အပိုင်း - ၃၄

" ဖွီး...တောက်...မိုက်ရိုင်းလိုက်တာကွာ..."

" ဟုတ်ပါ့ကွာ..."

အတန်းတက်ဖို့အချိန်စောသေးတဲ့အတွက်ကြောင့်(၄)ယောက်သား Cantten မှာထိုင်ပြီး Party ပွဲကအကြောင်းကိုစမြှုံ့ပြန်နေကြခြင်းဖြစ်သည်။ဖြစ်ပျက်ခဲ့သမျှအလုံးစုံကစိတ်မကောင်းဖြစ်စရာနဲ့စိတ်တိုစရာတွေချည်းပဲမို့မြတ်ခေါင်တို့၊မင်းမင်းတို့ကသူပြောပြတာကိုနားထောင်ပြီးမှာထားတဲ့မုန့်တွေတောင်မစားနိုင်တော့တဲ့အထိဒေါသပုန်ထလို့နေကြ၏။

သူလည်းဘာထူးလဲ...။

ဖြစ်ဖြစ်ချင်းအရူးတစ်ယောက်လိုဆောက်တည်ရာမဲ့နေခဲ့တာပဲမဟုတ်လား...။

" ဒါနဲ့...မင်းလုပ်တဲ့ကောင်ကိုသိလား..."

ရှိန်းမင်းကိုသူခေါင်းယမ်းပြလိုက်ပြီး...

" မသိလို့ပေါ့ကွာ..."

ရှိန်းမင်းမေးသလိုသူလည်းထိုကိစ္စကိုတစ်ညလုံးမအိပ်ပဲစဥ်းစားခဲ့၏။သို့သော်အချိန်သာကုန်သွားသည်။သူသိချင်တဲ့အဖြေကထွက်မလာပေ...။

" မင်းကမင်း Daddy ခေါ်လို့သွားတယ်...အဲ့ဒီအချိန်မှာမင်းပေးခိုင်းလိုက်လို့ပါဆိုပြီးငနဲတစ်ကောင်ကကိုယောကိုအချိုရည်လာပေးသွားတယ်...အဲ့တော့ကွာ...ငါစဥ်းစားမိတာတစ်ခုက..."

မင်းမင်းကစကားကိုဆက်မပြောပဲ​ SHERLOCK HOLMES Style လိုမေးစေ့ကိုပြုတ်ထွက်မတတ်ပွတ်ရင်းခေါင်းတဆက်ဆက်ငြိမ့်ကာစဥ်းစားခန်းဖွင့်နေ၏။မင်းမင်းရဲ့စကားကအကျိုးသင့်၊အကြောင်းသင့်ဆီလျော်ကောင်းမွန်နေတဲ့အတွက်ကြောင့်သူတို့လည်းမင်းမင်းဆက်ပြောလာမယ့်စကားကိုစောင့်နေလိုက်ကြသည်။

" မင်းကို...မင်းရဲ့ Daddy ခေါ်နေပါတယ်လို့လာပြောတာ မင်း Daddy ရဲ့တပည့်...ဟုတ်တယ်နော်..."

" အေ..."

" ဆိုတော့...မင်းနဲ့မင်း Daddy ကိုသားအဖတွေမှန်းအဲ့ဒီ Party ပွဲမှာဘယ်သူမှသိကြမှာမဟုတ်ဘူး..."

" နောက်တစ်ခုက...မင်းကမင်း Daddy ဆီထွက်သွားတာကိုလည်းဘယ်သူမှသတိမထားမိကြဘူး...အဲ့ဒီတော့...ဖြစ်နိုင်ချေအများဆုံးလူက..."

မင်းမင်းကစကားကိုဆက်မပြောပဲရပ်လိုက်၏။အနီးစပ်ဆုံးအဖြေတစ်ခုက'လယ်ပြင်မှာဆင်သွားသလို'ထင်ထင်ရှားရှားကြီးကိုပေါ်လွင်နေတာမို့သူဆက်မပြောခြင်းပင်...။သို့သော်အရိပ်အကဲမသိတဲ့ရှိန်းမင်းကအဆုံးမသတ်သေးတဲ့မင်းမင်းရဲ့စကားကိုထပ်မံဖြည့်စွက်တဲ့အနေနဲ့ဆက်ပြောလာသည်က...

" မင်းအဖေပဲ..."

ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ရဲ့အဖြေကိုတွေ့ရှိသွားသလိုစားပွဲခုံကိုလက်သီးနဲ့ထုကာဝမ်းသာအားရထပြောခြင်းပင်...။ရှိန်းမင်းရဲ့စကားကြောင့်တစ်ဝိုင်းလုံးအို့တို့အန့်တန့်ဖြစ်သွားရ၏။

" ဟျောင့် ငရှိန်း..."

ကျစ်...ဒီငနွားကတော့...။

မကောင်းတတ်လို့မပြောပဲရပ်လိုက်ပါတယ်ဆိုအလိုက်ကမ်းဆိုးမသိထပြောရတယ်လို့...။

တွေဝေမှုန်မှိုင်းသွားတဲ့မျိုးနွယ်ရဲ့အမူအရာကြောင့်ဘေးမှာထိုင်နေတဲ့မင်းမင်းကရှိန်းမင်းကိုတံတောင်နဲ့လှမ်းကာတွတ်လိုက်လေသည်။ပြီးနောက်မျိုးနွယ်မမြင်အောင်လက်သီးကိုထောင်ပြလိုက်၏။ဘုမသိ၊ဘမသိအတွယ်ခံလိုက်ရတာမို့ရှိန်းမင်ကြောင်အအဖြစ်သွားရသည်။ငမင်းသူ့ကိုဘာဖြစ်လို့တံတောင်နဲ့တွတ်လဲဆိုတာသူမသိပေ...။

ထိုအခါမျက်လုံးကြီးပြူးကာကြောင်အအဖြစ်နေတဲ့ရှိန်းမင်းကိုမြတ်ခေါင်ကမျိုးနွယ်ဘက်ကိုမျက်စပစ်ပြလိုက်၏။ထိုအခါမှသာရှိန်းမင်းကသဘောပေါက်နားလည်သွားဟန်ဖြင့်ပါးစပ်ကိုလက်နဲ့အသာလေးအုပ်လိုက်လေတော့သည်။

လျှာရှည်မိပြန်ပြီ...။

ရှိန်းမင်းရဲ့စကားကအနာတရဖြစ်လို့နေတဲ့သူ့စိတ်ကိုအက်စစ်နဲ့လောင်းချလိုက်သလိုပင်...။သို့သော်ဆက်စပ်မိတဲ့အကြောင်းအရာတွေကငြင်းဆိုနိုင်စရာမရှိအောင်ပြည့်စုံနေတာမို့သူ့အနေနဲ့ပြန်လည်ချေပဖို့မစွမ်းသာပေ...။

မင်းမင်းပြောတာလည်းသဘာဝကျပါသည်။သူ့အနေနဲ့လက်မခံနိုင်စရာမရှိပေ...။

ဒီကိစ္စရဲ့တရားခံကတကယ်ပဲ Daddy လား...။

မသေချာပေမယ့်သူစဥ်းစားမိသမျှဖြစ်နိုင်ချေအများဆုံးစာရင်းထဲမှာ Daddy ကထပ်ဆုံးကနေပါဝင်နေ၏။သူတင်မဟုတ်...။မင်းမင်းတို့၊မြတ်ခေါင်တို့ကလည်းသူတွေးသလိုတွေးမိကြမှာပင်...။ Daddy အပြင်နောက်ထပ်သူစဥ်းစားမိတဲ့လူအနည်းငယ်လည်းရှိသေးသည်။သို့သော်မင်းမင်းရဲ့ခြုံငုံသုံးသပ်ချက်အရထိုလူတွေက Daddy လောက်တော့ဖြစ်နိုင်ချေမများပေ...။

ခေါင်းထဲကိုပြွတ်သိပ်တိုးဝင်လာကြတဲ့မရေမရာအတွေးတို့ကြောင့်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာအချို့ကိုခေါင်းအေးအေးထားကာသူပြန်စဥ်းစားကြည့်လိုက်သည်။အရှေ့ကသုံးကောင်ကတော့ငြိမ်ကျသွားတဲ့သူ့ကိုကြည့်ပြီးတစ်ယောက်နဲ့တစ်​ယောက်အသံတိတ်အပြစ်တင်နေကြ၏။အချိန်အနည်းငယ်ကြာတဲ့အခါရှောင်လွှဲလို့မရတဲ့အဖြေတစ်ခုကသူ့ရဲ့ခေါင်းထဲကိုရှင်းရှင်းလင်းလင်းဝင်ရောက်လာခဲ့လေတော့သည်။သို့သော်တကယ့်လက်တွေ့မှာတော့သူ့အနေနဲ့ထိုအဖြေကိုလက်ခံနိုင်ဖို့အတော့်ကိုကြိုးစားရပေဦးမည်။

🍒🍒

CCTV ထဲကလူကိုကြည့်ပြီးခြိမ်းနှစ်နှစ်ပြုံးလိုက်မိသည်။သို့သော်ညီညာမှုမရှိတဲ့စိတ်အခြေအနေကြောင့်အပြုံးရိပ်တို့ကချက်ခြင်းကွယ်ပျောက်ပြီးခြိမ်းရဲ့မျက်နှာကရေခဲတမျှအေးစက်လို့သွားလေသည်။

တကယ်ပဲခင်ဗျားလား...။

" အဟက်..."

ခြိမ်းကတစ်ချက်ရယ်သွေးသွမ်းကာလက်မှာကိုင်ထားတဲ့နီညိုရောင် Wine ခွက်ကိုမော့သောက်ချလိုက်၏။ Video File ကမိနစ်အနည်းငယ်မျှသာကြာတဲ့ Short Clip လေးတစ်ခုသာပင်...။သို့သော်ခြိမ်းကတော့ထို Clip ကိုမျက်တောင်မခတ်ထပ်ခါတလဲလဲ​ကြည့်လို့နေ၏။

ဒီလူအိုကြီးကသူ့ရဲ့ Oasis လေးကိုထိဖို့ကြိုးစားရဲတယ်ပေါ့...။

" ခင်ဗျားကိုဘယ်လိုလုပ်ရမလဲ..."

CCTV ကိုလက်ညှိုးနဲ့တစ်တောက်တောက်ခေါက်ရင်းခြိမ်းအတွေးနယ်ချဲ့နေမိသည်။ CCTV ထဲကလူမှာတော့ခြိမ်းရဲ့အတွေးကိုမသိစွာခပ်မိန့်မိန့်ကြီးပြုံးလို့နေ၏။

ဒီလူအိုကြီးကိုသူဘယ်လိုလုပ်ရမလဲ...။

သူ့ရဲ့ Oasis လေးကိုဒုက္ခပေးဖို့စေခိုင်းတဲ့ပါးစပ်ကိုအပ်နဲ့ချုပ်ပိတ်လိုက်ရင်ကောင်းမလား...။ဒါမှမဟုတ်သူ့ရဲ့ Oasis လေးကိုထပ်ပြီးဒုက္ခပေးလို့မရအောင်မကောင်းတဲ့အကြံတွေထွက်တတ်တဲ့ဒီလူအိုကြီးရဲ့ဦးနှောက်ကိုဖောက်ထုတ်ပစ်လိုက်ရင်ကောင်းမလား...။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီလူအိုကြီးကသေကိုသေရမည်။ဒါကသူ့ရဲ့ Oasis လေးကိုထိဖို့ကြိုးစားရဲတဲ့အတွက်သူပေးတဲ့အပြစ်ဒဏ်ပဲ...။

အို့...။

သူမေ့နေတာ....။

သူလုံးဝကိုမေ့နေခဲ့တာ...။

ဒီလူအိုကြီးကိုသတ်မယ့်အစားသူ့သားဖြစ်တဲ့...။

အတွေးတို့မဆုံးခင်ထိုလူအိုကြီးရဲ့ကြောက်ရွံ့ပြီးသွေးပျက်နေတဲ့မျက်နှာကသူ့ရဲ့အတွေးအာရုံထဲမှာအထင်သားပေါ်လာခဲ့၏။လူတွေကကိုယ်ထိမှကိုယ်နာတတ်ကြတဲ့အမျိုးများသာ...။အထူးသဖြင့်ကိုယ်တန်ဖိုးထားတဲ့သူကိုထိတဲ့အခါပိုပြီးနာတတ်ကြ၏။

ဒီလူအိုကြီးလည်းဒီလိုပဲ...။

သူအရမ်းကိုတန်ဖိုးထားရတဲ့သူ့သားကိုသာသတ်ပစ်လိုက်ရင်ဒီလူအိုကြီးအခုလိုပြုံးနိုင်ပါ့တော့မလား...။

" ဟား...ဟား...ဟား..."

အတွေးအာရုံထဲမှာပုံရိပ်တချို့ကထင်ဟပ်လာတဲ့အခါခြိမ်းကအူလှိုက်သည်းလှိုက်ရယ်ချလိုက်လေတော့သည်။သူ့ရဲ့သားသာတစ်ခုခုဖြစ်သွားခဲ့ရင်ဒီလူအိုကြီးရင်ကွဲလိုက်မယ့်ဖြစ်ခြင်း...။

" ဟား...ဟား...ဟား..."

မှိန်ပြပြအခန်းကျဥ်းလေးထဲမှာလက်တစ်ဖက်ကနီညိုရောင် Wine ခွက်ကိုကိုင်ထားပြီးတစ်ဖက်ကအငွေ့​တလူလူထွက်နေတဲ့ Cigarette တိုကိုလက်ကြားညှပ်ကာအူလှိုက်သည်းလှိုက်ရယ်မောနေတဲ့ခြိမ်းကစိတ်လွှတ်နေသူတစ်ယောက်ပမာ...။

ခြောက်ကပ်ပြီးတိတ်ဆိတ်​ငြိမ်သက်လွန်းလှတဲ့အိမ်ကြီးထဲကနေထွက်ပေါ်လာတဲ့ခပ်အက်အက်ရယ်မောသံကကြောက်မက်ဖွယ်ကောင်းလှ၏။ခြိမ်းရယ်မောနေမိသည်။မျက်ရည်ထွက်အောင်အူလှိုက်သည်းလှိုက်ကိုခြိမ်းရယ်မောနေမိသည်။ရယ်စရာမဟုတ်ပေမယ့်သူ့ရဲ့ Oasis လေးကိုဒုက္ခပေးတဲ့လူမှန်သမျှကိုဖျက်စီးရတာသူပျော်သည်။

သေခါနီးထိတ်လန့်ကြောက်ရွံ့တုန်လှုပ်နေတဲ့အမူအယာတွေကိုကြည့်ပြီးသူရယ်ချင်မိသည်။ပြီးတော့သူကျေနပ်မိသည်။အခုကစပြီးသူ့ရဲ့ Oasis လေးကိုဒုက္ခပေးဖို့ကြိုးစားရဲတဲ့လူမှန်သမျှအစအနရှာမရအောင်ဖျက်စီးပစ်ဖို့သူတွေးထားသည်။ပိုင်ဆိုင်ခွင့်မရှိတဲ့လူတစ်ယောက်ကိုဖြည့်​ဆည်းပေးနေရခြင်းကလည်း​အချစ်ရဲ့ချိုမြန်ခြင်းဒုက္ခတစ်မျိုးပဲမဟုတ်လား...။ဒါပေမယ့်သူပျော်သည်။အကြောင်းပြချက်ကတော့ဒီလူသားလေးကသူ့ရဲ့ပထမဆုံးရင်ခုန်သံကိုဖြစ်စေခဲ့တဲ့ Oasis လေးဖြစ်လို့ပဲ...။

ချစ်ရသူရဲ့အကြောင်းခေါင်းထဲရောက်လာတော့လူကအလိုလိုလွမ်းမိလာသည်။ Party ပွဲကနေပြန်သွားပြီးကတည်းကမတွေ့ရတာအခုထိပင်...။ Oasis လေးနဲ့တစ်မြို့တည်းအတူတူနေရတုန်းလွမ်းရတဲ့ဒုက္ခကိုနည်းနည်းလေးမှသူမခံစားချင်ပေ...။အလွမ်းဆိုတာကလည်းညင်သာနူညံ့လွန်းတဲ့ဒုက္ခတစ်မျိုးပင်...။ဒီအလွမ်းတွေကိုခြေဖျက်ဖို့ Oasis လေးရှိရာဆီသူသွားမှရမည်။စိတ်ကူးရုံနဲ့မတင်းတိမ်နိုင်တဲ့အဆုံးစားပွဲခုံပေါ်က Phone နဲ့ Wallet ကိုဆွဲယူကာ Oasis လေးရှိရာ Cafe ဆိုင်ဆီသူထွက်လာခဲ့လိုက်သည်။

🍒🍒

Party ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးအခုချိန်ထိသူ့ရဲ့စိတ်အခြေအနေကမကောင်းသေးပေ...။ထို့ကြောင့်အတန်းကိုနေ့တစ်ဝက်ပဲတက်ပြီး​ကိုကို့ဆီသွားဖို့သူစဥ်းစားလိုက်သည်။ဒီလိုချိန်မှာသူအဖြစ်ချင်ဆုံးကကိုကို့ရဲ့အနားမှာရှိနေဖို့ပင်...။ပြီးတော့ကိုကိုနှစ်သိမ့်မယ့်စကားတွေကိုလည်းသူကြားချင်သည်။မြတ်ခေါင်တို့ကတော့သူ့ကိုစိတ်သက်သာရစေဖို့တစ်ယောက်တည်းစိတ်ရှိသလိုလွှတ်ထားပေး၏။

အတန်းထဲကနေသူထွက်လာတော့အချိန်ကမွန်းတည့်(၁၂)နာရီရှိလေပြီ...။ပူပြင်းတဲ့နေ့လယ်ခင်းအချိန်အခါပေမို့နေလုံးကြီးကသူ့ရဲ့ခေါင်းပေါ်ကိုတည့်တည့်ကြီးရောက်နေ၏။သို့သော်ကျောင်းနဲ့ဆိုင်ကမဝေးတဲ့အတွက်ထိုအပူဒဏ်ကိုအံတုကာကိုကို့ဆီသူထွက်လာခဲ့လိုက်သည်။ဒီအခြေအနေကိုသာကိုကို့တွေ့လို့ကတော့သူ့ကိုဆူလိုက်မယ့်ဖြစ်ခြင်း...။

တကယ်တော့သူကကိုကို့ရဲ့ Break Time ဖြစ်တဲ့အချိန်နဲ့တိုက်ပြီးထွက်လာခဲ့ခြင်းပင်...။အခြားအချိန်တွေဆိုကိုကိုအလုပ်လုပ်နေတာကိုအရည်ပျော်ကျမတတ်သူထိုင်ကြည့်နေရပေမည်။အခုလိုကိုကိုအနားယူတဲ့အချိန်နဲ့တိုက်ပြီးထွက်လာတော့သူ့အနေနဲ့စိတ်ပြေလက်ပြောက်ဖြစ်အောင်ကိုကို့ကိုခေါ်ပြီးဆိုင်တစ်ဆိုင်မှာတစ်ခုခုသွားစားလို့ရသည်။အတွေးနဲ့အတူသူ့ရဲ့ခြေလှမ်းတွေကပူပြင်းတဲ့နေရောင်အောက်မှာအရမ်းကိုတက်ကြွနေ၏။သို့သော်သူ့ရဲ့အတွေးတို့ကကြာရှည်မခံခဲ့ပေ...။

ဆိုင်ထဲကိုဝင်ဖို့ခြေလှမ်းပြင်လိုက်စဥ်မြင်ကွင်းထဲကိုဝင်ရောက်လာတဲ့ပုံရိပ်တစ်ချို့ကြောင့်ဆိုင်ဝမှာတင်သူ့ရဲ့ခြေလှမ်းတွေကတုံ့သွားရသည်။ရှေ့ဆက်ဖို့လည်းအားမရှိသလိုနောက်ပြန်လှည့်ဖို့ကလည်းမစွမ်းသာတဲ့အတွက်ထိုနေရာမှာပင်မလှုပ်မယှက်သူရပ်နေမိ၏။

ဆိုင်ထဲမှာနှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ပြီးရယ်မောနေကြတဲ့ကိုကိုနဲ့ခြိမ်း...။ဟိုကောင်ကဘာတွေပြောလို့ကိုကိုကဟက်ဟက်ပက်ပက်ကိုရယ်နေရတာလဲ...။

သူသိချင်မိပါသည်။

ခပ်ချောချောအမျိုးသားငယ်နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ကျီစယ်ပြီးရယ်မောနေကြတဲ့မြင်ကွင်းကအများအမြင်မှာ Eyeful ဖြစ်နေနိုင်ပေမယ့်သူ့ရဲ့အမြင်မှာတော့လုံးဝကိုအကျည်းတန်လွန်းလှသည်။ကိုကိုရဲ့ဒီအပြုအမူ၊ဒီအပြုံးတွေကသူ့တစ်ယောက်တည်းနဲ့တင်ပွင့်လန်းလာခဲ့ခြင်းမျိူးမဟုတ်ပဲသူစိမ်းကြောင့်လည်းဖြစ်တည်လာတယ်တဲ့လား...။

မျှော်လင့်ချက်တွေတနင့်တပိုးထမ်းပိုးရင်းလာခဲ့တဲ့သူ့ကို,​ကိုကိုကြိုဆိုလိုက်တဲ့ပုံစံကစောက်ရမ်းကဗျာဆန်လွန်း၏။ကိုကိုကတကယ့်ကိုဆိုးလွန်းပါသည်။

ကိုကိုနဲ့ပတ်သတ်ပြီးဖြစ်တည်ပေါက်ဖွားလာခဲ့တဲ့သဝန်တိုစိတ်ကကောင်းကင်ပေါ်ကနေမင်းကြီးလိုသူ့ရဲ့ရင်ကိုတမြေ့မြေ့ပူပြင်းလောင်မြှိုက်စေသည်။ကိုကိုရဲ့ချစ်ခြင်းမေတ္တာကိုခြွင်းချက်မရှိအကြွင်းမဲ့သူယုံကြည်ပေမယ့်'တကယ်လို့သာ'ဆိုတဲ့အတွေးကသဝန်တိုစိတ်နဲ့အပြိုင်ရင်ထဲမှာမသိမသာကွန်းခိုလာခဲ့သည်။

ဒီအတွေးတွေကစိတ်အနာတရဖြစ်နေတဲ့သူ့အဖို့ဒဏ်ရာမပေါ်ပဲသေစေနိုင်တဲ့အဆိပ်တစ်ခွက်လိုပင်...။

ပြီးတော့...။

ခြိမ်းဆိုတဲ့ကောင်...။

မြွေမြွေချင်းခြေမြင်တယ်လို့ဆိုရလေမလား...။

ကိုကို့ရဲ့အရှေ့မှာရိုးရိုးသားသားဖိုးသခွားလုပ်နေတဲ့ဒီကောင်ကကိုကို့ကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဥာဏ်နီ၊ဉာဏ်နက်တွေကိုတစ်ဖက်လှည့်နဲ့သုံးနေတာသူသိသည်။ပန်းတိုင်ကိုဖြောင့်တဲ့လမ်းကမရောက်ခဲ့တာကြောင့်ဒီကောင်ကဖြတ်လမ်းကိုသုံးနေခြင်းပင်...။

ဆိုင်က၎င်းရဲ့အရှေ့မျက်နှာပြင်တစ်ခုလုံးကိုမှန်အပြည့်ကာထားတာဖြစ်သည်။ထို့ကြောင့်ဆိုင်ထဲကနေအပြင်ကလမ်းသွား၊လမ်းလာလူတွေနဲ့မြင်ကွင်းအချို့ကိုထင်ထင်ရှားရှားမြင်နိုင်၏။သို့သော်ခြိမ်းရဲ့အပြောမှာနှစ်မြောနေတဲ့ကိုကိုကတော့ဆိုင်ဝမှာထီးထီးကြီးရပ်နေတဲ့သူ့ကိုသတိမထားမိချေ...။

အဟက်...။

ကိုယ့်ချစ်သူထက်တောင်အဲ့ကောင်ရဲ့အပြောတွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့...။

ခင်ဗျားအရမ်ကိုဆိုးနေပြီ ကိုကို...။

အုံကြွလာတဲ့သဝန်တိုစိတ်ကပြူထွက်စပြုနေတဲ့ဒေါသကိုအရှိန်အဟုန်ပြင်းပြင်းနဲ့လှုံ့ဆော်နိုင်စွမ်းရှိ၏။မပေါက်ကွဲအောင်ထိန်းချုပ်လိုက်ချင်ပေမယ့်မြင်နေရတဲ့ပုံရိပ်ကစောက်ရမ်းစိတ်ပျက်ဖို့ကောင်းလွန်းနေတာကြောင့်သူ့အနေနဲ့လူလိမ္မာမလုပ်ချင်တော့ပေ...။စောက်ကျင့်လေးယုတ်ချင်လာမိသည်။

အတွေးတို့ကြောင့်သူ့ရဲ့နှုတ်ခမ်းပါးတစ်စုံကအရိုင်းဆန်ဆန်ကွေးညွှတ်သွားရ၏။သို့နှင့်မြင်နေရတဲ့ပုံရိပ်ကိုနောက်ဆုံးအနေနဲ့စူးစိုက်ကာတစ်ချက်ကြည့်ပြီးဆိုင်ထဲကိုဝင်ဖို့ခြေလှမ်းစလိုက်သည်။ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ချက်တွေအတွက်ထိုလူတွေဆီကနေညီမျှတဲ့တန်ရာတန်ကြေးကိုပြန်ယူရပေမည်။ဆိုင်ထဲကိုရောက်တဲ့အခါကိုကိုတို့ထိုင်နေတဲ့ဝိုင်းဆီဦးတည်ကာသူလျှောက်သွားလိုက်သည်။

" ဟင်...နောင်လေး..."

တရွေ့ရွေ့လှမ်းလာနေတဲ့သူ့ကိုတွေ့တယ်ဆိုရင်ပဲကိုကို့ရဲ့မျက်နှာပေါ်မှာစွန်းထင်းနေတဲ့အပြုံးတို့ကချက်ချင်းကွယ်ပျောက်သွားလေတော့သည်။မထင်မှတ်ပဲရုတ်တရက်တွေ့လိုက်ရတာမို့ကိုကို့ရဲ့ပုံစံကအံ့ဩမှုတို့အပြည့်ပင်... ။

ထိုအခါသူလည်းအံ့ဩတကြီးဖြစ်နေတဲ့ကိုကို့ကိုဟန်ပါပါပြုံးပြလိုက်ပြီး...

" ဟုတ်တယ်...ကျွန်တော်နောင်လေးပဲ..."

အသက်မပါတဲ့အပြုံးတစ်ပွင့်​ကိုနှုတ်ခမ်းထက်မှာချိတ်ဆွဲရင်းကိုကို့ကိုတုံ့ပြန်စကားသူဆိုလိုက်၏။သူ့ရဲ့မျက်နှာကိုအရိပ်တကြည့်ကြည့်တတ်တဲ့ကိုကို့အဖို့သူ့ရဲ့အပြုံး၊သူ့ရဲ့စကားတွေက'ဘယ်အရပ်ဆီဦးတည်နေပြီလဲ'ဆိုတာကိုကိုကသဘောပေါက်နားလည်သွားပုံရသည်။ခြိမ်းကိုတစ်ချက်ဝေ့ကြည့်ပြီးကိုကိုကသူ့ရဲ့လက်ကိုလှမ်းဆွဲလေသည်။

ပုံမှန်မဟုတ်တဲ့အပြုအမူ၊အပြောအဆိုတွေကြောင့်'သူဘာဖြစ်နေတာလဲ'ဆိုတာကိုကိုကသိချင်နေပုံပင်...။ဆုပ်ကိုင်ထားတဲ့သူ့ရဲ့လက်ကိုဖျစ်ညစ်ရင်းမေးခွန်းတွေပြည့်နှက်နေတဲ့အကြည့်တို့နဲ့ကိုကိုကသူ့ကိုလှမ်းကြည့်လာ၏။

" ဒါဆို...ကျွန်တော့်ကိုခွင့်ပြုပါဦး ကိုယော..."

ခပ်တည်တည်ပင်...။

တကယ့်ကိုခပ်တည်တည်ပင်...။

​သူတို့နှစ်ယောက်ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေကိုဂရုမစိုက်သလိုပြုမူကာစားပွဲခုံပေါ်က Juice ခွက်ကိုမော့သောက်ပြီးခြိမ်းကထွက်သွားဖို့ဟန်ပြင်၏။တကယ်ဆိုဒီပြဿနာရဲ့အလုံးစုံကဒီကောင့်ကြောင့်ဖြစ်ခဲ့ရတာပင်...။

ကိုကို့ကိုနှုတ်ဆက်စကားဆိုပြီးတဲ့အခါခြိမ်းကသူ့ကိုခပ်ထေ့ထေ့အပြုံးတစ်ပွင့်နဲ့တစ်ချက်စိုက်ကြည့်လာလေသည်။​ခြိမ်းရဲ့အကြည့်တွေထဲမှာအရောင်တစ်ခုခုပျော်ဝင်နေတယ်ဆိုတာသူ့စိတ်ကအလိုလိုသိနေသည်။

မင်းဘာဖြစ်ချင်နေတာလဲ ခြိမ်း...။

ရင်ထဲမှာဖြစ်တည်နေတဲ့ပူလောင်မှုနဲ့သဝန်တိုစိတ်တွေကဒေါသအဖြစ်ကိုကူးပြောင်းပြီးအရာအားလုံးဝေဝါးလာတဲ့အခါ...

" ဟျောင့် ခြိမ်း..."

သူတို့အနားကနေထွက်သွားဖို့ဟန်ပြင်နေတဲ့ခြိမ်းကသူ့ရဲ့ခေါ်သံကြောင့်လှည့်ကြည့်လာလေသည်။ပြီးနောက်သူ့ကို'ဘာလဲ'ဆိုတဲ့အထာနဲ့တစ်ချက်မေးဆက်ပြ၏။

ထိုမေးခွန်းအတွက်အဖြေကရှိနှင့်ပြီးသားဖြစ်ပေမယ့်နှုတ်ကနေဖွင့်ဟဖို့စိတ်မပါတာကြောင့်...

" ခွပ်..."

ဒါကပိုင်ရှင်ရှိမှန်းသိရက်နဲ့ပေါ်တင်ကြောင်ရဲတဲ့မင်းအတွက်...။

" နောင်လေး..."

" ဟာ..."

" ဟင်...."

ရုတ်တရက်ဆန်ဆန်ဖြစ်ပျက်သွားတဲ့အခြေအနေတစ်ခုမှာဆိုင်ထဲရှိလူအားလုံးကအံ့ဩတကြီးဖြစ်နေကြသည်။ထိုအခါသူ့ရဲ့လက်သီးချက်ကြောင့်အရုပ်ကြိုးပြတ်လဲပြိုကျသွားတဲ့ခြိမ်းကို,ကိုကိုကသွားပြေးထူလိုက်၏။ခြိမ်းကိုကူနေရင်းနဲ့ကိုကိုကသူ့ကိုလှည့်ကြည်လာလေသည်။ကိုကို့ရဲ့အကြည့်တွေထဲမှာသူ့အပေါ်စိတ်ပျက်ခြင်းတွေစိုးစဥ်းမျှပါဝင်နေမှာကိုတော့သူတကယ်ကြောက်ပါသည်။

" ခြိမ်း...ရလား..."

" ရတယ် ကိုယော...ဘာမှမဖြစ်ဘူး..."

နှုတ်ခမ်းထောင့်ကစီးကျလာတဲ့သွေးကိုလက်ခုံနဲ့သုတ်ရင်းခြိမ်းကထရပ်လိုက်၏။ပြီးနောက်အနားမှာရပ်နေတဲ့ကိုကို့ကိုအသာလေးတွန်းထုတ်ကာသူ့ရဲ့အနားကိုခြိမ်းကတစ်လမ်းချင်းလျှောက်လာလေသည်။အနားကိုရောက်တဲ့အခါခြိမ်းကခပ်ထေ့ထေ့အပြုံးနဲ့သူ့ကိုစူးစူးစိုက်စိုက်ကြည့်ကာ...

" မင်းဘာဖြစ်နေလဲ...ဘာတွေခံစားနေရလဲဆိုငါသိတယ် မျိုးနွယ်..."

သူဘာဖြစ်နေလဲ၊ဘာတွေခံစားနေရလဲဆိုတာကိုဒီကောင်ကသိတယ်တဲ့လား...။

အဟက်...။

ဒီကောင်လူကဲခတ်တော်သားပဲ...။

" ငါတို့ထပ်ဆုံဖို့ရှိသေးတယ်ဆိုတာမင်းမမေ့နဲ့..."

အနားကိုကပ်ပြီးခပ်တိုးတိုးလေးဆိုလာတဲ့ခြိမ်းရဲ့အေးတိအေးစက်စကားကြောင့်လက်နှစ်ဖက်ကိုတင်းနေအောင်သူဆုပ်ထားမိ၏။ဒီစကားတစ်ခွန်းက'ဘယ်အတိုင်းအတာထိရောက်သွားလဲ'ဆိုတာသူကောင်းကောင်းကြီးကိုနားလည်သည်။

'အချစ်နဲ့စစ်မှာမတရားတာမရှိဘူး'ဆိုပေမယ့်လယ်ဝယ်ပိုင်ဆိုင်ထားတဲ့အချစ်ကိုသေတပန်သက်တစ်ဆုံးထာဝရအဆုံးထိသူပိုင်ဆိုင်ချင်မိပါသည်။တရားနည်းလမ်းကျကျယှဥ်ပြိုင်ပြီးရခဲ့တာမို့ဆုံးရှုံးသွားမှာသူတစ်ကယ်ကိုကြောက်ရွံ့မိသည်။

" ငါသေရင်တောင်ကိုကို့ကိုမင်းမရစေရဘူး...အဲ့ဒါငါ့ရဲ့သစ္စာစကားပဲ..."

သူ့ရဲ့စကားကိုခြိမ်းကသဘောကျသလိုရယ်သွေးသွမ်းရင်းပခုံးတစ်ချက်တွန့်ပြ၏။ပြီးနောက်သူ့ကိုအလေးပြုသလိုတစ်ချက်ပြုမူပြီးလှည့်ထွက်သွားလေတော့သည်။ဆုံးရှုံးစရာဘာမှမရှိတဲ့လူမို့သူ့ရဲ့သစ္စာစကားကခြိမ်းအတွက်တော့ကလေးတွေအပျင်းပြေရွတ်တဲ့ကဗျာတစ်ပုဒ်ထက်ပိုပုံမရပေ...။

🍒🍒

နေ့လယ်ကကိစ္စနဲ့ပတ်သတ်ပြီးနှစ်ယောက်သားစကားမပြောပဲနေ,နေကြတာအခန်းကိုရောက်တဲ့အထိပင်...။

ခြိမ်းနဲ့ပြဿနာဖြစ်ပြီးနောက်ပိုင်း...,

'ကျောင်းမှာပြဿနာတစ်ခုခုတက်ခဲ့တာလား'လို့သူမေးတော့လူဆိုးလေးကရေရေရာရာပြန်မဖြေပဲမျက်နှာခပ်တည်တည်နဲ့သူ့ကိုစိတ်ဆိုးနေ၏။သို့နှင့်သူလည်း'နေမကောင်းလို့စိတ်မကြည်တာများလား'ဆိုတဲ့အတွေးနဲ့နဖူးကိုစမ်းကြည့်ဖို့လုပ်လိုက်တဲ့အခါလူဆိုးလေးကအစမ်းမခံပဲအခြားဝိုင်းတစ်ခုမှာ Game သွားထိုင်ဆော့နေလေသည်။

နောင်လေးကိုမေးမရတဲ့အဆုံးမြတ်ခေါင်းတို့၊မင်းမင်းတို့ဆီ Phone ဆက်ပြီးသူမေးကြည့်တော့သကောင့်သားတွေကသူငယ်ချင်းကောင်းအရမ်းကိုပီသလွန်းကြသည်။သူမေးတာကတစ်ခြား၊ပြန်ဖြေကြတာကတစ်ခြားဖြစ်နေ၏။သို့နှင့်သူလည်းဘာမှမေးမနေတော့ပဲဆိုင်ပိတ်တဲ့အချိန်ထိရုံးခန်းထဲမှာထိုင်ပြီးအလုပ်လုပ်နေလိုက်၏။

နောင်လေးရဲ့လုပ်ရပ်ကတကယ့်ကိုဆိုးရွားလွန်းသည်။လူတစ်ယောက်ကိုအကြောင်းအရင်းမရှိပဲ Blind ကြီးထိုးတာကအရမ်းကိုမိုက်ရူးရဲဆန်တဲ့ဖြစ်ရပ်တစ်ခုပင်...။

ကိုယ့်ရဲ့မဆင်မခြင်လုပ်ရပ်ကတစ်ဖက်လူကိုဘယ်လောက်တောင်အားနားစရာကောင်းလိုက်သလဲ...။

ကျောင်းမှာပြဿနာတစ်ခုခုဖြစ်ခဲ့လား၊မဖြစ်ခဲ့လားလည်းမဖြေ...။တကယ်လို့'ဖြစ်ခဲ့တယ်'ဆိုရင်တောင်ဖြေရှင်းပေးလို့ရသေးသည်။အခုတော့ဘာမှမပြောပဲမဲမဲမြင်ရာဒေါသတွေပုံချနေ၏။

နေပါစေ...။

နေရာတကာသူ့ဘက်ကချည်းအလျှော့ပေးလွန်းလို့ဒီကောင်လေးဆိုးနေတာ...။ဒီတစ်ခါတော့မှတ်လောက်၊သားလောက်ဖြစ်အောင်အလျှော့မပေးပဲလွှတ်ထားပေးလိုက်မယ်...။

ရုံးခန်းထဲမှာသူအလုပ်လုပ်နေတုန်းကိုယ်တော်ချောကကျောင်းကိုပြန်မသွားပဲသူ့ကိုဆိုင်ပိတ်တဲ့အချိန်ထိဆိုင်ထဲမှာထိုင်စောင့်နေသတဲ့လေ...။

ပြန်တော့လည်းလမ်းမှာနှစ်ယောက်သားစကားတစ်ခွန်းမှမပြောဖြစ်ကြပေ...။လိုအပ်တဲ့တိုလီ၊မိုလီတွေဝယ်ဖို့စျေးထဲခဏဝင်​ပြန်တော့အနောက်ကနေလိုက်ပြီးအထုပ်တွေလိုက်ဆွဲပေး၏။စကားကတော့သူလည်းမပြောသလိုကိုယ့်ဘက်ကလည်းမစပေ...။ဒီလိုနဲ့ပဲနှစ်ယောက်သားအခန်းကိုပြန်ရောက်လာခဲ့ကြသည်။

အခန်းပြန်ရောက်တဲ့အခါဝယ်လာတဲ့အထုပ်တွေကိုဆွဲပြီးမီးဖိုခန်းထဲသူတန်းဝင်လာခဲ့လိုက်သည်။လူဆိုးလေးကတော့အခန်းထဲကိုဝင်သွားလေ၏။ဒီရက်ပိုင်းနောင်လေးကစာမေးပွဲရှိတဲ့အတွက်ကြောင့်အလုပ်ကိုခွင့်တင်ထားတာဖြစ်သည်။

အရင်ကဆိုနောင်လေးကအတန်းဆင်းပြီဆိုတာနဲ့အခန်းကိုအရင်ပြန်လာပြီးညစာကြိုချက်တတ်၏။ပြီးမှသာသူ့ကိုအလုပ်လာကြိုတတ်လေသည်။သို့ပေမယ့် Party ပွဲမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေနောက်ပိုင်းနောင်လေးကအတန်းဆင်းတာနဲ့ဆိုင်ထဲမှာလာဝင်ထိုင်ပြီးသူ့ကို​စောင့်နေတတ်၏။ဆိုင်ပိတ်ချိန်ရောက်မှသာသူနဲ့အတူတူပြန်လာကြသည်။

စိတ်မချလို့ဒီလိုလုပ်တာနားလည်ပေမယ့်နောင်လေးကိုယ်တိုင်ကိုကကျောင်းကတစ်ဖက်၊အလုပ်ကတစ်ဖက်နဲ့ဆိုတော့ဒီလိုလုပ်တာသူ့ကိုပင်ပန်းစေမှာအမှန်ပင်...။သူ့ကြောင့်နဲ့တော့နောင်လေးကိုမပင်ပန်းစေချင်ပေ...။ထို့ကြောင့်'လာမ​စောင့်လည်းအဆင်ပြေကြောင်း'နောင်လေးကိုသူပြောလိုက်၏။သို့ပေမယ့်လူဆိုးလေးကလက်မခံပေ...။စောင့်မြဲ၊စောင့်ဆဲပင်...။သူလည်းပြောလည်းမရမယ့်အတူတူပြောမနေတော့ပေ...။စိတ်ရှိသလိုသာလွှတ်ထားပေးလိုက်၏။

နေ့လယ်ကရုံးခန်းထဲမှာအလုပ်လုပ်နေရင်းနဲ့'ဒီကောင်လေးဘာကိုစိတ်တိုနေလဲ'ဆိုတာသူစဥ်းစားကြည့်သည်။ကျောင်းမှာပြဿနာတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင်မဆိုင်တဲ့လူကိုထိုးကြိတ်ရလောက်တဲ့အထိဒီကောင်လေးဉာဏ်မမဲ့ပေ...။

မနေနိုင်လို့ပြဿနာရှာရင်တောင်သူနဲ့မြတ်ခေါင်တို့အုပ်စုလောက်ပဲပေါ့...။

အခုတော့ကြည့်...။

သူ့ဖာသာနေ,နေတဲ့ခြိမ်းကိုမဆီမဆိုင်ထိုးတယ်ဆိုတော့ဒီကောင်လေးအမှန်တကယ်စိတ်တိုနေတာသူ့ကိုလား၊ဒါမှမဟုတ်ခြိမ်းကိုလား...။

ဒီအတွေးကအခုချိန်ထိသူတွေးမိနေတဲ့အရာတစ်ခုပင်...။

စျေးထဲကနေဝယ်လာခဲ့တဲ့စားစရာ၊သောက်စရာအချို့ကိုရေခဲသေတ္တာထဲထည့်နေရင်းနဲ့နေ့လယ်ကကိစ္စဆီစိတ်ကပြန်ရောက်သွားမိ၏။တကယ်တော့ခြိမ်းက Party ပွဲမှာကြုံတွေခဲ့ရတဲ့ကိစ္စတွေအတွက်ဆိုင်လာပြီးသူ့ကိုတောင်းပန်စကားလာပြောတာဖြစ်သည်။သူ့အနေနဲ့ထိုကိစ္စအတွက်ဘာစိတ်မှမရှိပေမယ့်ခြိမ်းကတော့သူ့ရဲ့ Party ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စပေမို့'သူ့မှာတာဝန်အပြည့်ရှိတယ်'ဆိုကာလာတောင်းပန်ခြင်းပင်...။

ဒီလိုနဲ့နှစ်ယောက်သားလေကြောတည့်ပြီးအချိန်အတော်ကြာစကားပြော​ဖြစ်ကြ၏။စကားပြောနေရင်းနဲ့ခြိမ်းကနိုင်ငံခြားမှာသူ့တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေကိုဟာသလေးနှောပြီးအရွှန်းထဖောက်တော့သူရယ်မိတာလည်းခဏခဏပင်...။

ဒါကိုဒီကောင်လေးမကျေမနပ်ဖြစ်နေတာလား...။

မကျေနပ်သည်ပဲထား...။

အခုလိုအခြားသူကိုလက်ပါစရာလိုလို့လား...။

နေပါစေ...။

မှတ်လောက်၊သားလောက်အောင်စကားမပြောပဲပစ်ထားလိုက်ဦးမယ်...။

ပစ္စည်းတွေကိုနေရာချပြီးသွားတဲ့အခါညစာချက်ဖို့သူပြင်ဆင်လိုက်သည်။ပထမဦးဆုံးအနေနဲ့ဆန်ကိုနှစ်ယောက်စာရေဆေးပြီးပေါင်းအိုးထဲကိုထည့်ကာချက်လိုက်၏။ဟင်းကိုတော့စျေးကနေဝယ်လာတဲ့အသားတွေထဲကကြက်သားတစ်ထုပ်ကိုရွေးပြီးချက်ဖို့စဥ်းစားလိုက်သည်။ပြီးတော့အသီးအရွက်ကြော်တစ်ပန်းကန်၊အရည်သောက်တစ်ပန်းကန်...။

တော်ပြီ...။

ညစာကိုဖွယ်ဖွယ်ရာရာချက်ချင်ပေမယ့်လူကပင်းပန်နေတော့စိတ်ကူးရုံသာတတ်နိုင်၏။တကယ်ဆိုသူနားချင်နေလေပြီ...။အလုပ်မှာတစ်နေကုန်ဇယ်ဆက်သလိုလုပ်ခဲ့ရတာမို့လူကအိမ်ပြန်ရောက်တာနဲ့တန်းပြီးနားချင်နေလေပြီ...။သို့သော်နောင်လေးကို'ညစာချက်ပေးပါ'လို့သွားမပြောချင်တာကြောင့်ပင်ပန်းတာကိုခဏမေ့ပြီးကိုယ့်ဖာသာချက်ဖို့လုပ်လိုက်သည်။

ထိုစဥ်...။

" သွား...ဖယ်...ရေသွားချိုး..."

ပြောရင်း၊ဆိုရင်းကြက်သားခုတ်နေတဲ့သူ့ကိုနောင်လေးကဘေးကိုအသာလေးတွန်းထုတ်လိုက်၏။ပြီးနောက်ခုတ်ဖို့ကျန်သေးတဲ့ကြက်သားအချို့ကိုသူ့ဖာသာခပ်တည်တည်နဲ့နောင်လေးကဆက်ခုတ်နေလေသည်။မျက်နှာအမူအရာကတော့နေ့လယ်တုန်းကအတိုင်းမပြောင်းမလဲစူပုပ်ဆဲပင်...။'ဘာဖြစ်နေလဲ'ဆိုတာကိုပွင့်ပွင့်လင်းလင်းမပြောပဲဒီပုံစံအတိုင်းသာတစ်နေကုန်နေ,နေ၏။မေးရင်လည်မောရုံကလွဲပြီးဘာမှထူးလာမှာမဟုတ်တဲ့အတွက်သူလည်းမေးမနေတော့ပဲမီးဖိုခန်းထဲကနေထွက်လာခဲ့လိုက်တော့သည်။

🍒🍒

မီးဖိုခန်းထဲကနေထွက်သွားတဲ့ကိုကို့ကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့အခါမဆီမဆိုင်ဟိုကောင့်ရဲ့မျက်နှာကကိုကို့ရဲ့ကျောပြင်မှာပေါ်လို့​နေ၏။မမြင်ချင်၊မတွေ့ချင်တဲ့မျက်နှာကိုရုတ်တရက်မြင်လိုက်ရ၊တွေ့လိုက်ရတာမို့စင်းတီတုံးပေါ်ကကြက်ဖင်ဆီဗူးကိုဟိုကောင့်မျက်နှာအမှတ်နဲ့အားရပါးရသူခုတ်လိုက်မိသည်။

သေစမ်းကွာ...သေစမ်း...သေစမ်း...။

သူဘာဖြစ်နေလဲဆိုတာကိုကိုမသိဘူးလား...။

တကယ်ဆိုသူဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကကိုကို့ကိုဟိုကောင်နဲ့သဝန်တိုပြီးဖြစ်လာရခြင်းပင်...။ဒါကိုကိုကိုကနည်းနည်းလေးမှမရိပ်မိဘူးတဲ့လား...။

အရင်ကဆိုသူ့မျက်နှာနည်းနည်းလေးညှိုးတာနဲ့မနေတတ်တဲ့ကိုကိုကအခုတော့သူ့ကိုဥပေက္ခါပြုပြီးတော့တောင်နေတတ်လေပြီ...။တကယ်ဆိုကိုကို့အ​နေနဲ့နေ့လယ်ကကိစ္စကိုသူမမေးလည်းအလိုက်တသိနဲ့အကျိုးသင့်၊အကြောင်းသင့်ပြောပြ၊ရှင်းလင်းပြရမှာမဟုတ်ဘူးလား...။ဒါကိုဘာမှမရှင်းပြပဲသူ့ကိုတောင်ပြန်ပြီးစိတ်ကောက်နေသေးသည်။လူကစဥ်းစားရင်း၊စဥ်းစားရင်းနဲ့ဒေါသတွေကထွက်လာတာကြောင့်အပြစ်မရှိတဲ့ကြက်သားကိုစိတ်ရှိတိုင်းခုတ်ထစ်နေမိသည်။

မင်းလားကွ...ကြက်သား...။

ဒုတ်...ဒုတ်...ဒုတ်...။

" ကြက်ကအဲ့လောက်ထိမမာဘူး...ဖြည်းဖြည်းခုတ်..."

နောက်ကျောကထွက်လာတဲ့အသံလေးကြောင့် ကြက်သားကိုအားရပါးရခုတ်နေတဲ့လက်ကပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ခုတ်ထစ်လို့ပြီးသွားတဲ့အခါကြက်သားကိုဆနွင်း၊ဆားနယ်ပြီးခပ်မြန်မြန်လေးချက်ဖို့လုပ်လိုက်၏။ကိုကိုကတော့သူ့ကိုဆူလို့ပြီးတာနဲ့မီးဖိုခန်းထဲကနေပြန်ထွက်သွားလေပြီ...။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်...,

အိုးထဲကနေစိမ့်ထွက်လာတဲ့ကြက်သားဟင်းလျာနံ့မွှေးမွှေးလေးကမီးဖိုခန်းတစ်ခုလုံးသင်းပျံ့သွားလေတော့သည်။ဟင်းနံ့ရတော့ဗိုက်ကဆာလောင်လာ၏။သို့နှင့်ကြက်သားဟင်းအိုးကျက်တာနဲ့ချက်ဖို့ကျန်သေးတဲ့အရွက်ကြော်တစ်ပန်းကန်နဲ့အရည်သောက်တစ်ပန်းကန်ကိုခပ်မြန်မြန်လေးသူချက်လိုက်သည်။အားလုံးချက်ပြုတ်လို့ပြီးသွားတဲ့အခါစားဖို့အတွက်ပါတစ်ခါတည်းသူပြင်ဆင်ထားလိုက်သည်။

ညစာအတွက် Ready ဖြစ်သွားပြီမို့ကိုကို့ကိုခေါ်ဖို့မီးဖိုခန်းထဲကနေသူထွက်လာခဲ့လိုက်၏။အခန်းရှေ့ကိုရောက်တဲ့အခါတံခါးကပွင့်လျှက်ကြီးဖြစ်နေတာမို့ Phone ပြောနေတဲ့ကိုကို့ရဲ့အသံကိုအခန်းအပြင်ကနေအတိုင်းသားသူကြားနေရ၏။

" ဟုတ်ကဲ့ အမေ..."

" -----"

" သားအတွက်မပူပါနဲ့...အမေလည်းကျန်းမာရေးဂရုစိုက်နော်..."

" ----"

" ဟုတ်ကဲ့...သား နောက်ရက်မှညီမလေးဆီ Phone ဆက်ကြည့်လိုက်မယ်..."

"----"

" ဒါပဲနော် အမေ..."

"----"

ကိုကို​ Phone ပြောလို့ပြီးသွားတဲ့အခါအခန်းထဲကိုသူဝင်သွားလိုက်ပြီး...

" ထမင်းစားမယ်..."

ကုတင်ပေါ်မှာထိုင်နေတဲ့ကိုကို့ကိုခပ်တည်တည်နဲ့လှမ်းပြောပြီးအခန်းထဲကနေသူပြန်ထွက်လာခဲ့လိုက်သည်။ခဏကြာတဲ့အခါကိုကိုကအခန်းထဲကနေထွက်လာခဲ့၏။ထမင်းစားပွဲကိုရောက်တဲ့အခါနှစ်ယောက်သားစကားတစ်ခွန်းမှမဆိုဖြစ်ကြပဲထိုင်ခုံမှာမျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ကြသည်။

ထမင်းမစားခင်အရင်ဦးဆုံးကိုကို့ပန်းကန်ထဲကိုကြက်သဲမြစ်တုံးသူခပ်ထည့်ပေးလိုက်၏။ကိုကို့ကိုစိတ်ဆိုးနေပေမယ့်ကြက်သားဟင်းချက်တိုင်းကိုကို့ရဲ့ပန်းကန်ထဲကိုကြက်သဲမြစ်တုံးခပ်ထည့်ပေးနေကျမို့လူကအကျင့်ဖြစ်နေလေပြီ...။သူထည့်ပေးသမျှကို,ကိုကိုကလည်းမငြင်းပေ...။တိတ်တိတ်ဆိတ်ဆိတ်သာစားလို့နေ၏။ဒီနေ့ရဲ့ညစာထမင်းဝိုင်းလေးကတော့အရင်လိုစကားပြောသံ၊ရယ်မောသံတွေကင်းမဲ့တိတ်ဆိတ်နေတာမို့ပျင်းဖို့ကောင်းလွန်းလှ၏။

ညအိပ်ချိန်ရောက်တဲ့အခါနှစ်ဦးသားကြားမှာဖက်လုံးကြီးကဆန့်ဆန့်ကြီးရှိလို့နေ၏။တစ်ယောက်ကိုတစ်ယောက်ကျောခိုင်းပြီးအိပ်နေကြပေမယ့်အိပ်မပျော်တာတော့ကာယကံရှင်နှစ်ယောက်ကသာအသိဆုံးဖြစ်လေသည်။တစ်ယောက်ကလည်းရင်ခွင်ထဲတိုးဝင်လာမယ့်လူသားလေးကိုစောင့်နေခဲ့သလို၊တစ်ယောက်ကလည်းသူ့ကိုထွေးဖက်လာမယ့်လက်တစ်စုံကိုတိတ်တဆိတ်မျှော်လင့်နေလေရဲ့...။

ညကတဖြည်းဖြည်းညဥ့်နက်လာခဲ့၏။သို့ပေမယ့်လူနှစ်ယောက်ကတော့အခုချိန်ထိအိပ်လို့မပျော်ကြသေးပေ...။တိတ်တဆိတ်မျှော်လင့်ချက်တွေကလက်တွေ့ဖြစ်မလာတဲ့အဆုံးလူသားဖက်လုံးလေးမရှိရင်မအိပ်တတ်တဲ့သူကပဲကျောပေးပြီးအိပ်နေတဲ့လူသားလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်လေတော့သည်။အခုမှပဲလူကလိုအပ်နေတဲ့အရာကိုပြန်ရှာတွေ့သလိုပြီးပြည့်စုံသွားရ၏။ရင်ခွင်ထဲကလူသားဖက်လုံးလေးကလည်းရင်ခွင်ပိုင်ရှင်ရဲ့အပြုအမှုကြောင့်တိတ်တဆိတ်ကြိတ်ပြုံးနေလေရဲ့...။

🍒🍒🍒

" ဖြီး...ေတာက္...မိုက္ရိုင္းလိုက္တာကြာ..."

" ဟုတ္ပါ့ကြာ..."

အတန္းတက္ဖို႔အခ်ိန္ေစာေသးတဲ့အတြက္ေၾကာင့္(၄)ေယာက္သား Cantten မွာထိုင္ၿပီး Party ပြဲကအေၾကာင္းကိုစျမႇုံ႕ျပန္ေနၾကျခင္းျဖစ္သည္။ျဖစ္ပ်က္ခဲ့သမွ်အလုံးစုံကစိတ္မေကာင္းျဖစ္စရာနဲ႕စိတ္တိုစရာေတြခ်ည္းပဲမို႔ျမတ္ေခါင္တို႔၊မင္းမင္းတို႔ကသူေျပာျပတာကိုနားေထာင္ၿပီးမွာထားတဲ့မုန့္ေတြေတာင္မစားနိုင္ေတာ့တဲ့အထိေဒါသပုန္ထလို႔ေနၾက၏။

သူလည္းဘာထူးလဲ...။

ျဖစ္ျဖစ္ခ်င္းအ႐ူးတစ္ေယာက္လိုေဆာက္တည္ရာမဲ့ေနခဲ့တာပဲမဟုတ္လား...။

" ဒါနဲ႕...မင္းလုပ္တဲ့ေကာင္ကိုသိလား..."

ရွိန္းမင္းကိုသူေခါင္းယမ္းျပလိုက္ၿပီး...

" မသိလို႔ေပါ့ကြာ..."

ရွိန္းမင္းေမးသလိုသူလည္းထိုကိစၥကိုတစ္ညလုံးမအိပ္ပဲစဥ္းစားခဲ့၏။သို႔ေသာ္အခ်ိန္သာကုန္သြားသည္။သူသိခ်င္တဲ့အေျဖကထြက္မလာေပ...။

" မင္းကမင္း Daddy ေခၚလို႔သြားတယ္...အဲ့ဒီအခ်ိန္မွာမင္းေပးခိုင္းလိုက္လို႔ပါဆိုၿပီးငနဲတစ္ေကာင္ကကိုေယာကိုအခ်ိဳရည္လာေပးသြားတယ္...အဲ့ေတာ့ကြာ...ငါစဥ္းစားမိတာတစ္ခုက..."

မင္းမင္းကစကားကိုဆက္မေျပာပဲ​ SHERLOCK HOLMES Style လိုေမးေစ့ကိုျပဳတ္ထြက္မတတ္ပြတ္ရင္းေခါင္းတဆက္ဆက္ၿငိမ့္ကာစဥ္းစားခန္းဖြင့္ေန၏။မင္းမင္းရဲ႕စကားကအက်ိဳးသင့္၊အေၾကာင္းသင့္ဆီေလ်ာ္ေကာင္းမြန္ေနတဲ့အတြက္ေၾကာင့္သူတို႔လည္းမင္းမင္းဆက္ေျပာလာမယ့္စကားကိုေစာင့္ေနလိုက္ၾကသည္။

" မင္းကို...မင္းရဲ႕ Daddy ေခၚေနပါတယ္လို႔လာေျပာတာ မင္း Daddy ရဲ႕တပည့္...ဟုတ္တယ္ေနာ္..."

" ေအ..."

" ဆိုေတာ့...မင္းနဲ႕မင္း Daddy ကိုသားအဖေတြမွန္းအဲ့ဒီ Party ပြဲမွာဘယ္သူမွသိၾကမွာမဟုတ္ဘူး..."

" ေနာက္တစ္ခုက...မင္းကမင္း Daddy ဆီထြက္သြားတာကိုလည္းဘယ္သူမွသတိမထားမိၾကဘူး...အဲ့ဒီေတာ့...ျဖစ္နိုင္ေခ်အမ်ားဆုံးလူက..."

မင္းမင္းကစကားကိုဆက္မေျပာပဲရပ္လိုက္၏။အနီးစပ္ဆုံးအေျဖတစ္ခုက'လယ္ျပင္မွာဆင္သြားသလို'ထင္ထင္ရွားရွားႀကီးကိုေပၚလြင္ေနတာမို႔သူဆက္မေျပာျခင္းပင္...။သို႔ေသာ္အရိပ္အကဲမသိတဲ့ရွိန္းမင္းကအဆုံးမသတ္ေသးတဲ့မင္းမင္းရဲ႕စကားကိုထပ္မံျဖည့္စြက္တဲ့အေနနဲ႕ဆက္ေျပာလာသည္က...

" မင္းအေဖပဲ..."

ခက္ခဲတဲ့ပုစာၦတစ္ပုဒ္ရဲ႕အေျဖကိုေတြ႕ရွိသြားသလိုစားပြဲခုံကိုလက္သီးနဲ႕ထုကာဝမ္းသာအားရထေျပာျခင္းပင္...။ရွိန္းမင္းရဲ႕စကားေၾကာင့္တစ္ဝိုင္းလုံးအို႔တို႔အန့္တန့္ျဖစ္သြားရ၏။

" ေဟ်ာင့္ ငရွိန္း..."

က်စ္...ဒီငႏြားကေတာ့...။

မေကာင္းတတ္လို႔မေျပာပဲရပ္လိုက္ပါတယ္ဆိုအလိုက္ကမ္းဆိုးမသိထေျပာရတယ္လို႔...။

ေတြေဝမႈန္မွိုင္းသြားတဲ့မ်ိဳးႏြယ္ရဲ႕အမူအရာေၾကာင့္ေဘးမွာထိုင္ေနတဲ့မင္းမင္းကရွိန္းမင္းကိုတံေတာင္နဲ႕လွမ္းကာတြတ္လိုက္ေလသည္။ၿပီးေနာက္မ်ိဳးႏြယ္မျမင္ေအာင္လက္သီးကိုေထာင္ျပလိုက္၏။ဘုမသိ၊ဘမသိအတြယ္ခံလိုက္ရတာမို႔ရွိန္းမင္ေၾကာင္အအျဖစ္သြားရသည္။ငမင္းသူ႕ကိုဘာျဖစ္လို႔တံေတာင္နဲ႕တြတ္လဲဆိုတာသူမသိေပ...။

ထိုအခါမ်က္လုံးႀကီးျပဴးကာေၾကာင္အအျဖစ္ေနတဲ့ရွိန္းမင္းကိုျမတ္ေခါင္ကမ်ိဳးႏြယ္ဘက္ကိုမ်က္စပစ္ျပလိုက္၏။ထိုအခါမွသာရွိန္းမင္းကသေဘာေပါက္နားလည္သြားဟန္ျဖင့္ပါးစပ္ကိုလက္နဲ႕အသာေလးအုပ္လိုက္ေလေတာ့သည္။

လွ်ာရွည္မိျပန္ၿပီ...။

ရွိန္းမင္းရဲ႕စကားကအနာတရျဖစ္လို႔ေနတဲ့သူ႕စိတ္ကိုအက္စစ္နဲ႕ေလာင္းခ်လိဳက္သလိုပင္...။သို႔ေသာ္ဆက္စပ္မိတဲ့အေၾကာင္းအရာေတြကျငင္းဆိုနိုင္စရာမရွိေအာင္ျပည့္စုံေနတာမို႔သူ႕အေနနဲ႕ျပန္လည္ေခ်ပဖို႔မစြမ္းသာေပ...။

မင္းမင္းေျပာတာလည္းသဘာဝက်ပါသည္။သူ႕အေနနဲ႕လက္မခံနိုင္စရာမရွိေပ...။

ဒီကိစၥရဲ႕တရားခံကတကယ္ပဲ Daddy လား...။

မေသခ်ာေပမယ့္သူစဥ္းစားမိသမွ်ျဖစ္နိုင္ေခ်အမ်ားဆုံးစာရင္းထဲမွာ Daddy ကထပ္ဆုံးကေနပါဝင္ေန၏။သူတင္မဟုတ္...။မင္းမင္းတို႔၊ျမတ္ေခါင္တို႔ကလည္းသူေတြးသလိုေတြးမိၾကမွာပင္...။ Daddy အျပင္ေနာက္ထပ္သူစဥ္းစားမိတဲ့လူအနည္းငယ္လည္းရွိေသးသည္။သို႔ေသာ္မင္းမင္းရဲ႕ၿခဳံငုံသုံးသပ္ခ်က္အရထိုလူေတြက Daddy ေလာက္ေတာ့ျဖစ္နိုင္ေခ်မမ်ားေပ...။

ေခါင္းထဲကိုႁပြတ္သိပ္တိုးဝင္လာၾကတဲ့မေရမရာအေတြးတို႔ေၾကာင့္ျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းအရာအခ်ိဳ႕ကိုေခါင္းေအးေအးထားကာသူျပန္စဥ္းစားၾကည့္လိုက္သည္။အေရွ႕ကသုံးေကာင္ကေတာ့ၿငိမ္က်သြားတဲ့သူ႕ကိုၾကည့္ၿပီးတစ္ေယာက္နဲ႕တစ္​ေယာက္အသံတိတ္အျပစ္တင္ေနၾက၏။အခ်ိန္အနည္းငယ္ၾကာတဲ့အခါေရွာင္လႊဲလို႔မရတဲ့အေျဖတစ္ခုကသူ႕ရဲ႕ေခါင္းထဲကိုရွင္းရွင္းလင္းလင္းဝင္ေရာက္လာခဲ့ေလေတာ့သည္။သို႔ေသာ္တကယ့္လက္ေတြ႕မွာေတာ့သူ႕အေနနဲ႕ထိုအေျဖကိုလက္ခံနိုင္ဖို႔အေတာ့္ကိုႀကိဳးစားရေပဦးမည္။

🍒🍒

CCTV ထဲကလူကိုၾကည့္ၿပီးၿခိမ္းႏွစ္ႏွစ္ၿပဳံးလိုက္မိသည္။သို႔ေသာ္ညီညာမႈမရွိတဲ့စိတ္အေျခအေနေၾကာင့္အၿပဳံးရိပ္တို႔ကခ်က္ျခင္းကြယ္ေပ်ာက္ၿပီးၿခိမ္းရဲ႕မ်က္ႏွာကေရခဲတမွ်ေအးစက္လို႔သြားေလသည္။

တကယ္ပဲခင္ဗ်ားလား...။

" အဟက္..."

ၿခိမ္းကတစ္ခ်က္ရယ္ေသြးသြမ္းကာလက္မွာကိုင္ထားတဲ့နီညိုေရာင္ Wine ခြက္ကိုေမာ့ေသာက္ခ်လိဳက္၏။ Video File ကမိနစ္အနည္းငယ္မွ်သာၾကာတဲ့ Short Clip ေလးတစ္ခုသာပင္...။သို႔ေသာ္ၿခိမ္းကေတာ့ထို Clip ကိုမ်က္ေတာင္မခတ္ထပ္ခါတလဲလဲ​ၾကည့္လို႔ေန၏။

ဒီလူအိုႀကီးကသူ႕ရဲ႕ Oasis ေလးကိုထိဖို႔ႀကိဳးစားရဲတယ္ေပါ့...။

" ခင္ဗ်ားကိုဘယ္လိုလုပ္ရမလဲ..."

CCTV ကိုလက္ညွိုးနဲ႕တစ္ေတာက္ေတာက္ေခါက္ရင္းၿခိမ္းအေတြးနယ္ခ်ဲ့ေနမိသည္။ CCTV ထဲကလူမွာေတာ့ၿခိမ္းရဲ႕အေတြးကိုမသိစြာခပ္မိန့္မိန့္ႀကီးၿပဳံးလို႔ေန၏။

ဒီလူအိုႀကီးကိုသူဘယ္လိုလုပ္ရမလဲ...။

သူ႕ရဲ႕ Oasis ေလးကိုဒုကၡေပးဖို႔ေစခိုင္းတဲ့ပါးစပ္ကိုအပ္နဲ႕ခ်ဳပ္ပိတ္လိုက္ရင္ေကာင္းမလား...။ဒါမွမဟုတ္သူ႕ရဲ႕ Oasis ေလးကိုထပ္ၿပီးဒုကၡေပးလို႔မရေအာင္မေကာင္းတဲ့အႀကံေတြထြက္တတ္တဲ့ဒီလူအိုႀကီးရဲ႕ဦးေႏွာက္ကိုေဖာက္ထုတ္ပစ္လိုက္ရင္ေကာင္းမလား...။

ဘယ္လိုနည္းနဲ႕ပဲျဖစ္ျဖစ္ဒီလူအိုႀကီးကေသကိုေသရမည္။ဒါကသူ႕ရဲ႕ Oasis ေလးကိုထိဖို႔ႀကိဳးစားရဲတဲ့အတြက္သူေပးတဲ့အျပစ္ဒဏ္ပဲ...။

အို႔...။

သူေမ့ေနတာ....။

သူလုံးဝကိုေမ့ေနခဲ့တာ...။

ဒီလူအိုႀကီးကိုသတ္မယ့္အစားသူ႕သားျဖစ္တဲ့...။

အေတြးတို႔မဆုံးခင္ထိုလူအိုႀကီးရဲ႕ေၾကာက္႐ြံ႕ၿပီးေသြးပ်က္ေနတဲ့မ်က္ႏွာကသူ႕ရဲ႕အေတြးအာ႐ုံထဲမွာအထင္သားေပၚလာခဲ့၏။လူေတြကကိုယ္ထိမွကိုယ္နာတတ္ၾကတဲ့အမ်ိဳးမ်ားသာ...။အထူးသျဖင့္ကိုယ္တန္ဖိုးထားတဲ့သူကိုထိတဲ့အခါပိုၿပီးနာတတ္ၾက၏။

ဒီလူအိုႀကီးလည္းဒီလိုပဲ...။

သူအရမ္းကိုတန္ဖိုးထားရတဲ့သူ႕သားကိုသာသတ္ပစ္လိုက္ရင္ဒီလူအိုႀကီးအခုလိုၿပဳံးနိုင္ပါ့ေတာ့မလား...။

" ဟား...ဟား...ဟား..."

အေတြးအာ႐ုံထဲမွာပုံရိပ္တခ်ိဳ႕ကထင္ဟပ္လာတဲ့အခါၿခိမ္းကအူလွိုက္သည္းလွိုက္ရယ္ခ်လိဳက္ေလေတာ့သည္။သူ႕ရဲ႕သားသာတစ္ခုခုျဖစ္သြားခဲ့ရင္ဒီလူအိုႀကီးရင္ကြဲလိုက္မယ့္ျဖစ္ျခင္း...။

" ဟား...ဟား...ဟား..."

မွိန္ျပျပအခန္းက်ဥ္းေလးထဲမွာလက္တစ္ဖက္ကနီညိုေရာင္ Wine ခြက္ကိုကိုင္ထားၿပီးတစ္ဖက္ကအေငြ႕​တလူလူထြက္ေနတဲ့ Cigarette တိုကိုလက္ၾကားညွပ္ကာအူလွိုက္သည္းလွိုက္ရယ္ေမာေနတဲ့ၿခိမ္းကစိတ္လႊတ္ေနသူတစ္ေယာက္ပမာ...။

ေျခာက္ကပ္ၿပီးတိတ္ဆိတ္​ၿငိမ္သက္လြန္းလွတဲ့အိမ္ႀကီးထဲကေနထြက္ေပၚလာတဲ့ခပ္အက္အက္ရယ္ေမာသံကေၾကာက္မက္ဖြယ္ေကာင္းလွ၏။ၿခိမ္းရယ္ေမာေနမိသည္။မ်က္ရည္ထြက္ေအာင္အူလွိုက္သည္းလွိုက္ကိုၿခိမ္းရယ္ေမာေနမိသည္။ရယ္စရာမဟုတ္ေပမယ့္သူ႕ရဲ႕ Oasis ေလးကိုဒုကၡေပးတဲ့လူမွန္သမွ်ကိုဖ်က္စီးရတာသူေပ်ာ္သည္။

ေသခါနီးထိတ္လန့္ေၾကာက္႐ြံ႕တုန္လႈပ္ေနတဲ့အမူအယာေတြကိုၾကည့္ၿပီးသူရယ္ခ်င္မိသည္။ၿပီးေတာ့သူေက်နပ္မိသည္။အခုကစၿပီးသူ႕ရဲ႕ Oasis ေလးကိုဒုကၡေပးဖို႔ႀကိဳးစားရဲတဲ့လူမွန္သမွ်အစအနရွာမရေအာင္ဖ်က္စီးပစ္ဖို႔သူေတြးထားသည္။ပိုင္ဆိုင္ခြင့္မရွိတဲ့လူတစ္ေယာက္ကိုျဖည့္​ဆည္းေပးေနရျခင္းကလည္း​အခ်စ္ရဲ႕ခ်ိဳျမန္ျခင္းဒုကၡတစ္မ်ိဳးပဲမဟုတ္လား...။ဒါေပမယ့္သူေပ်ာ္သည္။အေၾကာင္းျပခ်က္ကေတာ့ဒီလူသားေလးကသူ႕ရဲ႕ပထမဆုံးရင္ခုန္သံကိုျဖစ္ေစခဲ့တဲ့ Oasis ေလးျဖစ္လို႔ပဲ...။

ခ်စ္ရသူရဲ႕အေၾကာင္းေခါင္းထဲေရာက္လာေတာ့လူကအလိုလိုလြမ္းမိလာသည္။ Party ပြဲကေနျပန္သြားၿပီးကတည္းကမေတြ႕ရတာအခုထိပင္...။ Oasis ေလးနဲ႕တစ္ၿမိဳ႕တည္းအတူတူေနရတုန္းလြမ္းရတဲ့ဒုကၡကိုနည္းနည္းေလးမွသူမခံစားခ်င္ေပ...။အလြမ္းဆိုတာကလည္းညင္သာႏူညံ့လြန္းတဲ့ဒုကၡတစ္မ်ိဳးပင္...။ဒီအလြမ္းေတြကိုေျခဖ်က္ဖို႔ Oasis ေလးရွိရာဆီသူသြားမွရမည္။စိတ္ကူး႐ုံနဲ႕မတင္းတိမ္နိုင္တဲ့အဆုံးစားပြဲခုံေပၚက Phone နဲ႕ Wallet ကိုဆြဲယူကာ Oasis ေလးရွိရာ Cafe ဆိုင္ဆီသူထြက္လာခဲ့လိုက္သည္။

🍒🍒

Party ပြဲမွာျဖစ္ခဲ့တဲ့ကိစၥနဲ႕ပတ္သတ္ၿပီးအခုခ်ိန္ထိသူ႕ရဲ႕စိတ္အေျခအေနကမေကာင္းေသးေပ...။ထို႔ေၾကာင့္အတန္းကိုေန႕တစ္ဝက္ပဲတက္ၿပီး​ကိုကို႔ဆီသြားဖို႔သူစဥ္းစားလိုက္သည္။ဒီလိုခ်ိန္မွာသူအျဖစ္ခ်င္ဆုံးကကိုကို႔ရဲ႕အနားမွာရွိေနဖို႔ပင္...။ၿပီးေတာ့ကိုကိုႏွစ္သိမ့္မယ့္စကားေတြကိုလည္းသူၾကားခ်င္သည္။ျမတ္ေခါင္တို႔ကေတာ့သူ႕ကိုစိတ္သက္သာရေစဖို႔တစ္ေယာက္တည္းစိတ္ရွိသလိုလႊတ္ထားေပး၏။

အတန္းထဲကေနသူထြက္လာေတာ့အခ်ိန္ကမြန္းတည့္(၁၂)နာရီရွိေလၿပီ...။ပူျပင္းတဲ့ေန႕လယ္ခင္းအခ်ိန္အခါေပမို႔ေနလုံးႀကီးကသူ႕ရဲ႕ေခါင္းေပၚကိုတည့္တည့္ႀကီးေရာက္ေန၏။သို႔ေသာ္ေက်ာင္းနဲ႕ဆိုင္ကမေဝးတဲ့အတြက္ထိုအပူဒဏ္ကိုအံတုကာကိုကို႔ဆီသူထြက္လာခဲ့လိုက္သည္။ဒီအေျခအေနကိုသာကိုကို႔ေတြ႕လို႔ကေတာ့သူ႕ကိုဆူလိုက္မယ့္ျဖစ္ျခင္း...။

တကယ္ေတာ့သူကကိုကို႔ရဲ႕ Break Time ျဖစ္တဲ့အခ်ိန္နဲ႕တိုက္ၿပီးထြက္လာခဲ့ျခင္းပင္...။အျခားအခ်ိန္ေတြဆိုကိုကိုအလုပ္လုပ္ေနတာကိုအရည္ေပ်ာ္က်မတတ္သူထိုင္ၾကည့္ေနရေပမည္။အခုလိုကိုကိုအနားယူတဲ့အခ်ိန္နဲ႕တိုက္ၿပီးထြက္လာေတာ့သူ႕အေနနဲ႕စိတ္ေျပလက္ေျပာက္ျဖစ္ေအာင္ကိုကို႔ကိုေခၚၿပီးဆိုင္တစ္ဆိုင္မွာတစ္ခုခုသြားစားလို႔ရသည္။အေတြးနဲ႕အတူသူ႕ရဲ႕ေျခလွမ္းေတြကပူျပင္းတဲ့ေနေရာင္ေအာက္မွာအရမ္းကိုတက္ႂကြေန၏။သို႔ေသာ္သူ႕ရဲ႕အေတြးတို႔ကၾကာရွည္မခံခဲ့ေပ...။

ဆိုင္ထဲကိုဝင္ဖို႔ေျခလွမ္းျပင္လိုက္စဥ္ျမင္ကြင္းထဲကိုဝင္ေရာက္လာတဲ့ပုံရိပ္တစ္ခ်ိဳ႕ေၾကာင့္ဆိုင္ဝမွာတင္သူ႕ရဲ႕ေျခလွမ္းေတြကတုံ႕သြားရသည္။ေရွ႕ဆက္ဖို႔လည္းအားမရွိသလိုေနာက္ျပန္လွည့္ဖို႔ကလည္းမစြမ္းသာတဲ့အတြက္ထိုေနရာမွာပင္မလႈပ္မယွက္သူရပ္ေနမိ၏။

ဆိုင္ထဲမွာႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးရယ္ေမာေနၾကတဲ့ကိုကိုနဲ႕ၿခိမ္း...။ဟိုေကာင္ကဘာေတြေျပာလို႔ကိုကိုကဟက္ဟက္ပက္ပက္ကိုရယ္ေနရတာလဲ...။

သူသိခ်င္မိပါသည္။

ခပ္ေခ်ာေခ်ာအမ်ိဳးသားငယ္ႏွစ္ေယာက္ကတစ္ေယာက္ကိုတစ္ေယာက္က်ီစယ္ၿပီးရယ္ေမာေနၾကတဲ့ျမင္ကြင္းကအမ်ားအျမင္မွာ Eyeful ျဖစ္ေနနိုင္ေပမယ့္သူ႕ရဲ႕အျမင္မွာေတာ့လုံးဝကိုအက်ည္းတန္လြန္းလွသည္။ကိုကိုရဲ႕ဒီအျပဳအမူ၊ဒီအၿပဳံးေတြကသူ႕တစ္ေယာက္တည္းနဲ႕တင္ပြင့္လန္းလာခဲ့ျခင္းမ်ိဴးမဟုတ္ပဲသူစိမ္းေၾကာင့္လည္းျဖစ္တည္လာတယ္တဲ့လား...။

ေမွ်ာ္လင့္ခ်က္ေတြတနင့္တပိုးထမ္းပိုးရင္းလာခဲ့တဲ့သူ႕ကို,​ကိုကိုႀကိဳဆိုလိုက္တဲ့ပုံစံကေစာက္ရမ္းကဗ်ာဆန္လြန္း၏။ကိုကိုကတကယ့္ကိုဆိုးလြန္းပါသည္။

ကိုကိုနဲ႕ပတ္သတ္ၿပီးျဖစ္တည္ေပါက္ဖြားလာခဲ့တဲ့သဝန္တိုစိတ္ကေကာင္းကင္ေပၚကေနမင္းႀကီးလိုသူ႕ရဲ႕ရင္ကိုတေျမ့ေျမ့ပူျပင္းေလာင္ျမႇိုက္ေစသည္။ကိုကိုရဲ႕ခ်စ္ျခင္းေမတၱာကိုႁခြင္းခ်က္မရွိအႂကြင္းမဲ့သူယုံၾကည္ေပမယ့္'တကယ္လို႔သာ'ဆိုတဲ့အေတြးကသဝန္တိုစိတ္နဲ႕အၿပိဳင္ရင္ထဲမွာမသိမသာကြန္းခိုလာခဲ့သည္။

ဒီအေတြးေတြကစိတ္အနာတရျဖစ္ေနတဲ့သူ႕အဖို႔ဒဏ္ရာမေပၚပဲေသေစနိုင္တဲ့အဆိပ္တစ္ခြက္လိုပင္...။

ၿပီးေတာ့...။

ၿခိမ္းဆိုတဲ့ေကာင္...။

ေႁမြေႁမြခ်င္းေျချမင္တယ္လို႔ဆိုရေလမလား...။

ကိုကို႔ရဲ႕အေရွ႕မွာရိုးရိုးသားသားဖိုးသခြားလုပ္ေနတဲ့ဒီေကာင္ကကိုကို႔ကိုပိုင္ဆိုင္နိုင္ဖို႔အတြက္ဥာဏ္နီ၊ဉာဏ္နက္ေတြကိုတစ္ဖက္လွည့္နဲ႕သုံးေနတာသူသိသည္။ပန္းတိုင္ကိုေျဖာင့္တဲ့လမ္းကမေရာက္ခဲ့တာေၾကာင့္ဒီေကာင္ကျဖတ္လမ္းကိုသုံးေနျခင္းပင္...။

ဆိုင္က၎ရဲ႕အေရွ႕မ်က္ႏွာျပင္တစ္ခုလုံးကိုမွန္အျပည့္ကာထားတာျဖစ္သည္။ထို႔ေၾကာင့္ဆိုင္ထဲကေနအျပင္ကလမ္းသြား၊လမ္းလာလူေတြနဲ႕ျမင္ကြင္းအခ်ိဳ႕ကိုထင္ထင္ရွားရွားျမင္နိုင္၏။သို႔ေသာ္ၿခိမ္းရဲ႕အေျပာမွာႏွစ္ေျမာေနတဲ့ကိုကိုကေတာ့ဆိုင္ဝမွာထီးထီးႀကီးရပ္ေနတဲ့သူ႕ကိုသတိမထားမိေခ်...။

အဟက္...။

ကိုယ့္ခ်စ္သူထက္ေတာင္အဲ့ေကာင္ရဲ႕အေျပာေတြကပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတယ္ေပါ့...။

ခင္ဗ်ားအရမ္ကိုဆိုးေနၿပီ ကိုကို...။

အုံႂကြလာတဲ့သဝန္တိုစိတ္ကျပဴထြက္စျပဳေနတဲ့ေဒါသကိုအရွိန္အဟုန္ျပင္းျပင္းနဲ႕လႈံ႕ေဆာ္နိုင္စြမ္းရွိ၏။မေပါက္ကြဲေအာင္ထိန္းခ်ဳပ္လိုက္ခ်င္ေပမယ့္ျမင္ေနရတဲ့ပုံရိပ္ကေစာက္ရမ္းစိတ္ပ်က္ဖို႔ေကာင္းလြန္းေနတာေၾကာင့္သူ႕အေနနဲ႕လူလိမၼာမလုပ္ခ်င္ေတာ့ေပ...။ေစာက္က်င့္ေလးယုတ္ခ်င္လာမိသည္။

အေတြးတို႔ေၾကာင့္သူ႕ရဲ႕ႏႈတ္ခမ္းပါးတစ္စုံကအရိုင္းဆန္ဆန္ေကြးၫႊတ္သြားရ၏။သို႔ႏွင့္ျမင္ေနရတဲ့ပုံရိပ္ကိုေနာက္ဆုံးအေနနဲ႕စူးစိုက္ကာတစ္ခ်က္ၾကည့္ၿပီးဆိုင္ထဲကိုဝင္ဖို႔ေျခလွမ္းစလိုက္သည္။ရိုက္ခ်ိဳးခံလိုက္ရတဲ့ေမွ်ာ္လင့္ခ်က္ေတြအတြက္ထိုလူေတြဆီကေနညီမွ်တဲ့တန္ရာတန္ေၾကးကိုျပန္ယူရေပမည္။ဆိုင္ထဲကိုေရာက္တဲ့အခါကိုကိုတို႔ထိုင္ေနတဲ့ဝိုင္းဆီဦးတည္ကာသူေလွ်ာက္သြားလိုက္သည္။

" ဟင္...ေနာင္ေလး..."

တေ႐ြ႕ေ႐ြ႕လွမ္းလာေနတဲ့သူ႕ကိုေတြ႕တယ္ဆိုရင္ပဲကိုကို႔ရဲ႕မ်က္ႏွာေပၚမွာစြန္းထင္းေနတဲ့အၿပဳံးတို႔ကခ်က္ခ်င္းကြယ္ေပ်ာက္သြားေလေတာ့သည္။မထင္မွတ္ပဲ႐ုတ္တရက္ေတြ႕လိုက္ရတာမို႔ကိုကို႔ရဲ႕ပုံစံကအံ့ဩမႈတို႔အျပည့္ပင္... ။

ထိုအခါသူလည္းအံ့ဩတႀကီးျဖစ္ေနတဲ့ကိုကို႔ကိုဟန္ပါပါၿပဳံးျပလိုက္ၿပီး...

" ဟုတ္တယ္...ကြၽန္ေတာ္ေနာင္ေလးပဲ..."

အသက္မပါတဲ့အၿပဳံးတစ္ပြင့္​ကိုႏႈတ္ခမ္းထက္မွာခ်ိတ္ဆြဲရင္းကိုကို႔ကိုတုံ႕ျပန္စကားသူဆိုလိုက္၏။သူ႕ရဲ႕မ်က္ႏွာကိုအရိပ္တၾကည့္ၾကည့္တတ္တဲ့ကိုကို႔အဖို႔သူ႕ရဲ႕အၿပဳံး၊သူ႕ရဲ႕စကားေတြက'ဘယ္အရပ္ဆီဦးတည္ေနၿပီလဲ'ဆိုတာကိုကိုကသေဘာေပါက္နားလည္သြားပုံရသည္။ၿခိမ္းကိုတစ္ခ်က္ေဝ့ၾကည့္ၿပီးကိုကိုကသူ႕ရဲ႕လက္ကိုလွမ္းဆြဲေလသည္။

ပုံမွန္မဟုတ္တဲ့အျပဳအမူ၊အေျပာအဆိုေတြေၾကာင့္'သူဘာျဖစ္ေနတာလဲ'ဆိုတာကိုကိုကသိခ်င္ေနပုံပင္...။ဆုပ္ကိုင္ထားတဲ့သူ႕ရဲ႕လက္ကိုဖ်စ္ညစ္ရင္းေမးခြန္းေတြျပည့္ႏွက္ေနတဲ့အၾကည့္တို႔နဲ႕ကိုကိုကသူ႕ကိုလွမ္းၾကည့္လာ၏။

" ဒါဆို...ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး ကိုေယာ..."

ခပ္တည္တည္ပင္...။

တကယ့္ကိုခပ္တည္တည္ပင္...။

​သူတို႔ႏွစ္ေယာက္ရဲ႕ျဖစ္ပ်က္ေနတဲ့အေျခအေနကိုဂ႐ုမစိုက္သလိုျပဳမူကာစားပြဲခုံေပၚက Juice ခြက္ကိုေမာ့ေသာက္ၿပီးၿခိမ္းကထြက္သြားဖို႔ဟန္ျပင္၏။တကယ္ဆိုဒီျပႆနာရဲ႕အလုံးစုံကဒီေကာင့္ေၾကာင့္ျဖစ္ခဲ့ရတာပင္...။

ကိုကို႔ကိုႏႈတ္ဆက္စကားဆိုၿပီးတဲ့အခါၿခိမ္းကသူ႕ကိုခပ္ေထ့ေထ့အၿပဳံးတစ္ပြင့္နဲ႕တစ္ခ်က္စိုက္ၾကည့္လာေလသည္။​ၿခိမ္းရဲ႕အၾကည့္ေတြထဲမွာအေရာင္တစ္ခုခုေပ်ာ္ဝင္ေနတယ္ဆိုတာသူ႕စိတ္ကအလိုလိုသိေနသည္။

မင္းဘာျဖစ္ခ်င္ေနတာလဲ ၿခိမ္း...။

ရင္ထဲမွာျဖစ္တည္ေနတဲ့ပူေလာင္မႈနဲ႕သဝန္တိုစိတ္ေတြကေဒါသအျဖစ္ကိုကူးေျပာင္းၿပီးအရာအားလုံးေဝဝါးလာတဲ့အခါ...

" ေဟ်ာင့္ ၿခိမ္း..."

သူတို႔အနားကေနထြက္သြားဖို႔ဟန္ျပင္ေနတဲ့ၿခိမ္းကသူ႕ရဲ႕ေခၚသံေၾကာင့္လွည့္ၾကည့္လာေလသည္။ၿပီးေနာက္သူ႕ကို'ဘာလဲ'ဆိုတဲ့အထာနဲ႕တစ္ခ်က္ေမးဆက္ျပ၏။

ထိုေမးခြန္းအတြက္အေျဖကရွိႏွင့္ၿပီးသားျဖစ္ေပမယ့္ႏႈတ္ကေနဖြင့္ဟဖို႔စိတ္မပါတာေၾကာင့္...

" ခြပ္..."

ဒါကပိုင္ရွင္ရွိမွန္းသိရက္နဲ႕ေပၚတင္ေၾကာင္ရဲတဲ့မင္းအတြက္...။

" ေနာင္ေလး..."

" ဟာ..."

" ဟင္...."

႐ုတ္တရက္ဆန္ဆန္ျဖစ္ပ်က္သြားတဲ့အေျခအေနတစ္ခုမွာဆိုင္ထဲရွိလူအားလုံးကအံ့ဩတႀကီးျဖစ္ေနၾကသည္။ထိုအခါသူ႕ရဲ႕လက္သီးခ်က္ေၾကာင့္အ႐ုပ္ႀကိဳးျပတ္လဲၿပိဳက်သြားတဲ့ၿခိမ္းကို,ကိုကိုကသြားေျပးထူလိုက္၏။ၿခိမ္းကိုကူေနရင္းနဲ႕ကိုကိုကသူ႕ကိုလွည့္ၾကည္လာေလသည္။ကိုကို႔ရဲ႕အၾကည့္ေတြထဲမွာသူ႕အေပၚစိတ္ပ်က္ျခင္းေတြစိုးစဥ္းမွ်ပါဝင္ေနမွာကိုေတာ့သူတကယ္ေၾကာက္ပါသည္။

" ၿခိမ္း...ရလား..."

" ရတယ္ ကိုေယာ...ဘာမွမျဖစ္ဘူး..."

ႏႈတ္ခမ္းေထာင့္ကစီးက်လာတဲ့ေသြးကိုလက္ခုံနဲ႕သုတ္ရင္းၿခိမ္းကထရပ္လိုက္၏။ၿပီးေနာက္အနားမွာရပ္ေနတဲ့ကိုကို႔ကိုအသာေလးတြန္းထုတ္ကာသူ႕ရဲ႕အနားကိုၿခိမ္းကတစ္လမ္းခ်င္းေလွ်ာက္လာေလသည္။အနားကိုေရာက္တဲ့အခါၿခိမ္းကခပ္ေထ့ေထ့အၿပဳံးနဲ႕သူ႕ကိုစူးစူးစိုက္စိုက္ၾကည့္ကာ...

" မင္းဘာျဖစ္ေနလဲ...ဘာေတြခံစားေနရလဲဆိုငါသိတယ္ မ်ိဳးႏြယ္..."

သူဘာျဖစ္ေနလဲ၊ဘာေတြခံစားေနရလဲဆိုတာကိုဒီေကာင္ကသိတယ္တဲ့လား...။

အဟက္...။

ဒီေကာင္လူကဲခတ္ေတာ္သားပဲ...။

" ငါတို႔ထပ္ဆုံဖို႔ရွိေသးတယ္ဆိုတာမင္းမေမ့နဲ႕..."

အနားကိုကပ္ၿပီးခပ္တိုးတိုးေလးဆိုလာတဲ့ၿခိမ္းရဲ႕ေအးတိေအးစက္စကားေၾကာင့္လက္ႏွစ္ဖက္ကိုတင္းေနေအာင္သူဆုပ္ထားမိ၏။ဒီစကားတစ္ခြန္းက'ဘယ္အတိုင္းအတာထိေရာက္သြားလဲ'ဆိုတာသူေကာင္းေကာင္းႀကီးကိုနားလည္သည္။

'အခ်စ္နဲ႕စစ္မွာမတရားတာမရွိဘူး'ဆိုေပမယ့္လယ္ဝယ္ပိုင္ဆိုင္ထားတဲ့အခ်စ္ကိုေသတပန္သက္တစ္ဆုံးထာဝရအဆုံးထိသူပိုင္ဆိုင္ခ်င္မိပါသည္။တရားနည္းလမ္းက်က်ယွဥ္ၿပိဳင္ၿပီးရခဲ့တာမို႔ဆုံးရႈံးသြားမွာသူတစ္ကယ္ကိုေၾကာက္႐ြံ႕မိသည္။

" ငါေသရင္ေတာင္ကိုကို႔ကိုမင္းမရေစရဘူး...အဲ့ဒါငါ့ရဲ႕သစၥာစကားပဲ..."

သူ႕ရဲ႕စကားကိုၿခိမ္းကသေဘာက်သလိုရယ္ေသြးသြမ္းရင္းပခုံးတစ္ခ်က္တြန့္ျပ၏။ၿပီးေနာက္သူ႕ကိုအေလးျပဳသလိုတစ္ခ်က္ျပဳမူၿပီးလွည့္ထြက္သြားေလေတာ့သည္။ဆုံးရႈံးစရာဘာမွမရွိတဲ့လူမို႔သူ႕ရဲ႕သစၥာစကားကၿခိမ္းအတြက္ေတာ့ကေလးေတြအပ်င္းေျပ႐ြတ္တဲ့ကဗ်ာတစ္ပုဒ္ထက္ပိုပုံမရေပ...။

🍒🍒

ေန႕လယ္ကကိစၥနဲ႕ပတ္သတ္ၿပီးႏွစ္ေယာက္သားစကားမေျပာပဲေန,ေနၾကတာအခန္းကိုေရာက္တဲ့အထိပင္...။

ၿခိမ္းနဲ႕ျပႆနာျဖစ္ၿပီးေနာက္ပိုင္း...,

'ေက်ာင္းမွာျပႆနာတစ္ခုခုတက္ခဲ့တာလား'လို႔သူေမးေတာ့လူဆိုးေလးကေရေရရာရာျပန္မေျဖပဲမ်က္ႏွာခပ္တည္တည္နဲ႕သူ႕ကိုစိတ္ဆိုးေန၏။သို႔ႏွင့္သူလည္း'ေနမေကာင္းလို႔စိတ္မၾကည္တာမ်ားလား'ဆိုတဲ့အေတြးနဲ႕နဖူးကိုစမ္းၾကည့္ဖို႔လုပ္လိုက္တဲ့အခါလူဆိုးေလးကအစမ္းမခံပဲအျခားဝိုင္းတစ္ခုမွာ Game သြားထိုင္ေဆာ့ေနေလသည္။

ေနာင္ေလးကိုေမးမရတဲ့အဆုံးျမတ္ေခါင္းတို႔၊မင္းမင္းတို႔ဆီ Phone ဆက္ၿပီးသူေမးၾကည့္ေတာ့သေကာင့္သားေတြကသူငယ္ခ်င္းေကာင္းအရမ္းကိုပီသလြန္းၾကသည္။သူေမးတာကတစ္ျခား၊ျပန္ေျဖၾကတာကတစ္ျခားျဖစ္ေန၏။သို႔ႏွင့္သူလည္းဘာမွေမးမေနေတာ့ပဲဆိုင္ပိတ္တဲ့အခ်ိန္ထိ႐ုံးခန္းထဲမွာထိုင္ၿပီးအလုပ္လုပ္ေနလိုက္၏။

ေနာင္ေလးရဲ႕လုပ္ရပ္ကတကယ့္ကိုဆိုး႐ြားလြန္းသည္။လူတစ္ေယာက္ကိုအေၾကာင္းအရင္းမရွိပဲ Blind ႀကီးထိုးတာကအရမ္းကိုမိုက္႐ူးရဲဆန္တဲ့ျဖစ္ရပ္တစ္ခုပင္...။

ကိုယ့္ရဲ႕မဆင္မျခင္လုပ္ရပ္ကတစ္ဖက္လူကိုဘယ္ေလာက္ေတာင္အားနားစရာေကာင္းလိုက္သလဲ...။

ေက်ာင္းမွာျပႆနာတစ္ခုခုျဖစ္ခဲ့လား၊မျဖစ္ခဲ့လားလည္းမေျဖ...။တကယ္လို႔'ျဖစ္ခဲ့တယ္'ဆိုရင္ေတာင္ေျဖရွင္းေပးလို႔ရေသးသည္။အခုေတာ့ဘာမွမေျပာပဲမဲမဲျမင္ရာေဒါသေတြပုံခ်ေန၏။

ေနပါေစ...။

ေနရာတကာသူ႕ဘက္ကခ်ည္းအေလွ်ာ့ေပးလြန္းလို႔ဒီေကာင္ေလးဆိုးေနတာ...။ဒီတစ္ခါေတာ့မွတ္ေလာက္၊သားေလာက္ျဖစ္ေအာင္အေလွ်ာ့မေပးပဲလႊတ္ထားေပးလိုက္မယ္...။

႐ုံးခန္းထဲမွာသူအလုပ္လုပ္ေနတုန္းကိုယ္ေတာ္ေခ်ာကေက်ာင္းကိုျပန္မသြားပဲသူ႕ကိုဆိုင္ပိတ္တဲ့အခ်ိန္ထိဆိုင္ထဲမွာထိုင္ေစာင့္ေနသတဲ့ေလ...။

ျပန္ေတာ့လည္းလမ္းမွာႏွစ္ေယာက္သားစကားတစ္ခြန္းမွမေျပာျဖစ္ၾကေပ...။လိုအပ္တဲ့တိုလီ၊မိုလီေတြဝယ္ဖို႔ေစ်းထဲခဏဝင္​ျပန္ေတာ့အေနာက္ကေနလိုက္ၿပီးအထုပ္ေတြလိုက္ဆြဲေပး၏။စကားကေတာ့သူလည္းမေျပာသလိုကိုယ့္ဘက္ကလည္းမစေပ...။ဒီလိုနဲ႕ပဲႏွစ္ေယာက္သားအခန္းကိုျပန္ေရာက္လာခဲ့ၾကသည္။

အခန္းျပန္ေရာက္တဲ့အခါဝယ္လာတဲ့အထုပ္ေတြကိုဆြဲၿပီးမီးဖိုခန္းထဲသူတန္းဝင္လာခဲ့လိုက္သည္။လူဆိုးေလးကေတာ့အခန္းထဲကိုဝင္သြားေလ၏။ဒီရက္ပိုင္းေနာင္ေလးကစာေမးပြဲရွိတဲ့အတြက္ေၾကာင့္အလုပ္ကိုခြင့္တင္ထားတာျဖစ္သည္။

အရင္ကဆိုေနာင္ေလးကအတန္းဆင္းၿပီဆိုတာနဲ႕အခန္းကိုအရင္ျပန္လာၿပီးညစာႀကိဳခ်က္တတ္၏။ၿပီးမွသာသူ႕ကိုအလုပ္လာႀကိဳတတ္ေလသည္။သို႔ေပမယ့္ Party ပြဲမွာႀကဳံေတြ႕ခဲ့ရတဲ့အျဖစ္အပ်က္ေတြေနာက္ပိုင္းေနာင္ေလးကအတန္းဆင္းတာနဲ႕ဆိုင္ထဲမွာလာဝင္ထိုင္ၿပီးသူ႕ကို​ေစာင့္ေနတတ္၏။ဆိုင္ပိတ္ခ်ိန္ေရာက္မွသာသူနဲ႕အတူတူျပန္လာၾကသည္။

စိတ္မခ်လိဳ႕ဒီလိုလုပ္တာနားလည္ေပမယ့္ေနာင္ေလးကိုယ္တိုင္ကိုကေက်ာင္းကတစ္ဖက္၊အလုပ္ကတစ္ဖက္နဲ႕ဆိုေတာ့ဒီလိုလုပ္တာသူ႕ကိုပင္ပန္းေစမွာအမွန္ပင္...။သူ႕ေၾကာင့္နဲ႕ေတာ့ေနာင္ေလးကိုမပင္ပန္းေစခ်င္ေပ...။ထို႔ေၾကာင့္'လာမ​ေစာင့္လည္းအဆင္ေျပေၾကာင္း'ေနာင္ေလးကိုသူေျပာလိုက္၏။သို႔ေပမယ့္လူဆိုးေလးကလက္မခံေပ...။ေစာင့္ၿမဲ၊ေစာင့္ဆဲပင္...။သူလည္းေျပာလည္းမရမယ့္အတူတူေျပာမေနေတာ့ေပ...။စိတ္ရွိသလိုသာလႊတ္ထားေပးလိုက္၏။

ေန႕လယ္က႐ုံးခန္းထဲမွာအလုပ္လုပ္ေနရင္းနဲ႕'ဒီေကာင္ေလးဘာကိုစိတ္တိုေနလဲ'ဆိုတာသူစဥ္းစားၾကည့္သည္။ေက်ာင္းမွာျပႆနာတစ္ခုခုျဖစ္ခဲ့တယ္ဆိုရင္ေတာင္မဆိုင္တဲ့လူကိုထိုးႀကိတ္ရေလာက္တဲ့အထိဒီေကာင္ေလးဉာဏ္မမဲ့ေပ...။

မေနနိုင္လို႔ျပႆနာရွာရင္ေတာင္သူနဲ႕ျမတ္ေခါင္တို႔အုပ္စုေလာက္ပဲေပါ့...။

အခုေတာ့ၾကည့္...။

သူ႕ဖာသာေန,ေနတဲ့ၿခိမ္းကိုမဆီမဆိုင္ထိုးတယ္ဆိုေတာ့ဒီေကာင္ေလးအမွန္တကယ္စိတ္တိုေနတာသူ႕ကိုလား၊ဒါမွမဟုတ္ၿခိမ္းကိုလား...။

ဒီအေတြးကအခုခ်ိန္ထိသူေတြးမိေနတဲ့အရာတစ္ခုပင္...။

ေစ်းထဲကေနဝယ္လာခဲ့တဲ့စားစရာ၊ေသာက္စရာအခ်ိဳ႕ကိုေရခဲေသတၱာထဲထည့္ေနရင္းနဲ႕ေန႕လယ္ကကိစၥဆီစိတ္ကျပန္ေရာက္သြားမိ၏။တကယ္ေတာ့ၿခိမ္းက Party ပြဲမွာႀကဳံေတြခဲ့ရတဲ့ကိစၥေတြအတြက္ဆိုင္လာၿပီးသူ႕ကိုေတာင္းပန္စကားလာေျပာတာျဖစ္သည္။သူ႕အေနနဲ႕ထိုကိစၥအတြက္ဘာစိတ္မွမရွိေပမယ့္ၿခိမ္းကေတာ့သူ႕ရဲ႕ Party ပြဲမွာျဖစ္ခဲ့တဲ့ကိစၥေပမို႔'သူ႕မွာတာဝန္အျပည့္ရွိတယ္'ဆိုကာလာေတာင္းပန္ျခင္းပင္...။

ဒီလိုနဲ႕ႏွစ္ေယာက္သားေလေၾကာတည့္ၿပီးအခ်ိန္အေတာ္ၾကာစကားေျပာ​ျဖစ္ၾက၏။စကားေျပာေနရင္းနဲ႕ၿခိမ္းကနိုင္ငံျခားမွာသူ႕ေတြ႕ႀကဳံခဲ့ရတဲ့အခက္အခဲေတြကိုဟာသေလးေႏွာၿပီးအ႐ႊန္းထေဖာက္ေတာ့သူရယ္မိတာလည္းခဏခဏပင္...။

ဒါကိုဒီေကာင္ေလးမေက်မနပ္ျဖစ္ေနတာလား...။

မေက်နပ္သည္ပဲထား...။

အခုလိုအျခားသူကိုလက္ပါစရာလိုလို႔လား...။

ေနပါေစ...။

မွတ္ေလာက္၊သားေလာက္ေအာင္စကားမေျပာပဲပစ္ထားလိုက္ဦးမယ္...။

ပစၥည္းေတြကိုေနရာခ်ၿပီးသြားတဲ့အခါညစာခ်က္ဖို႔သူျပင္ဆင္လိုက္သည္။ပထမဦးဆုံးအေနနဲ႕ဆန္ကိုႏွစ္ေယာက္စာေရေဆးၿပီးေပါင္းအိုးထဲကိုထည့္ကာခ်က္လိုက္၏။ဟင္းကိုေတာ့ေစ်းကေနဝယ္လာတဲ့အသားေတြထဲကၾကက္သားတစ္ထုပ္ကိုေ႐ြးၿပီးခ်က္ဖို႔စဥ္းစားလိုက္သည္။ၿပီးေတာ့အသီးအ႐ြက္ေၾကာ္တစ္ပန္းကန္၊အရည္ေသာက္တစ္ပန္းကန္...။

ေတာ္ၿပီ...။

ညစာကိုဖြယ္ဖြယ္ရာရာခ်က္ခ်င္ေပမယ့္လူကပင္းပန္ေနေတာ့စိတ္ကူး႐ုံသာတတ္နိုင္၏။တကယ္ဆိုသူနားခ်င္ေနေလၿပီ...။အလုပ္မွာတစ္ေနကုန္ဇယ္ဆက္သလိုလုပ္ခဲ့ရတာမို႔လူကအိမ္ျပန္ေရာက္တာနဲ႕တန္းၿပီးနားခ်င္ေနေလၿပီ...။သို႔ေသာ္ေနာင္ေလးကို'ညစာခ်က္ေပးပါ'လို႔သြားမေျပာခ်င္တာေၾကာင့္ပင္ပန္းတာကိုခဏေမ့ၿပီးကိုယ့္ဖာသာခ်က္ဖို႔လုပ္လိုက္သည္။

ထိုစဥ္...။

" သြား...ဖယ္...ေရသြားခ်ိဳး..."

ေျပာရင္း၊ဆိုရင္းၾကက္သားခုတ္ေနတဲ့သူ႕ကိုေနာင္ေလးကေဘးကိုအသာေလးတြန္းထုတ္လိုက္၏။ၿပီးေနာက္ခုတ္ဖို႔က်န္ေသးတဲ့ၾကက္သားအခ်ိဳ႕ကိုသူ႕ဖာသာခပ္တည္တည္နဲ႕ေနာင္ေလးကဆက္ခုတ္ေနေလသည္။မ်က္ႏွာအမူအရာကေတာ့ေန႕လယ္တုန္းကအတိုင္းမေျပာင္းမလဲစူပုပ္ဆဲပင္...။'ဘာျဖစ္ေနလဲ'ဆိုတာကိုပြင့္ပြင့္လင္းလင္းမေျပာပဲဒီပုံစံအတိုင္းသာတစ္ေနကုန္ေန,ေန၏။ေမးရင္လည္ေမာ႐ုံကလြဲၿပီးဘာမွထူးလာမွာမဟုတ္တဲ့အတြက္သူလည္းေမးမေနေတာ့ပဲမီးဖိုခန္းထဲကေနထြက္လာခဲ့လိုက္ေတာ့သည္။

🍒🍒

မီးဖိုခန္းထဲကေနထြက္သြားတဲ့ကိုကို႔ကိုတစ္ခ်က္လွည့္ၾကည့္လိုက္တဲ့အခါမဆီမဆိုင္ဟိုေကာင့္ရဲ႕မ်က္ႏွာကကိုကို႔ရဲ႕ေက်ာျပင္မွာေပၚလို႔​ေန၏။မျမင္ခ်င္၊မေတြ႕ခ်င္တဲ့မ်က္ႏွာကို႐ုတ္တရက္ျမင္လိုက္ရ၊ေတြ႕လိုက္ရတာမို႔စင္းတီတုံးေပၚကၾကက္ဖင္ဆီဗူးကိုဟိုေကာင့္မ်က္ႏွာအမွတ္နဲ႕အားရပါးရသူခုတ္လိုက္မိသည္။

ေသစမ္းကြာ...ေသစမ္း...ေသစမ္း...။

သူဘာျဖစ္ေနလဲဆိုတာကိုကိုမသိဘူးလား...။

တကယ္ဆိုသူဒီလိုျဖစ္ေနရတဲ့အေၾကာင္းအရင္းကကိုကို႔ကိုဟိုေကာင္နဲ႕သဝန္တိုၿပီးျဖစ္လာရျခင္းပင္...။ဒါကိုကိုကိုကနည္းနည္းေလးမွမရိပ္မိဘူးတဲ့လား...။

အရင္ကဆိုသူ႕မ်က္ႏွာနည္းနည္းေလးညွိုးတာနဲ႕မေနတတ္တဲ့ကိုကိုကအခုေတာ့သူ႕ကိုဥေပကၡါျပဳၿပီးေတာ့ေတာင္ေနတတ္ေလၿပီ...။တကယ္ဆိုကိုကို႔အ​ေနနဲ႕ေန႕လယ္ကကိစၥကိုသူမေမးလည္းအလိုက္တသိနဲ႕အက်ိဳးသင့္၊အေၾကာင္းသင့္ေျပာျပ၊ရွင္းလင္းျပရမွာမဟုတ္ဘူးလား...။ဒါကိုဘာမွမရွင္းျပပဲသူ႕ကိုေတာင္ျပန္ၿပီးစိတ္ေကာက္ေနေသးသည္။လူကစဥ္းစားရင္း၊စဥ္းစားရင္းနဲ႕ေဒါသေတြကထြက္လာတာေၾကာင့္အျပစ္မရွိတဲ့ၾကက္သားကိုစိတ္ရွိတိုင္းခုတ္ထစ္ေနမိသည္။

မင္းလားကြ...ၾကက္သား...။

ဒုတ္...ဒုတ္...ဒုတ္...။

" ၾကက္ကအဲ့ေလာက္ထိမမာဘူး...ျဖည္းျဖည္းခုတ္..."

ေနာက္ေက်ာကထြက္လာတဲ့အသံေလးေၾကာင့္ ၾကက္သားကိုအားရပါးရခုတ္ေနတဲ့လက္ကပုံမွန္ျပန္ျဖစ္သြားခဲ့သည္။ခုတ္ထစ္လို႔ၿပီးသြားတဲ့အခါၾကက္သားကိုဆႏြင္း၊ဆားနယ္ၿပီးခပ္ျမန္ျမန္ေလးခ်က္ဖို႔လုပ္လိုက္၏။ကိုကိုကေတာ့သူ႕ကိုဆူလို႔ၿပီးတာနဲ႕မီးဖိုခန္းထဲကေနျပန္ထြက္သြားေလၿပီ...။

မိနစ္အနည္းငယ္ၾကာၿပီးတဲ့ေနာက္...,

အိုးထဲကေနစိမ့္ထြက္လာတဲ့ၾကက္သားဟင္းလ်ာနံ႕ေမႊးေမႊးေလးကမီးဖိုခန္းတစ္ခုလုံးသင္းပ်ံ့သြားေလေတာ့သည္။ဟင္းနံ႕ရေတာ့ဗိုက္ကဆာေလာင္လာ၏။သို႔ႏွင့္ၾကက္သားဟင္းအိုးက်က္တာနဲ႕ခ်က္ဖို႔က်န္ေသးတဲ့အ႐ြက္ေၾကာ္တစ္ပန္းကန္နဲ႕အရည္ေသာက္တစ္ပန္းကန္ကိုခပ္ျမန္ျမန္ေလးသူခ်က္လိုက္သည္။အားလုံးခ်က္ျပဳတ္လို႔ၿပီးသြားတဲ့အခါစားဖို႔အတြက္ပါတစ္ခါတည္းသူျပင္ဆင္ထားလိုက္သည္။

ညစာအတြက္ Ready ျဖစ္သြားၿပီမို႔ကိုကို႔ကိုေခၚဖို႔မီးဖိုခန္းထဲကေနသူထြက္လာခဲ့လိုက္၏။အခန္းေရွ႕ကိုေရာက္တဲ့အခါတံခါးကပြင့္လွ်က္ႀကီးျဖစ္ေနတာမို႔ Phone ေျပာေနတဲ့ကိုကို႔ရဲ႕အသံကိုအခန္းအျပင္ကေနအတိုင္းသားသူၾကားေနရ၏။

" ဟုတ္ကဲ့ အေမ..."

" -----"

" သားအတြက္မပူပါနဲ႕...အေမလည္းက်န္းမာေရးဂ႐ုစိုက္ေနာ္..."

" ----"

" ဟုတ္ကဲ့...သား ေနာက္ရက္မွညီမေလးဆီ Phone ဆက္ၾကည့္လိုက္မယ္..."

"----"

" ဒါပဲေနာ္ အေမ..."

"----"

ကိုကို​ Phone ေျပာလို႔ၿပီးသြားတဲ့အခါအခန္းထဲကိုသူဝင္သြားလိုက္ၿပီး...

" ထမင္းစားမယ္..."

ကုတင္ေပၚမွာထိုင္ေနတဲ့ကိုကို႔ကိုခပ္တည္တည္နဲ႕လွမ္းေျပာၿပီးအခန္းထဲကေနသူျပန္ထြက္လာခဲ့လိုက္သည္။ခဏၾကာတဲ့အခါကိုကိုကအခန္းထဲကေနထြက္လာခဲ့၏။ထမင္းစားပြဲကိုေရာက္တဲ့အခါႏွစ္ေယာက္သားစကားတစ္ခြန္းမွမဆိုျဖစ္ၾကပဲထိုင္ခုံမွာမ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္လိုက္ၾကသည္။

ထမင္းမစားခင္အရင္ဦးဆုံးကိုကို႔ပန္းကန္ထဲကိုၾကက္သဲျမစ္တုံးသူခပ္ထည့္ေပးလိုက္၏။ကိုကို႔ကိုစိတ္ဆိုးေနေပမယ့္ၾကက္သားဟင္းခ်က္တိုင္းကိုကို႔ရဲ႕ပန္းကန္ထဲကိုၾကက္သဲျမစ္တုံးခပ္ထည့္ေပးေနက်မိဳ႕လူကအက်င့္ျဖစ္ေနေလၿပီ...။သူထည့္ေပးသမွ်ကို,ကိုကိုကလည္းမျငင္းေပ...။တိတ္တိတ္ဆိတ္ဆိတ္သာစားလို႔ေန၏။ဒီေန႕ရဲ႕ညစာထမင္းဝိုင္းေလးကေတာ့အရင္လိုစကားေျပာသံ၊ရယ္ေမာသံေတြကင္းမဲ့တိတ္ဆိတ္ေနတာမို႔ပ်င္းဖို႔ေကာင္းလြန္းလွ၏။

ညအိပ္ခ်ိန္ေရာက္တဲ့အခါႏွစ္ဦးသားၾကားမွာဖက္လုံးႀကီးကဆန့္ဆန့္ႀကီးရွိလို႔ေန၏။တစ္ေယာက္ကိုတစ္ေယာက္ေက်ာခိုင္းၿပီးအိပ္ေနၾကေပမယ့္အိပ္မေပ်ာ္တာေတာ့ကာယကံရွင္ႏွစ္ေယာက္ကသာအသိဆုံးျဖစ္ေလသည္။တစ္ေယာက္ကလည္းရင္ခြင္ထဲတိုးဝင္လာမယ့္လူသားေလးကိုေစာင့္ေနခဲ့သလို၊တစ္ေယာက္ကလည္းသူ႕ကိုေထြးဖက္လာမယ့္လက္တစ္စုံကိုတိတ္တဆိတ္ေမွ်ာ္လင့္ေနေလရဲ႕...။

ညကတျဖည္းျဖည္းညဥ့္နက္လာခဲ့၏။သို႔ေပမယ့္လူႏွစ္ေယာက္ကေတာ့အခုခ်ိန္ထိအိပ္လို႔မေပ်ာ္ၾကေသးေပ...။တိတ္တဆိတ္ေမွ်ာ္လင့္ခ်က္ေတြကလက္ေတြ႕ျဖစ္မလာတဲ့အဆုံးလူသားဖက္လုံးေလးမရွိရင္မအိပ္တတ္တဲ့သူကပဲေက်ာေပးၿပီးအိပ္ေနတဲ့လူသားေလးကိုရင္ခြင္ထဲဆြဲသြင္းလိုက္ေလေတာ့သည္။အခုမွပဲလူကလိုအပ္ေနတဲ့အရာကိုျပန္ရွာေတြ႕သလိုၿပီးျပည့္စုံသြားရ၏။ရင္ခြင္ထဲကလူသားဖက္လုံးေလးကလည္းရင္ခြင္ပိုင္ရွင္ရဲ႕အျပဳအမႈေၾကာင့္တိတ္တဆိတ္ႀကိတ္ၿပဳံးေနေလရဲ႕...။

🍒🍒🍒

Comment