Part 25


(Zawgyi)


ဒီရက္ေတြ အေတာအတြင္းမွာ ေဆာင္း တကယ္ကို မရပ္တည္နိုင္။ အရာရာတိုင္းက ေဆာင္း ကို ဝမ္းနည္းေစသည္ ။ အာ႐ုံေတြကလည္း ေထြျပားကာ ဘယ္အလုပ္ပဲလုပ္လုပ္ အမွားအယြင္းေတြ အာ႐ုံမစိုက္နိုင္မႈေတြနဲ႕သာ ။
အမွန္မဟုတ္ဘူးလို႔ ယုံၾကည္ကာထားတဲ့ ကိုကို႔ရဲ႕ သတင္းက အမွန္ျဖစ္ေနသည္ ။
မာမီ့ရဲ႕ ဖုန္းကာယူကာ ကိုကို႔ရဲ႕ Facebook Acc ထဲကို ဝင္ကာၾကည့္လိုက္ေတာ့ In a relationship with....ဆိုတဲ့ အရာႀကီးက အထင္းသား ။


ဒါေပမယ့္ ေဆာင္း အခုထိ ကိုကို႔ကို စိတ္မဆိုးနိုင္ေသး စိတ္မပ်က္နိုင္ေသး။ ကိုကိုက ေဆာင္း ကို ခ်စ္ေသးတုန္းပဲဆိုတာကို ရင္ဝယ္ေပြ႕ကာ ယုံၾကည္ထားသည္။
ကိုကိုက အခုခ်ိန္ထိ ေဆာင္း ကို လမ္းခြဲစကား လာမေျပာေသးေပ ။ေဆာင္းနဲ႕ ကိုကိုနဲ႕က အခုထိ ဇာတ္လမ္းမၿပီးဆုံးေသးဘူး၊ အခုထိ ႏွစ္ေယာက္သား မျပတ္ေသးဘူး။
တရားဝင္လမ္းခြဲစကားမွ မေျပာၾကရေသးတာ ။


ကိုကိုက ငါ့ကို ဘယ္ေလာက္ခ်စ္ခဲ့လိုက္သလဲ၊ ငါကေရာ ကိုကို႔ကို ဘယ္ေလာက္ထိ ခ်စ္ျပခဲ့သလဲ ၊ ငါတို႔ႏွစ္ေယာက္က ဘယ္ေလာက္ေတာင္ ခ်စ္ခဲ့ၾကတာ မို႔လို႔လဲ ။
ကိုကိုက ကိစၥတစ္ခုခု ရွိလို႔ေနမွာပါ၊
အဲဒါေၾကာင့္ ဟိုအမႀကီးနဲ႕တြဲ ျဖစ္တာေနမွာပါ၊
ဒါေပမယ့္ ကိုကိုက ငါ့ကို တကယ္ မခ်စ္ေတာ့တာဆိုရင္ေရာ...
ငါ့ကို တကယ္ပစ္ခ်ခဲ့တာဆိုရင္ေရာ...


"ေဆာင္းႏွင္းစက္...ေဆာင္းႏွင္းစက္"


ေဆာင္းရဲ႕ နာမည္ကို ေခၚသံၾကားေတာ့မွ စိတ္ပ်က္ဖို႔ေကာင္းလွတဲ့
အေတြးကမၻာထဲက ထြက္လာလို႔ရေတာ့သည္ ။


ဘယ္သူက ေခၚတာလဲဆိုတာ ၾကည့္လိုက္ေတာ့ ဓာတုေဗဒ သင္တဲ့ဆရာမ
ေဆာင္းကို ေဒါသတႀကီးနဲ႕ စိုက္ၾကည့္ေနေလသည္။


"ဟုတ္ကဲ့ ဆရာမ "


"သမီး အေတြးေတြလြန္ေနတာလား
ဆရာမ စာသင္ေနတယ္ေလ
စာကို အာ႐ုံစိုက္ထားေလ"


ဆူပူမႈ မမည္တဲ့ ဆူပူမႈတစ္ခု ေဆာင္း လက္ခံလိုက္ရသည္ ။


"ဟုတ္ကဲ့ပါ ဆရာမ
သမီး ေတာင္းပန္ပါတယ္"


ဆရာမက သက္ျပင္းေမာႀကီးခ်ကာ စာအုပ္ကို ျပန္ကိုင္ကာ စာ ဆက္သင္ေလသည္ ။
ေဆာင္းလည္း အာ႐ုံေတြကို ႀကိဳးစားၿပီး စုစည္းကာ စာကို ဂ႐ုတစိုက္နားေထာင္လိုက္သည္ ။
အခ်ိန္ကုန္သြားေၾကာင္း အခ်က္ျပတဲ့ ေခါင္းေလာင္းသံကိုၾကားေတာ့ ေဆာင္း စိတ္ေတြ ေပ်ာ္႐ႊင္သြားရသည္။ အတင္းစုစည္းကား ထားရတဲ့
အေတြးေတြက စိတ္ကိုေလွ်ာ့ခ်လိဳက္သျဖင့္ ဟိုနားတစ္ခု ဒီနားတစ္ခုနဲ႕ အတင္းထိုးထြက္ ပ်ံ့ႏွံ႕သြားေတာ့သည္။


"ေဆာင္းႏွင္းစက္ ဆရာမ ေနာက္က ခဏလိုက္ခဲ့"


ေတာ္ပါေသးတယ္။ အသိစိတ္ေတြ ရွိေနတုန္းမွာ ဆရာမက ေဆာင္းကို လွမ္းေခၚတာမို႔လို႔ ေဆာင္း ရဲ႕ စိတ္ဝိညာဥ္ေတြ အလုံးစုံလြင့္ပ်ံ့ သြားတဲ့ အခ်ိန္မွာသာ ဆရာမ က ေဆာင္းကို ေခၚခဲ့ရင္ ေနာက်တစ်ခါ ထပ္၍အဆူခံရဦးမည္ေလ...။


ဆရာမရဲ႕ ေနာက္ကို လိုက္သြားလိုက္ေတာ့ ဆရာမေတြရဲ႕နားေနခန္း တစ္နည္း ေက်ာင္းအုပ္ႀကီးရဲ႕ ႐ုံးခန္း။
ဘယ္ဘက္အျခမ္းမွာေတာ့ ဆရာမေတြ နားေနဖို႔ေနရာ၊ ညာဘက္ျခမ္းမွာကေတာ့ ေက်ာင္းအုပ္ႀကီး၏စားပြဲ ။
႐ုံးခန္းရယ္ နားေနခန္းရယ္လို႔ သပ္သပ္ခြဲမထားဘဲ အတူတူပူးထားတဲ့ အေၾကာင္းကို မာမီ ေဆာင္းကို ေက်ာင္းလိုက္အပ္စဥ္က ဆရာႀကီးမွ ရွင္းျပေပမယ့္ ကိုကိုရဲ႕အေၾကာင္းေတြးေန၍ ေဆာင္း မၾကားလိုက္ရ၊ အာ႐ုံလြတ္သြားခဲ့သည္။
အဲ့အခ်ိန္တုန္းကမ်ား ကိုကိုက ေဆာင္းကို ငုံထားမတတ္ ခ်စ္တာ....


ဟူးး....


"ေဆာင္းႏွင္းစက္...သမီး အခုတေလာ ဘယေတြျဖစ္ေနတာလဲ စာသင္ရင္လည္း အာ႐ုံမရွိဘူး အၿမဲတမ္းငိုင္ေနတယ္ သမီးမွယ ဘာအခက္အခဲရွိလို႔လဲ ဆရာမတို႔ကို ေျပာ ဆရာမတို႔ တတ္နိုင္ေျဖရွင္းေပးမယ္"


ဆရာမရဲ႕ စကားကိုၾကားေတာ့ ေဆာင္း ၿပဳံးမိေတာ့မလိုျဖစ္ သြားသည္။
ဆရာမတို႔က ေဆာင္းလက္ရွိျဖစ္ေနတာေတြကို ေျဖရွင္းေပးမယ္ဆိုေတာ့
ဆရာမတို႔က ကိုကို႔ကို ဟိုအမႀကီးလက္ထဲကေန ေဆာင္း ေရွ႕ကိုဆြဲေခၚလာၿပီး မ်က္ႏွာခ်င္းဆိုင္ေစၿပီး ေဆာင္း ေမးခ်င္ေနတဲ့ အတည္ျပဳခ်င္ေနတဲ့ အရာေတြကို ေမးဖို႔လုပ္ေပးမွာလား လို႔
ျပန္ေမးလိုက္ခ်င္ေပမယ့္...
စိတ္ထဲမွာပဲ ထားလိုက္ကာ


"ဘာမွမျဖစ္ပါဘူး စိတ္မပူပါနဲ႕ ဆရာမ"


"စိတ္မပူလို႔မရဘူး သမီးက ဆရာမတို႔ အကုန္လုံး ေမွ်ာ္မွန္းထားတဲ့ ေက်ာင္းသူေနာ္ သမီး.ဘယ္ေလာက္စာေတာ္လဲဆိုတာကို ဆရာမတို႔ သိတယ္
သမီး ဘယ္အေျခအေနထိ ေပါက္ေရာက္နိုင္တယ္ဆိုတာကိုလည္း ဆရာမတို႔သိတယ္
ဒါေပမယ့္ အခုတေလာ သမီး စာဘက္မွာ ေတာ္ေတာ္ေလး အားနည္းေနတယ္ေနာ္ အရင္အပတ္က ေျဖခဲ့တဲ့ စာေမးပြဲမွာလည္း သမီး အမွတ္ေတြ က်ေနတယ္ေနာ္ ဆရာမတို႔ကေတာ့
သမီးကို တျခားဘာကိုမွမေတြးပဲ စာကိုပဲ အာ႐ုံစိုက္ေစခ်င္တယ္
ဆရာမတို႔ေတြ သမီးအေပၚမွာ အမ်ားႀကီး ေမွ်ာ္မွန္းထားတာပါကြယ္"


ဆရာမရဲ႕ စကားကို ၾကားလိုက္ရေတာ့ ေဆာင္း ဆရာမကို အားနာသြားရသည္။ ဒီအေတာအတြင္း ကိုကို႔ရဲ႕ In a relationship with..... ဆိုတဲ့ အရာႀကီးကို မ်က္စိနဲ႕ တပ္အပ္ႀကီး ျမင္ၿပီးတဲ့ေန႕ကေနစၿပီး ဒီေန႕ထိ ေဆာင္းရဲ႕စိတ္ေတြကို ေဆာင္း လႊတ္ခ်ထားမိတာ သုံးလနီးပါးေလာက္ရွိမည္ထင္သည္။


သုံးလဆိုတဲ့ အခ်ိန္ကာလာကို တြက္ၾကည့္ၿပီး သိသြားရတဲ့ အခ်ိန္မွာေတာ့
ေဆာင္း ထိတ္လန့္သြားရသည္။
သုံးလႀကီးမ်ားေတာင္ ငါ ေနခ်င္သလို ေနေနတာပဲ ။
ကိုကိုသာသိသြားရင္ စိတ္ဆိုးေနေတာ့မွာပဲ။ ကိုကိုရဲ႕ စကားကို ငါအေလးမထားမိသလို ျဖစ္သြားတာပဲ ။
ဆရာမေတြကေတာင္ ငါ့ကို အမ်ားႀကီး ေမွ်ာ္မွန္းထားတာ ကိုကိုဆိုရင္ ငါ့ကို ပိုၿပီး ေမွ်ာ္လင့္ထားမွာေပါ့ ။
ငါ ကိုကို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ရိုက္ခ်ိဳးဖို႔ ငါဟန္ျပင္စ ျပဳေနခဲ့တာပဲ ။
မျဖစ္ဘူး...မျဖစ္ဘူး...။


ေဆာင္း ေသခ်ာေတြးေတာၿပီးေနာက္မွာေတာ့ စာကိုျပန္ၿပီး အာ႐ုံစိုက္ဖို႔
ေဆာင္း ဆုံးျဖတ္ႀကီးကို ခ်လိဳက္သည္။


"သမီး ေတာင္းပန္ပါတယ္
သမီး ေနာက္ဆို အဲ့လိုထပ္မျဖစ္ေစရပါဘူး သမီး ဆရာမတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို သမီး အေလးထားပါ့မယ္"


"အဲ့လိုပဲ လုပ္ပါ သမီးရယ္ "


"ဆရာမ သမီး လြတ္သြားတဲ့ နားမလည္တဲ့ စာေတြကို သမီးကို ျပန္ရွင္းျပေပးနိုင္မလား မသိဘူး"


"ရတာေပါ့ ဆရာမ အကုန္ရွင္းျပေပးမယ္ တျခားဆရာမေတြကိုလည္း သမီးျပန္ရွင္းျပခိုင္းလို႔ရတယ္ေနာ္
ဆရာမတို႔က သမီးလို ေက်ာင္းသားေတြကို စာထဲမွာ အာ႐ုံမရွိတာကို ေတြ႕ရတာ ရင္ထဲမွာ အရမ္းခံစားရတယ္ သမီးရယ္ ေနာက္ဆို အဲ့လို ထပ္မျဖစ္ေစနဲ႕ေနာ္"


"ဟုတ္ကဲ့ပါ ဆရာမ ေနာက္ဆို အဲ့လိုထပ္မျဖစ္ေစရပါဘူး သမီး ေတာင္းပန္ပါတယ္ "


"ေအးပါကြယ္...စာမွာပဲ အာ႐ုံထားပါ
ကဲ ကဲ အတန္းျပန္ၿပီး ထမင္းစားေတာ့"


"ဟုတ္ကဲ့"


ေဆာင္းလည္း အတန္းထဲကို ျပန္လာခဲ့လိုက္သည္။


X x x x x x x x x x x x x x x x x X


ေဆာင္း စာသင္ႏွစ္တစ္ႏွစ္လုံး စာကိုပဲ ေသခ်ာႀကိဳးစားကာ စာမွာပဲ အာ႐ုံထားသည္ ။
ကိုကို႔ကိုေတာ့ အာ႐ုံထဲက ထုတ္မရ။
ကိုကို႔ရဲ႕အေၾကာင္းေတြကေတာ့ ေဆာင္း တစ္စြန္းတစ္စမွ် မၾကားရ။
သက္သက္မဲ့ မၾကားရေအာင္ ေနခဲ့ျခင္းလည္း ပါတယ္ေပါ့။
ကိုကို႔ရဲ႕ အေၾကာင္းပဲဆိုရင္ေတာ့ နားေထာင္ခ်င္ေပမယ့္ ကိုကိုနဲ႕ တြဲေနတယ္ဆိုတဲ့ ဟိုအမႀကီးရဲ႕အေၾကာင္းပါ အဆစ္ပါလာမွာ ကိုကိုနဲ႕ အဲ့အမႀကီးရဲ႕ အေၾကာင္းေတြကိုေတာ့ နားမေထာင္ခ်င္ နားမေထာင္နိုင္ ။


တစ္ခါတုန္းက ကိုကို႔ကို လြမ္းလြန္းလို႔
မာမီ့ရဲ႕ဖုန္းကိုယူကာ ကိုကို႔ရဲ႕ အေကာင့္ထဲကိုဝင္ၾကည့္လိုက္မိေတာ့
ကိုကိုနဲ႕ ဟိုအမႀကီး Date လုပ္တုန္းက ပုံေတြကို တန္းၿပီးျမင္လိုက္ရၿပီး ေဆာင္း ထိုေန႕တစ္ေန႕လုံး ဘာမွမစားနိုင္ မေသာက္နိုင္ဘဲ ငိုေနပဲ ငိုေနတဲ့အတြက္ ညက်ေတာ့ မူးလဲသြားတဲ့အတြက္ ႏွစ္ရက္ ေဆး႐ုံတက္လိုက္ရသည္။


ဒါေပမယ့္ ေဆာင္း ကိုကို႔ကို ခ်စ္ေနၿမဲပါ။ ဟိုအမႀကီးက အတင္းကဂ်ီကေဂ်ာင္က်လိဳ႕ ကိုကိုက မတတ္သာပဲ Date ရျခင္းျဖစ္မယ္လို႔ပဲ ေဆာင္း မွတ္ယူထားလိုက္သည္။
ဟုတ္ခ်င္မွလည္း ဟုတ္မည္ ။
ဒါေပမယ့္ ေဆာင္း စိတ္ခ်မ္းသာဖို႔က ပိုအေရးႀကီးသည္ ။ထိုမွသာ စာကို တစိုက္မတ္မတ္ ႀကိဳးစားနိုင္ၿပီး ေဆာင္းရဲ႕ ရလာဒ္ကို ကိုကိုစိတ္မပ်က္မွာ...
ကိုကို ေဆာင္းကို စိတ္မပ်က္ဖို႔က ပိုၿပီး အေရးႀကီးသည္။


စိတ္ပ်က္သြားဖို႔ အေၾကာင္းတစ္ခုမွ
အျဖစ္မခံနိုင္ပါ ။
လုံေလာက္တဲ့ လမ္းခြဲျခင္းအေၾကာင္းျပခ်က္ ျဖစ္သြားရင္
ရင္ကြဲရခ်ည္ရဲ႕....
ခႏၶာကိုယ္ထိခိုက္တာက အေရးမႀကီးပါဘူး...။ ႏွလုံးသားေလး မထိခိုက္ဖို႔က ပိုအေရးတယ္ေလ...။
သူနဲ႕ တရားဝင္ မေဝးနိုင္ပါ ။
လမ္းခြဲစကားမေျပာရေသးတဲ့အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ထားလို႔ရေသးတယ္မလား။
ၿပီးျပတ္သြားတဲ့ ဆက္ဆံေရးမဟုတ္ဘူးေလ ။
ျပန္လာခြင့္ရွိသလို ျပန္ႀကိဳးစားခြင့္ေတြ
ရွိေနေသးတယ္ေလ။


ဒီည ဆယ္တန္း ေအာင္စာရင္းထြက္မယ့္ည... မာမီကေတာ့ ဘုရားစာေတြ႐ြတ္ကာ ရင္တုန္ေနပုံပဲ ။
ေဆာင္းကေတာ့ ေအးေဆးေနနိုင္သည္ ။
ကိုယ္ ေျဖလာတာ ကိုယ္သိသည္ ။
အိမ္ေရွ႕မွ ကားသံၾကားရသျဖင့္ ေဆာင္းတို႔ သားအမိႏွစ္ေယာက္ လွမ္းေမွ်ာ္ကာၾကည့္လိုက္ေတာ့ .....


"ဒယ္ဒီပဲ"


ဒယ္ဒီက အိမ္ထဲကိုဝင္လာတယ္ သူ႕လက္ထဲမွာလည္း အထုပ္ေတြနဲ႕


"ေရာ့ "


ေဆာင္းထံသို႔ ထိုအထုပ္ေတြကို ကမ္းေပးလာသျဖင့္ ယူလိုက္သည္ ။
အထုပ္ေတ ကို ေသခ်ာၾကည့္လိုက္ေတာ့မွ
မုန့္ထုပ္ေတြပဲ....
ထူးထူးဆန္းဆန္း


"ေအာင္စာရင္းက ဘယ္ခ်ိန္ထြက္မွာလဲ"


"မိနစ္ပိုင္းေလာက္ပဲ လိုေတာ့တယ္ "


သူတို႔ႏွစ္ေယာက္ စကားေျပာေနတုန္း ေဆာင္း ကိုယ့္အခန္းထဲကို ဝင္ၿပီးေတာ့ပဲ ေနေနလိုက္တယ္။


"ငယ္ေလးေရ....ထြက္ၿပီ''


ေဆာင္း လည္း အိမ္ေအာက္ကိုဆင္းကာ မာမီ့ေဘးနားကို ဝင္ထိုင္လိုက္တယ္။
ေဆာင္းရဲ႕ေအာင္စာရင္းကို သြားၾကည့္ေပးတဲ့ မာမီ့တတပည့္ဆီက ဖုန္းဝင္လာသည္။


"ေအး သား ငယ္ေလးကို ရွာေတြ႕လား"


"ဟယ္...တကယ္ "


မာမီက ဖုန္းကိုကိုင္လ်က္နဲ႕ပဲ ေဆာင္းကို ၾကည့္ကာ


"ငယ္ေလး 6D တဲ့"


မာမီရဲ႕ မ်က္လုံးထဲတြင္ ဝမ္းသာမႈ ေပ်ာ္႐ႊင္မႈေတြ ေတြ႕ရသည္။


"အင္း ေကာင္းတယ္ စီးပြားေရးပဲ တက္မွာမလား"


"ေဆး တက္မွာ...စီးပြားေရးကို စိတ္မဝင္စားဘူး"


"ေဆာင္းႏွင္းစက္ နင္စီးပြားေရးကို စိတ္ဝင္စားရမယ္ေလ ငါတို႔ရဲ႕အေမြကို နင္ပဲဆက္ခံရမွာ ငါတို႔ရဲ႕ လုပ္ငန္းေတြကို နင္ပဲဆက္လုပ္ရမွာ "


"သမီး စိတ္မဝင္စားဘူးလို႔ ေျပာၿပီးၿပီေလ"


"နင့္ပါးစပ္ကို ပိတ္စမ္း ဘာမွအထြန့္မတက္နဲ႕ နင္စိတ္မဝင္စားလည္း စီးပြားေရးပဲ တက္ရမယ္ "


ေပြာကာဆိုကာ ထြက္သြားတဲ့ ဒယ္ဒီ


"မာမီ သူ႕ကို ေျပာေပးပါ သမီး စိတ္ဝင္စားတဲ့ဟာပဲ တက္မွာ
သူ႕စကားအတိုင္း မလုပ္နိုင္ဘူး"


"ဒါေပမယ့္ ငယ္ေလး..."


"မာမီကပါ သူ႕ဘက္ကလား"


"မဟုတ္ပါဘူး....ဟင္း
မာမီေျပာေပးပါ့မယ္"


"မရ ရေအာင္ေျပာေပး သမီးသူနဲ႕ထိပ္တိုက္မရွင္းခ်င္ဘူး "


"စိတ္ပ်က္ပါတယ္ကြာ...
ဒယ္ဒီက တစ္မ်ိဳး "


ေဆာင္း အခန္းထဲသို႔ဝင္ကာ တစ္ေယာက္တည္း.ေရ႐ြတ္ေနမိသည္။
ဖုန္းဝင္လာသျဖင့္ ကိုင္လိုက္ေတာ့...


"ေဆာင္း နင္အရမ္းေတာ္တာပဲ"


"အဲ့ေလာက္လည္း မဟုတ္ပါဘူး နင္လည္း ငါးဘာသာထြက္တာပဲကို ေသာ္ေလးရယ္..."


"နင္က ငါ့ထက္တစ္ဘာသာပိုတယ္ေလ... မုန့္ဝယ္ေကြၽးေနာ္"


"ေအးပါ...နင့္မမက ဘာမွဝယ္မေကြၽးဘူးလား သနားပါတယ္"


"ေအာင္မယ္...ဝယ္ေကြၽးပါတယ္ေနာ္
ခုနကေတာင္ ဖုန္းလွမ္းဆက္ေသးတယ္ မနက္ျဖန္ သြားခ်င္တဲ့ ဆိုင္ေတြကို စဥ္းစားထားပါတဲ့ေနာ္ "


"ေအးပါဟယ္.... ကိုကိုကေတာ့ ငါ့ကို စာေလးတစ္ေစာင္ေတာင္ လွမ္းမပို႔ဘူး "


"ေဆာင္း နင္သူ႕ကို စိတ္မပ်က္ေသးဘူးလား"


"အင္း သူ႕ကို ခ်စ္ေနတုန္းပဲ "


"ဒါေပမယ့္ သူက....."


"အင္းပါ ငါသိပါတယ္ ဒါေပမယ့္ ငါလည္း ငါႏွလုံးသားကို အစိုးမရနိုင္ဘူး သူ႕ကိုမုန္းပစ္ဖို႔ကို မတတ္နိုင္ဘူး..."


"ေအးပါ... နင္ ေဆးပဲတက်မှာမလား"


"အင္း အမွတ္မွီရင္ေတာ့ တက္မွာေပါ့"


အေတာ္ၾကာေအာင္ ေသာ္နဲ႕ စကားေျပာၿပီး ဖုန္းခ်လိဳက္သည္ ။
ဖုန္းထဲကို Message တစ္ေစာင္ဝသ္လာသျဖင့္ ၾကည့္လိုက္ေတာ့
နံပါတ္အစိမ္းႀကီးနဲ႕ ပို႔လာတာ...


"ငယ္ ဂုဏ္ယူပါတယ္
အရမ္းေတာ္တယ္ "


ထို ႏွစ္ေၾကာင္းသာ...
ငယ္ လို႔ေခၚတာဆိုလို႔ ကိုကို တစ္ေယာက္ပဲရွိတယ္။
ေဆာင္း ထို ဖုန္းကို အလွ်င္အျမန္ ဖုန္းေခၚေပမယ့္
လူႀကီးမင္း အစခ်ီကာ...ဖုန္းပိတ္ထားပါသည္ ဟူ၍သာ ၾကားရသည္။


ေဆာင္း ေပ်ာ္လြန္း၍လား၊ ဝမ္းနည္း၍လားမသိေသာ မ်က္ရည္ေတြနဲ႕ ထို ဖုန္းကိုပဲ ဆက္ကာဆက္ကာ ေခၚေနမိသည္ ။
စက္ပိတ္ထားေပမယ့္လည္း လက္မေလွ်ာ့ပဲ ေခၚေနမိသည္ ။
ေနာက္ဆုံးေတာ့ ေဆာင္း လက္ေလွ်ာ့လိုက္ရပါသည္ ။
အခါေပါင္း (၁၉၂)ခါ ေခၚၿပီးေနာက္မွာ
ေတာ့ ေဆာင္း ဆက္၍မေခၚေတာ့...။


မ်က္ရည္ေတြေၾကာင့္ အျမင္အာ႐ုံေတြလည္း ေဝဝါးလာကာ...
လက္ေတြပါ တုန္ရင္လာသည္။


ဘာျဖစ္လို႔လဲ ဆက္ၿပီး ေစာင့္မေနမွာစိုးလို႔ ဒီလို message ေလး တစ္ေစာင္ပို႔ၿပီး လွမ္းသတိေပးတဲ့ သေဘာလား။


စိတ္မပူပါနဲ႕
ခင္ဗ်ားကို အၿမဲတမ္းခ်စ္ေနမွာ
ေစာင့္ေမွ်ာ္ေနမွာပါလို႔ ....
ႏွလုံးသားက သူ႕ရဲ့ပိုင္ရွင္ကိုပဲ
အၿမဲေတာင္းတေနတာ
ပိုင္ရွင္ကေတာ့ တျခားတစ္ေယာက္ရဲ႕
ႏွလုံးသားကို မ်က္စိက်ေနလို႔ ေတာ့
မျဖစ္ဘူးေနာ္....


▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫


အမွားေတြပါသြားရင္ ေတာင္းပန္ပါတယ္🙏🙏🙏


အေရးအသားေတြက အဆင္ေရာေျပရဲ႕လား မသိဘူး😶😬
လိုအပ္ခ်က္ရွိရင္ ေျပာသာေျပာပါေနာ္
❤❣


A.kan❣


✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴


(Unicode)


ဒီရက်တွေ အတောအတွင်းမှာ ဆောင်း တကယ်ကို မရပ်တည်နိုင်။ အရာရာတိုင်းက ဆောင်း ကို ဝမ်းနည်းစေသည် ။ အာရုံတွေကလည်း ထွေပြားကာ ဘယ်အလုပ်ပဲလုပ်လုပ် အမှားအယွင်းတွေ အာရုံမစိုက်နိုင်မှုတွေနဲ့သာ ။
အမှန်မဟုတ်ဘူးလို့ ယုံကြည်ကာထားတဲ့ ကိုကို့ရဲ့ သတင်းက အမှန်ဖြစ်နေသည် ။
မာမီ့ရဲ့ ဖုန်းကာယူကာ ကိုကို့ရဲ့ Facebook Acc ထဲကို ဝင်ကာကြည့်လိုက်တော့ In a relationship with....ဆိုတဲ့ အရာကြီးက အထင်းသား ။


ဒါပေမယ့် ဆောင်း အခုထိ ကိုကို့ကို စိတ်မဆိုးနိုင်သေး စိတ်မပျက်နိုင်သေး။ ကိုကိုက ဆောင်း ကို ချစ်သေးတုန်းပဲဆိုတာကို ရင်ဝယ်ပွေ့ကာ ယုံကြည်ထားသည်။
ကိုကိုက အခုချိန်ထိ ဆောင်း ကို လမ်းခွဲစကား လာမပြောသေးပေ ။ဆောင်းနဲ့ ကိုကိုနဲ့က အခုထိ ဇာတ်လမ်းမပြီးဆုံးသေးဘူး၊ အခုထိ နှစ်ယောက်သား မပြတ်သေးဘူး။
တရားဝင်လမ်းခွဲစကားမှ မပြောကြရသေးတာ ။


ကိုကိုက ငါ့ကို ဘယ်လောက်ချစ်ခဲ့လိုက်သလဲ၊ ငါကရော ကိုကို့ကို ဘယ်လောက်ထိ ချစ်ပြခဲ့သလဲ ၊ ငါတို့နှစ်ယောက်က ဘယ်လောက်တောင် ချစ်ခဲ့ကြတာ မို့လို့လဲ ။
ကိုကိုက ကိစ္စတစ်ခုခု ရှိလို့နေမှာပါ၊
အဲဒါကြောင့် ဟိုအမကြီးနဲ့တွဲ ဖြစ်တာနေမှာပါ၊
ဒါပေမယ့် ကိုကိုက ငါ့ကို တကယ် မချစ်တော့တာဆိုရင်ရော...
ငါ့ကို တကယ်ပစ်ချခဲ့တာဆိုရင်ရော...


"ဆောင်းနှင်းစက်...ဆောင်းနှင်းစက်"


ဆောင်းရဲ့ နာမည်ကို ခေါ်သံကြားတော့မှ စိတ်ပျက်ဖို့ကောင်းလှတဲ့
အတွေးကမ္ဘာထဲက ထွက်လာလို့ရတော့သည် ။


ဘယ်သူက ခေါ်တာလဲဆိုတာ ကြည့်လိုက်တော့ ဓာတုဗေဒ သင်တဲ့ဆရာမ
ဆောင်းကို ဒေါသတကြီးနဲ့ စိုက်ကြည့်နေလေသည်။


"ဟုတ်ကဲ့ ဆရာမ "


"သမီး အတွေးတွေလွန်နေတာလား
ဆရာမ စာသင်နေတယ်လေ
စာကို အာရုံစိုက်ထားလေ"


ဆူပူမှု မမည်တဲ့ ဆူပူမှုတစ်ခု ဆောင်း လက်ခံလိုက်ရသည် ။


"ဟုတ်ကဲ့ပါ ဆရာမ
သမီး တောင်းပန်ပါတယ်"


ဆရာမက သက်ပြင်းမောကြီးချကာ စာအုပ်ကို ပြန်ကိုင်ကာ စာ ဆက်သင်လေသည် ။
ဆောင်းလည်း အာရုံတွေကို ကြိုးစားပြီး စုစည်းကာ စာကို ဂရုတစိုက်နားထောင်လိုက်သည် ။
အချိန်ကုန်သွားကြောင်း အချက်ပြတဲ့ ခေါင်းလောင်းသံကိုကြားတော့ ဆောင်း စိတ်တွေ ပျော်ရွှင်သွားရသည်။ အတင်းစုစည်းကား ထားရတဲ့
အတွေးတွေက စိတ်ကိုလျှော့ချလိုက်သဖြင့် ဟိုနားတစ်ခု ဒီနားတစ်ခုနဲ့ အတင်းထိုးထွက် ပျံ့နှံ့သွားတော့သည်။


"ဆောင်းနှင်းစက် ဆရာမ နောက်က ခဏလိုက်ခဲ့"


တော်ပါသေးတယ်။ အသိစိတ်တွေ ရှိနေတုန်းမှာ ဆရာမက ဆောင်းကို လှမ်းခေါ်တာမို့လို့ ဆောင်း ရဲ့ စိတ်ဝိညာဉ်တွေ အလုံးစုံလွင့်ပျံ့ သွားတဲ့ အချိန်မှာသာ ဆရာမ က ဆောင်းကို ခေါ်ခဲ့ရင် ေနာက်တစ်ခါ ထပ်၍အဆူခံရဦးမည်လေ...။


ဆရာမရဲ့ နောက်ကို လိုက်သွားလိုက်​တော့ ဆရာမတွေရဲ့နားနေခန်း တစ်နည်း ကျောင်းအုပ်ကြီးရဲ့ ရုံးခန်း။
ဘယ်ဘက်အခြမ်းမှာတော့ ဆရာမတွေ နားနေဖို့နေရာ၊ ညာဘက်ခြမ်းမှာကတော့ ကျောင်းအုပ်ကြီး၏စားပွဲ ။
ရုံးခန်းရယ် နားနေခန်းရယ်လို့ သပ်သပ်ခွဲမထားဘဲ အတူတူပူးထားတဲ့ အကြောင်းကို မာမီ ဆောင်းကို ကျောင်းလိုက်အပ်စဥ်က ဆရာကြီးမှ ရှင်းပြပေမယ့် ကိုကိုရဲ့အကြောင်းတွေးနေ၍ ဆောင်း မကြားလိုက်ရ၊ အာရုံလွတ်သွားခဲ့သည်။
အဲ့အချိန်တုန်းကများ ကိုကိုက ဆောင်းကို ငုံထားမတတ် ချစ်တာ....


ဟူးး....


"ဆောင်းနှင်းစက်...သမီး အခုတလော ဘယတွေဖြစ်နေတာလဲ စာသင်ရင်လည်း အာရုံမရှိဘူး အမြဲတမ်းငိုင်နေတယ် သမီးမှယ ဘာအခက်အခဲရှိလို့လဲ ဆရာမတို့ကို ပြော ဆရာမတို့ တတ်နိုင်ဖြေရှင်းပေးမယ်"


ဆရာမရဲ့ စကားကိုကြားတော့ ဆောင်း ပြုံးမိ​တော့မလိုဖြစ် သွားသည်။
ဆရာမတို့က ဆောင်းလက်ရှိဖြစ်နေတာတွေကို ဖြေရှင်းပေးမယ်ဆိုတော့
ဆရာမတို့က ကိုကို့ကို ဟိုအမကြီးလက်ထဲကနေ ဆောင်း ​ရှေ့ကိုဆွဲခေါ်လာပြီး မျက်နှာချင်းဆိုင်စေပြီး ဆောင်း မေးချင်နေတဲ့ အတည်ပြုချင်နေတဲ့ အရာတွေကို မေးဖို့လုပ်ပေးမှာလား လို့
ပြန်မေးလိုက်ချင်ပေမယ့်...
စိတ်ထဲမှာပဲ ထားလိုက်ကာ


"ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ ဆရာမ"


"စိတ်မပူလို့မရဘူး သမီးက ဆရာမတို့ အကုန်လုံး မျှော်မှန်းထားတဲ့ ကျောင်းသူနော် သမီး.ဘယ်လောက်စာတော်လဲဆိုတာကို ဆရာမတို့ သိတယ်
သမီး ဘယ်အခြေအနေထိ ပေါက်ရောက်နိုင်တယ်ဆိုတာကိုလည်း ဆရာမတို့သိတယ်
ဒါပေမယ့် အခုတလော သမီး စာဘက်မှာ တော်တော်လေး အားနည်းနေတယ်နော် အရင်အပတ်က ဖြေခဲ့တဲ့ စာမေးပွဲမှာလည်း သမီး အမှတ်တွေ ကျနေတယ်နော် ဆရာမတို့ကတော့
သမီးကို တခြားဘာကိုမှမတွေးပဲ စာကိုပဲ အာရုံစိုက်စေချင်တယ်
ဆရာမတို့တွေ သမီးအပေါ်မှာ အများကြီး မျှော်မှန်းထားတာပါကွယ်"


ဆရာမရဲ့ စကားကို ကြားလိုက်ရတော့ ဆောင်း ဆရာမကို အားနာသွားရသည်။ ဒီအတောအတွင်း ကိုကို့ရဲ့ In a relationship with..... ဆိုတဲ့ အရာကြီးကို မျက်စိနဲ့ တပ်အပ်ကြီး မြင်ပြီးတဲ့နေ့ကနေစပြီး ဒီနေ့ထိ ဆောင်းရဲ့စိတ်တွေကို ဆောင်း လွှတ်ချထားမိတာ သုံးလနီးပါးလောက်ရှိမည်ထင်သည်။


သုံးလဆိုတဲ့ အချိန်ကာလာကို တွက်ကြည့်ပြီး သိသွားရတဲ့ အချိန်မှာတော့
ဆောင်း ထိတ်လန့်သွားရသည်။
သုံးလကြီးများတောင် ငါ နေချင်သလို နေနေတာပဲ ။
ကိုကိုသာသိသွားရင် စိတ်ဆိုးနေတော့မှာပဲ။ ကိုကိုရဲ့ စကားကို ငါအလေးမထားမိသလို ဖြစ်သွားတာပဲ ။
ဆရာမတွေကတောင် ငါ့ကို အများကြီး မျှော်မှန်းထားတာ ကိုကိုဆိုရင် ငါ့ကို ပိုပြီး မျှော်လင့်ထားမှာပေါ့ ။
ငါ ကိုကို့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖို့ ငါဟန်ပြင်စ ပြုနေခဲ့တာပဲ ။
မဖြစ်ဘူး...မဖြစ်ဘူး...။


ဆောင်း သေချာတွေးတောပြီးနောက်မှာတော့ စာကိုပြန်ပြီး အာရုံစိုက်ဖို့
ဆောင်း ဆုံးဖြတ်ကြီးကို ချလိုက်သည်။


"သမီး တောင်းပန်ပါတယ်
သမီး နောက်ဆို အဲ့လိုထပ်မဖြစ်စေရပါဘူး သမီး ဆရာမတို့ရဲ့ မျှော်လင့်ချက်တွေကို သမီး အလေးထားပါ့မယ်"


"အဲ့လိုပဲ လုပ်ပါ သမီးရယ် "


"ဆရာမ သမီး လွတ်သွားတဲ့ နားမလည်တဲ့ စာတွေကို သမီးကို ပြန်ရှင်းပြပေးနိုင်မလား မသိဘူး"


"ရတာပေါ့ ဆရာမ အကုန်ရှင်းပြပေးမယ် တခြားဆရာမတွေကိုလည်း သမီးပြန်ရှင်းပြခိုင်းလို့ရတယ်နော်
ဆရာမတို့က သမီးလို ကျောင်းသားတွေကို စာထဲမှာ အာရုံမရှိတာကို တွေ့ရတာ ရင်ထဲမှာ အရမ်းခံစားရတယ် သမီးရယ် နောက်ဆို အဲ့လို ထပ်မဖြစ်စေနဲ့နော်"


"ဟုတ်ကဲ့ပါ ဆရာမ နောက်ဆို အဲ့လိုထပ်မဖြစ်စေရပါဘူး သမီး တောင်းပန်ပါတယ် "


"အေးပါကွယ်...စာမှာပဲ အာရုံထားပါ
ကဲ ကဲ အတန်းပြန်ပြီး ထမင်းစားတော့"


"ဟုတ်ကဲ့"


ဆောင်းလည်း အတန်းထဲကို ပြန်လာခဲ့လိုက်သည်။


X x x x x x x x x x x x x x x x x X


ဆောင်း စာသင်နှစ်တစ်နှစ်လုံး စာကိုပဲ သေချာကြိုးစားကာ စာမှာပဲ အာရုံထားသည် ။
ကိုကို့ကိုတော့ အာရုံထဲက ထုတ်မရ။
ကိုကို့ရဲ့အကြောင်းတွေကတော့ ဆောင်း တစ်စွန်းတစ်စမျှ မကြားရ။
သက်သက်မဲ့ မကြားရအောင် နေခဲ့ခြင်းလည်း ပါတယ်ပေါ​့။
ကိုကို့ရဲ့ အကြောင်းပဲဆိုရင်တော့ နားထောင်ချင်ပေမယ့် ကိုကိုနဲ့ တွဲနေတယ်ဆိုတဲ့ ဟိုအမကြီးရဲ့အကြောင်းပါ အဆစ်ပါလာမှာ ကိုကိုနဲ့ အဲ့အမကြီးရဲ့ အကြောင်းတွေကိုတော့ နားမထောင်ချင် နားမထောင်နိုင် ။


တစ်ခါတုန်းက ကိုကို့ကို လွမ်းလွန်းလို့
မာမီ့ရဲ့ဖုန်းကိုယူကာ ကိုကို့ရဲ့ အကောင့်ထဲကိုဝင်ကြည့်လိုက်မိတော့
ကိုကိုနဲ့ ဟိုအမကြီး Date လုပ်တုန်းက ပုံတွေကို တန်းပြီးမြင်လိုက်ရပြီး ဆောင်း ထိုနေ့တစ်နေ့လုံး ဘာမှမစားနိုင် မသောက်နိုင်ဘဲ ငိုနေပဲ ငိုနေတဲ့အတွက် ညကျတော့ မူးလဲသွားတဲ့အတွက် နှစ်ရက် ဆေးရုံတက်လိုက်ရသည်။


ဒါပေမယ့် ဆောင်း ကိုကို့ကို ချစ်နေမြဲပါ။ ဟိုအမကြီးက အတင်းကဂျီကဂျောင်ကျလို့ ကိုကိုက မတတ်သာပဲ Date ရခြင်းဖြစ်မယ်လို့ပဲ ဆောင်း မှတ်ယူထားလိုက်သည်။
ဟုတ်ချင်မှလည်း ဟုတ်မည် ။
ဒါပေမယ့် ဆောင်း စိတ်ချမ်းသာဖို့က ပိုအရေးကြီးသည် ။ထိုမှသာ စာကို တစိုက်မတ်မတ် ကြိုးစားနိုင်ပြီး ဆောင်းရဲ့ ရလာဒ်ကို ကိုကိုစိတ်မပျက်မှာ...
ကိုကို ဆောင်းကို စိတ်မပျက်ဖို့က ပိုပြီး အရေးကြီးသည်။


စိတ်ပျက်သွားဖို့ အကြောင်းတစ်ခုမှ
အဖြစ်မခံနိုင်ပါ ။
လုံလောက်တဲ့ လမ်းခွဲခြင်းအကြောင်းပြချက် ဖြစ်သွားရင်
ရင်ကွဲရချည်ရဲ့....
ခန္ဓာကိုယ်ထိခိုက်တာက အရေးမကြီးပါဘူး...။ နှလုံးသားလေး မထိခိုက်ဖို့က ပိုအရေးတယ်လေ...။
သူနဲ့ တရားဝင် မဝေးနိုင်ပါ ။
လမ်းခွဲစကားမပြောရသေးတဲ့အတွက် မျှော်လင့်ချက်တွေ ထားလို့ရသေးတယ်မလား။
ပြီးပြတ်သွားတဲ့ ဆက်ဆံရေးမဟုတ်ဘူးလေ ။
ပြန်လာခွင့်ရှိသလို ပြန်ကြိုးစားခွင့်တွေ
ရှိနေသေးတယ်လေ။


ဒီည ဆယ်တန်း အောင်စာရင်းထွက်မယ့်ည...  မာမီကတော့ ဘုရားစာတွေရွတ်ကာ ရင်တုန်နေပုံပဲ ။
ဆောင်းကတော့ အေးဆေးနေနိုင်သည် ။
ကိုယ် ဖြေလာတာ ကိုယ်သိသည် ။
အိမ်ရှေ့မှ ကားသံကြားရသဖြင့် ဆောင်းတို့ သားအမိနှစ်ယောက် လှမ်းမျှော်ကာကြည့်လိုက်တော့ .....


"ဒယ်ဒီပဲ"


ဒယ်ဒီက အိမ်ထဲကိုဝင်လာတယ် သူ့လက်ထဲမှာလည်း အထုပ်တွေနဲ့


"ရော့ "


ဆောင်းထံသို့ ထိုအထုပ်တွေကို ကမ်းပေးလာသဖြင့် ယူလိုက်သည် ။
အထုပ်​တေ ကို သေချာကြည့်လိုက်​တော့မှ
မုန့်ထုပ်တွေပဲ....
ထူးထူးဆန်းဆန်း


"အောင်စာရင်းက ဘယ်ချိန်ထွက်မှာလဲ"


"မိနစ်ပိုင်းလောက်ပဲ လိုတော့တယ် "


သူတို့နှစ်ယောက် စကားပြောနေတုန်း ဆောင်း ကိုယ့်အခန်းထဲကို ဝင်ပြီးတော့ပဲ နေနေလိုက်တယ်။


"ငယ်လေးရေ....ထွက်ပြီ''


ဆောင်း လည်း အိမ်အောက်ကိုဆင်းကာ မာမီ့ဘေးနားကို ဝင်ထိုင်လိုက်တယ်။
ဆောင်းရဲ့အောင်စာရင်းကို သွားကြည့်ပေးတဲ့ မာမီ့တတပည့်ဆီက ဖုန်းဝင်လာသည်။


"အေး သား ငယ်လေးကို ရှာတွေ့လား"


"ဟယ်...တကယ် "


မာမီက ဖုန်းကိုကိုင်လျက်နဲ့ပဲ ဆောင်းကို ကြည့်ကာ


"ငယ်လေး 6D တဲ့"


မာမီရဲ့ မျက်လုံးထဲတွင် ဝမ်းသာမှု ပျော်ရွှင်မှုတွေ တွေ့ရသည်။


"အင်း ကောင်းတယ် စီးပွားရေးပဲ တက်မှာမလား"


"ေဆး တက်မှာ...စီးပွားရေးကို စိတ်မဝင်စားဘူး"


"ဆောင်းနှင်းစက် နင်စီးပွားရေးကို စိတ်ဝင်စားရမယ်လေ ငါတို့ရဲ့အမွေကို နင်ပဲဆက်ခံရမှာ ငါတို့ရဲ့ လုပ်ငန်းတွေကို နင်ပဲဆက်လုပ်ရမှာ "


"သမီး စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ"


"နင့်ပါးစပ်ကို ပိတ်စမ်း ဘာမှအထွန့်မတက်နဲ့ နင်စိတ်မဝင်စားလည်း စီးပွားရေးပဲ တက်ရမယ် "


ေပြာကာဆိုကာ ထွက်သွားတဲ့ ဒယ်ဒီ


"မာမီ သူ့ကို ပြောပေးပါ သမီး စိတ်ဝင်စားတဲ့ဟာပဲ တက်မှာ
သူ့စကားအတိုင်း မလုပ်နိုင်ဘူး"


"ဒါပေမယ့် ငယ်လေး..."


"မာမီကပါ သူ့ဘက်ကလား"


"မဟုတ်ပါဘူး....ဟင်း
မာမီပြောပေးပါ့မယ်"


"မရ ရအောင်ပြောပေး သမီးသူနဲ့ထိပ်တိုက်မရှင်းချင်ဘူး "


"စိတ်ပျက်ပါတယ်ကွာ...
ဒယ်ဒီက တစ်မျိုး "


ဆောင်း အခန်းထဲသို့ဝင်ကာ တစ်ယောက်တည်း.ရေရွတ်နေမိသည်။
ဖုန်းဝင်လာသဖြင့် ကိုင်လိုက်တော့...


"ဆောင်း နင်အရမ်းတော်တာပဲ"


"အဲ့လောက်လည်း မဟုတ်ပါဘူး နင်လည်း ငါးဘာသာထွက်တာပဲကို သော်လေးရယ်..."


"နင်က ငါ့ထက်တစ်ဘာသာပိုတယ်လေ... မုန့်ဝယ်ကျွေးနော်"


"အေးပါ...နင့်မမက ဘာမှဝယ်မကျွေးဘူးလား သနားပါတယ်"


"အောင်မယ်...ဝယ်ကျွေးပါတယ်နော်
ခုနကတောင် ဖုန်းလှမ်းဆက်သေးတယ် မနက်ဖြန် သွားချင်တဲ့ ဆိုင်တွေကို စဥ်းစားထားပါတဲ့နော် "


"အေးပါဟယ်.... ကိုကိုကတော့ ငါ့ကို စာလေးတစ်စောင်တောင် လှမ်းမပို့ဘူး "


"ဆောင်း နင်သူ့ကို စိတ်မပျက်သေးဘူးလား"


"အင်း သူ့ကို ချစ်နေတုန်းပဲ "


"ဒါပေမယ့် သူက....."


"အင်းပါ ငါသိပါတယ် ဒါပေမယ့် ငါလည်း ငါနှလုံးသားကို အစိုးမရနိုင်ဘူး သူ့ကိုမုန်းပစ်ဖို့ကို မတတ်နိုင်ဘူး..."


"အေးပါ... နင် ေဆးပဲတက်မှာမလား"


"အင်း အမှတ်မှီရင်တော့ တက်မှာပေါ့"


အတော်ကြာအောင် သော်နဲ့ စကားပြောပြီး ဖုန်းချလိုက်သည် ။
ဖုန်းထဲကို Message တစ်စောင်ဝသ်လာသဖြင့် ကြည့်လိုက်တော့
နံပါတ်အစိမ်းကြီးနဲ့ ပို့လာတာ...


"ငယ် ဂုဏ်ယူပါတယ်
အရမ်းတော်တယ် "


ထို နှစ်ကြောင်းသာ...
ငယ် လို့ခေါ်တာဆိုလို့ ကိုကို တစ်ယောက်ပဲရှိတယ်။
ဆောင်း ထို ဖုန်းကို အလျှင်အမြန် ဖုန်းခေါ်ပေမယ့်
လူကြီးမင်း အစချီကာ...ဖုန်းပိတ်ထားပါသည် ဟူ၍သာ ကြားရသည်။


ဆောင်း ပျော်လွန်း၍လား၊ ဝမ်းနည်း၍လားမသိသော မျက်ရည်တွေနဲ့ ထို ဖုန်းကိုပဲ ဆက်ကာဆက်ကာ ခေါ်နေမိသည် ။
စက်ပိတ်ထားပေမယ့်လည်း လက်မလျှော့ပဲ ခေါ်နေမိသည် ။
နောက်ဆုံးတော့ ဆောင်း လက်လျှော့လိုက်ရပါသည် ။
အခါပေါင်း (၁၉၂)ခါ ခေါ်ပြီးနောက်မှာ
တော့ ဆောင်း ဆက်၍မခေါ်တော့...။


မျက်ရည်တွေကြောင့် အမြင်အာရုံတွေလည်း ေဝဝါးလာကာ...
လက်တွေပါ တုန်ရင်လာသည်။


ဘာဖြစ်လို့လဲ ဆက်ပြီး စောင့်မနေမှာစိုးလို့ ဒီလို message လေး တစ်စောင်ပို့ပြီး လှမ်းသတိပေးတဲ့ သဘောလား။


စိတ်မပူပါနဲ့
ခင်ဗျားကို အမြဲတမ်းချစ်နေမှာ
စောင့်မျှော်နေမှာပါလို့ ....
နှလုံးသားက သူ့ရ​ဲ့ပိုင်ရှင်ကိုပဲ
အမြဲတောင်းတနေတာ
ပိုင်ရှင်ကတော့ တခြားတစ်ယောက်ရဲ့
နှလုံးသားကို မျက်စိကျနေလို့တော့
မဖြစ်ဘူးနော်....


▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫


အမှားတွေပါသွားရင် တောင်းပန်ပါတယ်🙏🏻🙏🏻🙏🏻


အရေးအသားတွေက အဆင်ရောပြေရဲ့လား မသိဘူး😶😬
လိုအပ်ချက်ရှိရင် ပြောသာပြောပါနော်❤❣


A.kan❣

Comment