SOMETHING LIKE LOVE (8)


Unicode



Something Like Love


" စီနီယာတို့ အိမ်ပြန်ကျတော့မလို့လား...."


သူမတို့သုံးယောက်သား
ကျောင်းရှေ့မှာ ဈေးဝယ်ထွက်သွားဖို့
သွားရန်ပြင်နေတုန်း သူမတို့ထက် တစ်နှစ်သည့်
Yeri နှင့်အတန်းတူ ဂျူနီယာမလေးက
လာနှုတ်ဆက်သည် ။
သူမတို့နဲ့ အတူတူ သွားသွားလာလာ
မရှိပေမယ့် ဒီဂျူနီယာလေးနဲ့လည်း
အတော်လေး ခင်သည် ပြောရမည် ။


" ဟုတ်တယ်..yuqi ရဲ့ ..
နင်လည်း အိမ်ပြန်တော့မို့လား "


Jennie မေးတော့ Yuqi က
ခေါင်းတစ်ချက်ညိမ့်ပြရင်း


" ဟုတ်ကဲ့ စီနီယာ ။
မနေ့ညက အိမ်မပြန်ဘဲ ထွက်လည်နေမိတော့
ဒီနေ့စောစောပြန်...."


စကားတောင် မဆုံးသေး joyက  yuqiရဲ့
လည်ပင်းကို သွားကိုင်တာကြောင့် Jennie နဲ့ yeri ရဲ့
နှုတ်ခမ်းတွေ ခပ်ဟဟဖြစ်သွားသည် ။
yuqi ရဲ့လည်ပင်းကို စူးစူးစိုက်စိုက်ကြည့်နေသည့်
joy ကြောင့် yuqi ကြည့်ရတာ အနေခက်နေသလိုပင် ။


"  yuqi..နင်မနေ့ညက အိမ်မပြန်တာ
ရိုးရိုးသားသားတော့ မဟုတ်လောက်ဘူးနော်.."


ပြောရင်း joy က ရယ်တော့ yuqi က
အရှက်သည်းစွာဖြင့် ခေါင်းငုံ့သွားသည် ။
အခြေအနေကို သဘောမပေါက်ဖြစ်နေသည့် Jennie
နဲ့ yeri မှာ အူလည်လည် ဖြစ်နေရသည် ။


သို့ပေမယ့် joy က yuqi ရဲ့ လည်ပင်းမှ
အညိုရောင် အကွက်လေးတွေကို လက်ညိုးထိုးပြသည် ။
အဲ့အခါကျမှ သူမတို့နှစ်ယောက်လည်း
သဘောပေါက်ကာ သက်ပြင်းချမိတော့သည် ။


" ဘယ်သူနဲ့များလည်း yuqiရေ...."


Jennie မေးတော့ yuqi က ခပ်ဖွဖွပြုံးရင်း..


" Club မှာ တွေ့ခဲ့တယ့် အစ်မ တစ်ယောက်နဲ့ပါ  "


ပြောရင်း yuqi က မျက်နှာတွေ
ပေါက်ထွက်မတက် နီရဲလာတာကြောင့်
သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ရင်း ပြုံးလိုက်မိသည် ။


" သူက ယုံကြည်ရလို့လား...."


" အဲ့တာတော့ မသိဘူး ။ ညီမ club မှာ ထိုင်သောက်
နေမိတုန်းသူက လာပြီး flirt တာ ။  စကားပြော
အရမ်းကောင်းတော့ ညီမလည်း ကြွေသွားမိတာ..
ရုပ်ကလည်း အရမ်းချောတယ်  " 


yuqi က ရေဖက်မဝင်စကားတွေ
တရစပ်ပြောနေတာကြောင့် သူမတို့မှာ
ပါးစပ်အဟောင်းသားဖြင့် ထိုင်နားထောင်နေရသည် ။
ပုံမှန်ဆို yuqi က စကားသိပ်မများတတ်ပေ ။


" အော်..ကြည့်ရတာ ငါတို့နဲ့အတူ နင်
မလိုက်လာနိုင်တော့ဘူးထင်တယ်  "


yuqi ရဲ့စကားကို နားထောင်နေမိတုန်း
သူမတို့၏ လမ်းတဖက်မှာ လာရပ်သည့် ကားကို
ကြည့်ရင်း  Joy က ပြောသည် ။
ဘယ်သူလည်းဆိုတာ မပြောလည်း
သိနေသည်မို့ သူမ ခပ်ဖွဖွလေး ပြုံးလိုက်မိသည် ။


Joy တို့က Jisoo မဆင်းလာခင်မှာဘဲ
ချက်ချင်း နေရာက ထွက်သွားလေသည် ။
ဒါပေမယ့် သူမရှေ့က Yuqi ကတော့ အိမ်က
လာကြိုမယ့် ကားကို စောင့်နေတုန်းပင် ။


" ဒါလင်နဲ့အတူ ညစာသွားစားကြရအောင် ကလေးရေ  "


Jisoo က ကားထဲက ဆင်းလာပြီး
သူမ အနားသို့ကပ်ကာ  နှစ်ကိုယ်ကြား
အသံလေးဖြင့် ပြောတော့ သူမပြုံးလိုက်မိသည် ။
ပြီးတော့...


" ကလေး ကားထဲဝင်နှင့်နော်...ကိုယ့်ရဲ့
အသိညီမလေးကို နှုတ်ဆက်လိုက်အုံးမယ်  "


" ဒါလင် နဲ့ yuqi နဲ့က သိနေတာလား  "


" ဟင်...အမ်..ဟုတ်တယ် ။ ကိုယ်ခဏ သူနဲ့
စကားပြောလိုက်အုံးမယ်နော်  "


ပြောပြီး သူမကို Jisoo က
လမ်းတစ်ဖက်က သူ့ရဲ့ကားဆီကို လိုက်ပို့သည် ။
ပြီးတော့ Yuqi ကို နှုတ်ဆက်လိုက်အုံးမည်ဆိုကာ
တစ်ဖက်ကို ပြန်ကူးသွားပြန်သည် ။


Yuqi နဲ့ Jisoo က ဘယ်တုန်းက
သိသွားတာလည်း စဉ်းစားမရ ။
ဒါပေမယ့်လည်း Jisoo ရဲ့ အပေါင်းအသင်းတွေကိုဆို
ရင် Joohyun တို့အုပ်စုရယ် seulgi ရယ်
က လွဲပြီး ကျန်တယ့် လူတွေကို
သိတာမှ မဟုတ်တာ ။


လမ်းရဲ့ တဖက်တချက်စီမှာ ရှိနေကျတာပေါ့
Jisoo နဲ့ yuqi ဘာတွေ ပြောနေကြလည်းဆို
တာ သူမ မကြားရပေ ။
ဒါပေမယ့် နှစ်ယောက်လုံးရဲ့ မျက်နှာက
ပြုံးရွှင်နေသည် ။


အခုလို jisoo နဲ့ Yuqi ကို
အတူတူ ပြုံးရွှင်ပြီးမြင်နေရတာ
နည်းနည်းလေးမှ ဘဝင်မကျပေ ။
ကြည့်ရတာ သူမတော့ သဝန်တိုနေမိပြီ
ထင်တယ် ။


မသတ်ဆိုင်တယ့် လူကို
သဝန်တိုရတာ သိပ်ပင်ပန်းသည် ။
အခုထိ သူမတို့ပတ်သတ်မှုမှာ
ခေါင်းစဉ်မရှိသေးပေ ။


သူမ သတိလက်လွတ် ထိုင်ကာ
တွေးနေမိသည်မှာ သူမဘေးခုံသို့
Jisoo ရောက်လာတယ် ဆိုတာတောင်
မသိတယ့် အထိ  ။


" ကလေး..ဘာတွေတွေးနေတာလဲ   "


Jisoo က သူမ၏ ပါးကို တစ်ချက်ဖိကပ်နမ်းကာ
ပြောသည် ။
ပြီးတော့ ကားခါးပတ်ကိုလည်း သူကိုယ်တိုင်
ပတ်ပေးသေးသည် ။


အခုလို သူ့ရဲ့ဂရုစိုက်မှုတွေ ခံစားနေရပြန်
တော့လည်း Jennie ဘာမှ တွေးမပူမိတော့ ။
လောလောဆယ်တော့ သူ့ရဲ့ မျက်နှာချောချောအား
ဘေးကနေ ငေးကြည့်ရင်း သူခေါ်ရာနောက်
ပါလာခဲ့ရသည် ။


~


" ရူးနေလား..ဘယ်လို့ကျွန်မရဲ့အိမ်ကို မောင်းလာရတာလဲ ။
အစ်မ တွေ့သွားရင် မိုးမီးလောင်မှာနော်  "


သူမက အိမ်ရှေ့တွင် ကားထိုးရပ်လိုက်သည့်
Jisooအား စိုးရိမ်ပူပန်းစွာ ပြောတော့ Jisooက
သူမကို ပေါ့ပေါ့ပါးပါးပင် ပြုံးပြသည် ။
ထို့နောက် ဘာမှ မပြောသေးဘဲ
သူမ ကို ကားခါးပတ်ဖြုတ်ပေးပြီး နှုတ်ခမ်းကို
တစ်ချက် ဖိကပ်၍ နမ်းသည် ။


" ကလေးရဲ့ အစ်မက ဒီညပြန်လာမှာ
မဟုတ်ဘူး ။ Wendy နဲ့အတူ ဘူဆန်မှာ ဆိုင်တိုးချဲ့ဖို့
ဆိုင်ခန်း ကိစ္စနဲ့ သွားတယ်  "


သူ့ရဲ့စကားကို ကြာမှ Jennie မှာ
သက်ပြင်းချနိုင်တော့သည် ။ Jisoo ဟာ
အကြောက်အလန့်ရှိတယ့်လူမဟုတ်တော့ အစ်မရှိနေလျက်နဲ့
သူ့စိတ်ထင်တိုင်းတွေ လျှောက်လုပ်နေမှာ
စိုးရိမ်နေခဲ့မိသည် ။
အစ်မအိမ်ပြန်မလာဘူး
ဆိုတာကြားမှ သူမမှာ စိတ်အေးသွားခဲ့ရသည် ။


" yuqi နဲ့ ဒါလင်က ဘယ်လို...အွင့်  "


သူမရဲ့ စကားတောင် မဆုံးနိုင်သေးချိန်မှာပဲ
Jisoo က သူမကို ဖိကပ်ကာ နမ်းလာသည် ။
သူမရဲ့ နှုတ်ခမ်းသားတွေကို ဆွဲဆွဲငင်ငင် ဖိကပ်နမ်း
ရှိုက်သည် ။


တစ် မိနစ်


နှစ် မိနစ်


သုံး မိနစ်


လေး မိနစ်


ငါး မိနစ်


" အိမ်တံခါးဖွင့်နေတာကို ဘယ်လိုဖြစ်နေတာလဲ ။
ငြိမ်ငြိမ်မနေနိုင်ဘူးလား... "


သူမ ရဲ့အနောက်ကနေ သိုင်းဖက်ထားပြီး
လည်တိုင်ကို စုပ်ယူနမ်းကာ
စနောက်ကျီစယ်နေသည့် Jisoo ကြောင့်
သူမမှာ အိမ်တံခါးဖွင့်နေတယ့် လက်တွေ
တုန်ရီလာရသည် ။
ပြီးတော့ ခြေထောက်တွေဟာလည်း
မခိုင်ချင်တော့ ။


ဖြစ်နိုင်ရင် အိမ်တံခါးကို
ဝုန်းခနဲ ကန်ချပြီး ဝင်သွားလိုက်ချင်ပြီ ။
ဒါပေမယ့်လည်း လက်တွေ့မှာတော့
တုန်ရီနေတယ့် လက်ကြောင့် အိမ်တံခါးကို
ဖွင့်ဖို့ရာ ပုံမှန်ထက် ခက်ခဲနေသည် ။


" အိမ်ရှေ့ပြီးမှာကို ငြိမ်ငြိမ်နေလေ..။
တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ  "


Jisoo ရဲ့ လက်တွေဟာ
သူမရဲ့ အကျီၤအတွင်းသို့ တိုးဝင်လာတာကြောင့်
ထိုသို့ ပြောလိုက်ခြင်း ။


ဒါပေမယ့် Jisoo က သူမရဲ့
စကားကို မကြားချင်ယောင်ဆောင်နေတယ်
တူပါနဲ့ ။
အကျီၤအတွင်းက လက်တွေဟာ
နည်းနည်းလေးမှ ငြိမ်သက်မသွားပေ ။


" ရ..ရပြီ  "


သော့ပွင့်ပြီဆိုတာနဲ့ jennie
အိမ်တံခါးကို အမြန်တိုးဖွင့်ပြီး အိမ်ထဲ
ဝင်လာလိုက်သည် ။


အိမ်တံခါးကို ပြန်ပိတ်ပြီး အနောက်လှည့်
ကြည့်တော့ Jisoo ဟာ ဆိုဖာပေါ်မှာ အခန့်သား
ထိုင်နေပြီး သူမကို ပီတီတီဖြင့် ပြုံးကာ
ကြည့်နေသည် ။
သူ့ရဲ့ အခုလို ပိုင်ဆိုးပိုးနက် လုပ်နေတယ့်
ပုံစံက သိပ်ကို မုန်းစရာကောင်းလှသည် ။
ဒါပေမယ့် သူမ သိပ်ကို သဘောကျသည် ။


လက်ထဲက အိတ်ကို ကြမ်းပြင်ပေါ်
ပစ်ချကာ ဆိုဖာ သူ့ဆီ ပြေးသွားလိုက်သည် ။
ပြီးတော့ သူ့ရဲ့ပေါင်ပေါ်ခွထိုင်လိုက်သည့်အခါ
သူက သဘောကျသွားဟန်ဖြင့်
ပြုံးလေသည် ။


အတူတူနေပြီးတာ အကြိမ်ရေ
မနည်းတော့တာမို့ သူ့ကို ဘယ်လိုဆွဲဆောင်ရမလဲ ၊
ဆိုတာ  Jennie ကောင်းကောင်းသိသည် ။


အထူးသဖြင့် Jennie အခုလုပ်လိုက်သလိုမျိုး
အပြုအမူကို သူသိပ်သိပ်သဘောကျတာကို
သူမ သိသည် ။


" ကလေးက ရဲတင်း...အွင့်  "


သူ့စကားမဆုံးသေးခင်မှာပဲ Jennie သူ့ရဲ့
နှုတ်ခမ်းတွေအား ပြင်းပြစွာ နမ်းရှိုက်လိုက်သည် ။
သူကတော့ အတော်လေး သဘောကျသွားဟန်ဖြင့်
Jennie ၏ သွယ်ချနေသည့် ခါးလေးအား
နူးညံ့စွာ ဖက်တွယ်လာသည် ။
ဒါကြောင့် Jennie လည်း သူ့ရဲ့လည်တိုင်လေး
အား ပြန်လည်သိုင်းဖက်ကာ စိတ်ကျေနပ်သည်
အထိ သူ့ရဲ့ နှုတ်ခမ်းတွေကို အလွတ်မပေးဘဲ
နမ်းရှိုက်လိုက်မိတယ် ။


~


နောက်တစ်နေ့  ။ Jennie ကျောင်းဆင်းတာနှင့်
Jisoo ၏ Studio ဆိကို လာခဲ့လိုက်သည် ။
joy က ဒီနေ့ ဂျယ်ဂျူကို သွား၍ ကျောင်းမလာတာကြောင့်
သူတို့ ဘယ်မှ သွားရန်မရှိ ။
သူတို့ ဘယ်သွားသွား Joy က ဦးဆောင်နေကြဖြစ်သည် ။
ဒါပေမယ့် ဒီနေ့တော့ joy မရှိသည်မို့ yeri က
အိမ်အစောပြန်သွားသည် ။
ဒါကြောင့် သူမလည်း  Jisoo ၏ studio ကို
လာခဲ့လိုက်သည် ။


Studio အလယ်တွင် မိန်းကလေးတစ်ယောက်နဲ့
အတူ စကားဝိုင်းကျနေသော Jisoo နှင့်  Seulgi
ကို မြင်တော့ သူမ အနားသွားရမှာ
တုံ့ဆိုင်းမိသွားသည် ။
ကြည့်ရတာ ဧည့်သည်ရောက်နေတယ်ထင်ပါနဲ့ ။


" အော်..Jennie ပါလား ။ လာထိုင်လေ  "


Seulgi က သူမကို တွေ့တာနဲ့
လှမ်းနှုတ်ဆက်သည် ။
Jisoo ကတော့  စကားပြောနေရာက သူမကို
လှည့်ကာ ပြုံးပြတော့ သူမလည်း
ပြန်ပြုံးပြလိုက်ရင်း Jisoo မျက်နှာချင်း
ဆိုင်တွင် ဝင်ထိုင်လိုက် သည် ။


ဧည့်သည်မိန်းကလေးက Jisoo ရဲ့ ဘေးတွင်
ထိုင်နေသောကြောင့် သူမမှာ သိပ်ပြီး
ဘဝင်မကျချင်ပေ ။


" Jiji ဒီကမိန်းကလေးက ဘယ်သူလဲ   "


Korea စကားကို Korea စကားနဲ့
မတူအောင် ပြောဆိုနေသည့် မိန်းကလေးဟာ
Korea လူမျိုးမဟုတ်ဘူး ထင်ပါရဲ့ ။
မျက်နှာပေါက်ဟာလည်း Korea လူမျိုးနှင့်
နည်းနည်းလေးမှ မတူပေ ။


" သူငယ်ချင်းရဲ့ ညီမလေးပါ...."


Jisoo ၏ စကားကို
ကြားတော့ Jennie ၏ ရင်ထဲ
ထိတ်ခနဲ ဖြစ်သွားရသည် ။
' သူငယ်ချင်းရဲ့ ညီမလေး ' တယ့် ။ အဟက်
ဒေါသ ထွက်လွန်းလို့ အံကိုကြိတ်ကို လက်သီးကို
တင်းတင်း  ဆုပ်ထားမိလိုက်တယ် ။
သူမတို့အကြောင်းကို အကုန်သိနေတယ့်
ဘေးနားက Seulgi ကိုလှမ်းကြည့်တော့
Jisoo အား ပြောင်ပြနေတာ မြင်ရသည် ။


" Jennie..ဒါက ကိုယ့်ရဲ့ သူငယ်ချင်း
Cheng xiao တယ့် ။ ပေကျင်းကပဲ...ကိုယ့်ဆီကို
အလည်လာတာ  "


Jisoo ၏ မိတ်ဆက်စကားကို ကြားတာနဲ့
ပြောင်းလဲသွားတယ့်  Cheng Xiao ဆိုတယ့်
မိန်းကလေးရဲ့ ခါးသက်သက် အပြုံးကို
Jennie မြင်ဖြစ်အောင် မြင်လိုက်သေးသည် ။ ပြီးတော့
ပါးစပ်ကလည်း တရုတ်လိုတွေ တရစပ်ရေရွက်နေသေးသည် ။
ဘာတွေပြောလို့ပြောမှန်း နားမလည်တယ့်
Jennie မှာတော့ အူကြောင်ကြောင်လေး
ဖြစ်နေပေမယ့် နားလည်တယ့် Seulgi နှင့် Jisoo
တို့ကတော့ရယ်မောနေလေသည် ။ 


" မနက်ကျမှ  ပြန်လာခဲ့မယ်  "


ပြောရင်းဆိုရင်း စားပွဲပေါ်က ပိုက်ဆံအိတ်ကို
ယူကာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့်
Studio ထဲက ထွက်သွားသော Cheng Xiao ဆို
တယ့် မိန်းကလေး ။


ထိုမိန်းကလေးထွက်သွားကာမှ
သူမရဲ့ဘေးနားကို လေလိုအလျင်နဲ့ ပြောင်းရွေ့လာသူ ။
သူ့ကို အတော်လေး ဒေါသထွက်နေသည်မို့ မျက်နှာကို
လွဲထားမိသည် ။


" ကလေး..တစ်ခုခုစားမလား  "


" သူငယ်ချင်းရဲ့ ညီမလေးကို ဘာလို့
အဲ့လိုတွေ လာခေါ်နေရတာလဲ ။ စောနက
ခေါ်သလို Jennie လို့ပဲ ခေါ်စမ်းပါ..ထပ်ပြီး
ကြားချင်လွန်းလို့ ခေါ်စမ်းပါ! "


သူမရဲ့ စကားတွေကို ဟာသလိုပဲ မြင်နေတယ်
ထင်ပါရဲ့ ။
သူမ ခဏတာ ငြိမ်နေမိရင်း
ဒေါသတွေကို ဖြေလျော့ဖို့ ပြင်ဆင်မိသည် ။
သို့ပေမယ့်လည်း တလိပ်လိပ်တက်လာသည့်
ဒေါသတွေ ဝမ်းနည်းမှုတွေဟာ နည်းနည်းလေးမှ
မယုတ်လျော့သွားပေ ။


" ကျွန်မကို ဘယ်လိုသဘောထားနေတာလဲဟင်..
တကယ်ပဲ အတူူတူ အိပ်....အဲ့ အဆင့်ထက်
ပိုမတွေးပေးဘူးလား  "


ပြောရင်းနဲ့ပင် သူမရဲ့ မျက်ရည်တွေဟာ
ဝဲတက်လာသည် ။
အရှေ့က Jisoo က သူမအား သွေးပျက်နေသော
မျက်နှာဖြင့်သာ ငေးမောနေပြီး တိတ်ဆိတ်နေသည် ။
Seulgi ကတော့ အခြေအနေတွေကို
သဘောပေါက်စွာနှင့် Studio ထဲက
ထွက်သွားပေးသည် ။


" အဟက်... အတူတူအိပ်နေကြတယ့်အထိတောင်မှ
သူငယ်ချင်းရဲ့ ညီမလေး ဖြစ်နေတုန်းလား! "


ပြောနေရင်းနဲ့မှ သူမရဲ့အသံတွေဟာ
တုန်ရီလာခဲ့သည် ။
ဒေါသထွက်ပြီး ခံပြင်းလွန်းလို့ အသားတွေတောင်
တဆတ်ဆတ်တုန်ရီလာရသည် ။


" အခုထိ ရေရေရာရာ နမည်မတပ်ရသေးတယ့်
ဆက်ဆံရေး... အတူတူအိပ်တာအပြင်မပိုတယ့်
ဆက်ဆံရေးကို ကျွန်မ ဘယ်အချိန်ထိ ဖက်တွယ်နေ
ရအုံးမှာလဲ "


" အဲ့တာက အရေးကြီးလို့လား...ကိုယ်တို့အချင်းချင်း
အဆင်ပြေနေရင် ရပြီပဲဟာကို.."


Jennie မှာ ပြောစရာစကားတောင်
ပျောက်ရှသွားရသည် ။
သူဟာ Jennie ထင်ထားတာထက် ပိုပြီး
မျက်နှာပြောင်တိုက်တယ့်လူပဲ ။


" တကယ်ပဲ ကျွန်မကို အပျော်ကစားတာလား ။
အာ..ဒီကလေးက ငတုံးမလေးပဲ ဆိုပြီး
အပျော်ကစားခဲ့တာ မဟုတ်လား...။ လွယ်တယ်ဆိုပြီး
တော့လေ  "


" ဘာလို့ ရုတ်တရက်ကြီး အဆင်ပြေနေတာကို
ဒီလိုစကားတွေ ပြောနေရတာလဲ..."


" ဒီအထိအဆင်ပြေနေတယ်ဆိုတာ ကျွန်မရဲ့
စိတ်တွေကို ထိန်းချုပ်ထားလို့ပါ ။ ရှင့်ကို သဘောကျလွန်း
လို့...ရှင့်ရဲ့အနားမှာ နေနေရတာကို ပျော်လွန်းလို့
ကျွန်မရဲ့ စိတ်တွေကို ထိန်းချုပ်ထားခဲ့တာ..။ ချစ်တယ်
ဆိုတယ့် စကားကို ရှင့်ဆီကကြားဖို့  ကျွန်မ မမျှော်လင့်
ထားပါဘူး..။ အဲ့အစား တွဲကြရအောင်ဆိုတယ့်
စကားလေးကိုပဲ ကြားဖို့ မျှော်လင့်ထားတာ!
သည်းမခံနိုင်တော့တယ့်အချိန် ကိုယ်တိုင်ထုတ်ပြော
ပစ်လိုက်ချင်ပေမယ့် ရှင့်ကို စိတ်အနှောက်အယှက်
ဖြစ်သွားစေမလား ၊ ကျွန်မအနားမှာ နေရတာ
စိတ်ကျဉ်းကျပ် သွားစေမလား ဆိုတယ့် စိတ်နဲ့ ကျွန်မ
ထိန်းချုပ်ထားခဲ့ရတာ...။ ဒါပေမယ့်
အကုန်အလကားပဲ !  ဒါကြောင့်....."


အသံတွေဟာ ပိုမို တုန်ရီလာပြီး
စကားလုံးတွေဟာလည်း ထပ်မံပျောက်ရှရကုန်
ပြန်သည် ။
ရှက်ဖို့ကောင်းလိုက်တာ ။


" ဒီမှာတင် တော်ကြရအောင် "


" ဘာပြောတယ်..."


" ဒီမှာတင် ကျွန်မတို့ရဲ့ ပတ်သတ်မှုကို
ရပ်စဲ လိုက်ရအောင်လို့ ပြောတာ ။
ကျွန်မကို တန်ဖိုးမထားတယ့်  ရှင့်ဆီမှာ
ထပ်ပြီး အရူးလုပ်မခံနိုင်တော့ဘူး! "


ပြောရင်း နဲ့ ဆိုဖာပေါ်က ထလိုက်သည် ။
ပြီးတော့ စားပွဲပေါ်က သူမရဲ့ ပိုက်ဆံအိတ်ကို
ကောက်ကိုင်လိုက်တော့  Jisoo ဟာ သူမရဲ့
လက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်သည် ။
သူမကို ကြည့်နေတယ့်  Jisoo ရဲ့  မျက်ဝန်းတွေဟာ
မနူးညံ့ဘူး ။


" အင်းလေ ။ ရပ်လိုက်ကြတာပေါ့
မင်းနဲ့ ပတ်သတ်နေတာကို ရပ်လိုက်လည်း
ငါ့အတွက် ဘာမှ ထိခိုက်သွားတာမှ မဟုတ်တာ..."


ပြောပြီး နေရာက ထထွက်သွားတယ့်
Jisoo ဟာ တကယ့်ကို မုန်းစရာကောင်းလှသည် ။
ဒါပေမယ့် ဆိုးဝါးစွာနဲ့ပဲ Jennie မမုန်းနိုင်ဘူး..။


လူတစ်ယောက်ကို သဘောကျသွားတယ့်အခါ
သူဘယ်လို ဆိုူဝါးတာတွေ လုပ်နေပါစေ
ဘယ်လိုမှ မမုန်းနိုင်ဘူးလေ ။
Jennieဟာလည်း အဲ့လိုမျိုး သူ့ကို သဘောကျလွန်းလို့
မမုန်းပစ်နိုင်ခဲ့ပါဘူး....။


TBC.


Zawgi


Something Like Love


" စီနီယာတို႔ အိမ္ျပန္က်ေတာ့မလို႔လား...."


သူမတို႔သံုးေယာက္သား
ေက်ာင္းေရွ႕မွာ ေစ်းဝယ္ထြက္သြားဖို႔
သြားရန္ျပင္ေနတုန္း သူမတို႔ထက္ တစ္နွစ္္သည့္
Yeri နွင့္အတန္းတူ ဂ်ဴနီယာမေလးက
လာနႈတ္ဆက္သည္ ။
သူမတို႔နဲ႔ အတူတူ သြားသြားလာလာ
မရွိေပမယ့္ ဒီဂ်ဴနီယာေလးနဲ႔လည္း
အေတာ္ေလး ခင္သည္ ေျပာရမည္ ။


" ဟုတ္တယ္..yuqi ရဲ႕ ..
နင္လည္း အိမ္ျပန္ေတာ့မို႔လား "


Jennie ေမးေတာ့ Yuqi က
ေခါင္းတစ္ခ်က္ညိမ့္ျပရင္း


" ဟုတ္ကဲ့ စီနီယာ ။
မေန႔ညက အိမ္မျပန္ဘဲ ထြက္လည္ေနမိေတာ့
ဒီေန႔ေစာေစာျပန္...."


စကားေတာင္ မဆံုးေသး joyက  yuqiရဲ႕
လည္ပင္းကို သြားကုိင္တာေၾကာင့္ Jennie နဲ႔ yeri ရဲ႕
နႈတ္ခမ္းေတြ ခပ္ဟဟျဖစ္သြားသည္ ။
yuqi ရဲ႕လည္ပင္းကို စူးစူးစိုက္စိုက္ၾကည့္ေနသည့္
joy ေၾကာင့္ yuqi ၾကည့္ရတာ အေနခက္ေနသလိုပင္ ။


"  yuqi..နင္မေန႔ညက အိမ္မျပန္တာ
ရိုးရိုးသားသားေတာ့ မဟုတ္ေလာက္ဘူးေနာ္.."


ေျပာရင္း joy က ရယ္ေတာ့ yuqi က
အရွက္သည္းစြာျဖင့္ ေခါင္းငံု႔သြားသည္ ။
အေျခအေနကို သေဘာမေပါက္ျဖစ္ေနသည့္ Jennie
နဲ႔ yeri မွာ အူလည္လည္ ျဖစ္ေနရသည္ ။


သို႔ေပမယ့္ joy က yuqi ရဲ႕ လည္ပင္းမွ
အညိဳေရာင္ အကြက္ေလးေတြကို လက္ညိဳးထိုးျပသည္ ။
အဲ့အခါက်မွ သူမတို႔နွစ္ေယာက္လည္း
သေဘာေပါက္ကာ သက္ျပင္းခ်မိေတာ့သည္ ။


" ဘယ္သူနဲ႔မ်ားလည္း yuqiေရ...."


Jennie ေမးေတာ့ yuqi က ခပ္ဖြဖြၿပံဳးရင္း..


" Club မွာ ေတြ႕ခဲ့တယ့္ အစ္မ တစ္ေယာက္နဲ႔ပါ  "


ေျပာရင္း yuqi က မ်က္နွာေတြ
ေပါက္ထြက္မတက္ နီရဲလာတာေၾကာင့္
သံုးေယာက္သား တစ္ေယာက္မ်က္နွာတစ္ေယာက္
ၾကည့္ရင္း ၿပံဳးလိုက္မိသည္ ။


" သူက ယံုၾကည္ရလို႔လား...."


" အဲ့တာေတာ့ မသိဘူး ။ ညီမ club မွာ ထိုင္ေသာက္
ေနမိတုန္းသူက လာၿပီး flirt တာ ။  စကားေျပာ
အရမ္းေကာင္းေတာ့ ညီမလည္း ေႀကြသြားမိတာ..
ရုပ္ကလည္း အရမ္းေခ်ာတယ္  " 


yuqi က ေရဖက္မဝင္စကားေတြ
တရစပ္ေျပာေနတာေၾကာင့္ သူမတို႔မွာ
ပါးစပ္အေဟာင္းသားျဖင့္ ထိုင္နားေထာင္ေနရသည္ ။
ပံုမွန္ဆို yuqi က စကားသိပ္မမ်ားတတ္ေပ ။


" ေအာ္..ၾကည့္ရတာ ငါတို႔နဲ႔အတူ နင္
မလိုက္လာနိုင္ေတာ့ဘူးထင္တယ္  "


yuqi ရဲ႕စကားကုိ နားေထာင္ေနမိတုန္း
သူမတို႔၏ လမ္းတဖက္မွာ လာရပ္သည့္ ကားကုိ
ၾကည့္ရင္း  Joy က ေျပာသည္ ။
ဘယ္သူလည္းဆိုတာ မေျပာလည္း
သိေနသည္မို႔ သူမ ခပ္ဖြဖြေလး ၿပံဳးလိုက္မိသည္ ။


Joy တို႔က Jisoo မဆင္းလာခင္မွာဘဲ
ခ်က္ခ်င္း ေနရာက ထြက္သြားေလသည္ ။
ဒါေပမယ့္ သူမေရွ႕က Yuqi ကေတာ့ အိမ္က
လာႀကိဳမယ့္ ကားကုိ ေစာင့္ေနတုန္းပင္ ။


" ဒါလင္နဲ႔အတူ ညစာသြားစားၾကရေအာင္ ကေလးေရ  "


Jisoo က ကားထဲက ဆင္းလာၿပီး
သူမ အနားသို႔ကပ္ကာ  နွစ္ကိုယ္ၾကား
အသံေလးျဖင့္ ေျပာေတာ့ သူမၿပံဳးလိုက္မိသည္ ။
ၿပီးေတာ့...


" ကေလး ကားထဲဝင္နွင့္ေနာ္...ကုိယ့္ရဲ႕
အသိညီမေလးကို နႈတ္ဆက္လိုက္အံုးမယ္  "


" ဒါလင္ နဲ႔ yuqi နဲ႔က သိေနတာလား  "


" ဟင္...အမ္..ဟုတ္တယ္ ။ ကိုယ္ခဏ သူနဲ႔
စကားေျပာလိုက္အံုးမယ္ေနာ္  "


ေျပာၿပီး သူမကို Jisoo က
လမ္းတစ္ဖက္က သူ႔ရဲ႕ကားဆီကုိ လိုက္ပို႔သည္ ။
ၿပီးေတာ့ Yuqi ကို နႈတ္ဆက္လိုက္အံုးမည္ဆိုကာ
တစ္ဖက္ကို ျပန္ကူးသြားျပန္သည္ ။


Yuqi နဲ႔ Jisoo က ဘယ္တုန္းက
သိသြားတာလည္း စဥ္းစားမရ ။
ဒါေပမယ့္လည္း Jisoo ရဲ႕ အေပါင္းအသင္းေတြကိုဆို
ရင္ Joohyun တို႔အုပ္စုရယ္ seulgi ရယ္
က လြဲၿပီး က်န္တယ့္ လူေတြကို
သိတာမွ မဟုတ္တာ ။


လမ္းရဲ႕ တဖက္တခ်က္စီမွာ ရွိေနက်တာေပါ့
Jisoo နဲ႔ yuqi ဘာေတြ ေျပာေနၾကလည္းဆို
တာ သူမ မၾကားရေပ ။
ဒါေပမယ့္ နွစ္ေယာက္လံုးရဲ႕ မ်က္နွာက
ၿပံဳး႐ႊင္ေနသည္ ။


အခုလို jisoo နဲ႔ Yuqi ကို
အတူတူ ၿပံဳး႐ႊင္ၿပီးျမင္ေနရတာ
နည္းနည္းေလးမွ ဘဝင္မက်ေပ ။
ၾကည့္ရတာ သူမေတာ့ သဝန္တိုေနမိၿပီ
ထင္တယ္ ။


မသတ္ဆိုင္တယ့္ လူကို
သဝန္တိုရတာ သိပ္ပင္ပန္းသည္ ။
အခုထိ သူမတို႔ပတ္သတ္မႈမွာ
ေခါင္းစဥ္မရွိေသးေပ ။


သူမ သတိလက္လြတ္ ထိုင္ကာ
ေတြးေနမိသည္မွာ သူမေဘးခံုသို႔
Jisoo ေရာက္လာတယ္ ဆိုတာေတာင္
မသိတယ့္ အထိ  ။


" ကေလး..ဘာေတြေတြးေနတာလဲ   "


Jisoo က သူမ၏ ပါးကုိ တစ္ခ်က္ဖိကပ္နမ္းကာ
ေျပာသည္ ။
ၿပီးေတာ့ ကားခါးပတ္ကိုလည္း သူကိုယ္တိုင္
ပတ္ေပးေသးသည္ ။


အခုလို သူ႔ရဲ႕ဂရုစိုက္မႈေတြ ခံစားေနရျပန္
ေတာ့လည္း Jennie ဘာမွ ေတြးမပူမိေတာ့ ။
ေလာေလာဆယ္ေတာ့ သူ႔ရဲ႕ မ်က္နွာေခ်ာေခ်ာအား
ေဘးကေန ေငးျကည့္ရင္း သူေခၚရာေနာက္
ပါလာခဲ့ရသည္ ။


~


" ရူးေနလား..ဘယ္လို႔ကြၽန္မရဲ႕အိမ္ကုိ ေမာင္းလာရတာလဲ ။
အစ္မ ေတြ႕သြားရင္ မိုးမီးေလာင္မွာေနာ္  "


သူမက အိမ္ေရွ႕တြင္ ကားထိုးရပ္လိုက္သည့္
Jisooအား စိုးရိမ္ပူပန္းစြာ ေျပာေတာ့ Jisooက
သူမကုိ ေပါ့ေပါ့ပါးပါးပင္ ၿပံဳးျပသည္ ။
ထို႔ေနာက္ ဘာမွ မေျပာေသးဘဲ
သူမ ကုိ ကားခါးပတ္ျဖဳတ္ေပးၿပီး နႈတ္ခမ္းကုိ
တစ္ခ်က္ ဖိကပ္၍ နမ္းသည္ ။


" ကေလးရဲ႕ အစ္မက ဒီညျပန္လာမွာ
မဟုတ္ဘူး ။ Wendy နဲ႔အတူ ဘူဆန္မွာ ဆိုင္တိုးခ်ဲ့ဖို႔
ဆိုင္ခန္း ကိစၥနဲ႔ သြားတယ္  "


သူ႔ရဲ႕စကားကို ၾကာမွ Jennie မွာ
သက္ျပင္းခ်နိုင္ေတာ့သည္ ။ Jisoo ဟာ
အေၾကာက္အလန္႔ရွိတယ့္လူမဟုတ္ေတာ့ အစ္မရွိေနလ်က္နဲ႔
သူ႔စိတ္ထင္တိုင္းေတြ ေလ်ွာက္လုပ္ေနမွာ
စုိးရိမ္ေနခဲ့မိသည္ ။
အစ္မအိမ္ျပန္မလာဘူး
ဆိုတာၾကားမွ သူမမွာ စိတ္ေအးသြားခဲ့ရသည္ ။


" yuqi နဲ႔ ဒါလင္က ဘယ္လို...အြင့္  "


သူမရဲ႕ စကားေတာင္ မဆံုးနိုင္ေသးခ်ိန္မွာပဲ
Jisoo က သူမကို ဖိကပ္ကာ နမ္းလာသည္ ။
သူမရဲ႕ နႈတ္ခမ္းသားေတြကို ဆြဲဆြဲငင္ငင္ ဖိကပ္နမ္း
ရိႈက္သည္ ။


တစ္ မိနစ္


နွစ္ မိနစ္


သံုး မိနစ္


ေလး မိနစ္


ငါး မိနစ္


" အိမ္တံခါးဖြင့္ေနတာကို ဘယ္လိုျဖစ္ေနတာလဲ ။
ၿငိမ္ၿငိမ္မေနနိုင္ဘူးလား... "


သူမ ရဲ႕အေနာက္ကေန သိုင္းဖက္ထားၿပီး
လည္တိုင္ကို စုပ္ယူနမ္းကာ
စေနာက္က်ီစယ္ေနသည့္ Jisoo ေၾကာင့္
သူမမွာ အိမ္တံခါးဖြင့္ေနတယ့္ လက္ေတြ
တုန္ရီလာရသည္ ။
ၿပီးေတာ့ ေျခေထာက္ေတြဟာလည္း
မခိုင္ခ်င္ေတာ့ ။


ျဖစ္နိုင္ရင္ အိမ္တံခါးကို
ဝုန္းခနဲ ကန္ခ်ၿပီး ဝင္သြားလိုက္ခ်င္ၿပီ ။
ဒါေပမယ့္လည္း လက္ေတြ႕မွာေတာ့
တုန္ရီေနတယ့္ လက္ေၾကာင့္ အိမ္တံခါးကို
ဖြင့္ဖို႔ရာ ပံုမွန္ထက္ ခက္ခဲေနသည္ ။


" အိမ္ေရွ႕ၿပီးမွာကို ၿငိမ္ၿငိမ္ေနေလ..။
တစ္ေယာက္ေယာက္ျမင္သြားရင္ ဘယ္လိုလုပ္မလဲ  "


Jisoo ရဲ႕ လက္ေတြဟာ
သူမရဲ႕ အက်ီၤအတြင္းသို႔ တိုးဝင္လာတာေျကာင့္
ထိုသို႔ ေျပာလိုက္ျခင္း ။


ဒါေပမယ့္ Jisoo က သူမရဲ႕
စကားကုိ မၾကားခ်င္ေယာင္ေဆာင္ေနတယ္
တူပါနဲ႔ ။
အက်ီၤအတြင္းက လက္ေတြဟာ
နည္းနည္းေလးမွ ၿငိမ္သက္မသြားေပ ။


" ရ..ရၿပီ  "


ေသာ့ပြင့္ၿပီဆိုတာနဲ႔ jennie
အိမ္တံခါးကုိ အျမန္တိုးဖြင့္ၿပီး အိမ္ထဲ
ဝင္လာလိုက္သည္ ။


အိမ္တံခါးကုိ ျပန္ပိတ္ၿပီး အေနာက္လွည့္
ၾကည့္ေတာ့ Jisoo ဟာ ဆိုဖာေပၚမွာ အခန္႔သား
ထိုင္ေနၿပီး သူမကို ပီတီတီျဖင့္ ၿပံဳးကာ
ၾကည့္ေနသည္ ။
သူ႔ရဲ႕ အခုလို ပိုင္ဆိုးပိုးနက္ လုပ္ေနတယ့္
ပံုစံက သိပ္ကို မုန္းစရာေကာင္းလွသည္ ။
ဒါေပမယ့္ သူမ သိပ္ကို သေဘာက်သည္ ။


လက္ထဲက အိတ္ကို ၾကမ္းျပင္ေပၚ
ပစ္ခ်ကာ ဆိုဖာ သူ႔ဆီ ေျပးသြားလိုက္သည္ ။
ၿပီးေတာ့ သူ႔ရဲ႕ေပါင္ေပၚခြထိုင္လိုက္သည့္အခါ
သူက သေဘာက်သြားဟန္ျဖင့္
ၿပံဳးေလသည္ ။


အတူတူေနၿပီးတာ အႀကိမ္ေရ
မနည္းေတာ့တာမို႔ သူ႔ကို ဘယ္လိုဆြဲေဆာင္ရမလဲ ၊
ဆိုတာ  Jennie ေကာင္းေကာင္းသိသည္ ။


အထူးသျဖင့္ Jennie အခုလုပ္လိုက္သလိုမ်ိဳး
အျပဳအမူကို သူသိပ္သိပ္သေဘာက်တာကုိ
သူမ သိသည္ ။


" ကေလးက ရဲတင္း...အြင့္  "


သူ႔စကားမဆံုးေသးခင္မွာပဲ Jennie သူ႔ရဲ႕
နႈတ္ခမ္းေတြအား ျပင္းျပစြာ နမ္းရိႈက္လိုက္သည္ ။
သူကေတာ့ အေတာ္ေလး သေဘာက်သြားဟန္ျဖင့္
Jennie ၏ သြယ္ခ်ေနသည့္ ခါးေလးအား
ႏူးညံ့စြာ ဖက္တြယ္လာသည္ ။
ဒါေၾကာင့္ Jennie လည္း သူ႔ရဲ႕လည္တိုင္ေလး
အား ျပန္လည္သိုင္းဖက္ကာ စိတ္ေက်နပ္သည္
အထိ သူ႔ရဲ႕ နႈတ္ခမ္းေတြကို အလြတ္မေပးဘဲ
နမ္းရိႈက္လိုက္မိတယ္ ။


~


ေနာက္တစ္ေန႔  ။ Jennie ေက်ာင္းဆင္းတာနွင့္
Jisoo ၏ Studio ဆိကုိ လာခဲ့လိုက္သည္ ။
joy က ဒီေန႔ ဂ်ယ္ဂ်ဴကုိ သြား၍ ေက်ာင္းမလာတာေၾကာင့္
သူတို႔ ဘယ္မွ သြားရန္မရွိ ။
သူတို႔ ဘယ္သြားသြား Joy က ဦးေဆာင္ေနၾကျဖစ္သည္ ။
ဒါေပမယ့္ ဒီေန႔ေတာ့ joy မရွိသည္မို႔ yeri က
အိမ္အေစာျပန္သြားသည္ ။
ဒါေၾကာင့္ သူမလည္း  Jisoo ၏ studio ကို
လာခဲ့လိုက္သည္ ။


Studio အလယ္တြင္ မိန္းကေလးတစ္ေယာက္နဲ႔
အတူ စကားဝိုင္းက်ေနေသာ Jisoo နွင့္  Seulgi
ကို ျမင္ေတာ့ သူမ အနားသြားရမွာ
တံု႔ဆိုင္းမိသြားသည္ ။
ၾကည့္ရတာ ဧည့္သည္ေရာက္ေနတယ္ထင္ပါနဲ႔ ။


" ေအာ္..Jennie ပါလား ။ လာထိုင္ေလ  "


Seulgi က သူမကို ေတြ႕တာနဲ႔
လွမ္းနႈတ္ဆက္သည္ ။
Jisoo ကေတာ့  စကားေျပာေနရာက သူမကို
လွည့္ကာ ၿပံဳးျပေတာ့ သူမလည္း
ျပန္ၿပံဳးျပလိုက္ရင္း Jisoo မ်က္နွာခ်င္း
ဆိုင္တြင္ ဝင္ထိုင္လိုက္ သည္ ။


ဧည့္သည္မိန္းကေလးက Jisoo ရဲ႕ ေဘးတြင္
ထိုင္ေနေသာေၾကာင့္ သူမမွာ သိပ္ၿပီး
ဘဝင္မက်ခ်င္ေပ ။


" Jiji ဒီကမိန္းကေလးက ဘယ္သူလဲ   "


Korea စကားကုိ Korea စကားနဲ႔
မတူေအာင္ ေျပာဆိုေနသည့္ မိန္းကေလးဟာ
Korea လူမ်ိဳးမဟုတ္ဘူး ထင္ပါရဲ႕ ။
မ်က္နွာေပါက္ဟာလည္း Korea လူမ်ိဳးနွင့္
နည္းနည္းေလးမွ မတူေပ ။


" သူငယ္ခ်င္းရဲ႕ ညီမေလးပါ...."


Jisoo ၏ စကားကုိ
ၾကားေတာ့ Jennie ၏ ရင္ထဲ
ထိတ္ခနဲ ျဖစ္သြားရသည္ ။
' သူငယ္ခ်င္းရဲ႕ ညီမေလး ' တယ့္ ။ အဟက္
ေဒါသ ထြက္လြန္းလို႔ အံကိုႀကိတ္ကို လက္သီးကုိ
တင္းတင္း  ဆုပ္ထားမိလိုက္တယ္္ ။
သူမတို႔အေၾကာင္းကို အကုန္သိေနတယ့္
ေဘးနားက Seulgi ကိုလွမ္းၾကည့္ေတာ့
Jisoo အား ေျပာင္ျပေနတာ ျမင္ရသည္ ။


" Jennie..ဒါက ကိုယ့္ရဲ႕ သူငယ္ခ်င္း
Cheng xiao တယ့္ ။ ေပက်င္းကပဲ...ကိုယ့္ဆီကို
အလည္လာတာ  "


Jisoo ၏ မိတ္ဆက္စကားကို ၾကားတာနဲ႔
ေျပာင္းလဲသြားတယ့္  Cheng Xiao ဆိုတယ့္
မိန္းကေလးရဲ႕ ခါးသက္သက္ အၿပံဳးကို
Jennie ျမင္ျဖစ္ေအာင္ ျမင္လိုက္ေသးသည္ ။ ၿပီးေတာ့
ပါးစပ္ကလည္း တရုတ္လိုေတြ တရစပ္ေရ႐ြက္ေနေသးသည္ ။
ဘာေတြေျပာလို႔ေျပာမွန္း နားမလည္တယ့္
Jennie မွာေတာ့ အူေၾကာင္ေၾကာင္ေလး
ျဖစ္ေနေပမယ့္ နားလည္တယ့္ Seulgi နွင့္ Jisoo
တို႔ကေတာ့ရယ္ေမာေနေလသည္ ။ 


" မနက္က်မွ  ျပန္လာခဲ့မယ္  "


ေျပာရင္းဆိုရင္း စားပြဲေပၚက ပိုက္ဆံအိတ္ကို
ယူကာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ျဖင့္
Studio ထဲက ထြက္သြားေသာ Cheng Xiao ဆို
တယ့္ မိန္းကေလး ။


ထိုမိန္းကေလးထြက္သြားကာမွ
သူမရဲ႕ေဘးနားကို ေလလိုအလ်င္နဲ႔ ေျပာင္းေ႐ြ႕လာသူ ။
သူ႔ကုိ အေတာ္ေလး ေဒါသထြက္ေနသည္မို႔ မ်က္နွာကို
လြဲထားမိသည္ ။


" ကေလး..တစ္ခုခုစားမလား  "


" သူငယ္ခ်င္းရဲ႕ ညီမေလးကို ဘာလို႔
အဲ့လိုေတြ လာေခၚေနရတာလဲ ။ ေစာနက
ေခၚသလို Jennie လို႔ပဲ ေခၚစမ္းပါ..ထပ္ၿပီး
ၾကားခ်င္လြန္းလို႔ ေခၚစမ္းပါ! "


သူမရဲ႕ စကားေတြကုိ ဟာသလိုပဲ ျမင္ေနတယ္
ထင္ပါရဲ႕ ။
သူမ ခဏတာ ၿငိမ္ေနမိရင္း
ေဒါသေတြကို ေျဖေလ်ာ့ဖို႔ ျပင္ဆင္မိသည္ ။
သို႔ေပမယ့္လည္း တလိပ္လိပ္တက္လာသည့္
ေဒါသေတြ ဝမ္းနည္းမႈေတြဟာ နည္းနည္းေလးမွ
မယုတ္ေလ်ာ့သြားေပ ။


" ကြၽန္မကို ဘယ္လိုသေဘာထားေနတာလဲဟင္..
တကယ္ပဲ အတူူတူ အိပ္....အဲ့ အဆင့္ထက္
ပိုမေတြးေပးဘူးလား  "


ေျပာရင္းနဲ႔ပင္ သူမရဲ႕ မ်က္ရည္ေတြဟာ
ဝဲတက္လာသည္ ။
အေရွ႕က Jisoo က သူမအား ေသြးပ်က္ေနေသာ
မ်က္နွာျဖင့္သာ ေငးေမာေနၿပီး တိတ္ဆိတ္ေနသည္ ။
Seulgi ကေတာ့ အေျခအေနေတြကို
သေဘာေပါက္စြာနွင့္ Studio ထဲက
ထြက္သြားေပးသည္ ။


" အဟက္... အတူတူအိပ္ေနၾကတယ့္အထိေတာင္မွ
သူငယ္ခ်င္းရဲ႕ ညီမေလး ျဖစ္ေနတုန္းလား! "


ေျပာေနရင္းနဲ႔မွ သူမရဲ႕အသံေတြဟာ
တုန္ရီလာခဲ့သည္ ။
ေဒါသထြက္ၿပီး ခံျပင္းလြန္းလို႔ အသားေတြေတာင္
တဆတ္ဆတ္တုန္ရီလာရသည္ ။


" အခုထိ ေရေရရာရာ နမည္မတပ္ရေသးတယ့္
ဆက္ဆံေရး... အတူတူအိပ္တာအျပင္မပိုတယ့္
ဆက္ဆံေရးကို ကြၽန္မ ဘယ္အခ်ိန္ထိ ဖက္တြယ္ေန
ရအံုးမွာလဲ "


" အဲ့တာက အေရးႀကီးလို႔လား...ကုိယ္တို႔အခ်င္းခ်င္း
အဆင္ေျပေနရင္ ရၿပီပဲဟာကုိ.."


Jennie မွာ ေျပာစရာစကားေတာင္
ေပ်ာက္ရွသြားရသည္ ။
သူဟာ Jennie ထင္ထားတာထက္ ပိုၿပီး
မ်က္နွာေျပာင္တိုက္တယ့္လူပဲ ။


" တကယ္ပဲ ကြၽန္မကုိ အေပ်ာ္ကစားတာလား ။
အာ..ဒီကေလးက ငတံုးမေလးပဲ ဆိုၿပီး
အေပ်ာ္ကစားခဲ့တာ မဟုတ္လား...။ လြယ္တယ္ဆိုၿပီး
ေတာ့ေလ  "


" ဘာလို႔ ရုတ္တရက္ႀကီး အဆင္ေျပေနတာကို
ဒီလိုစကားေတြ ေျပာေနရတာလဲ..."


" ဒီအထိအဆင္ေျပေနတယ္ဆိုတာ ကြၽန္မရဲ႕
စိတ္ေတြကို ထိန္းခ်ဳပ္ထားလို႔ပါ ။ ရွင့္ကို သေဘာက်လြန္း
လို႔...ရွင့္ရဲ႕အနားမွာ ေနေနရတာကို ေပ်ာ္လြန္းလို႔
ကြၽန္မရဲ႕ စိတ္ေတြကို ထိန္းခ်ဳပ္ထားခဲ့တာ..။ ခ်စ္တယ္
ဆိုတယ့္ စကားကို ရွင့္ဆီကၾကားဖို႔  ကြၽန္မ မေမ်ွာ္လင့္
ထားပါဘူး..။ အဲ့အစား တြဲၾကရေအာင္ဆိုတယ့္
စကားေလးကုိပဲ ၾကားဖို႔ ေမ်ွာ္လင့္ထားတာ!
သည္းမခံနိုင္ေတာ့တယ့္အခ်ိန္ ကိုယ္တုိင္ထုတ္ေျပာ
ပစ္လိုက္ခ်င္ေပမယ့္ ရွင့္ကို စိတ္အေနွာက္အယွက္
ျဖစ္သြားေစမလား ၊ ကြၽန္မအနားမွာ ေနရတာ
စိတ္က်ဥ္းက်ပ္ သြားေစမလား ဆိုတယ့္ စိတ္နဲ႔ ကြၽန္မ
ထိန္းခ်ဳပ္ထားခဲ့ရတာ...။ ဒါေပမယ့္
အကုန္အလကားပဲ !  ဒါေၾကာင့္....."


အသံေတြဟာ ပိုမို တုန္ရီလာၿပီး
စကားလံုးေတြဟာလည္း ထပ္မံေပ်ာက္ရွရကုန္
ျပန္သည္ ။
ရွက္ဖို႔ေကာင္းလိုက္တာ ။


" ဒီမွာတင္ ေတာ္ၾကရေအာင္ "


" ဘာေျပာတယ္..."


" ဒီမွာတင္ ကြၽန္မတို႔ရဲ႕ ပတ္သတ္မႈကို
ရပ္စဲ လိုက္ရေအာင္လို႔ ေျပာတာ ။
ကြၽန္မကုိ တန္ဖိုးမထားတယ့္  ရွင့္ဆီမွာ
ထပ္ၿပီး အရူးလုပ္မခံနိုင္ေတာ့ဘူး! "


ေျပာရင္း နဲ႔ ဆိုဖာေပၚက ထလိုက္သည္ ။
ၿပီးေတာ့ စားပြဲေပၚက သူမရဲ႕ ပိုက္ဆံအိတ္ကို
ေကာက္ကိုင္လိုက္ေတာ့  Jisoo ဟာ သူမရဲ႕
လက္ေကာက္ဝတ္ကို လွမ္းဆုပ္ကိုင္သည္ ။
သူမကုိ ၾကည့္ေနတယ့္  Jisoo ရဲ႕  မ်က္ဝန္းေတြဟာ
မႏူးညံ့ဘူး ။


" အင္းေလ ။ ရပ္လိုက္ၾကတာေပါ့
မင္းနဲ႔ ပတ္သတ္ေနတာကို ရပ္လိုက္လည္း
ငါ့အတြက္ ဘာမွ ထိခိုက္သြားတာမွ မဟုတ္တာ..."


ေျပာၿပီး ေနရာက ထထြက္သြားတယ့္
Jisoo ဟာ တကယ့္ကို မုန္းစရာေကာင္းလွသည္ ။
ဒါေပမယ့္ ဆိုးဝါးစြာနဲ႔ပဲ Jennie မမုန္းနိုင္ဘူး..။


လူတစ္ေယာက္ကို သေဘာက်သြားတယ့္အခါ
သူဘယ္လို ဆိုူဝါးတာေတြ လုပ္ေနပါေစ
ဘယ္လိုမွ မမုန္းနိုင္ဘူးေလ ။
Jennieဟာလည္း အဲ့လိုမ်ိဳး သူ႔ကို သေဘာက်လြန္းလို႔
မမုန္းပစ္နိုင္ခဲ့ပါဘူး....။


TBC.

Comment