အပိုင်း - ၉

" အား... "

" Oh! Fuck ... "

လှုပ်နှိုးခံလိုက်ရသလိုသတိပြန်ဝင်လာကြသည်နှင့်တစ်ပြိုင်နက်ချက်ချင်းပင်တစ်ယောက်ကိုတစ်ယောက်အပြိုင်အဆိုင်ကျောခိုင်းပစ်လိုက်ကြ၏။မထင်မှတ်ပဲရုတ်တရက်ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့အခြေအနေကအရမ်းကိုရှက်ဖို့ကောင်းလွန်းတာမို့နှစ်ဦးသားကြားမှာစကားသံတွေကအချိန်တစ်ခုကြာပျောက်ရှနေလေသည်။

" မဟုတ်...ကျွန်တော်...မဟုတ်...အာ...Sorry..."

ကျောခိုင်းထားရင်းနဲ့ပင်ကောင်းလေးကအခန်းထဲဝင်လာရတဲ့အကြောင်းအရင်းကိုရှင်းပြချင်နေပုံရသည်။သို့သော်ကောင်လေးသည်လည်းသူ့လိုပဲအရမ်းကိုရှက်နေသည်ဖြစ်မည်။ထွက်လာတဲ့စကားလုံးတွေကအစီအစဥ်မကျပဲထစ်ငေါ့နေ၏။ဖြစ်ပျက်သွားတဲ့အခြေအနေကတစ်ယောက်ကိုတစ်ယောက်နောက်တစ်ကြိမ်ထပ်ပြီးမဆုံချင်ရလောက်အောင်ဆိုးဝါးလွန်းတာမို့အခုချိန်မှာအငွေ့ပျံပြီးပျောက်ကွယ်သွားဖို့ကိုသာသူဆုတောင်းနေမိသည်။

အား...ရှက်လိုက်တာ...။

ဘယ်လိုအရှက်ကွဲမှုမျိုးလဲ...။

အခန်းထဲကနေကောင်လေးကထွက်မသွားသေးပဲမလှုပ်မယှက်မတ်တပ်ရပ်နေဆဲပင်...။ကြည့်ရတာသူ့ကိုအထင်မလွဲအောင်ထပ်ပြီးရှင်ပြချင်နေပုံရသည်။အခုချိန်မှာရှင်းပြဖို့ကြိုးစားနေတာထက်သူအဆင်ပြေစေဖို့အခန်းထဲကနေထွက်သွားသင့်တယ်ဆိုတာဒီကောင်လေးနားမလည်ဘူးလား...။အခြားကိစ္စတွေမှာသူတို့လိုက်မမှီနိုင်အောင်ဉာဏ်ပြေးလွန်းတဲ့ကောင်လေးကဒီအခြေအနေမှာတော့အရမ်းကိုတုံးအလွန်းသည်။ကောင်လေးကျောခိုင်းကာမတ်တပ်ရပ်နေတုန်းသူလည်းကုတင်ပေါ်ကတဘတ်ကိုကမန်းကတန်းဆွဲယူပြီးခါးမှာပတ်လိုက်၏။

ထိုစဥ်အခန်းတံခါးဖွင့်သံကြောင့်နှစ်ယောက်လုံးတံခါးပေါက်ဝဆီပြိုင်တူကြည့်လိုက်မိကြသည်။ထိုအခါအခန်းထဲကိုကမူးရူးထိုးဝင်ရောက်လာတဲ့မြတ်ခေါင်တို့သုံးယောက်ကနားမလည်တဲ့အကြည့်တွေနဲ့သူတို့နှစ်ယောက်ကိုကြည့်ရင်း...

" ခုနကဒီအခန်းထဲကအော်သံကြားလိုက်တယ်...အသံကအကျယ်ကြီးပဲ...ဘာဖြစ်ကြတာလဲ..."

မင်းမင်းကသူတို့နှစ်ယောက်ကိုကြည့်ကာမေးလေသည်။ကျန်နှစ်ယောက်ကလည်းစူးစမ်းတဲ့အကြည့်တွေနဲ့သူတို့နှစ်ယောက်ကိုကြည့်နေ​ကြ၏။

" ဘာ...ဘာမှမဖြစ်ဘူး...ဟုတ်တယ်...ဘာမှမဖြစ်ဘူး...အစ်ကိုပိုးဟပ်တွေ့လို့အော်လိုက်တာ...ဟဲဟဲ...ဘာမှမဖြစ်ဘူး...ညီလေးတို့..."

ယုတ္တိမရှိတဲ့အကြောင်းပြချက်တစ်ခုကိုပြောပြီးတဲ့နောက်ရေချိုးခန်းထဲကိုအလျင်အမြန်သူပြေးဝင်လာခဲ့လိုက်သည်။ထို့နောက်ရေချိုးခန်းတံခါးကို Lock ချပြီးတုန်နေတဲ့ရင်ဘတ်ကိုဖိကာဆောင့်ကြောင့်ထိုင်နေမိ၏။ဟိုကောင်လေးကတော့အခန်းထဲမှာဘယ်လိုပုံစံနဲ့ကျန်နေခဲ့လည်းမသိပေ...။

ရှက်ဖို့ကောင်းလိုက်တာ...။

တစ်သက်နဲ့တစ်ကိုယ်ဗလာကျင်းနေတဲ့ပုံစံနဲ့သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာမတ်တပ်ရပ်နေရလိမ့်မယ်လို့သူတစ်ခါမှမတွေးမိခဲ့ဖူးပေ..။

အခုတော့...။

ယော...ယော...။

မင်းနမော်နမဲ့နိုင်လွန်းတယ်...။

အခြေအနေတွေကအားလုံးလွန်ကုန်ပြီမို့အခုချိန်မှာအသုံမကျတဲ့ကိုယ့်ကိုယ်ကိုသာအပြစ်တင်နိုင်တော့သည်။အချိန်တစ်ခုကြာတဲ့အထိစိတ်ငြိမ်အောင်ကြိုစားပြီးတဲ့နောက်ရေချိုးခန်းထဲကနေသူထွက်လာခဲ့လိုက်သည်။အခန်းထဲမှာတော့ကောင်လေးတွေမရှိကြတော့ပေ...။ထို့နောက်သူလည်းအဝတ်အစားကိုအလျင်အမြန်ဝတ်လိုက်ပြီးအခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။

အခန်းပြင်ကိုထွက်တဲ့အခါဘယ်လိုပုံစံနဲ့ကောင်လေးကိုသူမျက်နှာချင်းဆိုင်ရမှာလဲ...။ပြီးတော့ကောင်လေးကလည်းသူ့ကိုတွေ့တဲ့အခါဘယ်လိုပုံစံဖြစ်သွားမလဲ...။

မဆုံးနိုင်တော့တဲ့အတွေးတွေကြောင့်အခန်းထဲကထွက်ဖို့သူတွန့်ဆုတ်နေမိသည်။အထူးသဖြင့်မျိုးနွယ်နဲ့တွေ့ရမှာကိုပင်...။သို့သော်မထွက်လို့လည်းမရပြန်ပေ...။ကိုယ့်ဆီတကူးတကလာလည်တဲ့ခလေးတွေကိုဒီအတိုင်းပစ်ထားပြီးနေလိုက်ရင်သူ့ကိုခလေးတွေလည်းတစ်မျိုးထင်သွားနိုင်သည်။ထို့ကြောင့်ရှေ့မျက်နှာနောက်ထားပြီးသွားဖို့ကိုသာသူဆုံးဖြတ်လိုက်​တော့၏။

" ရေချိုးတာကြာလိုက်တာကိုယောရာ ...ဒီမှာကျွန်တော်တို့ကစတောင်စနေကြပြီ...မြန်မြန်လာဝိုင်းလိုက်တော့..."

အခန်းထဲကထွက်ထွက်ခြင်းရှိန်းမင်းကသူ့ကိုလက်ယက်ကာလှမ်းခေါ်တော့သည်။ရှိန်းမင်းရဲ့ဘေးမှာထိုင်နေတဲ့ကောင်လေးကိုလှမ်းကြည့်မိတော့မင်းမင်းနဲ့စကားပြောလို့နေ၏။သူ့ကိုတစ်ချက်လေးတောင်ငဲ့ကြည့်မလာပေ...။မြတ်ခေါင်ကတော့စလာကတည်းအတိုင်းငူငူငိုင်ငိုင်ဖြစ်နေဆဲပင်...။အားလုံးကထူးထူးခြားခြားပြောင်းလဲသွားကြတာမရှိပဲပုံမှန်အနေအထားအတိုင်းမို့သူစိတ်အေးသွားရသည်။

ထို့နောက်သူလည်းလေပူတစ်ချက်ကိုမသိမသာလေးမှုတ်ထုတ်ရင်းသွက်လက်သောခြေလှမ်းတွေနဲ့ထိုဝိုင်းဆီဦးတည်လိုက်သည်။အနားရောက်တဲ့အခါရှိန်းမင်းနဲ့မြတ်ခေါင်တို့နှစ်ယောက်ကြားမှာသူဝင်ထိုင်လိုက်​၏။ထိုအခါမြတ်ခေါင်ကသူ့ကို Tiger Beer ဗူးတိုတစ်ဘူးလှမ်းပေးလေသည်။သူလည်းလှမ်းယူကာမသောက်သေးပဲအရှေ့မှာချထားလိုက်၏။

ဝိုင်းရဲ့အလယ်မှာတော့ Beer ဗူးတို၊ဗူးရှည်အပြင် Beer ပုလင်းတွေကမနည်းမနောပင်.. ။ကြက်ကင်၊ငါးသံပုရာပေါင်း၊ပင်လယ်စာတုံယမ်းဟင်းချိုနဲ့အာလူးကြော်၊ကန်စွန်းပလိန်းကြော်တွေကတော့​သောက်ရင်းမြည်းမယ့်အစားအစာတွေဖြစ်၏။နောက်ထပ်သူမသိတဲ့ဟင်းသုံးလေးမျိုးလည်းရှိသေးသည်။များလွန်းတဲ့အစားအစာတွေကလူငါးယောက်စာပင်မကပေ...။

"  ကဲ...လူလည်းစုံပြီ...မနက်ဖြန်ကလည်း Super Holiday ဆိုတော့ငါ့ကောင်ကြီးတို့ရေ...အသာကုန်ဆော်ဟ...အိမ်လည်းပြန်စရာမလိုဘူးဆိုတော့အန်ဖက်ဆို့ပြီးလဲနေရင်လည်းကိစ္စမရှိဘူး..."

" ဟုတ်တယ်...မြတ်ခေါင် မင်းလည်းအခုချိန်မှာညစ်နေတာတွေကိုဒါတွေနဲ့မျောချလိုက်...ကြားလားယောက်ဖ..."

အနားမှာရှိတဲ့ Beer ဗူးကိုမြတ်ခေါင်ဆီကမ်းပေးရင်းရှိန်းမင်းကတက်တက်ကြွကြွဆော်ဩလိုက်တဲ့မင်းမင်းရဲ့အပြောကိုအပြည့်အဝထောက်ခံလိုက်သည်။မြတ်ခေါင်ကတော့ရှိန်းမင်းရဲ့စကားကိုခေါင်းလည်းမငြိမ့်ခေါင်းလည်းမခါပေ...။ဒီအတိုင်းသာမလှုပ်မယှက်ငြိမ်သက်လို့နေ၏။သူတို့သုံးယောက်ရဲ့အခြေအနေကိုသူနဲ့ငချေလေးကတော့ဘေးကနေပွဲကြည့်ပရိသတ်တစ်ယောက်ပမာဘာမှဝင်မပြောပဲဒီအတိုင်းသာကြည့်နေလိုက်သည်။

မြတ်ခေါင်အခုလိုကြီးဝမ်းနည်းခံစားနေရတာမြင်တော့သူစိတ်မကောင်းပေ...။ထို့ကြောင့်မြတ်ခေါင်စိတ်သက်သာအောင်သူအားပေးစကားပြောချင်သည်။ဒီငါးယောက်ထဲမှာအသက်အကြီးဆုံးကသူဆိုတော့အကြီးတစ်ယောက်အနေနဲ့တကယ်လည်းအားပေးစကားပြောသင့်သည်မဟုတ်လား...။သို့သော်ဖြစ်နေတဲ့ပြဿနာကသူနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ချစ်မှုရေးရာကိစ္စတဲ့လေ...။အဲ့ဒီတော့သူအနေနဲ့နှုတ်ဆိတ်ရုံကလွဲပြီးဘာမှမတတ်နိုင်တော့ပေ...။

ဒီလိုနဲ့မြတ်ခေါင်ကိုအကြောင်းပြုပြီးစတင်ခဲ့တဲ့ Party ပွဲအသေးစားလေးသည်သန်းခေါင်ကျော်ညဥ့်နက်မှပင်အဆုံးသတ်သွားတော့၏။

" ချိုရေ...အေ့...ချိုရေ...မောင့်ကိုမပစ်...အေ့...ထားပါနဲ့ကွာ...မောင့်ရဲ့ချိုလေးရေ...အေ့...မောင့်ရဲ့မရှိမဖြစ်ချိုလေးရေ..."

သောက်ပြီးသား Beer ဗူးခွံတွေ၊ပုလင်းခွံတွေကကြမ်းပြင်မှာအတုံးအရုံးလဲပြိုလို့နေသည်။ထို့အပြင်အမြည်းပန်းကန်တွေကလည်းဟိုတစ်ချပ်ဒီတစ်ချပ်နဲ့ပြန့်ကျဲနေ၏။ထိုဗူးခွံ၊ပုလင်းခွံ၊အမြည်းပန်းကန်တွေကြားမှာရှိန်းမင်းကခြေကားယား၊လက်ကားနဲ့အိပ်ပျော်နေလေသည်။ငချေလေးကတော့ Sofa ပေါ်မှာထိုင်ရင်းလက်နှစ်ဖက်ကိုဆန့်ကာ​မျက်နှာကျက်ကိုမော့ကြည့်နေသည်။

မူးနေပြီထင်ပါရဲ့...။

အဆိုးဆုံးကတော့မြတ်ခေါင်ပင်....။

" အေ့...ယောက်ဖ...မင်းပဲစဥ်းစားကြည့်​...အေ့... စမ်းကွာ...အေ့...ငါသူ့ကိုဒီလောက်ထိချစ်တာ...သူကတော့...သူကတော့...အီးဟီးဟီး..."

မအိပ်ပဲရစ်နေတဲ့မြတ်ခေါင်းကြောင့်မင်းမင်းတစ်ယောက်ခေါင်းကိုသာတဗျင်းဗျင်းနဲ့ထိုင်ကုတ်နေမိတော့သည်။ရစ်နေရုံတင်ပဲမဟုတ်၊စကားပြောနေရင်းနဲ့ပါငိုချလိုက်ပြန်တော့သူ့ခမျာပိုလိုပင်စိတ်ညစ်သွားရတော့သည်။

ဒီမအေမွေးကတော့...။

ဘာမှမဟုတ်တာလေးကိုငိုနေရတယ်လို့...။မသိရင်ကောင်မလေးကပဲခြံခုန်သွားသလိုလို...။

ဒါကြောင့်သူရည်စားမထားတာ...။

မရလို့မဟုတ်ဘူးနော်...မထားတာ...။

တွေ့သမျှလိုက်ကြောင်နေတဲ့သူ့အဖို့စော်တစ်ယောက်ရဖို့ကငှက်ပျောသီးအခွံခွာထာထက်ပင်ပိုလွယ်ကူသေးသည်။သို့ပေမယ့်လည်းသူ့အနေ​နဲ့ကဆုံလည်နွားမဖြစ်ချင်သေးတာကြောင့် Single ဘဝနဲ့ပဲအနံ့ရှု အဲ ရပ်တည်နေတယ်ဆိုပါတော့...။

" အေး...အေးပါ ယောက်ဖရာ...မင်းသူ့ကိုဘယ်လောက်ထိချစ်လဲဆိုတာငါသိပါတယ်ကွာ...သူလည်းသိပါတယ်ကွ...ဒါကြောင့်မို့အိပ်လိုက်တော့နော် ယောက်ဖ..."

စောက် Rs တွေကစိတ်ညစ်ဖို့ကောင်းလိုက်တာ....။

ဘာမဟုတ်တာလေးနဲ့ရန်ထဖြစ်၊ပြီးရင်လည်းဘာမှမဟုတ်ကြပြန်ပေ...။သူတို့အချစ်စမ်းတာအရေးမကြီးဘူး...။ကြားထဲကပဲလှော်ကြားဆားညှပ်ခံနေရတဲ့သူတို့လိုလူတွေကစောက်ရူးကြီးကိုဖြစ်လို့...။

" မအိပ်ဘူးကွာ...အေ့...အီးဟီးဟီး...ငါချစ်တာသူသိရင်ဘာလို့လမ်းခွဲတဲ့စကား...အေ့...လမ်းခွဲတဲ့စကားပြောရတာလဲကွ...အီးဟီး...ချိုရေ...မောင့်ရဲ့ချိုလေးရေ...မောင့်ရဲ့နှလုံးသားလေးသွေးစိမ်းရှင်ရှင်ထွက်နေပါပြီကွာ...အီးဟီး..."

ပြောပြီးပြန်ငိုနေတဲ့မြတ်ခေါင်ကြောင့်သူထိုင်ငိုချင်သွားတော့သည်။ဟိုနှစ်ကောင်ကိုကြည့်လိုက်ပြန်တော့လည်းတုတ်တုတ်မှမလှုပ်...။သေနေလိုက်တာများအခေါင်းထဲရောက်နေသလိုပင်...။သူနဲ့ကိုယောကတော့သိပ်မသောက်တဲ့အတွက်အရမ်းကြီးမမူးပေ...။ဘယ်လိုမှချော့လို့မရတဲ့အဆုံးသူလည်းငိုနေတဲ့ငမူးကိုဒီအတိုင်သားထိုင်ပြီးကြည့်နေလိုက်တော့သည်။

ငိုစမ်း...ကြိုက်သလောက်...။

ခဏနေတော့သကောင့်သားကမောသွားသည်ဖြစ်မည်။အငိုတိတ်ကာငြိမ်ကျသွားတော့၏။သို့သော်မျက်လုံးကသာမှိတ်နေပေမယ့်ပါးစပ်ကတော့ပွစိပွစိနဲ့ရွတ်လို့ကောင်းနေတုန်းပင်...။ ဘာတွေပြောနေမှန်းတော့မသိပေ...။ချိုဆိုတဲ့နာမည်တစ်လုံးကိုသာပီပီသသကြားရ၏။

သူတောင်းစား...။

အိပ်တာတောင်ချိုချိုကိုတောင့်တနေရတယ်လို့...။

မြတ်ခေါင်အိပ်မှပဲသူလည်းစိတ်သက်သာရသွားတော့သည်။မဟုတ်ရင်သကောင့်သားကျေးဇူးနဲ့လူကတစ်ညလုံးငုတ်တုတ်ထိုင်နေရမှာ...။

" ကိုယော...ထားလိုက်ပါဗျာ...မနက်မှကျွန်တော်တို့ထသိမ်းပေးမယ်...သွားအိပ်တော့..."

ကိုယောကကြမ်းပြင်မှာပြန့်ကျဲနေတဲ့ Beer ဗူးခွံတွေနဲ့အမြည်းပန်းကန်တွေကိုလိုက်သိမ်းနေရင်းနဲ့သူ့ကိုလှည့်ပြုံးပြပြီး...

" ရတယ်...ရတယ်...အစ်ကိုတစ်ခါတည်းသိမ်းလိုက်တော့မယ်...မင်းလည်းအိပ်တော့...အခန်းထဲမှာမျက်နှာသွားသစ်လို့ရတယ်...အင်္ကျီနဲ့ဘောင်းဘီလဲချင်လည်းရတယ်..."

" မလဲတော့ဘူး...ကျွန်တော်ဒီအတိုင်းပဲအိပ်လိုက်တော့မယ်..."

ပြောမရမယ့်အတူတူသူလည်းဆက်ပြောမနေတော့ပေ...။ထို့နောက်လွတ်နေတဲ့ Sofa တစ်ခုဆီလျှောက်သွားပြီးမင်းမင်းကလှဲအိပ်ချလိုက်တော့သည်။ရောက်လာတိုင်းဒီလိုပဲအိပ်နေကြမို့ထွေထွေထူးထူးအားနားစရာမရှိပေ...။

အကုန်လုံးသိမ်းဆည်းပြီးတဲ့နောက်အခန်းထဲကိုသူဝင်လာခဲ့လိုက်သည်။သန့်ရှင်းရေးလုပ်ထားတဲ့အတွက်သူ့တစ်ကိုယ်လုံးညစ်ပတ်လို့နေ၏။ထို့ကြောင့်သူရေချိုးဖို့စဥ်းစားလိုက်သည်။အချိန်လည်းမနည်းတော့ပြီမို့ရေကိုကမန်းကတန်းသူရေချိုးလိုက်သည်။

" ဟူး....အခုမှပဲ...နေရ၊ထိုင်ရတာအဆင်ပြေသွားတော့တယ်..."

ရေချိုးပြီးတဲ့အခါစားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့အချိန်ကမနက်တစ်နာရီတောင်ထိုးနေလေပြီ...။သို့နှင့်သူလည်းအခန်းမီးပိတ်​ပြီးညမီးအိမ်လေးတစ်ခုသာထွန်းကာအိပ်ရာထဲကိုဝင်လိုက်၏။ထို့နောက်စောင်ကိုရင်ဘတ်အထိဆွဲခြုံလိုက်ပြီးမျက်လုံးမှိတ်ကာအိပ်စက်ဖို့ပြင်လိုက်လေတော့သည်။မျက်လုံးမှိတ်ထားပေမယ့်အိပ်မပျော်သေးတာကြောင့်ခန္ဓာကိုယ်ကိုယ်ကိုလှုပ်ရွကာဟိုဒီသူလှိမ့်နေမိသည်။အချိန်အနည်းငယ်ကြာတဲ့အခါမျက်ခွံများလေးလံလာကာသူအိပ်ပျော်သွားရတော့သည်။

ထိုစဥ်အနောက်ကနေဖက်ထားသလိုခံစားရတာကြောင့်အိပ်ပျော်နေရာမှသူလန့်နိုးလာခဲ့သည်။သို့နှင့်လေးလံသလိုခံစားနေရတဲ့ခါးကိုစမ်းကြည့်လိုက်တဲ့အခါနွေးထွေးတဲ့လက်တစ်စုံကိုသူထိတွေ့မိသည်။

ဟင်...။

တကယ်ပဲသူဖက်ထားခံရတာပဲ....။

ဘယ်သူပါလိမ့်....။

သိချင်ဇောနဲ့ဖက်ထားတဲ့လူဆီကနေသူရုန်းထွက်လိုက်မိသည်။သို့သော်တင်းကြပ်စွာဖက်ထားတဲ့လက်တစ်စုံကြောင့်သူ့အနေနဲ့လွတ်မြောက်ဖို့ကြိုးစားလည်းအချည်းနှီးပင်...။မရပြန်တော့နောက်တစ်ခေါက်ထပ်ပြီးသူရုန်းထွက်လိုက်၏။သို့သော်အချည်းနှီးပင်....။သူရုန်းထွက်လေထိုလူကပိုဖက်လေပင်...။

" ဘယ်...ဘယ်သူလဲ...လွှတ်...ဘယ်သူငါ့ကိုဖက်ထားတာလဲ...လွှတ်လို့..."

သူ့ကိုအရုပ်တစ်ရုပ်လိုပိုင်စိုးပိုင်နင်းဖက်ထားတဲ့လူရဲ့လက်ထဲကနေအသည်းအသန်သူရုန်းထွက်လိုက်၏။ထိုအခါသူရုန်းထွက်နေတာကိုထိုလူကစိတ်မရှည်တော့ဘူးထင်ပါရဲ့.....။သူ့ကိုပိုပြီးတင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်လေသည်။ထိုလူ့ရဲ့လက်ရဲဇက်ရဲအပြုအမူကြောင့်သူ့မှာအသက်ရှုတောင်ကြပ်သွားရ၏။

" လွှတ်နော်...လွှတ်လို့....ငါ့ကိုဘယ်သူဖက်ထားတာလဲ....လွှတ်..."

" ကျစ်...ငြိမ်ငြိမ်နေ..."

ဟင်....ဒီအသံ..။

နောက်ပါးဆီကထွက်လာတဲ့အသံဩဩကြောင့်လူကကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်သွားမိတော့သည်။ဧည့်ခန်းထဲမှာလူရှိနေတဲ့အတွက်အခန်းကိုသူ Lock မချခဲ့ပေ...။ဒီကောင်လေးဘယ်တုန်းကတည်းကသူ့အခန်းထဲကိုရောက်နေတာလဲ...။အရင်တုန်းကတစ်ခါမှသူ့အခန်းထဲကိုဒီကောင်လေးလာဝင်မအိပ်ဖူးပေ....။

ပြီးတော့...။

သူငြိမ်ငြိမ်မနေနိုင်ပါ....။တင်းတင်းကြပ်ကြပ်ဖက်ထားခံရတာကသူ့ကိုနေရခက်စေတယ်ဆိုတာဒီကောင်လေးမသိဘူးလား...။​​ထို့ကြောင့်ကောင်လေးလက်ကနေနောက်တစ်ကြိမ်သူရုန်းထွက်ဖို့ပြင်လိုက်၏။

" ကျစ်...ခင်ဗျား...ဘာဖြစ်နေတာလဲ...ငြိမ်ငြိမ်နေလို့ပြောနေတယ်လ ...ဒီလိုလုပ်နေရင်တစ်ညလုံးအိပ်ရမယ်မထင်နဲ့..."

" ငါ...ငါမနေတတ်ဘူး..."

" မနေတတ်လည်းနေတတ်အောင်နေ...ကျွန်တော်စကားကိုနှစ်ခါမပြောဘူးနော်..."

ကောင်လေးကသိပ်ကိုဆိုးလွန်းသည်။လူကိုဆက်ဆံနေတာများသူ့ထက်ငယ်တဲ့ကောင်လေးတစ်ယောက်လိုပင်...။

ပြီးတော့...။

ဒါဘယ်လိုအခြေနေကြီးလဲ....။ဒီလိုပုံစံကချစ်သူ၊အိမ်ထောင်သည်တွေသာလုပ်တတ်တာမဟုတ်ဘူးလား...။

ဒါဆို...သူနဲ့ဒီကောင်လေးက...။

အား...မဟုတ်ဘူး...ဖွဲဟဲ့...လွဲပါစေ...ဖယ်ပါစေ...။

ကျစ်....သူဘာတွေတွေးနေမိတာလဲ.....။

ခေါင်းကိုခါယမ်းပြီးအတွေးတွေကိုအလျင်အမြန်သူမောင်းထုတ်ပစ်လိုက်၏။မတွေးကောင်းတဲ့အတွေးကိုသူတွေးနေမိတာပဲ.....။ခင်မင်ခဲ့တဲ့သုံးလတာကာလအတောအတွင်းမှာကောင်လေးကသူ့ကိုဆိုဂျစ်ကန်ကန်နဲ့ကြည်ပြီးဘုကလန့်သာအမြဲပြောတတ်၏။တစ်ခါတစ်​လေအခြားသူတွေနဲ့ရယ်ရယ်မောမောစကားပြောနေချိန်ဆိုငချေလေးကသူ့ကိုအေးစက်စက်အကြည့်တွေနဲ့စူးစိုက်ကာကြည့်နေတတ်သည်။

ခြိမ်းနဲ့ဆိုရင်ပိုဆိုး...။

ကောင်လေးရဲ့အကြည့်တွေကိုသူဘာသာမပြန်တတ်ပေ...။အဲ့ဒီလိုနေ့မျိုးတွေဆိုရင်ကောင်လေးကသူ့ကိုစကားတစ်ခွန်းမှမပြောတော့ချေ...။ငချေလေးကတစ်ခါတစ်ရံထို့သို့နားလည်ရခက်တဲ့ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။

အခုလည်းကြည့်....။

" နောင်...နောင်မျိုးနွယ်..."

ကောင်လေးကိုသူတိုးတိုးလေးခေါ်လိုက်မိသည်။အတင်းရုန်းထွက်လို့မရတော့လည်းဖြည်းဖြည်းလေးပြောပြီးလွှတ်ခိုင်းလို့ရတာပဲ...။

မဟုတ်ဘူးလား...။

" နောင်မျိုးနွယ်...နောင်မျိုးနွယ်..."

ပြန်ထူးသံမကြားရပေ...။

ဒီကောင်လေးအိပ်ပျော်သွားပြီလား...။

" နောင်မျိုးနွယ်...နောင်မျိုးနွယ်..."

သေချာအောင်နောက်တစ်ခေါက်သူထပ်ခေါ်လိုက်၏။ခဏခဏခေါ်နေတာတောင်ပြန်မထူးဘူးဆိုတော့ဒီကောင်လေးအိပ်ပျော်သွားပြီဆိုတာသူသိလိုက်သည်။ထိုကြောင့်ကောင်လေးရဲ့လက်ကနေလွှတ်မြောက်ဖို့အသာလေးသူရုန်းထွက်လိုက်၏။ဒီလိုသာတစ်ညလုံးဖက်ထားရင်သူအိပ်လို့ရတော့မှာမဟုတ်ပေ။

ဟုတ်ပြီ...။

Fighting ယော...မင်းလွှတ်တော့မယ်...။

နောက်ဆုံးအနေနဲ့သူ့ခါးပေါ်ကကောင်လေးရဲ့လက်ကိုအသာလေးမ,ကာဖယ်ပစ်လိုက်၏။ပြီးနောက်ထ,ဖို့ပြင်လိုက်စဥ်ရုတ်ရက်လက်ကိုအရှိန်နဲ့ဆောင့်ဆွဲခံလိုက်ရတာကြောင့်လူကအိပ်ယာပေါ်ကိုပြန်လဲကျကာကောင်လေးနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားရတော့သည်။

" ဟင်..."

သူ့ကိုစူးစိုက်ပြီးကြည့်နေတဲ့ကောင်လေး...။

မအိပ်သေးဘူးလား...ဒီကောင်လေး...။

အဲ့ဒါဆိုသူခေါ်နေတာဒီကောင်လေးဘာလို့ပြန်မထူးတာလဲ...။

ရီဝေဝေအကြည့်တွေနဲ့စူးစိုက်ပြီးကြည့်နေတဲ့ကောင်လေးကိုသတိလက်လွှတ်ပြန်လည်ကာသူငေးကြည့်နေမိသည်။ထိုအခါကောင်လေးရဲ့မျက်နှာကသူ့မျက်နှာနားကိုတဖြည်းဖြည်းတိုးကပ်လာတာကြောင့်သူ့မျက်လုံးအစုံပြူးကျယ်သွားရတော့သည်။

သူ့ကိုဒီကောင်လေးဘာလုပ်မလို့လဲ...။

ဟင့်အင်း...ဘာမှလုပ်လို့မရဘူးလေ...။

ပြီးတော့ယောကျာ်းအချင်းချင်းကို...။

နီးကပ်လွန်းလာတဲ့ကောင်လေးရဲ့မျက်နှာကြောင့်မျက်လုံးကိုတင်းတင်းကြပ်ကြပ်သူမှိတ်ချလိုက်မိ၏။သူ့ကိုအရုပ်တစ်ရုပ်စိတ်ထင်တိုင်းလုပ်နေတဲ့ကောင်လေးကသိပ်ကိုဆိုးလွန်းပါသည်။သို့သော်အချိန်အတော်ကြာမျက်လုံးမှိတ်ထားပေမယ့်သူ့မျက်နှာပေါ်ကိုဘာတစ်ခုမှကျရောက်မလာခဲ့ပေ...။ခဏနေတော့ခပ်ဩရှရှရယ်သံလေးတစ်ခုကသူ့ရဲ့နာထဲကိုစီးဝင်လာခဲ့လေသည်။

" အဟက်ဟက်...ဘာလို့မျက်လုံးတွေဇွတ်မှိတ်နေတာလဲ...ခင်ဗျားကိုဘာလုပ်မယ်ထင်လို့လဲ..."

ကောင်လေးရဲ့စကားကြောင့်သူရှက်သွားရသည်။ပြီးတော့မျက်နှာလည်းရဲနေမှာသေချာသည်။ထို့နောက်သူလည်းမှိတ်ထားတဲ့မျက်လုံးကိုဖွင့်ပြီးကြည့်လိုက်တော့ကောင်လေးကသူ့ကိုပြုံတုံ့တုံ့နဲ့ကြည့်နေလေရဲ့...။

" မ...မထင်ပါဘူး...ငါ...ငါက...ဘာ...ဘာလို့ထင်ရမှာလဲ..."

ဟုတ်တယ်...။

သူကဘာထင်ရမှာလဲ...။

ကောင်လေးကိုအထစ်ထစ်အငေါ့ငေါ့နဲ့သူပြန်ပြောလိုက်မိ၏။ကောင်လေးကတော့အခုထိမျက်နှာပိုးမသတ်သေးပေ...။

" ခင်ဗျားကိုကျွန်တော်ဘာပြောထားလဲ...ငြိမ်ငြိမ်နေလို့မပြောထားဘူးလား..."

" ငါ...ငါမနေ...မနေတတ်လို့...ပြီးတော့...ငါအိပ်လို့မရဘူး..."

ကောင်လေးအမေးကိုမျက်လွှာလေးချကာတိုးတိုးလေးသူပြန်ဖြေလိုက်သည်။ဘာကြောင့်လဲမသိ...။ထိုကောင်လေးရှေ့ရောက်တိုင်းကိုယ်ကသူ့ထက်အငယ်လိုခံစားရသည်။

" ကောင်းပြီလေ....ဖက်တာမခံချင်ဘူးဆိုရင်...ကျွန်တော်နဲ့ဒီလိုမျက်နှာချင်းဆိုင်အိပ်ပေး...ဘယ်လိုလဲ..."

မျက်ခုံးတစ်ဖက်ကိုပင့်ကာသူ့ကိုအပေးယူဆန်ဆန်ပြောလာတဲ့ကောင်လေးကိုသူကြည့်လိုက်မိသည်။ဒီကောင်လေးနဲ့ပတ်သတ်လာရင်အရာရာကိုသူအလျှော့ပေးချင်မိသည်။ဘာကြောင့်လဲဆိုရင်တော့သူ့မှာအဖြေမရှိပေ...။

မဖြစ်တော့ပေ...။

တစ်ခုခုကိုသူဆုံးဖြတ်မှရတော့မည်။မဟုတ်ရင်နှစ်ယောက်လုံးဒီညအိပ်ရတော့မှာမဟုတ်ပေ...။နောက်ဆုံးမှာတော့သူလည်းဖြစ်သင့်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်မိတော့သည်။

အရာရာသည်ကောင်လေးသဘောအတိုင်းသာ...။

🍒🍒

မျက်လုံးမှိတ်ကာငြိမ်သက်နေတဲ့အရှေ့ကလူကြီးကိုကြည့်ပြီးသူ့နှုတ်ခမ်းတစ်စုံကအပေါ်သို့ကော့တက်သွားရသည်။ထို့နောက်ကြည့်နေရင်းနဲ့အသည်းတွေ၊အူတွေယားလာတာကြောင့်နှုတ်ခမ်းကိုသူကိုက်လိုက်မိသည်။

အဟက်...လိမ္မာလိုက်တာ....။

ခလေးဆန်ဆန်လူကြီးရဲ့ဖြူဝင်းနေတဲ့ခပ်ဝိုင်းဝိုင်းမျက်နှာလေးကိုမအိပ်ပဲသူငေးကြည့်နေမိသည်။ငေးကြည့်ရုံနဲ့အားမရတဲ့အခါခပ်လုံးလုံးနှာတံလေးကိုဖွဖွလေးသူထိတွေ့လိုက်၏။

ချောလိုက်တာ....။

လူတစ်ဖက်သားကိုအပြုံးလေးတွေဖောဖောသီသီပေးတတ်တဲ့ဒီလူကြီးကအခုလိုအိပ်​နေတော့လည်းခလေးတစ်ယောက်လိုပင်...။ထိုစဥ်အကြောင်းအရာတစ်ခုကမစဥ်းစားပဲအတွေးထဲမှာရုတ်တရက်ပေါ်ပေါက်လာခဲ့လေသည်။

အဟက်...ဘယ်လောက်တောင်ရှက်လိုက်မလဲ....။

သူလည်း Toilet သုံးချင်လို့သာအခန်းထဲဝင်လာမိတာ...။ဒီအခြေအနေဖြစ်လာလိမ့်မယ်လို့သူမတွေးမိခဲ့ပေ...။လူကြီးလေးဘယ်လောက်တောင်ရှက်နေလိမ့်မလဲ...။

ပြီးတော့___ကလူလိုပဲသေးသေးလေးနဲ့ချစ်စရာလေး...။

ရင်းနှီးခင်မင်တာသိပ်မကြာသေးပေမယ့်ဒီလူကြီးနဲ့ပတ်သတ်ရင်သူ့ရင်ထဲမှာအ​ဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ရှိနေ၏။သူ့လို Match ကျောင်းသားတစ်ယောက်ကပုစ္ဆာတစ်ပုဒ်ကိုအဖြေထွက်အောင်မတွက်နိုင်ဘူးဆိုရင်လူရယ်စရာဖြစ်ပေလိမ့်မည်။

သို့ပေမယ့်လည်းဒါသည်အမှန်တရားတစ်ခုပင်....။

ဒီလူကြီးနဲ့ပတ်သတ်ရင်တစ်ခါတစ်လေသူ့ရင်ထဲမှာပူလိုက်အေးလိုက်ဖြစ်နေတတ်သည်။အထူးသဖြင့်ဒီလူကြီးကအခြားသူတွေကိုရင်းရင်းနှီးနှီးစကားပြောတဲ့အခါမျိုးတွေဆိုရင်သူထိုသို့ခံစားရ၏။

ဘာကြောင့်လဲဆိုတာသူမသိပေ...။

ဖြစ်နိုင်ရင်သူ့တစ်ယောက်တည်းကိုပဲအဲ့လိုပြုမှုစေချင်သည်။တစ်ယောက်နဲ့တစ်ယောက်ဆုံကြ၊တွေ့ကြတာသိပ်မကြာသေးပေမယ့်သူ့ရဲ့အတွေးတွေထဲမှာဒီလူကြီးကစက္ကန့်တိုင်း၊မိနစ်တိုင်း၊နာရီတိုင်းစိုးမိုးနေတတ်တာကိုတော့သူဝန်ခံပါသည်။

ဘာကြောင့်လဲ...။

သူ့ကိုရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးဆက်ဆံလို့လား...။

ဒါမှမဟုတ်..။

သူ့အပေါ်ပြုမူမိတဲ့ကိုယ်ရဲ့ဂျစ်ကန်ကန်အမူအရာတွေကိုတစ်ခါမှစိတ်မကွက်ခဲ့လို့လား...။

သူနဲ့ကိုယ်ကဘာမှမဆိုင်တဲ့အခြေနေမှာတောင်ဒီလူ့ကြီးကြောင့်သူ့ရင်ထဲမှာပူလိုက်အေးလိုက်နဲ့ပင်...။ဒီလူကြီးကထိုမျှလောက်ထိသူ့အပေါ်ကိုလွှမ်းမိုးနိုင်လွန်းသည်။

ဒီလူကြီးနဲ့တော့ခက်နေပါပြီ...။

🍒🍒🍒

" အား... "

" Oh! Fuck ... "

လႈပ္ႏွိုးခံလိုက္ရသလိုသတိျပန္ဝင္လာၾကသည္ႏွင့္တစ္ၿပိဳင္နက္ခ်က္ခ်င္းပင္တစ္ေယာက္ကိုတစ္ေယာက္အၿပိဳင္အဆိုင္ေက်ာခိုင္းပစ္လိုက္ၾက၏။မထင္မွတ္ပဲ႐ုတ္တရက္ရင္ဆိုင္ႀကဳံေတြ႕လိုက္ရတဲ့အေျခအေနကအရမ္းကိုရွက္ဖို႔ေကာင္းလြန္းတာမို႔ႏွစ္ဦးသားၾကားမွာစကားသံေတြကအခ်ိန္တစ္ခုၾကာေပ်ာက္ရွေနေလသည္။

" မဟုတ္...ကြၽန္ေတာ္...မဟုတ္...အာ...Sorry..."

ေက်ာခိုင္းထားရင္းနဲ႕ပင္ေကာင္းေလးကအခန္းထဲဝင္လာရတဲ့အေၾကာင္းအရင္းကိုရွင္းျပခ်င္ေနပုံရသည္။သို႔ေသာ္ေကာင္ေလးသည္လည္းသူ႕လိုပဲအရမ္းကိုရွက္ေနသည္ျဖစ္မည္။ထြက္လာတဲ့စကားလုံးေတြကအစီအစဥ္မက်ပဲထစ္ေငါ့ေန၏။ျဖစ္ပ်က္သြားတဲ့အေျခအေနကတစ္ေယာက္ကိုတစ္ေယာက္ေနာက္တစ္ႀကိမ္ထပ္ၿပီးမဆုံခ်င္ရေလာက္ေအာင္ဆိုးဝါးလြန္းတာမို႔အခုခ်ိန္မွာအေငြ႕ပ်ံၿပီးေပ်ာက္ကြယ္သြားဖို႔ကိုသာသူဆုေတာင္းေနမိသည္။

အား...ရွက္လိုက္တာ...။

ဘယ္လိုအရွက္ကြဲမႈမ်ိဳးလဲ...။

အခန္းထဲကေနေကာင္ေလးကထြက္မသြားေသးပဲမလႈပ္မယွက္မတ္တပ္ရပ္ေနဆဲပင္...။ၾကည့္ရတာသူ႕ကိုအထင္မလြဲေအာင္ထပ္ၿပီးရွင္ျပခ်င္ေနပုံရသည္။အခုခ်ိန္မွာရွင္းျပဖို႔ႀကိဳးစားေနတာထက္သူအဆင္ေျပေစဖို႔အခန္းထဲကေနထြက္သြားသင့္တယ္ဆိုတာဒီေကာင္ေလးနားမလည္ဘူးလား...။အျခားကိစၥေတြမွာသူတို႔လိုက္မမွီနိုင္ေအာင္ဉာဏ္ေျပးလြန္းတဲ့ေကာင္ေလးကဒီအေျခအေနမွာေတာ့အရမ္းကိုတုံးအလြန္းသည္။ေကာင္ေလးေက်ာခိုင္းကာမတ္တပ္ရပ္ေနတုန္းသူလည္းကုတင္ေပၚကတဘတ္ကိုကမန္းကတန္းဆြဲယူၿပီးခါးမွာပတ္လိုက္၏။

ထိုစဥ္အခန္းတံခါးဖြင့္သံေၾကာင့္ႏွစ္ေယာက္လုံးတံခါးေပါက္ဝဆီၿပိဳင္တူၾကည့္လိုက္မိၾကသည္။ထိုအခါအခန္းထဲကိုကမူး႐ူးထိုးဝင္ေရာက္လာတဲ့ျမတ္ေခါင္တို႔သုံးေယာက္ကနားမလည္တဲ့အၾကည့္ေတြနဲ႕သူတို႔ႏွစ္ေယာက္ကိုၾကည့္ရင္း...

" ခုနကဒီအခန္းထဲကေအာ္သံၾကားလိုက္တယ္...အသံကအက်ယ္ႀကီးပဲ...ဘာျဖစ္ၾကတာလဲ..."

မင္းမင္းကသူတို႔ႏွစ္ေယာက္ကိုၾကည့္ကာေမးေလသည္။က်န္ႏွစ္ေယာက္ကလည္းစူးစမ္းတဲ့အၾကည့္ေတြနဲ႕သူတို႔ႏွစ္ေယာက္ကိုၾကည့္ေန​ၾက၏။

" ဘာ...ဘာမွမျဖစ္ဘူး...ဟုတ္တယ္...ဘာမွမျဖစ္ဘူး...အစ္ကိုပိုးဟပ္ေတြ႕လို႔ေအာ္လိုက္တာ...ဟဲဟဲ...ဘာမွမျဖစ္ဘူး...ညီေလးတို႔..."

ယုတၱိမရွိတဲ့အေၾကာင္းျပခ်က္တစ္ခုကိုေျပာၿပီးတဲ့ေနာက္ေရခ်ိဳးခန္းထဲကိုအလ်င္အျမန္သူေျပးဝင္လာခဲ့လိုက္သည္။ထို႔ေနာက္ေရခ်ိဳးခန္းတံခါးကို Lock ခ်ၿပီးတုန္ေနတဲ့ရင္ဘတ္ကိုဖိကာေဆာင့္ေၾကာင့္ထိုင္ေနမိ၏။ဟိုေကာင္ေလးကေတာ့အခန္းထဲမွာဘယ္လိုပုံစံနဲ႕က်န္ေနခဲ့လည္းမသိေပ...။

ရွက္ဖို႔ေကာင္းလိုက္တာ...။

တစ္သက္နဲ႕တစ္ကိုယ္ဗလာက်င္းေနတဲ့ပုံစံနဲ႕သူစိမ္းတစ္ေယာက္ရဲ႕အေရွ႕မွာမတ္တပ္ရပ္ေနရလိမ့္မယ္လို႔သူတစ္ခါမွမေတြးမိခဲ့ဖူးေပ..။

အခုေတာ့...။

ေယာ...ေယာ...။

မင္းနေမာ္နမဲ့နိုင္လြန္းတယ္...။

အေျခအေနေတြကအားလုံးလြန္ကုန္ၿပီမို႔အခုခ်ိန္မွာအသုံမက်တဲ့ကိုယ့္ကိုယ္ကိုသာအျပစ္တင္နိုင္ေတာ့သည္။အခ်ိန္တစ္ခုၾကာတဲ့အထိစိတ္ၿငိမ္ေအာင္ႀကိဳစားၿပီးတဲ့ေနာက္ေရခ်ိဳးခန္းထဲကေနသူထြက္လာခဲ့လိုက္သည္။အခန္းထဲမွာေတာ့ေကာင္ေလးေတြမရွိၾကေတာ့ေပ...။ထို႔ေနာက္သူလည္းအဝတ္အစားကိုအလ်င္အျမန္ဝတ္လိုက္ၿပီးအခန္းထဲမွာေခါက္တုံ႕ေခါက္ျပန္လမ္းေလွ်ာက္ေနမိသည္။

အခန္းျပင္ကိုထြက္တဲ့အခါဘယ္လိုပုံစံနဲ႕ေကာင္ေလးကိုသူမ်က္ႏွာခ်င္းဆိုင္ရမွာလဲ...။ၿပီးေတာ့ေကာင္ေလးကလည္းသူ႕ကိုေတြ႕တဲ့အခါဘယ္လိုပုံစံျဖစ္သြားမလဲ...။

မဆုံးနိုင္ေတာ့တဲ့အေတြးေတြေၾကာင့္အခန္းထဲကထြက္ဖို႔သူတြန့္ဆုတ္ေနမိသည္။အထူးသျဖင့္မ်ိဳးႏြယ္နဲ႕ေတြ႕ရမွာကိုပင္...။သို႔ေသာ္မထြက္လို႔လည္းမရျပန္ေပ...။ကိုယ့္ဆီတကူးတကလာလည္တဲ့ခေလးေတြကိုဒီအတိုင္းပစ္ထားၿပီးေနလိုက္ရင္သူ႕ကိုခေလးေတြလည္းတစ္မ်ိဳးထင္သြားနိုင္သည္။ထို႔ေၾကာင့္ေရွ႕မ်က္ႏွာေနာက္ထားၿပီးသြားဖို႔ကိုသာသူဆုံးျဖတ္လိုက္​ေတာ့၏။

" ေရခ်ိဳးတာၾကာလိုက္တာကိုေယာရာ ...ဒီမွာကြၽန္ေတာ္တို႔ကစေတာင္စေနၾကၿပီ...ျမန္ျမန္လာဝိုင္းလိုက္ေတာ့..."

အခန္းထဲကထြက္ထြက္ျခင္းရွိန္းမင္းကသူ႕ကိုလက္ယက္ကာလွမ္းေခၚေတာ့သည္။ရွိန္းမင္းရဲ႕ေဘးမွာထိုင္ေနတဲ့ေကာင္ေလးကိုလွမ္းၾကည့္မိေတာ့မင္းမင္းနဲ႕စကားေျပာလို႔ေန၏။သူ႕ကိုတစ္ခ်က္ေလးေတာင္ငဲ့ၾကည့္မလာေပ...။ျမတ္ေခါင္ကေတာ့စလာကတည္းအတိုင္းငူငူငိုင္ငိုင္ျဖစ္ေနဆဲပင္...။အားလုံးကထူးထူးျခားျခားေျပာင္းလဲသြားၾကတာမရွိပဲပုံမွန္အေနအထားအတိုင္းမို႔သူစိတ္ေအးသြားရသည္။

ထို႔ေနာက္သူလည္းေလပူတစ္ခ်က္ကိုမသိမသာေလးမႈတ္ထုတ္ရင္းသြက္လက္ေသာေျခလွမ္းေတြနဲ႕ထိုဝိုင္းဆီဦးတည္လိုက္သည္။အနားေရာက္တဲ့အခါရွိန္းမင္းနဲ႕ျမတ္ေခါင္တို႔ႏွစ္ေယာက္ၾကားမွာသူဝင္ထိုင္လိုက္​၏။ထိုအခါျမတ္ေခါင္ကသူ႕ကို Tiger Beer ဗူးတိုတစ္ဘူးလွမ္းေပးေလသည္။သူလည္းလွမ္းယူကာမေသာက္ေသးပဲအေရွ႕မွာခ်ထားလိုက္၏။

ဝိုင္းရဲ႕အလယ္မွာေတာ့ Beer ဗူးတို၊ဗူးရွည္အျပင္ Beer ပုလင္းေတြကမနည္းမေနာပင္.. ။ၾကက္ကင္၊ငါးသံပုရာေပါင္း၊ပင္လယ္စာတုံယမ္းဟင္းခ်ိဳနဲ႕အာလူးေၾကာ္၊ကန္စြန္းပလိန္းေၾကာ္ေတြကေတာ့​ေသာက္ရင္းျမည္းမယ့္အစားအစာေတြျဖစ္၏။ေနာက္ထပ္သူမသိတဲ့ဟင္းသုံးေလးမ်ိဳးလည္းရွိေသးသည္။မ်ားလြန္းတဲ့အစားအစာေတြကလူငါးေယာက္စာပင္မကေပ...။

"  ကဲ...လူလည္းစုံၿပီ...မနက္ျဖန္ကလည္း Super Holiday ဆိုေတာ့ငါ့ေကာင္ႀကီးတို႔ေရ...အသာကုန္ေဆာ္ဟ...အိမ္လည္းျပန္စရာမလိုဘူးဆိုေတာ့အန္ဖက္ဆို႔ၿပီးလဲေနရင္လည္းကိစၥမရွိဘူး..."

" ဟုတ္တယ္...ျမတ္ေခါင္ မင္းလည္းအခုခ်ိန္မွာညစ္ေနတာေတြကိုဒါေတြနဲ႕ေမ်ာခ်လိဳက္...ၾကားလားေယာက္ဖ..."

အနားမွာရွိတဲ့ Beer ဗူးကိုျမတ္ေခါင္ဆီကမ္းေပးရင္းရွိန္းမင္းကတက္တက္ႂကြႂကြေဆာ္ဩလိုက္တဲ့မင္းမင္းရဲ႕အေျပာကိုအျပည့္အဝေထာက္ခံလိုက္သည္။ျမတ္ေခါင္ကေတာ့ရွိန္းမင္းရဲ႕စကားကိုေခါင္းလည္းမၿငိမ့္ေခါင္းလည္းမခါေပ...။ဒီအတိုင္းသာမလႈပ္မယွက္ၿငိမ္သက္လို႔ေန၏။သူတို႔သုံးေယာက္ရဲ႕အေျခအေနကိုသူနဲ႕ငေခ်ေလးကေတာ့ေဘးကေနပြဲၾကည့္ပရိသတ္တစ္ေယာက္ပမာဘာမွဝင္မေျပာပဲဒီအတိုင္းသာၾကည့္ေနလိုက္သည္။

ျမတ္ေခါင္အခုလိုႀကီးဝမ္းနည္းခံစားေနရတာျမင္ေတာ့သူစိတ္မေကာင္းေပ...။ထို႔ေၾကာင့္ျမတ္ေခါင္စိတ္သက္သာေအာင္သူအားေပးစကားေျပာခ်င္သည္။ဒီငါးေယာက္ထဲမွာအသက္အႀကီးဆုံးကသူဆိုေတာ့အႀကီးတစ္ေယာက္အေနနဲ႕တကယ္လည္းအားေပးစကားေျပာသင့္သည္မဟုတ္လား...။သို႔ေသာ္ျဖစ္ေနတဲ့ျပႆနာကသူနဲ႕ရင္းႏွီးကြၽမ္းဝင္မႈမရွိတဲ့ခ်စ္မႈေရးရာကိစၥတဲ့ေလ...။အဲ့ဒီေတာ့သူအေနနဲ႕ႏႈတ္ဆိတ္႐ုံကလြဲၿပီးဘာမွမတတ္နိုင္ေတာ့ေပ...။

ဒီလိုနဲ႕ျမတ္ေခါင္ကိုအေၾကာင္းျပဳၿပီးစတင္ခဲ့တဲ့ Party ပြဲအေသးစားေလးသည္သန္းေခါင္ေက်ာ္ညဥ့္နက္မွပင္အဆုံးသတ္သြားေတာ့၏။

" ခ်ိဳေရ...ေအ့...ခ်ိဳေရ...ေမာင့္ကိုမပစ္...ေအ့...ထားပါနဲ႕ကြာ...ေမာင့္ရဲ႕ခ်ိဳေလးေရ...ေအ့...ေမာင့္ရဲ႕မရွိမျဖစ္ခ်ိဳေလးေရ..."

ေသာက္ၿပီးသား Beer ဗူးခြံေတြ၊ပုလင္းခြံေတြကၾကမ္းျပင္မွာအတုံးအ႐ုံးလဲၿပိဳလို႔ေနသည္။ထို႔အျပင္အျမည္းပန္းကန္ေတြကလည္းဟိုတစ္ခ်ပ္ဒီတစ္ခ်ပ္နဲ႕ျပန့္က်ဲေန၏။ထိုဗူးခြံ၊ပုလင္းခြံ၊အျမည္းပန္းကန္ေတြၾကားမွာရွိန္းမင္းကေျခကားယား၊လက္ကားနဲ႕အိပ္ေပ်ာ္ေနေလသည္။ငေခ်ေလးကေတာ့ Sofa ေပၚမွာထိုင္ရင္းလက္ႏွစ္ဖက္ကိုဆန့္ကာ​မ်က္ႏွာက်က္ကိုေမာ့ၾကည့္ေနသည္။

မူးေနၿပီထင္ပါရဲ႕...။

အဆိုးဆုံးကေတာ့ျမတ္ေခါင္ပင္....။

" ေအ့...ေယာက္ဖ...မင္းပဲစဥ္းစားၾကည့္​...ေအ့... စမ္းကြာ...ေအ့...ငါသူ႕ကိုဒီေလာက္ထိခ်စ္တာ...သူကေတာ့...သူကေတာ့...အီးဟီးဟီး..."

မအိပ္ပဲရစ္ေနတဲ့ျမတ္ေခါင္းေၾကာင့္မင္းမင္းတစ္ေယာက္ေခါင္းကိုသာတဗ်င္းဗ်င္းနဲ႕ထိုင္ကုတ္ေနမိေတာ့သည္။ရစ္ေန႐ုံတင္ပဲမဟုတ္၊စကားေျပာေနရင္းနဲ႕ပါငိုခ်လိဳက္ျပန္ေတာ့သူ႕ခမ်ာပိုလိုပင္စိတ္ညစ္သြားရေတာ့သည္။

ဒီမေအေမြးကေတာ့...။

ဘာမွမဟုတ္တာေလးကိုငိုေနရတယ္လို႔...။မသိရင္ေကာင္မေလးကပဲၿခံခုန္သြားသလိုလို...။

ဒါေၾကာင့္သူရည္စားမထားတာ...။

မရလို႔မဟုတ္ဘူးေနာ္...မထားတာ...။

ေတြ႕သမွ်လိုက္ေၾကာင္ေနတဲ့သူ႕အဖို႔ေစာ္တစ္ေယာက္ရဖို႔ကငွက္ေပ်ာသီးအခြံခြာထာထက္ပင္ပိုလြယ္ကူေသးသည္။သို႔ေပမယ့္လည္းသူ႕အေန​နဲ႕ကဆုံလည္ႏြားမျဖစ္ခ်င္ေသးတာေၾကာင့္ Single ဘဝနဲ႕ပဲအနံ႕ရႈ အဲ ရပ္တည္ေနတယ္ဆိုပါေတာ့...။

" ေအး...ေအးပါ ေယာက္ဖရာ...မင္းသူ႕ကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာငါသိပါတယ္ကြာ...သူလည္းသိပါတယ္ကြ...ဒါေၾကာင့္မို႔အိပ္လိုက္ေတာ့ေနာ္ ေယာက္ဖ..."

ေစာက္ Rs ေတြကစိတ္ညစ္ဖို႔ေကာင္းလိုက္တာ....။

ဘာမဟုတ္တာေလးနဲ႕ရန္ထျဖစ္၊ၿပီးရင္လည္းဘာမွမဟုတ္ၾကျပန္ေပ...။သူတို႔အခ်စ္စမ္းတာအေရးမႀကီးဘူး...။ၾကားထဲကပဲေလွာ္ၾကားဆားညွပ္ခံေနရတဲ့သူတို႔လိုလူေတြကေစာက္႐ူးႀကီးကိုျဖစ္လို႔...။

" မအိပ္ဘူးကြာ...ေအ့...အီးဟီးဟီး...ငါခ်စ္တာသူသိရင္ဘာလို႔လမ္းခြဲတဲ့စကား...ေအ့...လမ္းခြဲတဲ့စကားေျပာရတာလဲကြ...အီးဟီး...ခ်ိဳေရ...ေမာင့္ရဲ႕ခ်ိဳေလးေရ...ေမာင့္ရဲ႕ႏွလုံးသားေလးေသြးစိမ္းရွင္ရွင္ထြက္ေနပါၿပီကြာ...အီးဟီး..."

ေျပာၿပီးျပန္ငိုေနတဲ့ျမတ္ေခါင္ေၾကာင့္သူထိုင္ငိုခ်င္သြားေတာ့သည္။ဟိုႏွစ္ေကာင္ကိုၾကည့္လိုက္ျပန္ေတာ့လည္းတုတ္တုတ္မွမလႈပ္...။ေသေနလိုက္တာမ်ားအေခါင္းထဲေရာက္ေနသလိုပင္...။သူနဲ႕ကိုေယာကေတာ့သိပ္မေသာက္တဲ့အတြက္အရမ္းႀကီးမမူးေပ...။ဘယ္လိုမွေခ်ာ့လို႔မရတဲ့အဆုံးသူလည္းငိုေနတဲ့ငမူးကိုဒီအတိုင္သားထိုင္ၿပီးၾကည့္ေနလိုက္ေတာ့သည္။

ငိုစမ္း...ႀကိဳက္သေလာက္...။

ခဏေနေတာ့သေကာင့္သားကေမာသြားသည္ျဖစ္မည္။အငိုတိတ္ကာၿငိမ္က်သြားေတာ့၏။သို႔ေသာ္မ်က္လုံးကသာမွိတ္ေနေပမယ့္ပါးစပ္ကေတာ့ပြစိပြစိနဲ႕႐ြတ္လို႔ေကာင္းေနတုန္းပင္...။ ဘာေတြေျပာေနမွန္းေတာ့မသိေပ...။ခ်ိဳဆိုတဲ့နာမည္တစ္လုံးကိုသာပီပီသသၾကားရ၏။

သူေတာင္းစား...။

အိပ္တာေတာင္ခ်ိဳခ်ိဳကိုေတာင့္တေနရတယ္လို႔...။

ျမတ္ေခါင္အိပ္မွပဲသူလည္းစိတ္သက္သာရသြားေတာ့သည္။မဟုတ္ရင္သေကာင့္သားေက်းဇူးနဲ႕လူကတစ္ညလုံးငုတ္တုတ္ထိုင္ေနရမွာ...။

" ကိုေယာ...ထားလိုက္ပါဗ်ာ...မနက္မွကြၽန္ေတာ္တို႔ထသိမ္းေပးမယ္...သြားအိပ္ေတာ့..."

ကိုေယာကၾကမ္းျပင္မွာျပန့္က်ဲေနတဲ့ Beer ဗူးခြံေတြနဲ႕အျမည္းပန္းကန္ေတြကိုလိုက္သိမ္းေနရင္းနဲ႕သူ႕ကိုလွည့္ၿပဳံးျပၿပီး...

" ရတယ္...ရတယ္...အစ္ကိုတစ္ခါတည္းသိမ္းလိုက္ေတာ့မယ္...မင္းလည္းအိပ္ေတာ့...အခန္းထဲမွာမ်က္ႏွာသြားသစ္လို႔ရတယ္...အကၤ်ီနဲ႕ေဘာင္းဘီလဲခ်င္လည္းရတယ္..."

" မလဲေတာ့ဘူး...ကြၽန္ေတာ္ဒီအတိုင္းပဲအိပ္လိုက္ေတာ့မယ္..."

ေျပာမရမယ့္အတူတူသူလည္းဆက္ေျပာမေနေတာ့ေပ...။ထို႔ေနာက္လြတ္ေနတဲ့ Sofa တစ္ခုဆီေလွ်ာက္သြားၿပီးမင္းမင္းကလွဲအိပ္ခ်လိဳက္ေတာ့သည္။ေရာက္လာတိုင္းဒီလိုပဲအိပ္ေနၾကမို႔ေထြေထြထူးထူးအားနားစရာမရွိေပ...။

အကုန္လုံးသိမ္းဆည္းၿပီးတဲ့ေနာက္အခန္းထဲကိုသူဝင္လာခဲ့လိုက္သည္။သန့္ရွင္းေရးလုပ္ထားတဲ့အတြက္သူ႕တစ္ကိုယ္လုံးညစ္ပတ္လို႔ေန၏။ထို႔ေၾကာင့္သူေရခ်ိဳးဖို႔စဥ္းစားလိုက္သည္။အခ်ိန္လည္းမနည္းေတာ့ၿပီမို႔ေရကိုကမန္းကတန္းသူေရခ်ိဳးလိုက္သည္။

" ဟူး....အခုမွပဲ...ေနရ၊ထိုင္ရတာအဆင္ေျပသြားေတာ့တယ္..."

ေရခ်ိဳးၿပီးတဲ့အခါစားပြဲေပၚကနာရီကိုၾကည့္လိုက္ေတာ့အခ်ိန္ကမနက္တစ္နာရီေတာင္ထိုးေနေလၿပီ...။သို႔ႏွင့္သူလည္းအခန္းမီးပိတ္​ၿပီးညမီးအိမ္ေလးတစ္ခုသာထြန္းကာအိပ္ရာထဲကိုဝင္လိုက္၏။ထို႔ေနာက္ေစာင္ကိုရင္ဘတ္အထိဆြဲၿခဳံလိုက္ၿပီးမ်က္လုံးမွိတ္ကာအိပ္စက္ဖို႔ျပင္လိုက္ေလေတာ့သည္။မ်က္လုံးမွိတ္ထားေပမယ့္အိပ္မေပ်ာ္ေသးတာေၾကာင့္ခႏၶာကိုယ္ကိုယ္ကိုလႈပ္႐ြကာဟိုဒီသူလွိမ့္ေနမိသည္။အခ်ိန္အနည္းငယ္ၾကာတဲ့အခါမ်က္ခြံမ်ားေလးလံလာကာသူအိပ္ေပ်ာ္သြားရေတာ့သည္။

ထိုစဥ္အေနာက္ကေနဖက္ထားသလိုခံစားရတာေၾကာင့္အိပ္ေပ်ာ္ေနရာမွသူလန့္နိုးလာခဲ့သည္။သို႔ႏွင့္ေလးလံသလိုခံစားေနရတဲ့ခါးကိုစမ္းၾကည့္လိုက္တဲ့အခါေႏြးေထြးတဲ့လက္တစ္စုံကိုသူထိေတြ႕မိသည္။

ဟင္...။

တကယ္ပဲသူဖက္ထားခံရတာပဲ....။

ဘယ္သူပါလိမ့္....။

သိခ်င္ေဇာနဲ႕ဖက္ထားတဲ့လူဆီကေနသူ႐ုန္းထြက္လိုက္မိသည္။သို႔ေသာ္တင္းၾကပ္စြာဖက္ထားတဲ့လက္တစ္စုံေၾကာင့္သူ႕အေနနဲ႕လြတ္ေျမာက္ဖို႔ႀကိဳးစားလည္းအခ်ည္းႏွီးပင္...။မရျပန္ေတာ့ေနာက္တစ္ေခါက္ထပ္ၿပီးသူ႐ုန္းထြက္လိုက္၏။သို႔ေသာ္အခ်ည္းႏွီးပင္....။သူ႐ုန္းထြက္ေလထိုလူကပိုဖက္ေလပင္...။

" ဘယ္...ဘယ္သူလဲ...လႊတ္...ဘယ္သူငါ့ကိုဖက္ထားတာလဲ...လႊတ္လို႔..."

သူ႕ကိုအ႐ုပ္တစ္႐ုပ္လိုပိုင္စိုးပိုင္နင္းဖက္ထားတဲ့လူရဲ႕လက္ထဲကေနအသည္းအသန္သူ႐ုန္းထြက္လိုက္၏။ထိုအခါသူ႐ုန္းထြက္ေနတာကိုထိုလူကစိတ္မရွည္ေတာ့ဘူးထင္ပါရဲ႕.....။သူ႕ကိုပိုၿပီးတင္းတင္းၾကပ္ၾကပ္ဖက္တြယ္လိုက္ေလသည္။ထိုလူ႕ရဲ႕လက္ရဲဇက္ရဲအျပဳအမူေၾကာင့္သူ႕မွာအသက္ရႈေတာင္ၾကပ္သြားရ၏။

" လႊတ္ေနာ္...လႊတ္လို႔....ငါ့ကိုဘယ္သူဖက္ထားတာလဲ....လႊတ္..."

" က်စ္...ၿငိမ္ၿငိမ္ေန..."

ဟင္....ဒီအသံ..။

ေနာက္ပါးဆီကထြက္လာတဲ့အသံဩဩေၾကာင့္လူကေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္သက္သြားမိေတာ့သည္။ဧည့္ခန္းထဲမွာလူရွိေနတဲ့အတြက္အခန္းကိုသူ Lock မခ်ခဲ့ေပ...။ဒီေကာင္ေလးဘယ္တုန္းကတည္းကသူ႕အခန္းထဲကိုေရာက္ေနတာလဲ...။အရင္တုန္းကတစ္ခါမွသူ႕အခန္းထဲကိုဒီေကာင္ေလးလာဝင္မအိပ္ဖူးေပ....။

ၿပီးေတာ့...။

သူၿငိမ္ၿငိမ္မေနနိုင္ပါ....။တင္းတင္းၾကပ္ၾကပ္ဖက္ထားခံရတာကသူ႕ကိုေနရခက္ေစတယ္ဆိုတာဒီေကာင္ေလးမသိဘူးလား...။​​ထို႔ေၾကာင့္ေကာင္ေလးလက္ကေနေနာက္တစ္ႀကိမ္သူ႐ုန္းထြက္ဖို႔ျပင္လိုက္၏။

" က်စ္...ခင္ဗ်ား...ဘာျဖစ္ေနတာလဲ...ၿငိမ္ၿငိမ္ေနလို႔ေျပာေနတယ္လ ...ဒီလိုလုပ္ေနရင္တစ္ညလုံးအိပ္ရမယ္မထင္နဲ႕..."

" ငါ...ငါမေနတတ္ဘူး..."

" မေနတတ္လည္းေနတတ္ေအာင္ေန...ကြၽန္ေတာ္စကားကိုႏွစ္ခါမေျပာဘူးေနာ္..."

ေကာင္ေလးကသိပ္ကိုဆိုးလြန္းသည္။လူကိုဆက္ဆံေနတာမ်ားသူ႕ထက္ငယ္တဲ့ေကာင္ေလးတစ္ေယာက္လိုပင္...။

ၿပီးေတာ့...။

ဒါဘယ္လိုအေျခေနႀကီးလဲ....။ဒီလိုပုံစံကခ်စ္သူ၊အိမ္ေထာင္သည္ေတြသာလုပ္တတ္တာမဟုတ္ဘူးလား...။

ဒါဆို...သူနဲ႕ဒီေကာင္ေလးက...။

အား...မဟုတ္ဘူး...ဖြဲဟဲ့...လြဲပါေစ...ဖယ္ပါေစ...။

က်စ္....သူဘာေတြေတြးေနမိတာလဲ.....။

ေခါင္းကိုခါယမ္းၿပီးအေတြးေတြကိုအလ်င္အျမန္သူေမာင္းထုတ္ပစ္လိုက္၏။မေတြးေကာင္းတဲ့အေတြးကိုသူေတြးေနမိတာပဲ.....။ခင္မင္ခဲ့တဲ့သုံးလတာကာလအေတာအတြင္းမွာေကာင္ေလးကသူ႕ကိုဆိုဂ်စ္ကန္ကန္နဲ႕ၾကည္ၿပီးဘုကလန့္သာအၿမဲေျပာတတ္၏။တစ္ခါတစ္​ေလအျခားသူေတြနဲ႕ရယ္ရယ္ေမာေမာစကားေျပာေနခ်ိန္ဆိုငေခ်ေလးကသူ႕ကိုေအးစက္စက္အၾကည့္ေတြနဲ႕စူးစိုက္ကာၾကည့္ေနတတ္သည္။

ၿခိမ္းနဲ႕ဆိုရင္ပိုဆိုး...။

ေကာင္ေလးရဲ႕အၾကည့္ေတြကိုသူဘာသာမျပန္တတ္ေပ...။အဲ့ဒီလိုေန႕မ်ိဳးေတြဆိုရင္ေကာင္ေလးကသူ႕ကိုစကားတစ္ခြန္းမွမေျပာေတာ့ေခ်...။ငေခ်ေလးကတစ္ခါတစ္ရံထို႔သို႔နားလည္ရခက္တဲ့ေကာင္ေလးတစ္ေယာက္ပင္ျဖစ္သည္။

အခုလည္းၾကည့္....။

" ေနာင္...ေနာင္မ်ိဳးႏြယ္..."

ေကာင္ေလးကိုသူတိုးတိုးေလးေခၚလိုက္မိသည္။အတင္း႐ုန္းထြက္လို႔မရေတာ့လည္းျဖည္းျဖည္းေလးေျပာၿပီးလႊတ္ခိုင္းလို႔ရတာပဲ...။

မဟုတ္ဘူးလား...။

" ေနာင္မ်ိဳးႏြယ္...ေနာင္မ်ိဳးႏြယ္..."

ျပန္ထူးသံမၾကားရေပ...။

ဒီေကာင္ေလးအိပ္ေပ်ာ္သြားၿပီလား...။

" ေနာင္မ်ိဳးႏြယ္...ေနာင္မ်ိဳးႏြယ္..."

ေသခ်ာေအာင္ေနာက္တစ္ေခါက္သူထပ္ေခၚလိုက္၏။ခဏခဏေခၚေနတာေတာင္ျပန္မထူးဘူးဆိုေတာ့ဒီေကာင္ေလးအိပ္ေပ်ာ္သြားၿပီဆိုတာသူသိလိုက္သည္။ထိုေၾကာင့္ေကာင္ေလးရဲ႕လက္ကေနလႊတ္ေျမာက္ဖို႔အသာေလးသူ႐ုန္းထြက္လိုက္၏။ဒီလိုသာတစ္ညလုံးဖက္ထားရင္သူအိပ္လို႔ရေတာ့မွာမဟုတ္ေပ။

ဟုတ္ၿပီ...။

Fighting ေယာ...မင္းလႊတ္ေတာ့မယ္...။

ေနာက္ဆုံးအေနနဲ႕သူ႕ခါးေပၚကေကာင္ေလးရဲ႕လက္ကိုအသာေလးမ,ကာဖယ္ပစ္လိုက္၏။ၿပီးေနာက္ထ,ဖို႔ျပင္လိုက္စဥ္႐ုတ္ရက္လက္ကိုအရွိန္နဲ႕ေဆာင့္ဆြဲခံလိုက္ရတာေၾကာင့္လူကအိပ္ယာေပၚကိုျပန္လဲက်ကာေကာင္ေလးနဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားရေတာ့သည္။

" ဟင္..."

သူ႕ကိုစူးစိုက္ၿပီးၾကည့္ေနတဲ့ေကာင္ေလး...။

မအိပ္ေသးဘူးလား...ဒီေကာင္ေလး...။

အဲ့ဒါဆိုသူေခၚေနတာဒီေကာင္ေလးဘာလို႔ျပန္မထူးတာလဲ...။

ရီေဝေဝအၾကည့္ေတြနဲ႕စူးစိုက္ၿပီးၾကည့္ေနတဲ့ေကာင္ေလးကိုသတိလက္လႊတ္ျပန္လည္ကာသူေငးၾကည့္ေနမိသည္။ထိုအခါေကာင္ေလးရဲ႕မ်က္ႏွာကသူ႕မ်က္ႏွာနားကိုတျဖည္းျဖည္းတိုးကပ္လာတာေၾကာင့္သူ႕မ်က္လုံးအစုံျပဴးက်ယ္သြားရေတာ့သည္။

သူ႕ကိုဒီေကာင္ေလးဘာလုပ္မလို႔လဲ...။

ဟင့္အင္း...ဘာမွလုပ္လို႔မရဘူးေလ...။

ၿပီးေတာ့ေယာက်ာ္းအခ်င္းခ်င္းကို...။

နီးကပ္လြန္းလာတဲ့ေကာင္ေလးရဲ႕မ်က္ႏွာေၾကာင့္မ်က္လုံးကိုတင္းတင္းၾကပ္ၾကပ္သူမွိတ္ခ်လိဳက္မိ၏။သူ႕ကိုအ႐ုပ္တစ္႐ုပ္စိတ္ထင္တိုင္းလုပ္ေနတဲ့ေကာင္ေလးကသိပ္ကိုဆိုးလြန္းပါသည္။သို႔ေသာ္အခ်ိန္အေတာ္ၾကာမ်က္လုံးမွိတ္ထားေပမယ့္သူ႕မ်က္ႏွာေပၚကိုဘာတစ္ခုမွက်ေရာက္မလာခဲ့ေပ...။ခဏေနေတာ့ခပ္ဩရွရွရယ္သံေလးတစ္ခုကသူ႕ရဲ႕နာထဲကိုစီးဝင္လာခဲ့ေလသည္။

" အဟက္ဟက္...ဘာလို႔မ်က္လုံးေတြဇြတ္မွိတ္ေနတာလဲ...ခင္ဗ်ားကိုဘာလုပ္မယ္ထင္လို႔လဲ..."

ေကာင္ေလးရဲ႕စကားေၾကာင့္သူရွက္သြားရသည္။ၿပီးေတာ့မ်က္ႏွာလည္းရဲေနမွာေသခ်ာသည္။ထို႔ေနာက္သူလည္းမွိတ္ထားတဲ့မ်က္လုံးကိုဖြင့္ၿပီးၾကည့္လိုက္ေတာ့ေကာင္ေလးကသူ႕ကိုၿပဳံတုံ႕တုံ႕နဲ႕ၾကည့္ေနေလရဲ႕...။

" မ...မထင္ပါဘူး...ငါ...ငါက...ဘာ...ဘာလို႔ထင္ရမွာလဲ..."

ဟုတ္တယ္...။

သူကဘာထင္ရမွာလဲ...။

ေကာင္ေလးကိုအထစ္ထစ္အေငါ့ေငါ့နဲ႕သူျပန္ေျပာလိုက္မိ၏။ေကာင္ေလးကေတာ့အခုထိမ်က္ႏွာပိုးမသတ္ေသးေပ...။

" ခင္ဗ်ားကိုကြၽန္ေတာ္ဘာေျပာထားလဲ...ၿငိမ္ၿငိမ္ေနလို႔မေျပာထားဘူးလား..."

" ငါ...ငါမေန...မေနတတ္လို႔...ၿပီးေတာ့...ငါအိပ္လို႔မရဘူး..."

ေကာင္ေလးအေမးကိုမ်က္လႊာေလးခ်ကာတိုးတိုးေလးသူျပန္ေျဖလိုက္သည္။ဘာေၾကာင့္လဲမသိ...။ထိုေကာင္ေလးေရွ႕ေရာက္တိုင္းကိုယ္ကသူ႕ထက္အငယ္လိုခံစားရသည္။

" ေကာင္းၿပီေလ....ဖက္တာမခံခ်င္ဘူးဆိုရင္...ကြၽန္ေတာ္နဲ႕ဒီလိုမ်က္ႏွာခ်င္းဆိုင္အိပ္ေပး...ဘယ္လိုလဲ..."

မ်က္ခုံးတစ္ဖက္ကိုပင့္ကာသူ႕ကိုအေပးယူဆန္ဆန္ေျပာလာတဲ့ေကာင္ေလးကိုသူၾကည့္လိုက္မိသည္။ဒီေကာင္ေလးနဲ႕ပတ္သတ္လာရင္အရာရာကိုသူအေလွ်ာ့ေပးခ်င္မိသည္။ဘာေၾကာင့္လဲဆိုရင္ေတာ့သူ႕မွာအေျဖမရွိေပ...။

မျဖစ္ေတာ့ေပ...။

တစ္ခုခုကိုသူဆုံးျဖတ္မွရေတာ့မည္။မဟုတ္ရင္ႏွစ္ေယာက္လုံးဒီညအိပ္ရေတာ့မွာမဟုတ္ေပ...။ေနာက္ဆုံးမွာေတာ့သူလည္းျဖစ္သင့္တဲ့ဆုံးျဖတ္ခ်က္တစ္ခုကိုပိုင္ပိုင္နိုင္နိုင္ခ်လိဳက္မိေတာ့သည္။

အရာရာသည္ေကာင္ေလးသေဘာအတိုင္းသာ...။

🍒🍒

မ်က္လုံးမွိတ္ကာၿငိမ္သက္ေနတဲ့အေရွ႕ကလူႀကီးကိုၾကည့္ၿပီးသူ႕ႏႈတ္ခမ္းတစ္စုံကအေပၚသို႔ေကာ့တက္သြားရသည္။ထို႔ေနာက္ၾကည့္ေနရင္းနဲ႕အသည္းေတြ၊အူေတြယားလာတာေၾကာင့္ႏႈတ္ခမ္းကိုသူကိုက္လိုက္မိသည္။

အဟက္...လိမၼာလိုက္တာ....။

ခေလးဆန္ဆန္လူႀကီးရဲ႕ျဖဴဝင္းေနတဲ့ခပ္ဝိုင္းဝိုင္းမ်က္ႏွာေလးကိုမအိပ္ပဲသူေငးၾကည့္ေနမိသည္။ေငးၾကည့္႐ုံနဲ႕အားမရတဲ့အခါခပ္လုံးလုံးႏွာတံေလးကိုဖြဖြေလးသူထိေတြ႕လိုက္၏။

ေခ်ာလိုက္တာ....။

လူတစ္ဖက္သားကိုအၿပဳံးေလးေတြေဖာေဖာသီသီေပးတတ္တဲ့ဒီလူႀကီးကအခုလိုအိပ္​ေနေတာ့လည္းခေလးတစ္ေယာက္လိုပင္...။ထိုစဥ္အေၾကာင္းအရာတစ္ခုကမစဥ္းစားပဲအေတြးထဲမွာ႐ုတ္တရက္ေပၚေပါက္လာခဲ့ေလသည္။

အဟက္...ဘယ္ေလာက္ေတာင္ရွက္လိုက္မလဲ....။

သူလည္း Toilet သုံးခ်င္လို႔သာအခန္းထဲဝင္လာမိတာ...။ဒီအေျခအေနျဖစ္လာလိမ့္မယ္လို႔သူမေတြးမိခဲ့ေပ...။လူႀကီးေလးဘယ္ေလာက္ေတာင္ရွက္ေနလိမ့္မလဲ...။

ၿပီးေတာ့___ကလူလိုပဲေသးေသးေလးနဲ႕ခ်စ္စရာေလး...။

ရင္းႏွီးခင္မင္တာသိပ္မၾကာေသးေပမယ့္ဒီလူႀကီးနဲ႕ပတ္သတ္ရင္သူ႕ရင္ထဲမွာအ​ေျဖမရွိတဲ့ပုစာၦတစ္ပုဒ္ရွိေန၏။သူ႕လို Match ေက်ာင္းသားတစ္ေယာက္ကပုစာၦတစ္ပုဒ္ကိုအေျဖထြက္ေအာင္မတြက္နိုင္ဘူးဆိုရင္လူရယ္စရာျဖစ္ေပလိမ့္မည္။

သို႔ေပမယ့္လည္းဒါသည္အမွန္တရားတစ္ခုပင္....။

ဒီလူႀကီးနဲ႕ပတ္သတ္ရင္တစ္ခါတစ္ေလသူ႕ရင္ထဲမွာပူလိုက္ေအးလိုက္ျဖစ္ေနတတ္သည္။အထူးသျဖင့္ဒီလူႀကီးကအျခားသူေတြကိုရင္းရင္းႏွီးႏွီးစကားေျပာတဲ့အခါမ်ိဳးေတြဆိုရင္သူထိုသို႔ခံစားရ၏။

ဘာေၾကာင့္လဲဆိုတာသူမသိေပ...။

ျဖစ္နိုင္ရင္သူ႕တစ္ေယာက္တည္းကိုပဲအဲ့လိုျပဳမႈေစခ်င္သည္။တစ္ေယာက္နဲ႕တစ္ေယာက္ဆုံၾက၊ေတြ႕ၾကတာသိပ္မၾကာေသးေပမယ့္သူ႕ရဲ႕အေတြးေတြထဲမွာဒီလူႀကီးကစကၠန့္တိုင္း၊မိနစ္တိုင္း၊နာရီတိုင္းစိုးမိုးေနတတ္တာကိုေတာ့သူဝန္ခံပါသည္။

ဘာေၾကာင့္လဲ...။

သူ႕ကိုရင္းရင္းႏွီးႏွီးေႏြးေႏြးေထြးေထြးဆက္ဆံလို႔လား...။

ဒါမွမဟုတ္..။

သူ႕အေပၚျပဳမူမိတဲ့ကိုယ္ရဲ႕ဂ်စ္ကန္ကန္အမူအရာေတြကိုတစ္ခါမွစိတ္မကြက္ခဲ့လို႔လား...။

သူနဲ႕ကိုယ္ကဘာမွမဆိုင္တဲ့အေျခေနမွာေတာင္ဒီလူ႕ႀကီးေၾကာင့္သူ႕ရင္ထဲမွာပူလိုက္ေအးလိုက္နဲ႕ပင္...။ဒီလူႀကီးကထိုမွ်ေလာက္ထိသူ႕အေပၚကိုလႊမ္းမိုးနိုင္လြန္းသည္။

ဒီလူႀကီးနဲ႕ေတာ့ခက္ေနပါၿပီ...။

🍒🍒🍒

Comment