အပိုင်း - ၂၆

ပြတင်းပေါက်ကနေတစ်ဆင့်ဖြတ်သန်းတိုးဝင်လာတဲ့နေရောင်စူးစူးကသူ့ရဲ့မျက်နှာပေါ်ကိုတိုက်ရိုက်ထိုးကျလို့နေသည်။မျက်စိကျိန်းရလောက်အောင်စူးရှပြီးပူလောင်လွန်းလှတဲ့နေရောင်ခြည်ရဲ့အနွေးဓာတ်ကြောင့်သူဆက်အိပ်လို့မရတော့ပေ...။ထို့ကြောင့်အိပ်ရာကနေလူးလွန့်ကာသူထထိုင်လိုက်မိသည်။ပြီးနောက်ဝေဝါးနေတဲ့မျက်ဝန်းတစ်စုံကိုပြတင်းပေါက်ဆီရွေ့လျားလိုက်၏။

ကျစ်...။

ညကပြတင်းပေါက်ပိတ်ဖို့မေ့သွားတာပဲ...။

နှစ်ဦးသားညကအချိန်အတော်ကြာတဲ့အထိချစ်ခရီးနှင်ခဲ့မိကြသည်။အကျိုးဆက်အနေနဲ့လူကအိပ်ရေးမဝတဲ့အပြင်စိတ်တွေလည်းမကြည်လင်ပဲရှုပ်ထွေးနေရ၏။ထို့ကြောင့်ဟာလာဟင်းလင်းဖြစ်နေတဲ့ပြတင်းပေါက်ကိုရန်သူတစ်ယောက်လိုသူဘုကြည့်ကြည့်လိုက်မိသည်။

Fuck...။

သူ့ခါးကိုအနောက်ကနေတင်းကြပ်စွာဖက်တွယ်ထားတဲ့နောင်လေးကတော့အိပ်မောကျလို့နေဆဲပင်...။ဘေးတစ်စောင်းအိပ်နေတာမို့အဝတ်အစားမရှိတဲ့နောင်လေးရဲ့ကိုယ်ပေါ်ကကုတ်ရာ၊ခြစ်ရာတို့ကိုအတိုင်းသားသူမြင်နေရသည်။ဒါ့အပြင်စူးရှရှနေရောင်ခြည်အောက်မှာထိုဒဏ်ရာတွေကထင်းလင်းလို့နေ၏။

ဒဏ်ရာတွေကအချိုးအစားပြေပြစ်လှတဲ့ပန်းပုဆန်ဆန်ခန္ဓာကိုယ်ပေါ်မှာဖြစ်တည်နေတာကြောင့်အမြင်မရိုင်းပဲတစ်မျိုးလေးကြည့်ကောင်းနေသည်။သွေးစို့နေတဲ့ထိုဒဏ်ရာတွေကိုလက်ကလေးနဲ့ဖွဖွလေးသူတို့ထိလိုက်မိသည်။ပြီးနောက်တိုးတိုးလေးသူရေရွတ်လိုက်၏။

" နာနေတော့မှာပဲ..."

သာယာလွန်းတဲ့အခြေအနေတစ်ခုပေါ်မှာယစ်မူးပျော်ဝင်နေခဲ့တာကြောင့်နာကျင်မှုတွေကိုသူတို့နှစ်ဦးမေ့လျော့နေခဲ့ကြသည်။ထိုအချိန်တုန်းကသူတို့နှစ်ဦးခံစားမိသည်ကနာကျင်မှုထက်ပိုပြီးပြင်းပြတဲ့ရမက်ဆန်ဆန်သာယာမှုတွေကိုသာ...။နောင်လေးနိုးလာတဲ့အခါဒီနာကျင်မှုတွေကိုခံစားရပေတော့မည်။

အချိန်ကိုကြည့်လိုက်တော့မနက်(၇)နာရီကျော်နေလေပြီ...။(၈)နာရီထိုးဖို့ပင်သိပ်မလိုတော့ပေ...။

ဆက်ပြီးအိပ်ချင်သေးပေမယ့်တဖြည်းဖြည်းပူပြင်းလာတဲ့နေရောင်ကြောင့်မျက်လုံးတွေကပြန်မှိတ်လို့မရတော့ပေ..။သို့နှင့်သူ့ခါးကိုဖက်တွယ်ထားတဲ့နောင်လေးရဲ့လက်ကိုဖွဖွလေးဖယ်ပြီးထရပ်လိုက်သည်။

" အ.."

ခန္ဓာကိုယ်အောက်ပိုင်းကရုတ်တရက်နာကျင်လာတာကြောင့်အသံထွက်ကာသတိလက်လွတ်သူငြီးတွားလိုက်မိသည်။ကျောရိုးတစ်လျှောက်စိမ့်တက်လာတဲ့ဒီနာကျင်မှုကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုတစ်စုံတစ်ယောက်ကအငြှိုးတကြီးနဲ့ကိုင်ရိုက်လိုက်သလိုပင်...။ထို့ကြောင့်အိပ်ရာပေါ်ကိုသူပြန်ပြီးထိုင်ချလိုက်ရသည်။ဒီနာကျင်မှု၊ဒီအအခြေအနေကသူ့အတွက်တော့ဘဝမှာ First time ဖြစ်သည်။ထို့ကြောင့်လည်းခံစားရသည်ကအသည်းခိုက်မတတ်ပင်..။

အချိန်တစ်ခုကြာတဲ့အခါခြုံထားတဲ့စောင်ကိုဆွဲခွာပြီးဖြည်းဖြည်းချင်းသူထရပ်လိုက်သည်။သတိကြီးကြီးထားပြီးလှုပ်ရှားပြုမူနေတာကြောင့်နာကျင်မှုကအရင်ကလောက်မဆိုးရွားတော့ပေ...။

ဟင်...။

သူ့တစ်ကိုယ်လုံးအဝတ်အစားတွေအပြည့်နဲ့ပါလား...။

ကိုယ့်ကိုယ်ကိုခေါင်းအစခြေအဆုံးပြန်ကြည့်ပြီးအံ့ဩသွားမိသည်။ညကကိစ္စတွေပြီးတာနဲ့တစ်ခါတည်းတန်းအိပ်ပျော်သွားတာကြောင့်နောက်ပိုင်းကိစ္စတွေသူမသိတော့ပေ...။

သူ့ကိုယ်မှာအဝတ်အစားတွေဝတ်ထားတယ်ဆိုတော့နောင်လေးသူ့ကိုသန့်ရှင်းရေးလုပ်ပေးလိုက်တာများလား...။

ဟုတ်လောက်မှာပါ...။

အရေးလည်းမကြီးတာမို့ထွေထွေထူးထူးစဥ်းစားမနေတော့ပေ...။ထို့နောက်သူလည်းရေချိုးခန်းထဲကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ဒီ​နေ့ကသူလည်းအလုပ်မပိတ်သလိုနောင်လေးလည်းကျောင်းဖွင့်သည်။ထို့ကြောင့်လိုအပ်တာတွေလုပ်ကိုင်ဖို့အတွက်သန့်ရှင်းရေးမြန်မြန်လုပ်မှရမည်။တွေးထားတဲ့အတိုင်းရေချိုးခန်းထဲကိုရောက်တာနဲ့သန့်ရှင်းရေးကိုခပ်မြန်မြန်လေးသူလုပ်လိုက်သည်။

ရေချိုးခန်းထဲကနေသူထွက်လာတဲ့အချိန်မှာတောင်မှနောင်လေးကမနိုးသေးပေ...။အိပ်မောကျလို့နေဆဲပင်...။နောင်လေးကိုကြည့်ပြီးနှုတ်ခမ်းလေးကိုမသိမသာလေးသူစူလိုက်မိသည်။ဒီလူဆိုးလေးကိုစိတ်နည်းနည်းတော့ဆိုးချင်သည်။တကယ်ဆိုညကအမှန်တကယ်ပင်ပန်းတဲ့လူကသူလား၊ကိုယ်လား...။

မဖြစ်တော့ပေ...။

ခေါ်နှိုးမှရတော့မည်။ဒီအတိုင်းဆိုကျောင်းနောက်ကျသွားလိမ့်မည်။

" နောင်လေး...နောင်လေး..."

" အင်း..."

အချိန်ကမနည်းတော့ပြီမို့နောင်လေးကိုသူခေါ်နှိုးလိုက်၏။သို့သော်အိပ်မောကျနေတဲ့နောင်လေးကတစ်ချက်သာအသံပြုပြီးပြန်အိပ်ပျော်သွားပြန်သည်။

" နောင်လေး...ထတော့...နောင်လေး..."

ခေါ်နေရုံနဲ့မနိုးတဲ့အခါလက်မောင်းရင်းကိုကိုင်ပြီးသူလှုပ်နှိုးလိုက်၏။ထိုအခါလူဆိုးလေးကမျက်လုံးတွေမှိတ်ထားရင်းနဲ့ပင်သူ့လက်ကိုပြန်ပြီးဆုပ်ကိုင်ထားလေသည်။

ကြည့်...။

နိုးနေရက်နဲ့...။

အိပ်နေတယ်သာဆိုသည်။နှုတ်ခမ်းပါးပါးလေးကပြုံးယောင်သမ်းလို့နေ၏။ဒီကောင်လေးတမင်သက်သက်သူ့ကိုညစ်နေတာ...။

" နောင်လေး..ထတော့...ကျောင်းနောက်ကျမယ်...အချိန်မရှိတော့ဘူး..."

" အင်း...ထမယ်...ထပြီ..."

" အင်...ထတော့...ပြန်အိပ်မနေနဲ့နော်..."

နောင်လေးကိုမှာပြီးမီးဖိုခန်းထဲကိုသူထွက်လာခဲ့လိုက်သည်။အလုပ်ချိန်၊ကျောင်းချိန်ကနီးနေပြီဖြစ်တာကြောင့်အချိန်ကုန်သက်သာပြီးအလွယ်တကူပြင်ဆင်လို့ရတဲ့ပေါင်မုန့်မီးကင်နဲ့ Coffee (၂)ခွက်ကိုသာ Breakfast အနေနဲ့သူစီစဥ်လိုက်သည်။မနက်စာကရိုးရှင်းပေမယ့်နောင်လေးကအစားအသောက်ဂျေးမများတတ်သူမို့အဆင်ပြေသည်။

အားလုံးပြင်ဆင်ပြီးတဲ့အခါအလုပ်သွားဖို့အတွက်လိုအပ်တာတွေပြင်ဆင်ရအောင်အခန်းထဲကိုသူပြန်လာခဲ့လိုက်သည်။အခန်းထဲရောက်တဲ့အခါအိပ်ရာပေါ်မှာနောင်လေးကိုမတွေ့ရတော့ပေ...။ရေချိုးခန်းထဲမှာဖြစ်မည်။ထိုအခါသူလည်းအိပ်ရာပေါ်ကပြန့်ကျဲနေတဲ့စောင်တွေ၊ခေါင်းအုံးတွေကိုအလျင်အမြန်သိမ်းလိုက်၏။ပြီးနောက်နောင်လေးရေချိုးခန်းထဲကနေထွက်လာတဲ့အခါအဆင်သင့်ဝတ်လို့ရအောင်အဝတ်အစားတစ်စုံကိုသူထုတ်ထားပေးလိုက်သည်။မကြာခင်ရေချိုးခန်းထဲကနေနောင်လေးထွက်လာလေသည်။

" နောင်လေး...ဒီမှာ...နောင်လေးဝတ်ဖို့အဝတ်အစား..."

နောင်လေးမြင်စေဖို့သူထုတ်ထားပေးတဲ့ဝတ်စုံကိုလက်ညှိုးထိုးပြလိုက်၏။ထိုအခါနောင်လေးကကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့နဖူးကိုတစ်ချက်နမ်းရှိုက်လိုက်လေသည်။

" Thanks...ကိုကို..."

" ကိုကိုသက်သာရဲ့လား...အလုပ်ကောသွားနိုင်ရဲ့လား..."

ဟိုကိစ္စကိုမေးတာဆိုပေမယ့်သူမရှက်နိုင်ပေ...။အခုချိန်မှာအရေးကြီးဆုံးကကျောင်းနဲ့အလုပ်ကိုအချိန်မီရောက်သွားဖို့ပင်...။ထို့ကြောင့်နောင်လေးရဲ့အမေးကိုဘာမှမဖြစ်သလိုတည်တည်ငြိမ်ငြိမ်နဲ့ခေါင်းငြိမ့်ပြလိုက်ပြီး...

" အဆင်ပြေတယ် နောင်လေး...ဘာမှမပူနဲ့...ဒီမှာဝတ်လိုက်နော်...ကိုကိုရေချိုးလိုက်ဦးမယ်..."

ပြောပြီးတာနဲ့ရေချိုးခန်းထဲကိုသူဝင်လာလိုက်သည်။အရင်လိုတော့ရေကိုဇိမ်နဲ့ချိုးလို့မရပေ...။ထို့ကြောင့်ရေကိုကမန်းကတန်းသူချိုးလိုက်၏။

" ဒီမှာကိုကို...ကိုကိုဝတ်ဖို့အင်္ကျီနဲ့ဘောင်းဘီ..."

" ကျေးဇူးပဲနောင်လေး..."

ကုတင်ပေါ်မှာထိုင်နေတဲ့နောင်လေးကရေချိုးခန်းထဲကနေသူထွက်လာတဲ့အခါ Uniform တစ်စုံကမ်းပေးလေသည်။ထိုအခါသူလည်းနောင်လေးကမ်းပေးတဲ့အင်္ကျီနဲ့ဘောင်းဘီကိုယူပြီးဝတ်လိုက်၏။

" ကဲ...ပြီးပြီ...နောင်လေးရောပြီးပြီလား..."

" ပြီးပြီ...ကိုကို..."

" အိုခေ...သွားစို့..."

အလုပ်ကနေပြန်ရောက်လာကတည်းကစားပွဲပေါ်မှာဒီအတိုင်းသာပစ်ချထားတဲ့ကျောပိုးအိတ်ကိုသူဆွဲယူလိုက်၏။နောင်လေးပြန်ရောက်တာ​ကြောင့်ညကသူအလုပ်တောင်မလုပ်လိုက်ရပေ...။ထို့နောက်မီးဖိုခန်းထဲမှာအဆင်သင့်ပြင်ထားတဲ့ Coffee နဲ့မုန့်ကိုအလျင်အမြန်စားပြီးတိုက်ခန်းကနေနှစ်ယောက်သားထွက်လာခဲ့လိုက်ကြသည်။

Time Skip...,

" နောင်လေး...ဆိုင်ထဲထိလိုက်မပို့နဲ့တော့နော်...နောက်ကျနေပြီ..."

" အိုခေ...ဒါဆိုကျွန်တော်သွားတော့မယ်...ပြွတ်..."

သူ့နဖူးကိုတစ်ချက်ရှိုက်နမ်းပြီးနောင်လေးကထွက်သွားလေတော့သည်။တရွေ့ရွေ့ထွက်ခွာသွားတဲ့နောင်လေးရဲ့ကျောပြင်ကိုမမှိတ်မသုန်သူစိုက်ကြည့်နေမိသည်။

နှစ်ဦးသားကြားမှာအကွာအဝေးတစ်ခုခြားနားသွားတဲ့အခါ...

" နောင်လေး..."

မတိုးမကျယ်လှုတ်ခပ်သွားတဲ့အမည်နာမလေးတစ်ခုကြောင့်ခမ်းလှမ်းလှမ်းကိုရောက်နေပြီဖြစ်တဲ့ကောင်လေးကခြေလှမ်းတွေကိုရုတ်တရက်ရပ်တန့်လိုက်လေသည်။ပြီးနောက်သူရှိရာဆီဖြည်းဖြည်းချင်းလှည့်ကြည့်လာ၏။

" ကိုကိုစောင့်နေမယ်နော်..."

သူ့စကားကိုကြားတဲ့အခါနောင်လေးကလက်မနဲ့လက်ညှိုးကိုအဝိုင်းပုံစံလုပ်ပြလေသည်။ပြီးနောက်သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြပြီးကျောခိုင်းကာထွက်သွားလေတော့သည်။ကျန်ရစ်ခဲ့တဲ့သူ့မှာသာနောင်လေးပေးသွားတဲ့ကတိမမည်တဲ့ကတိတစ်ခုကြောင့်ကြည်နူးမှုတွေကရင်ထဲမှာအတိုင်းအဆမဲ့လှိုက်တက်လာခဲ့၏။

ကိုကိုမင်းကိုစောင့်နေမယ်...နောင်လေး..။

တစ်ပတ်ဖြစ်စေ...။

တစ်လဖြစ်စေ..။

🍒🍒

" ဒီနေ့..ကိုယောကိုကြည့်ရတာတစ်ခုခုတော့တစ်ခုခုပဲ..."

" Computer ကိုကြည့်ပြီးပြုံးတယ်...ဟော...တစ်ခါတစ်လေ Order စာအုပ်ကိုကြည့်ရင်းပြုံးပြန်ရော..."

" ဘာပျော်စရာတွေရှိလို့လဲ ကိုယော...ကျွန်တော့ကိုလည်း Sharing လုပ်ပါဦးဗျ..."

Computer ရှေ့မှာထိုင်ပြီးအလုပ်မလုပ်ပဲအရူးတစ်ယောက်လိုသတိလက်လွတ်ပြုံးနေတဲ့သူ့ကိုပြုံးဝေကအနားလာပြီးစနောက်လေ၏။ပြုံးဝေရဲ့စကားကြောင့်နောင်လေးဆီအလည်ရောက်နေတဲ့သူ့စိတ်တွေကလက်ရှိပစ္စုပ္ပန်ကိုပြန်လည်ခြေချလာလေတော့သည်။

ဟုတ်တာပေါ့...။

ဒီနေ့သူအရင်ကထက်ကိုပြုံးရွှင်နေတာ...။ပြီးတော့အရင်ကထက်ကိုပျော်ရွှင်နေတာ....။သူ့ရဲ့အပြုအမှုတွေကဘေးလူဖြစ်တဲ့ပြုံးဝေကတောင်သတိထားမိတဲ့အဖြစ်...။

ဒါဘယ်သူ့ကြောင့်လဲဆိုရင်နောင်လေးကြောင့်လို့ပဲဖြေရလိမ့်မည်။သူ့ရဲ့အရာရာကိုဒီကောင်လေးကစိုးမိုးထားတာလေ...။

မဟုတ်ဘူးလား...။

" ဘာမှမဟုတ်ပါဘူးကွာ...ဒီလိုပဲဟိုအကြောင်း၊ဒီအကြောင်းတွေးမိလို့ပါ..."

စကားကိုမလူးသာ၊မလွန့်သာလေးသူဆိုလိုက်၏။သို့သော်အမောင်ပြုံးဝေဆိုသည်မှာအရင်ဘဝကဆားပုလင်းနှင်းမောင်သေလို့ဝင်စားတာပဲဖြစ်ရမည်။

" ဟိုအကြောင်း၊ဒီအကြောင်းဆိုတော့...ဘာလဲ...ကိုယောရဲ့အသက်ကလေး ကိုနောင်အကြောင်းလား..."

မဖြေပါဘူးဆိုသကောင့်သားကအစ်အောက်ပြီးမေးပြန်လေသည်။ပြုံးဝေရဲ့ပုံစံကိုကြည့်ရတာသူမဖြေမချင်းမေးမယ့်သဘောမှာရှိ၏။ထို့ကြောင့်သူလည်းမရမကဇွတ်မေးနေတဲ့ဆားပုလင်းဖင်ပြောင်အမောင်ပြုံးဝေကိုခေါင်းလည်းမငြိမ့်၊ခေါင်းလည်းမခါးပဲပြုံးရုံသာပြုံးပြလိုက်တော့သည်။

" အဟဲ...ဟုတ်နေတာပဲ..."

" သြော်...ဒါနဲ့...ကိုယောကိုကျွန်တော်ပြောစရာရှိတယ်...ဟို...အကူအညီတောင်းတာဆိုပိုမှန်လိမ့်မယ်..."

အကူအညီတောင်းတာဆိုတဲ့ပြုံးဝေရဲ့စကားတစ်ခွန်းကြောင့် Computer ပေါ်စုပြုံရောက်ရှိနေတဲ့သူ့ရဲ့အကြည့်တွေကိုဘေးနားကပြုံးဝေဆီရွေ့လျားလိုက်၏။အတူတွဲဖက်လုပ်ဆောင်ခဲ့ကြတဲ့ဒီ(၁)နှစ်တာကာလအတောအတွင်းမှာပြုံးဝေဘက်ကနေသူ့ကိုအကူအညီတောင်းတယ်ဆိုတာတစ်ကြိမ်တစ်ခါမှမရှိပေ...။သူကသာပြုံးဝေကိုအကူအညီတောင်းခဲ့တာချည်းပင်...။အခုမှအမောင်ပြုံးဝေကထူးထူးဆန်းဆန်းအကူအညီတွေထပြီးတောင်းတယ်ဆိုတော့သူအံ့ဩသွားမိတာအမှန်ပင်...။

" ပြောလေ...ညီလေး...အစ်ကိုဘာအကူအညီပေးရမလဲ..."

သူမေးလိုက်ပေမယ့်ပြုံးဝေကသူ့ကိုအားနာနေဟန်ရှိသည်။ပြီးတော့မျက်ဆံတစ်စုံကိုဟိုထောင့်ကပ်လိုက်၊ဒီထောင့်ကပ်လိုက်လုပ်ကာပြောသင့်၊မပြောသင့်ဝေခွဲမရဖြစ်နေပုံရသည်။

" အားမနာပါနဲ့ညီလေးရ...ပြော...အစ်ကိုအတတ်နိုင်ဆုံးကူညီပေးမယ်..."

ထိုသို့စကားလမ်းကြောင်းဖွင့်ပေးလိုက်တဲ့အခါပြုံးဝေကစိတ်သက်သာရသွားဟန်ဖြင့်...

" အဲ့ဒါဆိုကျွန်တော်ပြောမယ်နော်..."

" အေ...ပြော..."

" ဟိုလေ...Duty ပြီးရင်ဟိုဘက်လမ်းမှာရှိတဲ့ Bar ကိုသွားမလို့...အဲ့ဒါ...ဟို...ကျွန်တော်နဲ့အဖော်ခဏလောက်လိုက်ခဲ့ပေးပါလားလို့..."

" ဘယ်လို..."

ပြုံးဝေရဲ့စကားကသူ့ကို​အံ့ဩတကြီးဖြစ်သွားစေ၏။ထိုအခါသူ့ရဲ့ပုံစံကိုကြည့်ပြီးပြုံးဝေတစ်ယောက်မျက်နှာလေးညှိုးကျသွားလေသည်။

နောင်လေးထက်အသက်ငယ်ပြီးခလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ဒီကောင်လေးက Mama's boy လေးတစ်ယောက်ဆိုတာသူသိထား၏။ပြီးတော့အမေမုဆိုးမကိုရှာကျွေးနေတဲ့သားလိမ္မာလေးတစ်ယောက်...။ကုန်ကုန်ပြောရရင်ပြုံးဝေကလူရိုး၊လူအေးလေးတစ်ယောက်ဖြစ်သည်။

ဒီလိုကောင်လေးက Bar ကိုဘာသွားလုပ်မှာပါလိမ့်...။

" ဟိုလေ...ဟို...ကျွန်တော်သေချာရှင်းပြပါ့မယ်...ဒါပေမယ့်...ကိုနောင်တို့ကိုတော့သွားမပြန်ပြောပါနဲ့နော်..."

ပြုံးဝေကတုန်ရီလှုပ်ခတ်နေတဲ့အသံနဲ့သူ့ကိုကတိတောင်းခံနေလေသည်။ပြုံးဝေကိုကြည့်ရတာဒီကိစ္စကိုသူ့အစ်ကိုဖြစ်တဲ့မြတ်ခေါင်ကိုသိစေချင်ပုံမရပေ...။တကယ်လို့သာဒီကိစ္စကိုနောင်လေးသိသွားခဲ့ရင်မြတ်ခေါင်လည်းအနှေးအမြန်သိမှာပင်...။ထို့ကြောင့်နောင်လေးကိုမပြောဖို့ပြုံးဝေကကတိတောင်းခံနေခြင်းပင်...။

ဘာအရေးကြီးကိစ္စဖြစ်လို့ပြုံးဝေကဒီလောက်ထိလျှို့ဝှက်လွန်းနေရတာလဲ...။

ဘယ်လိုပဲဖြစ်ဖြစ်နောင်ခါလာ၊နောင်ခါစျေးမို့အခုချိန်မှာပြုံးဝေစိတ်သက်သာရအောင်သူခေါင်းငြိမ့်ပြလိုက်သည်။တကယ်ဆိုနောင်လေးတို့လိုပဲသူလည်းပြုံးဝေကိုညီလေးအရင်းတစ်ယောက်လိုချစ်သည်။ထို့ကြောင့်မဖြစ်သင့်တာ၊မဖြစ်ရအောင်ပြုံးဝေရဲ့အခက်အခဲကိုအတတ်နိုင်ဆုံးကူညီပေးဖို့ဆုံးဖြတ်ထား၏။

" ဟို...Bar ကိုသွားမယ်ဆိုတာကကျွန်တော့်ရည်စားနဲ့ချိန်းထားလို့ပါ...သူကမန်းလေးက...ဒီရန်ကုန်ကမဟုတ်ဘူး...ပြီးတော့လေ...ပြီးတော့...သူနဲ့ကျွန်တော်နဲ့ကအပြင်မှာတစ်ခါမှမတွေ့ဖူးဘူး..."

ဗုဒ္ဓေါ...။

ပြုံးဝေရဲ့စကားကိုသူကြားပြီးတဲ့အခါမျက်လုံးတွေပြူးသွားရသည်။ပြီးတော့ဘုရားတလိုက်မိသည်။

ရည်စားသာဆိုတယ်...။အပြင်မှာတစ်ကြိမ်၊တစ်ခါမှမတွေ့ဖူး၊မဆုံဖူးကြဘူးတဲ့လား...။

ဆန်းကြယ်လိုက်ပါဘိ...။

ပြောချင်တာတွေဇွတ်ပြောပြီးမှသကောင့်သားကသူ့အဖြစ်ကိုသတိထားမိသွားပုံရသည်။ခေါင်းကုတ်၊ဖင်ကုတ်လုပ်ရင်းသူ့ကိုရယ်ကျဲကျဲလုပ်ပြလာလေသည်။

" အဟဲ...ဟုတ်တယ် ကိုယောရဲ့...သူနဲ့ကအပြင်မှာတကယ်မဆုံးဖူးသေးဘူး...Line ပေါ်ကပဲတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပုံတွေပို့ခဲ့ကြတာ...အခုလည်းသူကရန်ကုန်ကိုအလုပ်ကိစ္စနဲ့ရောက်နေတယ်တဲ့...သူ့ကိုလာတွေ့ပါလားတဲ့...အဲ့ဒါကြောင့်..."

" ကျွန်တော်ဒီအကြောင်းကိုဘယ်သူ့ကိုမှမပြောရဲလို့...ကျွန်တော့်သူငယ်ချင်းတွေကိုရော...ကိုမြတ်တို့ကိုရော...ကျွန်တော့်ကိုကူညီပါနော်..."

မျက်နှာကိုချက်ချင်းချိုးချကာသူ့ရဲ့လက်တွေကိုအားကိုးတကြီးဆုပ်ကိုင်လာတဲ့အမောင်ပြုံးဝေကြောင့်သက်ပြင်းကိုမသိမသာလေးသူချလိုက်မိသည်။ပြုံးဝေရဲ့အကူအညီတောင်းခံမှုကသူ့ကိုဘေးကြပ်၊နံကြပ်ဖြစ်စေ၏။

မကူညီနိုင်လို့တော့မဟုတ်ပေ...။သူ့အနေနဲ့ဒီကောင်လေးကိုစိတ်ပူလို့သာဖြစ်သည်။ကိုယ့်ညီလေးအရင်းသာဆိုလိုကတော့စိတ်ရှိသလိုရိုက်နှက်ပစ်လိုက်ချင်သည်။

ဒီကောင်လေးနှယ်...။

ကိုယ်နဲ့အပြင်မှာတစ်ခါမှမတွေ့ဖူးတဲ့လူနဲ့များရည်စားဖြစ်ရတယ်လို့...။ပြီးတော့တွေ့တာကလည်းနေ့ခင်းဘက်မဟုတ်...။ညဘက်ကြီးဖြစ်သည်။

လူဆိုးမှန်းမသိ၊လူကောင်းမှန်းမသိ...။

အပြင်လောကမှာတောင်လူတစ်ယောက်ကိုယုံကြည်ဖို့အလွန်ခက်ခဲနေတာကို၊ Social Media ပေါ်မှာဆိုလို့ကတော့ဆိုဖွယ်ရာမရှိတော့ပေ...။

သူအနေနဲ့ကတော့မသွားစေချင်ပေ...။

သို့ပေမယ့်လည်းသူ့ကိုအားကိုးတကြီးအကူအညီတောင်းခံလာတယ်ဆိုတော့...။

သူ့ဆီကအဖြေကိုမျှော်လင့်တကြီးစောင့်မျှော်နေတဲ့ပြုံးဝေရဲ့အရောင်လဲ့လဲ့မျက်ဝန်းတစ်စုံကိုကြည့်ပြီးသူ့အနေနဲ့ငြင်းဆန်ဖို့ခက်ခဲနေမိသည်။တကယ်လို့သာသူ့ဘက်ကငြင်းဆန်လိုက်ရင်တောင်အမောင်ပြုံးဝေကအခြားလူတစ်ယောက်ကိုခေါ်ပြီးသွားမှာပင်...။

ဆိုတော့...။

" ဟုတ်ပြီ...အစ်ကိုလိုက်ခဲ့ပေးမယ်..."

🍒🍒

VINZO BAR...။

Design ဆန်းဆန်းကိုမှခပ်သောသောလေးပုံဖော်ထားတဲ့ Bar SignBoard ကိုသူတို့နှစ်ယောက်မော့ကြည့်လိုက်ကြသည်။ဒီ Bar ကသူတို့ Cafe ဆိုင်နဲ့သိပ်မဝေးပေ...။တစ်လမ်းသာခြား၏။သို့ပေမယ့်လည်းဒီနေရာကိုသူတို့အနေနဲ့တစ်ကြိမ်တစ်ခါမှရောက်မလားဖူးကြပေ...။အခုကပထမဆုံးအကြိမ်ပင်...။ကိုယ်နဲ့မရင်နှီး၊မကျွမ်းဝင်တဲ့နေရာတစ်ခုဖြစ်တာမို့သူတို့ရဲ့ပုံစံကဘာမှမသိ၊ဘာမှနားမလည်တဲ့ခလေးတွေလိုမျက်လုံးလေးတွေကလယ်၊ကလယ်ဖြစ်လို့နေ၏။

" လာ...ကိုယော...သွားစို့..."

ပြုံးဝေကသူ့လက်ကိုဆွဲကာ Bar ထဲကိုခပ်မြန်မြန်လေးဝင်လိုက်သည်။ဒီနေ့မှပဲစာရင်းဇယားတွေကတိုက်တိုက်ဆိုင်ဆိုင်ကိုမှားနေတာကြောင့်ချိန်းထားတဲ့အချိန်ထက်သူတို့နောက်ကျနေခဲ့ကြသည်။ဒါကြောင့်ပြုံးဝေကအလျင်လိုနေခြင်းပင်...။

Bar ထဲဝင်လိုက်တဲ့အခါ Piped Music ကသူတို့ရဲ့နားထဲကိုမတိုးမကျယ်ရိုက်ခတ်လာ၏။သူတို့ရဲ့ပတ်ပတ်လည်မှာတော့လူတွေကဟိုတစ်စု၊ဒီတစ်စုနဲ့ရယ်မောကာဝိုင်းဖွဲ့စားသောက်နေကြသည်။ဒီလိုနေရာဒေသမျိုးကိုတစ်ကြိမ်၊တစ်ခါမှမရောက်ဖူးတဲ့သူ့အဖို့မြင်မြင်သမျှကထူးဆန်းလို့နေ၏။ထို့ကြောင့်သူ့ပုံစံဘာမှမသိ၊နားမလည်တဲ့ခလေးငယ်တစ်ယောက်လိုမြင်သမျှ၊တွေ့သမျှအရာရာကိုမျက်တောင်မခတ်စတမ်းလိုက်ကြည့်နေမိသည်။

အခုချိန်မှာသူ့ရဲ့အုပ်ထိန်းသူကပြုံးဝေဆိုလည်းမမှားပေ...။ပြုံးဝေကသူ့ကိုလက်တစ်ဖက်ကဆွဲပြီးကျန်တစ်ဖက်က Phone ကိုကြည့်နေလေ၏။သူတို့နှစ်ယောက်ပုံစံကအခြားသူတွေနဲ့မတူပဲတစ်မျိုးလေးကွဲထွက်နေတာတော့အမှန်ပင်...။

" ဟော...ဟိုမှာတွေ့ပြီ...လာ...ကိုယော..."

" ဟမ်...ဘယ်...ဘယ်မှာလဲ..."

ခေါင်းကိုတစ်ပတ်လည်အောင်စောင်းပြီးလိုက်ကြည့်နေမိတဲ့သူ့ကိုပြုံးဝေက Table ဝိုင်းတစ်ခုဆီဆွဲခေါ်သွားလေ၏။ထို့ကြောင့်သူ့မှာပြုံးဝေဆွဲခေါ်ရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွားရတော့သည်။

" ထိုင်မယ်နော်..."

" ထိုင်ပါဗျာ...ကိုယ်ကမင်းကိုစောင့်နေတာ..."

ဟင်...။

ပြုံးဝေရည်စားကယောက်ျားလေးပါလား...။

သူကိုယ်တိုင်ကယောက်ျားလေးတစ်ယောက်ကိုချစ်သူရည်းစားတော်ထားတာကြောင့်ဒီမြင်ကွင်းကသိပ်မထူးဆန်းပေမယ့်ပြုံးဝေလိုကောင်လေးမျိုးကယောက်ျားလေးတစ်ယောက်ကိုချစ်သူရည်စားတော်ထားတာကသူ့အဖို့ထူးဆန်းနေတာအမှန်ပင်...။

ထိုအခါသူနဲ့ပြုံးဝေလည်းထိုကောင်လေးညွှန်ပြတဲ့နေရာမှာဝင်ထိုင်လိုက်ကြသည်။ Bar တစ်ခုလုံးကိုအလင်းရောင်ကခပ်မှိန်မှိန်လေးသာဖြန့်ကျက်ထားတာမို့တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကာကြည့်နေရ၏။

" သြော်...မိတ်ဆက်ပေးရဦးမယ်..."

" ကိုယော...ဒါက...ကျွန်တော့်ရဲ့ Boyfriend နေသော်က တဲ့..."

" ကိုသော်...ဒါက...ကျွန်တော့်ရဲ့အလုပ်က Senior...နာမည်က ကိုယော တဲ့..."

အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းနဲ့ထိုကောင်လေးလူချောတစ်ယောက်လို့ဆိုရမည်။ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့သွားထပ်လေးကထိုကောင်လေးရဲ့ချောမောမှုကိုအဓိကပံ့ပိုးထား၏။ပြီးတော့သူအကဲခတ်ကြည့်ရသလောက်ဒီကောင်လေးကအသိုင်းအဝိုင်းကြီးထဲကဆိုတာပင်...။ရိုးသားပုံလည်းရသည်။ပြုံးဝေနဲ့ထိုကောင်လေးကစတွေ့ကတည်းက Eyes Content တွေတောက်လျှောက်လွှတ်နေပေမယ့်သူကတော့ရောက်ကတည်းကထိုကောင်လေးကိုအကဲခတ်နေမိသည်။

" ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ..."

" အစ်ကိုလည်းတွေ့ရတာဝမ်းသာပါတယ်..."

ထိုကောင်လေးနဲ့သူတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လက်ဆွဲနှုတ်လိုက်ကြသည်။ထိုအချိန်သူ့ဘေးနားက Table ဝိုင်းမှာထိုင်နေကြတဲ့လူတစ်စုကစကားပြောရင်းရုတ်တရက်ထရယ်လိုက်တာကြောင့်လူကတွန့်ခနဲ့ဖြစ်သွားရသည်။

What the hell...။

အဲ့လောက်တောင်ရယ်ရလား...။

" ကိုယော...ဘာသောက်မလဲ..."

" ဟမ်..."

​ဘေးပတ်ဝန်းကျင်ကိုစိတ်ဝင်တစားလိုက်ကြည့်နေမိတာကြောင့်ပြုံးဝေဘာပြောလိုက်လဲဆိုတာသူမသိလိုက်ပေ...။ထို့ကြောင့်ပြုံးဝေကိုပြူးကြောင်ကြောင်နဲ့ကြည့်လိုက်မိသည်။

" ကိုယော...ဘာသောက်မလဲ..."

" သြော်...အစ်ကို့ကို Cola တစ်ဗူးပဲပေးပါ..."

" အဲ့ဒါဆို...ဒီဝိုင်းကို Cola နှစ်ဗူးချပေးပါနော်..."

အနားမှာရပ်နေတဲ့ Waiter လေးက Order မှတ်ပြီးတာသူတို့ဝိုင်းကနေထွက်ခွာသွားလေသည်။မကြာခင်မှာပဲသူတို့မှာတဲ့ Cola နှစ်ဗူးကိုလာချပေး၏။ထိုအခါသူလည်း Waiter လေးလာချပေးသွားတဲ့ Cola ဗူးကိုဖောက်သောက်လိုက်ပြီးပြုံးဝေတို့နဲ့ခပ်လှမ်းလှမ်းမှာထိုင်နေလိုက်သည်။

လွတ်လွတ်လပ်လပ်စကားပြောကြပါစေ...။

Cola လေးသောက်လိုက်၊မျက်စိရှေ့ကအရာတွေကိုစိတ်ဝင်တစားလိုက်ကြည့်လိုက်နဲ့သူဇိမ်ကျနေသည်။သို့ပေမယ့်ပြုံးဝေတို့ကိုလည်းမကြာမကြာလှမ်းအကဲခတ်ရသေးသည်။

ဟမ်...။

သတိရလို့ပြုံးဝေကိုလှမ်းကြည့်မိတော့သောက်နေတဲ့ Cola တောင်သီးမလိုဖြစ်သွားရသည်။ခုနတုန်းကတစ်တောင်လောက်အကွာအဝေးကနေစကားပြောနေကြတဲ့နှစ်ယောက်ကအခုတော့လွှတ်ထွက်သွားမှာစိုးသည့်အလာထွေးဖက်ထားကြ၏။

အမယ်...။

ဟိုကောင်လေးရဲ့ရင်ခွင်ထဲမှာအမောင်ပြုံးဝေကပါးစပ်ကြီးကိုဖြဲလို့ပါလား...။ဟိုကောင်လေးကဘာပြောလိုက်လို့လဲမသိပေ...။ရယ်တောင်ရယ်လိုက်သေးသည်။ဒီကောင်လေးကိုကြည့်ရတာသူ့ကိုမေ့နေပုံရသည်။

အခုခေတ်ခလေးတွေတကယ်မလွယ်ပါလား...။

ပြုံးဝေတို့အတွဲကိုကြည့်ပြီးသူအသာခေါင်းယမ်းလိုက်မိသည်။ထို့နောက်အနည်းငယ်ကျန်နေသေးတဲ့ Cola ကိုကုန်သွားအောင်သူမော့သောက်ချလိုက်သည်။

! စိတ်လျှော့...ငယော...စိတ်လျှော...သူများကြည့်နူးနေတာကိုမနာလိုစိတ်မဖြစ်နဲ့...!

! ကိုယ့်အလှည့်ရောက်တဲ့အခါဝဠ်လည်လိမ့်မယ်...စိတ်လျှော့..!

ဟူး...။

လေပူတစ်ချက်ကိုခပ်ပြင်းပြင်းလေးသူမှုတ်ထုတ်လိုက်၏။ပြီးနောက်လေ့လာလို့မကုန်နိုင်တဲ့ပတ်ဝန်းကျင်ကိုဆက်ပြီးစူးစမ်းဖို့သူ့ရဲ့မျက်ဝန်းတစ်စုံကိုအရှေ့ဘက်ဆီခြေချလိုက်သည်။

ထိုစဥ်...

" ဟင်..."

ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်တဲ့လူတစ်ယောက်ကိုကြည့်ပြီးသူ့ရင်ထဲမှာထိတ်ခနဲ့ဖြစ်သွားရ၏။တစ်ဆက်တည်းမှာပဲတစ်ကိုယ်လုံးပူတက်လာကာနှလုံးခုန်သံတွေလည်းပြင်းထန်လာခဲ့သည်။

ဟုတ်ပါ့မလား...။

" နောင်လေး..."

ဒီ Bar ရဲ့ Uniform ကိုသပ်သပ်ရပ်ရပ်ဝတ်ထားပြီး Customer တွေရဲ့ Order ကိုလိုက်ချပေးနေတဲ့နောင်လေး...။

မဟုတ်ဘူးမလား...။

သူမြင်နေတာမဟုတ်ဘူးမလား...။

ဒီအချိန်နောင်လေးကစာလုပ်နေတာလေ...။

သို့ပေမယ့်သူ့မြင်နေရတဲ့ကောင်လေးကနောင်လေးနဲ့တကယ့်ကိုတူလွန်း၏။သေချာစေဖို့မျက်လုံးနှစ်လုံးကိုခပ်ကြမ်းကြမ်းလေးပွတ်ပြီးသူကြည့်လိုက်မိသည်။

" နောင်လေး..."

သူ့မျက်လုံးတွေကမပျက်စီးသေးပါ...။ပြီးတော့ထိုကောင်လေးပတ်ထားတဲ့နာရီကနောင်လေးကိုလက်ဆောင်ပေးဖို့ကျိုက်ထီးရိုးကနေသူဝယ်ထားတဲ့နာရီနဲ့တူလွန်းသည်။ဒါဆိုသူ့မြင်နေရတဲ့ကောင်လေးကနောင်လေးဆိုတာသေချာနေတာပေါ့...။

အမှောင်ကျတဲ့နေရာမှာထိုင်နေတာမို့သူကိုတော့နောင်လေးကသတိမထားမိပေ...။

" နောင်လေးရယ်..."

သူတိုးတိတ်စွာရေရွတ်လိုက်မိသည်။တစ်ပြိုင်နက်တည်းတိုးဝင်လာကြတဲ့နာကျင်ခြင်း၊ဝမ်းနည်းခြင်းတွေကသူ့နှလုံးသားကိုစက္ကန့်မလပ်ထိုးနှက်လို့နေသည်။တစိမ့်စိမ့်တိုးဝင်လာတဲ့ခံစားမှုတွေကြောင့်မျက်ရည်ဥတွေကသူ့မျက်လုံးအိမ်ထဲမှာအလုအယက်ခိုတွဲလာခဲ့ကြတော့သည်။

ဟင့်အင်း...။

သူမယုံသေးဘူး...။

ဒီကောင်လေးကနောင်လေးနဲ့တူတာနေမှာ...။

နောင်လေးကသူ့ကိုဘယ်တော့မှာညာမှာမဟုတ်ဘူး...။

ရုတ်တရက်ထိုင်နေရာကနေသူမတ်တပ်ထရပ်လိုက်သည်။ပြီးနောက်ခပ်လှမ်းလှမ်းမှာရှိတဲ့ကောင်လေးရဲ့အနားကိုဖြည်းဖြည်းချင်းသူလျှောက်သွားလိုက်၏။

သူကြည့်ရမယ်...။

သေချာအောင်အနီးကပ်ကြည့်ရမယ်...။

အခုချိန်မှာသူမျက်လုံးတွေကထိုကောင်လေးကလွဲပြီးကျန်တာဘာမှမမြင်တော့ချေ...။ထို့ကြောင့်ဟင်းပွဲတွေသယ်လာတဲ့ဝန်ထမ်းတစ်ဦးကိုသူတိုက်ချလိုက်မိတော့သည်။

" ဒုန်း...ခလွမ်း...ဂွမ်း..."

" ဟယ်...ကွဲကုန်ပြီ..."

" ဟာ...သွားပြီ..."

ကျယ်လောင်တဲ့ကျကွဲသံတွေနဲ့အပြိုင်ပေါ်ထွက်လာတဲ့အာမေဋိတ်သံများ...။

ဆူညံ​နေတဲ့ Bar ကမီးကိုရေနဲ့ငြိမ်းလိုက်သလိုရုတ်တရက်တိတ်ကျသွားလေသည်။ပြီးနောက်အားလုံးရဲ့အကြည့်တွေကသူ့ဆီကိုစုပြုံရောက်ရှိလာကြ၏။သို့ပေမယ့်သူ့ရဲ့အကြည့်တွေကတော့အရှေ့မှာရှိနေတဲ့ကောင်လေးတစ်ဦးအပေါ်မှာသာရောက်ရှိနေခဲ့လေသည်။ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့အသံတွေကြောင့်အခြားလူများနည်းတူထိုကောင်လေးရဲ့အကြည့်တွေကလည်းသူ့ထံကိုဦးခိုက်လာ၏။

မဟုတ်ပါစေနဲ့...။

နောင်လေးမဟုတ်ပါစေနဲ့...။

ကျေးဇူးပြုပြီး...။

သို့သော်...။

သူ့ရဲ့ဆုတောင်းတွေမပြည့်ခဲ့ပေ...။

သူ့ကိုမြင်တဲ့အခါအံ့ဩထိတ်လန့်သွားတဲ့ကောင် လေး...။ပြီးတော့ထိုကောင်လေးရဲ့နှုတ်ခမ်းဖျားကနေရုတ်တရက်လှုပ်ခတ်သွားတဲ့စကားလုံးက...

ကိုကိုတဲ့လား...။

သွားပြီ...။

ယောင်ယမ်းကာမျက်ဝန်းနှစ်ဖက်ကိုသူမှိတ်ချလိုက်မိသည်။ထိုအခါခိုတွဲနေတဲ့မျက်ရည်ဥတွေကပါးပြင်းထက်ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့အလုအယက်လှိမ့်ဆင်းလာကြသည်။

🍒🍒🍒


ျပတင္းေပါက္ကေနတစ္ဆင့္ျဖတ္သန္းတိုးဝင္လာတဲ့ေနေရာင္စူးစူးကသူ႕ရဲ႕မ်က္ႏွာေပၚကိုတိုက္ရိုက္ထိုးက်လိဳ႕ေနသည္။မ်က္စိက်ိန္းရေလာက္ေအာင္စူးရွၿပီးပူေလာင္လြန္းလွတဲ့ေနေရာင္ျခည္ရဲ႕အေႏြးဓာတ္ေၾကာင့္သူဆက္အိပ္လို႔မရေတာ့ေပ...။ထို႔ေၾကာင့္အိပ္ရာကေနလူးလြန့္ကာသူထထိုင္လိုက္မိသည္။ၿပီးေနာက္ေဝဝါးေနတဲ့မ်က္ဝန္းတစ္စုံကိုျပတင္းေပါက္ဆီေ႐ြ႕လ်ားလိုက္၏။

က်စ္...။

ညကျပတင္းေပါက္ပိတ္ဖို႔ေမ့သြားတာပဲ...။

ႏွစ္ဦးသားညကအခ်ိန္အေတာ္ၾကာတဲ့အထိခ်စ္ခရီးႏွင္ခဲ့မိၾကသည္။အက်ိဳးဆက္အေနနဲ႕လူကအိပ္ေရးမဝတဲ့အျပင္စိတ္ေတြလည္းမၾကည္လင္ပဲရႈပ္ေထြးေနရ၏။ထို႔ေၾကာင့္ဟာလာဟင္းလင္းျဖစ္ေနတဲ့ျပတင္းေပါက္ကိုရန္သူတစ္ေယာက္လိုသူဘုၾကည့္ၾကည့္လိုက္မိသည္။

Fuck...။

သူ႕ခါးကိုအေနာက္ကေနတင္းၾကပ္စြာဖက္တြယ္ထားတဲ့ေနာင္ေလးကေတာ့အိပ္ေမာက်လိဳ႕ေနဆဲပင္...။ေဘးတစ္ေစာင္းအိပ္ေနတာမို႔အဝတ္အစားမရွိတဲ့ေနာင္ေလးရဲ႕ကိုယ္ေပၚကကုတ္ရာ၊ျခစ္ရာတို႔ကိုအတိုင္းသားသူျမင္ေနရသည္။ဒါ့အျပင္စူးရွရွေနေရာင္ျခည္ေအာက္မွာထိုဒဏ္ရာေတြကထင္းလင္းလို႔ေန၏။

ဒဏ္ရာေတြကအခ်ိဳးအစားေျပျပစ္လွတဲ့ပန္းပုဆန္ဆန္ခႏၶာကိုယ္ေပၚမွာျဖစ္တည္ေနတာေၾကာင့္အျမင္မရိုင္းပဲတစ္မ်ိဳးေလးၾကည့္ေကာင္းေနသည္။ေသြးစို႔ေနတဲ့ထိုဒဏ္ရာေတြကိုလက္ကေလးနဲ႕ဖြဖြေလးသူတို႔ထိလိုက္မိသည္။ၿပီးေနာက္တိုးတိုးေလးသူေရ႐ြတ္လိုက္၏။

" နာေနေတာ့မွာပဲ..."

သာယာလြန္းတဲ့အေျခအေနတစ္ခုေပၚမွာယစ္မူးေပ်ာ္ဝင္ေနခဲ့တာေၾကာင့္နာက်င္မႈေတြကိုသူတို႔ႏွစ္ဦးေမ့ေလ်ာ့ေနခဲ့ၾကသည္။ထိုအခ်ိန္တုန္းကသူတို႔ႏွစ္ဦးခံစားမိသည္ကနာက်င္မႈထက္ပိုၿပီးျပင္းျပတဲ့ရမက္ဆန္ဆန္သာယာမႈေတြကိုသာ...။ေနာင္ေလးနိုးလာတဲ့အခါဒီနာက်င္မႈေတြကိုခံစားရေပေတာ့မည္။

အခ်ိန္ကိုၾကည့္လိုက္ေတာ့မနက္(၇)နာရီေက်ာ္ေနေလၿပီ...။(၈)နာရီထိုးဖို႔ပင္သိပ္မလိုေတာ့ေပ...။

ဆက္ၿပီးအိပ္ခ်င္ေသးေပမယ့္တျဖည္းျဖည္းပူျပင္းလာတဲ့ေနေရာင္ေၾကာင့္မ်က္လုံးေတြကျပန္မွိတ္လို႔မရေတာ့ေပ..။သို႔ႏွင့္သူ႕ခါးကိုဖက္တြယ္ထားတဲ့ေနာင္ေလးရဲ႕လက္ကိုဖြဖြေလးဖယ္ၿပီးထရပ္လိုက္သည္။

" အ.."

ခႏၶာကိုယ္ေအာက္ပိုင္းက႐ုတ္တရက္နာက်င္လာတာေၾကာင့္အသံထြက္ကာသတိလက္လြတ္သူၿငီးတြားလိုက္မိသည္။ေက်ာရိုးတစ္ေလွ်ာက္စိမ့္တက္လာတဲ့ဒီနာက်င္မႈကသူ႕ခႏၶာကိုယ္တစ္ခုလုံးကိုတစ္စုံတစ္ေယာက္ကအျငႇိုးတႀကီးနဲ႕ကိုင္ရိုက္လိုက္သလိုပင္...။ထို႔ေၾကာင့္အိပ္ရာေပၚကိုသူျပန္ၿပီးထိုင္ခ်လိဳက္ရသည္။ဒီနာက်င္မႈ၊ဒီအအေျခအေနကသူ႕အတြက္ေတာ့ဘဝမွာ First time ျဖစ္သည္။ထို႔ေၾကာင့္လည္းခံစားရသည္ကအသည္းခိုက္မတတ္ပင္..။

အခ်ိန္တစ္ခုၾကာတဲ့အခါၿခဳံထားတဲ့ေစာင္ကိုဆြဲခြာၿပီးျဖည္းျဖည္းခ်င္းသူထရပ္လိုက္သည္။သတိႀကီးႀကီးထားၿပီးလႈပ္ရွားျပဳမူေနတာေၾကာင့္နာက်င္မႈကအရင္ကေလာက္မဆိုး႐ြားေတာ့ေပ...။

ဟင္...။

သူ႕တစ္ကိုယ္လုံးအဝတ္အစားေတြအျပည့္နဲ႕ပါလား...။

ကိုယ့္ကိုယ္ကိုေခါင္းအစေျခအဆုံးျပန္ၾကည့္ၿပီးအံ့ဩသြားမိသည္။ညကကိစၥေတြၿပီးတာနဲ႕တစ္ခါတည္းတန္းအိပ္ေပ်ာ္သြားတာေၾကာင့္ေနာက္ပိုင္းကိစၥေတြသူမသိေတာ့ေပ...။

သူ႕ကိုယ္မွာအဝတ္အစားေတြဝတ္ထားတယ္ဆိုေတာ့ေနာင္ေလးသူ႕ကိုသန့္ရွင္းေရးလုပ္ေပးလိုက္တာမ်ားလား...။

ဟုတ္ေလာက္မွာပါ...။

အေရးလည္းမႀကီးတာမို႔ေထြေထြထူးထူးစဥ္းစားမေနေတာ့ေပ...။ထို႔ေနာက္သူလည္းေရခ်ိဳးခန္းထဲကိုျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။ဒီ​ေန႕ကသူလည္းအလုပ္မပိတ္သလိုေနာင္ေလးလည္းေက်ာင္းဖြင့္သည္။ထို႔ေၾကာင့္လိုအပ္တာေတြလုပ္ကိုင္ဖို႔အတြက္သန့္ရွင္းေရးျမန္ျမန္လုပ္မွရမည္။ေတြးထားတဲ့အတိုင္းေရခ်ိဳးခန္းထဲကိုေရာက္တာနဲ႕သန့္ရွင္းေရးကိုခပ္ျမန္ျမန္ေလးသူလုပ္လိုက္သည္။

ေရခ်ိဳးခန္းထဲကေနသူထြက္လာတဲ့အခ်ိန္မွာေတာင္မွေနာင္ေလးကမနိုးေသးေပ...။အိပ္ေမာက်လိဳ႕ေနဆဲပင္...။ေနာင္ေလးကိုၾကည့္ၿပီးႏႈတ္ခမ္းေလးကိုမသိမသာေလးသူစူလိုက္မိသည္။ဒီလူဆိုးေလးကိုစိတ္နည္းနည္းေတာ့ဆိုးခ်င္သည္။တကယ္ဆိုညကအမွန္တကယ္ပင္ပန္းတဲ့လူကသူလား၊ကိုယ္လား...။

မျဖစ္ေတာ့ေပ...။

ေခၚႏွိုးမွရေတာ့မည္။ဒီအတိုင္းဆိုေက်ာင္းေနာက္က်သြားလိမ့္မည္။

" ေနာင္ေလး...ေနာင္ေလး..."

" အင္း..."

အခ်ိန္ကမနည္းေတာ့ၿပီမို႔ေနာင္ေလးကိုသူေခၚႏွိုးလိုက္၏။သို႔ေသာ္အိပ္ေမာက်ေနတဲ့ေနာင္ေလးကတစ္ခ်က္သာအသံျပဳၿပီးျပန္အိပ္ေပ်ာ္သြားျပန္သည္။

" ေနာင္ေလး...ထေတာ့...ေနာင္ေလး..."

ေခၚေန႐ုံနဲ႕မနိုးတဲ့အခါလက္ေမာင္းရင္းကိုကိုင္ၿပီးသူလႈပ္ႏွိုးလိုက္၏။ထိုအခါလူဆိုးေလးကမ်က္လုံးေတြမွိတ္ထားရင္းနဲ႕ပင္သူ႕လက္ကိုျပန္ၿပီးဆုပ္ကိုင္ထားေလသည္။

ၾကည့္...။

နိုးေနရက္နဲ႕...။

အိပ္ေနတယ္သာဆိုသည္။ႏႈတ္ခမ္းပါးပါးေလးကၿပဳံးေယာင္သမ္းလို႔ေန၏။ဒီေကာင္ေလးတမင္သက္သက္သူ႕ကိုညစ္ေနတာ...။

" ေနာင္ေလး..ထေတာ့...ေက်ာင္းေနာက္က်မယ္...အခ်ိန္မရွိေတာ့ဘူး..."

" အင္း...ထမယ္...ထၿပီ..."

" အင္...ထေတာ့...ျပန္အိပ္မေနနဲ႕ေနာ္..."

ေနာင္ေလးကိုမွာၿပီးမီးဖိုခန္းထဲကိုသူထြက္လာခဲ့လိုက္သည္။အလုပ္ခ်ိန္၊ေက်ာင္းခ်ိန္ကနီးေနၿပီျဖစ္တာေၾကာင့္အခ်ိန္ကုန္သက္သာၿပီးအလြယ္တကူျပင္ဆင္လို႔ရတဲ့ေပါင္မုန့္မီးကင္နဲ႕ Coffee (၂)ခြက္ကိုသာ Breakfast အေနနဲ႕သူစီစဥ္လိုက္သည္။မနက္စာကရိုးရွင္းေပမယ့္ေနာင္ေလးကအစားအေသာက္ေဂ်းမမ်ားတတ္သူမို႔အဆင္ေျပသည္။

အားလုံးျပင္ဆင္ၿပီးတဲ့အခါအလုပ္သြားဖို႔အတြက္လိုအပ္တာေတြျပင္ဆင္ရေအာင္အခန္းထဲကိုသူျပန္လာခဲ့လိုက္သည္။အခန္းထဲေရာက္တဲ့အခါအိပ္ရာေပၚမွာေနာင္ေလးကိုမေတြ႕ရေတာ့ေပ...။ေရခ်ိဳးခန္းထဲမွာျဖစ္မည္။ထိုအခါသူလည္းအိပ္ရာေပၚကျပန့္က်ဲေနတဲ့ေစာင္ေတြ၊ေခါင္းအုံးေတြကိုအလ်င္အျမန္သိမ္းလိုက္၏။ၿပီးေနာက္ေနာင္ေလးေရခ်ိဳးခန္းထဲကေနထြက္လာတဲ့အခါအဆင္သင့္ဝတ္လို႔ရေအာင္အဝတ္အစားတစ္စုံကိုသူထုတ္ထားေပးလိုက္သည္။မၾကာခင္ေရခ်ိဳးခန္းထဲကေနေနာင္ေလးထြက္လာေလသည္။

" ေနာင္ေလး...ဒီမွာ...ေနာင္ေလးဝတ္ဖို႔အဝတ္အစား..."

ေနာင္ေလးျမင္ေစဖို႔သူထုတ္ထားေပးတဲ့ဝတ္စုံကိုလက္ညွိုးထိုးျပလိုက္၏။ထိုအခါေနာင္ေလးကေက်းဇူးတင္တဲ့အေနနဲ႕သူ႕ရဲ႕နဖူးကိုတစ္ခ်က္နမ္းရွိုက္လိုက္ေလသည္။

" Thanks...ကိုကို..."

" ကိုကိုသက္သာရဲ႕လား...အလုပ္ေကာသြားနိုင္ရဲ႕လား..."

ဟိုကိစၥကိုေမးတာဆိုေပမယ့္သူမရွက္နိုင္ေပ...။အခုခ်ိန္မွာအေရးႀကီးဆုံးကေက်ာင္းနဲ႕အလုပ္ကိုအခ်ိန္မီေရာက္သြားဖို႔ပင္...။ထို႔ေၾကာင့္ေနာင္ေလးရဲ႕အေမးကိုဘာမွမျဖစ္သလိုတည္တည္ၿငိမ္ၿငိမ္နဲ႕ေခါင္းၿငိမ့္ျပလိုက္ၿပီး...

" အဆင္ေျပတယ္ ေနာင္ေလး...ဘာမွမပူနဲ႕...ဒီမွာဝတ္လိုက္ေနာ္...ကိုကိုေရခ်ိဳးလိုက္ဦးမယ္..."

ေျပာၿပီးတာနဲ႕ေရခ်ိဳးခန္းထဲကိုသူဝင္လာလိုက္သည္။အရင္လိုေတာ့ေရကိုဇိမ္နဲ႕ခ်ိဳးလို႔မရေပ...။ထို႔ေၾကာင့္ေရကိုကမန္းကတန္းသူခ်ိဳးလိုက္၏။

" ဒီမွာကိုကို...ကိုကိုဝတ္ဖို႔အကၤ်ီနဲ႕ေဘာင္းဘီ..."

" ေက်းဇူးပဲေနာင္ေလး..."

ကုတင္ေပၚမွာထိုင္ေနတဲ့ေနာင္ေလးကေရခ်ိဳးခန္းထဲကေနသူထြက္လာတဲ့အခါ Uniform တစ္စုံကမ္းေပးေလသည္။ထိုအခါသူလည္းေနာင္ေလးကမ္းေပးတဲ့အကၤ်ီနဲ႕ေဘာင္းဘီကိုယူၿပီးဝတ္လိုက္၏။

" ကဲ...ၿပီးၿပီ...ေနာင္ေလးေရာၿပီးၿပီလား..."

" ၿပီးၿပီ...ကိုကို..."

" အိုေခ...သြားစို႔..."

အလုပ္ကေနျပန္ေရာက္လာကတည္းကစားပြဲေပၚမွာဒီအတိုင္းသာပစ္ခ်ထားတဲ့ေက်ာပိုးအိတ္ကိုသူဆြဲယူလိုက္၏။ေနာင္ေလးျပန္ေရာက္တာ​ေၾကာင့္ညကသူအလုပ္ေတာင္မလုပ္လိုက္ရေပ...။ထို႔ေနာက္မီးဖိုခန္းထဲမွာအဆင္သင့္ျပင္ထားတဲ့ Coffee နဲ႕မုန့္ကိုအလ်င္အျမန္စားၿပီးတိုက္ခန္းကေနႏွစ္ေယာက္သားထြက္လာခဲ့လိုက္ၾကသည္။

Time Skip...,

" ေနာင္ေလး...ဆိုင္ထဲထိလိုက္မပို႔နဲ႕ေတာ့ေနာ္...ေနာက္က်ေနၿပီ..."

" အိုေခ...ဒါဆိုကြၽန္ေတာ္သြားေတာ့မယ္...ႁပြတ္..."

သူ႕နဖူးကိုတစ္ခ်က္ရွိုက္နမ္းၿပီးေနာင္ေလးကထြက္သြားေလေတာ့သည္။တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားတဲ့ေနာင္ေလးရဲ႕ေက်ာျပင္ကိုမမွိတ္မသုန္သူစိုက္ၾကည့္ေနမိသည္။

ႏွစ္ဦးသားၾကားမွာအကြာအေဝးတစ္ခုျခားနားသြားတဲ့အခါ...

" ေနာင္ေလး..."

မတိုးမက်ယ္လႈတ္ခပ္သြားတဲ့အမည္နာမေလးတစ္ခုေၾကာင့္ခမ္းလွမ္းလွမ္းကိုေရာက္ေနၿပီျဖစ္တဲ့ေကာင္ေလးကေျခလွမ္းေတြကို႐ုတ္တရက္ရပ္တန့္လိုက္ေလသည္။ၿပီးေနာက္သူရွိရာဆီျဖည္းျဖည္းခ်င္းလွည့္ၾကည့္လာ၏။

" ကိုကိုေစာင့္ေနမယ္ေနာ္..."

သူ႕စကားကိုၾကားတဲ့အခါေနာင္ေလးကလက္မနဲ႕လက္ညွိုးကိုအဝိုင္းပုံစံလုပ္ျပေလသည္။ၿပီးေနာက္သူ႕ကိုမ်က္စိတစ္ဖက္မွိတ္ျပၿပီးေက်ာခိုင္းကာထြက္သြားေလေတာ့သည္။က်န္ရစ္ခဲ့တဲ့သူ႕မွာသာေနာင္ေလးေပးသြားတဲ့ကတိမမည္တဲ့ကတိတစ္ခုေၾကာင့္ၾကည္ႏူးမႈေတြကရင္ထဲမွာအတိုင္းအဆမဲ့လွိုက္တက္လာခဲ့၏။

ကိုကိုမင္းကိုေစာင့္ေနမယ္...ေနာင္ေလး..။

တစ္ပတ္ျဖစ္ေစ...။

တစ္လျဖစ္ေစ..။

🍒🍒

" ဒီေန႕..ကိုေယာကိုၾကည့္ရတာတစ္ခုခုေတာ့တစ္ခုခုပဲ..."

" Computer ကိုၾကည့္ၿပီးၿပဳံးတယ္...ေဟာ...တစ္ခါတစ္ေလ Order စာအုပ္ကိုၾကည့္ရင္းၿပဳံးျပန္ေရာ..."

" ဘာေပ်ာ္စရာေတြရွိလို႔လဲ ကိုေယာ...ကြၽန္ေတာ့ကိုလည္း Sharing လုပ္ပါဦးဗ်..."

Computer ေရွ႕မွာထိုင္ၿပီးအလုပ္မလုပ္ပဲအ႐ူးတစ္ေယာက္လိုသတိလက္လြတ္ၿပဳံးေနတဲ့သူ႕ကိုၿပဳံးေဝကအနားလာၿပီးစေနာက္ေလ၏။ၿပဳံးေဝရဲ႕စကားေၾကာင့္ေနာင္ေလးဆီအလည္ေရာက္ေနတဲ့သူ႕စိတ္ေတြကလက္ရွိပစၥဳပၸန္ကိုျပန္လည္ေျခခ်လာေလေတာ့သည္။

ဟုတ္တာေပါ့...။

ဒီေန႕သူအရင္ကထက္ကိုၿပဳံး႐ႊင္ေနတာ...။ၿပီးေတာ့အရင္ကထက္ကိုေပ်ာ္႐ႊင္ေနတာ....။သူ႕ရဲ႕အျပဳအမႈေတြကေဘးလူျဖစ္တဲ့ၿပဳံးေဝကေတာင္သတိထားမိတဲ့အျဖစ္...။

ဒါဘယ္သူ႕ေၾကာင့္လဲဆိုရင္ေနာင္ေလးေၾကာင့္လို႔ပဲေျဖရလိမ့္မည္။သူ႕ရဲ႕အရာရာကိုဒီေကာင္ေလးကစိုးမိုးထားတာေလ...။

မဟုတ္ဘူးလား...။

" ဘာမွမဟုတ္ပါဘူးကြာ...ဒီလိုပဲဟိုအေၾကာင္း၊ဒီအေၾကာင္းေတြးမိလို႔ပါ..."

စကားကိုမလူးသာ၊မလြန့္သာေလးသူဆိုလိုက္၏။သို႔ေသာ္အေမာင္ၿပဳံးေဝဆိုသည္မွာအရင္ဘဝကဆားပုလင္းႏွင္းေမာင္ေသလို႔ဝင္စားတာပဲျဖစ္ရမည္။

" ဟိုအေၾကာင္း၊ဒီအေၾကာင္းဆိုေတာ့...ဘာလဲ...ကိုေယာရဲ႕အသက္ကေလး ကိုေနာင္အေၾကာင္းလား..."

မေျဖပါဘူးဆိုသေကာင့္သားကအစ္ေအာက္ၿပီးေမးျပန္ေလသည္။ၿပဳံးေဝရဲ႕ပုံစံကိုၾကည့္ရတာသူမေျဖမခ်င္းေမးမယ့္သေဘာမွာရွိ၏။ထို႔ေၾကာင့္သူလည္းမရမကဇြတ္ေမးေနတဲ့ဆားပုလင္းဖင္ေျပာင္အေမာင္ၿပဳံးေဝကိုေခါင္းလည္းမၿငိမ့္၊ေခါင္းလည္းမခါးပဲၿပဳံး႐ုံသာၿပဳံးျပလိုက္ေတာ့သည္။

" အဟဲ...ဟုတ္ေနတာပဲ..."

" ေၾသာ္...ဒါနဲ႕...ကိုေယာကိုကြၽန္ေတာ္ေျပာစရာရွိတယ္...ဟို...အကူအညီေတာင္းတာဆိုပိုမွန္လိမ့္မယ္..."

အကူအညီေတာင္းတာဆိုတဲ့ၿပဳံးေဝရဲ႕စကားတစ္ခြန္းေၾကာင့္ Computer ေပၚစုၿပဳံေရာက္ရွိေနတဲ့သူ႕ရဲ႕အၾကည့္ေတြကိုေဘးနားကၿပဳံးေဝဆီေ႐ြ႕လ်ားလိုက္၏။အတူတြဲဖက္လုပ္ေဆာင္ခဲ့ၾကတဲ့ဒီ(၁)ႏွစ္တာကာလအေတာအတြင္းမွာၿပဳံးေဝဘက္ကေနသူ႕ကိုအကူအညီေတာင္းတယ္ဆိုတာတစ္ႀကိမ္တစ္ခါမွမရွိေပ...။သူကသာၿပဳံးေဝကိုအကူအညီေတာင္းခဲ့တာခ်ည္းပင္...။အခုမွအေမာင္ၿပဳံးေဝကထူးထူးဆန္းဆန္းအကူအညီေတြထၿပီးေတာင္းတယ္ဆိုေတာ့သူအံ့ဩသြားမိတာအမွန္ပင္...။

" ေျပာေလ...ညီေလး...အစ္ကိုဘာအကူအညီေပးရမလဲ..."

သူေမးလိုက္ေပမယ့္ၿပဳံးေဝကသူ႕ကိုအားနာေနဟန္ရွိသည္။ၿပီးေတာ့မ်က္ဆံတစ္စုံကိုဟိုေထာင့္ကပ္လိုက္၊ဒီေထာင့္ကပ္လိုက္လုပ္ကာေျပာသင့္၊မေျပာသင့္ေဝခြဲမရျဖစ္ေနပုံရသည္။

" အားမနာပါနဲ႕ညီေလးရ...ေျပာ...အစ္ကိုအတတ္နိုင္ဆုံးကူညီေပးမယ္..."

ထိုသို႔စကားလမ္းေၾကာင္းဖြင့္ေပးလိုက္တဲ့အခါၿပဳံးေဝကစိတ္သက္သာရသြားဟန္ျဖင့္...

" အဲ့ဒါဆိုကြၽန္ေတာ္ေျပာမယ္ေနာ္..."

" ေအ...ေျပာ..."

" ဟိုေလ...Duty ၿပီးရင္ဟိုဘက္လမ္းမွာရွိတဲ့ Bar ကိုသြားမလို႔...အဲ့ဒါ...ဟို...ကြၽန္ေတာ္နဲ႕အေဖာ္ခဏေလာက္လိုက္ခဲ့ေပးပါလားလို႔..."

" ဘယ္လို..."

ၿပဳံးေဝရဲ႕စကားကသူ႕ကို​အံ့ဩတႀကီးျဖစ္သြားေစ၏။ထိုအခါသူ႕ရဲ႕ပုံစံကိုၾကည့္ၿပီးၿပဳံးေဝတစ္ေယာက္မ်က္ႏွာေလးညွိုးက်သြားေလသည္။

ေနာင္ေလးထက္အသက္ငယ္ၿပီးခေလးတစ္ေယာက္လိုခ်စ္ဖို႔ေကာင္းတဲ့ဒီေကာင္ေလးက Mama's boy ေလးတစ္ေယာက္ဆိုတာသူသိထား၏။ၿပီးေတာ့အေမမုဆိုးမကိုရွာေကြၽးေနတဲ့သားလိမၼာေလးတစ္ေယာက္...။ကုန္ကုန္ေျပာရရင္ၿပဳံးေဝကလူရိုး၊လူေအးေလးတစ္ေယာက္ျဖစ္သည္။

ဒီလိုေကာင္ေလးက Bar ကိုဘာသြားလုပ္မွာပါလိမ့္...။

" ဟိုေလ...ဟို...ကြၽန္ေတာ္ေသခ်ာရွင္းျပပါ့မယ္...ဒါေပမယ့္...ကိုေနာင္တို႔ကိုေတာ့သြားမျပန္ေျပာပါနဲ႕ေနာ္..."

ၿပဳံးေဝကတုန္ရီလႈပ္ခတ္ေနတဲ့အသံနဲ႕သူ႕ကိုကတိေတာင္းခံေနေလသည္။ၿပဳံးေဝကိုၾကည့္ရတာဒီကိစၥကိုသူ႕အစ္ကိုျဖစ္တဲ့ျမတ္ေခါင္ကိုသိေစခ်င္ပုံမရေပ...။တကယ္လို႔သာဒီကိစၥကိုေနာင္ေလးသိသြားခဲ့ရင္ျမတ္ေခါင္လည္းအေႏွးအျမန္သိမွာပင္...။ထို႔ေၾကာင့္ေနာင္ေလးကိုမေျပာဖို႔ၿပဳံးေဝကကတိေတာင္းခံေနျခင္းပင္...။

ဘာအေရးႀကီးကိစၥျဖစ္လို႔ၿပဳံးေဝကဒီေလာက္ထိလွ်ို႔ဝွက္လြန္းေနရတာလဲ...။

ဘယ္လိုပဲျဖစ္ျဖစ္ေနာင္ခါလာ၊ေနာင္ခါေစ်းမို႔အခုခ်ိန္မွာၿပဳံးေဝစိတ္သက္သာရေအာင္သူေခါင္းၿငိမ့္ျပလိုက္သည္။တကယ္ဆိုေနာင္ေလးတို႔လိုပဲသူလည္းၿပဳံးေဝကိုညီေလးအရင္းတစ္ေယာက္လိုခ်စ္သည္။ထို႔ေၾကာင့္မျဖစ္သင့္တာ၊မျဖစ္ရေအာင္ၿပဳံးေဝရဲ႕အခက္အခဲကိုအတတ္နိုင္ဆုံးကူညီေပးဖို႔ဆုံးျဖတ္ထား၏။

" ဟို...Bar ကိုသြားမယ္ဆိုတာကကြၽန္ေတာ့္ရည္စားနဲ႕ခ်ိန္းထားလို႔ပါ...သူကမန္းေလးက...ဒီရန္ကုန္ကမဟုတ္ဘူး...ၿပီးေတာ့ေလ...ၿပီးေတာ့...သူနဲ႕ကြၽန္ေတာ္နဲ႕ကအျပင္မွာတစ္ခါမွမေတြ႕ဖူးဘူး..."

ဗုေဒၶါ...။

ၿပဳံးေဝရဲ႕စကားကိုသူၾကားၿပီးတဲ့အခါမ်က္လုံးေတြျပဴးသြားရသည္။ၿပီးေတာ့ဘုရားတလိုက္မိသည္။

ရည္စားသာဆိုတယ္...။အျပင္မွာတစ္ႀကိမ္၊တစ္ခါမွမေတြ႕ဖူး၊မဆုံဖူးၾကဘူးတဲ့လား...။

ဆန္းၾကယ္လိုက္ပါဘိ...။

ေျပာခ်င္တာေတြဇြတ္ေျပာၿပီးမွသေကာင့္သားကသူ႕အျဖစ္ကိုသတိထားမိသြားပုံရသည္။ေခါင္းကုတ္၊ဖင္ကုတ္လုပ္ရင္းသူ႕ကိုရယ္က်ဲက်ဲလုပ္ျပလာေလသည္။

" အဟဲ...ဟုတ္တယ္ ကိုေယာရဲ႕...သူနဲ႕ကအျပင္မွာတကယ္မဆုံးဖူးေသးဘူး...Line ေပၚကပဲတစ္ေယာက္နဲ႕တစ္ေယာက္အျပန္အလွန္ပုံေတြပို႔ခဲ့ၾကတာ...အခုလည္းသူကရန္ကုန္ကိုအလုပ္ကိစၥနဲ႕ေရာက္ေနတယ္တဲ့...သူ႕ကိုလာေတြ႕ပါလားတဲ့...အဲ့ဒါေၾကာင့္..."

" ကြၽန္ေတာ္ဒီအေၾကာင္းကိုဘယ္သူ႕ကိုမွမေျပာရဲလို႔...ကြၽန္ေတာ့္သူငယ္ခ်င္းေတြကိုေရာ...ကိုျမတ္တို႔ကိုေရာ...ကြၽန္ေတာ့္ကိုကူညီပါေနာ္..."

မ်က္ႏွာကိုခ်က္ခ်င္းခ်ိဳးခ်ကာသူ႕ရဲ႕လက္ေတြကိုအားကိုးတႀကီးဆုပ္ကိုင္လာတဲ့အေမာင္ၿပဳံးေဝေၾကာင့္သက္ျပင္းကိုမသိမသာေလးသူခ်လိဳက္မိသည္။ၿပဳံးေဝရဲ႕အကူအညီေတာင္းခံမႈကသူ႕ကိုေဘးၾကပ္၊နံၾကပ္ျဖစ္ေစ၏။

မကူညီနိုင္လို႔ေတာ့မဟုတ္ေပ...။သူ႕အေနနဲ႕ဒီေကာင္ေလးကိုစိတ္ပူလို႔သာျဖစ္သည္။ကိုယ့္ညီေလးအရင္းသာဆိုလိုကေတာ့စိတ္ရွိသလိုရိုက္ႏွက္ပစ္လိုက္ခ်င္သည္။

ဒီေကာင္ေလးႏွယ္...။

ကိုယ္နဲ႕အျပင္မွာတစ္ခါမွမေတြ႕ဖူးတဲ့လူနဲ႕မ်ားရည္စားျဖစ္ရတယ္လို႔...။ၿပီးေတာ့ေတြ႕တာကလည္းေန႕ခင္းဘက္မဟုတ္...။ညဘက္ႀကီးျဖစ္သည္။

လူဆိုးမွန္းမသိ၊လူေကာင္းမွန္းမသိ...။

အျပင္ေလာကမွာေတာင္လူတစ္ေယာက္ကိုယုံၾကည္ဖို႔အလြန္ခက္ခဲေနတာကို၊ Social Media ေပၚမွာဆိုလို႔ကေတာ့ဆိုဖြယ္ရာမရွိေတာ့ေပ...။

သူအေနနဲ႕ကေတာ့မသြားေစခ်င္ေပ...။

သို႔ေပမယ့္လည္းသူ႕ကိုအားကိုးတႀကီးအကူအညီေတာင္းခံလာတယ္ဆိုေတာ့...။

သူ႕ဆီကအေျဖကိုေမွ်ာ္လင့္တႀကီးေစာင့္ေမွ်ာ္ေနတဲ့ၿပဳံးေဝရဲ႕အေရာင္လဲ့လဲ့မ်က္ဝန္းတစ္စုံကိုၾကည့္ၿပီးသူ႕အေနနဲ႕ျငင္းဆန္ဖို႔ခက္ခဲေနမိသည္။တကယ္လို႔သာသူ႕ဘက္ကျငင္းဆန္လိုက္ရင္ေတာင္အေမာင္ၿပဳံးေဝကအျခားလူတစ္ေယာက္ကိုေခၚၿပီးသြားမွာပင္...။

ဆိုေတာ့...။

" ဟုတ္ၿပီ...အစ္ကိုလိုက္ခဲ့ေပးမယ္..."

🍒🍒

VINZO BAR...။

Design ဆန္းဆန္းကိုမွခပ္ေသာေသာေလးပုံေဖာ္ထားတဲ့ Bar SignBoard ကိုသူတို႔ႏွစ္ေယာက္ေမာ့ၾကည့္လိုက္ၾကသည္။ဒီ Bar ကသူတို႔ Cafe ဆိုင္နဲ႕သိပ္မေဝးေပ...။တစ္လမ္းသာျခား၏။သို႔ေပမယ့္လည္းဒီေနရာကိုသူတို႔အေနနဲ႕တစ္ႀကိမ္တစ္ခါမွေရာက္မလားဖူးၾကေပ...။အခုကပထမဆုံးအႀကိမ္ပင္...။ကိုယ္နဲ႕မရင္ႏွီး၊မကြၽမ္းဝင္တဲ့ေနရာတစ္ခုျဖစ္တာမို႔သူတို႔ရဲ႕ပုံစံကဘာမွမသိ၊ဘာမွနားမလည္တဲ့ခေလးေတြလိုမ်က္လုံးေလးေတြကလယ္၊ကလယ္ျဖစ္လို႔ေန၏။

" လာ...ကိုေယာ...သြားစို႔..."

ၿပဳံးေဝကသူ႕လက္ကိုဆြဲကာ Bar ထဲကိုခပ္ျမန္ျမန္ေလးဝင္လိုက္သည္။ဒီေန႕မွပဲစာရင္းဇယားေတြကတိုက္တိုက္ဆိုင္ဆိုင္ကိုမွားေနတာေၾကာင့္ခ်ိန္းထားတဲ့အခ်ိန္ထက္သူတို႔ေနာက္က်ေနခဲ့ၾကသည္။ဒါေၾကာင့္ၿပဳံးေဝကအလ်င္လိုေနျခင္းပင္...။

Bar ထဲဝင္လိုက္တဲ့အခါ Piped Music ကသူတို႔ရဲ႕နားထဲကိုမတိုးမက်ယ္ရိုက္ခတ္လာ၏။သူတို႔ရဲ႕ပတ္ပတ္လည္မွာေတာ့လူေတြကဟိုတစ္စု၊ဒီတစ္စုနဲ႕ရယ္ေမာကာဝိုင္းဖြဲ႕စားေသာက္ေနၾကသည္။ဒီလိုေနရာေဒသမ်ိဳးကိုတစ္ႀကိမ္၊တစ္ခါမွမေရာက္ဖူးတဲ့သူ႕အဖို႔ျမင္ျမင္သမွ်ကထူးဆန္းလို႔ေန၏။ထို႔ေၾကာင့္သူ႕ပုံစံဘာမွမသိ၊နားမလည္တဲ့ခေလးငယ္တစ္ေယာက္လိုျမင္သမွ်၊ေတြ႕သမွ်အရာရာကိုမ်က္ေတာင္မခတ္စတမ္းလိုက္ၾကည့္ေနမိသည္။

အခုခ်ိန္မွာသူ႕ရဲ႕အုပ္ထိန္းသူကၿပဳံးေဝဆိုလည္းမမွားေပ...။ၿပဳံးေဝကသူ႕ကိုလက္တစ္ဖက္ကဆြဲၿပီးက်န္တစ္ဖက္က Phone ကိုၾကည့္ေနေလ၏။သူတို႔ႏွစ္ေယာက္ပုံစံကအျခားသူေတြနဲ႕မတူပဲတစ္မ်ိဳးေလးကြဲထြက္ေနတာေတာ့အမွန္ပင္...။

" ေဟာ...ဟိုမွာေတြ႕ၿပီ...လာ...ကိုေယာ..."

" ဟမ္...ဘယ္...ဘယ္မွာလဲ..."

ေခါင္းကိုတစ္ပတ္လည္ေအာင္ေစာင္းၿပီးလိုက္ၾကည့္ေနမိတဲ့သူ႕ကိုၿပဳံးေဝက Table ဝိုင္းတစ္ခုဆီဆြဲေခၚသြားေလ၏။ထို႔ေၾကာင့္သူ႕မွာၿပဳံးေဝဆြဲေခၚရာေနာက္ကိုယက္ကန္ယက္ကန္နဲ႕ပါသြားရေတာ့သည္။

" ထိုင္မယ္ေနာ္..."

" ထိုင္ပါဗ်ာ...ကိုယ္ကမင္းကိုေစာင့္ေနတာ..."

ဟင္...။

ၿပဳံးေဝရည္စားကေယာက္်ားေလးပါလား...။

သူကိုယ္တိုင္ကေယာက္်ားေလးတစ္ေယာက္ကိုခ်စ္သူရည္းစားေတာ္ထားတာေၾကာင့္ဒီျမင္ကြင္းကသိပ္မထူးဆန္းေပမယ့္ၿပဳံးေဝလိုေကာင္ေလးမ်ိဳးကေယာက္်ားေလးတစ္ေယာက္ကိုခ်စ္သူရည္စားေတာ္ထားတာကသူ႕အဖို႔ထူးဆန္းေနတာအမွန္ပင္...။

ထိုအခါသူနဲ႕ၿပဳံးေဝလည္းထိုေကာင္ေလးၫႊန္ျပတဲ့ေနရာမွာဝင္ထိုင္လိုက္ၾကသည္။ Bar တစ္ခုလုံးကိုအလင္းေရာင္ကခပ္မွိန္မွိန္ေလးသာျဖန့္က်က္ထားတာမို႔တစ္ေယာက္ကိုတစ္ေယာက္စူးစိုက္ကာၾကည့္ေနရ၏။

" ေၾသာ္...မိတ္ဆက္ေပးရဦးမယ္..."

" ကိုေယာ...ဒါက...ကြၽန္ေတာ့္ရဲ႕ Boyfriend ေနေသာ္က တဲ့..."

" ကိုေသာ္...ဒါက...ကြၽန္ေတာ့္ရဲ႕အလုပ္က Senior...နာမည္က ကိုေယာ တဲ့..."

အသားျဖဴျဖဴ၊ေထာင္ေထာင္ေမာင္းေမာင္းနဲ႕ထိုေကာင္ေလးလူေခ်ာတစ္ေယာက္လို႔ဆိုရမည္။ၿပဳံးလိုက္တိုင္းေပၚလာတတ္တဲ့သြားထပ္ေလးကထိုေကာင္ေလးရဲ႕ေခ်ာေမာမႈကိုအဓိကပံ့ပိုးထား၏။ၿပီးေတာ့သူအကဲခတ္ၾကည့္ရသေလာက္ဒီေကာင္ေလးကအသိုင္းအဝိုင္းႀကီးထဲကဆိုတာပင္...။ရိုးသားပုံလည္းရသည္။ၿပဳံးေဝနဲ႕ထိုေကာင္ေလးကစေတြ႕ကတည္းက Eyes Content ေတြေတာက္ေလွ်ာက္လႊတ္ေနေပမယ့္သူကေတာ့ေရာက္ကတည္းကထိုေကာင္ေလးကိုအကဲခတ္ေနမိသည္။

" ဟုတ္ကဲ့...ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ်..."

" အစ္ကိုလည္းေတြ႕ရတာဝမ္းသာပါတယ္..."

ထိုေကာင္ေလးနဲ႕သူတစ္ေယာက္ကိုတစ္ေယာက္အျပန္အလွန္လက္ဆြဲႏႈတ္လိုက္ၾကသည္။ထိုအခ်ိန္သူ႕ေဘးနားက Table ဝိုင္းမွာထိုင္ေနၾကတဲ့လူတစ္စုကစကားေျပာရင္း႐ုတ္တရက္ထရယ္လိုက္တာေၾကာင့္လူကတြန့္ခနဲ႕ျဖစ္သြားရသည္။

What the hell...။

အဲ့ေလာက္ေတာင္ရယ္ရလား...။

" ကိုေယာ...ဘာေသာက္မလဲ..."

" ဟမ္..."

​ေဘးပတ္ဝန္းက်င္ကိုစိတ္ဝင္တစားလိုက္ၾကည့္ေနမိတာေၾကာင့္ၿပဳံးေဝဘာေျပာလိုက္လဲဆိုတာသူမသိလိုက္ေပ...။ထို႔ေၾကာင့္ၿပဳံးေဝကိုျပဴးေၾကာင္ေၾကာင္နဲ႕ၾကည့္လိုက္မိသည္။

" ကိုေယာ...ဘာေသာက္မလဲ..."

" ေၾသာ္...အစ္ကို႔ကို Cola တစ္ဗူးပဲေပးပါ..."

" အဲ့ဒါဆို...ဒီဝိုင္းကို Cola ႏွစ္ဗူးခ်ေပးပါေနာ္..."

အနားမွာရပ္ေနတဲ့ Waiter ေလးက Order မွတ္ၿပီးတာသူတို႔ဝိုင္းကေနထြက္ခြာသြားေလသည္။မၾကာခင္မွာပဲသူတို႔မွာတဲ့ Cola ႏွစ္ဗူးကိုလာခ်ေပး၏။ထိုအခါသူလည္း Waiter ေလးလာခ်ေပးသြားတဲ့ Cola ဗူးကိုေဖာက္ေသာက္လိုက္ၿပီးၿပဳံးေဝတို႔နဲ႕ခပ္လွမ္းလွမ္းမွာထိုင္ေနလိုက္သည္။

လြတ္လြတ္လပ္လပ္စကားေျပာၾကပါေစ...။

Cola ေလးေသာက္လိုက္၊မ်က္စိေရွ႕ကအရာေတြကိုစိတ္ဝင္တစားလိုက္ၾကည့္လိုက္နဲ႕သူဇိမ္က်ေနသည္။သို႔ေပမယ့္ၿပဳံးေဝတို႔ကိုလည္းမၾကာမၾကာလွမ္းအကဲခတ္ရေသးသည္။

ဟမ္...။

သတိရလို႔ၿပဳံးေဝကိုလွမ္းၾကည့္မိေတာ့ေသာက္ေနတဲ့ Cola ေတာင္သီးမလိုျဖစ္သြားရသည္။ခုနတုန္းကတစ္ေတာင္ေလာက္အကြာအေဝးကေနစကားေျပာေနၾကတဲ့ႏွစ္ေယာက္ကအခုေတာ့လႊတ္ထြက္သြားမွာစိုးသည့္အလာေထြးဖက္ထားၾက၏။

အမယ္...။

ဟိုေကာင္ေလးရဲ႕ရင္ခြင္ထဲမွာအေမာင္ၿပဳံးေဝကပါးစပ္ႀကီးကိုၿဖဲလို႔ပါလား...။ဟိုေကာင္ေလးကဘာေျပာလိုက္လို႔လဲမသိေပ...။ရယ္ေတာင္ရယ္လိုက္ေသးသည္။ဒီေကာင္ေလးကိုၾကည့္ရတာသူ႕ကိုေမ့ေနပုံရသည္။

အခုေခတ္ခေလးေတြတကယ္မလြယ္ပါလား...။

ၿပဳံးေဝတို႔အတြဲကိုၾကည့္ၿပီးသူအသာေခါင္းယမ္းလိုက္မိသည္။ထို႔ေနာက္အနည္းငယ္က်န္ေနေသးတဲ့ Cola ကိုကုန္သြားေအာင္သူေမာ့ေသာက္ခ်လိဳက္သည္။

! စိတ္ေလွ်ာ့...ငေယာ...စိတ္ေလွ်ာ...သူမ်ားၾကည့္ႏူးေနတာကိုမနာလိုစိတ္မျဖစ္နဲ႕...!

! ကိုယ့္အလွည့္ေရာက္တဲ့အခါဝဠ္လည္လိမ့္မယ္...စိတ္ေလွ်ာ့..!

ဟူး...။

ေလပူတစ္ခ်က္ကိုခပ္ျပင္းျပင္းေလးသူမႈတ္ထုတ္လိုက္၏။ၿပီးေနာက္ေလ့လာလို႔မကုန္နိုင္တဲ့ပတ္ဝန္းက်င္ကိုဆက္ၿပီးစူးစမ္းဖို႔သူ႕ရဲ႕မ်က္ဝန္းတစ္စုံကိုအေရွ႕ဘက္ဆီေျခခ်လိဳက္သည္။

ထိုစဥ္...

" ဟင္..."

ခပ္လွမ္းလွမ္းမွာမတ္တပ္ရပ္တဲ့လူတစ္ေယာက္ကိုၾကည့္ၿပီးသူ႕ရင္ထဲမွာထိတ္ခနဲ႕ျဖစ္သြားရ၏။တစ္ဆက္တည္းမွာပဲတစ္ကိုယ္လုံးပူတက္လာကာႏွလုံးခုန္သံေတြလည္းျပင္းထန္လာခဲ့သည္။

ဟုတ္ပါ့မလား...။

" ေနာင္ေလး..."

ဒီ Bar ရဲ႕ Uniform ကိုသပ္သပ္ရပ္ရပ္ဝတ္ထားၿပီး Customer ေတြရဲ႕ Order ကိုလိုက္ခ်ေပးေနတဲ့ေနာင္ေလး...။

မဟုတ္ဘူးမလား...။

သူျမင္ေနတာမဟုတ္ဘူးမလား...။

ဒီအခ်ိန္ေနာင္ေလးကစာလုပ္ေနတာေလ...။

သို႔ေပမယ့္သူ႕ျမင္ေနရတဲ့ေကာင္ေလးကေနာင္ေလးနဲ႕တကယ့္ကိုတူလြန္း၏။ေသခ်ာေစဖို႔မ်က္လုံးႏွစ္လုံးကိုခပ္ၾကမ္းၾကမ္းေလးပြတ္ၿပီးသူၾကည့္လိုက္မိသည္။

" ေနာင္ေလး..."

သူ႕မ်က္လုံးေတြကမပ်က္စီးေသးပါ...။ၿပီးေတာ့ထိုေကာင္ေလးပတ္ထားတဲ့နာရီကေနာင္ေလးကိုလက္ေဆာင္ေပးဖို႔က်ိဳက္ထီးရိုးကေနသူဝယ္ထားတဲ့နာရီနဲ႕တူလြန္းသည္။ဒါဆိုသူ႕ျမင္ေနရတဲ့ေကာင္ေလးကေနာင္ေလးဆိုတာေသခ်ာေနတာေပါ့...။

အေမွာင္က်တဲ့ေနရာမွာထိုင္ေနတာမို႔သူကိုေတာ့ေနာင္ေလးကသတိမထားမိေပ...။

" ေနာင္ေလးရယ္..."

သူတိုးတိတ္စြာေရ႐ြတ္လိုက္မိသည္။တစ္ၿပိဳင္နက္တည္းတိုးဝင္လာၾကတဲ့နာက်င္ျခင္း၊ဝမ္းနည္းျခင္းေတြကသူ႕ႏွလုံးသားကိုစကၠန့္မလပ္ထိုးႏွက္လို႔ေနသည္။တစိမ့္စိမ့္တိုးဝင္လာတဲ့ခံစားမႈေတြေၾကာင့္မ်က္ရည္ဥေတြကသူ႕မ်က္လုံးအိမ္ထဲမွာအလုအယက္ခိုတြဲလာခဲ့ၾကေတာ့သည္။

ဟင့္အင္း...။

သူမယုံေသးဘူး...။

ဒီေကာင္ေလးကေနာင္ေလးနဲ႕တူတာေနမွာ...။

ေနာင္ေလးကသူ႕ကိုဘယ္ေတာ့မွာညာမွာမဟုတ္ဘူး...။

႐ုတ္တရက္ထိုင္ေနရာကေနသူမတ္တပ္ထရပ္လိုက္သည္။ၿပီးေနာက္ခပ္လွမ္းလွမ္းမွာရွိတဲ့ေကာင္ေလးရဲ႕အနားကိုျဖည္းျဖည္းခ်င္းသူေလွ်ာက္သြားလိုက္၏။

သူၾကည့္ရမယ္...။

ေသခ်ာေအာင္အနီးကပ္ၾကည့္ရမယ္...။

အခုခ်ိန္မွာသူမ်က္လုံးေတြကထိုေကာင္ေလးကလြဲၿပီးက်န္တာဘာမွမျမင္ေတာ့ေခ်...။ထိုေၾကာင့္ဟင္းပြဲေတြသယ္လာတဲ့ဝန္ထမ္းတစ္ဦးကိုသူတိုက္ခ်လိဳက္မိေတာ့သည္။

" ဒုန္း...ခလြမ္း...ဂြမ္း..."

" ဟယ္...ကြဲကုန္ၿပီ..."

" ဟာ...သြားၿပီ..."

က်ယ္ေလာင္တဲ့က်ကြဲသံေတြနဲ႕အၿပိဳင္ေပၚထြက္လာတဲ့အာေမဋိတ္သံမ်ား...။

ဆူညံ​ေနတဲ့ Bar ကမီးကိုေရနဲ႕ၿငိမ္းလိုက္သလို႐ုတ္တရက္တိတ္က်သြားေလေတာ့သည္။ၿပီးေနာက္အားလုံးရဲ႕အၾကည့္ေတြကသူ႕ဆီကိုစုၿပဳံေရာက္ရွိလာၾက၏။သို႔ေပမယ့္သူ႕ရဲ႕အၾကည့္ေတြကေတာ့အေရွ႕မွာရွိေနတဲ့ေကာင္ေလးတစ္ဦးအေပၚမွာသာေရာက္ရွိေနခဲ့ေလသည္။က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာတဲ့အသံေတြေၾကာင့္အျခားလူမ်ားနည္းတူထိုေကာင္ေလးရဲ႕အၾကည့္ေတြကလည္းသူဆီကိုဦးခိုက္လာေလေတာ့သည္။

မဟုတ္ပါေစနဲ႕...။

ေနာင္ေလးမဟုတ္ပါေစနဲ႕...။

ေက်းဇူးျပဳၿပီ...။

သို႔ေသာ္...။

သူ႕ရဲ႕ဆုေတာင္းေတြမျပည့္ခဲ့ေပ...။

သူ႕ကိုျမင္တဲ့အခါအံ့ဩထိတ္လန့္သြားတဲ့ေကာင္ ေလး...။ၿပီးေတာ့ထိုေကာင္ေလးရဲ႕ႏႈတ္ခမ္းဖ်ားကေန႐ုတ္တရက္လႈပ္ခတ္သြားတဲ့စကားလုံးက...

ကိုကိုတဲ့လား...။

သြားၿပီ...။

ေယာင္ယမ္းကာမ်က္ဝန္းႏွစ္ဖက္ကိုသူမွိတ္ခ်လိဳက္မိသည္။ထိုအခါခိုတြဲေနတဲ့မ်က္ရည္ဥေတြကပါျပင္းထက္ကိုအရွိန္အဟုန္ျပင္းျပင္းနဲ႕အလုအယက္လွိမ့္ဆင္းလာခဲ့ေလေတာ့သည္။

🍒🍒🍒

Comment