EP - 26

Unicode


ဆေးရုံကနေထွက်လာသည်နှင့်barတစ်ခုဆီကိုသာဦးတည်လိုက်သည်။ ကြည်လင်မနေတဲ့စိတ်အခြေအနေကြောင့်လားတော့မသိ ၊ barတစ်လုံးကလူတွေကအကုန်လုံးဘုကြည့်လာကြည့်နေသလိုပင်။
ဆိုင်တစ်ဆိုင်လုံးကလည်းအဆင်မပြေသလိုအပြင်အဆင်ကိုကလည်းဘာကြောင့်မှန်းမသိစိတ်ပျက်စရာကောင်းနေပြန်သည်။ ဆက်ကြည့်ရင်တစ်ဆိုင်လုံးကိုမီးနဲ့ရှို့မိတော့မှာမို့လူတွေနဲ့ခပ်ကင်းကင်းဖြစ်တဲ့ထောင့်မကျတကျစားပွဲမှာပဲဝင်ထိုင်နေလိုက်တယ်။

အရက်အပြင်းစားတစ်ခွက်လောက်စပ်ခိုင်းပြီးသည်နှင့်အတွေးထဲရောက်လာတာကဆေးရုံမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေ။
' မင်းမှာနှလုံးသားမရှိဘူးလား…… '  တဲ့။
အဟက်!…မေးရက်လိုက်တာဗျာ……နှလုံးသားရှိလို့ခင်ဗျားလေးကိုအချစ်ကြီးချစ်နေရတာပေါ့ကိုကိုငတုံးလေးရဲ့။ ကျုပ်မှာသာနှလုံးသားမရှိရင်ခင်ဗျားလေးကိုဒီလိုမျိုးနှစ်နဲ့ချီပြီးအတင်းတွယ်ကပ်နေပါ့မလား။

"မင်းကဘာဖြစ်ချင်တာလဲအဲ့ဒီ့တော့……"

ရင်းနှီးတဲ့အသံတစ်သံကြောင့်အသံလာရာလှမ်းကြည့်လိုက်မိစဉ်တွေ့လိုက်ရတာကboss။ ပုံစံကတော့တခြားဝိုင်းကတစ်ကောင်ကောင်နှင့်ငြိနေတဲ့ပုံပင်။

"မင်းကလည်းဝင်တိုက်သေးတယ်…မတောင်းပန်ဘဲရန်လာရှာနေရလား……"

"မတောင်းပန်ဘူးကွာ……အဲ့ဒီ့တော့မင်းကဘာလုပ်ချင်လဲ……"

ကိစ္စသေးသေးလေးကိုအကြီးကြီးဖြစ်အောင်လုပ်နေတဲ့bossကသူ့လိုပဲစိတ်မကြည်နေဟန်ရတာကြောင့်ထူးထက်စေအမြန်ဝင်ဆွဲရသည်။ ဒါတောင်bossကတစ်ဖက်လူကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေသေး။

"စိတ်မကြည်ဘူးလား……"

မေးမိတဲ့မေးခွန်းကိုအရင်မဖြေသေးဘဲစားပွဲပေါ်ကအရက်ခွက်ကိုယူကာတစ်ကျိုက်တည်းမော့သောက်ပစ်နေသည်။ ပြီးတော့လည်းကိုယ့်ကိုစကားမပြောနိုင်သေး ၊ အရက်ထပ်မှာနေသေးပြန်ပုံကိုကတစ်ခုခုတော့တစ်ခုခုပင်။

"bossဘာဖြစ်လာတာလဲ……"

"မဖြစ်ဘူး……"

ပြန်ဖြေလာတဲ့ဘုဆတ်ဆတ်စကားသံကြောင့်ထူးထက်စေတစ်ယောက်မှဘာဆိုဘာမှဆက်မမေးရဲတော့ဘဲအရက်ကိုသာအာရုံတစ်စိုက်မော့သောက်နေလိုက်သည်။
ကိုယ့်ဘာသာအေးအေးဆေးဆေးနေချင်လို့လာပါတယ်ဆိုမှတကယ်ပါပဲ……။

"boss……"

သောက်လက်စအရက်ခွက်ကိုအကုန်ကုန်အောင်မော့သောက်ပြီးမေးအသာဆတ်ပြလာတာက ' ပြော '  ဆိုသည့်သဘော။

"bossမှာမိဘတွေရှိလား……"

ရပ်တန့်သွားတဲ့လှုပ်ရှားမှုတွေ ၊ ခပ်တွေတွေဖြစ်သွားတဲ့မျက်ဝန်းတစ်စုံနဲ့အတူ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးကအနည်းငယ်မျှပွင့်ဟသွားပုံထောက်ရရင်တော့ bossမှာလည်းမိသားစုနဲ့ပက်သက်ပြီးအကြောင်းတစ်ခုခုရှိခဲ့တဲ့ပုံပင်။

"ကျွန်တော်ကဒီအတိုင်းပဲမေးလိုက်တာပါ……bossအဆင်မပြေရင်မဖြေပါနဲ့……"

သူ့စကားကိုအပြုံးတစ်ချက်နှင့်နားထောင်ရင်းနောက်ထပ်အရက်တစ်ခွက်ကိုအကုန်မော့ချပစ်လိုက်ပြန်သည်။ ပြီးမှစူးရှရှအကြည့်တွေနှင့်ပြန်စိုက်ကြည့်လာရင်း

"ရှိတယ်…ငါ့မှာငါ့ကိုသိပ်ချစ်တဲ့အဖေရောအမေရောရှိတယ်……ဒါပေမယ့် အခုတော့မရှိကြတော့ဘူး……"

နာကျင်နေဟန်မျက်ဝန်းတွေကပြုံးနေတဲ့နှုတ်ခမ်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် bossကတော့ဘာမှမဖြစ်သလိုသာနေနေပြန်လေတယ်။ ဒါပေမယ့်…ဆန့်ကျင်လွန်းတဲ့အစွန်းနှစ်ဖက်ရဲ့အပြုအမူတွေကသိပ်မာကျင်ရဆိုတာသူမသူတာမှမဟုတ်လေဘဲ……။

"ငါ့အကြောင်းတွေဘယ်လောက်အထိသိထားလဲထူးထက်စေ……"

ဘေးကနံရံကိုအကြောင်းမဲ့ငေးရင်းမေးနေတဲ့bossရဲ့အတိတ်ကကောင်းပုံတော့မရ။ အရက်တစ်ငုံသာမော့သောက်ရင်းခေါင်းအသာခါပြမိတော့bossကထုံးစံအတိုင်းမဲ့ပြုံးတစ်ချက်ပြုံးသည်။ ထိုအပြုံးကဘာအတွက်ကြောင့်မှန်းနားမလည်ပေမယ့်သူ့ဘက်ကအမှန်သာပြောနေခြင်းဖြစ်တဲ့အတွက်မတုန်လှုပ်မိပါ။  သူ့အတွက်လူတစ်ယောက်အကြောင်းစုံစမ်းရတာမခက်ပေမယ့်လို့ ကိုယ့်အလုပ်ရှင်ရဲ့အကြောင်းမို့မပြောပြမချင်းဘာကိုမှမစုံစမ်းခဲ့မိတာကတော့တကယ့်အမှန်တရား။

"မင်းသိလား……ငါ့မိဘတွေကငါ့ကိုသိပ်ချစ်တာ…ဒါကို……ဒါကိုငါကအဲ့ဒီ့လိုလူတစ်ယောက်အတွက်နဲ့……"

ပြောရင်းအသံတစ်ချို့တိမ်ဝင်သွားတဲ့bossကခေါင်းငုံ့ထားသည့်အပြင်မျက်ခမ်းစပ်မှာပါမျက်ရည်စတစ်ချို့အနည်းငယ်ရှိနေသယောင်။ ဖိသပ်ကာလှန်တင်ထားသည့်မီးခိုးရင့်ရောင်ဆံပင်တွေကရှေ့ကိုအနည်းငယ်ဖွာကျနေတာမို့bossရဲ့ပုံစံကတကယ့်ကိုဆယ်ကျော်သက်အရွယ်လေးအတိုင်းပင်။ ခါတိုင်းဆိုဒီလိုတွေမပြောတတ်တဲ့bossကအကုန်ပြောပြနေပုံထောက်တော့သောက်ထားတဲ့အရက်ကြောင့်ထွေနေပြီဆိုတာသေချာပါပြီလေ။

"bossသောက်တာများနေပြီ……ကျွန်တော်တို့ပြန်ကြရအောင်……"

"မပြန်ဘူး……ငါသောက်အုံးမှာ……"

ဂျစ်ကန်ကန်လုပ်နေတဲ့bossကြောင့်ထူးထက်စေမှာခေါင်းသာခါမိတယ်။ တကယ်ပါ………ဒီလောက်အထိထိန်းမရမယ်မှန်းသိရင်ဘာမှမမေးခဲ့ပါဘူး။

တကယ်ဆိုbossကမှကျွန်တော့်ထက်သာပါသေးတယ်။ မိဘဆိုတာဘာမှန်းလည်းသိသလို ၊ မိဘမေတ္တာပိုလည်းခံစားခဲ့ဖူးတယ်။ ကျွန်တော်ကတော့အခုအချိန်အထိမိဘဆိုတာကိုမြင်လည်းမမြင်ဖူးသလိုမိဘမေတ္တာဆိုတာကဘယ်လိုလဲလို့ပြန်မေးရမယ့်အဖြစ်မျိုး။

ကျွန်တော်ငယ်ငယ်ကတည်းကမိဘမဲ့ဂေဟာမှာကြီးပြင်းလာခဲ့ရတယ်။ ဒါပေမယ့်ကျွန်တော်ရောက်နေတဲ့ဂေဟာကချို့တဲ့လွန်းလို့ကျွန်တော်ငယ်ငယ်ကတည်းကအလုပ်စုံလုပ်ခဲ့ရတာ။ တစ်နေ့တော့ကျွန်တော်ဈေးရောင်းပြီးအပြန်ဘယ်ကမှန်းမသိတဲ့လူတွေရဲ့လက်ထဲမှာအဖမ်းခံလိုက်ရပြီးနယ်စပ်မှာရောင်းစားခံလိုက်ရပြန်ရော။
အဲ့ဒီ့နယ်စပ်မှာအလုပ်လုပ်ရတာဘယ်လောက်တောင်ပင်ပန်းလဲဆိုတာကျွန်တော့်လိုအရွယ်ကလေးတွေစိတ်ကူးတောင်ယဉ်ခဲ့ကြမှာမဟုတ်တာသေချာတယ်။

ဒါပေမယ့်နောက်တော့ စိတ်ပျက်စရာကောင်းတဲ့ငရဲလိုနေရာကနေကျွန်တော်ထွက်ပြေးခဲ့ပြီးဂိုဏ်းတစ်ဂိုဏ်းဆီရောက်သွားတာပဲ။ တကယ်တော့အခုကျွန်တော့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကလည်းအဲ့ဒီ့ဂိုဏ်းကနေပဲတတ်မြောက်ခဲ့တာဆိုပါတော့။ အဲ့ဒီ့ဂိုဏ်းကတော့တခြားဂိုဏ်းအကြီးစားတစ်ခုနဲ့ငြိပြီးအမြစ်ပြတ်သွားတော့ကြားတယ်။
ဒီတော့ ကျွန်တော်ရှင်သန်ခဲ့ရတဲ့ဘဝမှာဘာမေတ္တာတရားမှရှိမနေခဲ့တဲ့အတွက်ကျွန်တော့်အဲ့ဒီ့မေတ္တာဆိုတာကိုနားမလည်ဘူး……။


_____________________________________________


ပန်းခြံထဲကခုံတန်းလေးမှာမှိုင်းညှို့တော်တော်ကြာအောင်ငိုနေမိသည်။ သို့သော်ဘယ်လောင်ငိုငိုရင်ထဲကနာကျင်မှုကတော့ပျောက်မသွားတဲ့အပြင်ပို၍တောင်မွမ်းကျပ်လာခဲ့သေး။

ဝဋ်ကြွေးတဲ့။ မေတ္တာစူးတဲ့။
ရဏသဝဏ်ပြောသွားတဲ့စကားလုံးတွေကမှိုင်းညှို့အတွက်တော့တကယ့်ကိုအရှိုက်ထိလွန်းတာပင်။
ဒီအတိုင်း…မရည်ရွယ်ဘဲအနိုင်ယူခဲ့မိရုံပါ။
အဟင်း!……သေချာတွေးကြည့်ပြန်တော့လည်း ငါ့ဘက်ကအရမ်းအနိုင်ယူမိခဲ့ပြန်တာပဲ။

"တောင်းပန်ပါတယ်……တောင်းပန်ပါတယ်မြတ်သဝဏ်…ငါမင်းကိုတကယ်တောင်းပန်ပါတယ်……"

ရင်ထဲကလှိုက်တက်လာတဲ့ဝမ်းနည်းစိတ်ကြောင့်မှိုင်းညှို့မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကာငိုနေမိပြန်တယ်။

"ဒီမှာ…ဒီမှာ……"

ပခုံးကိုလာထိတဲ့အထိအတွေ့နဲ့ခေါ်သံသဲ့သဲ့ကြောင့်မှိုင်းညှို့မျက်ရည်စတွေကိုအမြန်သုတ်ဖယ်ပြီးလှည့်ကြည့်မိတော့ မြင်လိုက်ရတာက သားနဲ့ရွယ်တူလောက်သာရှိမည့်ကလေးလေးတစ်ယောက်။ လက်ထဲမှာကလည်းသော့ချိတ်လေးတစ်ခုနှင့်။
မဟုတ်သေးဘူး……သော့ချိတ်ကချိတ်တဲ့ကွင်းလေးပြုတ်ပြီးအလှဆင်ထားတဲ့အပိုင်းအစလေးတစ်ခုပဲ။

"ဒါကကိုကြီးပစ္စည်းလား……ဒီမှာနာမည်ရေးထားတာတွေ့လို့ပါ…မလိုအပ်ရင်တော့သားကိုပေးပါနော် ဒါလေးကအရမ်းလှတယ်……"

ကမ်းပေးလာတဲ့သော့ချိတ်အပိုင်းအစလေးကိုယူကြည့်လိုက်တော့တကယ်လှတာပင်။ အပြာနုရောင်နဲ့အဖြူလေးတွေရောစပ်ထားရုံမက အစိမ်းနဲ့အဝါရောင်ကိုလည်းသေသေချာချာလေးနေရာတကျခြယ်သထားပုံကမသိရင်ပန်းဆီလိုလိုဘာလိုလို။
ဒါပေမယ့်ဘယ်လောက်ပဲလှနေပါစေမှိုင်းညှို့စိတ်မဝင်စားမိပါ……ပြောရရင် ညာဘက်ထောင့်စွန်းလေးမှာရေးထားတဲ့အနက်ရောင်စာလုံးလေးတွေနဲ့ပုံဖော်ထားတဲ့ ' Myat Thawon '  ဆိုတဲ့စကားလုံးတစ်ချို့ကိုမတွေ့ခင်အထိပေါ့။

"ဒါ…ဒါကိုဘယ်ကတွေ့…တွေ့လာတာလဲ……"

စကားလုံးတွေကထစ်ငေါ့နေတဲ့အပြင်စိတ်လှုပ်ရှားမှုကြောင့်ပိုလို့တောင်ထွက်မလာတော့။ လက်ထဲကသော့ချိတ်အပိုင်းအစလေးကိုသာငေးကြည့်ရင်းသော့ချိတ်တစ်ခုလုံးကိုဟိုဒီလိုက်ကြည့်နေမိသည်။
တခြား……တခြားတစ်ခုခုရှိအုံးမှာပါ။
နောက်ထပ် ' မြတ်သဝဏ်မသေဘူး '  ဆိုတဲ့အကြောင်းအရာတစ်ခုခုထပ်ရှိရအုံးမှာပေါ့။

"ဒီနားလေးမှာကျနေတာလေ……ကိုကြီးအတွက်အရေးကြီးတာလား……"

ဘေးက ကလေးလေးရဲ့စကားကိုတောင်ပြန်မဖြေနိုင်ဘဲ မှိုင်းညှို့ခေါင်းသာညိတ်ပြမိသည်။ ဟိုဒီရှာဖွေနေမိပေမယ့်နောက်ဆုံးမှတွေ့လိုက်ရတဲ့သဲလွန်စလေးတစ်ခု။ မှိုင်းညှို့အတွက်တော့ဒီသဲလွန်စလေးကခိုင်လုံးတဲ့သက်သေတစ်ခုလိုပါပင်။ သော့ချိတ်ရဲ့ဘေးဘက်မှာဒေါင်လိုက်ရေးထားတဲ့ရက်စွဲလေးကိုသာခပ်ဖွဖွထိတွေ့ရင်း

" ဒါဆို……ဒါဆိုမင်းမသေဘူးပေါ့မြတ်သဝဏ်…ငါ့အနားမှာရှိနေသေးတယ်ပေါ့……"

သော့ချိတ်အပိုင်းအစလေးကိုငေးကြည့်ရင်းမျက်ရည်တွေကျကာပြုံးနေခု့တဲ့လူငယ်လေးကိုပတ်ဝန်းကျင်ကလူတစ်ချို့ရဲ့အ့မင်မတော့ရူးနေပြီဟုထင်ကောင်းထင်ပါလိမ့်မည်။
သို့သော်ထိုလူငယ်လေးကတော့ဒါတွေကိုဂရုမစိုက်ဘဲသော့ချိတ်ပိုင်ရှင်ကိုသာအာရုံစိုက်နေမိတာမို့တခြားသောဖြစ်တည်မှုတွေကိုဂရုမပြုမိဘူးထင်ပါရဲ့။


_____________________________________________


"ဒေါက်တာရေ……ဒေါက်တာ…ဒေါက်တာ……"

ထည်ဝါစာအုပ်ဖတ်နေတုန်းအိမ်ရှေ့ကနေအသည်းအသန်အော်ခေါ်နေတဲ့အသံကျယ်ကျယ်ကြောင့်အခန်းထဲကနေအမြန်ပြေးထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ရောက်တော့မြင်လိုက်ရတာကမျက်နှာချိုသွေးကာရယ်ပြနေတဲ့ထူးထက်စေ။ သို့ပေမယ့်ထူးထက်စေတစ်ယောက်တည်းတော့မဟုတ် ၊ ဘေးမှာခေါင်းငိုက်စိုက်ကျကာပါလာတဲ့လူကကျွန်တော်သိပ်ချစ်ရတဲ့ကောင်လေးပင်။

"ဒါကဘယ်လိုဖြစ်လာတာလဲ……"

စိုးရိမ်ကာမေးမိတဲ့အမေးကိုထူးထက်စေကမျက်နှာချိုသွေးကာဟီးခနဲရယ်ပြလာပြန်တယ်။

"ဟိုလေ…bossသောက်တာများသွားတာ……ကျွန်တော်တိုက်တာမဟုတ်ဘူးနော် bossဘာသာသောက်တာ……"

"ဒါပေမယ့်မင်းကတား………"

"ဒေါက်တာ……"

ခေါင်းငိုက်စိုက်ကျနေတဲ့bossဆီကနေအသံထွက်လာမှထူးထက်စေတစ်ယောက်သက်ပြင်းချနိုင်တော့တဲ့အဖြစ်။ မဟုတ်ရင်ဒေါက်တာကသူ့ကိုဆူလို့ကိုပြီးမှာမဟုတ်တော့ဘူး။ တစ်ခုခုဆိုအမြဲဒီလူကိုပဲဆူနေတာ။ bossကိုဆိုရင်တော့ ' ကောင်လေးကတော့လေ……ကောင်လေးမမှားပါဘူး…… '  နဲ့။

ထည်ဝါကောင်လေးကိုထူးထက်စေဆီကနေပြောင်းယူပြီးတွဲလိုက်တော့တစ်ချိန်ကမြင်ဖူးခဲ့သလိုဖြူစင်သည့်အပြုံးလေးတစ်ပွင့်နှင့်ပြန်ပြုံးပြလာသည်။

"ပြန်လာပြီလားကောင်လေး……"

"ဟုတ်……"

ထုံးစံအတိုင်းပြန်ဖြေလာပုံအရတော့ဒီကလေးအသိစိတ်ကပ်နေသေးတဲ့ပုံပင်။
တော်သေးတာပေါ့……လူမှန်းသူမှန်းမသိအောင်အထိတော့မူးမလာသေးလို့……။

ဒေါက်တာကဘာအတွက်ကြောင့်မေးလိုက်မှန်းမသိပေမယ့် ထူးထက်စေကတော့သူ့bossရဲ့တုံ့ပြန်မှုကြောင့်မျက်လုံးအပြူးသားနှင့်တအံ့တသြဖြစ်နေရှာလေပြီ။
သူ့အလှည့်တုန်းကတော့bossက ' ရောက်လာလို့ဒီမှာရှိနေတာပေါ့ '  လေးဘာလေးနဲ့။ အခုလည်းကျရော ' ဟုတ် '  ဆိုပဲ။
အမယ်လေး……ငါ့bossတို့များအပြောင်းအလဲမြန်လိုက်တာပါလား။

"ခဏလောက်အိပ်လိုက်မလားကလေး……ကိုယ်အခန်းထဲအထိတွဲခေါ်ပေးမယ်……"

"ဟုတ်……"

ခေါင်းညိတ်ပြလာတဲ့ကောင်လေးကြောင့်ထည်ဝါပြုံးမိပြန်ပါသည်။
အခန်းကိုဦးတည်ကာတွဲခေါ်ပေးလိုက်ရင်းပါးပြင်ကိုခိုးနမ်းမိပေမယ့်မူးနေတဲ့ကောင်လေးကတော့သိပုံမရ။
ဘာပဲဖြစ်ဖြစ်ဒီကလေးချစ်ဖို့ကောင်းသည်……။


_____________________________________________


ဒီနေ့တော့ဆေးရုံပိုင်ရှင်ဒေါက်တာရောင်ခြည်လင်းလက်တို့အထူးအဆန်းပထမဆုံးအလုပ်စောဆင်းမိသည်။ ခါတိုင်းဆိုဆေးရုံကနေစောစောပြန်ဖို့နေနေသာသာ ညတောင်အိပ်ဖြစ်တဲ့လူမျိုးကဒီနေ့တော့ညနေ၅နာရီလောက်နဲ့အိမ်ပြန်ရောက်နေပြီပင်။

အိမ်ရောက်တော့လည်းလူကဘာမှမလုပ်ချင်တာကြောင့်ကော်ဖီတစ်ခွက်ဖျော်ကာဝရံတာမှာထွက်ထိုင်နေလိုက်တော့သည်။ ကောင်းကင်ကြီးကိုမော့ကြည့်မိပြန်တော့မိုးရာသီရဲ့ညနေခင်းကအလိုမကျစရာကောင်းနေပြန်သား။
ဟူး……ဒါကလည်းတကယ်အလိုမကျစရာဟုတ်ချင်မှဟုတ်မှာပါလေ။
တကယ့်အကြောင်းကဟိုကောင်ထူးထက်စေကြောင့်ဆိုတာလင်းလက်ကိုယ်တိုင်လည်းမသိတာမှမဟုတ်လေဘဲ။

"မင်းကလေ…ငါ့ကိုဆိုအမြဲစိတ်ရှုပ်ရအောင်လုပ်တယ်……"

ရေရွတ်မိနေပေမယ့်လို့လင်းလက် သူ့ဖုန်းနံပါတ်ကိုသာလိုက်ရှာနေမိသည်။
တစ်ခါကသူပေးတဲ့cardကိုအမြင်ကတ်လို့လွှင့်ပစ်ချင်ယောင်ဆောင်ခဲ့မိပေမယ့်လို့ ဖုန်းနံပါတ်လေးကိုတော့သေချာမှတ်ထားခဲ့လိုက်ပါသေးတယ်။

contactထဲမှာရေးမှတ်ထားတဲ့ ' အရှုပ်ထုပ် '  ဆိုတဲ့နေရာရောက်တော့လကါကအလိုလိုတုံ့ဆိုင်းနေမိပြန်တာပင်။ ဖုန်းခေါ်လိုက်မိရင်လည်းဘာစပြောလို့ပြောရမှန်းမသိ။
ဘာပဲ့ဖစ်ဖြစ်ပါလေ……ကိုယ်ကသူ့ကိုစကားပြောတာနည်းနည်းလွန်သွားမိတာပဲကို။

ဘယ်ကဘယ်လိနြှိပ်မိလိုက်မှန်းမသိတဲ့ဖုန်းခေါ်မှုနဲ့အတူစိတ်လှုပ်ရှားမှုကလည်းလူကိုကြောက်ရွံ့စိတ်ပါရောထွေးစေသည်။
ဖုန်းခေါ်ဆိုမှုကစက္ကန့်အနည်းငယ်မျှသာရှိသေးပေမယ့်လို့ ပုံမှန်ထက်ပိုလှုပ်ရှားမှုနှုန်းမြန်နေတဲ့ကျွန်တော့်စိတ်ကြောက့်ဖုန်းချပစ်ဖို့အလုပ်

"Hello……"






#################################

Zawgyi



ေဆးရံုကေနထြက္လာသည္ႏွင့္barတစ္ခုဆီကိုသာဦးတည္လိုက္သည္။ ၾကည္လင္မေနတဲ႕စိတ္အေျခအေနေၾကာင့္လားေတာ့မသိ ၊ barတစ္လံုးကလူေတြကအကုန္လံုးဘုၾကည့္လာၾကည့္ေနသလိုပင္။
ဆိုင္တစ္ဆိုင္လံုးကလည္းအဆင္မေျပသလိုအျပင္အဆင္ကိုကလည္းဘာေၾကာင့္မွန္းမသိစိတ္ပ်က္စရာေကာင္းေနျပန္သည္။ ဆက္ၾကည့္ရင္တစ္ဆိုင္လံုးကိုမီးနဲ႕ရွိဳ႕မိေတာ့မွာမို႕လူေတြနဲ႕ခပ္ကင္းကင္းျဖစ္တဲ႕ေထာင့္မက်တက်စားပြဲမွာပဲဝင္ထိုင္ေနလိုက္တယ္။

အရက္အျပင္းစားတစ္ခြက္ေလာက္စပ္ခိုင္းျပီးသည္ႏွင့္အေတြးထဲေရာက္လာတာကေဆးရံုမွာျဖစ္ပ်က္ခဲ႕တဲ႕အေၾကာင္းအရာေတြ။
' မင္းမွာႏွလံုးသားမရွိဘူးလား…… '  တဲ႕။
အဟက္!…ေမးရက္လိုက္တာဗ်ာ……ႏွလံုးသားရွိလို႕ခင္ဗ်ားေလးကိုအခ်စ္ၾကီးခ်စ္ေနရတာေပါ့ကိုကိုငတံုးေလးရဲ႕။ က်ဳပ္မွာသာႏွလံုးသားမရွိရင္ခင္ဗ်ားေလးကိုဒီလိုမ်ိဳးႏွစ္နဲ႕ခ်ီျပီးအတင္းတြယ္ကပ္ေနပါ့မလား။

"မင္းကဘာျဖစ္ခ်င္တာလဲအဲ႕ဒီ႕ေတာ့……"

ရင္းႏွီးတဲ႕အသံတစ္သံေၾကာင့္အသံလာရာလွမ္းၾကည့္လိုက္မိစဥ္ေတြ႕လိုက္ရတာကboss။ ပံုစံကေတာ့တျခားဝိုင္းကတစ္ေကာင္ေကာင္ႏွင့္ျငိေနတဲ႕ပံုပင္။

"မင္းကလည္းဝင္တိုက္ေသးတယ္…မေတာင္းပန္ဘဲရန္လာရွာေနရလား……"

"မေတာင္းပန္ဘူးကြာ……အဲ႕ဒီ႕ေတာ့မင္းကဘာလုပ္ခ်င္လဲ……"

ကိစၥေသးေသးေလးကိုအၾကီးၾကီးျဖစ္ေအာင္လုပ္ေနတဲ႕bossကသူ႕လိုပဲစိတ္မၾကည္ေနဟန္ရတာေၾကာင့္ထူးထက္ေစအျမန္ဝင္ဆြဲရသည္။ ဒါေတာင္bossကတစ္ဖက္လူကိုလွည့္ၾကည့္လွည့္ၾကည့္လုပ္ေနေသး။

"စိတ္မၾကည္ဘူးလား……"

ေမးမိတဲ႕ေမးခြန္းကိုအရင္မေျဖေသးဘဲစားပြဲေပၚကအရက္ခြက္ကိုယူကာတစ္က်ိဳက္တည္းေမာ့ေသာက္ပစ္ေနသည္။ ျပီးေတာ့လည္းကိုယ့္ကိုစကားမေျပာနိုင္ေသး ၊ အရက္ထပ္မွာေနေသးျပန္ပံုကိုကတစ္ခုခုေတာ့တစ္ခုခုပင္။

"bossဘာျဖစ္လာတာလဲ……"

"မျဖစ္ဘူး……"

ျပန္ေျဖလာတဲ႕ဘုဆတ္ဆတ္စကားသံေၾကာင့္ထူးထက္ေစတစ္ေယာက္မွဘာဆိုဘာမွဆက္မေမးရဲေတာ့ဘဲအရက္ကိုသာအာရံုတစ္စိုက္ေမာ့ေသာက္ေနလိုက္သည္။
ကိုယ့္ဘာသာေအးေအးေဆးေဆးေနခ်င္လို႕လာပါတယ္ဆိုမွတကယ္ပါပဲ……။

"boss……"

ေသာက္လက္စအရက္ခြက္ကိုအကုန္ကုန္ေအာင္ေမာ့ေသာက္ျပီးေမးအသာဆတ္ျပလာတာက ' ေျပာ '  ဆိုသည့္သေဘာ။

"bossမွာမိဘေတြရွိလား……"

ရပ္တန္႕သြားတဲ႕လွဳပ္ရွားမွဳေတြ ၊ ခပ္ေတြေတြျဖစ္သြားတဲ႕မ်က္ဝန္းတစ္စံုနဲ႕အတူ တင္းတင္းေစ့ထားတဲ႕ႏွဳတ္ခမ္းပါးကအနည္းငယ္မွွ်ပြင့္ဟသြားပံုေထာက္ရရင္ေတာ့ bossမွာလည္းမိသားစုနဲ႕ပက္သက္ျပီးအေၾကာင္းတစ္ခုခုရွိခဲ႕တဲ႕ပံုပင္။

"ကြ်န္ေတာ္ကဒီအတိုင္းပဲေမးလိုက္တာပါ……bossအဆင္မေျပရင္မေျဖပါနဲ႕……"

သူ႕စကားကိုအျပံဳးတစ္ခ်က္ႏွင့္နားေထာင္ရင္းေနာက္ထပ္အရက္တစ္ခြက္ကိုအကုန္ေမာ့ခ်ပစ္လိုက္ျပန္သည္။ ျပီးမွစူးရွရွအၾကည့္ေတြႏွင့္ျပန္စိုက္ၾကည့္လာရင္း

"ရွိတယ္…ငါ့မွာငါ့ကိုသိပ္ခ်စ္တဲ႕အေဖေရာအေမေရာရွိတယ္……ဒါေပမယ့္ အခုေတာ့မရွိၾကေတာ့ဘူး……"

နာက်င္ေနဟန္မ်က္ဝန္းေတြကျပံဳးေနတဲ႕ႏွဳတ္ခမ္းနဲ႕ဆန္႕က်င္ဘက္ျဖစ္ေနေပမယ့္ bossကေတာ့ဘာမွမျဖစ္သလိုသာေနေနျပန္ေလတယ္။ ဒါေပမယ့္…ဆန္႕က်င္လြန္းတဲ႕အစြန္းနွစ္ဖက္ရဲ႕အျပဳအမူေတြကသိပ္မာက်င္ရဆိုတာသူမသူတာမွမဟုတ္ေလဘဲ……။

"ငါ့အေၾကာင္းေတြဘယ္ေလာက္အထိသိထားလဲထူးထက္ေစ……"

ေဘးကနံရံကိုအေၾကာင္းမဲ႕ေငးရင္းေမးေနတဲ႕bossရဲ႕အတိတ္ကေကာင္းပံုေတာ့မရ။ အရက္တစ္ငံုသာေမာ့ေသာက္ရင္းေခါင္းအသာခါျပမိေတာ့bossကထံုးစံအတိုင္းမဲ႕ျပံဳးတစ္ခ်က္ျပံဳးသည္။ ထိုအျပံဳးကဘာအတြက္ေၾကာင့္မွန္းနားမလည္ေပမယ့္သူ႕ဘက္ကအမွန္သာေျပာေနျခင္းျဖစ္တဲ႕အတြက္မတုန္လွဳပ္မိပါ။  သူ႕အတြက္လူတစ္ေယာက္အေၾကာင္းစံုစမ္းရတာမခက္ေပမယ့္လို႕ ကိုယ့္အလုပ္ရွင္ရဲ႕အေၾကာင္းမို႕မေျပာျပမခ်င္းဘာကိုမွမစံုစမ္းခဲ႕မိတာကေတာ့တကယ့္အမွန္တရား။

"မင္းသိလား……ငါ့မိဘေတြကငါ့ကိုသိပ္ခ်စ္တာ…ဒါကို……ဒါကိုငါကအဲ႕ဒီ႕လိုလူတစ္ေယာက္အတြက္နဲ႕……"

ေျပာရင္းအသံတစ္ခ်ိဳ႕တိမ္ဝင္သြားတဲ႕bossကေခါင္းငံု႕ထားသည့္အျပင္မ်က္ခမ္းစပ္မွာပါမ်က္ရည္စတစ္ခ်ိဳ႕အနည္းငယ္ရွိေနသေယာင္။ ဖိသပ္ကာလွန္တင္ထားသည့္မီးခိုးရင့္ေရာင္ဆံပင္ေတြကေရွ႕ကိုအနည္းငယ္ဖြာက်ေနတာမို႕bossရဲ႕ပံုစံကတကယ့္ကိုဆယ္ေက်ာ္သက္အရြယ္ေလးအတိုင္းပင္။ ခါတိုင္းဆိုဒီလိုေတြမေျပာတတ္တဲ႕bossကအကုန္ေျပာျပေနပံုေထာက္ေတာ့ေသာက္ထားတဲ႕အရက္ေၾကာင့္ေထြေနျပီဆိုတာေသခ်ာပါျပီေလ။

"bossေသာက္တာမ်ားေနျပီ……ကြ်န္ေတာ္တို႕ျပန္ၾကရေအာင္……"

"မျပန္ဘူး……ငါေသာက္အံုးမွာ……"

ဂ်စ္ကန္ကန္လုပ္ေနတဲ႕bossေၾကာင့္ထူးထက္ေစမွာေခါင္းသာခါမိတယ္။ တကယ္ပါ………ဒီေလာက္အထိထိန္းမရမယ္မွန္းသိရင္ဘာမွမေမးခဲ႕ပါဘူး။

တကယ္ဆိုbossကမွကြ်န္ေတာ့္ထက္သာပါေသးတယ္။ မိဘဆိုတာဘာမွန္းလည္းသိသလို ၊ မိဘေမတၲာပိုလည္းခံစားခဲ႕ဖူးတယ္။ ကြ်န္ေတာ္ကေတာ့အခုအခ်ိန္အထိမိဘဆိုတာကိုျမင္လည္းမျမင္ဖူးသလိုမိဘေမတၲာဆိုတာကဘယ္လိုလဲလို႕ျပန္ေမးရမယ့္အျဖစ္မ်ိဳး။

ကြ်န္ေတာ္ငယ္ငယ္ကတည္းကမိဘမဲ႕ေဂဟာမွာၾကီးျပင္းလာခဲ႔ရတယ္။ ဒါေပမယ့္ကြ်န္ေတာ္ေရာက္ေနတဲ႕ေဂဟာကခ်ိဳ႕တဲ႕လြန္းလို႕ကြ်န္ေတာ္ငယ္ငယ္ကတည္းကအလုပ္စံုလုပ္ခဲ႕ရတာ။ တစ္ေန႕ေတာ့ကြ်န္ေတာ္ေစ်းေရာင္းျပီးအျပန္ဘယ္ကမွန္းမသိတဲ႕လူေတြရဲ႕လက္ထဲမွာအဖမ္းခံလိုက္ရျပီးနယ္စပ္မွာေရာင္းစားခံလိုက္ရျပန္ေရာ။
အဲ႕ဒီ႕နယ္စပ္မွာအလုပ္လုပ္ရတာဘယ္ေလာက္ေတာင္ပင္ပန္းလဲဆိုတာကြ်န္ေတာ့္လိုအရြယ္ကေလးေတြစိတ္ကူးေတာင္ယဥ္ခဲ႕ၾကမွာမဟုတ္တာေသခ်ာတယ္။

ဒါေပမယ့္ေနာက္ေတာ့ စိတ္ပ်က္စရာေကာင္းတဲ႕ငရဲလိုေနရာကေနကြ်န္ေတာ္ထြက္ေျပးခဲ႕ျပီးဂိုဏ္းတစ္ဂိုဏ္းဆီေရာက္သြားတာပဲ။ တကယ္ေတာ့အခုကြ်န္ေတာ့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းအလုပ္ကလည္းအဲ႕ဒီ႕ဂိုဏ္းကေနပဲတတ္ေျမာက္ခဲ႕တာဆိုပါေတာ့။ အဲ႕ဒီ႕ဂိုဏ္းကေတာ့တျခားဂိုဏ္းအၾကီးစားတစ္ခုနဲ႕ျငိျပီးအျမစ္ျပတ္သြားေတာ့ၾကားတယ္။
ဒီေတာ့ ကြ်န္ေတာ္ရွင္သန္ခဲ႕ရတဲ႕ဘဝမွာဘာေမတၲာတရားမွရွိမေနခဲ႔တဲ႕အတြက္ကြ်န္ေတာ့္အဲ႕ဒီ႕ေမတၲာဆိုတာကိုနားမလည္ဘူး……။


_____________________________________________


ပန္းျခံထဲကခံုတန္းေလးမွာမွိဳင္းညိွဳ႕ေတာ္ေတာ္ၾကာေအာင္ငိုေနမိသည္။ သို႕ေသာ္ဘယ္ေလာင္ငိုငိုရင္ထဲကနာက်င္မွဳကေတာ့ေပ်ာက္မသြားတဲ႕အျပင္ပို၍ေတာင္မြမ္းက်ပ္လာခဲ႕ေသး။

ဝဋ္ေၾကြးတဲ႕။ ေမတၲာစူးတဲ႕။
ရဏသဝဏ္ေျပာသြားတဲ႕စကားလံုးေတြကမွိဳင္းညိွဳ႕အတြက္ေတာ့တကယ့္ကိုအရွိဳက္ထိလြန္းတာပင္။
ဒီအတိုင္း…မရည္ရြယ္ဘဲအနိုင္ယူခဲ႕မိရံုပါ။
အဟင္း!……ေသခ်ာေတြးၾကည့္ျပန္ေတာ့လည္း ငါ့ဘက္ကအရမ္းအနိုင္ယူမိခဲ႕ျပန္တာပဲ။

"ေတာင္းပန္ပါတယ္……ေတာင္းပန္ပါတယ္ျမတ္သဝဏ္…ငါမင္းကိုတကယ္ေတာင္းပန္ပါတယ္……"

ရင္ထဲကလွိဳက္တက္လာတဲ႕ဝမ္းနည္းစိတ္ေၾကာင့္မွိဳင္းညိွဳ႕မ်က္ႏွာကိုလက္ႏွစ္ဖက္ႏွင့္အုပ္ကာငိုေနမိျပန္တယ္။

"ဒီမွာ…ဒီမွာ……"

ပခံုးကိုလာထိတဲ႕အထိအေတြ႕နဲ႕ေခၚသံသဲ႕သဲ႕ေၾကာင့္မွိဳင္းညိွဳ႕မ်က္ရည္စေတြကိုအျမန္သုတ္ဖယ္ျပီးလွည့္ၾကည့္မိေတာ့ ျမင္လိုက္ရတာက သားနဲ႕ရြယ္တူေလာက္သာရွိမည့္ကေလးေလးတစ္ေယာက္။ လက္ထဲမွာကလည္းေသာ့ခ်ိတ္ေလးတစ္ခုႏွင့္။
မဟုတ္ေသးဘူး……ေသာ့ခ်ိတ္ကခ်ိတ္တဲ႕ကြင္းေလးျပဳတ္ျပီးအလွဆင္ထားတဲ႕အပိုင္းအစေလးတစ္ခုပဲ။

"ဒါကကိုၾကီးပစၥည္းလား……ဒီမွာနာမည္ေရးထားတာေတြ႕လို႕ပါ…မလိုအပ္ရင္ေတာ့သားကိုေပးပါေနာ္ ဒါေလးကအရမ္းလွတယ္……"

ကမ္းေပးလာတဲ႕ေသာ့ခ်ိတ္အပိုင္းအစေလးကိုယူၾကည့္လိုက္ေတာ့တကယ္လွတာပင္။ အျပာႏုေရာင္နဲ႕အျဖဴေလးေတြေရာစပ္ထားရံုမက အစိမ္းနဲ႕အဝါေရာင္ကိုလည္းေသေသခ်ာခ်ာေလးေနရာတက်ျခယ္သထားပံုကမသိရင္ပန္းဆီလိုလိုဘာလိုလို။
ဒါေပမယ့္ဘယ္ေလာက္ပဲလွေနပါေစမွိဳင္းညိွဳ႕စိတ္မဝင္စားမိပါ……ေျပာရရင္ ညာဘက္ေထာင့္စြန္းေလးမွာေရးထားတဲ႕အနက္ေရာင္စာလံုးေလးေတြနဲ႕ပံုေဖာ္ထားတဲ႕ ' Myat Thawon '  ဆိုတဲ႕စကားလံုးတစ္ခ်ိဳ႕ကိုမေတြ႕ခင္အထိေပါ့။

"ဒါ…ဒါကိုဘယ္ကေတြ႕…ေတြ႕လာတာလဲ……"

စကားလံုးေတြကထစ္ေငါ့ေနတဲ႕အျပင္စိတ္လွဳပ္ရွားမွဳေၾကာင့္ပိုလို႕ေတာင္ထြက္မလာေတာ့။ လက္ထဲကေသာ့ခ်ိတ္အပိုင္းအစေလးကိုသာေငးၾကည့္ရင္းေသာ့ခ်ိတ္တစ္ခုလံုးကိုဟိုဒီလိုက္ၾကည့္ေနမိသည္။
တျခား……တျခားတစ္ခုခုရွိအံုးမွာပါ။
ေနာက္ထပ္ ' ျမတ္သဝဏ္မေသဘူး '  ဆိုတဲ႕အေၾကာင္းအရာတစ္ခုခုထပ္ရွိရအံုးမွာေပါ့။

"ဒီနားေလးမွာက်ေနတာေလ……ကိုၾကီးအတြက္အေရးၾကီးတာလား……"

ေဘးက ကေလးေလးရဲ႕စကားကိုေတာင္ျပန္မေျဖနိုင္ဘဲ မွိဳင္းညိွဳ႕ေခါင္းသာညိတ္ျပမိသည္။ ဟိုဒီရွာေဖြေနမိေပမယ့္ေနာက္ဆံုးမွေတြ႕လိုက္ရတဲ႕သဲလြန္စေလးတစ္ခု။ မွိဳင္းညိွဳ႔အတြက္ေတာ့ဒီသဲလြန္စေလးကခိုင္လံုးတဲ႕သက္ေသတစ္ခုလိုပါပင္။ ေသာ့ခ်ိတ္ရဲ႕ေဘးဘက္မွာေဒါင္လိုက္ေရးထားတဲ႕ရက္စြဲေလးကိုသာခပ္ဖြဖြထိေတြ႕ရင္း

" ဒါဆို……ဒါဆိုမင္းမေသဘူးေပါ့ျမတ္သဝဏ္…ငါ့အနားမွာရွိေနေသးတယ္ေပါ့……"

ေသာ့ခ်ိတ္အပိုင္းအစေလးကိုေငးၾကည့္ရင္းမ်က္ရည္ေတြက်ကာျပံဳးေနခဳ႕တဲ႕လူငယ္ေလးကိုပတ္ဝန္းက်င္ကလူတစ္ခ်ိဳ႕ရဲ႕အ့မင္မေတာ့ရူးေနျပီဟုထင္ေကာင္းထင္ပါလိမ့္မည္။
သို႕ေသာ္ထိုလူငယ္ေလးကေတာ့ဒါေတြကိုဂရုမစိုက္ဘဲေသာ့ခ်ိတ္ပိုင္ရွင္ကိုသာအာရံုစိုက္ေနမိတာမို႕တျခားေသာျဖစ္တည္မွဳေတြကိုဂရုမျပဳမိဘူးထင္ပါရဲ႕။


_____________________________________________


"ေဒါက္တာေရ……ေဒါက္တာ…ေဒါက္တာ……"

ထည္ဝါစာအုပ္ဖတ္ေနတုန္းအိမ္ေရွ႕ကေနအသည္းအသန္ေအာ္ေခၚေနတဲ႕အသံက်ယ္က်ယ္ေၾကာင့္အခန္းထဲကေနအျမန္ေျပးထြက္လာခဲ႕လိုက္သည္။ အိမ္ေရွ႕ေရာက္ေတာ့ျမင္လိုက္ရတာကမ်က္ႏွာခ်ိဳေသြးကာရယ္ျပေနတဲ႕ထူးထက္ေစ။ သို႕ေပမယ့္ထူးထက္ေစတစ္ေယာက္တည္းေတာ့မဟုတ္ ၊ ေဘးမွာေခါင္းငိုက္စိုက္က်ကာပါလာတဲ႕လူကကြ်န္ေတာ္သိပ္ခ်စ္ရတဲ႕ေကာင္ေလးပင္။

"ဒါကဘယ္လိုျဖစ္လာတာလဲ……"

စိုးရိမ္ကာေမးမိတဲ႕အေမးကိုထူးထက္ေစကမ်က္ႏွာခ်ိဳေသြးကာဟီးခနဲရယ္ျပလာျပန္တယ္။

"ဟိုေလ…bossေသာက္တာမ်ားသြားတာ……ကြ်န္ေတာ္တိုက္တာမဟုတ္ဘူးေနာ္ bossဘာသာေသာက္တာ……"

"ဒါေပမယ့္မင္းကတား………"

"ေဒါက္တာ……"

ေခါင္းငိုက္စိုက္က်ေနတဲ႕bossဆီကေနအသံထြက္လာမွထူးထက္ေစတစ္ေယာက္သက္ျပင္းခ်နိုင္ေတာ့တဲ႕အျဖစ္။ မဟုတ္ရင္ေဒါက္တာကသူ႕ကိုဆူလို႕ကိုျပီးမွာမဟုတ္ေတာ့ဘူး။ တစ္ခုခုဆိုအျမဲဒီလူကိုပဲဆူေနတာ။ bossကိုဆိုရင္ေတာ့ ' ေကာင္ေလးကေတာ့ေလ……ေကာင္ေလးမမွားပါဘူး…… '  နဲ႕။

ထည္ဝါေကာင္ေလးကိုထူးထက္ေစဆီကေနေျပာင္းယူျပီးတြဲလိုက္ေတာ့တစ္ခ်ိန္ကျမင္ဖူးခဲ႕သလိုျဖဴစင္သည့္အျပံဳးေလးတစ္ပြင့္ႏွင့္ျပန္ျပံဳးျပလာသည္။

"ျပန္လာျပီလားေကာင္ေလး……"

"ဟုတ္……"

ထံုးစံအတိုင္းျပန္ေျဖလာပံုအရေတာ့ဒီကေလးအသိစိတ္ကပ္ေနေသးတဲ႕ပံုပင္။
ေတာ္ေသးတာေပါ့……လူမွန္းသူမွန္းမသိေအာင္အထိေတာ့မူးမလာေသးလို႕……။

ေဒါက္တာကဘာအတြက္ေၾကာင့္ေမးလိုက္မွန္းမသိေပမယ့္ ထူးထက္ေစကေတာ့သူ႕bossရဲ႕တံု႕ျပန္မွဳေၾကာင့္မ်က္လံုးအျပဴးသားႏွင့္တအံ႕တၾသျဖစ္ေနရွာေလျပီ။
သူ႕အလွည့္တုန္းကေတာ့bossက ' ေရာက္လာလို႕ဒီမွာရွိေနတာေပါ့ '  ေလးဘာေလးနဲ႕။ အခုလည္းက်ေရာ ' ဟုတ္ '  ဆိုပဲ။
အမယ္ေလး……ငါ့bossတို႕မ်ားအေျပာင္းအလဲျမန္လိုက္တာပါလား။

"ခဏေလာက္အိပ္လိုက္မလားကေလး……ကိုယ္အခန္းထဲအထိတြဲေခၚေပးမယ္……"

"ဟုတ္……"

ေခါင္းညိတ္ျပလာတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါျပံဳးမိျပန္ပါသည္။
အခန္းကိုဦးတည္ကာတြဲေခၚေပးလိုက္ရင္းပါးျပင္ကိုခိုးနမ္းမိေပမယ့္မူးေနတဲ႕ေကာင္ေလးကေတာ့သိပံုမရ။
ဘာပဲျဖစ္ျဖစ္ဒီကေလးခ်စ္ဖို႕ေကာင္းသည္……။


_____________________________________________


ဒီေန႕ေတာ့ေဆးရံုပိုင္ရွင္ေဒါက္တာေရာင္ျခည္လင္းလက္တို႕အထူးအဆန္းပထမဆံုးအလုပ္ေစာဆင္းမိသည္။ ခါတိုင္းဆိုေဆးရံုကေနေစာေစာျပန္ဖို႕ေနေနသာသာ ညေတာင္အိပ္ျဖစ္တဲ႕လူမ်ိဳးကဒီေန႕ေတာ့ညေန၅နာရီေလာက္နဲ႕အိမ္ျပန္ေရာက္ေနျပီပင္။

အိမ္ေရာက္ေတာ့လည္းလူကဘာမွမလုပ္ခ်င္တာေၾကာင့္ေကာ္ဖီတစ္ခြက္ေဖ်ာ္ကာဝရံတာမွာထြက္ထိုင္ေနလိုက္ေတာ့သည္။ ေကာင္းကင္ၾကီးကိုေမာ့ၾကည့္မိျပန္ေတာ့မိုးရာသီရဲ႕ညေနခင္းကအလိုမက်စရာေကာင္းေနျပန္သား။
ဟူး……ဒါကလည္းတကယ္အလိုမက်စရာဟုတ္ခ်င္မွဟုတ္မွာပါေလ။
တကယ့္အေၾကာင္းကဟိုေကာင္ထူးထက္ေစေၾကာင့္ဆိုတာလင္းလက္ကိုယ္တိုင္လည္းမသိတာမွမဟုတ္ေလဘဲ။

"မင္းကေလ…ငါ့ကိုဆိုအျမဲစိတ္ရွဳပ္ရေအာင္လုပ္တယ္……"

ေရ႐ြတ္မိေနေပမယ့္လို႕လင္းလက္ သူ႕ဖုန္းနံပါတ္ကိုသာလိုက္ရွာေနမိသည္။
တစ္ခါကသူေပးတဲ႕cardကိုအျမင္ကတ္လို႕လႊင့္ပစ္ခ်င္ေယာင္ေဆာင္ခဲ႕မိေပမယ့္လို႕ ဖုန္းနံပါတ္ေလးကိုေတာ့ေသခ်ာမွတ္ထားခဲ႕လိုက္ပါေသးတယ္။

contactထဲမွာေရးမွတ္ထားတဲ႕ ' အရွဳပ္ထုပ္ '  ဆိုတဲ႕ေနရာေရာက္ေတာ့လကါကအလိုလိုတံု႕ဆိုင္းေနမိျပန္တာပင္။ ဖုန္းေခၚလိုက္မိရင္လည္းဘာစေျပာလို႕ေျပာရမွန္းမသိ။
ဘာပဲ့ဖစ္ျဖစ္ပါေလ……ကိုယ္ကသူ႕ကိုစကားေျပာတာနည္းနည္းလြန္သြားမိတာပဲကို။

ဘယ္ကဘယ္လိျနွိပ္မိလိုက္မွန္းမသိတဲ႕ဖုန္းေခၚမွဳနဲ႕အတူစိတ္လွဳပ္ရွားမွဳကလည္းလူကိုေၾကာက္ရြံ႕စိတ္ပါေရာေထြးေစသည္။
ဖုန္းေခၚဆိုမွဳကစကၠန္႕အနည္းငယ္မွ်သာရွိေသးေပမယ့္လို႕ ပံုမွန္ထက္ပိုလွဳပ္ရွားမွဳႏွဳန္းျမန္ေနတဲ႕ကြ်န္ေတာ့္စိတ္ေၾကာက့္ဖုန္းခ်ပစ္ဖို႕အလုပ္

"Hello……"






#################################

Comment