ပိတောက်ကို မုန်း၍ တစ်ခက်တော့ ချိုးခဲ့၏။(S2)|စဆုံး

ပိတောက်ကို မုန်း၍
တစ်ခက်တော့ ချိုးခဲ့၏။ |စဆုံး

ရေးသူ • ဦးငယ်
******************************
အပိုင်း ၁

  မိုးလည်း ရွာသည်။ အိမ်ခြံထဲက
ပိတောက်တို့က ထိန်တောက်နေ
အောင် ဖူးဝေနေကြသည်။ တစ်ချိန်
တုန်းကတော့ ပိတောက်ဝေရင် သိပ်
ပျော်မိခဲ့သူက မှိုင်းဝေထက် အပျော်
ပိုလွန်းသူ ရှိခဲ့မည်မဟုတ်။

   " ဆရာ ဆရာ "
"ဟေ ဟေ ဘသေး ပြော"
"ဧည့်သည်ရောက်နေတယ်ဆရာ
ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားလိုက်ပါတယ်"

"ဟေ ဘယ်သူတဲ့တုန်း ဘသေးရ"

မိုးအေးအေးဖြင့် သောက်နေဆဲ စီးကရက်
ကို မီးသတ်လိုက်ကာ ဘသေးကို စိတ်ဝင်
တစား မေးမိသည်။

"ပိတောက်ဝေတဲ့ ဆရာ"
" ပိ တောက် ဝေ ဟုတ်လား"

    ပိတောက်ဝေ မလာမစဖူး အလာထူး
သည်။ အလျင်ဇောနှင့် အောက်ထပ်သို့
ဆင်းလာမိခဲ့သည်။ ကျောပေးလျက်သား
ဖြစ်နေလေသော တစ်ချိန်တုန်းက မှိုင်းဝေ
ချစ်ရလေသူ။

"ပိတောက်"
   ပိတောက် အံကြိတ်ထားသလိုပင်။
နာမည်ခေါ်ကာ မျက်နှာချင်းဆိုင်ထိုင်
တော့ ဒေါသမီးတွေ တောက်လောက်
နေသည့် ပိတောက်မျက်ဝန်းတွေ။

   "နင် လုပ်ရက်တယ်"
"ဟေ"
"နင်ဟာလေ သွေးအေးတဲ့ လူသတ်သမားပဲ"
"ဘာလို့လဲဟာ"
"ဘာလို့လဲ ဟုတ်လား နင် နင်လေ
သမီးကို နင် ရက်စက်ခဲ့တာ အခု
သမီး နင့်ကြောင့်နဲ့ သေတော့မယ်
နင် ငါ့သမီးလေးကို မသနားဘူးလား"

"ငါ့ကို အိုကြီးအိုမကောင် မုန်းဖ်ု့ကောင်းတဲ့ကောင်
ကလဲ့စားချေချင်တဲ့ကောင်လို့ နင့်အထင်နင့်အမြင်နဲ့
စွပ်စွဲပြီး နှင်ထုတ်ခဲ့တာလေ တစ်ခက်ဆီ မလာဖို့
နင်ပဲ အမိန့်ပေးခဲ့တာလေ အဲ့တာ ငါ့အမှား
လား ပိတောက်"

"ငတုံးကောင်"
"ဟုတ်တယ် ငါဟာ နင်နဲ့ ပတ်သတ်ရင်
သေတဲ့အထိ တုံးသွားမဲ့ကောင်ပဲ"
"ငါ ဘယ်လိုလုပ်မှ နင် ကျေနပ်မှာလဲ
နင် ငါ့သမီးကို ကယ်တင်ပေးပါ"

"နင် နေရာ မှား လာပြီ ပိတောက်
ငါ ဒေါက်တာမဟုတ်ဘူး သာမန်စီးပွားရေး
လုပ်ကိုင်သူတစ်ယောက်"

"မှိုင်းဝေ နင် နင်နော် ငါ့ရဲ့ သည်းခံနိုင်
တဲ့ အတိုင်းအတာကို မဆွနဲ့
အခုလိုက်ခဲ့ဟာ"

"ဖြူစင်တဲ့ကလေးကို ပေးခဲ့တဲ့
ဒဏ်ရာက ဒီလောက်ပြင်းထားတာတောင်
ထပ်ပြီး အနာတရဖြစ်စေရင် ငါ ကမ္ဘာ့အယုတ်မာ
နိုင်ဆုံး လူစာရင်းထဲမှာ ဗိုလ်ဆွဲသွားမှာပေါ့ဟ"

"အို မသိဘူး မသိဘူး နင် လိုက်ကို လိုက်ရမယ်
မလိုက်လို့ မဖြစ်ဘူး မှိုင်းဝေ ဒါ ငါ နင့်အပေါ်
ပေးတဲ့ နောက်ဆုံးအမိန့်ပဲ နင်မလိုက်ရင်
သမီးမသေခင် ငါ သေပစ်လိုက်မယ်"

"ငါလည်း လိုက်သေမယ်"
"မှိုင်းဝေ"

စူးနစ်နစ် အော်သံလေးက တိုက်ကြီးအတွင်း
လှိုင်တက်သွားလေသည်။

"အတည်ပါဟာ ငါ မလိုက်ချင်ဘူး
တစ်ခက်ကို ငါ ချစ်တယ် အေး ငါချစ်တဲ့
အချစ်ကိုလည်း နင် နားလည်မပေးနိုင်မှန်း
သိတယ် ဒါကြောင့် ငါ မလိုက်နိုင်ဘူး"

"ဟင် နင် နင် ဟင်း……
တောက်……"

"ကလင် ကလင် ……"

  မြည်လာသော ဖုန်းသံ။
"ဟဲလို ပြောပါခင်ဗျာ"
"သူဋ္ဌေး ကျုပ်ပါ ကျုပ် တောင်းပန်ပါတယ်ဗျာ
ကျုပ် မှားခဲ့တယ်ပဲ ထားပါ ကျုပ် ပိတောက်ကို
ချစ်မိခဲ့တာနဲ့ ခင်ဗျားဆီက လုယူသလို ဖြစ်ခဲ့
တယ် အခုဆို ခင်ဗျား ကျုပ်သမီးလေးကို ပြန်လု
ယူရင်တောင် ရှင်လျက်သာ လုယူပါ လိုက်လာခဲ့
ပေးပါ သူဋ္ဌေးရယ်……"

  " မောင်တောင် တောင်းပန်နေတာ
   နင် အခုထိ နားမလည်ပေးနိုင်သေးဘူးလား"

"တစ်ခက် နေပြန်ကောင်းသွားရင်
ငါ ထွက်သွားမယ်"

"နင် မိုက်ရိုင်းလှချည်လား"
"နင် နင်သမီးလေးအကြောင်း မသိဘူးလား
တစ်ခက်ဟာ ရိုးသားဖြူစင်တဲ့ မိန်းကလေးဖြစ်သလို
အစွဲလန်းကြီးလွန်းတဲ့သူဆိုတာ"

"မသိဘူး မှိုင်းဝေ အခုပဲ လိုက်ခဲ့ပါ"
"နေအုံး မပြန်သေးနဲ့အုံး ဘသေးရေ
ဟေ့ကောင် ဘသေး"

"လာ လာပြီဆရာ"
"သူ့ကို အိမ်ပြန်ပို့ပေးလိုက် ဟိုကပဲ
စောင့်နေလိုက် အပြန်မှ အတူပြန်လိုက်ခဲ့
ပိတောက် ဘသေးမောင်းပို့လိမ့်မယ်"

"နင် တကယ် လာမှာပါနော်"
"ငါ နင့်အမိန့်ကို ဘယ်တုန်းက
ဖီဆန်ဖူးခဲ့သလဲ ပိတောက်ရာ……"

  ပိတောက် ပြန်သွားခဲ့လေသည်။ တအောင့်
အကြာ မိုးပါ အရွာလျော့ပါးသွားလေသည်။
ခြံထဲက ပိတောက်ပန်းပွင့်တို့လည်း မိုးစက်သီး
လေးတို့နှင့် လှုပ်ချည်ရမ်းချည် ပျော်ရွှင်နေကြ
၏။

  သို့သော် ပိတောက်ကတော့……
        ပျော်နိုင်မည် မဟုတ်။
••••••••••••••••••••••••••••••••••••အပိုင်း ၂

  လွန်လေပြီးခဲ့သော အတိတ်။

    " ဟေး နင်က အသစ်ပြောင်းလာတဲ့
     ကျောင်းသားလား "
"ဟင်"

  ကြက်တောင်စည်းလေးနှင့် စုပ်လုံးချိုချည်
လေး ငုံကာ စတိုင်မိမိ မေးလာသော
မိန်းကလေး။

"အွန်း"
"နင်က စာတော်လား"
"ဟင့်အင်း"
"အော် ကောင်းတယ် ဒါဆို ငါနဲ့
ပြိုင်စရာ မလိုတော့ဘူး"
"ဟွန်"
"ငါ့နာမည် ပိတောက်ဝေ"
"ငါ့နာမည် မှိုင်းဝေ"

"ဟမ် ဘယ်လို"
"မှိုင်းဝေလို့"
"ဝေတွေပါတာ တူတယ်ပေါ့
ဝေနှစ်ဝေ"

"အွန်း"

     တွေ့စကတည်းက ချစ်စဖွယ်
ကောင်းလေသူ။

"ဟမ် ဟဲ့ မှိုင်းဝေ"
"အော ပိတောက်"
"နင်က စျေးလည်း ရောင်းတာလား"
"ပိတ်ရက်မို့လေဟ အဖေ့စျေးရောင်းကူ"
"နင့်အမေကော"
"အမေက သေပြီ"
"အို ဆောရီးဟာ လုပ်ထည့်ပေး အဲ့တာ
အဲ့တာ အဲ့တာတွေ"
"ဟာ လိုမှ ဝယ်ပါဟ"
"လျှာမရှည်နဲ့ ငါ့ပိုက်ဆံနဲ့ ငါဝယ်တာ
မေမေရေ မေမေရေ ဒါလေးဝယ်လိုက်ပြီ"

"ဘောစိမ"
"ထုလိုက်လို့ လုပ် ဟဲ့ အဆစ်လေးထည့်
အုံးလေ နင်ကလည်း ဒီလောက်အများကြီး
ဝယ်ထားတာကို"
"အေးပါဟာ အေးပါ"

   ပိတ်ရက် စျေးရောင်းသည့်အခါတွင်လည်း
တွေ့ရတတ်လေသူ။

"ပိတောက်ရေ ပိတောက်"
"အို သားလေး သားသူငယ်ချင်းဖျားနေတာ
ကျောင်းကအပြန် ဝင်လာတာလား"

"ဟုတ်တယ် ဒေါ်ဒေါ် လာမဲ့အပတ်ထဲ
လပတ်စာမေးပွဲရှိတယ်လေ အဲ့တာ
စာတွေ လာပြောပြမလို့ သား သူ့ထက်
အဆင့်ကျော်ရင် ပိတောက်က စိတ်ဆိုးလို့လေ"

"ဟောကြည့် တယ်အနိုင်ကျင့်တဲ့ မိပိတောက်"
"သား ဝင်လာလို့ ရမလားဗျ"
"အို ရတာပေါ့ကွယ် လာ လာ"

    အိမ်ထဲလိုက်ဝင်သည့်အခါ ဖိနပ်စုတ်
လေးက နုရွဖုကြွနေသော ကြွေပြားလေး
တွေပေါ် မျက်နှာငယ်စွာ ချန်ထားရစ်ခံခဲ့
ရလေသည်။ ပေကျံလုလု ခြေနှင့် မရဲတရဲ
နင်းရင်း မင်းသမီးနန်းဆောင်လေးပမာ ခမ်းနား
သော အိပ်ခန်းတံခါးဖွင့်ဝင်စဉ် လဲအိပ်နေသော
ပိတောက်ဝေ။

"ဟင် အဲ့လောက်တောင် ဖြစ်နေတာလား
ဒေါ်ဒေါ် ဘယ် ဘယ်လိုဖြစ်တာလဲ"

"ဟဲ့ မသာ အော် နင်ဟာလေ
အလိုက်ကန်းဆိုးကို မသိဘူး၊
ရောက်တာနဲ့ နားငြီးရပြီ"

"ဟယ် ကြည့် ဒီကောင်မလေး
ကိုယ့်သူငယ်ချင်းကို အဲ့လို ပြောရသလား
အတော်ရိုင်းနေနော် ဟင်း ဟင်း"

"ရပါတယ် ဒေါ်ဒေါ် ကျောင်းလည်း
ဒီလို ပယ်ပယ်နယ်နယ် ဆဲခံနေကြပါ
ဟိုလကတောင် အဆင့်တူလို့ တစ်လလုံး
ထိုင်ဆဲနေတာ"

"မှိုင်းဝေ နင် ဘာလာလုပ်တာလဲ
အမေ့ကို ကုန်းချောဖို့ လာတာလား
ငါ ထုထည့်လိုက်ရနော်"

"ဒီကောင်မလေး ပြောလေကဲလေ
ညည်း ဖေဖေလာမှ တိုင်အုံးမယ်
ကဲ သား နေခဲ့အုံးနော်
သမီး သတ်မနေကြနဲ့အုံး"

"အွန်းပါ"

      ပိတောက်မေမေ ထွက်သွားသည့်အခါ
မှိုင်းဝေ စာအုပ်လေးတွေကို ထုတ်လိုက်မိ
သည်။ လက်ရေးလှလွန်းသော စာတွေကို
မြင်သည့်အခါ ပိတောက်မကြည်သလို ကြည့်
သည်။ ယောက်ျားလေးတန်မဲ့ လက်ရေးလှ
လွန်းသည်ကို ပိတောက်မကြိုက်။

"စာ စာလာပြောပြတာ ငါ အဆဲမခံချင်လို့"
"ပေးခဲ့ ပြီးရင် ပြန်"
"အေး အေး ဒီမှာ ထားခဲ့မယ်နော်"

"ဟယ် ဟဲ့ တကယ်ပြန် အော် ကောင်စုတ်"

      နှင်သလို ထ ပြန်မိခဲ့သည်။ ရွှေဘုံနန်း
ထက် ဆင်းရဲသား၏ ခြေရာတွေကြောင့် ညစ်
ပေကုန်မည်ကို စိုးသောကြောင့်။

******************************အပိုင်း ၃

       လှမ်းသာ လှမ်းနေရသော်လည်း
မဝံ့ရဲမိ။ တစ်ခက်မိဘတွေကို ဧည့်ခန်း
မှာ နှုတ်ဆက်ခဲ့ပြီးနောက် တစ်ခက်ရှိရာ
အခန်းလေးထဲ ဝင်လာမိခဲ့လေသည်။

  " အို ကလေးရယ် ဖြစ်ရလေ "
     ပိန်လှီနေလေသော ကောင်မလေး။
မိခင်၏ ငယ်ရည်းစားကို ချစ်မိ၍ ချစ်ပူ
မိရလေသော အဖြူရောင် ရင်ခုန်သံနှင့်
ကောင်မလေး။ တစ်ခက်ဝေ။

"အဟွတ် ဟွတ် အဟွတ်"
"ဟင် တစ်ခက် ရရဲ့လား"
"ဟွန် ဟင်း ဟင်း……"
    အသက်ကို ပြင်းစွာ ရှူနေလေသူ။ မြင်မြင်
ချင်း ချစ်ခဲ့မိကြသော်လည်း ကွာဟလွန်းသော
အသက်အရွယ်  တည်ရှိခဲ့ဖူးသော အမုန်းအတိတ်
ကြောင့် ဝေးကွာခဲ့ရသည့်သူနှစ်ဦး။ လပေါင်းကြာချေတော့
မြင်ရသည်က ရင်မချိစရာ။

"ဦး အနားမှာ ရှိပါတယ်ကွာ
မဖြစ်ဘူး ဦး ကလေးကို ခေါ်သွားမယ်
ဦး အနားမှာ နေပြီ ပြုစုမယ်"

"ဘာပြောလိုက်တယ် မှိုင်းဝေ
မရဘူးနော် မရပါဘူးနော်"

"ဝေ အဲ့လို မပြောနဲ့လေကွယ်
ဟို သူဋ္ဌေး စိတ်ထဲ မထားပါနဲ့နော်
လာ လာစမ်းပါ ဝေရာ အေးဆေးသက်သာ
နေကြပါစေ"

  ဝေ တဲ့။ ပိတောက်ချစ်သော မောင်ဆိုသည့်
လူကား စိတ်သဘောပြည့်ဝလွန်းသည်။ ရိုးသား
သည်။

" ဦး"
"ဟေ ဟေ ကလေး သတိရလာပြီလား
ဦး အနားမှာ ရှိတယ်ကွယ်နော်"

   လက်ဖြင့် အသာပွေ့ချီပိုက်ကာ ရင်ခွင်ထဲ
ထွေးပိုက်ထားမိလိုက်လေသည်။

"ဦး"
"ဦး ရှိပါတယ်ကွ နော် ဘာမှ မပူနဲ့
ကလေး နေပြန်ကောင်းလာအောင်သာနေနော်"

   သေးသွယ်ခြောက်ကပ်နေသော လက်ကလေး
ကို ဖိဆုပ်ကိုင်ကာ ပြောနေမိသည်။

"ဘသေးရေ ဘသေး"
"ဗျာ ဆရာ ရှိပါတယ်"
"ရော့ ဒီဖုန်းကနေ အန်ကယ်ဟိန်းကို
ဖုန်းခေါ်လိုက် ဆေးကုသဖို့အကြောင်းကို ပြောလိုက်"

"ဘယ်လိုပြောရမလဲ ဆရာ"
"အန်ကယ်ဟိန်းရှိရာ လာခဲ့မယ်လို့
တသီးတသန့်အနေနဲ့ အိမ်မှာ
လာနေပြီး ကုသမယ်လို့ ပြော ကြားလား"

"ဟုတ်ကဲ့ ဆရာ"

ဘသေးကို မှာနေချိန် ရင်ခွင်ထဲတွင်
တစ်ခက်ကလေး အသက်ငွေ့ငွေ့ရှူ
ကာ အိပ်မောကျသွားရှာသည်။

   အသာအယာ ပွေ့ချပြီးနောက် အခန်းထဲက
ထွက်လာမိသည့်အခါ ပြတင်းတံခါးအနား
လမ်းလျှောက်နေလေသော လူ။

"ဦးမောင်"
"အော သူဋ္ဌေး သမီးအခြေအနေက"
"မပူပါနဲ့ ဦးမောင် ကျုပ်တာဝန်ယူပါ့မယ်
ဟို ဆိုလိုတာက နေ နေပြန်ကောင်းဖို့အထိပါ"

"တစ်သက်တာ ဘာလို့ တာဝန်မယူ
ချင်တာလဲ သူဋ္ဌေးရယ်"
"ခင်ဗျာ"
"သမီးလေးကို ကျုပ်သေလောက်အောင်
ချစ်ရတဲ့သူပါ၊ ချစ်ခင်လွန်းစွာ သွန်သင်ဆုံးမ
ကျွေးမွေးခဲ့ရတဲ့သူပါ အခုလို သမီးလေး
ဖြစ်တော့ ကျုပ် သေလောက်အောင် ခံစား
ရတယ်"

"မျက်ရည်ကျလေသလား ဦးမောင်
ကျုပ်ကိုကော သွေးအေးတဲ့လူလို့
ထင်နေသလား ခွင့်လွှတ်ပါ မဆိုချင်ပါဘူး
ပိတောက်ကို မချစ်တော့ပေမဲ့ အသားကျ
ခဲ့တဲ့ နာခံတတ်တဲ့အကျင့်ကိုတော့
ပြင်မရခဲ့ဘူး ဦးမောင်"

"ကျုပ်မှာသာ အပြစ်ရှိတာပါ သူဋ္ဌေးရယ်
ကျုပ်ကိုသာ ဒဏ်ခတ်ပါ အကယ်လို့
ဝေ ဝေနဲ့ ကျုပ် ကွာရှင်းပေးရမယ်ဆိုရင်တောင်
ကျုပ် ပေးဆပ်ပါ့မယ်"

"အလို ခင်ဗျားစကားက ဘာသဘောလဲ
ကျုပ်ကို မိုက်သထက် မိုက်မဲ့သူလို့
ထင်လေသလား စိတ်အေးအေးထားပါ
နောက်မှ ကျုပ်ရှင်းပြပါ့မယ် ခဏနေဆိုလည်း
ကားလာပါမယ် ကျုပ် တစ်ခက်ကို ခေါ်သွား
မယ် ပိတောက်ကိုလည်း နားလည်အောင်
ပြောပြပေးပါ တစ်ခက်ကို ကျုပ် ချစ်ပါတယ်
မသင့်တော်ဘူးပဲ ထင်မိတာပါ နောက်ပြီး
ကျုပ် ပိတောက်ကို မချစ်ခဲ့တာ ကြာခဲ့ပြီ"

   ထိုစကား။ ကြားလိုက်မိသော ထိုစကား။
ခေါင်းလေး ပင့်ကြည့်ကာ နားစွင့်မိခိုက်ကြား
လိုက်ရသည်နှင့် တစ်ဦးပျော်ကာ တစ်ဦးက
တော့……၊
     ကြေကွဲစွာနှင့်။

******************************အပိုင်း ၄

   တစ်ပတ်ခန့်အကြာ။

"အန်ကယ်ဟိန်း ကျေးဇူးပါ"
"ရပါတယ်ကွာ ဒါနဲ့ ကောင်မလေးက
တူတော်မောင်နဲ့ လိုက်ဖက်လွန်းတယ်နော်
လှလည်းလှ"

  "ဟာ တိုးတိုးပြောပါ အန်ကယ်ဟိန်းကလည်း
   ကိုယ့်တူအသက်ကိုလည်း ကြည့်အုံး
  အိုလှပြီ"

"ဟာ ဂဏန်းတစ်ခုကို ဘာထည့်စဉ်းစား
နေသလဲ ပေးမဲ့ကမ်းမဲ့သူလည်း မရှိတဲ့
မင်းအတွက် မျိုးဆက်ချန်ရမယ် ငါ့တူ"

"ကောင်းပါပြီဗျာ ဒီဆေးပုလင်းကုန်ရင်
တော့ ပြန်ခေါ်သွားတော့မယ်နော်"
"အေး ရပြီ ဘာဖြစ်ဖြစ်လိုရင် လာဟေနော်
ဒါနဲ့ မင်း အန်တီလေးတော့ အတော်မျှော်
နေတယ်ကွ ဝင်လည်ပါအုံးလား"

"နောက်မှပါ နော့"
"အေးကောင်းပြီ ဆေးရုံပြေးအုံးမယ် "

  အန်ကယ်ဟိန်း သွားလေသည့်အခါ အိပ်ရာ
ထက် ငုတ်တုပ်လေးထိုင်ဖို့ ကြိုးစားနေသော
တစ်ခက်ဝေ။
"တစ်ခက်"

သတိကောင်းကောင်းရလာသည်မှာ
သုံး လေးရက် ရှိပြီ ဖြစ်သော်လည်း
လူကို စကားပြန်မပြော။ နှုတ်ဆိတ်
နေသည်။
"တစ်ခက် ဘာလို့လဲကွယ် ဦးကို
စိတ်ဆိုးနေလေသလား"

    မျက်နှာချင်းကပ်လုလု တိုးကပ်စွာ
မေးသည့်တိုင် အဝေးကို ငေးလျက်
တွေးနေသလိုပင်။

"ဘာကို အလိုမကျလဲ ပြောလေ တစ်ခက်"
"ဦး"
"ဟေ ဟေ"
"ထွက်သွားပါ"
"ဟွန်"
"တစ်ခက်ကို ထားခဲ့ပါ"
"ဟေ ဟို အွန်း"

" တကယ်ထားသွားအုံးမလို့လားဟင် ဦး"

  လက်ကလေးကို လာကိုင်ကာ မျက်ရည်
စမ်းစမ်းဖြင့် မေးနေလေသူ။ တစ်ခက်ဝေ။
တဖြည်းဖြည်း မျက်ရည်ကြည်လေးတို့
လိမ့်ဆင်းကျလာသည့်အခါ ချစ်ရသူကို ထွေး
ပွေ့လိုက်မိသည်။

"ဦးကို တစ်ခက် သိပ်မုန်းတယ်
သစ်စိမ်းချိုး ချိုးရက်တယ်
တစ်ခက် ဦးကို ဘယ်လောက်ချစ်သလဲ
ဦးမှ မသိခဲ့တာ အဟင့် အဟင့် ဟင့်"

"အိုကွယ် တိတ်ပါ ကလေးရယ်
ဦး မထားခဲ့တော့ပါဘူး
တစ်ခက်မေမေနဲ့ စစ်တလင်းခင်းရခင်းရ
တိုက်ပွဲဝင်သွားပါ့မယ်"

"ဟင့်အင်း တစ်ခက် ပျော်သလို
နေတော့မယ်၊ ဦးဟာ ဘယ်လိုဖြစ်ဖြစ်
မေမေ့စကားကို မြေဝယ်မကျနားထောင်အုံးမယ်
ဆိုတာ မပြောသော်လည်း သိနေပါတယ်"

"တစ်ခက်ရယ်"
"အို မနမ်းလိုက်ပါနဲ့ ဦးအနမ်းတွေက
တစ်ခက်ဘဝ သေရာပါအောင်ဆွဲထင်
သွားမှာစိုးတယ်"

"ကောင်းပါပြီ တစ်ခက် မနှစ်မြို့ရင်
ဦး မနမ်းဝံ့ပါဘူး"

   နွမ်းလျသော စိတ်က ရွှင်ပြသော
စိတ်ကို ထိုးနှက် ရိုက်ချိုးလိုက်သည့်
အခါ ဦးမှိုင်းဝေ ချစ်ရသူအနားက
ထလာမိသည်။ သို့သော်လည်း ……၊

"အလို ကလေးရယ်"
    ကျောပြင်အပ် ငိုကြွေးကာ ခါးကနေ
တင်းအောင် ပွေ့ဖက်ထားလေသော သူ။
တစ်ခက်ဝေ။

"ဦးဟာ သွေးအေးရက်စက်နိုင်လွန်းတယ်"
"ဟင့်အင်း အထင်နဲ့ မစွပ်စွဲလိုက်ပါနဲ့
အမှန်တော့ ဦး အဖြစ်က ပိတောက်ကို မုန်း
လို့ တစ်ခက်ချိုးမိခဲ့တဲ့အဖြစ်ပါ ဒါပေမဲ့
ချိုးဖဲ့ခဲ့ခြင်းမှာ ချစ်၍သာ ခူးချိုးခဲ့ခြင်းပါကွယ်"

"တစ်ခက် ဦးကို အရာရာ နားလည်ပေးချင်တယ်"
"တစ်ခက်သဘောပါ ဦး နှလုံးသားကတော့
ဒဏ်ရာတွေ တရစပ် ပေါက်ဖွားနေတော့
ထပ်မချစ်လိုတော့ဘူး"

"ဦးကို တစ်ခက် ပိုင်ဆိုင်ချင်တယ်"
"ဦးတို့ လက်ထက်ကြမယ်လေ"

  အနောက်ကို လှည့်၍ ပွေ့ဖက်ကာ
ပိုက်တန်းလန်းဖြစ်နေသော လူနာ
လေးကို ထွေ့ပွေ့လျက် ခုတင်ထက်
တင်လိုက်မိလေသည်။

"အို ကြောက်တယ်"
ငြင်းဆန်ခွင့် မရှိနိုင်တော့။ အလွမ်းပြေ
အနမ်းတွေက တစ်ခက်နှုတ်ခမ်းလေး
တွေပေါ် ယိုဖိတ်ပွင့်အန်ကျနေလေပြီ။

"ဒေါက် ဒေါက်……"

"ဟော ကားရောက်ပြီ လာ"
"အဟွင့်"
"ချစ်တယ် ကလေးရယ်……"
"အို……"
  ပွေ့ချီရင်း နမ်းနေလေသော ဦးအနမ်းတွေ
ကို တစ်ခက်ဝေ တစ်သက်စာ စွဲလန်းတသ
ဖြစ်မိစေဖို့ ခံစားမွေ့မူးနေမိတော့သည်။

*****************************အပိုင်း ၅

      လေက တသုန်သုန်တိုက်ခတ်
နေသည်။ နွေပင် ရောက်လင့်ကစား
အေးစက်မှုတို့ဖြင့် ဥတုက ကလီစယ်
ပြနေသည်။

"အေးတယ် တစ်ခက်ရ လာ အထဲဝင်စို့"
"ဟင့်အင်း ဒီမှာ နေချင်သေးတယ် ဦးနဲ့လည်း
စကားတွေ ပြောချင်သေးတယ်"

"အွန်း"

       စောင်အပါးလေးကို တစ်ခက်ပေါ်
လွှားပေးကာ အနားကို ကပ်ထိုင်လာလေ
သည်။ ညလေအောက် လေညင်းခံရင်း
ကြယ်ပေါင်းစုံကို မော့ကြည့်နေမိကြသည်။

"မေမေ ဘာလို့ ဦးကို ထားခဲ့တာလဲဟင်"
"ဟေ"
"မဖြေချင်ဘူးမလား ဦး"
"ပိတောက် ကလေးကို ပြောမပြဘူးလား"
"မေမေက ဦးနဲ့ပတ်သတ်တာ
နည်းနည်းပြောမိရင်ကို လိပ်ပြာမလုံသလို
မျက်နှာက သိပ်သိသာစေတယ်"

  "တစ်ခက်ဖိုးဖိုးကြောင်းပေါ့ အဲ့ဒီနေ့တုန်းက……"

  မိုးတွေက သည်းသည်းမည်းမည်း
ရွာနေလေသည်။

"ခြေကျင်ပြန်မယ်ဟာ လာ"
"ဟာ ခဏပဲစောင့်ပါ ပိတောက်ရာ
မိုးက အတော်ရွာနေတာဟ"

"အဖေပြန်ရောက်နေတယ် မှိုင်းဝေရ
အဖေ စိတ်ပူနေလိမ့်မယ်"

" ခက်တာပဲ ကားကလည်း ဒီနားမှ
ပျက်ရတယ်လို့ ဖုန်းအားကလည်း
ကုန်နေပြီ"

   ပိတောက် စိတ်ပူလွန်မိသည်။ ငယ်ကတည်း
က အပေါင်းအသင်းမို့ မေမေက သဘောထား
ပြည့်စွာ နားလည်နိုင်သော်ငြား အဖေကတော့
ထိုသို့နားမလည်နိုင်။ ငွေကိုသာ မြင်သည်။
မှိုင်းဝေဟာ ချောသလို ယောက်ျားပီသသော
စိတ်ဓာတ်ရှိသည်။ တစ်ခုသာ။ မှိုင်းဝေဟာ
ငွေကြေးချို့တဲ့သူ။

"ဘာဖြစ်လို့လဲဟာ ငါနဲ့အတူရှိနေရလို့လား"
"မှိုင်းဝေ နင် ဘာလို့ အနားကပ်လာတာလဲ
ငါ ပါးချမှာနော်"

"ငါ ဘာမှမလုပ်ပါဘူး ကြည့်ရုံ
စနောက်ကြည့်တာ နင်ကလည်းဟာ"

"နင် ငါ့ကို ကြိုက်နေတယ်ဆို"
"မှုံနံ့သာတို့ ပြောလေသလား"
"မပြောလည်း သိသာနေတာ"
"ဝေနှစ်ဝေအချစ်ကို တစ်ကျောင်းလုံးသိ
တစ်ကမ္ဘာလုံးတောင် သိနေလောက်ပြီပဲဟာ"

"ဒါပေမဲ့ နင်က ငါ့အိမ်က ဒရိုင်ဘာလေ"
"အဲ့ဒီတော့ မဖြစ်သင့်ဘူးဆိုပါတော့"
"နင် နားလည်မှာပေါ့"

"နားလည်ပါတယ် နင်ပေးကမ်းတာနဲ့
ငါ ပညာသင်ဖို့ အခွင့်ရခဲ့တာပဲ
စိတ်ချပါ နင်စေရာကို နာခံစံစားမဲ့သူပါ"

"အမလေး ဖြစ်ရလေ"
"နင် ခဏစောင့် မိုးက သည်းအုံးမယ်ထင်တယ်
ရှေ့နားလောက်ကို ငါ ပြေးသွားရှာကြည့်အုံးမယ်
ဝပ်ရှော့ဆိုင်လေးဘာညာ"

"ဟင် ငါ တစ်ယောက်ထဲ"
"ဒါဆိုအတူလိုက်ခဲ့လေ မိုးရေတွေထဲ
နှစ်ကိုယ်သား "

"ကောင်စုတ် သေတောင် မလိုက်ဘူး သွား
မြန်မြန်သွား မြန်မြန်ပြန်လာ"

"မျှော်နေနော်"
"ခွေးကောင်"
"နင်ဟာလေ"

  မိုးရွာထဲ ပြေးထွက်သွားလေသူ။ အချိန်တစ်ခု
ကြာသည်အထိ စောင့်နေပြီးနောက် ကားမှန်
တံခါးကို ခေါက်လာသော လူအချို့။ ဂျလေဘီ
လူမိုက်အချို့ပင်။

"ခလွမ်း ခလွမ်း"

  ကားမှန်တံခါးကို ခွဲလိုက်၍ ပိတောက်
လန့်တုန်ကြောက်သွားရသည်။

"အို လူယုတ်မာတွေ ရှင်တို့နော် ရှင်တို့"

    ရသမျှ ပစ္စည်း အကုန်ယူယုံမက
လူကိုပါ စော်ကားဖို့ ကျန်နေကြလေ
ပြီ။ ခေါင်းတွေ မူးဝေ နောက်ချိလာ
သည်အထိ။ ကြောက်စရာ။

"ဟေ့ကောင်တွေ ရပ်စမ်း"
"ဖေဖေ အဟင့် ဖေဖေ"

"ဖြောင်း"
"ခွပ်"
"အွတ်"
"ဒုတ်"

" ဟင် ဟင့်အင်း ဖေဖေ ဖေဖေ "
  ရိုက်နှက်ကာ ပြေးသွားရုံမက မည်း
မှောင်နေသော မိုးမှောင်ရိပ်မှာပင် မြင်
နေရလေသော သွေးစက်တို့။

"ပိတောက် ပိတောက် ဟင် အန်ကယ်"
"ဖယ် ငါ့အဖေအသားကို မထိနဲ့"
"ဟို ဟို ဖုန်း ဖုန်း"

    မှိုင်းဝေ ဖုန်းကို ရှာဖွေကာ အရေးပေါ်
အကြောင်းကြားရန် ပြင်မိသည်။ ဖုန်းလည်း
မရှိ။ ထို့ကြောင့် ထမ်း မ ကာ ပိတောက်
ကိုပါ ခေါ်လျက် ဆေးရုံသို့ မောင်းနှင် ခဲ့ရ
လေသည်။ ပိတောက်၏ ဆဲဆူအော်သံတို့
က ကားလမ်းတစ်လျှောက် မှိုင်းဝေ နားကို
မှိုင်းတိုက်နေသည့်အလား။

    " အဖေ တစ်ခုခုဖြစ်တာနဲ့
   အဲ့တာ နင့်ကြောင့်လို့ပဲ သတ်မှတ်မယ်"
"ပိတောက်ရယ်"

    ဆေးရုံအရောက် ထမ်းသယ်ပို့နိုင်ခဲ့
သော်လည်း ကံကြမ္မာက မျက်နှာသာ
မပေးခဲ့။

"ဖြန်း ဖြန်း ဖြန်း"

ရိုက်ချလာသော ပိတောက်၏ ဒဏ်ခတ်
ရိုက်ချက်တွေ။ ကြက်သေသေကာ အရိုက်
ခံနေမိသူ မှိုင်းဝေ။ ဟုတ်လေသည်။ သည်
နေ့ ဖြစ်ရပ်ကတဆင့် ဆေးကုရင်း တွေ့ရှိ
ခဲ့ရသော အန်ကယ့်ရောဂါ။ သွေးကင်ဆာ။
ပိတောက်ဟာ ဖြစ်လင့်နေခဲ့သော ရောဂါ
ကို မှိုင်းဝေကြောင့်ဆိုကာ ကိုယ်အနှံ့ရိုက်
နှက်လျက် ဆူဆဲနေလေရဲ့။

"နင်ထွက်သွားရမယ် ထွက်သွား
အေး ငါရှိရာကို ဘယ်တော့မှ မလာနဲ့"

"အေးပါဟာ ……"

   ထွက်ခွာလာမိခဲ့သည်။ ထို့ကြောင့်လည်း
ပိတောက် ပို၍ မုန်းခဲ့ရှာသည် ထင်၏။

"ဦးဟာ သိပ်တုံးခဲ့တာပေါ့လေ"
"အန်ကယ် မသေခင်လေး တွေ့ချင်တယ်
ဆိုပြီး ဒေါ်ဒေါ်နဲ့ တွေ့တော့ ပြောတာနဲ့
တစ်ခက်မေမေ မရှိတုန်း သွားခဲ့သေးတယ်
အန်ကယ်က ခွင့်လွှတ်ရှာပါတယ် အဲ့နောက်
မကြာလိုက်ဘူး ဦးလည်း ကျောင်းပြီးလို့
တစ်ဖက်နိုင်ငံ သွားခဲ့တယ် အမေ့ဘက်က
ဆွေမျိုးတွေနဲ့ ပြန်ဆုံတော့ ပြန်ကောင်းစား
သွားတယ်"

"ဟင်"
"အဖေက သာမညလေ အမေက
မင်းသမီးလေး ဦးကို မွေးပြီး ဆုံးသွားတော့
မိဘတွေက တောက်လျှောက်ရှာခဲ့တာ
နောက်ဆုံး အဖေမသေခင်ပေးသွားတဲ့
အမေ့ပစ္စည်းလေးကြောင့် အခု တစ်ခက်ကို
ကုသပေးလိုက်တဲ့ဒေါက်တာ အန်ကယ်ဟိန်း
တို့က ပြန်ခေါ်ကျွေးမွေးတာ"

"ကံကြမ္မာကလည်းနော်"
"တစ်ခက်"
"ဟွန်"
"ဦးတို့ မချစ်ပဲ နေကြရအောင်လားကွယ်"
"ဦးကလည်း သွား မချစ်ချင် အခု
ညတွင်းချင်း မေမေတို့ဆီ ပြန်ပို့"

"မပို့ပါဘူး နေမှ မကောင်းသေးတာ
စတာ နက်ဖြန် ဦး လုပ်ငန်းကိစ္စနဲ့
ကိုရီးယားကို သွားရမယ် တစ်ပတ်
လောက်ကြာမယ် အဲ့အပြန်ဆို တစ်ခက်
လည်း ကျောင်းပြန်ရမှာနဲ့ဆိုတော့
ကွက်တိပဲလေ"

"ရက်စက်ပြန်ပြီ"
"ကလေးရယ်……"
"ဟာ မနမ်းပါနဲ့ဆို"

    အနမ်းခံဖို့ ငြင်းပယ်ခဲ့မိသော
တစ်ခက်ဝေ။ ထိုအနမ်းဟာ နှုတ်
ဆက်အနမ်းမှန်း မသိလေခဲ့။

"ဟုတ်ပါပြီ နက်ဖြန် အန်ကန်ဟိန်းက
သားစေးကို လွှတ်လိုက်မယ် ပြောတယ်
ဒီကောင်လေးက ဦးရဲ့ မွေးစားသား
အွန်း အန်ကယ်ဟိန်းရဲ့ သားကြီးလေ"

"ဟင့်အင်း မသိချင်ဘူး တစ်ခုပဲ
နက်ဖြန် ဦး သွားတော့မှာဆို ဒီနေရာမှာ
ဖြစ်ဖြစ် ဦးရင်ခွင်ထဲမှာ အိပ်စက်ချင်မိတယ်"

"မဖြစ်သင့်တာကွယ်"
"ဟုတ်ပါ"
"စိတ်ဆိုးသွားတာလား"
"ဟင့်အင်း"
"လာ ဒါဆို အိပ်ရာဝင်တော့
ှီုဦးလည်း ခရီးကြောင့် နားမှ ဖြစ်တော့မယ်"

"အို အို ဦး ယိုင်သွားတယ်"
"အေး အေး ရတယ် ကလေး
သွား သွား ဝင်တော့ အိပ်ပျက်တာ
နည်းနည်းများလို့ပါ"

"ဟုတ်"

  အခန်းတံခါးကို ဖွင့်ဝင်ကာ အခန်းဆီ
ယိုင်နဲ့နဲ့သွားနေသော ဦး ကျောပြင်ကို
တံခါးလေး အသာဟကာ ငေးကြည့်နေ
မိသည်။ ထိုလူသားကြီးကို တစ်ခက် ပိုင်ဆိုင်
ချင်မိပြီ။

*****************************အပိုင်း ၆

       နှုတ်ဆက်အနမ်းတစ်ပွင့်ကို နမ်းမိချိန်
ချစ်ရသူကား အိပ်မက်ကမ္ဘာဝယ် ရွက်လွင့်
နေမည် ထင်၏။

  "ဟဲလို"
"ပါပါး သားကို အတည်ပြောနေတာလား"
"မင်းကို ပါပါး အကုန်ပြောထားတယ်မလား
မင်း လက်ခံနိုင်ရင် မင်းကြိုးစားပေါ့"

" ပါပါးကိုပြောသားပဲ သား မြင်မြင်ချင်း
ချစ်သွားတာပါဆို ဒါပေမဲ့ နိုင်ငံခြား
ရောက်နေလို့ သူ ဒယ်ဒီဆီ လာတုန်း
မဆုံလိုက်ရတာ နာတယ်"

"အေးပါ အိမ်မှာ ရှိမယ် ပါပါးတော့
အခု ခရီးသွားပြီ"
"လေယာဉ်ပေါ်မှာလား"
"မဟုတ်ဘူး တက်တော့မှာ"
"အိုကေ ပါပါး သားက အခု လမ်းမှာ"
"ကံကောင်းပါစေ"

      ဦးမှိုင်းဝေဟူသော တစ်ချိန်က လူတစ်ယောက်
ကား တန်ခူးဆိုသော နာမည်သစ်ဖြင့် တန်ခူး
မတိုင်မီ ချစ်ရသူအနားက ထွက်ခွာရပြန်လေပြီ။
လေယာဉ်ထွက်မည်ဆိုတော့ အနောက်ကို တစ်
ချက်လှည့်ကြည့်လျက် ထွက်သွားခဲ့မိတော့သည်။
ထိုခရီးကား တစ်ခဏကြာနိုင်သလို တစ်သက်လည်း
ကြာသွားနိုင်သည်။

   ထွက်သွားသူက ထွက်သွားပြီးနောက်
ကျန်ရစ်သူခမြာလည်း ကြေကွဲလျက်။

"မခက်ရေ မခက်"
     အိမ်ဖော်မလေး အခန်းထဲ ပြေးဝင်လာ
သည့်အခါ မှန်တင်ခုံရှေ့ ဦးနမ်းသွားသည့်
နှုတ်ခမ်းလေးကို ထိကိုင်မိနေဆဲပင်။

"ပြောလေကွယ်"
"ဆရာ့ သား ရောက်ပြီ"
"အို အဲ့တာ တစ်ခက်နဲ့ ဘာဆိုင်သလဲ
ကိုဘသေးကို ခေါ်ပေးနော် တစ်ခက်
မေမေတို့ဆီ ပြန်မယ်"

"ရှင်"
"ကျွန်မ ပြောတာ နားမရှင်းလို့လား"
"ဟွန် မဟုတ်ပါဘူးရှင့်"

   ပြောပြီးသည်နှင့် တစ်ခက် မှန်ကြည့်ကာ
ခေါင်းကို ဖြီးနေလိုက်သည်။

"ဒေါက် ဒေါက်……"

" ကိုဘသေး တစ်ခက်ပြန်မယ်နော်
အခုပဲ  အို ရှင်က…"

"မင်္ဂလာပါဆရာမ ပြန်လို့မရသေးပါဘူးဗျ
ကျွန်တော် ဒေါက်တာပါ"

"ဟို ဦး ပြောထားသူလား"
"ဟုတ် ဒယ်ဒီလာဖို့ရာပါ အချိန်ဇယားပြည့်
နေတာနဲ့ ကျွန်တော် နားရက်ကြုံတာနဲ့
အစားလာပေးတာ ဒီမှာပဲ နေပါအုံးဗျ"

" ရှင် ဒါက ဟို"
"ကားဆရာကို ခေါ်ခိုင်းလိုက်လေဗျ
တစ်ခက်ဝေ မိဘတွေကို တွေ့ချင်ရင်"

"ဟင့်အင်း နေပါစေတော့"
"ပြန်ရမှာပါ ပါပါးကလည်း ဖုန်းဆက်
မှာထားလို့ပါ တော်ကြာ နေမကောင်း
ပြန်ဖြစ်နေမှာစိုးလို့"

"ဟုတ်"
"ခွင့်ပြုအုံးဗျ"
"ကောင်းပါပြီ"

  ဟူး……၊
  လေပြေတစ်ချက်မှုတ်ကာ အိပ်ခန်းဆီ
ဝင်လာခဲ့ရသော သက်တန့်စေး။ အိပ်
ရာပေါ် လှဲချကာ မြင်ချင်မိခဲ့သော ပါပါး
ချစ်ရသူကို တွေ့မိသည့်အခါ နိမ့်ချည်မြင့်ချည်
ဖိုလှိုက်တက်နေသော ရင်ဘက်။

"လှလိုက်တာဗျာ နတ်သမီးလေးကြနေတာ
ဖြူစင်တဲ့ မျက်ဝန်းတွေက အသက်"

  တွေးလေ ရွှေရင်ဖိုလေလေ ဆိုလေမလား။
ပါပါးဆီက လုယူဖို့ ပြင်ခဲ့သော်လည်း
သဘောကောင်းခဲ့သော ပါပါး။ ဒယ်ဒီတို့
ထက်ပင် သက်တန့်စေးကို ချစ်ပေးတတ်သူ။

"သားစေးကြိုက်ရင် လိုက်ဗျာ
ပါပါးကတော့ အိုပြီလေ လူကြီးချင်းလည်း
ပဋိပက္ခရှိထားတော့ အတူတူရှိဖို့ဆိုတာ
မလွယ်ကူပါဘူး ပါပါးငယ်ချစ်ဦးအကြောင်း
လည်း သားစေးသိသားနဲ့"

  ထိုသို့ပြောလာစဉ်က ထခုန်ကမိမတတ်။
အနားယူလှဲကာ ရေမိုးချိုးပြီးနောက် တစ်ရေးတစ်မော
အိပ်စက် စိတ်ကူးယဉ် နားလိုက်မိသည်။ ထို့နောက်မှ
လူနာရှိရာ ဆေးအိတ်ယူကာ သွားမိချိန် ဝင်လုဆဲ
နေရောင်အောက် ဖြူလွှာသော အိပ်ရာခင်း
ထက် အဖြူရောင်ဂါဝန်ရှည်လေး ဝတ်ကာ
လှဲအိပ် စာဖတ်နေသော မိန်းမလှ။

" နေထိုင်လို့ ကောင်းရဲ့လားဗျ "
"အို ဒေါက်တာ ဆောရီး၊ လာပါရှင်"

ချိုသာလိုက်သော အသံ။ စမ်းသပ်စရာရှိတာ
စမ်းသပ်မိချိန် ကိုယ်ပဲ အကြည့်လွန်နေသည်
လားမသိ။ မိန်းမလှမျက်နှာ ပါးမို့မို့မှာ ပန်း
ရောင် သမ်းနေလေသည်။ ရှက်အားပိုသည်
ထက် အလိုမကျ ဖြစ်နေဟန်။

  "ပုံမှန်ပါပဲဗျ ဆေးသောက်မှန်ဖို့နဲ့
  အစားအစာဘက် ဂရုစိုက်ဖို့ လိုပါသေးတယ်
  ဟို မိဘတွေဆီ သွားချင်ရင်လည်း ကျွန်တော့ကို
ပြောပါ လိုက်ပို့ပါမယ်"

"မဟုတ်တာ ဆရာရယ် တစ်ခုပဲ
ဟိုလေ ဒေါက်တာစေးရဲ့ ပါပါးဆီ
ဆက်သွယ်လို့ မရဘူးလားဟင်
ဦးကို မေးတိုင်း မလိမ့်တပတ်နဲ့
မပြောပြခဲ့လို့"

"အော် ဟုတ် ခဏနော် ကျွန်တော်
ဖုန်းပြောချင်လို့"
"ဟုတ်ကဲ့ ဒေါက်တာ"

ပြတင်းတံခါးအနား ဒေါက်တာ ဖုန်းပြော
နေလေသည်။ ထိုချိန် အော်ဟစ်သံနှင့်
အတူ ကြေကွဲသံ။

"ဘာပြောတယ်ဗျ ဟို ဟို အက်ဆီးဒင့်က
ဘာ မီးလောင်ပြကျ ဟာဗျာ တောက်
ပါပါး ပါပါး……"

"ဟင် ဦး ဦး ဘာ ဘာဖြစ်တာလဲ ဒေါက်တာ"
"ပါပါး စီးနင်းတဲ့ လေယာဉ် ပျက်ကျလို့တဲ့
ကျွန်တော့ကို ခွင့်ပြုပါနော် ကျွန်တော် ဒယ်ဒီ
တို့ဆီ ပြေးရတော့မယ်"

"တစ်ခက်ကော လိုက်မယ် လိုက်ခဲ့မယ်"
"ဗျာ အဆင်ပြေပါ့မလား"
"လိုက်မယ် လိုက်ကိုလိုက်မယ်
ကျွန်မကိုလည်း ခေါ်သွားပေးပါနော် ဒေါက်တာ"

"ကောင်းပါပြီ"

ခရီးရောက်မဆိုက် ပြန်လာခဲ့ရသော ခရီး။
အိမ်ကို ဆက်တိုက် မောင်းလာသည့်အခါ
ညပိုင်းချိန်ပင် ရောက်နေလေပြီ။ နောက်တစ်
နေ့ လင်းကျင်းချိန်မှ ပြန်ရောက်သည့် အဖြစ်။
သို့ကြောင့်ဝယ် တစ်ခက်ဝေကို ဆေးပုလင်း
ချိတ် ပြုစုရပြန်သေးသည်။ သတင်းက ရေရာ
သေချာမှု မရှိသေး။

   "ဟင် တစ်ခက်ဝေ သတိရလာပြီလား"
"ဦး ဦးကော ဘာဖြစ်သွားလဲ ဘာဖြစ်သွားလဲဟင်"
"လေယာဉ်ပေါ်ကို ခရီးသည်ပါသွားတာ ရှိသလို
ကျန်ခဲ့တာ ပျက်ကွက်တာလဲ ရှိတယ်တဲ့"

"ဦးကော ဦး"
"ကျွန်တော်တို့ စုံစမ်းနေကြတုန်းပါ"
"အဟင့် ဟင့် ဟင့်"
"ဟို စိတ်မကောင်းစရာကတော့ ဟို ဟို
ဟိုလေ ဟူး…… ဟင်း……
ပါပါးနာမည်နဲ့ လိုက်ပါသူစာရင်းမှာ
တွေ့ရတယ်တဲ့"

  ငိုင်ကျသွားရလေပြီ။ ဦး အမှန်တကယ်
ပဲ ထွက်သွားခဲ့လေပြီလား။

"ဟို ဟို ဖုန်း ဖုန်းလေး တစ်ချက်လောက်
ဆက်ခွင့်ပြုပါ ဒေါက်တာ"

"ခင်ဗျာ ဟုတ် ဟုတ် ဒီမှာပါ"

  ဖုန်းကို တုန်ချိချိဖြင့် ယူကာ နံပတ်တစ်ခု
ကို ကောက်နှိပ်လိုက်သည်။

"ဟဲလို မေမေလားဟင် မေမေ"
"သမီး ပြောလေ ဘယ်မှာလဲ သမီး"
"ဦး သတင်းကြားမိလားလို့ပါ"
"အွန်း အခုပဲ လိုင်းပေါ်တက်လာလို့"
"မေမေ ဦးကို ပြန်ခေါ်ပေးပါ့လားဟင်
ပြန်ခေါ်ပေးနော် ဦးက မေမေပြန်ခေါ်ရင်
လာပါတယ်"

"ဟင့်အင်း မဖြစ်နိုင်တာကွယ်
သမီးရယ် စိတ်ကိုလျော့လိုက်ပါတော့
ရေစက်ဆိုတာ အချိန်တစ်ခုရောက်ရင်
ပျက်စီးတတ်တာပဲကွဲ့"

"မေမေရယ်……"

   လက်ထဲမှ ဖုန်းလေးလွှတ်ကျကာ
တစ်ခက်ကိုယ်လေးလည်း အိပ်ရာ
ပုံကျသွားလေတော့သည်။

   တစ်ဖက်ကတော့ သူတစ်ယောက်ခမြာ
ဝမ်းသာဝမ်းနည်းစွာဖြင့်……။

" ငါ နောက်ဆုံးသော နင့်ရဲ့အမိန့်အဖြစ် ထပ်
နာခံလိုက်ပါတယ်နော် ၊ သားစေးဆိုတာ
ငါကိုယ်တိုင် ကျွေးမွေးပြုစုခဲ့ရတဲ့
လူကောင်းလေးပါ စိတ်ချပါ နင့်လိုပဲ
တစ်ခက်လေး အချစ်ရေး ကံကောင်းရှာ
မှာပါ ငါကတော့ လူမသိသူမသိနေရာကို
ထွက်သွားလိုက်ပြီ ဒါနောက်ဆုံး ဆက်သွယ်
ခြင်းပဲ ပိတောက်ဝေ"

"နင်ဟာ ငါရဲ့ အကောင်းဆုံးသော
သူငယ်ချင်းပါ မှိုင်းဝေ"
"ပိတောက် ငါ နင့်ကို တစ်ခုတော့
ပြောခဲ့ပါရစေ"
"ပြောလေ မှိုင်းဝေ"
"ငါ ပိတောက်ကို မုန်းတယ်"
"အို……"

နာကြည်းစွာ ပြောသွားခဲ့လေသော
ဖုန်းထဲက အသံလေးက အစော
တလျင်က ချသွားလေသော သမီး
လေး၏ ကြေကွဲမှုအတွက် တုံ့ပြန်
ပြောဆိုခဲ့ခြင်းလား မသိတော့။

#ချစ်တယ်ကလေးရယ်Season2
ဤနေရာမှာ အဆုံးသတ်ပါ၏။

ဆက်လက်ကြိုးစားနေပါဦးမည်။
ဦးငယ်

#စာရေးချိန်
တစ်ရက်သာ။
(5:11PM/ 2-3-2022-Wed)

Comment