ်းနည်းချင်းတို့စုပြုံလာသလိုပင် ၊ ဒီလောက်ထိတောင်ပဲလားကွယ်။

9 . 12 . 1991 .

ဒီနေ့တော့ သမီးအရမ်းပျော်မိတယ်သိလား ဆရာမနဲ့အတူအပြင်ရှောက်သွားခဲ့ရလို့။

အပြင်ရှောက်သွားတဲ့အပြင် သမီးရဲ့ဆရာမဆိုတဲ့အခေါ်ဝေါ်ကိုပါ ဆရာမကပြောင်းပေးခဲ့တယ်။

ဆရာမသမီးနူတ်ခမ်းလေးကိုဆရာမလက်ဖြင့်ထိလိုက်တော့လေ သမီးတစ်ကိုယ်လုံးမဖျားယုံတစ်မယ်တုန်တက်သွားတာကို ဆရာမတော့မြင်မယ်မထင်ဘူး။

သမီးကလေ.. ဆရာမကိုချစ်ခဲ့တာထပ် မြတ်နိုးခဲ့တာ ၊ ဒါကြောင့်မို့မပိုင်ဆိုင်ရလည်း။ အနားမှာရှိယုံနဲ့တင်နေနိုင်ပြီထင်ခဲ့တာ။

ထိုစာကြောင်းကိုဖတ်ပြီးမှာတော့ ခိုင့်စိတ်ထဲဝမ်းနည်းစိတ်တို့ပျို့တက်လာပြီး ၊ အာ့တုန်းကဆို ဒီခလေးမအရမ်းခံစားခဲ့ရမှာပဲ။

ခိုင်ဟာသူ့အပေါ်ရမက်လုပ်ခဲ့တဲ့လုပ်ရပ်တွေကိုတောင်ပြန်မမှတ်မိတော့သလိုပင်။

1 . 1 1992 /

ဒီကနေ့ဟာ သမီးရဲ့အပျော်ဆုံးနေ့လို့ပဲပြောရမလား အဝမ်းသာဆုံးနေ့လို့ပဲပြောရမလား သမီးမဖော်ပြတက်တော့ ၊

ဆရာမက သမီးကိုအဖြေပေးတယ်တဲ့ သမီးဘဝမှာတစ်ခါလေးမျှမထင်ထားခဲ့မိဘူး။

ဆရာမလိုအဆင့်တန်းမြင့်မြင့်ကလူကိုမမှန်းရဲပင်မယ့် ဆရာမကိုယ်တိုင်ကသမီးကိုရွေးချယ်ပေးခဲ့လို့အရမ်းကျေးဇူးတင်မိတယ်။

ဒါနဲ့လေ..သမီးညဘက်စာဖတ်တာအရမ်းများလို့ထင်တယ် ၊ ခေါင်းတော့အတော်လေးမူးတယ်။

ထားပါလေ...သမီးတော့ပျော်တာပဲသိတယ

သမီးလေ ဆရာမကိုသိပ်ချစ်တာပဲ။

ထိုစာကြောင်းလေးကိုသူမဖတ်မိတော့အနည်းငယ်ပြုံးလိုက်ပြီး ၊

နောက်စာမျက်နှာတစ်ခုသို့...

6 . 3. 1992 /

ဒီကနေ့တော့ရမက်ရဲ့အပျော်တွေဟာအဆိုးဘက်သို့ရောက်လာခဲ့ပြီ ဆရာမရယ် ၊

ခင်သန္ဒာ က သမီးတို့ချစ်နေတာကိုသူသိတယ်တဲ့၊ သမီးကိုလာပြောတယ်။

သမီးဘာဆက်လုပ်ရမှန်းမသိပင်မယ့်၊ သူသိမှာမဟုတ်လောက်ပါဘူးဆိုပြီး ဥပက္ခာပြုခဲ့တယ် ဆရာမ။

ဒါကိုသူကမကြေနပ်သဖြင့် သမီးတို့ရန်ဖြစ်ခဲ့ကြတယ် ၊ ဆရာမသမီးကိုတုတ်နဲ့ရိုက်ချိန်တုန်းကပေါ့။

ထိုစာကိုမြင်တော့ ခိုင်ပြိုကြတော့မဲ့ကောင်းကင်ကြီးအလား ၊ ခိုင့်မျက်လုံးထဲတွင်လည်းမျက်ရည်များကြနေမိတော့သည်။

အာ့တုန်းက မင်းငိုနေတာကိုသတိထားခဲ့ရမှာ

ထိုသို့ရေရွတ်လိုက်ပြီး နောက်စာရွက်များဆီသို့။

3 .6.1992/

ဒီကနေ့ကတော့လေ သမီးဘဝရဲ့အပျော်ရွှင်ရဆုံးသော ဒုတိယ နေ့ပေါ့ ဒီကနေ့ဟာဆရာမနဲ့သမီးတို့အတူတူလျှောက်လည်ကြမှာမဟုတ်လား ၊ ဒီနေ့ကသမီးတို့ရဲ့၁လပြည့်လေ။ သမီးအရမ်းတွေပျော်ရွှက်ခဲ့ရတယ်။

ဒါပင်မယ့်ခဏပါပဲ ၊ သမီးစောင့်နေတဲ့ဆီ ဆရာမရောက်မလာခဲ့ငလိုအဆက်သွယ်လည်းမလုပ်ခဲ့ဘူး။

အာ့နေ့ကဆို သမီးဝမ်းနည်းလွန်းလို့တစ်ညလုံးငိုခဲ့မိပင်မယ့် ၊ ဆရာမအိမ်ကိစ္စရှိလို့မလာနိုင်တာဖြစ်မှာပါဆိုပြီး။ နှစ်သိမ့်ခဲ့ရတယ်။

ဒါပင်မယ့်မနက်ကျောင်းပြန်တက်တော့ ဆရာမကသမီးကိုအဖက်မလုပ်ဘူး။ မသိချင်ယောင်ဆောင်တယ်။

ဒါကို ခင်သန္ဒာ ကမြင်လို့သမီးကိုတောင်လှောင်နေလိုက်သေးတယ်။ သမီးလေအာ့တုန်းကများဆိုတစ်ကယ်ကိုဝမ်းနည်းချင်းတွေဆက်တိုက်ဖြစ်ပေါ်လာတာ။

ရမက်ဘယ်လောက်ထိခံစားခဲ့ရလဲမသိပါ ၊ ဒီစာကြောင်းကစာတစ်မျက်နှာတင်မလောက်တာမို့။ ခိုင်လည်းနောက်တစ်မျက်နှာကိုလှန်လိုက်ရင်း။

ဒါပင်မယ့် သမီးသီးမခံနိုင်တာနိုင်တော့တာကြောင့် ဆရာမဆီကို အတင်းလိုက်မေးပင်မယ့်လည်း ဆရာမကနောက်ဆုံးချိန်ထိဟန်ဆောင်ကောင်းခဲ့တယ်။

သမီးလည်းစိတ်ဓတ်ကြပြီး စာသင်ရာမှာလည်းစိတ်မပါပဲနဲ့ထိုင်နေရင်းကနေမုန့်စားဆင်းချိန်ရောက်လာလို့မုန့်သွားဝယ်တော့။

ခလေးမလေးတစ်ယောက်ကသမီးလက်ထဲကိုစာလေးတစ်စောင်လာပေးခဲ့တယ်။

ထိုစာလေးကိုဖတ်လိုက်တော့ကမ္ဘာတစ်ခုလုံးကိုအပိုင်ရသလိုမျိုးသမီးရင်ထဲမှာဝမ်းသာချင်းတွေအပြည့်နဲ့ ၊ ဆရာမချိန်းတဲ့နေရာဆီသွားခဲ့တယ်။

အာ့ရောက်တော့ဆရာမကအကျိုးကြောင်းများပြောပြသည့်အတွက်ကြောင့်သမီးစိတ်တွေပြန်တည်ငြိမ်ခဲ့ပြီ။

ခိုင်တစ်ယောက်ရမက်ရေးတဲ့စာကိုဖတ်ပြီးပြုံးလိုက်ရယ်လိုက်ငိုလိုက်ဖြင့်နေတော့သည်။

ရမက်ကသူ့ကိုဒီလောက်ထိပြုစားထားတယ်ထင်ပ့။

နောက်တစ်ရွက်ထပ်လှန်လိုက်ပြီး ၊

သမီးအိမ်ပြန်ရောက်တော့ ဆရာမပြောတဲ့စကားများကို ကျော်ကိုကိုနဲ့တိုင်မင်ဖြစ်တယ်။

ထိုစကားလုံးနားရောက်တော့ ခိုင့်စိတ်တို့အရမ်းဒေါသထွက်သလိုခံပြင်းမိတယ်။

သူက သူမချစ်သူကိုလုသွားသူမဟုတ်ပါလား။ ဒေါသစိတ်ကိုထိန်းလိုက်ရင်းစာကိုဆက်ဖတ်ဖို့ပဲပြင်လိုက်တယ်။

သူက အကြံပေးတယ်ဆရာမ ၊ ဆရာမကိုခိုးပြေးဖို့ပေါ့ ၊ သူ့အကြောင်းပြောလို့ ဆရာမဒေါသထွက်နေမှာကိုသိပါတယ်။ ဒါပင်မယ့်လည်းသီးခံပြီးစာကိုအဆုံးထိဖတ်ပေးပါနော်။

ထိုစာကြောင်းကိုမြင်တော့သူပြုံးလိုက်တယ်။ ရမက်ကသူမစိတ်ကိုဒီလောက်ထိတောင်သိနေခဲ့တာလား။

သူပေးတဲ့အကြံရယ် ရမက်တို့အတူနေခဲ့တဲ့ငြိမ်းချမ်းလွန်းတဲ့ရပ်ဝန်းလေးကလည်း။
သူဖန်တီးပေးထားတာ ဆရာမ။

"ဟင်..."

ထိုစာသားကိုဖတ်မိချိန်မှာတော့ ခိုင်တသ်ယောက်အံ့အောသလို နူတ်ကနေလည်းရောင်ပြီးထွက်သွားမိတယ်။

ဒီအကြောင်းရှင်းပြရရင် သမီးကအခုလိုအချစ်ကိစ္စတွေမှာအတွေ့ကြုံမရှိသူပါ။ သူကတော့ကျောင်းရဲ့မြားနတ်မောင်လေ။

ဒီတော့သူ့ကိုအကူညီတောင်းရတာပေါ့ သမီးတို့အတူနေခဲ့တဲ့ရပ်ဝန်းငယ်လေးကသူ့ရဲ့ဇာတိပါဆရာမ။

"ဘယ်လို..."

ခိုင်တစ်ယောက်အံ့အောမဆုံးဖြစ်နေသည်။

သူကအာ့မှာမွေးတာမဟုတ်ပင်မယ့်သူ့အမေကအာ့ဇာတိကပါဆရာမ ၊ ပြီးတော့သူလည်းနေခဲ့ဖူးတယ်။

သမီးတို့အတူပေါင်းဖို့ပိုက်ဆံ နေစရာသွားဖို့ရထားလက်မှတ်ကအစ ၊ သူပဲကိုယ်တိုင်လုပ်ပေးခဲ့တာဆရာမ။

ထိုစာကြောင်းအပြီးမှာခိုင်တစ်ယောက်လုံးဝနားမလည်နိုင်ဖြစ်နေခဲ့ရတယ်။ သူကရမက်ကိုကြိုက်နေတာမဟုတ်ဘူးလား။

ဘာလို့တို့နဲ့ပေါင်းဖို့အာ့လောက်ထိလုပ်ပေးခဲ့ရတာလဲ။

ခိုင်လည်းတွေဝေစိတ်ကိုခဏသိမ်းထားလိုက်ကာ ၊ နောက်စာမျက်နှာတစ်ရွက်သို့လှန်လိုက်သည်။

6 . 9. 1992/

အခုတစ်ခေါက်ရေးဖြစ်တာကြာတယ်ဆိုတာ ဒီရက်ပိုင်းသမီးတို့နေရေးထိုင်ရေးအတွက်ကြိုးစားနေလို့မရေးဖြစ်လိုက်တာကိုနားလည်ပေးပါနော် ဆရာမ။

အခုရက်ပိုင်းကတော့လေ သမီးဘဝမှာ စိတ်ချမ်းသာစရာတွေအမြဲပြည့်နှက်နေသလိုပဲ။

အလုပ်လုပ်ရတာပင်ပန်းတယ်ဆိုပင်မယ့် ဆရာမနဲ့အတူနေရတာမို့သမီးအရမ်းသဘောကြနှစ်သက်တယ်။

ဒီနေ့က သမီးတို့ရဲ့ ၃လပြည့်နေ့မို့သမီးပိုက်ဆံတွေများကြီးရှာပြီးအတူရှောက်သွားဖို့ပြင်ထားခဲ့တာ။

မထင်ထားတဲ့ကံကြမ္မာတစ်ရက်မလာခင်ထိပေါ့။

ခိုင်ပြန်စဥ်းစားကြည့်လိုက်တော့

"ဟင်..ဒါငါတို့ပြသနာစတက်တဲ့နေ့ပဲ"

ခိုင်တစ်ယောက် စိတ်တွေအဆိုးမရတော့ပဲ
စာအုပ်ကိုကျစ်နေအောင်ကိုင်ထားပြီးစာကိုဆက်ဖတ်လိုက်ရာ။

သမီး ဒီရက်ပိုင်းခေါင်းတွေတအားကိုက်တာကိုဆရာမသတိထားမိတယ်မဟုတ်လား။

"အင်း..ရမက်ခဏခဏနာကျင်နေတာတီချယ်မကြည့်ရက်ဘူး"

ခိုင်တစ်ယောက်စာကိုဖတ်ရင်းနဲ့နူတ်မှလည်းထိုသို့ရေရွတ်လိုက်သည်။

ညနေဈေးရောင်းပြီးပြန်အလာခေါင်းတွေတအားကိုက်လာတယ်သိလားဆရာမ။

ခေါင်းတစ်ခုလုံးကိုတုတ်နဲ့ဝိုင်းရိုက်နေသလိုခံစားရတယ်၊ ဒါတွေကိုတင်းခံရင်းအိမ်ကိုသာပြန်လာဖို့အလုပ်။

ရက်စက်လွန်းတဲ့ကံကြမ္မာက မိုးမင်းရီးကိုခေါ်လာခဲ့တယ်ဆရာမ။

သမီးတစ်ကိုယ်လုံးမိုးတွေရွဲဆိုကုန်ပြီး ၊ ခန္ဓာကိုယ်ကလည်းချမ်းခေါင်းကလည်းတအားကိုက်နဲ့ ထိုနေရာမှာကြာကြာမနေနိုင်ခဲ့ပါဘူး။

တစ်လောကလုံးကိုခဏသာမေ့သွားခဲ့တယ်၊

ထိုနေရာအရောက်မှာ ခိုင်၏မျက်ရည်များသည်လည်းမတားပါပဲနဲ့သူ့အလိုလိုစီးကြလာခဲ့တယ်။

ဖြစ်မှဖြစ်ရလေရမက်ရယ်တို့ကတော့မသိပဲ ရမက်ကိုပြသနာရှာခဲ့မိတယ်။

ခဏကြာတော့ သမီးသတိရလာတယ်ဆရာမဒါပင်မယ့်သမီးအနီးနားမှာလည်း ဆေးရုံအနံ့တွေနဲ့ သမီးတော့သဘောမကြပါဘူး။

သတိတော့ရလာပင်မယ့်မျက်စိတော့ဖွင့်လို့မရဘူးဆရာမရယ် ၊ ထိုအချိန်ကဆိုဆရာမကိုသမီးအနားရှိစေချင်ခဲ့တာ။

သမီးသတိရလာချိန်ဘေးနားမှာအမျိုးသားနှစ်ယောက်ရဲ့စကားသံတွေကိုကြားနေရတယ် ၊ တစ်ယောက်ကတော့ကျော်ကိုကိုမှန်းအသံကြားယုံနဲ့တင်သိပါတယ်။ ဒါဆိုနောက်တစ်ယောက်ကဆရာဝန်ပေါ့။

သမီးလည်းသူတို့ဘာပြောနေလည်းသိချင်စိတ်ဖြင့်နားထောင်လိုက်တယ်။

ခိုင်တစ်ယောက်အမြန်မြန်ပင်နောက်စာရွက်တစ်ရွက်ကိုလှန်လိုက်ရင်း။

သူတို့ပြောနေကြတာက...

အခု ခင်များနဲ့အတူပါလာတဲ့လူနာက ရှားပါးတဲ့ရောဂါတစ်ခုဖြစ်နေတာ ၊ သူ့ဦးနှောက်မှာရေအိတ်တစ်လုံးရှိနေတယ်၊ အာ့ရေအိတ်ကလည်းကြီးကြီးလာတယ်။ အလွန်ဆုံးသူနေရ (၃) ပဲတဲ့။

"ဟင်..."

ထိုစာဖတ်အပြီးမှာစာအုပ်လေးကိုကိုင်ထားတဲ့ ခိုင့်လက်တို့က သူ့အလိုလိုလျောကြသွားပြီး ထိုင်ခုံပေါ်မှာထိုင်နေတဲ့ခိုင်ကလည်း။

မပြိုလဲယုံတစ်မယ် ထိုစိတ်တွေကိုဘေးဖယ်ထားပြီး စာရဲ့အနောက်ဖက်တွင်ရေးထားတဲ့ စာတစ်ကြောင်းကြောင့်။

ခိုင်တစ်ယောက်အခန်းထဲကနေ လေအလျှင်လိုမျိုး တစ်နေရာကိုအပြေးထွက်သွားခဲ့သည်။ ဖိနပ်တောင်မစီးခဲ့မိလိုက်ပါ။

ဒါကို..အောက်ထပ်မှာ ဝိုင်တစ်ခွက်သောက်နေတဲ့ကိုမင်းကလည်းလှမ်းမြင်လိုက်တယ်။

"ခိုင်...ဘယ်ကိုသွားဖို့လဲ "

သူမေးတဲ့စကားကို ခိုင်ကဖြေတောင်မဖြေလိုက်ပဲ လေလိူင်းလေးပမာအမြန်ပင်ပြေးထွက်သွားတာကိုသူမြင်လိုက်ရတော့။

သူကိုယ်တိုင်ပင် အစောထဲကမချွတ်ရသေးတဲ့မီးဖိုချောင်သုံး အင်္ကျီ ကိုတောင်မလဲတော့ပဲ ခိုင့်အနောက်သို့ပြေးလိုက်လာခဲ့တော့သည်။

....

ခိုင်တစ်ယောက်ကားလမ်းမကြီးပေါ်မှာတစ်ယောက်ထဲပြေးလွှားနေတဲ့အရူးမကြီးပမာ ၊
အစောက စိုးရိမ်စိတ်တစ်ခုကြောင့်ပြေးလာခဲ့မိရာ ဖိနပ်မစီးခဲ့သဖြင့် ခိုင့်ခြေထောက်တွင်လည်း သွေးများဟာစီးကြနေသလို ၊ ခြေထောက်များဟာလည်းအက်ကွဲနေသေးသည်။ ဒါတွေကိုသူမမူပါ။ သူစိတ်ပူသည်မှာ သမီးရမက်ကိုသာဖြစ်တယ်။

လက်ထဲက စာရွက်လေးတစ်ရွက်ကိုလည်းကိုင်ထားရင်း။ နူတ်မှလည်းထိုသို့ရေရွတ်လိုက်တော့တယ်။

" ဒါ.. ကျော်ကိုကို့တို့အိမ်ရှိတဲ့လမ်းဘဲဖြစ်ရမယ် "

ခိုင်အခုလိုထွက်လာရချင်းမှာ ရမက်ကထိုစာအပြင်ထပ်မရေးတော့ပဲ ၊ ကျော်ကိုကိုကသူ့လက်ရေးဖြင့် ၊

ရမက်ဘာဆက်ဖြစ်လဲသိချင်ရင်ကျွန်တော့်ဆီလာခဲ့ပါ တီချယ်။ ဆိုပြီး လိပ်စာလေးတစ်ခုရေးပေးထားခဲ့သည်။

"တို့ဘယ်စိတ်နဲ့များဖြေရမလဲ ရမက်ရယ် "

"ဘာလို့လည်း...ဘာလို့တို့အပေါ်မှအခုလိုလုပ်ရက်ရတာလဲ ၊ "

" တို့ကမင်းကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ မင်းအနားမှာပဲအဖော်ပြုနေမဲ့မိန်းမပါကွယ်"

"အခုတော့ မင်းလုပ်ပုံကောင်းသေးရဲ့လား "

တို့ကိုတစ်ခြားလူတစ်ယောက်ရဲ့လက်ထဲထိုးပေးလိုက်ယုံနဲ့မင်းတာဝန်ကျေပြီတဲ့လား။

" ရမက်..ရမက်.."

ခိုင်တစ်ယောက်ပြေးရင်းလွှားရင်းစိတ်ထဲမှာရှိသမျှအရာအားလုံးကိုကျယ်လောင်စွာထုတ်အော်လိုက်မိတော့သည်။

ထိုဖြစ်ရပ်ကိုသူမအနောက်မှလိုက်လာတဲ့ ကိုမင်းတစ်ယောက်ကလည်းအစဆုံးမြင်သည်။

ထိုမှသာသူသဘောပေါက်ခဲ့သည်က ၊ ခိုင်မိန်းခလေးတစ်ယောက်နဲ့လိုက်ပြေးသွားတယ်ဆိုတာ။

"ခိုင့်တပည့်မလေးပဲ "

ကိုမင်းကခဏသာတွေဝေသွားပြီး အခုကိစ္စမှာသူကလူပိုလိုဖြစ်နေတဲ့အတွက်ကြောင့် အိမ်ကိုသာပြန်ဖို့ဆုံးဖြတ်လိုက်တယ်။

" ခိုင်ဒီလောက်ထိငိုကျွေးဖူးတာကိုယ်ဒီတစ်ခါပဲ မြင်ဖူးတယ် ခိုင်"

"ခိုင် သူ့ကိုတစ်ကယ်ချစ်တာပဲလား "

ချစ်ပါခိုင်ကြိုက်တဲ့လူကိုချစ်ပါ ဒီထဲမှာအကိုမပါရတာကိုတော့ အကိုဝမ်းနည်းဆုံးပဲ။

ခိုင့်ဘဝမှာ လူနှစ်ယောက်ကိုချစ်မယ်ဆိုရင်တောင် ၊ အကိုကဒုတိယလူမဖြစ်နိုင်သလိုပထမလူကလည်းထိုခလေးမပဲ ထပ်ဖြစ်နေမယ်ဆိုတာအကိုသိပါတယ်။ သိလည်းသိလိုက်ပါပြီ။

ဒီဇတ်လမ်းမှာနောက်ဆုတ်ရမဲ့လူကသူဆိုတာ ကိုမင်းအတပ်ကြသိလိုက်ပါပြီ။

"ခိုင်သာ ပျော်မယ်ဆို အကိုကအမြဲနောက်ဆုတ်ပေးဖို့အဆင်သင့်ပါ"

ကိုမင်း၏ ယခုပုံစံမှာကားလမ်းမကြီး
အလယ်ယောက်ကျားရင့်မာရီး တစ်ယောက်ကမီးဖိုချောင်သုံး အင်္ကျီကိုဝတ်ဆင်ထားပြီး။ မျက်ရည်တွေအသွင်သွင်စီး ကြနေပုံမှာဘေးလူအမြင်မှာတော့ရီချင်စရာပေါ့။

ထိုလို ..ရီစရာပုံစံ ဖြစ်နေတာကို တောင်ဂရုမစိုက်ဘဲပြေးထွက်လာတဲ့ သူ့ရင်ထဲမှာကော ဘယ်လိုခံစားနေရမလဲဆိုတာကို ​ဘေးလူတွေတော့သိမယ်မထင်။

တော်သေးတယ်ပဲပြောရမလား ၊ သူတို့ထွက်လာချိန်ကညဘက်ကိုမှအရမ်းမိုးချုပ်တဲ့အချိန်ဖြစ်နေတာမို့။ မဟုတ်ရင်ခိုင်ရောသူရောကအရူးကြီးတွေလိုဖြစ်နေကြမယ်ထင်ပ့။

ကိုမင်းဟာထိုသို့ပြောပြီး.. သူ့ရဲ့ခြေလမ်းများကိုနောက်ပြန်လည့်လိုက်ကာ ထွက်သွားတော့သည်။

ခိုင်တစ်ယောက်ကတော့ပြေးလာရတာမောလာသလိုလိုရှိပင်မယ့် မကြာခင်မှာကျော်ကိုကိုတို့အိမ်ကိုရောက်ရှိတော့မှာဖြစ်လို့ စိတ်ကိုမနည်းတည်ငြိမ်အောင်ထားလိုက်ပြီး။

ခြေလမ်းမှန်မှန်ဖြစ် လမ်းကိုလျှောက်ရင်း

ဒေါက်ဒေါက်..."

ခိုင်တစ်ယောက်တံခါးကိုခေါက်လိုက်တော့ ပထမ အခါ ဘာသံမျှမကြားရပါ။

ဒါကြောင့်ခိုင်လည်းဘေးပဝန်းကျင်ကိုကြည့်လိုက်တော့ညကမှောင်လွန်းသဖြင့် ခိုင်အစောကပြေးလာတဲ့လမ်းကိုတောင်မမြင်ရတော့ပါ။

ဒေါက်...ဒေါက်!!

ခိုင်တစ်ယောက်စိတ်မရှည်စွာဖြင့်တံခါးကိုခပ်ကြမ်းကြမ်းခေါက်လိုက်တော့မှ အိမ်ထဲကနေခြေသံလိုလိုအသံနဲ့အတူ။

အိမ်တံခါးပါပွင့်လာခဲ့သည်။

"ဟင်...အမပါလား "

"ညကြီးမိုးချုပ် တစ်ယောက်ထဲလာတာလား"

"မောင်..ဘယ်သူလာတာလဲဟင်"

မနက်က ကျော်ကိုကို့ဘေးတွင်ထိုင်နေသည့်ကောင်လေးက တံခါးလာဖွင့်ပေးပြီးချင်းချင်းမေးလိုက်တယ်ဆိုရင်ပဲ ၊ ကော်ဖီခွက်လေးကိုင်ရင်းအိမ်ထဲကနေထွက်လာတဲ့ ကျော်ကိုကိုက ထိုကောင်လေးကိုမေးလိုက်ချင်းဖြစ်တယ်။

"အော်..ညီမရမက်ရဲ့...အယ်"

"ဟို..ကျော် မောင့်ကိုပြောဖူးတဲ့ရမက်ရဲ့ဆရာမဆိုသူပါ ကျော်.."

ထိုကောင်လေးကပြောပြီးသည်နဲ့ ကျော်ကိုကိုကရောက်လာကာ။

"တီချယ်ရယ်တောင်းပန်ပါတယ်ဗျာ ချက်ချင်းလာမခေါ်မိတာ "

"ဒါဆိုတီချယ်ကစာအုပ်ဖတ်ပြီးပြီပေါ့"

ကျော်ကိုကိုဟာဝမ်းနည်းရိပ်သန်းတဲ့ပုံစံဖြင့်ထိုသို့ပြောတော့ ၊ ခိုင့်ရင်တွေပိုပူလာကာ။ ရမက်ဘာဆက်ဖြစ်ခဲ့လဲဆိုတာကိုပိုပိုသိချင်လာခဲ့တယ်။

"အင်း..တို့ဖတ်ခဲ့ပြီးပြီ "

"အခြားစကားတွေကွေ့ဝိုက်မနေပဲ တို့ကိုလိုရင်းသာပြောပါ သမီးရမက်ဘာဆက်ဖြစ်သွားတာလဲ ကျော်ကိုကို"

ခိုင်ဟာ တိုးဖျော့လှတဲ့လေသံလေးဖြင့်သာ ထိုသို့ပြောလိုက်တော့။

"ဟုတ်ကဲ့ပါ.. အိမ်ထဲအရင်ဝင်ပါအုံးလားတီချယ်ခိုင် "

ခိုင်လည်း သူခေါ်သဖြင့်ထိုအိမ်ထဲသို့ဝင်လိုက်တယ်။ ပြီးနောက်အိမ်ရဲ့ပဝန်းကျင်ကိုကြည့်မိတော့ ၊ ထိုကောင်လေးနဲ့ ကျော်ကိုကိုတို့တွဲ ပြီးရိုက်ထားတဲ့ပုံတွေကိုအပြည့်ချိတ်ဆင်ထားတာကိုမြင်တွေ့လိုက်ရတယ်။

ဒီလောက်ဆိုရင် ခိုင်လည်းသဘောပေါက်ပြီလေ၊

သူတို့နှစ်ဦးကချစ်သူတွေဖြစ်မယ်ဆိုတာကို၊

"တစ်ကယ်တော့.. ရမက်ကတီချယ့်ကိုသိပ်ချစ်ခဲ့တာဗျ"

ခိုင်တစ်ယောက်ခုံမှာဝင်ထိုင်သည်နဲ့ကျော်ကိုကိုကထိုသို့စကားစလာခဲ့သည်။ ခိုင်လည်းစိတ်ဝင်စားဖြင့်သာ သေချာနားထောင်ဖို့ပြင်လိုက်တယ်။

တီချယ့်အပေါ်ဟိုအရင်တုန်းကရက်စက်ခဲ့တာတွေဟာသူ့စိတ်ထဲကတစ်ခုမှမပါခဲ့သလို ၊ သူဟာလည်းတီချယ်နဲ့ထပ်တူဝမ်းနည်းကြေကွဲခဲ့ရတယ်။

တီချယ်တို့လက်ထပ်ပြီး ၃လအကြာမှာကျွန်တော်ရယ် ရမက်ရဲ့အမေရယ်နဲ့ကျွန်တော့်အမေတို့တွေက ၊ အာ့နေရာကိုအပြီးပြောင်းလာဖို့စီစဥ်ထားသူတွေတီချယ်ရဲ့။

ဖြစ်ချင်တော့.. ကျွန်တော့်မိဘတွေကခရီးလွန်နေတယ်ဗျာ ၊ ဒီလိုနဲ့ကျွန်တော်တစ်​ယောက်ထဲ ပြန်လာရတာပေါ့ ၊ တီချယ်တို့အာ့ကိုစရောက်ရောက်ချင်းတုန်းကလိုက်လံမိတ်ဆက်ပေးတာ။ ကျွန်တော့်ညီမပါ။

ကျွန်တော်ကိုယ်တိုင်လိုက်မိတ်ဆက်ပေးထားတာပါတီချယ် ၊ ကံကောင်းတာလားကံဆိုးတာလားကျွန်တော်တော့မသိဘူးတီချယ်ရယ်။

ကျွန်တော်ပြန်လာတဲ့နေ့မှာပဲ ရမက်ကိုတွေ့ဖို့လိုက်ရှာတယ် ၊ ကျွန်တော်ရောက်တော့ညနေလည်းဆောင်းနေပြီ မိုးကလည်းရွာဖို့အတွက်အုပ်ဆောင်းနေပြီ။

ဒါပင်မယ့်လည်း ရမက်က ကျွန်တော်တို့နဲ့သိပ်မဝေးတဲ့ပန်းခြံမှာဈေးရောင်းနေတာဆိုတော့ကျွန်တော်လည်းလိုက်သွားခဲ့တယ်။

ဖြစ်ချင်တော့ကျွန်တော်တို့ရောက်ပြီးသိပ်မကြာ ရမက်ကိုတန်းတွေ့တယ်။

ဒါပင်မယ့် မူးလဲနေတဲ့ရမက်ကိုပဲတွေ့လိုက်ရတယ်။ ကျွန်တော်ရောညီမလေးရော အရမ်းတွေလန့်သွားပြီး ရမက်ကိုဆေးရုံတင်ဖို့လုပ်ကြတယ်။

ဒီလိုနဲ့ဆေးရုံရောက်သွားတဲ့နေ့မှာ ၊ ဆရာဝန်က ကျွန်တော့်ကိုပြောတယ်။

ရမက်ကအလွန်ဆုံးနေမှ ၃ လပဲ သူ့ရဲ့ဦးနှောက်ထဲမှာ ရေအိတ်ပေါက်နေတယ်တဲ့တီချယ်ရယ်။

ကျွန်တော်ဖြင့်လေ ရမက်အတွက်စိတ်မကောင်းလွန်းလို့ ငိုကြွေးမိတယ်။

ကျော်ကိုကိုဟာပြောလည်းပြော သူ့မျက်ဝန်းထဲတွင်လည်းမျက်ရည်များဟာမိုးရွာနေသလိုကိုစီးကြလို့နေလေသည်။

ခိုင်ကတော့ လုံးဝကို စကားမပြောနိုင်တော့လောက်အောင်ဖြစ်နေရပြီး။ ရမက်နဲ့သူရဲ့အမှတ်တရတွေကိုပြန်မြင်လာလေ။

သူငိုကြွေးလေဖြစ်ကာ ထိုအိမ်ကြီးထဲတွင်အစောကတိတ်ဆိတ်သလောက် ၊ အခုများတော့ ငိုကြွေးသံတွေနဲ့သာပြည့်နက်လို့နေလေသည်။

ကျွန်တော်က အခုလိုမျိုးဖြစ်နေတာကိုတီချယ့်ကိုဖုန်းဆက်ဖို့လုပ်ပါတယ်။ ဒါပင်မယ့်ဘယ်ချိန်ထဲကနိုးနေလဲမသိတဲ့ရမက်က ၊ ကျွန်တော့်ကိုတောင်းပန်တယ်။

တီချယ့်ကိုမပြောပါနဲ့တဲ့ ၊

အစက ကျွန်တော်သူ့စကားနားမထောင်ချင်ပင်မယ့် သူ့ရဲ့ညို့မိူင်းပြီးကြည့်တဲ့အကြည့်ကိုကျွန်တော်အခုထိမှတ်မိသေးတယ်ဗျာ။

သူ..သူပြောတယ် တီချယ့်ရဲ့အပြုံးလေးတွေမပျောက်ပျက်ဖို့ သူ့ကိုယ်သူစတေးရမယ်တဲ့။

" တော်..တော်ပါတော့ကွယ် "

တို့..တို့ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့ပါဘူး

"အခုသမီးရမက်ဘယ်မှာလဲဟင် ဒါပြောပြပါ တို့သူ့ကိုတောင်းပန်ချင်တယ် "

"သမီးရမက်ဘယ်မှာလည်းဟင် ​.."

တီချယ်... ကျွန်တော့်စကားကိုဆုံးအောင်နားထောင်ပေးပါလားဗျာ၊ ထိုအချိန်ကရမက်ရဲ့ခံစားချက်တွေကို တီချယ်ဥပက္ခာမပြုလိုက်ပါနဲ့။

ကျော်ကိုကိုပြောလိုက်တဲ့စကားကြောင့်သူဟာအခုချိန်ထိ ၊ ရမက်ပေါ်နားလည်နိုင်စွမ်းမရှိသေးတာကို ပြန်လည်သတိထားမိလာကာ။

"အင်း..."

"တို့နားထောင်ပေးပါ့မယ် ပြီးရင်တော့တို့သမီးရမက်ကို တွေ့ချင်လွန်းလို့ပြောပြပါကွယ် ထိုင်ကတော့ဆိုကတော့ပါ့မယ်"

ခိုင်ဟာပြောလည်းပြော ကျော်ကိုကိုနဲ့အတူထိုင်နေရင်းကနေ ကြမ်းပြင်အောက်သို့ဆင်းထိုင်ကာ ကတော့မြည့်ပုံစံလုပ်နေတာမို့။

ကျော်ကိုကိုတို့လည်းအလန့်တကြားဖြင့်

"ဟာ..ငရဲတွေတော့ကြီးကုန်ပါ့မယ်တီချယ်ရယ် ကျွန်တော်ကရမက်ရဲ့ခံစားချက်ကိုသိစေချင်ယုံလေးပါ"

"တီချယ်...ပြန်ထိုင်လိုက်ပါနော် "

ကျော်ကိုကိုရဲ့စကားကြောင့် ခိုင်ဆိုဖာခုံမှာပြန်ဝင်ထိုင်လိုက်ရပင်မယ့်။ စိတ်ထဲတွင်တော့ ကောင်းကင်ကြီးတစ်ခုပြိုကြနေသည့်အလား။ ရင်ဘက်ထဲမှာတင်းကြပ်ကြပ်ဖြင့်။

သူရမက်ပေါ်အထင်တွေလွဲဲပြီး အမှားတွေအများကြီးလုပ်ခဲ့မိတယ်မဟုတ်လား။

"ဆက်ပြောပါကွယ် ..တို့နားထောင်နေပါ့မယ်"

"ဟုတ်.."

ရမက်က တီချယ့်ကိုဖုန်းမဆက်ခိုင်းတာနဲ့ကျွန်တော်လည်း မဆက်လိုက်တော့ဘူး

"ဒါပင်မယ့်ရမက်က ကျွန်တော့်ကိုအကူညီတစ်ခုတောင်းတယ်ဗျ"

"ဘာအကူညီလဲ.. "

ခိုင်ဟာထိုသို့မေးလိုက်တော့ ကျော်ကိုကိုကဆွေးနေတဲ့မျက်ဝန်းများဖြင့် အတိတ်ဆီသို့..

Chan#🌷🧾

Comment