48

" ငါလိုးထဲမွ... ပံုေရး!  မင္း ဘာလုပ္ေနလဲဆိုတာေရာ ကိုယ့္ကိုယ္ကိုယ္ သိေသးရဲ႕လား?  ထည္ဝါ့ ကို ႐ူးေအာင္ လုပ္ေနတာလားကြ "

႐ိုင္နာ့ အသံတို႔ဟာ က်ယ္ေလာင္ေသာ္လည္း တုန္ရီအက္ကြဲေနေတာ့သည္ ။ ပံုေရး မ်က္လံုး၀ိုင္းေလးမ်ားဟာ ထည္ဝါလင္းရိွန္ ထံ၌သာ ၿမဲၿမံစြာ တည္ရိွလို႔ေန၏ ။

သူ ခ်စ္တဲ့သူက သူ ေသေစခ်င္ေနတဲ့ ေကာင္ ကို ဖက္တြယ္ေနခဲ့တာ... ။ ဒါႀကီးက အရမ္း.. အရမ္းကိုမွ သူ႕ႏွလံုးသားေတြကို လက္သည္းရွည္ေတြနဲ႔ တျဗင္းျဗင္း ကုတ္ျခစ္ေနတဲ့အတိုင္းပဲ! 

မင္းေမာ္ က မ်က္ႏွာဖံုးကို ဆြဲခြၽတ္ပစ္လိုက္ၿပီး အေ၀းကို လႊင့္ပစ္လိုက္တယ္ ။ သူ႕ကို တခ်က္ေလးေတာင္ လွည့္ၾကည့္မလာခဲ့တဲ့ လူသားေလးရဲ႕ ေမးေစ့ေလးကို ဖြဖြေလး ဆြဲကိုင္လွည့္ၿပီး သူ႕ဘက္သို႔ မ်က္ႏွာမူေစလိုက္သည္။

ပံုေရး မ်က္လံုး၀ိုင္းေလးမ်ားဟာ သူ႕ေရွ႕မွ ေအးခ်မ္းစြာ ေငးၾကည့္လာေသာ မ်က္လံုးမ်ားျဖင့္ ထိပ္တိုက္ ဆံုသြားလွ်င္ ေၾကာက္လန္႔တၾကား ေနာက္သို႔ ဖင္ထိုင္ရက္ လဲက်သြားေတာ့၏ ။

" မင္း. . မင္း.. မင္း ေမာ္?  မင္း.. မင္း က မေသေသဘူးလား?  မင္း က.. ေသ သြား ရမွာေလ.. "

မင္းေမာ္ ဟာ မ်က္လံုးမ်ားကို ေခတၱမွ် စံုမိွတ္ခဲ့သည္။ စိတ္တည္ၿငိ္မ္သြားေစရန္ ခဏေလာက္ေတာ့ သူ ့ စိတ္ကို ျပင္ဆင္သည္ ။ သူ႕အား ေတြ႕ေတြ႕ခ်င္းေျပာလာသည္က "ေသသြားးရမွာေလ" တဲ့... ။ သူ႕ ႏွလံုးသားက ဘာဆိုဘာမွ ခံစားမေနရေတာ့ဘဲ ထံုက်ဥ္လို႔ေနသည္ ။ ေနာက္ဆံုးေပးခဲ့တဲ့ ဒဏ္ရာကမ်ား သူ႕ႏွလံုးသားကို မ်ားစြာ သက္ေရာက္သြားေသာေၾကာင့္ေပလား သူလည္း မသိေပ ။

ဖုန္းထဲတြင္ စာ႐ိုက္ၿပီးေနာက္ ႐ိုင္နာ့ ကို လွမ္းျပလိုက္ၿပီး ေခါင္းတစ္ခ်က္ၿငိမ့္ျပလို႔ အခ်က္ေပးခဲ့၏ ။ ႐ိုင္နာ မွာ စိတ္ပ်က္သြားေသာအမူအရာ ၊ လက္မခံခ်င္ေသာ ဟန္တို႔ ျဖစ္သြားေသာ္လည္း တသိမ့္သိမ့္တုန္ေနေသာ ထည္ဝါလင္းရိွန္ ၏ ေက်ာျပင္ငယ္ေလးႏွင့္ ခက္ထန္ ေသြးအိုင္မ်ားကို ၾကည့္ၿပီးေနာက္တြင္ သူ႕မ်က္လံုးမ်ားဟာ ေမွာင္မိုက္လာခဲ့၏ ။ မိႈင္း လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားကာ သူ႕အား အလံုးစံု အားကိုးလိုက္ပါဟု မေျပာဘဲႏွင့္ အမူအရာတို႔ျဖင့္ နားလည္ေစလိုက္သည္ ။

" ကိုယ္တို႔ ဒီက ထြက္သြားၾကမယ္ မိႈင္း! ဒီက ထြက္သြားတာနဲ႔ ကိုယ္တစ္ခုခုကို ဆံုး႐ံႈးရေတာ့မွာ! "

မိႈင္း လက္ကေလးမ်ားကို သြယ္ယွက္လာကာ သူ႕လက္ေမာင္းအိုးႀကီးကို အားကိုးတႀကီး ဆုပ္ကိုင္လာခဲ့၏ ။

" လူႏွစ္ေယာက္ရဲ႕ ဘ၀နဲ႔ ေပ်ာ္ရႊင္မႈကိုသာ ျပန္ရမယ္ဆို ေပးဆပ္ရတာ တန္ေနမွာပါ နာနာ! ခင္ဗ်ား ေရြးခ်ယ္တာမဟုတ္ဘူး ။ ဒါ ကံၾကမၼာက သတ္မွတ္ေရြးခ်ယ္ေပးခဲ့တာ... တစ္ခုခု လြဲေခ်ာ္ရင္ေတာင္ ဒါက ဆံုးျဖတ္ထားၿပီးသား ကံၾကမၼာေၾကာင့္ပဲ! "

သက္ျပင္းရွည္ရွည္ ဆြဲခ်ကာ ႐ိုင္နာ ပင့္သက္႐ိႈက္လိုက္သည္ ။

အားလံုးအေျခအေန တည္ၿငိမ္သြားေသာအခါ မင္းေမာ္ ဟာ ပံုေရး လက္သြယ္သြယ္ေလးႏွစ္ဖက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ကာ ျပန္တိုက္ခိုက္လာေသာ ကိုယ္လံုးေလးအား တဖက္သို႔ဆြဲလွည့္ကာ သိမ္းႀကံဳးဆြဲညႇစ္ ဖက္တြယ္ထားလိုက္သည္ ။ သူ႕ရင္ဘတ္ဟာ ပံုေရး ေက်ာျပင္ေလးႏွင့္ ထိစပ္ေနကာ တန္ျပန္တိုက္ခိုက္လာေသာ လက္ေနာက္ျပန္ထိုးႏွက္ခ်က္မ်ားေၾကာင့္ နံ႐ိုးမ်ားက်ဳိးေၾကသြားမတတ္ ျဖစ္ေနရေသာ္လည္း သူဟာ ဒီေၾကာင္ဆိုးေလးကို လႊတ္ေပးလိုက္၍ေတာ့မျဖစ္ေပ ။

႐ိုင္နာ က ခက္ထန္ ကို ေကာက္ယူေပြ႕ခ်ီကာ
ဦးစို္င္းထန္ က ေပ်ာ့ေခြခ်င္ေနေသာ ထည္ဝါလင္းရိွန္ကို ပခံုးေပၚ ထမ္းတင္လိုက္သည္ ။

နာက်င္အက္ကြဲသံမ်ားက ရန္ပြဲတစ္ခုၾကားမွ ထြက္ေပၚလာခဲ့သည္ ။

" ထည္.. ထည္ ၀ါ  ... မသြား နဲ႔..  မသြားပါနဲ႔! 
႐ိုင္ နာ.. ငါ့ကို မထားခဲ့ပါနဲ႔!  ငါ့ကို မင္း ဘယ္တုန္းကမွ မထားခဲ့ဖူးဘူးေလ... ႐ိုင္နာ... ငါ့အေပၚ အဲ့လို မလုပ္ပါနဲ႔.. ငါတို႔ အတူတူ ျဖတ္သန္းခဲ့ၾကတာပဲေလ... မင္း ေမ့လိုက္ေတာ့မလို႔လား ႐ိုင္နာ... ထည္ ၀ါ ... "

သူ႕လက္မ်ားဟာ မင္းေမာ္ ခ်ဳပ္ကိုင္ထားျခင္းကို ခံထားရသည္မို႔ တစစီပ်က္စီးသြားေစမည့္ ခ်ိန္ကိုက္ဗံုးကို လည္း သူ ခလုတ္ႏိွပ္လိုက္လို႔မရေပ။
သူ႕နားႏွစ္ဖက္တြင္ တပ္ဆင္ထားေသာ သူ႕လူမ်ားႏွင့္ဆက္သြယ္ထားသည့္ နားၾကပ္ကေလးမွာလည္း မင္းေမာ္ ေျခေထာက္ေအာက္တြင္ ကြဲေၾကလို႔ေနခဲ့ၿပီ ။

သူ႕စကားကို ၾကားတဲ့အခါ ႐ိုင္နာ့ ေျခလွမ္းတို႔ဟာ ရပ္တန္႔သြားခဲ့သည္ ။ သို႔ေသာ္ ခဏေလးသာ... ။
ေနာက္တြင္ လူအုပ္ႀကီး၏ ေျခလွမ္းတို႔မွာ ပံုေရးႏွင့့္ တစထက္တစ ေ၀းကြာသြားခဲ့ေလေတာ့သည္။

" မင္းေမာ္!!! ေခြးမသား.. မင္းကို ငါ ေသေအာင္သတ္ခဲ့ရမွာ!! "

မင္းေမာ္ ဟာ သူ႕လွ်ာ အျဖတ္မခံခဲ့ရရင္ ၊ သူသာ စကားေျပာႏိုင္ခဲ့ရင္ သူ ျပန္ေျပာမိမွာ ...

သခင္ေလး ကြၽန္ေတာ့္ကို သတ္ခဲ့ၿပီးသြားပါၿပီလို႔ေလ... ။ ဒါ ခႏၶာကိုယ္ပဲရိွတာပါ ခင္ဗ်ားေရ... ခင္ဗ်ား လုပ္ရပ္ေတြကို တားဆီးေပးမဲ့ ခႏၶာကိုယ္ပဲ က်န္ခဲ့တာ ။ ခင္ဗ်ား ဘာလုပ္လုပ္ အမွားမွန္းသိရက္နဲ႔ ရပ္တည္ေပးခဲ့တဲ့ ႏွလံုးသားက ခင္ဗ်ား သတ္လို႔ေသသြားခဲ့ၿပီ ။

သူ႕ႏွလံုးသားေလး နာက်င္ကြဲအက္လြန္းလို႔
႐ုန္းကန္ေနရင္းမွ တျဖည္းျဖည္း အားေကာင္းလာခဲ့သည္ ။ သူလည္း သိသည္ ။ သူခ်စ္ရတဲ့ သူေတြက သူ႕ကို ထားသြားခဲ့ၿပီ ။ သူ လိုက္မမီွႏိုင္တဲ့ ေနရာဆီ ေရာက္သြားၾကေလၿပီ ။ ဒါနဲ႔ပဲ သူက လက္ေလွ်ာ့လိုက္ရမွာတဲ့လား ။

သူ အားကုန္သံုးလ်က္ မင္းေမာ္ ၀မ္းဗိုက္မွ အူမႀကီးေတြပါ ေပါက္ထြက္သြားမတတ္ တြန္းတိုက္ပစ္လိုက္သည္ ။ ဟန္ခ်က္ပ်က္၍ ယိုင္နဲ႔သြားသည္ကို အခြင့္အေရးယူကာ ေနာက္တႀကိမ္ ထပ္၍ တိုက္ခိုက္ျပန္၏ ။ ေျခေထာက္ကို ေနာက္ျပန္ ဆြဲမလို႔ မင္းေမာ္ ကိုယ္လံုးကို ေျမျပင္ေပၚသို႔ အရိွန္ျပင္းျပင္း လဲက်ေစခဲ့သည္ ။

" ေခြးမသား!!!  ဒီေန႔ေတာ့ မင္းကို ငါ အဆံုးသတ္ေပးမယ္ "

ကုန္းထဖို႔ ႀကိဳးစားလာေသာ မင္းေမာ္ ရင္ဘတ္ေပၚသို႔ ေျခေထာက္ျဖင့္ ေစာင့္တက္နင္းလိုက္ကာ ခြၽန္ထက္ေသာ လွံ၏ အသြားျဖင့္ မင္းေမာ္ ၀မ္းဗိုက္ကို ထိုးစိုက္ခ်ပစ္လိုက္ကာ အူကလီစာမ်ား မြစာႀကဲသြားေစရန္ ဆြဲေမႊပစ္လိုက္သည္ ။ တပြက္ပြက္ ဆူပြက္လာေသာ ေသြးရဲရဲတို႔ဟာ မင္းေမာ္ ပါးစပ္ထဲမွ ထြက္က်လာသလို ၀မ္းဗိုက္တြင္းမွလည္း ျမင္မေကာင္းစြာ ေသြးခ်င္းခ်င္းနီသြားေစ၏ ။ မင္းေမာ္ လက္အနီးတြင္ ဓားတစ္ေခ်ာင္းရိွေနသည္ ။ ဒါဟာ သူ လဲက်သြားခ်ိန္ကတည္းက ျဖစ္၏ ။

မင္းေမာ္ လိုလူက ဒီဓားကို သတိမထားမိဘူးဆို ျဖစ္ႏိုင္ေခ်မရိွေသာ အရာတစ္ခု ျဖစ္လိမ့္မည္ ။ သူ႕အနားကို ဓားကို အဆင္သင့္ေလး ေကာက္ယူကာ ပံုေရး ေျခေထာက္မ်ားကို ထိုးစိုက္မည္ဆိုပါက ဒီလွံအသြားဟာ သူ႕ဗိုက္ထဲ ေဖာက္၀င္လာစရာ အေၾကာင္းမရိွအပ္ေခ် ။

ဓားမရိွလွ်င္ေတာင္ သူလိုလူက ပံုေရး အားေလးကို မယွဥ္ႏိုင္စရာ မရိွပါေခ် ။ ခက္ထန္ တို႔ ထိုေနရာရဲ႕အျပင္ကို ေရာက္ရိွသြားေၾကာင္း အခ်က္ျပကိရိယာမွ အသံေပးစနစ္တို႔ တတီတီ ျမည္ဟည္းလာကတည္းက သူဟာ မာန္တင္းထားေသာ စိတ္ကို ေလွ်ာ့ခ်လိုက္ျခင္း ျဖစ္၏ ။ အျပင္လူေတြသာ အႏၲရာယ္ကင္းသြားလ်ွင္... ခ်စ္ရသူေတြသာ ေပါင္းဖက္ႏိုင္လွ်င္ သူ လည္း လြယ္လင့္တကူေလး စိတ္ေလွ်ာ့ ခ်ပစ္လိုက္မွာ ျဖစ္သည္ ။

သူ နည္းနည္းမွ မလႈပ္ယွက္ေတာ့ေပ ။ သူ႕ႏွလံုးသားႏွင့္အတူ သူ႕ခႏၶာကိုယ္ကပါ ေသြးအိုင္ၾကား လဲေလ်ာင္းကာ မ်က္ရည္တို႔တသြင္သြင္ စီးက်႐ံုေလာက္သာ သူ တံု႔ျပန္ခဲ့သည္ ။ ေသြးတို႔ အဆက္မျပတ္ အန္ထြက္ၿပီးေနာက္ ၿငိမ္သက္သြားေသာအခါ သူ႕ႏႈတ္ခမ္းေလးကို တင္းတင္းေစ့ထားကာ မ်က္ႏွာလွလွေလးႏွင့္ လြန္စြာ အၾကင္နာတရားကင္းမဲ့လ်က္ ရက္စက္တတ္ေသာ လူသားေလးကို မမိွတ္မသုန္ ေငးၾကည့္ေနခဲ့၏ ။

" မ်က္ရည္က်တယ္ေပါ့... က်ထား... က်ထား...
မၾကာခင္ ဆန္႔ငင္ ဆန္႔ငင္ ျဖစ္ၿပီး ေသရေတာ့မွာ ။ မၾကာေတာ့ဘူး... ဟား... ငရဲျပည္ေရာက္ရင္ပဲျဖစ္ျဖစ္! ေနာက္ဘ၀ ကူးရင္ပဲျဖစ္ျဖစ္ ခုလို ေနရာတကာ ၀င္မပါတတ္ေအာင္ပါ တခါတည္း သင္ခန္းစာ ယူသြားၪီး!  ျမန္ျမန္ေသသြားစမ္းပါ "

ပံုေရး ေျခေထာက္တို႔သည္ မင္းေမာ္ ရင္ေခါင္းတည့္တည့္ေပၚသို႔ ျပင္းထန္စြာ ေျခေစာင့္ကန္လိုက္လွ်င္ ရင္ေခါင္းတြင္းမွ ေသြးျပန္ေၾကာမ်ားသည္ အစာအိမ္ထိတိုင္ ကန္တက္လာသည့္ဟန္ ေသြးပြက္ပြက္ အန္ေစခဲ့၏။

သူ ဒီအေျခအေနကို ေရြးခ်ယ္လိုက္ကတည္းက
သူ႕ ၀ဋ္ေႂကြးေတြ ဒီေနရာမွာတင္ ကုန္ဆံုးရေတာ့မယ္ဆိုတာ သူ သိထားၿပီးျဖစ္သည္။
လက္ထဲမွ ခ်ိန္ကိုက္ဗံုးစက္ခလုတ္ေလးကိုေတာ့ ပံုေရးက ျမင္လိုက္ဟန္မတူေပ ။

မင္းေမာ္ ႏႈတ္ခမ္းေလးက တည္ၿငိမ္ေအးခ်မ္းစြာ ၿပံဳးလာခဲ့၏ ။ သူက မေကာင္းေသာအရာေတြရဲ႔ အဆံုးသတ္ကို ဖန္တီးသြားခ်င္သူသာ ျဖစ္ခ်င္ေတာ့သည္ ။ ဒါက ပံုေရး သူ႕လွ်ာကို ျဖတ္ပစ္ခဲ့လို႔လည္း မဟုတ္သလို သူ႕ကို သတ္ပစ္ခ်င္ခဲ့လို႔လည္း မဟုတ္ဘူး... ။ ဒီအတိုင္း ခ်စ္တဲ့သူကို ေလာင္ၿမိဳက္မႈေတြၾကား ၊ အထီးက်န္မႉေတြၾကား ၊ အမွားေတြၾကား ၊ ယုတ္မာရက္စက္မႈေတြၾကား မထားခဲ့ခ်င္႐ံုေလးပဲ...... ။

လက္ထဲက ခလုတ္ေလးကို ၿငိမ္သက္စြာ ထုတ္ယူလိုက္သည္ ။ သူ႕ကို တားဆီးဖို္ ့ ေျပးလာတဲ့ ျဖဴစုပ္စုပ္ မ်က္ႏွာေလးကို ျမင္ေနရသည္ ။ လက္ညိႇဳးေလးတစ္ခ်က္ ေကြးလိုက္ဖို႔ သူ ထပ္ၿပီးေစာင့္မေနခ်င္ေတာ့ဘူး ။

ငရဲကို အတူတူ သြားၾကရေအာင္လား ကိုယ့္ရဲ႕ေၾကာင္နက္ေလး ။ ငရဲျပည္မွာ မင္းခ်စ္တဲ့သူေတာ့ မရိွႏိုင္ေပမဲ့ မင္းကို ခ်စ္တဲ့ ကိုယ္ တစ္ေယာက္လံုး ရိွပါေသးတယ္ ။

ရက္စက္တာ မဟုတ္ရပါဘူး ။ အထီးက်န္မႈေတြၾကား မထားခဲ့ခ်င္႐ံုေလး...
နာက်င္မႉေတြၾကား မထားခဲ့ႏိုင္႐ံုေလး...
ရက္စက္မႉေတြၾကား မေပ်ာ္ေမြ႕ေစခ်င္႐ံုေလးတင္... ။

က်ယ္ေလာင္ေသာ ေပါက္ကြဲသံတစ္ခုႏွင့္ ဟုန္းဟုန္းေတာက္ေလာင္ေနေသာ မီးလံုးႀကီးတစ္လံုး.. ၊ ၿပိဳလဲပ်က္စီးရန္ တာဆူေနေသာ အေဆာက္အဦးႀကီးတစ္ခု.. ၊
လဲက်သြားေသာ ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ကို
လွမ္း၍ ဆုပ္ကိုင္ဖို႔ ႀကိဳးစားေနတဲ့ ေသြးအိုင္ထဲမွ ေကာင္ေလးတစ္ေယာက္... ။ ယမ္းစမ်ားၾကားမွ
နာက်င္စရာ ဇာတ္သိမ္းေလးတစ္ပုဒ္ ။

" မင္းနာမည္က မင္းေမာ္?  ! "

ဆိုတဲ့ ဇာတ္လမ္းေလးနဲ႔ အစျပဳခဲ့သည္ ။

" ျမန္ျမန္ေသသြားစမ္းပါ "

ဆိုတဲ့ ဇာတ္သိမ္းေလးနဲ႔ အဆံုးသတ္ခဲ့၏ ။ မ်က္ရည္မ်ားၾကားမွ ၿပံဳးၿပံဳးေလးျဖင့္သာ မလႈပ္ယွက္ႏိုင္ေတာ့ေသာ ခႏၶာကိုယ္ႏွစ္ခုဟာ ၿငိမ္သက္စြာ ထာ၀စဥ္ အိပ္စက္သြားဖို႔ အေၾကာင္းဖန္ခဲ့ေတာ့သည္ ။

မင္းတို႔ ငါ့ကို ထားခဲ့ၾကတယ္.... ။ ေနာက္ဆံုးေတာ့လည္း ငါဟာ အစြန္႔ပစ္ခံခဲ့ရ႐ံုေလးပါပဲ ။

ေနာက္တပိုင္း မ်ားမ်ားေရးေပးမယ္ေနာ္
Fic  ကေလ အကုန္  un  ၾကတာလား?  သူငယ္ခ်င္းက နင္ မ  un. ေသးဘူးလား ေမးေနလို႔ သင္တန္းက စာေတြ လြတ္ေနလို႔ Fic un  ရတာ မသိလိုက္ဘူး 👁👁👁

Unicode version


" ငါလိုးထဲမှ... ပုံရေး!  မင်း ဘာလုပ်နေလဲဆိုတာရော ကိုယ့်ကိုယ်ကိုယ် သိသေးရဲ့လား?  ထည်ဝါ့ ကို ရူးအောင် လုပ်နေတာလားကွ "

ရိုင်နာ့ အသံတို့ဟာ ကျယ်လောင်သော်လည်း တုန်ရီအက်ကွဲနေတော့သည် ။ ပုံရေး မျက်လုံးဝိုင်းလေးများဟာ ထည်ဝါလင်းရှိန် ထံ၌သာ မြဲမြံစွာ တည်ရှိလို့နေ၏ ။

သူ ချစ်တဲ့သူက သူ သေစေချင်နေတဲ့ ကောင် ကို ဖက်တွယ်နေခဲ့တာ... ။ ဒါကြီးက အရမ်း.. အရမ်းကိုမှ သူ့နှလုံးသားတွေကို လက်သည်းရှည်တွေနဲ့ တဗြင်းဗြင်း ကုတ်ခြစ်နေတဲ့အတိုင်းပဲ! 

မင်းမော် က မျက်နှာဖုံးကို ဆွဲချွတ်ပစ်လိုက်ပြီး အဝေးကို လွှင့်ပစ်လိုက်တယ် ။ သူ့ကို တချက်လေးတောင် လှည့်ကြည့်မလာခဲ့တဲ့ လူသားလေးရဲ့ မေးစေ့လေးကို ဖွဖွလေး ဆွဲကိုင်လှည့်ပြီး သူ့ဘက်သို့ မျက်နှာမူစေလိုက်သည်။

ပုံရေး မျက်လုံးဝိုင်းလေးများဟာ သူ့ရှေ့မှ အေးချမ်းစွာ ငေးကြည့်လာသော မျက်လုံးများဖြင့် ထိပ်တိုက် ဆုံသွားလျှင် ကြောက်လန့်တကြား နောက်သို့ ဖင်ထိုင်ရက် လဲကျသွားတော့၏ ။

" မင်း. . မင်း.. မင်း မော်?  မင်း.. မင်း က မသေသေဘူးလား?  မင်း က.. သေ သွား ရမှာလေ.. "

မင်းမော် ဟာ မျက်လုံးများကို ခေတ္တမျှ စုံမှိတ်ခဲ့သည်။ စိတ်တည်ငြိမ်သွားစေရန် ခဏလောက်တော့ သူ့ စိတ်ကို ပြင်ဆင်သည် ။ သူ့အား တွေ့တွေ့ချင်းပြောလာသည်က "သေသွားးရမှာလေ" တဲ့... ။ သူ့ နှလုံးသားက ဘာဆိုဘာမှ ခံစားမနေရတော့ဘဲ ထုံကျဉ်လို့နေသည် ။ နောက်ဆုံးပေးခဲ့တဲ့ ဒဏ်ရာကများ သူ့နှလုံးသားကို များစွာ သက်ရောက်သွားသောကြောင့်ပေလား သူလည်း မသိပေ ။

ဖုန်းထဲတွင် စာရိုက်ပြီးနောက် ရိုင်နာ့ ကို လှမ်းပြလိုက်ပြီး ခေါင်းတစ်ချက်ငြိမ့်ပြလို့ အချက်ပေးခဲ့၏ ။ ရိုင်နာ မှာ စိတ်ပျက်သွားသောအမူအရာ ၊ လက်မခံချင်သော ဟန်တို့ ဖြစ်သွားသော်လည်း တသိမ့်သိမ့်တုန်နေသော ထည်ဝါလင်းရှိန် ၏ ကျောပြင်ငယ်လေးနှင့် ခက်ထန် သွေးအိုင်များကို ကြည့်ပြီးနောက်တွင် သူ့မျက်လုံးများဟာ မှောင်မိုက်လာခဲ့၏ ။ မှိုင်း လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ သူ့အား အလုံးစုံ အားကိုးလိုက်ပါဟု မပြောဘဲနှင့် အမူအရာတို့ဖြင့် နားလည်စေလိုက်သည် ။

" ကိုယ်တို့ ဒီက ထွက်သွားကြမယ် မှိုင်း! ဒီက ထွက်သွားတာနဲ့ ကိုယ်တစ်ခုခုကို ဆုံးရှုံးရတော့မှာ! "

မှိုင်း လက်ကလေးများကို သွယ်ယှက်လာကာ သူ့လက်မောင်းအိုးကြီးကို အားကိုးတကြီး ဆုပ်ကိုင်လာခဲ့၏ ။

" လူနှစ်ယောက်ရဲ့ ဘဝနဲ့ ပျော်ရွှင်မှုကိုသာ ပြန်ရမယ်ဆို ပေးဆပ်ရတာ တန်နေမှာပါ နာနာ! ခင်ဗျား ရွေးချယ်တာမဟုတ်ဘူး ။ ဒါ ကံကြမ္မာက သတ်မှတ်ရွေးချယ်ပေးခဲ့တာ... တစ်ခုခု လွဲချော်ရင်တောင် ဒါက ဆုံးဖြတ်ထားပြီးသား ကံကြမ္မာကြောင့်ပဲ! "

သက်ပြင်းရှည်ရှည် ဆွဲချကာ ရိုင်နာ ပင့်သက်ရှိုက်လိုက်သည် ။

အားလုံးအခြေအနေ တည်ငြိမ်သွားသောအခါ မင်းမော် ဟာ ပုံရေး လက်သွယ်သွယ်လေးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ ပြန်တိုက်ခိုက်လာသော ကိုယ်လုံးလေးအား တဖက်သို့ဆွဲလှည့်ကာ သိမ်းကြုံးဆွဲညှစ် ဖက်တွယ်ထားလိုက်သည် ။ သူ့ရင်ဘတ်ဟာ ပုံရေး ကျောပြင်လေးနှင့် ထိစပ်နေကာ တန်ပြန်တိုက်ခိုက်လာသော လက်နောက်ပြန်ထိုးနှက်ချက်များကြောင့် နံရိုးများကျိုးကြေသွားမတတ် ဖြစ်နေရသော်လည်း သူဟာ ဒီကြောင်ဆိုးလေးကို လွှတ်ပေးလိုက်၍တော့မဖြစ်ပေ ။

ရိုင်နာ က ခက်ထန် ကို ကောက်ယူပွေ့ချီကာ
ဦးစိုင်းထန် က ပျော့ခွေချင်နေသော ထည်ဝါလင်းရှိန်ကို ပခုံးပေါ် ထမ်းတင်လိုက်သည် ။

နာကျင်အက်ကွဲသံများက ရန်ပွဲတစ်ခုကြားမှ ထွက်ပေါ်လာခဲ့သည် ။

" ထည်.. ထည် ဝါ  ... မသွား နဲ့..  မသွားပါနဲ့! 
ရိုင် နာ.. ငါ့ကို မထားခဲ့ပါနဲ့!  ငါ့ကို မင်း ဘယ်တုန်းကမှ မထားခဲ့ဖူးဘူးလေ... ရိုင်နာ... ငါ့အပေါ် အဲ့လို မလုပ်ပါနဲ့.. ငါတို့ အတူတူ ဖြတ်သန်းခဲ့ကြတာပဲလေ... မင်း မေ့လိုက်တော့မလို့လား ရိုင်နာ... ထည် ဝါ ... "

သူ့လက်များဟာ မင်းမော် ချုပ်ကိုင်ထားခြင်းကို ခံထားရသည်မို့ တစစီပျက်စီးသွားစေမည့် ချိန်ကိုက်ဗုံးကို လည်း သူ ခလုတ်နှိပ်လိုက်လို့မရပေ။
သူ့နားနှစ်ဖက်တွင် တပ်ဆင်ထားသော သူ့လူများနှင့်ဆက်သွယ်ထားသည့် နားကြပ်ကလေးမှာလည်း မင်းမော် ခြေထောက်အောက်တွင် ကွဲကြေလို့နေခဲ့ပြီ ။

သူ့စကားကို ကြားတဲ့အခါ ရိုင်နာ့ ခြေလှမ်းတို့ဟာ ရပ်တန့်သွားခဲ့သည် ။ သို့သော် ခဏလေးသာ... ။
နောက်တွင် လူအုပ်ကြီး၏ ခြေလှမ်းတို့မှာ ပုံရေးနှင့် တစထက်တစ ဝေးကွာသွားခဲ့လေတော့သည်။

" မင်းမော်!!! ခွေးမသား.. မင်းကို ငါ သေအောင်သတ်ခဲ့ရမှာ!! "

မင်းမော် ဟာ သူ့လျှာ အဖြတ်မခံခဲ့ရရင် ၊ သူသာ စကားပြောနိုင်ခဲ့ရင် သူ ပြန်ပြောမိမှာ ...

သခင်လေး ကျွန်တော့်ကို သတ်ခဲ့ပြီးသွားပါပြီလို့လေ... ။ ဒါ ခန္ဓာကိုယ်ပဲရှိတာပါ ခင်ဗျားရေ... ခင်ဗျား လုပ်ရပ်တွေကို တားဆီးပေးမဲ့ ခန္ဓာကိုယ်ပဲ ကျန်ခဲ့တာ ။ ခင်ဗျား ဘာလုပ်လုပ် အမှားမှန်းသိရက်နဲ့ ရပ်တည်ပေးခဲ့တဲ့ နှလုံးသားက ခင်ဗျား သတ်လို့သေသွားခဲ့ပြီ ။

သူ့နှလုံးသားလေး နာကျင်ကွဲအက်လွန်းလို့
ရုန်းကန်နေရင်းမှ တဖြည်းဖြည်း အားကောင်းလာခဲ့သည် ။ သူလည်း သိသည် ။ သူချစ်ရတဲ့ သူတွေက သူ့ကို ထားသွားခဲ့ပြီ ။ သူ လိုက်မမှီနိုင်တဲ့ နေရာဆီ ရောက်သွားကြလေပြီ ။ ဒါနဲ့ပဲ သူက လက်လျှော့လိုက်ရမှာတဲ့လား ။

သူ အားကုန်သုံးလျက် မင်းမော် ဝမ်းဗိုက်မှ အူမကြီးတွေပါ ပေါက်ထွက်သွားမတတ် တွန်းတိုက်ပစ်လိုက်သည် ။ ဟန်ချက်ပျက်၍ ယိုင်နဲ့သွားသည်ကို အခွင့်အရေးယူကာ နောက်တကြိမ် ထပ်၍ တိုက်ခိုက်ပြန်၏ ။ ခြေထောက်ကို နောက်ပြန် ဆွဲမလို့ မင်းမော် ကိုယ်လုံးကို မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း လဲကျစေခဲ့သည် ။

" ခွေးမသား!!!  ဒီနေ့တော့ မင်းကို ငါ အဆုံးသတ်ပေးမယ် "

ကုန်းထဖို့ ကြိုးစားလာသော မင်းမော် ရင်ဘတ်ပေါ်သို့ ခြေထောက်ဖြင့် စောင့်တက်နင်းလိုက်ကာ ချွန်ထက်သော လှံ၏ အသွားဖြင့် မင်းမော် ဝမ်းဗိုက်ကို ထိုးစိုက်ချပစ်လိုက်ကာ အူကလီစာများ မွစာကြဲသွားစေရန် ဆွဲမွှေပစ်လိုက်သည် ။ တပွက်ပွက် ဆူပွက်လာသော သွေးရဲရဲတို့ဟာ မင်းမော် ပါးစပ်ထဲမှ ထွက်ကျလာသလို ဝမ်းဗိုက်တွင်းမှလည်း မြင်မကောင်းစွာ သွေးချင်းချင်းနီသွားစေ၏ ။ မင်းမော် လက်အနီးတွင် ဓားတစ်ချောင်းရှိနေသည် ။ ဒါဟာ သူ လဲကျသွားချိန်ကတည်းက ဖြစ်၏ ။

မင်းမော် လိုလူက ဒီဓားကို သတိမထားမိဘူးဆို ဖြစ်နိုင်ချေမရှိသော အရာတစ်ခု ဖြစ်လိမ့်မည် ။ သူ့အနားကို ဓားကို အဆင်သင့်လေး ကောက်ယူကာ ပုံရေး ခြေထောက်များကို ထိုးစိုက်မည်ဆိုပါက ဒီလှံအသွားဟာ သူ့ဗိုက်ထဲ ဖောက်ဝင်လာစရာ အကြောင်းမရှိအပ်ချေ ။

ဓားမရှိလျှင်တောင် သူလိုလူက ပုံရေး အားလေးကို မယှဉ်နိုင်စရာ မရှိပါချေ ။ ခက်ထန် တို့ ထိုနေရာရဲ့အပြင်ကို ရောက်ရှိသွားကြောင်း အချက်ပြကိရိယာမှ အသံပေးစနစ်တို့ တတီတီ မြည်ဟည်းလာကတည်းက သူဟာ မာန်တင်းထားသော စိတ်ကို လျှော့ချလိုက်ခြင်း ဖြစ်၏ ။ အပြင်လူတွေသာ အန္တရာယ်ကင်းသွားလျှင်... ချစ်ရသူတွေသာ ပေါင်းဖက်နိုင်လျှင် သူ လည်း လွယ်လင့်တကူလေး စိတ်လျှော့ ချပစ်လိုက်မှာ ဖြစ်သည် ။

သူ နည်းနည်းမှ မလှုပ်ယှက်တော့ပေ ။ သူ့နှလုံးသားနှင့်အတူ သူ့ခန္ဓာကိုယ်ကပါ သွေးအိုင်ကြား လဲလျောင်းကာ မျက်ရည်တို့တသွင်သွင် စီးကျရုံလောက်သာ သူ တုံ့ပြန်ခဲ့သည် ။ သွေးတို့ အဆက်မပြတ် အန်ထွက်ပြီးနောက် ငြိမ်သက်သွားသောအခါ သူ့နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားကာ မျက်နှာလှလှလေးနှင့် လွန်စွာ အကြင်နာတရားကင်းမဲ့လျက် ရက်စက်တတ်သော လူသားလေးကို မမှိတ်မသုန် ငေးကြည့်နေခဲ့၏ ။

" မျက်ရည်ကျတယ်ပေါ့... ကျထား... ကျထား...
မကြာခင် ဆန့်ငင် ဆန့်ငင် ဖြစ်ပြီး သေရတော့မှာ ။ မကြာတော့ဘူး... ဟား... ငရဲပြည်ရောက်ရင်ပဲဖြစ်ဖြစ်! နောက်ဘ၀ ကူးရင်ပဲဖြစ်ဖြစ် ခုလို နေရာတကာ ဝင်မပါတတ်အောင်ပါ တခါတည်း သင်ခန်းစာ ယူသွားဉီး!  မြန်မြန်သေသွားစမ်းပါ "

ပုံရေး ခြေထောက်တို့သည် မင်းမော် ရင်ခေါင်းတည့်တည့်ပေါ်သို့ ပြင်းထန်စွာ ခြေစောင့်ကန်လိုက်လျှင် ရင်ခေါင်းတွင်းမှ သွေးပြန်ကြောများသည် အစာအိမ်ထိတိုင် ကန်တက်လာသည့်ဟန် သွေးပွက်ပွက် အန်စေခဲ့၏။

သူ ဒီအခြေအနေကို ရွေးချယ်လိုက်ကတည်းက
သူ့ ဝဋ်ကြွေးတွေ ဒီနေရာမှာတင် ကုန်ဆုံးရတော့မယ်ဆိုတာ သူ သိထားပြီးဖြစ်သည်။
လက်ထဲမှ ချိန်ကိုက်ဗုံးစက်ခလုတ်လေးကိုတော့ ပုံရေးက မြင်လိုက်ဟန်မတူပေ ။

မင်းမော် နှုတ်ခမ်းလေးက တည်ငြိမ်အေးချမ်းစွာ ပြုံးလာခဲ့၏ ။ သူက မကောင်းသောအရာတွေရဲ့ အဆုံးသတ်ကို ဖန်တီးသွားချင်သူသာ ဖြစ်ချင်တော့သည် ။ ဒါက ပုံရေး သူ့လျှာကို ဖြတ်ပစ်ခဲ့လို့လည်း မဟုတ်သလို သူ့ကို သတ်ပစ်ချင်ခဲ့လို့လည်း မဟုတ်ဘူး... ။ ဒီအတိုင်း ချစ်တဲ့သူကို လောင်မြိုက်မှုတွေကြား ၊ အထီးကျန်မှူတွေကြား ၊ အမှားတွေကြား ၊ ယုတ်မာရက်စက်မှုတွေကြား မထားခဲ့ချင်ရုံလေးပဲ...... ။

လက်ထဲက ခလုတ်လေးကို ငြိမ်သက်စွာ ထုတ်ယူလိုက်သည် ။ သူ့ကို တားဆီးဖို့ ပြေးလာတဲ့ ဖြူစုပ်စုပ် မျက်နှာလေးကို မြင်နေရသည် ။ လက်ညှိုးလေးတစ်ချက် ကွေးလိုက်ဖို့ သူ ထပ်ပြီးစောင့်မနေချင်တော့ဘူး ။

ငရဲကို အတူတူ သွားကြရအောင်လား ကိုယ့်ရဲ့ကြောင်နက်လေး ။ ငရဲပြည်မှာ မင်းချစ်တဲ့သူတော့ မရှိနိုင်ပေမဲ့ မင်းကို ချစ်တဲ့ ကိုယ် တစ်ယောက်လုံး ရှိပါသေးတယ် ။

ရက်စက်တာ မဟုတ်ရပါဘူး ။ အထီးကျန်မှုတွေကြား မထားခဲ့ချင်ရုံလေး...
နာကျင်မှူတွေကြား မထားခဲ့နိုင်ရုံလေး...
ရက်စက်မှူတွေကြား မပျော်မွေ့စေချင်ရုံလေးတင်... ။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့် ဟုန်းဟုန်းတောက်လောင်နေသော မီးလုံးကြီးတစ်လုံး.. ၊ ပြိုလဲပျက်စီးရန် တာဆူနေသော အဆောက်အဦးကြီးတစ်ခု.. ၊
လဲကျသွားသော ကောင်လေးတစ်ယောက်ရဲ့ လက်ကို
လှမ်း၍ ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ သွေးအိုင်ထဲမှ ကောင်လေးတစ်ယောက်... ။ ယမ်းစများကြားမှ
နာကျင်စရာ ဇာတ်သိမ်းလေးတစ်ပုဒ် ။

" မင်းနာမည်က မင်းမော်?  ! "

ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ အစပြုခဲ့သည် ။

" မြန်မြန်သေသွားစမ်းပါ "

ဆိုတဲ့ ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ခဲ့၏ ။ မျက်ရည်များကြားမှ ပြုံးပြုံးလေးဖြင့်သာ မလှုပ်ယှက်နိုင်တော့သော ခန္ဓာကိုယ်နှစ်ခုဟာ ငြိမ်သက်စွာ ထာဝစဉ် အိပ်စက်သွားဖို့ အကြောင်းဖန်ခဲ့တော့သည် ။

မင်းတို့ ငါ့ကို ထားခဲ့ကြတယ်.... ။ နောက်ဆုံးတော့လည်း ငါဟာ အစွန့်ပစ်ခံခဲ့ရရုံလေးပါပဲ ။

နောက်တပိုင်း များများရေးပေးမယ်နော်
Fic  ကလေ အကုန်  un  ကြတာလား?  သူငယ်ချင်းက နင် မ  un. သေးဘူးလား မေးနေလို့ သင်တန်းက စာတွေ လွတ်နေလို့ Fic un  ရတာ မသိလိုက်ဘူး 👁👁👁

Unicode version






Comment