EP - 2

Unicode


မနက်စားပြီးလို့ဆေးကြောသိမ်းဆည်းပြီးတာတောင်သားကမနိုးသေးတာကြောင့်သဝဏ့်မှာသွားနှိုးဖို့ပြင်ရတော့သည်။ ကလေးဆိုတာကများများအိပ်သင့်ပေမယ့်လည်းသူ့အတိုင်းအတာနဲ့သူပဲကောင်းတယ်မဟုတ်လား။

("ကျွန်တော်သားကိုသွားနှိုးလိုက်အုံးမယ် အစ်ကို......")

ဧည့်ခန်းမှာTVကြည့်နေတုန်း လာပြောတဲ့မြတ်သဝဏ်ကြောင့်တစ်ချက်သာကြည့်ပြီးမျက်နှာပြန်လွှဲလိုက်သည်။ ဒါတွေကအထူးအဆန်းမှမဟုတ်ဘဲ......အမှန်ဆိုသူ့ကိုလာပြောနေစရာတောင်မလိုဘူးလေ......။

ဘာမှပြန်မပြောလိုက်တာကြောင့်အိပ်ခန်းဘက်ကုပ်ကုပ်လေးထွက်သွားတဲ့သူကိုကြည့်ရင်းသတိရမိတာကတစ်စုံတစ်ယောက်ကို။

"ငါ့ဘေးမှာရှိနေတာ...မြတ်သဝဏ်မဟုတ်ဘဲမင်းဖြစ်နေရင်သိပ်ကောင်းမှာပဲ ယစ်......"

ဟုတ်တယ်......ယစ်။ ကျွန်တော့်ရဲ့ယစ်။ ကျွန်တော့်နှလုံးသားလေးရဲ့နာမည်က ' ခက်ထန်ယစ် ' တဲ့။
လူတူမရှားနာမည်တူမရှားလို့ပဲပြောရမလား ၊ မြတ်သဝဏ်နဲ့ ကျွန်တော့်ရဲ့ယစ်ကရုပ်ချင်းခပ်ဆင်ဆင်ရယ်။
ဒါပေမယ့် မြတ်သဝဏ်ကတော့ယစ်ကိုဘယ်ယှဉ်နိုင်ပါ့မလဲ။ မြတ်သဝဏ်ရဲ့အေးချမ်းတဲ့မျက်ဝန်းတွေက ယစ်ရဲ့စူးရှရှအကြည့်တွေလောက်ဆွဲဆောင်မှုမရှိဘူး။ အမြဲပြုံးပြတတ်တဲ့ခပ်ထူထူနှုတ်ခမ်းတွေကတစ်ထပ်တည်းတူနေပေမယ့်လို့တင်းတင်းစေ့ထားတတ်တဲ့ယစ်ကိုမမှီပြန်ဘူး။ နောက်ဆုံးတစ်ခုကတော့ သြဇာရှိတဲ့အသံသြသြလေးပေါ့။ ညှို့ဓါတ်တစ်ခုနဲ့အရှိန်အဝါတစ်ခုရှိနေတဲ့ယစ်ရဲ့အသံလေးကတကယ့်ကိုနားထောင်လို့ကောင်းတာ။ မြတ်သဝဏ်ကတော့......အာ မေ့သွားတယ်။ မြတ်သဝဏ်ကအ,အပဲကို။

"ဖေဖေ......"

ခေါ်သံချိုချိုလေးနဲ့အတူအနားရောက်လာတဲ့သားကိုမြင်မှလူကအသိစိတ်ကပ်မိသည်။ သူအတွေးလွန်နေတာဘယ်လောက်တောင်ကြာသွားပါလိမ့်......။

"သားသားချောလား......"

ဘေးတွင်ဝင်ထိုင်လာတဲ့သားကသနပ်ခါးလေးနဲ့မို့တစ်မျိုးချစ်စရာကောင်းနေပြန်တယ်။ အုန်းဆီပါသေချာလိမ်းပေးပြီးခေါင်းဖြီးပေးထားသေးတာမို့ နဂိုကတည်းကထွားတဲ့သားရဲ့ပုံစံကသုံးနှစ်သားကလေးနဲ့မတူဘဲမူကြိုတက်တဲ့အရွယ်လောက်တောင်ထင်နေရပြီပင်။

"ချောပါ့ဗျာ...ဖေဖေ့သားလေးကအရမ်းချောတာပဲ......"

"ဟီး...အဲ့ဒါဒယ်ဒီလိမ်းပေးထားတာ......"

သားရဲ့နှဖူးလေးကိုတစ်ချက်နမ်းရှိုက်ရင်းမြတ်သဝဏ်ဆီပါအကြည့်ရောက်မိတော့ပါးပေါ်မှာလိမ်းထားတဲ့ဝလုံးလိုသနပ်ခါးအဝိုင်းနှစ်ဝိုင်းကထင်းလို့။ မှိုင်းညှို့ကြည့်နေတာမြင်သွားတော့ပြုံးပြနေတဲ့ပုံစံကိုကမသိရင်သူငယ်နာမစင်သေးတဲ့ကလေးလိုလိုဘာလိုလိုနဲ့တောင်တူသေး။

"မင်းကဘာအရူးထရပြန်တာလဲ......ငါအစကတည်းကအဲ့ဒီ့လိုအူကြောင်ကြောင်ပုံစံတွေဆိုတကယ်အသေမုန်းတာ......"

ဘာကြောင့်မှန်းမသိရှုပ်ထွေးလာတဲ့စိတ်ကြောင့်ခပ်ဆတ်ဆတ်ဟောက်မိတော့ လက်တခါခါခေါင်းတခါခါနဲ့အသည်းအသန်ငြင်းနေရှာပြန်တာကြောင့်တမင်မျက်နှာလွှဲထားပစ်လိုက်တယ်။
အဲ့ဒီ့မြတ်သဝဏ်ဆိုတဲ့ကောင်ကဘယ်လောက်ပြောပြောအမှတ်ထားတာမဟုတ်ဘူး......ကလေးဆန်တာမကြိုက်ဘူးလို့အတန်တန်ပြောနေတဲ့ကြားကတစ်ခါတစ်ခါထထဖောက်ချင်တာမျိုး။

"ဖေဖေ ဒယ်ဒီ့ကိုမဆူပါနဲ့......အဲ့ဒါသားသားလိမ်းပေးထားတာပါ...ဒယ်ဒီကအမြဲသနပ်ခါးလိမ်းပေးနေကျမို့သားသားကလည်းပြန်ပြီးဝလုံးလေးရေးပေးလိုက်တာ......"

သားကသူ့ဘက်ကနေကူပြောပေးလာတာနဲ့ချက်ချင်းဆိုသလိုအနားကိုရောက်လာတဲ့မြတ်သဝဏ်။ ဘယ်ကတည်းကလာချင်နေသလဲမသိ......။

("အစ်ကိုစိတ်မဆိုးပါနဲ့နော်......ကျွန်တော်နောက်ဆိုသတိထားပါ့မယ်...ပြီးတော့ အစ်ကို့စကားကိုနားမထောင်မိလို့စိတ်ဆိုးသွားတာဆိုရင်ကြိုက်တဲ့အပြစ်ပေးပါ......ခုနကလိုတော့...ကျွန်တော့်ကိုလျစ်လျူမရှုလိုက်ပါနဲ့......")

ပြောပြီးတာနဲ့ခေါင်းငုံ့သွားတာမို့သားကပါကိုယ့်ကိုအသနားခံသလိုမျက်နှာထားလေးနဲ့လာမော့ကြည့်လာပြန်တယ်။ ငယ်ငယ်ကတည်းကမြတ်သဝဏ်နဲ့ပဲအတူနေလာရတာမို့သားကသူ့ရဲ့sign languageကိုကောင်းကောင်းနားလည်တတ်နေပြီ။
ကြာရင်သားရှေ့မှာမှိုင်းညှို့ရွှေဘုံကပဲလူဆိုးကြီးဖြစ်ရပြန်ပါတော့မယ်......။

"လာခဲ့ဒီနားကို......"

ပြောလိုက်တာနဲ့ချက်ချင်းဆိုသလိုရှေ့ကိုပိုတိုးလာသည်။

"ထိုင်......"

နာခံတတ်တဲ့ကလေးလိုချက်ချင်းဆိုသလိုဆောင့်ကြောင့်လေးထိုင်ပေးလာပြန်တယ်။ ခပ်ဖွာဖွာကျနေတဲ့ဆံပင်တွေကိုအနည်းငယ်စုကိုင်ကာသပ်တင်ပေးရင်းမှခေါင်းကိုဒေါက်ခနဲမြည်အောင်ခေါက်ချလိုက်တော့ရှုံ့မဲ့မဲ့မျက်နှာထားနဲ့အတူခေါက်လိုက်တဲ့နေရာလေးကိုလက်လေးနဲ့ပွတ်နေပြန်သည်။

"နောက်ဆိုဆင်ခြင်......"

ခေါင်းအသာညိတ်ပြပြီးသားဘေးမှာလာဝင်ထိုင်နေပြန်တာကြောင့်

"ကဲကြည့်......မင်းအလုပ်သွားရအုံးမယ်မဟုတ်ဘူးလား ဟမ်......"

ဆူသလိုငေါက်သလိုပြောလိုက်တော့ကျွန်တော့်ကိုပြူးကြောင်ကြောင်နဲ့ပြန်စိုက်ကြည့်နေသည်။ ဟုတ်တယ်လေ......ကျွန်တော်ဘာများမှားသွားလို့လဲ။ မြတ်သဝဏ်ကတစ်နေကုန်တစ်နေခမ်းအလုပ်သွားလုပ်နေရတာပဲမဟုတ်ဘူးလား။ မနက်ဆိုလက်ဖက်ရည်ဆိုင်မှာဆိုလား...ဘာလား။
သေချာမသိပေမယ့်သူ့ရဲ့အဆင့်အတန်းမရှိတဲ့အလုပ်တွေကဝင်ငွေတော့အတော်ကောင်းတာအမှန်ပဲ။

("အစ်ကို......ဒီနေ့ဘာနေ့လဲတကယ်မမှတ်မိပြန်ဘူးလား......")

စဉ်းစားနေပုံရတဲ့အစ်ကိုကဒီနေ့ဘာနေ့လဲတကယ်မမှတ်မိပြန်တဲ့ပုံပါပဲ။ ဒါနဲ့ဆိုဘယ်နှခါရှိပြီလဲအစ်ကို......။ အစ်ကိုကျွန်တော်နဲ့ပက်သက်တာတွေဆိုအလေးမထားတတ်မှန်းသိပေမယ့်...မနေ့ညကမှသတိပေးထားတာမို့ဒီနေ့တော့သတိရလောက်မယ်လို့ထင်ထားခဲ့တာ။

"မသိဘူး......ဘာပဲဖြစ်ဖြစ်မင်းအလုပ်မသွားဘူးမဟုတ်လား...အဲ့ဒီ့လိုပြောလိုက်လည်းပြီးနေတာပဲကို......"

ပေါ့ပေါ့တန်တန်ပဲပြောလိုက်တဲ့အစ်ကို့ကြောင့်ရုတ်တရက်တော့ရင်ထဲစူးခနဲ။ နာတယ် အစ်ကို......ခုနကအစ်ကိုခေါက်လိုက်တဲ့ခေါင်းကနာကျင်မှုထက်အခုကပိုနာတယ်။

("ကျွန်တော်နေ့လည်စာချက်ဖို့ပြင်ဆင်လိုက်အုံးမယ်......")

မြင်ကွင်းရှေ့မှာဝေ့ဝဲကာဆီးလာတဲ့မျက်ရည်စတွေကြောင်အမြန်ထထွက်သွားဖို့အကြောင်းရှာလိုက်ရခြင်း။ အစ်ကိုကသတိမထားမိလောက်ပေမယ့်...သားကတော့မျက်ရည်စတွေကိုသတိထားမိသွားနိုင်တယ်မဟုတ်လား......။

မီးဖိုခန်းရဲ့နံရံအကွယ်ထောင့်လေးကိုရောက်သည်နှင့်မျက်ရည်တွေကိုထိန်းမထားတော့ဘဲငိုချလိုက်တော့သည်။
ဒါနဲ့ဆိုဘယ်နှခါတောင်ရှိနေပြီလဲအစ်ကိုရယ်......။

ကျွန်တော့်မွေးနေ့ကိုမေ့တယ်။
ကျွန်တော့်နာမည်ကိုမေ့တယ်။
ကျွန်တော်တို့မင်္ဂလာနှစ်ပတ်လည်နေ့ကိုမေ့တယ်။
နောက်ဆိုရင်...အစ်ကိုကျွန်တော့်ကိုပါမေ့သွားမလားမသိဘူးနော်။

တစ်စတစ်စတိုးလာတဲ့မွမ်းကျပ်မှုနဲ့အတူလးပါးပြင်ပေါ်လှိမ့်ဆင်းလာတဲ့မျက်ရည်စတွေ။ ကျွန်တော့်ဘက်ကသာအရေးတယူလုပ်နေမိသလိုများဖြစ်နေလေသလား......ဒါမှမဟုတ် အစ်ကိုပြောနေကျလိုပဲ...ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ကျွန်တော်က ကလေးဆန်နေမိပြန်တာပဲလား။


_____________________________________________


"ဒါကဘာလဲ......"

နေ့လည်စာစားဖို့အတွက်စားပွဲမှာသားနဲ့အတူနှစ်ယောက်ထိုင်နေတုန်းအရှေ့ကိုရောက်လာတဲ့ထူးဆန်းသည့်ဟင်းပန်ကန်ကြောင့်မှိုင်းညှို့မေးလိုက်ရခြင်း။ အရွက်တွေရော ၊ ပြောင်းဖူးတွေရော ကန်စွန်းရွက်တွေပါရောနေတဲ့ဟင်းပွဲကတကယ့်ကိုဘာမှန်းမသိတာပါ။ အစိမ်းကြော်လို့ပြောရအောင်လည်းဟိုစပ်စပ်ဒီစပ်စပ်နဲ့ပုံစံကိုကဘာမှန်းကိုမသိတာ။ ပြီးတော့တစ်ချို့ဟင်းရွက်တွေဆိုမည်းချင်နေသေးတယ်။

("အစိမ်းကြော်လေအစ်ကို......")

လက်ဟန်ခြေဟန်ပြရင်းပြူးကြောင်ကြောင်နဲ့လာစိုက်ကြည့်နေတဲ့သူကြောင့်မှိုင်းညှို့တစ်ယောက်အတော်လေးစိတ်လေသွားသည်။ အစိမ်းကြော်ဆိုပြီးအကျက်ကြော်ဖြစ်နေပုံရတဲ့ဒီဟင်းနဲ့တကယ်ပဲထမင်းစားရတော့မှာလား။
ဟင့်အင်းနော်......မှိုင်းညှို့ရွှေဘုံရဲ့ဘဝမှာဒီလိုဟာမျိုးကိုစားဖို့မပြောနဲ့လက်ဖျားနဲ့တောင်မထိဘူး။

("ရုပ်လေးကဘာဖြစ်သွားတာလဲအစ်ကိုရဲ့......")

ခပ်ပြုံးပြုံးမေးလာသူကြောင့်စိတ်မရှည်စွာနဲ့စုတ်သပ်မိသည်။ အတူတူနေလာတာဖြင့်သုံးနှစ်ကျော်လေးနှစ်နီးပါးရှိနေပြီ......တစ်ခါမှဒါမျိုးမဖြစ်ဖူးဘူး။ ဒီနေ့မှမြတ်သဝဏ်တို့စိတ်တွေဘယ်ရောက်နေလို့အစိမ်းကြော်ကအကျက်ကြော်ဖြစ်သွားရတာလဲ။
ဟူး......ကိုယ်မှမချက်တတ်တာဆိုတော့လည်းကြိတ်မှိတ်ပြီးစားရတော့မှာပေါ့။

မျက်နှာလေးညှိုးကျသွားတဲ့အစ်ကိုကြောင့်သဝဏ်မှာဆက်မစနိုင်တော့ဘဲဖွက်ထားသည့်ဟင်းပန်းကန်တွေကိုယူပေးရတော့သည်။ ထိုအခါမှမျက်လုံးအဝိုင်းသားလေးနဲ့ကြည့်လာတဲ့အစ်ကို......။

"ဒါကဘာတွေလဲ......"

("ကျွန်တော်ချက်ထားတာတွေလေ......")

အဖြေပေးမိကာမှခပ်ဟဟဖြစ်သွားတဲ့နှုတ်ခမ်းလေး။ စိတ်ရှိတိုင်းသာဆိုထမင်းမစားဘဲအစ်ကိုနှုတ်ခမ်းလေးကိုပဲစားပစ်လိုက်ချင်တော့တယ်။

"မင်းချက်ထားတာလား......"

အတူရှိခဲ့တဲ့နှစ်တွေအကုန်လုံးဒီကောင်ပဲချက်ကျွေးလာတာကိုဗျာ......။

ခေါင်းအသာညိတ်ပြလိုက်တော့ဟင်းပွဲတွေကိုအသေအချာလေးလိုက်ကြည့်နေရှာတယ်။ ပြောပြလိုက်ချင်ပါရဲ့......ကလေးဆန်တာမကြိုက်တဲ့အစ်ကိုကတစ်ခါတစ်လေတကယ့်ကလေးနဲ့တူကြောင်း။

"ဟင်းတွေကအများကြီးပဲ......"

("အင်းလေ......အစ်ကိုပဲစားချင်တယ်ဆို...ဒါကပြည်ကြီးငါးသုပ်...ဒါကငါးဖယ်သုပ်......ဒါကကြက်သားလုံးကြော်နဲ့ပုစွန်ချဉ်စပ်ဟင်းချို......")

"ဒီနေ့ငါသာအိမ်မှာရှိမနေရင်သေချာပေါက်ဆိုင်ကမှာတာလို့ပဲတွေးမိမှာ......မြတ်သဝဏ် မင်းဆိုင်ဖွင့်စားပါလား......"

လက်မလေးထောင်ပြကာချီးမွမ်းခန်းဖွင့်နေတဲ့ချစ်ရသူကြောင့်ထိုသဝဏ်ရဲ့တစ်ဖက်တည်းပါတဲ့ပါးချိုင့်လေးကလှစ်ခနဲ။ ချက်ထားတဲ့ဟင်းတွေကိုယူစားနေတဲ့အစ်ကို့ကိုငေးရင်းသားကိုပါထမင်းခွံ့ကျွေးဖို့ပြင်လိုက်သည်။ ပါးစပ်လေးတပြင်ပြင်လုပ်နေတဲ့သားကတော်တော်လေးဗိုက်ဆာနေတဲ့ပုံပင်။

"ဒယ်ဒီ့လက်ကးရာကဂွတ်ပဲသိလား......"

လက်မလေးထောင်ကာပြောလာပြန်တဲ့သားကြောင့်သဝဏ်ခပ်ဖွဖွပြုံးကာသားရဲ့ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။ ချစ်ဖို့ကောင်းတဲ့အမုအကျင့်လေးတွေကအစတူတဲ့ဒီသားအဖနှစ်ယောက်ကိုချစ်လွန်းလို့ဘယ်လိုလုပ်ရပါတော့မလဲ။

မြတ်သဝဏ်ဆိုတဲ့သူ့လိုဘာပိုင်ဆိုင်မှုမှမရှိတဲ့သူရဲ့ဘဝမှာဒီလူသားလေးနှစ်ယောက်ကသာအရာအားလုံးဖြစ်နေလေပြီ။ သားကကျွန်တော့်သားမဟုတ်ပေမယ့် သံယောစဉ်တွေနဲ့ချည်နှောင်ထားတာမို့ကျွန်တော့်သားပါပဲ။ ဟုတ်တယ်...မှိုင်းခက်လွန်းယစ်ဆိုတဲ့ကလေးကကျွန်တော့်ရဲ့သား။
ပြီးတော့ မှိုင်းညှို့ရွှေဘုံဆိုတဲ့အစ်ကိုကကျွနတော့်လက်တွဲဖော်ပေါ့။

ဟူး......ပိုင်ဆိုင်ချင်တယ်အစ်ကို......။
လက်ထပ်ထားတယ်လို့သိကြပေမယ့်လက်ထပ်စာချုပ်တောင်မရှိတဲ့ဘဝမှာဆက်မနေရရင်သိပ်ကောင်းမှာပဲ။ ကလေးဆန်တယ်ထင်ရင်လည်းထင်ပါစေတော့ဗျာ......။ ကျွန်တော်အများကြီးမလိုချင်ပါဘူး။ တစ်ခါလောက်လေးပဲ အစ်ကိုကကျွန်တော့်ရဲ့တစ်ခုတည်းသောပိုင်ဆိုင်မှုလေးအဖြစ်လူတိုင်းကိုကြွားလို့မရဘူးလားဟင်။






#################################

နောက်ကျသွားလို့တောင်းပန်ပါတယ်ဗျ......မီးကပျက်နေတော့စာရေးဖို့ဖုန်းအားကလည်းမရှိလို့ပါ။ ကဲ......အခုတော့မရမကလာupပေးလိုက်ပါတယ်နော်ဗျ။


Zawgyi


မနက္စားျပီးလို႕ေဆးေၾကာသိမ္းဆည္းျပီးတာေတာင္သားကမနိုးေသးတာေၾကာင့္သဝဏ့္မွာသြားနွိဳးဖို႕ျပင္ရေတာ့သည္။ ကေလးဆိုတာကမ်ားမ်ားအိပ္သင့္ေပမယ့္လည္းသူ႕အတိုင္းအတာနဲ႕သူပဲေကာင္းတယ္မဟုတ္လား။

("ကြ်န္ေတာ္သားကိုသြားနွိဳးလိုက္အံုးမယ္ အစ္ကို......")

ဧည့္ခန္းမွာTVၾကည့္ေနတုန္း လာေျပာတဲ႕ျမတ္သဝဏ္ေၾကာင့္တစ္ခ်က္သာၾကည့္ျပီးမ်က္နွာျပန္လႊဲလိုက္သည္။ ဒါေတြကအထူးအဆန္းမွမဟုတ္ဘဲ......အမွန္ဆိုသူ႔ကိုလာေျပာေနစရာေတာင္မလိုဘူးေလ......။

ဘာမွျပန္မေျပာလိုက္တာေၾကာင့္အိပ္ခန္းဘက္ကုပ္ကုပ္ေလးထြက္သြားတဲ႕သူကိုၾကည့္ရင္းသတိရမိတာကတစ္စံုတစ္ေယာက္ကို။

"ငါ့ေဘးမွာရွိေနတာ...ျမတ္သဝဏ္မဟုတ္ဘဲမင္းျဖစ္ေနရင္သိပ္ေကာင္းမွာပဲ ယစ္......"

ဟုတ္တယ္......ယစ္။ ကြ်န္ေတာ့္ရဲ႕ယစ္။ ကြ်န္ေတာ့္နွလံုးသားေလးရဲ႕နာမည္က ' ခက္ထန္ယစ္ ' တဲ႕။
လူတူမရွားနာမည္တူမရွားလို႕ပဲေျပာရမလား ၊ ျမတ္သဝဏ္နဲ႕ ကြ်န္ေတာ့္ရဲ႕ယစ္ကရုပ္ခ်င္းခပ္ဆင္ဆင္ရယ္။
ဒါေပမယ့္ ျမတ္သဝဏ္ကေတာ့ယစ္ကိုဘယ္ယွဥ္နိုင္ပါ့မလဲ။ ျမတ္သဝဏ္ရဲ႕ေအးခ်မ္းတဲ႕မ်က္ဝန္းေတြက ယစ္ရဲ႕စူးရွရွအၾကည့္ေတြေလာက္ဆြဲေဆာင္မွဳမရွိဘူး။ အျမဲျပံဳးျပတတ္တဲ႕ခပ္ထူထူႏွဳတ္ခမ္းေတြကတစ္ထပ္တည္းတူေနေပမယ့္လို႕တင္းတင္းေစ့ထားတတ္တဲ႕ယစ္ကိုမမွီျပန္ဘူး။ ေနာက္ဆံုးတစ္ခုကေတာ့ ၾသဇာရွိတဲ႕အသံၾသၾသေလးေပါ့။ ညိွဳ႕ဓါတ္တစ္ခုနဲ႕အရွိန္အဝါတစ္ခုရွိေနတဲ႕ယစ္ရဲ႕အသံေလးကတကယ့္ကိုနားေထာင္လို႕ေကာင္းတာ။ ျမတ္သဝဏ္ကေတာ့......အာ ေမ့သြားတယ္။ ျမတ္သဝဏ္ကအ,အပဲကို။

"ေဖေဖ......"

ေခၚသံခ်ိဳခ်ိဳေလးနဲ႕အတူအနားေရာက္လာတဲ႕သားကိုျမင္မွလူကအသိစိတ္ကပ္မိသည္။ သူအေတြးလြန္ေနတာဘယ္ေလာက္ေတာင္ၾကာသြားပါလိမ့္......။

"သားသားေခ်ာလား......"

ေဘးတြင္ဝင္ထိုင္လာတဲ႕သားကသနပ္ခါးေလးနဲ႕မို႕တစ္မ်ိဳးခ်စ္စရာေကာင္းေနျပန္တယ္။ အုန္းဆီပါေသခ်ာလိမ္းေပးျပီးေခါင္းျဖီးေပးထားေသးတာမို႕ နဂိုကတည္းကထြားတဲ႕သားရဲ႕ပံုစံကသံုးႏွစ္သားကေလးနဲ႕မတူဘဲမူၾကိဳတက္တဲ႕အရြယ္ေလာက္ေတာင္ထင္ေနရျပီပင္။

"ေခ်ာပါ့ဗ်ာ...ေဖေဖ့သားေလးကအရမ္းေခ်ာတာပဲ......"

"ဟီး...အဲ႕ဒါဒယ္ဒီလိမ္းေပးထားတာ......"

သားရဲ႕ႏွဖူးေလးကိုတစ္ခ်က္နမ္းရွိဳက္ရင္းျမတ္သဝဏ္ဆီပါအၾကည့္ေရာက္မိေတာ့ပါးေပၚမွာလိမ္းထားတဲ႕ဝလံုးလိုသနပ္ခါးအဝိုင္းႏွစ္ဝိုင္းကထင္းလို႕။ မွိဳင္းညိွဳ႕ၾကည့္ေနတာျမင္သြားေတာ့ျပံဳးျပေနတဲ႕ပံုစံကိုကမသိရင္သူငယ္နာမစင္ေသးတဲ႕ကေလးလိုလိုဘာလိုလိုနဲ႕ေတာင္တူေသး။

"မင္းကဘာအရူးထရျပန္တာလဲ......ငါအစကတည္းကအဲ႕ဒီ႕လိုအူေၾကာင္ေၾကာင္ပံုစံေတြဆိုတကယ္အေသမုန္းတာ......"

ဘာေၾကာင့္မွန္းမသိရွဳပ္ေထြးလာတဲ႕စိတ္ေၾကာင့္ခပ္ဆတ္ဆတ္ေဟာက္မိေတာ့ လက္တခါခါေခါင္းတခါခါနဲ႕အသည္းအသန္ျငင္းေနရွာျပန္တာေၾကာင့္တမင္မ်က္ႏွာလႊဲထားပစ္လိုက္တယ္။
အဲ႕ဒီ႕ျမတ္သဝဏ္ဆိုတဲ႕ေကာင္ကဘယ္ေလာက္ေျပာေျပာအမွတ္ထားတာမဟုတ္ဘူး......ကေလးဆန္တာမၾကိဳက္ဘူးလို႕အတန္တန္ေျပာေနတဲ႕ၾကားကတစ္ခါတစ္ခါထထေဖာက္ခ်င္တာမ်ိဳး။

"ေဖေဖ ဒယ္ဒီ႕ကိုမဆူပါနဲ႕......အဲ႕ဒါသားသားလိမ္းေပးထားတာပါ...ဒယ္ဒီကအျမဲသနပ္ခါးလိမ္းေပးေနက်မို႕သားသားကလည္းျပန္ျပီးဝလံုးေလးေရးေပးလိုက္တာ......"

သားကသူ႕ဘက္ကေနကူေျပာေပးလာတာနဲ႕ခ်က္ခ်င္းဆိုသလိုအနားကိုေရာက္လာတဲ႕ျမတ္သဝဏ္။ ဘယ္ကတည္းကလာခ်င္ေနသလဲမသိ......။

("အစ္ကိုစိတ္မဆိုးပါနဲ႕ေနာ္......ကြ်န္ေတာ္ေနာက္ဆိုသတိထားပါ့မယ္...ျပီးေတာ့ အစ္ကို႕စကားကိုနားမေထာင္မိလို႕စိတ္ဆိုးသြားတာဆိုရင္ၾကိဳက္တဲ႕အျပစ္ေပးပါ......ခုနကလိုေတာ့...ကြ်န္ေတာ့္ကိုလ်စ္လ်ဴမရွဳလိုက္ပါနဲ႕......")

ေျပာျပီးတာနဲ႕ေခါင္းငံု႕သြားတာမို႕သားကပါကိုယ့္ကိုအသနားခံသလိုမ်က္ႏွာထားေလးနဲ႕လာေမာ့ၾကည့္လာျပန္တယ္။ ငယ္ငယ္ကတည္းကျမတ္သဝဏ္နဲ႕ပဲအတူေနလာရတာမို႕သားကသူ႕ရဲ႕sign languageကိုေကာင္းေကာင္းနားလည္တတ္ေနျပီ။
ၾကာရင္သားေရွ႕မွာမွိဳင္းညိွဳ႕ေရႊဘံုကပဲလူဆိုးၾကီးျဖစ္ရျပန္ပါေတာ့မယ္......။

"လာခဲ႕ဒီနားကို......"

ေျပာလိုက္တာနဲ႕ခ်က္ခ်င္းဆိုသလိုေရွ႕ကိုပိုတိုးလာသည္။

"ထိုင္......"

နာခံတတ္တဲ႕ကေလးလိုခ်က္ခ်င္းဆိုသလိုေဆာင့္ေၾကာင့္ေလးထိုင္ေပးလာျပန္တယ္။ ခပ္ဖြာဖြာက်ေနတဲ႕ဆံပင္ေတြကိုအနည္းငယ္စုကိုင္ကာသပ္တင္ေပးရင္းမွေခါင္းကိုေဒါက္ခနဲျမည္ေအာင္ေခါက္ခ်လိုက္ေတာ့ရွံဳ႕မဲ႕မဲ႕မ်က္ႏွာထားနဲ႕အတူေခါက္လိုက္တဲ႕ေနရာေလးကိုလက္ေလးနဲ႕ပြတ္ေနျပန္သည္။

"ေနာက္ဆိုဆင္ျခင္......"

ေခါင္းအသာညိတ္ျပျပီးသားေဘးမွာလာဝင္ထိုင္ေနျပန္တာေၾကာင့္

"ကဲၾကည့္......မင္းအလုပ္သြားရအံုးမယ္မဟုတ္ဘူးလား ဟမ္......"

ဆူသလိုေငါက္သလိုေျပာလိုက္ေတာ့ကြ်န္ေတာ့္ကိုျပဴးေၾကာင္ေၾကာင္နဲ႕ျပန္စိုက္ၾကည့္ေနသည္။ ဟုတ္တယ္ေလ......ကြ်န္ေတာ္ဘာမ်ားမွားသြားလို႕လဲ။ ျမတ္သဝဏ္ကတစ္ေနကုန္တစ္ေနခမ္းအလုပ္သြားလုပ္ေနရတာပဲမဟုတ္ဘူးလား။ မနက္ဆိုလက္ဖက္ရည္ဆိုင္မွာဆိုလား...ဘာလား။
ေသခ်ာမသိေပမယ့္သူ႕ရဲ႕အဆင့္အတန္းမရွိတဲ႕အလုပ္ေတြကဝင္ေငြေတာ့အေတာ္ေကာင္းတာအမွန္ပဲ။

("အစ္ကို......ဒီေန႕ဘာေန႕လဲတကယ္မမွတ္မိျပန္ဘူးလား......")

စဥ္းစားေနပံုရတဲ႕အစ္ကိုကဒီေန႕ဘာေန႕လဲတကယ္မမွတ္မိျပန္တဲ႕ပံုပါပဲ။ ဒါနဲ႕ဆိုဘယ္နွခါရွိျပီလဲအစ္ကို......။ အစ္ကိုကြ်န္ေတာ္နဲ႕ပက္သက္တာေတြဆိုအေလးမထားတတ္မွန္းသိေပမယ့္...မေန႕ညကမွသတိေပးထားတာမို႕ဒီေန႕ေတာ့သတိရေလာက္မယ္လို႕ထင္ထားခဲ႕တာ။

"မသိဘူး......ဘာပဲျဖစ္ျဖစ္မင္းအလုပ္မသြားဘူးမဟုတ္လား...အဲ႕ဒီ႕လိုေျပာလိုက္လည္းျပီးေနတာပဲကို......"

ေပါ့ေပါ့တန္တန္ပဲေျပာလိုက္တဲ႕အစ္ကို႕ေၾကာင့္ရုတ္တရက္ေတာ့ရင္ထဲစူးခနဲ။ နာတယ္ အစ္ကို......ခုနကအစ္ကိုေခါက္လိုက္တဲ႕ေခါင္းကနာက်င္မွဳထက္အခုကပိုနာတယ္။

("ကြ်န္ေတာ္ေန႕လည္စာခ်က္ဖို႕ျပင္ဆင္လိုက္အံုးမယ္......")

ျမင္ကြင္းေရွ႕မွာေဝ႕ဝဲကာဆီးလာတဲ႕မ်က္ရည္စေတြေၾကာင္အျမန္ထထြက္သြားဖို႕အေၾကာင္းရွာလိုက္ရျခင္း။ အစ္ကိုကသတိမထားမိေလာက္ေပမယ့္...သားကေတာ့မ်က္ရည္စေတြကိုသတိထားမိသြားနိုင္တယ္မဟုတ္လား......။

မီးဖိုခန္းရဲ႕နံရံအကြယ္ေထာင့္ေလးကိုေရာက္သည္ႏွင့္မ်က္ရည္ေတြကိုထိန္းမထားေတာ့ဘဲငိုခ်လိုက္ေတာ့သည္။
ဒါနဲ႕ဆိုဘယ္ႏွခါေတာင္ရွိေနျပီလဲအစ္ကိုရယ္......။

ကြ်န္ေတာ့္ေမြးေန႕ကိုေမ့တယ္။
ကြ်န္ေတာ့္နာမည္ကိုေမ့တယ္။
ကြ်န္ေတာ္တို႕မဂၤလာႏွစ္ပတ္လည္ေန႕ကိုေမ့တယ္။
ေနာက္ဆိုရင္...အစ္ကိုကြ်န္ေတာ့္ကိုပါေမ့သြားမလားမသိဘူးေနာ္။

တစ္စတစ္စတိုးလာတဲ႕မြမ္းက်ပ္မွဳနဲ႕အတူလးပါးျပင္ေပၚလွိမ့္ဆင္းလာတဲ႕မ်က္ရည္စေတြ။ ကြ်န္ေတာ့္ဘက္ကသာအေရးတယူလုပ္ေနမိသလိုမ်ားျဖစ္ေနေလသလား......ဒါမွမဟုတ္ အစ္ကိုေျပာေနက်လိုပဲ...ဘာမဟုတ္တဲ႕ကိစၥေလးအတြက္နဲ႕ကြ်န္ေတာ္က ကေလးဆန္ေနမိျပန္တာပဲလား။


_____________________________________________


"ဒါကဘာလဲ......"

ေန႕လည္စာစားဖို႕အတြက္စားပြဲမွာသားနဲ႕အတူႏွစ္ေယာက္ထိုင္ေနတုန္းအေရွ႕ကိုေရာက္လာတဲ႕ထူးဆန္းသည့္ဟင္းပန္ကန္ေၾကာင့္မွိဳင္းညိွဳ႕ေမးလိုက္ရျခင္း။ အရြက္ေတြေရာ ၊ ေျပာင္းဖူးေတြေရာ ကန္စြန္းရြက္ေတြပါေရာေနတဲ႕ဟင္းပြဲကတကယ့္ကိုဘာမွန္းမသိတာပါ။ အစိမ္းေၾကာ္လို႕ေျပာရေအာင္လည္းဟိုစပ္စပ္ဒီစပ္စပ္နဲ႕ပံုစံကိုကဘာမွန္းကိုမသိတာ။ ျပီးေတာ့တစ္ခ်ိဳ႕ဟင္းရြက္ေတြဆိုမည္းခ်င္ေနေသးတယ္။

("အစိမ္းေၾကာ္ေလအစ္ကို......")

လက္ဟန္ေျခဟန္ျပရင္းျပဴးေၾကာင္ေၾကာင္နဲ႕လာစိုက္ၾကည့္ေနတဲ႕သူေၾကာင့္မွိဳင္းညိွဳ႕တစ္ေယာက္အေတာ္ေလးစိတ္ေလသြားသည္။ အစိမ္းေၾကာ္ဆိုျပီးအက်က္ေၾကာ္ျဖစ္ေနပံုရတဲ႕ဒီဟင္းနဲ႕တကယ္ပဲထမင္းစားရေတာ့မွာလား။
ဟင့္အင္းေနာ္......မွိဳင္းညိွဳ႕ေရႊဘံုရဲ႕ဘဝမွာဒီလိုဟာမ်ိဳးကိုစားဖို႕မေျပာနဲ႕လက္ဖ်ားနဲ႕ေတာင္မထိဘူး။

("ရုပ္ေလးကဘာျဖစ္သြားတာလဲအစ္ကိုရဲ႕......")

ခပ္ျပံဳးျပံဳးေမးလာသူေၾကာင့္စိတ္မရွည္စြာနဲ႕စုတ္သပ္မိသည္။ အတူတူေနလာတာျဖင့္သံုးႏွစ္ေက်ာ္ေလးႏွစ္နီးပါးရွိေနျပီ......တစ္ခါမွဒါမ်ိဳးမျဖစ္ဖူးဘူး။ ဒီေန႕မွျမတ္သဝဏ္တို႕စိတ္ေတြဘယ္ေရာက္ေနလို႕အစိမ္းေၾကာ္ကအက်က္ေၾကာ္ျဖစ္သြားရတာလဲ။
ဟူး......ကိုယ္မွမခ်က္တတ္တာဆိုေတာ့လည္းၾကိတ္မွိတ္ျပီးစားရေတာ့မွာေပါ့။

မ်က္ႏွာေလးညိွဳးက်သြားတဲ႕အစ္ကိုေၾကာင့္သဝဏ္မွာဆက္မစနိုင္ေတာ့ဘဲဖြက္ထားသည့္ဟင္းပန္းကန္ေတြကိုယူေပးရေတာ့သည္။ ထိုအခါမွမ်က္လံုးအဝိုင္းသားေလးနဲ႕ၾကည့္လာတဲ႕အစ္ကို......။

"ဒါကဘာေတြလဲ......"

("ကြ်န္ေတာ္ခ်က္ထားတာေတြေလ......")

အေျဖေပးမိကာမွခပ္ဟဟျဖစ္သြားတဲ႕ႏွဳတ္ခမ္းေလး။ စိတ္ရွိတိုင္းသာဆိုထမင္းမစားဘဲအစ္ကိုႏွဳတ္ခမ္းေလးကိုပဲစားပစ္လိုက္ခ်င္ေတာ့တယ္။

"မင္းခ်က္ထားတာလား......"

အတူရွိခဲ႕တဲ႕ႏွစ္ေတြအကုန္လံုးဒီေကာင္ပဲခ်က္ေကြ်းလာတာကိုဗ်ာ......။

ေခါင္းအသာညိတ္ျပလိုက္ေတာ့ဟင္းပြဲေတြကိုအေသအခ်ာေလးလိုက္ၾကည့္ေနရွာတယ္။ ေျပာျပလိုက္ခ်င္ပါရဲ႕......ကေလးဆန္တာမၾကိဳက္တဲ႕အစ္ကိုကတစ္ခါတစ္ေလတကယ့္ကေလးနဲ႕တူေၾကာင္း။

"ဟင္းေတြကအမ်ားၾကီးပဲ......"

("အင္းေလ......အစ္ကိုပဲစားခ်င္တယ္ဆို...ဒါကျပည္ၾကီးငါးသုပ္...ဒါကငါးဖယ္သုပ္......ဒါကၾကက္သားလံုးေၾကာ္နဲ႕ပုစြန္ခ်ဥ္စပ္ဟင္းခ်ိဳ......")

"ဒီေန႕ငါသာအိမ္မွာရွိမေနရင္ေသခ်ာေပါက္ဆိုင္ကမွာတာလို႕ပဲေတြးမိမွာ......ျမတ္သဝဏ္ မင္းဆိုင္ဖြင့္စားပါလား......"

လက္မေလးေထာင္ျပကာခ်ီးမြမ္းခန္းဖြင့္ေနတဲ႕ခ်စ္ရသူေၾကာင့္ထိုသဝဏ္ရဲ႕တစ္ဖက္တည္းပါတဲ႕ပါးခ်ိဳင့္ေလးကလွစ္ခနဲ။ ခ်က္ထားတဲ႕ဟင္းေတြကိုယူစားေနတဲ႕အစ္ကို႕ကိုေငးရင္းသားကိုပါထမင္းခြံ႕ေကြ်းဖို႕ျပင္လိုက္သည္။ ပါးစပ္ေလးတျပင္ျပင္လုပ္ေနတဲ႕သားကေတာ္ေတာ္ေလးဗိုက္ဆာေနတဲ႕ပံုပင္။

"ဒယ္ဒီ့လက္ကးရာကဂြတ္ပဲသိလား......"

လက္မေလးေထာင္ကာေျပာလာျပန္တဲ႕သားေၾကာင့္သဝဏ္ခပ္ဖြဖြျပံဳးကာသားရဲ႕ေခါင္းေလးကိုခပ္ဖြဖြပြတ္ေပးလိုက္သည္။ ခ်စ္ဖို႕ေကာင္းတဲ႕အမုအက်င့္ေလးေတြကအစတူတဲ႕ဒီသားအဖႏွစ္ေယာက္ကိုခ်စ္လြန္းလို႕ဘယ္လိုလုပ္ရပါေတာ့မလဲ။

ျမတ္သဝဏ္ဆိုတဲ႕သူ႕လိုဘာပိုင္ဆိုင္မွဳမွမရွိတဲ႕သူရဲ႕ဘဝမွာဒီလူသားေလးႏွစ္ေယာက္ကသာအရာအားလံုးျဖစ္ေနေလျပီ။ သားကကြ်န္ေတာ့္သားမဟုတ္ေပမယ့္ သံေယာစဥ္ေတြနဲ႕ခ်ည္ေႏွာင္ထားတာမို႕ကြ်န္ေတာ့္သားပါပဲ။ ဟုတ္တယ္...မွိဳင္းခက္လြန္းယစ္ဆိုတဲ႕ကေလးကကြ်န္ေတာ့္ရဲ႕သား။
ျပီးေတာ့ မွိဳင္းညိွဳ႕ေရႊဘံုဆိုတဲ႕အစ္ကိုကကြ်နေတာ့္လက္တြဲေဖာ္ေပါ့။

ဟူး......ပိုင္ဆိုင္ခ်င္တယ္အစ္ကို......။
လက္ထပ္ထားတယ္လို႕သိၾကေပမယ့္လက္ထပ္စာခ်ဳပ္ေတာင္မရွိတဲ့ဘဝမွာဆက္မေနရရင္သိပ္ေကာင္းမွာပဲ။ ကေလးဆန္တယ္ထင္ရင္လည္းထင္ပါေစေတာ့ဗ်ာ......။ ကြ်န္ေတာ္အမ်ားၾကီးမလိုခ်င္ပါဘူး။ တစ္ခါေလာက္ေလးပဲ အစ္ကိုကကြ်န္ေတာ့္ရဲ႕တစ္ခုတည္းေသာပိုင္ဆိုင္မွဳေလးအျဖစ္လူတိုင္းကိုၾကြားလို႕မရဘူးလားဟင္။






#################################

ေနာက္က်သြားလို႕ေတာင္းပန္ပါတယ္ဗ်......မီးကပ်က္ေနေတာ့စာေရးဖို႕ဖုန္းအားကလည္းမရွိလို႕ပါ။ ကဲ......အခုေတာ့မရမကလာupေပးလိုက္ပါတယ္ေနာ္ဗ်။

Comment