SOMETHING LIKE LOVE (14)

Unicode


Something like love


Jisoo တို့ရဲ့သတင်းကို ကြားကြားချင်း
Seulgi အတော်လေး လန့်သွားခဲ့ရသည် ။ သူက
မူးပြီး အခန်းထဲအိပ်နေခဲ့တာနဲ့ အပြင်ဘက်မှာ
ဖြစ်ပျက်သွားတာတွေကို ဘာမှ မသိလိုက်ရဘူး ။


အခု Jisoo က သူ့ကို အကြောင်းစုံပြောပြကာမှ
Seulgi သိရတာ ။ Jisoo ရဲ့ သတင်းကို ကြားကြားချင်း
Xiao Cheng ကလည်း ပေကျင်းကနေ ချက်ချင်း
ရောက်လာခဲ့လေသည် ။


Jisoo က လက်ထပ်ပွဲအတွက် အတော်လေး
စိတ်ဖိစီးနေသည် ။ သူက အမြဲတမ်း လွတ်လွတ်လပ်လပ်
နေပြီး ပွေရှုပ်နေရတာ ကြိုက်တယ့်လူလေ ။
အဲ့လိုလူက အခုလိုမျိုးအချည်နှောင်တွေကြား နေချင်းညချင်း
ရောက်သွားတော့ မပြုံးနိုင်မရယ်နိုင် ။


ဘေးက သူ့ကို ကြည့်နေမိတယ့် Seulgi လည်း
စိတ်မကောင်းပါ ။ ဒါပေမယ့် သူလည်း ဘာမှ
မတက်နိုင်ဘူးလေ ။


သူတွေးမိတာ Jisoo အိမ်ထောင်ကျပြီး
ခြေငြိမ်တယ့် လူတစ်ယောက်ဖြစ်သွားရင် ကောင်းမယ်
ဆိုတာကိုပဲ ။  Jennie က သူ့ရဲ့ ညီမလေးတစ်ယောက်လို
ဖြစ်နေတော့ ennie ကို မနာကျင်စေချင်တာ
လည်း ပါသည် ။


" Jiji~ လက်မထပ်ချင်လည်း မထပ်နဲ့လေ...."


Xiao Cheng က Jisoo ဘေးတိုးကပ်ကာ
ပြောသည်  ။


" Appa စကား ငါမလွန်ဆန်နိုင်တာသိရဲ့သားနဲ့
Xiao Xiao ရယ်..."


Jisoo က ပြောပြီး စားပွဲပေါ်က ကားသော့ကို
ကောက်ယူကာ  Studio ထဲက ထွက်သွားသည် ။


Jisoo မရှိတော့မှ သူ့ရှေ့မှာ ထိုင်နေသည့်
Cheng Xiao အား Seulgi တစ်ချက်ကြည့်ရင်း


" နင် လက်ထပ်ပွဲကို လာမှာမဟုတ်လား ။
ဆိုးလ်မှာပဲ လုပ်မှာတယ့်..."



" ဟင့်အင်း ငါမလာဘူး ။ Jiji တောင် မနှစ်သက်တယ့်
ဒီလက်ထပ်ပွဲကို ငါမလာနိုင်ဘူး ။ ပြီးတော့ အဲ့မိန်းကလေးနဲ့
Jiji လက်ထပ်သွားမှာကိုလည်း မမြင်ချင်ဘူး..."


" ဘာလို့လဲ  Jennie က ချစ်စရာ ကောင်းပါတယ် "


" ကောင်းရင် နင်ယူလိုက်လေ ။ အဲ့ ဉာဏ်များတယ့်
မိန်းကလေးက တကယ်ပဲ Jiji ကို အမိဖမ်းလိုက်တာ..
ကျစ် ဒေါသထွက်လိုက်တာ..။ Jiji က မြေပွေးကိုမှ
ခါးပိုက်ပိုက်မိတာပဲ..."


" ဘာတွေဈလျှာက်ပြောနေတာလဲ ။ Jennie က
Jisoo ကို တကယ်ချစ်တာ ။ ပြီးတော့ Jennie က
စိတ်ရင်း ကောင်းပါတယ်..မရင့်ကျက်တယ့် ပုံပေါက်တာ
လေးပဲရှိတာ.."


" တကယ် ငါ့စိတ်ရှိတိုင်းဆို ဒီပွဲကို ဖျက်ပစ်ချင်တာ ။
အန်ကယ်ရယ် အန်တီရယ် တို့ မျက်နှာပျက်မှာ စိုးလို့သာပေါ့ "


" သူတို့က Jennie ကို ရှယ်ချစ်တာနော် ။
ဒီနေ့ပဲ Jennie အတွက်ဆိုပြီး  လက်ဝတ်ရတနာ
တွေ လက်ဆောင်ဝယ်ပေးတယ် ။ ပြီးတော့ လက်ဖွဲ့
အဖြစ် ဇိမ်ခံ ကွန်ဒိုအကောင်းစားတစ်ခုလည်း လက်ဖွဲ့မှာတယ့်"


" Seulgi! တော်တော့ ဆက်မပြောနဲ့တော့ ။
ငါပြန်တော့မယ်..."


" ဘယ်ကိုလဲ...."


" ပေကျင်းကို..."


စကားဆုံးတာနဲ့ Studio ထဲက တဆောင့်ဆောင့်
ဖြင့် ထွက်သွားသော Xiao Cheng ကိုကြည့်ရင်း
Seulgi  ခေါင်းသာခါမိတော့သည် ။


~


ဒီနေ့နှစ်ယောက်အတူ ပေကျင်းက ပြန်လာခဲ့တာ ။


ဒီထက် နောက်မကျခင် Jennie ကို ပြန်စဉ်းစားဖို့
ပြောရမည်ေ ။


" ကလေး...."


သူခေါ်တော့ Jennie က လေယာဉ်ပြတင်းပေါက်မှာ
အာရုံစိုက်နေရင်းကနေ သူ့ဆီ လှည့်ကြည့်လာသည် ။
ပြီးတော့ ပြုံးပြသည် ။ Jennie ကြည့်ရတာ
တကယ်ပျော်နေတယ့် ပုံစံပင် ။


သူကတော့ မပျော်နိုင်ဘူး ။ ညဆိုရင်တောင်
ကောင်းကောင်း မအိပ်ပျော်နိုင်ဘူး ။ လက်ထပ်ပွဲ
နီးလေလေ သူစိတ်ပင်ပန်းလေပဲ ။


သူတကယ်အိမ်ထောင်မပြုချင်သေးဘူး ။ ဒီအချိန်မှာ
လွတ်လွတ်လပ်လပ်ပဲ ပျော်ပါးချင်သေးတယ် ။
အချေုပ်အနှောင်တွေကြား နေဖို့အဆင်သင့်
မဖြစ်သေးဘူး ။


" ကလေး တကယ်နောင်တမရဘူးလား...
ဒီလက်ထပ်ပွဲအတွက်..."



" ဟင့်အင်း မဖြစ်ပါဘူး ။ ကလေးရဲ့ ဘဝမှာ
ဒီအချိန်က အပျော်ဆုံးပဲ ။ ဘာလို့လဲ ဒါလင်က နောင်တ
ရလို့လား..."



" နောင်တ...မရပါဘူး ။ ဒီအတိုင်း ကလေးစိတ်ကို
သိချင်လို့ မေးတာ...။ တကယ်တောာ ကလေးရဲ့
အသက်အရွယ်က လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး
နေရမယ့်အရွယ် ။ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ရမယ့်
အရွယ်မဟုတ်သေးဘူးလေ...။ အဲ့တာကို တွေးပြီး
ကိုယ် စိတ်မကောင်း ဖြစ်လို့ပါ..ကိုယ့်မိဘတွေကြောင့်
ကလေး ဒီကိစ္စကို လက်ခံခဲ့ရတာကို..."


" ဒါလင်မိဘတွေကို ကျေးဇူးတောင် တင်သေးတယ် ။
တကယ်တော့ အိမ်ထောင်ရှင်မ ဖြစ်တာနဲ့ အရာရာ
ဆုံးရှုံးသွားတာမှ မဟုတ်တာ ။ ပျော်လို့ရသေးတယ်လေ ။
အထူးသဖြင့် ဒါလင်နဲ့အတူ ရှိနေနိုင်တော့မှာဆိုတော့
ပိုတောင် ပျော်သေးတယ်..."


Jennie က သူ့ရဲ့ လက်မောင်းကို
ဖက်တွယ်ရင်း ပြောလေတော့ Jisoo ရဲ့အပြုံးဟာ
မသက်မသာ...။
ို


~


ဧည့်ခန်းထဲမှာ Joohyun နဲ့အတူ
ထိုင်နေရင်းနှင့် ဘာမှမပြောဖြစ်ကြသေးပဲ တိတ်ဆိတ်
နေကြသည် ။ Jisoo ကိုလက်ထပ်ပါ့မယ် ပြောလိုက်တယ့်
နေ့ထဲက Joohyun က သူမကို စကားကောင်းကောင်း
မပြောသေးဘူး ။


ဒါပေမယ့် ဒီနေ့တော့ ပြောစရာ စကားရှိတယ်
ဆိုပြီး ခေါ်သည် ။


အခုထိ ဘာစကားတစ်ခွန်းမီ ထွက်မလာတေယ့်
Joohyun ဟာ ပြတင်းပေါက်အပြင်ဘက်ကိုသာ
အကြောင်းမဲ့ ငေးမောနေသည် ။ သူမမှာတော့
ဘေးကနေ ထိုင်နေရင်း အနေခက်လာရသည် ။


တည်ငြိမ်ပြီး တိတ်ဆိတ်နေတယ့် Joohyun က
ကြောက်ဖို့ကောင်းသည် ။


" Jennie...."


" ဟင်..မဟုတ် ရှင်..."


" လက်ထပ်ချင်တာ သေချာလား..။ ပွဲရက်က
တဖြည်းဖြည်းနီးလာပြီ...အချိန်မလွန်ခင် ကိုယ့်စိတ်ကိုယ်
ပြန်ဆန်းစစ် ကြည့်ပါအုံးလား..."


" မလိုပါဘူး Unnie ရဲ့ ။ လက်ထပ်ချင်တာ
သေချာပါတယ်..." 


" နင့်ရဲ့ အသက်က ငယ်ရွယ်သေးတယ်
Jennie...။ လုပ်စရာတွေအများကြီး ရှိသေးတယ်.."


" လက်ထက်ပြီးမှလည်း လုပ်လို့ရတာပဲ  Unnieရယ်..။
ပြီးတော့ ငယ်ရွယ်တုန်းလက်ထပ်တော့ ကောင်းတာပေါ့ "


" သေချာလား...Jisoo ကဘယ်လိုလူဆိုတာ
သိနေတာကိုတောင်လေ ။ သူက နင့်ကို နာကျင်အောင်
လုပ်ရင် ဘယ်လိုလုပ်မလဲ ...."


" သူက ညီမလေးကို နာကျင်အောင် မလုပ်ပါဘူး ။
သူက လူကောင်းပါ ။ ပြီးတော့ သူ့ရဲ့အကျင့်စရိုက်တွေ
အားလုံးကို ပြင်ပါ့မယ်လို့ ကတိပေးထားတယ်လေ..။
သူကတိတည်မှာပါ...။ သူက ဘယ်လိုလူဆိုတာ သိရဲ့သား
နဲ့တော့ ညီမလေး သူ့ကို ချစ်ခဲ့တာလေ..အခုလို
သူက ပြုပြင်ပါ့မယ်ဆိုတော့ အနားမှာနေပြီ ပိုချစ်သွားပေးမှာ "


Joohyun ခပ်ဖွဖွပြုံးမိတယ် ။ သူ့ညီမလေးက
အချစ်ရူးနေတယ့် မိန်းကလေးပဲ ။


" သူ့ကို အဲ့လောက်ထိတောင် ချစ်လား..."



" အင်း...ချစ်တာပေါ့ ။ အများကြီးချစ်တာ "


" အဲ့ဆို ငါ့ကိုကျတော့ မချစ်ဘူးလား.."


" Arnyi...ချစ်တာပေါ့ ဟောဒီက
တစ်ဦးတည်းသော Unnie ကိုလည်း တအားချစ်တာ.."


ပြောရင်း Jennie က သူ့ကို ပွေ့ဖက်လေတော့
joohyun မှာ ပြုံးသာပြုံးနိုင်တော့သည် ။


ဒီလောက်ကလေးဆန်တယ့် ညီမလေးက
အိမ်ထောင်ကျတော့မယ် တယ့်လား ။


" Kim Jisoo က တစ်ခုခုမကောင်းတာ
လုပ်တာနဲ့ ငါ့ကို လာတိုင်နော် ။ ငါသူ့ကို ကောင်းကောင်း
ရိုက်နှက်ပြီး ဆုံးမပေးမယ်..ကြားလား "


" အင်းပါ..တစ်ခုခုဆို Unnie ကို
ချက်ချင်းလာတိုင်မယ်..ဟုတ်ပြီလား "


" ပေကျင်းက မင်္ဂလာလက်စွပ်


ဘယ်လိုချစ်ကြောင်းသာ ထုတ်မပြတတ်ခဲ့ပေမယ့်
Jennie ကို သူသိပ်ချစ်ပါသည် ။ သူ့ရဲ့ တစ်ဦးတည်း
သော ညီမလေးလေ ။ ဒီကမ္ဘာမှာ ကျန်တယ့်
တစ်ဦးတည်းသော သူ့ရဲ့ မိသားစုလေး...။



~







အခု Seulgi မှာ လုပ်လက်စအလုပ်တွေပစ်ပြီး
Jisoo နဲ့အတူ Club ကို လိုက်ခဲ့ရပေးသည် ။ အရူးက
အရင်နေ့တွေ  မသွားချင်ဘူး မလာချင်ဘူးနဲ့ ပြောပြီး
အခုကျမှ ဘာစိတ်ကူးတွေ ပေါက်နေလည်းမသိပါ ။


အလုပ်လုပ်နေရင်းတန်းလန်းနဲ့ Seulgi ကို
Club ကို ဆွဲခေါ်လာခဲ့တာ ။


" ဘယ်လိုလဲ..လက်ထပ်ရမှာ ပျော်သွားပြီလား ။
ငါပြောပါတယ် လက်ထပ်တာက အဲ့လောက်မကောင်းတယ့်
ကိစ္စမဟုတ်ပါဘူးလို့ ။ ပြီးတော့ Jennie ကလည်း နင့်ကို
သိပ်ချစ်တာလေ ။ နင်ကံကောင်းတာပဲ...ဘာပဲဖြစ်ဖြစ်
နင့်အစား ငါဝမ်းသာပါတယ် "


" သူငယ်ချင်း ဒုက္ခတွင်းထဲ ရောက်တာကို ဝမ်းသာပေးတယ့်
သူငယ်ချင်းက နင်ပဲ ရှိတယ်နော် Kang Seulgi...
Xiao Xiao တောင် ငါ့အစား ဒေါသတွေ ထွက်ပေးနေတာ
နင် မမြင်ဘူးလားဟင် ။ တကယ်ဆို သူငယ်ချင်းက
အဲ့လို ဖြစ်ပေးသင့်တာ..."


" မတူဘူးလေ မတူဘူး Kim Jisoo ရဲ့ "


" ဘာမတူတာလဲ...တော်ပြီ အဲ့တာတွေထားပါ
ငါဒီလာတာ သောက်ချင်လို့ စိတ်ကြိုက်ပျော်ပါးချင်လို့.."


" ဘာလဲ လက်မထပ်ရခင်လေး အဝပျော်ပါးထားမယ်
ဆိုတယ့် သဘောလား "


Seulgi  ရယ်ရယ်မောမော နှင့် မေးလိုက်ပေမယ့်
ပြန်ဖြေတယ့် Jisoo ရဲ့အဖြေဟာ သိပ်အချိုးမပြေ ။


" လက်ထပ်ပြီးလည်း ပျော်ပါးနေအုံးမှာပဲ ။
အဲ့ကိစ္စကိုီ တွေးရင်း စိတ်မညစ်ချင်တော့လို့ ဒီအတိုင်း
စာရွက်ပေါ် လက်မှတ်လေးထိုး ပြီးတော့ အတူတူနေတယ်
အတူတူအိပ်တယ်...အဲ့အတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ
တွေးလိုက်တော့မယ်..."


" လက်ထပ်တယ်ဆိုတာ အဲ့လိုပြီးစလွယ် တွေးလိုက်လို့
ရတယ့် ကိစ္စမဟုတ်ဘူး...ဒါက လူနှစ်ယောက်ရဲ့ ဘဝနဲ့
သက်ဆိုင်တယ့် ကိစ္စပဲ ။ နင်အခုလို ဦးနှောက်ချောင်နေတယ့်
တစ်ကိုယ်ကောင်းဆန်တယ့် အတွေးမျိုးနဲ့ တွေးရင်
နင်တို့ အိမ်ထောင်ရေးက သာယာနိုင်မှာ မဟုတ်ဘူးနော် ။
ဒါကြောင့် အဲ့အတွေးတွေကို ဖယ်ပြီး ကောင်းကောင်းမွန်မွန်
နဲ့ နေထိုင်သွားစမ်းပါ..."


" ဘာလဲ နင်က ငါ့ကို မပျော်ပါးစေချင်တာလား..."


" မမူးသေးပဲ မရစ်နဲ့ Kim Jisoo...ငါစကားကို
အကောင်းပြောနေတာ...။ နင်ပျော်ပါးချင်တယ် မဟုတ်လား
ပျော်ပါးပါ ။ ဒါပေမယ့် Jennie မထိခိုက်စေမယ့်
မနာကျင်စေမယ့် နည်းလမ်းလေးနဲ့ ပျော်ပါး...။
အပျော်ကနေတော့ အပျက်မဖြစ်စေနဲ့..."


Jisoo က ခပ်သဲ့သဲ့ရယ်လေသည် ။ ပြီးတော့


" ငါ ရဲ့ အရင်က သူငယ်ချင်းလေး
Kang Seulgi ဘယ်ရောက်သွားလဲဟင် ။ အရင်က
ငါနဲ့အတူ ရှုပ်ပွေခဲ့တယ့် သူငယ်ချင်းလေး..ဘယ်ရောက်
သွားလဲ..."


" ငါက ဒီနေရာမှာ ဒီအတိုင်းပဲလေ ။ ဘာမှမပြောင်းလဲ
သွားဘူး အရင်အတိုင်းလည်း ရှုပ်ပွေနေတုန်းပဲ ။
လူကောင်းတစ်ယောက်အဖြစ် မပြောင်းလဲ သေးဘူး..."


" ဒါဆို ငါလည်း နင်နဲ့အတူတူပဲ ။ မကောင်းတယ့်လူ
အဖြစ်နေမယ်.."



" မတူဘူးလေ နင်က အိမ်ထောင်ရှင် ဖြစ်တော့မှာ ။
နင့်ရဲ့ အိမ်ထောင်ရေးဘဝသာယာဖို့ ကြိုးစားရတော့မှာ ။
ဒါကြောင့် ငါနဲ့အပြိုင်လိုက်တုပြီး ပွေရှုပ်နေလို့ မရတော့ဘူး ။
ငါက ဘယ်လောက်ပဲ မကောင်းတယ့်လူဖြစ်ဖြစ်
နင့်ကို ပိုပြီး မကောင်းတယ့်လူဖြစ်ဖို့ အားမပေးဘူးနော် ။
နင်က ရင့်ကျက်တယ့် လူကောင်းတစ်ယောက်မဖြစ်လည်း
ကိစ္စမရှိပါဘူး ။ ဒါပေမယ့် နင့်ဇနီးအပေါ်တော့
အိမ်ထောင်ဖက်ကောင်းတစ်ယောက်အဖြစ် နေသွား..."


ဆုံးမစကားပြောကြားနေတယ့် သူ့ဆီမှာ
Kim Jisoo ရဲ့ အာရုံနဲ့ အကြည့်တွေဟာ မရှိဘူး ။


Jisoo ရဲ့ အာရုံနဲ့ အကြည့်တွေက ဘေးဝိုင်းမှာ
ထိုင်နေရင်း အထာလှမ်းပေးနေတယ့် ခပ်လန်းလန်း
ကောင်မလေးဆီမှာ...။


Seulgi သက်ပြင်းချလိုက်မိတယ် ။


ဘေးဝိုင်းက ခပ်လန်းလန်းကောင်မလေးက
Jisoo ဆီ လျှောက်လာပြီး ရိသဲ့သဲ့လုပ်တော့
အရူးရဲ့ မျက်နှာက ပီတီတီနဲ့ ။ Seulgi မှာ လက်ထဲက
ဘီယာခွက်ကို တစ်ကြိုက်တည်း မော့ချပစ်ရတယ် ။


" Seulgi...ငါခဏ လိုက်သွားလိုက်အုံးမယ် ။
နင်နေခဲ့အုံး..."


Seulgi ခေါင်းသာညိမ့်ပြလိုက်တော့တယ် ။
မတက်နိုင်တော့ဘူးလေ Kim Jisoo က တားလည်း
ရမှာ မဟုတ်ဘူး...။


TBC.





Zawgi



Something like love


Jisoo တို႔ရဲ႕သတင္းကုိ ၾကားၾကားခ်င္း
Seulgi အေတာ္ေလး လန္႔သြားခဲ့ရသည္ ။ သူက
မူးၿပီး အခန္းထဲအိပ္ေနခဲ့တာနဲ႔ အျပင္ဘက္မွာ
ျဖစ္ပ်က္သြားတာေတြြကို ဘာမွ မသိလိုက္ရဘူး ။


အခု Jisoo က သူ႔ကို အေၾကာင္းစံုေျပာျပကာမွ
Seulgi သိရတာ ။ Jisoo ရဲ႕ သတင္းကုိ ၾကားၾကားခ်င္း
Xiao Cheng ကလည္း ေပက်င္းကေန ခ်က္ခ်င္း
ေရာက္လာခဲ့ေလသည္ ။


Jisoo က လက္ထပ္ပြဲအတြက္ အေတာ္ေလး
စိတ္ဖိစီးေနသည္ ။ သူက အၿမဲတမ္း လြတ္လြတ္လပ္လပ္
ေနၿပီး ေပြရႈပ္ေနရတာ ႀကိဳက္တယ့္လူေလ ။
အဲ့လိုလူက အခုလိုမ်ိဳးအခ်ည္ေနွာင္ေတြၾကား ေနခ်င္းညခ်င္း
ေရာက္သြားေတာ့ မၿပံဳးနိုင္မရယ္နိုင္ ။


ေဘးက သူ႔ကို ၾကည့္ေနမိတယ့္ Seulgi လည္း
စိတ္မေကာင္းပါ ။ ဒါေပမယ့္ သူလည္း ဘာမွ
မတက္နိုင္ဘူးေလ ။


သူေတြးမိတာ Jisoo အိမ္ေထာင္က်ၿပီး
ေျခၿငိမ္တယ့္ လူတစ္ေယာက္ျဖစ္သြားရင္ ေကာင္းမယ္
ဆိုတာကိုပဲ ။  Jennie က သူ႔ရဲ႕ ညီမေလးတစ္ေယာက္လို
ျဖစ္ေနေတာ့ ennie ကုိ မနာက်င္ေစခ်င္တာ
လည္း ပါသည္ ။


" Jiji~ လက္မထပ္ခ်င္လည္း မထပ္နဲ႔ေလ...."


Xiao Cheng က Jisoo ေဘးတိုးကပ္ကာ
ေျပာသည္  ။


" Appa စကား ငါမလြန္ဆန္နိုင္တာသိရဲ႕သားနဲ႔
Xiao Xiao ရယ္..."


Jisoo က ေျပာၿပီး စားပြဲေပၚက ကားေသာ့ကို
ေကာက္ယူကာ  Studio ထဲက ထြက္သြားသည္ ။


Jisoo မရွိေတာ့မွ သူ႔ေရွ႕မွာ ထိုင္ေနသည့္
Cheng Xiao အား Seulgi တစ္ခ်က္ၾကည့္ရင္း


" နင္ လက္ထပ္ပြဲကို လာမွာမဟုတ္လား ။
ဆိုးလ္မွာပဲ လုပ္မွာတယ့္..."



" ဟင့္အင္း ငါမလာဘူး ။ Jiji ေတာင္ မနွစ္သက္တယ့္
ဒီလက္ထပ္ပြဲကုိ ငါမလာနိုင္ဘူး ။ ၿပီးေတာ့ အဲ့မိန္းကေလးနဲ႔
Jiji လက္ထပ္သြားမွာကုိလည္း မျမင္ခ်င္ဘူး..."


" ဘာလို႔လဲ  Jennie က ခ်စ္စရာ ေကာင္းပါတယ္ "


" ေကာင္းရင္ နင္ယူလိုက္ေလ ။ အဲ့ ဉာဏ္မ်ားတယ့္
မိန္းကေလးက တကယ္ပဲ Jiji ကုိ အမိဖမ္းလိုက္တာ..
က်စ္ ေဒါသထြက္လိုက္တာ..။ Jiji က ေျမေပြးကိုမွ
ခါးပိုက္ပိုက္မိတာပဲ..."


" ဘာေတြဈလ်ွာက္ေျပာေနတာလဲ ။ Jennie က
Jisoo ကုိ တကယ္ခ်စ္တာ ။ ၿပီးေတာ့ Jennie က
စိတ္ရင္း ေကာင္းပါတယ္..မရင့္က်က္တယ့္ ပံုေပါက္တာ
ေလးပဲရွိတာ.."


" တကယ္ ငါ့စိတ္ရွိတိုင္းဆို ဒီပြဲကို ဖ်က္ပစ္ခ်င္တာ ။
အန္ကယ္ရယ္ အန္တီရယ္ တို႔ မ်က္နွာပ်က္မွာ စိုးလို႔သာေပါ့ "


" သူတို႔က Jennie ကုိ ရွယ္ခ်စ္တာေနာ္ ။
ဒီေန႔ပဲ Jennie အတြက္ဆိုၿပီး  လက္ဝတ္ရတနာ
ေတြ လက္ေဆာင္ဝယ္ေပးတယ္ ။ ၿပီးေတာ့ လက္ဖြဲ႕
အျဖစ္ ဇိမ္ခံ ကြန္ဒိုအေကာင္းစားတစ္ခုလည္း လက္ဖြဲ႕မွာတယ့္"


" Seulgi! ေတာ္ေတာ့ ဆက္မေျပာနဲ႔ေတာ့ ။
ငါျပန္ေတာ့မယ္..."


" ဘယ္ကိုလဲ...."


" ေပက်င္းကို..."


စကားဆံုးတာနဲ႔ Studio ထဲက တေဆာင့္ေဆာင့္
ျဖင့္ ထြက္သြားေသာ Xiao Cheng ကုိၾကည့္ရင္း
Seulgi  ေခါင္းသာခါမိေတာ့သည္ ။


~


ဒီေန႔နွစ္ေယာက္အတူ ေပက်င္းက ျပန္လာခဲ့တာ ။


ဒီထက္ ေနာက္မက်ခင္ Jennie ကုိ ျပန္စဥ္းစားဖို႔
ေျပာရမည္ေ ။


" ကေလး...."


သူေခၚေတာ့ Jennie က ေလယာဥ္ျပတင္းေပါက္မွာ
အာရံုစိုက္ေနရင္းကေန သူ႔ဆီ လွည့္ၾကည့္လာသည္ ။
ၿပီးေတာ့ ၿပံဳးျပသည္ ။ Jennie ၾကည့္ရတာ
တကယ္ေပ်ာ္ေနတယ့္ ပံုစံပင္ ။


သူကေတာ့ မေပ်ာ္နိုင္ဘူး ။ ညဆိုရင္ေတာင္
ေကာင္းေကာင္း မအိပ္ေပ်ာ္နိုင္ဘူး ။ လက္ထပ္ပြဲ
နီးေလေလ သူစိတ္ပင္ပန္းေလပဲ ။


သူတကယ္အိမ္ေထာင္မျပဳခ်င္ေသးဘူး ။ ဒီအခ်ိန္မွာ
လြတ္လြတ္လပ္လပ္ပဲ ေပ်ာ္ပါးခ်င္ေသးတယ္ ။
အေခ်ဳပ္အေနွာင္ေတြၾကား ေနဖို႔အဆင္သင့္
မျဖစ္ေသးဘူး ။


" ကေလး တကယ္ေနာင္တမရဘူးလား...
ဒီလက္ထပ္ပြဲအတြက္..."



" ဟင့္အင္း မျဖစ္ပါဘူး ။ ကေလးရဲ႕ ဘဝမွာ
ဒီအခ်ိန္က အေပ်ာ္ဆံုးပဲ ။ ဘာလို႔လဲ ဒါလင္က ေနာင္တ
ရလို႔လား..."



" ေနာင္တ...မရပါဘူး ။ ဒီအတိုင္း ကေလးစိတ္ကုိ
သိခ်င္လို႔ ေမးတာ...။ တကယ္ေတာာ ကေလးရဲ႕
အသက္အ႐ြယ္က လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္ပါးပါး
ေနရမယ့္အ႐ြယ္ ။ အိမ္ေထာင္ရွင္မ တစ္ေယာက္ျဖစ္ရမယ့္
အ႐ြယ္မဟုတ္ေသးဘူးေလ...။ အဲ့တာကုိ ေတြးၿပီး
ကုိယ္ စိတ္မေကာင္း ျဖစ္လို႔ပါ..ကုိယ့္မိဘေတြေၾကာင့္
ကေလး ဒီကိစၥကုိ လက္ခံခဲ့ရတာကို..."


" ဒါလင္မိဘေတြကုိ ေက်းဇူးေတာင္ တင္ေသးတယ္ ။
တကယ္ေတာ့ အိမ္ေထာင္ရွင္မ ျဖစ္တာနဲ႔ အရာရာ
ဆံုးရွံုးသြားတာမွ မဟုတ္တာ ။ ေပ်ာ္လို႔ရေသးတယ္ေလ ။
အထူးသျဖင့္ ဒါလင္နဲ႔အတူ ရွိေနနိုင္ေတာ့မွာဆိုေတာ့
ပိုေတာင္ ေပ်ာ္ေသးတယ္..."


Jennie က သူ႔ရဲ႕ လက္ေမာင္းကုိ
ဖက္တြယ္ရင္း ေျပာေလေတာ့ Jisoo ရဲ႕အၿပံဳးဟာ
မသက္မသာ...။
ုိ္


~


ဧည့္ခန္းထဲမွာ Joohyun နဲ႔အတူ
ထိုင္ေနရင္းနွင့္ ဘာမွမေျပာျဖစ္ၾကေသးပဲ တိတ္ဆိတ္
ေနၾကသည္ ။ Jisoo ကိုလက္ထပ္ပါ့မယ္ ေျပာလိုက္တယ့္
ေန႔ထဲက Joohyun က သူမကုိ စကားေကာင္းေကာင္း
မေျပာေသးဘူး ။


ဒါေပမယ့္ ဒီေန႔ေတာ့ ေျပာစရာ စကားရွိတယ္
ဆိုၿပီး ေခၚသည္ ။


အခုထိ ဘာစကားတစ္ခြန္းမီ ထြက္မလာေတယ့္
Joohyun ဟာ ျပတင္းေပါက္အျပင္ဘက္ကိုသာ
အေၾကာင္းမဲ့ ေငးေမာေနသည္ ။ သူမမွာေတာ့
ေဘးကေန ထိုင္ေနရင္း အေနခက္လာရသည္ ။


တည္ၿငိမ္ၿပီး တိတ္ဆိတ္ေနတယ့္ Joohyun က
ေၾကာက္ဖို႔ေကာင္းသည္ ။


" Jennie...."


" ဟင္..မဟုတ္ ရွင္..."


" လက္ထပ္ခ်င္တာ ေသခ်ာလား..။ ပြဲရက္က
တျဖည္းျဖည္းနီးလာၿပီ...အခ်ိန္မလြန္ခင္ ကုိယ့္စိတ္ကိုယ္
ျပန္ဆန္းစစ္ ၾကည့္ပါအံုးလား..."


" မလိုပါဘူး Unnie ရဲ႕ ။ လက္ထပ္ခ်င္တာ
ေသခ်ာပါတယ္..." 


" နင့္ရဲ႕ အသက္က ငယ္႐ြယ္ေသးတယ္
Jennie...။ လုပ္စရာေတြအမ်ားၿကီး ရွိေသးတယ္.."


" လက္ထက္ၿပီးမွလည္း လုပ္လို႔ရတာပဲ  Unnieရယ္..။
ၿပီးေတာ့ ငယ္႐ြယ္တုန္းလက္ထပ္ေတာ့ ေကာင္းတာေပါ့ "


" ေသခ်ာလား...Jisoo ကဘယ္လိုလူဆိုတာ
သိေနတာကိုေတာင္ေလ ။ သူက နင့္ကို နာက်င္ေအာင္
လုပ္ရင္ ဘယ္လိုလုပ္မလဲ ...."


" သူက ညီမေလးကုိ နာက်င္ေအာင္ မလုပ္ပါဘူး ။
သူက လူေကာင္းပါ ။ ၿပီးေတာ့ သူ႔ရဲ႕အက်င့္စရိုက္ေတြ
အားလံုးကို ျပင္ပါ့မယ္လို႔ ကတိေပးထားတယ္ေလ..။
သူကတိတည္မွာပါ...။ သူက ဘယ္လိုလူဆိုတာ သိရဲ႕သား
နဲ႔ေတာ့ ညီမေလး သူ႔ကုိ ခ်စ္ခဲ့တာေလ..အခုလို
သူက ျပဳျပင္ပါ့မယ္ဆိုေတာ့ အနားမွာေနၿပီ ပိုခ်စ္သြားေပးမွာ "


Joohyun ခပ္ဖြဖြၿပံဳးမိတယ္ ။ သူ႔ညီမေလးက
အခ်စ္ရူးေနတယ့္ မိန္းကေလးပဲ ။


" သူ႔ကုိ အဲ့ေလာက္ထိေတာင္ ခ်စ္လား..."



" အင္း...ခ်စ္တာေပါ့ ။ အမ်ားၿကီးခ်စ္တာ "


" အဲ့ဆို ငါ့ကိုက်ေတာ့ မခ်စ္ဘူးလား.."


" Arnyi...ခ်စ္တာေပါ့ ေဟာဒီက
တစ္ဦးတည္းေသာ Unnie ကုိလည္း တအားခ်စ္တာ.."


ေျပာရင္း Jennie က သူ႔ကုိ ေပြ႕ဖက္ေလေတာ့
joohyun မွာ ၿပံဳးသာၿပံဳးနိုင္ေတာ့သည္ ။


ဒီေလာက္ကေလးဆန္တယ့္ ညီမေလးက
အိမ္ေထာင္က်ေတာ့မယ္​ တယ့္လား ။


" Kim Jisoo က တစ္ခုခုမေကာင္းတာ
လုပ္တာနဲ႔ ငါ့ကို လာတိုင္ေနာ္ ။ ငါသူ႔ကုိ ေကာင္းေကာင္း
ရိုက္နွက္ၿပီး ဆံုးမေပးမယ္..ၾကားလား "


" အင္းပါ..တစ္ခုခုဆို Unnie ကုိ
ခ်က္ခ်င္းလာတိုင္မယ္..ဟုတ္ၿပီလား "


" ေပက်င္းက မဂၤလာလက္စြပ္


ဘယ္လိုခ်စ္ေၾကာင္းသာ ထုတ္မျပတတ္ခဲ့ေပမယ့္
Jennie ကုိ သူသိပ္ခ်စ္ပါသည္ ။ သူ႔ရဲ႕ တစ္ဦးတည္း
ေသာ ညီမေလးေလ ။ ဒီကမၻာမွာ က်န္တယ့္
တစ္ဦးတည္းေသာ သူ႔ရဲ႕ မိသားစုေလး...။


~






အခု Seulgi မွာ လုပ္လက္စအလုပ္ေတြပစ္ၿပီး
Jisoo နဲ႔အတူ Club ကုိ လိုက္ခဲ့ရေပးသည္ ။ အရူးက
အရင္ေန႔ေတြ  မသြားခ်င္ဘူး မလာခ်င္ဘူးနဲ႔ ေျပာၿပီး
အခုက်မွ ဘာစိတ္ကူးေတြ ေပါက္ေနလည္းမသိပါ ။


အလုပ္လုပ္ေနရင္းတန္းလန္းနဲ႔ Seulgi ကုိ
Club ကို ဆြဲေခၚလာခဲ့တာ ။


" ဘယ္လိုလဲ..လက္ထပ္ရမွာ ေပ်ာ္သြားၿပီလား ။
ငါေျပာပါတယ္ လက္ထပ္တာက အဲ့ေလာက္မေကာင္းတယ့္
ကိစၥမဟုတ္ပါဘူးလို႔ ။ ၿပီးေတာ့ Jennie ကလည္း နင့္ကို
သိပ္ခ်စ္တာေလ ။ နင္ကံေကာင္းတာပဲ...ဘာပဲျဖစ္ျဖစ္
နင့္အစား ငါဝမ္းသာပါတယ္ "


" သူငယ္ခ်င္း ဒုကၡတြင္းထဲ ေရာက္တာကို ဝမ္းသာေပးတယ့္
သူငယ္ခ်င္းက နင္ပဲ ရွိတယ္ေနာ္ Kang Seulgi...
Xiao Xiao ေတာင္ ငါ့အစား ေဒါသေတြ ထြက္ေပးေနတာ
နင္ မျမင္ဘူးလားဟင္ ။ တကယ္ဆို သူငယ္ခ်င္းက
အဲ့လို ျဖစ္ေပးသင့္တာ..."


" မတူဘူးေလ မတူဘူး Kim Jisoo ရဲ႕ "


" ဘာမတူတာလဲ...ေတာ္ၿပီ အဲ့တာေတြထားပါ
ငါဒီလာတာ ေသာက္ခ်င္လို႔ စိတ္ႀကိဳက္ေပ်ာ္ပါးခ်င္လို႔.."


" ဘာလဲ လက္မထပ္ရခင္ေလး အဝေပ်ာ္ပါးထားမယ္
ဆိုတယ့္ သေဘာလား "


Seulgi  ရယ္ရယ္ေမာေမာ နွင့္ ေမးလိုက္ေပမယ့္
ျပန္ေျဖတယ့္ Jisoo ရဲ႕အေျဖဟာ သိပ္အခ်ိဳးမေျပ ။


" လက္ထပ္ၿပီးလည္း ေပ်ာ္ပါးေနအံုးမွာပဲ ။
အဲ့ကိစၥကုိီ ေတြးရင္း စိတ္မညစ္ခ်င္ေတာ့လို႔ ဒီအတိုင္း
စာ႐ြက္ေပၚ လက္မွတ္ေလးထိုး ၿပီးေတာ့ အတူတူေနတယ္
အတူတူအိပ္တယ္...အဲ့အတိုင္း ေပါ့ေပါ့ပါးပါးေလးပဲ
ေတြးလိုက္ေတာ့မယ္..."


" လက္ထပ္တယ္ဆိုတာ အဲ့လိုၿပီးစလြယ္ ေတြးလိုက္လို႔
ရတယ့္ ကိစၥမဟုတ္ဘူး...ဒါက လူနွစ္ေယာက္ရဲ႕ ဘဝနဲ႔
သက္ဆိုင္တယ့္ ကိစၥပဲ ။ နင္အခုလို ဦးေနွာက္ေခ်ာင္ေနတယ့္
တစ္ကုိယ္ေကာင္းဆန္တယ့္ အေတြးမ်ိဳးနဲ႔ ေတြးရင္
နင္တို႔ အိမ္ေထာင္ေရးက သာယာနိုင္မွာ မဟုတ္ဘူးေနာ္ ။
ဒါေၾကာင့္ အဲ့အေတြးေတြကို ဖယ္ၿပီး ေကာင္းေကာင္းမြန္မြန္
နဲ႔ ေနထိုင္သြားစမ္းပါ..."


" ဘာလဲ နင္က ငါ့ကို မေပ်ာ္ပါးေစခ်င္တာလား..."


" မမူးေသးပဲ မရစ္နဲ႔ Kim Jisoo...ငါစကားကုိ
အေကာင္းေျပာေနတာ...။ နင္ေပ်ာ္ပါးခ်င္တယ္ မဟုတ္လား
ေပ်ာ္ပါးပါ ။ ဒါေပမယ့္ Jennie မထိခိုက္ေစမယ့္
မနာက်င္ေစမယ့္ နည္းလမ္းေလးနဲ႔ ေပ်ာ္ပါး...။
အေပ်ာ္ကေနေတာ့ အပ်က္မျဖစ္ေစနဲ႔..."


Jisoo က ခပ္သဲ့သဲ့ရယ္ေလသည္ ။ ၿပီးေတာ့


" ငါ ရဲ႕ အရင္က သူငယ္ခ်င္းေလး
Kang Seulgi ဘယ္ေရာက္သြားလဲဟင္ ။ အရင္က
ငါနဲ႔အတူ ရႈပ္ေပြခဲ့တယ့္ သူငယ္ခ်င္းေလး..ဘယ္ေရာက္
သြားလဲ..."


" ငါက ဒီေနရာမွာ ဒီအတိုင္းပဲေလ ။ ဘာမွမေျပာင္းလဲ
သြားဘူး အရင္အတိုင္းလည္း ရႈပ္ေပြေနတုန္းပဲ ။
လူေကာင္းတစ္ေယာက္အျဖစ္ မေျပာင္းလဲ ေသးဘူး..."


" ဒါဆို ငါလည္း နင္နဲ႔အတူတူပဲ ။ မေကာင္းတယ့္လူ
အျဖစ္ေနမယ္.."



" မတူဘူးေလ နင္က အိမ္ေထာင္ရွင္ ျဖစ္ေတာ့မွာ ။
နင့္ရဲ႕ အိမ္ေထာင္ေရးဘဝသာယာဖို႔ ႀကိဳးစားရေတာ့မွာ ။
ဒါေၾကာင့္ ငါနဲ႔အၿပိဳင္လိုက္တုၿပီး ေပြရႈပ္ေနလို႔ မရေတာ့ဘူး ။
ငါက ဘယ္ေလာက္ပဲ မေကာင္းတယ့္လူျဖစ္ျဖစ္
နင့္ကုိ ပိုၿပီး မေကာင္းတယ့္လူျဖစ္ဖို႔ အားမေပးဘူးေနာ္ ။
နင္က ရင့္က်က္တယ့္ လူေကာင္းတစ္ေယာက္မျဖစ္လည္း
ကိစၥမရွိပါဘူး ။ ဒါေပမယ့္ နင့္ဇနီးအေပၚေတာ့
အိမ္ေထာင္ဖက္ေကာင္းတစ္ေယာက္အျဖစ္ ေနသြား..."


ဆံုးမစကားေျပာၾကားေနတယ့္ သူ႔ဆီမွာ
Kim Jisoo ရဲ႕ အာရံုနဲ႔ အၾကည့္ေတြဟာ မရွိဘူး ။


Jisoo ရဲ႕ အာရံုနဲ႔ အၾကည့္ေတြက ေဘးဝိုင္းမွာ
ထိုင္ေနရင္း အထာလွမ္းေပးေနတယ့္ ခပ္လန္းလန္း
ေကာင္မေလးဆီမွာ...။


Seulgi သက္ျပင္းခ်လိုက္မိတယ္ ။


ေဘးဝိုင္းက ခပ္လန္းလန္းေကာင္မေလးက
Jisoo ဆီ ေလ်ွာက္လာၿပီး ရိသဲ့သဲ့လုပ္ေတာ့
အရူးရဲ႕ မ်က္နွာက ပီတီတီနဲ႔ ။ Seulgi မွာ လက္ထဲက
ဘီယာခြက္ကို တစ္ႀကိဳက္တည္း ေမာ့ခ်ပစ္ရတယ္ ။


" Seulgi...ငါခဏ လိုက္သြားလိုက္အံုးမယ္ ။
နင္ေနခဲ့အံုး..."


Seulgi ေခါင္းသာညိမ့္ျပလိုက္ေတာ့တယ္ ။
မတက္နိုင္ေတာ့ဘူးေလ Kim Jisoo က တားလည္း
ရမွာ မဟုတ္ဘူး...။


TBC.

Comment