SOMETHING LIKE LOVE (1)

[ Unicode ]




Something Like Love



" Jennieရေ ထတော့...မနက်စာစားကြမယ်  "


အခန်းတံခါးရှေ့မှ အစ်မဖြစ်သူ joohyun ၏
အော်သံကြောင့် သူမ စောင်ကို ခေါင်းအထိ ဆွဲခြုံ
ပစ်လိုက်သည် ။
မနေ့ညက သူငယ်ချင်းတွေဖြစ်တယ့် joy တို့အုပ်စု
နဲ့အတူ ညဉ့်နက်သည်အထိ
သောက်ထားသည်မို့  အိပ်ရေးမဝသည့် အပြင်
ခေါင်းကပါ ထိုးကိုက်နေသည် ။
ကြည့်ရတာ အရက်နာကျတာ ထင်ပါရဲ့ ။


" Jennieရေ...ထမင်းစားဖို့ ဆင်းလာရင်
နင့်ဆီက အရက်နံ့ကိုသယ်မလာနဲ့နော် ။ ငါထမင်းစားရင်း
အန်မထွက်ချင်ဘူး  "


သူမရဲ့ အစ်မဖြစ်သူ joohyunက ထိုသို့
အော်ပြီး အောက်ဆင်းသွားသည် ။
ဒါကြောင့် သူမ အိပ်ရာထဲမှ ကုန်းရှုန်းထပြီး
အိပ်ချင်မူးတူးဖြင့် ငူငူငိုင်ငိုင်ကြီး ထိုင်နေမိသည် ။


မနေ့ညက အိမ်ကို ဘယ်လို
ပြန်ရောက်လာမှန်း မသိတယ့်အထိ
သူမ မူးရူးနေခဲ့တာလား ။
ပြီးတော့ သူမ အရက်သောက်လာတာကို
joohyun က သိသွားပြီ ။ အခုတောင်
သူမကို သတိပေးသွားပြီမို့ ထမင်းစားခန်းထဲ
ရောက်ရင် သူမကို ဘယ်လောက်ထိ
အတိုးချဆူမလည်းဆိုတာ တွေးရင်း
သူမ သက်ပြင်းရှည်ရှည်တစ်ချက်ချလိုက်မိသည် ။


Joohyum ဆိုတယ့်ဟာက
လူကသာ ကြည့်လိုက်ရင် အေးအေးဆေးဆေး
နေသည့် ပုံပေါ်တာ ။
တကယ်တမ်းတော့ အဖွားအိုပေါက်စအတိုင်းပင်
ုဖြစ်သည် ။
တစ်နေ့တစ်နေ့ ပွစိပွစိပြောလိုက်
သူမကို ဆုံးမလိုက်နဲ့ ။
အဖွားအိုပေါက်စရဲ့ ဆုံးမစကားတွေကို
ကြောက်လွန်းလို့ သူမမှာ
တစ်အိမ်ထဲ နေတာတောင် အစ်မဖြစ်သူ joohyun
ကို မတွေ့အောင် မနည်းရှောင်ရသည် ။


အသက်အရွယ်အားဖြင့် သုံးနှစ်လောက်သာ
ကွာတယ်ဆိုပေမယ့် joohyunက
သူမကို အမေတစ်ယောက်အတိုင်းဆုံးမသည် ။
ဆူပူသည် ။
အကြောင်းအရင်းကတော့ သူမတို့ရဲ့
မိဘတွေ မရှိတော့သည်မို့ ဖြစ်သည် ။
Joohyun က မိဘတွေထားခဲ့သည့်
ပိုက်ဆံနှင့် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီး
ဦးစားလုပ်ကိုင်သည် ။
ပြီးတော့ သူမကို ကျောင်းထားပေးသည် ။
အခုဆိုရင် သူမက စီးပွားရေး မေဂျာ နောက်ဆုံး
နှစ်ဖြစ်သည်  ။
ဒါပေမယ့် သူမ စာမကြိုးစားပါဘူး ။
အမြဲတမ်း ကျောင်းပြေးပြီး joy တို့နှင့်အတူ
ဟိုဟိုဒီဒီလျှောက်သွားသည် ။ ဝေလေဝါးလာလုပ်သည် ။


ဒါဟာ သူမရဲ့လူငယ်ဘဝကို
အဓိဟ္ပယ်ရှိအောင် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခြင်း
သာဖြစ်သည် ။
သူမရဲ့ အစ်မလို အသက်အရွယ်နဲ့မလိုက်
ရင့်ကျက်တည်ငြိမ်နေသည့် မိန်းမတစ်ယောက်တော့
သူမ မဖြစ်ချင်ပါ ။


" Kim Jennie ရေ..ငါစိတ်မရှည်ဘူးနော်!!! "


နောက်တစ်ဖန် အခန်းရှေ့ရောက်လာပြန်သည့်
အော်သံကြောင့် သူမ ကုတင်ပေါ်က
အမြန်ထလိုက်သည် ။ ပါးစပ်မှလည်း
အောက်ထပ်ပြန်ဆင်းသွားသော joohyun ကို
ပစ်တောက်ပစ်တောက် ပြောနေမိသည် ။


အိမ်မှာ ညီအစ်မ နှစ်ယောက်သာ
နေသည်မို့ လွတ်လွတ်လပ်လပ်သာနေကြသည် ။
အိမ်က သိပ်မကျယ်ဘူးဆိုပေမယ့်
ညီအစ်မ နှစ်ယောက်တည်းသာ ရှိတယ့် သူမတို့အဖို့
မကျဉ်းဘူးလို့ ပြောရမည် ။
အပေါ်ထပ်တွင် အိမ်ခန်းက နှစ်ခန်း ၊ စတိုခန်းက
တစ်ခန်း ရှိသည် ။
အောက်ထက်တွင်တော့ အိပ်ခန်းကတစ်ခန်း ၊
စတိုခန်းက နှစ်ခန်း ၊ မီးဖိုချောင်ကတစ်ခန်း ၊
ဧည့်ခန်းက တစ်ခန်းရှိသည် ။


သူမကတော့ အပေါ်ထပ်တွင်သာ
အိပ်ပြီး joohyun ကတော့ အောက်ထပ်တွင်သာ
အိပ်ပြီး အနေများသည် ။
အပေါ်ထပ်ကိုတော့ သူမကို နှိုးသည့်
အခါမှသာ တက်ဖြစ်တယ် ထင်သည် ။


သူမ ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့
joohyun ရှိမနေတော့ပါ ။
ကြည့်ရတာ ဆိုင်သွားပြီထင်သည် ။
သူမ အတွက် မနက်စာကိုတော့
စားပွဲပေါ်မှာ အဆင်သင့် ပြင်ပေးခဲ့သည် ။
ပြီးတော့ စာတစ်စောင်လည်း ချန်ခဲ့သည် ။


" ဖုန်းဆက်လည်းရတာကို...အစ်မတို့က
သိပ်ကို ခေတ်နောက်ကျတာပဲ..ဟွန်း  "


သူမ စားပွဲပေါ်မှ စာရွက်ယူကာ
ထိုင်ခုံပေါ်နေရာယူလိုက်သည် ။
ပြီးတော့ ကော်ဖီတစ်ငုံသောက်လိုက်ရင်း
လက်ထဲမှ စာကို ဖတ်ကြည့်မိသည် ။


' ငါဒီနေ့ ညနေ ငါးနာရီလောက် အိမ်ပြန်ရောက်မယ် ၊
ဒီနေ့ ငါ့မွေးနေ့မို့ သူငယ်ချင်းတွေလာမှာ ၊ သုံးနာရီ
လောက် လာမယ်ထင်တယ် ၊ အဲ့တာကြောင့်
နင်အိမ်က မခွာနဲ့  '


်သူမ စာကို ဖတ်ကြည့်ရင်း
နှုတ်ခေါင်းရှုံ့လိုက်မိသည် ။
ပုံမှန်ဆို မွေးနေ့ကို ဆိုင်မှာကျွေးတယ့်လူက
တစ်ခေါက်ကျမှ ထူးထူးဆန်းဆန်း
အိမ်မှာလုပ်မယ်တယ့်  ။
ပြီးတော့ ဒီနေ့ သူမ joyတို့နဲ့ ချိန်းထားတာ
ရှိသည် ။
ဒါပေမယ့် joohyun က မသွားရဘူးတယ့် ။


" အစ်မရဲ့ မွေးနေ့ဆိုတော့ စကားနားထောင်လိုက်ပါမယ်
လေ ။ တစ်နှစ်တစ်ခါပဲ နားထောင်ရမှာဆိုတော့..."


သူမထိုသို့ ရေရွက်ရင်း သူမရှေ့က
joohyun ပြင်ပေးခဲ့သည့် မနက်စာကို
စားလိုကိသည် ။ ပြီးတော့ joy တို့ကို
ဖုန်းဆက်ကာ ဒီနေ့ အပြင်မထွက်ဖြစ်တော့
ကြောင်း ဖုန်းဆက်၍ ပြောလိုက်သည် ။


ဒီနေ့ joy တို့နဲ့ ဆိုင်တကာပတ်ပြီး
မုန့်စားမယ် ချိန်းထားပေမယ့် ဖျက်လိုက်ရတာ
ကြောင့် နှမျောတသတော့ ဖြစ်မိသည် ။


joy တို့ဆိုတာ သူမ အလယ်တန်းထဲက
ပုခုံးဖက်ပေါင်းလာသည့် သူငယ်ချင်းတွေုဖစ်သည် ။
သူမတို့ သူငယ်ချင်း အုပ်စုထဲတွင် joy ရယ် yeriရယ်
သူမရယ်သာ ရှိသည် ။
Yeri က သူမတို့က တစ်နှစ်ငယ်သည် ။
သူမတို့နဲ့ စီနီယာ-ဂျူနီယာဆိုပေမယ့် ဒီအတိုင်း
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးသာ
ပေါင်းသင်းကြသည် ။ 


အပြင်မထွက်ရတာကြောင့် အိမ်ထဲမှာသာနေရင်း
ဖုန်းဆော့လိုက် တီဗီကြည့်လိုက် မုန့်စားလိုက်
လုပ်ရင်း သူမရဲ့ ကိုယ်ပိုင်အချိန်တွေကို
ကုန်ဆုံးမိသည် ။
joy တို့ကလည်း တစ်ဆိုင်ပြောင်းတိုင်း
သူမကို လှမ်းပြီး ဖုန်းဆက်ကာ ဒုက္ခပေးသည် ။


သူမအိမ်မှာဆိုရင် စားစရာဆိုလို့
သစ်သီးတွေရယ် snackတွေရယ်သာ
ရှိသည် ။
ကျန်းမာရေးလိုက်စားလွန်းတယ့်
Joohyun ကြောင့်သာ ဖြစ်သည် ။


" 1 နာရီပဲ ရှိသေးတာကို..."


အိမ်ရှေ့မှ တံခါးခေါက်သံကြောင့်
သူမ တီဗီကြည့်နေရင်းမှ ထလိုက်ရသည် ။
သူမတို့အိမ်ကို လာလေ့လာထရှိသူလည်းမရှိပါ ။
joohyun ပြန်လာတယ်ဆိုရင် တံခါးခေါက်နေမှာ
မဟုတ်ဘူး ။
ဒီအတိုင်း သူ့ရဲ့ သော့နဲ့ဝင်လာမှာ ။
ပြီးတော့ joohyun ရဲ့ သူငယ်ချင်းတွေကလည်း
သုံးနာရီလောက်မှ ရောက်မှာ
ဖြစ်သည် ။


သူမ စားစရာတွေ ဘာတွေလည်း
မမှာထားမိပါဘူး ။


" ဘယ်သူ......"


တံခါးဖွင့်လိုက်သည်အခါ
သူမရှေ့မှာ မုန့်ထုပ်တွေဆွဲရင်း ရပ်နေသည့်
မိန်းကလေးကြောင့် သူမ မျက်လုံးပြူး
မျက်စံပြူး ဖြစ်သွားရသည် ။
ခပ်ပွပွ ရှပ်အကျီကို ဂျင်းဘောင်းဘီထဲ
ထိုးထည့်ပြီး ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားပေမယ့်
လည်း သူ့ကြည့်ရတာ အတော်လေး
ကြည့်ကောင်းသည် ။


သူ့ရဲ့ခေါင်းအစခြေအဆုံးစတိုင်က
ပေါ့ပေါ့ပါးပါးနှင့် အတော်လေးကြည့်ကောင်းသည် ။
သူမဘဝမှာ အခုလိုလူတစ်ယောက်ကို
သတိလက်လွတ် ငေးမောနေမိတာ
ပထမဆုံး ဖြစ်သည် ။


" တွေ့ရတာ ဝမ်းသာပါတယ် ။ ငါက မင်းရဲ့အစ်မ
joohyun ရဲ့ သူငယ်ချင်းပါ...Kim Jisoo
ခို့ ခေါ်ပါတယ်  "


သူဟာ လက်ထဲမှ မုန့်ထုပ်တွေကို
အောက်ကို ပစ်ချရင်း Jennie အား
လက်ကမ်းပေးကာ နှုတ်ဆက်လာသည်မို့
Jennieလည်း အယောင်ယောင် အမှားမှားဖြင့်
သူ့လက်အား ကိုင်၍ နှုတ်ဆက်မိသည် ။


" Kim Jennie လို့ခေါ်ပါတယ်.."


သူမ ပြန်နှုတ်ဆက်တော့ သူက
Jennieအား နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြသည် ။


Joohyun ရဲ့ သူငယ်ချင်းတွေအကုန်လုံးကို
သူမ မြင်ဖူးပေမယ့် Kim Jisoo ဆိုတယ့်
တစ်ယောက်ကိုတော့ မမြင်ဖူးပေ ။
ဒါပေမယ့် ကြားတော့ကြားဖူးသည် ။
joohyun တို့ သူငယ်ချင်းတွေ အိမ်မှာစုပြီး
စကားပြောကြတယ့် အခါတိုင်း Kim Jisooဆိုတယ့်
နမည်က ပါပါလာတတ်မို့ သူမရဲ့
နားထဲ ရင်းနှီးနေပြီးသား ဖြစ်သည် ။
ဒါပေမယ့် လူကိုတော့ အခုမှ
ပထမဆုံး မြင်ဖူးခြင်သာဖြစ်သည် ။


သူက အိမ်ထဲဝင်ကာ လက်ထဲက
မုန့်ထုပ်တွေကို စားပွဲပေါ်ချသည် ။
ပြီးတော့ သူ့နောက်မှာ ရပ်နေမိသည့်
Jennie အားလှည့်၍
ပြုံးပြလာသည် ။


" တခြားသူတွေက သုံးနာရီမှ လာမယ်ပြောတယ် ။
ငါက joohyun အိမ်ကို ရောက်ဖူးချင်တာ
ကြာပြီမို့ စောစောလာလိုက်တာ..."


သူက ထိုသို့ပြောရင်း ဆိုဖာပေါ်မှာ ဝင်ထိုင်သည် ။
Jennie လည်း မီးဖိုချောင်ထဲသွားကာ
ရေခဲသေတ္တာမှ Cola တစ်ဗူးယူပြီး
သူ့ကိုချပေးကာ သူ့ရဲ့ မျက်နှာချင်းဆိုင်မှာ
နေရခက်စွာ ဝင်ထိုင်လိုက်သည် ။


" Joohyun ရဲ့ ညီမက တကယ့်ကို အချောလေးပဲ ။
ဓာတ်ပုံတွေထဲမှာထက် အပြင်မှာ ပိုချောတယ်  "


သူဟာ လက်ထဲမှ Cola အား
တစ်ငုံသောက်ရင်း Jennie အား ချီးကျူးစကား
ပြောသည်  ။
သူ့ကြည့်ရတာ အေးအေးဆေးဆေးနေတတ်သည့်
ပုံပေါ်ပေမယ့် စကားပြောအတော်လေး
ကောင်းသည် ။


ပုံမှန်ဆို အခုမှ တွေ့ဖူးတာမို့
နေရခက်နေရမှာကို သူကတော့
Jennie အား ရင်းရင်းနှီးနှီးပင်
ပြောဆိုနေသည် ။
Jennie ကသာ သူ့ကို ကြည့်ရင်း
ရှက်သွေးဖြာပြီး အနေခက်နေရတာ ။


" ငါက အခုမှ ဆိုးလ်ကို ပြောင်းလာတာလေ ။
အရင်က ပေကျင်း မှာ အမေတို့နဲ့အတူ နေတာ ။
Joohyunတို့နဲ့က ဒီမှာ အထက်တန်းတုန်းက
သိခဲ့တာ ။ ဒါပေမယ့် ငါက အထက်တန်းပြီးတာနဲ့
အဖေ့ရဲ့ အလုပ်ကြောင့် ပေကျင်းကိုပြောင်းသွားရတာ  ။
ဒါကြောင့် မင်းငါ့ကို မမြင်ဖူးဘူးထင်တယ် ..."


" ကြား..တော့ကြားဖူးပါတယ် ။ အစ်မက သူ့ရဲ့
သူငယ်ချင်းတွေနဲ့ စကားပြောနေရင် ရှင့်ရဲ့
နမည်  ပါပါလာတတ်တယ်  "


Jennie  ပြောတော့ သူက သဘောကျစွာ
ဖြင့် ရယ်မောသည် ။
သူနဲ့စကားပြောတာ ကြာတော့
စောနကလို အနေမခက်တော့ပဲ သက်သောင့်သက်သာ
ရှိလာသည် ။


သူက Jennie ကို အခုမှ
စပြီး တွေ့ဖူးပေမယ့် သူ့အကြောင်းတွေ
အကုန်နီးပါးပြောပြသည် ။
သူက ပေကျင်းကနေ ထွက်လာခဲ့ပြီး
ဆိုးလ်မှာ တစ်ယောက်တည်းလာနေတာတယ့် ။
ပြီးတော့ သူက ဓာတ်ပုံရိုက်တာ ဝါသနာပါသည်မို့
သူ့ရဲ့ သူငယ်ချင်း Seulgi ဆိုသော သူနှင့်
အတူ  Studio တစ်ခုဖွင့်ဖို့ စီစဉ်ထားသည်ဆိုတာ
ပြောပြသည် ။


ပြီးတော့ သူက Joohyun နှင့်
အတန်းတူ သူငယ်ချင်း မဟုတ်ဘဲနဲ့
စီနီယာ - ဂျူနီယာ ။
သူက Joohyun ထက် တစ်နှစ်ငယ်တယ်
ပြောသည် ။
ဒါပေမယ့်လည်း သူတို့ကလည်း သူမနဲ့ yeriလို
ရင်းရင်းနှီးနှီးပေါ့ပေါ့ပါးပါးသာ
ပုခုံးဖက်ပေါင်းကြသည်တယ့် ။


သူဝယ်လာတယ့် မုန့်တွေကလည်း
Joohyun အတွက် ပေကျင်းကနေ ဝယ်လာသည့်
မုန့်များဖြစ်သည်တယ့် ။


သူဝယ်လာတယ့် မုန့်တွေက
ရိုးရာမုန့်တွေနှင့် snack မုန့်တွေသာ
ဖြစ်သည် ။ ပြီးတော့ မုန့်မဟုတ်တယ့်
လက်ဆောင်ထုပ်တွေလည်း ပါလာသေးသည် ။
joohyun အတွက် မွေးနေ့လက်ဆောင်
တွေတယ့်လေ ။


သူဝယ်လာတယ့် စားပွဲပေါ်က
ပစ္စည်းတွေကို ကြည့်နေရင်းမှ တော့ပိုကီဗူးလေးကို
တွေ့လိုက်ရသည်မို့ သူမရဲ့ မျက်လုံးအရောင်
ခပ်လဲ့လဲ့ ဖြစ်သွားသည် ။
ပေကျင်းက ဝယ်လာတာ မဟုတ်တယ့်
တော့ပိုကီရဲ့ ဗူးပုံစံ သူမအကြိုက်ဆုံးလက်ရာ
ဖြစ်တယ့် သူမတို့ လမ်းထိပ်ဆိုင်က ဖြစ်သည် ။


" တော့ပိုကီ စားမလား ။  joohyun ပြောဖူးတယ်
သူ့ညီမက တော့ပိုကီ တအားကြိုက်တာတယ့်...။
လမ်းထိပ်ကဆိုင်ရှေ့ရောက်တော့ အဲ့စကားကို
သတိရပြီး ဝယ်လာခဲ့လိုက်တာ  "


သူက Jennie တော့ပိုကီဗူးကို
ကြည့်နေမိတာကို သတိထားမိသွားတယ်
ထင်သည် ။
Jennie ဖြင့် ရှက်သွားမိပေမယ့်
တော့ပိုကီရဲ့ အနံ့က သူမကို
ငြင်းဆန်ခွင့်မရအောင် လုပ်နေသညမို့
ခေါင်းညိမ့်လိုက်မိသည် ။


အဲ့အခါကျမှ သူက ပြုံးပြီး
တော့ပိုကီဗူးကို ဖွင့်ပေးကာ
Jennie ရှေ့ချပေးသည် ။ ပြီးတော့
ဆိုင်ကပေးသည့်
ခရင်းသေးသေးလေးကို သူကိုယ်တိုင်သာ
စိုက်ပေးသည် ။


အခုလို သူမကို အသေးစိတ်
လိုက်ပြီး ဂရစိုက်ပေးနေသည့် လူကို
သူမဖြင့် ခပ်ငေးငေး လိုက်ကြည့်မိသည် ။
သူမဘဝမှာ တော့ပိုကီစားရင်း အခုလို
ရင်ခုန်ရမယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူးပါ ။


" စားလေ...မင်းအတွက် ဝယ်လာတာ  "


သူ့ရဲ့ မျက်နှာအား တငေးတမော
ကြည့်နေမိသည့် Jennieအား
သူက လှမ်းသတိပေးသည် ။
သူ့ကို ငေးနေမိတာကို သူရိပ်မိပုံပေါ်သွားတာ
ကြောင့် Jennie သူ့မျက်နှာကို
ထပ်မကြည့်ရဲဘဲ တော့ပိုကီကိုသာ
အလောတကြီး ခေါင်းငုံ့ကာစားမိတော့
နှုတ်ခမ်းတစ်ဝိုက်မှာ တော့ပိုကီ အနှစ်တွေက
ပေသွားရသည် ။


" ဖြေးဖြေးစားပါ...ဘယ်သူလုစားမှာစိုးလို့လဲ  "


သူက ပြောရင်း သူမရဲ့
မေးဖျားကို ဆွဲမော့ကာ သူ့လက်ထဲက
သျှစ်ရှူးလေးဖြင့် သူမရဲ့ နှုတ်ခမ်းနား
တစ်ဝိုက်ကို ညင်ညင်သာသာဖြင့် သုတ်ပေးသည် ။
ပြီးတော့ Jennie ရဲ့ မျက်ဝန်းတွေကို
စေ့စေ့ကြည့်ရင်း ပြုံးပြသည် ။


Jennie အဓိဟ္ပယ် မကောက်တတ်တော့ပါ ။
သူ့ရဲ့ အကြည့်တွေနဲ့ အပြုအမူတွေကို
Jennie ဖြင့် အဓိဟ္ပယ် မကောက်တတ်တော့ပါ ။


အခုမှ ပထမဆုံးတွေ့ဖူးတာကို
သူက ဘာလို့ Jennie ကိုဒီလောက်တောင်
ဂရုစိုက်နေရတာလဲ ။
သူ့ရဲ့အပြုအမူတွေက နည်းနည်းတော့
ရဲတင်းလှသည် ။


ပြီးတော့ သူ့ရဲ့အကြည့်တွေဟာ
နည်းနည်းတော့ ထူးဆန်းသည် ။
သူ Jennie မပေါ် မရိုးမသားစိတ် ရှိနေတာလား
ဆိုပြီး လိုရာဆွဲတွေးမိလိုက်မိတော့သည် ။



TBC.


[ အချိုတွေချည်းပဲတော့ မဟုတ်ပါဘူး ။
အစပ်တွေကောပေါ့ ။ ပေါ့ပေါ့ပါးပါးလေး မဟုတ်ပါဘူး ။
လောင်ရပါမယ် ]


ဘယ်လိုလဲ ။ ကိုယ့်အမြင်လေးကို ပြောသွားကြပါအုံး ။


အနည်းဆုံး ကောင်း၏ မကောင်း၏ လောက်ပေါ့






[ Zawgi ]


Something Like Love



" Jennieေရ ထေတာ့...မနက္စာစားၾကမယ္  "


အခန္းတံခါးေရွ႕မွ အစ္မျဖစ္သူ joohyun ၏
ေအာ္သံေၾကာင့္ သူမ ေစာင္ကို ေခါင္းအထိ ဆြဲၿခံဳ
ပစ္လိုက္သည္ ။
မေန႔ညက သူငယ္ခ်င္းေတြျဖစ္တယ့္ joy တို႔အုပ္စု
နဲ႔အတူ ညဥ့္နက္သည္အထိ
ေသာက္ထားသည္မို႔  အိပ္ေရးမဝသည့္ အျပင္
ေခါင္းကပါ ထိုးကိုက္ေနသည္ ။
ၾကည့္ရတာ အရက္နာက်တာ ထင္ပါရဲ႕ ။


" Jennieေရ...ထမင္းစားဖို႔ ဆင္းလာရင္
နင့္ဆီက အရက္နံ႔ကိုသယ္မလာနဲ႔ေနာ္ ။ ငါထမင္းစားရင္း
အန္မထြက္ခ်င္ဘူး  "


သူမရဲ႕ အစ္မျဖစ္သူ joohyunက ထိုသို႔
ေအာ္ၿပီး ေအာက္ဆင္းသြားသည္ ။
ဒါေၾကာင့္ သူမ အိပ္ရာထဲမွ ကုန္းရႈန္းထၿပီး
အိပ္ခ်င္မူးတူးျဖင့္ ငူငူငိုင္ငိုင္ျကီး ထိုင္ေနမိသည္ ။


မေန႔ညက အိမ္ကို ဘယ္လို
ျပန္ေရာက္လာမွန္း မသိတယ့္အထိ
သူမ မူးရူးေနခဲ့တာလား ။
ၿပီးေတာ့ သူမ အရက္ေသာက္လာတာကို
joohyun က သိသြားၿပီ ။ အခုေတာင္
သူမကို သတိေပးသြားၿပီမို႔ ထမင္းစားခန္းထဲ
ေရာက္ရင္ သူမကုိ ဘယ္ေလာက္ထိ
အတိုးခ်ဆူမလည္းဆိုတာ ေတြးရင္း
သူမ သက္ျပင္းရွည္ရွည္တစ္ခ်က္ခ်လိုက္မိသည္ ။


Joohyum ဆိုတယ့္ဟာက
လူကသာ ၾကည့္လိုက္ရင္ ေအးေအးေဆးေဆး
ေနသည့္ ပံုေပၚတာ ။
တကယ္တမ္းေတာ့ အဖြားအိုေပါက္စအတိုင္းပင္
ုျဖစ္သည္ ။
တစ္ေန႔တစ္ေန႔ ပြစိပြစိေျပာလိုက္
သူမကို ဆံုးမလိုက္နဲ႔ ။
အဖြားအိုေပါက္စရဲ႕ ဆံုးမစကားေတြကို
ေၾကာက္လြန္းလို႔ သူမမွာ
တစ္အိမ္ထဲ ေနတာေတာင္ အစ္မျဖစ္သူ joohyun
ကို မေတြ႕ေအာင္ မနည္းေရွာင္ရသည္ ။


အသက္အ႐ြယ္အားျဖင့္ သံုးနွစ္ေလာက္သာ
ကြာတယ္ဆိုေပမယ့္ joohyunက
သူမကို အေမတစ္ေယာက္အတိုင္းဆံုးမသည္ ။
ဆူပူသည္ ။
အေၾကာင္းအရင္းကေတာ့ သူမတို႔ရဲ႕
မိဘေတြ မရွိေတာ့သည္မို႔ ျဖစ္သည္ ။
Joohyun က မိဘေတြထားခဲ့သည့္
ပိုက္ဆံနွင့္ စားေသာက္ဆိုင္တစ္ဆိုင္ဖြင့္ၿပီး
ဦးစားလုပ္ကိုင္သည္ ။
ၿပီးေတာ့ သူမကုိ ေက်ာင္းထားေပးသည္ ။
အခုဆိုရင္ သူမက စီးပြားေရး ေမဂ်ာ ေနာက္ဆံုး
နွစ္ျဖစ္သည္  ။
ဒါေပမယ့္ သူမ စာမႀကိဳးစားပါဘူး ။
အၿမဲတမ္း ေက်ာင္းေျပးၿပီး joy တို႔နွင့္အတူ
ဟိုဟုိဒီဒီေလ်ွာက္သြားသည္ ။ ေဝေလဝါးလာလုပ္သည္ ။


ဒါဟာ သူမရဲ႕လူငယ္ဘဝကုိ
အဓိဟၸယ္ရွိေအာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေနျခင္း
သာျဖစ္သည္ ။
သူမရဲ႕ အစ္မလို အသက္အ႐ြယ္နဲ႔မလိုက္
ရင့္က်က္တည္ၿငိမ္ေနသည့္ မိန္းမတစ္ေယာက္ေတာ့
သူမ မျဖစ္ခ်င္ပါ ။


" Kim Jennie ေရ..ငါစိတ္မရွည္ဘူးေနာ္!!! "


ေနာက္တစ္ဖန္ အခန္းေရွ႕ေရာက္လာျပန္သည့္
ေအာ္သံေၾကာင့္ သူမ ကုတင္ေပၚက
အျမန္ထလိုက္သည္ ။ ပါးစပ္မွလည္း
ေအာက္ထပ္ျပန္ဆင္းသြားေသာ joohyun ကုိ
ပစ္ေတာက္ပစ္ေတာက္ ေျပာေနမိသည္ ။


အိမ္မွာ ညီအစ္မ နွစ္ေယာက္သာ
ေနသည္မို႔ လြတ္လြတ္လပ္လပ္သာေနၾကသည္ ။
အိမ္က သိပ္မက်ယ္ဘူးဆိုေပမယ့္
ညီအစ္မ နွစ္ေယာက္တည္းသာ ရွိတယ့္ သူမတို႔အဖို႔
မက်ဥ္းဘူးလို႔ ေျပာရမည္ ။
အေပၚထပ္တြင္ အိမ္ခန္းက နွစ္ခန္း ၊ စတိုခန္းက
တစ္ခန္း ရွိသည္ ။
ေအာက္ထက္တြင္ေတာ့ အိပ္ခန္းကတစ္ခန္း ၊
စတိုခန္းက နွစ္ခန္း ၊ မီးဖိုေခ်ာင္ကတစ္ခန္း ၊
ဧည့္ခန္းက တစ္ခန္းရွိသည္ ။


သူမကေတာ့ အေပၚထပ္တြင္သာ
အိပ္ၿပီး joohyun ကေတာ့ ေအာက္ထပ္တြင္သာ
အိပ္ၿပီး အေနမ်ားသည္ ။
အေပၚထပ္ကိုေတာ့ သူမကုိ နိႈးသည့္
အခါမွသာ တက္ျဖစ္တယ္ ထင္သည္ ။


သူမ ေရမိုးခ်ိဳးၿပီး ေအာက္ထပ္ဆင္းလာေတာ့
joohyun ရွိမေနေတာ့ပါ ။
ၾကည့္ရတာ ဆိုင္သြားၿပီထင္သည္ ။
သူမ အတြက္ မနက္စာကိုေတာ့
စားပြဲေပၚမွာ အဆင္သင့္ ျပင္ေပးခဲ့သည္ ။
ၿပီးေတာ့ စာတစ္ေစာင္လည္း ခ်န္ခဲ့သည္ ။


" ဖုန္းဆက္လည္းရတာကို...အစ္မတို႔က
သိပ္ကို ေခတ္ေနာက္က်တာပဲ..ဟြန္း  "


သူမ စားပြဲေပၚမွ စာ႐ြက္ယူကာ
ထိုင္ခံုေပၚေနရာယူလိုက္သည္ ။
ၿပီးေတာ့ ေကာ္ဖီတစ္ငံုေသာက္လိုက္ရင္း
လက္ထဲမွ စာကို ဖတ္ၾကည့္မိသည္ ။


' ငါဒီေန႔ ညေန ငါးနာရီေလာက္ အိမ္ျပန္ေရာက္မယ္ ၊
ဒီေန႔ ငါ့ေမြးေန႔မို႔ သူငယ္ခ်င္းေတြလာမွာ ၊ သံုးနာရီ
ေလာက္ လာမယ္ထင္တယ္ ၊ အဲ့တာေၾကာင့္
နင္အိမ္က မခြာနဲ႔  '


္သူမ စာကုိ ဖတ္ၾကည့္ရင္း
နႈတ္ေခါင္းရွံု႔လိုက္မိသည္ ။
ပံုမွန္ဆို ေမြးေန႔ကို ဆိုင္မွာေကြၽးတယ့္လူက
တစ္ေခါက္က်မွ ထူးထူးဆန္းဆန္း
အိမ္မွာလုပ္မယ္တယ့္  ။
ၿပီးေတာ့ ဒီေန႔ သူမ joyတို႔နဲ႔ ခ်ိန္းထားတာ
ရွိသည္ ။
ဒါေပမယ့္ joohyun က မသြားရဘူးတယ့္ ။


" အစ္မရဲ႕ ေမြးေန႔ဆိုေတာ့ စကားနားေထာင္လိုက္ပါမယ္
ေလ ။ တစ္နွစ္တစ္ခါပဲ နားေထာင္ရမွာဆိုေတာ့..."


သူမထိုသို႔ ေရ႐ြက္ရင္း သူမေရွ႕က
joohyun ျပင္ေပးခဲ့သည့္ မနက္စာကို
စားလိုကိသည္ ။ ၿပီးေတာ့ joy တို႔ကို
ဖုန္းဆက္ကာ ဒီေန႔ အျပင္မထြက္ျဖစ္ေတာ့
ေၾကာင္း ဖုန္းဆက္၍ ေျပာလိုက္သည္ ။


ဒီေန႔ joy တို႔နဲ႔ ဆိုင္တကာပတ္ၿပီး
မုန္႔စားမယ္ ခ်ိန္းထားေပမယ့္ ဖ်က္လိုက္ရတာ
ေၾကာင့္ နွေမ်ာတသေတာ့ ျဖစ္မိသည္ ။


joy တို႔ဆိုတာ သူမ အလယ္တန္းထဲက
ပုခံုးဖက္ေပါင္းလာသည့္ သူငယ္ခ်င္းေတြဳဖစ္သည္ ။
သူမတို႔ သူငယ္ခ်င္း အုပ္စုထဲတြင္ joy ရယ္ yeriရယ္
သူမရယ္သာ ရွိသည္ ။
Yeri က သူမတို႔က တစ္နွစ္ငယ္သည္ ။
သူမတို႔နဲ႔ စီနီယာ-ဂ်ဴနီယာဆိုေပမယ့္ ဒီအတိုင္း
လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးသာ
ေပါင္းသင္းၾကသည္ ။ 


အျပင္မထြက္ရတာေၾကာင့္ အိမ္ထဲမွာသာေနရင္း
ဖုန္းေဆာ့လိုက္ တီဗီၾကည့္လိုက္ မုန္႔စားလိုက္
လုပ္ရင္း သူမရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြကို
ကုန္ဆံုးမိသည္ ။
joy တို႔ကလည္း တစ္ဆိုင္ေျပာင္းတိုင္း
သူမကို လွမ္းၿပီး ဖုန္းဆက္ကာ ဒုကၡေပးသည္ ။


သူမအိမ္မွာဆိုရင္ စားစရာဆိုလို႔
သစ္သီးေတြရယ္ snackေတြရယ္သာ
ရွိသည္ ။
က်န္းမာေရးလိုက္စားလြန္းတယ့္
Joohyun ေၾကာင့္သာ ျဖစ္သည္ ။


" 1 နာရီပဲ ရွိေသးတာကုိ..."


အိမ္ေရွ႕မွ တံခါးေခါက္သံေၾကာင့္
သူမ တီဗီၾကည့္ေနရင္းမွ ထလိုက္ရသည္ ။
သူမတို႔အိမ္ကုိ လာေလ့လာထရွိသူလည္းမရွိပါ ။
joohyun ျပန္လာတယ္ဆိုရင္ တံခါးေခါက္ေနမွာ
မဟုတ္ဘူး ။
ဒီအတိုင္း သူ႔ရဲ႕ ေသာ့နဲ႔ဝင္လာမွာ ။
ၿပီးေတာ့ joohyun ရဲ႕ သူငယ္ခ်င္းေတြကလည္း
သံုးနာရီေလာက္မွ ေရာက္မွာ
ျဖစ္သည္ ။


သူမ စားစရာေတြ ဘာေတြလည္း
မမွာထားမိပါဘူး ။


" ဘယ္သူ......"


တံခါးဖြင့္လိုက္သည္အခါ
သူမေရွ႕မွာ မုန္႔ထုပ္ေတြဆြဲရင္း ရပ္ေနသည့္
မိန္းကေလးေၾကာင့္ သူမ မ်က္လံုးျပဴး
မ်က္စံျပဴး ျဖစ္သြားရသည္ ။
ခပ္ပြပြ ရွပ္အက်ီကုိ ဂ်င္းေဘာင္းဘီထဲ
ထိုးထည့္ၿပီး ရိုးရိုးရွင္းရွင္းေလး ဝတ္ဆင္ထားေပမယ့္
လည္း သူ႔ၾကည့္ရတာ အေတာ္ေလး
ၾကည့္ေကာင္းသည္ ။


သူ႔ရဲ႕ေခါင္းအစေျခအဆံုးစတိုင္က
ေပါ့ေပါ့ပါးပါးနွင့္ အေတာ္ေလးၾကည့္ေကာင္းသည္ ။
သူမဘဝမွာ အခုလိုလူတစ္ေယာက္ကို
သတိလက္လြတ္ ေငးေမာေနမိတာ
ပထမဆံုး ျဖစ္သည္ ။


" ေတြ႕ရတာ ဝမ္းသာပါတယ္ ။ ငါက မင္းရဲ႕အစ္မ
joohyun ရဲ႕ သူငယ္ခ်င္းပါ...Kim Jisoo
ခို႔ ေခၚပါတယ္  "


သူဟာ လက္ထဲမွ မုန္႔ထုပ္ေတြကုိ
ေအာက္ကို ပစ္ခ်ရင္း Jennie အား
လက္ကမ္းေပးကာ နႈတ္ဆက္လာသည္မို႔
Jennieလည္း အေယာင္ေယာင္ အမွားမွားျဖင့္
သူ႔လက္အား ကိုင္၍ နႈတ္ဆက္မိသည္ ။


" Kim Jennie လို႔ေခၚပါတယ္.."


သူမ ျပန္နႈတ္ဆက္ေတာ့ သူက
Jennieအား နွစ္နွစ္ၿခိဳက္ၿခိဳက္ၿပံဳးျပသည္ ။


Joohyun ရဲ႕ သူငယ္ခ်င္းေတြအကုန္လံုးကုိ
သူမ ျမင္ဖူးေပမယ့္ Kim Jisoo ဆိုတယ့္
တစ္ေယာက္ကိုေတာ့ မျမင္ဖူးေပ ။
ဒါေပမယ့္ ၾကားေတာ့ၾကားဖူးသည္ ။
joohyun တို႔ သူငယ္ခ်င္းေတြ အိမ္မွာစုၿပီး
စကားေျပာၾကတယ့္ အခါတိုင္း Kim Jisooဆိုတယ့္
နမည္က ပါပါလာတတ္မို႔ သူမရဲ႕
နားထဲ ရင္းနွီးေနၿပီးသား ျဖစ္သည္ ။
ဒါေပမယ့္ လူကိုေတာ့ အခုမွ
ပထမဆံုး ျမင္ဖူးျခင္သာျဖစ္သည္ ။


သူက အိမ္ထဲဝင္ကာ လက္ထဲက
မုန္႔ထုပ္ေတြကုိ စားပြဲေပၚခ်သည္ ။
ၿပီးေတာ့ သူ႔ေနာက္မွာ ရပ္ေနမိသည့္
Jennie အားလွည့္၍
ၿပံဳးျပလာသည္ ။


" တျခားသူေတြက သံုးနာရီမွ လာမယ္ေျပာတယ္ ။
ငါက joohyun အိမ္ကို ေရာက္ဖူးခ်င္တာ
ၾကာၿပီမို႔ ေစာေစာလာလိုက္တာ..."


သူက ထိုသို႔ေျပာရင္း ဆိုဖာေပၚမွာ ဝင္ထိုင္သည္ ။
Jennie လည္း မီးဖိုေခ်ာင္ထဲသြားကာ
ေရခဲေသတၲာမွ Cola တစ္ဗူးယူၿပီး
သူ႔ကိုခ်ေပးကာ သူ႔ရဲ႕ မ်က္နွာခ်င္းဆိုင္မွာ
ေနရခက္စြာ ဝင္ထိုင္လိုက္သည္ ။


" Joohyun ရဲ႕ ညီမက တကယ့္ကို အေခ်ာေလးပဲ ။
ဓာတ္ပံုေတြထဲမွာထက္ အျပင္မွာ ပိုေခ်ာတယ္  "


သူဟာ လက္ထဲမွ Cola အား
တစ္ငံုေသာက္ရင္း Jennie အား ခ်ီးက်ဴးစကား
ေျပာသည္  ။
သူ႔ၾကည့္ရတာ ေအးေအးေဆးေဆးေနတတ္သည့္
ပံုေပၚေပမယ့္ စကားေျပာအေတာ္ေလး
ေကာင္းသည္ ။


ပံုမွန္ဆို အခုမွ ေတြ႕ဖူးတာမို႔
ေနရခက္ေနရမွာကို သူကေတာ့
Jennie အား ရင္းရင္းနွီးနွီးပင္
ေျပာဆိုေနသည္ ။
Jennie ကသာ သူ႔ကို ၾကည့္ရင္း
ရွက္ေသြးျဖာၿပီး အေနခက္ေနရတာ ။


" ငါက အခုမွ ဆိုးလ္ကို ေျပာင္းလာတာေလ ။
အရင္က ေပက်င္း မွာ အေမတို႔နဲ႔အတူ ေနတာ ။
Joohyunတို႔နဲ႔က ဒီမွာ အထက္တန္းတုန္းက
သိခဲ့တာ ။ ဒါေပမယ့္ ငါက အထက္တန္းၿပီးတာနဲ႔
အေဖ့ရဲ႕ အလုပ္ေၾကာင့္ ေပက်င္းကိုေျပာင္းသြားရတာ  ။
ဒါေၾကာင့္ မင္းငါ့ကို မျမင္ဖူးဘူးထင္တယ္ ..."


" ၾကား..ေတာ့ၾကားဖူးပါတယ္ ။ အစ္မက သူ႔ရဲ႕
သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနရင္ ရွင့္ရဲ႕
နမည္  ပါပါလာတတ္တယ္  "


Jennie  ေျပာေတာ့ သူက သေဘာက်စြာ
ျဖင့္ ရယ္ေမာသည္ ။
သူနဲ႔စကားေျပာတာ ၾကာေတာ့
ေစာနကလို အေနမခက္ေတာ့ပဲ သက္ေသာင့္သက္သာ
ရွိလာသည္ ။


သူက Jennie ကုိ အခုမွ
စၿပီး ေတြ႕ဖူးေပမယ့္ သူ႔အေၾကာင္းေတြ
အကုန္နီးပါးေျပာျပသည္ ။
သူက ေပက်င္းကေန ထြက္လာခဲ့ၿပီး
ဆိုးလ္မွာ တစ္ေယာက္တည္းလာေနတာတယ့္ ။
ၿပီးေတာ့ သူက ဓာတ္ပံုရိုက္တာ ဝါသနာပါသည္မို႔
သူ႔ရဲ႕ သူငယ္ခ်င္း Seulgi ဆိုေသာ သူနွင့္
အတူ  Studio တစ္ခုဖြင့္ဖို႔ စီစဥ္ထားသည္ဆိုတာ
ေျပာျပသည္ ။


ၿပီးေတာ့ သူက Joohyun နွင့္
အတန္းတူ သူငယ္ခ်င္း မဟုတ္ဘဲနဲ႔
စီနီယာ - ဂ်ဴနီယာ ။
သူက Joohyun ထက္ တစ္နွစ္ငယ္တယ္
ေျပာသည္ ။
ဒါေပမယ့္လည္း သူတို႔ကလည္း သူမနဲ႔ yeriလို
ရင္းရင္းနွီးနွီးေပါ့ေပါ့ပါးပါးသာ
ပုခံုးဖက္ေပါင္းၾကသည္တယ့္ ။


သူဝယ္လာတယ့္ မုန္႔ေတြကလည္း
Joohyun အတြက္ ေပက်င္းကေန ဝယ္လာသည့္
မုန္႔မ်ားျဖစ္သည္တယ့္ ။


သူဝယ္လာတယ့္ မုန္႔ေတြက
ရိုးရာမုန္႔ေတြနွင့္ snack မုန္႔ေတြသာ
ျဖစ္သည္ ။ ၿပီးေတာ့ မုန္႔မဟုတ္တယ့္
လက္ေဆာင္ထုပ္ေတြလည္း ပါလာေသးသည္ ။
joohyun အတြက္ ေမြးေန႔လက္ေဆာင္
ေတြတယ့္ေလ ။


သူဝယ္လာတယ့္ စားပြဲေပၚက
ပစၥည္းေတြကုိ ၾကည့္ေနရင္းမွ ေတာ့ပိုကီဗူးေလးကို
ေတြ႕လိုက္ရသည္မို႔ သူမရဲ႕ မ်က္လံုးအေရာင္
ခပ္လဲ့လဲ့ ျဖစ္သြားသည္ ။
ေပက်င္းက ဝယ္လာတာ မဟုတ္တယ့္
ေတာ့ပိုကီရဲ႕ ဗူးပံုစံ သူမအႀကိဳက္ဆံုးလက္ရာ
ျဖစ္တယ့္ သူမတို႔ လမ္းထိပ္ဆိုင္က ျဖစ္သည္ ။


" ေတာ့ပိုကီ စားမလား ။  joohyun ေျပာဖူးတယ္
သူ႔ညီမက ေတာ့ပိုကီ တအားႀကိဳက္တာတယ့္...။
လမ္းထိပ္ကဆိုင္ေရွ႕ေရာက္ေတာ့ အဲ့စကားကို
သတိရၿပီး ဝယ္လာခဲ့လိုက္တာ  "


သူက Jennie ေတာ့ပိုကီဗူးကို
ၾကည့္ေနမိတာကို သတိထားမိသြားတယ္
ထင္သည္ ။
Jennie ျဖင့္ ရွက္သြားမိေပမယ့္
ေတာ့ပိုကီရဲ႕ အနံ႔က သူမကို
ျငင္းဆန္ခြင့္မရေအာင္ လုပ္ေနသညမို႔
ေခါင္းညိမ့္လိုက္မိသည္ ။


အဲ့အခါက်မွ သူက ၿပံဳးၿပီး
ေတာ့ပိုကီဗူးကုိ ဖြင့္ေပးကာ
Jennie ေရွ႕ခ်ေပးသည္ ။ ၿပီးေတာ့
ဆိုင္ကေပးသည့္
ခရင္းေသးေသးေလးကို သူကိုယ္တိုင္သာ
စိုက္ေပးသည္ ။


အခုလို သူမကို အေသးစိတ္
လိုက္ၿပီး ဂရစိုက္ေပးေနသည့္ လူကို
သူမျဖင့္ ခပ္ေငးေငး လိုက္ၾကည့္မိသည္ ။
သူမဘဝမွာ ေတာ့ပိုကီစားရင္း အခုလို
ရင္ခုန္ရမယ္လို႔ တစ္ခါမွ မထင္ထားခဲ့မိဘူးပါ ။


" စားေလ...မင္းအတြက္ ဝယ္လာတာ  "


သူ႔ရဲ႕ မ်က္နွာအား တေငးတေမာ
ၾကည့္ေနမိသည့္ Jennieအား
သူက လွမ္းသတိေပးသည္ ။
သူ႔ကို ေငးေနမိတာကို သူရိပ္မိပံုေပၚသြားတာ
ေၾကာင့္ Jennie သူ႔မ်က္နွာကို
ထပ္မၾကည့္ရဲဘဲ ေတာ့ပိုကီကိုသာ
အေလာတႀကီး ေခါင္းငံု႔ကာစားမိေတာ့
နႈတ္ခမ္းတစ္ဝိုက္မွာ ေတာ့ပိုကီ အနွစ္ေတြက
ေပသြားရသည္ ။


" ေျဖးေျဖးစားပါ...ဘယ္သူလုစားမွာစိုးလို႔လဲ  "


သူက ေျပာရင္း သူမရဲ႕
ေမးဖ်ားကို ဆြဲေမာ့ကာ သူ႔လက္ထဲက
သ်ွစ္ရွဴးေလးျဖင့္ သူမရဲ႕ နႈတ္ခမ္းနား
တစ္ဝိုက္ကို ညင္ညင္သာသာျဖင့္ သုတ္ေပးသည္ ။
ၿပီးေတာ့ Jennie ရဲ႕ မ်က္ဝန္းေတြကို
ေစ့ေစ့ၾကည့္ရင္း ၿပံဳးျပသည္ ။


Jennie အဓိဟၸယ္ မေကာက္တတ္ေတာ့ပါ ။
သူ႔ရဲ႕ အၾကည့္ေတြနဲ႔ အျပဳအမူေတြကို
Jennie ျဖင့္ အဓိဟၸယ္ မေကာက္္တတ္ေတာ့ပါ ။


အခုမွ ပထမဆံုးေတြ႕ဖူးတာကုိ
သူက ဘာလို႔ Jennie ကုိုဒီေလာက္ေတာင္
ဂရုစိုက္ေနရတာလဲ ။
သူ႔ရဲ႕အျပဳအမူေတြက နည္းနည္းေတာ့
ရဲတင္းလွသည္ ။


ၿပီးေတာ့ သူ႔ရဲ႕အၾကည့္ေတြဟာ
နည္းနည္းေတာ့ ထူးဆန္းသည္ ။
သူ Jennie မေပၚ မရိုးမသားစိတ္ ရွိေနတာလား
ဆိုၿပီး လိုရာဆြဲေတြးမိလိုက္မိေတာ့သည္ ။



TBC.


[ အခ်ိဳေတြခ်ည္းပဲေတာ့ မဟုတ္ပါဘူး ။
အစပ္ေတြေကာေပါ့ ။ ေပါ့ေပါ့ပါးပါးေလး မဟုတ္ပါဘူး ။
ေလာင္ရပါမယ္ ]


ဘယ္လိုလဲ ။ ကိုယ့္အျမင္ေလးကို ေျပာသြားၾကပါအံုး ။


အနည္းဆံုး ေကာင္း၏ မေကာင္း၏ ေလာက္ေပါ့

Comment