part 29
"ဒယ်ဒီ့ ဘ၀မှာလိုချင်ဆုံးက မင်း ပါပဲ ကိုးလ်
ယ်ဒီ့ ကလေးလေးင်န်းသွားပြီ "
ဘယ်ထင်ပါ့မလဲ ... ။
ကိုကို့ကို ကယ်ပါ ။
" မိန်း မ ယုတ် ! "
ကိုးလ် ရဲ့ မွေးစားသား.... ။.
" ထည်ဝါလင်းရှိန် "
" ထည်ဝါလင်းရှိန် "
" ဘာတုန်း... "
" လာဉီး! "
" ခက်ထန်!  "
" ခက်ထန်.... "
" ဖြစ်နိုင်ရင် ခင်ဗျားတကိုယ်လုံးကို ကြိုးချည်ထားပြီး စိတ်ရှိတိုင်း ကြမ်းပစ်လိုက်ချင်တာ!  ခင်ဗျား မေ့မျောသွားတဲ့အထိ... နောက်တနေ့ အိပ်ရာပေါ်က မထနိုင်တဲ့အထိ... တလလောက် လမ်းမလျှောက်နိုင်တော့တဲ့အထိ ... ဒါဆို ခင်ဗျား ဖင်က ဘယ်ယောက်ျားကိုမှ တောင့်တနိုင်မှာ မဟုတ်တော့ဘူးလေ "
"ငါ့ယောက်ျား တစ်ယောက်လုံးရှိတာဘဲ... ဘယ်ယောက်ျားမှ မလိုတော့ပါဘူး ။ ငါ့ကို စကားနာထိုးနေမဲ့အစား အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်ပါလား ငါ့ယောက်ျားရယ် "
'ယောက်ျား' ဟု တစ်ချက်အော်ကာ ညည်းညူလိုက်တိုင်း အဆတရာမက ပိုကြမ်းတမ်းလာတတ်သော ခက်ထန်ကြောင့် သူ့နှုတ်ခမ်းသူ ဖိကိုက်ထားရသည် ။ အနေအထားတစ်မျိုးတည်းဖြင့် မလုံလောက်တတ်သော ခက်ထန်သည် ထည်ဝါလင်းရှိနု၏ ခါးအောက်မှ ဆွဲယူပွေ့ကာ မှောက်လျက်ဖြစ်အောင် လုပ်လျက် အပေါ်မှ ပိုကာ ထိရောက်သော နည်းလမ်းကို အသုံးပြု၏ ။
" ထည်ဝါလင်းရှိန်... ခင်ဗျား ကို ကျုပ်ပဲ နေ့တိုင်းလုပ်မှာနော်... ကြားလား? ခင်ဗျားက ကျူပ် တစ်ယောက်တည်း အပိုင်ပဲ!  မုန်းစရာကောင်းလိုက်တာ.... "
တဖက်ခြံမှ အပြေးအလွှားရောက်လာကြသော ယောက်ျားများသည် သူတို့ကား၏ အနားတွင် တန်းစီလာကြတော့သည် ။
" ဘယ်သူတွေလဲ ဟေ့? "
စုပြုံနေသော ယောက်ျား သုံးယောက်၏ အနောက်မှ
" လာနေကျ လူ ဆိုတာ...."
အိုကိချိုင်းတို့ အုပ်စုသည် သော့ပေးပြီးသည်နှင့်
" ခက်ထန်... မင်း ဘာအနံ့ရလဲ? "
" ဘာတွေလဲ ခက်ထန်! "
" ကြောက်နေတာလား?  ယောက်ျားမဟုတ်တဲ့အတိုင်းပဲ... အခြောက်က အခြောက်ပဲ "
" ဘာဖြစ်တာလဲ? "
"ဒယ်ဒီ!  "
" ဒယ်ဒီ?... ဒါ ကျူပ် အဖေပေါ့ "
Unicode version
"ဒယ်ဒီ့ ဘဝမှာ အလိုချင်ဆုံးက မင်း ပါပဲ ကိုးလ်! 
ဒယ်ဒီ့ ကလေးလေး ပင်ပန်းသွားပြီ "
သူ့နားထဲလေငွေ့နွေးနွေးလေး ဖြတ်ပြေးသွားသည်။
ဘာတွေပြောနေလဲဆိုတာ သူ မသိဘူး ။အမှောင်ထုကြားထဲမှ အလင်းတန်းလေး ဖြာကျလာတဲ့အောက်မှာ လုံးလုံး လုံးလုံး နဲ့ ပြေးလွှားနေတဲ့ ခက်ထန် နောက်ကို သူ ပြေးလိုက်နေရသည် ။ ဒီကလေးလေး ချော်လဲသွားလေမလားလို့ သူ တွေးပူနေရပြန်၏။
နောက်တော့ သူ့နားထဲ ဆူဆူညံညံ အသံများက ပွက်လောရိုက်လို့နေသည် ။ စူးစူးနစ်နစ် အော်ဟစ်သံများကြောင့် မျက်လုံးကို ကမန်းကတမ်းဖွင့်ကြည့်တဲ့အခါ နေရောင်စူးစူးက မျက်လုံးကို ဖွင့်မရအောင် တားဆီးထား၏။
သူ့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ထုရိုက်နေသော လက်တစ်ဖက် ရှိနေသည် ။ သူ့အသားထဲ စိုက်ဝင်လာသော စူးနစ်မှုတစ်ခုရှိ၏ ။ လက်သည်းရှည်များပင် ဖြစ်လိမ့်မည် ။
" အယုတ်တမာကောင်!  ပိုင်းလုံးကောင် နင် ထစမ်း "
" တော်စမ်း မဒီ... ငါ့ကလေးကို မထိနဲ့ "
သူ တကယ်ပင် နားမလည်နိုင်ပေ ။ မေမေလေးက ငိုနေတယ် ။ ဒယ်ဒီနဲ့ သူက ကုတင်တစ်ခုပေါ်တွင် စောင်တစ်ထည်တည်းကို ခြုံထားတယ် ။ နောက်ပြီး သူ့ ခန္ဓာကိုယ်ပေါ်တွင် အဝတ်ကင်းမဲ့နေလေသည်။
သူ ထိတ်လန့်ကာ နောက်သို့ တစ်ချက် ဆုတ်မိသွားသည် ။ ယောကျ်ားနှစ်ယောက် အဝတ်ဗလာနဲ့ စောင်တထည်ထဲ ခြုံလျက်ဖြင့် နိုးထလာရသည် ။ ဒါက ပြဿနာမဟုတ်လျှင်တောင် အိပ်ရာခင်း အဖြူပေါ်က နီရဲနေတဲ့ သွေးတွေက ပြဿနာရှိလို့နေခဲ့ပြီ ။ ထိုသွေးတွေသည် သူ့ ဗိုက်သားဖြူဖြူပေါ်တွင်ပင် ပေကျံနေတော့၏ ။
" ခက်ထန်  ညက အဖျားကြီးလို့ ဆေးရုံတင်ထားရတယ် ထည်ဝါလင်းရှိန်! ငါ မသိအောင် နင့်ကို တညလုံး ဝရန်တာရှေ့ ထွက်စောင့်နေခဲ့တာ... ငါ့သားလေးက နင့်ကို မျှော်နေတဲ့အချိန်မှာ နင်ကတော့ သူ့အဖေနဲ့ အိပ်ရာပေါ်မှာ သိပ်သာယာနေခဲ့မှာပေါ့ အောက်တန်းစားက အောက်တန်းစားပဲ ထည်ဝါလင်းရှိန်!  အဝတ်အစားအကောင်းစားတွေ ဝတ်လိုက်တိုင်းလည်း နင့် ရဲ့ စုတ်ပြတ်နေတဲ့ ကိုယ်ကျင့်တရားက ကောင်းမလာဘူးဆိုတာ ငါ သိလိုက်ရပြီ "
မေမေလေး အထင်လွဲနေပြီ ။ မဟုတ်သေးဘူး ။ သူနဲ့ ဒယ်ဒီ တကယ်ပဲ ဖြစ်ခဲ့ကြတာလား? ဒါဆိုရင်တောင် ဒါ သူ့ ဆန္ဒမှ မပါခဲ့ဘဲ...
ဦးစိုင်းထန် ရဲ့ နီရဲနေသော မျက်လုံးများကို ဒယ်ဒီက ရင်မဆိုင်ရဲခဲ့ဘူး ။ သူလည်းပဲ နားမလည်စွာ အူတူတူမျက်နှာလေးနဲ့ ငေးကြည့်နေရုံကလွဲလို့ မတတ်သာခဲ့ပြန်ဘူး ။
" အင်္ကျီဝတ်ပြီး အပြင်ထွက်ခဲ့ ဆက်ထန်!  မင်းကတော့ အိမ်ပြန်လိုက်တော့ ကိုးလ်! "
ဦးစိုင်းထန် စကားကို ဘယ်သူကမှ ကလန်ကဆန်မလုပ်ရဲကြဘူး ။ အားလုံး နာခံစွာခေါင်းညိမ့်လက်ခံခဲ့ကြသည် ။
ထိုနေ့ကစလို့ ကိုးလ် ဆိုတဲ့ မွေးစားသားလေးဟာ သူ၏ မွေးစားအဖေ ဦးဆက်ထန် ၏  ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဟူသော သတင်းစကားများက ဖုံးဖိမရနိုင်အောင် ဒီအသိုင်းအဝိုင်းတစ်ခုလုံးကြား လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လို့နေခဲ့၏ ။
ထို့နေ့မှ စလို့ အင်တာနက်ပေါ်မှ အချက်အလက်များကို ရှာကြည့်သည် ။ ယောကျ်ားနှစ်ယောက် အတူနေပြီးလျှင် ဘာများဖြစ်ကျန်နေခဲ့သလဲ လို့ပေါ့ ။ မသေချာသည့်အခါ ရိုင်နာ့ကိုခေါ်ကာ ဆေးခန်းမှ ဆရာဝန်နှင့် ဆွေးနွေးခဲ့သည် ။ ဆရာဝန်ပြောစကားများအရ ဆိုလျှင် သူသည် ခန္ဓာကိုယ်ပေါ်တွင် နာကျင်မှုတစ်စုံတစ်ရာ ရှိမနေ ။
ပုံမှန်မဟုတ်သော ပြောင်းလဲခြင်းမျိုးလည်း ရှိမနေ ။ သုံးသပ်ချက်များအရ သူနှင့် ဒယ်ဒီ ဘာမှ မဖြစ်ခဲ့ကြပါချေ ။ ဒါကို ပြောလို့ ဘယ်သူကများ ယုံပေးမတဲ့လဲ?
"ဦးဆက် က ဘာမှ မဖြေရှင်းပေးဘူးလား ထည်ဝါ ဒီပုံအတိုင်းဆို အန်တီမဒီ နဲ့ မင်း ဘယ်လိုနှစ်ပါးသွားမလဲ? "
" ငါ ဘာဆက်လုပ်ရမလဲ မသိသေးဘူး ရိုင်နာ.. ဒါနဲ့ ပုံရေး သက်သာလား "
" သက်သာပါတယ် ။ မသောက်ဖူးတဲ့အရက်တွေသောက်ပြီး အရက်နာကျသွားတာ သူက နဂိုထဲကမှ ငပျော့ကောင်ဆိုတော့ ပိုဆိုးသွားတာ "
ထိုနေ့က ဆေးရုံတက်နေရသော ထန်ထန့် အနားကိုတောင် သူ သွားခွင့် မရှိခဲ့ပေ ။ မေမေလေး၏ 'နောက်မှ မင်းနဲ့ စာရင်းရှင်းမယ်' ဟူသော အေးစက်စက် အသံကြောင့် သူ ငြိမ်သက်ကာသာ အိမ်ထဲက စောင့်နေမိတော့သည်။
ဘယ်ထင်ပါ့မလဲ ... ။
မေမေလေးလို သိပ်လှတဲ့ အမျိုးသမီးလေးဟာ ပန်းလေးတစ်ပွင့်လို သိမ်မွေ့နေမှာပဲလို့ တွေးနေကြဦးမှာပဲမလား? ဒါပေမဲ့ မေမေလေးဟာ သိပ်ကို ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပဲဆိုတာ သူ တစ်ယောက်ကသာ လက်တွေ့ဆန်ဆန် မြင်တွေ့ခဲ့ရ၏ ။
အခန်းတစ်ခုထဲကို ထည့်လို့ သံကြိုးတို့ အခတ်ခံထားရသော လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်! သူ အော်ဟစ်ငိုယိုကာ တောင်းပန်နေခဲ့သော်လည်း  မေမေလေးသည် အေးစက်စက် မျက်လုံးများဖြင့်သာ မဲ့ပြုံးလေးတစ်ချက် ပြုံးပြလာခဲ့သည် ။
" ငါ ချစ်မိတဲ့ ယောကျ်ားက ဂေးတစ်ယောက်ဖြစ်နေခဲ့တာကို သိလိုက်ရတဲ့အချိန်တုန်းက ငါ ဘယ်လို ခံစားခဲ့ရလဲ မင်းသိလား?  ဘယ်သူကမှ ငါ့ခံစားချက်တွေကို နားလည်ပေးမှာ မဟုတ်ပါဘူး... ဘာလို့ဆို ငါ့အဖေရဲ့ အာဏာစက်ကို အသုံးချပြီး ဆက်ထန် ကို မရ,ရအောင် လက်ထပ်ခဲ့တာမို့ ဖြစ်လာသမျှ မကောင်းတဲ့ကိစ္စတွေကို ငါ တစ်ယောက်တည်းပဲ ကြိတ်ခံစားခဲ့တယ် ။ လက်ထပ်ပြီးမှ ငါ သိခဲ့ရတာက ငါ့ပတ်ဝန်းကျင်မှာ ရှိသမျှ အရာမှန်သမျှဟာ မယုံကြည်ရတဲ့ အရာတွေ ဆိုတာပဲ အဲဒီထဲမှာမှ ငါ မင်း တစ်ယောက်ကိုတော့ အပြည့်အ၀ ယုံကြည်ပေးခဲ့တာ ထည်ဝါလင်းရှိန်! မင်းကို ယုံကြည်လို့လည်း ငါ့ ကလေးကို မင်း လက်ထဲ စိတ်ချလက်ချ ထည့်ပေးခဲ့တာ... ငါ မထင်ခဲ့ဘူး ။ မင်းကလည်း ဆက်ထန် နဲ့ အလိုတူ အလိုပါ တွေဆိုတာ... ဆိုတော့ မင်း လည်း မိန်းမ ဖြစ်ချင်နေမှာပေါ့ "
" သိပ်ကို မိန်းမဖြစ်ချင်နေတယ်မလား ထည်ဝါလင်းရှိန်!  ငါ မင်း ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ် "
ပါးစပ်မှ စည်းနှောင်ခံထားရတဲ့ အဝတ်စကို အားကုန်ကိုက်လို့ ခေါင်းကိုသာ တွင်တွင်ခါနေမိသည် ။
သူ တကယ်ကို မိန်းမ မဖြစ်ချင်ပါဘူး ။ သူက ယောကျ်ားတစ်ယောက်ပါ ။
မေမေလေးသည် သူ့စကားများကို နားမထောင်ပေးခဲ့ပါ ။ မျက်ရည်တို့စီးကျလျက် အသက်မပါစွာ ရယ်မောနေတော့၏ ။
နိုင်ငံခြားသားများဖြင့် ပြည့်နှက်လာသော အခန်းကျယ်ကျယ်... မြန်မာစကားပြောလာသော သူက နှစ်ယောက်မျှလောက်သာ ရှိမည် ။ ကျန်လူများမှာ မေမေလေး ဆင့်ခေါ်ခဲ့သော တိုင်းတပါးသား ဆရာဝန်များ ဖြစ်ပေ၏ ။
ဆေးတစ်ချက်ထိုးလိုက်သည်ကို ခံစားမိခဲ့သည်။
မျက်စိရှေ့မှ ဓားတဝင်းဝင်း က ရူးလောက်စွာ ကြောက်ဖို့ ကောင်းလွန်းပါရဲ့... ခေါင်းကို ဘယ်ညာရမ်းလို့ မှန်တံခါးရှိရာဆီ အကြည့်ရောက်မိတော့ ထန်ထန်ပေါက်ကလေးဟာ သူ ဝယ်ပေးထားခဲ့သော သမင်ရုပ်ကလေးကို ဖက်လို့ အခန်းတံခါးကို ထုနေသည် ။
ဒီတစ်ကြိမ်လည်း ထန်ထန့်ကို တောင့်တမိသည် ။
ဒယ်ဒီ အနိုင်ကျင့်ဖို့ ကြိုးစားခဲ့စဉ်တုန်းကလည်း ထန်ထန်ပဲ ကယ်တင်ပေးခဲ့တာမလား...။
မင်း အဖေ အနိုင်ကျင့်ချိန်က ကယ်ပေးခဲ့သလိုများ အခုတစ်ကြိမ်လည်း ကိုကို မင်းကို အားကိုးနေမိခဲ့တယ် ထန်ထန်...
ကိုကို့ကို ကယ်ပါ ။
ထုံဆေးအရှိန် မစတင်သေးခင်မှာတင် အစိမ်းသက်သက် ခွဲချခံလိုက်ရသော ဆီးစပ်တစ်နေရာ... ခန္ဓာကိုယ်ထဲ လက်ဝင်ပြီး အသည်းတွေနှလုံးတွေ ဆွဲဖြဲ ခံလိုက်ရတဲ့အတိုင်းပဲ၊ နာကျင်ရတယ်ဆိုတဲ့စကားထက် ပိုတဲ့ စကားများ ရှိသေးလား ။ မီးရောင်ထိန်ထိန်အောက်က အားကြိုးမာန်တက် ကြိုးစားနေသော လူသားများစွာနှင့် အရှင်လတ်လတ် သွေးစိမ်းရှင်ရှင်ကျနေပါသော ကောင်လေးတစ်ယောက်... မျက်လုံးတို့သည် အစွမ်းကုန် ပြူးကျယ်နေခဲ့သည် ။ ခန္ဓာကိုယ်ထဲမှ ယိုစိမ့်ထွက်လာသော သွေးများသည် သံကုတင်ပေါ်မှတဆင့် စီးကျလာကာ ကြမ်းခင်းပေါ်တွင် တစက်စက် အဆက်မပြတ် ကျဆင်းနေ၏ ။ တစက်ချင်းစီ ကျဆင်းနေခြင်းတို့ဟုတ်ဟန်မတူ...။ အဆက်မပြတ် သွေးကျသံများ ကြားရသည်အထိပင် ။ တဆတ်ဆတ်တုန်ရင်နေသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးပင် ဖြစ်လိမ့်မည် ။ တဖြည်းဖြည်း နာကျင်မှုများမှာ ထုံကျင်လာကာ ဝမ်းဗိုက်တစ်ခုကို နှစ်ခြမ်းဆွဲဖြဲခံနေရသော နာကျင်မှုတို့ ကင်းဝေးသွားကာ ထိန်လင်းနေသော မီးလုံးများသည် သူ့ကို အမှောင်ထုကမ္ဘာဆီသို့ ဆွဲချသွားတော့၏။
" ငါ နင့်ထဲကို သားအိမ်ထည့်ပေးထားတယ် ထည်ဝါလင်းရှိန်!  နင့်အတွက် ပိုက်ဆံအကုန်အကျခံပြီး နိုင်ငံခြားက ဆရာဝန်ထိ ပင့်ထားရတာ... အောင်မြင်နိုင်ချေ နည်းတယ်ဆိုပေမဲ့ ခွဲစိတ်မှုကတော့ အောင်အောင်မြင်မြင် အထမြောက်သွားတယ် ။ အခု နင့်ထဲမှာ အဲဒီအရာ ကောင်းမွန်စွာ ရှင်သန်ဖို့ပဲ လိုတော့တယ် "
" မိန်း မ ယုတ် ! "
ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းဖျားက အလိုအလျောက် ထွက်ကျလာခဲ့သည်က 'မိန်းမယုတ် ' တဲ့။ သူဟာ မယဉ်ကျေးဘူး ။ ရိုင်းစိုင်းတယ် ။ နှုတ်ကြမ်းတယ်လို့ ထင်ရင် ထင်ကြပါစေ။ ဘာမှ မတုံ့ပြန်နိုင်တဲ့ အခြေအနေမှာ ဒီစကားတစ်ခွန်းတော့ သူ ပြောလိုက်ချင်သည် ။ သို့သော် ထိုမိန်းမက ဟားတိုက်ကာ ရယ်မောနေခဲ့၏ ။
" ယုတ်မာချင်လာအောင် မင်းတို့ပဲ တွန်းပို့ခဲ့ကြတာမဟုတ်ဘူးလား?  ထားပါတော့...
ကြိုပြောထားမယ် ထည်ဝါလင်းရှိန်!  အထဲက သားအိမ်ကောင်းကောင်း လည်ပတ်နိုင်ပြီ ဆိုတာနဲ့ မင်း သိပ်လိုချင်နေခဲ့သလို ယောကျ်ားတစ်ယောက်နဲ့ပေးအိပ်မယ်။ မင်း ကိုယ်ဝန်ဆောင်ထားတာကို ငါ တွေ့ချင်တယ် "
မျက်ရည်တို့သာ စီးကျကာ စကားလုံးတို့ စွံ့အနေခဲ့သည်။
ဒီ မိန်းမ ရူးသွားပြီ လို့တောင် သူ ထင်မိသည်။
ထိုနေ့ကတည်းက မေမေလေးသည် သူ့ကို ဆေးမျိုးစုံတိုက်သည် ။ အထဲမှ သားအိမ် ဆက်လက်ရှင်သန်နိုင်ရန် ဟော်မုန်းဆေးမျိုးစုံကို သောက်ခဲ့ရသည် ။ မိန်းမဟော်မုန်းဆေးများ၏ ဒဏ်ကို ခန္ဓာကိုယ်တွင် ကျန်ရှိနေသော ယောကျ်ားဟော်မုန်းဓာတ်များက တွန်းကန်တိုက်ခိုက်သည့်အခါ လူးလိမ့်နေအောင် ခံစားခဲ့ရပြန်သည် ။
မေမေလေး၏ မဟာအကြံအစည်ကြီး မအောင်မြင်သေးခင်မှာတင် ထိုနေရာကို စွန့်ခွာကာ ထွက်ပြေးခဲ့သည် ။ တစ်ချိန်က သူ့ကို သဘောတကျဖြင့် လိပ်စာကတ်ပေးထားခဲ့သော ဂိုဏ်းချုပ် တစ်ဦးဆီသို့ ခိုလှုံခဲ့သည် ။ ထိုသူသည် သူ့အဖြစ်များကို အလိုက်သိစွာ ဘာမှ မမေးခဲ့ရုံသာမက သူ့အတွက် နေစရာ၊ စားစရာ အထောက်အပံ့တစ်ခု ပေးအပ်ခဲ့၏ ။ အလျော်အစားအနေဖြင့် ဦးဆက်ထန်၏ မူးယစ်ဆေးလမ်းကြောင်းမှန်သမျှ ဖောက်ထွင်းနိုင်မည့် အချက်အလက်များကို တစ်ခုမကျန် ပြောပြကာ သူလျှိုလုပ်ပေးခဲ့ရ၏ ။ အချိန်တစ်ခု ကြာလာသည့်အခါတွင် ထန်ထန့်ဆီသို့ တိတ်တဆိတ်သွားတွေ့ကာ ရိုင်နာနှင့် ပုံရေးတို့ နှစ်ဦးကို အပါခေါ်ခဲ့လေသည် ။
နှစ်ပေါင်းများစွာ ကြာလွန်သွားသည့်အခါ သူသည်လည်း လက်ရှိနေရာတွင် အားအကိုးရဆုံးတပည့် ဖြစ်လာခဲ့၏ ။ လူသတ်ဆိုလျှင် သတ်ပေးလိုက်သည် ။ ကျည်ဆန်တတောင့်ဖြင့် အသက်တစ်ချောင်းစီကို အလွယ်တကူ နှုတ်ပေးခဲ့သည် ။ မူးယစ်ဆေးကွန်ရက်များသည် သူတို့ ဂိုဏ်းအတွက် အပေါများဆုံး ဖြစ်လာစေရန် စွမ်းဆောင်ပေးခဲ့သည်။ ဘိန်းခင်း ဧက ၁၀၀၀ ကို ၁၀၀၀၀ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည် ။ ဂိုဏ်းချုပ်၏ မျက်စိကျမှုကို ခံရပြီးသည့်နောက် အဘိုးကြီး ကွယ်လွန်ခါနီးအချိန်၌ သူ၏ သမီးဖြစ်သူ နွေးဧကရီ နှင့် လက်ထပ်ခဲ့ရသည် ။
တဖက်ကလည်း ကျေးဇူးတရားများဖြင့် လက်ခံခဲ့ခြင်းဖြစ်သလို တဖက်ကလည်း ကွယ်လွန်ခါနီး ဖခင်၏ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ခြင်းမျှသာ ဖြစ်၏ ။
ထိုအချိန်က ခက်ထန် အသက် ၁၈နှစ် မျှသာဖြစ်၏။
လက်ထပ်ခါနီး ညတစ်ညမှာ ခက်ထန်ကို အသိပေးလိုက်ခြင်းဖြစ်သည် ။
" ဦးထည်က လက်ခံလိုက်တယ်ပေါ့။ အခု ကျွန်တော့်ကို အသိလာပေးတာများလား? "
" အင်း... အဲ့လိုပဲ ပြောရတော့မလား? နွေးကို ဘယ်လိုမြင်လဲ ခက်ထန် "
" မမနွေးက လှပါတယ် ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ ဒါပေမဲ့ ဦးထည်နဲ့တော့ မလိုက်ဘူး "
" ဒါဆို ငါက ဘယ်သူနဲ့ လိုက်တာလဲ? "
" ကျွန်တော့် မျက်လုံးထဲမှာတော့ ဦးထည်က ဘယ်သူနဲ့မှ မလိုက်ဘူး ။ ဦးထည်ပြောချင်တာ ဒါပဲမလား? ကျွန်တော် နားချင်ပြီ "
" အင်း... သွားနားတော့‌လေ ပွဲနေ့ကျရင်... "
" ကျွန်တော် လာမှာမဟုတ်ဘူး၊ ဟို.. လာနိုင်လောက်မှာ မဟုတ်ဘူး ။ စာမေးပွဲရှိလို့ "
နောက်နေ့များတွင် သူ ကိုယ်တိုင် စုံစမ်းဖြစ်ခဲ့သည်။ ထိုနေ့က ခက်ထန်တွင် မည်သည့် စာမေးပွဲ မှ ရှိမနေခဲ့ပါ။
ခက်ထန်သည် ပျိုမြစ်သော အရွယ်လေးတစ်ခု၌ပင် မှုန်ကုတ်ထားသော မျက်နှာထားဖြင့် သူ့အရွယ်သူမေ့လို့နေသည် ။  ဆယ်ကျော်သက်ကလေးတစ်ယောက်၏ ငယ်ရွယ်လွတ်လပ်မှုကို ဖျက်ဆီးခဲ့မိသူသည် သူသာလျှင် ဖြစ်လိမ့်မည် ။ ခက်ထန် ရှင်သန်ရမည့်လမ်း ဖြောင့်ဖြူးစေရန်အတွက် တော်ဝင်လုပ်ငန်းစုကြီးကို ထူထောင်ပေးနိုင်ခဲ့သည်။ သို့သော် ခက်ထန်၏ မွေးဖွားရာ အသိုင်းအဝိုင်းသည် မှောင်ခိုလောကနှင့် ဆက်စပ်နေသော အသိုက်အဝန်းတစ်ခုဖြစ်၏ ။ ဦးဆက်ထန်၏ သား တော်ဝင်မင်းခက်ထန် ဆိုလျှင် ဒီလောက, က လူများ မသိသည့်လူ မရှိသလောက်ပင် ဖြစ်၏ ။ နောက်ပြီး သူကိုယ်တိုင်သည် ခက်ထန်အတွက် အန္တရာယ်စက်ဝန်းဖြစ်သည် ။
ကိုးလ် ရဲ့ မွေးစားသား!
သူ ကိုယ်တိုင် ရပ်တည်နေရသော လောက, တွင် နေရာပေါင်းစုံမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ထွက်လာနိုင်သော ရန်သူများကြား၌ ကိုးလ်ရဲ့ မွေးစားသားသည် ကိုးလ်၏ အားနည်းချက်ဖြစ်၏ ။
ထိုသို့သော လောကထဲမှ လူနှင့် ပတ်သက်မှုရှိနေသ၍ ခက်ထန် သည် ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်သည့် ခပ်ပျော့ပျော့ ကောင်လေးတစ်ယောက် ဖြစ်နေ၍ မရပေ။ ထို့ကြောင့် ခက်ထန် ငယ်စဉ် သူ စပြီး မွေးစားခဲ့သည့်အချိန်မှစလို့ ခက်ထန်၏ ကျောင်းအပေါက်ဝတွင် သက်တော်စောင့်များ ထားရှိပေးခဲ့၏ ။ ထိုမျှလောက်ကို လုံလောက်မှု မရှိသေးဘူး ထင်မိသောကြောင့် ခက်ထန်ကို ကလေးဘဝထဲက ကိုယ်ခံပညာ မှန်သမျှ သင်ကြားပေးခဲ့သည် ။ သူ့ကိုဆိုလျှင် ဂျစ်တိုက်ချင်သော ခက်ထန်ကြောင့် အမြဲ မာမာထန်ထန်ဖြင့်သာ မသက်ညှာပေးခဲ့ပါချေ ။အရွယ်ရောက်လာသောအခါတွင်လည်း ခက်ထန် ဘယ်သွားသွား နောက်ယောင်ခံသက်တော်စောင့်များဖြင့် စောင့်ရှောက်ပေးခဲ့သည် ။
ထို့ကြောင့်ပင် ခက်ထန် ခြေလှမ်း စပျက်နေသည်ကို ဦးဆုံး သိခဲ့ရသူမှာ သူသာလျှင်ဖြစ်၏ ။ သူသည် ငယ်စဉ်ဘဝတည်းက ရွှေပေါ်မြတင် အနေအထားဖြင့် နေခဲ့ရသူမဟုတ် ။ ချမ်းသာကြွယ်ဝသော ဒယ်ဒီ့မွေးစားမှု၏ နောက်ကွယ်တွင် အဆမတန်သော အလုပ်များစွာတို့ဖြင့် ရင်းနှီးထားခဲ့ရပြီးသား... ။
အသက် ၉နှစ်အရွယ်မှာတင် ဘိန်းခင်းထဲမှ ဘိန်းဆီများကို ထုတ်လုပ်မှုတွင် ကြီးကြပ်နိုင်ရန် သင်ကြားနေခဲ့ရပြီးသား ။ ဒုစရိုက်သမား လူမျိုးစုံတို့၏ ကြားတွင် အပေးအယူ ညီမျှစေရန် သံတမန်လို ပြုလုပ်နေခဲ့ရပြီးသား ဘဝမှ ရောက်လာခြင်းဖြစ်၏ ။ လူကဲခတ်စွမ်းရည်သည် သူ့ဘဝနှင့် ရင်းနှီးမြှုပ်နှံထားရမှုများမှ ထွက်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည် ။
နွေးဧကရီ နှင့် ခက်ထန် ဖောက်ပြန်နေကြသည်ကိုသိသည် ။ ခက်ထန် ယုတ်မာနေသည်ကို နားလည်သည် ။ နွေးဧကရီဆိုတဲ့မိန်းမ သူ့ကို သတ်ဖို့ ကြိုးစားနေသည်ကို သိသည် ။ ခက်ထန်ပေါက်သည် သူ့ကို သတ်ပစ်ချင်အောင် မုန်းနေသော်လည်း ဘယ်တော့မှ သတ်မှာမဟုတ်ကြောင်းကိုလည်း သိသည် ။ ခက်ထန် စိတ်တို့ ပြောင်းလဲလာသည်ကို သိသည် ။ ခက်ထန် ဘယ်ခြေလှမ်း, လှမ်းနေသလဲဆိုသည်ကို ကြိုသိသည် ။
ခက်ထန်သည် ဖီးနစ်ကိုးလ် တစ်ခုလုံးကို ဖျက်စီးပစ်ဖို့ ကြံရွယ်နေသည်ကို သိတဲ့အခါ သူ တားရမလား ။ လွှတ်ထားပေးရမလား ဝေခွဲမရအောင် ရှုပ်ထွေးခဲ့ဖူး၏ ။ နောက်ဆုံး အဖြေရခဲ့သည်မှာ..
ခက်ထန် ပျော်ရွှင်မှုကို ဦးစားပေးလိုက်ချင်၏ ။ အသက် ၈နှစ် အရွယ်ကတည်းက မပျော်ရွှင်ခဲ့ရပါသော ခက်ထန်ပေါက်ကလေးကို တစ်ခါလောက်ဖြစ်ဖြစ် ပျော်ရွှင်စေချင်သည် ။
သူ့ကိုဖျက်စီးလိုက်ရမှ ရရှိလာမဲ့ ပျော်ရွှင်မှုဖြစ်ဖြစ်...
သူ့ နာကျင်မှုတွေက တဆင့် ရရှိလာမဲ့ ပျော်ရွှင်မှုဖြစ်ဖြစ်... ခက်ထန် သာ ပျော်ရွှင်ရမယ် ၊ ခက်ထန် နှုတ်ခမ်းလေး ကွေးညွတ်လာရမယ် ၊ ခက်ထန် ပါးချိုင့်လေး ပေါ်ထွက်လာရမယ်ဆို သူ ဘာတွေပဲ ပေးဆပ်ရပါစေပေါ့... ။
နေ့ရက်များစွာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလို့ ရက်သတ္တပတ် ကြာလွန်သွားခဲ့လေပြီ ။ ခက်ထန်သည် မိုင်းလားမြို့ သို့သွားရန် ခရီးဆောင်အိတ်တစ်လုံးကို သူ့ဆီသို့ ပစ်ပေါက်လိုက်၏ ။ သူ့အ၀တ်အစားတွေ လိုအပ်သည့်ပစ္စည်းတွေ အစီအစဉ်တကျထည့်လို့ အထုတ်ကိုယ်စီ ပြင်ဆင်ထားလိုက်၏ ။
" မိုင်းလားက အိမ်ကို ရောက်ဖူးလား?  ခင်ဗျား ဒယ်ဒီ ခေါ်သွားဖူးတယ်မလား? "
ခက်ထန်သည် ကုတင်ပေါ်တွင် လျော့တိလျော့ရဲ ထိုင်ကာ သူ့ရှေ့ မတ်တပ်ရပ်နေသော ထည်ဝါလင်းရှိန်ဆီသို့ နက်တိုင်ကို ပစ်ပေးလိုက်ရင်း မေး၏ ။
" တစ်ခါပဲ ရောက်ဖူးတယ် ။ ဒယ်ဒီ့်မှာ အပန်းဖြေအိမ်ရာတွေ အများကြီးရှိတယ်ဆိုပေမဲ့ မိုင်းလားက အပန်းဖြေအိမ်ကို သူ သဘောအကျဆုံးပဲ၊ အဲဒါ ကြောင့် အလုပ် နားတဲ့အချိန်မျိုးလောက်ပဲ သွားတတ်တယ် ။ အဲ့မှာ ခြံစောင့်တစ်ယောက်တော့ ထား,ထားတယ် ပြောဖူးတယ် ။ဘေးပတ်လည်မှာ ဘိန်းချက်ရုံရှိတယ်... အဲ့မှာတော့ ဒယ်ဒီ့ အလုပ်သမားတွေကို ထားတယ် ။ ခြံထဲတော့ ဘယ်သူမှ ပေးမဝင်တတ်ဘူး "
ခက်ထန် မျက်နှာပျက်ယွင်းလာကာ အိပ်ရာပေါ် လှဲချလိုက်သည် ။ နဖူးပေါ်သို့ လက်တင်ထားလျက်
ထည်ဝါလင်းရှိန် ဆက်ပြောလာမည့် စကားများကို နားစွင့်နေသည် ။
" အဲ့ကို သွားမှာလား ဘာလုပ်မလို့လဲ? "
" အဲ့ကို ဘယ်နှခါ ရောက်ဖူးတာလဲ အတိအကျပြော... ဘယ်သူနဲ့လဲ?  ခင်ဗျားတို့ နှစ်ယောက်တည်းလား? "
" တစ်ခါတိတိ ရောက်ဖူးတယ် ။ ပုံရေး နဲ့.... "
" ဆိုတော့ ခင်ဗျားတို့ သုံးယောက်ပေါ့ "
" ဟုတ်တယ် ။ ရိုင်နာ့ကိုပါ ခေါ်မလို့ စီစဉ်ထားပေမဲ့ အဲ့နေ့မှ ရိုင်နာက လက်ဝှေ့စင်ပေါ်က ဇောက်ထိုးပြုတ်ကျလို့ မထနိုင်တော့ဘူး ။ ဒါကြောင့် ပုံရေးပဲ ပါလာတာ "
" ထည်ဝါလင်းရှိန် "
ခက်ထန် မေးခွန်းများကို ပြန်ဖြေရင်း ခက်ထန် ပစ်ပေါက်လိုက်သော နက်တိုင်နှင့် ဟိုပစ်ဒီပစ် လျှောက်ပစ်ထားသော အဝတ်များကို သိမ်းကာ လျှော်ဖွပ်ဖို့ ပြင်သည် ။
ခက်ထန်သည် တိုးညှင်းလွန်းသော သူ့အသံကြောင့် ထည်ဝါလင်းရှိန် မကြားဘူးအထင်ဖြင့် နောက်တစ်ကြိမ်ထပ်ခေါ်၏ ။
" ထည်ဝါလင်းရှိန် "
ထိုအခါမှ ပြန်လှည့်ကြည့်လာသော မျက်လုံးရှည်များ... ။
" ဘာတုန်း... "
" လာဦး! "
ခက်ထန်က ကုတင်ပေါ်တွင် လက်ဖျောက်တစ်ချက်တီးကာ လက်ညှိုးရှည်ကို အသုံးပြုလို့ သူ့ဆီသို့ လာရန် ခေါ်သည် ။
" မင်း အဝတ်တွေ လျှော်ရဦးမယ် အားတိုင်းယားတိုင်း ခေါ်မနေနဲ့ "
" ဂိုဒေါင်အောက်မှာ မိုင်းဆင်ထားတယ် ။ အခုချိန်မလာရင် ကျုပ် ခလုတ်လေး နှိပ်လိုက်မယ်၊ ခင်ဗျားရဲ့ လက်ကျန် သစ္စာခံလေးတွေ တစစီ ဖြစ်သွားအောင်လို့လေ "
" ခက်ထန်!  "
အဝတ်တောင်းကြီးကို ပစ်ချကာ ကုတင်ပေါ်သို့ ပြေးတက်လာသော ထည်ဝါလင်းရှိန်သည် ခက်ထန်၏ ပွေ့ပိုက်ခြင်းကို ခံလိုက်ရကာ မကြာမီတွင် ခက်ထန်၏ သန်မာသော လက်များက တပတ်လှည့်ပစ်လိုက်သောအခါ ခက်ထန် အောက်တွင် ပက်လက်ကလေး ဖြစ်လို့နေ၏ ။
" ခက်ထန်.... "
ခက်ထန်က စကားတစ်ခွန်းမှ မဆိုလာပေ ။ လည်တိုင်ပေါ်သို့ ရောက်ရှိလာသော ခက်ထန်၏ နှုတ်ခမ်းနွေးနွေးလေးက သူ့ကို မိန်းမောစေသည်။
ဝတ်ထားသော အဝတ်များကို ဆွဲချွတ်လို့ ညှပ်ရိုးပေါ်သို့ ကျရောက်လာသော ဆုပ်ယူနှိုးဆွမှုများကြောင့် သူ့လက်ချောင်းများက ခက်ထန် ဆံပင်ကြားထဲသို့ ထိုးဖွမိသည် ။ ရင်ဘတ်ပေါ်မှ အဖုအထစ်ဆီသို့ ရောက်သောအခါ ခက်ထန်၏ ကလေးဆန်မှုများက အသည်းယားဖွယ်ကောင်းလှ၏ ။
" မင်းက နို့မပြတ်သေးတဲ့ ကလေးလိုပဲ.. အ!  ဖြည်းဖြည်းလုပ် ... "
မရှိသည့် ရင်ဘတ်ကို ဆွဲညှစ်နေသော လက်ကလေးတစ်ဖက်ကို ဆွဲယူကာ နမ်းရှိုက်လိုက်သည့်အခါ မျက်လုံးဝိုင်းကြီးများဖြင့် ငေးကြည့်လာလေ၏ ။
" ဘာလို့ လက်ကို လာနမ်းတာလဲ?  ခင်ဗျားက ကျုပ်ကို အရိုင်းဆန်အောင် မြှူဆွယ်နေတာပဲ "
ခဏအကြာတွင် အိမ်နေရင်း အင်္ကျီအပါးလေးနှင့်ဒူးကျဘောင်းဘီတိုလေးသည်
ခက်ထန် လက်ထဲ၌ တစစီ စုတ်ပြဲသွားသော ဘဝသို့ ကူးပြောင်းခဲ့ရလေပြီ ။
အပေါ်မှ တက်ခွကာ သူ့တီရှပ်ကိုပါ ဆွဲချွတ်ပစ်လိုက်သော ခက်ထန်... ။ ထန်ထန်ပေါက်ကလေးသည် သူ့အပေါ်တွင် ယောကျ်ားဆန်စွာ ပြုမူလာသည့် အရွယ်သို့ ရောက်ရှိလာခဲ့ပြီ ။ ခက်ထန်သည် သူ့ခါးပတ်ကို ဆွဲဖြုတ်ကာ ထည်ဝါလင်းရှိန်၏ လက်နှစ်ဖက်ကို ခါးပတ်ဖြင့် တွဲချည်လိုက်၏ ။
" ငါက ရုန်းမှာမို့လို့်လား... လက်နာတယ်ကွ! "
" ဖြစ်နိုင်ရင် ခင်ဗျားတကိုယ်လုံးကို ကြိုးချည်ထားပြီး စိတ်ရှိတိုင်း ကြမ်းပစ်လိုက်ချင်တာ!  ခင်ဗျား မေ့မျောသွားတဲ့အထိ... နောက်တနေ့ အိပ်ရာပေါ်က မထနိုင်တဲ့အထိ... တလလောက် လမ်းမလျှောက်နိုင်တော့တဲ့အထိ ... ဒါဆို ခင်ဗျား ဖင်က ဘယ်ယောကျ်ားကိုမှ တောင့်တနိုင်မှာ မဟုတ်တော့ဘူးလေ "
"ငါ့ယောကျ်ား တစ်ယောက်လုံးရှိတာဘဲ... ဘယ်ယောကျ်ားမှ မလိုတော့ပါဘူး ။ ငါ့ကို စကားနာထိုးနေမဲ့အစား အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်ပါလား ငါ့ယောကျ်ားရယ် "
ခန္ဓာကိုယ်နှစ်ခုသည် ရစ်ပတ်သွယ်ယှက်ကာဖြင့် ခွဲထုတ်၍ မရနိုင်တော့လောက်အောင် ကာမရမ္မက်နွံထဲ၌ ခန္ဓာတစ်ကိုယ်တည်းသို့ ပေါင်းစပ်လျက်သား ရှိသည် ။ ခိုင်ခံ့သော ကုတင်သည်ပင် ခက်ထန်၏ အားကြောင့် လှုပ်ခါရမ်းလာသော အနေအထားတစ်ခုထိသို့ ရောက်လာ၏ ။
ထည်ဝါလင်းရှိန်သည် ခါးအားသန်သော ခက်ထန်၏ ထိုးသွင်းချက်ခပ်ပြင်းပြင်းများကြားတွင် ရုန်းမရနိုင်အောင် နာကျင်မှုတို့ ရောယှက်နေသည့် ဆန္ဒများနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့သည် ။
'ယောကျ်ား' ဟု တစ်ချက်အော်ကာ ညည်းညူလိုက်တိုင်း အဆတရာမက ပိုကြမ်းတမ်းလာတတ်သော ခက်ထန်ကြောင့် သူ့နှုတ်ခမ်းသူ ဖိကိုက်ထားရသည် ။ အနေအထားတစ်မျိုးတည်းဖြင့် မလုံလောက်တတ်သော ခက်ထန်သည် ထည်ဝါလင်းရှိန်၏ ခါးအောက်မှ ဆွဲယူပွေ့ကာ မှောက်လျက်ဖြစ်အောင် လုပ်လျက် အပေါ်မှ ပိုကာ ထိရောက်သော နည်းလမ်းကို အသုံးပြု၏ ။
သူ့ လှုပ်ရှားမှုများ ခေတ္တရပ်တန့်သွားကာမှ အသက်၀၀ ရှုထုတ်လိုက်မိသည် ။ သို့သော် မကြာလိုက်... သက်လုံကောင်းလှသော ခက်ထန်က
သူ့ကို မှောက်လျက်ဖြင့် ဝမ်းဗိုက်မှ ဆွဲမကာ လေးဘက်ထောက်သည့် ပုံစံကို ဖန်တီးယူသည် ။
" ဖယ် တော့... အဲ့လို ပုံ ငါ မကြိုက်ဘူး.. ခက်ထန်... မလုပ်နဲ့...အား... အ ...အ... "
အသစ်တဖန် ထိုးသွင်းလာသော အရှိန်မသေသေးသည့် ခက်ထန်၏ နဂါးခေါင်းသည်
အထဲသို့ ထိထိရောက်ရောက် တရှိန်ထိုးဝင်ရောက်လာ၏ ။ အစာအိမ်အောင့်လုမတတ် ခံစားမှုဖြင့် လက်နောက်ပြန် တွန်းကန်သော်လည်း သွေးဆာနေသော အထန်ကောင်၏ ခန္ဓာကိုယ်သည် နည်းနည်းလေးမှ ရွေ့မသွားသည့်အပြင် အရှိန်ပြင်းပြင်းဖြင့် စက်သေနတ်လို လျင်မြန်စွာ ကာမအရသာ ကို ခံစားနေတော့သည် ။
သူ့ ကျောပေါ်သို့ စုပ်ယူနေသော ခက်ထန်ထံမှ တပြွတ်ပြွတ်အသံများက နားရှက်စရာကောင်းလောက်အောင် အခန်းတွင်းထဲ ကျယ်လောင်စွာ ပေါ်ထွက်နေ၏ ။ လည်ဂုတ်သားများကိုလည်း စုပ်ယူလိုက် ဆွဲကိုက်လိုက်ဖြင့် နောက်မှ ဆောင့်ကာ ခွေးတစ်ကောင်လို ပြုမူသည် ။ လက်တံရှည်များက ရင်ဘတ်ဆီသို့ သွယ်ယှက်လာကာ ရင်ဘတ်ပေါ်မှ အဖုအထစ်လေးများကို မညှာမတာ ဆွဲချေပြန်သည်။
သူ့အကောင်ကို ဆွဲထုတ်လိုက်ပြီး မျက်စိရှေ့မှ ပန်းရောင်ရဲရဲ အပေါက်ဝကိုလည်း တစိမ့်စိမ့် အရသာခံကာ ကြည့်နေသေးသည် ။
" ထည်ဝါလင်းရှိန်... ခင်ဗျား ကို ကျုပ်ပဲ နေ့တိုင်းလုပ်မှာနော်... ကြားလား? ခင်ဗျားက ကျုပ် တစ်ယောက်တည်း အပိုင်ပဲ!  မုန်းစရာကောင်းလိုက်တာ... "
မောဟိုက်နေသော အသံဖြင့် ခက်ထန်ပေါက်သည်
သူ စားနေသည့် အစာကို တခြားကလေး မကျွေးဘူး.. သားပဲ နေ့တိုင်းစားမှာ လို့ စူပုပ်ပုပ်ဖြင့် အူပုပ်စွာ ပြောနေသော ကလေးတစ်ယောက်နှင့်ပင်တူလှသည် ။
သူ အသက်၀၀ ရှုလို့မရသေးပေ။ အရှိန် ကျသွားသောခက်ထန်ထံမှ ခဏတာ လွတ်မြောက်သွားသည်ဟုတောင် ထင်မိ၏ ။ ဝမ်းလျားမှောက်လျက် စေးကပ်ကပ် အရာများကြား အနားယူလိုက်ရင်း ခက်ထန် စကားကို ခေါင်းငြိမ့်ရုံလေးသာ အဖြေပြန်ပေးလိုက်ရသည်။
ထော့နဲ့ထော့နဲ့ဖြင့်သာ မိုင်းလား သို့သွားရန် ပြင်ရသည် ။ ခက်ထန်သည် မနက်ဖြန် ခရီးသွားရမည်ကို သိရက်နဲ့ တညလေးတောင် အလွတ်မပေးပါချေ ။
သူ့အကြောင်းသူ သိသောကြောင့် ခရီးဆောင်အိတ်နှစ်လုံးကို တစ်ယောက်တည်းသယ်ကာ ကားနောက်ခန်းတွင်တင်သည် ။
ရန်ကုန်မှ စထွက်လာသည့် ခရီးတလျှောက်
အိပ်ရင်းဖြင့်သာ လိုက်ပါခဲ့ရသည်က ဇိမ်ကျသော်လည်း ဇိမ်ခံကားကြီး တခါ လှုပ်ရမ်းသွားတိုင်း ကျောရိုးမှ တလျှောက် ဖင်ခေါင်းထိ စူးအောင့်သွားသည့် ဝေဒနာမှာလည်း အီစိမ့်နေလေ၏။
ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ် တွင်ရှိသော မိုင်းလားမြို့... ။
လူအသွားအလာနည်း၍ ယာဉ်ကြောပိတ်ဆို့မှုမရှိသောမြို့တစ်မြို့ဖြစ်ကာ လမ်းခရီးဖြောင့်ဖြူးသော ကားလမ်းမကြီး တည်ရှိပေ၏ ။ မနက်ဆိုလျှင် ခြောက်ကပ်နေသော လူမရှိသည့် မြို့ဟု ထင်ရသော်လည်း ညအချိန်ရောက်လာသည့်အခါတွင် ရောင်စုံလျှပ်စစ်မီးရောင်များဖြင့် တမြို့လုံး ထိန်ထိန်သာလျက် ရှိပေ၏ ။ ညအခါမှ သက်ဝင်လှုပ်ရှားလာသော ဒေသတစ်ခုဟု အများက တင်စားခြင်းကို ခံရခြင်းမှာလည်း သူ၏ ထူးခြားချက်ပင်ဖြစ်တော့၏ ။
Screen  ပေါ်မှ မြေပုံmap တစ်ခုဖြင့်
ခက်ထန်သည် လိုရာခရီးသို့ အခက်အခဲကင်းရှင်းစွာ အရောက်သွားနိုင်ခဲ့သည် ။ ကျယ်ဝန်းသော ခြံကြီးတစ်ခြံရှေ့ ကားစိုက်ရောက်လိုက်သည်နှင့်
တဖက်ခြံမှ အပြေးအလွှားရောက်လာကြသော ယောကျ်ားများသည် သူတို့ကား၏ အနားတွင် တန်းစီလာကြတော့သည် ။
" ဘယ်သူတွေလဲ ဟေ့? "
စုပြုံနေသော ယောကျ်ား သုံးယောက်၏ အနောက်မှ
ထွက်ပေါ်လာသော အသံဩဩကြီးကြောင့်
ရှေ့တွင် ပိတ်နေသော အမျိုးသားများမှာ နေရာမှ ချဲပေးလိုက်ကြ၏ ။ သူတို့်ထဲမှ တစ်ယောက်က နောက်က လာသော အမျိုးသားကို ပြန်ဖြေသည် ။
" အိုက်ချိုင်း... လူနှစ်ယောက်လာတယ်ဟေ့... မင်းပဲ မေးကြည့်ချေ "
အိုက်ချိုင်း ဆိုသူကို ခက်ထန်က ဦးစွာ စကားစပြောလိုက်၏ ။
"ကျုပ်က ဒီအိမ်ပိုင်ရှင်ရဲ့ သား ပါ၊ ခြံစောင့်က ဘယ်ရောက်နေတာလဲ? "
" အာ... ဦးဆက်ထန် ရဲ့ သား တော်ဝင်မင်းခက်ထန်လား? သိတယ် သိတယ်"
အိုက်ချိုင်းသည် ရှေ့သို့ တိုးကပ်လာကာ ခက်ထန်ကိုကြည့်လိုက် ထည်ဝါလင်းရှိန်ကို ကြည့်လိုက်ဖြင့် လူကဲခတ်နေပုံပေါ်၏ ။
" ကျုပ် ခြံစောင့်နဲ့ တွေ့ချင်တယ် "
" ခြံစောင့်က မရှိတာ အနှစ် ၂၀ နီးပါး ကြာရောပေါ့ ။ ဒီခြံရဲ့ သော့ကို ကျုပ် အဖေက သိမ်းထားပေးတာ... အခုတလော ခြံထဲက ထွက်လာတဲ့ အနံ့အသက် သိပ်မကောင်းလို့ ဝင်ကြည့်ဖို့ရာလည်း မလုပ်သင့်ဘူးထင်လို့ လာနေကျ လူတစ်ယောက်ကို စောင့်နေရတာပဲ ...ကျုပ်တို့ကလည်း ဒီခြံပိုင်ရှင်သူဌေးရဲ့ အလုပ်သမားတွေလေ သူဌေးပစ္စည်း ခွင့်မတောင်းဘဲ ကြည့်ဖို့်ရာ မသင့်တော်ဘူးမလား "
" လာနေကျ လူ ဆိုတာ?"
" မသိဘူး ။ ခြံစောင့် ဖန်လုံး မရှိတော့ကတည်းက လူတစ်ယောက်က တစ်လ တစ်ခါတော့ လာတာပဲ...
သူ မလာတော့တာ လေး ငါး လ လောက် ရှိရောပေါ့"
"ဘယ်လိုပုံမျိုးလဲ တောင် မသိဘူးလား"
" မသိဘူးဟေ့... သူက အမြဲ mask  အမဲရောင်ကြီးနဲ့ ဦးထုပ်ကလည်း ငိုက်စိုက်နဲ့ ...ဖြူသလားမဲသလားတောင် မသိ! လူကောင်ခပ်သေးသေးဆိုတာ လောက်ပဲ သိတာ  ရော့... ရော့... သော့ "
အိုက်ချိုင်းတို့ အုပ်စုသည် သော့ပေးပြီးသည်နှင့်
သူတို့ တာဝန် ပြီးဆုံးသွားသလို လှည့်ထွက်သွားတော့သည် ။ နှာခေါင်းတရှုံ့ရှုံ့ဖြင့်
လေထုထဲမှ အနံ့တစ်ခုခုကိုလည်း မအီမသာ ရှုရှိုက်နေပုံရသည် ။
" ခက်ထန်... မင်း ဘာအနံ့ရလဲ? "
" ခင်ဗျား ကိုယ်သင်းနံ့တွေ ရနေတယ်"
ခက်ထန်သည် ပါးချိုင့် တဖက်ခွက်ဝင်သွားအောင် မဲ့ပြုံးလေး ပြုံးလျက် ခြံတံခါးမှ သော့ကို ဖွင့်ကာ
ခြံတံခါးကြီးကို ကားဝင်နိုင်စေရန် ခပ်ကျယ်ကျယ်ဟကာ ဆွဲဖွင့်လိုက်သည်။ ကားပေါ်သို့ နှစ်ယောက်သား ပြန်တက်လျက် ကြီးမားရှည်လျားသော ခြံဝန်းတစ်လျှောက်ကို ဖြတ်သန်းကာ အိမ်သော့ကို ထပ်ဖွင့်ရသည် ။
အပန်းဖြေစံအိမ်သည် ခြံကျယ်ကျယ်ထဲတွင်သာ ရှိသော အနေတော်အကျယ်အဝန်းဖြင့် တည်ဆောက်ထားသော အိမ်တစ်လုံးမျှသာဖြစ်သည်။
ထပ်ခိုးဆီမှ အောက်သို့ ပြေးဆင်းလာသော ကြွက်များနှင့် ကြမ်းပြင်ပေါ်မှ ခြောက်သွေ့နေသော သွေးစက်များ ကို ဦးဆုံးတွေ့လိုက်ရသည် ။
ဖုန်တက်နေသော ထိုင်ခုံများ၏ကြားတွင် မုန့်အခွံများဖြင့် အကျည်းတန်နေတော့သည် ။
" ဘာတွေလဲ ခက်ထန်! "
" အနံ့က အခုမှ ရတာ... အပုပ်နံ့! "
ပျို့တက်လာသော အန်ချင်စိတ်ကို အားတင်းထားနေရင်းမှ ခေါင်းတို့ မူးနောက်လာရသည်။ ခက်ထန် လက်မောင်းကို ဆွဲကိုင်လေတော့ ဖြုတ်ချခြင်း ခံလိုက်ရ၏။
" ကြောက်နေတာလား?  ယောကျ်ားမဟုတ်တဲ့အတိုင်းပဲ... အခြောက်က အခြောက်ပဲ "
အန်ချင်စိတ်ကြောင့် မျက်ရည်တို့ ဝဲတက်လာရသလား? ခက်ထန် ဆီမှ 'အခြောက်' ဟု ပြောခြင်း ခံလိုက်ရလို့်လား မသိ ။ သူ့ မျက်လုံးရှည်တို့ထဲတွင် မျက်ရည်ကြည်တို့ ပြည့်တက်လို့လာခဲ့သည် ။
ခက်ထန် အနားက ထွက်သွားသည်ကိုပင် မသိလိုက်ပါချေ ။ အပေါ်ထပ်ဆီမှ ခက်ထန် ၏ 'ထည်ဝါလင်းရှိန်' ဟူသော အာခေါင်ခြစ်အော်ဟစ်သံကို ကြားမှ အသိပြန်ဝင်လာခဲ့၏ ။ ခက်ထန် အသံတို့က မူမမှန်သောကြောင့် သူ အပြေးအလွှား အပေါ်ထပ်ဆီသို့ အမှိုက်သရိုက်များကြား မှ တက်သွားလိုက်သည် ။ ခက်ထန်သည် အခန်းတစ်ခု၏ရှေ့တွင် ငိုင်ငိုင်ကြီး မတ်တပ်ရပ်လျက်ရှိ၏ ။ သူ့မျက်လုံးဝိုင်းကြီးထဲတွင် ဘာမှန်းမသိသော အရာတို့ ပြေးလွှားနေကြသည်။
" ဘာဖြစ်တာလဲ? "
ခက်ထန် အနားသို့ တိုးကပ်သွားလေ အပုပ်နံ့က ပို၍ပြင်းလာလေ ဖြစ်ကာ သူ၏ ပျို့တက်ချင်နေသော ခံစားမှုများကလည်း လှိုက်ကာ လှိုက်ကာ ရင်ခေါင်းဝသို့ ထိုးတက်လာတော့၏ ။ သို့သော် အားတင်းကာဖြင့် ခက်ထန် ကြည့်နေသည့်နေရာသို့ ရောက်သောအခါ ခေါင်းကို လှည့်ကာ ကြည့်လိုက်မိသည် ။
သူ့မျက်လုံးတို့ ပြာဝေသွားလျက် နဂိုကတည်းက ယိုင်လဲချင်နေသော ခြေထောက်များက ခွေကျသွားတဲ့အခါ ခက်ထန်က ဆွဲထိန်းပေးထားသည် ။ သူ့ နှုတ်ခမ်းက အရှေ့မှ မြင်နေရသော အရာကို ထိတ်လန့် ကြောင်အစွာ ငေးကြည့်ကာ ခေါ်လိုက်မိတော့၏ ။
"ဒယ်ဒီ!  "
သူ ခေါ်လိုက်သည် ။ သူ့ခေါ်သံကြောင့် ခက်ထန် မျက်ဝန်းတို့က တဖြည်းဖြည်း မဲမှောင်လာကာ...
" ဒယ်ဒီ? ဒါ ကျုပ် အဖေပေါ့ "
ထိန်းချုပ်မရသော အရာတစ်ခုကို လွှတ်ချပေးလိုက်သည့်အခါ အစာမရှိသည့် အစာအိမ်မှ လေများ ရေများသာ ပြန်အန်ထွက်ကုန်သည် ။ ဝမ်းခေါင်းထဲမှ အပေါ်သို့ မီးစဖြင့် ထိုးနေသလို နာကျင်လာရကာ သူ့တကိုယ်လုံးသည် ညစ်ပတ်နေသော ကြမ်းပြင်ပေါ်သို့ လဲကျသွားပေတော့မည် ။ သို့သော် အိစက်စက် အရာတစ်ခုက သူ့ကို ဖမ်းဆွဲထားသော်လည်း နွေးထွေးမှုတို့ မခံစားရ အေးစက်မှု တချို့ကိုသာ သူ ခံစားမိသည် ။
သူ့ကမ္ဘာကြီး အမှောင်အတိ မဖုံးလွှမ်းသွားခင်လေးတွင် ခက်ထန်၏ မာကျောအေးစက်နေသော စကားများက အညှာအတာကင်းမဲ့စွာ သူ့ နှလုံးသားကို ထိုးနှက်၏။
" ခင်ဗျားလင်ကြီးကြောင့် အခုလိုဖြစ်သွားတာမလား? သွားသေလိုက်တော့ ထည်ဝါလင်းရှိန်!  ခွေးမသား... ခင်ဗျားတို့နှစ်ယောက်လုံး တမလွန်မှာ သွားသေလိုက်ကြတော့... "
Message box  ထဲထိ တကူးတက အပ်ပုဒိတ်လာတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နော် မိုတီတွေလည်း အများကြီးရပါတယ်... နောက်ကျသွားလို့လည်း တောင်းပန်ပါတယ် နော် စာလဲ အရှည်ကြီး ရေးပေးထားပါတယ် 😍😍😍😍💖💖💖💖💖 အိုင်လပ်ယူအော ယူလပ်အိုင်အော မွချိ
Unicode version
Comment