Part 8


(Zawgyi)


ဘာလို႔ အဲ့သီခ်င္းကိုဆိုတာလဲ
ဘာအဓိပ္ပါယ်လဲ...
ဂါးးး...စိတ္ေတြရႈပ္လာၿပီ


ေဆာင္း တကယ္မေတြးတတ္ေတာ့
ကိုကို ကဘာလို႔ အဲ့သီခ်င္းကို ဆိုရတာလဲ...
ကိုကို...ကိုကို...
ကိုကို ဆိုတာ နႏၵီသြန္း....
ျမင့္မားလြန္းတဲ့အရပ္ မ်က္မွန္ေနာက္က ေအးစက္စက္အၾကည့္
တည္ၿငိမ္ၿပီး ျပတ္သားတဲ့အသံ
ေဆာင္းကေတာ့ သူ႕ကို မမလို႔ မေခၚခ်င္ ကိိုကို ဟုသာေခၚခ်င္ပါသည္...


ေဆာင္း ကိုကို႔ကို ခ်စ္ေနမိတာၾကာပါၿပီ စေတြ႕ကတည္းက ဂီတာသင္တန္းမွာ စေတြ႕တဲ့အခ်ိန္ကတည္းက သူ႕ရဲ႕
အျပဳအမူ အေျပာအဆိုေတြ အလြန္
ၾကည့္ေကာင္းတဲ့ ပုံစံ ဂီတာတီးတဲ့အခ်ိန္မွာ အရမ္းကို ၾကည့္ေကာင္းၿပီး
စမတ္က်လြန္းတယ္...
ထို အရာေတြေၾကာင့္ ေဆာင္းမွာ
ထိုေန႕ညကအိပ္၍ပင္မေပ်ာ္
မ်က္လုံးမွိတ္လိုက္တိုင္း သူ႕ရဲ႕ အသံ
သင္တန္းဆရာနဲ႕ စကားေျပာတုန္းက သေဘာက်စြာ ရယ္ေမာလိုက္စဥ္
ျမင္လိုက္ရတဲ့ သြားစြယ္ေဖြးေဖြးေလး
အလြန္ျမင့္လြန္းတဲ့အရပ္
စတာေတြကိုပဲ ျမင္ေယာင္ေနမိသည္...


ေသာ္ေလးမွတစ္ဆင့္ မမလွေလးႏြယ္ရဲ႕ ေက်းဇူးေၾကာင့္ ကိုကို႔ရဲ႕ account
ကို ေတြ႕ခဲ့ၿပီး ကိုကို႔ရဲ႕ ပုံေတြကို ခိုးsave ရင္း ရင္ခုန္ခဲ့ရသည္


ဒီေန႕လည္း ႏွစ္တစ္ရာျပည့္ပြဲကို ကိုကို လာမည္ဟု သတင္းၾကားသျဖင့္ မလာလည္းျဖစ္တဲ့ ထိုပြဲကို လာကာ ကိုကို႔နဲ႕ေတြ႕ဖို႔ စိတ္ထက္သန္ေနမိတာ ကိုကိုမသိ
ကိုကို႔ရဲ႕ေဘးနားမွာ ထိုင္ရတုန္းက
ေဆာင္း ရင္ခုန္သံေတြဟာ ကိုကိုေတာင္ ၾကားသြားေတာ့မယ့္အထိ
ခုန္ေနခဲ့တာ ကိုကိုမသိေပ....
ဂီတ ႏွင့္ပတ္သက္ၿပီး ေတာ္ေတာ္ကြၽမ္းက်င္တဲ့ ကိုကို႔ကို ပိုအံ့ၾသမိၿပီး
ပိုတိုးသေဘာက်ခဲ့ရသည္...
ကိုကို႔ကို ေငးလို႔အဝေသးခင္မွာပဲ
ကိုကိုရဲ႕ အၾကည့္စူးစူးေတြကို
ရင္တုန္စြာနဲ႕ ျပန္လည္ၾကည့္ေနမိစဥ္မွာပဲ ေဘးနားက ထက္မႉးအိမ္က
စာအေၾကာင္း လာေမးေန၍ ျပန္ေျဖေပးေနရသည္...
ငရႈပ္ေကာင္ ကိုကို႔နဲ႕ အၾကည့္ခ်င္းဆုံေနတာကို ဖ်က္ဆီးတဲ့ေကာင္...


ကိုကိုဟာ ေဆာင္းရဲ႕ တစ္ခါမွမခုန္ခဲ့တဲ့ ႏွလုံးသားကို ခုန္ေစခဲ့သူ
ေဆာင္း ႏွစ္သက္သေဘာက်တဲ့
အရာေတြကို ပိုင္ဆိုင္ထားကာ
ႏွလုံးသားတစ္ခုလုံးကို အပိုင္သိမ္းသြားခဲ့သူ....


ကိုကိုက ပြဲမွာ သီခ်င္းဆိုမယ္ဟု ထပ္သိရသျဖင့္ ကိုကို႔ကို အပီအားေပးမယ္ဟု ေတြးထားသမွ်ဟာ အတန္းပိုင္ဆရာမ၏ အလုပ္ေတြေခၚခိုင္းမႈေၾကာင့္ မေအာင္ျမင္ခဲ့ေပ
သို႔ေပမယ့္ ကိုကို ဆိုသြားတဲ့ သီခ်င္းဟာ ေဆာင္းစိတ္ေတြကို မၿငိမ္းမခ်မ္းျဖစ္ေစသည္...
Let me down slowly..... တဲ့
ေဆာင္း စဥ္းစား၍မရ ကိုကိုက
ဘယ္လိုခံစားေနရလို႔ ဒီသီခ်င္းကို
ဆိုတာလဲ....
ၿပီးေတာ့သီခ်င္းလည္းၿပီးသြားတဲ့အခ်ိန္ ၿပဳံးလိုက္တဲ့ အၿပဳံး...
ကိုကို႔ရဲ႕ အဲ့အၿပဳံးက ဘာအဓိပ္ပါယ်လဲ


အားးးးး....စိတ္ေတြရႈပ္လာၿပီ
ေတာ္ၿပီ သီခ်င္းပဲနားေထာင္ေတာ့မယ္....
ဖုန္းကို ေကာက္ကိုင္လိုက္ကာ
သီခ်င္းဖြင့္မလို႔ လက္ျပင္လိုက္ေတာ့
ေသာ္ေလးဆီက ဖုန္းဝင္လာသည္


"အင္း ေသာ္ေလးေျပာ"


"ေဆာင္း မနက္ျဖန္က်ရင္ သခၤ်ာဆရာနဲ႕ physics ဆရာမ မလာဘူးတဲ့"


"အဲ့ဒါဆို Bio တစ္ခ်ိန္ပဲရွိတာေပါ့
ေပ်ာ္စရာႀကီး အိမ္ျပန္ၿပီး ျပန္အိပ္လို႔ရၿပီ"


"မျပန္ပါနဲ႕ဟယ္ "


"ဟမ္ ငါကမျပန္လို႔ ဘာလဲ နင့္အိမ္မွာေနရမွာလား "


"ဟီး...ေအး "


"ဘာလုပ္ရမွာလဲ နင့္အိမ္မွာ "


"တကယ္ေတာ့ေလ မနက္ျဖန္ မမႏြယ္နဲ႕ မမသြန္း နဲ႕က ငါတို႔ႏွစ္ေယာက္ကို
မုန့္လိုက္ေကြၽးမယ္တဲ့ အဲ့ဒါ "


"ဟာ...ေသာ္ ငါကလိုက္လို႔ ရမလားဟ ဒါနဲ႕ ဘာျဖစ္လိို႔ သူတို႔ႏွစ္ေယာက္
မုန့္လိုက္ေကြၽးမွာလဲ "


"ေဆာင္း တကယ္ေတာ့ေလ
ငါ မမႏြယ္ကို အေျဖျပန္ေပးမလို႔ "


"ဘယ္လို!!!"


"ဟီး ကူညီပါဟယ္ လိုက္ခဲ့ပါ နင့္ကိိုကိုနဲ႕လည္း ေတြ႕ရမွာေလ "


"ေနဦးဟာ ငါစဥ္းစားဦးမယ္ "


"အင္း အင္း လိုက္ဖို႔ပဲစဥ္းစားေနာ္"


"ေသာ္ နင္ေတာ့ေလ...
ဒါနဲ႕ ကိုကိုနဲ႕ ဘယ္လိုကေန လိုက္မွာလဲ "


"ဟဲ...ဟဲ ဒီကေသာ္တာခ်ိဳ က ခ်စ္သူငယ္ခ်င္းႀကီး ေဆာင္းႏွင္းစက္အတြက္ ဖန္တီးေပးလိုက္တာပါ "


"ေတာ္ပါေပတယ္ "


"ဟဲ..ဟဲ လိုက္မွာမလား"


"မနက္က်မွေျပာမယ္ ငါစဥ္းစားပါရေစဦး "


"ဟုတ္ၿပီ နင့္ကိုကိုက အသံအရမ္းေကာင္းတယ္ေနာ္ ဂီတာတီးသြားတာလည္း လုံးဝမိုက္တယ္ "


" အာ့ေၾကာင့္ ငါကခ်စ္ေနရတာေပါ့"


" ေအးေအး ဒါပဲ ဟြန့္ "


ေသာ္ေလးက ေျပာကာဆိုကာျဖင့္
ဖုန္းခ်သြားေလတယ္


ေဆာင္း မနက္ျဖန္လိုက္သြားမွာပါ
ေသခ်ာတယ္ ကိုကိုနဲ႕ ေတြ႕ရမွာပဲဟာ
အိမ္ကိုေတာ့ ၁၂ နာရီမွ လာေခၚခိုင္းလိုက္မယ္
ok အဲ့လိုဆိုရၿပီ အဆင္ေျပပါေစလို႔ပဲ ဆုေတာင္းရမွာေပါ့ .....


ေတြ႕ဆုံမႈေတြက
အရဲစြန့္မႈေတြေၾကာင့္ပါ
ေမတၱာေတြမွန္လို႔
မ်က္ႏွာခ်င္းဆိုင္ခဲ့ရတာပါ....


X x x x x x x x x x x x x x X


" ဟဲ့ လိုက္မွာမလား ''


"အင္း "


" အား....ခ်စ္လိုက္တာ သူငယ္ခ်င္းေလး ''


"ဒီတစ္ခ်ိန္ၿပီးရင္ လာေခၚၾကမွာ ''


"ဆရာမ က ေရာက္မလာေသးဘူးေနာ္"


"ဟုတ္ပ "


ေဆာင္းနဲ႕ေသာ္ေလး စကားေျပာေနၾကစဥ္ ေသာ္ေလးရဲ႕ အေမက
Bio ဆရာမ ေနမေကာင္း၍ မလာနိုင္ေၾကာင္း လာေျပာသည္...


ေသာ္ေလးလည္း ဝမ္းသာအားရျဖင့္
သူ႕မမႏြယ္ထံ ဖုန္းဆက္ေလသည္
အခုခ်က္ခ်င္း လာေခၚဖို႔...
ဆက္ျခင္းျဖစ္သည္...


ေသာ္ေလးရဲ႕ အေမထံ ခြင့္ေတာင္းကာ ေသာ္ေလးအိမ္ေရွ႕က အုတ္ခုံေပၚတြင္ ႏွစ္ေယာက္သား ထိုင္ေစာင့္ေနၾကသည္....


မၾကာမီ မမႏြယ္နဲ႕ ကိုကို တို႔ ႏွစ္ေယာက္သား ဆိုင္ကယ္တစ္ေယာက္ တစ္စီးစီျဖင့္ ေရာက္လာသည္...


"ကေလး ေသာ္ေလး လာတက္ "


မမႏြယ္မွ ေသာ္ေလးကို ေျပာသည္


ေဆာင္း ေသာ္ေလးနားကိုကပ္ကာ
"ဟဲ့ ငါကေရာ "


"နင့္္ကိုကိုရွိသားပဲ ''


ေဆာင္းတို႔ တီးတိုးေျပာေနစဥ္


"ကေလး လာကို႔ ဆီလာ "


ကိုကိုမွ ေဆာင္းကိုလွမ္းေခၚသည္..
အား...ရင္ေတြတုန္လိုက္တာေနာ္


ေဆာင္းနဲ႕ေသာ္ လည္း သူတို႔ႏွစ္ဦးစီရဲ႕ ဆိုင္ကယ္ေပၚသို႔ တက္လိုက္ၾကသည္....


ေဆာင္းတို႔လည္း တက္ၿပီးလွ်င္
ဆိုင္ကယ္ေတြကို ေမာင္းထြက္ၾကေတာ့သည္....


"ခါးကိုဖက္ထား"


ကိုကိုက ေဆာင္းကိုေျပာသည္...


"ရပါတယ္"


စိတ္ထဲမွာေတာ့ ဖက္ထားခ်င္ခဲ့ေပမယ့္ အျပင္မွာေတာ့ ျငင္းလိုက္သည္...


ကိုကိုက ဘာမွျပန္မေျပာဘဲ
ဆိုင္ကယ္ကို နည္းနည္းအရွိန္တင္လိုက္ကာ ေတာ္ေတာ္ေလး အရွိန္ရလာေတာ့ ဘရိတ္ကိုေဆာင့္အုပ္လိုက္သည္....


"အေမ့!!!"


ေဆာင္းလည္း ေရွ႕သို႔စိုက္က်ကာ
လက္ေတြကလည္း ကိုကို႔ရဲ႕ ခါးကို ဖက္ၿပီးရက္သား ျဖစ္သြားသည္...


"ေၾကာင္တစ္ေကာင္ေတြ႕လို႔ "


ေဆာင္းလည္း ကိုကိုေျပာေသာစကားကို ၾကားၿပီး လမ္းမေပၚကို ေသခ်ာၾကည့္လိုက္ေတာ့ ေၾကာင္တစ္ေကာင္ မေျပာႏွင့္ ပု႐ြက္ဆိတ္တစ္ေကာင္
ေတာင္ မေတြ႕ရေပ....
ေအးေပါ့ေလ သူကေတြ႕တယ္ဆိုလည္း ေတြ႕တယ္ေပါ့....


ကိုကိုက ဆိုင္ကယ္ကိုျပန္ေမာင္းသည္....


ဆိုင္ကယ္ႏွစ္စီးႏွင့္ လူေလးဦးဟာ
ဘူးဘုရားေစ်းလမ္းထက္မွာ
အေျပးေလးေမာင္းႏွင္ေနရဲ႕...


ေဆာင္းရဲ႕လက္ေတြကလည္း
ကိုကို႔ရဲ႕ ခါးေလးကို ဖက္ထားသည္...
ကိုကို႔ရဲ႕ ႏွစ္သက္ဖို႔ေကာင္းတဲ့
ကိုယ္သင္းနံ႕ေလးကိုလည္း ခိုးနမ္းရွိုက္ေနမိသည္....


ေဆာင္းရဲ႕မ်က္ႏွာျပင္ေပၚကို
က်ေရာက္လာတဲ့ ကိုကို႔ရဲ႕ ညိုသလို
စိမ္းသလို ဆံႏြယ္ေတြက
ေဆာင္းရဲ႕မ်က္ႏွာျပင္သာမက
ေဆာင္းရဲ႕ႏွလုံးသားကိုပါ
ရိုက္ခတ္သြားသည္........


ခ်စ္တယ္....ကိုကိုေရ....


▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫


အမွားပါသြားရင္ ေတာင္းပန္ပါတယ္
🙏🙏🙏


A.kan❣


✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴


(Unicode)


ဘာလို့ အဲ့သီချင်းကိုဆိုတာလဲ
ဘာအဓိပ္ပါယ်လဲ...
ဂါးးး...စိတ်တွေရှုပ်လာပြီ


ဆောင်း တကယ်မတွေးတတ်တော့
ကိုကို ကဘာလို့ အဲ့သီချင်းကို ဆိုရတာလဲ...
ကိုကို...ကိုကို...
ကိုကို ဆိုတာ နန္ဒီသွန်း....
မြင့်မားလွန်းတဲ့အရပ် မျက်မှန်နောက်က အေးစက်စက်အကြည့်
တည်ငြိမ်ပြီး ပြတ်သားတဲ့အသံ
ဆောင်းကတော့ သူ့ကို မမလို့ မခေါ်ချင် ကိုကို ဟုသာခေါ်ချင်ပါသည်...


ဆောင်း ကိုကို့ကို ချစ်နေမိတာကြာပါပြီ စတွေ့ကတည်းက ဂီတာသင်တန်းမှာ စတွေ့တဲ့အချိန်ကတည်းက သူ့ရဲ့
အပြုအမူ အပြောအဆိုတွေ အလွန်
ကြည့်ကောင်းတဲ့ ပုံစံ ဂီတာတီးတဲ့အချိန်မှာ အရမ်းကို ကြည့်ကောင်းပြီး
စမတ်ကျလွန်းတယ်...
ထို အရာတွေကြောင့် ဆောင်းမှာ
ထိုနေ့ညကအိပ်၍ပင်မပျော်
မျက်လုံးမှိတ်လိုက်တိုင်း သူ့ရဲ့ အသံ
သင်တန်းဆရာနဲ့ စကားပြောတုန်းက သဘောကျစွာ ရယ်မောလိုက်စဥ်
မြင်လိုက်ရတဲ့ သွားစွယ်ဖွေးဖွေးလေး
အလွန်မြင့်လွန်းတဲ့အရပ်
စတာတွေကိုပဲ မြင်ယောင်နေမိသည်...


သော်လေးမှတစ်ဆင့် မမလှလေးနွယ်ရဲ့ ကျေးဇူးကြောင့် ကိုကို့ရဲ့ account
ကို တွေ့ခဲ့ပြီး ကိုကို့ရဲ့ ပုံတွေကို ခိုးsave ရင်း ရင်ခုန်ခဲ့ရသည်


ဒီနေ့လည်း နှစ်တစ်ရာပြည့်ပွဲကို ကိုကို လာမည်ဟု သတင်းကြားသဖြင့် မလာလည်းဖြစ်တဲ့ ထိုပွဲကို လာကာ ကိုကို့နဲ့တွေ့ဖို့ စိတ်ထက်သန်နေမိတာ ကိုကိုမသိ
ကိုကို့ရဲ့ဘေးနားမှာ ထိုင်ရတုန်းက
ဆောင်း ရင်ခုန်သံတွေဟာ ကိုကိုတောင် ကြားသွားတော့မယ့်အထိ
ခုန်နေခဲ့တာ ကိုကိုမသိပေ....
ဂီတ နှင့်ပတ်သက်ပြီး တော်တော်ကျွမ်းကျင်တဲ့ ကိုကို့ကို ပိုအံ့သြမိပြီး
ပိုတိုးသဘောကျခဲ့ရသည်...
ကိုကို့ကို ငေးလို့အဝသေးခင်မှာပဲ
ကိုကိုရဲ့ အကြည့်စူးစူးတွေကို
ရင်တုန်စွာနဲ့ ပြန်လည်ကြည့်နေမိစဥ်မှာပဲ ဘေးနားက ထက်မှူးအိမ်က
စာအကြောင်း လာမေးနေ၍ ပြန်ဖြေပေးနေရသည်...
ငရှုပ်ကောင် ကိုကို့နဲ့ အကြည့်ချင်းဆုံနေတာကို ဖျက်ဆီးတဲ့ကောင်...


ကိုကိုဟာ ဆောင်းရဲ့ တစ်ခါမှမခုန်ခဲ့တဲ့ နှလုံးသားကို ခုန်စေခဲ့သူ
ဆောင်း နှစ်သက်သဘောကျတဲ့
အရာတွေကို ပိုင်ဆိုင်ထားကာ
နှလုံးသားတစ်ခုလုံးကို အပိုင်သိမ်းသွားခဲ့သူ....


ကိုကိုက ပွဲမှာ သီချင်းဆိုမယ်ဟု ထပ်သိရသဖြင့် ကိုကို့ကို အပီအားပေးမယ်ဟု တွေးထားသမျှဟာ အတန်းပိုင်ဆရာမ၏ အလုပ်တွေခေါ်ခိုင်းမှုကြောင့် မအောင်မြင်ခဲ့ပေ
သို့ပေမယ့် ကိုကို ဆိုသွားတဲ့ သီချင်းဟာ ဆောင်းစိတ်တွေကို မငြိမ်းမချမ်းဖြစ်စေသည်...
Let me down slowly..... တဲ့
ဆောင်း စဥ်းစား၍မရ ကိုကိုက
ဘယ်လိုခံစားနေရလို့ ဒီသီချင်းကို
ဆိုတာလဲ....
ပြီးတော့သီချင်းလည်းပြီးသွားတဲ့အချိန် ပြုံးလိုက်တဲ့ အပြုံး...
ကိုကို့ရဲ့ အဲ့အပြုံးက ဘာအဓိပ္ပါယ်လဲ


အားးးးး....စိတ်တွေရှုပ်လာပြီ
တော်ပြီ သီချင်းပဲနားထောင်တော့မယ်....
ဖုန်းကို ကောက်ကိုင်လိုက်ကာ
သီချင်းဖွင့်မလို့ လက်ပြင်လိုက်တော့
သော်လေးဆီက ဖုန်းဝင်လာသည်


"အင်း သော်လေးပြော"


"ဆောင်း မနက်ဖြန်ကျရင် သင်္ချာဆရာနဲ့ physics ဆရာမ မလာဘူးတဲ့"


"အဲ့ဒါဆို Bio တစ်ချိန်ပဲရှိတာပေါ့
ပျော်စရာကြီး အိမ်ပြန်ပြီး ပြန်အိပ်လို့ရပြီ"


"မပြန်ပါနဲ့ဟယ် "


"ဟမ် ငါကမပြန်လို့ ဘာလဲ နင့်အိမ်မှာနေရမှာလား "


"ဟီး...အေး "


"ဘာလုပ်ရမှာလဲ နင့်အိမ်မှာ "


"တကယ်တော့လေ မနက်ဖြန် မမနွယ်နဲ့ မမသွန်း နဲ့က ငါတို့နှစ်ယောက်ကို
မုန့်လိုက်ကျွေးမယ်တဲ့ အဲ့ဒါ "


"ဟာ...သော် ငါကလိုက်လို့ ရမလားဟ ဒါနဲ့ ဘာဖြစ်လိို့ သူတို့နှစ်ယောက်
မုန့်လိုက်ကျွေးမှာလဲ "


"ဆောင်း တကယ်တော့လေ
ငါ မမနွယ်ကို အဖြေပြန်ပေးမလို့ "


"ဘယ်လို!!!"


"ဟီး ကူညီပါဟယ် လိုက်ခဲ့ပါ နင့်ကိိုကိုနဲ့လည်း တွေ့ရမှာလေ "


"နေဦးဟာ ငါစဥ်းစားဦးမယ် "


"အင်း အင်း လိုက်ဖို့ပဲစဥ်းစားနော်"


"သော် နင်တော့လေ...
ဒါနဲ့ ကိုကိုနဲ့ ဘယ်လိုကနေ လိုက်မှာလဲ "


"ဟဲ...ဟဲ ဒီကသော်တာချို က ချစ်သူငယ်ချင်းကြီး ဆောင်းနှင်းစက်အတွက် ဖန်တီးပေးလိုက်တာပါ "


"တော်ပါပေတယ် "


"ဟဲ..ဟဲ လိုက်မှာမလား"


"မနက်ကျမှပြောမယ် ငါစဥ်းစားပါရစေဦး "


"ဟုတ်ပြီ နင့်ကိုကိုက အသံအရမ်းကောင်းတယ်နော် ဂီတာတီးသွားတာလည်း လုံးဝမိုက်တယ် "


" အာ့ကြောင့် ငါကချစ်နေရတာပေါ့"


" အေးအေး ဒါပဲ ဟွန့် "


သော်လေးက ပြောကာဆိုကာဖြင့်
ဖုန်းချသွားလေတယ်


ဆောင်း မနက်ဖြန်လိုက်သွားမှာပါ
သေချာတယ် ကိုကိုနဲ့ တွေ့ရမှာပဲဟာ
အိမ်ကိုတော့ ၁၂ နာရီမှ လာခေါ်ခိုင်းလိုက်မယ်
ok အဲ့လိုဆိုရပြီ အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပေါ့ .....


တွေ့ဆုံမှုတွေက
အရဲစွန့်မှုတွေကြောင့်ပါ
မေတ္တာတွေမှန်လို့
မျက်နှာချင်းဆိုင်ခဲ့ရတာပါ....


X x x x x x x x x x x x x x X


" ဟဲ့ လိုက်မှာမလား ''


"အင်း "


" အား....ချစ်လိုက်တာ သူငယ်ချင်းလေး ''


"ဒီတစ်ချိန်ပြီးရင် လာခေါ်ကြမှာ ''


"ဆရာမ က ရောက်မလာသေးဘူးနော်"


"ဟုတ်ပ "


ဆောင်းနဲ့သော်လေး စကားပြောနေကြစဥ် သော်လေးရဲ့ အမေက
Bio ဆရာမ နေမကောင်း၍ မလာနိုင်ကြောင်း လာပြောသည်...


သော်လေးလည်း ဝမ်းသာအားရဖြင့်
သူ့မမနွယ်ထံ ဖုန်းဆက်လေသည်
အခုချက်ချင်း လာခေါ်ဖို့...
ဆက်ခြင်းဖြစ်သည်...


သော်လေးရဲ့ အမေထံ ခွင့်တောင်းကာ သော်လေးအိမ်ရှေ့က အုတ်ခုံပေါ်တွင် နှစ်ယောက်သား ထိုင်စောင့်နေကြသည်....


မကြာမီ မမနွယ်နဲ့ ကိုကို တို့ နှစ်ယောက်သား ဆိုင်ကယ်တစ်ယောက် တစ်စီးစီဖြင့် ရောက်လာသည်...


"ကလေး သော်လေး လာတက် "


မမနွယ်မှ သော်လေးကို ပြောသည်


ဆောင်း သော်လေးနားကိုကပ်ကာ
"ဟဲ့ ငါကရော "


"နင့််ကိုကိုရှိသားပဲ ''


ဆောင်းတို့ တီးတိုးပြောနေစဥ်


"ကလေး လာကို့ ဆီလာ "


ကိုကိုမှ ဆောင်းကိုလှမ်းခေါ်သည်..
အား...ရင်တွေတုန်လိုက်တာနော်


ဆောင်းနဲ့သော် လည်း သူတို့နှစ်ဦးစီရဲ့ ဆိုင်ကယ်ပေါ်သို့ တက်လိုက်ကြသည်....


ဆောင်းတို့လည်း တက်ပြီးလျှင်
ဆိုင်ကယ်တွေကို မောင်းထွက်ကြတော့သည်....


"ခါးကိုဖက်ထား"


ကိုကိုက ဆောင်းကိုပြောသည်...


"ရပါတယ်"


စိတ်ထဲမှာတော့ ဖက်ထားချင်ခဲ့ပေမယ့် အပြင်မှာ​တော့ ငြင်းလိုက်သည်...


ကိိုကိုက ဘာမှပြန်မပြောဘဲ
ဆိုင်ကယ်ကို နည်းနည်းအရှိန်တင်လိုက်ကာ တော်တော်လေး အရှိန်ရလာတော့ ဘရိတ်ကိုဆောင့်အုပ်လိုက်သည်....


"အမေ့!!!"


ဆောင်းလည်း ရှေ့သို့စိုက်ကျကာ
လက်တွေကလည်း ကိုကို့ရဲ့ ခါးကို ဖက်ပြီးရက်သား ဖြစ်သွားသည်...


"ကြောင်တစ်ကောင်တွေ့လို့ "


ဆောင်းလည်း ကိုကိုပြောသောစကားကို ကြားပြီး လမ်းမပေါ်ကို သေချာကြည့်လိုက်​တော့ ကြောင်တစ်ကောင် မပြောနှင့် ပုရွက်ဆိတ်တစ်ကောင်
တောင် မတွေ့ရပေ....
အေးပေါ့လေ သူကတွေ့တယ်ဆိုလည်း တွေ့တယ်ပေါ့....


ကိုကိုက ဆိုင်ကယ်ကိုပြန်မောင်းသည်....


ဆိုင်ကယ်နှစ်စီးနှင့် လူလေးဦးဟာ
ဘူးဘုရားစျေးလမ်းထက်မှာ
အပြေးလေးမောင်းနှင်နေရဲ့...


ဆောင်းရဲ့လက်တွေကလည်း
ကိုကို့ရဲ့ ခါးလေးကို ဖက်ထားသည်...
ကိုကို့ရဲ့ နှစ်သက်ဖို့ကောင်းတဲ့
ကိုယ်သင်းနံ့လေးကိုလည်း ခိုးနမ်းရှိုက်နေမိသည်....


ဆောင်းရဲ့မျက်နှာပြင်ပေါ်ကို
ကျရောက်လာတဲ့ ကိုကို့ရဲ့ ညိုသလို
စိမ်းသလို ဆံနွယ်တွေက
ဆောင်းရဲ့မျက်နှာပြင်သာမက
ဆောင်းရဲ့နှလုံးသားကိုပါ
ရိုက်ခတ်သွားသည်........


ချစ်တယ်....ကိုကိုရေ....


▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫
◾▫◾▫


အမှားပါသွားရင် တောင်းပန်ပါတယ်
🙏🏻🙏🏻🙏🏻


A.kan❣

Comment