50

အာ႐ုဏ္ဦး၏ အလင္းဓာတ္ေလးက ပိန္သြယ္သြယ္မ်က္ႏွာေလးေပၚသို႔ ျဖာက်သည္ ။
ေဖာင္းအစ္နီရဲေနေသာ မ်က္လံုးေလးမ်ားက တေနရာဆီသို႔သာ ေငးၾကည့္ေန၏ ။ ႏႈတ္ခမ္းေလးတလႈပ္လႈပ္ျဖင့္ ဘာေျပာေနမွန္းမသိရေသာ္လည္း တဖက္လူကေတာ့ သူ ဘာေျပာေနသလဲ သိေနသည့္ဟန္ျဖင့္ အနားသို႔တိုးကပ္လာသည္ ။

" ေနာက္မွ ေတာင္းပန္!  စကားမေျပာနဲ႔ ေမာေနမယ္"

သူ တခ်က္ေတာ့ ၿပံဳးမိသြား၏ ။ သူ ႏႈတ္ခမ္းေလးလႈပ္႐ံုေလာက္ေလးနဲ႔ သူ႕ကိုကိုက ဘာေျပာေနသလဲ တန္းသိသည္ ။ ဒီေလာကမွာ သူ႕အေၾကာင္းကို သူ႕ထက္ပိုသိသူက ထည္ဝါလင္းရိွန္မွတပါး တျခားမရိွေပ ။
သူ နားလည္ထားသည္ ။ သူ႕ ကိုကိုက သူ႕ကို အရမ္းခ်စ္တာ.... ။

" မငိုနဲ႔ေလ... မ်က္လံုးေတြ နာေနမယ္ ။ မ်က္စိက ေနာက္စိ ေရာက္ေနပါတယ္ဆိုမွ... "

ပြစိပြစိ ေျပာေနသူ၏ ပါးျပင္ေပၚသို႔ မ်က္ရည္စီးေၾကာင္းေလးက လ်င္ျမန္စြာ ျဖတ္ေျပးသြားေတာ့သည္ ။

" ကို.. ကို လည္း မ ငို နဲ႔ "

အသံတိုးေလးက ေျခာက္ေသြ႕အက္ကြဲေန၏ ။

" ငါ... ငါ က ငိုလို႔ရတယ္ ။ မင္းက ငိုလို႔မရဘူး "

ႏႈတ္ခမ္းဖူးေလးက တြန္႔ခ်ဴိးစြာ ၿပံဳးျပတဲ့အခါ ခက္ထန္ အၿပံဳးကို ေငးၾကည့္လာခဲ့ေသာ ထည္ဝါလင္းရိွန္..... ။

ဒီအၿပံဳးေတြကို အၿမဲေငးေနရတဲ့ ၀ဋ္က မကြၽတ္လြတ္ႏိုင္ခဲ့ဘူး ။

အေျခအေနတည္ၿငိမ္သြားၿပီးေနာက္ ေဆး႐ံုက ျပန္ဆင္းလာတဲ့အခ်ိန္ထိ အနားမွာ အၿမဲမခြာ ေစာင့္ေရွာက္ေပးေနခဲ့တဲ့ သူ႕ကိုကို ။ အသဲအစားထိုးကုသလိုက္ရၿပီး ေရရွည္စြဲေသာက္ရမည့္ ေဆးေတြလည္း ပံုမွန္တိုက္ေပးေသာ သူ႕ကေလးေတြရဲ႕ အေဖ ။
လသားအရြယ္ ကေလးေလးမ်ားကို သူ႔မွာ ခ်ီခြင့္မရိွေသးေပ ။ ေမ်ာက္ကေလးေတြေသာင္းက်န္းလြန္းလို႔ ခြဲထားတဲ့ဒဏ္ရာ ထိမွာဆိုးလို႔ ဟူ၍ ကိုကိုက ကေလးခ်ီခြင့္မေပးေသးေပ ။

" ငါနဲ႔မင္းနဲ႔ ပထမဆံုး ရန္ျဖစ္တဲ့ အခ်ိန္ ေန႔ ရက္ လ အတိအက်ကိုေျပာ! "

ကိုကို မရိွတုန္း အနားေရာက္လာၿပီး ေရဗူးတဗူးကိုင္လ်က္ ေမးခြန္းထုတ္ေနေသာ ႐ိုင္နာ့ကို ၾကည့္ၿပီး ခက္ထန္ ေခါင္းမူးလာေတာ့သည္ ။

သတိရလာကတည္းက အရင္က အေျကာင္းေတြမွန္သမ်ွ လံုးေစ့ပတ္ေစ့ လိုက္ေမးေနေလ၏ ။ သူ ေမးတာကို ေယာင္လည္လည္ သတိမရသလို လုပ္မိရင္ လက္ထဲက ေရမန္းဆိုတဲ့ ဗူးထဲက ေရေတြကို ေခါင္းေပၚ ေလာင္းခ်သည္ ။

စိတ္တိုစရာအေကာင္းဆံုးက 

" တျခားလူ ကိုယ္ထဲ ၀င္ေနစမ္းပါလား ဖုတ္ကေလးရယ္.. ဒီေကာင့္ မ်က္ခြက္ျမင္ေနရတာ က်က္သေရတံုးလြန္းလို႔ပါ "

လို႔ ထထေျပာတတ္ေသးသည္ ။ လူလည္ေကာင္က
ဒီစကားေတြကို ကိုကို မရိွတဲ့အခ်ိန္ ေရြးလာၿပီးမွ ေျပာေျပာ သြားတတ္သည္ ။

" ေဟ့ေကာင္ ဖုတ္... ငါ ေမးေနတယ္ေလ "

" ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ ရန္ျဖစ္တာ အႀကိမ္ေပါင္းေရတြက္လို႔ေတာင္ မရဘူး အဘိုးႀကီးရဲ႕... ဘယ္အခ်ိန္ စျဖစ္တာလဲ ဘယ္သူကမွတ္မိမွာလဲ?  "

" မင္းက ခက္ထန္ အစစ္ဆို သိရမွာေပါ့... မသိဘူးဆိုကတည္းက ခက္ထန္ မဟုတ္လို႔ပဲ!  လာခဲ့စမ္း... "

႐ိုင္နာ ခက္ထန္ ေခါင္းကို ေနာက္ေစ့မွ ဆြဲကိုင္ကာ
လက္ထဲမွ ေရဗူးထဲရိွ ေရမ်ားအား ေခါင္းေပၚေလာင္းခ်ပစ္သည္ ။

" အ!  ေခြးမသားႀကီး... ခင္ဗ်ားကို တိုင္ေျပာမယ္"

ခက္ထန္ စကားကိုၾကားတဲ့အခါမွ ႐ိုင္နာ သူလုပ္သမွ်ကို ရပ္ပစ္လိုက္သည္ ။ သူ႕ကို ထည္ဝါလင္းရွိန္ နဲ႔ တိုင္ေျပာမည္ဟု ေျပာလိုက္ေသာေၾကာင့္ ေရမန္းနဲ႔ေလာင္းျခင္း ရပ္သြားသည္ဟု ခက္ထန္ က ထင္လိုက္မိ၏ ။

သို႔ေသာ္ျငား မဟုတ္ေသးေပ ။ သူ ရပ္တန္႔လိုက္ျခင္းမွာ ခက္ထန္ က သူ႕ကို 'ေခြးမသားႀကီး' ဟု ဆဲလိုက္ျခင္းေၾကာင့္သာျဖစ္၏ ။

ေဆး႐ံုက ဆင္းလာၿပီးကတည္းက ခက္ထန္ က ခက္ထန္ မဟုတ္စြာ သူ႕ကို 'အစ္ကို႐ိုင္နာ'
ဟုေတာင္ ေခၚလိုက္ေသးသည္ ။ အဲ့ကတည္းက ယဥ္ေက်းတဲ့ဖုတ္ ၀င္ေနတယ္ဆိုတာ သူ ပို၍လက္ခံလိုက္ျခင္းျဖစ္၏ ။

" ေစာေစာစီးစီးကတည္းက ဆဲလိုက္ပါေတာ့လား။ ငါ့ကို ဘာလို႔ အစ္ကို႐ိုင္နာ လာလုပ္ေနေသးလဲ ? "

" ေခၚခ်င္လို႔ ေခၚတယ္မ်ား ထင္ေနလား ။ ကိုကို က သူ႕ဆီက ခြင့္လႊတ္မႈ လိုခ်င္ရင္ ခင္ဗ်ားကိုပါ အႀကီးတစ္ေယာက္လို ေလးေလးစားစား ဆက္ဆံေပးရမယ္လို႔ မွာထားလို႔!  "

႐ိုင္နာ မဲ့ၿပံဳးေလးၿပံဳးလိုက္ကာ
လက္ထဲက ေရဗူးျဖင့္ ခက္ထန္ မ်က္ႏွာကို ပစ္ေပါက္ပစ္လိုက္၏ ။ ႐ုတ္တရက္ဆန္လွေသာ ဖ႐ိုဖရဲ တိုက္ခိုက္မႈေၾကာင့္ ခက္ထန္ ပင္ ေရွာင္ခ်ိန္မရခဲ့ေပ ။

မၾကာမီအခ်ိန္ပိုင္း၌ ခက္ထန္ နဖူးေပၚမွ နီရဲရဲ ဘုသီးကို ၾကည့္လ်က္ ထည္ဝါလင္းရိွန္ ၏ ေဒါသတႀကီး ေအာ္ဟစ္လိုက္သံသည္ အိမ္ႀကီးတစ္ခုလံုးကို ပဲ့တင္ထပ္သြားေတာ့၏ ။

××××××××   ××××××××

အသည္းအစားထို္းကုသမႈမွ က်န္ရစ္ခဲ့ေသာ ဒဏ္ရာသည္ လအနည္းငယ္ ၾကာျမင့္ၿပီးတဲ့ေနာက္၌
သြားလာလႈပ္ရွားႏိုင္ေသာ အေျခအေနသို႔ ကူးေျပာင္းလာခဲ့သည္ ။ နဂိုကမွ ခႏၶာကိုယ္ သန္မာထြားႀကိဳင္းလြန္းသူမို႔ အိပ္ရာထဲ လွဲေနရသည့္အလုပ္ကို သေဘာမက်လွေပ ။ သူ႕ကေလးေပါက္စေလးေတြကိုလည္း တစ္ေယာက္တဖက္စီ ေပြ႕ယူထားႏိုင္ေနၿပီ ။ ကိုကို မသိေအာင္လည္း အျပင္သို႔ ခိုးထြက္ႏိုင္ေနျပီ ။ ေလ့က်င့္ခန္းလည္း အနည္းအက်ဥ္း ျပန္လုပ္ႏိုင္ေနၿပီ.. ။ ႐ိုင္နာနဲ႔လည္း တစ္ေယာက္တစ္ခြန္း စကားႏိုင္လုႏိုင္ေနၿပီ ။ မိႈင္း ကိုလည္း လည္ပင္းညႇစ္လ်က္ ႐ိုင္နာ စိတ္မတိုတိုေအာင္ စေနာက္ေနႏိုင္ျပီ ။ သို႔ေသာ္ ေရေတာ့ တစ္ေယာက္တည္း မခ်ဳိးႏိုင္ေသးေပ ။ ထမင္းတစ္လုပ္ ပါးစပ္ထဲ ထည့္ဖို႔ရန္လည္း ဇြန္းေတာင္ မကိုင္ႏိုင္ေသးေပ ။

ဆပ္ျပာပူေဖာင္းေလးမ်ားကို လက္ေပၚတင္ကာ
ပါးေလးေဖာင္းလ်က္ ဖူး ဖူး ဟု မႈတ္ဖို႔ရန္ေတာ့ မာဖီးယားႀကီးက မေမ့ေလ်ာ့ႏိုင္ခဲ့ပါ ။ ေက်ာကုန္းေနာက္မွ ခပ္ဖြဖြ လက္ကေလးတစ္ဖက္သည္လည္း ေႏြးေထြးလြန္းလွပါဘိ ။

သူ႕ ဆံပင္ၾကားထဲ ေရွ႕တိုးေနာက္ငင္ တိုး၀င္ေနေသာ
လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက ဦးေရျပားကိုပင္ ယားက်ိက်ိျဖစ္ေစသည္ ။ သူ တခ်ိန္လံုး 'လူယုတ္မာ' ဟု ေအာ္ဟစ္ေနခဲ့ေသာ သူ႕ကိုကို သည္ သူ႕အား ေခါင္းေလွ်ာ္ေပးေနခ်ိန္မွာေတာင္ လက္သည္းစူးစူးေလးမ်ားကို ထုတ္မသံုးရက္ခဲ့ေပ ။ ဒါကိုျမင္တဲ့အခါ ေရဇလံုထဲ မွ သူ႕ကိုယ္လံုးေလးဟာ တသိမ့္သိမ့္တုန္လာလ်က္ ၿပံဳးရႊင္ေနေသာ မ်က္ႏွာေလးကပါ ေရေႏြးပူေလာင္းခ်ခံလိုက္ရေသာ ပန္းကေလးလို ညိႇဳးႏြမ္းလာခဲ့သည္ ။

" ဘာျဖစ္တာလဲ ခက္ထန္ .. ဘယ္နား ျပန္နာလာလို႔လဲ ဟမ္ "

စိုးရိမ္စြာ တုန္လႈပ္မႈေၾကာင့္ အသံတို႔ဟာ အဖ်ားခတ္တုန္ရီသြားသလို ပံုမွန္ထက္လည္း က်ယ္ေလာင္လာ၏ ။ မ်က္၀န္းရွည္တို႔ အနား ကပ္တြယ္ေနၾကေသာ မ်က္ေတာင္ကေလးမ်ားကပါ သူ႕အလိုအတိုင္း လႈတ္ခတ္လာခဲ့သည္ ။

" ရင္ဘတ္ထဲက နာလို႔!  "

" .... "

" ကိုကို ေရာ နာဖူးတယ္မလား? အရမ္းနာခဲ့မွာေပါ့ .... ကြၽန္ေတာ္ သိတယ္ အရမ္း အရမ္း ကို နာခဲ့မွာ "

ခက္ထန္ လက္တဖက္သည္ ေရဇလံုအျပင္တြင္ ဒူးေထာက္လ်က္ ထိုင္ေနေသာ ထည္ဝါလင္းရိွန္၏ ၀ဲဘက္ရင္အံုေပၚသို႔ က်ေရာက္သြားကာ အဖိုးတန္ရတနာေလးတစ္ခုလို ယုယစြာ ထိေတြ႕ေနခဲ့၏ ။ သူ႕မ်က္လံုး၀ိုင္းေလးမ်ားသည္
ရင္ဘတ္ေပၚတြင္သာ တည္ၿမဲေနလ်က္ ပါးျပင္ေပၚသို႔ စိုစြတ္မႈ ေရစီးေၾကာင္းေလးတစ္ခုကို ဖန္တီးယူခဲ့သည္ ။ သူ႕ပခံုးတို႔ဟာ တုန္ရီေၾကကြဲမႈတို႔ေၾကာင့္ အဆမတန္ လႈပ္ခါလာေတာ့သည္ ။ ေရွ႕သို႔ အနည္းငယ္ကိုင္းလာေသာ ထည္ဝါလင္းရိွန္၏ ရင္ခြင္တြင္းသို႔ ေခါင္းေလးတိုး၀င္ကာ ႐ိႈက္ငင္စြာ ငိုေႂကြးျပန္သည္ ။ သူ႕ ဘ၀တြင္ ဒီလူသားႏွင့္ပတ္သက္လာပါက လုပ္ႀကံေကာက္က်စ္၍ ဖန္တီးရယူခဲ့ေသာ အတုအေယာင္ ေအာင္ႏိုင္မႈသာ ရိွသည္ ။ သူ လုပ္ခဲ့သမွ် အရာရာတိုင္းကို သူက ေအာင္ႏိုင္မႈဟု အထင္မွားခဲ့ဖူးသည္။ ဒီလူသားကသာ သူ႕အေပၚ ခ်စ္ျခင္းတရားတို႔ ရိွမေနဘူးဆိုပါက သူဆိုတာ ဒီအသက္အရြယ္အထိ ေလာကႀကီး၌ လူျဖစ္ေနစရာအေၾကာင္းမရိွပါေခ် ။

လူ႕ေခါင္းထက္တြင္ ၾကင္နာရိပ္တို႔ ေပါမ်ားေနေသာ ေႏြးေထြးေနသည့္ လက္ကေလးတစ္ဖက္ရိွသည္ ။
သူ႕ပါးျပင္ေပၚမွ ေရမ်ားႏွင့္ ေရာေထြးေနေသာ မ်က္ရည္စကေလးမ်ားကို သုတ္ဖယ္ေပးေနသည့္ သူ႕အား အၿမဲကာကြယ္ေပးခဲ့ပါေသာ လက္တစ္ဖက္ရိွေနသည္ ။ ဒီရင္ခြင္ဟာ ေႏြးေထြးလြန္းလို႔ ေရထဲေရာက္ေနေသာ ခႏၶာကိုယ္တပိုင္းကေတာင္ ေအးခဲမႈကို မခံစားရေတာ့ေပ ။ သူ အခ်ိန္လြန္ၿပီးေနာက္ သိခဲ့ရသည္မွာ သူ ေနာက္ဆံုးထြက္သြက္ထိ တိုး၀င္အိပ္စက္ခ်င္ေသာ ရင္ခြင္သည္ ဒီရင္ခြင္ေႏြးေႏြးေလးသာ ျဖစ္၏ ။

" ဘယ္တုန္းကမွ မနာခဲ့ဖူးပါဘူး ။ ေပါက္ကရေတြေလွ်ာက္မေတြးနဲ႔  ။  "

ထိုလူဟာ မ်က္ရည္တို႔ ရစ္၀ိုင္းကာ မလိမ္တတ္ဘဲသူ႕အတြက္ လိမ္ညာေပးခဲ့သည္ ။ သူလည္း သိသည္ ။  ထည္ဝါလင္းရိွန္ လို ေယာက်္ားမ်္ဳးဟာ "နာခဲ့တာေပါ့" ဆိုတဲ့ စကားအမွန္ကို ဘယ္ေတာ့မွ ေျပာထြက္လာမွာမဟုတ္ဘူး ။ လိမ္ညာလွည့္ဖ်ားတဲ့အေျဖစကားေလးတစ္ခုနဲ႔ပဲ ခက္ထန္ ကို ေပ်ာ္ရႊင္ေစခ်င္ခဲ့႐ံုေလးတင္... ။

ကိုကိုက ခြင့္မလႊတ္ဘူးလို႔ ဘယ္တုန္းကမွ မေျပာခဲ့ဖူးဘူး ။ "ငါ ခြင့္လႊတ္တာ လိုခ်င္ရင္" လို႔သာ  သူ စိတ္ဆိုးခ်င္ေနတာကို သြယ္၀ိုက္ၿပီး ေျပာခဲ့တာ.... ။ သူ႕ကိုကိုဟာ သူ႕အေပၚဆို "ငါ မင္းကို ခြင့္မလႊတ္ႏိုင္ဘူး " ဆိုတဲ့ စကားမ်ဳိးေျပာဖို႔ရန္ေတာင္ ၀န္ေလးတတ္တဲ့ လူစားမ်ဴိးျဖစ္ေနခဲ့သည္ ။ ထည္ဝါလင္းရိွန္ ရဲ႕ ျမတ္ႏိုးမႈေတြဟာ ျမင္သာလာေလ သူ႕အျပစ္ေႂကြးေတြဟာ တစထက္တစ ႀကီးထြားလာခဲ့သလိုပင္ ။ သူ႕ကိုကို ေရွ႕ေရာက္တိုင္း သူဟာ သိမ္ငယ္စိတ္ ၊ အားနာစိတ္ ၊ ရွက္ရြံစိတ္ေတြနဲ႔ပဲ ထာ၀ရ ရွင္သန္ေနရေတာ့မည့္ပံုပင္ ။

ကိုကို႔ ကားေလး ၿခံထဲသို႔ ၀င္လာသည္ကို
ျမင္သည့္အခ်ိန္ကတည္းက သူ႕ႏွလံုးခုန္ႏႈန္းေတြဟာ အရိွန္အဟုန္တိုးျမင့္လာေတာ့သည္ ။ အိမ္ထဲမွ အေျခအေန ေစာင့္ၾကည့္ေနၾကေသာ ႐ိုင္နာ ႏွင့္ မိႈင္း ဘက္သို႔ လွည့္ၾကည့္ကာ လာေခ်ာင္းၾကည့္မေနရန္ လက္ဟန္ျပ၍ ေမာင္းထုတ္တဲ့အခါ လက္ထဲမွ သားငယ္ကို ခ်ီထားတဲ ့ ႐ိုင္နာက ကေလးတဖက္နဲ႔ေတာင္ လက္ခလယ္ ျပန္ေထာင္ျပေလ၏ ။ မိႈင္း ကေတာ့ သားႀကီးကို ခ်ီထားကာ သူ႕လူႀကီး၏ ေျခေထာက္ကို ပိတ္ကန္ပစ္လိုက္သည္ ။

သူ႕ေရွ႕တည့္တည့္သို႔ ေလွ်ာက္လာေသာ ကိုကိုသည္
သူ႕ပင္ကိုယ္စတိုင္ ပုဆိုးအျပာေလးကို ေျခမ်က္စိဖံုးသည္အထိ ၀တ္ဆင္ထားသည္ ။ ရွပ္အက်ႌမိုးျပာေရာင္ေလးက သူ၏ ျဖဴႏုေနေသာ အသားအရည္ကို အလင္းေရာင္စလိုက္မီး ထိုးေပးေနသည့္ ပံုႏွင့္ တူလွသည္ ။ သူ ငယ္ငယ္က ေတြ႕ခဲ့ဖူးတဲ့ ကိုကိုဟာ ဂ်င္းေဘာင္းဘီ ခါးၾကားထဲ ေသနတ္ထိုးထည့္ကာ ခုန္ပ်ံေက်ာ္လႊားေနေသာ သူတစ္ေယာက္ျဖစ္၏ ။ ဒါေတြဟာ ကိုကို တကယ္လိုခ်င္ေသာ ပံုစံအစစ္အမွန္မဟုတ္ေပ ။ ကိုကို က ေဘာင္းဘီ၀တ္ရတာ မႀကိဳက္ဘူး ။ အေနာက္တိုင္း၀တ္စံုျပည့္၀တ္ရတာ မႀကိဳက္ဘူး ။ ကိုကို က ေျခမ်က္စိဖံုးပုဆိုးေလးနဲ႔ ႐ိုး႐ိုးရွင္းရွင္း ရွပ္ကေလး ၀တ္ရတာ ႀကိဳက္တာကို သူ သတိမထားမိခဲ့ေပ ။ ကိုကိုကသာ သူ ဘာကိုႀကိဳက္သလဲ ေျပာစရာမလိုေအာင္ သိေနေပမဲ့ သူကေတာ့ ကိုကို ဘာႀကိဳက္သလဲ ဘယ္လိုဘ၀မ်ဳိးကို လိုအပ္ေနခဲ့သလဲ တခါမွ မေတြးေပးခဲ့ဖူးေပ ။ ဒီလို အ႐ိုးရွင္းဆံုး လူသားကို သူက လူသတ္သမား ၊ လူယုတ္မာ ၊ ဥစၥာ႐ူး လို႔ေတာင္ သတ္မွတ္ခဲ့ဖူးသည္ ။ ဘယ္ေလာက္ေတာင္ ႐ူးမိုက္ၿပီး လူမဆန္ခဲ့သလဲ ။ သူ႕အေၾကာင္းသူ ေတြးမိရင္ေတာင္ သူ႕ကိုယ္သူ ရြံသည္ ။

" ခက္ထန္! "

သူ႕ ေရွ႕က ကိုကိုဟာ ဘယ္ႏွႀကိမ္ေျမာက္ ေခၚေနသလဲေတာင္ သတိမမူမိခဲ့ေပ ။ ကိုကို ့ ၀တ္စားဆင္ယင္မႈကေန တဆင့္ေတာင္ သူဟာ သူ႕ကိုယ္သူ ရြံရွာစိတ္ျဖစ္ေနမိသည္ ။

" ဘာေတြေတြးေနတာလဲ?  ဒါေတြက ဘာ... လုပ္ထားတာလဲ? "

ၿခံ၀န္းထဲမွ အလွပန္းတို႔ျဖင့္ ပံုပ်က္ပန္းပ်က္ ျပင္ဆင္ထားေသာ ႐ို္င္နာ့ လက္ရာကို မၾကာေသးခင္ကမွ သူ ႀကိတ္ဆဲလိုက္ေသး၏ ။ ဒန္းေပၚမွာေတာင္ ပန္းေျခာက္ေတြကို ပြစာႀကဲေအာင္လုပ္ထားသည္ကို မဂၤလာပြဲေတြမွာ ျပင္ဆင္ထားတဲ့ပံုလွလွေတြနဲ႔ ယွဥ္ကာ သူ႕လက္ရာက သာေသးသည္ဟု ေခါင္းေမာ့ရင္ေကာ့ေနေသး၏ ။ ကိုကို က ႐ႈပ္ပြေနေသာ အျပင္အဆင္ကို ၾကည့္ၿပီး
အၿပံဳးေအးေအးေလးျဖင့္ သူ႕ဘက္သို႔ လွည့္ၾကည့္လာသည္ ။ သူသာ အထင္မမွားလွ်င္ ကိုကို႔မ်က္၀န္းထဲ ၀မ္းနည္းရိပ္တခ်ဳိ႕ ျဖတ္ေျပးသြားခဲ့၏ ။

" ဒါ ၿခံထဲမွာ လုပ္တတ္တဲ့ မဂၤလာပြဲေတြလို ျပင္ထားတာလား ။ ႐ိုင္နာ က မိႈင္းကို အရမ္းခ်စ္တာပဲေနာ္ ။ သူ ကိုယ္တိုင္ျပင္ဆင္ထားၿပီး လက္ထပ္ခြင့္ေတာင္းမဲ့ပံုပဲ "

" ႐ိုင္နာ ့ လက္ရာမွန္း ဘယ္လိုသိလဲ?  "

"ဒီလို ပံုဆိုးပန္းဆိုး အျပင္အဆင္က ႐ိုင္နာ့ လက္ကလြဲရင္ ဘယ္သူမွ မရိွဘူးေလ... ။ အဲ့ေတာ့... သတို႔သားႏွစ္ေယာက္က ဘယ္ေရာက္ေနတာလဲ? "

ကိုကို က ၿပံဳးေနေပမဲ့ တစ္စံုတစ္ရာကို ၀မ္းနည္းေနခဲ့သည္ ။ ကိုကို က သူ႕ဆီက အခ်စ္နဲ႔အတူ ဘာဆိုဘာကိုမွ် မေမွ်ာ္လင့္ေတာ့သည့္ပံုဟာ သိပ္ကို ထင္ရွား၍လာခဲ့သည္ ။ ဒါ သူ လုပ္ခဲ့မိတဲ့ အျပစ္ေတြပဲ ။

သူ ေရွ႕သို႔ တိုးေလွ်ာက္သြားကာ သူ႕ကိုကိုေရွ႕
ေရာက္သည့္အခါ မ်က္လံုးရွည္ေလးမ်ားကို စိုက္ၾကည့္ၿပီးေနာက္ ဒူးေထာက္ခ်လိုက္သည္ ။ ကိုကို႔မ်က္၀န္းထဲ အံ့ဩမႈတခ်ဳိ႕ ျဖတ္ေျပးသြားေတာ့သည္ ။ ႏႈတ္ခမ္းပါးေလးဟာ ပြင့္ဟလာကာ အသက္႐ႈသံျပင္းျပင္းေလးျဖင့္ ရင္ဘတ္ေလးဟာ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္၍ ေနေလသည္ ။

" ကြၽန္ေတာ္ လူမွန္းသိတတ္စအရြယ္ကတည္းက မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေလာက္ေအာင္ ခ်စ္ခဲ့ဖူးတဲ့ ကိုကို တစ္ေယာက္ရိွတယ္ ။ ကိုကိုကလည္း ကြၽန္ေတာ္ ့ ကို 'ထန္ထန္ က ကိုကို႔အခ်စ္ဆံုးပါ ' လို႔ ေျပာခဲ့ၿပီး 'ဘယ္ေတာ့မွ မထားခဲ့ဘူး ' လို႔လည္း ကတိေတြေပးခဲ့တယ္။ တေန႔က်ေတာ့ ကံၾကမၼာက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ခြဲပစ္ခဲ့ၾကတယ္ ။ ကြၽန္ေတာ္ က သူ႕အေပၚ သိပ္ကို တကိုယ္ေကာင္းဆန္ၿပီး ယုတ္မာခဲ့မိေသးတယ္ ။ သူက ကြၽန္ေတာ့္ အသက္ကို ကယ္ေပးခဲ့တာေတာင္ေလ... ကြၽန္ေတာ့္အတြက္ဆို သူ႕သိကၡာေတြေတာင္ ခ်နင္းပစ္ခဲ့တာကိုေလ... ဒါေတြကိုေတာင္ မေထာက္ထားခဲ့ဘဲ သူ႕အေပၚ အရက္စက္ဆံုးနည္းေတြနဲ႔ပဲ တံု႔ျပန္ခဲ့တယ္ ။ ကြၽန္ေတာ့္ရဲ႕ ကိုကို က အရမ္းဆြဲေဆာင္မႈရိွလြန္းလို႔ သူ႕အနားမွာရိွတဲ့ လူတိုင္းက သူ႕ကို ခ်စ္ေနခဲ့ၾကတာ... ဒါေပမဲ့ ဘယ္သူမွမသိဘူး ။ ကြၽန္ေတာ့္ကိုကို ရင္ထဲမွာ လူယုတ္မာေကာင္ ကြၽန္ေတာ္ တစ္ေယာက္တည္း ရိွေနခဲ့တယ္ဆိူတာ ဘယ္သူမွ မသိခဲ့သလို ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ မသိခဲ့ဘူး ။ တခ်ိန္လံုး... တခ်ိန္လံုး သူ႕ကို ဘယ္လိုနာက်င္ေအာင္ လုပ္ရမလဲလို႔ပဲ ေတြးေနခဲ့တာ... ။ အဲ့ေလာက္ထိ သူ႕အေပၚ ရက္စက္ခဲ့မိတာပါ ။ သူ႕အနားမွာ ေနေနရတဲ့အခ်ိန္ေတြမွာ ကလဲ့စားေခ်မႈေတြၾကားမွာ ေႏြးေထြးမႈေလးေတြ ခံစားေနရၿပီဆိုတာ နားလည္လာခဲ့တယ္ ။ ကြၽန္ေတာ္လက္မခံခ်င္ေပမဲ့ ဒါ အမွန္တရားျဖစ္ေနတယ္ ။ သူ႔ ေရွ႕မွာ အရက္စက္ဆံုးစကားေတြနဲ႔ တံု႔ျပန္ရတာကို သေဘာက်မိသလို သူအိပ္ေပ်ာ္ေနတဲ့အခ်ိန္ သူ႕ပါးျဖဴျဖဴေလးကို ခိုးနမ္းရတာ ၊ သူမသိေအာင္ သူ႕ဗိုက္ပူပူေလးကို ထိေတြ႕ရတာ ။ သူ မသိေအာင္ သူ႕ႏႈတ္ခမ္းေလးကို ခိုးထိရတာ ။ သူ မသိေအာင္ သူ႕ရင္ခြင္ထဲ တိုး၀င္ၿပီး တေရးေလာက္ အိပ္စက္ရတာကို ကြၽန္ေတာ္ သိပ္သေဘာက်တာပဲ.... အဲ့အခ်ိန္ေတြကတည္းက လက္ခံခဲ့ရတာက သူဆိုတာ ကြၽန္ေတာ့္ ဘ၀အတြက္ မရိွလိူ႕ မျဖစ္ေတာ့ဘူးဆိုတာပဲ!  သူက ထပ္ခါထပ္ခါေမးခဲ့တယ္ ။ 'မင္း ငါ့ကို ခ်စ္လား ခက္ထန္ ' တဲ့ ။ မေသခ်ာတဲ့အခ်ိန္မွာ ကိုယ့္ႏွလံုးသားကိုယ္ လက္မခံခ်င္ေသးတဲ့မခ်ိန္မွာ သူေမးတာကို မေျဖမိခဲ့ဘူး ။ သူ ကေတာ့ ဘာမွအျပစ္မယူခဲ့ေပမဲ့ သူ မ်က္ရည္ေတြေတာ့ ၀ဲေနခဲ့တယ္ ။ ကြၽန္ေတာ္ ႏွလံုးသားကို လက္ခံေပးႏိုင္တဲ့အခ်ိန္ဟာ သိပ္ကို ေနာက္က်သြားခဲ့ၿပီ ။ လူ႕ေလာကႀကီးက အခ်ိန္မေရြးထြက္သြားရေတာ့မဲ့ လူတစ္ေယာက္အေနနဲ႔ သူ႕ကို နာက်င္မႈေတြနဲ႔ မထားခဲ့ရက္ႏိုင္ခဲ့ဘူး... ။ ကြၽန္.. ကြၽန္ေတာ္....  "

သည္းထန္စြာ ရြာသြန္းလာေသာ မိုးေရစက္မ်ားသည္ သူတို္႔ႏွစ္ဦး၏ ခႏၶာကိုယ္ေပၚတြင္ ခုန္ပ်ံေက်ာ္လႊားေနၾကသည္ ။ ဒူးေထာက္လ်က္သား သူ႕ေရွ႕တြင္ သူ႕ကိုကို ကပါ ဒူးေထာက္လာကာ သူ႕စကားမ်ားကို ႏႈတ္ခမ္းလႊာႏွစ္ခု ထပ္တူက်လို႔
တိုးတိတ္ေစခဲ့၏ ။ မိုးေရမ်ားဟာ ပတ္၀န္းက်င္တခြင္လံုး မဲေမွာင္ကာ ႏွစ္ဦးသားအား
ရႊဲရႊဲစိုသြားေစ၏ ။ သူ လက္ကေလးႏွစ္ဖက္ျဖင့္
သူ႕ကိုကို၏ ရင္ဘတ္အား အားမပါစြာ တြန္းကာ
လက္အုပ္ေလးခ်ီလိုက္၏ ။

" ေတာင္းပန္ပါတယ္ ။ ကြၽန္ေတာ္က ဒီလို. .ဒီ လို... ေတာင္းပန္ပါတယ္ ။ ကြၽန္ေတာ္...က ဘာတခုမွ မေကာင္းခဲ့ေပမဲ့ ေရွ႕ဆက္ရမဲ့ အနာဂတ္မွာ ကိုကို႔အတြက္ လိုအပ္ခ်က္မရိွဘဲ ေႏြးေထြးမႈအျပည့္ေပးႏိုင္တဲ့ ခင္ပြန္းတစ္ေယာက္ျဖစ္ေပးပါ့မယ္ ။ ဒီလို ေတာင္းပန္႐ံုေလးနဲ႔ ကြၽန္ေတာ့္ အျပစ္ေႂကြးေတြ မေၾကေသးတာ သိေပမဲ့ ေနာက္ဆံုးအခ်ိန္ထိ ေဟာဒီ့္ ႏွလံုးသားထဲက အၿမဲ ေတာင္းပန္သြားမွာပါ... "

ကိုကိုဟာ စကားတလံုးမွ ထုတ္မေျပာစြာ အဆက္မျပတ္ ေခါင္းညိမ့္ျပလ်က္ ခြင့္လႊတ္နားလည္မႈအျပည့္ အၿပံဳးေလးျဖင့္ သူ႕အား ခ်ဳိျမေစခဲ့သည္ ။ ကိုကို႔ မ်က္၀န္းနီရဲရဲေလးထဲမွ မ်က္ရည္စမ်ားသည္ အတိုင္းအဆကင္းမဲ့ေနသည္ကို မိုးေရစက္မ်ားၾကားမွ သူ ခံစားေနမိသည္ ။

ဒူးေထာက္လ်က္ မ်က္ႏွာခ်င္းဆိုင္ အေနအထားတစ္ခုျဖင့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ျမတ္ႏိုးမႈမ်ားျဖင့္ စိုက္ၾကည့္ကာ မိုးစဲသြားမည့္အခ်ိန္ကို တိတ္တိတ္ေလး ေစာင့္ဆိုင္းသည္ ။ သူ ့ ႏွလံုးသားထဲက စကားတစ္ခြန္းဟာ ဒီလူသားအတြက္ ထာ၀ရ တည္ရိွေပမဲ့လို႔ ဒီလူသား သိေအာင္ သူ ဖြင့္ဟ၀န္ခံရေပဦးမည္ ။

မိုးနတ္မင္းဟာ သူ႕ဆုေတာင္းေလးကို တိတ္တခိုးပံ့ပိုးသည္ ။ မိုးစဲသြားသည့္အခ်္န္မွသာ ကိုကို က သူ႕အသံကို ထင္ရွားျပတ္သားစြာ ၾကားရမည္ျဖစ္၏ ။

သူ႕ ေရွ႕မွ လူသားေလး၏ ပါးျပင္ေလးကို သူ႕လက္မ်ားျဖင့္ ညင္သာစြာ ထိေတြ႕လိုက္သည္။

" ကိုကို "

ကိုကိူ ့ မ်က္၀န္းထဲ မွ ေမွ်ာ္လင့္ခ်က္အရိပ္ကေလးမ်ား ျဖတ္ေျပးသြားသည္ ။ သူ႕လက္ထဲမွ လက္စြပ္ေလးတကြင္းကို ငံု႔ၾကည့္ၿပီးေနာက္ ကိုကို႔လက္သူႂကြယ္ေလးေပၚတြင္ ကြက္တိက်စြာ ေနရာယူသြားေတာ့၏ ။ ကိုကိုဟာ ပခံုးသားတို႔ တသိမ့္သိမ့္တုန္လာသည္အထိ ၿပံဳး၏ ။ ကိုကိုဟာ မ်က္ရည္ေတြနဲ႔ကို ၿပံဳးေနခဲ့တာ...

ကိုကို႔မ်က္ရည္ေတြကို သူ ျမင္ခဲ့ဖူး၏ ။ သူက နာနာက်င္က်င္ စကားေျပာတဲ့အခါ ၿပံဳးလ်က္ျဖင့္ မ်က္ရည္ေတြ၀ဲတဲ့ပံုစံ... သူက အိပ္ရာေပၚမွာ အညႇာအတာ ကင္းမဲ့တဲ့အခါ မ်က္ရည္စီးေၾကာင္းေလးျဖင့္ အံႀကိတ္ထားတဲ့ပံုစံ....

ကိုကို႔ မ်က္ရည္ေတြဟာ သူ႕ေၾကာင့္ ျဖစ္တည္လာတဲ့အခါ နာက်င္မႈေၾကာင့္ က်ဆင္းခဲ့တဲ့ အပူစီးေၾကာင္းေလးအျဖစ္သာ တည္ရိွ၏ ။

အခု က်လာေသာ ကိုကို႔ အၿပံဳးနဲ႔ မ်က္ရည္ကိုေတာ့ သူ တခါမွ မျမင္ဖူးခဲ့ေပ ။

" ကိုကို.. ကြၽန္ေတာ္.. "

သူ႕လက္ထဲမွ ကိုကို့ ခႏၶာကိုယ္ေလးဟာ ေလေလးတခ်က္အေ၀့မွာတင္ လြတ္ထြက္သြားသည္ဟု ထင္မိ၏ ။ သူ မတ္တပ္ရပ္လိုက္တဲ့အခါ ကိုကို႔ကို ဆြဲေခၚသြားေသာ ဦးစိုင္းထန္... ။ ကိုကို က ဦးစိုင္းထန္ ဆြဲေခၚရာေနာက္ကို ႐ုန္းကန္ရင္း ပါသြားရသလို သူသည္လည္း ကိုကို႔ ေနာက္ အေျပးလိုက္ေနမိ၏ ။

" ဦးစိုင္းထန္!! "

သူ အရမ္းစိတ္ဆိုးသည္ ။ ဒါ သူ႕ခင္ပြန္းေလ... ။ ၿပီးေတာ့ ဒီအခ်ိန္က မဂၤလာယူေနတဲ့အခ်ိန္... ။

" ေလသံက မာေနဆဲပါလား ေခြးသားေလးက... ဟမ္... ဒါ ငါ့သား ့... ကိုယ့္သားသမီး လာေခၚတာ ဘယ္သူ႕ ေစာက္ဂ႐ုစိုက္ရမွာလဲ?  မင္းလိုအ႐ိုင္းအစိုင္း ေခြးတိရစၧာန္ေကာင္ကို ငါက သားမက္ေတာ္မယ္မ်ား ထင္ေနလား? "

" ဒါေပမဲ့... ဒါ... ဒါ ကြၽန္ေတာ္ ခင္ပြန္း... ၿပီးေတာ့ ခင္ဗ်ား မေမ့နဲ႔ ။ ကြၽန္ေတာ္တို႔က ညားလို႔ပဲ ႏွစ္ေကာင္ေတာင္ ထြက္လာၿပီ "

" မင္းတို႔ သားေဖာက္တဲ့ ကိစၥက ငါ့အလုပ္လား? ငါ့သား ပဲ ျပန္ေခၚသြားမွာ... မင္းသာ အဲ့ ေမ်ာက္ႏွစ္ေကာင္နဲ႔ ေနခဲ့!  ငါ့သားကို မင္းပဲ မုန္းတယ္ဆို... အမႈန္႔ႀကိတ္ပစ္မယ္ဆို... အေသသတ္မွာဆိူ... မခ်စ္ဘူးဆို မင္းပဲ ေျပာခဲ့တာေလ... ငါက မင္း ဆႏၵကို ျဖည့္ဆည္းေပးတာ... မင္း ခ်စ္တဲ့လူနဲ႔ ႀကိဳက္သလို လုပ္... မဂၤလာ ပါ ေဆာင္လိုက္ ငါ လက္ဖြဲ႕မယ္ဟုတ္ၿပီလား ။ ေအာ္ .... ကေလးေတြေၾကာင့္လို႔ ေျပာခဲ့သလားလို႔... ဒါဆိုလည္း စိတ္မပူနဲ႔ေနာ္ ။ မင္းနဲ႔တူတဲ့ ေမ်ာက္ႏွစ္ေကာင္ကို မင္းပဲ ေခၚထားလိုက္ "

ဦးစိုင္းထန္ က ကိုကို႔ကို ဆြဲေခၚကာ ကားထဲသို္႔အတင္းထိုးထည့္ ေနသည္ကို ျမင္သည့္အခါ သူ ၀င္ဆြဲေသာ္လည္း သူ႕ကို အေနာက္မွ ႐ိုင္နာက ေျခေထာက္ႏွစ္ဖကိကို ဆြဲခ်ဳပ္ထားသည္ ။ ဗြက္ထထားေသာ ရႊံ အိုင္ထဲတြင္ လူးလိွ္မ့္ကာ မမီွမီွရာကိုသာ ေအာ္ဟစ္ကာ လွမ္းဆြဲေသာ္လည္း ဘာကိုမွ မမိေပ ။ ကိုကို ကလည္း သူ႕အေဖကို စကားေျပာေနေပမဲ့ အသံတိုးတိုးေလးကို သူ မၾကားရေပ ။

" ကိုကို "

ကိုကိုက သူ႕ဆီသိူ႕ ၾကည့္ကာ ကားထဲမွ အတင္း႐ုနိ႔းထြက္ဖို့ ႀကိဳးစားေနသည္ ။

" ခ်စ္တယ္ "

" ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္တယ္... "

" ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္တယ္... "

ေၾကာင္အစြာ ေငးၾကည့္လာေသာ ကိုကိုသည္ ႐ုန္းကန္ဖို႔ကိုေတာင္ ေမ့ေလ်ာ့သြားဟန္တူသည္ ။ ကိုကို႔ လႈပ္ရွားမႈမ်ားဟာ ရပ္တန္႔သြားေတာ့၏ ။

" ေမာင္ မင္းကို သိပ္ခ်စ္တယ္ ထည္ဝါလင္းရိွန္ "

" မင္းက ေမာင့္ဘ၀ရဲ႕ အလင္းေရာင္ေလးပဲ!  ေမာင္ မင္းကို ခ်စ္တယ္ ။ ေမာင္ လာခဲ့မယ္ ။. ဒီတခါ ေမာင္ကပဲ မင္းဆီကို အေရာက္လာခဲ့ပါ့မယ္ ။ ေမာင့္ကေလးေလး!  ေမာင္ အရမ္းခ်စ္တယ္ေနာ္ "

ကားဟာ လ်င္ျမန္စြာ ေမာင္းထြက္သြားခဲ့သည္ ။ သူ႕စကားေတြကို သူ႕ကိုကိုဟာ မယံုၾကည္ႏို္င္ဟန္မ်က္၀န္းေလးျဖင့္ အာ႐ံုစိုက္စြာ နားေထာင္ေပးခဲ့ေလသည္ ။

ဒီတခါေတာ့ ေမာင္ကပဲ မင္းဆီကို အေရာက္လာခဲ့ပါ့မယ္ ေမာင့္ကေလးေလး.... ။

အရမ္းႀကီး ၾကာသြားတာ ေတာင္းပန္ပါတယ္ေနာ္ သိတဲ့အတိုင္း အခါးေတြ ေရးခ်ိန္ဆို လက္က အရမ္းသြက္တာ... ဒီလိုနည္းနည္း ခ်ဳိရတာမ်ဳိးဆို သိပ္ၿပီး စာလံုးက မထြက္ဘူးျဖစ္ေနလို႔ပါ 😁

Unicode version

အာရုဏ်ဦး၏ အလင်းဓာတ်လေးက ပိန်သွယ်သွယ်မျက်နှာလေးပေါ်သို့ ဖြာကျသည် ။
ဖောင်းအစ်နီရဲနေသော မျက်လုံးလေးများက တနေရာဆီသို့သာ ငေးကြည့်နေ၏ ။ နှုတ်ခမ်းလေးတလှုပ်လှုပ်ဖြင့် ဘာပြောနေမှန်းမသိရသော်လည်း တဖက်လူကတော့ သူ ဘာပြောနေသလဲ သိနေသည့်ဟန်ဖြင့် အနားသို့တိုးကပ်လာသည် ။

" နောက်မှ တောင်းပန်!  စကားမပြောနဲ့ မောနေမယ်"

သူ တချက်တော့ ပြုံးမိသွား၏ ။ သူ နှုတ်ခမ်းလေးလှုပ်ရုံလောက်လေးနဲ့ သူ့ကိုကိုက ဘာပြောနေသလဲ တန်းသိသည် ။ ဒီလောကမှာ သူ့အကြောင်းကို သူ့ထက်ပိုသိသူက ထည်ဝါလင်းရှိန်မှတပါး တခြားမရှိပေ ။
သူ နားလည်ထားသည် ။ သူ့ ကိုကိုက သူ့ကို အရမ်းချစ်တာ... ။

" မငိုနဲ့လေ... မျက်လုံးတွေ နာနေမယ်၊ မျက်စိက နောက်‌ေစ့ရောက်နေပါတယ်ဆိုမှ... "

ပွစိပွစိ ပြောနေသူ၏ ပါးပြင်ပေါ်သို့ မျက်ရည်စီးကြောင်းလေးက လျင်မြန်စွာ ဖြတ်ပြေးသွားတော့သည် ။

" ကို.. ကို လည်း မ ငို နဲ့ "

အသံတိုးလေးက ခြောက်သွေ့အက်ကွဲနေ၏ ။

" ငါ... ငါ က ငိုလို့ရတယ်  မင်းက ငိုလို့မရဘူး "

နှုတ်ခမ်းဖူးလေးက တွန့်ချိုးစွာ ပြုံးပြတဲ့အခါ ခက်ထန် အပြုံးကို ငေးကြည့်လာခဲ့သော ထည်ဝါလင်းရှိန်! 

ဒီအပြုံးတွေကို အမြဲငေးနေရတဲ့ ဝဋ်က မကျွတ်လွတ်နိုင်ခဲ့ဘူး ။

အခြေအနေတည်ငြိမ်သွားပြီးနောက် ဆေးရုံက ပြန်ဆင်းလာတဲ့အချိန်ထိ အနားမှာ အမြဲမခွာ စောင့်ရှောက်ပေးနေခဲ့တဲ့ သူ့ကိုကို ။ အသည်းအစားထိုးကုသလိုက်ရပြီး ရေရှည်စွဲသောက်ရမည့် ဆေးတွေလည်း ပုံမှန်တိုက်ပေးသော သူ့ကလေးတွေရဲ့ အဖေ ။
လသားအရွယ် ကလေးလေးများကို သူ့မှာ ချီခွင့်မရှိသေးပေ ။ မျောက်ကလေးတွေသောင်းကျန်းလွန်းလို့ ခွဲထားတဲ့ဒဏ်ရာ ထိမှာဆိုးလို့ ဟူ၍ ကိုကိုက ကလေးချီခွင့်မပေးသေးပေ ။

" ငါနဲ့မင်းနဲ့ ပထမဆုံး ရန်ဖြစ်တဲ့ အချိန် နေ့ ရက် လ အတိအကျကိုပြော! "

ကိုကို မရှိတုန်း အနားရောက်လာပြီး ရေဗူးတဗူးကိုင်လျက် မေးခွန်းထုတ်နေသော ရိုင်နာ့ကို ကြည့်ပြီး ခက်ထန် ခေါင်းမူးလာတော့သည် ။

သတိရလာကတည်းက အရင်က အကြောင်းတွေမှန်သမျှ လုံးစေ့ပတ်စေ့ လိုက်မေးနေလေ၏ ။ သူ မေးတာကို ယောင်လည်လည် သတိမရသလို လုပ်မိရင် လက်ထဲက ရေမန်းဆိုတဲ့ ဗူးထဲက ရေတွေကို ခေါင်းပေါ် လောင်းချသည် ။

စိတ်တိုစရာအကောင်းဆုံးက 

" တခြားလူ ကိုယ်ထဲ ဝင်နေစမ်းပါလား ဖုတ်ကလေးရယ်.. ဒီကောင့် မျက်ခွက်မြင်နေရတာ ကျက်သရေတုံးလွန်းလို့ပါ "

လို့ ထထပြောတတ်သေးသည် ။ လူလည်ကောင်က
ဒီစကားတွေကို ကိုကို မရှိတဲ့အချိန် ရွေးလာပြီးမှ ပြောပြော သွားတတ်သည် ။

" ဟေ့ကောင် ဖုတ်... ငါ မေးနေတယ်လေ "

" ကျွန်တော် ခင်ဗျားနဲ့ ရန်ဖြစ်တာ အကြိမ်ပေါင်းရေတွက်လို့တောင် မရဘူး အဘိုးကြီးရဲ့... ဘယ်အချိန် စဖြစ်တာလဲ ဘယ်သူကမှတ်မိမှာလဲ?  "

" မင်းက ခက်ထန် အစစ်ဆို သိရမှာပေါ့၊ မသိဘူးဆိုကတည်းက ခက်ထန် မဟုတ်လို့ပဲ!  လာခဲ့စမ်း "

ရိုင်နာ ခက်ထန် ခေါင်းကို နောက်စေ့မှ ဆွဲကိုင်ကာ
လက်ထဲမှ ရေဗူးထဲရှိ ရေများအား ခေါင်းပေါ်လောင်းချပစ်သည် ။

" အ!  ခွေးမသားကြီး... ခင်ဗျားကို တိုင်ပြောမယ်"

ခက်ထန် စကားကိုကြားတဲ့အခါမှ ရိုင်နာ သူလုပ်သမျှကို ရပ်ပစ်လိုက်သည် ။ သူ့ကို ထည်ဝါလင်းရှိန် နဲ့ တိုင်ပြောမည်ဟု ပြောလိုက်သောကြောင့် ရေမန်းနဲ့လောင်းခြင်း ရပ်သွားသည်ဟု ခက်ထန် က ထင်လိုက်မိ၏ ။

သို့သော်ငြား မဟုတ်သေးပေ ။ သူ ရပ်တန့်လိုက်ခြင်းမှာ ခက်ထန် က သူ့ကို 'ခွေးမသားကြီး' ဟု ဆဲလိုက်ခြင်းကြောင့်သာဖြစ်၏ ။

ဆေးရုံက ဆင်းလာပြီးကတည်းက ခက်ထန် က ခက်ထန် မဟုတ်စွာ သူ့ကို 'အစ်ကိုရိုင်နာ'
ဟုတောင် ခေါ်လိုက်သေးသည် ။ အဲ့ကတည်းက ယဉ်ကျေးတဲ့ဖုတ် ဝင်နေတယ်ဆိုတာ သူ ပို၍လက်ခံလိုက်ခြင်းဖြစ်၏ ။

" စောစောစီးစီးကတည်းက ဆဲလိုက်ပါတော့လား။ ငါ့ကို ဘာလို့ အစ်ကိုရိုင်နာ လာလုပ်နေသေးလဲ ? "

" ခေါ်ချင်လို့ ခေါ်တယ်များ ထင်နေလား? ကိုကို က သူ့ဆီက ခွင့်လွှတ်မှု လိုချင်ရင် ခင်ဗျားကိုပါ အကြီးတစ်ယောက်လို လေးလေးစားစား ဆက်ဆံပေးရမယ်လို့ မှာထားလို့!  "

ရိုင်နာ မဲ့ပြုံးလေးပြုံးလိုက်ကာ
လက်ထဲက ရေဗူးဖြင့် ခက်ထန် မျက်နှာကို ပစ်ပေါက်ပစ်လိုက်၏ ။ ရုတ်တရက်ဆန်လှသော ဖရိုဖရဲ တိုက်ခိုက်မှုကြောင့် ခက်ထန် ပင် ရှောင်ချိန်မရခဲ့ပေ ။

မကြာမီအချိန်ပိုင်း၌ ခက်ထန် နဖူးပေါ်မှ နီရဲရဲ ဘုသီးကို ကြည့်လျက် ထည်ဝါလင်းရှိန် ၏ ဒေါသတကြီး အော်ဟစ်လိုက်သံသည် အိမ်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့၏ ။

××××××××   ××××××××

အသည်းအစားထိုးကုသမှုမှ ကျန်ရစ်ခဲ့သော ဒဏ်ရာသည် လအနည်းငယ် ကြာမြင့်ပြီးတဲ့နောက်၌
သွားလာလှုပ်ရှားနိုင်သော အခြေအနေသို့ ကူးပြောင်းလာခဲ့သည် ။ နဂိုကမှ ခန္ဓာကိုယ် သန်မာထွားကြိုင်းလွန်းသူမို့ အိပ်ရာထဲ လှဲနေရသည့်အလုပ်ကို သဘောမကျလှပေ ။ သူ့ကလေးပေါက်စလေးတွေကိုလည်း တစ်ယောက်တဖက်စီ ပွေ့ယူထားနိုင်နေပြီ ။ ကိုကို မသိအောင်လည်း အပြင်သို့ ခိုးထွက်နိုင်နေပြီ ။ လေ့ကျင့်ခန်းလည်း အနည်းအကျဉ်း ပြန်လုပ်နိုင်နေပြီ ။ ရိုင်နာနဲ့လည်း တစ်ယောက်တစ်ခွန်း စကားနိုင်လုနိုင်နေပြီ ။ မှိုင်း ကိုလည်း လည်ပင်းညှစ်လျက် ရိုင်နာ စိတ်မတိုတိုအောင် စနောက်နေနိုင်ပြီ ။ သို့သော် ရေတော့ တစ်ယောက်တည်း မချိုးနိုင်သေးပေ ။ ထမင်းတစ်လုပ် ပါးစပ်ထဲ ထည့်ဖို့ရန်လည်း ဇွန်းတောင် မကိုင်နိုင်သေးပေ ။

ဆပ်ပြာပူဖောင်းလေးများကို လက်ပေါ်တင်ကာ
ပါးလေးဖောင်းလျက် ဖူး ဖူး ဟု မှုတ်ဖို့ရန်တော့ မာဖီးယားကြီးက မမေ့လျော့နိုင်ခဲ့ပါ ။ ကျောကုန်းနောက်မှ ခပ်ဖွဖွ လက်ကလေးတစ်ဖက်သည်လည်း နွေးထွေးလွန်းလှပါဘိ ။

သူ့ ဆံပင်ကြားထဲ ရှေ့တိုးနောက်ငင် တိုးဝင်နေသော
လက်ချောင်းသွယ်သွယ်လေးများက ဦးရေပြားကိုပင် ယားကျိကျိဖြစ်စေသည် ။ သူ တချိန်လုံး 'လူယုတ်မာ' ဟု အော်ဟစ်နေခဲ့သော သူ့ကိုကို သည် သူ့အား ခေါင်းလျှော်ပေးနေချိန်မှာတောင် လက်သည်းစူးစူးလေးများကို ထုတ်မသုံးရက်ခဲ့ပေ ။ ဒါကိုမြင်တဲ့အခါ ရေဇလုံထဲ မှ သူ့ကိုယ်လုံးလေးဟာ တသိမ့်သိမ့်တုန်လာလျက် ပြုံးရွှင်နေသော မျက်နှာလေးကပါ ရေနွေးပူလောင်းချခံလိုက်ရသော ပန်းကလေးလို ညှိုးနွမ်းလာခဲ့သည် ။

" ဘာဖြစ်တာလဲ ခက်ထန် .. ဘယ်နား ပြန်နာလာလို့လဲ ဟမ် "

စိုးရိမ်စွာ တုန်လှုပ်မှုကြောင့် အသံတို့ဟာ အဖျားခတ်တုန်ရင်သွားသလို ပုံမှန်ထက်လည်း ကျယ်လောင်လာ၏ ။ မျက်ဝန်းရှည်တို့ အနား ကပ်တွယ်နေကြသော မျက်တောင်ကလေးများကပါ သူ့အလိုအတိုင်း လှုပ်ခတ်လာခဲ့သည် ။

" ရင်ဘတ်ထဲက နာလို့!  "

" .... "

" ကိုကို ရော နာဖူးတယ်မလား? အရမ်းနာခဲ့မှာပေါ့ ကျွန်တော် သိတယ် အရမ်း အရမ်း ကို နာခဲ့မှာ "

ခက်ထန် လက်တဖက်သည် ရေဇလုံအပြင်တွင် ဒူးထောက်လျက် ထိုင်နေသော ထည်ဝါလင်းရှိန်၏ ဝဲဘက်ရင်အုံပေါ်သို့ ကျရောက်သွားကာ အဖိုးတန်ရတနာလေးတစ်ခုလို ယုယစွာ ထိတွေ့နေခဲ့၏ ။ သူ့မျက်လုံးဝိုင်းလေးများသည်
ရင်ဘတ်ပေါ်တွင်သာ တည်မြဲနေလျက် ပါးပြင်ပေါ်သို့ စိုစွတ်မှု ရေစီးကြောင်းလေးတစ်ခုကို ဖန်တီးယူခဲ့သည် ။ သူ့ပခုံးတို့ဟာ တုန်ရီကြေကွဲမှုတို့ကြောင့် အဆမတန် လှုပ်ခါလာတော့သည် ။ ရှေ့သို့ အနည်းငယ်ကိုင်းလာသော ထည်ဝါလင်းရှိန်၏ ရင်ခွင်တွင်းသို့ ခေါင်းလေးတိုးဝင်ကာ ရှိုက်ငင်စွာ ငိုကြွေးပြန်သည် ။ သူ့ ဘဝတွင် ဒီလူသားနှင့်ပတ်သက်လာပါက လုပ်ကြံကောက်ကျစ်၍ ဖန်တီးရယူခဲ့သော အတုအယောင် အောင်နိုင်မှုသာ ရှိသည် ။ သူ လုပ်ခဲ့သမျှ အရာရာတိုင်းကို သူက အောင်နိုင်မှုဟု အထင်မှားခဲ့ဖူးသည်။ ဒီလူသားကသာ သူ့အပေါ် ချစ်ခြင်းတရားတို့ ရှိမနေဘူးဆိုပါက သူဆိုတာ ဒီအသက်အရွယ်အထိ လောကကြီး၌ လူဖြစ်နေစရာအကြောင်းမရှိပါချေ ။

လူ့ခေါင်းထက်တွင် ကြင်နာရိပ်တို့ ပေါများနေသော နွေးထွေးနေသည့် လက်ကလေးတစ်ဖက်ရှိသည် ။
သူ့ပါးပြင်ပေါ်မှ ရေများနှင့် ရောထွေးနေသော မျက်ရည်စကလေးများကို သုတ်ဖယ်ပေးနေသည့် သူ့အား အမြဲကာကွယ်ပေးခဲ့ပါသော လက်တစ်ဖက်ရှိနေသည် ။ ဒီရင်ခွင်ဟာ နွေးထွေးလွန်းလို့ ရေထဲရောက်နေသော ခန္ဓာကိုယ်တပိုင်းကတောင် အေးခဲမှုကို မခံစားရတော့ပေ ။ သူ အချိန်လွန်ပြီးနောက် သိခဲ့ရသည်မှာ သူ နောက်ဆုံးထွက်သွက်ထိ တိုးဝင်အိပ်စက်ချင်သော ရင်ခွင်သည် ဒီရင်ခွင်နွေးနွေးလေးသာ ဖြစ်၏ ။

" ဘယ်တုန်းကမှ မနာခဲ့ဖူးပါဘူး ။ ပေါက်ကရတွေလျှောက်မတွေးနဲ့ !  "

ထိုလူဟာ မျက်ရည်တို့ ရစ်ဝိုင်းကာ မလိမ်တတ်ဘဲသူ့အတွက် လိမ်ညာပေးခဲ့သည် ။ သူလည်း သိသည် ။  ထည်ဝါလင်းရှိန် လို ယောကျ်ားမျိုးဟာ "နာခဲ့တာပေါ့" ဆိုတဲ့ စကားအမှန်ကို ဘယ်တော့မှ ပြောထွက်လာမှာမဟုတ်ဘူး ။ လိမ်ညာလှည့်ဖျားတဲ့အဖြေစကားလေးတစ်ခုနဲ့ပဲ ခက်ထန် ကို ပျော်ရွှင်စေချင်ခဲ့ရုံလေးတင်... ။

ကိုကိုက ခွင့်မလွှတ်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ။ "ငါ ခွင့်လွှတ်တာ လိုချင်ရင်" လို့သာ  သူ စိတ်ဆိုးချင်နေတာကို သွယ်ဝိုက်ပြီး ပြောခဲ့တာ.. သူ့ကိုကိုဟာ သူ့အပေါ်ဆို "ငါ မင်းကို ခွင့်မလွှတ်နိုင်ဘူး " ဆိုတဲ့ စကားမျိုးပြောဖို့ရန်တောင် ဝန်လေးတတ်တဲ့ လူစားမျိုးဖြစ်နေခဲ့သည် ။ ထည်ဝါလင်းရှိန် ရဲ့ မြတ်နိုးမှုတွေဟာ မြင်သာလာလေ သူ့အပြစ်ကြွေးတွေဟာ တစထက်တစ ကြီးထွားလာခဲ့သလိုပင် ။ သူ့ကိုကို ရှေ့ရောက်တိုင်း သူဟာ သိမ်ငယ်စိတ် ၊ အားနာစိတ် ၊ ရှက်ရွံ့စိတ်တွေနဲ့ပဲ ထာဝရ ရှင်သန်နေရတော့မည့်ပုံပင် ။

ကိုကို့ ကားလေး ခြံထဲသို့ ဝင်လာသည်ကို
မြင်သည့်အချိန်ကတည်းက သူ့နှလုံးခုန်နှုန်းတွေဟာ အရှိန်အဟုန်တိုးမြင့်လာတော့သည် ။ အိမ်ထဲမှ အခြေအနေ စောင့်ကြည့်နေကြသော ရိုင်နာ နှင့် မှိုင်း ဘက်သို့ လှည့်ကြည့်ကာ လာချောင်းကြည့်မနေရန် လက်ဟန်ပြ၍ မောင်းထုတ်တဲ့အခါ လက်ထဲမှ သားငယ်ကို ချီထားတဲ့ ရိုင်နာက ကလေးတဖက်နဲ့တောင် လက်ခလယ် ပြန်ထောင်ပြလေ၏ ။ မှိုင်း ကတော့ သားကြီးကို ချီထားကာ သူ့လူကြီး၏ ခြေထောက်ကို ပိတ်ကန်ပစ်လိုက်သည် ။

သူ့ရှေ့တည့်တည့်သို့ လျှောက်လာသော ကိုကိုသည်
သူ့ပင်ကိုယ်စတိုင် ပုဆိုးအပြာလေးကို ခြေမျက်စိဖုံးသည်အထိ ဝတ်ဆင်ထားသည် ။ ရှပ်အင်္ကျီမိုးပြာရောင်လေးက သူ၏ ဖြူနုနေသော အသားအရည်ကို အလင်းရောင်စလိုက်မီး ထိုးပေးနေသည့် ပုံနှင့် တူလှသည် ။ သူ ငယ်ငယ်က တွေ့ခဲ့ဖူးတဲ့ ကိုကိုဟာ ဂျင်းဘောင်းဘီ ခါးကြားထဲ သေနတ်ထိုးထည့်ကာ ခုန်ပျံကျော်လွှားနေသော သူတစ်ယောက်ဖြစ်၏ ။ ဒါတွေဟာ ကိုကို တကယ်လိုချင်သော ပုံစံအစစ်အမှန်မဟုတ်ပေ ။ ကိုကို က ဘောင်းဘီဝတ်ရတာ မကြိုက်ဘူး ။ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ရတာ မကြိုက်ဘူး ။ ကိုကို က ခြေမျက်စိဖုံးပုဆိုးလေးနဲ့ ရိုးရိုးရှင်းရှင်း ရှပ်ကလေး ဝတ်ရတာ ကြိုက်တာကို သူ သတိမထားမိခဲ့ပေ ။ ကိုကိုကသာ သူ ဘာကိုကြိုက်သလဲ ပြောစရာမလိုအောင် သိနေပေမဲ့ သူကတော့ ကိုကို ဘာကြိုက်သလဲ ဘယ်လိုဘဝမျိုးကို လိုအပ်နေခဲ့သလဲ တခါမှ မတွေးပေးခဲ့ဖူးပေ ။ ဒီလို အရိုးရှင်းဆုံး လူသားကို သူက လူသတ်သမား ၊ လူယုတ်မာ ၊ ဥစ္စာရူး လို့တောင် သတ်မှတ်ခဲ့ဖူးသည် ။ ဘယ်လောက်တောင် ရူးမိုက်ပြီး လူမဆန်ခဲ့သလဲ ။ သူ့အကြောင်းသူ တွေးမိရင်တောင် သူ့ကိုယ်သူ ရွံသည် ။

" ခက်ထန်! "

သူ့ ရှေ့က ကိုကိုဟာ ဘယ်နှကြိမ်မြောက် ခေါ်နေသလဲတောင် သတိမမူမိခဲ့ပေ ။ ကိုကို့ ဝတ်စားဆင်ယင်မှုကနေ တဆင့်တောင် သူဟာ သူ့ကိုယ်သူ ရွံရှာစိတ်ဖြစ်နေမိသည် ။

" ဘာတွေတွေးနေတာလဲ?  ဒါတွေက ဘာ လုပ်ထားတာလဲ? "

ခြံဝန်းထဲမှ အလှပန်းတို့ဖြင့် ပုံပျက်ပန်းပျက် ပြင်ဆင်ထားသော ရိုင်နာ့ လက်ရာကို မကြာသေးခင်ကမှ သူ ကြိတ်ဆဲလိုက်သေး၏ ။ ဒန်းပေါ်မှာတောင် ပန်းခြောက်တွေကို ပွစာကြဲအောင်လုပ်ထားသည်ကို မင်္ဂလာပွဲတွေမှာ ပြင်ဆင်ထားတဲ့ပုံလှလှတွေနဲ့ ယှဉ်ကာ သူ့လက်ရာက သာသေးသည်ဟု ခေါင်းမော့ရင်ကော့နေသေး၏ ။ ကိုကို က ရှုပ်ပွနေသော အပြင်အဆင်ကို ကြည့်ပြီး
အပြုံးအေးအေးလေးဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာသည် ။ သူသာ အထင်မမှားလျှင် ကိုကို့မျက်ဝန်းထဲ ဝမ်းနည်းရိပ်တချို့ ဖြတ်ပြေးသွားခဲ့၏ ။

" ဒါ ခြံထဲမှာ လုပ်တတ်တဲ့ မင်္ဂလာပွဲတွေလို ပြင်ထားတာလား? ရိုင်နာ က မှိုင်းကို အရမ်းချစ်တာပဲနော် ။ သူ ကိုယ်တိုင်ပြင်ဆင်ထားပြီး လက်ထပ်ခွင့်တောင်းမဲ့ပုံပဲ "

" ရိုင်နာ့ လက်ရာမှန်း ဘယ်လိုသိလဲ?  "

"ဒီလို ပုံဆိုးပန်းဆိုး အပြင်အဆင်က ရိုင်နာ့ လက်ကလွဲရင် ဘယ်သူမှ မရှိဘူးလေ.. အဲ့တော့... သတို့သားနှစ်ယောက်က ဘယ်ရောက်နေတာလဲ? "

ကိုကို က ပြုံးနေပေမဲ့ တစ်စုံတစ်ရာကို ဝမ်းနည်းနေခဲ့သည် ။ ကိုကို က သူ့ဆီက အချစ်နဲ့အတူ ဘာဆိုဘာကိုမှ မမျှော်လင့်တော့သည့်ပုံဟာ သိပ်ကို ထင်ရှား၍လာခဲ့သည် ။ ဒါ သူ လုပ်ခဲ့မိတဲ့ အပြစ်တွေပဲ ။

သူ ရှေ့သို့ တိုးလျှောက်သွားကာ သူ့ကိုကိုရှေ့
ရောက်သည့်အခါ မျက်လုံးရှည်လေးများကို စိုက်ကြည့်ပြီးနောက် ဒူးထောက်ချလိုက်သည် ။ ကိုကို့မျက်ဝန်းထဲ အံ့ဩမှုတချို့ ဖြတ်ပြေးသွားတော့သည် ။ နှုတ်ခမ်းပါးလေးဟာ ပွင့်ဟလာကာ အသက်ရှူသံပြင်းပြင်းလေးဖြင့် ရင်ဘတ်လေးဟာ နိမ့်ချည်မြင့်ချည် ဖြစ်၍ နေလေသည် ။

" ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ခဲ့ဖူးတဲ့ ကိုကို တစ်ယောက်ရှိတယ် ။ ကိုကိုကလည်း ကျွန်တော့် ကို 'ထန်ထန် က ကိုကို့အချစ်ဆုံးပါ ' လို့ ပြောခဲ့ပြီး 'ဘယ်တော့မှ မထားခဲ့ဘူး ' လို့လည်း ကတိတွေပေးခဲ့တယ်။ တနေ့ကျတော့ ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ကို ခွဲပစ်ခဲ့ကြတယ် ။ ကျွန်တော် က သူ့အပေါ် သိပ်ကို တကိုယ်ကောင်းဆန်ပြီး ယုတ်မာခဲ့မိသေးတယ် ။ သူက ကျွန်တော့် အသက်ကို ကယ်ပေးခဲ့တာတောင်လေ... ကျွန်တော့်အတွက်ဆို သူ့သိက္ခာတွေတောင် ချနင်းပစ်ခဲ့တာကိုလေ... ဒါတွေကိုတောင် မထောက်ထားခဲ့ဘဲ သူ့အပေါ် အရက်စက်ဆုံးနည်းတွေနဲ့ပဲ တုံ့ပြန်ခဲ့တယ် ။ ကျွန်တော့်ရဲ့ ကိုကို က အရမ်းဆွဲဆောင်မှုရှိလွန်းလို့ သူ့အနားမှာရှိတဲ့ လူတိုင်းက သူ့ကို ချစ်နေခဲ့ကြတာ... ဒါပေမဲ့ ဘယ်သူမှမသိဘူး ။ ကျွန်တော့်ကိုကို ရင်ထဲမှာ လူယုတ်မာကောင် ကျွန်တော် တစ်ယောက်တည်း ရှိနေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့သလို ကျွန်တော်ကိုယ်တိုင်တောင် မသိခဲ့ဘူး ။ တချိန်လုံး... တချိန်လုံး သူ့ကို ဘယ်လိုနာကျင်အောင် လုပ်ရမလဲလို့ပဲ တွေးနေခဲ့တာ...အဲ့လောက်ထိ သူ့အပေါ် ရက်စက်ခဲ့မိတာပါ ။ သူ့အနားမှာ နေနေရတဲ့အချိန်တွေမှာ ကလဲ့စားချေမှုတွေကြားမှာ နွေးထွေးမှုလေးတွေ ခံစားနေရပြီဆိုတာ နားလည်လာခဲ့တယ် ။ ကျွန်တော်လက်မခံချင်ပေမဲ့ ဒါ အမှန်တရားဖြစ်နေတယ် ။ သူ့ ရှေ့မှာ အရက်စက်ဆုံးစကားတွေနဲ့ တုံ့ပြန်ရတာကို သဘောကျမိသလို သူအိပ်ပျော်နေတဲ့အချိန် သူ့ပါးဖြူဖြူလေးကို ခိုးနမ်းရတာ ၊ သူမသိအောင် သူ့ဗိုက်ပူပူလေးကို ထိတွေ့ရတာ သူ မသိအောင် သူ့နှုတ်ခမ်းလေးကို ခိုးထိရတာ သူ မသိအောင် သူ့ရင်ခွင်ထဲ တိုးဝင်ပြီး တရေးလောက် အိပ်စက်ရတာကို ကျွန်တော် သိပ်သဘောကျတာပဲ.. အဲ့အချိန်တွေကတည်းက လက်ခံခဲ့ရတာက သူဆိုတာ ကျွန်တော့် ဘဝအတွက် မရှိလို့မဖြစ်တော့ဘူးဆိုတာပဲ!  သူက ထပ်ခါထပ်ခါမေးခဲ့တယ် ။ 'မင်း ငါ့ကို ချစ်လား ခက်ထန် ' တဲ့ ။ မသေချာတဲ့အချိန်မှာ ကိုယ့်နှလုံးသားကိုယ် လက်မခံချင်သေးတဲ့အချိန်မှာ သူမေးတာကို မဖြေမိခဲ့ဘူး ။ သူ ကတော့ ဘာမှအပြစ်မယူခဲ့ပေမဲ့ သူ မျက်ရည်တွေတော့ ဝဲနေခဲ့တယ် ။ ကျွန်တော် နှလုံးသားကို လက်ခံပေးနိုင်တဲ့အချိန်ဟာ သိပ်ကို နောက်ကျသွားခဲ့ပြီ ။ လူ့လောကကြီးက အချိန်မရွေးထွက်သွားရတော့မဲ့ လူတစ်ယောက်အနေနဲ့ သူ့ကို နာကျင်မှုတွေနဲ့ မထားခဲ့ရက်နိုင်ခဲ့ဘူး..ကျွန်.. ကျွန်တော်...  "

သည်းထန်စွာ ရွာသွန်းလာသော မိုးရေစက်များသည် သူတို့်နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ခုန်ပျံကျော်လွှားနေကြသည် ။ ဒူးထောက်လျက်သား သူ့ရှေ့တွင် သူ့ကိုကို ကပါ ဒူးထောက်လာကာ သူ့စကားများကို နှုတ်ခမ်းလွှာနှစ်ခု ထပ်တူကျလို့
တိုးတိတ်စေခဲ့၏ ။ မိုးရေများဟာ ပတ်ဝန်းကျင်တခွင်လုံး မဲမှောင်ကာ နှစ်ဦးသားအား
ရွှဲရွှဲစိုသွားစေ၏ ။ သူ လက်ကလေးနှစ်ဖက်ဖြင့်
သူ့ကိုကို၏ ရင်ဘတ်အား အားမပါစွာ တွန်းကာ
လက်အုပ်လေးချီလိုက်၏ ။

" တောင်းပန်ပါတယ် ။ ကျွန်တော်က ဒီလို..ဒီ လို... တောင်းပန်ပါတယ် ။ ကျွန်တော်...က ဘာတခုမှ မကောင်းခဲ့ပေမဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်မှာ ကိုကို့အတွက် လိုအပ်ချက်မရှိဘဲ နွေးထွေးမှုအပြည့်ပေးနိုင်တဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ပေးပါ့မယ် ။ ဒီလို တောင်းပန်ရုံလေးနဲ့ ကျွန်တော့် အပြစ်ကြွေးတွေ မကြေသေးတာ သိပေမဲ့ နောက်ဆုံးအချိန်ထိ ဟောဒီ့် နှလုံးသားထဲက အမြဲ တောင်းပန်သွားမှာပါ... "

ကိုကိုဟာ စကားတလုံးမှ ထုတ်မပြောစွာ အဆက်မပြတ် ခေါင်းညိတ်ပြလျက် ခွင့်လွှတ်နားလည်မှုအပြည့် အပြုံးလေးဖြင့် သူ့အား ချိုမြစေခဲ့သည် ။ ကိုကို့ မျက်ဝန်းနီရဲရဲလေးထဲမှ မျက်ရည်စများသည် အတိုင်းအဆကင်းမဲ့နေသည်ကို မိုးရေစက်များကြားမှ သူ ခံစားနေမိသည် ။

ဒူးထောက်လျက် မျက်နှာချင်းဆိုင် အနေအထားတစ်ခုဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် မြတ်နိုးမှုများဖြင့် စိုက်ကြည့်ကာ မိုးစဲသွားမည့်အချိန်ကို တိတ်တိတ်လေး စောင့်ဆိုင်းသည် ။ သူ့ နှလုံးသားထဲက စကားတစ်ခွန်းဟာ ဒီလူသားအတွက် ထာဝရ တည်ရှိပေမဲ့လို့ ဒီလူသား သိအောင် သူ ဖွင့်ဟဝန်ခံရပေဦးမည် ။

မိုးနတ်မင်းဟာ သူ့ဆုတောင်းလေးကို တိတ်တခိုးပံ့ပိုးသည် ။ မိုးစဲသွားသည့်အချိန်မှသာ ကိုကို က သူ့အသံကို ထင်ရှားပြတ်သားစွာ ကြားရမည်ဖြစ်၏ ။

သူ့ ရှေ့မှ လူသားလေး၏ ပါးပြင်လေးကို သူ့လက်များဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။

" ကိုကို "

ကိုကို့ မျက်ဝန်းထဲ မှ မျှော်လင့်ချက်အရိပ်ကလေးများ ဖြတ်ပြေးသွားသည် ။ သူ့လက်ထဲမှ လက်စွပ်လေးတကွင်းကို ငုံ့ကြည့်ပြီးနောက် ကိုကို့လက်သူကြွယ်လေးပေါ်တွင် ကွက်တိကျစွာ နေရာယူသွားတော့၏ ။ ကိုကိုဟာ ပခုံးသားတို့ တသိမ့်သိမ့်တုန်လာသည်အထိ ပြုံး၏ ။ ကိုကိုဟာ မျက်ရည်တွေနဲ့ကို ပြုံးနေခဲ့တာ...

ကိုကို့မျက်ရည်တွေကို သူ မြင်ခဲ့ဖူး၏ ။ သူက နာနာကျင်ကျင် စကားပြောတဲ့အခါ ပြုံးလျက်ဖြင့် မျက်ရည်တွေဝဲတဲ့ပုံစံ... သူက အိပ်ရာပေါ်မှာ အညှာအတာ ကင်းမဲ့တဲ့အခါ မျက်ရည်စီးကြောင်းလေးဖြင့် အံကြိတ်ထားတဲ့ပုံစံ...

ကိုကို့ မျက်ရည်တွေဟာ သူ့ကြောင့် ဖြစ်တည်လာတဲ့အခါ နာကျင်မှုကြောင့် ကျဆင်းခဲ့တဲ့ အပူစီးကြောင်းလေးအဖြစ်သာ တည်ရှိ၏ ။

အခု ကျလာသော ကိုကို့ အပြုံးနဲ့ မျက်ရည်ကိုတော့ သူ တခါမှ မမြင်ဖူးခဲ့ပေ ။

" ကိုကို.. ကျွန်တော်.. "

သူ့လက်ထဲမှ ကိုကို့ ခန္ဓာကိုယ်လေးဟာ လေလေးတချက်အဝေ့မှာတင် လွတ်ထွက်သွားသည်ဟု ထင်မိ၏ ။ သူ မတ်တပ်ရပ်လိုက်တဲ့အခါ ကိုကို့ကို ဆွဲခေါ်သွားသော ဦးစိုင်းထန်... ။ ကိုကို က ဦးစိုင်းထန် ဆွဲခေါ်ရာနောက်ကို ရုန်းကန်ရင်း ပါသွားရသလို သူသည်လည်း ကိုကို့ နောက် အပြေးလိုက်နေမိ၏ ။

" ဦးစိုင်းထန်!! "

သူ အရမ်းစိတ်ဆိုးသည် ။ ဒါ သူ့ခင်ပွန်းလေ... ။ ပြီးတော့ ဒီအချိန်က မင်္ဂလာယူနေတဲ့အချိန်... ။

" လေသံက မာနေဆဲပါလား ခွေးသားလေးက... ဟမ်! ဒါ ငါ့သား... ကိုယ့်သားသမီး လာခေါ်တာ ဘယ်သူ့ စောက်ဂရုစိုက်ရမှာလဲ?  မင်းလိုအရိုင်းအစိုင်း ခွေးတိရစ္ဆာန်ကောင်ကို ငါက သားမက်တော်မယ်များ ထင်နေလား? "

" ဒါပေမဲ့... ဒါ... ဒါ ကျွန်တော့် ခင်ပွန်း... ပြီးတော့ ခင်ဗျား မမေ့နဲ့! ကျွန်တော်တို့က ညားလို့ပဲ နှစ်ကောင်တောင် ထွက်လာပြီ "

" မင်းတို့ သားဖောက်တဲ့ ကိစ္စက ငါ့အလုပ်လား? ငါ့သား ပဲ ပြန်ခေါ်သွားမှာ... မင်းသာ အဲ့ မျောက်နှစ်ကောင်နဲ့ နေခဲ့!  ငါ့သားကို မင်းပဲ မုန်းတယ်ဆို... အမှုန့်ကြိတ်ပစ်မယ်ဆို... အသေသတ်မှာဆို... မချစ်ဘူးဆို မင်းပဲ ပြောခဲ့တာလေ ငါက မင်း ဆန္ဒကို ဖြည့်ဆည်းပေးတာ... မင်း ချစ်တဲ့လူနဲ့ ကြိုက်သလို လုပ်... မင်္ဂလာ ပါ ဆောင်လိုက် ငါ လက်ဖွဲ့မယ်ဟုတ်ပြီလား ။ အော်.. ကလေးတွေကြောင့်လို့ ပြောခဲ့သလားလို့... ဒါဆိုလည်း စိတ်မပူနဲ့နော် ။ မင်းနဲ့တူတဲ့ မျောက်နှစ်ကောင်ကို မင်းပဲ ခေါ်ထားလိုက် "

ဦးစိုင်းထန် က ကိုကို့ကို ဆွဲခေါ်ကာ ကားထဲသို့်အတင်းထိုးထည့် နေသည်ကို မြင်သည့်အခါ သူ ဝင်ဆွဲသော်လည်း သူ့ကို အနောက်မှ ရိုင်နာက ခြေထောက်နှစ်ဖက်ကို ဆွဲချုပ်ထားသည် ။ ဗွက်ထထားသော ရွှံ အိုင်ထဲတွင် လူးလှိမ့်ကာ မမှီမှီရာကိုသာ အော်ဟစ်ကာ လှမ်းဆွဲသော်လည်း ဘာကိုမှ မမိပေ ။ ကိုကို ကလည်း သူ့အဖေကို စကားပြောနေပေမဲ့ အသံတိုးတိုးလေးကို သူ မကြားရပေ ။

" ကိုကို "

ကိုကိုက သူ့ဆီသို့ ကြည့်ကာ ကားထဲမှ အတင်းရုန်းထွက်ဖို့ ကြိုးစားနေသည် ။

" ချစ်တယ် "

" ကျွန်တော် ကိုကို့ကို ချစ်တယ်... "

" ကျွန်တော် ကိုကို့ကို ချစ်တယ်... "

ကြောင်အစွာ ငေးကြည့်လာသော ကိုကိုသည် ရုန်းကန်ဖို့ကိုတောင် မေ့လျော့သွားဟန်တူသည် ။ ကိုကို့ လှုပ်ရှားမှုများဟာ ရပ်တန့်သွားတော့၏ ။

" မောင် မင်းကို သိပ်ချစ်တယ် ထည်ဝါလင်းရှိန် "

" မင်းက မောင့်ဘဝရဲ့ အလင်းရောင်လေးပဲ!  မောင် မင်းကို ချစ်တယ် ။ မောင် လာခဲ့မယ် ။ ဒီတခါ မောင်ကပဲ မင်းဆီကို အရောက်လာခဲ့ပါ့မယ် ။ မောင့်ကလေးလေး!  မောင် အရမ်းချစ်တယ်နော် "

ကားဟာ လျင်မြန်စွာ မောင်းထွက်သွားခဲ့သည် ။ သူ့စကားတွေကို သူ့ကိုကိုဟာ မယုံကြည်နိုင်ဟန်မျက်ဝန်းလေးဖြင့် အာရုံစိုက်စွာ နားထောင်ပေးခဲ့လေသည် ။

ဒီတခါတော့ မောင်ကပဲ မင်းဆီကို အရောက်လာခဲ့ပါ့မယ် မောင့်ကလေးလေး.... ။

အရမ်းကြီး ကြာသွားတာ တောင်းပန်ပါတယ်နော် သိတဲ့အတိုင်း အခါးတွေ ရေးချိန်ဆို လက်က အရမ်းသွက်တာ... ဒီလိုနည်းနည်း ချိုရတာမျိုးဆို သိပ်ပြီး စာလုံးက မထွက်ဘူးဖြစ်နေလို့ပါ 😁

Unicode version

Comment