EP - 35


Unicode


ဧည့်ခန်းထဲကဆိုဖာပေါ်မှာစမတ်ကျကျထိုင်နေတဲ့လူတစ်ယောက်။ ခြေထောက်တစ်ဖက်ကိုချိတ်ထိုင်ထားပြီးလက်ထဲကtabletပေါ်ပဲအာရုံစိုက်နေဟန်ရှိသည့်ထိုသူရဲ့အကြည့်တွေကသိပ်ကိုစူးရှလွန်းသည်။ ဖြစ်သလိုစုစည်းထားတဲ့မီးခိုးရောင်ဆံနွယ်တွေနှင့် ဝတ်ထားသည့်တီရှပ်အနက်ရောင်လက်တိုလေးကလူငယ်ဆန်စေပေမယ့်လို့အေးစက်တည်ငြိမ်နေသည့်ပုံစံကကြောက်စရာကောင်းသည့်ဘက်ကိုသာဦးတည်နေလေ၏။

"ပြောကြည့်……ဘာကိစ္စနဲ့ငါ့ကိုသစ္စာဖောက်ရဲတာလဲ……"

အနိမ့်အမြင့်အတက်အကျမရှိဘဲအေးဆေးတည်ငြိမ်သည့်အသံကတစ်ဖက်လူအတွက်တော့ကြောက်စိတ်ကိုပို၍တိုးစေသည်။ ကြမ်းပြင်ပေါ်မှာဒူးထောက်ထိုင်ကာတုန်လှုပ်နေပုံရသည့်သူကိုတစ်ချက်စိုက်ကြည့်ပြီးသဝဏ်မဲ့ပြုံးတစ်ချက်သာပြုံးမိသည်။ ထို့နောက်စီးကရက်တစ်လိပ်ထုတ်ကာမီးညှိနေလိုက်တော့ရှေ့ကလူရဲ့ပုံစံကသူ့ကိုယ်သူသိနေပြီထင်ပါရဲ့ ၊ ကမ္ဘာပျက်သလိုတုန်လှုပ်နေလိုက်တာများ။

"အဟက်!……ပြောရခက်နေတာလား……"

ပြောပြောဆိုဆိုနှင့်ဘေးမှာချထားတဲ့tabletကိုစားပွဲပေါ်ပစ်တင်လိုက်တော့ဆတ်ခနဲတုန်ယင်သွားတဲ့ခန္ဓာကိုယ်။
အခုမှသိပ်ကြောက်နေတာလား……။

စီးကရက်ကိုတစ်ချက်ဖွာရှိုက်ရင်းမီးခိုးငွေ့တွေကိုမှုတ်ထုတ်လိုက်တော့ကြည့်ကောင်းလွန်းတဲ့နှုတ်ခမ်းပါးကဆွဲဆောင်မှုရှိသည့်အသွင်ဆီသို့ပြောင်းလဲပြန်သည်။ သို့သော် ချောမောလွန်းတဲ့ထိုလူငယ်က လူတစ်ယောက်ကိုသေစေနိုင်လောက်အောင်အထိစေခိုင်းနိုင်တယ်ဆိုတာကိုရောဘယ်သူကသတိထားမိပါ့မလဲ။

"ပြောရခက်နေရင်……ငါကလွယ်အောင်လုပ်ပေးမယ်လေ……"

"မ…မလုပ်ပါနဲ့……ပြောပါ့မယ်boss……"

စီးကရက်ကိုနောက်တစ်ကြိမ်ဖွာရှိုက်ရင်းမေးအသာဆတ်ပြလိုက်တဲ့ပုံစံကလူတစ်ချို့ပြောဖူးခဲ့တဲ့အတိုင်းမရဏမင်းပုံစံပင်ဖြစ်တာမို့ထောက်ထားတဲ့ဒူးတွေပါတုန်ရီလာရသည်။
တ…တကယ်ပဲသူသေရတော့မှာလား……။

"မင်းကမပြောသေးဘူးဆိုတော့……ကစားချင်နေသေးတာလား ဟမ်……"

"မဟုတ်ပါဘူး boss……ကျွန်တော်…ကျွန်တော်ပိုက်ဆံရလို့လုပ်မိတာပါ……"

"သြော်……ဒါဆိုငါကပိုက်ဆံမပေးဘူးပေါ့……"

"မဟုတ်ပါဘူး……"

သဝဏ်စိတ်မရှည်တော့တာကြောင့်ရှေ့ကလူရဲ့ပခုံးကိုဆောင့်ကန်လိုက်တော့လဲကျသွားပြီးမှဘေးကလူတွေရဲ့ဆွဲထူမှုကြောင့်နောက်တစ်ကြိမ်ပြန်ဒူးထောက်လာပြန်သည်။

"ငါအမုန်းဆုံးကိုမှမင်းကလုပ်မိသွားတာပဲ……"

"တောင်းပန်ပါတယ်boss……ခွင့်လွှတ်ပေးပါ……"

"သြော်……"

အသံကိုဆွဲပြောရင်းချိတ်ထားသည့်ခြေထောက်ကိုပြန်ချထိုင်ကာမဲ့ပြုံးတစ်ချက်ပြုံးရင်းစိုက်ကြည့်လာတဲ့သူ။

"သစ္စာဖောက်တုန်းကဖောက်ပြီးတော့…ငါကအခုမှခွင့်လွှတ်စရာလား……"

သဝဏ့်စကားကြောင့်ထင် ၊ ထိုသူရဲ့မျက်နှာကပို၍ဖြူစုတ်ကာသွေးပျက်နေဟန်ရှိသည်။ ဟက်ခနဲတစ်ချက်ပြုံးကာဆိုဖာပေါ်မှထဖို့ပြင်လိုက်စဉ်ရုတ်တရက်ကြားလိုက်ရတဲ့ဖုန်းသံကြောင့်ခြေလှမ်းတွေကတုံ့ခနဲ။

စားပွဲပေါ်ပစ်တင်ထားတဲ့ဖုန်းကိုကောက်ယူကြည့်မိတော့screenမှာပေါ်နေတဲ့နာမည်ကြောင့်သဝဏ်ငေးငိုင်ကာသာစိုက်ကြည့်နေမိသည်။ ' ဦးမှိုင်းညှို့ရွှေဘုံ '  ဆိုတဲ့contact nameလေးကသူ့ဆီကိုဘယ်တုန်းကမှဆက်သွယ်ခြင်းရှိလာခဲ့တဲ့ဖုန်းနံပါတ်မဟုတ်ခဲ့သလို ၊ ဆက်သွယ်လာစရာအကြောင်းလည်းရှိမနေတဲ့လူတစ်ယောက်ဆီမှဖုန်းနံပါတ်တစ်ခုပဲမဟုတ်လား။

"Hello……"

ဖုန်းကိုင်မိလိုက်သည်နှင့်ကြားလိုက်ရတဲ့တစ်ဖက်အသံချိုချိုလေး။
သဝဏ်ဘာတစ်ခွန်းမျှပြန်မပြောဘဲဒီအတိုင်းသာငြိမ်၍နားထောင်နေမိတယ်။
ခင်ဗျားနဲ့ကျုပ်…ဘာစကားမှထွေထွေထူးထူးပြောစရာမရှိဘူးထင်ပါရဲ့……။

"ကို…ကိုရဏသဝဏ်……ကြားရဲ့လားဟင်……"

"အင်း……"

ဝဋ်ကျေတမ်းကျေတုံ့ပြန်သံကြောင့်ထင်ပါရဲ့ ၊ တစ်ဖက်ကဘာစကားမျှထပ်မပြောလာဘဲအတော်ကြာသည်အထိတိတ်ဆိတ်သွားသည်။ ပြီးမှရှိုက်သံတိုးဖွဖွလေးနှင့်အတူ

"သား…သားနေမကောင်းဘူး……ပြီးတော့ သားကသူ့ဒယ်ဒီကိုပဲမေးနေတာ……"

"ဘာ!…သားကဘယ်လိုဖြစ်ပြီးနေမကောင်းရတာလဲ……ကျစ်! ဦးမှိုင်းညှို့ရွှေဘုံ ခင်ဗျားကလေးတစ်ယောက်ကိုတောင်ကောင်းကောင်းမစောက့်ရှောက်တတ်ဘူးလားဟမ်!……"

"ငါကလည်း…ဟို……"

"တော်တော့!……အဲ့ဒီ့ကိုကျုပ်လာခဲ့မယ်…ကလေးကိုရေပတ်ဝတ်လေးတင်ပေးထား ကြားလား……"

သဝဏ်ပြောပြောဆိုဆိုနှင့်ဖုန်းချကာ စားပွဲပေါ်မှာရှိနေသည့်ကားသော့ကိုပါတစ်ဆက်တည်းကောက်ယူလိုက်သည်။ သားကိုစိုးရိမ်တဲ့စိတ်ကြောင့်လူကဒီမှာဆက်နေလည်းဘယ်လိုမှအဆင်ပြေမှာမဟုတ် ၊ သေချာပေါက်သားဆီသွားမှဖြစ်မည်။

"မင်းဆက်လုပ်လိုက်တော့ ထူးထက်စေ……"

ပျာပျာသလဲပြောဆိုပြီးထွက်သွားတဲ့bossကြောင့်ထူးထက်စေမျက်နှာကအတော်လေးရှုံ့မဲ့လို့သွားသည်။ သူ့အတွက်လူသတ်ရတာခက်ခဲတဲ့အရာတော့မဟတြ်ပေမယ့်လို့အခုအချိန်မှာအရမ်းကိုခက်ခဲနက်နဲတဲ့မစ်ရှင်တစ်ခုကိုပါသူကြိုးစားနေရတာပင်။ ထိုမစ်ရှက်ကတော့တခြားမဟုတ် ၊ ကိုကိုဆိုတဲ့မစ်ရှင်လေး။
သေချာပေါက်ဒီမစ်ရှင်လေးကိုအောင်မြင်ဖို့ကြိုးစားနေရသည်ကို bossမို့မညှာမတာခိုင်းရက်လိုက်လေခြင်း။ လက်ကောက်ဝတ်ပေါ်ကနာရီကိုကြည့်မိတော့ကိုကို့အိမ်ပြန်ချိန်နှင့်သိပ်မလိုတော့။ ထူးထက်စေအတော်လေးစိတ်ဆင်းရဲသွားမိတာတော့အမှန်။
ဘယ့်နှယ့်…သူများအားလားမအားလားမသိ ဆက်လုပ်လိုက်တော့တဲ့လား……။

"bossအစုတ်ပလုတ်……အစုတ်အပျက်…အလကားနေ ' ထူးထက်စေ…ထူးထက်စေ '  နဲ့……ကျွန်တော့်ကိုပဲခိုင်းနေတာပဲ…အား!! ကိုကိုရေလို့……"


_____________________________________________


တစ်ဖက်ကနေပြောချင်ရာပြောပြီးဖုန်းချသွားတဲ့မြတ်သဝဏ်ကြောင့်မှိုင်းညှို့ခပ်ရေးရေးလေးပြုံးမိသည်။ အချိန်တွေဘယ်လောက်ကြာကြာသားအပေါ်သဝဏ့်ရဲ့ဂရုစိုက်မှုတွေကတော့ဘယ်တော့မှမပြောင်းလဲသွားပေဘူးပဲ။ ဒါတွေကိုသိလို့လည်းတမင်သားကိုအကြောင်းပြပြီးသဝဏ့်ကိုဆက်သွယ်ခဲ့တာပဲမဟုတ်လား။

"ဟူး……"

သက်ပြင်းသဲ့သဲ့ချရင်းဘေးမှာအိပ်နေတဲ့သားဆီအကြည့်ရောက်မိတော့ သားကထုံးစံအတိုင်းအပြစ်ကင်းစွာအိပ်ပျော်နေဆဲပင်။

"သားဒယ်ဒီက ဖေဖေ့ကိုခွင့်လွှတ်ပါ့မလားသားရယ်……ဘာပဲဖြစ်ဖြစ်ဖေဖေ့ဘက်ကတောင်းပန်မှာမို့ အရင်လိုပြန်နေလို့ရဖို့မျှော်လင့်ပါတယ်ဗျာ……"

တိုးဖွဖွစကားဆိုကာသားနှဖူးလေးပေါ်အနမ်းခြွေမိတော့ မျက်ရည်စက်တွေကပါစီးကျလာတာကြောင့်သားအပေါ်မကျသွားစေရန်မနည်းပြန်ထိန်းရင်းကိုယ်ကိုပြန်မတ်လိုက်ရသည်။

တောင်းပန်ပါတယ်မြတ်သဝဏ်……မင်းဆီကခွင့်လွှတ်မှုကိုရဖို့သားကိုထပ်ပြီးအသုံးချမိနေအုံးမှာမို့…ငါ့အပြစ်တွေအတွက်ကြိုပြီးတောင်းပန်ထားပါရစေ……။


_____________________________________________


ကောင်လေးထွက်သွားတာကြာပြီမို့ထည်ဝါလည်းသောက်နေကျကော်ဖီဆိုင်လေးဆီထွက်လာခဲ့လိုက်သည်။ အရင်ကလည်းမြန်မာနိုင်ငံကိုခဏခဏရောက်ခဲ့တာမှန်ပေမယ့်ဘယ်ဆိုဘယ်မှမသွားဖြစ်။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုသာလုပ်ပြီးပြန်တာမို့ထည်ဝါဘယ်နေရာကိုမှလည်းမရောက်ဖြစ်ပေ။ ဒါပေမယ့်အခုကတော့အရင်နဲ့မှမတူဘဲ ၊ အချိန်အကြာကြီးနေရမယ့်အနေအထားရှိသလိုကောင်လေးကိုလည်းစိတ်ပူနေရသည့်အချိန်တွေကများနေတာပဲဖြစ်တာကြောင့်ဟိုထွက်ဒီထွက်သွားဖြစ်လာသည်။

အတွေးတွေနှင့်သာလျှောက်လှမ်းလာမိရင်းကော်ဖီဆိုင်လေးဆီရောက်တော့ထုံးစံအတိုင်းသစ်ပင်ရိပ်လေးအောက်ကစားပွဲကထည်ဝါ့အတွက်ပင်။ ကြွေကျနေတဲ့သစ်ရွက်စိမ်းလေးတွေကစားပွဲပေါ်မှာပြန့်ကျဲနေပေမယ့်လို့စိတ်မရှုပ်ဘဲသဘောကျနေမိတာတော့အမှန်။

"ကော်ဖီ……"

ခပ်သင်းသင်းကော်ဖီရနံ့နှင့်အတူထည်ဝါ့ရှေ့ရောက်တဲ့Latteကော်ဖီတစ်ခွက်။ အသံပိုင်ရှင်ကိုဆတ်ခနဲမော့ကြည့်လိုက်တော့ထုံးစံအတိုင်းကော်ဖီလာချပေးနေကျကောင်လေးပင်။

"ကော်ဖီကကိုယ်ဘာသောက်မလဲတောင်သိနေပြီလား……"

"ဗျာ……ဟုတ်ကဲ့ ဦးကဒီလာရင်Latteကော်ဖီပဲသောက်နေကျလေ…အဲ့ဒါကြောင့်……"

' ကော်ဖီ '  ဆိုတဲ့နာမ်စားကသူ့ကိုရည်ရွယ်ပြောဆိုမှန်းသိနေပြီမို့ထိုကောင်လေးကထစ်ငေါ့ထစ်ငေါ့နဲ့ပြန်ဖြေလာရှာသည်။ သို့ပေမယ့်ဖြေနေတဲ့ပုံစံလေးကတော့တကယ့်အူကြောင်ကြောင်လေးပင်။ အညိုရောင်ဆံပင်လေးတွေကိုရှေ့ကိုခပ်အုပ်အုပ်ချထားပြီးဖြူဥဥဒီကောင်လေးက ထည်ဝါ့အသည်းနှလုံးလေးကိုစတွေ့ခါစအချိန်ကအရွယ်လောက်ပဲရှိပေအုံးမည်။ ဒါပေမယ့်ဒီကောင်လေးကတော့အခုသဝဏ့်အရပ်နီးပါးလောက်ကိုရှိနေတာကြောင့်တော်တော်တော့အရပ်ရှည်လွန်းတယ်ပဲဆိုရမလား။ ကော်ဖီလာသောက်တာအကြိမ်ရေမနည်းတော့တာမို့ရင်းနှီးနေပေမယ့်ထည်ဝါဒီကောင်လေးနာမည်တော့အခုထိမမေးမိသေး။ ဒီအတိုင်း ' ကော်ဖီ '  လို့သာခေါ်ဖြစ်သည်။

"ကိုယ်ကဒီနေ့Latteမသောက်ချင်ဘူးဆိုမင်းဘယ်လိုလုပ်မလဲ……"

"အမ်……"

ကြောင်အမ်းအမ်းလေးဖြစ်သွားတဲ့ပုံစံကကောင်လေးကိုစတွေ့တုန်းကနဲ့တကယ့်ကိုတစ်ထပ်တည်း။
ဘာများဖြေမလဲလို့ထည်ဝါငေးကြည့်နေမိတော့ချက်ချင်းဆိုသလိုရှေ့ကကော်ဖီခွက်ကိုဆွဲယူနေတာကြောင့်လူကတားရပြန်သည်။

"ဘာလုပ်တာတုန်း……"

"ဦးပဲLatteမသောက်ချင်ဘူးဆို……"

"ကိုယ်ပြောမိလား……"

"ခုနကပြောတယ်မဟုတ်ဘူးလား……"

နောက်တာကိုနောက်လို့နောက်မှန်းမသိပြောချင်ရာပြောနေတဲ့သူကြောင့်ထည်ဝါအတော်လေးကိုစိတ်ညစ်သွားမိတော့သည်။ ဒီလောက်တုံးတဲ့သူကိုသူ့ဘဝမှာဒါပထမဦးဆုံးအကြိမ်အဖြစ်မြင်တွေ့ရခြင်းပါပေ။

"ကိုယ်ကမင်းကိုစနေတာလေကော်ဖီရာ……ဒီလောက်လေးတောင်မသိဘူးလား……"

"ဟင့်အင်း……ဦးကမျက်နှာကြီးတည်ပြီးပြောနေတာဆိုတော့ ကျွန်တော်ကစနေတယ်လို့မထင်ဘူးလေ……"

ဟ…ဒီကောင်လေးနဲ့တော့။
သူလုပ်တာနဲ့ပဲကိုယ်ကမျက်နှာကိုစပ်ဖြီးဖြီးလုပ်ပြီးမှပဲစရတော့မလိုလိုနဲ့။

"ဒါနဲ့နေပါအုံး……ကိုယ့်ကိုဦးလို့ခေါ်ရအောင်မင်းအသက်ဘယ်လောက်ရှိပြီလဲ……"

"18……"

"ဘာ……18ဟုတ်လား……"

ထည်ဝါယောင်နနနှင့်လိုက်တောင်ရေရွတ်မိသွားသည်။ ဒီလောက်ကလန်ကလားအရပ်နဲ့သူကကောင်လေးထက်တောင်ငယ်နေသေးသလို ကိုယ့်ထက်လည်းအနှစ်20တောင်ငယ်နေသေးတယ်တဲ့လား။

"ဘာဖြစ်လို့လဲဦး……"

"ဘာမှမဖြစ်ပါဘူး……"

ပြောပြောဆိုဆိုနှင့်ရှေ့ကကော်ဖီခွက်ကိုကောက်ယူကာတစ်ငုံမော့သောက်လိုက်တော့လည်ချောင်းထဲကိုပူခနဲ။ အတော်လေးပူဆင်းသွားတာကြောင့်နှုတ်ခမ်းတွေပါပေကျံကာနေရခက်သွားသည်။

"ဦးကတော့လေ…ကလေးလည်းမဟုတ်ဘဲနဲ့……"

တစ်သျှူးတစ်ရွက်ယူကာနှုတ်ခမ်းကိုလာသုတ်ပေးနေတဲ့ကလေးကြောင့်ထည်ဝါလက်ကိုဆွဲယူကာဆွဲဖယ်လိုက်မှမျက်နှာငယ်လေးနှင့်လက်ပြန်ရုတ်သွားရှာတယ်။

"ဟို……ကျွန်တော်……"

"Hello ကောင်လေး……"

စကားဆက်မလို့ပြင်မိပေမယ့်ရုတ်တရက်မြည်လာတဲ့ဖုန်းကိုအာရုံစိုက်နေပုံရတဲ့ဦးကြောင့်ဘာမှမပြောဘဲသာငြိမ်နေမိသည်။ တစ်ဖက်လူကဘယ်သူမှန်းမသိပေမယ့် သေချာပေါက်ဦးရဲ့ချစ်သူဖြစ်လောက်မယ်မှန်းတော့ရိပ်မိပါရဲ့။ ဖုန်းပြောရင်းထထွက်သွားတဲ့ဦးကသူ့ကိုတောင်သတိရသေးပုံမပေါ်တာကြောင့်ကျောပြင်လေးကိုသာတိတ်တဆိတ်လေးငေးကြည့်ရင်းငြိမ်နေမိတယ်။

သူများအပိုင်လေးကိုမှချစ်မိနေရတာလည်းခက်ပါပေ့ဗျာ။
ဒါပေမယ့်လေ……ကျွန်တော်ကဦးကိုငေးကြည့်နေရုံလေးနဲ့ကိုသဘောကျပါတယ်။ ပိုင်ဆိုင်လိုမှုထက်ဒီအတိုင်းလေးငေးနေရတာကိုပဲကျေနပ်နေမိတာပါ။ နေကြာပန်းလေးကနေမင်းကြီးကိုငေးကြည့်နေရသလို ၊ ကြာပန်းလေးကလမင်းကြီးကိုငေးကြည့်နေရသလိုပေါ့။

အခုထိကျန်ရှိနေသေးတဲ့ကော်ဖီခွက်လေးကိုပြန်သိမ်းရင်းတစ်ယောက်တည်းတိုးဖွဖွရေရွတ်မိသည်။

"တစ်ချိန်ကျရင်တော့…ကျွန်တော့်နာမည်ကကော်ဖီမဟုတ်ဘဲ ရွက်စိမ်းယာဆိုတဲ့အကြောင်းလေးတော့ဦးကိုပြောခွင့်ရရင်ကောင်းမယ်……"






#################################

Zawgyi


ဧည့္ခန္းထဲကဆိုဖာေပၚမွာစမတ္က်က်ထိုင္ေနတဲ႕လူတစ္ေယာက္။ ေျခေထာက္တစ္ဖက္ကိုခ်ိတ္ထိုင္ထားျပီးလက္ထဲကtabletေပၚပဲအာရံုစိုက္ေနဟန္ရွိသည့္ထိုသူရဲ႕အၾကည့္ေတြကသိပ္ကိုစူးရွလြန္းသည္။ ျဖစ္သလိုစုစည္းထားတဲ႔မီးခိုးေရာင္ဆံႏြယ္ေတြႏွင့္ ဝတ္ထားသည့္တီရွပ္အနက္ေရာင္လက္တိုေလးကလူငယ္ဆန္္ေစေပမယ့္လို႕ေအးစက္တည္ျငိမ္ေနသည့္ပံုစံကေၾကာက္စရာေကာင္းသည့္ဘက္ကိုသာဦးတည္ေနေလ၏။

"ေျပာၾကည့္……ဘာကိစၥနဲ႕ငါ့ကိုသစၥာေဖာက္ရဲတာလဲ……"

အနိမ့္အျမင့္အတက္အက်မရွိဘဲေအးေဆးတည္ျငိမ္သည့္အသံကတစ္ဖက္လူအတြက္ေတာ့ေၾကာက္စိတ္ကိုပို၍တိုးေစသည္။ ၾကမ္းျပင္ေပၚမွာဒူးေထာက္ထိုင္ကာတုန္လွဳပ္ေနပံုရသည့္သူကိုတစ္ခ်က္စိုက္ၾကည့္ျပီးသဝဏ္မဲ႕ျပံဳးတစ္ခ်က္သာျပံဳးမိသည္။ ထို႕ေနာက္စီးကရက္တစ္လိပ္ထုတ္ကာမီးညိွေနလိုက္ေတာ့ေရွ႕ကလူရဲ႕ပံုစံကသူ႕ကိုယ္သူသိေနျပီထင္ပါရဲ႕ ၊ ကမ႓ာပ်က္သလိုတုန္လွဳပ္ေနလိုက္တာမ်ား။

"အဟက္!……ေျပာရခက္ေနတာလား……"

ေျပာေျပာဆိုဆိုႏွင့္ေဘးမွာခ်ထားတဲ႕tabletကိုစားပြဲေပၚပစ္တင္လိုက္ေတာ့ဆတ္ခနဲတုန္ယင္သြားတဲ႕ခႏၶာကိုယ္။
အခုမွသိပ္ေၾကာက္ေနတာလား……။

စီးကရက္ကိုတစ္ခ်က္ဖြာရွိဳက္ရင္းမီးခိုးေငြ႕ေတြကိုမွဳတ္ထုတ္လိုက္ေတာ႕ၾကည့္ေကာင္းလြန္းတဲ႔ႏွဳတ္ခမ္းပါးကဆြဲေဆာင္မွဳရွိသည့္အသြင္ဆီသို႕ေျပာင္းလဲျပန္သည္။ သို႕ေသာ္ ေခ်ာေမာလြန္းတဲ႕ထိုလူငယ္က လူတစ္ေယာက္ကိုေသေစနိုင္ေလာက္ေအာင္အထိေစခိုင္းနိုင္တယ္ဆိုတာကိုေရာဘယ္သူကသတိထားမိပါ့မလဲ။

"ေျပာရခက္ေနရင္……ငါကလြယ္ေအာင္လုပ္ေပးမယ္ေလ……"

"မ…မလုပ္ပါနဲ႕……ေျပာပါ့မယ္boss……"

စီးကရက္ကိုေနာက္တစ္ၾကိမ္ဖြာရွိဳက္ရင္းေမးအသာဆတ္ျပလိုက္တဲ႔ပံုစံကလူတစ္ခ်ိဳ႕ေျပာဖူးခဲ႕တဲ႕အတိုင္းမရဏမင္းပံုစံပင္ျဖစ္တာမို႕ေထာက္ထားတဲ႕ဒူးေတြပါတုန္ရီလာရသည္။
တ…တကယ္ပဲသူေသရေတာ့မွာလား……။

"မင္းကမေျပာေသးဘူးဆိုေတာ့……ကစားခ်င္ေနေသးတာလား ဟမ္……"

"မဟုတ္ပါဘူး boss……ကြ်န္ေတာ္…ကြ်န္ေတာ္ပိုက္ဆံရလို႕လုပ္မိတာပါ……"

"ေၾသာ္……ဒါဆိုငါကပိုက္ဆံမေပးဘူးေပါ့……"

"မဟုတ္ပါဘူး……"

သဝဏ္စိတ္မရွည္ေတာ့တာေၾကာင့္ေရွ႕ကလူရဲ႕ပခံုးကိုေဆာင့္ကန္လိုက္ေတာ့လဲက်သြားျပီးမွေဘးကလူေတြရဲ႕ဆြဲထူမွဳေၾကာင့္ေနာက္တစ္ၾကိမ္ျပန္ဒူးေထာက္လာျပန္သည္။

"ငါအမုန္းဆံုးကိုမွမင္းကလုပ္မိသြားတာပဲ……"

"ေတာင္းပန္ပါတယ္boss……ခြင့္လႊတ္ေပးပါ……"

"ေၾသာ္……"

အသံကိုဆြဲေျပာရင္းခ်ိတ္ထားသည့္ေျခေထာက္ကိုျပန္ခ်ထိုင္ကာမဲ႕ျပံဳးတစ္ခ်က္ျပံဳးရင္းစိုက္ၾကည့္လာတဲ႕သူ။

"သစၥာေဖာက္တုန္းကေဖာက္ျပီးေတာ့…ငါကအခုမွခြင့္လႊတ္စရာလား……"

သဝဏ့္စကားေၾကာင့္ထင္ ၊ ထိုသူရဲ႕မ်က္ႏွာကပို၍ျဖဴစုတ္ကာေသြးပ်က္ေနဟန္ရွိသည္။ ဟက္ခနဲတစ္ခ်က္ျပံဳးကာဆိုဖာေပၚမွထဖို႕ျပင္လိုက္စဥ္ရုတ္တရက္ၾကားလိုက္ရတဲ႕ဖုန္းသံေၾကာင့္ေျခလွမ္းေတြကတံု႕ခနဲ။

စားပြဲေပၚပစ္တင္ထားတဲ႕ဖုန္းကိုေကာက္ယူၾကည့္မိေတာ့screenမွာေပၚေနတဲ႕နာမည္ေၾကာင့္သဝဏ္ေငးငိုင္ကာသာစိုက္ၾကည့္ေနမိသည္။ ' ဦးမွိဳင္းညိွဳ႕ေရႊဘံု '  ဆိုတဲ႕contact nameေလးကသူ႕ဆီကိုဘယ္တုန္းကမွဆက္သြယ္ျခင္းရွိလာခဲ႕တဲ႕ဖုန္းနံပါတ္မဟုတ္ခဲ႕သလို ၊ ဆက္သြယ္လာစရာအေၾကာင္းလည္းရွိမေနတဲ႕လူတစ္ေယာက္ဆီမွဖုန္းနံပါတ္တစ္ခုပဲမဟုတ္လား။

"Hello……"

ဖုန္းကိုင္မိလိုက္သည္ႏွင့္ၾကားလိုက္ရတဲ႕တစ္ဖက္အသံခ်ိဳခ်ိဳေလး။
သဝဏ္ဘာတစ္ခြန္းမွ်ျပန္မေျပာဘဲဒီအတိုင္းသာျငိမ္၍နားေထာင္ေနမိတယ္။
ခင္ဗ်ားနဲ႕က်ဳပ္…ဘာစကားမွေထြေထြထူးထူးေျပာစရာမရွိဘူးထင္ပါရဲ႕……။

"ကို…ကိုရဏသဝဏ္……ၾကားရဲ႕လားဟင္……"

"အင္း……"

ဝဋ္ေက်တမ္းေက်တံု႕ျပန္သံေၾကာင့္ထင္ပါရဲ႕ ၊ တစ္ဖက္ကဘာစကားမွ်ထပ္မေျပာလာဘဲအေတာ္ၾကာသည္အထိတိတ္ဆိတ္သြားသည္။ ျပီးမွရွိဳက္သံတိုးဖြဖြေလးႏွင့္အတူ

"သား…သားေနမေကာင္းဘူး……ျပီးေတာ့ သားကသူ႕ဒယ္ဒီကိုပဲေမးေနတာ……"

"ဘာ!…သားကဘယ္လိုျဖစ္ျပီးေနမေကာင္းရတာလဲ……က်စ္! ဦးမွိဳင္းညိွဳ႕ေရႊဘံု ခင္ဗ်ားကေလးတစ္ေယာက္ကိုေတာင္ေကာင္းေကာင္းမေစာက့္ေရွာက္တတ္ဘူးလားဟမ္!……"

"ငါကလည္း…ဟို……"

"ေတာ္ေတာ့!……အဲ႕ဒီ႕ကိုက်ဳပ္လာခဲ႕မယ္…ကေလးကိုေရပတ္ဝတ္ေလးတင္ေပးထား ၾကားလား……"

သဝဏ္ေျပာေျပာဆိုဆိုႏွင့္ဖုန္းခ်ကာ စားပြဲေပၚမွာရွိေနသည့္ကားေသာ့ကိုပါတစ္ဆက္တည္းေကာက္ယူလိုက္သည္။ သားကိုစိုးရိမ္တဲ႕စိတ္ေၾကာင့္လူကဒီမွာဆက္ေနလည္းဘယ္လိုမွအဆင္ေျပမွာမဟုတ္ ၊ ေသခ်ာေပါက္သားဆီသြားမွျဖစ္မည္။

"မင္းဆက္လုပ္လိုက္ေတာ့ ထူးထက္ေစ……"

ပ်ာပ်ာသလဲေျပာဆိုျပီးထြက္သြားတဲ႕bossေၾကာင့္ထူးထက္ေစမ်က္ႏွာကအေတာ္ေလးရွံဳ႕မဲ႕လို႕သြားသည္။ သူ႕အတြက္လူသတ္ရတာခက္ခဲတဲ႔အရာေတာ့မဟျတ္ေပမယ့္လို႕အခုအခ်ိန္မွာအရမ္းကိုခက္ခဲနက္နဲတဲ႕မစ္ရွင္တစ္ခုကိုပါသူၾကိဳးစားေနရတာပင္။ ထိုမစ္ရွက္ကေတာ့တျခားမဟုတ္ ၊ ကိုကိုဆိုတဲ႕မစ္ရွင္ေလး။
ေသခ်ာေပါက္ဒီမစ္ရွင္ေလးကိုေအာင္ျမင္ဖို႕ၾကိဳးစားေနရသည္ကို bossမို႔မညွာမတာခိုင္းရက္လိုက္ေလျခင္း။ လက္ေကာက္ဝတ္ေပၚကနာရီကိုၾကည့္မိေတာ့ကိုကို႕အိမ္ျပန္ခ်ိန္ႏွင့္သိပ္မလိုေတာ့။ ထူးထက္ေစအေတာ္ေလးစိတ္ဆင္းရဲသြားမိတာေတာ့အမွန္။
ဘယ့္ႏွယ့္…သူမ်ားအားလားမအားလားမသိ ဆက္လုပ္လိုက္ေတာ့တဲ႕လား……။

"bossအစုတ္ပလုတ္……အစုတ္အပ်က္…အလကားေန ' ထူးထက္ေစ…ထူးထက္ေစ '  နဲ႔……ကြ်န္ေတာ့္ကိုပဲခိုင္းေနတာပဲ…အား!! ကိုကိုေရလို႕……"


_____________________________________________


တစ္ဖက္ကေနေျပာခ်င္ရာေျပာျပီးဖုန္းခ်သြားတဲ႕ျမတ္သဝဏ္ေၾကာင့္မွိဳင္းညိွဳ႕ခပ္ေရးေရးေလးျပံဳးမိသည္။ အခ်ိန္ေတြဘယ္ေလာက္ၾကာၾကာသားအေပၚသဝဏ့္ရဲ႕ဂရုစိုက္မွဳေတြကေတာ့ဘယ္ေတာ့မွမေျပာင္းလဲသြားေပဘူးပဲ။ ဒါေတြကိုသိလို႕လည္းတမင္သားကိုအေၾကာင္းျပျပီးသဝဏ့္ကိုဆက္သြယ္ခဲ႕တာပဲမဟုတ္လား။

"ဟူး……"

သက္ျပင္းသဲ႕သဲ႕ခ်ရင္းေဘးမွာအိပ္ေနတဲ႕သားဆီအၾကည့္ေရာက္မိေတာ့ သားကထံုးစံအတိုင္းအျပစ္ကင္းစြာအိပ္ေပ်ာ္ေနဆဲပင္။

"သားဒယ္ဒီက ေဖေဖ့ကိုခြင့္လႊတ္ပါ့မလားသားရယ္……ဘာပဲျဖစ္ျဖစ္ေဖေဖ့ဘက္ကေတာင္းပန္မွာမို႕ အရင္လိုျပန္ေနလို႕ရဖို႕ေမွ်ာ္လင့္ပါတယ္ဗ်ာ……"

တိုးဖြဖြစကားဆိုကာသားႏွဖူးေလးေပၚအနမ္းေျခြမိေတာ့ မ်က္ရည္စက္ေတြကပါစီးက်လာတာေၾကာင့္သားအေပၚမက်သြားေစရန္မနည္းျပန္ထိန္းရင္းကိုယ္ကိုျပန္မတ္လိုက္ရသည္။

ေတာင္းပန္ပါတယ္ျမတ္သဝဏ္……မင္းဆီကခြင့္လႊတ္မွဳကိုရဖို႕သားကိုထပ္ျပီးအသံုးခ်မိေနအံုးမွာမို႕…ငါ့အျပစ္ေတြအတြက္ၾကိဳျပီးေတာင္းပန္ထားပါရေစ……။


_____________________________________________


ေကာင္ေလးထြက္သြားတာၾကာျပီမို႕ထည္ဝါလည္းေသာက္ေနက်ေကာ္ဖီဆိုင္ေလးဆီထြက္လာခဲ႕လိုက္သည္။ အရင္ကလည္းျမန္မာနိုင္ငံကိုခဏခဏေရာက္ခဲ႕တာမွန္ေပမယ့္ဘယ္ဆိုဘယ္မွမသြားျဖစ္။ ကိုယ္လုပ္စရာရွိတဲ႕အလုပ္ကိုသာလုပ္ျပီးျပန္တာမို႕ထည္ဝါဘယ္ေနရာကိုမွလည္းမေရာက္ျဖစ္ေပ။ ဒါေပမယ့္အခုကေတာ့အရင္နဲ႕မွမတူဘဲ ၊ အခ်ိန္အၾကာၾကီးေနရမယ့္အေနအထားရွိသလိုေကာင္ေလးကိုလည္းစိတ္ပူေနရသည့္အခ်ိန္ေတြကမ်ားေနတာပဲျဖစ္တာေၾကာင့္ဟိုထြက္ဒီထြက္သြားျဖစ္လာသည္။

အေတြးေတြနွင့္သာေလွ်ာက္လွမ္းလာမိရင္းေကာ္ဖီဆိုင္ေလးဆီေရာက္ေတာ့ထံုးစံအတိုင္းသစ္ပင္ရိပ္ေလးေအာက္ကစားပြဲကထည္ဝါ့အတြက္ပင္။ ေၾကြက်ေနတဲ႕သစ္ရြက္စိမ္းေလးေတြကစားပြဲေပၚမွာျပန္႕က်ဲေနေပမယ့္လို႕စိတ္မရွဳပ္ဘဲသေဘာက်ေနမိတာေတာ့အမွန္။

"ေကာ္ဖီ……"

ခပ္သင္းသင္းေကာ္ဖီရနံ႕ႏွင့္အတူထည္ဝါ့ေရွ႕ေရာက္တဲ႕Latteေကာ္ဖီတစ္ခြက္။ အသံပိုင္ရွင္ကိုဆတ္ခနဲေမာ့ၾကည့္လိုက္ေတာ့ထံုးစံအတိုင္းေကာ္ဖီလာခ်ေပးေနက်ေကာင္ေလးပင္။

"ေကာ္ဖီကကိုယ္ဘာေသာက္မလဲေတာင္သိေနျပီလား……"

"ဗ်ာ……ဟုတ္ကဲ႕ ဦးကဒီလာရင္Latteေကာ္ဖီပဲေသာက္ေနက်ေလ…အဲ႕ဒါေၾကာင့္……"

' ေကာ္ဖီ '  ဆိုတဲ႕နာမ္စားကသူ႕ကိုရည္ရြယ္ေျပာဆိုမွန္းသိေနျပီမို႕ထိုေကာင္ေလးကထစ္ေငါ့ထစ္ေငါ့နဲ႕ျပန္ေျဖလာရွာသည္။ သို႕ေပမယ့္ေျဖေနတဲ႕ပံုစံေလးကေတာ့တကယ့္အူေၾကာင္ေၾကာင္ေလးပင္။ အညိဳေရာင္ဆံပင္ေလးေတြကိုေရွ႕ကိုခပ္အုပ္အုပ္ခ်ထားျပီးျဖဴဥဥဒီေကာင္ေလးက ထည္ဝါ့အသည္းႏွလံုးေလးကိုစေတြ႕ခါစအခ်ိန္ကအရြယ္ေလာက္ပဲရွိေပအံုးမည္။ ဒါေပမယ့္ဒီေကာင္ေလးကေတာ့အခုသဝဏ့္အရပ္နီးပါးေလာက္ကိုရွိေနတာေၾကာင့္ေတာ္ေတာ္ေတာ့အရပ္ရွည္လြန္းတယ္ပဲဆိုရမလား။ ေကာ္ဖီလာေသာက္တာအၾကိမ္ေရမနည္းေတာ့တာမို႕ရင္းနွီးေနေပမယ့္ထည္ဝါဒီေကာင္ေလးနာမည္ေတာ့အခုထိမေမးမိေသး။ ဒီအတိုင္း ' ေကာ္ဖီ '  လို႕သာေခၚျဖစ္သည္။

"ကိုယ္ကဒီေန႕Latteမေသာက္ခ်င္ဘူးဆိုမင္းဘယ္လိုလုပ္မလဲ……"

"အမ္……"

ေၾကာင္အမ္းအမ္းေလးျဖစ္သြားတဲ႕ပံုစံကေကာင္ေလးကိုစေတြ႕တုန္းကနဲ႕တကယ့္ကိုတစ္ထပ္တည္း။
ဘာမ်ားေျဖမလဲလို႕ထည္ဝါေငးၾကည့္ေနမိေတာ့ခ်က္ခ်င္းဆိုသလိုေရွ႕ကေကာ္ဖီခြက္ကိုဆြဲယူေနတာေၾကာင့္လူကတားရျပန္သည္။

"ဘာလုပ္တာတုန္း……"

"ဦးပဲLatteမေသာက္ခ်င္ဘူးဆို……"

"ကိုယ္ေျပာမိလား……"

"ခုနကေျပာတယ္မဟုတ္ဘူးလား……"

ေနာက္တာကိုေနာက္လို႕ေနာက္မွန္းမသိေျပာခ်င္ရာေျပာေနတဲ႕သူေၾကာင့္ထည္ဝါအေတာ္ေလးကိုစိတ္ညစ္သြားမိေတာ့သည္။ ဒီေလာက္တံုးတဲ႕သူကိုသူ႕ဘဝမွာဒါပထမဦးဆံုးအၾကိမ္အျဖစ္ျမင္ေတြ႕ရျခင္းပါေပ။

"ကိုယ္ကမင္းကိုစေနတာေလေကာ္ဖီရာ……ဒီေလာက္ေလးေတာင္မသိဘူးလား……"

"ဟင့္အင္း……ဦးကမ်က္ႏွာၾကီးတည္ျပီးေျပာေနတာဆိုေတာ့ ကြ်န္ေတာ္ကစေနတယ္လို႕မထင္ဘူးေလ……"

ဟ…ဒီေကာင္ေလးနဲ႕ေတာ့။
သူလုပ္တာနဲ႕ပဲကိုယ္ကမ်က္ႏွာကိုစပ္ျဖီးျဖီးလုပ္ျပီးမွပဲစရေတာ့မလိုလိုနဲ႕။

"ဒါနဲ႕ေနပါအံုး……ကိုယ့္ကိုဦးလို႕ေခၚရေအာင္မင္းအသက္ဘယ္ေလာက္ရွိျပီလဲ……"

"18……"

"ဘာ……18ဟုတ္လား……"

ထည္ဝါေယာင္နနႏွင့္လိုက္ေတာင္ေရရြတ္မိသြားသည္။ ဒီေလာက္ကလန္ကလားအရပ္နဲ႕သူကေကာင္ေလးထက္ေတာင္ငယ္ေနေသးသလို ကိုယ့္ထက္လည္းအႏွစ္20ေတာင္ငယ္ေနေသးတယ္တဲ႕လား။

"ဘာျဖစ္လို႕လဲဦး……"

"ဘာမွမျဖစ္ပါဘူး……"

ေျပာေျပာဆိုဆိုႏွင့္ေရွ႕ကေကာ္ဖီခြက္ကိုေကာက္ယူကာတစ္ငံုေမာ့ေသာက္လိုက္ေတာ့လည္ေခ်ာင္းထဲကိုပူခနဲ။ အေတာ္ေလးပူဆင္းသြားတာေၾကာင့္ႏွဳတ္ခမ္းေတြပါေပက်ံကာေနရခက္သြားသည္။

"ဦးကေတာ့ေလ…ကေလးလည္းမဟုတ္ဘဲနဲ႕……"

တစ္သွ်ဴးတစ္ရြက္ယူကာႏွဳတ္ခမ္းကိုလာသုတ္ေပးေနတဲ႕ကေလးေၾကာင့္ထည္ဝါလက္ကိုဆြဲယူကာဆြဲဖယ္လိုက္မွမ်က္ႏွာငယ္ေလးႏွင့္လက္ျပန္ရုတ္သြားရွာတယ္။

"ဟို……ကြ်န္ေတာ္……"

"Hello ေကာင္ေလး……"

စကားဆက္မလို႕ျပင္မိေပမယ့္ရုတ္တရက္ျမည္လာတဲ႕ဖုန္းကိုအာရံုစိုက္ေနပံုရတဲ႕ဦးေၾကာင့္ဘာမွမေျပာဘဲသာျငိမ္ေနမိသည္။ တစ္ဖက္လူကဘယ္သူမွန္းမသိေပမယ့္ ေသခ်ာေပါက္ဦးရဲ႕ခ်စ္သူျဖစ္ေလာက္မယ္မွန္းေတာ့ရိပ္မိပါရဲ႕။ ဖုန္းေျပာရင္းထထြက္သြားတဲ႕ဦးကသူ႕ကိုေတာင္သတိရေသးပံုမေပၚတာေၾကာင့္ေက်ာျပင္ေလးကိုသာတိတ္တဆိတ္ေလးေငးၾကည့္ရင္းျငိမ္ေနမိတယ္။

သူမ်ားအပိုင္ေလးကိုမွခ်စ္မိေနရတာလည္းခက္ပါေပ့ဗ်ာ။
ဒါေပမယ့္ေလ……ကြ်န္ေတာ္ကဦးကိုေငးၾကည့္ေနရံုေလးနဲ႕ကိုသေဘာက်ပါတယ္။ ပိုင္ဆိုင္လိုမွဳထက္ဒီအတိုင္းေလးေငးေနရတာကိုပဲေက်နပ္ေနမိတာပါ။ ေနၾကာပန္းေလးကေနမင္းၾကီးကိုေငးၾကည့္ေနရသလို ၊ ၾကာပန္းေလးကလမင္းၾကီးကိုေငးၾကည့္ေနရသလိုေပါ့။

အခုထိက်န္ရွိေနေသးတဲ႕ေကာ္ဖီခြက္ေလးကိုျပန္သိမ္းရင္းတစ္ေယာက္တည္းတိုးဖြဖြေရရြတ္မိသည္။

"တစ္ခ်ိန္က်ရင္ေတာ့…ကြ်န္ေတာ့္နာမည္ကေကာ္ဖီမဟုတ္ဘဲ ရြက္စိမ္းယာဆိုတဲ႔အေၾကာင္းေလးေတာ့ဦးကိုေျပာခြင့္ရရင္ေကာင္းမယ္……"






#################################

Comment